ပုသိမ်သားလေး @zpmin54 Channel on Telegram

ပုသိမ်သားလေး

@zpmin54


နေ့စဥ်သတင်းများ၊
တပ်မ‌တော်သတင်းများနှင့်
up to date သတင်းများ
အားတင်ဆက်ပေးသွားပါမည်။

ပုသိမ်သားလေး (Burmese)

ပုသိမ်သားလေး သည် zpmin54 အား ဖွင့်ထားသော Telegram channel တစ်ခုဖြစ်ပါသည်။ ဤ channel ကို အနေနဲ့ ပုသိမ်သော အခန်းများ နှင့် ပြည့်စုံကျင်သွားရေး များကို ရယူရန် အတွက် ဖြေဆနေပြီးပြီ။ ဤကြောင့် ပုသိမ်သားလေးသည် အတွေ့အကြုံ ပြောနိုင်သလို ဖြစ်ပြီး ပြည်ပ ဖြေဆန် ပြီးပြီ ။ အိမ်ထောင်ကျရှိပြီး ပုသိမ်သားလေး မြှင့်အောင် လွှတ်တောင် လိုက်ပြီးမြင်နိုင်ပါသည်။

ပုသိမ်သားလေး

23 Nov, 16:08


၃၇၂ တပ်အတွင်းဝင်ရောက်လာသည့် AA သောင်းကျန်းသူများအား ယနေ့နံနက်ပိုင်းက လက်နက်ကြီးများ/ Drone များဖြင့် ချေမှုန်းတိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ AA အဖွဲ့မှ အဆောင်အတွင်း ဆေးခိုးကုနေသည့် လူနာ ၄၀ ကျော်အပါအဝင် ဝင်ရောက်လာသည့် အင်အား ၁၂၀ ကျော်အားလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။
-
KT

ပုသိမ်သားလေး

22 Nov, 15:52


Happy 77th Anniversary!

(22-11-1947) _ (22-11-2024)

https://t.me/zpmin54

ပုသိမ်သားလေး

22 Nov, 11:12


စစ်သားစုဆောင်းရေးတပ်ဖွဲ့နှင့်အမှတ် (၁) တပ်မတော်စစ်သားစုဆောင်းရေးတပ်၏ (၇၇)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနား"

#MyanmarMilitaryPower

ပုသိမ်သားလေး

22 Nov, 07:19


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများဖြင့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ရန် ဆောင်ရွက်ခဲ့သည့်သတင်း
နေပြည်တော်၊ နိုဝင်ဘာလ ၂၂ ရက်

https://t.me/zpmin54

ပုသိမ်သားလေး

21 Nov, 01:21


👉 ပြည်သူ့စစ်မှု့ထမ်း ဥပဒေ 👈

နိုင်ငံတော်မှ တရားဝင် ဥပဒေထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်

အသိပညာ အားနည်းသူ၊ငွေကြေးချို့တဲ့သူ အခြေခံ လူတန်းစားများအပေါ်
မတရားသဖြင့် နှိပ်စက်၍ ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ
စီးပွားဖြစ်လုပ်ကိုင်နေသူများအား
လိပ်မူပါ ဖုန်းနံပါတ်များသို့သက်သေအထောက်အထားနှင့်တကွ တိုင်ကြားနိုင်ပါသည်

https://t.me/zpmin54

ပုသိမ်သားလေး

20 Nov, 12:43


ကုန်စျေးနှုန်းကျချင်လား လွယ်လွယ်လေး

KNU နဲ့ PDF တွေ မြဝတီတစ်ကြော လမ်းပိတ် ဆက်ကြေးကောက်နေတာ ရပ်ခိုင်းလိုက်

AA ကို မြို့သိမ်းနေတာ ရပ် ရခိုင်က ပြန်ထွက်ခိုင်းလိုက်

MNDAA ၊ TNLA ၊ KIA ကို နယ်စပ်ဂိတ်တွေ လုနေတာ ရပ် ကိုယ့်နေရာကိုယ် ပြန်နေခိုင်းလိုက်

စစ်ကိုင်းနဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ဝါးတားဂိတ်နဲ့ ဆက်ကြေးကောက်နေတဲ့ PDF တွေ ဆက်ကြေးကောက်နေတာ ဖျက်ခိုင်းလိုက်

တပ်ကလည်း ရွေးကောက်ပွဲလုပ်ပေးလိုက်

ပြီးရင် လယ်သမားတွေ ကိုယ့်နယ်ကိုယ်ပြန်စိုက်ဖို့ လယ်ကွင်း ဗုံးကျင်းလုပ်ထားတာတွေ ထောင်ထားသူအကုန်လုံးက ရှင်းပေးလိုက်

