ပုံပြင်များ @myanmar_story Channel on Telegram

ပုံပြင်များ

@myanmar_story


🍉🤍 Welcome 🍉🤍
No link
No need Adim

စာသားလေးတွေကို Crdအပြည့်ဝပေးပါတယ်ရှင်

ကိုယ်တိုင်ရေးသားထားတဲ့စာသားတွေမလို့
Copyကူးယူတင်ခွင့်မပြပါဘူးရှင့်

အသံနဲ့နားထောင်ချင်ရင်



Owner Dm @Angel21242

ပုံပြင်များ (Burmese)

ပုံပြင်များ ဆိုတာကို မသိပါဘူး။ ဒီကနေ ကိုယ်တိုင်ရေးသားထားတဲ့ စာသားတွေကို မလို့ ဖော်ပြပါတယ်။ သင်တော်တောင်တောင်စာသားတွေကို copy ကူးယူတင်ခွင့်မပြပါဘူးရှင်။ အသံ နဲ့ နားထောင်ကြည့်ချင်ရင် Owner ကို DM @Angel21242 ကို မဆိုပြပါ။ ဒီ ခေါင်းဆောင်အခန်းကို ဖော်ပြရန် ဒီ channel က သိအခန်းများပြုအပ်ပါတယ်။ သင်တွေအတွက် အိမ်မှာ မျှဝေရသင့်ပါဘူးဆိုပါတယ်။ သို့မဟုတ် ဒီအခန်းများသည် ဒီမှာ ရှာနိုင်ပါတယ်။ မဟုတ်ဘူးမသိသလို နော်ဟာတောင်းဆိုသည့် နောက်ဆုံးအခန်းများရှိပါတယ်။

ပုံပြင်များ

19 Nov, 03:57


တစ်ဖက်လူက
ခက်ခက်ခဲခဲတောင်းဆိုနေရတဲ့အချို့
အရာတွေက
တချို့သူတွေတွက္မတောင်းပဲ
လွယ်လွယ်ကူကူရနေတတ်တာမျိုး

ပုံပြင်များ

17 Nov, 01:38


အချစ်ဟာမျက်စိမပါဘူး
ဘာလို့လည်းဆို
အမေ ဟာကျွန်တော်ကို
မျက်နှာမမြင်ခင်ကတည်းက ချစ်ခဲ့တာ။

ပုံပြင်များ

15 Nov, 12:37


ဒီနေ့ညကော အဆင်ပြေရဲ့လား?

ဆေးပေါင်းခတဲ့ ညတဲ့

အခုချိန်ကစပြီးစိတ်ညစ်နေတာတွေဖယ်ထုတ်ပြီး

အစကနေပြန်စကြရအောင်နော်

အလုပ်ပဲဖြစ်ဖြစ် မိသားစုကိစ္စပဲဖြစ်ဖြစ် အချစ်ရေးပဲဖြစ်ဖြစ် ဘယ်အရာတွေဘယ်လိုမှားနေပါစေ အခုချိန်ကစပြီး အဆင်ပြေပြေနေကျရမယ်နော်

သန်မာတယ်မလား?

<><><><><><><><><><><><>

Nov 15ရက် 11လ 2024

15.11.2024

ယနေ့ယချိန်ကစပြီး
နောက်နှစ်ပေါင်းများစွာတိုင်အောင်

စိတ်ချမ်းသာကိုယ်ကျမ်းမာစွာနဲ့နေထိုင်နိုင်ပါစေလို့

အိန်ဂျယ်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

ပုံပြင်များ

14 Nov, 02:53


တကယ်ချစ်တယ်ဆိုရင်လေ

အချစ်ဆိုတာလေ မပိုင်ဆိုင်ရလည်းဖြစ်တယ်
သူပြုံးပျော်ရွှင်နေတာလေးမြင်ရရင်နဲ့စိတ်ချမ်းသာတယ်

ကိုယ်နဲ့နေပြီးသူမပျော်နေရရင်ကိုယ်ကစိတ်မချမ်းသာဘူး

သူအခြားတစ်ယောက်နဲ့ အဆင်ပြေနေရင်ကိုယ်လည်းထပ်တူဝမ်းသာရတယ်

ဒါဟာ ငါသိတဲ့အချစ်ပဲ ။

ပုံပြင်များ

13 Nov, 02:33


ခွဲခြားဆက်ဆံခြင်းတွေ မပြုလုပ်ပါနဲ့

ဆင်းရဲတဲ့သူဖြစ်စေ
ချမ်းသာတဲ့သူဖြစ်စေ အားလုံးဟာ
လူသားတွေပါပဲ။

လူသားတွေ ဖြစ်တဲ့အတွက်
သူတို့ရဲ့ ရင်ထဲမှာ ခံစားတတ်
နာကျင်တတ်တဲ့ စိတ်ခံစားမှုတွေ
ရှိနေတတ်ကြပါတယ်။

ဒါကြောင့် လူသားအချင်းချင်း
ဆင်းရဲချမ်းသာကို ကြည့်ပြီး
ခွဲခြားဆက်ဆံခြင်းတွေ မပြုလုပ်ပါနဲ့

