ဘဝစာပေ ဗဟုသုတ @kaungpyaekyaw261327 Channel on Telegram

ဘဝစာပေ ဗဟုသုတ

@kaungpyaekyaw261327


ဘဝစာပေ ဗဟုသုတ (Burmese)

ဘဝစာပေ ဗဟုသုတ ဆိုတဲ့အနေနဲ့ နောက်ဆုံး ဗဟုသုတတွေအတွက် စာပေမှာတော့ အစုပေးတဲ့ နောက်ဆုံးလိုအပ်ရင်းဗဟုသုတတွေအတွက် ဂျပန်ဆုံးနည်းနည်း ပုစွန်စွန် ပြြသည်။ ဤစာပေအာ ဘဝစာတွေသည် များ ဂျပန်ဆုံးနည်းနည်း စာပေအားလေ့လာနိုသည့် လူငယ်သုတစာအားလိုချင်း ဖြစ်သည်။ ဘဝစာပေ ဗဟုသုတ ခန့်တည်ရေး ပုံစံချက်ရယ်သည်။

ဘဝစာပေ ဗဟုသုတ

25 Nov, 04:32


💕💕💕 "LIVE IS A GIFT"💕💕💕
🍉🍉 ဘဝဆိုတဲ့ လက်ဆောင်ကောင်း´🍉🍉

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

➡️ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ
➡️ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို
➡️လက်ခံတယ်မဟုတ်လာ့့း?

➡️အခြေအနေတွေပြောင်းလဲသွားတဲ့အခါ
➡️လူတွေရဲ့ အတွေးအခေါ်
➡️ခံယူချက်တွေ ဟာလည်း
➡️ပြောင်းလဲသွားတတ်ပါတယ်။

➡️ဒီတော့
➡️သင်ဟာ ဘယ်လိုဆိုးရွားတဲ့
➡️ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့
➡️ကြုံတွေ့နေပါစေ။

➡️အောက်ပါ
➡️သတိရဖွယ်အချက်လေးတွေကိုသာ
➡️သတိရလိုက်စမ်းပါ။

၁။

➡️ဒီနေ့ကစပြီး သင့်ပါးစပ်က
➡️အကြင်နာကင်းတဲ့ စကားမျိုး
➡️ပြောတော့မယ်ကြံရင်
➡️လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ
➡️ဆွံ့အနေကြတယ်ဆိုတာ သတိရလိုက်စမ်းပါ။

၂။

➡️ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့
➡️အရသာကိုခံတွင်းမတွေ့လို့
➡️အပြစ်တင်တော့မယ်ဆိုရင်
➡️စားစရာမရှိတဲ့လူတစ်ချို့ကို
➡️သတိရလိုက်စမ်းပါ။

၃။

➡️ ဒီနေ့ကစပြီး သင့်ရဲ့
➡️ချစ်ရည်းစားလေးကို စိတ်အလိုမကျ
➡️အပြစ်တော်တင်တော့မယ်ကြံရင်
➡️ရည်းစားမရှိလို့ အထီးရောအမရော
➡️ကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦး။

၄။

➡️ သင့်ရဲ့ကလေးတွေကို
➡️ဆူပူမောင်းမဲတော့မယ်ဆိုရင်လည်း
➡️အကြောင်းအမျိုးမျိုးကြောင့်
➡️ကလေးမရနိုင်တဲ့
➡️မိဘတွေကိုသတိရလိုက်စမ်းပါ။

၅။

➡️အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့
➡️သန့်ရှင်းရေးမလုပ်လို
➡️သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ
➡️နေစရာမရှိလို့ လမ်းဘေး
➡️အိပ်နေရသူတွေကို သတိရလိုက်ပါဦး။

၆။

➡️စိတ်တိုင်းမကျလှတဲ့ကိုယ့်ဘဝကြီးကို
➡️အပြစ်တင်တော့မယ် ဆိုရင်လည်း
➡️ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့
➡️သူတွေကို သတိရလိုက်ပါ။

၇။

➡️သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ
➡️ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင်
➡️ဒီခရီးကိုပဲ ခြေလျှင်သွားနေကြသူတွေကို
➡️သတိရလိုက်ပါ။

၈။

➡️ လက်ရှိသင့်ရဲ့အလုပ်ဟာ
➡️ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့
➡️စိတ်ပျက်မယ်ဆိုရင်
➡️အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို
➡️ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို
➡️သတိရလိုက်စမ်းပါ။

၉။

➡️သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး
➡️အပြစ်ရှာတော့မယ်ကြံရင်လည်း
➡️တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ ➡️သတိရလိုက်ပါ။

