ကဗျာဂယ်လာရီ-Poetry Gallery @gabyargallery Channel on Telegram

ကဗျာဂယ်လာရီ-Poetry Gallery

@gabyargallery


ကဗျာကို ချစ်မြတ်နိုးကြသူများအတွက်
ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို
တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ
ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။
☘️22.7.2021☘️

ကဗျာ ဂယ်လာရီ-Poetry Gallery (Burmese)

ကဗျာ ဂယ်လာရီ-Poetry Gallery ဆာဗာသည် gabyargallery အမည်ဖြင့် ရှိသည်။ ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို စုံတည်ပြီး သို့မဟုတ် ကဗျာများကို တွေ့သမျှ, မြင်သမျှ, ဖတ်ဖူးသမျှ မျှလျောညွန့်နိုင်သည်။ ဤဆာဗာသည် ကဗျာများကို နှစ်ခုမျိုး ဖြင့် ပြန်လည်တင်ထားခြင်း ပြုလုပ်ပါသည်။

ကဗျာဂယ်လာရီ-Poetry Gallery

09 Jan, 14:38


မိုက်တဲ့ကောင်ထွက်ခဲ့လို့ပြောတုန်းက
ငါမကြောက်ခဲ့ဘူး
မင်းမျက်စောင်းထိုးတော့
ငါ့မှာကြောက်လိုက်ရတာ ဆတ်ဆတ်တုန်လို့။

ဆရာသူရဇ္ဇနီကဗျာထဲမှာတော့
ရပ်ကွက်လူမိုက်တွေ ချစ်တတ်လာတဲ့အခါ
၂၄ပစ္စည်း စကျက်ပါတယ်
ကျစ်ဆံမြှီးကျစ်နည်း စသင်ပါတယ်တဲ့

ငါ့ကျမှ အမျိုးသမီးတွေ ဓမ္မ၊တာလာရင်
ဘာတွေရှောင်သင့်လဲလေ့လာနေရ။
အခြားသူတွေမင်းကိုချစ်တယ်ဆိုတာ
ငါ့ခြေဖျားတောင်မမှီသေးပါဘူးကွာ ... 🤍👫🤍

#Yool(ရိုး)

ကဗျာဂယ်လာရီ-Poetry Gallery

09 Jan, 12:35


မဝေးထည်
-----------

အရမ်းချမ်းတော့ အနွေးထည်ဝတ်ပြီး
အရမ်းလွမ်းတော့ မဝေးထည်လေး
ဘယ်မှာရှာလို့ တွေ့ပမလဲ

နှစ်ယောက်ထိုင်ခုံပေါ်
တစ်ယောက်တည်း နှင်းရည်စိုရွှဲ

ယခု လွမ်းနေတာ
တရော်ကင်ပွန်းနံ့သင်းသင်းရတဲ့
" ဆယ်မူးရည်ရွှေ ” သူ့ဆံနွယ်ခွေလေးသာ ။

ဒီည
အိပ်ခန်းထဲ တိုးဝင်တဲ့လရောင်ကို ပိုင်ပိုင်နိုင်နိုင်ခပ်ယူ
အိပ်မက်ထဲ
သူ့လက်မောင်းလေးကို လရောင် လိမ်းကျံပေးချင်တယ်

မီးဖိုပေါ်
ရေနွေးအိုးလေး အော်နေပြီ

သူ ရောက်လာမှ
အပျော်တွေ ဖျော်တိုက်ရဦးမယ် ။

ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

09 Jan, 02:39


ပန်းဆိုင်
---------

သက်တန့်ကို သံလမ်းလုပ်ပြီး
တိမ်တွေဟာ ရထားတစ်စင်းလို မောင်းနှင်
ဆောင်းဝင်လာပြီ မဟုတ်လား

ဒီကမ္ဘာမှာ
ချစ်လျက်နဲ့ ဝေးကြသူတွေ
ရှင်လျက်နဲ့ ခွဲရသူတွေ

မဆုံသောလမ်းခွဲထောင့် ညောင်ညိုပင်ရိပ်အောက်
မျက်ရည်နဲ့ ချွေးသိပ်ရသူတွေ

တစ်ယောက်အလွမ်း တစ်ယောက်ထမ်းပြီး
ဝတ်မှုန်ကူးခွင့် ရပါစေ ။

အရှုံးပေးပါတယ်....

စိတ်ကောက်တတ်တဲ့ မင်းအတွက်
အင်ကြင်းပန်းကလွဲရင်
ဘာပန်းဖြစ်ဖြစ် ကိုယ်ပေးပါ့မယ်

သံသရာအထိလည်း အငြိုးမဖွဲ့စေချင် ။

အနာဂတ်အိမ်ကလေးမှာ
ချယ်ရီ၊ နှင်းဆီ၊ သော်က၊ ဂန္ဓမာ စိုက်ပြီး
မေတ္တာတွေချည်း ပွင့်ကြမယ်

ဇွန်ပန်းရုံလေးထဲ လရောင်ထွန်းကြည့်တော့လည်း
မင်းရယ်သံတွေ ဖွေးဖွေးလှုပ်နေတယ် ။

လောကဓံသွေးတိုးစမ်းတဲ့နေ့တွေမှာ
မင်း...မရှိလို့မှ မဖြစ်တာ

ဘုရားစင်မှာလည်း
မင်းနာမည်နဲ့ကြယ်တွေကို စံပယ်နဲ့ပေါင်း
ပန်းမွေ့ရာ သက်စေ့လှူရဦးမယ်

" မင်းက ကိုယ့်ဘဝပါပဲ
ကိုယ့်ဘဝကိုယ် ပျော်အောင်ထားပါ့မယ်...”

ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

08 Jan, 15:58


မကြင်သူသို့
-------------

ကိုယ်စိုက်တဲ့ ပျော်ရွှင်မှုစိုက်ခင်းကြား
မင်းအတွက် တံစဉ်တစ်ချောင်း ထားခဲ့မယ်
ပျော်ရွှင်မှုကို မင်းပဲရိတ်သိမ်းပါ

မင်းစိုက်တဲ့ အောင်မြင်မှုစိုက်ခင်းကြား
ကိုယ့်အတွက် ဘာမှ မထားခဲ့နဲ့
မရိတ်မသိမ်း မခူးမဆွတ်ဘဲ
မင်းအောင်မြင်မှုလေး ထိုင်ငေးနေပါ့မယ် ။

ကံကြွေးရှိလို့ ကုန်အောင်ဆပ်ရတယ်
သဘောထားလိုက်ပါ့မယ်

သူနိုင်တယ်ဆိုလည်း ပျော်ပါစေ
ကိုယ်ရှုံးတယ်ဆိုလည်း ပြီးပါစေ

အားမနာပါနဲ့ အချစ်ရဲ့
လိပ်ပြာသန့်သန့် ကျောခိုင်းလို့ရပါတယ်

ကိုယ်ချစ်သလောက် ပြန်အချစ်ခံချင်ရင်
အစောတည်းက မင်းကို မရွေးဘူး
ခွေးလေးတစ်ကောင်ပဲ ကိုယ်မွေးမှာပေါ့ ။

ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

05 Jan, 14:42


ကြယ်ပွင့်တွေ အားလုံးနဲ့
ကောင်းကင်ကြီးကို
ပိုင်စိုးစေတော့

အဖိုးမဖြတ်နိုင်တဲ့
စည်းစိမ်ဥစ္စာတွေနဲ့
ကမ္ဘာကြီးကို
ပိုင်စိုး‌စေတော့

ကိုယ်မတင်းတိမ်နိုင်သေးဘဲ
ထပ်လို့ တောင်းဆိုနေဦးမှာပဲ။

ဒါပေမဲ့
သူ့ကိုသာ ပိုင်ဆိုင်ခဲ့ရင်တော့
ကမ္ဘာမြေကြီးပေါ်က
အကျဉ်းဆုံး
ထောင့်ကလေး တစ်ထောင့်ထဲမှာ
နေရသည့်တိုင်အောင်
တင်းတိမ် ရောင့်ရဲနိုင်ပါရဲ့ ။

!တဂိုး

ကဗျာဂယ်လာရီ-Poetry Gallery

04 Jan, 16:11


အတွေးည

တဖြည်းဖြည်းညဥ့်နက်လာတာနဲ့အမျှ
အိပ်ချင်တဲ့စိတ်တွေကပဲ
အိပ်ငိုက်နေသူကို အိပ်လို့မရအောင်လှုပ်နှိုးနေခဲ့

မနက်ဖြန်ဆိုတာကိုရင်ဆိုင်ဖို့တွေးရင်း
တိတ်တိတ်ကလေးကြောက်ရွံနေတဲ့စိတ်တွေဟာ
ကောင်းကင်ကကြယ်တွေလို
မှိတ်တစ်ခါလင်းတစ်လှည့်

စိတ်ကြောင့်သေစေနိုင်ပြီး
စိတ်ကြောင့်ပဲ အသက်ရှင်နေရတဲ့သတ္တဝါတွေမို့
မျှော်လင့်ချက်မဲ့နေတဲ့မနက်ဖြန်တွေမှာ
ရှင်သန်ရခြင်းဟာ ဝဋ်ပဲဖြစ်လိမ့်မယ်

ဘာကိုမှမမျှော်လင့်ချင်တော့ပါဘူး
ဒီတစ်ခုပဲ.....
ညဘက်မှာပျော်နေရှာတဲ့ဇီးကွက်တစ်ကောင်လို
အခုညဟာ အခုလိုလေးပဲ
မိုးမလင်းပဲရှိနေချင်ရုံလေးပါပဲ

ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

04 Jan, 13:55


စိတ်

စိတ်ဟာ
ဆိတ်လို ခြေလေးချောင်းမပါလို့သာ

ဒါမှမဟုတ်
စိတ်ဟာ ဆိတ်ထက်
‌ခြေချောင်းတွေ ပိုပါနေရော့သလား

ဒါပေမယ့်ကွယ်
စိတ်သာ ဆိတ်ဆို
ရိုက်လို့ သတ်ပစ်လိုက်ချင်တယ်...။

ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

04 Jan, 10:29


လွမ်း

စကားလုံးတွေမဲ့‌နေတဲ့ညဟာ
သူ့အလိုလို အထီးကျန်စေတယ်
စိတ်ထဲကစကားတွေကို အပြည့်သယ်ပြီး
မင်းအနားကို အပြေးလာချင်မိရဲ့......

-ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

03 Jan, 15:19


ဘယ်လောက်ထိချစ်လဲဆိုရင်
စိတ်ထဲမှာ မင်းရှိနေတယ်ဆိုတဲ့အသိနဲ့တင်
တစ်ခြားသူတွေနဲ့ ယဉ်ဖို့မလိုတော့တာပဲ

ဘာလို့လဲဆို
ဘယ်သူတွေက ဘယ်လောက်ထိ
မင်းလောက်ချစ်စရာကောင်းနေမှာမို့လဲကွယ်

!ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

02 Jan, 08:00


— အမေ —
--------------------/

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် " ချစ်သော မေမေ " သို့

အမေ...
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ...
ကဗျာ...
ကဗျာ...
သက်သာရာ ရမလားလို့ပါ
( ဒီတစ်ခါတော့ဖြင့် )
ဝမ်းရေစပ်ရင်လည်း
နည်းနည်း ခွင့်လွတ်ပါအမေ
သားတော့ မီးလောင်နေပြီ ။

ထူးအိမ်သင်
ချစ်ခြင်းအားဖြင့် / ကဗျာ နှင့် စာ

ကဗျာဂယ်လာရီ-Poetry Gallery

01 Jan, 14:46


ဒီနှစ်သစ်အစမှာ ဒီChannelနဲ့ပက်သက်ပြီး
ပြင်စေချင်တာ ဖြစ်စေချင်တာ
လိုအပ်တာမှန်သမျှ ပြောပေးခဲ့ကြပါဗျ

ကဗျာဂယ်လာရီ-Poetry Gallery

01 Jan, 09:44


မဆုံသောလမ်းသီချင်းကို
နားထောင်မိတော့
တစ်စုံတစ်ဦးကိုသတိရမိတယ်။
အဲ့လူဟာ အချစ်ဦးလဲဖြစ်နိုင်သလို
ရည်းစားဦးလဲဖြစ်နိုင်တာပဲ။
ဆောင်းဦးဟာ အချစ်ဦးကိုလွမ်းဖို့အကောင်းဆုံးရာသီတဲ့
ကဗျာတစ်ခုမှာဖတ်လိုက်ရတယ်။
တကယ်လဲငါတို့ဟာ
အနွေးဓာတ်လိုနေချိန်မှာ
ပေးစေချင်တဲ့သူကို တမ်းတမိကြတာ
ပုံမှန်ပဲမဟုတ်လား။
အဲ့အိမ်ဟာ တစ်ချိန်က
တကယ်နွေးခဲ့ပါတယ်
လုံခြုံခဲ့ပါတယ် ။
အားထားလို့ရခဲ့ပါတယ်လေ။
ဘာရယ်မဟုတ်ပါဘူးဘေဘီရယ်
မဆုံသောလမ်း သီချင်းကြားလိုက်မိလို့
မဆုံခဲ့တဲ့လူကို အမှတ်ရမိရုံပါ။

-ကီ

ကဗျာဂယ်လာရီ-Poetry Gallery

31 Dec, 10:52


𝙇𝙞𝙛𝙚'𝙨 𝙣𝙤𝙩 𝙟𝙪𝙨𝙩 𝙖𝙗𝙤𝙪𝙩 𝙗𝙚𝙞𝙣𝙜
𝙖𝙡𝙞𝙫𝙚 𝙗𝙪𝙩 𝙗𝙚𝙞𝙣𝙜 𝙬𝙚𝙡𝙡

!𝙈𝙖𝙧𝙘𝙪𝙨 𝘼𝙪𝙧𝙚𝙡𝙞𝙪𝙨

ဘဝဆိုတာ ရှင်သန်ဖို့တစ်ခုတည်းမဟုတ်ဘူး
ကောင်းကောင်းနေဖို့လည်းပါတယ်။

!မားကပ်အောရီလီးယပ်

ကဗျာဂယ်လာရီ-Poetry Gallery

31 Dec, 09:12


ပန်းဆိုင်
---------

သက်တန့်ကို သံလမ်းလုပ်ပြီး
တိမ်တွေဟာ ရထားတစ်စင်းလို မောင်းနှင်
ဆောင်းဝင်လာပြီ မဟုတ်လား

ဒီကမ္ဘာမှာ
ချစ်လျက်နဲ့ ဝေးကြသူတွေ
ရှင်လျက်နဲ့ ခွဲရသူတွေ

မဆုံသောလမ်းခွဲထောင့် ညောင်ညိုပင်ရိပ်အောက်
မျက်ရည်နဲ့ ချွေးသိပ်ရသူတွေ

တစ်ယောက်အလွမ်း တစ်ယောက်ထမ်းပြီး
ဝတ်မှုန်ကူးခွင့် ရပါစေ ။

အရှုံးပေးပါတယ်....

စိတ်ကောက်တတ်တဲ့ မင်းအတွက်
အင်ကြင်းပန်းကလွဲရင်
ဘာပန်းဖြစ်ဖြစ် ကိုယ်ပေးပါ့မယ်

သံသရာအထိလည်း အငြိုးမဖွဲ့စေချင် ။

အနာဂတ်အိမ်ကလေးမှာ
ချယ်ရီ၊ နှင်းဆီ၊ သော်က၊ ဂန္ဓမာ စိုက်ပြီး
မေတ္တာတွေချည်း ပွင့်ကြမယ်

ဇွန်ပန်းရုံလေးထဲ လရောင်ထွန်းကြည့်တော့လည်း
မင်းရယ်သံတွေ ဖွေးဖွေးလှုပ်နေတယ် ။

လောကဓံသွေးတိုးစမ်းတဲ့နေ့တွေမှာ
မင်း...မရှိလို့မှ မဖြစ်တာ

ဘုရားစင်မှာလည်း
မင်းနာမည်နဲ့ကြယ်တွေကို စံပယ်နဲ့ပေါင်း
ပန်းမွေ့ရာ သက်စေ့လှူရဦးမယ်

" မင်းက ကိုယ့်ဘဝပါပဲ
ကိုယ့်ဘဝကိုယ် ပျော်အောင်ထားပါ့မယ်...”

ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

25 Dec, 15:01


ကျနော်အတိတ်မေ့တတ်ပါသည်

မနေ့က
ရပ်ကွက်ထဲ ကိုယ်အမြဲအစာကျွေးနေကြခွေးလေး
ကိုယ့်ကို ကိုက်လိုက်တယ်
ဒီနေ့ ကာကွယ်ဆေးထိုးက
အပြန်လမ်းမှာ
ဆိတ်ပုဆိုးကြမ်းသည်တွေ့တော့
အဲဒီခွေးလေး ဆာနေမလားဆိုပြီး ပါဆယ်ဝယ်မိတယ်
အချိန်တန်တော့လည်း
ကိုက်တတ်တဲ့ အစွယ်လေးကို လွမ်းတာပဲ

ဟိုတလောကလည်း
အိမ်မှာမွေးထားတဲ့ ကြောင်လေးကုတ်လို့ အနာဖြစ်သေးတယ်
အနာပျောက်တော့ ပုံမှန်ပဲ ပွတ်သီးပွတ်သပ်လုပ်မိတယ်
အချိန်တန်တော့လည်း
ဝှက်ထားတဲ့ လက်သည်းလေးကို လွမ်းတာပဲ

ဒီည
အိပ်ရာဝင်ခါနီးမှ
Message တစ်စောင်ဝင်လာတယ်
"ခင်ဗျားအဆင်ပြေရဲ့လား
ခင်ဗျား နေကောင်းရဲ့လား"တဲ့
ဖျက်ထားပေမယ့် အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးတစ်ခုဆီ‌ကပေါ့
အကောင့်အတုပေါင်းများစွာနဲ့
ကျနော်ဝင်ကြည့်ဖြစ်တဲ့ မီးစိမ်းလေးဆီကပေါ့
ဘယ်တော့မှမကျက်မယ့် ဒဏ်ရာလေးဆီကပေါ့

လွမ်းစရာရှိ နာတာနဲ့ဖြေရမတဲ့
ကျနော့်မှာ ကောင်းကွက်ချည်း ရှာလွမ်းရတယ်
မဆိုင်တော့ဘူးဆိုပေမယ့်
မဆိုင်သလို နေကြည့်လို့မှမရတာကွယ်

အချိန်တန်တော့လည်း
ကျနော် အတိတ်မေ့တတ်ပါတယ်။

!ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

25 Dec, 10:03


အိမ်မက်တစ်ခုပေါ့
တစ်စုံတစ်ယောက်အတွက်အိမ်မက်ကောင်းဖြစ်နိုင်ပေမဲ့
အခြားတစ်ယောက်အတွက်အိမ်မက်ဆိုးလဲဖြစ်နိုင်တာပဲ။
ငါတို့ဖြစ်နိုင်ချေတွေကိုညှိယူလို့မရဘူး ။
ခံယူချက်တွေမတူတဲ့အခါ
တန်ဖိုးထားပုံချင်း ကွာတဲ့အခါ
အချစ်ကိုဖွင့်ဆိုပုံခြင်း မညီတဲ့အခါ
ငါတို့တွေလမ်းခွဲသွားကြတာမဟုတ်ဘူး
တမင်တကာလမ်းလွဲလိုက်ကြတာ။
-ကီ

ကဗျာဂယ်လာရီ-Poetry Gallery

25 Dec, 03:05


*🎊ခရစ်စမတ်ကာလမှာ🎊*
ကဗျာဂယ်လာရီ၏ Subscribers များ အားလုံး ပျော်ရွှင်ဖွယ် ခရစ်မတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🎁

𝒲𝒾𝓈𝒽𝒾𝓃𝑔 𝓎𝑜𝓊 𝒶𝓃𝒹 𝓎𝑜𝓊𝓇 𝒻𝒶𝓂𝒾𝓁𝓎 𝒶 𝓋𝑒𝓇𝓎 𝒽𝒶𝓅𝓅𝓎 𝒶𝓃𝒹 𝒿𝑜𝓎𝒻𝓊𝓁 𝒞𝒽𝓇𝒾𝓈𝓉𝓂𝒶𝓈.
𝑀𝑒𝓇𝓇𝓎 𝒞𝒽𝓇𝒾𝓈𝓉𝓂𝒶𝓈!

