Dawei information center @daweiinformationcenter Channel on Telegram

Dawei information center

@daweiinformationcenter


Dawei information center ပြည်သူ့သတင်းဌာနသည် ၂၀၂၁ခုနစ် ၊ ဧပြီလ ၁၁ ရက်နေ့မှာ စတင်ထူထောင်ခဲ့သော တနင်္သာရီတိုင်းအခြေစိုက်သတင်းဌာနတစ်ခုပင် ဖြစ်ပါသည်။

Dawei information center (Burmese)

ဒီလက်ရှိလွတ်လပ်ခွင့် အကြည်ပြည့်သူ့သတင်းဌာနတွေကို စတင်ထုတ်မြင်တဲ့ Dawei information center ဆီပလီဇင်လှရာမှ အသင့်ဖြင့် သတင်းတွေကို ဝင်စားခဲ့လို့ ရှိပါတယ်။ ဒီလွတ်လပ်ခွင့်တွေကို ၂၀၂၁ ခုနှစ်က ဧပြီလ ၁၁ ရက်နေ့မှာ တည်ရှိခဲ့သောတနင်္သာရီတိုင်းအခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။ Dawei information center က အခမဲ့ သင့်ဖြင့် နှင့် သတင့်တွေကို ရယူပါတယ်။ ဒါ့အကြောင်းအရင်း ဒီလက်ရှိသတင်းနှင့် အခ အားလုံး အရင်ရောက်သင့်ပါတယ်။ အိမ်ထောင်ရောက် Dawei information center မှ ငါ့ကြံပါအောင် သိပ်ပြီးလည်း တန်းသာရီတိုင်း၏ အချင်းချင်း သတင်းတွေ ကို လည်း စုစုပေါင်း ဝင်စားခြင်း ဖြစ်ပါတယ်။

Dawei information center

16 Dec, 03:30


ထားဝယ်မြို့ပေါ်က ခလရ-၂၅တပ်အနီးတွင် ကင်းလှည့်နေသောစစ်ကား(၁)စီး မို*င်းဆွဲတို*က်ခိုက်ခံရ

ထားဝယ် ၊ ဒီဇင်ဘာလ ၁၆ ရက်နေ့

ထားဝယ်မြို့ခလရ-၂၅တပ်ရင်းနှင့်ခန်းမဆောင်ကြားမှာကင်းလှည့်နေသော စစ်ကား(၁)စီး ပြီးခဲ့သော(၃)ရက်ခန့်ကမိုင်းဆွဲတို*က်ခိုက်ခံရ၍ထိခိုက်ဒ*ဏ်ရာများရခဲ့သည်။

ဒီဇင်ဘာ(၁၃)ရက်၊ည(၆)နာရီခွဲခန့်တွင်ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT)ရဲဘော်များမှ ၎င်းနေရာအနားသို့ကင်းလှည့်ထွက်ခွာလာခဲ့သောစစ်ကားကို ကွဲအားပြင်းသည့် မိုင်းနဲ့ဖောက်ခွဲခဲ့ကြောင်း ပြန်ကြားရေးကဆိုသည်။

"မိုင်းကအလုံးကြီးတစ်လုံးပါပဲ့။ကားရဲ့အချက်ကောင်းကိုမိုင်းထိမှန်သွားပြီးခဏထိုးရပ်သွားပါတယ်။ကျွန်တော်တို့လဲလုပ်စရာရှိတာလုပ်ပြီးဌာနီစခန်းသို့ပြန်ဆုတ်လာလိုက်တယ်။ မိုးလင်းတော့ မိုင်းခွဲခံရတဲ့နေရာအနားတစ်ဝိုက်မှာခြောက်သွေ့နေတဲ့ သွေးတွေမြင်ရတယ်ဆိုပြီး မြို့ခံတွေစီကသတင်းရထားပါတယ်။၂၅တပ်ကဖရဲသီးကိုမေးကြည့်တော့လဲ စစ်သားတွေ ထိနာမှုရှိတာ မှန်ကန်ကြောင်း၊တပ်ဆေးရုံမှာ ဆေးကုသမှုခံနေရကြောင်း တည်ပြုပြောဆိုပါတယ်"ဟု၎င်းအဖွဲ့ဝင် ဂဋ္ဌုန်မင်းလတ်ကဆက်ပြောသည်။

အဆိုပါ မြို့ပြစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှထိနာမှုရှိသော်လည်းအရေအတွက်အတိကျကိုထပ်စုံစမ်းနေဆဲသာဖြစ်ကြောင်း ၎င်းကDICသို့ ထပ်မံရှင်းပြသည်။


Dawei information center
Dawei information center - 2

Dawei information center

24 Nov, 12:28


တနင်္သာရီမြို့နယ်မှာ စစ်တပ်စစ်ကြောင်း ပဒေသာမိုင်းဆွဲခံရ၍စစ်သား(၁၀)ဦးခန့်(​ေ.သဆုံး)ဟု(ပကဖ)ထုတ်ပြန်

ထားဝယ် ၊ နိုဝင်ဘာလ ၂၄ ရက်နေ့

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်​၊ပြင်ဝန်းရွာအနီးမှာ ခြေလျင်တက်လာသောစစ်တပ်စစ်ကြောင်း ယမန်နေ့ကတော်လှန် တပ်များ၏ ပဒေသာမိုင်းဖောက်ခွဲတို*က်ခိုက်မှုခံရသည်။

နိုဝင်ဘာ(၂၃)ရက်၊နံနက်(၆)နာရီခန့်မှာဇဝဲ​ရွာနှင့်ရမ်းဖိုရွာကြား​က၎င်းရွာအနားစစ်ကြောင်းထိုးဝင်ရောက်လာသည့်
အင်အား(၈၀)ဝန်းကျင်ပါ စစ်သားများကို မြိတ်(ပကဖ)နဲ့
တနင်္သာရီမြို့နယ်(ပကဖ)ဇုန်(၃)တနင်္သာရီရိုးမဖွဲ့ တို့အတူပူးပေါင်းကာ မိုင်းခွဲတို.က်ခို​က်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းပဒေသာမိုင်း(၁၀)လုံးဖောက်ခွဲမှုမှာ မိုင်း(၇)လုံးသာ
ပေါက်ကွဲ၍ စစ်သား(၁၀)ဦးထက်မနည်း (​ေ.သဆုံး)ပြီး
အများအပြားထိ*ခိုက်ဒ.ဏ်ရာရကာ vigoကားနဲ့(၄)ကြိမ်စစ်တပ်မှ လာသယ်ယူသွားကြောင်း ရေးသားထားသည်။

အဆိုပါ ဖြစ်စဥ်ပြီးတွင် စစ်တပ်ဘက်က မို*င်းခွဲခံရသည့်နေရာအနီးရှိ ပြည်သူနေအိမ်(၅)လုံးကို အကြောင်းမဲ့မီးရှို့ဖျ*က်.ဆီးသွားခဲ့ကြောင်း ၎င်းပကဖမှ ဖော်ပြထားသည်။

Dawei Information Center
Dawei information Center - 2

Dawei information center

22 Nov, 04:35


သရက်ချောင်း(ပကဖ)၏ဒေါင်းညီနောင်စစ်ကြောင်းတွင်အပတ်စဥ်(၁)စစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်အ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းဖွဲ့စည်းထားသော ဒေါင်းညီနောင်စစ်ကြောင်း(ပကဖ) ၏အခြေခံမွမ်းမံအပတ်စဉ် ၁/၂၀၂၄ စစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ပြီးခဲ့သောနိုဝင်ဘာ(၁၇)ရက်နေ့ကပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

#ဓာတ်ပုံ / ဒေါင်းညီနောင်စစ်ကြောင်း

Dawei Information Center
Dawei information center - 2

Dawei information center

21 Nov, 14:41


ထားဝယ်ခရိုင်ထဲမှာ တာဝန်ကျနေတဲ့ စစ်သား(၃)ဦး PDFများအထံတွင် လ-က်နက်ချအလင်းဝင်ဟုထုတ်ပြန်

