ထွန်းဟိန်းယံ-ကဗျာများ @htunheinyanpoetry Channel on Telegram

ထွန်းဟိန်းယံ-ကဗျာများ

@htunheinyanpoetry


ထွန်းဟိန်းယံ-ကဗျာများ (Burmese)

ထွန်းဟိန်းယံ-ကဗျာများ ဆိုတာနဲ့ဘာဖြစ်လို့ဆိုတာဆိုတာလဲ။ ထွန်းဟိန်းယံ-ကဗျာများဆိုပြီးနောက်မှာဘာမှန်းလဲဆိုတာလဲဆိုပါတယ်။ ထွန်းဟိန်းယံ-ကဗျာများဆိုတာတွေမျိုးမှာလေ့လာလုပ်ပါ။ ထွန်းဟိန်းယံ-ကဗျာများဆိုတာကဗျာများအားလုံးအပေါ်အခြောက်ရှင်ရှင်ရှင်ပြပါတယ်။ ထွန်းဟိန်းယံ-ကဗျာများမှာများလွတ်လပ်ဖြန်ပါသည်။

ထွန်းဟိန်းယံ-ကဗျာများ

06 Nov, 15:28


ချစ်သောအသက်(၆)

ချစ်ခြင်းမေတ္တာတွေကို
နေ့တိုင်းဖြန့်ခင်းထားပြီး
မခွဲခြင်းသစ္စာကိုလည်း
နေ့စဉ် မိုးကာထားပါ့မယ်

ချစ်တာကို‌တော့ ယုံပါကွယ်
နှစ်ကာပုံလို့ ချစ်ပါ့မယ်
သစ္စာကိုတော့ ယုံပါကွယ်
မင်းရဲ့အပါး အမြဲခစားမယ်

အသက်ရေ...
အထပ်ထပ်အခါခါပြောပါ့မယ်
ဘဒ္ဒကမ္ဘာမှာ မင်းကိုသာအချစ်ဆုံးကွယ်

-ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

06 Jun, 18:17


ချစ်ခဲ့ဖူးတာဟာ
ဘယ်အရာနဲ့ဖြေဖြေ
လွမ်းလေလေပဲ အချစ်ရေ

ချစ်နေမှာပါဆိုတာကတော့
လွယ်ရအခက်ဆုံး အရာပေါ့

လွယ်လွယ်နဲ့ ဖြစ်တဲ့အရာမှာ
အချစ်မပါသလို
လွယ်လွယ်နဲ့ မေ့စရာလဲ
အကြောင်းမရှိပါဘူးအချစ်ရေ

မေ့များမေ့နိုင်ရင်လေ
Sharkဗူးလေးကအစ
စံပယ်ကုံးလေးကအဆုံး
အကုန်လုံး မေ့ရော့ပေါ့ကွယ်

လိမ်တယ်ဆိုရင်တောင်
လိမ်ရင်း လွဲမှာစိုးလို့
ငါ လမ်းလွှဲခဲ့ပါတယ်

ဒါကြောင့် တစ်လွှဲလမ်းကို
လျှောက်ခဲ့ပါတယ်....။

-ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

04 Nov, 17:15


အချစ်

ခေါင်းစဉ်တပ်လို့
အကောင်းဆုံးအရာပဲ

ဒါကြောင့်ပဲ ပျော်ရွှင်ရ
ဒါကြောင့်ပဲ အသက်ဆက်ရ
ဒါကြောင့်ပဲ ‌လွမ်းရ ဆွေးရ
ရူးကြ မူးကြ

ဒါကြောင့်ပဲ.....

ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

23 Oct, 15:14


တံခါး

မင်းသာဆိုရင်
ခွင့်တောင်းစရာမလိုပါဘူး

ဘယ်ချိန်ပဲဖြစ်ဖြစ်
အမြဲပွင့်နေမှာပါ

သော့လည်းမလိုပါဘူးကွယ်
ချော့တာနဲ့ ပြိုပါတယ်
ဦးမော့ပြီးသာ လျှောက်ခဲ့လိုက်ပါ

ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

20 Oct, 11:30


𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝒕𝒐 𝒎𝒆

၂၁နှစ်အရွယ် ခရီးသည်

နေ့ရက်တွေကို မေ့မေ့လျော့လျော့နဲ့မေ့နေရင်း
သိသိသာသာပဲ ဖျက်ခနဲသတိထားမိတယ်
၂၁နှစ်ဆိုတဲ့အရွယ်ဟာ ရင့်ကျက်နိုင်သလောက်
ရင့်ကျက်ဖို့ရာလိုလာပြီ