ကဗျာဂယ်လာရီ-Poetry Gallery

25 Dec, 01:44


ငြိမ်သက် နံနက်ခင်း
---------------------

၅ နာရီထိုးပေမယ့်
ဟိုဖက်အိမ်က ကြက်ဖတွန်သံ မကြားရဘူး
ကြည့်ရတာ
ကြက်ဖကြီး အသည်းကွဲနေပုံရတယ်

ရွာဦးကျောင်းမှ
အရုဏ်ဦး အုန်းမောင်းခေါက်သံလည်း မကြားရ
ကပ္ပိယကြီး အသည်းကွဲနေပြီ ထင်ပ

အိပ်ရာနိုးနိုးချင်း ရနံ့မွှေးမွှေးနဲ့ ကြိုတတ်သော
ပြာသိုလရဲ့ ခွာညိုပွင့်လေးလည်း ရနံ့မမွှေးလို့
ခြံစည်းရိုးကို သွားကြည့်တော့
ပွင့်ဖတ်တွေကို မျက်ခွံပိတ်သလို ဇွတ်ပိတ်ထားတယ်

ကွယ်....
ခွာညိုပန်းလေးလည်း အသည်းကွဲနေပြီ ထင်ပါရဲ့ ။

ခွေးသူငယ်လေး နို့မစို့ရဲအောင်
မျက်နှာကြောတင်းထားတဲ့ ခွေးသားအုပ်မကြီးကြောင့်
ခွေးသူငယ်လေးလည်း အသည်းကွဲ

မနက်စောစော
မျက်နှာကြက်မှာ
စုတ်တသပ်သပ် လုပ်နေတဲ့ အိမ်မြောင်
ဘယ်သူ့အတွက် စုတ်သပ်ပေးနေလဲ
ကြက်ဖကြီးအတွက်လား
ကပ္ပိယကြီးအတွက်လား ။

သည်ကမ္ဘာမှာ
ချစ်လျက်နဲ့ ဝေးကြသူတွေ
ရှင်လျက်နဲ့ ခွဲရသူတွေ

မဆုံသောလမ်းခွဲထောင့် ညောင်ညိုပင်ရိပ်အောက်
မျက်ရည်နဲ့ ချွေးသိပ်ရသူတွေ

အချစ်လက်ဖျားလေးနဲ့
တနယ်စီ ဝေးတဲ့ ဆောင်းရာသီမှာ
အလွမ်းစကား ပါးဖို့
ခိုလေးတွေပဲ မျက်နှာချိုသွေးရတယ် ။

တဂျစ်ဂျစ်မြည်တဲ့ ရေဒီယိုက
ကြားဖြတ်သတင်းတစ်ပုဒ် ကြေငြာသွားတယ်

" သူလည်း မင်းကို လွမ်းနေသတဲ့ ”

နှစ်ယောက်အတူ နွေးရမယ့် ရာသီမှာ
တစ်ယောက်တည်း ကွေးရတဲ့အခါ
ဆောင်းဟာ နှလုံးသွေး ခဲလုမတတ် အေးမြ

ဒီဇင်ဘာရဲ့ နံနက်ခင်းအများစုကို
ပြက္ခဒိန်မှာ အသည်းကွဲရက်စွဲအဖြစ်
အနီရောင်ဘောလ်ပင်နဲ့ ကြက်ခြေခတ်ထားတယ်

အချစ်နဲ့တွေ့ရင်
တိုင်ပြောဖို့ စုထားတဲ့ လောကဓံတွေလည်း များပြီ ။

ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

24 Dec, 12:31


ငါ့တစ်ကိုယ်လုံး အနုဆုံးဟာ
နှလုံးသားလို့ တဖွဖွပြောတဲ့ကြားက
အနုဆုံးနေရာကိုမှ မင်းကရွေးထိုးတယ်....

စည်းမျည်းတွေနဲ့ထိုးခိုင်းတဲ့ ကြိုးဝိုင်းမှမဟုတ်တာကွယ် ဒီပွဲလည်းမင်းနိုင်ပါတယ်...။

-ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

24 Dec, 09:30


သူတော်ကောင်းလို့အထင်ခံရမှာ
အကြောက်ဆုံးပါပဲ။ အာမခံနိုင်တာဆိုလို့
ဘယ်သူ့အပေါ်မှ မယုတ်မာဖူးတာပဲရှိပါတယ်
ကျန်တာကတော့ သူလိုကိုယ်လိုပါပဲ
တရားနာချင်တဲ့အခါ နာပြီး
အရက်နာကျတဲ့အခါ ကျနေတာပါပဲ...။

-စောနန္ဒာခိုင်

ကဗျာဂယ်လာရီ-Poetry Gallery

24 Dec, 06:13


အဆင်မပြေတာကို
အဆင်ပြေပါတယ်လို့
ပြောင်းပြောရင်
အဆင်ပြေမှာမို့လား......။

-အောင်ချိမ့်

ကဗျာဂယ်လာရီ-Poetry Gallery

24 Dec, 02:14


ချစ်လှစွာသော
လောကဓံတရားရေ
ဖြစ်ချင်တိုင်းမဖြစ်ရတာကိုပဲ
ချစ်နေရပါတယ်

-မောင်ချောနွယ်

ကဗျာဂယ်လာရီ-Poetry Gallery

23 Dec, 16:16


https://t.me/gabyargallery/2666

ကဗျာဂယ်လာရီ-Poetry Gallery

23 Dec, 13:57


ဘဝ

ဖြစ်ချင်ရာဖြစ်
နေချင်သလိုနေပစ်လို့ရတယ်
ဘာကိုမှမကြည့်
သေမယ်ဆိုသေပစ်လို့ရတယ်

ချစ်တဲ့သူတွေလည်းရှိတယ်
မုန်းတဲ့သူတွေလည်းရှိမယ်
ဒါပေမယ့် ပြုံးပြုံးလေးပါပဲ

ငါ ဒါဆိုမရှုံးလောက်သေးပါဘူး.....

ဗုဒ္ဓကို ကိုးကွယ်တယ်
ပြီးရင် အချစ်ကိုလည်းစွဲစွဲလမ်းလမ်းကိုးကွယ်ခဲ့ဖူးတယ်
တစ်ခါလောက်ထက်မက ရူးခဲ့ဖူးပါတယ်ပေါ့
အခုလည်း ရူးနေဆဲ.....

ဖြစ်ချင်ရာတွေဖြစ်မလာပဲ
သေဖို့ရာမရဲတော့လည်း
ကြာရှည်စောင့်ဆိုင်းလိုက်ပါတယ်

တစ်နေ့ဆိုတာ.....
ဒီနေ့လိုမဟုတ်ဘူးဆိုပြီး.....
စောင့်ရင်း.....
ဆိုင်းရင်း.....
မှိုင်ရင်း.....
ငေးရင်း.....

➣ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

23 Dec, 12:51


ဟောင်းနွမ်းသစ်ဝေ

ကဗျာစာအုပ်ဟောင်းတစ်အုပ်ကို
ပြန်ပြီးဖတ်မိတယ်
အစက်အပျောက်တွေစွန်းထင်းနေတဲ့
စာမျက်နှာတွေမှာ မျက်ရည်ရနံ့တွေက
ပစ္စုပ္ပန်ထိ သင်းနေတုန်း

ဒီခရီး ဘယ်လောက်ကြာခဲ့သလဲ
အတိတ်ကိုပြန်တွေးလိုက်တာနဲ့ နွေးနေတုန်းပဲ
လွမ်းနေလို့သာကြာတယ်ထင်ခဲ့တာ
ပြန်လာတာ ပြန်မလာတာကိုတော့ထည့်မတွက်ကြေး

လောကကြီးမှာ
ကိုယ့်မျက်နှာကို တစ်ချက်မှလှည့်မကြည့်တဲ့သူအတွက်
သစ္စာရှိပေးနေရတာဟာလည်း ဝဋ်ပဲဖြစ်လိမ့်မယ်

မင်းကိုငါ သတိတောင်မရတော့ပါဘူးလို့
တွေးမိလိုက်တဲ့အချိန်တိုင်း
မင်းကို ငါမေ့ဖို့ တစ်ကနေပြန်စရတာပဲ

ငါကိုကမချစ်မိခဲ့ရင် အကောင်းသားကွယ်
ဘာမှမျှော်လင့်စရာမရှိတော့ဘူးဆိုတာသိရက်နဲ့
မိုက်မိုက်မဲမဲ လွမ်းနေသေးတာကိုက
ကျေးဇူးတင်ပါသည်လို့ရေးထားတဲ့ ကံစမ်းမဲကို
သိန်းတစ်ထောင်ပေါက်ပါတယ်ဆိုပြီး ပျော်နေတဲ့ပုံစံမျိုးနဲ့.....