တန်းတူညီမျှ ဆက်ဆံနိုင်အောင် ကြိုးစားပါ။

ပုံပြင်များ

09 Nov, 13:37


ကာမ စိတ် ရှိယုံလောက်နဲ့
ချစ်ခြင်းမေတ္တာပါဆိုပြီး  ရောမချနဲ့ ...။

တဏှာကို အရင် သတ်
ပြီးမှ ချစ်ခြင်းမေတ္တာလို့  ခေါင်းစဉ်တပ် ...။

ပုံပြင်များ

05 Nov, 05:57


မခွဲချင်လည်း ခွဲကြရမယ်

လောကမှာ ဘယ်သူမှ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်ပိုင်ဆိုင်ထား တဲ့ အရာတွေကို မခွဲချင်ကြဘူး။ မထားခဲ့ချင်ကြဘူး။ မခွဲချင်၊ မထား ခဲ့ချင်ပါဘူးလို့ ငိုယိုပြီးတော့ ဆုတောင်းနေလည်း ဆုတောင်းကတော့ ပြည့်လာမှာ မဟုတ်ဘူး။

ဘာကြောင့်လဲဆိုရင် မွေးဖွားပြီးရင် သေဆုံးရတယ်။ ဖြစ်ပြီးရင် ပျက်ရတာက ထုံးစံဖြစ်နေတော့ လောကနိယာမတရားကို ဘယ်သူမှ လွန်ဆန်လို့ မရနိုင်လို့ပါ။

လွန်ဆန်လို့ မရတဲ့ လောကကြီးထဲမှာ နေရတာ ဖြစ်တဲ့အတွက် ကြောင့် အချိန်ကျလာရင် ကိုယ်ချစ်ရတဲ့သူတွေကို မခွဲချင်လည်း ခွဲကြ ရမယ်။ ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို မထားခဲ့ချင်လည်း ထားခဲ့ကြရ မယ်။ ဘယ်သူ့ကိုမှ ခေါ်ဆောင်လို့ မရသနိုင်သလို ဘယ်အရာကိုမှ လည်း ယူဆောင်သွားလို့ မရနိုင်ပါဘူး။

ဒါကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်ပိုင်ဆိုင်ရတဲ့ အရာတွေနဲ့ မခွဲခွာချင်လည်း ခွဲကြရမှာ သိနေပြီဖြစ်တဲ့အတွက်ကြောင့် ဆုံစည်းခွင့် ရတုန်း ကိုယ်ချစ်ရတဲ့သူတွေနဲ့ မခွဲခွာခင်လေးမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် မေတ္တာတရားတွေနဲ့ နေထိုင်ပြီးတော့ ကိုယ်ရဲ့ ပိုင်ဆိုင် မှုတွေကို အများအတွက် အကျိုးကျိုးရှိရှိ အသုံးပြုပြီး သေရင် ကိုယ့် နောက်ပါမယ့် ကုသိုလ်လေးတွေကို များများပြုနိုင်ကြပါစေ...။

ပုံပြင်များ

05 Nov, 04:05


မင်" တင်ပေးထားတဲ့စာအုပ် Filလေးတွေဖတ်ချင်တယ်

ဘယ်လိုဖတ်ရမှန်းလည်းမသိဘူး

ခနခနမေးနေကြတော့ အိန်ဂျယ်က

videoလေးနဲ့သေချာလေးလုပ်ပြလိုက်တယ်နော်

ပုံပြင်များ

01 Nov, 15:33


Good night ပါ
    ပင်ပန်းနေပြီမလား

မိသားစုအဆင်မပြေတာတွေများနေပြီလား
အချစ်ရေးကော် အဆင်မပြေဘူးလား

အရမ်းပင်ပန်းနေရင်အိပ်တော့လေ
ညဘက်မိုးချုပ်တဲ့ထိမနေနဲ့လေ

မငိုရဘူးနော် သန်မာပါတယ်မင်းက
ညဘက်အိပ်ချိန်လေးမှာ ခေါင်းအုံးပေါ်
ခေါင်းလေးချ

ကိုယ်သဘောကျတဲ့အရာလေးတွေနားထောင်ရင်းအိပ်တော့နော်

ဘာမှတွေးမနေနဲ့

အဆင်ပြေသွားမှာပါ🤩

Good night ❤️

ပုံပြင်များ

22 Oct, 01:12


ပန်းများသည်
အရောင်စုံသော်လည်း
ရန်မဖြစ်ကြပေ။

ပုံပြင်များ

21 Oct, 04:53


Relationship ပဲဖြစ်ဖြစ်
Friendship ပဲဖြစ်ဖြစ်

Level မတူရင် ဘယ်ဆက်ဆံရေးမှ
ကြာရှည်မခံဘူးဆိုတာ နောက်နေတာမဟုတ်ဘူးနော်

Brain Level,thinking level နဲ့
Behavior levelတို့ပေါ့

ပညာတတ်တာ မတတ်တာချည်းကိုပဲ ပြောတာမဟုတ်၊

ကိုယ်တွေးသလို သူပြန်တွေးပေးမလား၊
သူပြောလိုက်တဲ့စကား သူရော ပြန်အပြောခံနိုင်လား၊

ကိုယ်ချင်းစာစိတ်နဲ့ သည်းခံစိတ်ကရော
ဘယ်levelရှိမလဲ အဲလိုတွေပေါ့

ပုံပြင်များ

19 Oct, 01:56


မြစ်ကျဥ်းတော့ရေစီးသန်တယ်

အမြင်ကျဥ်းတော့ အငြင်းသန်တယ်

အမြင်ချင်းမတူဘူးဆိုရင်/ မပြိုင်နဲ့ /မရှင်းနဲ့/မငြင်းပါနဲ့

ပြိုင်လေရန်များလေပဲ
ရှင်းလေရှုပ်လေပဲ
ငြင်းလေဆိုးလေပါပဲ

အရူးတစ်ယောက်နဲ့ငြင်းခုန်နေတာဟာ
အရူးနှစ်ယောက် ရှိတယ်လို့သတ်သေပြလိုက်တာပါပဲ


လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ
လင်းနို့အတည့်မြင်အောင် ကိုယ်ကကင်းမြှီးကောက်
ထောင်ပြစရာမလိုပါဘူး