ထားဝယ် ၊ နိုဝင်ဘာလ ၂၁ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးနဲ့သရက်ချောင်း မြို့နယ်(၂)ခုမှာစစ်ကောင်စီတပ်အတွက် တာဝန်ထမ်းပေးနေကြသည့်
စစ်သားများ ယခုလထဲ၌ PDFထံမှာ အလင်းဝင်ခဲ့သည်။

နိုဝင်ဘာ(၁၄)ရက်နှင့်(၁၇)ရက်က ထားဝယ်ခလရ-၂၆၇ တပ်ရင်းမှတပ်သား ကိုတင်ဝင်းကျော် နှင့် သရက်ချောင်း
ခမရ-၄၀၃တပ်ရင်းမှတပ်သားကိုနိုင်လင်းတို့(၂)ဦးသည်လ*က်န​က်များနှင့်အတူထွက်ပြေးလာကာ ထားဝယ်ခရိုင်တပ်ရင်း(၂)/T5ထံကိုအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

"အလင်းဝင်လာတဲ့တပ်သားတွေကိုဘေးကင်းတဲ့နေရာကိုပို့ပေးထားပါတယ်။တစ်ယောက်ကတော့လ.က်နက်မကိုင်ချင်တော့ဘူးပြောတယ်။ ပြည်ပထွက်မလား မေးတော့လဲမထွက်ချင်ဘူး ပြောပါတယ်။တပ်ထဲမှာနေတုန်းက သူကို
ကျန် စစ်သားတွေက ဝိုင်းနိုင်ကျင့်ထားတော့ စိတ်ကအမြဲခြောက်ခြားနေတယ်။အခုတော့စိတ်ခြေနေပုံမှန်နီးပါးဖြစ်နေပါပြီ။သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ကျွန်တော်တို့ဖြည့်ပေးသွားမှာဖြစ်ပါတယ်"ဟုT5ရဲဘော်တစ်ဦးကဆိုသည်။

ယင်း လောင်းလုံးမြို့နယ်၊ကျောက်နီမော်ရွာ(မိုင်ခရိုဝေ့ဖ်) စခန်းကုန်း၌​တာဝန်ထမ်းဆောင်နေသော ထားဝယ် ခလရ
(၂၆၇)တပ်ရင်းမှ တပ်သား ကိုကျော်သက်ဦးသည်လည်း
ယခုလ နိုဝင်ဘာ(၂)ရက်နေ့က နွေဦးပြောက်ကျားတပ်ဖွဲ့
(NOGF)ထံဆက်သွယ်၍MA1(၂)လက်၊ကျည်အိမ်(၅)ခုနဲ့ကျည်(၂၄၆)ထောင့်နှင့်အတူ အလင်းဝင်လာခဲ့ကြောင်း
၎င်းNOGFအဖွဲ့က ယနေ့ ထုတ်ပြန်ကြေငြာထားပါသည်။

အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား ကိုကျော်သက်ဦး အားဂုဏ်ပြုဆုငွေမြန်မာငွေသိန်း(၈၀)ကိုချီးမြှင့်
ပြီးနောက်ဘေးကင်းလုံခြုံသောနေရာအား၎င်းတို့တပ်ဖွဲ့မှ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ထပ်မံ ဖော်ပြထားပါသည်။

Dawei information center
Dawei information center - 2

Dawei information center

19 Nov, 10:49


ထားဝယ်မြို့ပေါ်မှာ ကင်းလှည့်နေတဲ့စစ်သားများ အလစ်ပ.စ်ခတ်ခံရပြီး စစ်သား(၅)ဦး 6.သဆုံး၍(၂)ဦးဒဏ်ရာရ

ထားဝယ် ၊ နိုဝင်ဘာလ ၁၉ ရက်နေ့

ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက် နှင့် ဆင်ဆိပ်ရပ်ကွက်ကြားသို့လမ်းကင်းထွက်လာသော စကစတပ်သားများကို ယမန်နေ့က တော်လှန်ရေးတပ်များမှ တို*က်ခိုက်ခဲ့သည်။

နိုဝင်ဘာ(၁၈)ရက်၊နံနက်(၉)နာရီခန့်တွင်သုံးဘီးကားဖြင့်ကင်းလှည့်ထွက်ခွာလာသော၎င်းစကစများကို DNLA နှင့် YPPDFရဲဘော်များမှ အနီးကပ် ဝင်ရောက်တို;က်ခိုက်ခဲ့၍
(၁၅)မိနစ်ခန့်အကြာပြန်လှန်ပ*စ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မင်ရှင်အတွင်းပါဝင်သူ YPPDFရဲဘော်တစ်ဦးမှဆိုသည်။

"အခုလို မြို့ပြမင်ရှင်တွေ ဖော်ဆောင်ရတာ ကျွန်တော်တို့အရမ်းအားရတယ်။အခုဆိုရင် စစ်တပ်ဖက်က မြို့ပေါ်မှာနေလဲ မလုံခြုံဘူးဆိုတာ သိသွားကြပြီ။ဒီနေ့ဆိုမြို့ပေါ်မှာ
စစ်တပ်ဘက်ကလုံခြုံရေးတွေ အတင်းကျပ်ထားပြီး ဧည့်စာရင်းတွေလိုက်စစ်နေတာလို့ကြားသိရတယ်။ကျွန်တော်တို့ကိုမဖမ်းနိုင်တော့ ပြည်သူတွေကို ဒုက္ခပေးတာပေါ့ဗျာ။
ပြည်သူတွေအနေနဲ့လဲဒီရက်ပိုင်းထဲမှာခွေးမဆွဲခံရအောင်အထူးဂရုစိုက်ပါလို့မှာချင်တယ်ဗျ"ဟု၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးမှာ စစ်သား(၅)ဦးပွဲချင်းပြီး6.သဆုံးကာ(၂)ဦးဒ.ဏ်ရာရ၍ရန်သူMA1/3လ-က်နက်(၄)လက်၊
MA2စက်ကလေး(၁)လက်၊ကျည်အိမ်(၁၅)ခု၊အီကွေးမင့် ခါးပတ်(၁)ခုနှင့် ဆက်စက်ပစ္စည်းများ သိမ်းဆီးရမိလာခဲ့ကြောင်း ရေဖြူYPPDFက ယနေ့ ထုတ်ပြန်ထားပါသည်။

#ရုပ်သံကို DIC Page တွင်ဝင်ကြည့်နိုင်သည်။ 👇👇👇
https://www.facebook.com/share/v/14o1mZkZj3/?mibextid=oFDknk

Dawei Information Center
Dawei information Center - 2

#ထားဝယ် #yppdf #DNLA

Dawei information center

18 Nov, 14:37


မွန်-တနင်္သာရီက ဒေါနတပ်ရင်းထံသို့ စစ်သား(၆)ဦးခန့်အထိလ*က်နက်ချ အလင်းဝင်လာခဲ့ဟု ထုတ်ပြန်

ထားဝယ် ၊ နိုဝင်ဘာလ ၁၈ ရက်နေ့

တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းနယ်မြေအတွင်းသို့စစ်သား(၆)ဦးအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းတပ်ရင်းမှ ယနေ့ ထုတ်ပြန်သည်။

ထိုအလင်းဝင်လာသူများမှာ တပ်သား ဝေဖြိုး-(တရက)၊
ဖြိုးမင်းအောင်(ခလရ-၂၇၃)၊ကရင်လေး(ခလရ-၂၇၃)၊
ရဲမင်းမောင်(ခလရ-၂၇၃)၊သန်းတိုးအောင်(ခလရ၂၇၃)၊
ဖြူဖွေး (ခလရ-၂၇၃)တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း(၆)ဦးမှာ စကစတပ်၏အတင်းအဓမ္မ တပ်သားသစ်
စုဆောင်းခံရသူများဖြစ်၍၎င်းတို့(၆)ဦးအနက်(၁)ဦးတွင်
MA1 (၁)လက် ၊ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅*၅၆(၁၆၁)တောင့်ပါယူဆောင်လာကြောင်း သိရသည်။

