ကဗျာ ဗိမ္မာန် @poemtemple Channel on Telegram

ကဗျာ ဗိမ္မာန်

@poemtemple


ကဗျာဗိမ္မာန်မှ လူကြီးမင်းတို့အတွက် နေ့စဥ်မပျက် ကဗျာတွေမထပ်စေရန် ကြိုးစားပေးနေပါတယ်ဗျ။

ဘာလိုပါသလဲ၊ ဘာရှာပါသလဲ မိတ်ဆွေ
၊ ကဗျာတွေသာရပါမည်။
Channel date...18.10.2023

ကဗျာ ဗိမ္မာန် (Burmese)

ကဗျာဗိမ္မာန်ဆိုသည်သည်မွေလွင်တစ်ခုဖွင့်နိုင်ရန်တင်ပြလျှင်ရည်ရွယ်ပါလိမ့်မည်။ ဤကဗျာတွင်သင်သည်ဘဏ်နှင်ဘဏ်များအား ကျေးဇူးကျွေးစွာ ရည်ရွယ်နိုင်ပါသည်။ ကဗျာများကိုထပ်စယ်ရန် ရည်ရွယ်ပါခြင်းမရှိဘူး။ နောက်မှာငါတို့ရှိသလား။ ကဗျာများသည် အကောင်းဆုံးလူမျိုးအံဆယ်ကောင်တည်ထားပါသည်။ ခေတ္တကပူးပေးပေးနိုင်ပြီးရည်ရွယ်ပါခြင်းမရှိပါ။ ကဗျာများအခမဲ့ကွဲပြားသည်သည်ထိပ်စေပြနိုင်ပါသည်။ သင်သည်မိသားစွာရည်ရွယ်ပါသည်။ ကဗျာများကိုစာချုပ်တည်သည်ထပ်စယ်ရန် ကြိုးစားပြပါလေးပါ။ ကဗျာများသည် 18.10.2023 တစ်ခုအမှားတင်နိုင်ရန်ရည်ရွယ်ပါပါပြီ။

ကဗျာ ဗိမ္မာန်

06 Oct, 12:42


ဤချန်နယ်ပိုင်ရှင်၏
ညွှန်ကြားချက်အရ

ဤချန်နယ်ဟာ ဆက်၍
လည်ပတ်တော့မှာ မဟုတ်ကြောင်း

စာဖတ်သူများအား
အသိပေးအပ်ပါသည်။

ကဗျာစာတိုများဖတ်ရှုလိုပါက
အောက်ပါချန်နယ်တွင်

ကျွန်တော်ရှိပါမည်။

-လူညိုချော

https://t.me/youthandpoem

ကဗျာ ဗိမ္မာန်

05 Oct, 14:59


တစ်ဘဝလုံး ဘာသင်သင် မတတ်တဲ့
ဥာဏ်ရည်မမှီ လူတစ်ယောက်က
ဘယ်သူမှ မသင်ပေးရပါပဲ
ချစ်တတ်သွားခဲ့တယ် ... တဲ့။


- ညံလင်း

ကဗျာ ဗိမ္မာန်

05 Oct, 14:29


အယုံလွယ်တဲ့ ငါ့ကိုယ်ငါလည်း
မုန်းတယ်။
တကယ်ချစ်တဲ့ ငါ့ကိုမှ လှည့်စားတဲ့
မင်းကိုလည်း စိတ်နာတယ်။

ကမ္ဘာဘယ်နှပတ်လည်လည်
ငါတို့ နှစ်ခါပြန်မတွေ့စေရဘူး။ ။


-ဖြူ

ကဗျာ ဗိမ္မာန်

05 Oct, 13:31


ကိုယ်သိပ်ကြောက်တဲ့အရာတွေကို
မကြောက်ချင်ယောင်ဆောင်ရင်း
စော၊က်ဂရုမစိုက်ချင်ယောင်ဆောင်ရင်း