ငါကိုက...မင်းပြောသမျှ ဘာမဆိုအလိုလိုယုံခဲ့မိတာ
ဒီတစ်ခါ တစ်လမ်းတစ်ကွေ့မှာ
နောက်တစ်ကြိမ်ထပ်ဆုံဖြစ်ခဲ့သေးရင်
အဲ့ဒီနေ့ဟာ အရာရာကိုငါမေ့နိုင်သွားတဲ့နေ့ပဲဖြစ်ပါရစေ...

➣ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

23 Dec, 02:51


ခင်ဦးရယ်...
မမြင်ချင်ဘူးဆိုလို့ ကျောခိုင်းပေးလိုက်ပါတယ်
မင်းကိုဆုံးရှုံးပြီးနောက်
အရှေ့ကထိုးထိုး အနောက်ကထိုးထိုး
ဓားဟာ ရင်ဝကိုဖောက်ထွက်မှာပဲ။

-ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

22 Dec, 20:55


စိတ်နာချင်ယောင်ဆောင်တာပါ
ချစ်ပြီးသားလူတစ်ယောက်ကို
ဒီနှလုံးသားက လွယ်လွယ်ကူကူ
မမုန်းနိုင်ပါဘူး.....


-တက္ကသိုလ်ဘုန်းနိုင်

ကဗျာဂယ်လာရီ-Poetry Gallery

22 Dec, 16:15


နေဝင်ချိန်တွေအတူလျှောက်လည်ဆိုတဲ့
သီချင်းစာသားလေးကြားမိတော့နှစ်ယောက်တစ်ပြိုင်တည်းကြည့်မိတယ်။
ဟုတ်ပါရဲ့ ကိုယ်တကယ်ချစ်တဲ့သူနဲ့
အတူနေရတဲ့ဘဝဟာဘယ်လောက်များကောင်းသလဲနော်။
တစ်နေ့တာရဲ့ ကြည်လင်မှု,
ပျော်ရွှင်မှုတွေကို မျှဝေရင်း
စနေအိမ်ပြန်ချိန်တိုင်းမှာ
အချစ်ကလေးရဲ့ပခုံးစွန်းကိုအသာမှီလို့...။
နေ့ရက်တွေဟာ အထူးသဖြင့်
ညနေတွေဟာ အချစ်ကလေးကြောင့်ပိုပိုလှပါတယ်။
-ကီ

ကဗျာဂယ်လာရီ-Poetry Gallery

22 Dec, 15:01


လွမ်း

စကားလုံးတွေမဲ့‌နေတဲ့ညဟာ
သူ့အလိုလို အထီးကျန်စေတယ်
စိတ်ထဲကစကားတွေကို အပြည့်သယ်ပြီး
မင်းအနားကို အပြေးလာချင်မိရဲ့......

-ထွန်းဟိန်းယံ

ကဗျာဂယ်လာရီ-Poetry Gallery

22 Dec, 12:36


ကျနော်ရပ်နေခဲ့တယ်
ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင်
ပြန်ဆုံနိုင်လိမ့်အုံးမယ်အထင်နဲ့..

လူတွေညာတယ်
ကမ္ဘာဟာ တကယ်မှမလည်ပဲ
ဘယ်မှာပြန်ဆုံကြလို့လဲ.. ။

#ရိပ်ငြိမ်

ကဗျာဂယ်လာရီ-Poetry Gallery

22 Dec, 07:59


ငါတော့ •••
ဝေးရာကိုပြေးမှရမယ်လို့ တွေးလိုက်
မင်းအနားလေး ပိုနီးချင်လိုက်

မုန်းလိုက်မယ်လို့တွေးပြီး
နောက်တစ်နေ့မနက်မှာ
အချစ်တွေ တိုးလာလိုက်

လည်နေလိုက်တဲ့ သံသရာ။

လူသန်းပေါင်းများစွာရှိတဲ့ ကမ္ဘာမှာ
နင့်လူလို့ ပြောလိုက်တာနဲ့
မင်းမျက်နှာလေးပဲ ပြေးမြင်တာကို
သစ္စာတရား ဆိုလေမလား။

နှလုံးသားဟာ တစ်စုံတည်းပါ
မျက်နှာလည်းမများရပါဘူး။

ဒီသံသရာမှာလေ
ကျွန်တော်ကတော့
မင်းနဲ့ပဲ သက်ဆိုင်ပြီး
မင်းကိုပဲ ပိုင်ဆိုင်ချင်ပါတယ်•••💌

- Mental Note -
သက်ဆိုင်သူထံပို့ပေးပါ

ကဗျာဂယ်လာရီ-Poetry Gallery

22 Dec, 05:57


ငါတို့ဝေးသွားခဲ့ပြီလို့တွေးမိတဲ့အခါတိုင်း
နီးစပ်ခဲ့လို့လားဆိုတဲ့မေးခွန်းတွေက
ငါ့ကိုကျိုးကြေစေတယ်
ငါပေးခွင့်မရတော့တဲ့ချစ်ခြင်းမေတ္တာမျိုး
မင်းအလိုရှိတဲ့သူဆီကရပါစေ။ ။

-တာရာမင်းဝေ

ကဗျာဂယ်လာရီ-Poetry Gallery

21 Dec, 05:30


ကမ္ဘာပေါ်မှာ ပေါ်ခဲ့ပြီးသမျှ အတိုင်းအထွာကိရိယာတွေနဲ့
ကျွန်တော့်ရင်ရဲ့ အနက်အရှိုင်းကို တိုင်းပါ

ရူးသွပ်သွားကြပါလိမ့်မယ်။

- ဖော်ဝေး (၁၉၄၄ - ၁၉၇၈)

ကဗျာဂယ်လာရီ-Poetry Gallery

21 Dec, 01:37


“ နာမည် “

ကျနော့်ကို ပင်လယ်လို့ ခေါ်ပါ …

တစ်ဘဝလုံး ရေချိုနဲ့ လွဲခဲ့ရလို့

ဖြစ်ပါတယ် …

#မြစ်အောင်

ကဗျာဂယ်လာရီ-Poetry Gallery

20 Dec, 13:11


သတိရတယ် ဆိုတာမျိုးက
ငှက်ကလေးတွေအော်မှ
လကလေးက သာမှ
သစ်ရွက်ကလေးတွေ ကြွေမှ
ရှုခင်းကလေးက လွမ်းစရာကောင်းမှ
သတိရတာ မဟုတ်ပါဘူးကွာ။

သတိရချင်တဲ့အခါ
ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။     ။

-မင်းလူ-
ချစ်သောပန်းကလေးမှ

ကဗျာဂယ်လာရီ-Poetry Gallery

20 Dec, 12:31


မဝတ်မှုန်နှင့်ကွေကွင်းပြီး မိုးရာသီ၏နောက်ဆုံးနေ့ရက်များ/အလင်းသင်
#Khant Thway

ကဗျာဂယ်လာရီ-Poetry Gallery

20 Dec, 06:16


အာရုံငါးပါးနဲ့ တပ်မက်ခြင်းမှာသာ
အသားအရေ၊ အချိုးအစား
အသက်အရွယ်ရှိတာပါ

အချစ်နဲ့ မေတ္တာမှာကျ
မင်းဟာမင်း ဘာဖြစ်ဖြစ်ပေါ့ အချစ်ရဲ့
မင်းဟာမင်း ဘာဖြစ်ဖြစ် ။

-ဆန်းကျော်စွာဝင်း

ကဗျာဂယ်လာရီ-Poetry Gallery

20 Dec, 01:47


ရွှေတောင်ကြားမှာ အချစ်က စျေးကြီးပြီး။
ပန်းဆိုးတန်းမှာတော့ လူမျိုးဘာသာမရွေး
မေတ္တာမျှလို့ ရနိုင်ပါသည်..။ တဲ့

ဗလာမပါ ကံစမ်းမဲကို
အသည်းဗလာနဲ့
ကိုယ့်ဘဝကိုယ်
ကံစမ်းကြည့်လိုက်ချင်သေးရဲ့..။

ရင်တုန်တာလား!?
ရင်ခုန်တာလား!?
မသဲကွဲခဲ့တဲ့ ညတွေ..။

#ရွှေစွန်ညို (ရန်ကုန်ညများ)
December 12 / 9:43 PM
ရွှေစွန်ညို - Shwe Son Nyo

ကဗျာ ဂယ်လာရီ-Poetry Gallery

09 Dec, 15:37


မောင်ချောနွယ်အတု/မောင်ချောနွယ်

ကဗျာ ဂယ်လာရီ-Poetry Gallery

09 Dec, 15:28


ဂန္တဝင်မမ/အောင်ချိမ့်

ကဗျာ ဂယ်လာရီ-Poetry Gallery

09 Dec, 11:22


အချစ်ကဗျာလေး တစ်ပုဒ်
-------------------------

အုတ်ခံပျဉ်ထောင်
နံကပ်အိမ်လေး တုန်သွားပြီးနောက်

အဘိုးဖြစ်သူက

" ရှောင်ကြစို့ မောင်တို့ရေ
အရေးကြီးတာတွေသယ်
အရေးကြီးတာတွေပဲ သယ် ”...တဲ့ ။

အဘိုးဟာ
အဘွားသောက်နေကျ
သွေးကျဆေးဘူးနဲ့ လေးဖက်နာလိမ်းဆေး သယ်
နောက်ပြီး အဘွားကို ထူတယ်

အဘိုးအတွက်
အရေးကြီးဆုံးဟာ အဘွားဖြစ်မယ် ။

အဘွားက
အဘိုးသောက်နေကျ
ဆော်ဒါဘူးနဲ့ အဘိုးမျက်မှန်အပိုလေး သယ်
နောက်ပြီး ရွှေကွာနေတဲ့ဆင်းတုလေးနဲ့
စိတ်ပုတီးနှစ်ကုံး ယူရှာတယ်

