Voice of Myanmar @vomnews2023 Channel on Telegram

Voice of Myanmar

@vomnews2023


ONLINE MEDIA

Voice of Myanmar (English)

Welcome to the Voice of Myanmar, your go-to source for all the latest news and updates from Myanmar and beyond. Founded in 2023, our Telegram channel, @vomnews2023, is dedicated to providing accurate and timely information to our audience. Who are we? We are a team of dedicated journalists and professionals who are passionate about delivering news that matters. Our goal is to be the voice of the people of Myanmar, sharing stories that are often unheard and bringing attention to important issues that affect our community. What is the Voice of Myanmar? It is an online media platform that covers a wide range of topics, including politics, current events, culture, and more. We strive to provide unbiased and objective reporting, giving our audience a well-rounded view of the world around them. Our channel is not just about news - it's also a platform for discussions and debates. We encourage our followers to engage with us, share their opinions, and be part of the conversation. Whether you're looking for breaking news, in-depth analysis, or thought-provoking articles, the Voice of Myanmar has it all. Join us on @vomnews2023 and stay informed about the latest happenings in Myanmar and beyond. Let your voice be heard through the Voice of Myanmar.

Voice of Myanmar

16 Feb, 07:35


ချောင်းဦးနယ် တိုက်ပွဲမှာ ထိခိုက်သေဆုံးသူများပြား

ဖဖေောျဝါရီ ၊ ၁၆ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြိုနယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကင်မွန်းတော်ကျေးရွာမှာ မနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ချောင်းဦးမြိုခံတွေဆီက သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/18rGq9DuNe/

#VOM #voiceofmyanmar #ချောင်းဦးတိုက်ပွဲ

Voice of Myanmar

16 Feb, 06:44


မူဆယ် ကနေ တရုတ်ဘက် ၇ ရက်ကတ်နဲ့ တိုကင်ယူစရာမလိုပဲ ဖြတ်သန်းခွင့်ပြု

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄
Shy V VOM

မူဆယ် ကနေ တရုတ်ဘက်ကို လတ်တလော ကြိုတင် တုံကင် ယူစရာ မလိုပဲ ၇ ရက် သက်တမ်း ရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် နဲ့ ဘယ်မျဉ်းစောင်း မဆို ဝင်ထွက် ဖြတ်သန်းခွင့်ပြုကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"၇ ရက်သက်တမ်း ကတ်နဲ့ မှတ်ပုံတင်ဘယ် မျဉ်းစောင်း မဆို ဝင်ခွင့် ပြုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျယ်ဂေါင်ထိပဲ ရတယ်။ ရွှေလီတောင်သွားလို့မရဘူး။ ကန့်သတ်ချက်တွေ ရှိတယ်" လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15c4VEb3WV/

Photo: ဒေသခံ

#voiceofmyanmar. #vom #တရုတ်နယ်ပ် #မူဆယ် #ကျယ်ဂေါင်

Voice of Myanmar

16 Feb, 05:53


ကျန်းမာသုခဆေးခန်း ပိတ်သိမ်းရမယ်ဆိုတာမဟုတ်ဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဆေးရုံဘက်ကရှင်းလင်း

ဖေဖော်ဝါရီ ၁၆ -၂၀၂၅
GG (VOM)

ရန်ကုန်မြို့က ပိတ်သိမ်းဖို့သတင်းထွက်ပေါ်ခဲ့တဲ့ဆေးရုံတွေထဲမှာ ကျန်းမာသုခ အထူးကုဆေးခန်းပါဝင်တယ်ဆိုတာ မဟုတ်ကြောင်း လုပ်ငန်းပုံမှန်လည်ပတ်နေတယ်လို့ ဆေးရုံဘက်က ပြန်လည်ရှင်းလင်း ပြောဆိုလာပါတယ်။

ကျန်းမာသုခအထူးကုဆေးခန်းက ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းခွဲတွေထဲကမှ ဆေးခန်းခွဲတခုကိုသာ ပိတ်ထားပြီး ကျန်တဲ့ဆေးခန်းခွဲတွေကို ဖွင့်လှစ်ထားကာလုပ်ငန်းလည်ပတ်နေတယ်လို့ ဆေးရုံပိုင်ရှင်ကဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/19sN5TbwYF/

Photo - ကျမ္မာသုခဆေးခန်း

#voiceofmyanmar #vom #ရန်ကုန် #ကျန်းမာသုခဆေးခန်း #ပိတ်တယ်ဆိုတာမဟုတ်

Voice of Myanmar

16 Feb, 03:28


ဒေလီရှိ ဘူတာရုံတခုမှာ လူအုပ်ပြိုကျမှုကြောင့် ၁၅ ယောက်ထက်မနည်း သေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ-၁၆-၂၀၂၅
ရတီ(VOM)

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ ဘူတာရံတခုမှာ လူအုပ်ပြိုကျမှုကြောင့် ကလေးငယ်သုံးယောက်အပါအဝင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်တွေဟာ ဘာသာရေးပွဲတော်တခုအတါက် နိုင်ငံမြောက်ပိုင်း ပရာယာဂရက်ကို သွားရောက်ဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပြီး သီတင်းခြောက်ပတ်ကြာမြင့်မယ့် အဲဒီပွဲတော်ကို ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ကာ အင်္ဂါမြစ်မှာ လူသန်းနဲ့ချီပြီး ရေချိုးလေ့ရှိကြပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1B4HGztHyS/

Ref:BBC
Photo:HT

#Voiceofmyanmar #VOM #အိန္ဒိယ #ဒေလီ #ဘူတာရုံလူအုပ်ပြိုကျမှု #၁၅ယောက်သေဆုံး

Voice of Myanmar

16 Feb, 03:27


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၁၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၈၂ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၇၀ ကျပ်
ဝယ်ဈေး - ၄၅၅၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၅၉၈ ကျပ်

Voice of Myanmar

16 Feb, 03:03


အခုရက်ပိုင်းအတ္ငင်း စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်ခံရမှုများလာ

ဖဖေောျဝါရီ ၊ ၁၆ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ အခု ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဥ်တွေ များပြားလာတယ်လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုငျးအ၀ိုငျဆီနကေ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေကတော့ တမူးမြို့နယ် ၊ ကလေးမြို့နယ် တောင်ပိုင်း၊ ချောင်းဦးမြို့နယ် ၊ အင်းတော်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကနီမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DH3WV5fgT/

#VOM #voiceofmyanmar #စစ်ကိုင်းတိုင်းလေကြောင်းတိုက်ခိုက်မှု

Voice of Myanmar

16 Feb, 03:03


မော်တင်စွန်းဘုရားပွဲ နှစ်စဉ်ကျင်းပမြဲအတိုင်း ၁၅ ရက်ကြာ ပြုလုပ်မယ်

Ms(VOM)
ဖေဖော်ဝါရီ၁၆၊၂၀၂၅

ဧရာ၀တီတိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် မော်တင်စွန်းဘုရားပွဲတော်ကို မူလကျင်းပမြဲရက်များ အတိုင်းသာ ၁၅ရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ကပြောပါတယ်။

မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၃ ရက်အထိကျင်းပပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ဘုရားပွဲတော်ကျင်းပဖို့ ဘုရားစေတီတော်ရင်ပြင် သန့်ရှင်းစေဖို့ပြင်ဆင်ဆောင်ရွက်တာတွေနဲ့ ဘုရားဖူးတွေရဲ့လုံခြုံရေးပိုင်းတွေအတွက် လုပ်ဆောင်ဖို့ပြုလုပ်နေတယ်လို့ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18Dt5pvthA/

Photo:CJ

#voiceofmyanmar #VOM #မော်တင်စွန်းဘုရားပွဲတော် #၁၅ရက်ကြာကျင်းပဖို့ပြင်ဆင်နေ

Voice of Myanmar

16 Feb, 03:02


This Day in History

Voice of Myanmar

ကျူးဘား တော်လှန်ရေးခေါင်းခေါင်းဆောင် ဖီဒယ်ကက်စထရိုသည် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီး ကျးဘားကို အနောက်ကမ္ဘာခြမ်း၏ ပထမဆုံးသော ကွန်မြူနစ်နိုင်ငံအဖြစ် သွတ်သွင်းခဲ့သည်။

#Voiceofmyanmar #vom #thisdayinhistory #feburary16

Voice of Myanmar

16 Feb, 01:37


တောင်လေးလုံးက အလှူပိန်လေး

ဆူးငှက်

ကျွန်တော့်တွင် သား၂ယောက်ထွန်းကားခဲ့သည်။ အကြီးက ၁၉၈၅ခုဖွား သူရိန်ထွန်းနှင့် အငယ်က ၁၉၈၉ခုနှစ်ဖွား အောင်ပိုင်စိုး တို့ ဖြစ်သည်။ သို့သော် အိမ်နာမည်အနေနှင့် အကြီးကို ဖိုးသား၊ အငယ်ကို ဖိုးခွားဟုပဲ ခေါ်ကြသည်။ အိမ်သို့ရောက်လာသော ဆွေမျိုးတိုင်းက ဖိုးသားနှင့် ဖိုးခွားကို တွေ့တိုင်း ဟ.. ငါ့ကောင်တွေက လူပျိုဖြစ်တော့မှာဟ၊ မောင်ကျော်ဆန်း သားယောက်ျားလေးတွေ မွေးထားတော့ ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီဟေ့ ဟု ပြောကြသည်။ ထိုသို့ ပြောကြသူတွေ များလာတော့ အစက မသိလိုက် မသိဖာသာပေမယ့် နောက်တော့ ထိုစကားသံကို ကြားရမှာ ကြောက်လာတော့သည်။ သားရှင်ပြု ဘုရား ဘုရား.. ကိုယ့်မှာက နေ့ဖို့ညစာ လောက်ငှရုံပဲ ရှိသေးသည်။ အပို မရှိ။ စုဆောင်း ထားတာ လည်း မရှိ။ ကြိုထုတ်လို့ရသည့် လုပ်အားခလေးများနှင့် ခြစ်ချုပ်စုပါမှ ၁သောင်းခွဲ ၂သောင်းလောက် အလွန်ဆုံးပေါ့။ သည်ငွေလေးနှင့် သား၂ယောက်ကို ဘယ်လိုလှူရပါ့။ ထိုအလှူ ကိစ္စ စဉ်းစားမိတိုင်း ပြာသို တပို့တွဲ မန္တေလးဆောင်း မနက်ခင်း နှင်းတောထဲ မှာ ချွေးပြန် နေတော့သည်။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1C38E3JMcG/

ဆူးငှက်

#voiceofmyanmar

Voice of Myanmar

16 Feb, 01:35


ငါးသိုင်းချောင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၆ - ၂၀၂၅
SN (VOM)

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အခြေစိုက် ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းရှိ အမြောက်တပ် (၃၄၄) အနီးမှာ နစကတပ်နဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး AA က နစကရဲ့ အမြောက်တပ် (၃၄၄) ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19xhJRsR8y/

Photo - CJ

#voiceofmyanmar #VOM #ငါးသိုင်းချောင်း #တိုက်ပွဲ

Voice of Myanmar

15 Feb, 14:02


ရွေဘိုနယ် ခရစ်ယာန် ဘုန်းကြီး သတ်ဖြတ်ခံရမှု လူ ၂၀ ကျော် ဖမ်းဆီးစစ်ဆေးနေ

ဖဖေောျဝါရီ ၊ ၁၅ ၊၂၀၂၅
ကျော်ဟိန်း( VOM)

စစ်ကိုင်းတိုင်း ၊ ရွေဘိုမြို့နယ်နဲ့ ၀ကျလကျမွို့နယျ အစပ်က ကံကြီးတော ကျေးရွာမှာ ဓမ္မတာ၀န်တွေကို ထမ်းဆောင်နေတဲ့ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး တပါး မနေ့ကညမှာ သတ်ဖြတ်ခံရတဲ့ကိစ္စ လူ၂၀ ကျော် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က " ဘုန်းတော်ကြီး အသတ်ခံရတဲ့ ဖြစ်စဥ်မှာ လတ်တလော သံသယရှိသူ လူ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေ တယ် " လို့ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1ALuPRvabd/

#voiceofmyanmar #VOM #ရွှေဘိုခရိုင် #ကက်သလစ်ဘုန်းကြီးသတ်ခံရ

Voice of Myanmar

15 Feb, 13:54


သင်္ဃန်းကျွန်းမြို့နယ် မီးလောင်မှု အမျိုးသားတယောက် ပိတ်မိသေဆုံး

ဖေဖော်ဝါရီ ၁၅ - ၂၀၂၅
SS (VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် အခန်းအတွင်း ပိတ်မိ သေဆုံးခဲ့တယ်လို့ အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က သုမင်္ဂလာလမ်းထဲက နှစ်ထပ် လုံးချင်းအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်ဝန်းကျင်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15ni652DFj/

ဓာတ်ပုံ - အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်း

#voiceofmyanmar #VOM #သင်္ဃန်းကျွန်းမြို့နယ် #မီးလောင်မှု #အမျိုးသားတယောက် #ပိတ်မိ #သေဆုံး

Voice of Myanmar

12 Feb, 13:12


ပါလက်စတိုင်း ဒုက္ခသည်အရေး ဂျော်ဒန်ဘုရင်နဲ့ ဒေါ်နယ်ထရန့် သဘောကွဲလွဲ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ပြီး အမေရိကန်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်သွားမှာဖြစ်ကြောင်း ထပ်မံပြောဆိုလိုက်ပါတယ်။

ဂျော်ဒန်အပါအဝင် ဒေသတွင်းနို်ငငံတွေကို ပါလက်စတိုင်းနှစ် ရွှေ့ပြောင်းကြဖို့ ထရန့်က မှတ်ချက်ပြုပြီးနောက်ပိုင်း ဂျော်ဒန်ဘုရင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဂါဇာက ပါလက်စတိုင်းတွေကို လက်မခံဘူးဆိုရင် ဂျော်ဒန်နဲ့ အီဂျစ်တို့ကို အကူအညီတွေ ရပ်ဆိုင်းမယ်လို့လည်း ထရန့်က ခြိမ်းခြောက်ထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15LmTgo6gZ/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #ဂျော်ဒန်ဘုရင် #ပါလက်စတိုင်းဒုက္ခသည်အရေး #ပြန်လည်နေရာချထားရေး #အရှေ့အလယ်ပိုင်း

Voice of Myanmar

12 Feb, 08:12


ထရန့်ရဲ့ အခွန်ကောက်ခံမှုကြောင့် ကိုကာကိုလာအချိုရည် ထုတ်ပိုးမှု ပလတ်စတစ်ဗူးသာ ပိုမိုအသုံးပြုရဖွယ်ရှိနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅
ရတီ(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုကြောင့် အလူမီနီယံဗူးများ စျေးကြီးလာပါက အမေရိကန်မှာ ကိုကာကိုလာအချိုရည်ကို ပလတ်စတစ်ဗူးနဲ့ ပိုမိုထုတ်လုပ်ရောင်းချရဖွယ်ရှိနေတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် James Quincey ကပြောပါတယ်။

ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ အမိန့်ထုတ်လိုက်ပြီးနောက်မှာ အမေရိကန်မှာ စည်းသွတ်ဗူးနဲ့ သောက်သုံးကုန်တွေ စျေးတက်နေပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1XteFpiLfB/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #ကိုကာကိုလာထုတ်ကုန် #ပလတ်စတစ်ဗူးခွံပိုမိုသုံးစွဲရဖွယ်ရှိ #အလူမီနီယံအခွန် #ထရန့်

Voice of Myanmar

12 Feb, 06:22


EV တက္ကစီတွေနဲ့ ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို စတင်ပြေးဆွဲ

ဖေဖော်ဝါရီ ၁၂ - ၂ဝ၂၅
KKO(VOM)

EV တက္ကစီတွေနဲ့ ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို ယခု ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

"မော်လမြိုင်ကို EV တက္ကစီတွေ စရောက်လာပြီ။စင်းလုံးဌားရော၊တယောက်ချင်း၀န်ဆောင်မှုရောရတယ် ပြောတယ်။ရန်ကုန်-မော်လမြိုင်(တယောက်ကိုပရိုမိုးရှင်းဈေး ၂၅ဝဝဝ)လို့ သိရပါတယ်။သူက EV ကုမ္ပဏီနဲ့ ဒီက ယာဉ်ပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အကျိုးတူပြေးဆွဲတဲ့ ခရီးစဥ်လို့ သိရပါတယ်။အခုယာဉ်လိုင်းပြေးဆွဲတဲ့အထိမ်း အမှတ်အနေနဲ့ ခရီးသည်တယောက်ကို ဒစ်စကောင့်ကို ၅ဝ ရာခိုင်နှုန်း ပေးတယ်လို့ ပြောတယ်"လို့ မော်လမြိုင်မြို့ခံတယောက်က VOM ကိုပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15NhxpbrcE/

Photo - CJ

#VOM #voiceofmyanmar #EV #Taxi #ရန်ကုန် #မော်လမြိုင် #ခရီးစဉ်

Voice of Myanmar

12 Feb, 06:21


ဓါးစာခံတွေ စနေ့နေ့မှာ ပြန်မလွှတ်ရင် ဟားမတ်စ်နဲ့သဘောတူညီချက် အဆုံးသတ်ပြီး စစ်ဆင်ရေးပြန်စမယ်လို့ အစ္စရေး ခြိမ်းခြောက်

တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅
မျိုးဆက်(VOM)

ဟားမတ်စ်တို့အနေနဲ့ လာမယ့်စနေနေ့မွန်းတည့်ချိန်မှာ ဓါးစာခံတွေကို ပြန်လွှတ်မပေးရင် အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီး ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြန်လည်စတင်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးဖို့ကို ရွေ့ဆိုင်းကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာပြီးနောက် နေတန်ယာဟုက အခုလိုသတိပေးလိုက်တာဖြစ်ပြီး အစ္စရေးတပ်တွေကို ဂါဇာအတွင်းနဲ့ ဝန်းကျင်မှာ စုဝေးဖို့ အမိန့်ပေးထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/12MM1BXG7zf/

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ဂါဇာ #အပစ်ရပ်ရေးသဘောတူစာချုပ် #ဓါးစာခံလွှတ်ပေးရေး #နေတန်ယာဟုသတိပေး#

Voice of Myanmar

12 Feb, 06:20


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၁၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၉၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၇၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၄၅ ကျပ်
ဝယ်ဈေး - ၄၅၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

Voice of Myanmar

12 Feb, 06:20


မန်းရာပြည့် အလွန် ၆၅နှစ်

ဆူးငှက်

မြန်မာသက္ကရာဇ် အလိုအရ ၁၂၂၁ ခု၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှ ၇ ရက်နေ့အကူးတွင် မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး အလုံးစုံအသုံးခံ ပြီးစီးအောင်မြင်သည်ဟု ဆို၍ ကုန်လွန်ခဲ့သော ၁၃၂၁ ခု(ခရစ်နှစ် ၁၉၅၉ ခု)ခုနှစ် မန္တလေးအနှစ် ၁၀၀ ပြည့်ခဲ့သည်။ "မန်းရာပြည့်"ဟု အလွန်တိကျ ကျစ်လျစ်သော နာမည်ဖြင့် ပွဲကြီးဝှဲချီးကျင်းပခဲ့သည်။ မန်းရာပြည့်၏ အရှိန်အဝါက မည်မျှကြီးမားခဲ့လေသည်မသိ။ ထိုနှစ်က မန္တလေးမှာ မွေးသော ကလေးမှန်သမျှ မောင်ရာပြည့်၊ မရာပြည့်ဟု မှည့်ကြတာများသည်။ "ရာပြည့်"ဟူသော နာမည်ပါရှိသူ အားလုံး ယခုအချိန် ရှိကြလျှင် ၆၅နှစ် ရှိကြပြီ။ လူမဆိုထားဘိ ထိုနှစ်က ဆောက်သော တိုက်တာ အဆောက်အဦများကိုပင် ရာပြည့်ဂေဟာ၊ ရာပြည့်ရိပ်သာ၊ ရာပြည့်တိုက်ဟု အမည်ပေးခဲ့ကြ၏။

ဆောင်းပါးအပြည့်စုံ ဖတ်ရန်- https://www.facebook.com/share/p/1ACppDXWeF/

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #မန်းရာပြည့်ပွဲ

Voice of Myanmar

12 Feb, 06:15


This Day in History

Voice of Myanmar

၁၉၉၇-၂၀၀၀ ခုနှစ်တွင် ယူဂိုဆလားဗီးယားသမ္မတ တာဝန်ယူခဲ့သော Slobodan Milošević ကို စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် နို်ငငံတကာရာဇဝတ်တရားရုံး၌ ရုံးတင်စစ်ဆေးခဲ့ပြီး အမှုမပြီးဆုံးမီ လေးနှစ်အကြာ၌ ကွယ်လွန်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #February12

Voice of Myanmar

11 Feb, 21:02


တောင်ကိုရီးယားမှာ ရှစ်နှစ်အရွယ် မူလတန်းကျောင်းသူကို ဆရာမက ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွား

ဆိုးလ်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅
ရတီ(VOM)

တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းဆရာမတယောက် အသက်ရှစ်နှစ်အရွယ် မူလတန်ကျောင်းသူကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တာကြောင့် တနို်ငငံလုံး အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။

အသက် ၄၀ အရွယ်ဆရာမဟာ ဒေဂျောင်မြို့မှာ ကျောင်းသူကို ဓါးနဲ့ထိုးခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓါးထိုးခံခဲ့ရတဲ့ ကျောင်းသူကလေးငယ်ကို စာသင်ကျောင်း ဒုတိယထပ်မှာ တွေ့ရှိပြီးနောက် ဆေးရုံပို့ရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15hcB68RUq/

Ref:BBC
Photo:News1

#Voiceofmyanmar #VOM #တောင်ကိုရီးယား #စာသင်ကျောင်းတိုက်ခိုက်မှု #ရှစ်နှစ်အရွယ်ကျောင်းသူသေဆုံး

Voice of Myanmar

11 Feb, 21:02


ကလေးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ တိမ်းရှောင်

ဖေဖော်ဝါရီ ၁၁ - ၂၀၂၅
SN (VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ငါးရွာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွဆီက သိရပါတယ်။

ကလေးမြို့နယ်အတွင်းရှိ ရန်ကြီးအောင်၊ ဆည်တော၊ တင်သား၊ ရှားဖိုနဲ့ ကျော်ရွာတို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် အဲဒီ ကျေးရွာတွေက ဒေသခံတွေအပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ မှန်တော၊ ဒိုးနွယ်၊ ကျောက်ဖူး၊ ကုက္ကိုလ်၊ အရှေ့စီး၊ ကြန်သာ စတဲ့ ကျေးရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/14ojztrY1b/