ကိုယ့်သမိုင်းကို ရေးတဲ့နေရာမှာ သူတစ်ပါးချီးမွမ်းတာ
ကဲ့ရဲ့တာကို လိုက်ခံစားမနေပါနဲ့

မှန်ရှေ့ရပ်ကြည့်လို့ကိုယ့်မျက်နှာကို လိပ်ပြာလုံလုံကြည့်ရဲဖို့ပဲလိုတာပါ

ပုံပြင်များ

18 Oct, 01:29


မိန်းခလေးတွေဖတ်ဖို့

မိန်းမဖြစ်ရတာ သနားဖို့သိပ်ကောင်းတယ်

ဖင်မရှိရင်လည်းပြားချပ်နေတာပဲလိုအလှောင်ခံရမယ်

ကိတ်ပြန်တော့လည်းမမြင်ရစေနဲ့ မကောင်းပြောခံရမှာပဲ

ရင်သားမရှိလည်းပြားချပ်နေတာပဲလို့ အလှောင်ခံရမယ်

ရင်သားရှိပြန်တော့လည်း နောက်ကွယ်မှာမိန်းမယုတ်လို့ပြောကျပြန်တယ်

အရပ်ပုတော့လည်းပုလို့ ဒေါက်ဖိနပ်စီးရတယ်

ယောကျာ်း လေးအချို့ထက်အရပ်ရှည်ပြန်တော့လည်းကြည့်မကောင်းပြန်ဘူး.

ပိန်တော့လည်းပိန်လို့ အစားများများစားပါအုံး

ဝတော့လည်းဝလို့ ဝိတ်ချပါအုံး။ဘယ်သူမှဝတာမကြိုက်ဘူးဆိုတာပဲ

တစ်ခါမှရည်းစားမထားတော့လည်း မိန်းကလေးချင်းကြိုက်နေသလိုလို

ရည်းစားတစ်ယောက်ထပ်ပိုထားဖူးပြန်တော့လည်း
ဖ>တဲ့

ဓမ္မတာလာတော့ရွံစရာကြီးတဲ့
မလာပြန်တော့လည်းမရင့်ကျက်သေးလို့တဲ့

Living Together နေဖူးထားတော့ မကောင်းတဲ့မိန်းမတဲ့

မာနထားပြန်တော့ ကြိုက်မဲ့သူမရှိလို့ /ကြောက်လို့တဲ့

Kaked Photo မပေးတော့Blockခံရ
ပေးပြန်တော့လည်းရောင်းစားခံရ/Lineပေါ်တင်ခံရ

ဒါနဲ့များ ယောက်ကျားလေးတွေက
မိန်းကလေးတွေအတွေးများတယ်ထင်ရင်

မျက်လုံးတွေဖွင့်ကြည့်❤️


================
ပါတ်ဝန်းကျင်ကိုဂရုစိုက်နေရင်တော့အဆင်ပြေမှာမဟုတ်ဘူး မိန်းမကောင်းလေးတို့ရေ😊😊

ပုံပြင်များ

17 Oct, 11:31


လက်ကျန်လရောင်
ပုညခင်

ပုံပြင်များ

16 Oct, 15:12


ဒီနှစ် သီတင်းကျွတ် 2024 october လ17ရက်နေ့ကစပြီး နောက်နှစ်ပေါင်းများစွားတိုင်အောင် စိတ်၏ချမ်းသာချင်း ကိုယ်ခန္ဓာကျန်းမာချင်းတွေရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်❤️

ယခုအချိန်မှစ၍စိတ်ဆင်းရဲချင်းကိုယ်ဆင်းရဲချင်းတွေမှကင်းလွတ်ပါစေရှင့်❤️

မြန်မာပြည်ကြီးအမြန်ဆုံး အေးချမ်းပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

ကျရောက်နေသော‌ဘေးဒုက္ခအပေါင်းမှလဲမြန်မြန်ကင်းဝေးကြပါစေ

ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုလည်းအမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

မျက်နှာမြင်ချစ်ခင်ပါစေအသံကြားသနားပါစေဆိုသလိုပေါ့

မိဘတွေကို ကန်တော့ဖို့လည်းမမေ့ကြပါနဲ့နော်

အဝေးရောက်နေရင်တောင်မှVcလေးနဲ့ကန်တော့ကြဖို့မမေ့နဲ့နော်

မိဘ၂ပါး မရျိတော့ရင်တောင်စိတ်တည်းကနေကန်တော့ဖို့မမေ့နဲ့နော်

မိဘ /ဆရာ/ဘိုးဘွား /အဒေါ်/ညိီကိုမောင်နှမတွေကိုလည်း ကန်တော့ရမယ်နော်❤️

ပုံပြင်များ

15 Oct, 03:11


ရေးရတာအားရှိအောင် Recပေးခဲ့ပါအုံးဂှင့်

ပုံပြင်များ

15 Oct, 03:11


P3 End🫁

“နှစ်လုံးထိုးဖို့ မရှိတာ မဟုတ်လား”