တကယ် မကြောက်တော့တဲ့အခါ
တကယ် စော၊က်ဂရုမစိုက်တော့တဲ့အခါ

အဲဒီ အခြေအနေကို လွယ်တယ် ထင်နေလား
အဲဒီ ဖြတ်သန်းမှုကို လွယ်တယ် ထင်နေလား

အဲဒီ နှစ်ကာလတွေကို လွယ်တယ်များထင်နေလား။

-ဘုန်းပြည့်စုံမင်း

ကဗျာ ဗိမ္မာန်

05 Oct, 13:17


ခက်တော့လဲ ခက်သားလား
အချစ်ဆိုတာမျိုးက
ခန္ဓာကိုယ်ကို
ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သတ်ကြောင်း
အချစ်ကို တလေးတစား
တန်ဖိုးထားသူ
တချို့တလေကပဲ
သိတတ်နိုင်ကြတာလေ။

-သိုးဆောင်း

ကဗျာ ဗိမ္မာန်

05 Oct, 08:45


အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေလို့မျှော်လင့်ရင်းနဲ့ ကျွန်တော်တို့
ကဗျာအိမ်channelမှ
ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
အရင်ကဗျာအိမ်chlက အကြောင်းအမျိုး"ကြောင့် hackခံလိုက်ရပြီး
ပြန်ဆယ်ယူလို့မရတော့တဲ့
အတွက်ကြောင့် အခုလိုမျိုး
`ကဗျာအိမ်´ဆိုတဲ့nameနဲ့ပဲ အရင်chlရဲ့ ကဗျာများ၊ကဗျာဆရာများ၏ ဂုဏ်သိက္ခာနှင့် channelရဲ့ ဂုဏ်သိက္ခာကို ပြန်ရယူရန်ကြိုးပမ်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။
စာပေနှစ်သက်သူတိုင်းအား
လေးစားစွာဖြင့်/-

-ကဗျာအိမ်

ကဗျာ ဗိမ္မာန်

05 Oct, 06:04


သူက ကြယ်တွေ ကို ချစ်တာ

ကျွန်တော် က စက္ကူငှက်
ကိုယ့်တောင်ပံကိုယ် ဖြဲပြီး
ကြယ်တွေ ခေါက်ပေးနေရတာ
အသက်ရှူကြပ်တယ်

သိပ်ဝမ်းနည်းဖို့ကောင်းတယ် ကိုမိုး

အချို့လူတွေ ဖြစ်တည်မှုက တစ်ဖက်လူ အတွက်ပဲ ။


- မြတ်ခိုင်

ကဗျာ ဗိမ္မာန်

04 Oct, 15:56


အတူရှိနေမှ ချစ်ကြမယ်ဆိုရင်
အဲ့ဒါ အချစ်မဟုတ်ပါဘူး
အထိအတွေ့မှာ သာယာနေတာပါ..

တကယ်တော့ အချစ်ဆိုတာ
အတူတူရှိရှိ မရှိရှိ
သစ္စာတရားကို တန်ဖိုးထားပြီး
ချစ်နေဖို့ပါပဲ။။


-ဦးဘုန်း (ဓာတု)

ကဗျာ ဗိမ္မာန်

04 Oct, 15:29


မေ့သွားတယ်ဆိုတာ
တကယ်မရှိပါဘူး ။

အမှန်က

မေ့မေ့ပျောက်ပျောက်နေလိုက်ကြရတာ ….

-မယ်ညို

ကဗျာ ဗိမ္မာန်

04 Oct, 13:50


အသက်ရှူရပ်မတတ် ငိုလို့၀သွားရင်
နာကျင်လို့ လုံလောက်သွားရင်

တိတ်ဆိတ်မှုတွေနဲ့
ရှေ့ဆက်ရတော့မယ် ထင်ပါတယ်။


-ဖြူ

ကဗျာ ဗိမ္မာန်

04 Oct, 12:30


ပျောက်ဆုံးသွားသောပုံရိပ်
............................

