“ယနေ့မှ စ၍ တပည့်တော် စိတ်သောကများမှ ကင်းဝေးပါရစေဘုရား”
“တပည့်တော်ကို စောင့်ရှောက်ကြကုန်သော နတ်အပေါင်းတို့လည်း ကျန်းမာချမ်းသာ ကြပါစေဘုရား”
“တပည့်တော် မပျော်ရွှင် မအေးချမ်းခဲ့ရတာ ကြာပြီ ဖြစ်၍ တပည့်တော် အမြန်ဆုံး အေးချမ်းပါရစေဘုရား”
“ယနေ့မှ စ၍ တပည့်တော်သည် သူတော်ကောင်းတရားနဲ့အညီ စိတ်နှလုံးချမ်းမြေ့စွာ နေနိုင်ပါစေဘုရား”
“ကြိုးစားရင် ကြိုးစားသလောက် ပြန်မရခဲ့တာ ကြာပြီမို့ ကြိုးစားမှုတိုင်း အရာထင်ပါရစေဘုရား”
“အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ တပည့်တော်အဖို့ ပန်းတိုင်မရောက်ခင် မလဲကျသွားပါစေနဲ့ဘုရား”
“ တပည့်တော် ပျော်ရွှင်အေးချမ်းရသလို ဤစကြဝဠာတွင် ရှိကြကုန်သော သက်ရှိ သက်မဲ့ သတ္တဝါများအားလုံးလည်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြပါစေ ဘုရား”
#Credit