“စကားမများနဲ့ နင်တို့ မျိုဖို့ ဆို့ဖို့မရှိလို့ ... သွား ... လမ်းထိပ်မှာ ထမင်းငါးထုပ်နဲ့ ဟင်းသွားဝယ်”

ဦးမြင့်အေးက ဝင်ပြောသည်

“ထမင်းက နင်ချက်တော့ ဘာဖြစ်မှာလဲ ... ခလုတ်နှိပ်ပြီး ချက်ရတာကို”

“အေး ... အဲဒီလို ခလုတ်နှိပ်ဖို့ မီးလာမှဖြစ်မှာ ... တော်ကြာ မီးပျက်တော့မှာ”

“တစ်နေ့လုံး အိပ်နေ ညစာလေးတော့ ထမင်းလေးတစ်လုံး တည်ဖို့တောင် စိတ်မဝင်စားကြဘူး”

“အလို ... ရှင်ကျရော ဘာလုပ်နေလို့လဲ ... တစ်နေကုန် ရုပ်ရှင်ထိုင်ကြည့်နေပြီးတော့”

“ငါ့ဘာသာ ရုပ်ရှင်ကြည့်တာ ဘာဖြစ်လဲ”

“ကျွန်မလည်း အိပ်တာဘာဖြစ်သလဲ”

“ဝုန်း ... ဒိုင်း” ဆူညံ သောသောညံ

ထိုအချိန်တွင် ဦးခင်စိုးအိမ်မှ မိသားစုအားလုံးက ဘုရားစင်ရှေ့ထိုင်ကာ လက်အုပ်လေးတွေချီပြီး ရွတ်ဆိုနေကြ သည်မှာ

“တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ” ဟု ရွတ်ဆိုကာ ဘုရားရှိခိုးသံကို အရပ်ထဲကလည်း တစ်ချိန်တည်း တွင် ကြားနေရသည်။

(အနက် - ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ မှတ်လော့)

***

တင်ညွန့်

#Credit_To_Original_Writer #မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #

နှလုံးသားအဟာရပြည့်ဝဘို့ ရသစာပေဖတ်ကြပါစို့။
မေတ္တာဖြင့်.........


ပုံပြင်များ

13 Oct, 04:41


ရေးရတာအားရှိအောင် Recပေးခဲ့ပါအုံးဂှင့်

ပုံပြင်များ

13 Oct, 04:38


P2

“ဟာ ဒီမနက် ဘာစားသွားရမှာလဲ ... စောစောလည်း ဘာမှ ထမချက်ထားဘူး”

“နင် မျိုဆို့ရအောင် ချက်ဖို့ နင့်အစေခံလား”

“မမ အကြီးဖြစ်ပြီး အကြောကြီးနဲ့ မပြောနဲ့ ... အဖေ ... ဘာမှမရှိဘူးတဲ့ ပိုက်ဆံပေး ... သားဘာသာ လမ်းက ဝယ်စားသွားမယ်”

“ကဲ ... ကဲ ... စကားများမနေကြနဲ့ အားလုံး အတူတူ ထွက်စားကြမယ် ... နင့်အမေကို ခေါ်လိုက်”

သူတို့ မိသားစု ငါးယောက် ၁၁ နာရီကျော်မှ နံနက်စာစားရန် အပြင်ထွက်ကြသည်။

လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းကြော် အသီးသီး မှာစားကြသည်။

“ဘယ်လောက်ကျသလဲဟေ့ ရှင်းမယ်”

စားပွဲထိုးလေးကလာသည်။ တွက်ချက်ပြီး

“အားလုံး သုံးထောင်နှစ်ရာ ကျပါတယ်”

“မိန်းမ မင်းဆီမှာ တစ်ထောင်နှစ်ရာ လောက်ပါလား”

“မပါဘူး”

“ဟေ့ ... ဒီမှာ နှစ်ထောင် ယူထားလိုက် ... တသ်ထောင်နှစ်ရာ ကတော့ နောက်နေ့မှယူ”

“ ဦးမြင့်အေး ... အကြွေးတွေက များနေပြီ”

“ပေးမှာပေါ့ကွာ ... မပေးဘဲ နေလို့လား ... မင်းတို့ဆိုင် နေ့တိုင်း လာပြီးအားပေးနေတာကို”

သားသမီးတွေ ကိုယ်စီ ကိုယ်စီ ထွက်သွားကြသည်။ ဒေါ်မိမိက

“ကံစီလာဦး ... ဒီနေ့ ဘာဂဏန်းကောင်းလဲ”

“ခြောက် တစ်လုံးကတော့ အပိုင်ပဲအစ်မ”

“ခြောက်ရှစ် နဲ့ ရှစ်ခြောက် နှစ်ကွက်ပေးဟာ”

“ဘယ်လောက်ဖိုးယူမှာလဲ အစ်မ”

“တစ်ထောင် ဖိုးစီ”