ကျွန်တော်တို့တွေ
ကိုယ့်ကိုကိုယ် ပြန်ရှာမတွေ့တဲ့
နှစ်တွေ
ဘယ်လောက်တောင်ရှိပြီလဲ။

- ဟံဆစ် (ကျောက်မဲ)

ကဗျာ ဗိမ္မာန်

04 Oct, 11:01


ချစ်တယ်ဆိုတာ စေတနာထားခြင်းတစ်မျိုးပဲ၊
ပိုချစ်တဲ့သူက ပိုအနွံတာခံကြတယ်။

သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုမှာ
စကားလုတာ အစ
ဘ၀လုတာ အဆုံး
ပိုချစ်တဲ့သူက သေချာပေါက်ဆုံးရှုံးရတာပဲ။


-ခန့်သွယ်

ကဗျာ ဗိမ္မာန်

04 Oct, 04:10


ချစ်ခြင်းမေတ္တာအကြောင်း ပြောတဲ့အခါ

ကွက်ခနဲ့ မျက်နှာပျက်သွားရလောက်တဲ့အထိ

နာကျင်ခဲ့ရဖူးတယ်...

ဒီလောက်ပဲ။


- ခက်နှောင်

ကဗျာ ဗိမ္မာန်

03 Oct, 18:02


တစ်နေ့နေ့မှာ
မောင် တစ်ခုလပ် ဖြစ်လာမလား ၊
မုဆိုးဖိုဖြစ်လာမလား၊ ဆိုတဲ့
ယု,တ်ညံ့တဲ့မျှော်လင့်ချက်နဲ့
မောင့်ကိုစောင့်ခဲ့တာ မဟုတ်ပါဘူးမောင်

အမျှင်တန်းပြီး ကျန်ရစ်မယ့်
သံယောဇဉ်အားကိုးနဲ့
မောင့်ရဲ့ မယားငယ် အဖြစ်
အရှက်မရှိ အသနားခံဖို့၊
စောင့်နေခဲ့တာလည်း မဟုတ်ပါဘူး။

ဒါပေမယ့် မောင့်ကို
ကျွန်မ ဘယ်လိုမှ မေ့မရဘူး။


-ဂျူး

ကဗျာ ဗိမ္မာန်

03 Oct, 14:30


ခွဲခွာခြင်းဟာ ဒီလိုနာကျင်မှန်း
သိရခဲ့ရင်..

ကျွန်မ မောင့်ကို တွေ့ဖြစ်ခဲ့မယ်
မထင်ဘူး။

ပြီးတော့..ချစ်မိခဲ့မှာလည်းမဟုတ်ဘူး။


-ဖြူ

ကဗျာ ဗိမ္မာန်

03 Oct, 13:47


အပြုံးတစ်ပွင့်နဲ့ဝင်ရောက်လို့
အရိပ်လှလှနဲ့ ကျူးကျော်

“မမ”ကိုလိုနီမှာ
မောင် သေပျော်ပါပြီ ။

- လူညိုချော

ကဗျာ ဗိမ္မာန်

03 Oct, 13:03


📜ကဗျာအမည် - “သို့ ...မမမေ ”

📝ရေးသားသူ - နုရီ

🎙ရွတ်ဖတ်သူ - မြတ်သိင်္ဂီ

ကဗျာ ဗိမ္မာန်

03 Oct, 12:08


ဘာမှမတွေးပါနဲ့တော့ကွယ်
မနက်ဖြန်တွေ မသေသေးသမျှ
ငါတို့ ရှင်သန်ခွင့်ထဲကနေ မျှမျှပြီး
ဆေးဖြစ်ဝါးဖြစ် ချစ်ကြတာပေါ့။


- ကိုသျှား

ကဗျာ ဗိမ္မာန်

03 Oct, 04:56


မင်းပျော်မယ်ထင်တဲ့ လမ်းကိုရွေးခဲ့ပြီပဲ
ပျော်အောင်သာနေပါ
ငါ့ဆီကပျော်ရွှင်မှုကိုသယ်ယူပီး
ငါ့အတွက်လွမ်းဆွတ်ခြင်းနဲ့အတူ
သတိရခြင်းတွေကိုပါထားခဲ့ပေါ့
ကျေကျေနပ်နပ် နဲ့
ကျန်နေခဲ့ပါ့မယ်။
                             

-စေတန်"
-from sub

ကဗျာ ဗိမ္မာန်

02 Oct, 15:56


“အခက်အခဲတွေကြားက
တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့။

ဘာမှမရှိတဲ့ ဘဝထဲကို
ဘာမှမကြည့်ဘဲ ဝင်ရဲတယ်ဆိုတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။


-ဂျူး

18,644

subscribers

424

photos

62

videos