'စစ်တပ်ဘက်ကအခုနောက်ပိုင်းစစ်မှုထမ်းစုဆောင်းထား
တဲ့သူတွေကို ထုတ်သုံးနေတာများပြီ။ တချို့ဆိုမလုပ်ချင်ပေမဲ့ပြေးဖို့လမ်းရှာမတွေ့လို့ စိတ်မပါဘဲ စစ်ကြောင်းတွေမှာလိုက်နေရတာရှိတယ်။အဓိကပြောချင်တာက အဲလိုလူတွေရှိရင် ကျွန်မတို့ထံအမြန်ဆုံးဆက်သွယ်လာနိုင်တယ်။အမြဲကြိုဆိုမှာဖြစ်ပါတယ်" ဟု ဒေါနတပ်ရင်း တပ်ခွဲ(၇)/ LPFတာဝန်ရှိသူအမျိုးသမီးတစ်ဦးကဆက်ပြောပြသည်။

အဆိုပါပြည်သူ့ရင်ခွင်ခိုလှုံလာသူ(၆)ဦးကိုဒေါနတပ်ရင်းလွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာနဲ့ပို့ဆောင်ပေးထားပြီး ၎င်းတို့ဖြစ်ချင်သော ဆန္ဒများအတိုင်းဖြည့်ဆည်းပေးမှာဖြစ်ကြောင်း ဒေါနတပ်ရင်းတာဝန်ရှိသူကရှင်းပြသည်။

Dawei information center
Dawei information center - 2

Dawei information center

18 Nov, 09:14


ရှင်မုတ္ထီးရွာမှာ ပြည်သူ(၂)ဦး စစ်တပ်၏ လ-က်နက်ကြီး ထိမှန်6.သဆုံးခဲ့ပြီး ကျန်(၄)ဦးမှာအပြင်းထန်ဒ.ဏ်ရာရရှိ

ထားဝယ် ၊ နိုဝင်ဘာလ ၁၈ ရက်နေ့

ထားဝယ်မြို့နယ်၊ရှင်မုတ္ထီးရွာထဲကရွေ့ပြောင်းလုပ်သမားအများစုနေထိုင်ရာအတွင်းထဲကို ပြီးခဲ့တဲ့ညကစစ်တပ်၏
လ-က်နက်ကြီးများကျရောက်ပေါက်ကွဲ၍ပြည်သူအများအပြား ထိခိုက် 6.သဆုံးခဲ့သည်။

နိုဝင်ဘာ(၁၆)ရက်၊ည(၈)နာရီခန့်မှာရွှေဂူဂိတ်စခန်းငယ်မှ
စကစတပ်သားများ ပ-စ်ခတ်ခဲ့သော လ-က်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မချစ်မိုးဆွေ အသက်(၁၉)နှစ်ဆိုသူမှာဆုံးပါးသွားခဲ့ရကြောင်း ဒေသခံများကဆိုသည်။

"အဲဒီနေ့က လ-က်နက်ကြီးအသံတွေဆက်တိုက်ဆိုသလို
ပဲ့ပ-စ်နေတာ။ညဦးပိုင်းမှာတော့နှစ်ဖက်ပ.စ်နေကြတယ်။ညည့်နက်ပိုင်းမှာတော့စစ်တပ်ဖက်ကပဲ့ပ.စ်တယ်၊စစ်တပ်ကထုချလိုက်တဲ့ လ-က်န*က်ကြီးပဲ့ ရှင်မုတ္ထီးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီးနောက်ပြည်သူတွေထိခိုက်6.သဆုံးခဲ့ရတာဖြစ်ပါတယ်"ဟုရွာခံတစ်ဦးမှDICသို့ပြောပြသည်။

ထိုပေါက်ကွဲမှုမှာ မချစ်မိုးဆွေ အပါဝင်အမျိုးသမီး(၁)ဦးထပ်မံ6.သဆုံးခဲ့၍ကျန်(၄)ဦးမှာထားဝယ်ဆေးရုံကြီးတွင်အရေးပေါ်ဆေးကုသမှုခံယူနေရပြီး လ.က်နက်ကြီးထိမှန် ထိခိုက်6.သဆုံးသူတို့မှာ မြန်မာပြည်အထက်ပိုင်းမှဖြစ်၍ ၎င်းရွာ၌ကြုံရာအလုပ်လုပ်သူတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဂူစစ်တပ်ဂိတ်သည်ထားဝယ်-သရက်ချောင်းကားလမ်းမကြီးပေါ်မှာတည်ရှိပြီး ယခုလထဲမှာ (၄)ကြိမ်ထက်မနည်းတို-က်ခိုက်ခံထားရ၍ ပြီးခဲ့သောနိုဝင်ဘာလ (၁၄)ရက်ကလည်း ထားဝယ်ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကနေစစ်သားများလ-က်နက်ကြီးပ.စ်ခတ်မှုများကြောင့် ရှမ်းမတွင်းရွာက လူနေအိမ်(၃)လုံးထိမှန်ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိကြောင်း ဒေသခံများကရှင်းပြသည်။

#ဓာတ်ပုံ / ဆုံးပါးသူ မချစ်မိုးဆွေ

Dawei information center
Dawei information center - 2

Dawei information center

17 Nov, 13:40


လောင်းလုံးမြို့ပေါ်က ရဲစခန်း တို-က်ခိုက်မှုတွင် စစ်သား(၃)ဦးခန့်ထိ 6.သဆုံးဟု ထားဝယ်UGထုတ်ပြန်

ထားဝယ် ၊ နိုဝင်ဘာလ ၁၇ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးမြို့မရဲစခန်းအတွင်းရှိ စကစနဲ့ရဲတပ်သားများ ပြီးခဲ့သော(၄)ရက်က တို-က်ခို*က်ခံရပြီး ပြည်သူတစ်ဦးကို စစ်တပ်က 6.သနတ်နဲ့ပ.စ်ခတ်ခဲ့သည်။

နိုဝင်ဘာ(၁၃)ရက် ၊နံနက်(၈)နာရီမှာ ၎င်းမြို့မ ရဲစခန်းထဲကိုထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei)
(ပ.လ.ဖ)မှမြို့ပြစစ်ဆင်ရေးအနေနဲ့ လ-က်နက်ကြီး၊ငယ်များ အသုံးပြုပ-စ်ခတ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

ထိုနှစ်ဖက်ထိတွေ့မှုမှာ မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့၍ ၎င်းတို့တပ်ဖွဲ့မှပ.စ်ခတ်ခဲ့သော 40MMဗုံးသီး ထိမှန်ပေါက်ကွဲပြီး
စစ်သား(၃)ဦး6.သဆုံးကာ(၅)ဦးမှာဒဏ်ရာများရခဲ့သည်ဟုတပ်တွင်းနီးစပ်သူမှသိရကြောင်း ဖော်ပြထားပါသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ၏လ.က်န.က်ငယ်များပ.စ်ခတ်မှုတို့ကြောင့်အရပ်သားတစ်ဦးဖြစ်သောဦးလှမျိုး
အသက်(၅၀)ဝန်းကျင်ဆိုသူတွင်ခြေထောက်ကျည်ထိမှန်ကာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

Dawei information center
Dawei information center - 2

Dawei information center

15 Nov, 05:43


လောင်းလုံး LLPDFက ကျဆုံးရဲဘော်များအတွက် တပ်ဖွဲ့ဝင်များမှ (၁)နှစ်ပြည့် ဆွမ်းကပ်အလှူပြုလုပ်ပေးခဲ့ဟုဆို