“အစ်မ အကြွေးမရဘူးနော် ... အစ်မ အရင်ကြွေးက တစ်သိန်းကျော်နေပြီ”
“တိုးတိုးပြောပါ ... ငါ့ယောက်ျား ကြားသွားမယ် ... ပေးမှာပေါ့ ... ဒီနေ့ ပေါက်ရင် နင့်အကြွေး အကုန်ဆပ်မယ် … ငါညက အိပ်မက်ရထားတယ် ... ရော့ ဒီနေ့ လက်ငင်းထိုးတာ”

ထိုအချိန်တွင် ဦးမြင့်အေးက ဘောလုံးလောင်းနေသည်။

သူတို့ လင်မယားပြန်လာသည့် အခါတွင် ဦးခင်စိုးက သူ့ခြံလေးထဲတွင် ပေါက်တူးတစ်လက်နှင့် အလုပ်ရှုပ်နေ သည်။

“ခင်စိုး ဘာတွေ လုပ်နေသလဲ”

“ကြက်သွန်မြိတ်ပင်တွေ မြောင်းပေါင်ဖော်နေတာ”

“မင်းကွာ တစ်ရာ ဖိုးဝယ်ရင် အများကြီးရတာ”

“ဝယ်မစားချင်လို့ပေါ့ကွာ”

“အဖေကြီးကလည်း သွားပြောမနေနဲ့ ... ကပ်စေးတွေကို”

ညနေခင်းတွင် မိသားစုတွေ အားလုံး ပြန်ဆုံကြသည်။

ဦးခင်စိုးအိမ်

“ဖေဖေ ... ဖေဖေစားဖို့ ရွှေပုစွန် နံကထိုင်တစ်ထုပ်ဝယ်လာတယ်”

“ဈေးကြီးပါတယ် သမီးကြီးရယ် နောက်ဝယ်မလာနဲ့”

“ဖေဖေကလည်း အားရှိအောင်တော့ စားရမှာပေါ့”

သမီးအလတ်မက သူ့မိခင်ကို

“မေမေရေ ... မနက်ဖြန်အတွက် လက်ဆွဲအိတ် အလုံး နှစ်ဆယ် အော်ဒါပါတယ်”

“ဟုတ်လား ... သမီး မနက်ကယူသွားတဲ့ ငါးလုံးကုန်သွားပြီလား”

“အဲဒီဆိုင်ကပဲ ယူလိုက်တာမေမေ ... နောက်ထပ် နှစ်ဆယ် ထပ်မှာတာ”

သူတို့မိခင်ကြီးက လက်ဆွဲအိတ်လေးတွေကို ဒီဇိုင်းဆန်းဆန်းလေးတွေ ချုပ်တတ်သည်။ သမီးလတ်က ဈေးထဲတွင် ဆိုင်ကြီးတစ်ဆိုင်၏ အရောင်းဝန်ထမ်းဖြစ်ပြီး သူ့မိခင် အိတ်လေးတွေကို လိုက်စပ်ရောင်းပေး သည်။

“အိတ် နှစ်ဆယ် ဆိုရင် ဒီည ပြီးပါ့မလားမသိဘူး”

“သမီးတို့လည်း ဝိုင်းချုပ်မှာပေါ့မေမေ”

“ကဲ ... ထမင်းစားပြီးရင် အလုပ် လုပ်ကြမယ်”

“ချက်ပြီးပြီလား မေမေ”

“အားလုံးအသင့် ... နင်တို့ အဖေကြီးကို ရေချိုးခိုင်းတော့”

ညထမင်းဝိုင်း ကွန်ဖရင့်တွင် သူတို့မိသားစု လိုအပ်ချက်များ၊ ပြောစရာများကို ပွင့်လင်းစွာ ဆွေးနွေးရင်း ပျော်ရွှင်နေစဉ်

“ခင်စိုးရေ” ဟုခေါ်သံကြားလိုက်သည်။

“ဟ ... မြင့်အေး ... လာ ထမင်းစားရအောင်”

“နေပါကွာ”

“စားပြီးပြီလား ကိုမြင့်အေး”

“ဒီအချိန် ညစာစားဖို့လား အဝေးကြီး”

“ကိုမြင့်အေးတို့ မချက်ရသေးဘူးလား”

“နင်လည်း သိသားနဲ့ တို့အိမ်က နံနက်စာနဲ့ နေ့လယ်စာ ပေါင်းစားတာ”

“ကိုမြင့်အေးရယ် ... နေ့တိုင်းဆိုင်ထွက်စားတာ ပိုမကုန်ဘူးလား”

“ကုန်တာပေါ့ ... ဒီမနက်ဆို သုံးထောင်ကျော်”

“သုံးထောင်ကျော်ဆိုရင် ကျွန်မတို့ အိမ်မှာ နှစ်ရက်ဟင်းချက်စရာဖိုးပဲ”

“နင်ကလည်း သိသားနဲ့ ငါ့မိန်းမက ၁၀ နာရီ ၁၁ နာရီတောင် နှိုးမှထတာ”

ဦးခင်စိုးက လက်ဆေးပြီး

“လာသူငယ်ချင်း အပြင်သွားထိုင်ရအောင်”

ဧည့်ခန်းတွင် သူတို့ ထိုင်ပြီးနောက်

“မြင့်အေး ဘာကိစ္စရှိသလဲပြော”

“ခင်စိုးရေ ... ငါ့ကို ငွေ ငါးသောင်းလောက် ချေးပါကွာ”