Photo:CJ

#voiceofmyanmar #VOM #ကလေးမြို့ #လေကြောင်းတိုက်ခိုက်မှု# ဒေသခံ #စစ်ဘေးရှောင်

Voice of Myanmar

11 Feb, 06:16


ကရင်နယ်ခြားစောင့်တပ် စောချစ်သူနဲ့ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅
မျိုးဆက်(VOM)

ထိုင်း-မြန်မာ နယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင်တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်း၀ရမ်းထုတ်ဖို့ စီစဉ်နေပါတယ်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေဟာ လူကုန်ကူးမှုဆိုင်ရာ အထောက်အထားတွေကို အစိုးရရှေ့နေထဲ တင်ပြပြီး ဖမ်း၀ရမ်းထုတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းတရားရေးဌာနကရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် Matichon သတင်းဌာနက ဖော်ပြထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန်- https://www.facebook.com/share/p/1SChxfzgjx/

Ref:Matichon
Photo: Matichon

#Voiceofmyanmar #VOM #ကရင်နယ်ခြားစောင့်တပ် #စောချစ်သူ #အွန်လိုင်းငွေလိမ်ဂိုဏ်း #ဖမ်း၀ရမ်းထုတ်

Voice of Myanmar

11 Feb, 06:15


အစ္စရေး ဓါးစာခံတွေပြန်လွှတ်ရေး ရွှေ့ဆိုင်းတယ်လို့ ဟားမတ်စ်ကြေညာ

ဂါဇာစီးတီး၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅
ရတီ(VOM)

လာမယ့် စနေ့နေ့မှာ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ရေးကို ရွေ့ဆိုင်းလိုက်တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပြီး အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လိုပ စွပ်စွဲလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ခြောက်ကြိမ်မြောက်အဖြစ် ဂါဇာမှာ အဖမ်းခံထားရတဲ့ အစ္စရေးဓါးစာခံ သုံးယောက်နဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာလဲလှယ်ဖို့ ကနဦးမှာ စီစဉ်ထားခဲ့တာပါ။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1ABrGuKZ2g/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဂါဇာ #အပစ်အခတ်ရပ်စဲရေး #ဓါးစာခံပြန်လွှတ်ရေးဆိုင်းငံ့ #ဟားမတ်စ် #အစ္စရေး #အရှေ့အလယ်ပိုင်း

Voice of Myanmar

11 Feb, 06:14


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၁၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၄၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၃၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

Voice of Myanmar

11 Feb, 02:36


This Day in History

Voice of Myanmar

အာရပ်နွေဦးတော်လှန်ရေး၏ တစိတ်တပိုင်းဖြစ်သော လူထုအုံကြွမှုအပြီးတွင် အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ နီးပါးကြာ အုပ်ချုပ်ခဲ့သော သမ္မတမူဘာရက်ခ်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #February11

Voice of Myanmar

11 Feb, 02:35


နှမ်းဘတ်ချဉ်၊ ဘုံဆိုင်၊ ရွှေပတ်ရမ်နှင့် စားပွဲရုံ

ဆူးငှက်

ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်း မှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီး ထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ် ဘားခေါ် အရက်ဆိုင်များသို့လည်း ရောက်ဖူးနေသည်။

​ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1GuWVCGZJi/

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက်

Voice of Myanmar

11 Feb, 02:34


VOA နဲ့ RFE သတင်းဌာနတွေ ပိတ်ပစ်ဖို့ အီလွန်မတ်ခ် တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ Voice of America နဲ့ Radio Free Europe သတင်းဌာနတို့ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်ခ်က တောင်းဆိုလိုက်ပါတယ်။

ဥရောပဟာ လက်ရှိမှာ လွတ်လပ်နေပြီဖြစ်တဲ့အတွက် သူတို့ထုတ်လွှင့်တာတွေကို ဘယ်သူမှ နားမထောင်တော့ကြောင်းနဲ့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ထမ်းငွေ တနှစ်ကိုဒေါ်လာ ၁ ဘီလီယံကို မီးရှို့နေတယ်လို့ အီလွန်မတ်ခ်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/15hMmpv6c3/

Ref:MuskX
Photo: Getty Images

#Voiceofmyanmar #VOM #အမေရိကန် #အီလွန်မတ်ခ် #VOA #RFE #ပိတ်သိမ်းရန်တောင်းဆို

Voice of Myanmar

10 Feb, 23:30


ဒေါပုံရဲစခန်းက အချုပ်ခန်းဖောက်ပြီးထွက်ပြေးတဲ့ အချုပ်သားလေးယောက်လုံးပြန်ဖမ်းမိ

ဖေဖော်ဝါရီ ၁၀- ၂၀၂၅
GG (VOM)

ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းက အချုပ်ခန်းဖောက်ဖျက်ပြီးထွက်ပြေးတဲ့ အချုပ်သား လေးယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူ ဆီကသိရပါတယ်။

ထွက်ပြေးသွားတဲ့အချုပ်သားတွေအားလုံးကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လှည်းကူးမြို့၊ထောက်ကြံ့မြို့နယ်နဲ့ ဧရာဝတီတိုင်းဘက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Db1P2EYFz/

Photo - CJ

#voiceofmyanmar #vom #ရန်ကုန် #ဒေါပုံရဲစခန်း #ထွက်ပြေးအချုပ်သားပြန်ဖမ်းမိ

Voice of Myanmar

10 Feb, 23:28


တော်လှန်ရေးဦးတည်ချက်များနှင့် ဆန့်ကျင်သော TNLA ၏ လုပ်ရပ်အား ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ကန့်ကွက်ရှုတ်ချခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်

အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့သည် လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များ ဖြစ်သည်။ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်ဟုလည်း ကိုင်စွဲထား ကြသည်။ ပြည်ထောင်စု၏ အရင်းခံပြဿနာများကို စုပေါင်းဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင် နိုင်ရေးကို ဦးတည်ခဲ့ကြသည်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18juPFniKL/

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ

Voice of Myanmar

10 Feb, 23:28


မဲဆောက်ကို စက်သုံးဆီသွားဝယ်တဲ့ ကားတွေကြောင့် မြဝတီ ကနေ မဲဆောက် အဝင်လမ်း အရင် ၃မိနစ်ကြာရာက ခု နာရီနဲ့ချီကြာလာ

Ms(VOM)
ဖေဖော်ဝါရီ၁၀-၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မော်တော်ယာဉ်နဲ့ဖြတ်သန်းသွားရောက်ရာမှာယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ ချစ်ကြည်ရေး တံတားကိုဖြတ်သန်းချိန် ယခင်၃မိနစ်ခန့်ကနေ ယခုအခါ ၃နာရီခန့်ကြာလာကြောင်း ဒေသခံတွေထံကနေသိရပါတယ်။

မြဝတီမြို့ကို ထိုင်းဘက်မှ စက်သုံးဆီနဲ့လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ မြဝတီဒေသခံတွေက မဲဆောက်မြို့သို့သွားရောက်ကာ စက်သုံးဆီဝယ်ယူခြင်းနဲ့ပြန်လည်ရောင်းချတာတွေကြောင့် နယ်စပ်ဂိတ်ဖြတ်သန်းရာနေရာတွေမှာ ဖေဖော်ဝါရီလ၅ရက်နောက်ပိုင်းမှစပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1A4V8FkVaX/

Photo:CJ

#voiceofmyanmar #VOM #မြဝတီမြို့ #မဲဆောက်မြို့ #နယ်စပ်ဖြတ်သန်းချိန်ကြာ

Voice of Myanmar

06 Feb, 08:55


တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဖေဖော်ဝါရီ-၆-၂၀၂၅
မျိုးဆက်(VOM)

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာတို့ဟာ အွန်လိုင်းလိမ်လည်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒီကနေ့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ဖေဖော်ဝါရီ ၅ ရက်ကနေ ၇ ရက်ထိ တရုတ်နိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်တာဝန်ရယူပြီးနောက် ပထမဆုံးတရုတ်ခရီးစဉ်ဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1FfXy7EAdV/

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #ရှီကျင်းပင် #ထိုင်းဝန်ကြီးချုပ် #ဆွေးနွေးပွဲ #ကျားဖြန့် #ကုန်သွယ်ရေး #လုံခြုံရေး

Voice of Myanmar

06 Feb, 08:54


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့မိသားစုအိမ် မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခံရ

ဒါကာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅
ရတီ(VOM)

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေဟာ ရာထူးကနေ ပြုတ်ကျပြီးနို်ငငံကနေ ထွက်ပြေးသွားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာနီနာရဲ့ မိသားစုအိမ်နဲ့ သူ့ပါတီက အခြားသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီး မီးရှို့ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာစီနာဟာ အိန္ဒိယနိုင်ငံမှ ခိုလှုံနေပြီး လူမှုကွန်ရက်ကတဆင့် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို မိန့်ခွန်းပြောမယ်ဆိုတဲ့ သတင်းကြောင့် မငြိမ်မသက်မှုတွေဖြစ်ပေါ်နေပြီးနောက် ဖျက်ဆီးမှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တာပါ။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1C5usLTsBQ/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဝန်ကြီးချုပ်ဟောင်း #ရှိတ်ဟာစီနာ #မိသားစုနေအိမ်ဖြိုချခံရ #ဆန္ဒ့ပြမှု

Voice of Myanmar

06 Feb, 08:53


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၆၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၇၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

Voice of Myanmar

06 Feb, 08:52


ထာဝရ ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူပါဝင်ကြရန် ကေအိုင်အိုဥက္ကဌ တိုက်တွန်း

ဖေဖော်ဝါရီ ၆၊ ၂၀၂၅
Shy V (VOM)

နောင်လာနောက်သားတွေကို စစ် မဟုတ်ပဲ ထာဝရ ငြိမ်းချမ်းရေး အမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူ ပါဝင်ကြရန် ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကေအိုင်အို/ ကေအိုင်အေ ရဲ့၆၄ နှစ်မြောက် တော်လှန်ရေးနေ့မှာ တိုက်တွန်း ပြောဆိုထားပါတယ်။

စစ်ပွဲ မဟုတ်ပဲ ထာဝရငြိမ်းချမ်းရေးအမွေ အဖြစ် ပြောင်းလဲကာ သားစဉ် မြေးဆက် လက်ဆင့်ကမ်း ပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်း တာမှာ အားလုံး အတူတကွ ပါဝင်ကြဖို့ ကေအိုင်အို/ ကေအိုင်အေ ရဲ့၆၄ နှစ်မြောက် တော်လှန်ရေးနေ့ မိန့်ခန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1KPYZyW2j5/

#Voiceofmyanmar #VOM #ကေအိုင်အို/ကေအိုင်အေ #၆၄ နှစ်ပြည့် #ဗိုလ်ချုပ်ကြီးအင်ဘန်လ #မိန့်ခွန်း

Voice of Myanmar

06 Feb, 03:25


This Day in History

Voice of Myanmar

တူရကီနှင့် ဆီးရီးယားတို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် လူငါးသောင်းကျော် သေဆုံးခဲ့ပြီး တသိန်းနှစ်သောင်း ဒဏ်ရာရရှိခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #February6

Voice of Myanmar

06 Feb, 03:24


အမေရိကန် နုတ်ထွက်မှုကြောင့် WHO ရဲ့ ရန်ပုံတွေ လျှော့ချရဖွယ်ရှိနေ

ဂျီနီဗာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅
ရတီ(VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်နုတ်ထွက်မှုကြောင့် အဖွဲရဲ့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရန်ပုံငွေကို ဒေါ်လာသန်း ၄၀၀ လျှော့ချနို်ငဖွယ်ရှိကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးဆုံးအလှူရှင်ဖြစ်ပြီး ဇန်နဝါရီလမှာ သမ္မတရာထူးရယူခဲ့တဲ့ ဒေါ်နယ်ထရန့်လက်ထက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ဖို့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဖွဲ့ ရန်ပုံငွေနဲ့ အခြားကိစ္စတွေအတွက် အစည်းအဝေးတရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာပြုလုပ်ခဲ့ကြပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/12FfQRLaxAV/

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ကမ္ဘာ့ကျန်းမာရေးအဖွဲ့ #ရန်ပုံငွေလျှော့ချမှု #အမေရိကန်နုတ်ထွက် #ဒေါ်လာသန်း၄၀၀ #ထရန့်

Voice of Myanmar

06 Feb, 03:24


တီးဝိုင်းရှိရာ တကောက်ကောက်

ဆူးငှက်

ကျွန်တော်ငယ်စဉ် အထက်တန်းကျောင်းသားဘဝ ၉တန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ညပိုင်းတွင် တီးဝိုင်းတစ်ဝိုင်း၏ ပွဲစဉ်ကို စုံစမ်း၍ ထိုတီးဝိုင်း ရှိသည့်နေရာသို့ လိုက်လံ ကြည့်ရှုခြင်းကို သတိရမိသည်။ ထို တီးဝိုင်းမှာ မန္တလေးတွင် ထိုစဉ်က နံမည်ကြီးလှသည့် မိုးကေသီတီးဝိုင်း ဖြစ်ပါသည်။

ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထ ကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့် ခေတ်စားလာ သောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာ တီးဝိုင်းကြီး ဖြစ်နေပါသည်။ မိုးကေသီကဲ့သို့ ကျော်ကြား ထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏ လက်ရင်းတပည့် ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူ ဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်း ချမ်းမြေ့ပါစေ သီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။ မိုးကေသီကို တည်ထောင်သူက ဂီတမှူး ဂီတစာဆို ကိုဘိုခင်ဖြစ်ပါသည်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18kqz9hxx6/

ဆူးငှက်

#vom

Voice of Myanmar

05 Feb, 22:07


မြောင်းမြမှာ မိသားစုလိုက် အစာအဆိပ်သင့် ကလေးငယ်သေဆုံး

ဖေဖော်ဝါရီ ၅ - ၂၀၂၅
GG (VOM)

ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊နာနတ်တောင်ရွာမှာ မိသားစုလိုက်အစာအဆိပ်သင့်ပြီး ကလေးငယ် သေဆုံးကာ ကျန်မိသားစုသုံးယောက်က ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းမှာ ငါးပူတင်းဟင်းချက်စားပြီးနောက် ကလေးငယ်နှစ်ယောက်အပါအဝင် မိသားစုလေးယောက်လုံး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာမှာ အချိန်မီဆေးရုံသွားရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1EY3tYt1wP/

Photo - အေးမြဖြူစင်အသင်း

#voiceofmyanmar #vom #ဧရာဝတီတိုင်း #မြောင်းမြ #နာနတ်တောင်ရွာမှာမိသားစုလိုက်အစာအဆိပ်သင့်ပြီးတယောက်သေဆုံး

Voice of Myanmar

05 Feb, 22:07


ဂါဇာကို အမေရိကန်က လက်လွှဲရယူမယ်လို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေကို လက်လွှဲရယူလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်က ဂါဇာကမ်းမြှောင်ကို လက်လွှဲယူမှာဖြစ်ပြီး ဒါကိုဆက်လုပ်သွားမယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ ဒါကို အမေရိကန် ပိုင်ဆို်ငမှာပါလို့ သူကပြောပါတယ်။ ပါလက်စတိုင်းတွေအနေနဲ့ ဂါဇာကနေ တခြားနိုင်ငံတွေကိုလည်း သွားရောက်အခြေချနိုင်တယ်လို့ သူက ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/14nacChWxG/

Ref:CNA
Photo:Reuters

#Voiceofmyanmar #VOM #ဂါဇာ #အမေရိကန် #လက်လွှဲယူရန် #ဒေါ်နယ်ထရန့််

Voice of Myanmar

05 Feb, 22:04


ဗန်းမော်တိုက်ပွဲ နှစ်လကြာမြင့်လာပေမယ့် ဆက်လက်ပြင်းထန်နေ

ဖေဖော်ဝါရီ ၅ - ၂၀၂၅
SN (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးနဲ့ ခြေလျင်တပ်ရင်း (ခလရ - ၂၃၆) ဘက်မှာ စစ်ရေးပြင်းထန်နေကာ နစကတပ်က လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/16281rbeBA/

Photo:CJ

#voiceofmyanmar #VOM #ဗန်းမော် #တိုက်ပွဲ #ဆက်လက် #ပြင်းထန်

Voice of Myanmar

05 Feb, 08:22


ဂရိ ဆန်တိုရီနီကျွန်းမှာ နှစ်ရက်အတွင်း ငလျင်အကြိမ် ၃၀၀ လှုပ်လို့ ဒေသခံအားလုံးနီးပါး ကျွန်းကိုစွန့်ခွာ

အေသင်၊ ဖေဖော်ဝါရီ-၅-၂၀၂၅
ရတီ(VOM)

ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းအနီးတွင် နှစ်ရက်အတွင်း ရာနဲ့ချီတဲ့ငလျင်တွေ လှုပ်ခတ်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ ကျွန်းကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။

လူပေါင်း ၉၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ကျွန်းကို စွန့်ခွာခဲ့ကြပြီး ဒီကနေ့မှာလည်း လေကြောင်း၊ ရေကြောင်းကနေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ စီစဉ်နေကြပါတယ်။ ကျွန်းအနီးမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ငလျင်အကြိမ် ၃၀၀ လှုပ်ခတ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သတင်းပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/12GNweRQFgw/

Ref:BBC
Photo:AP/AFP

#Vocieofmyanmar #VOM #ဂရိ #ဆန်တိုရီနာကျွန်း #ငလျင်လှုပ်ခတ်မှု #ဒေသခံ #ဘေးလွတ်ရာတိမ်းရှောင်

Voice of Myanmar

05 Feb, 08:22


မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့ကို ထိုင်းကဒီနေ့မနက်ကစပြီး မီးဖြတ်

ဖေဖော်ဝါရီ ၅ - ၂၀၂၅
GG (VOM)

ထိုင်း- မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊တာချီလိတ်နဲ့ ဘုရားသုံးဆူမြို့နယ်တွေကို ဖြန့်ဖြူးပေးထားတဲ့ လျှပ်စစ်မီးကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ပိုင်းကစပြီး ထိုင်းဘက်က မီးဖြတ်တောက်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

ထိုင်းဘက်ကနေ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာဆိုရင် ထိုင်းလျှပ်စစ်မီးရယူထားတဲ့ ပြည်သူ့ဆေးရုံမှာလည်း ဒုက္ခရောက်သွားသလို မြဝတီမြို့အတွက် အောက်ဆီဂျင် အဓိကထုတ်လုပ်ပြီး ကူညီပေးနေတဲ့ အောက်ဆီဂျင်စက်ရုံလည်း လည်ပတ်မှုရပ်သွားတာကြောင့် ပြည်သူတွေထိခိုက်နစ်နာမှုဖြစိရတယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=pfbid02VJH7P4L2wE1BdiGZxkd7DwNZ7wMUdQcWuujx77hzHhSG787iUdaFGPaw9fpeFTkCl&id=100069036769684&mibextid=Nif5oz

Photo - Thai PBS

#voiceofmyanmar #vom #ထိုင်းလျှပ်စစ်မီး #မြဝတီ #ဘုရားသုံးဆူ #တာချီလိတ် #မီးစတင်ဖြတ် #ဆေးရုံဒုက္ခရောက် #အောက်ဆီဂျင်စက်ရုံရပ်ဆိုင်း

Voice of Myanmar

04 Feb, 13:34


ရန်ကုန်မြို့မှာတော့ လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုထားပါတယ် ။

ယနေ့ ရန်ကုန်မြို့လယ်မြင်ကွင်းများ

#ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

Voice of Myanmar

04 Feb, 13:33


ကမ္ဘာကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဂြိုဟ်သိမ်တခုကို ပညာရှင်တွေ စောင့်ကြည့်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)

ကုလသမဂ္ဂရဲ့ ဂြိုဟ်ကာကွယ်ရေးအဖွဲ့အစည်းတွေဟာ ကမ္ဘာမြေကို ကျရောက်ဝင်တိုက်နိုင်တဲ့ အန္တရာယ်ရှိနေတဲ့ ဂြိုဟ်သိမ်တခုကို စောင့်ကြေည့်နေကြပါတယ်။

ဥရောပ အာကာသအေဂျင်စီကတော့ အဲဒီဂြိုဟ်သိမ်ဟာ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ကမ္ဘာမြေအနီးကနေ ၉၉ ရာခိုင်နှုန်း ဘေးကင်းစွာနဲ့ ဖြတ်သန်းနိုင်ခြေရှိတယ်လို့ ဆိုထားပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုတွေကိုတော့ အလုံးစုံ မသိနိုင်သေးကြောင်း ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=937598981884652&id=100069036769684&mibextid=Nif5oz

Ref:BBC
Photo:NASA

#Voiceofmyanmar #VOM #ဂြိုဟ်သိမ် #ကမ္ဘာအနီးဖြတ်သန်းမှု #ဝင်တိုက်နိုင်ခြေ #စောင့်ကြည့်လေ့လာနေ

Voice of Myanmar

04 Feb, 13:33


တရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသားတွေ ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံရတာ ပိုများလာ

ဖေဖော်ဝါရီ ၄၊ ၂၀၂၅
Shy V (VOM)

တရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသား တွေ မြန်မာဘက်က ငွေလိမ်ဂိုဏ်းတွေဆီ ရောင်း ခံရတာ ပိုများလာတာတွေ့ရတယ်လို့ ကျားဖြန့် ငွေလိမ် ကုမ္ပဏီကနေ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

"အခု ခေါ်လာတဲ့လူတွေဆို ကလေး ငယ်ငယ်လေးတွေကြီးပဲ။ အသက် ဆယ်နှစ်ကျော်၊ တွေကြီးပဲ။ ကျောင်းသူ၊ ကျောင်သားတွေကိုပဲ လိမ်ခေါ်လာပြီးတော့ နေ့ရော ညပါ ရိုက်နှက် နှိပ်စက်နေတာ ဘယ်သူက ခံနိုင်မှာလဲ။ ပိုက်ဆံ မလိမ်နိုင်လို့လေ။" လို့ ဝ ထိန်းချုပ် နယ်မြေရှိ ငွေလိမ် ကုမ္ပဏီ တခုကနေ လွတ်မြောက်လာတဲ့ မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=937592238551993&id=100069036769684&mibextid=Nif5oz

#voiceofmyanmar #vom #ကျားဖြန် #တရုတ်

Voice of Myanmar

04 Feb, 13:33


ဂွမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးအပါအဝင် သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၄ - ၂၀၂၅
GG (VOM)