ထားဝယ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(LLPDF)မှ အာဇာနည်သူရဲကောင်း ရဲဘော်ဂျက် ၊ ဒိုးလုံး၊ရမ်ဘို၊Fire နဲ့နွေဦးတော်လှန်ရေးကာလ(၄)နှစ်တာ အတွင်းကျဆုံးခဲ့ရသည့်လောင်းလုံး(ပကဖ)မှ အာဇာနည်သူရဲကောင်း ရဲဘော်၂၀ဦးအပါအဝင် ဒီမိုကရေစီတို*က်ပွဲအတွင်းမှာ ကျဆုံးခဲ့ရသော သူရဲကောင်းအပေါင်းတို့အား ရည်စူး၍ ယခုလနိုဝင်ဘာ(၁၁)ရက်ကသံဃာတော်အရှင်မြတ်တို့ကို (၁)နှစ်ပြည့် ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု ကပ်လှူကာ တရားတော်နာယူ ကုသိုလ်ပြုအမျှတမ်းပေးဝေခဲ့ကြောင်း
လောင်းလုံး(ပကဖ)LLPDFမှ ယနေ့ ထုတ်ပြန်ထားသည်။

#ဓာတ်ပုံ = လောင်းလုံး(ပကဖ)LLPDF

Dawei information center
Dawei information center - 2

Dawei information center

15 Nov, 04:00


လောင်းလုံးအောက်ပိုင်းမှာ စစ်ကြောင်းထိုးပြီးပြန်လာနားသော စကစများ ဗုံးကြဲခံရ၍ စစ်သား(၃)ဦးခန့် 6*သဆုံး

ထားဝယ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကျောက်နီမော်ရွာအောက်ပိုင်းကရွာများကို စကစတပ်သားစစ်ကြောင်းထိုးပြီးနောက် ၎င်းတို့စခန်းချနေရာ(စီမံကိန်းဟောင်း)သို့ ပြန် လာနားနေစဥ် နွေဦးပြောက်ကျားတပ်အဖွဲ့ ရဲဘော်များမှ ယခုလနိုဝင်ဘာ(၁၁)ရက်၊ညနေ(၄)နာရီဝန်းကျင်ခန့်တွင်ဒရုန်းနဲ့ဗုံးကြဲခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ တို-က်ခိုက်မှုအတွင်းမှာစစ်သား(၃)ထက်မနည်း ထိခိုက်6*သဆုံးခဲ့၍ နွေဦးပြောက်ကျားတပ်ဖွဲ့ရဲဘော်များမှာထိ*ခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

#ရုပ်သံ = နွေဦးပြောက်ကျားတပ်ဖွဲ့

Dawei information center
Dawei information center - 2

Dawei information center

13 Nov, 09:10


ကော့သောင်း(ပကဖ)မှ စစ်တပ်စစ်ကြောင်းကို (၁)လေးလုံးနေ့မှာ မိုင်းဆွဲတို*က်ခိုက်ခဲ့၍ စစ်သား(၆)ဦး6*သဆုံး

ထားဝယ် ၊ နိုဝင်ဘာလ ၁၃ ရက်နေ့

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊အောင်ချမ်းသာရွာအနီးသို့ပြီးခဲ့သော(၂)ရက်ခန့်ကဝင်ရောက်လာခဲ့သော စစ်တပ်စစ်ကြောင်းကို မြို့နယ်(ပကဖ)မှ မိုင်းဆွဲခဲ့သည်။

နိုဝင်ဘာ(၁၁)ရက်၊မွန်းလွဲ(၁၂)နာရီခန့်တွင် ခမောက်ကြီးတပ်နယ်မှ မာရမ်းရွာဘက်သို့ဦးတည်၍ ခြေလျင်ဝင်လာသော စကစတပ်သားများကို၎င်းရွာအနီးအနားမှာ မိုင်းဆွဲတို*က်ခိုက်ခဲ့ကြောင်း မြို့နယ်(ပကဖ)ကထုတ်ပြန်သည်။

ထိုမင်ရှင်ကို (၁)လေးလုံး စစ်ဆင်ရေးဟုအမည်ပေးထားပြီး တို*က်ခိုက်မှုအတွင်းမှာ စစ်သား(၆)ဦး 6*သဆုံးကာ (၁၀)ဦးကျော်ထိ*ခိုက်ဒ*ဏ်ရာရ၍ကားဖြင့် ခမောင်းကြီးဘက်သို့ထိခိုက်ကျဆုံးသူတို့ကို ၎င်းနေ့၌ပင် စစ်တပ်ဖက်မှကားများနဲ့သယ်ယူသွားခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါ ကော့သောင်းမြို့နယ်အတွင်း၌ စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံပြည်သူများ အနေဖြင့် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်များအား အထူးဂရုပြုလိုက်နာပြီး စစ်ရေးအသိ/သတိအမြဲရှိကြရန် ပကဖမှထပ်မံအသိပေးထားပါသည်။

ပုံဟောင်း
Dawei information center
Dawei information center - 2

Dawei information center

10 Nov, 14:58


ထားဝယ် DDTတပ်ဖွဲ့က မောင်းပြန်(၁၀)လက်ရရှိနိုင်ရေးအတွက် ကံစမ်းမဲများရောင်းချနေဟုဆို

ထားဝယ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့

ထားဝယ်ခရိုင်အတွင်းမှာ စစ်ဆင်ရေးများ ဖော်ဆောင်နေသော ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့-(DDT)မှာ
မောင်းပြန်(၁၀)လက်ရရှိရေးအတွက်  ယခုလ(၁)ရက်နေ့မှစ၍ "ကိုယ့်ထားဝယ်၊ကိုယ့်ကံကြမ္မာဖန်တီးဖို့ မဲတွေဝယ်ရင်းကူကြစို့"ရန်ပုံငွေရရှိရေး ကံစမ်းမဲများကို ပြည်တွင်း၊ပြည်ပ၌ မြေပြင်ရဲဘော်များနှင့် ထောက်ပို့ဖွဲ့တို့မှ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၎င်းဖွဲ့ပြန်ကြားရေးမှဆိုသည်။

"ကံစမ်းမဲရောင်းချနေကြတာအခုဆို(၁၀)ရက်ရှိပါပြီဗျာ။
ပြည်တွင်း၊ပြည်ပက လူတိုင်းအခက်ခဲဖြစ်နေကြလို့မဲတွေရောင်းချရတာ သိပ်ဆင်မပြေဘူးဗျာ။ကျွန်တော်တို့ကလဲပြည်သူတွေကိုအရမ်းအားနာတယ်။မဲကတော့(၁)လပိုင်း၊ (၁၆)ရက်နေ့၌ဖွင့်လှစ်မှာဖြစ်တယ်"ဟု၎င်းမှ ပြောသည်။

အဆိုပါ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDTသည်
၂၀၂၁ခုနစ်၊ဧပြီလ(၂၀)ရက်တွင် ထားဝယ်ဒေသအတွင်းစတင်ဖွဲ့စည်းခဲ့သော လ-က်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ပြည်တွင်း၊ပြည်ပအလှူရှင်များ၏ ပံ့ပိုးမှုတို့ကြောင့်စစ်ကောင်စီတပ်ကို(၄)နှစ်နီးပါးကြာ ယနေ့ချိန်ထိတော်လှန်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

#ရန်ပုံငွေရရှိရေးကံစမ်းမဲများကို / Dawei Defense Team-DDT Pageတွင်ဝယ်ယူနိုင်သည်။👇👇👇
https://www.facebook.com/DaweiDefenseTeam?mibextid=ZbWKwL

Dawei information center
Dawei information center - 2

Dawei information center

10 Nov, 04:27


ထားဝယ် ဥသြစစ်ကြောင်းမှ ရဲဘော် မြဒင် ၉၆ပါးရောဂါဖြင့် ကွယ်လွန်ဟုဆို

ထားဝယ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့

ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဥသြစစ်ကြောင်း၌ တာဝန်ထမ်းဆောင်နေသော ရဲဘော်တစ်ဦး ၉၆ပါးရောဂါနဲ့ ယခုအပတ်ထဲမှာ ကွယ်လွန်သွားခဲ့သည်။