မိုးအကုန်ဆောင်းအကူးကာလမှာ
ကျွန်တော်ဟာ သားဦးတစ်ယောက်အဖြစ်နဲ့
မိုးသောက်ယံက အအေးဓာတ်တွေနဲ့အတူ
လူ့လောကကြီးထဲကို ရောက်ရှိလာခဲ့တယ်

သူငယ်တန်းကနေဆယ်တန်းအထိ
ကျောင်းလေးကျောင်းပြောင်းတက်ခဲ့ရတယ်
"ကျောင်းခေါင်မိုး မိုးမလုံပါ ရွာသားများသိကြပါ"
အစချီတဲ့ ဆရာမရှေ့ကနေရွတ်ဆိုပြတဲ့
ကဗျာလေးနဲ့ကျောင်းသားဘဝကိုစခဲ့ပြီး
ဆယ်တန်းမှာ ဂုဏ်ထူးတစ်ဘာသာနဲ့ နှစ်ချင်းပေါက်အောင်ခဲ့တယ်
ဒီအချိန်မှာ မိဘတွေကိုပေးခဲ့တဲ့ပျော်ရွှင်မှုဟာ
ဘယ်အရာနဲ့မှလဲလို့မရနိုင်ခဲ့ဘူး

သင်္ချာမှာညံ့တဲ့ကျွန်တော်ဟာ အတွက်ပုစ္ဆာပါတဲ့ဘာသာတွေမှာ အမှတ်နည်းခဲ့တယ်
ဒါကြောင့်ပဲ မြန်မာစာအထူးပြုနဲ့အဝေးသင်တက်ခဲ့တယ်

ကဗျာတွေစာတွေရေးရတာဝါသနာပါတယ်
ပထမဆုံးရေးတဲ့ကဗျာဟာ
၈တန်းနှစ်က သူငယ်ချင်းတစ်ယောက်အရေးခိုင်းတဲ့ ရည်းစားစာဖြစ်ပြီး
မနာခင် မသေခင် ရေးနိုင်သမျှရေးသွားချင်တယ်

ဇာတာခွင်မှာ နှစ်ပေါင်း၁၂၀ရှည်စေသော်လို့ရေးထားပေမယ့်
လူ့သက်တမ်းဟာ တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့အခါ
လူသားချင်း တစ်ဦးကိုတစ်ဦးမေတ္တာထားရမယ်ဆိုတာသိလာတယ်

များသောအားဖြင့်
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေအတွက် ဂရုဏာထားရတာလွယ်ပေမယ့်
ကိုယ့်ထက်သာတဲ့သူတွေကို မုဒိတာထားဖို့ခက်နေကြတဲ့
လောကကြီးမှာ ဂရုဏာတင်မကပဲ မုဒိတာလည်းထားတတ်ဖို့ရာ ကြိုးပမ်းတတ်လာတယ်

ပျော်ရွှင်စရာဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ်ဝေမျှခံစားတတ်ပြီး တိုင်ပင်ဖော်တိုင်ပင်ဖက်
ဆိုးတူကောင်းဖက် Right Friendsတွေလည်းရှိခဲ့တယ်
ကလေးဘဝကနေအခုချိန်ထိ တွေ့ကြုံဖူးတဲ့ သူတို့တစ်တွေဟာ
ကျွန်တော့်အတွက်ရှိသင့်ရှိထိုက်တဲ့ရဲဘော်ရဲဘက်တွေပဲဖြစ်တယ်

ဆယ်ကျော်သက်သဘာဝ အချစ်ဆိုတာကိုလည်း
မရှာဘဲတွေ့ခဲ့ဖူးတယ်
အချစ်နောက်ကို လိုက်ရင်း
အချစ်ကိုကြောက်တတ်လာခဲ့တယ်
ခြေဖဝါးပေါက်အောင် ပြေးပြီးလိုက်မှ
ရသင့်သလောက် ပြန်မရတဲ့အချစ်မျိုးကိုမလိုချင်မိတော့

မှန်တယ်ထင်ပြီး တဇွတ်ထိုးလုပ်ခဲ့ဖူးတာတွေလည်းရှိခဲ့တယ်
မှားမှန်းသိရက်နဲ့ ဆက်မိုက်ခဲ့ဖူးတာတွေလည်းရှိခဲ့တယ်