၁၀။

➡️ကဲနောက်ဆုံး
➡️ စိတ်ဓာတ်ကျစရာအတွေးတွေက
➡️သင့်ကိုကျရှုံးအောင်လုပ်တော့မယ်ဆိုရင်
➡️သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့်
➡️အမြန်ဖန်ဆင်းလိုက်စမ်းပါ။


➡️ခုချိန်အထိ
➡️အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့
➡️သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ
➡️(ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက
➡️ထင်သလောက်မဆိုးဘူးပဲ နော့ )

➡️"LIFE IS A GIFT"
➡️
ဘဝဆိုတာလက်ဆောင်ကောင်း´တစ်ခုပါပဲ
➡️ဘဝမှာနေလိုက်စမ်းပါ။ ပျော်လိုက်စမ်းပါ။
➡️အောင်မြင်မှုတွေကျော်ကြားမှုတွေ
➡️ပျော်ရွှင်မှုတွေ နဲ့ ဘဝကို
➡️အကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ။

➡️ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင်
➡️သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦး ➡️စိတ်ချမ်းသာစေချင်လွန်းလို့ပါ။

#CreditOriginalUploader
#credit

ဘဝစာပေ ဗဟုသုတ

25 Nov, 04:29


အရေးအကြီးဆုံးက စာဖတ်ပါ။

၁။ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမွာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

၂။ ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်းဖိုးမရှိပါဘူး
ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူတဲ့သူ ဖြစ်နေပါပြီနော်။

၃။ ဘာမှမသိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။
ငွေရှာပါ၊ ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ
နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

၄။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။
ဒါပေမဲ့ အဲ့ဒီအထဲမွာ ကိုယ်ကျင့်တရား မပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက ပိုများပါတယ်။

၅။ လိုအပ်နေမှန်းသိရင် တစ်ချို့က ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင် တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့နော်။
တချို့က အများကြီးချစ်တာနဲ့ လုံးဝ မတန်ပါဘူး။

၆။ တစ်ခါတလေမှာ…
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက် အရေးမကြီးမှန်း၊
အရေးမပါမှန်း သိလာပါလိမ့်မယ်။

၇။ ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရွိပါဘူး။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ ကိုယ်ကိုယ်တိုင်
ရှာယူရတာပါနော်။

Credit

ဘဝစာပေ ဗဟုသုတ

23 Nov, 16:34


စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများ?
•••••••••••••••••••••••••••••••••••••••

စာဖတ်ခြင်းက
သင့်ကို ဘယ်လိုထူးခြားတဲ့
စွမ်းအင်တွေ ပေးနိုင်တယ်လို့ ထင်ပါသလဲ

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့
အတွက်ပဲလို့ ထင်နေကြပါတယ်။

တစ်ကယ်တော့ စာဖတ်ခြင်းကနေ
ဗဟုသုတ တိုးပွားရုံသာမက
သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့
ရလာဒ်တွေ အများကြီး ရှိပါသေးတယ်။
ဒါ့ကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

၁။ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်စေပါတယ်
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့
တခြားကြွက်သားတွေလိုပဲ
သင် လေ့ကျင့်ခန်းလုပ်လေ
ကြီးထွားလာလေဖြစ်ပါတယ်။

၂။ စာဖတ်ခြင်းက အာရုံစူးစိုက်မှု
အားကောင်းစေပါတယ်

ဘဝမြာ တခုခုကို
အောင်မြင်ချင်တယ်ဆိုရင်
အာရုံစူးစိုက်မှု ရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို
ဖတ်နေတဲ့အခါ စာရွက်ပေါ်က
စာလုံးတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး
ဇာတ်လမ်းထဲမှာ မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မှု အကျင့်ကို
အလွယ်တကူပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃။ ဗဟုသုတများစွာ ကြွယ်ဝစေတယ်

စာအုပ်ဖတ်ခြင်းဟာ
ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည်
အသုံးပြုရမယ့်အသိပညာတွေပါဝင်ပြီး
သင် စာများများဖတ်နိုင်လေ
သင့်အတွက်ပိုအကျိုးများလေဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှု လျော့ကျစေတယ်

စာအုပ်ကောင်းကောင်း
ဝတ္ထု ကောင်းကောင်းတစ်အုပ်ဟာ
သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘဝရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံးနည်းလမ်း
တစ်ခုဖြစ်ပါတယ်။