နိုဝင်ဘာ(၃)ရက်က ရဲဘော် မြဒင် ကိုယ်ပိုင်အမှတ်(TDO ပ-၀၁၀၀၀၂)သည် ၎င်းတွင် ခံစားနေရသော ရောဂါဖြင့်
ဥသြစစ်ကြောင်းတပ်ခွဲ(၂)မှာ တာဝန်ထမ်းဆောင်နေရင်းကွယ်လွန်သွားခဲ့ကြောင်း ဥသြရဲဘော်တစ်ဦးကဆိုသည်။

"သူကိုကြည့်လိုက်ရင်လူကောင်းလို့ပါဘဲ့ဗျာ။မဆုံးခင်နေ့ကတောင် ကျွန်တော့တို့နဲ့ ဆုံကြပါသေးတယ်။အခုလိုမျိုးရုတ်တရက် ဆုံးမယ်လို့မထင်ထားဘူး။လူကအလတ်ကြီးရှိသေးတာကို။သူမှာက ရင်ကတည်းက ရောဂါခံရှိတယ်။
အခုလိုရဲဘော်ကောင်းတွေ တစ်ဦးပြီးတစ်ဦး ဆုံးသွားကြတာ အရမ်းနှမျောဖို့ကောင်းတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ ရဲဘော် မြဒင် ၏စျာပနကို နည်းကျဥ်းပြုလုပ်ပြီး
လုံခြုံရေးရ အမည်မဖော်လိုတဲ့ ဆုံးပါးသူ၏ ရွာသုဿာန်တစ်ခုမှာသဂြိုလ်ပေးခဲ့ကြောင်း ၎င်းကထပ်ရှင်းပြသည်။

Dawei information center
Dawei information center - 2

Dawei information center

09 Nov, 14:23


လောင်းလုံးက မောင်းမကန်ရွာရဲစခန်းကို PDFများ ဒရုန်းနဲ့ဗုံးကြဲတို-က်ခိုက်ခဲ့ပြီး စစ်သား(၃)ဦးခန့် 6.သဆုံးဟုဆို

ထားဝယ် ၊ နိုဝင်ဘာလ ၉ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်အတွင်းရှိမောင်းမကန်ရွာရဲစခန်းကို ပြီးခဲ့သော(၄)ရက်ခန့်က PDFပူးပေါင်းဖွဲ့တို့မှဒရုန်းနဲ့(၃)ကြိမ်ဗုံးကြဲတို-က်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ(၅)ရက်၊ မွန်းလွဲပိုင်းတွင် ရဲစခန်းအတွင်းမှာတပ်အင်အားစုနေသော စကစ/ရဲတပ်သားများကို TPLFဒရုန်းအဖွဲ့နှင့်TPLFချေမှုန်းရေးအဖွဲ့၊ထားဝယ်ခရိုင်တပ်ရင်း-၁၊
Sky Ghost Drone Force၊ရေဖြူပကဖ(တပ်ခွဲ၂)၊နဂါးနီ ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းပြီး Fixed Wings ဖြင့် (၃)ကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း TPLFက ထုတ်ပြန်ပါသည်။

ထို စစ်ဆင်ရေးတွင် စစ်သား(၃)ဦး6.သဆုံးပြီး(၆)ဦးခန့်
လည်းထိ-ခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းမောင်းမကန်ရွာရဲစခန်း တို-က်ခိုက်ခံရပြီးနောက်မှာ
စစ်ကောင်စီတပ် အင်အားအလုံးရင်းအသုံးပြု၍ ပန်းတင်အင်း၊သပြေ၊ညောင်ပင်ဆိပ်၊မူးဒူးရွာများကို (၃)ရက်ကြာ
စစ်ကြောင်းထိုးနေပြီး ဒေသခံတချို့ကိုလည်းလူသားဒိုင်းဖြစ်ဖမ်းဆီးထားကြောင်း မူးဒူးရွာခံတစ်ဦးကပြောသည်။

"စစ်တပ်စစ်ကြောင်းက(၃) /(၄)ကြောင်းခွဲထားပါတယ်။
ပြည်သူတွေကိုလဲဖမ်းထားပြီး လည်ပင်းကိုဓား နဲ့လှီးတာတွေဝါးလုံးနဲ့ရိုက်တာတွေ လုပ်တာလို့သိရတယ်။ဒီတစ်ခါဝင်လာတဲ့စစ်ကြောင်းက အရင်ကထက်ပိုဆိုးလို့ရွာခံတွေကြောက်ပြီးပြေးနေရတယ်"ဟု၎င်းရွာခံက ပြောပြသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် နဘုလယ်ရွာမှရေနက်ဆိပ်ကမ်းရဲစခန်းအနီးအနားရှိတောတောင်များကို
ရက်တော်ကြာနယ်မြေရှင်းလင်းရေးများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းတပ်တွင်းဖရဲသီးမှဒေသခံတို့ကိုကြိုတင်အသိပေးလာထားပါကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

#ဓာတ်ပုံ / TPLF

Dawei information center
Dawei information center - 2

Dawei information center

06 Nov, 10:14


ထားဝယ်-သရက်ချောင်းလမ်းပိုင်းမှာစစ်ကား(၂)စီးမိုင်းခွဲခံရပြီး စစ်သား(၃)ဦး ထက်မနည်း (6.သဆုံး)နိုင်ဟုဆို

ထားဝယ် ၊ နိုဝင်ဘာလ ၆ ရက်နေ့

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊သရက်နှစ်ခွရွာနှင့်
သင်းကျွန်းရွာကြား၌ ယနေ့နံနက်က စစ်ကား(၂)စီးမိုင်းခွဲခံရ၍ ပြည်သူ(၁)ဦးကို စစ်တပ်မှ6.သနတ်နဲ့ပ-စ်ခဲ့သည်။

နိုဝင်ဘာ(၆)ရက်၊ နံနက်(၉)နာရီ၊(၄၁)မိနစ်ခန့်မှာ သရက်ချောင်းဘက်မှ ထားဝယ်ဘက်သို့မောင်းနှင်လာသော မြေတင်ကား(၂)စီးကို၎င်းရွာကြား၌မိုင်း(၄)လုံးခွဲတို-က်ခိုက်ခဲ့ကြောင်း မင်ရှင်ပါဝင်သည့် ရဲဘော်တစ်ဦးက ဆိုသည်။

"ဒီနေ့ထားဝယ်ဘက်ကို စစ်သားတွေ မြေတင်ကား(၂)စီးနဲ့ တက်မယ်လို့ သတင်းကြိုရထားပါတယ်။ ကျွန်တော်တို့ရဲဘော်တွေ၈လက်မပိုက်နဲ့ပြုလုပ်ထားတဲ့မိုင်းကြီး(၄)လုံးထောင်၍ဒီကား(၂)စီးကိုဖောက်ခွဲခဲ့တာပါ။ကားတစ်စီးကိုတော့ အချက်ကောင်းထိမှန်ပြီး ခဏထိုးရပ်သွားခဲ့တယ်။
မိုင်းခွဲမှုမှာ စစ်သား(၃)ကောင်ဂန့်သွားပြီလို့ကြားရတယ်။ဒီထက်မကလဲ6.သဆုံးမှုရှိနိုင်တယ်"ဟု၎င်းမှပြောသည်။