မှန်တယ်ထင်ပြီးလုပ်ခဲ့တာတွေဟာ
မှန်သင့်သလောက်မမှန်ခဲ့ပေမယ့်
မှားခဲ့သမျှကိုလည်း သင်ခန်းစာဆိုတဲ့အယ်လ်ဘမ်ထဲ
သိမ်းဆည်းတတ်လာတယ်

လူ့သက်တမ်းဟာ တဖြည်းဖြည်းနိမ့်ဆင်းလို့လာတယ်
ဒါကြောင့်ပဲ ဘယ်အချိန်ထိတည်ရှိမယ်မသိတဲ့
ဘဝရဲ့လက်ကျန်အချိန်တွေမှာ
မေတ္တာစစ် မေတ္တာမှန်တွေကိုသာ
ပေးနိုင်သမျှပေးပြီး ရနိုင်သမျှရယူချင်မိတော့တယ်

ထွန်းဟိန်းယံ

၂၀၂၀ကရေးထားခြင်း

ထွန်းဟိန်းယံ-ကဗျာများ

11 Oct, 14:50


စိတ်

စိတ်ဟာ
ဆိတ်လို ခြေလေးချောင်းမပါလို့သာ

ဒါမှမဟုတ်
စိတ်ဟာ ဆိတ်ထက်
‌ခြေချောင်းတွေ ပိုပါနေရော့သလား

ဒါပေမယ့်ကွယ်
စိတ်သာ ဆိတ်ဆို
ရိုက်လို့ သတ်ပစ်လိုက်ချင်တယ်...။

ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

01 Oct, 17:00


ချစ်သော အသက်

(၁)

နွေဦးမှာကြွေကျလာတဲ့သစ်ရွက်တွေ
ရေကြည့်လိုက်စမ်း အသက်ရေ.....
ကို့အလွမ်းတွေလိုပေါ့
လေတစ်ချက်တိုက်တိုင်း
တဖြုတ်ဖြုတ်ကြွေသွားသလို
အသက်တစ်ချက်ရှုတိုင်း
တဖျပ်ဖျပ်နဲ့
လွင့်လူးစွာ လွမ်းနေပါတယ်

မနက်တိုင်း မင်းစိတ်နဲ့ပဲနိုးထပြီး
ညတိုင်း မင်းစိတ်နဲ့ပဲအိပ်တဲ့နေ့တွေဟာ
ကြည်နူးဖွယ်ရာတွေ
အပြည့်ဖြစ်နေတဲ့ ကမ္ဘာလေးပေါ့

ကြည်နူးဖွယ်ရာ ဤကမ္ဘာလေးကလွဲရင်
ဘာမှထပ်မလိုချင်တဲ့ လူသားတစ်ယောက်ပါ
ဒါ့ကြောင့်
အာဏာရူးသူတွေ ပလ္လင်ပေါ်တက်‌နေတဲ့ခေတ်မှာ
ဒီကမ္ဘာလေးကို အပိုင်ရဖို့
ဒီအာဏာလေးကိုတော့ ရူးမိပါတယ်
မင်းကိုပိုင်ဖို့ဆို
ဘာမဆို............

မထင်ရင် မထင်သလို စိတ်ကောက်တတ်ပြီး
မထင်ရင် မထင်သလို ပြန်ပြန်ချော့တတ်တဲ့
ပူးမလေးရေ
နင့်စူးစွာ ချစ်နေပါတယ်

ဘယ်အချိန်ဖြစ်ဖြစ်ပေါ့.......

(၂)

နွေကုန်လို့ မိုးပြောင်းခဲ့ပြီ
ပြီးတော့ ဆောင်း.....
ပြောင်းလဲမှုတွေ ထွေပြားလွန်းတဲ့လောကမှာ
မပြောင်းလဲပဲ ချစ်မြဲချစ်ပေးမှာမို့
ဘာအကြောင်းနဲ့မှ
မဝေးဘူးဆိုတာ ယုံကြည်ပေးပါ

နှလုံးသားအလိုတော်ကျ
ပွင့်လာခဲ့တဲ့ အချစ်ပန်းမို့
တစ်သက်စာ စိတ်အေးစွာ
မင်းပန်ထားလိုက်ပါ အသက်ရေ.....

လွမ်းတဲ့အခါတိုင်း မွှေးလိုက်ပါ
မွှေးတဲ့အခါ တွေးလိုက်ပါ
ငါတို့ ဘယ်တော့မှ မဝေးဘူးဆိုတာ.....

(၃)

နေ့စဉ်ရက်ဆက်
ချစ်တဲ့အကြောင်းတွေ မပြောဖြစ်ရင်တောင်
နှစ်ချီ ထွက်သက်အထိ
ချစ်မိနေအုံးမှာပါ...