“ဘာဖြစ်လို့လဲကွ”

“ဘောပွဲရှုံးထားတာ ပေးရမှာ”

“မရှိပါဘူးကွာ ... မင်းနဲ့ ပင်စင်အတူတူ ယူတာပဲ ... ပင်စင်ငွေလေးနဲ့ ထိုင်စားနေရတာ ဘယ်က ငါးသောင်း ရှိမှာလဲ”

“မင်းက စုမိ ဆောင်းမိ ရှိပါတယ်ကွာ ... ငါ အသုံးပြတ်နေလို့ပါ”

“မရှိပါဘူးကွာ”

“မင်းကွာ သူငယ်ချင်း အချင်းချင်း အကူအညီလာတောင်းတာကို”

“အေးပါကွာ ... မင်းလည်း မိသားစုအတွက် ရပ်တည်နေရတာ ... ငါလည်း မိသားစုအတွက် ရပ်တည်နေရတာ အတူတူပါပဲကွာ ... ငါ့မှာ ရှိလည်း ငါ့မိသားစုအတွက် မနက်ဖြန်ဆိုတာရှိတယ်။ မနက်ဖြန်အတွက် သူတို့မှာ အာမခံချက်လေးတွေရှိအောင် ငါသိမ်းထားပေးရမယ်။ မင်းရော ငါပါ အသက်ကြီးလာပြီကွ။ ခြောက်ဆယ် ကျော်လာပြီ။ ဒီအတိုင်း နေချင်မှ နေရမှာ။ ကျန်းမာချင်မှ ကျန်းမာမှာ။ ကျန်းမာရေးအတွက်လည်း သိမ်းထားရသေးတယ်ကွ”

“အပိုတွေ မပြောပါနဲ့ကွာ ... ချေးမှာလား ... မချေးဘူးလား”

“ငါ့မှာ မရှိပါဘူးကွာ”

ဦးမြင့်အေးက စိတ်ဆိုးကာ ဆင်းသွားသည်။

ဦးမြင့်အေးအိမ်

“အမေရေ ... စက်ဘီး ဘယ်ရောက်သွားလဲ”

“သွားပေါင်ထားတယ်”

“ဟာ ... သားစက်ဘီးကို ဘာဖြစ်လို့ သွားပေါင်ရတာလဲ”

“မရှိလို့ဟေ့ ... မရှိလို့”

P3စောင့်ပေးပါ💋

ပုံပြင်များ

12 Oct, 04:29


#စရိုက်
----------------တင်ညွန့်

အိမ်လေးနှစ်အိမ်က ပုံစံတူ သစ်သားအိမ်လေးတွေဖြစ်သည်။ ခြံလေးတွေကလည်း နှစ်အိမ်ကို ခွဲခြားခတ်ထား သည်။

သူငယ်ချင်းနှစ်ယောက် ဌာနတစ်ခုတည်းတွင် အမှုထမ်းခဲ့ကြသည်။ ခြံကျယ်ကြီးကို စုစပ်ပြီးဝယ်သည်။ နှစ်ခြမ်း အညီအမျှခွဲကာ အိမ်လေးတွေကိုလည်း ပုံစံတူ ဆောက်ပြီး နေထိုင်ကြသည်။

ဦးမြင့်အေး

သားသမီး သုံးယောက်ရှိသည်။ သူ့ဇနီးအပါအဝင် အိမ်တွင် မိသားစု ငါးယောက်ရှိသည်။

ဦးခင်စိုး

သားသမီး ငါးယောက်ရှိသည်။ သူ့ဇနီးအပါအဝင် အိမ်တွင် မိသားစု ခုနှစ်ယောက်ရှိသည်။

နံနက် ငါး နာရီထိုးပြီ။ ဦးခင်စိုးအိမ်တွင် မီးလင်းလာသည်။

“သမီးရေ ... ဖေဖေ လမ်းလျှောက်ထွက်ပြီ”

“ဟုတ်ကဲ့ဖေဖေ”

“ရေလာတုန်းလေး တင်ထားဦးနော်”

“သွားပါဖေဖေ ... သမီး လုပ်လိုက်ပါ့မယ်”

သမီးကြီးက ခြံရှင်းရင်း ရေမော်တာကို ဖွင့်သည်။ သူက ထမင်းအိုးကိုတည်ခဲ့ပြီးပြီ။

“ညီမလေးနုရေ”

“ရှင်မမ”

“ငါးပိအိုးလေး နွှေးထားလိုက်ဦးနော် ... မောင်လေးကို ထတော့လို့ပြော ... စာကျက်ခိုင်းဦး”

“ဟုတ်ကဲ့မမ”

“သီသီ ... မေမေ့ကို ဝိုင်းကူလိုက်ဦး ... မေမေက အိမ်နောက်ဖေးမှာ ချဉ်ပေါင်တွေ စိုက်နေတယ်”

“ဟုတ် မမ”

တစ်အိမ်လုံး ဗြောင်းဆန်အောင် လှုပ်ရှားနေချိန်တွင် ခေါင်းရင်း ဦးမြင့်အေးတို့အိမ်က အိပ်ကောင်းတုန်း ဖြစ်သည်။ မီးက မှောင်နေသည်။

သမီးကြီးက အမှိုက်တွေ မီးရှို့သည်။ မေမေက ဟင်းချက်သည်၊ သားတွေ သမီးတွေအတွက် ထမင်းဘူးတွေ အသင့်ပြင်ပြီးပြီ။

