ပြည် သတင်းမှန် @pyaytruenews Channel on Telegram

ပြည် သတင်းမှန်

@pyaytruenews


သတင်းမှန်များကိုသာဖော်ပြသွားမည်။

သတင်များသတင်း (Burmese)

သတင်များတွေကိုသာဖော်ပြသွားရန်ဖြစ်ပါသည်။ ဤခန်းသည် "ပြည် သတင်းမှန်" နာမည်ဖြင့်ဖြစ်ပါသည်။ ဤခန်းသည် pyaytruenews အစားထိုးနှင့် သူတို့၏ အကြောင်းအရာများကို တစ်ခုစီ ပြည့်စနိုင်ရန်ဖြစ်ပါသည်။ ထို့အချက်အလက်ကို စီစစ်သည်။ ဒီခန်းကိုရွေးပြပါ။

ပြည် သတင်းမှန်

03 Dec, 04:47


Dec 3

FB Social Media ပေါ်တွင်
ပေါ်ပေါ်ထင်ထင်
2D 3D ရောင်းနေသော သူများကိုပါ
ဖမ်းဆီးအရေးယူသင့်ကြောင်း
လေးစားစွာဖြင့်
အကြံပြုတင်ပြအပ်ပါသည်။

https://t.me/pyaytruenews

#PyayTrueNews

ပြည် သတင်းမှန်

01 Dec, 09:31


မြေငလျင်သတင်း
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၂၇)မိနစ်၊ (၄၄) စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၉၀) ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ကြံခင်းမြို့၏ အနောက်-အနောက်မြောက်ဘက် (၄) မိုင်ခန့် အကွာ)၊ မြောက် လတ္တီတွဒ် (၁၈.၃၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Ref:  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

https://t.me/pyaytruenews

ပြည် သတင်းမှန်

01 Dec, 09:27


အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊အမှတ်(၁ဝ)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂ဝ၂၄)သင်တန်းဆင်းပွဲ
အခမ်းအနား ကျင်းပပြုလုပ်


မုံရွာ၊ဒီဇင်ဘာ ၁ ရက်

၁။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊အမှတ်(၁၀)တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်း(ကျီကုန်း)ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်း ပွဲအခမ်းအနားအားနိုဝင်ဘာ ၂၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ အမှတ်(၁၀)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မင်းမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တပ်နယ်မှ အရာရှိ/ စစ်သည် /မိသားစု များ တက်ရောက်ခဲ့ကြပါသည်။

၂။ ရှေးဦးစွာ အဆိုပါသင်တန်းဆင်းပွဲအား ခေတ္တကျောင်းအုပ်ကြီးမှ သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းသားများအား စားသောက် ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ ဒေသကွပ်ကဲရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ခေတ္တကျောင်းအုပ်ကြီးတို့မှသင်တန်းသား များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

https://t.me/pyaytruenews

#PyayTrueNews

ပြည် သတင်းမှန်

01 Dec, 09:26


အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊အမှတ်(၁ဝ)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂ဝ၂၄)သင်တန်းဆင်းပွဲ
အခမ်းအနား ကျင်းပပြုလုပ်


မုံရွာ၊ဒီဇင်ဘာ ၁ ရက်

ပြည် သတင်းမှန်

01 Dec, 02:28


လေးစားရပါ​သော
သက်ဆိုင်ရာတာဝန်ရှိလူကြီးများခင်ဗျာ
🙏🙏🙏

အကြမ်းဖက်ရန်သူများသည်
ယခုအခါ ကိုယ့်ဘက်ကသူများသဏ္ဍာန်
အသွင်ယူကာ
နယ်မြေလုံခြုံရေးနှင့်အေးချမ်းကို
လုပ်ဆောင်ခဲ့သော
လက်ရှိလုပ်ဆောင်လျှက်ရှိသော
မိမိတို့ဘက်မှ တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းအချို့ကို
မဟုတ်မမှန် လုပ်ကြံသတင်းများဖြင့်
ထိခိုက်အောင်လုပ်ဆောင်လာကြကြောင်း
တွေ့ရှိလာသဖြင့် သတင်းတိုင်းအား
မယုံကြည်ကြဖို့လိုကြောင်း
လေးစားစွာဖြင့် တင်ပြအပ်ပါသည် ။

🙏🙏🙏

https://t.me/pyaytruenews

#PyayTrueNews

ပြည် သတင်းမှန်

01 Dec, 02:17


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၃၀/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

 
  နံနက်ပိုင်း ၉ နာရီခွဲခန့်က AA သောင်းကျန်းသူများမှ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ကာကင်းများနှင့် အတွင်းနေရာများသို့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အကြိမ် ၂၀ ခန့် ပစ်ကူပေးဗုံးကြဲတိုက်ခိုက်ခြင်းဖြင့်လည်းကောင်း၊ အမြောက်/ဒုံး/ဒရုန်းများဖြင့် လည်းကောင်း အပြင်းအထန်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က မှတ်တမ်းရုံးအနီး ကာကင်းများအား AA သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့ရာ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အမ်းမြိုု့အနောက်ဘက်တွင် သောင်းကျန်းသူတိုက်စစ်နောက်ပိုင်း နေရာများအား ရှင်းလင်းတိုက်ခိုက်ပြီး တိုင်းရုံးသို့စစ်ကူပေးနိုင်ရေးဆောင်ရွက်နေသည့်  တပ်စစ်ကြောင်းများအထဲမှ တစ်ဖွဲ့မှာ ယနေ့နံနက်ပိုင်းက တိုင်းရုံးသို့ ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

(တောင်ကုတ်)

  နံနက်ပိုင်း ၉ နာရီအချိန်ခန့်က စကခ ၅ အနောာက်မြောက်ဘက်ရှိ အထက ၃ နေရာနှင့် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂)နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် နေ့လည် ၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား တိုက်ခိုက်ရေးလေယာဉ်များ/ လက်နက်ကြီး/ drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအချိန်ခန့်တွင်  သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
  မောင်တောဒေသ၌ စစ်ရေးရှုံးနိမ့်မှုများဖြစ်ပေါ်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် ယနေ့၌ အနီးကပ်လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သော်လည်း နံနက် ၁၀ နာရီခွဲအချိန်ခန့်က အဝေးမှနေ၍ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

MinChitOo

ပြည် သတင်းမှန်

30 Nov, 04:09


ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)သင်တန်းသို့တက်ရောက်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများရဲ့ သင်တန်းဆင်းပွဲအခမ်းအနား မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်... နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးမှား သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲမှာ နိုင်ငံ့သားကောင်းရတနာများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြပါတယ်... သင်တန်းဆင်းခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မှာဖြစ်ပါတယ်...

https://t.me/pyaytruenews

8,409

subscribers

16,422

photos

947

videos