သူချည် ကိုယ်ချည်
ချည်ခဲ့တဲ့ ကြိုးလေးတွေလဲ
လျော့လိုက် တင်းလိုက်နဲ့
မြဲနေခဲ့ပေါ့...

ချစ်ခဲ့ပါတယ်
ချစ်ရပါတယ်
ချစ်မြဲ ချစ်နေအုံးမယ် အသက်ရေ...

လွမ်းစရာတွေကိုတော့
အနမ်းတွေနဲ့ ဖြေရအုံးမယ်ပေါ့

(၄)

အချစ်စစ်ရှားတဲ့ လောကထဲ
မင်းကိုချစ်မိခဲ့တာ
ကြည်နူးစရာပါကွယ်

ပျော်စရာတွေချည်းပဲမဟုတ်တဲ့ လောကထဲ
ကြင်နာမှုတွေ အမြဲပေးနေလို့
မင်းဟာ ပျော်စရာတွေပေါင်းစပ်ထားတဲ့
အဟာရဖြည့်မယ့် အားဆေးတစ်ခွက်ပေါ့

မင်းကို ချစ်တဲ့စိတ်နဲ့ နိုးထခဲ့တဲ့မနက်တွေ
မင်းကို ချစ်တဲ့စိတ်နဲ့ အိပ်ခဲ့ရတဲ့ညတွေ
ဒါတွေဟာ
ပျော်စရာဆိုတာထက်
ပိုပျော်ရတဲ့ ရက်တွေပေါ့

ချစ်တယ်ကွယ်
သေတစ်ဖန် သက်တစ်ဆုံး
မဖြုတ်တော့မယ့် လက်ပါကွယ်.....။

(၅)

အတောမသတ်နိုင်လောက်တဲ့ အချစ်တွေနဲ့
ပြောမပြတတ်အောင်ချစ်ရတဲ့ အသက်ရေ
စိတ်တွေမျက်နှာမူရာ
အချစ်တွေစုစည်းရာဟာ မင်းဆီမှာပါ

အနေဝေးနေလို့
စိတ်နဲ့ပြေးတွေ့ရတဲ့ရက်တွေ
အနားက တစ်ဖဝါးမခွာချင်လို့
အနားမှာ မရှိပေးနိုင်တဲ့ရက်တွေကိုသိပ်မုန်းတယ်

အလွမ်းတွေ ထွေးပွေ့ကာ
အပြေးနှင်လာခဲ့ပါ့မယ်
ပြုံးပြုံးလေးနဲ့ ကြိုနှင့်ပေါ့ကွယ်

ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

26 Sep, 14:42


အတွေးည(၂)

တဖြည်းဖြည်း ညဉ့်နက်လာတာနဲ့အမျှ
မအိပ်ချင်တဲ့စိတ်တွေကပဲ
အိပ်ချင်သူကို အိပ်ပျော်လာအောင် ချော့သိပ်နေ့ရဲ့

မနက်ဖြန်ဆိုတာကို ရင်ဆိုင်ဖို့တွေးရင်း
သိသိသာသာ လင်းလက်လာတဲ့စိတ်တွေဟာ
တိမ်ကင်းစင်တဲ့ ကောင်းကင်ကကြယ်လို
ထွန်းလင်းနေခဲ့

စိတ်ကြောင့်ပဲ ရှင်သန်နေရတဲ့ဘဝမှာ
စိတ်ကြောင့်ပဲ သေနေခဲ့တဲ့ရက်တွေ
ရေလို့မဆုံးခဲ့.....။

-ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

06 Apr, 12:37


ချစ်သော အသက်

နွေဦးမှာကြွေကျလာတဲ့သစ်ရွက်တွေ
ရေကြည့်လိုက်စမ်း အသက်ရေ.....
ကို့အလွမ်းတွေလိုပေါ့
လေတစ်ချက်တိုက်တိုင်း
တဖြုတ်ဖြုတ်ကြွေသွားသလို
အသက်တစ်ချက်ရှုတိုင်း
တဖျပ်ဖျပ်နဲ့
လွင့်လူးစွာ လွမ်းနေပါတယ်

မနက်တိုင်း မင်းစိတ်နဲ့ပဲနိုးထပြီး
ညတိုင်း မင်းစိတ်နဲ့ပဲအိပ်တဲ့နေ့တွေဟာ
ကြည်နူးဖွယ်ရာတွေ
အပြည့်ဖြစ်နေတဲ့ ကမ္ဘာလေးပေါ့

ကြည်နူးဖွယ်ရာ ဤကမ္ဘာလေးကလွဲရင်
ဘာမှထပ်မလိုချင်တဲ့ လူသားတစ်ယောက်ပါ
ဒါ့ကြောင့်
အာဏာရူးသူတွေ ပလ္လင်ပေါ်တက်‌နေတဲ့ခေတ်မှာ
ဒီကမ္ဘာလေးကို အပိုင်ရဖို့
ဒီအာဏာလေးကိုတော့ ရူးမိပါတယ်
မင်းကိုပိုင်ဖို့ဆို
ဘာမဆို............