ရခိုင်ပြည်နယ် ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်းဗုံးသီး ပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကလေး ပါဝင်ပြီး နောက်ထပ်အသက် ၂၀ အရွက်မိန်းကလေးနဲ့ အသက်၄၀ အရွယ်အမျိုးသားတို့သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=937529815224902&id=100069036769684&mibextid=Nif5oz

Photo - ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

#Voiceofmyanmar #VOM #ရခိုင်ပြည်နယ် #ဂွမြို့ #တိုင်ကျိုးရွာ #ဗုံးသီးပေါက်ကွဲ #သုံးယောက်သေနှစ်ယောက်ဒဏ်ရာရ

Voice of Myanmar

04 Feb, 05:33


မြင်းခြံ တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေ၊ လူထိခိုက် သေဆုံးတွေလည်း ရှိ

ဖေဖော်ဝါရီ ၄ - ၂၀၂၅
SS (VOM)

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက် ၈ မိုင်နီးပါးက တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေပြီး လူထိခိုက်၊ သေဆုံးမှုတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ နစကတပ်ကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက်အစောပိုင်း ၅ နာရီဝန်းကျင်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18kQfWkkCD/

Photo:CJ

#voiceofmyanmar #VOM #မြင်းခြံ #တလုပ်မြို့ကျေးရွာ #တိုက်ပွဲ

Voice of Myanmar

04 Feb, 05:30


ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅
ရတီ(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်ကောက်ခံမှုကို ရက် ၃၀ ဆိုင်းငံ့လိုက်ပါတယ်။

နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ ဒေါ်နယ်ထရန့်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အစီအမံတွေကို မြှင့်တင်ဖို့ သဘောတူခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်နဲ့ မက္ကဆီကို သမ္မတတို့က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1538Ly2p8N/

Ref:CNA
Photo:Reuters

#Voiceofmyanmar #VOM #အမေရိကန် #အခွန်ကောက်ခံမှု #ကနေဒါ #မက္ကဆီကို #ရက်၃၀ဆိုင်းငံ့ #ကုန်သွယ်ရေးစစ်ပွဲ

Voice of Myanmar

04 Feb, 05:28


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၂၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၆၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

Voice of Myanmar

04 Feb, 05:27


နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်နေတဲ့ အီလွန်မတ်က ပြောပါတယ်။

တက်စ်လာနဲ့ စပေ့အိတ်စ် ကုမ္ပဏီတွေရဲ့ စီအီးအိုဖြစ်သူ အီလွန်မတ်ဟာ အမေရိကန်အစိုးရရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချရေးအဖွဲ့ကို ဦးဆောင်ဖို့ ဒေါ်နယ်ထရန့်က တာဝန်ပေးထားတာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18s87uu2uD/

Ref:CNA
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #USAID #ပိတ်သိမ်းမှု #အီလွန်မတ်

Voice of Myanmar

04 Feb, 01:51


This Day in History

Voice of Myanmar

ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက်များတွင် ဂျာမနီကို အပြီးသတ်တိုက်ခိုက်ရန် အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ရုစဗဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနဲ့ ရုရှားဝန်ကြီးချုပ် ဂျိုးဇက်စတာလင်တို့၏ ယော်တာ ညီလာခံကို ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #February4

Voice of Myanmar

04 Feb, 01:51


ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ

မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ ဒီကိစ္စကိုသိရှိတဲ့ ရုရှား သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောဆိုထားပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဖို့လည်း အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ ပူတင်ကလည်း ထရန့်ရဲ့ သမ္မတဒုတိယသက်တမ်းအတွက် ဂုဏ်ပြုခဲ့ပြီး ယူကရိန်းအရေး ၊ စွမ်းအင်အရေးတို့ကို ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18fFDcqjsF/

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ပူတင် #ဒေါ်နယ်ထရန့် #ဆွေးနွေးပွဲ

Voice of Myanmar

04 Feb, 01:50


နောက်ပိုင်း ဇာတ်ထုပ်

ဆူးငှက်
ကျွန်တော့်အဖေက ဇာတ်ဆိုလျှင်လည်း ရှေ့ပိုင်းက အော်ပရာတွေ၊ ပြဇာတ်တွေ နှစ်ပါးသွားတွေ ကြိုက်တာမဟုတ်။ နှစ်ပါးသွား အပြီး မင်းသား မင်းသမီး စခန်းချသည်မှ နောက်ပိုင်းဇာတ်ထုပ်ကိုပဲ ကြည့်သည်။ နှစ်ပါးသွားအပြီး စခန်းချသည်က နာရီပြန် ၃ချက်တီးလောက်မှ ဖြစ်မှာပေါ့။ ထိုစဉ်က ဇာတ်ကြီးများသည် နောက်ပိုင်း ဇာတ်ထုပ်ကို သမားစဉ်အပြည့် ခမ်းခမ်းနားနား ကကြလို့ ၃နာရီလောက် စခန်းချကာ မနက်မိုးလင်းထိ နောက်ပိုင်းဇာတ်ထုပ် ကို ကပြလေ့ရှိသည်။

ထု့ိကြောင့် အဖေက အိမ်ရှိ သံပတ်ပေးနာရီလေးကို နာရီပြန်၂ချက်ထိုးတွင် သံပတ်ပေးထားပြီး ကျွန်တော့်ကို စောစော အိပ်ရာဝင်ခိုင်းသည်။ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေချိန်တွင် နာရီနှိုးစက် ခေါင်းလောင်းသံက ဆူဆူညံမြည် သောအခါ မထချင်ထချင်ထပြီး မျက်နှာသစ်ကာ အဖေကခေါင်းပေါင်းပေါင်းပြီး ၄နှစ်သားကျွန်တော်နှင့် သားအဖ နှစ်ယောက် ဇာတ်သံကြားရာ သုတ်သုတ်သုတ်နှင့် သွားကြတော့၏။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1HnMVbLzUh/

ဆူးငှက်

#voiceofmyanmar #VOM # ဆူးငှက် #နောက်ပိုင်းဇာတ်ထုပ်

Voice of Myanmar

03 Feb, 09:36


သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ပြော

ဖေဖော်ဝါရီ ၃ - ၂၀၂၅
SN (VOM)

လက်ရှိ သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

လက်ရှိမှာ တချို့သော မီဒီယာတွေဟာ ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင်လှူဒါန်းကြ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ၊ အထင်သေးစရာ သတင်းဆိုးတွေကို ဖော်ပြလျက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန် အသိပေးထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1BNX5PTpRy/

Photo:CJ

#voiceofmyanmar #VOM #သရုပ်ဆောင် #လှူဒါန်းမှု #အကယ်ဒမီ #ရုပ်ရှင်အစည်းအရုံး

Voice of Myanmar

03 Feb, 08:50


အီးယူနိုင်ငံတွေကိုလည်း အခွန်ကောက်ယ်လို့ ဒေါ်နယ်ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၃-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်စတင်ကောက်ခံကြောင်း ကြေညာပြီးနောက် ဥရာပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုလည်း အခွန်ကောက်မှာ ကျိန်းသေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေကိုတော့ အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုကို ကြေညာထားပြီးဖြစ်ပါတယ်။ နောက်ထပ် အခွန်ကောက်မှာက အီးယူလားလို့ မေးမြန်းမှုအပေါ် ထရန့်က သေချာပေါက်ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15cVR3X1Sy/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #အီးယူ #အခွန်ကောက်ခံမှု

Voice of Myanmar

03 Feb, 08:49


ယခုနှစ်ရွှေစက်တော်ဘုရားပွဲ ခရီးသွားဝင်ရောက်မှုနည်းပါးပြီး တည်းခိုခန်း နဲ့စျေးဆိုင်ခန်းတွေဖွင့်နိုင်မှု ထက်ဝက်လျော့နည်း

ဖေဖော်ဝါရီ ၃ -၂၀၂၅
GG (VOM)

မင်းဘူး၊မန်းရွှေစက်တော်ဘုရားပွဲကို မနေ့ကဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို တည်းခိုဆောင်နဲ့ စျေးဆိုင်ခန်းတွေလည်း ထက်ဝက်လောက်လျော့ကျခဲ့တယ် လို့ဒေသခံတွေဆီက သိရပါတယ်။

ဒီနှစ်ရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ညအိပ်တည်းခိုနိုင်တဲ့ တည်းခိုခန်း နဲ့ စျေးဆိုင်ခန်းပေါင်း ၁၄၀၀ ကျော်ဆောက်လုပ်ဖို့လျာထားပေမယ့်လည်း မြေပြင်မှာ တည်းခိုခန်းဆောင် ၃၀၀ ကျော်နဲ့ စျေးဆိုင်ခန်းပေါင်း ၃၅၀ ဝန်းကျင်သာ တည်ဆောက်နိုင်ခဲ့တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1AxxEQgtcf/

Photo - မကွေးတိုင်းအစိုးရ

#Voiceofmyanmar #vom #မင်းဘူး #ရွှေစက်တော်ဘုရားပွဲစတင်ဖွင့်လှစ် #လုံခြုံရေးတိုးမြှင့်ထား #ခရီးသွားနည်းနေ #တည်းခိုဆောင်နဲ့စျေးဆိုင်ခန်းလျော့ကျ

Voice of Myanmar

03 Feb, 08:48


ပနားမားတူးမြောင်းကို တရုတ်ရဲ့ ဩဇာလွှမ်းထိန်းချုပ်မှု ပြုပြင်ပြောင်းလဲဖို့ အမေရိကန်တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၃-၂၀၂၅
မျိုးဆက်(VOM)

ပနားမားတူးမြောင်းကို တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ထိန်းချုပ်မှုတွေကို ချက်ချင်းပြုပြင်ပြောင်းလဲဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပနားမားအနေနဲ့ ဒီကိစ္စကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် နှစ်နိုင်ငံကြား သဘောတူစာချုပ်အရ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့လည်း သူက သတိပေးထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/183LPp8YyP/

Ref: BBC
Photo:Reuters

#Voiceofmyanamar #VOM #အမေရိကန် #ပနားမားတူးမြောင်း #တရုတ်လွှမ်းမိုးမှု

Voice of Myanmar

03 Feb, 08:46


ဩစတြေးလျ ကွင်းစလန်မြောက်ပိုင်းမှာ စံချိန်တင် ရေကြီးနေ

ဆစ်ဒနီ၊ ဖေဖော်ဝါရီ-၃-၂၀၂၅
ရတီ(VOM)

ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်မြောက်ပိုင်းမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် အမျိုးသမီးတယောက်သေဆုံးပြီး လူထောင်ပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ရေကြီးရေလျှံမှု ဆက်လက်ဆိုးရွားလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပြီး ပြီးခဲ့တဲ့ စနေနေ့မှာတော့ အချို့နေရာတွေမှာ ရေ ၄ ပေကျော်ထိ မြင့်တက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စံချိန်တင်မိုးရွာသွန်းမှုတွေဟာ တနင်္လာနေ့ထိ ဆက်လက်ရှိနေမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15eiMTQ5vt/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဩစတြေးလျ #ရေဘေး

Voice of Myanmar

03 Feb, 08:45


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၄၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၇၅ ကျပ်
ဝယ်ဈေး - ၄၅၅၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

Voice of Myanmar

03 Feb, 08:45


တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၃ - ၂၀၂၅
SN (VOM)

ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်ကျနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့တပတ်ကထက် အနည်းငယ် ကျဆင်းနေတာကို တွေ့ရပါတယ်။

စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီဈေးတွေ ဆက်တက်နေပြီး ဒီဇယ်ဈေးတွေပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေကျနေပြီး တခြားကုန်စည် အများစုကတော့ အတက်ဘက်မှာ ရှိနေဆဲဖြစ်ပါတယ်။

သတင်းအပြည့်စုံ ဖတ်ရန် - https://www.facebook.com/share/p/15wpjaisr4/

Photo:CJ

#voiceofmyanmar #VOM #ရွှေ #ဒေါ်လာ #စက်သုံးဆီ #အခြေခံစားသောက်ကုန် #တပတ်တာ #ဈေးကွက်

Voice of Myanmar

03 Feb, 08:43


This Day in History

Voice of Myanmar

ရာဆာအာရာဖတ်သည် ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့၏ ဥက္ကဌဖြစ်လာပြီး နောက်ပိုင်းတွင် ပါလက်စတိုင်းသမ္မတ၊ ပါလက်စတိုင်းအာဏာပို်ငအဖွဲ့ ဥက္ကဌအဖြစ် ၂၀၀၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #February3

Voice of Myanmar

03 Feb, 08:43


အင်းတော်တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၃ - ၂၀၂၅
SS (VOM)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ အင်းတော်မြို့ရှိ နစကတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း နှစ်ခုကို KIA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Y5GskxkMF/

Photo:CJ

#voiceofmyanmar #VOM #အင်းတော် #ဂျပန်လှိုဏ်ဂူကုန်း #တိုက်ပွဲ

Voice of Myanmar

03 Feb, 04:54


စောင်းလျားသီးနဲ့ ငါးပိကြော် ခုတင်ကျိုးအောင် တွယ်ကြသနော်

ဆူးငှက်

သီတင်းကျွတ်လဆန်းလျှင်ပင် မန္တလေးမြို့သူမြို့သားများကား ဘုရားပွဲ၊ ဘုရားပွဲ ဟူသော သတိတရစိတ်က နေ့ညမပြတ် နှိုးဆွနေတော့၏။ လူကြီးသူမများကလည်းဥပုသ်နေ့ သီလမယူမီပင် ဘုရားပွဲအတွက် ခေါင်းချင်းဆိုင် ကြရတော့သည်။ ဒီနှစ် ဘယ်သူ့ဇာတ်ငှားမလဲ၊ ဘယ်သူ့ အငြိမ့်ငှားမလဲ တိုင်ပင်ကြ၏။ ဆိုင်ရာဆိုင်ရာ အငြိမ့်များက မန်နေဂျာ၊ မင်းသမီး၊ လူရွှင်တော်၊ ဒိုးတီးစသူတို့ကလည်း မိမိနှင့် ပတ်သက်ရာ ဘုရားလူကြီးတွေဆီ ချဉ်းကပ်လျက် သူ့အငြိမ့်၊ ကိုယ့်အငြိမ့်ကိုငှားဖို့ ဆွယ်ကြသည်။ အိမ်တော်ရာ ဆင်တံတားကတော့ လမင်းတစ်ရာအငြိမ့်တဲ့။ မြောက်မုခ်ကလည်း နာမည်ကြီးအငြိမ့်ဖြစ်ဖို့ များသည်။ မန္တလေးမှာက ဘုရားပွဲများကို ဘုရားသုံးဆူပွဲမှ စသည်ဟု လူကြီးသူများပြောဖူး၏။ ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်းတဲ့။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18Mfk9AcLh/

ဆူးငှက်

#voiceofmyanmar #VOM #စောင်းလျားသီးနဲ့ငါးပိကြော်ခုတင်ကျိုးအောင်တွယ်ကြသနော် #ဆူးငှက်

Voice of Myanmar

02 Feb, 13:29


နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ရန်ကုန်မှာ ပြုလုပ်

ဖေဖော်ဝါရီ ၂ -၂၀၂၅
KKO(VOM)

နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ဒီနေ့ ဖေဖော် ဝါရီ ၂ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ နိုင်ငံတော်အကြပ်အတည်းနဲ့ အစိုးရ၊ နိုင်ငံသားတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍတွေကို အဓိကထားဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/145oLB8Jsy/

Photo - VOM

#VOM #voiceofmyanmar #နိုင်ငံရေးဆွေးပွဲ #စကားဝိုင်း #ရန်ကုန်မြို့

Voice of Myanmar

02 Feb, 08:47


အမေရိကန်က အခွန်ကောက်ခံမှုစတင်ကြောင်း ကြေညာပြီးနောက် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က လက်တုံ့ပြန်ဖို့ ပြင်ဆင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ရဲ့ သွင်းကုန်တွေအပေါ် ဒီနေ့ကစပြီး အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်တုံ့ပြန် အစီအမံတွေ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင် ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုကာ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Be2rgV6SH/

Ref:Reuters
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #အခွန်ကောက်ခံမှု #ကနေဒါ #တရုတ် #မက္ကဆီကို #လက်တုံ့ပြန်ရေးပြင်ဆင်

Voice of Myanmar

02 Feb, 08:45


ရှမ်းတောင်ရောက် ကယားစစ်ရှောင်တွေ မတ်လကုန်မှာ နေရပ်ပြန်ဖို့ ညွှန်ကြားလာ

ဖေဖော်ဝါရီ ၂၊ ၂၀၂၅

ZY(VOM)

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ လာရောက်ခိုလှုံနေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတဲ့အတွက် အခက်ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေနဲ့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

တောင်ကြီး၊ ပင်လောင်း၊ ညောင်ရွှေစတဲ့မြို့နယ်တွေမှာ လာရောက်ခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို မတ်လမကုန်ခင်မှာ နေရပ်ပြန်ခိုင်းဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေး ပြောဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=pfbid02VkhrqvmzQDT86McBx5nFdmKdD7XWHaSFRX34SjsaWPrj5bcZNt4dYabH5HrSKEHgl&id=100069036769684&mibextid=Nif5oz

Photo:CJ

#Voice of Myanmar #VOM #ကယားစစ်ဘေးရှောင် #မတ်လကုန် #နေရပ်ပြန်ရမယ်

Voice of Myanmar

01 Feb, 12:59


တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါသွင်းကုန်တွေကို မနက်ဖြန်ကစပြီး အခွန်တွေကောက်မယ်လို့ ဒေါ်နယ်ထရန့် ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုန်ပစ္စည်းတွေအပေါ် မနက်ဖြန်ကစပြီး အခွန်ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး ဒီကိစ္စကိုတားဆီးဖို့ နှောင့်နှေးဖို့ သုံးနိုင်ငံစလုံးက ဘာမှလုပ်လို့မရဘူးလို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19ynx7647j/

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #အမေရိကန် #အခွန်ကောက်ခံမှု #ကနေဒါ #မက္ကဆီကို #တရုတ်

Voice of Myanmar

01 Feb, 12:59


အဝေမညီလို့ မုံရွာမှာ ဓါးပြတွေဖမ်းခံရ

ဖဖေောျဝါရီ ၁ ၊ ၂၀၂၅
ကျော်ဟိန်း(VOM)

စစ်ကိုင်းတိုင်း ၊မုံရွာမြို့ ပြည်တော်ရပ်ကွက် ၊ သာစည်လမ်းမှာ မနေ့က ဓားပြသုံးယောက်ကို တိုက်ရာပါ ပစ္စည်းတွေနဲ့အတူ လုံခြုံရေး ရဲအဖွဲ့က လက်ရ ဖမ်းလိုက်တယ်လို့ ရဲနဲ့ နီးစပ်သူတယာက်က ပြောပါတယ်။

" ဖြစ်စဥ်က သူတို့အချင်းချင်း ဝေစုမတည့်ရာက အခုလို ပေါ် ပေါက်တာပါ ၊ အသေးစိပ် စစ်ဆေးနေဆဲဖြစ်တယ် ၊ လတ်တလောတော့ တိုက်ရာပါ ပစ္စည်းတွေ သိမ်းနေဆဲ ဆိုတော့ အသေးစိပ်ပြောဖို့ ထုတ်ဖော်ပြောလို့ မရသေးဘူး ၊ ဒီနယ်ခံတွေ မဟုတ်ကြဘူး" လို့ ရဲနဲ့ နီးစပ်တယာက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=pfbid0cmjS2VaBsCu87CxrEwVmcsgyivh4XkJ762WWtPD9XiRij9NCnAYtrrAApZEh65kyl&id=100069036769684&mibextid=Nif5oz

#voiceofmyanmar #VOM #မုံရွာ

Voice of Myanmar

01 Feb, 12:59


ကလေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးယောက်သေပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁ - ၂၀၂၅
SN (VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ မနေ့ ဇန်နဝါရီ ၃၁ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကိုးယောက်သေဆုံးကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ကလေးမြို့နယ်ရှိ တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက် သေဆုံးမှုအပြင် တင်သားကျေးရွာက ကျေးလက်ကျန်းမာရေး ဆေးရုံနဲ့ ကုက္ကိုလ်ကျေးရွာက စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=pfbid02fk4id5ePQNaWCe3DRbcgmTMB9PpjgnczQe4ATLDrEAb1qdZLrRphcpuWDczcurbHl&id=100069036769684&mibextid=Nif5oz

Photo:CJ

#voiceofmyanmar #VOM #ကလေးမြို့ #တင်သားကျေးရွာ #ကုက္ကိုလ်ကျေးရွာ #လေကြောင်းတိုက်ခိုက်မှု

Voice of Myanmar

01 Feb, 12:56


ရုရှား ကာ့စ်ဒေသရှေ့တန်းကနေ မြောက်ကိုရီးယားတပ်တွေ ရုပ်သိမ်းသွားဖွယ်ရှိ

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၁-၂၀၂၅
မျိုးဆက်(VOM)

ရုရှားနိုင်ငံအနောက်ပိုင်း ကာ့စ်ဒေသမှာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြောက်ကိုရီးယားစစ်သားတွေကို မတွေ့ရတော့ဘူးလို့ ကာ့စ်ဒေသမှာရှိတဲ့ ယူကရိန်းအထူးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်ပြီးနောက် ရုပ်သိမ်းသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကာ့စ်ဒေသမှာသာ မြောက်ကိုရီးယားစစ်သားတွေကို မတွေ့ရတော့တာလို့ ဆိုထားပြီး ရှေ့တန်းဧရိယာအသေးစိတ်ကိုတော့ သူကမပြောပါဘူး။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1GbdktGyT1/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #မြောက်ကိုရီးယားတပ်ဖွဲ့ #ရုပ်သိမ်းမှု #ကာ့စ်ဒေသ

Voice of Myanmar

01 Feb, 05:45


နစက လေးနှစ်ပြည့် နောက်ဆက်တွဲအခြေအနေ ကန်နဲ့ ဥရောပသံရုံးတွေ ထုတ်ပြန်

Ms(VOM)
ဖေဖော်ဝါရီ ၁-၂၀၂၅

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လေးနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက် ၂၀ ရာခိုင်နှုန်းတိုးလာတယ်လို့ မြန်မာနိုင်ငံ ရေးအပြောင်းအလဲ လေးနှစ်ပြည့် နောက်ဆက်တွဲဖြစ်စဉ်များအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲကြေညာချက်တရပ်မှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များဟာ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပါကာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ သို့မဟုတ် ၁၉.၉ သန်းကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိပြီး ခန့်မှန်းခြေ ၁၅.၂ သန်းမျှသော ပြည်သူများမှာစားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိနေတယ်လို့ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1KaWaXXdps/

Photo:CJ

Voiceofmyanmar# အာဏာသိမ်း#၄နှစ်ပြည့်#ဥရောပသမဂ္ဂ# အမေရိကန်သံရုံး#ပူးတွဲကြေငြာချက်ထုတ်

Voice of Myanmar

01 Feb, 05:43


ပြည်မြို့မှာ မြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက်ရေနစ်လို့ နှစ်ယောက်သေဆုံး

ဖေဖော်ဝါရီ ၁ -၂၀၂၅
GG (VOM)

ပဲခူးတိုင်း အနောက်ပိုင်း၊ပြည်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက် ရေနစ်လို့ နှစ်ယောက်သေပြီး တယောက်သာအသက်ရှင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဘောတံတားအနီး၊ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ သုံးယောက်စလုံးက ကျောင်းသားတွေဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ကိုးတန်းကျောင်းသားပါဝင်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18PvUxobpr/

Photo - နှလုံးသားမေတ္တာရှင်

#voiceofmyanmar #vom #ပြည် #ဘောတံတား #ဧရာဝတီမြစ်ထဲရေဆင်းကူး #တယောက်အသက်ရှင် #နှစ်ယောက်သေ

Voice of Myanmar

01 Feb, 05:41


ဆိပ်ဖြူမှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်ချီ တိမ်းရှောင်

ဖေဖော်ဝါရီ ၁ - ၂၀၂၅
SS (VOM)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်ကစပြီး နစကတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ရွှေဘို့ကျွန်း၊ ကျောက်ကြီး၊ ညောင်ဂွေး၀၊ တောင်ဖြူ (အရှေ့/အနောက်)၊ ရှားတော၊ ကူရှည်အလယ်စု စတဲ့ ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော် အရေးပေါ် စစ်ရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Y5ETTaarR/

Photo:CJ

#voiceofmyanmar #VOM #ဆိပ်ဖြူ #ဒေသခံ #စစ်ရှောင်

Voice of Myanmar

01 Feb, 05:40


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဖေဖော်ဝါရီ - ၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၉၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၆၀ ကျပ်
ဝယ်ဈေး - ၄၄၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၃၀ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်

Voice of Myanmar

01 Feb, 05:40


အမေရိကန်မှာ လူ ၆၀ ကျော်သေတဲ့ လေယာဉ်ပျက်ကျမှုအပြီး လေယာဉ်ငယ်တစင်း ပျက်ကျမှု ဖြစ်ပွားပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅
ရတီ(VOM)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းမှာ အဆောက်အအုံတွေပေါ်ကို လေယာဉ်ငယ်တစင်း မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်က လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာ ခရီးသည်တင်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တို့ ပျက်ကျမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့တဲ့ မတော်တဆမှုအပြီး ရက်ပိုင်းအကြာမှာ အခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူအများအပြား လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1C9rLtmiX6/

Ref:BBC
Photo: Office of Emergency Management.