ထိုစဉ် ဦးခင်စိုး ပြန်ရောက်လာသည်။

“သား ... မောင်တိုး ... လာပါဦးကွ ... ဖေဖေ့ဆီက အကြော်အိတ်လာယူပါဦး”

မောင်တိုးက ပြေးသွားပြီး သူ့ဖခင် လက်ထဲမှ အကြော်အိတ်ကို ပြေးဆွဲသည်။
“ဖေဖေ သားကြိုက်တဲ့ ပဲကြော် ပါလား”

“ပါတယ် ... ဘူးသီးကြော် ... ပဲကြော် ... ကြက်သွန်ကြော် အားလုံးပါတယ် ... ဖေဖေ ခြေလက်တွေ ဆေးလိုက်ဦးမယ် ... မေမေ့ကို သွားပေးလိုက်”

ဦးခင်စိုးက ခြေလက်ဆေးသည်။ ထို့နောက် အိမ်ရှေ့တွင် အသင့်ချထားသည့် ပက်လက် ကုလားထိုင်ပေါ် ထိုင်ကာ သတင်းစာဖတ်သည်။

“ဖေဖေ ... နံနက်စာ အသင့်ဖြစ်ပြီ”

“အေး ... အေး ... လာပြီ”

မိသားစု ခုနှစ်ယောက်၏ ကြည်နူးဖွယ်ရာ နံနက်စာဖြစ်သည်။ အားလုံး စားပွဲဝိုင်းကြီးတွင် ဝိုင်းထိုင်ကြသည်။ ဤစားပွဲဝိုင်းသည် နံနက်ပိုင်း မိသားစု၏ ကွန်ဖရင့်စားပွဲဝိုင်းလည်း ဖြစ်သည်။

“ကဲ ... ကိုယ်ကြိုက်တဲ့အကြော် တစ်ယောက်တစ်ခုစီယူကြ”

သူတို့ မိခင် မီးဖိုးချောင်သခင်မကြီးက အမိန့်ပေးလိုက်သည်။

ပန်းကန်ထဲမှ အကြော် တစ်ယောက်တစ်ခု ယူကြသည်။ အလယ်တွင် ငါးပိရည်ပန်းကန်ကြီးက ဝင့်ထည်စွာ ရှိနေသည်။

“ဖေဖေ ... သား ဗလာစာအုပ်ကုန်ပြီ”

“ဖေဖေ့ကို မပြောနဲ့လေ မမဝယ်ပေးမှာပေါ့”

“ဆန်ကုန်တော့မယ်နော် ... ညစာအတွက်ပဲရှိတော့တယ်”

“အေးပါ ညနေ သွားဝယ်ပေးထားမယ်”

“ညစာကို ဘာလေးစားချင်ကြသလဲဟေ့”

“ပဲကုလားဟင်းချက်ပါမေမေ”

“သူ့ချည်းသာလော”

“သားက ဘာစားချင်လို့လဲ”

“ကြက်ရိုးလေးထည့်ရင် ပိုကောင်းပေါ့”

“အေးပါ ... အေးပါ ... သားကြိုက်တဲ့ တောင်ပံထည့်ချက်မယ်”

သူတို့ စားသောက်ပြီးသော် ပန်းကန်ဆေးသူဆေး၊ ထမင်းဝိုင်း သိမ်းသူသိမ်း၊ တံမြက်စည်း လှည်းသူလှည်း၊ ဘာမျှ မခိုင်းဘဲ ကိုယ့်တာဝန်ကိုယ်ယူကာ လုပ်ကြသည်။

နံနက် ၈ နာရီထိုးလောက်ကစပြီး ကြောင်အိမ်ပေါ်တွင် ပြင်ထားသည့် ထမင်းဘူးလေးတွေကို တစ်ယောက် တစ်လုံးဆွဲကာ သားသမီး ငါးယောက်က အိမ်မှ ထွက်ကြသည်။ ကျောင်းသွား၊ အလုပ်သွားကြခြင်းဖြစ်သည်။ ဦးခင်စိုး ပင်စင်စားကြီးကတော့ သတင်းစာဆက်ဖတ်ကာနေသည်။ သူ့ဇနီးကတော့ စက်ချုပ်နေသည်။

နံနက် ဆယ် နာရီထိုးပြီ

“ခင်စိုးရေ”

“ဟေ”

ခေါင်းရင်းအိမ်မှ သူငယ်ချင်း ဦးမြင့်အေးက ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်မှ ဦးမြင့်အေးအိမ်မှ အသံလေးတွေ ကြားလာရသည်။

“ဒီနေ့ ရေမလာဘူးလားကွ”

“လာတယ်လေ ... ရေက ခွန်နှစ်နာရီအထိပဲပေးတာလေ ... ခု ဆယ် နာရီထိုးနေပြီ”

“အေးကွာ ... ရေမဖွင့်လိုက်မိလို့ မင်းရေတင်ထားရင် ငါ့ကို တစ်စည်လောက် မျှပေးပါဦး”

“ယူလေကွာ”

ဦးမြင့်အေးက

“ဇော်ဇော်ရေ ... ဟိုဘက်ခြံမှာ ရေသွားဆွဲ”

“အဖေ့သားက ခုထိ မထသေးဘူး”