ယင်းဖြစ်စဥ်ပြီးနောက် မြေတင်ကားပေါ်ရှိစကစတပ်သားများသည် လ-က်နက်ငယ်များဖြင့်ရမ်းသမ်းပ-စ်ခတ်ပြီးထားဝယ်ဘက်သို့ ကားမောင်းပြေးစဥ်မှာ ၎င်းလမ်းပိုင်း၌ ထန်းရည်ဆိုင်ဖွင့်ထားသည့် မဝေ အသက်(၄၀)နှစ်ရွယ် ဆိုသူတွင် စစ်တပ်ဘက်က ပ,စ်ခတ်လိုက်သည့် ကျည်ဆံ ပေါင်သလုံးတွင်ထိမှန်ဒ-ဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒ.ဏ်ရာရရှိသော မဝေ ဆိုသူကိုထားဝယ်ဆေးရုံကြီးသို့ အမြန်ပို့ဆောင်လိုက်ရပြီး ဆေးကုသမှုပေးနေရကြောင်း ကာကွယ်ရေးတပ်နှင့်ဒေသခံများမှရှင်းပြသည်။

#ပုံဟောင်း

Dawei Information Center
Dawei information Center - 2

Dawei information center

06 Nov, 03:46


ကော့သောင်းမြိို့နယ်(ပကဖ))မှ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအမျိုးသမီး(၁)ဦးကို ရှ-င်းလ-င်းခဲ့ကြောင်း ထုတ်ပြန်

ထားဝယ် ၊ နိုဝင်ဘာလ ၆ ရက်နေ့

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊အမှတ်(၄)ရပ်ကွက်၊
စစ်တပ်က ခန့်အပ်ထားသော ဖောင်ဆိပ် အုပ်ချုပ်ရေးမှူးဖွဲ့ဝင်(၁)ဦး ပြီးခဲ့သော(၂)ရက်က ရှ-င်းလ-င်းခံရသည်။

နိုဝင်ဘာ(၄)ရက်၊ညနေ(၅)နာရီခွဲခန့်မှာ အသက်(၅၂)နှစ်အရွယ် ဒေါ်ဝင်းဌေး ဆိုသူအားကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ရဲဘော်တို့​မှနေအိမ်အတွင်းပ.စ်ခတ်ရှ.င်းလင်းခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်သည်။

ထို ဒေါ်ဝင်းဌေး သည် စစ်တပ်စစ်ယန္တာရားလည်ပတ်ရေးအတွက်ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်ပြီး ရပ်တန့်ကရပ်ပေးရန် ကော့သောင်းမြို့နယ်(ပကဖ)မှ
သ-တိပေး တား.မြစ်ခဲ့သော်လည်းလိုက်နာခြင်းမရှိသောကြောင့်ရှ-င်းလင်းရခြင်းဟု ၎င်းဖွဲ့မှ ရေးသားထားသည်။

အဆိုပါ မြို့နယ်အတွင်းမှာ ကျန်ရှိနေသော စစ်ကောင်စီ ထောက်တိုင်သူလျှိုများ/အုပ်ချုပ်ရေးမှူးများအနေနဲ့ပြည်သူနဲ့အတူပူးပေါင်း၍ပြည်သူ့ရင်ခွင်ခိုလှုံကြရန်တိုက်တွန်း နှိုးဆော်ထားပြီး ပြည်သူဘက်မရပ်တည်သောသူများကို လု​ထုံလုပ်နည်းအတိုင်း အရှိန်ဟုန်မြင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကော့သောင်း(ပကဖ)မှဖော်ပြထားပါသည်။

#ပုံ/ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Dawei information center
Dawei information center - 2

Dawei information center

04 Nov, 14:24


တနင်္သာရီမှာ စကစတပ်သားများနှင့်ယာဥ်တန်း (၂)ကြိမ်
မိုင်းဆွဲခံရ၍ စစ်သား(၆)ဦးထက်မနည်း(6.သဆုံး)ဟုဆို

ထားဝယ် ၊ နိုဝင်ဘာလ ၄ ရက်နေ့

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်း၌ လမ်းကင်းယူထားသော စစ်သားများနှင့်ရိက္ခာပို့ယာဥ်တန်းကို (ပကဖ)ဖွဲ့ဝင်များမှ ပြီးခဲ့သော(၂)ရက်က မိုင်းဆွဲတို-က်ခို-က်ခဲ့သည်။

နိုဝင်ဘာ (၂)ရက်၊မွန်းလွဲ(၂)နာရီခွဲကျော်မှာ ဘန်းလမွတ်ရွာလမ်းဆုံအနားတွင် ဇဝဲရွာအခြေစိုက် ၅၅၆-တပ်ရင်းမှ စကစတပ်သားများ လမ်းကင်းထွက်ယူနေသည့်အချိန်မှာတနင်္သာရီ(ပကဖ)ဇုန်(၅)မှ မိုင်းဆွဲ တို-က်ခို-က်ခဲ့ရာတွင်စစ်သား(၄)ဦးခန့်6.သဆုံးကြောင်း ၎င်းဖွဲ့ဝင်ကဆိုသည်။

ထိုနေ့၌ပင် မြိတ်ဘက်မှတနင်္သာရီမြို့နယ်ဖက်သို့ဦးတည်မောင်းနှင်လာသော စကစရိက္ခာပို့ကား(၄)စီးကို ရမ်းဖိုရွာနှင့်ချောင်းညီကိုရွာကြားတွင် တနင်္သာရီ ပကဖ ဇုန်(၃)နှင့် ပူပေါင်းတပ်အဖွဲ့တို့မှ ညနေ(၃)နာရီခွဲခန့်မှာ ထပ်မံမိုင်းဆွဲ
ခဲ့ရာ စစ်သား(၂)ဦးကျော် 6.သဆုံးခဲ့ကြောင်း သိရသည်။

'ရန်သူဖက်ကထိခိုက်6.သဆုံးများတယ်။မနေ့ကထိစုံစမ်းရသလောက် ၆ကောင် ပွဲချင်းပြီးတယ်။၈ကောင်လောက်
ကဒဏ်ရာစိုးရိမ်ရ၍ ညက၁ကောင်6.သပြီလို့စုံစမ်းသိရှိရပေမဲ့ တည်ပြုရန်လိုနေပါတယ်။မနက်ကတော့ ဘန်းပြည့်ရွာနှင့်ကိုးအင်းရွာကိုစစ်တပ်ဖက်ကလေယာဥ်နဲ့ဗုံးလာကြဲသွားပါတယ်။ရွာခံ တချို့ဒဏ်ရာရပေမဲ့ သိပ်မစိုးရိမ်ရလို့တော်ပါသေးတယ်။ သူတို့နိုင်တာဆိုလို့ လေကြောင်းပဲ့ရှိတာကိုဗျာ။ဘယ်နေ့ထပ်လာကြဲမလဲတော့မသိဘူး။အချိန်တိုင်းလေယာဥ်အသံပဲ့ နားထောင်နေရတယ်"ဟု၎င်းဖွဲ့ဝင်ကပြောသည်။

အဆိုပါတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(ပကဖ)
မှဇုန်(၆)နယ်မြေအတွင်းရှိ ဇုန်တာဝန်ခံ၊ဒုတာဝန်ခံများကိုပြန်လည်ရွေးချယ်ခြင်း၊ရဲဘော်စာရင်းများအားပြုစုခြင်း၊ကိုယ်ပိုင်နံပါတ်များအတွက်အချက်အလက်တို့​ပြုစုခြင်း၊ဘက်တံဆိပ်များကို တပ်ဆင်ပေးခြင်း၊တပ်ခွဲ၊တပ်စု၊တပ်စိတ်များအားစနစ်တကျပြန်လည်မွမ်းမံဖွဲ့စည်းခြင်းတို့ကို
အောက်တိုဘာလ(၃၁)ရက်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း တနင်္သာရီမြို့နယ်(ပကဖ)အဖွဲ့က ထုတ်ပြန်ထားပါသည်။

#ရုပ်သံ = တနင်္သာရီမြို့နယ်(ပကဖ)

Dawei information Center
Dawei information center

Dawei information center

18 Oct, 02:49


ဒေါနတပ်ရင်း တပ်ခွဲ(၇)/ LPF ရဲဘော်များဖြတ်ကျော်ခဲ့ရသော အခြေခံစစ်သင်တန်းအပတ်စဥ်(၂) ပုံရိပ်များ