၅။ စာဖတ်ခြင်းကနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်

စာအုပ်တစ်အုပ် ကိုင်လိုက်တာနဲ့
အိပ်ပျော်သွားတဲ့သူတွေ
များစွာရှိတတ်ပါတယ်။
စာဖတ်တဲ့ အလေ့အကျင့်
မရှိသေးကြလို့ဖြစ်ပါတယ်။
ဒါပေမယ့်သက်ဟာအိပ်ယာမဝင်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့် ရှိမယ်ဆိုရင်
သင်အိပ်စက်ချိန်မှာပိုပြီးနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။

၆။ လူတွေကို ပိုပြီးနားလည်ပေးနိုင်လာမယ်

တစ်ခြားလူတွေရဲ့အတွေ့အကြုံတွေ
အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ
ဘဝမှာ တစ်ခြားလူတွေရဲ့
အခက်အခဲတွေကို ပိုမိုသိလာပြီး
လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ဝေဖန်ဖို့က လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ စာ
အုပ်တွေထဲကနေ လူအများရဲ့
အတွေ့အကြုံ မျိုးစုံကို
သတိထားမယ်ဆိုရင်
လူအမျိုးမျိုးကို ပိုပြီး
နားလည်ပေးတတ်နိုင်လာပါတယ်။

#Credit_To_Original_Writer

ဘဝစာပေ ဗဟုသုတ

23 Nov, 15:16


တစ်ကိုယ်တည်း ဘဝကိုကြိုးစားရုန်းကန်နေရသူများ အတွက်အားပေးစကား ( ၅ ) ခွန်း

လူတိုင်းဟာ ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာလူ အားကိုးစရာလူ ရှိချင်မှရှိလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

(၁) စိတ်မလျှော့လိုက်ပါနဲ့

တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှု့တွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင်မှု့ဆိုတာ ဆုံးရှုံးမှု့နဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

(၂) လဲရင်ပြန်ထပါ

ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး
အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပါယ်ရှိသွားတာပါ။
မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာ
သူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။

(၃) အရှုံးထဲကအမြတ်ယူပါ

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှု့တွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။ အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။
ယူတတ်အောင်ယူပါ။

(၄) ဝေမျှပါ

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊
သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။ နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊
ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး၊ သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို
သင် ကောင်းကောင်း နားလည်သွားမှာပါ။

(၅) စာဖတ်ပါ

ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။
ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ၊ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။
Credit

-Han Thi❤️❤️❤️

ဘဝစာပေ ဗဟုသုတ

21 Nov, 11:34


မြတ်စွာဘုရားမှ ပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သတ်၍ အတွေးအခေါ်တစ်ခု အောက်ပါအတိုင်း ဟောကြားထားပါသည်
“ အပေါင်းအသင်း ပေါင်းတော့မည်ဆိုပါက မိမိထက် သီလ သမာဓိ ပညာ သာသောပုဂ္ဂိုလ်ကို ရွေးပေါင်းပါ သိက္ခာ ( ၃ ) ပါး သာသောပုဂ္ဂိုလ်မရှိက တန်းတူကို ရွေးပေါင်းပါ တန်းတူမရှိက တစ်ယောက်တည်းနေပါ မိမိထက် သီလ သမာဓိ ပညာ သိက္ခာ ( ၃ ) ပါး အောက်ကျသောသူကို မပေါင်းပါနဲ့ မိမိပါယုတ်လျော့ပြီး ဒုက္ခရောက်တတ်ပါတယ် “