“ဟာ ဒီခွေးမသား ... ကန်နှိုးလိုက်”

“သူ့ကိုကန်လို့ရှိရင် ထထိုးမှာပေါ့”

“ထထိုးရင် အဲဒီမအေမျိုး ငါနဲ့တွေ့မယ်”

“ဇော်ဇော် ... အဖေခေါ်နေတယ်”

“ဟာ ညက ဘောလုံးပွဲကိုက်ထားတာ ... အိပ်ချင်ရတဲ့အထဲ ... ဘာလဲ”

“ဟိုဘက်အိမ်မှာ ရေသွားဆွဲ”

“ဝုန်း ... ဒိုင်း ... ဂလုံး ... ဂလွမ်း”

အိမ်ထဲတွင် ဆူညံသံတွေပေါ်လာသည်။

“ဟဲ့ မိမိ ... မိမိ ... ထတော့လေ”

ဦးမြင့်အေးက သူ့မိန်းမကို အော်နှိုးနေသည်။

“အမေက ခေါင်းကိုက်လို့တဲ့”

“ခေါင်းကိုက်ရင် ဆေးသောက်”

ထိုစဉ် အိမ်သာရှေ့မှ သမီးတစ်ယောက်က

“မမ ... မြန်မြန်ထွက်လေ ... ဒီမှာ ဗိုက်နာနေပြီ”

“ဗိုက်နာရင် ... ဟိုဘက်အိမ်ကိုသွား ... ငါ ခုမှဝင်တာ”

“မမက အကျင့်ယုတ်တာ ... သူများဝင်မယ်လုပ်မှ ဝင်တာ ... အကျင့်ယုတ်ကြီး”

“အောင်မှာ နင်ကများ နေဦး ... ငါထွက်လာမှတွေ့မယ်”

“ဟဲ့ ... ဘာဖြစ်နေကြတာလဲ ... စောစောစီးစီး”

စောစောစီးစီးသာဆိုသည် ဆယ်နာရီခွဲပြီ။

နံနက် ဆယ်တစ် နာရီထိုးပြီ

“ထမင်းကြမ်းရှိလား”

“မရှိဘူး ... ညက ပိုတာတွေ လွှင့်ပစ်လိုက်ပြီ”

P2စောင့်ပေးပါရှင့်❤️

ပုံပြင်များ

12 Oct, 02:27


ခေါင်ရမ်းပန်းတို့ပွင့်နေပြီ
သိုးဆောင်း

ပုံပြင်များ

10 Oct, 05:38


စာအုပ်လေးလက်ဆောင်ပေးတာကျေးဇူးပါရှင့်💛💛

စာအုပ်လေးတွေရောက်တဲ့အခါကြ Ficလေးထုတ်ပြီးတင်ပေးပါမယ်ရှင့်

လက်ဆောင်ရရှိထားသောစာအုပ်များ



အကြင်သူသည်
အမှတ်တရ
အဝါရောင်ပန်းပွင့်များ
အဝါရောင်ရပ်ဝန်းငယ်
မုဆိုးမရွာ
paychopath
ခေါင်ရမ်းပန်းတို့ပွင့်နေပြီ

Thank you❤️

ပုံပြင်များ

04 Oct, 16:33


သိုးဆောင်း

လက်ညိုးထိုး၍ပန်းဝေသည်

ပုံပြင်များ

04 Oct, 06:22


ပုံပြင်များ pinned «Filထုတ်ပေးထားသော်စာအုပ်များဖတ်ရန် အကြင်သူသည် သိုးဆောင်း (ဖတ်ရန်နိပ်ပါ) အမှတ်တရ ဂျူး (ဖတ်ရန်နိပ်ပါ) တကယ်ချစ်လို့ရူးခဲ့သည် ပုညခင် (ဖတ်ရန်နိပ်ပါ) ငါကျူးလွန်မိတဲ့ကံတပါးဟာမင်းပဲ (ဖတ်ရန်နိပ်ပါ) လက်ညိုးထိုး၍ပန်းဝေသည် သိုးဆောင်း (ဖတ်ရန်နိပ်ပါ) ခေါင်ရမ်းပန်းတို့ပွင့်နေပြီ…»

ပုံပြင်များ

04 Oct, 06:21


Filထုတ်ပေးထားသော်စာအုပ်များဖတ်ရန်

အကြင်သူသည် သိုးဆောင်း (ဖတ်ရန်နိပ်ပါ)

အမှတ်တရ ဂျူး (ဖတ်ရန်နိပ်ပါ)

တကယ်ချစ်လို့ရူးခဲ့သည် ပုညခင် (ဖတ်ရန်နိပ်ပါ)

ငါကျူးလွန်မိတဲ့ကံတပါးဟာမင်းပဲ (ဖတ်ရန်နိပ်ပါ)

လက်ညိုးထိုး၍ပန်းဝေသည် သိုးဆောင်း (ဖတ်ရန်နိပ်ပါ)

ခေါင်ရမ်းပန်းတို့ပွင့်နေပြီ သိုးဆောင်း (ဖတ်ရန်နိပ်ပါ)

လက်ကျန်လရောင် ပုညခင် (ဖတ်ရန်နိပ်ပါ)

စာအုပ်လေးတွေရှာရလွယ်အောင် Pinထားပေးထားပါမယ်ရှင်

11,766

subscribers

8

photos

1

videos