မထင်ရင် မထင်သလို စိတ်ကောက်တတ်ပြီး
မထင်ရင် မထင်သလို ပြန်ပြန်ချော့တတ်တဲ့
ပူးမလေးရေ
နင့်စူးစွာ ချစ်နေပါတယ်

ဘယ်အချိန်ဖြစ်ဖြစ်ပေါ့.......

ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

29 Mar, 16:08


လွမ်း

စကားလုံးတွေမဲ့‌နေတဲ့ညဟာ
သူ့အလိုလို အထီးကျန်စေတယ်
စိတ်ထဲကစကားတွေကို အပြည့်သယ်ပြီး
မင်းအနားကို အပြေးလာချင်မိရဲ့......

-ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

03 Dec, 17:17


အတိတ်ခလုတ်

ဘယ်စိတ်နဲ့ခွာခွာ
အမြဲကပ်ပါနေတဲ့
အနာတရတစ်ချို့ပါပဲ

ပြန်လည်တူးဆွမိတိုင်း
ငါ့မှာ အရူးတစ်ပိုင်း.....

ပျော်ရွှင်မှုကို ခဏတာပေးခဲ့သူမို့
ကျေးဇူးတင်ပါတယ်လို့ပြောချင်ပေမယ့်
အဲ့ဒီပျော်ရွှင်မှုကိုပဲ ဖျက်ဆီးခဲ့သူမို့
လွမ်းလွမ်းကြီးနဲ့ ကျေးဇူးမတင်တော့ပါဘူး။

ဂယ်လာရီထဲက ဓာတ်ပုံတစ်ချို့ကို
မရဲတစ်ရဲထုတ်ကြည့်ဖြစ်တဲ့အချိန်ဆို
ငါ့ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်မိုးတွေက
ဒီလောက်အချိန်‌တွေကြာလာခဲ့တာတောင်
ရွာအားကောင်းနေသေးရဲ့.....။

ဆင်တူဝတ်စုံနဲ့
အမှတ်တရပစ္စည်းတွေသာ
ပြာပုံထဲရောက်သွားတယ်
အတိတ်ဆိုတဲ့ အချိန်တွေကတော့
ငါ့မှတ်ဉာဏ်ကို လာလာလွှမ်းခြုံနေတယ်

ဘယ်တတ်နိုင်ပါ့မလဲ
လွမ်းယုံပဲပေါ့.....။

တစ်ရေးမှအိပ်လို့မရတဲ့
တစ်ယောက်ထဲညတွေဆို
မင်းကို စကားတွေအများကြီး‌ပြောပြချင်တာ
ဒီခံစားချက်ကို
ကောင်းကောင်းကြီးနားလည်တဲ့သူတွေသာ
ဒါကို သိနိုင်ပါလိမ့်မယ်.....

မင်း‌ရော
အဲ့လိုသိနိုင်ပါ့မလား....။

သိတာမတာအသာထားပါ
မသိလည်း လွမ်းနေကျ
သိလည်း လွမ်းနေရတာပဲကို.....။

-ထွန်းဟိန်းယံ

ထွန်းဟိန်းယံ-ကဗျာများ

07 Oct, 15:49


လာမဲ့ရက်ပိုင်းမှာ ကျွန်တော့် E-Bookလေး ရပါ့မယ်
ဈေးနှုန်းကတော့ နည်းတယ်များတယ်
သတ်မှတ်မထားပါဘူး
အဆင်ပြေသလို လာရောက်ဝယ်ယူနိုင်ပါတယ်

ထွန်းဟိန်းယံ-ကဗျာများ

07 Oct, 15:20


ချစ်တာဟာ ပြစ်မှုမြောက်တယ်ဆိုရင်
တစ်သက်တစ်ကြွင်းမက သေမိန့်ချသင့်ပါပြီ

~ထွန်းဟိန်းယံ

1,732

subscribers

23

photos

2

videos