#Voiceofmyanmar #VOM #အမေရိကန် #လေယာဉ်ပျက်ကျမှု #ဖီလာဒဲလ်ဖီးယား #အသေအပျောက်မသိရသေး

Voice of Myanmar

01 Feb, 05:39


This Day in History

Voice of Myanmar

အမေရိကန်အာကာသအေဂျင်စီ၏ ကိုလံဘီယာအာကာသယာဉ်သည် ကမ္ဘာပတ်လမ်းကြောင်းမှ ကမ္ဘာမြေသို့ပြန်လာစဉ် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ တက္ကဆက်ပြည်နယ်အထက် မိုင် ၄၀ အမြင့်တွင် မီးလောင်ပေါက်ကွဲခဲ့ပြီး အာကာသယာဉ်မှူး ခုနှစ်ဦးစလုံး သေဆုံးခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #Febauary1

Voice of Myanmar

01 Feb, 01:02


ရှင်ဘုရင်လည်းအကြွေးနဲ့

ဆူးငှက်



မန္တလေးမြို့လယ်မှာ ကျုံးမြို့ရိုးကြီးရှိနေတာကိုက မင်းတုန်းမင်းကြီးကို ကျေးဇူးတင်စရာကောင်းလှသည်။ အခုပဲကြည့် မိုးကုန်လု၍ နှင်းတွေပါးပါးကျလာကာ ဆောင်းရနံ့လေးရလာသည်နှင့်ပင် မနက်စောစောကျုံးနဘေးမှာ လမ်းလျှောက်ကြ၊ ဖွဖွလေးပြေးကြ၊ သွက်သွက်လေး ခုန်ကြ၊ ကျော့ကျော့ကလေး အေရိုးဗစ်ကစားကြနှင့် ဖွေးဖွေးလှုပ် ခဲ့ပြီ။ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုနုကို အားပါးတရ ရှူသွင်း..။

ဆောင်းပါးအပြည့်စုံ ဖတ်ရန် - https://www.facebook.com/share/p/15zxoXMkPF/

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #ရှင်ဘုရင်လည်းအကြွေးနဲ့

Voice of Myanmar

01 Feb, 00:17


နစက အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်းအပါအဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ ဝန်ကြီး အပြောင်းအလဲ အမိန့်စာများ။

Voice of Myanmar

26 Jan, 13:01


စစ်မှုထမ်းကိစ္စနဲ့ ဖွဲ့စည်းပုံကိစ္စ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး သတင်းစာရှင်းလင်းပွဲလုပ်

ဇန်နဝါရီ ၂၆ -၂၀၂၅
KKO(VOM)

ယခုပြည်သူလူထုတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေက နစက ရဲ့ NSPNC နဲ့ တင်ပြဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့ နိုင်ငံရေးပါတီအစုအဖွဲ့ တွေရဲ့ခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး က ငြင်းဆို ပြောကြား လိုက်ပါတယ်။

နစကရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲရလဒ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ ဇန်နဝါရီ ၂၆ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ရုံးမှာ ပြုလုပ်ခဲ့စဉ်မှာ ဦးကိုကိုကြီးက အခုလိုထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19aqsTiKoz/

Photo - VOM

#VOM #voiceofmyanmar #ပြည်သူ့ပါတီ
#သတင်းစာရှင်းလင်းပွဲ #နိုင်ငံရေးပါတီအစုအဖွဲ့ #NSPNC

Voice of Myanmar

26 Jan, 12:59


ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် အမှုတခု ထောင်သုံးနှစ် စတင်ချခံရ

ဇန်နဝါရီ ၂၆ - ၂၀၂၅
GG (VOM)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၉ ရက်ကတည်းက ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်စီးစေမှုနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။

ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးပြီး သုံးလအကြာမှာ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1EHe49Lpo4/

Photo - Dr.Nay Soe Maung

#Voiceofmyanmar #vom #ဒေါက်တာနေစိုးမောင် #နေရွှေသွေးအောင် #ဗိုလ်ချုပ်မှူးကြီးသန်းရွှေသားမက် #ထောင်သုံးနှစ်ချခံရ

Voice of Myanmar

26 Jan, 12:58


သီပေါမှာ လက်ပစ်ဗုံးယူလာပြီး ကိုင်ကြည့်ရာကနေ ပေါက်ကွဲလို့ နှစ်ယောက်သေ

ဇန်နဝါရီ ၂၆ - ၂၀၂၅
GG (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုံးစုံကျေးရွာမှာ မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ မပေါက်ကွဲသေးတဲ့ဗုံးကို နေအိမ်ကိုယူလာရာကနေ ပေါက်ကွဲပြီး အမျိုးသားနှစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

"မနေ့ကမနက်(၉)နာရီလောက်မှာ ဖြစ်တာပါ။လမ်းမှာတွေ့တဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းကို ယူလာပြီး ကိုင်ရာကနေ ပေါက်ကွဲပြီးရွာသားနှစ်ယောက် သေဆုံးခဲ့တယ်။ လက်ပစ်ဗုံးတို့၊လက်နက်ကြီးအစတို့တွေ့ရင် မကောက်ကြဖို့အချင်းချင်းတွေသတိပေးပေမယ့်လည်း ရွာဘက်ကလူတွေက တွေ့ရင်ကောက်ယူပြီးကြည့်ကြတော့ ခုလိုပေါက်ကွဲပြီးအသက်ဆုံးတဲ့အထိဖြစ်ရတယ်။ " လို့ ဒေသခံကပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1BWq9xh1gE/

Photo - နယ်စည်းမခြားပရဟိတ

#Voiceofmyanmar #vom #ရှမ်းမြောက် #သီပေါ #ကုံးစုံရွာ #ဗုံးပေါက်ကွဲလို့နှစ်ယောက်သေ

Voice of Myanmar

26 Jan, 07:33


လူ ၁၅ ယောက်စီးနင်းနိုင်တဲ့ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ် ရှမ်းပြည်နယ်မှာ ပြေးဆွဲပေးနေ

Ms(VOM)
ဇန်နဝါရီ၂၆-၂၀၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ရေမြေတောတောင် သဘာဝ ရှုခင်းများ ကြည့်ရှုခံစားနိုင်ရန်အတွက် ခရီးသည် (၁၅)ဦး လိုက်ပါစီးနင်းနိုင်တဲ့ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ်ကို ယခုလကစတင်ကာမြန်မာ့မီးရထား ကပြေးဆွဲပေးနေကြောင်းသိရပါတယ်။

အဆိုပါ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ် ကို ဇန်နဝါရီ ၂၄ ရက် ကစတင်ပြေးဆွဲတာဖြစ်ပြီးခရီးစဉ်အဖြစ် အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်) ခရီးစဉ်များကို ပြေးဆွဲပေးနေတာလို့ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19mPDFaNXK/

Photo- Cj

Voiceofmyanmar #VOM #ရထားစင်းလုံးငှား # ခရီးစဉ် #ရှမ်းပြည်နယ်(တောင်ပိုင်း) #သဘာဝရှူခင်း #ငှားရမ်းစီးနင်းနိုင်

Voice of Myanmar

26 Jan, 06:06


မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ မြောက်ကိုရီးယားစမ်းသပ်ပြန်

ပြုံးယမ်း၊ ဇန်နဝါရီ-၂၆-၂၀၂၅
ရတီ(VOM)

မြောက်ကိုရီးယားဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ဒါဟာ အရေးကြီးတဲ့ လက်နက်စမ်းသပ်မှုဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဆိုပါတယ်။ ရေအောက်ကနေ မြေပြင်ပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၅၀၀ ထိခရီးရောက်ခဲ့ပြီး ပစ်မှတ်တွေကို မထိမှန်ခင် ၇၅၀၇ စက္ကန့်နဲ့ ၇၅၁၁ စက္ကန့် ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1ACCpcW727/

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOm #အမေရိကန် #မြောက်ကိုရီးယား #ခရုဇ်ဒုံးကျည် #စမ်းသပ်မှု

Voice of Myanmar

26 Jan, 04:25


အပစ်ရပ်ရေး သဘောတူညီချက် ဟားမတ်စ်တို့ ချိုးဖောက်တယ်ဆိုကာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစ္စရေးတားမြစ်

တဲလ်အဗစ်၊ ဇန်နဝါရီ-၂၆-၂၀၂၅
မျိုးဆက်(VOM)

အစ္စရေးနဲ့ဟာမတ်စတ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးအမျိုးသမီးစစ်သည် လေးယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် ခြောက်ပတ်အတွင်း ဟားမတ်စ်တို့က အစ္စရေးဓါးစာခံ ၃၃ ယောက်ကို အဆင့်လိုက်လွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/164QW6ouXS/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ် #အပစ်ရပ်ရေး #ဒုက္ခသည် #နေရပ်ပြန်ခွင့်

Voice of Myanmar

26 Jan, 04:24


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၁ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၈၈ ကျပ်
ဝယ်ဈေး - ၄၆၆၁ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၂ ကျပ်
ဝယ်ဈေး - ၁၀၁၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

Voice of Myanmar

26 Jan, 02:12


လာမယ့် မတ်လအတွင်းမှာ လွိုင်ကော်မြို့က တက္ကသိုလ်တွေ ပြန်ဖွင့်မယ်

ZY(VOM)
ဇန်နဝါရီ ၂၅၊ ၂၀၂၅

ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့က တက္ကသိုလ်တွေအားလုံးကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်၊ မတ်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်တွေ သိပ္ပံကျောင်းတွေကို မတ်လမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ဆောင်ရွက်မှုတွေကို အမြန်ဆုံးလုပ်ဆောင်နေပြီး စာသင်ဆောင်တွေ၊ အိပ်ဆောင်တွေ၊ စားရိပ်သာတွေနဲ့ ဆရာဆရာမဝန်ထမ်းအိမ်ရာတွေကို လိုအပ်တာတွေကို အမြန်ဆုံးပြုပြင်နေတယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1ECgmhoBCW/

ဓာတ်ပုံ-Local

#VoiceofMyanmar #VOM #လွိုင်ကော်တက္ကသိုလ်တွေ #မတ်လ #ပြန်ဖွင့်မယ်

Voice of Myanmar

26 Jan, 02:07


Video NEWS

နစက ဥက္ကဌ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်‌ပေးခဲ့တဲ့ မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်

ဇန်နဝါရီ ၂၆ - ၂ဝ၂၄
KKO(VOM)

မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်၊ညနေ ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို မြွေနှစ် “ပျော်စရာ” ဆိုတဲ့ တရုတ်ရိုးရာနှစ်ကူး အထိမ်းအမှတ်အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတွေက တရုတ်ရိုးရာ အကအလှ အထိမ်းအမှတ်တွေနဲ့ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတာပါ။

တရုတ်ရိုးရာ နှစ်ကူးအခမ်းအနားကို နစက အစိုးရအဖွဲ့ရဲ့ထိပ်တန်းတာ ဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအ မတ်ကြီး Ms.Ma Jia နဲ့ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေ အများအပြား လည်းတက်ရောက်ခဲ့ကြပါတယ်။

Voice of Myanmar

26 Jan, 01:47


This Day in History

Voice of Myanmar

အလေးချိန် ၃၁၀၆ .၇၅ ကာရက် ရှိသော ကမ္ဘာ့အကြီးဆုံး Cullinan စိန်ကို ၁၉၀၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် တောင်အာဖရိက၌ တူးဖော်တွေ့ရှိခဲ့သည်။

#Voiceofmyanmar #vom #thisdayinhistory #january26

Voice of Myanmar

26 Jan, 01:08


ကျောက်မဲမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့နေရာတွေ TNLAက သွားရောက်ခွင့်မပြုသေး၊
လူအများအပြားထိခိုက်တယ်လို့သိရ

ဇန်နဝါရီ ၂၅၊ ၂၀၂၅
Shy V VOM

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူအများအပြားထိခိုက်ကာ သေဆုံးသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဆေးရုံမှာ ကျတာ။ အရင် သားဖွားမီးယပ်ဆောင်နေရာ လေယာဉ်ဗုံးကွောငျ့ ၂ ယောက် သေဆုံးပြီး လူ အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိထားတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15rjEUExqc/

Photo Crd# ဒေသခံ

#VOM #voiceofmyanmar #ကျောက်မဲဗုံး

Voice of Myanmar

26 Jan, 01:05


လေဘာတီ မမြရင်ရဲ့ အကြောင်း စင်မြင့်ထက်က မင်းသမီးတလက်က လွဲမှားစွာ ပြောတဲ့အတွက် VOM ကတင်ဆက်ပြီးတဲ့ ဆရာဆူးငှက်ရဲ့ ဆောင်းပါးကို ပြန်လည် တင်ပြလိုက်ပါရစေ။

လေပါတီ မှ မဟုတ်တာ၊ လေဘာတီ မှ ဟုတ်ထာ

ဆူးငှက်

လေဘာတီ မမြရင်ဆိုတာ မြန်မာပြည် ကိုလိုနီခေတ်က အလွန်ထင်ရှားကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးဖြစ်ပါတယ်။မြန်မာ့ အငြိမ့်သမိုင်းကို ပြောမယ်ရေးမယ်ဆိုရင် လေဘာတီမမြရင်က ထိပ်ဆုံးက ပါရမှာပါ။ သူ့ခေတ် သူ့အခါက သူ့ရုပ် သူ့အသံ သူ့အကတွေကို အခု ပြန်လှန်ကြည့်ဖို့ဆိုရင် ဓာတ်ပုံနဲ့ ဓာတ်ပြားသီချင်းတွေပဲ ကျန်ရစ်ပါတယ်။ ရုပ်ရှင်လို မှတ်တမ်းက မကျန်ရစ်တော့ သူ့အကကို မျက်ဝါးထင်ထင် ပြန်မမြင်နိုင်တော့ပါဘူး။ (တလောက အွန်လိုင်းမှာ သူ့အက မှတ်တမ်းရုပ်ရှင်လေး မိနစ်ပိုင်းမျှတွေ့လိုက်ရပါတယ်။ ထိုစဉ်ကာလ သတင်း မှတ်တမ်းထဲက ကားပိုင်းအဖြစ်လေး ဖြစ်ပုံရပါတယ်)။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1EMNB7cUBT/

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး #လေပါတီ မှ မဟုတ်တာ၊လေဘာတီမှ ဟုတ်ထာ

Voice of Myanmar

26 Jan, 01:03


(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ RCSS/SSAတို့ ပူးပေါင်းကျင်းပမယ်

ZY(VOM)
ဇန်နဝါရီ ၂၅၊ ၂၀၂၅

(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်အခမ်းအနားကို မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာ ဖေဖော်ဝါရီလ ၇ရကျကနေ ၈ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19ymWEDF3A/

ဓာတ်ပုံ-Tai Freedom

#VoiceofMyanmar #VOM #ရှမ်းပြည်အမျိုးသားနေ့၂ရက်ကြာကျင်းပမယ်

Voice of Myanmar

26 Jan, 01:03


ထမင်းကပူ...၊ ဟင်းကပူ...

ဆူးငှက်

ဖားပေါင်စင်းကို၊ ချင်းပလိုင်းဝယ်။
ခရုပီလော...၊ ရောနှော၍သာလွယ်။
ဟင်းရွက်ကယ်နုနယ်၊ တစ်သွယ်ကန်စွန်း။
ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ။
ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး...

ဝန်ကြီးပဒေသရာဇာရဲ့ လယ်သမားက နေ့လယ်စာကို အခုလိုစားခဲ့တယ်။ မိုးရေထဲ ထွန်ရေးငင်အပြီး လယ်ကန်သင်းရိုးနဲ့ လယ်တောတစ်ခွင်က လတ်လတ်ဆတ်ဆတ်ရလာတဲ့ ဖားပေါင်စင်းနဲ့ တောရွက်သီးနှံတွေ ပူပူနွေးနွေးချက်ပြုတ်ပြီး နေ့လယ်စာကို မိသားတစ်စု ဝိုင်းဖွဲ့စားခဲ့ကြတာကိုး ...။

လတ်တလောချက်ပြုတ်စားကြလို့ ထမင်းကပူ၊ ဟင်းကပူနဲ့ ရှမ်းငရုတ်တောင့်ကိုက်ပြီး နှာရည်တရွဲရွဲနဲ့ မြိန်ရေရှက်ရေစားကြတာပါတဲ့။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1B49Fh8Fg7/

#voiceofmyanmar #VOM #ထမင်းကပူဟင်းကပူ #ဆူးငှက်

Voice of Myanmar

19 Jan, 14:41


မြောက်ဦး လေကြောင်းတိုက်ခိုက်မှု ၂၈ ယောက် သေဆုံး

ဇန်နဝါရီ ၁၉ - ၂၀၂၅
GG (VOM)

ရခိုင်ပြည်နယ် ၊မြောက်ဦးမြို့နယ်မှာ ဇန်နဝါရီ၁၈ ရက်နေ့ညနေပိုင်းကစပြီး လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၈ ယောက်သေပြီး ၂၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုက ညနေ ၄ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မြောက်ဦးမြို့နယ်ရှိ ရမ်းချောင်းအနီးတဝိုက်ကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း နဲ့ဒဏ်ရာရရှိသူတွေထဲမှာလည်း ပြင်းထန်ပြီးစိုးရိမ်ရသူတွေရှိတယ်လို့ ကနဦးသိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DLA8EGq8M/

Photo - AA

#Voiceofmyanmar #vom #ရခိုင်ပြည်နယ် #မြောက်ဦး #ကျောက်တော် #လေကြောင်းတိုက်ခိုက်ခံရ

Voice of Myanmar

19 Jan, 14:41


ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်မြင့်တက်

ဇန်နဝါရီ ၁၉ - ၂၀၂၅
SS (VOM)

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ တပတ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို တိမ်းရှောင်လာသူ ၁၂၀၃ ယောက်ရှိပြီး သံတောင်ကြီးမြို့နယ်ကို ၉၅ ယောက်၊ ဖာပွန်မြို့နယ်ကို ၉၉ ယောက် တိမ်းရှောင်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18UbTxkvT8/

Photo:CJ (ပုံဟောင်း)

#voiceofmyanmar #VOM #ကရင်ပြည်နယ် #တိုက်ပွဲ #ပြင်းထန်လာ #ဒေသခံအများအပြား #စစ်ဘေးတိမ်းရှောင်

Voice of Myanmar

19 Jan, 08:33


အုတ်တွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံလို့ ခြောက်ယောက်သေဆုံး

ဇန်နဝါရီ ၁၉ - ၂၀၂၅
GG (VOM)

ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ညက ရှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

"ဟုတ်ပါတယ်။ညက၈ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။အုပ်ချုပ်ရေးမှူးလည်းနေရာမှာပဲသေတယ်။စစ်သားနဲ့ရဲငါးယောက်လည်းသေသွားတယ်။အုပ်ချုပ်ရေးမှူးဦးမောင်က စိတ်သဘောကတော့တကယ်ကောင်းတဲ့သူပါ။ဘယ်လိုဖြစ်ပြီးခုလောက်ထိဖြစ်ကုန်လည်းမသိပါဘူး။စိတ်မကောင်းဖြစ်ရပါတယ်။" လို့ ဒေသခံကပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Zbc225PAk/

Photo - CJ

#Voiceofmyanmar #vom #ပဲခူးတိုင်း #တောင်ငူခရိုင် #အုတ်တွင်း #ရှမ်းရွာ #အုပ်ချုပ်ရေးမှူးနဲ့နစကတပ်ဖွဲ့တိုက်ခိုက်ခံရ #ခြောက်ယောက်သေ