ထားဝယ် ၊ အောက်တိုဘာလ ၁၈ ရက်နေ့

တောင်ပိုင်းတိုင်းစစ်ဒေသ ၊ ဗျူဟာ(၃၃)အခြေပြု ဒေါနတပ်ရင်း တပ်ခွဲ(၇) / Launglone Peninsula Force - L P F ရဲဘော်များ၏ အခြေခံအပတ်စဥ်(၂)စစ်သင်တန်းတက်ရောက်စဥ်က စစ်ရေးလေ့ကျင့်မှုပုံရိပ်များကို LPF Facebookလူမှုကွန်ယက်၌ တင်ဆက်ပြသထားပါသည်။

#video = LPF
Dawei Information Center
Dawei information Center - 2

ရုပ်/သံ ကို DIC Page မှာဝင်ကြည့်ပါ👇👇👇
https://www.facebook.com/share/v/t8Z5r9YsmJkqzCYa/?mibextid=oFDknk

Dawei information center

07 Aug, 12:58


ထားဝယ်-ပုလောလမ်းပိုင်းမှာ တို-က်ပွဲ(၆)ကြိမ်ဖြစ်ပွားပြီး KNUရဲဘော်(၁)ဦးကျ-ဆုံးခဲ့ရကာ (၂)ဦးဒ.ဏ်ရာရရှိ
၍ ၊ စစ်သား(၄၃)ဦးခန့်ကိုလည်း (ဇိန်ဝေချွေ)နိုင်ခဲ့ဟုဆို

ဆင်ထိုးရွာသား(၃)ဦးကို စစ်တပ်က (ပ-စ်၊သ-တ်)


ထားဝယ် ၊ သြဂုတ်လ ၇ ရက်နေ့

ထားဝယ်-ပုလောလမ်းပိုင်းရှိ ဆင်ထိုးကြီးရွာတွင်KNLA/PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယခုအပတ်ထဲမှာ နှစ်ဖက် တို-က်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။

သြဂုတ်(၁)ရက်မှ(၆)ရက်ထိ၎င်းရွာအနားကိုစစ်ကောင်စီတပ်သား(၁၅၀)မှ(၁၇၀)ကြား ကုန်းလမ်း/ရေလမ်းကနေစစ်ကြောင်းထိုးနေပြီး KNLA/PDFပူးပေါင်းတပ်များမှခုခံတို-က်ခိုက်ခဲ့ကြောင်း ကစယ်ဒိုအဖွဲ့ဝင်တစ်ဦးမှဆိုသည်။

ထို စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA/PDFပူးပေါင်းတပ်များမှ ကြားဖြတ်တို-က်ခိုက်ခြင်း(၆)ကြိမ်၊ဒရုန်းဖြင့်ဗုံး-ကြဲခြင်း(၁၄)ကြိမ် ထိလုပ်ဆောင်ခဲ့ပြီး ၎င်းထိ.တွေ့မှုများအတွင်းမှာစကစဗျူဟာမှူး(၁)ဦးခြေထောက်ပြ.တ်၍
နောက်လိုက်တပ်သား(၄၃)ဦးကို ဇိန်ဝေချွေ နိုင်ခဲ့ကြောင်း KNLAတာဝန်ရှိသူမှ DIC သို့ထပ်မံတည်ပြုပြောဆိုသည်။

ယင်းတို-က်ပွဲ(၆)ကြိမ်တွင်KNLAတပ်မဟာ(၄)/တပ်ရင်း
(၁၂)ကစယ်ဒိုတပ်ခွဲ(၃)ရဲဘော်(၁)ဦးအသ.က်ပေးလှူခဲ့ရပြီး (၁)ဦးဒ.ဏ်ရာရရှိကာ KNLA တပ်မဟာ(၆)/တပ်ရင်း
(၂၇)မှရဲဘော်(၁)ဦး ထပ်မံဒ.ဏ်ရာရ၍ ဆင်ထိုးကြီးရွာခံအမျိုးသား(၃)ဦးကို စစ်တပ်မှ (ပ-စ်၊ သ-တ်)ခဲ့ကြောင်း
စုံစမ်းသိရှိရသည်။

"စစ်တပ်က စစ်ကြောင်းထိုးနေတာ အခုဆိုတစ်ပတ်ရှိပြီ။
သူတို့ရှေ့တိုးလာရင်းကျွန်တော်တို့ကတို-က်တယ်။ရန်သူတွေဘက်က ထိနာများရင် ခနပြန်ဆုတ်ပြီးပြန်တိုးတယ်။
ပင်လယ်ပြင်မှာလဲ သင်္ဘောတွေ ဆင်သင့်ထိုးထားတယ်။
မနေ့ကတို-က်ပွဲအပြီးမှာစစ်သားတွေကိုခိုလှုံခွင့်ပေးထား
တဲ့ ထောက်တိုင် ကုမ္ပဏီနဲ့ဥယျာဥ်ခြံကိုကျွန်တော်တို့မီးရှို့ရှ-င်းလင်းခဲ့ပါတယ်"ဟုကစယ်ဒိုတပ်ခွဲ(၃) တာဝန်ရှိသူမှထပ်ရှ-င်းပြသည်။

အဆိုပါ တို-က်ခိုက်မှုများကို KNLAတပ်မဟာ၄ တပ်ရင်း ၁၂ /ကစယ်ဒိုတပ်ခွဲ ၃ ၊ KNLAတပ်မဟာ၆ တပ်ရင်း၂၇ / ဂဋ္ဌုန်မင်းပြောက်ကျားဖွဲ့ ၊ ကျားရိုင်းတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့မှစစ်ရေးပူးတွဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#ဓာတ်ပုံ / ကစယ်ဒိုတပ်ခွဲ(၃)

Dawei information center
Dawei information center - 2

Dawei information center

28 Jul, 09:34


ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်သားများကို PDFများတို-က်ခိုက်ခဲ့၍ လ-က်နက်များရရှိဟုထုတ်ပြန်

ထားဝယ် ၊ ဇူလိုင်လ ၂၈ ရက်နေ့

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် နှင့် လောင်းလုံးမြို့နယ်အတွင်းရှိ စကစတပ်သားများ ယခုအပတ်ထဲမှာ တော်လှန်ရေးတပ်များ၏ အလစ်တို-က်ခိုက်မှုခံရသည်။

ဇူလိုင်လ(၂၅)ရက်၊ညနေ(၅)နာရီခန့်တွင် သရက်ချောင်းဘက်မှ ထားဝယ်သို့ ပြန်တက်မည့် စကစကား(၁)စီးအား တော်လှန်ရေးတပ်ဖွဲ့များမှ ရန်တောင်ရွာအနီးမှာစောင့်ကြိုတို-က်ခိုက်ခဲ့ကြောင်း ပါဝင်သူရဲဘော်တစ်ဦးမှ ဆိုသည်။

"ကားပေါ်မှာ ပျူနှင့်ရဲ စုစုပေါင်း(၃)ဦးလိုက်ပါလာတယ်။
ရဲမှာ မျက်လုံးအနားထိပြီး ကျန်ပျူနှစ်(၂)ဦးမှာဒ.ဏ်ရာရသွားပါတယ်။သူတို့ပြေးသွားပြီး ကျန်ခဲ့တဲ့ကားပေါ်မှာဝင်စစ်တာ ယူနီဖောင်းနဲ့ကျည်ဆံတွေ ကျည်ဆံသွားပို့ရမဲ့စခနေရာ စာရွက်တွေသိမ်းယူခဲ့တယ်"ဟု၎င်းက ပြောသည်။