အဘွားအတွက်
ဘုရား၊ တရား၊ သံဃာ၊
မိဘ၊ ဆရာ၊ အဘိုးသာ အားကိုးဖွယ်ရာဖြစ်မယ် ။

အမေက
ခေါက်ဆွဲခြောက်
ညှင်းထားတဲ့ အမဲခြောက်
အခိုးပွင့်ဆေးထုပ် များများသယ်

ဟင်းချိုမှုန့်ထုပ်နဲ့ ဆန်အိတ်ပိုင်းလေးကို
မလိုက်, ပြန်ချလိုက်နဲ့

အမေ့ကြည့်ရတာ
မနေ့ကမှ ဆန်နဲ့လဲထားတဲ့
သူ့ဆီပုံးလေး နှမျောပုံရတယ် ။

အစ်မကြီးက
အငယ်လေးကြိုက်တဲ့ ဘီစကစ်ထုပ်
ခြင်ပြေးအောင် မီးအုံးတဲ့ နနွင်းတက်
အဝတ်အစားအချို့ စောင်နဲ့ထုပ်လို့ ။

အငယ်လေးက
သူ့အစ်မအတွက်
အိမ်ထောင့်ခရေပင်အောက်
ခရေပန်း လေးငါးပွင့် ပြေးကောက်တယ်

အငယ်လေးအတွက် အရေးကြီးဆုံးဟာ
သူ့အစ်မဆံထုံးလေး ဖြစ်ချင်ဖြစ်မှာပေါ့

ပန်းတွေက ပြန်ပွင့်မှာပါ
အသက်တွေသာ
ကြွေပြီးရင် ပြန်ပွင့်ရိုးထုံးစံမရှိဘူး ။

အားလုံးပြီးရင်
သွားကြမယ်ဆိုတော့မှ
အစ်မကြီးက အိမ်ထဲ ပြန်ပြေးသွားတယ်

ထွက်လာတော့
သူ့လက်မှာ အဖေ့ဓါတ်ပုံလေး
ဆေးသားမှိန်မှိန်၊ ဘောင်နှုတ်ခမ်းပဲ့ပဲ့ ။

ပြီးခဲ့သောနှစ်များမှာ
ယခုလို ရှောင်ရတုန်းက
တစ်အိမ်လုံးကို သွားခိုင်းပြီး
သူ့ကျွဲတွေ စိတ်မချလို့ နေခဲ့တဲ့ အဖေ

သူချစ်တဲ့ ကျွဲသေကောင်နဲ့အတူ
သွေးစွန်းနေတဲ့ ဖျင်အင်္ကျီစလေးပဲ
လွမ်းသက်သေအဖြစ် ချန်ခဲ့တယ် ။

ဆန်းကျော်စွာဝင်း

ကဗျာ ဂယ်လာရီ-Poetry Gallery

08 Dec, 13:30


" မဂ်လာပါ ခဗျ "

ကျွန်တော်ရဲ့ " ကဗျာ " Channel လေးကို

Join လေးး နိုပ်ခဲ့ ပေးကြပါဦး ခဗျ။

လူကြီးမင်းတို့ အနားယူချိန်လေးတွေမှာ

" စာအုပ် " တွေလဲ ဖတ်လို ရပါတယ်ဗျ။

ဒါကြောင့် Join ပေးခဲ့ကြပါဦး ဗျ။ 👇


https://t.me/bookshelf_291533

ကဗျာ ဂယ်လာရီ-Poetry Gallery

08 Dec, 08:17


သေးသေးလေးက အစ
ဘာပဲဖြစ်ဖြစ် အကုန် ပြောပြချင်တယ်။

အားနည်းချက်တွေရော၊ ဝမ်းသာစရာတွေရော
ငိုစရာတွေရော၊ ရယ်စရာတွေရော
အားလုံး မင်းကို ပြောပြချင်တယ်။
ဘာပဲ လုပ်လုပ် တိုင်ပင်ချင်တယ်။
ဘယ်ကိုပဲ သွားသွား အတူတူခေါ်သွားချင်တယ်။

ဝမ်းနည်းနေတဲ့အခါ မင်းကို နှစ်သိမ့်စေချင်တယ်။
ပျော်စရာတွေ ရှိတဲ့အခါ အတူတူမျှဝေချင်တယ်။
အတူတူရယ်ချင်တယ်၊ အတူတူငိုချင်တယ်
အရာအားလုံး မင်းနဲ့ အတူတူ လေ။

ငါ့မှာက မင်းတစ်ယောက်တည်းပဲရှိတော့
တစ်ခုခုဆို မင်းကို အရင်ဆုံးသတိရတယ်။ 🤎

#Crd

ကဗျာ ဂယ်လာရီ-Poetry Gallery

08 Dec, 08:11


ပျော်နေစေချင်တာ စေတနာဖြစ်ပြီး
မင်းပျော်တာကိုပဲ မြင်ချင်နေတာက
ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။

မနေ့က ချစ်ခဲ့တယ်
ဒီနေ့ ချစ်တယ်
မနက်ဖြန်တွေမှာ ဆက်ချစ်နေဦးမယ် ဒီလောက်ပါပဲ။

#လင်းညီ

💭 || 24.8.2024

ကဗျာ ဂယ်လာရီ-Poetry Gallery

25 Nov, 03:26


တကယ်လို့များ
----------------

မေတ္တာစိတ်နဲ့ အိပ်ရာဝင်ပြီး
လူရောအလွမ်းပါ နိုးတဲ့ နံနက်ခင်းတွေမှာ

တကယ်လို့များ
မင်းနဲ့အစ်ကိုသာ
နိုဝင်ဘာလရဲ့ ဆောင်းရာသီ
ပုဂံမြို့ဟောင်းမှာ အတူရှိကြမယ် ဆိုပါစို့....

မနက် ၄နာရီခွဲ
မင်းအခန်းတံခါးကိုခေါက်မယ်

ဘာကြောင့် အစောကြီးနှိုးလဲ
အပူပေးထားတဲ့ချောကလက်လို
စူပုပ်မွှေးမြေ့ မင်းရန်တွေ့တဲ့အခါ

၅နာရီခွဲ Balloon လွှတ်ချိန် မှီဖို့
အခုတည်းက ထရမယ့်အကြောင်း

အစောဆုံးထမှ နှင်းခြုံတဲ့ဘုရားတွေအလှ
မြင်ရမှာဖြစ်ကြောင်း ရှင်းပြမယ်

မင်းဘဝရဲ့ ၅ပုံ ၁ပုံလောက်ကလည်း
မိတ်ကပ်လိမ်းရင်း ကုန်ဆုံးတာပဲ မဟုတ်လား ။

တောင်ပုံလောကနာထ လမ်းလေးအတိုင်း
ဖုန်ထူထူမြေသားလမ်းမှာ
Ebike တစ်စီး
လူနှစ်ယောက်
အိပ်မက်တစ်ခု
ကမ္ဘာကြီးတစ်ခု တင်ပြီး
နှင်းစွတ်နေတဲ့ ကြေကွဲထန်းပင်လေးတွေကို
ပမာမခန့် ကြည့်ကြမယ်

ဟူဒီဆင်တူလေးရယ်
ရှူးအဖြူလေးရယ်
နှင်းရန်ခုခံမယ့် ခေါင်းစွပ်ဆွယ်တာလေးရယ်

Balloon လွှတ်တဲ့ ယာခင်းဟာ
ယာခင်းလို့ ခေါ်မယ့်အစား
မြက်ခင်းပြင်ပေါ် အပြားလိုက်ချထားတဲ့
တောပန်းရောင်စုံပွင့်တဲ့ ပန်းချီကားလို့ တင်စားရမယ်

မင်းအပြုံးကို မှီအောင် မလင်းနိုင်တဲ့အဆုံး
လမင်းလည်း အနောက်အရပ်ဆီ ခေါင်းငုံ့တိုးဝင်

အချစ်ရယ်.....

အလိုတူရဲ့လားမသိပေမယ့်
Balloon ရင်ထဲ Gas တွေ ထိုးထည့်ကြတယ်

မင်းပြုံးရင် ထွက်လာတဲ့
ပါးစပ်က အငွေ့လေးတွေကို
ကိုယ့်ရင်ဘတ်နဲ့ စုပ်ယူချင်စမ်းပ
ဒါလေးတော့ ကိုယ်လည်း အလိုတူပါရဲ့ ။

ကိုယ့်အတွေးထဲ
ပါရီမျှော်စင်ကြီး မရှိဘူး
ဆွစ်စလန်မြက်ခင်းတွေ မပါဘူး

သူလှတာ သူမသိဘဲ
ပေါ့ပေါ့ပါးပါး ရယ်မောနေတဲ့
မင်းကိုပဲ
ကလေးတစ်ယောက်လို ချီပိုးထွေးပွေ့ချင်ရဲ့ ။

အဲသည်မနက်ခင်းမှာပဲ
ညောင်လက်ဖက်ကန်မှာ
ရေကြက်အချို့ ဟိုသည်ကူးခတ်
တောင်ကုန်းအထက် ရပ်နေတဲ့
ကိုယ့်နှလုံးသားမှာ
မင်းရယ်သံတွေ ရွှဲလို့

မင်းနဲ့အတူရှိလို့ထင်ပါရဲ့
နေထွက်ပုံကအစ
နူးနူးညံ့ညံ့ နွေးနွေးထွေးထွေး

ရွှေအိုရောင် နေလုံးကြီးကိုလည်း
နှလုံးသွင်း ဆင်ခြင်မိရဲ့

လေကောင်းလေသန့် မှာလည်း
သမုပ္ပါဒ် ကို မခုတ်ဖြတ်နိုင်ရှာဘဲ
မင်းနှာဖျားလေး ကိုက်ဆွဲချင်တဲ့
အရိုင်းစိတ်ကို ဖုံးဖိထားရသူ
လောကီချိုငရဲသားပါပဲ ။

သေချာကြည့်မှ
ညောင်လက်ဖက်ကုန်း
ကျောမှီ သံတန်းလေးမှာလည်း
ဆေးရောင်အချို့ ကွာနေပြီ

ကိုယ်တို့ပြန်သွားတဲ့အခါ
ကန္တရဆူးပင်ဟာ သူ့ဆူးတစ်ချောင်း
နှလုံးသားထဲ စိုက်သွားသူ ကောင်လေးအတွက်
မျက်ရည်ကျချင် ကျမှာပေါ့

ကိုယ်ကတော့
ဘယ်တော့ ဖြစ်လာမှန်းမသိတဲ့ အိပ်မက်အတွက်
မြေကပ်ပန်းလေးကိုလည်း ရန်မရှာချင်

တနေ့နေ့.....

