ထိုသို့ ရောင်းစားရန် စီစဥ်ခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ ဒေါ်ချိုချိုစန်း ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နေ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို တရုတ်နိုင်ငံသို့ ရောင်းစားရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်သဖြင့် တရားခံ ဒေါ်ချိုချိုစန်းအား ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း (ပ) ၇၀/ ၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောင်မြေသာစံခရိုင်တရားရုံးမှ နိုဝင်ဘာ ၅ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်းနှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
https://t.me/kyawwinmaung413