Voice of Myanmar

19 Jan, 07:27


စစ်ရှောင်တွေကို ထောက်ပံ့ဖို့ နစက စာရင်းကောက်နေ

ဇန်နဝါရီ ၁၉ - ၂ဝ၂၅
KKO(VOM)

ယာယီနေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့ နစက အစိုးရအဖွဲ့ရဲ့သတင်းထုတ်ပြန်မှုတွေအရ သိရှိရပါတယ်။

ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေ ကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကိုဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ နစက ဥက္ကဌ က ယခုဇန်နဝါရီ ၁၇ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1BTx21LUuy/

Photo - CJ
ပုံစာ - စစ်ဘေးရှောင် ပြည်သူအချို့ကို တွေ့ရစဉ်။

#VOM #voiceofmyanmar #နစက #အစိုးရအဖွဲ့ #အစည်းအဝေး #စစ်ဘေးရှောင် #ထောက်ပံ့ရေး #လက်နက်ကိုင်ပဋိပက္ခ

Voice of Myanmar

19 Jan, 03:41


နိုင်ဂျီးရီးယားမှာ လောင်စာကားတိမ်းမှောက် မီးလောင်မှုကြောင့် လူ ၇၇ ယောက်သေဆုံး

အဘူဂျာ၊ ဇန်နဝါရီ-၁၉-၂၀၂၅
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီကားတစီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၇၇ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။

သေဆုံးသူအများစုဟာ တိမ်းမှောက်နေတဲ့ ယာဉ်ကနေ ယိုဖိတ်နေတဲ့ လောင်စာတွေကို ရယူဖို့ ကြိုးပမ်းကြုသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/14kkBYXU85/

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #နိုင်ဂျီးရီးယား #လောင်စာကားပေါက်ပွဲမှု #၇၇ယောက်သေဆုံး

Voice of Myanmar

19 Jan, 03:31


မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ဓလေ့ကို ယူနက်စကိုစာရင်းတင်သွင်းမယ်

ဇန်နဝါရီ၁၉-၂ဝ၂၅
Ms(VOM)

မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကို ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်နိုင်ရန်"မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့"ခေါင်းစဉ်နဲ့ UNESCO တွင် စာရင်းဝင်နိုင်ရန် ရေးသားပြုစုနေပြီဖြစ်တယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက နေသိရပါတယ်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့"ကို UNESCO ရဲ့ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် တင်ပြဖို့စီစဉ်နေပြီး သနပ်ခါးလိမ်းတဲ့ယဉ်ကျေးမှုတွေအကြောင်းတင်ပြမယ့်Nomination Form ( ICH-02) ကို အချိန်မီတင်သွင်းဖို့ ရေးသားမှုတွေရှိနေတာလို့ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DMbU5bdXW/

Photo- Cj

#Voiceofmyanmar #VOM #မြန်မာ့သနပ်ခါး #ယူနက်စကို #ဒြပ်မဲ့ယဥ်ကျေးမှု #အမွေအနှစ်စာရင်း #တင်ပြ

Voice of Myanmar

19 Jan, 03:30


This Day in History

Voice of Myanmar

ထောင်အနှစ် ၂၀ ချမှတ်ထားရာမှ ထောင်ဖောက်ပြေးပြီး ၁၃ နှစ်ကြာတွင် ဖမ်းဆီးရမိခဲ့သော မက္ကဆီကိုမူးယစ်ရာဇာ အယ်လ်ချာပိုဂုဇ်မန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် မက္ကဆီကိုက အမေရိကန်သို့ လွှဲပြောင်းပေးခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #January19

Voice of Myanmar

19 Jan, 01:06


အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် တရားရုံးထဲ ဝင်ပစ်သတ်ခံရ

တီဟီရန်၊ ဇန်နဝါရီ-၁၉-၂၀၂၅
မျိုးဆက်(VOM)

အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် ပစ်သတ်ခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ဖော်ပြပါတယ်။

မြို့တော်တီဟီရန်ရှိ တရားရုံးထဲကို စနေ့နေ့မနက်ပိုင်းက လက်နက်ကို်ငအမျိုးသားတယောက် ဝင်ရောက်လာပြီးနောက် တရားသူကြီး အလီရာဇီနီနဲ့မိုဟာမက်မိုဟီဆာချ်တို့ သေဆုံးခဲ့တာလို့ အီရန်တရားရေးဌာနကလည် ထုတ်ပြန်ထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15itpPtw6x/

Ref:BBC
Photo:Mizan

#Voiceofmyanmar #VOM #အီရန် #တရားရုံးချုပ် #တရားသူကြီးနှစ်ယောက် #အသတ်ခံရ

Voice of Myanmar

19 Jan, 00:49


ရွှေဘိုမင်းဆက်မှန်နန်းစံ

ဆူးငှက်

အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်...

၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ...

ရေချိုတွင်းနဲ့ ပျံ့နန်းလှန်...

ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ

အင်းကြီးတောင်သမန်...တဲ့။

ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က တောင်သမန်ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19wEEoCPEn/

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #ရွှေဘိုမင်းဆက်မှန်နန်းစံ

Voice of Myanmar

19 Jan, 00:47


မတ်ပဲတတင်းကို တသိန်းအောက်သာ ပေါက်စျေးရှိလို့ တောင်သူတွေဒုက္ခရောက်

ဇန်နဝါရီ ၁၉- ၂၀၂၅
CC (VOM)

ပြည်ပပို့ကုန် ပဲစျေးကွက်မှာ မတ်ပဲစျေးနူန်းကဆက်တိုက်ကျဆင်းလာပြီး တစ်တန်ကိုသိန်း ၃၀ အောက်အထိပင်ကျဆင်းသွားတာကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရတဲ့အပြင်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မတ်ပဲ FAQ တစ်တန်ကို ၂၉၉၅၀၀၀ ကျပ်သာ စျေးတန်းရှ်ပြီး နယ်ကုန်စည်ဒိုင်နဲ့ပွဲရုံတွေမှာဆိုရင်လည်း အရည်အသွေးကောင်း မတ်ပဲပိဿာ ၂၀ တတင်းကိုမှ ကျပ်၉၀၀၀၀ ကျော်သာရှိတော့တဲ့အတွက် တောင်သူတွေအရှုံးပေါ်နေရတာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DhMLoDi6X/

Photo - CJ

#Voiceofmyanmar #vom #မတ်ပဲ #စျေးဆက်တိုက်ကျ #အိန္ဒိယဝယ်လိုအားကျ #တတင်း၁၅၀၀၀၀ရမှတောင်သူအဆင်ပြေမယ်

Voice of Myanmar

09 Jan, 13:10


လော့စ်အိန်ဂျလိစ်တောမီး ပိုမိုဆိုးရွားလာ၊ ငါးယောက်သေဆုံးပြီး လူသိန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဝါရှင်တန်၊ ဇန်ဝါရီ-၉-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်နဲ့ အနီးနားရှိ ဗန်တူရာတို့မှာ တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားလာပြီး လက်ရှိအချိန်ထိ လူငါးဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Sunset Fire လို့အမည်ပေးထားတဲ့ ဒီတောမီးဟာ နေရာခြောက်ခုထက်မနည်းမှာ အကြီးအကျယ်လောင်ကျွမ်းနေပြီး ၀ုဒျလမှော လောင်ကျွမ်းမှုနည်းပါးသွားတာကလွဲပြီး ထိန်းချုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19pnqvYW2N/

Ref:BBC
Photo:AP

#Voiceofmyanmar #VOM #လော့စ်အိန်ဂျလိစ် #တောမီး #ငါးယောက်သေဆုံး

Voice of Myanmar

09 Jan, 13:10


မန္တလေးတောင်အဆင်းလမ်းမှာ ကားတစီး တောင်အောက်ပြုတ်ကျပြီး ၁၇ ယောက် ဒဏ်ရာ ရ

ဇန်နဝါရီ ၉ - ၂၀၂၅
SS (VOM)

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်နယ်မြေ၊ မန္တလေးတောင်အဆင်းလမ်းကွေ့မှာ မနေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက ဘုရားဖူးယာဥ်တစီး တောင်အောက် ပြုတ်ကျခဲ့ပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူးတွေ လိုက်ပါလာတဲ့ လိုက်ထရပ် အဖြူရောင်ယာဉ်တစီး တောင်ပေါ်ကပြန်အဆင်းမှာ ဘရိတ်ပေါက်ကာ တောင်အောက် ပေ ၃၀ အနက်ကို ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18WDoz7ieJ/

ဓာတ်ပုံ - နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်း

#voiceofmyanmar #VOM #မန္တလေးတောင် #အဆင်းလမ်း #ကားတစီး #တောင်အောက်ပြုတ်ကျ #၁၇ယောက် #ဒဏ်ရာရ

Voice of Myanmar

09 Jan, 13:08


အိမ်နီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်း မြောက်ကိုရီးယားမှာ ပိုရှိလာတယ်လို့ သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၅
မျိုးဆက်(VOM)

မြောက်ကိုရီးယားတပ်တွေဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့အတူ တိုက်ပွဲဝင်နေမှုကနေ အကျိုးအမြတ်တွေရရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်း ပိုရှိလာတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးဟာ ပိုမိုနီးကပ်လာခဲ့ပြီး လက်ရှိမှာတော့ ရုရှားမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော်ထိ ရှိနေပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1XK93mUbY4/

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #ယူကရိန်းစစ်ပွဲ #စစ်ရေးစွမ်းရည် #တိုးတက်မှု #အမေရိကန်သတိပေး

Voice of Myanmar

09 Jan, 06:04


ဇလုံတောင်ဘုရား ခရီးစဥ်ပြန်ဖွင့်ပေမယ့် ရပ်ဝေးခရီးသွားဝင်ရောက်မှုမရှိ

ဇန်နဝါရီ ၉ - ၂၀၂၅
GG (VOM)

တိုက်ပွဲကြောင့် ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း ၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင် ဘုရားဖူးခရီးစဥ်ကို သွားလာခွင့် ပြန်ဖွင့်လိုက်ပေမယ့် ရပ်ဝေးခရီးသွားဧည့်သည်လာရောက်မှု မရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ဇလုံတောင်ဘုရား တောင်တက်ခရီးစဥ်နဲ့ တောင်တက်မော်တော်ယာဥ်လိုင်းတွေသွားလာခွင့်ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေနဲ့ဘုရားဂေါပကအဖွဲ့ပူးပေါင်းပြီး ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/188KDDzzcZ/

Photo - ဇလုံတောင်ဘုရားဖူးသွားကြမယ်

#Voiceofmyanmar #vom #စစ်ကိုင်းတိုင်း #ကသာ #ဗန်းမောက် #ဇလုံတောင် #ခရီးစဥ်ပြန်ဖွင့် #ရပ်ဝေးခရီးသွားမရှိ

Voice of Myanmar

09 Jan, 06:04


ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု လူအယောက် ၄၀ ထက်မနည်း သေဆုံး၊ အယောက် ၂၀ ကျော် ဒဏ်ရာ ရ

ဇန်နဝါရီ ၉ - ၂၀၂၅
SN (VOM)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လူအယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်၊ သေဆုံးမှုအပြင် ကျောက်နီမော်ကျေးရွာရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်နဲ့ ဈေးအနီးဝန်းကျင်တွေက လူနေအိမ် ၅၀၀ ဝန်းကျင်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=pfbid024NRvmUN82K1UkWRNatgsTPwqn3YTyJUshV9BNofsRw7pnKQB4zNKbgYLdn7u4cMMl&id=100069036769684&mibextid=Nif5oz

#voiceofmyanmar #VOM #ကျောက်နီမော်ကျေးရွာ #လေကြောင်း #တိုက်ခိုက်ခံရမှု #လူအယောက်၄၀ထက်မနည်း #သေဆုံး #အယောက်၂၀ကျော် #ဒဏ်ရာရ

Voice of Myanmar

09 Jan, 06:02


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၆၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၆၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၈၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၅ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၅ ကျပ်
ဝယ်ဈေး - ၄၆၁၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

Voice of Myanmar

09 Jan, 06:02


မြန်မာနိုင်ငံမှ နျူကလီးယားပစ္စည်းတွေကို မှောင်ခိုရောင်းဝယ်မှု အပြစ်ရှိကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၅
မျိုးဆက်(VOM)

မြန်မာနိုင်ငံက နျူကလီးယားပစ္စည်းတွေ မှောင်ခိုကူးမှုနဲ့ အမေရိကန်က စွဲချက်တင်ခံထားရတဲ့ ဂျပန်ယာကူဇာခေါင်းဆောင်ဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ထုတ်ပြန်ပါတယ်။

အသက် ၆၀ နှစ်အရွယ် ဂျပန်နိုင်ငံသား တာကီရှီအီဘီဆာဝါဟာ မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေကို ယူရေနီယံနဲ့ လက်နက်အဆင့် ပလူတိုနီယံတွေအပါအဝင် နျူကလီးယားပစ္စည်းတွေကိူ သယ်ဆောင်ရောင်းဝယ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပြီး နယူးယောက် မန်ဟန်တန် တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18WPgYbD7T/


Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #ဂျပန်ယာကူဇာ #မြန်မာ #နျူကလီးယားစ္စည်း #ရောင်းဝယ်မှု

Voice of Myanmar

09 Jan, 06:02


This Day in History

Voice of Myanmar

ယာဆာအာရာဖတ်လက်ထက် ၂၀၀၃ ခုနှစ်တွင် ပါလက်စတိုင်းဝန်ကြီးချုပ်အဖြစ် ခေတ္တတာဝန်ယူခဲ့သော မာမွတ်အာဘတ်စ်သည် ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။

#Voiceofmyanmar #VOM #ThisDayinHistory #January9

Voice of Myanmar

09 Jan, 01:03


ခါးလေးသေးမှ ယဉ်တစ်ကိုယ်မယ်
-----------------------------------------
ဆူးငှက်

၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ တန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်း သွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။

အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ၊ မန္တလေးသားများအဖို့ ဂျပန်လေတပ်ကြီး ချီတက်တာကိုပဲ ကောင်းကင်ဘား ဆပ်ကပ်ပြလေသလား ထင်မှတ်မှားပြီး လက်ခုပ်လက်ဝါးတီးကာ ပျော်ပျော်ကြီး ကြည့်ကြရာက မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒလစပ်ပစ်ခတ်ပါမှ တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟလို့အော်ဟစ်ပုန်းအောင်းကြလို့ သေလိုက်ကြတာကလည်း သောက်သောက်လဲတဲ့။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19xUFoaGac/

#voiceofmyanmar #VOM #ဆူးငှက် #ခါးလေးသေးမှယဉ်တစ်ကိုယ်မယ

Voice of Myanmar

08 Jan, 09:37


တိဘက်မြေငလျင် သေဆုံးသူ ၁၂၀ ကျော်လာပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေ

ပေကျင်း၊ ဇန်နဝါရီ-၈-၂၀၂၅
မျိုးဆက်(VOM)

တရုတ်နိုင်ငံအနောက်ပိုင်း တိဘက်ဒေသမှာ မနေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် သေဆုံးသူ ၁၂၆ ယောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်သား ၁၄၀၀ ကျော်ဖြန့်ကြက်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ဧ၀ရတ်တောင်ခြေကနေ မိုင် ၅၀ အကွာ အဲဒီဒေသမှာ ငလျင်လှုပ်ခတ်ပြီးနောက် ပိတ်မိနေသူ ၄၀၀ ကျော်ကို မနေ့က ကယ်တင်နိုင်ခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။ အပူချိန်ဟာ အနှုတ် ၁၆ ဒီဂရီထိ ကျဆင်းနေပြီး ဘေးသင့်ဒေသကို တရုတ်ဒုတိယဝန်ကြီးချုပ် ရောက်ရှိနေပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1CtBmNFFs4/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #တရုတ် #တိဘက် #မြေငလျင် #၁၂၆ယောက်သေဆုံး

Voice of Myanmar

08 Jan, 09:34


ရန်ကုန် မင်္ဂလာဒုံပန်းခြံအနီး ကျိုက်ထီးရိုး ဘုရားဖူးကားမှောက်လို့ ၁၂ ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၈ - ၂၀၂၅
GG (VOM)

ရန်ကုန်တိုင်း၊မ င်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းခွဲနဲ့တညင်းကုန်လမ်းဆုံကြား၊ ခရေပင်လမ်းမပေါ်၊ မင်္ဂလာဒုံပန်းခြံအနီးမှာ ဇန်နဝါရီ ၇ရကျနေ့ညနပေိုငျးက ကျိုက်ထီးရိုးဘုရားဖူးကနေပြန်လာတဲ့ ဘုရားဖူးလိုက်ထရပ်ကားတစီး သစ်ပင်ကိုဝင်တိုက်မိပြီး ကလေးအပါလူ ၁၂ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ကလေးနှစ်ယောက်၊ အမျိုးသမီးငါးယောက်နဲ့အမျိုးသားငါးယောက်တို့ဖြစ်ပြီး အဲဒီထဲကမှ အသက်ကြီးပိုင်းအမျိုးသမီးကြီးတယောက်ကတော့ လက်ထိခိုက်ဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာတွေနဲ့စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1WyyUBiuAq/

Photo -မြသီတာလူမှုကူညီရေးအသင်း

#Voiceofmyanmar #vom #ဘုရားဖူးကားတိမ်းမှောက် #၁၂ယောက်ဒဏ်ရာ

Voice of Myanmar

08 Jan, 09:32


မံစီမြို့ အခြေစိုက် နစက စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်

ဇန်နဝါရီ ၈၊ ၂၀၂၅
Shy V VOM

ကချင်ပြည်နယ်၊ မံစီမြို့ အခြေစိုက် နစက တပ် စခနျးတှေကို KIA နဲ့ ပူးပေါငျး တပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၁၀ နာရီ နဲ့ ၁၁ နာရီ ကြားမှာ အပြီးသတ် ထိန်းချုပ်လိုက်ကြောင်း ဒသေခံတှေဆီက သိရပါတယ်။

"မံစီမှာ ကျန်နေတဲ့ စစ်တပ် စခန်း သုံးခု စလုံး ကို ဒီမနက် သိမ်းလိုက်ပြီ လို့ သိရတယ်။ ခမရ ၃၁၉ ရယ်၊ ၆၀၁ ရယ်။ နောက်ပြီးတာ့ အမြောက်တပ် ၃၅၂ ရောပါတယ်လို့ သိရတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19rgGRyDxR/

Photo :CJ

#Voiceofmyanmar #VOM #ဗန်းမော် #မံစီ #နစက #ကေအိုင်အေ #တိုက်ပွဲ

Voice of Myanmar

08 Jan, 09:31


ပန်းဘဲတန်းမှာ ရွှေဆိုင်ဓားပြတိုက်ခံရလို့ ငွေသိန်း ၅၀၀နဲ့အတူ ရွှေပိဿာချီပြီးပါသွား

ဇန်နဝါရီ ၈ - ၂၀၂၅
GG (VOM)

ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်ဘလောက်၊ အမှတ်(၁၁၀)ပထမထပ်မှာဖွင့်ထားတဲ့ " ရွှေချစ်သူ" ရွှေဆိုင်မှာ ဒီနေ့ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ဆိုင်အတွင်းဝင်ရောက်ဓားပြတိုက် လုယက်ခံခဲ့ရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လုယက်ခံရမှုဖြစ်စဥ်ကြောင့် ငွေသားသိန်း၅၀၀ အပါအဝင် ရွှေထည်ပစ္စည်း ပိဿာနဲ့ချီပြီး လုယက်ခံလိုက်ရကြောင်း ကနဦးသတင်းအရသိရပြီး လုယက်ခံရတဲ့ပစ္စည်းအရေအတွက်နဲ့တန်ဖိုးအတိအကျကိုစစ်ဆး တွက်ချက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1JFM6UfKRL/

Photo - CJ

#Voiceofmyanmar #vom #ရန်ကုန် #ပန်းဘဲတန်း #ရွှေချစ်သူရွှေဆိုင် #ဓားပြတိုက်ခံ

Voice of Myanmar

08 Jan, 09:31


မန္တလာမင်းယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီးမှု စုံစမ်းစစ်ဆေးနေ

ဇန်နဝါရီ ၈ - ၂၀၂၅
SS (VOM)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ မန္တလာမင်း ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ဖမ်းဆီးခံရမှု ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှ စစ်ဆေးဆောင်ရွက်နေတယ်လို့ မန္တလာမင်းအဆင့်မြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်၊ ညနေ ၅ နာရီဝန်းကျင်က မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်ကို မောင်းနှင်လာတဲ့ မန္တလာမင်း ခရီးသည်တင်မှန်လုံယာဉ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ရောင်းဒေါင်းကျေးရွာအနီး မုဒုံ - သံဖြူဇရပ် ကားလမ်းပေါ်မှာ တားဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18yb3vHcKZ/

Photo:CJ

#voiceofmyanmar #VOM #မန္တလာမင်းယာဉ် #ယာဉ်မောင်း #ယာဉ်နောက်လိုက် #ဖမ်းဆီးခံရမှု #အရှေ့တောင်တိုင်းစစ်ဌာနချုပ် #စစ်ဆေးဆောင်ရွက်နေ

Voice of Myanmar

08 Jan, 06:04


ပနားမားတူမြောင်းနဲ့ ဂရင်းလန်းကို ထိန်းချုပ်ရေး အင်အားသုံးနိုင်၊ ကနေဒါကို ပြည်နယ်ဖြစ်သင့်တယ်လို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၈-၂၀၂၅
မျိုးဆက်(VOM)

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ ဂရင်းလန်းနဲ့ ပနားမားတူးမြောင်းကို ထိန်းချုပ်ရယူလိုတဲ့ ဆန္ဒကို စွန့်လွှတ်ဖို့ အရိပ်အယောင်မရှိဘဲ ဒါဟာ အမျိုးသားလုံခြုံရေးအတွက် အရေးပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒိန်းမတ်နယ်မြေတခုဖြစ်တဲ့ ဂရင်းလန်းနဲ့ ပနားမားတူးမြောင်းကို ထိန်းချုပ်ဖို့အတွက် စီးပွားရေး သို့မဟုတ် စစ်ရေးအင်အားသုံးနိုင်တယ်လို့လည်း ဒေါ်နယ်ထရန့်က ဖလော်ရီဒါမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19skv3qDFr/

Ref:BBC
Photo:Getty Images

#Voiceofmyanamar #VOM #အမေရိကန် #ဒေါ်နယ်ထရန့် #ဂရင်းလန်း #ပနားမားတူမြောင်း #ထိန်းချုပ်ရေး