ပုဂံရဲ့ ဆောင်းမနက်ခင်းတွေမှာ
မင်းနဲ့ အစ်ကိုသာ အတူရှိမယ် ဆိုခဲ့ရင်

" အအေးဓာတ် ပိုကဲလာပြီ
မထွေးဖက် ပြိုလဲကြာပြီ

သြော်...

အနွေးဓာတ် လိုဆဲရာသီ။ ”


ဆန်းကျော်စွာဝင်း

ကဗျာ ဂယ်လာရီ-Poetry Gallery

06 Nov, 15:28


ချစ်သောအသက်(၆)

ချစ်ခြင်းမေတ္တာတွေကို
နေ့တိုင်းဖြန့်ခင်းထားပြီး
မခွဲခြင်းသစ္စာကိုလည်း
နေ့စဉ် မိုးကာထားပါ့မယ်

ချစ်တာကို‌တော့ ယုံပါကွယ်
နှစ်ကာပုံလို့ ချစ်ပါ့မယ်
သစ္စာကိုတော့ ယုံပါကွယ်
မင်းရဲ့အပါး အမြဲခစားမယ်

အသက်ရေ...
အထပ်ထပ်အခါခါပြောပါ့မယ်
ဘဒ္ဒကမ္ဘာမှာ မင်းကိုသာအချစ်ဆုံးကွယ်

-ထွန်းဟိန်းယံ

ကဗျာ ဂယ်လာရီ-Poetry Gallery

05 Nov, 17:11


ကာမ စိတ် ရှိယုံလောက်နဲ့
ချစ်ခြင်းမေတ္တာပါဆိုပြီး ရောမချနဲ့ ...။

တဏှာကို အရင် သတ်
ပြီးမှာ ချစ်ခြင်းမေတ္တာလို့ ခေါင်းစဉ်တပ် ...။

-ငြိမ်းချမ်းအောင်

ကဗျာ ဂယ်လာရီ-Poetry Gallery

16 Oct, 17:18


ယောက်ျားလေး
လူဖြစ်ရတာမြတ်တယ်တဲ့

ဒါပေမယ့် ခက်တယ်

ငိုချင်လာတောင်
ချောင်(ဂျောင်) ဒါမှမဟုတ်
အမှောင်ကိုမှရွေးရတယ်လို့.....

_ထွန်းဟိန်းယံ

ကဗျာ ဂယ်လာရီ-Poetry Gallery

15 Oct, 17:48


အညတရတစ်ယောက်ရဲ့
ပလ္လင်ကမြေကြီးပါ
ဒါကြောင့်မို့
ဘယ်အသီး သီးပါလို့ပြောရအောင်လဲ
မြေဆီလွှာပဲရှိ‌ခဲ့တာ.....

-ထွန်းဟိန်းယံ

ကဗျာ ဂယ်လာရီ-Poetry Gallery

13 Oct, 05:32


လွမ်းငဲ့
--------

လူနံ့ မခံနိုင်လို့
ညဘက်မှ တိတ်တခိုးပွင့်ရတဲ့ ညမွှေးပန်းလေး

လရောင်ဖျန်းလို့ နိုးလာတဲ့
အိပ်မှုန်စုံမွှား နေကြာခင်းလို

ဘုရားအိုပေါ်
ကြယ်တွေ အစီအရီနဲ့
ရန်မဖြစ်ကြဘူး နေရာမလုကြဘူး
ကောင်းကင်ဇယ်တောက်ခုံမှာ
ဘောင်ကပ်နေကြချိန်

ငါ့မှာ
ငါမပိုင်တဲ့
သူ့မျက်ဝန်းကြယ်အနုဖူးလေး တစ်စုံကို
ရွပ်ရွပ်ချွံချွံ ငေးမောရ ။

ရှူခင်းကြည့် တောင်ကုန်းငယ်ပေါ်တက်တော့
သူ့နဖူးက စီးကျလာတဲ့
ချွေးရေကြည် စံပယ်ပွင့်တွေ

ပွင့်ဖတ်ခွာသလို တစ်လွှာခြင်း ပြုံးနေတဲ့ သူ့နှုတ်ခမ်းမှာ
ဆင်ခြေဖုံးစစ်သည်လို
တစ်ပြည် ထောင်မယ့် ဇ နဲ့
ငါဟာ သတ္တိရှိဖူးတယ် ။

ဟောဒီမှာ
ငါ့နှလုံးသားကို ယူ
ကျောက်တုံးတစ်ခုနဲ့ မီးခတ်ကြည့်စမ်းပါငဲ့

သူ့လက်မောင်းသားဆီက လွင့်လာတဲ့ ကိုယ်သင်းရနံ့
အလင်းလက်က လွတ်လာတဲ့ ဧကရာဇ်ပန်းရနံ့
မြူလိုလို နှင်းလိုလို အေးစိမ့်လေနုရယ်
စကြာဝဠာကို စုပ်ယူထားသလို
သူ့နှုတ်ခမ်းတွင်းနက်မှ ရယ်သံလေးရယ်
ညစာအဖြစ် အကုန်ရောပြီး ချက်စားဖို့တွေးမိတယ်

ဒါပေမယ့်လည်း.....

ဒါတွေဟာလည်း..... အတိတ်ပါပဲ ။

ဘယ်ကောင်လဲ.....

ထုံထုံအအ ပါရမီနဲ့
နှုတ်နည်းတဲ့ ဆိတ်ငြိမ်ခြင်းမှာ
လက်ဖဝါးလေး လှမ်းဆုပ်ဖို့တောင်
သတ္တိမရှိတဲ့ကောင်

ခရေတစ်ကုံးစာ အကွာဝေးမှာထိုင်ပြီး
အဝေးကြီးကိုပဲ ကြည့်ရဲတဲ့ကောင်

ဇွန်ပန်းတစ်ရုံစာ အကွာမှာနေပြီး
ရေတံခွန်ကပဲ မီးတောက်သလိုလို
တမာရွက်ကြွေက သီချင်းပဲဆိုသလိုလို
တောင်စဉ်ရေမရ စကားတွေပြောနေတဲ့ကောင်

ဒီလိုကောင်က
ဝေးရတာ သေချာမှ
ကဗျာတွေ ရေးတော့ရော
မင်းကဗျာက ဘယ်မှာ ဝတ်ဆံကူးနိုင်ပါ့မလဲ ။

ကလူကျီစယ်တတ်တဲ့ ဆောင်းဦးလေမှာ
ငါ့လက်ဖျံကို မီးဖိုပြီး လှုံဖို့
မင်းနာမည်နဲ့ ညှိပေးခဲ့ဖူးတယ်

စိမ်းသူရယ်.....
ကိုယ်တို့ လောင်ကျွမ်းဖူးတဲ့ စွယ်တော်ရွက်ခြောက်လေး
ဘယ်သောင် ဘယ်ကမ်းမှာ ပြာဖြစ်သွားလဲ

အာရှတိုက်က နိုင်ငံငယ်လေးထဲ
မျောချင်ရာ မျောနေတဲ့ ဒိုက်သရောပင်လို ဘဝမှာ

ငါ တမေ့တမော လွမ်းငဲ့နေတာ
သူ့နားသယ်စပ်က
သိပ်လှတဲ့ စံကားပန်းလေး တစ်ပွင့်ပါပဲ

သို့ပေမယ့်

ဖျားနေတဲ့ နှင်းစက်လေးပဲ
ငါ့အနားကျန်ရစ်တယ်

လွမ်းပါရဲ့ ။ ။

ဆန်းကျော်စွာဝင်း

ကဗျာ ဂယ်လာရီ-Poetry Gallery

05 Oct, 07:07


မမေ့နဲ့

ဘာတွေပဲဖြစ်နေနေ အရမ်းချစ်တာမမေ့နဲ့
လူတွေဟာ ကိုယ့်အပူ ကိုယ်သောကတွေကြားမှာ
အသက်ရှုကြပ်မတတ် ရုန်းကန်နေရတာမို့
ဒိီကြားထဲကပေးတဲ့အချိန်တွေနဲ့ ဂရုစိုက်မှုတွေကို
တန်ဖိုးထားတတ်ဖို့မမေ့နဲ့

ဘာတွေပဲဖြစ်နေနေ ဂရုစိုက်ပေးတာမမေ့နဲ့
အမှားတွေရှိလည်း ခွင့်လွှတ်ပေးနေပြီး
ကိုယ်မရှိရင်မဖြစ်ပါဘူးဆိုတဲ့သူကို
ငါမရှိလည်းဖြစ်နေတာပဲဆိုတဲ့
အတွေးမျိုးဝင်သွားအောင်မလုပ်နဲ့