ဘဝစာပေ ဗဟုသုတ

21 Nov, 11:34


မြန်မာ ဗုဒ္ဓဘာသာဝင် အများစု ဆင်းရဲရခြင်းအကြောင်း ( ၉ ) ချက်
၁ / ဒါနပြုတဲ့အခါ ဗုဒ္ဓနည်းမကျပဲ ပကာသနဒါနဖြစ်ခြင်း ဗြမဏဒါနဖြစ်ခြင်း သာသနာပဒါနများပြုခြင်း
၂ / ဗုဒ္ဓဟောကြားတဲ့ ကြီးပွါးခြင်းအကြောင်းတရား ( ၄ ) ချက်ဖြစ်တဲ့ ( သံပဒါ ၄ ပါး ) ချို့ယွင်းခြင်း
၃ / စီးပွါးရေးလုပ်ငန်းအပေါ် မေတ္တာစေတနာ နည်းပါးခြင်း မြတ်ရင်ပြီးရောလုပ်ခြင်း
၄ / ပျင်းရိခြင်းကို ရောင့်ရဲခြင်းဆိုပြီး တစ်ချို့အယူအဆများ မှားယွင်းနေခြင်း
၅ / ( ၃၈ ) ဖြာ မင်္ဂလာတရားတော်ထဲမှ မိမိကိုယ်မိမိ မပျက်စီးအောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုတဲ့အချက် ချို့ယွင်းခြင်း
၆ / ခေါင်းဆောင်စိတ် သခင်စိတ်နည်းပါးပြီး နောက်လိုက်စိတ် ကျွန်စိတ်များခြင်း ခေါင်းဆောင်စိတ်ဆိုတာက လုပ်စရာရှိတဲ့အလုပ်ကို သူများမခိုင်းပဲနဲ့လုပ်ခြင်း အလုပ်များများလုပ်ပြီး အခွင့်အရေးနည်းနည်းယူခြင်းဖြစ်ပြီး ကျွန်စိတ်ဆိုတာက သူရဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်
၇ / စာဖတ်အားနည်းခြင်း မိမိနှင့်သက်ဆိုင်သောစာများဖတ်မှု အားနည်းခြင်း
၈ / နိုင်ငံတကာ ဗဟုသုတ အားနည်းခြင်း
၉ / အချိန်၏တန်ဖိုးကို မသိခြင်း တို့ဖြစ်ပြီး မိမိအပါအဝင် အားလုံး ပြင်ဆင်ရမည့် အချက်များဖြစ်ပါတယ်

ဘဝစာပေ ဗဟုသုတ

21 Nov, 11:34


ဗုဒ္ဓဘာသာဝင်များအတွက် အပါယ်တံခါးပိတ်သော ကုသိုလ် ( ၇ ) မျိုး -
၁ / သရဏဂုံ စွဲမြဲခြင်း တည်ခြင်း
၂ / ငါးပါးသီလ မြဲခြင်း
၃ / အာရုံဆွမ်း နေ့ဆွမ်း နေ့စဉ်မပြတ်အောင် လှူဒါန်းနေသူများ
၄ / စာရေးတံမဲ လှူဒါန်းသော ပုဂ္ဂိုလ်များ
၅ / ဝါဆိုသင်္ကန်း လှူဒါန်းသော ပုဂ္ဂိုလ်များ
၆ / ရေတွင်း ရေကန် လှူဒါန်းသော ပုဂ္ဂိုလ်များ
၇ / ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းသော ပုဂ္ဂိုလ်များ
အထက်ပါ အချက်များထဲမှ ( ၁ ) ချက် ပြည့်စုံရုံမျှဖြင့် အပါယ်တံခါးပိတ်ခြင်း ဖြစ်သည့်အတွက် အားကိုးထိုက်သော ကုသိုလ်များ ဖြစ်ပါသည်

ဘဝစာပေ ဗဟုသုတ

20 Nov, 17:53


မင်း အသက်(၁၈)နှစ်ပြည့်ပြီးနောက်ပိုင်းမှာ...

- မင်း ချစ်ရတဲ့ သူငယ်ချင်း တွေကို ဆုံးရှုံးလာမယ်...
သစ္စာဖောက်တာခံရမယ်...အချို့သူငယ်ချင်းတွေက မင်းနဲ့ဝေးရာကို ပြောင်းသွားကြမယ်...
မင်း ချစ်ရတဲ့ သူငယ်ချင်းတွေကနေ သူစိမ်းတွေ ဖြစ်သွားမယ်။

- (၁၈)နှစ်ပြည့်ပြီးနောက်ပိုင်း...မင်းမိဘတွေဆီကနေ လက်ဖြန့်တောင်းရတာ ရှက်တတ်လာမယ်...မင်း ဖုန်းအသစ်ဝယ်ချင်လား? ကုန်ကျငွေတစ်ဝက်ကို မင်းပေးရဖို့ အချိန်ပိုင်းအလုပ်တွေ မင်းရှာတတ်လာမယ်... ။

- မင်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကို နားလည်လာမယ်...မင်းမိဘတွေကလည်း မိသားစုကိစ္စတွေမှာ မင်းရဲ့ထင်မြင်ချက်ကို မေးလာမယ်...မင်းရဲ့မိဘတွေက မင်းအတွက် ဘယ်လောက် စွန့်လွှတ်အနစ်နာခံထားမှန်း မင်းနားလည်လာမယ်..။

- မင်းထက်ငယ်တဲ့ မင်းညီ၊မောင်လေး သို့မဟုတ် မင်းညီမလေးက မင်းဆီ အကြံဉာဏ်လာတောင်းတဲ့အခါ သူတို့ကို လမ်းပြပေးပြီး စောင့်ရှောက်လာလိမ့်မယ်..။

မင်းသိလား...ကိုယ် မင်းကို ကြောက်အောင်ခြောက်နေတာ မဟုတ်ဘူးနော်..