Voice of Myanmar

08 Jan, 03:51


လော့အိန်ဂျလိစ်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းလို့ အရေးပေါ်အခြေအနေ ကြေညာ

ဝါရှင်တန်၊ ဇန်နဝါရီ-၈-၂၀၂၅
ရတီ(VOM)

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တောမီးဟာ ၁၀ ဧကကနေ နာရီပိုင်းအတွင်း ဧက ၂၉၀၀ ကျော်ထိ လောင်ကျွမ်းခဲ့ပြီး ဒေသခံသုံးသောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွှန်ကြားထားကာ အဆောက်ဦ ၁၃၀၀၀ ကျော် တောမီးခြိမ်းခြောက်ခံနေရတယ်လို့ မီးသတ်ဌာနအကြီးအကဲ ခရစ်စတင်ခရိုလီက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Cr3duQEYM/

Ref:BBC
Photo:Reuters/AFP

#Voiceofmyanmar #VOM #အမေရိကန် #လော့အိန်ဂျလိစ် #တောမီး #အရေးပေါ်အခြေအနေ #ထုတ်ပြန်

Voice of Myanmar

08 Jan, 03:50


အယ်ဒီတာခင်များ

VOM က ဖိတ်ခေါ်ချက်တခုမှာ စစ်မှုထမ်း ကိစ္စနဲ့ ပတ်သက်ပြီး မတရားခံရတာ အဂတိလိုက်စားတာ ပေးပို့နိုင်တယ်ဆိုလို့ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်က အုပ်ကြီးက ငွေတောင်းကြမ်းတာ ပေးပို့လိုက်ပါတယ်။

အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှုး ကိုစိန်သောင်းနဲ့ ရာအိမ်မှုးကိုထွေးတို့ဟာ စစ်မှုမထမ်းချင်ရင် ၅၀၀၀၀ပေးဆိုပြီး ကောက်ပါတယ်။ ကျောင်းသားတွေကိုတော့မကောက်ဘူးဆိုပေမယ့် တချို့နယ်မြေ ၂တို့မှာဆိုရင် ကျောင်းသားတွေလည်းပေးရပါတယ်။ ကောက်တာက ဒီတစ်ခါနဲ့ဆို ၂ခါရှိသွားပြီဖြစ်ပါတယ်။ ပထမတခါကောက်တာက ၇၀၀၀၀ ခုက ၅၀၀၀၀ဖြစ်သွားတာပါ။
လုပ်ကိုင်စားရတာ အဆင်မပြေတဲ့ကြားထဲ ဒီလိုခဏခဏ ကောက်ခံနေတာကို သက်ဆိုင်ရာက ခွင့်ပြုပေးထားပါသလား သိပါရစေ။ ခွင့်ပြုမထားပဲ သူတို့ကိုယ်ကျိုးအတွက် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေတောင်းနေတာတွေကို အရေးယူပေးစေချင်ပါတယ်။

အင်းစိန်မြို့နယ် ကမ်းနား အနောက်ရပ်ကွက်သားတဦး

Voice of Myanmar

08 Jan, 03:41


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၆၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၂၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၀၅ ကျပ်
ဝယ်ဈေး - ၃၂၄၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၇၅ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

Voice of Myanmar

08 Jan, 03:41


ပြည်မြို့နယ်မှာ တရက်တည်း ရာအိမ်မှူးအပါအဝင် သုံးယောက် ပစ်သတ်ခံရ

ဇန်နဝါရီ ၈- ၂၀၂၅
CC (VOM)

ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ ပေါင်း တလည်မြို့ မှာ ဒီနေ့ ဇန်နဝါရီ ၇ ရက်နေ့တရက်တည်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးယောက်သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အသတ်ခံရသူတွေက မြို့လှရွာမှ ရာအိမ်မှူး ဦးအောင်နိုင်ဦးဆိုသူ နဲ့ရေကြည် ကုန်းရွာမှ အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်တို့ဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15eufDF4bw/

Photo -CJ

#Voiceofmyanmar #vom #ပြည်မြို့ #ပေါင်းတလည် #ရေကြည်ကုန်း #မြို့လှ #ရာအိမ်မှူး #စစ်တပ်သတင်းပေး #အသတ်ခံရ

Voice of Myanmar

08 Jan, 01:31


This Day in History

Voice of Myanmar

နှိုင်းရသီအိုရီနှင့် ကွမ်တမ်မက္ကနစ်နှစ်ခုစလုံးအပေါ် သက်ရောက်စေသည့် တွင်းနက်ကြီးများ ပေါက်ကွဲမှုသီအိုရီကို ဖော်ထုတ်ခဲ့သော အင်္ဂလိပ်ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းကို ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် မွေးဖွားခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #January8

Voice of Myanmar

08 Jan, 01:00


ကံပိုင်တည် နယ်စပ်ဂိတ်ကနေ မြန်မာကုန်တင်ကားတွေနဲ့ ကုန်ပို့ခွင့်မပြုလို့ ကားပိုင်ရှင်တွေ အခက်အခဲကြုံ

ဇန်နဝါရီ ၈ ၊ ၂၀၂၅

Shy V VOM

ကချင်ပြည်နယ်၊ ကံပိုင်တည် မြန်မာ - တရုတ်နယ်စပ်ဂိတ် ကနေ မြန်မာကုန်တင် ကားတွေနဲ့ ကုန်တင်ပို့ခွင့်မပြုလို့ မြန်မာကုန်တင် ကားပိုင်ရှင်တွေ အခက်အခဲ ကြုံနေရကြောင်း နယ်စပ် ကုန်တင် ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။

"အခုက မြန်မာဘက်ခြမ်းက တစ်သျှူး ငှက်ပျောတွေကို အကုန်လုံး တရုတ်ပြည်က ကားတွေပဲ လာတင်တော့တာ။ ဗမာပြည်က ကားတွေ တစီးမှ မတင်ရတော့ဘူး။" လို့ နယ်စပ် ကုန်သည် ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။

နယ်စပ် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မြန်မာကားတွေကိုလည်း သုံးပေးဖို့ ညှိနှိုင်းစေချင်တယ်လို့ သူက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18qfJYckXp/

Photo #ဒေသခံ

#Voiceofmyanmar #VOM #ကချင် #ကံပိုင်တည် #နယ်စပ်ဂိတ် #ကုန်တင်ကားခွင့်မပြု

Voice of Myanmar

07 Jan, 14:54


မြန်မာ့အရေး အာလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အီးယူနဲ့ အခြားနိုင်ငံတွေ တိုက်တွန်း

ဇန်နဝါရီ ၇ - ၂၀၂၅
CC (VOM)

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ရောက်ရှိစေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဥရောပသမဂ္ဂအဖွဲ့(အီးယူ)၊ အမေရိကန်အပါအဝင် အခြားနိုင်ငံတွေက ကတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ရန်၊ ကန့်သတ်ရန်၊ အပြင်းအထန်ပဋိပက္ခတွေကို လျှော့ချရန်၊ ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ပါ ထပ်မံတိုက်တွန်းထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18iaDsR5aU/

Photo:CJ

#Voiceofmyanmar #vom #မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ #ဒီမိုကရေစီ #အကြမ်းဖက်မှုရပ်တန့်ရေး #တောင်းဆို

Voice of Myanmar

05 Jan, 02:42


This Day in History

Voice of Myanmar

တချိန်က ကမ္ဘာပေါ်တွင် အရှည်ဆုံးတံတားအဖြစ် သတ်မှတ်ခံခဲ့ရသော အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ ဂိုးဒင်းဂိတ်တံတားကို ၁၉၃၃ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #January5

Voice of Myanmar

05 Jan, 01:12


ရန်ကုန်လျှပ်စစ်မီး ၄ နာရီလာ ၈ နာရီပျက်မယ်ဆိုသော်ငြား လာချင်သလိုလာ ပျက်ချင်သလိုပျက်နေလို့ ပြည်သူတွေစိတ်ပျက်

ဇန်နဝါရီ ၅ - ၂ဝ၂၄
KKO(VOM)

ရန်ကုန်မြို့မှာ လျှပ်စစ်မီးကိုအလှည့်ကျအဆိုင်းနဲ့ ရရှိနေသော်လည်း ယခုအခါမှာအချိန်ထပ်တိုးပျက်တောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူလူထုတွေရဲ့ဝေဖန်မှုတွေဟာ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် ယခုအသစ်တဖန်ထပ်မံပြောင်းလဲလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတဲ့အလှည့်ကျအဆိုင်းနဲ့ မီးပေးစနစ်အချိန် ဇယားအရ ရန်ကုန်မြို့လျှပ်စစ်မီးဟာ(၄)နာရီ လာ(၈)နာရီပျက်မယ်ဆိုသော်ငြား လာချင်သလိုလာ၊ပျက်ချင်သလိုပျက်နေလို့ ပြည်သူတွေက စိတ်ပျက်လျက်ရှိနေကြတာလည်းဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/13wHzXYnBQ/

Photo - CJ

#VOM #voiceofmyanmar #ရန်ကုန် #လျှပ်စစ်မီး #အလှည့်ကျ #မီးပေးစနစ်
#ဝေဖန်မှုမြင့်တက်

Voice of Myanmar

05 Jan, 01:12


AA က စစ်တွေမြို့နားမှာရှိတဲ့ ခလရ ၂ဝ ကို ရံဖန်ရံခါ လာရောက်ပစ်ခတ်မှုတွေရှိနေလို့ မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ပွားလာမှာကို ဒေသခံတွေစိုးရိမ်နေ

ဇန်နဝါရီ ၅ - ၂ဝ၂၅
KKO(VOM)

AA အဖွဲ့က စစ်တွေမြို့နားက ခလရ ၂ဝ ကို ရံဖန်ရံခါ လာရောက်ပစ်ခတ်မှုတွေရှိနေလို့ မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ အဲဒီမြို့နေဒေသခံတွေရဲ့ ပြောပြမှုတွေအရ သိရပါတယ်။

လက်ရှိမှာ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင် မြို့(၃)မြို့ကလွဲလို့ ရခိုင်ပြည်နယ်တခုလုံးနီးပါးခန့်ကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော် (ULA/AA)က စစ်ရေးအရသိမ်းယူထားတာလည်းဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1B7rDouNJ1/

Photo - CJ

#VOM #voiceofmyanmar #ရခိုင်ပြည်နယ် #ဒေသတွင်းတိုက်ပွဲ #စစ်ရေးအခြေအနေ #စစ်တွေမြို့ #စစ်ဘေးရှောင်

Voice of Myanmar

05 Jan, 01:09


ဂေါဝိန်ဆိပ် နေဝင်ချိန်

ဆူးငှက်

ဂေါဝိန်တဲ့..၊

လူမှန်း သိတတ်ကတည်းက ကြားဖူးနေသည့် စကားလုံးဖြစ်သည်။ မန္တလေးမှာမွေး မန္တလေးကြီးမို့ သည်စကားလုံးနှင့် မစိမ်းတာပေါ့ဟု သုံးသပ်ငြား မဟုတ်သေးဟု ငြင်းရဦးမည်။

ဂေါဝိန်တဲ့..၊

မြန်မာ့ သမိုင်းမှာက ဂေါဝိန်က ထင်ရှားသည့် ဇာတ်ကောင် ဖြစ်ခဲ့သည်။ ဇာတ်လိုက် မဟုတ်သော်လည်း ဗီလိန်ဟုတော့ စွပ်စွဲလို့ မရစကောင်းပေ။ သို့သော် ဂေါဝိန်ကပျော်ရွှင်ဖွယ် ဇာတ်ကွက်တော့ မဟုတ်။ သမိုင်းဇာတ်လမ်း၏ အစိတ်အပိုင်း ဇာတ်ကွက် တစ်ကွက် ဆိုငြားဇာတ်၏ အလှည့်အပြောင်းမှာ အရေးပါသော ဇာတ်ဝင်ခန်းဖြစ်ချေသည်။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1CpxVjZwk7/

#Voiceofmyanmar #VOM #ပါတော်မူ #ဂေါဝိန်

Voice of Myanmar

04 Jan, 13:08


၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အမျိုးညီလာခံမှာ ပါဝင်ခဲ့သူ ၂၄၉ ယောက်ကို လူမှုထူးချွှန်ဆု ချီးမြှင့်

ဇန်နဝါရီ ၄ - ၂၀၂၅
GG (VOM)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံ မယ့်မူတွေ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာပါဝင်ဆွေးနွေးခဲ့ကြတဲ့ ညီလာခံကိုယ်စားလှယ် ၂၄၉ ယောက်ကိုဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်တာဖြစ်ကြောင်း နစကရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားပါတီတွေကနိုင်ငံရေး ခေါင်ဆောင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပြင် မွန်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကတို့ကို နစကမှ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရသူတွေထဲမှာ ပါဝင်နေပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1KeLBWZ572/

#Voiceofmyanmar #vom #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #အမျိုးသားညီလာခံ #လူမှုထူးချွန်ဆုချီးမြှင့်ခံရ

Voice of Myanmar

04 Jan, 13:08


နစက လွတ်ငြိမ်းချမ်းသာမှာ ကချင်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် လွတ်မြောက်လာ၊ နိုင်/ကျဉ်း ၆၀၀ သာပါဝင်တဲ့အပေါ် ဝေဖန်မှုရှိ

ဇန်နဝါရီ ၄ - ၂၀၂၅
GG (VOM )

နစကရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အကျဥ်းသား ၆၀၀၀ နီးပါးထဲမှာ နိုင်ငံရေးအကျဥ်းသား ၆၀၀ သာလွတ်မြောက်ပါဝင်တယ်လို့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဆိုပါ လွတ်ငြိမ်းခွင့်နဲ့လွှတ်ပေးလိုက်တဲ့နိုင်ငံရေးအကျဥ်းသားတွေထဲမှာ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ပါဝင်ပြီး လွတ်မြောက်လာတယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/196pFMt1C1/

#Voiceofmyanmar #vom #နိုင်ငံအေကျဥ်းသား၆၀၀လွတ် #ဒေါက်တာခက်အောင်လွတ် #လွတ်လပ်ရေးနေ့ #လွတ်ငြိမ်းချမ်းသာခွင့်ပြန်လွတ်

Voice of Myanmar

04 Jan, 13:07


အစ္စရေးအတွက် ဒေါ်လာ ကိုးဘီလီယံဖိုး လက်နက်တွေရောင်းဖို့ အမေရိကန်စီစဉ်နေ

ဝါရှင်တန်၊ ဒီဇင်ဘာ-၄-၂၀၂၅
မျိုးဆက်(VOM)

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အစ္စရေးအတွက် ဒေါ်လာ ကိုးဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ ကွန်ဂရက်ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းအရပ်သားတွေ သောင်းနဲ့ချီသေဆုံးပေမယ့် မဟာမိတ်အစ္စရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ဆက်လက်ပြသနေတာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ဒီရောင်းချမှုအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ကော်မတီတို့က အတည်ပြုရဦးမှာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15ouP4HLCu/

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #ဂါဇာစစ်ပွဲ #အစ္စရေး #အမေရိကန် #လက်နက်ရောင်းချမှု #ဒေါ်လာကိုးဘီလီယံ

Voice of Myanmar

04 Jan, 13:04


NCA အဖွဲ့တချို့ ကတိချိုးဖောက်မှုရှိနေ၊ လာမယ့် ရွေးကောက်ပွဲ အနိုင်ရအစိုးရကို အာဏာလွှဲမယ်လို့ နစက ဥက္ကဌ ပြော

ဒီဇင်ဘာ ၄ - ၂၀၂၅
KKO(VOM)

လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလည်း နိုင်ငံ့တာဝန်တွေ လွှဲပေးမယ်လို့ နစက ဥက္ကဌက ယနေ့ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ကတိပြုလိုက်ပြီး NCA မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)အချို့က NCA ပါ ကတိကဝတ်တွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ကိုလည်း နစက ဥက္ကဌ က လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သူရဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19DWq3rv3z/

#VOM #voiceofmyanmar #(၇၇)နှစ် မြောက်လွတ်လပ်ရေးနေ့ #သဝဏ်လွှာ #နစကဥက္ကဌ #မိန့်ခွန်း #ကောက်နှုတ်ချက်

Voice of Myanmar

04 Jan, 06:03


သရုပ်ဆောင် သင်ဇာဝင့်ကျော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ

ဇန်နဝါရီ ၄ - ၂၀၂၅
GG (VOM)

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် ဒီနေ့ ဇန်နဝါရီ ၄ရက် ၊လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပြီဖြစ်တယ်လို့ နီးစပ်သူတွေနဲ့အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။

ထောင်ဒဏ် ငါးနှစ်ချခံထားရတဲ့သင်ဇာဝင့်ကျော်ဟာ ထောင်ထဲမှာ နှစ်နှစ်ကျော် အကျဥ်းကျခံရပြီးနောက်မှာ နစကရဲ့ ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အကျဥ်းသားတွေထဲမှာ ပါဝင်လာတာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19jeb2TNyD/

#Voiceofmyanmar #vom #သင်ဇာဝင့်ကျော် #လွတ်လပ်ရေးနေ့ #လွတ်ငြိမ်းချမ်းသာခွင့်ပြန်လွတ်

Voice of Myanmar

04 Jan, 05:40


အကျဉ်းသား ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တသက် ပြစ်မှုအချို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ လျှော့ပေး

ဇန်နဝါရီ ၄ - ၂၀၂၅
SS (VOM)

(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နစက က အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တသက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်ကို လျှော့ချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိန်းမှု၊ လက်နက်မှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးအမှု၊ မူးယစ်မှုနဲ့ အဂတိအမှုတွေမှအပ တည်ဆဲဥပဒေ တရပ်ရပ်အရ ပြစ်ဒဏ်ကျခံနေသူတွေကို ၎င်းတို့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ၊ တပုံကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာဖြစ်တယ်လို့ နစက က အမိန့်အမှတ် (၁/၂၀၂၅) နဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15X5R9mQva/

Photo:VOM/ISP

#voiceofmyanmar #VOM #အကျဉ်းသား #၅၈၆၄ယောက် #လွတ်ငြိမ်းခွင့်ပေး #ထောင်ဒဏ်တသက် #ကျခံနေရသူတွေ #ထောင်ဒဏ်လျော့ပေး

Voice of Myanmar

04 Jan, 04:21


နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားမယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)

သမ္မတတွေကို စွပ်စွဲပြစ်တင်မှုနဲ့အတူ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်မှာ သွားရောက်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

စွပ်စွဲပြစ်တင်ခံရမှုကြောင့် ရာထူးကနေရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးနိုင်ရေး မနေ့ကကြိုးပမ်းခဲ့ပေမယ့် သမ္မတလုံခြုံရေးအဖွဲ့နဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းမယ့်အစီအစဉ် အထမမြောက်ခဲ့ပါဘူး။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1TGh6ejgBG/

Ref:AFP
Photo:Reuters

#Voiceofmyanmar #VOM #တောင်ကိုရီးယား #အမေရိကန် #နိုင်ငံခြားရေးဝန်ကြီး #ဘလင်ကင်

Voice of Myanmar

04 Jan, 04:07


ဗန်းမော်တိုက်ပွဲ တလခန့် ကြာမြင့်လာပြီး ဆက်လက် ပြင်းထန်နေ

ဇန်နဝါရီ ၅ - ၂၀၂၅
SN (VOM)

ကချင်ပြည်နယ် (တောင်ပိုင်း)၊ ဗန်းမော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာဟာ လက်ရှိမှာတော့ အချိန်တလခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးတချို့ကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1XDHBj42qi/

Photo:CJ

#voiceofmyanmar #VOM #ဗန်းမော်တိုက်ပွဲ #တလခန့် #ကြာမြင့်လာ #ဆက်လက် #ပြင်းထန်နေဆဲ

Voice of Myanmar

04 Jan, 04:05


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၃၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၄၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၈၅ ကျပ်
ဝယ်ဈေး - ၃၂၂၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၁၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

Voice of Myanmar

04 Jan, 01:37


This Day in History

Voice of Myanmar

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦအဖြစ် သတ်မှတ်ခံရသော ပေပေါင်း ၂၇၁၇ အမြင့်ရှိ Burj Khalifa အဆောက်အဦကို ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဒူဘိုင်း၌ ဖွင့်လှစ်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayinHistory #January4

Voice of Myanmar

04 Jan, 01:36


သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ခံရတဲ့ဆရာတော်များနဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြင့်ခံရသူ စာရင်းများ။

Voice of Myanmar

30 Nov, 03:52


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၃၀ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၇၆၄၈၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၄၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၀၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၄၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၀၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၃၅ ကျပ်
ဝယ်ဈေး - ၄၆၁၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

Voice of Myanmar

30 Nov, 03:51


This Day in History

Voice of Myanmar

ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်လာပြီး ဂရမ်မီဆုရှစ်ဆု စံချိန်တင်ဆွတ်ခူးနိုင်ခဲ့သည့် အမေရိကန်အဆိုတော် မိုက်ကယ်ဂျက်ဆင်၏ Thriller အမည်ရ အယ်လ်ဘမ်ကို ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖြန့်ချိခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #November30

Voice of Myanmar

30 Nov, 03:51


ယိုးဒယားခေါက်ထီးနှင့် အီတလီကိုင်း မျက်မှန်

ဆူးငှက်

ကျွန်တော်က ၁၉၇၄ခုနှစ်တွင် ၁၀တန်းအောင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ၁၉၇၄/၇၅ စာသင်နှစ်တွင် သင်္ချာဘာသာ အဓိကဖြင့် ပထမနှစ်အိမ်ကစ၍ တက်ရသည်။ ထိုစဉ်ကာလ စာပေးစာယူဖြင့် အိမ်ကအခြားအလုပ်လုပ်ကာ တက္ကသိုလ်တက်နိုင်သော်လည်း ကျွန်တော်က တက္ကသိုလ် နေ့သင်တန်းကိုပဲ အမေ့ဆီက မုန့်ဖိုး လက်ဖြန့်တောင်း၊ အဖေ့ဆီက ကျောင်းလခနှင့် စာအုပ်ဖိုးတောင်းပြီး တက်ခဲ့သည်။ အသက်၆၀နီးပါး မိဘ၂ပါး၏ ချွေးနည်းစာကိုမှ အားမနာခဲ့။

ဆောင်းပါး အပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19aoNmp9qn/

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Voice of Myanmar

29 Nov, 10:10


ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ်သစ် တီထွင်အောင်မြင်ပြီလို့ တောင်ကိုရီးယား ကြေညာ