ဘာတွေပဲဖြစ်နေနေ လက်မလျှော့ခဲ့တာမမေ့နဲ့
မနက်ဖြန်ဘာဖြစ်မယ်မှန်းမသိတဲ့အခြေအနေတွေမှာတောင် အဆင်ပြေဖို့အကြိမ်ကြိမ်ကြိုးစားပြီး
ကိုယ့်ရဲ့အပူအပင်တွေကို မျှယူပေးခဲ့တဲ့သူကို
နောက်တစ်နေ့ မနိုးထချင်လာအောင်မလုပ်နဲ့

ဘာတွေပဲဖြစ်နေနေ အစတွေကိုမမေ့နဲ့
ဘယ်လိုလမ်းတွေလျှောက်ခဲ့ရလဲ ဘယ်လောက်စိတ်တွေရှိခဲ့ကြလဲ ဒီနေ့ဒီနေရာကိုရောက်လာဖို့
အချိန်တွေ ဘယ်လောက်ပေးခဲ့ရလဲမမေ့နဲ့

ဘာတွေပဲဖြစ်နေနေ တစ်ယောက်ကိုတစ်ယောက်မမေ့နဲ့
ဖေးမခဲ့တာတွေမမေ့နဲ့ မရှိလို့မဖြစ်ခဲ့တာတွေမမေ့နဲ့
ကတ်ိတွေကိုမမေ့နဲ့ မပြောလည်းသိရမယ့်သစ္စာတရားတွေကိုမမေ့နဲ့

တစ်ခဏတာကောင်းပြတတ်တဲ့ပတ်ဝန်းကျင်ထဲမှာ
ကိုယ့်ကိုတကယ်ချစ်တဲ့လူ ကိုယ်ဘာဖြစ်နေနေမစွန့်သွားတဲ့သူကို ပိုချစ်ပေးဖို့မမေ့နဲ့
အကြိမ်ကြိမ်ပြန်ရဖို့ရှားတဲ့ ချစ်ခြင်းနဲ့လေးနက်မှုတွေကို
ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့မမေ့နဲ့

အဓိက အစတွေကိုမမေ့နဲ့
လက်မလျှော့ခဲ့တာမမေ့နဲ့
ဂရုစိုက်ပေးခဲ့တာမမေ့နဲ့
ဘာတွေဖြစ်ဖြစ် အရမ်းချစ်တာမမေ့နဲ့ ။

Wai Yan Nwe

💭 || 3.10.2024

ကဗျာ ဂယ်လာရီ-Poetry Gallery

05 Oct, 07:05


ချစ်မဝနိုင်ဘူးဆိုတဲ့ စကားလုံးလေးဟာ တကယ်ရှိတယ်။

လူတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ
သူ့ကိုချစ်တဲ့အချစ်က ယုတ်လျော့သွားခြင်းမရှိဘူး။
တစ်ရက်ပြီးတစ်ရက်၊ တစ်နေ့ပြီးတစ်နေ့၊
အချိန်တွေကြာလာတာနဲ့အမျှ သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ပိုပိုတိုးလာတတ်တယ်။
အရင်က ချစ်ခဲ့တာထက် အခု ပိုချစ်တယ်။
အခုချစ်တာထက် နောင်ကျရင် ပိုချစ်မယ် ။ ဒီလိုမျိုးလေး။

သူ့အပေါ်ထားတဲ့ ချစ်တဲ့စိတ်ကလေး တစ်ဖြည်းဖြည်း တိုးပွါးလာလေလေ၊ ချစ်လို့မဝနိုင်လေလေပဲ ။ သူ့ရဲ့ အပြုအမူအသေးအဖွဲလေးတွေကအစ ... ဘာမှ သဘောကျစရာမရှိတဲ့အချက်တွေထိ.... ဘာမှမလုပ်ပဲနေရင်တောင် ကိုယ့်မျက်စိထဲ ဘာကိုချစ်လို့ ချစ်နေမိမှန်းမသိတဲ့ အခိုက်အတန့်လေးတွေ။

ချစ်နေရင်းနဲ့ကိုချစ်မဝနိုင်တာပါ။
ဘယ်လောက်ထိချစ်လည်းဆိုတာမပြောပြတတ်တဲ့ထိ....
ဘယ်လောက်ထိ ချစ်နေလည်းဆ်ိုတာ မဖော်ပြတတ်တဲ့ ချစ်လို့ကို မဝနိုင်တာပါ။

ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ ဒီလိုဖြစ်ခဲ့ရဖူးတဲ့ တစ်ယောက်ယောက်တော့ ရှိခဲ့ဖူးမှာ အသေအချာပဲ။
ဘဝရဲ့ ချစ်မဝလေး ပေါ့

တစ်ယောက်ယောက်က်ို မြင်ယောင်မိပြီဆိုရင်တော့ သေချာပါတယ်။ ခင်ဗျားတွေးနေတဲ့တစ်ယောက်ဟာ ခင်ဗျားရဲ့ ချစ်မဝလေးပါပဲ။

Oak

💭 || 2.10.2024

ကဗျာ ဂယ်လာရီ-Poetry Gallery

29 Sep, 16:24


မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ
ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ
ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ
မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေ
ဖြစ်ကောင်းဖြစ်လိမ့်မယ်။

အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။

"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့
ပုံမှန်လည်ပတ်နေမှာပဲ။

အကြည်တော်

#thebookbazaar
#အကြည်တော်

ကဗျာ ဂယ်လာရီ-Poetry Gallery

29 Sep, 03:48


မလိုတဲ့အခါ ပေးကြတယ်
လိုအပ်တဲ့ အခါ ပြေးကြတယ်

အမြင့်ခေါ်ပြီး
ရိုက်ချသလို

မသေဆေးကျွေးပြီး
သေအောင်သ၊တ်ကြသလို..

ဘာမသိညာမသိ ခေတ်ထဲ
နှလုံးသားကို ရင်းခြင်းမှာ
သိက္ခာတွေပါ ရှုံးရတယ် ။

#ဒဿ 2024

ကဗျာ ဂယ်လာရီ-Poetry Gallery

29 Sep, 03:35


လွမ်းစေတီ
------------

( ၁ )

အမေအိုတစ်ဦး
ပစ္စည်းအချို့ စျေးနှုန်းမေးရင်း
"ငါ့နှယ်....စျေးကို လွမ်းလိုက်တာဟယ် ” ပြောတော့
စျေးသည်တွေ ဝိုင်းရယ်ကြတယ်

ခဏကြာမှ ငြိမ်သက်သွားပြီး
သက်ပြင်းပြိုင်တူ ချလိုက်ကြ

စျေးသည်အားလုံး
စျေးကို လွမ်းသွားကြပြီထင်တယ်

ငွေတစ်သောင်းပါရင်
စျေးခြင်းတောင်း ခေါင်းစောင်းအောင် ရွက်ရတဲ့
စျေးဟောင်းလေး လွမ်းလှ ။

( ၂ )

ကော်ဖီတိုက်တဲ့ ဆီပန့်ဆိုင်လေး မရှိတော့ဘူး
ရေသန့်ဘူးပေးတဲ့ ဆီပန့်ဆိုင်လေး မရှိတော့ဘူး
ကားမှန်သုတ်ပေးတဲ့ ဆီပန့်ဆိုင်လေး မရှိတော့ဘူး

အရင်နေရာမှာပဲ ရှိသေးတယ်
ဒါပေမယ့်
အရင်လို မရှိတော့ဘူး ။

( ၃ )

မျက်နှာကြောနဲ့ လေသံကို
ကွက်ပြီး ရေခဲရိုက်ထားသလို
မာကျောအေးစက်မှုတွေ

ဘဏ်ကတော့ အဟောင်းဆိုပေမယ့်
ပိုက်ဆံကျ အသစ်ကျပ်ချွတ်တွေ

ကိုယ့်ချွေးနှဲစာနဲ့ကိုယ်
တိုးလျှိုးတောင်းပန်နေရတဲ့ လူထုမှာ
ခါးလေးညွှတ်ပြီး ပြုံးပြတဲ့
ဘဏ်အဟောင်းလေး လွမ်းလှ ။

( ၄ )

ပင့်ကူအိမ်စွဲနေတဲ့ ကျောင်းခေါင်းလောင်းဟာ
သံချေးတက်နေတဲ့ ကျောင်းတံခါးသော့မှာ

ကျောင်းသားတွေကို လွမ်းနေတဲ့
စာသင်ခုံလေး ပိတ်မိနေတယ်

နာမည် ရေးထားတဲ့
စွယ်တော်ရွက်ခြောက်လေး အထီးကျန်နေရှာပေါ့ ။

( ၅ )

ဖက်ကြမ်းဆေးလိပ် ရဲခနဲဖွာ
ရမ်ခွက်ကို ပက်ခနဲမော့ပြီး
တွယ်ငြိစရာ ဘာမှမရှိတော့ပါဘူးကွာ...လို့ပြောရင်း

အဝေးကို ငေးနေတဲ့မျက်လုံးတွေမှာ
တွယ်ငြိဖူးတဲ့တစ်စုံတစ်ရာကို လွမ်းနေပုံရတယ်

အေးပေါ့ကွာ....