မင်းအသက် (၁၈)နှစ် ပြည့်ပြီးနောက်ပိုင်း မင်းဘဝ ပြောင်းလဲလာလိမ့်မယ်....

မင်း သူငယ်ချင်း အသစ်တွေ ရလာမယ်
တစ်ချိန်တည်းမှာပဲ မင်း သူငယ်ချင်း တွေကို ဆုံးရှုံးလာမယ်

မင်း ချစ်တတ်လာမယ်...
အသည်းကွဲတာ ခံစားရမယ်...

မင်း သူငယ်ချင်းတွေ လက်တွဲဖော်ရသွားတာကို မင်းကြည့်နေရမယ့်... :3

ဘာပဲဖြစ်ဖြစ် အသက်(၁၈)နှစ်ပြည့်ပြီးတဲ့နောက်မှာ အဲဒါတွေ အကုန်လုံး ဖြစ်လာတဲ့အခါ မင်း လက်ခံလိုက်ပါ..
ဘာလို့လဲဆိုတော့ အဲဒီနေ့ရက်တွေက မင်းနဲ့အတူ ရှင်သန်သွားမှာမို့လို့ပါ...။

ဘဝစာပေ ဗဟုသုတ

20 Nov, 14:27


ချမ်းသာလို ဂုဏ်မောက်နေကြသူများ

ပညာတက်လို့ မာန်တက်နေကြသူများ

ရုပ်လှလို့ မာန်တက်သူများ

မနတွေမိုးခိုက်ပီးငါမှငါဖြစ်နေသူများ

ချမ်းသာမူ့ကြောင့်မရှိသေားသူပေါ် ယုတ်မာမကောက်ကျစ်ပါနဲ့

ပညာတက်မူ့ကြောင့် ပညာမဲ့သူပေါ် မောက်မာမရိုင်းစိုင်းပါနဲ့

ရုပ်လေးလှတယ်ဆိုပီး
အတွင်းစိတ်မပုတ်ပါနဲ့

ငါဆို တဲ့မာနကြောင့်
သူတပါးကိုမထိခိုက်ပါစေနဲ့

လူဆိုတာ အရာအားလုံးကို
ခနတာရထားတာပါ

လူဖြစ်ပီးလူစိတ်လေးမွေးပီး
သူတပါးကိုဖေ့မကူညီပါ

သူတပါးအပေါ်ယုတ်မာ
ကောက်ကျစ်စိတ်မထားပါနဲ့

လူဆိုတာအကုန်သေမျိုးတွေပါဘဲ

ငါကလူဆိုပီး ငါပြောရင် ငါလုပ်ရင်
အကုန်လုပ်လို့ရတယ်ဆို တဲ့စိတ်မတွေးပါနဲ့

လူဆိုတာတနေ့သေရမှာသေလူကို
ဘယ်အိမ်ကမှကြာကြာ မထားကြပါဘူး

လူဆိုတာမသေခင်ဘဲတန်ဖိုးထားကြတာ
သေနေတဲ့သူကိုဘယ်သူကမှ ကြာကြာမထားဘူး

တကယ်တော့လူဆိုတာ အကောင်တကောင်လောက်တောင်
တန်ဖိုး မရှိဘူး

အကောင်ပေါင်းစုံသေရင်တာ လူတိုင်းက စားကြတာတန်ဖိုးထားယူသွားကြတာ

သေလူဘယ်သူကမှမယူဘူး
ငါကလူဘဲဆိုပီးဂုဏ်မမောက်နဲ့ အဆင့်အတန်းမခွဲးခြားနဲ့
ယုတ်မာမကောက်ကျစ်ကြပါနဲ့
👌👌👌👌👌👌👌👌👌👌👌👌👌👌👌👌