ဆိုးလ်၊ နိုဝင်ဘာ-၂၉-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီး ဒီစနစ်ကို အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှု ကာကွယ်ဖို့ စနစ်သစ်တခုအနေနဲ့ ဖြန့်ကြက်သွားမယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်ပြီး ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ဖျက်သိမ်းခဲ့ပြီး မကြာသေးမီကာလတွေမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးတွေ တင်းမာနေခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/14ifp4xavMV/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #တောင်ကိုရီးယား #ဒုံးကျည်ကာကွယ်ရေး #စနစ်သစ် #မြောက်ကိုရီးယား #ခြိမ်းခြောက်မှု

Voice of Myanmar

29 Nov, 10:08


တောင်ကုတ်မြို့ စစ်ရှောင်အိမ်တွေ ဖောက်ထွင်းခိုးယူခံရမှု ဆိုးရွားနေ

နိုဝင်ဘာ ၂၉ - ၂၀၂၄
SN (VOM)

တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က အလုံးစုံထိန်းချုပ်လိုက်တယ်လို့ ယမန်နေ့ညက ထုတ်ပြန်လိုက်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမှာ စိုးရိမ်တာကြောင့် မြို့အတွင်းက ကျန်ရှိနေသေးတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ စစ်ရှောင် ကူညီပေးနေသူတွေဆီက သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19eiSJTqqe/

Photo:CJ

#voiceofmyanmar #VOM #တောင်ကုတ်မြို့ #AA #အလုံးစုံထိန်းချုပ် #ဒေသခံတွေ #ဘေးလွတ်ရာ #ရွှေ့ပြောင်း

Voice of Myanmar

29 Nov, 10:08


ရွာငံမှာ အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရ

နိုဝင်ဘာ-၂၉-၂၀၂၄
ZY(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ နိုဝင်ဘာလ ၂၆ရက်၊ ညပိုင်းအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတယောက်တို့ သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်နဲ့ ဦးဆန်းဦးတို့ဟာ ဦးဇော်မျိုးနိုင်ရဲ့ နေအိမ် ဧည့်ခန်းမှာ စကားထိုင်ပြောနေစဉ် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ယောက်က ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1GCHvKhdyG/

ဓာတ်ပုံ-Local

#VoiceofMyanmar #VOM #ရွာငံ #သေနတ်ပစ်ခတ်မှု #နှစ်ယောက်သေ

Voice of Myanmar

29 Nov, 10:06


မလေးရှား ပြည်နယ်အများအပြားမှာ ရေကြီးရေလျှံ အကြီးအကျယ် ဖြစ်ပေါ်နေ

ကွာလာလမ်ပူ၊ နိုဝင်ဘာ-၂၉-၂၀၂၄
မျိုးဆက်(VOM)

မလေးရှားနိုင်ငံ ပြည်နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး ယခုနှစ် မုတ်သုံရာသီဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေဘေးဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

လက်ရှိအချိန်ထိ ရေကြီးရေလျှံမှုတွေကြောင့် လူသုံးယောက်သေဆုံးခဲ့ပြီး ဒေသခံရှစ်သောင်းကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေထားရတယ်လို့ မလေးရှားအစိုးရက ဒီကနေ့မှာ ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/17pDPrcNDB/

Ref:Reuters
Photo:Getty Images

#Voiceofmyanmar #VOM #မလေးရှား #ရေကြီးရေလျှံမှု #သုံးယောက်သေ #ရှစ်သောင်းကျော် #ဘေးလွတ်ရာရွှေ့

Voice of Myanmar

29 Nov, 04:42


ယူဂန်ဒါ အရှေ့ပိုင်းမှာ မြေပြိုလို့ ၁၅ ယောက်သေပြီး ၁၀၀ ကျော်ပျောက်ဆုံး

ကန်ပါလာ၊ နိုဝင်ဘာ-၂၉-၂၀၂၄
ရတီ(VOM)

ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းမှာ မြေပြိုမှုဖြစ်ပွားပြီးနောက် လူ ၁၅ ယောက်သေဆုံးပြီး ၁၁၃ ယောက်ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးသည်ထန်းစွာရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုတွေဟာ မြို့တော်ကန်ပါလာကနေ ၁၇၈ မိုင်အကွာ ဘူလမ်ဘူလီခရိုင်ရှိ ကျေးရွာအများအပြားမှာ ဖြစ်ပွားခဲ့တာပါ။ အိမ်ခြေ ၄၀ ထက်မနည်းပျက်စီးသွားပြီး ကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ယူဂန်ဒါ ကြက်ခြေနီအသင်းက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Wd1zxGNnc/

Ref:BBC
Photo:Red Cross

#Voiceofmyanmar #VOM #ယူဂန်ဒါ #ရေကြီးရေလျှံ #၁၅ယောက်သေ #၁၀၀ကျော်ပျောက်ဆုံး

Voice of Myanmar

29 Nov, 04:42


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၅၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၇၆၄၈၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၄၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၀၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၄၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၀၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၄၀ ကျပ်
ဝယ်ဈေး - ၄၆၃၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

Voice of Myanmar

29 Nov, 02:11


This Day in History

Voice of Myanmar

ပါလက်စတိုင်းကို အာရပ်နှင့် ဂျူးနယ်မြေများအဖြစ် ပိုင်းခြားရန် ဆုံးဖြတ်ချက်အမှတ် ၁၈၁ ကို ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #Novmeber29

Voice of Myanmar

29 Nov, 00:02


ဩစတြေးလျမှာ ၁၆ နှစ်အောက်တွေကို လူမှုကွန်ရက်သုံးခွင့် ပိတ်မယ့်ဥပဒေ အထက်လွှတ်တော် အတည်ပြုပြီ

ဆစ်ဒနီ၊ နိုဝင်ဘာ-၂၉-၂၀၂၄
မျိုးဆက်(VOM)

ဩစတြေးလျနိုင်ငံဟာ အသက် ၁၆ နှစ်အောက်အရွယ်တွေကို လူမှုကွန်ရက်အသုံးပြုတာကို တားမြစ်မယ့် ဥပဒေတခုကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေဟာ နောက်တနှစ်ကျော်မှသာ အသက်ဝင်လာနိုင်ပြီး ဒီတားမြစ်ချက်နဲ့ ကန့်သတ်ချက်တွေကို လိုက်နာ အကောင်အထည်မဖော်တဲ့ နည်းပညာကုမ္ပဏီတွေအနေနဲပလည်း ဒေါ်လာ ၃၂ ဒသမ ၅ သန်းထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15SRQwmHP7/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ဩစတြေးလျ #လူမှုကွန်ရက်အသုံးပြုမှု #၁၆နှစ်အောက် #ကန့်သတ် #ဥပဒေ

Voice of Myanmar

27 Nov, 13:26


ဗန်းမော်လေဆိပ် ပြန်ဖွင့်မယ့်ရက် မသိရသေး

နိုဝင်ဘာ ၂၇ - ၂၀၂၄
SN (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဗန်းမော်လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လေဆိပ် ယာယီပိတ်ထားတဲ့အတွက် လေယာဉ်စီးခရီးသည်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ဗန်းမော်ပြန်ဖို့ လက်မှတ်ဝယ်ထားတာ။ လေဆိပ်ရောက်မှ cancel မှန်းသိရတယ်။ သွားဖို့လာဖို့ စီစဉ်ထားသမျှတွေ အကုန်လုံး အလဟဿ ဖြစ်ကုန်တာပေါ့။ လေဆိပ်ကို မေးကြည့်တော့ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာလည်း မသေချာသေးဘူးတဲ့။ ငွေပြန်အမ်းလိုက်တယ်။ အရေးပေါ်သွားရမယ့် ခရီးဆိုတော့ အားလုံး အစီအစဉ်တွေ ပျက်ကုန်တာပေါ့ လို့ ရန်ကုန်လေဆိပ်က လှည့်ပြန်လာရတဲ့ ခရီးသည်တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DfE6YxZjR/

Photo:CJ

#voiceofmyanmar #VOM #ဗန်းမော်လေဆိပ် #ယာယီပိတ် #ခရီးသည်တွေ #အခက်တွေ့

Voice of Myanmar

27 Nov, 13:25


ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တိုက်ရိုက်ဆွေးနွေးဖို့ ကြိုးပမ်းနေ

ဝါရှင်တန်၊ နိုဝင်ဘာ-၂၇-၂၀၂၄
ရတီ (VOM)

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ရဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ခြေကို ထရန့်ရဲ့ အသွင်းကူးပြောင်းရေးအဖွဲ့က ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ဒေါ်နယ်ထရန့်ကတော့ အပြီးသတ်ဆုံးဖြတ်ချက်ကို မချရသေးဘူးလို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာက ဆိုပါတယ်။ထရန့်ဘက်က ကနဦးရည်မှန်းချက်ကတော့ အခြေခံအားဖြင့် မြောက်ကိုရီးယားနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ဖြစ်တယ်လို့ ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Eu1BcxE1b/

Ref:NHK
Photo:AFP

#Voiceofmyanmar #VOM #အမေရိကန် #မြောက်ကိုရီးယား #ကင်ဂျုံအန် #ထရန့် #ထိပ်သီးဆွေးနွေးပွဲ

Voice of Myanmar

27 Nov, 13:24


ရုရှားလေတပ်စခန်းကို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်ထိမှန်၊ လက်တုံ့ပြန်မယ်လို့ ရုရှားစစ်တပ် သတိပေး

မော်စကို၊ နိုဝင်ဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံ ကာ့ခ်ဒေသရှိ အဓိကလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လေတပ်အခြေစိုက်စခန်းတခုကို အမေရိကန်ရဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ရုရှားက ရှားရှားပါးပါး ဝန်ခံပြောဆိုလိုက်ပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။

အဲဒီဒေသမှာရှိတဲ့ ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောဆိုပြီးနောက် တရက်အကြာမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သတိပေးလာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ခါလင်နို လေတပ်စခန်းကို ထိမှန်ခဲ့ပြီး ဓါတ်ပုံနဲ့တကွထုတ်ပြန်လာပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1CCrw9JZW4/

Ref:BBC
Photo:Reuters/Getty Images

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်းစစ်ပွဲ #တာဝေးပစ်ဒုံးကျည်တိုက်ခိုက်မှု #လက်တုံ့ပြန် #ပြင်ဆင်

Voice of Myanmar

27 Nov, 06:53


ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ၁၁၂ နှစ်မှာ ကွယ်လွန်

လန်ဒန်၊ နိုဝင်ဘာ-၂၇-၂၀၂၄
ရတီ (VOM)

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ မိသားစုက အတည်ပြုထုတ်ပြန်ပါတယ်။

ဂြှနျအဲလျဖရကျတငျနဈ၀ုဒျဟာ သူနေထိုင်ရာ ဆောက်ပို့ရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ ကွယ်လွန်ခဲ့တာလို့ မိသားစုကဆိုပါတယ်။ သူဟာ အသက် ၁၁၄ နှစ်အရွယ် ဂျူအန်ဗီဆန်တီပီရက်ဇ်မိုရာ ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့ ဧပြီလမှာ သတ်မှတ်ခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1AogqBzRjf/

Ref:BBC
Photo:BBC

#Voiceofmyanmar #VOM #ဗြိတိန် #ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား #၁၁၂နှစ် #ကွယ်လွန်

Voice of Myanmar

27 Nov, 06:52


အစ္စရေးနဲ့ ဟဇ်ဘိုလာစစ်ပွဲ အပစ်အခတ်ရပ်စဲပြီ

တဲလ်အဗစ်၊ နိုဝင်ဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးနဲ့ ဟဇ်ဘိုလာအဖွဲ့တို့အကြား ၁၃ လကြာ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီတွင် လက်ဘနွန်-အစ္စရေးနယ်စပ်မှာ တိုက်ပွဲတွေ ပြီးဆုံးပြီလို့ ဂျိုးဘိုင်ဒင်ကဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ထာရအဆုံးသတ်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1BWEkJtgRJ/

Ref:BBC
Photo:AFP

#Voiceofmyanamar #VOM #အစ္စရေး #ဟဇ်ဘိုလာ #အပစ်အခတ်ရပ်စဲရေး #အရှေ့အလယ်ပိုင်း

Voice of Myanmar

27 Nov, 06:51


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၅၁၁၃၄ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

Voice of Myanmar

27 Nov, 06:50


This Day in History

Voice of Myanmar

အမေရိကန်တွင် ဝါးတားဂိတ်အရှုပ်တော်ပုံ ပေါ်ပေါက်ပြီးနောက် ဂျရယ်ဖို့ကို ဒုတိယသမ္မတအဖြစ် အမေရိကန် အထက်လွှတ်တော်က ၁၉၇၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် မဲပေးရွေးချယ်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHoistory #November27

Voice of Myanmar

27 Nov, 01:11


သမီးရဲ့ဦး၊ လောပန်းလောင်းနှင့် သီပေါရာဇာ ပါတော်မူရှာပြီ

ဆူးငှက်

၁၉၉၀လွန်ကာလ မန္တလေး၏ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူအသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်ကစင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင်ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/17tGUCPnkv/

#voiceofmyanmar #VOM #ဆူးငှက် #သမီးရဲ့ဦး၊လောပန်းလောင်းနှင့်သီပေါရာဇာပါတော်မူရှာပြီ

Voice of Myanmar

27 Nov, 01:10


ပြည်နှင်ဒဏ်ပေးမယ့် မူဝါဒကြောင့် နိုင်ငံတကာကျောင်းသားတွေကို အမေရိကန်တက္ကသိုလ်တွေ သတိပေး

ဝါရှင်တန်၊ နိုဝင်ဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)

ဇန်နဝါရီလမှာ သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရန့် ကျမ်းသစ္စာမကျိန်ဆိုခင်မှာ နိုင်ငံတကာက ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ တက္ကသိုလ်တွေဆီကို အရောက်ပြန်လာကြဖို့ တိုက်တွန်းအကြံပေးချက်တွေကို အမေရိကန်တက္ကသိုလ်တွေက ပေးပို့သတိပေးနေကြပါတယ်။

သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရန့်လက်ထက်မှာ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ အမေရိကန်တက္ကသိုလ်တွေက နိုင်ငံတကာကျောင်းသားတွေကို အခုလို သတိပေးမှုတွေ ထွက်ပေါ်လာတာပါ။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18Qyk2ghVQ/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #ထရန့်အစိုးရ #ပြည်နှင်ဒဏ် #နိုင်ငံတကာကျောင်းသား #သတိပေးချက်

Voice of Myanmar

27 Nov, 01:09


မလေးရှား ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းအတွက် မြန်မာလုပ်သားစေလွှတ်မှု တားမြစ်

နိုဝင်ဘာ ၂၆ - ၂၀၂၄
SS (VOM)

မလေးရှားနိုင်ငံ၊ ဆားဘားကျွန်းက ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ခေါ်တဲ့ အလုပ်ခေါ်စာ (Demand Letter) တွေကို ခွင့်မပြုဖို့ နစက က တားမြစ်ထားတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဆီက သိရပါတယ်။

ဆာဘားကျွန်းမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် လုပ်သားခေါ်ယူတဲ့ Demand Letter တွေကို အလုပ်သမားဝန်ကြီးဌာနထံ လိုင်စင်ရ အေဂျင်စီတွေက တင်ပြတာတွေရှိတဲ့ အတွက် အဲဒီ အလုပ်ခေါ်စာတွေကို ခွင့်မပြုကြောင်း အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေထံ အီးမေးလ်ပေးပို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19UgcHebBA/

Photo:CJ

#voiceofmyanmar #VOM #မလေးရှား #ဆီအုန်းစိုက်ပျိုးရေး #လုပ်ငန်းအတွက် #မြန်မာလုပ်သားစေလွှတ်မှု #နစက #တားမြစ်

Voice of Myanmar

27 Nov, 01:08


မိုင်းရယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာနေ

ZY(VOM)
နိုဝင်ဘာ ၂၆၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်၊ မနက်ပိုင်းအချိန်ကတည်းနေ လက်ရှိအချိန်ထိ စက်သုံးဆီးပြတ်လပ်မှု ပိုမိုဆိုးရွားလာနေပြီး စက်သုံးဆီပန်စ့်ဆိုင်(အရောင်းဆိုင်)တွေမှာသာမက လမ်းဘေးမှာ ပုလင်းနဲ့ရောင်းတဲ့ ဆိုင်တွေကအစ စက်သုံးဆီပြတ်လပ်နေလို့ အခက်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်နဲ့ မိုင်းရယ်ဘက်ကို တင်ပို့မယ့် ဆန်၊ စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်တင်ကားတွေကို မိုင်းကိုင်မြို့နယ်ရှိ နစကစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာလ ၁၈ရက်ကစတင်ပြီး ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထာခဲ့ပြီးနောက် အခုလိုကြုံတွေ့လာနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19RJG3f84m/

ဓာတ်ပုံ-Local

#VoiceofMyanmar #VOM #စက်သုံးဆီပြတ်လပ်နေ #ဒေသခံတွေအခက်ကြုံ

Voice of Myanmar

26 Nov, 07:25


အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ ယာယီအပစ်ရပ်ဖို့ နီးစပ်လာ

တဲလ်အဗစ်၊ နိုဝင်ဘာ-၂၆-၂၀၂၄
ရတီ(VOM)

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးရရှိဖို့ နီးစပ်လာပြီးလို့ အစ္စရေးအစိုးရတာဝန်ရှိသူတွေနဲ့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်တခုအတွက် အစ္စရေးအစိုးရအဖွဲ့ဟာ ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပြီး အဆိုပြုချက်ပါအချက်တွေကို အတည်ပြုဖို့ ရည်ရွယ်ထားကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူကပြောပါတယ်။ သဘောတူညီချက်ကို မူအားဖြင့် သဘောတူတယ်လို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/14gbwKU1b4/

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အစ္စရေး #ဟဇ်ဘိုလာ #အပစ်အခတ်ရပ်စဲရေး #အရှေ့အလယ်ပိုင်း #တင်းမာမှု

Voice of Myanmar

26 Nov, 07:24


သမ္မတဖြစ်တဲ့နေ့ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုသွင်းကုန်တွေကို အခွန်တိုးကောက်မယ်လို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကတော့ သူ့သမ္မတအဖြစ် တာဝန်ယူတဲ့နေ့မှာ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်တိုးမြှင့်ကောက်ခံမယ့် အမိန့်တရပ်ကို ချက်ချင်းလက်မှတ်ရေးထိုးသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံတဲ့ အမိန့်ကို လက်မှတ်ထိုးမယ်လို့ ထရန့်ကဆိုပါတယ်။ တရုတ်သွင်းကုန်တွေအပေါ်ကိုတော့ ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်မယ်လို့ သူကပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DfsNqjnZB/

Ref:BBC
Photo:Reuters

#Voiceofmyanamar #VOM #တရုတ် #ကနေဒါ #မက္ကဆီကို #အခွန်တိုးမြှင့်မှု #ဒေါ်နယ်ထရန့် #အမေရိကန်

Voice of Myanmar

26 Nov, 07:23


စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း TNLA သဘောထား ထုတ်ပြန်

နိုဝင်ဘာ ၂၆၊ ၂၀၂၄
Shy V (VOM)

စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒေသအတွင်း နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်း စစ်ဆင်ရေး တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာထောကျထားတာတှေ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေတဲ့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြုတာ၊ နှစ်ဖက်စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်းသဘောထား ထုတ်ဖော် ထားပါတယ်။

သတင်းမပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15gYdZr3sb/

Photo Crd# PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

#Voiceofmyanmar #VOM #ရှမ်းမြောက် #TNLA #တွေ့ဆုံဆွေးနွေးရေး #သဘောထား #ထုတ်ပြန်

Voice of Myanmar

26 Nov, 07:21


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၂၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၄၇၄၃ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

Voice of Myanmar

26 Nov, 07:20


This Day in History

Voice of Myanmar

တရုတ်နှင့် အင်ဒိုချိုင်းနားမှ ဂျပန်တပ်များ အလုံးစုံရုပ်သိမ်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကော်ဒဲလ်ဟူးလ်က ၁၉၄၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ပြင်းထန်သော သတိပေးချက်တရပ် ထုတ်ပြန်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #November26

Voice of Myanmar

26 Nov, 01:02


ကောက်ညှင်းပေါင်း၊ ဘယာကြော်

ဆူးငှက်


မန္တလေးအငြိမ့် လူရွှင်တော်တွေရဲ့ ပြက်လုံးတစ်ခုရှိ တယ်။

ချစ်စရာ ဟေ့ ကိုဒီပါ။ ခင်ဗျား မင်းသမီးနဲ့ မင်္ဂလာမဆောင် ချင်ဘူးလား။

ဒီပါ အမလေး။ မင်္ဂလာဆောင်ချင်တာပေါ့ကွယ်။

ချစ်စရာ မင်္ဂလာဆောင်မယ်ဆိုရင် ကလေးမလေးကို တစ်သက်လုံး ရိုးမြေကျ ပေါင်းမှာလား။

ဒီပါ မေးရက်ပါ့ ချစ်စရာရယ်။
ပေါင်းမှာဗျား၊ ပေါင်းမှာဗျား။

ချစ်စရာ ကိုင်း၊ ပေါင်းမယ်ဆိုရင် ရော့
ကောက်ညှင်း။

ဒီပါ ဟင်း မင်းဟာက ဘာဆိုင်လဲကွယ်။


ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1PX2n42HCQ/

#voiceofmyanmar #VOM #ဆူးငှက် #ကောက်ညှင်းပေါင်းဘယာကြော်

Voice of Myanmar

26 Nov, 01:00


စစ်မှုထမ်းရင် အကြွေးလျှော်ပေးမယ့်ဥပဒေ ရုရှားသမ္မတပူတင် လက်မှတ်ထိုး

မော်စကို၊ နိုဝင်ဘာ-၂၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ စစ်မှုထမ်းသူတွေကို အကြွေးသက်သာခွင့်ပေးမယ့် ဥပဒေတရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်စုဆောင်းဖို့ အားထုတ်မှုအဖြစ် ရှုမြင်နေကြပါတယ်။

စစ်မှုထမ်းဖို့အတွက် တနှစ်စာချုပ်ချုပ်သူတွေအနေနဲ့ အကြွေး ရူဘယ် ၁၀ သန်း သို့မဟုတ် ဒေါ်လာ ၉၆၀၀၀ ထိ ဥပဒေအရ သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ စစ်သားသစ် စုဆောင်းရေးမှာ လုပ်ခလစာများများပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ပြစ်ဒဏ်ကျ အကျဉ်းသားဆိုရင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုမှာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DBoEu947R/