ထိုတို-က်ခိုက်မှုကိုဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ(၁)မှ
သရက်ချောင်းပြောက်ကျားတပ်ဖွဲ့ ၊ KawThooLeiArmy
-KTLAတို့မှပူးတွဲလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး
ဇူလိုင်(၂၀)ရက်၊မွန်းလွဲ(၁)နာရီခန့်ကလည်း သရက်နှစ်ခွရွာရှိစစ်ဆေးရေးဂိတ်ကိုသရက်ချောင်းပြောက်ကျားတပ်ဖွဲ့မှ 79 ဖြင့်သွားရောက်ပ-စ်ခ-တ်တို-က်ခိုက်ခဲ့ပါသည်။

ယင်း လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ တာဝါတိုင်စခန်းကုန်းမှ ရွာထဲသို့ဆင်းသည့် စစ်သား(၂)ဦးကိုလည်း
ဇူလိုင်လ(၂၆)ရက်၊ နံနက်(၉)နာရီခွဲခန့်မှာ ထားဝယ်ခရိုင်
တပ်ရင်း(၁) နှင့် လောင်းလုံး(ပကဖ)တို့အတူပူးပေါင်းပြီး စောင့်ကြိုတို-က်ခို-က်ခဲ့ရာတွင် စစ်သား(၂)ဦးပွဲချင်းပြီး
ဆုံးပါး၍၎င်းတို့၏ လ-က်နက်များကိုသိမ်းဆည်းရမိခဲ့ပါကြောင်း လောင်းလုံး(ပကဖ)မှ ထပ်မံ ထုတ်ပြန်ပါသည်။

အဆိုပါထားဝယ်ခရိုင်အတွင်းမှာနှစ်ဖက်စစ်ဆင်ရေးများအရှိန်မြင့်လာသဖြင့် ဒေသခံမိဘပြည်သူများ နဲ့ ခရီးသွား
ပြည်သူများအနေနဲ့ စစ်ရေးသတိအမြဲရှိရန် / ညပိုင်းတွင်
ခရီးသွားလာခြင်းမပြုကြပါရန်တော်လှန်ရေးတပ်ဖွဲ့များမှ
အကြိမ်ကြိမ်အသိပေးတို-က်တွန်းနှိုးဆော်ထားပါသည်။

#video = သရက်ချောင်းမြို့နယ်၊ရန်တောင်ရွာအနီးတွင် ဖော်ဆောင်ခဲ့သော မင်ရှင် ရုပ်/သံ ဖြစ်ပါသည်။

Dawei Information Center
Dawei information center - 2

#ဒေါင်းညီနောင်စစ်ကြောင်း #သရက်ချောင်းပြောက်ကျားတပ်ဖွဲ့ #KTLA #T1 #LLPDF

Dawei information center

22 Jul, 13:21


ရေးဘီလူးဖွဲ့ကို မပန်ဆယ်လိုမှလ.က်နက်(၃)လက်လှူပေး

ထားဝယ် ၊ ဇူလိုင်လ ၂၂ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများဖော်ဆောင်နေသည့် ရေးဘီလူးဖွဲ့အထံသို့ ပြည်ပရောက် မပန်ဆယ်လို The Key မှ ငွေကျပ်သိန်း(၅၀၀)တန်ဖိုးရှိသည့်
M4အမျိုးအစား လ-က်နက်(၃)လက် ထောက်ပံ့ပေးမှုကိုကျေးဇူးတင်ကြောင်း ရေးဘီလူးမှ ယနေ့ထုတ်ပြန်သည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei Information Center
Dawei information center - 2

Dawei information center

20 Jul, 15:17


ညောင်ဇင်ရွာမှာ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး
စစ်တပ်၏ လ-က်န-က်ကြီးထိမှန်(​ေ-သဆုံး)ခဲ့ရဟုဆို

ထားဝယ် ၊ ဇူလိုင်လ ၂၀ ရက်နေ့

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ညောင်ဇင်ရွာထဲကို
ယနေ့မွန်းလွဲပိုင်းမှာ စစ်တပ်၏လ-က်န.က်ကြီးပ-စ်ခ.တ်မှုကြောင့် အသက်​ကြီးပိုင်း တစ်ဦး ​ေ-သ.ဆုံးခဲ့ရသည်။

ဇူလိုင်(၂၀)ရက်၊မွန်းလွဲ(၂)နာရီခွဲခန့်၌ရွှေဂူတံတားဂိတ်မှ
စကစတပ်သားများသည်၎င်းရွာထဲသို့လ.က်နက်ကြီးများပ-စ်ခ-တ်ခဲ့သဖြင့် လယ်ထဲတွင် နွားသွားယူနေသော ဦးမျိုးလွင် အသက်(၆၀)ဝန်းကျင်ခန့်ဆိုသူလ-က်န.က်ကြီး
ထိမှန်၍ အူပွင့်ဆုံးပါးခဲ့ရကြောင်း ရွာခံတစ်ဦးမှဆိုသည်။

"မနေ့ကရန်တောင်စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာစစ်သားတွေ ကင်းပုန်းလာဝပ်တယ်။ ဒီနေ့ မနက်ကျတော့စစ်သားတွေ ညောင်ဇင်ဖက်ကိုလာတယ်။မနက်ပိုင်းတော့အေးဆေးပါပဲ့။မွန်းလွဲပိုင်းကျမှလ-က်နက်ကြီးသံကြားရတယ်။ရွာမြောက်ပိုင်းကအိမ်တွေကိုလဲဝင်စစ်ဆေးတယ်။သူတို့စစ်ကြောင်း ဆော်ခံရမှာစိုးလို့ ဂိတ်က ပ-စ်ကူနေတဲ့
သဘောမျိုးပေါ့။ ဦးမျိုးလွင်ကတော့ ကံဆိုးတဲ့သူဖြစ်ခဲ့ရတာစိတ်မကောင်းဖြစ်မိတယ်"ဟု၎င်းကဆက်ပြောသည်။

ယင်းဖြစ်စဥ်နှင့်တစ်ဆက်တည်းမှာ သရက်ချောင်းဖက်ရှိ
သရက်နှစ်ခွရွာမှစစ်ဆေးဂိတ်ကိုလည်းတော်လှန်ရေးအဖွဲ့များမှလ-က်နက်ကြီးဖြင့်ပ-စ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါစကစစစ်ရေးဂိတ်တို-က်ခို-က်ခံရမှုတွင်စစ်သား
(၄)ဦးခန့်(​ေ-သဆုံး)၍ သရက်ချောင်းမြို့ဖက်မှအိမ်စီးကား နဲ့ အလောင်းများကို တိတ်တဆိတ်လာသယ်ယူသွားခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း DIC မှ တည်ပြုနိုင်ခြင်းမရှိသေး၍ ထပ်မံ စုံစမ်းနေဆဲဖြစ်သည်။

#ဓာတ်ပုံ / ​ေ-သဆုံးသူ ဦးမျိုးလွင်

Dawei information center
Dawei information center - 2

Dawei information center

16 Jul, 13:20


ရေးဘီလူးစခန်းတွင် ဝါဆိုသင်္ကန်းကပ်လှူကုသိုလ်ယူ

ထားဝယ် ၊ ဇူလိုင်လ ၁၆ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းရှိရေးဘီလူးတပ်ဖွဲ့သည် ၎င်းတို့၏ဌာနီစခန်းတွင် ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်းအလှူတစ်ခု ပြုလုပ်ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei information center
Dawei information center - 2

Dawei information center

13 Jul, 12:36


မိုးတွင်းမှာစစ်ရေးလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့သားများ

ထားဝယ် ၊ ဇူလိုင်လ ၁၃ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများဖော်ဆောင်နေသောရေးဘီလူးအဖွဲ့သားများ၏မိုးတွင်းကာလသွားလာလှုပ်ရှားမှုပုံရိပ်တို့ကိုရေးဘီလူး၏လူမှုကွန်ယက်ပေါ်တွင် ယနေ့ အောက်ပါအတိုင်း တင်ပြထားပါသည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei information center
Dawei information center - 2

2,172

subscribers

4,150

photos

125

videos