#MannHoneNyein👑

ဘဝစာပေ ဗဟုသုတ

18 Nov, 04:53


ဝဋ်ဆိုတာ

လောကမှာ သင့်အနေနဲ့
အလိမ်ခံရလည်း ပြုံးနေလိုက်ပါ

အစော်ကားခံရလည်း ပြုံးနေလိုက်ပါ
ယုတ်မာတာခံရလည်း ပြုံးနေလိုက်ပါ

အရမ်းသဘောထားကြီးလို့တော့
ဘယ်ဟုတ်ပါ့မလဲ

ဝဋ်ဆိုတာ တုန့်ပြန်တဲ့အခါ
ပိုပြီးတိကျတယ်
ပြတ်သားတယ်
မျက်နှာမလိုက်ဘူး
တောင်းပန်လို့မရဘူး
ငွေပေးလို့လည်းမရဘူး။

ကိုယ်လုပ်သမျှ မကောင်းမှုတွေကို
တစ်ချိန်ချိန်မှာပြန်ရတာကို
ဝဋ်လည်တယ်လို့ခေါ်ပါတယ်။

ငါ အမြဲနိုင်နေတယ်ဆိုပြီး
မာန်တက်နေလို့မရပါဘူး။

သက်ရောက်မှုတိုင်းမှာ
တန်ပြန်မှုဆိုတာရှိပါတယ်။

ကိုယ်ပြုလိုက်တဲ့ ကံတစ်ခုရဲ့
အတိမ်အနက်အလိုက်
ပြန်ပေးဆပ်ရတာချည်းပါပဲ။

ယတြာချေလိုက်လို့
ပပျောက်သွားတဲ့အထဲမှာ
အကုသိုလ် ကံ မပါပါဘူး။

ဒါကြောင့် ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ်ရင် ကိုယ်ခံဆိုသလို

သူကြိုက်တာ သူလုပ်
သူဖြစ်ရင် သူခံပါလိမ့်မယ်။

#Credit.
#Copy by Kyaw Aye.

ဘဝစာပေ ဗဟုသုတ

18 Nov, 04:52


"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။

ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။

မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။

ဒါသင်သွားမယ့် လမ်းကြောင်းက အမှိုက်တွေပါ
အမှိုက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။

သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလွဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။

လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။

နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။

သင် ကျရူံးနေလား

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။

လူဆိုတာ ကိုယ့်ထက်သာ
မနာလို တာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။

ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားက် အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။

နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်တိုင်းပြီးလဲ လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။

ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။

"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။

အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။

သင် အောင်မြင်နေပြီလား

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။

မူရင်းရေးသားသူအားလေးစားလျက်

#Crd

ဘဝစာပေ ဗဟုသုတ

18 Nov, 04:50


" ပံ့သကူ ဆိုတာ " မသိနားမလည်သေးသူများအတွက် ဗဟုသုတရစေရန် ဖတ်ကြည့်ပါ

မြန်မာလူမျိုးတွေရဲ့ ချစ်စရာ အလေးအနက်ထား လေးစားစရာကောင်းသော အလေ့အထတခုပါ

🔸ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ
မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာပြီ
ဖြစ်တဲ့ အလေ့တစ်ခုပါ။

🔸မိမိ လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။

🔸ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။

🔸ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ ကိုယ် တစ်ယောက် သာ သိရပါမယ်။

🔸လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။

🔸နောက် တစ်ရက်မှာ မိမိ လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။

🔸 အဲဒီ ကုသိုလ် ဟာ ( ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ အ၀တ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။ အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့)ခုဏ ရဟန်းတစ်ပါး ဟာ အ၀တ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။

- ဒါကြောင့် " ပံ့သကူ ပစ်တယ်" ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။

ယခုအခါမှာတော့ ပံ့သကူ ပစ်တာကို ပြန်လည်ဖော်ထုတ်နေကြတာ အလွန်ပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Facebook စာမျက်နှာတစ်ခွင်မှာ ပံ့သကူအလှူလေးတွေရည်စူးပြီး တတ်အားသမျှပစ်ကြသည်မှာ ဂုဏ်ယူစရာ
ဓလေ့တစ်ခုကို အသက်ပြန်သွင်းလိုက်ခြင်းပင်ဖြစ်ပေသည်။

Sanomia | Ref : original | #ပံ့သကူ

ဘဝစာပေ ဗဟုသုတ

17 Nov, 09:49


သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
========================

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~


သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~


သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~


သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~


သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~

.. မဖြုန်းသင့်သည့်အရာ ( ၃ )ခု
.. ငွေကို ဖြုန်းလျှင် .....
.. ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''

.. စကားကို ဖြုန်းလျှင်
.. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''

.. အချိန်ကို ဖြုန်းလျှင်
.. ဘဝကို ဆုံးရှုံးရတတ်သည် .......

Credit- Original Writer

10,134

subscribers

54

photos

0

videos