🧅 ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်ခြင်း
🧅 ကြက်သွန်နီစေ့ကို ထောင်းစားပါက အားတိုးစေခြင်း
🧅 ကလေးဆီးချုပ်လျှင် မီးဖုတ်ထားသောကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါက ပျောက်ကင်းခြင်း
🧅 ကလေးဝမ်းဗိုက်နာပါက ကြက်သွန်နီရည် အနည်းငယ်ကိုတိုက်ကျွေးလျှင် ပျောက်ကင်းခြင်း
🧅 သကြားနှင့်ကြက်သွန်နီအရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်ပါက ဆီးပူရောဂါ၊ ဝမ်းရောဂါပျောက်ကင်းခြင်း
🧅 ကြက်သွန်နီလတ်ဆတ်ညှစ်၍ ကြွေဇွန်းတဝက် သကြားအနည်းငယ်ထည့်ပြီး တနေ့တကြိမ်သောက်ပါက သွေးပါသော လိပ်ခေါင်းရောဂါသက်သာခြင်း
🧅 ကြက်မျက်သင့်သောရောဂါဖြစ်ပါက ကြက်သွန်နီအရည်တွင် ဆား အနည်းငယ်ထည့်၍ မျက်စဉ်းခပ်ပေးခြင်း
🧅 ကြက်သွန်နီမီးဖုတ်ပြီး အရည်နွေးနွေးကို နားထဲထည့်ပါက နားကိုက်ရောဂါပျောက်ကင်းခြင်း
🧅 ကြက်သွန်နီကိုအရည်ညှစ်၍ နားထဲတစ်နေ့သုံးကြိမ်ထည့်ပေးပါက နားပြည်ယိုရောဂါပျောက်ကင်းခြင်း
🧅 ကင်းမြီးကောက်စသောအဆိပ်ရှိသတ္တဝါကိုက်ခံရပါက ကြက်သွန်နီကို ဓားနှင့်လှီး၍ အစေးထွက်လာလျှင် ထိပ်ကိုကွမ်းစားထုံးသုတ်ကာ ကိုက်ခံရသည့်နေရာ၌ ၎င်းထိပ်ဖြင့်ပွတ်ခြင်း၊ အရည်ညှစ်၍သုတ်လိမ်းခြင်းဖြင့် အဆိပ်မတက်နိုင်တော့ပါ။
(Health Digest Journal)