ခေါင်းမှာကြယ်နီ
လက်ဖျံမှာ အလံနီနဲ့ မင်းကို
သူလည်း လွမ်းမယ်ထင်ပါရဲ့

ဒါပေမယ့်
သူတစ်ပါးရင်ခွင်ထဲ ရောက်နေပြီမို့
သတိရရင်တောင်
သူ့မှာ အကန့်အသတ်နဲ့ ။

( ၆ )

ရေဘေးသင့်ရင်
အထက်ကို မြင့်နိုင်သမျှ မြင့်အောက်တက်ရပြီး
စစ်ဘေးသင့်ရင်
အောက်ကို နက်နိုင်သမျှ နက်အောင်တူးရတယ်

ဒါဟာ
ဒီနိုင်ငံမှာ ခေတ်က သင်ပေးတဲ့ ပညာပဲ ။

( ၇ )

ရွက်ကြွေရာသီ
မန်ကျည်းပင်အောက်
နားကပ်နောက်ပိတ် ကျပျောက်သူလို

ငါတို့ဟာ
ငါတို့ဘဝကို လိုက်ရှာနေရ ။

( ၈ )

မိုးလင်းတဲ့အခါ
အိပ်ရာဘေး ဆေးလိပ်တိုလေး ရှိစေချင်

ချစ်ကြွမ်းဝင်သူတွေ
တစ်ယောက်အသက် တစ်ယောက်လက်နဲ့ထုပ်ပြီး
ကြည်သာရွှင်ပျ ရှိစေချင်

လေယာဉ်လာရင်
တိမ်ထူထူအုံ့မှိုင်းပြီး
မြေမြုပ်မိုင်းရှာရင်
ကောင်းကင် ကြည်လင် ရှိစေချင်

ပန်းလို စမ်းလို
ပန်းတစ်မျှ စမ်းတမျှ
မွှေးသော အေးသော တိုင်းပြည်အား
ရိုးတွင်းချဥ်ဆီအတွင်းမှ နင့်နေအောင် လွမ်းလှ ။ ။

ဆန်းကျော်စွာဝင်း

ကဗျာ ဂယ်လာရီ-Poetry Gallery

27 Sep, 17:14


ချစ်တယ် . . . . ။

အကြောင်းပြချက်တွေမပါဝင်ပဲ ဒီအတိုင်းချစ်တယ် . . . ။
နောက်ပြီး မင်းကိုပဲချစ်တယ် ....။

ဘာနဲ့မှမလဲနိုင်လောက်အောင်ကိုချစ်တယ် ။
မပြည့်စုံခြင်းတွေရှိလဲချစ်တယ် ။
မင်းပြုံးနေတဲ့အချိန်မှာလဲချစ်ပြီး မင်းငိုနေတဲ့အချိန်မှာလဲချစ်တယ် ။

ပြီးတော့ . . . .
ဒဏ်ရာပေးပေး ဆေးပေးပေး ချစ်တယ် . . . ။
#sunday

ကဗျာ ဂယ်လာရီ-Poetry Gallery

24 Sep, 14:17


တစ်ယောက်နဲ့တစ်ယောက် ချစ်ကြသူတွေ
ရန်မဖြစ်သင့်ဘူး။
ဒီနှစ်ယောက်လေးပဲရှိပြီး
ဒီနှစ်ယောက်နဲ့ပဲ တစ်လောကလုံးကို ရင်ဆိုင်ဆန့်ကျင်ရမှာမို့ပါ။
ဒီနှစ်ယောက်ကြား စိတ်ဝမ်းကွဲရင်
လောကကြီးက အနိုင်ရသွားလိမ့်မယ်။

- ဟဲမင်းဝေ:

ကဗျာ ဂယ်လာရီ-Poetry Gallery

24 Sep, 14:14


မေ့မရ
-------

လော့ချပြီးမှ
အခန်းထဲ သော့ကျန်ခဲ့တာ မေ့

ဆေးဆိုင်ရောက်မှ
ဝယ်ရမယ့် ဆေးနာမည် မေ့

အဖေ့ ဆုံးမစကားလည်း မေ့
အမေ မှာထားသမျှလည်း မေ့

.....မေ့
.....မေ့
.....မေ့

မင်းနာမည်လေးကျ နှစ်ပေါင်းများစွာ မှတ်မိနေတယ်

မင်း ရက်စက်ဖူးတာ မေ့
မင်း ဖောက်ပြန်တတ်တာ မေ့
မင်း ထားရက်ခဲ့တာ မေ့

ငါကိုက
မင်းကို သတိရချင်လို့များ
အားလုံးကို မေ့သွားတာလား ။

ဆန်းကျော်စွာဝင်း

ကဗျာ ဂယ်လာရီ-Poetry Gallery

24 Sep, 13:26


စက္ကူပန်း

လေးတိုးသံ တစ်ချက်နှစ်ချက်နဲ့
မိုးရာသီတစ်ခုမှာ အမြဲဝေဝေဆာဆာ
ပွင့်ဖူးနေကျတဲ့ စက္ကူပန်းလေးတွေက
ပုဂံမြေမှာ အရမ်းလှပတာပဲ။

ပုဂံဒေသရဲ့ လှပမှုတွေကို
တစ်ထောင့်တစ်နေရာကနေ
ကျွန်တော်တတ်နိုင်သလောက် ဖန်းတီးပေးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်.......
ကျွန်တော့်မှာ လှပမှုအဆင်းသာရှိပြီး
တစ်ခြားပန်းတွေလို မွှေးရနံ့တွေမရှိတော့
ဘယ်သူကမှ တန်ဖိုးထားပြီး အမြတ်တနိုး
မနမ်းရှိုက်ချင်ခဲ့ကြဘူး။

သေချာတာတစ်ခုကတော့.......
တစ်စုံတစ်ယောက်စီက ချစ်ခြင်းမေတ္တာတွေ
အလေးမထားခံရတဲ့ လူနည်းစုတွေကသာ
ကျွန်တော့်ကိုမြတ်နိုးကြလိမ့်မယ်လို့
ကျွန်တော်အခုထိ ယုံကြည်နေတယ်။

-မောင်

ကဗျာ ဂယ်လာရီ-Poetry Gallery

24 Sep, 12:07


ပိုင်ဆိုင်ခဲ့တယ်လို့
ထင်တဲ့အရာတွေကိုလည်း...

အချိန်မရွေး ဆုံးရူံးသွားနိုင်တာကို
နားလည်သဘောပေါက်လာတဲ့အခါ

စွန့်လွှတ်ခြင်းဟာ အေးချမ်းပါလားဆိုတဲ့
သဘောတရားကို မြင်လာလိမ့်မယ် ။ ။

-Maple_Khin

ကဗျာ ဂယ်လာရီ-Poetry Gallery

23 Sep, 14:18


ပစ်ထားတဲ့အခါစိတ်ကောက်တတ်တဲ့ခလေးမက

တခြားသူရင်ခွင်မှာရော

စိတ်လွတ်ကိုယ်လွတ် စိတ်ကောက်နေဦးမလား။

-မောင်

ကဗျာ ဂယ်လာရီ-Poetry Gallery

23 Sep, 14:11


မေ့သွားတယ်ဆိုတာ
တကယ်မရှိပါဘူး ။

အမှန်က

မေ့မေ့ပျောက်ပျောက်နေလိုက်ကြရတာ ….

-မယ်ညို

ကဗျာ ဂယ်လာရီ-Poetry Gallery

23 Sep, 14:09


ကိုယ့်ချစ်သူကိုလဲ မစွန့်လွှတ်ရဲ
သူ့ချစ်ခြင်းကိုလဲ မခွဲရဲ နဲ့
ကိုယ့်စိတ်နဲ့ကိုယ် တရားမရလိုက်ပုံများ

-မယ်ညို

ကဗျာ ဂယ်လာရီ-Poetry Gallery

22 Sep, 14:47


တဖြည်းဖြည်း ကျဥ်းမြောင်းနေထင်တယ်လို့ ထင်လာရတဲ့အထိ ကမ္ဘာမြေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုသေးငယ်လာတယ်။ အခုလို အထင်နဲ့အမြင်တွေမရှိတော့ရင် အေးချမ်းတာလေးတွေ ရရှိမှာကိုသိနေပေမယ့်လည်း ဘာမှဖြေမနိုင်ပါဘူး။ စိတ်ရှိတိုင်းသာ ဖြစ်ကြေးဆိုရင် ကမ္ဘာတစ်ခုလုံးကို လှပနေဖို့ကိုပဲ လုပ်ဆောင်နေမိမှာ အသေချာပါပဲ။ ဒီခရီးမှာ ဒီလမ်းလျှောက်ဆိုတော့လည်း မငြင်းခဲ့ပါဘူး။ အဆုံးမရှိတဲ့ သံသရာမှာ လောကကြီးက ချပေးလာတဲ့ အစီရင်အတိုင်း မလွဲမရှောင် ရင်ဆိုင်ကျော်ဖြတ်နေတာပဲ။


အိမ်မက်တွေအတွက်ကြိုးစားရင်း လမ်းမှားရောက်လို့ အနာဂတ်တွေပျက်သုဥ်းသွားတဲ့ လူငယ်တွေ မရေမတွက်နိုင်ဘူးထင်ပါရဲ့။ မြေကမ္ဘာရေ ကျုပ်တို့ရှင်သန်ရာ ကမ္ဘာမြေပေါ်မှာ လှပမှုတွေယူဆောင်လာပေးပါ။ ဟူး...နည်းနည်းတော့ စိတ်မောသွားတာပဲ ။ မပင်ပန်းပဲစိတ်မောနေတာမျိုးတော့မဟုတ်ဘူး။ ဖြစ်ချင်တဲ့ဆန္ဒလေးတွေ ဖွင့်ဟလိုက်တာနဲ့ စိတ်မောလက်မော ဖြစ်သွားရတာမျိုး။

ကမ္ဘာမြေပေါ်က နိုင်ငံအလိုက် ဖြစ်ပျက်သွားတဲ့ ကပ်ဘေးအမျိုးမျိုး လူသတ်ပွဲအမျိုးမျိုး မတရားဖမ်းဆီးခြင်းတွေ စသည်တို့ကို တစ်ခုချင်းစီတိုင်းကို ညီမျှခြင်းထိုးပြီး အဖြေရှာကြည့်နေမိတယ်။ ဘယ်နိုင်ငံက ပိုဆိုးရွားနေလဲဆိုတာကိုလည်း ကျုပ်သိချင်နေမိတယ်။

-လမ်းပျော်

19,687

subscribers

1,503

photos

23

videos