အဲဒီ Risk Factors တွေ မရှိတဲ့နေ့ ကုန်စျေးနှုန်း ပြန်ကျမယ်။

အဲဒီ Risk Factors တွေနဲ့ ငရဲပန်းကို ရွှေပန်းထင်နေသရွေ့တော့ ကုန်စျေးနှုန်းကျဖို့မပြောနဲ့ မငတ်ရုံတမယ် စားရရင် ကံကောင်း။

အဆိုးထဲက အကောင်းတစ်ခုပြောရရင်တော့ တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေကတော့ ၂၀၂၅ ရွေးကောက်ပွဲဖြစ်မြောက်လို့ ၂၀၂၆ ဧပြီလောက်မှာ အာဏာလွှဲပြီးချိန် တည်ငြိမ်စွာတိုးတက်မှုရလဒ် ထွက်လာလိမ့်မယ်...

စစ်ကိုဆက်ကြိုမယ့်ကောင်တွေကလည်း ငတ်လက်စနဲ့ ငတ်၊ လက်နက်ကိုင်မှန်သမျှ ကြောက်လက်စနဲ့ ဆက်ကြောက်ရပြီး ကိုယ်မွှေးတဲ့မီး ကိုယ့်ပဲ ဆက် လောင်မြိုက်ကြရလိမ့်မယ်။

ပုသိမ်သားလေး

20 Nov, 12:23


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှု နိုင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား(၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည်
https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို
https://drive.google.com/file/d/1E_eZjfaWWc8JjFOOXWnR0Ts_Eibn3O1K/view တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်

https://t.me/zpmin54

ပုသိမ်သားလေး

19 Nov, 06:54


ဖုန်တာရွှင် အဖမ်းခံရတဲ့အကြောင်းအရင်းအမှန်
===================================
Myanmar Now သတင်းဌာနမှာ လာရှိုးကနေပြန်မဆုတ်လို့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းထားကြောင်း သတင်းဖြန့်နေပါတယ်

ဖြစ်စဉ်အမှန်က အမေရိကန် (Drug Enforcement Administration –DEA)က မူးယစ်ရာဇာအလိုရှိပစ်မှတ် တရားခံစာရင်းသွင်းခံထားရတဲ့ ဖုန်တာရွှင်ဟာ NUG ကတဆင့် CIA နဲ့ ချိတ်ဆက်ပြီး မူးယစ်ရာဇာတရားခံစာရင်းကလွတ်အောင် မြန်မာ့နိုင်ငံအတွင်း တရုတ်ဩဇာကို အာခံမယ့် လက်နက်ကိုင်အဖွဲ့အဖြစ် လိုင်းကြောင်ပြီး လှုပ်ရှားလာလို့ တရုတ်က မူးယစ်ကိစ္စနဲ့ဖမ်းဆီးတာလို့ တရုတ်မီဒီယာတွေက ဖော်ပြနေပါတယ်

ကျားဖြန့်ကိုအကြောင်းပြပြီး ဖုန်မျိုးနွယ်ရဲ့ ရန်သူ နစကအစိုးရရဲ့လူ ပယ်စောက်ချိန်ကို ဖမ်းဆီးပြီး လောက်ကိုင်ဒေသကို ဖုန်အဖွဲ့ကိုပေးခဲ့ပေမယ့် ဖုန်အဖွဲ့ကတရုတ်ကို အာခံပြီး CIA cell ထိုင်ဝမ်တရုတ်နဲ့ NUG ကို သွားချိတ်လိုက်တာကို တရုတ်ထောက်လှမ်းရေးက သိသွားပြီး ဖုန်တာရွှင်ကို ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ထင်မြင်ယူဆနေကြပါတယ်။

ထုံးစံအတိုင်း အနောက်အုပ်စုက ဖြစ်စဉ်အမှန်ကို လမ်းကြောင်းလွှဲချင်လို့ သူတို့ရဲ့ ဩဇာခံမီဒီယာတွေကတဆင့် လားရှိုးပြန်မပေးလို့ ဖုန်တာရွှင်အဖမ်းခံရတာဖြစ်တယ်လို့ သတင်းလွှင့်နေကြောင်း တရုတ်-မြန်မာဆက်ဆံရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်လျက်ရှိပါတယ်...

တိုက်ပွဲသတင်းစုံ

ပုသိမ်သားလေး

17 Nov, 14:55


အဆုံးထိသာနားထောင်ကြည့်

ပုသိမ်သားလေး

17 Nov, 10:53


မိုင်းငေါ့ရှိ အကြမ်းဖက် TNLA အဖွဲ့များ ဘိမ်းရှူနေသည့် နေရာကို တပ်မတော်မှ ဗုံးကြဲချေမှုန်း

မှိုင်းဝေ