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ရုရှား #စစ်မှုထမ်း #အကြွေးသက်သာခွင့် #ဥပဒေ #ယူကရိန်းစစ်ပွဲ

Voice of Myanmar

21 Nov, 09:43


ဂါဇာစစ်ပွဲ မပြီးမချင်း ဓါးစာခံပြန်မလွှတ် ၊ အကျဉ်းသားမလဲဘူးလို့ ဟားမတ်စ်အဖွဲ့ ကြုံးဝါး

ဂါဇာစီးတီး၊ နိုဝင်ဘာ-၂၁-၂၀၂၄
ရတီ (VOM)

ဂါဇစ်စစ်ပွဲမပြီးမချင်း ဓါးစာခံတွေပြန်လွှတ်ဖို့နဲ့ အကျဉ်းသားလဲလှယ်ဖို့မရှိကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာဆိုင်ရာ အကြီးအကဲ ခါလီအယ်လ်ဟာရာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ဗီတိုအာဏာအသုံပြုပြီး ပယ်ချခဲ့တာကြောင့် ဂါဇစစ်ပွဲ အဆုံးသတ်ရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေဟာ ဝေဝါးလို့နေပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19J5tmfPCc/

Ref:BBC
Photo: Reuters

#Voiceofmyanmar #VOM #ဂါဇာစစ်ပွဲ #ဓါးစာခံလွတ်မြောက်ရေး #ဟားမတ်စ် #ငြင်းဆို

Voice of Myanmar

21 Nov, 09:42


တောင်ကုတ်မြို့မှာ တိုက်ပွဲ ပိုမိုပြင်းထန်နေပြီး ပြည်သူ သောင်းနဲ့ချီ ပိတ်မိနေ

နိုဝင်ဘာ ၂၁ - ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တိုက်ပွဲ ပိုမိုပြင်းထန်နေပြီး ပြည်သူ သောင်းနဲ့ချီ ပိတ်မိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လလယ်ကစပြီး နစကတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကာ လက်ရှိမှာ AA က ထိုးစစ်အရှိန် မြှင့်တင်လာတဲ့အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲကြား ပိတ်မိနေသူ လေးသောင်းဝန်းကျင်လောက် ရှိနေတယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/17P4srJEGo/

Photo:CJ

#voiceofmyanmar #VOM #တောင်ကုတ်တိုက်ပွဲ #ပြင်းထန်နေ #ပြည်သူ #သောင်းနဲ့ချီ #ပိတ်မိ

Voice of Myanmar

21 Nov, 06:24


ဂါဇာစစ်ပွဲအဆုံးသတ်ရေး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ

နယူးယောက်၊ နိုဝင်ဘာ-၂၁-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမ်ဂ်ဂလုံခွုံရေးကောငျစီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။

၁၃ လကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို ချက်ချင်း ခြွင်းချက်မရှိအပစ်ရပ်ရေး တောင်းဆိုတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၁၀ နိုင်ငံတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် ၁၅ နိုင်ငံက ဆွေးနွေးမဲ့ခွဲခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/18ZBM1pahK/

Ref:CNA
Photo:Getty Images

#Voiceofmyanmar #VOM #ဂါဇာစစ်ပွဲ #အဆုံးသတ်ရေး #ကုလလုံခြုံရေးကောင်စီ #ဆုံးဖြတ်ချက် #ပယ်ချ #အမေရိကန်

Voice of Myanmar

21 Nov, 06:23


လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး သေဒဏ်ကျ

ဘန်ကောက်၊ နိုဝင်ဘာ-၂၁-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ ဆိုင်ယာနိုက်အဆိပ်နဲ့ လူ ၁၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ဆာရာရတ် ရန်ဆီဝူသာပွန်ဆိုတဲ့ အမျိုးသမီးကို တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် သူမဟာ လူချမ်းသာ မိတ်ဆွေအမျိုးသမီးတယောက်ကို ယမန်နှစ်က ခရီးအတူသွားချိန်အတွင်း အစားအစာထဲမှာ အဆိပ်ခတ်သတ်တဲ့အမှုမှားလည်း အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/17neXKRpUN/

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ထိုင်း #လူ၁၄ယောက်သတ်မှု #သေဒဏ်ချ

Voice of Myanmar

21 Nov, 03:55


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၅၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၅၉၂၆၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၄၀ ကျပ်
ဝယ်ဈေး - ၄၆၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

Voice of Myanmar

21 Nov, 03:54


ရုရှားနိုင်ငံထဲကို တိုက်ခိုက်ဖို့ ဗြိတိန်ရဲ့ Storm Shadow တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်း အသုံးပြုပြီ

ကိဗ်ယက်၊ နိုဝင်ဘာ-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်းကို ဗြိတိန်ကထောက်ပံ့ပေးထားတဲ့ Storm Shadow တာဝေးပစ်ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းဟာ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်တွေကို ထောက်ပံ့ပေးထားတဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ခွင့်ပြုပြီးနောက် တရက်အကြာ အဲဒီဒုံးကျည်နဲ့ ရုရှားကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သလို ဗြိတိန်ရဲ့ ဒုံးကျည်တွေနဲ့ပါ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်းအအြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19qnMGsKU7/

Ref:BBC
Photo:Grtty Images

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်းစစ်ပွဲ #ဗြိတိန်ဒုံးကျည် #ပထမဆုံးအသုံးပြု

Voice of Myanmar

21 Nov, 03:35


နစကရဲ့ စက်သုံးဆီကန့်သတ်ချက်ကြောင့် ကလေးမြို့မှာ ဆီစျေး အဆမတန်မြင့်တက်လာ

နိုဝင်ဘာ ၂၁ - ၂၀၂၄
SS (VOM)

နစကရဲ့ စက်သုံးဆီကန့်သတ်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆီဈေးတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စွမ်းအင်ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ စက်သုံးဆီ လုံး၀ သယ်ယူရောင်းချခွင့်မပြုတော့မယ့် ပြည်နယ်နဲ့ မြို့နယ်များစာရင်းမှာ ကလေးမြို့လည်း ပါဝင်နေပြီး အဲဒီ ကြေညာချက်ကြောင့် ဆီပြတ်လပ်မှာကို စိုးရိမ်တဲ့ ဒေသခံပြည်သူတွေဟာ စက်သုံးဆီ အလုအယက် တန်းစီ ဝယ်ယူမှုတွေရှိလာတဲ့အတွက် ဆီစျေးအဆမတန် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/1B54bvrW2G/

Photo:CJ

#voiceofmyanmar #VOM #နစက #စက်သုံးဆီ #ကန့်သတ်ချက် #ကလေးမြို့ #ဆီစျေး #အဆမတန် #မြင့်တက်လာ

Voice of Myanmar

21 Nov, 02:23


This Day in History

Voice of Myanmar

ဇင်ဘာဘွေနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်နှင့် နောက်ပိုင်းတွင် သမ္မတဖြစ်လာခဲ့ကာ နိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သော ရောဘတ်မူဂါဘီသည် ပါလီမန်က ၎င်းကိုစွပ်စွဲပြစ်တင်မှုများစတင်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #November21

Voice of Myanmar

21 Nov, 01:01


မိုးကောင်းနှင့် ဂွေးချိုကြားက လမ်းကလေး

ဆူးငှက်

ကျွန်တော် မွေးဖွားကြီးပြင်းခဲ့သော အိမ်တော်ရာဘုရားအနီး ရပ်ကွက်လေးက မိကျောင်းတံတား အရှေ့ဘက် ကျင်းထဲမှာ ရှိသည်။ မိကျောင်းတံတားလမ်းကို ၂၆ ဘီလမ်းပေါ်ရှိ လမ်းညွှန် ဆိုင်းဘုတ် က ၈၉လမ်းဟု ညွှန်ပြထားသည်။ မိကျောင်းတံတားလမ်း၏ မြောက်ဘက်ထိပ်မှာ ဂွေးချိုတိုက်ရှိသည်။ ဂွေးချိုတိုက်သည် မန္တလေးအနောက်ပြင်ရှိ ဘုန်းကြီး ကျောင်းတိုက်ကြီး များစွာအနက်မှ တိုက်ကြီးတစ်တိုက်ဖြစ်၏။ ဤနားတစ်ဝိုက်တွင် ဒက္ခိဏဝန်တိုက်၊ ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊အနောက်ထီးလင်းတိုက်၊ ခင်မကန်တိုက်၊ စကုတိုက်၊ မေဃဝတီ တောင်သမန်တိုက်၊ ပုဂံတိုက်၊ ဆင်တဲတိုက် တို့ရှိသည်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DbtqMWdXm/

#voiceofmyanmar #VOM #မိုးကောင်းနှင့်ဂွေးချိုကြားကလမ်းကလေး #ဆူးငှက်

Voice of Myanmar

20 Nov, 10:58


တရုတ် - မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့ ပြန်ဖွင့်

နိုဝင်ဘာ ၂၀၊ ၂၀၂၄
Shy V VOM

တရုတ် - မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့နဲ့ ကုန်စိမ်း တင်သွင်းဖို့ အခုရက်ပိုင်း ပြန်ဖွင့်ကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

"နယ်စပ် ဂိတ် တခဖို့ ဖွင့်ပြီ။ ကုန်စုံတော့ မရဘူး။ ကုန်စိမ်းနဲ့ ဘိန်း အစားထိုး စိုက်ပျိုးရေး ထွက်ကုန် ကြံ၊ ငှက်ပျော တွေပဲရတယ်။" လို့ နယ်စပ် ကုန်သည် တေယာက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15M5S7B6nt/

Photo Crd# ဒေသခံ/Shy V

#Voiceofmyanmar #VOM #တရုတ် #မြန်မာနယ်စပ်ဂိတ် #ဘိန်းအစားထိုး #စိုက်ပျိုးရေးထွက်ကုန် #ပြန်ဖွင့်

Voice of Myanmar

20 Nov, 08:09


ဆီဆိုင်မှာ နစက၊ PNOပူးပေါင်းတပ်ဖွဲ့နဲ့ PNLOတို့ တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ရပြန်

ZY(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ နစက၊ PNOပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နဲ့ PNLOတို့ ဒီကနေ့ မနက် ၁၀နာရီ၊ ၃၀မိနစ်ဝန်းကျင်အချိန်က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို နစကက လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး PNLOထိန်းချုပ်နယ်မြေအတွင်းကို နစကနဲ့ PNOပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က မြေပြင်ကနေ ထိုးစစ်ဆင်လာ တာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15cV5XWqXy/

ဓာတ်ပုံ-Local(ပုံဟောင်း)

#VoiceofMyanmar #VOM #ဆီဆိုင် #တိုက်ပွဲဖြစ် #ဒေသခံတွေ #တိမ်းရှောင်

Voice of Myanmar

20 Nov, 08:07


ရုရှားတပ်တွေကို ဟန့်တားဖို့ ယူကရိန်းအတွက် မြေမြုပ်မိုင်းတွေ အမေရိကန် ထောက်ပံ့တော့မယ်

ဝါရှင်တန်၊ နိုဝင်ဘာ-၂၀-၂၀၂၄
မျိုးဆက်(VOM)

မကြာသေးမီလတွေအတွင်း ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေကို ဟန့်တားဖို့အတွက် ယူကရိန်းကို မြေမြုပ်မိုင်းတွေပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သဘောတူခဲ့ကြောင်း အစိုးရတာဝန်ရှိသူတယောက် ပြောပါတယ်။

ဒီမြေမြုပ်မိုင်းတွေကို မကြာမီမှာ ယူကရိန်းကို ပေးပို့သွားမှာဖြစ်ပြီး ယူကရိန်းမြေပေါ်မှာ အသုံးပြုမယ်လို့ အမေရိကန် စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမယ့် လူနေထူထပ်တဲ့နေရာတွေမှာ မြေမြုပ်မိုင်းတွေ အသုံးမပြုဖို့ကို ယူကရိန်းက ကတိခံထားတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DbdixyP7D/

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်းစစ်ပွဲ #မြေမြုပ်မိုင်း #အမေရိကန်ထောက်ပံ့

Voice of Myanmar

20 Nov, 06:43


ရှမ်းမြောက်ကို ကုန်ကားတွေ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တာကြောင့် မှောင်ခိုဈေးကွက်ပိုမိုကြီးထွားလာနိုင်

နိုဝင်ဘာ-၂၀-၂၀၂၄
ZY(VOM)

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်မယ့် ဆန်၊ စက်သုံးဆီနဲ့ စားနပ်ရိက္ခာ တင်ကုန်ကားတွေကို နစကစစ်ဆေးရေးဂိတ်တွေမှာ သွားရောက်ခွင့် တားမြစ်ပိတ်ပင်လိုက်တာကြောင့် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနိုင်တယ်လို့ ဒေသတွင်းကုန်သည်တွေထံကနေ သိရပါတယ်။

မိုင်းကိုင်မြို့နယ်ရှိ နစကစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာလ ၁၈ရက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်နဲ့ မိုင်းရယ်ဘက်ကို တင်ပို့မယ့် ဆန်၊ စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်တင်ကားတွေကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1EvRdAsupV/

ဓာတ်ပုံ-Local

#VoiceofMyanmar #VOM #ကုန်တင်ယာဉ် #ဖြတ်သန်းခွင့်ပိတ်ပင် #မှောင်ခိုဈေးကွက်ကြီးထွားလာနိုင်

Voice of Myanmar

20 Nov, 04:30


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၀ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၄၀၉၇၆ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၄၀ ကျပ်
ဝယ်ဈေး - ၄၄၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၂၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၁၅ ကျပ်
ဝယ်ဈေး - ၄၆၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

Voice of Myanmar

14 Nov, 08:17


ဖိလစ်ပိုင်းမှာ စူပါတိုင်ဖွန်း ယူဆာဂီကြောင့် သတိပေးချက် အမြင့်ဆုံးထုတ်ပြန်

မနီလာ၊ နိုဝင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

အင်အားပြင်း မုန်တိုင်းများကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်မြောက်ပိုင်းကို စူပါတိုင်ဖွန်း ယူဆာဂီ ချဉ်းကပ်တိုက်ခိုက်လာပြီဖြစ်တာကြောင့် မိုးလေဝသဌာနက မု်နတိုင်းသတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ယူဆာဂီဟာ ဒေသစံတော်ချိန် ဒီကနေ့မွန်းလွဲပိုင်းမှာ လူဇွန်ကျွန်းပေါ်ကို တနာရီလေတိုက်နှုန်း ၁၈၀ ကီလိုမီတာနဲ့ တိုက်ခတ်သွားမှာဖြစ်ပြီး ဒါဟာ သီတင်းသုံးပတ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ငါးကြိမ်မြောက် မုန်တိုင်းလည်းဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Mvac6yhXS/

Ref:CNA
Photo:AP/Getty Images

#Voiceofmyanmar #VOM #ဖိလစ်ပိုင် #စူပါတိုင်ဖွန်း #ယူဆာဂီ #တိုက်ခတ်မှု #ငါးကြိမ်မြောက်မုန်တိုင်း

Voice of Myanmar

14 Nov, 08:16


စစ်မှုထမ်းရမယ့် ပြည်ပရောက် လုပ်သားတွေကို ပြန်ခေါ်ပေးရေး ခက်ခဲပြီး အဆင်မပြေနိုင်ကြောင်း အေဂျင်စီတွေပြော

နိုဝင်ဘာ ၁၄ - ၂၀၂၄
SS (VOM)

စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် အလုပ်သမားတွေကို ပြန်ခေါ်မပေးနိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေဆီ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

အခု ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီညွှန်ကြားစာကို အလုပ်သမားဝန်ကြီးဌာနကအေဂျင်စီတွေအားလုံးထံ အခုရက်ပိုင်းအတွင်း တရားဝင်ပေးပို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15YXLkuDLP/

Photo:CJ

#voiceofmyanmar #VOM #ပြည်ပရောက် #အလုပ်သမား #ပြန်ခေါ်မပေးနိုင်တဲ့ #အေဂျင်စီတွေ #လိုင်စင်ပိတ်သိမ်း #အရေးယူမယ်

Voice of Myanmar

14 Nov, 08:15


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖလော်ရီဒါအမတ် မာကိုရူဘီယိုကို ဒေါ်နယ်ထရန့် ရွေးချယ်ထား

ဝါရှင်တန်၊ နိုဝင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးခန့်အပ်ရန် အမည်စာရင်း တင်သွင်းမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ရူဘီယိုဟာ မိမိတို့မဟာမိတ်တွေအတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်းဖြစ်ပြီး ပြိုင်ဘက်တွေကို ကြောက်လန့်မှုမရှိတဲ့ စစ်သည်တော်တယောက်လို့ ထရန့်က တင်စားခဲ့ပြီး ရီဘီယိုကတော့ သမ္မတထရန့်ရဲ့လက်အောက်မှ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်အကျိုးစီးပွားကို အားလုံးထက် ဦးစားပေးမယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15KgLvpjS1/

Ref:NHK
Photo:AP

#Voiceofmyanmar #VOM #အမေရိကန် #ဒေါ်နယ်ထရန့် #နိုင်ငံခြားရေးဝန်ကြီး #မာကိုရူဘီယို #အမည်စာရင်းသွင်း

Voice of Myanmar

14 Nov, 08:13


ရှမ်းတောင်မှာ ကြက်သွန်နီဈေး နှစ်ဆနီးပါးခုန်တက်လာပြီး အာလူးအကြော်သီးတွေ ပစ္စည်းပြတ်နေ

ZY(VOM)
နိုဝင်ဘာ ၁၄၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းဈေးကွက်ဖြစ်တဲ့ အောင်ပန်းကုန်စည်ဈေးကွက်မှာ အခုနိုဝင်ဘာလ၊ ဒုတိယပါတ်အတွင်း ကြက်သွန်နီဈေး နှစ်ဆဆနီးပါးခန့် ခုန်တက်လာခဲ့ပြီး အာလူးအကြော်သီးတွေဟာ ပစ္စည်းပြတ်သလောက် နီးပါးဖြစ်နေတယ်လို့ အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေး-အောင်ပန်းကုန်စိမ်းပွဲရုံထံကနေ သိရပါတယ်။ကြက်သွန်နီဈေးနှစ်ဆတက်

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/19S4xPgNwP/

ဓာတ်ပုံ-Aungban Trading

#VoiceofMyanmar #VOM #အောင်ပန်းကုန်စိမ်းဈေးကွက် #

Voice of Myanmar

14 Nov, 08:11


မူဆယ်မှာ စက်သုံးဆီဆိုင်တွေ ပိတ်ကုန်ပြီး လမ်းဘေးဆိုင်တွေမှာ တလီတာ တသောင်းကျော်ထိ ဈေးတက်

နိုဝင်ဘာ ၁၄၊ ၂၀၂၄

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့မှာ အခုရက်ပိုင်းအတွင်း စက်သုံး ဆီ ပန့်ဆိုင်တွေပိတ်ကုန် ပြီး လမ်းဘေးဆိုင်တွေ တလီတာ ၉၅၀၀ ကနေ တသောင်း ကျော် ထိ ဈေး တက်နေကြာင်း ဒေသခံတွဆီက သိရပါတယ်။

"အခုက တရုတ် ဆီတွေ မဝင်တော့ လက်ကျန်တွေရောင်းနေရတာ။ ကျွန်တော့်ဆိုင်တော့ တလီတာ ၉၅၀၀ ပဲ။ တရုတ်ဆီက ရှားသွားပြီ။" လို့ လမ်းဘေး ပန့်ဆီဆိုင် အသေး နဲ့ ရောင်းနေသူက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1AqUCt8Jib/

Photo : Shy V

#Voiveofmyanmar #VOM #မူဆယ် #စက်သုံးဆီပန့်ဆိုင်ပိတ် #လမ်းဘေးဆိုင် #တလီတာတသောင်းကျော် #ဈေးတက်

Voice of Myanmar

14 Nov, 08:09


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၁၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၆၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၉၈၃၁၃ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၀၅၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၀၅၀၀၀ ကျပ်
ဝယ်ဈေး ၅၈၆၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၀၀ ကျပ်
ဝယ်ဈေး - ၄၆၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

Voice of Myanmar

14 Nov, 08:08


This Day in History

Voice of Myanmar

အမေရိကန် အာကာသယာဉ်မှူးသုံးဦးကို တင်ဆောင်ထားသော အပိုလို-၁၂ အာကာသမစ်ရှင်ကို နာဆာက လွှတ်တင်ပြီးနောက် ငါးရက်အကြာ ၁၉၆၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် လကမ္ဘာပေါ်သို့ လူသားများ ဒုတိယအကြိမ်မြောက် ခြေချနိုင်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #November14

Voice of Myanmar

14 Nov, 00:58


KIA ထိန်းချုပ်ရာ နယ်မြေတလျှောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို KIA ဘက်က တန်ပြန် ပိတ်ပစ်

နိုဝင်ဘာ ၁၄၊ ၂၀၂၄
Shy V VOM

KIA ထိန်းချုပ်ရာ နယ်မြေ တလျှောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကစ KIA ဘက်က တန်ပြန် ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"KIA ထိန်းချုပ်ထားတဲ့ နေရာက တရုတ် - မြန်မာ နယ်စပ် ဂိတ်တွေကို KIA ဘက်က သံတံခါး ကြီးတွေနဲ့ ပိတ်ပစ်ပြီ။" လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15AbnwX1CP/

Photo Crd# ဒေသခံ

#Voiceofmyanmar #VOM #KIAထိန်းချုပ်နယ်မြေ #တရုတ် #မြန်မာနယ်စပ်ဂိတ် #KIAပိတ်ပစ်

Voice of Myanmar

13 Nov, 09:56


အရှေ့အလယ်ပိုင်းမှာ အမေရိကန်စစ်သေင်္ဘာတွေ ဒုံးကျည်မျိုးစုံနဲ့ တိုက်ခိုက်ခံရ

ဆာနား၊ နိုဝင်ဘာ-၁၃-၂၀၂၄
ရတီ (VOM)

အရှေ့အလယ်ပိုင်းဒေသ ယီမင်အနီးမှာရေပြင်မှာ အမေရိကန်စစ်သင်္ဘောနှစ်စင်းကို ဟူသီသူပုန်များက ဒုံးကျည်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ယီမင်အခြေစိုက် ဟူသီသူပုန်တွေဟာ အမေရိကန် စစ်သင်္ဘော USS Stockdale နဲ့ USS Spruance တို့ကို ဒရုန်းရှစ်စင်း၊ သင်္ဘောဖျက်ဒုံးကျည်ငါးစင်း၊ ခရုဇ်ဒုံးကျည်သုံးစင်းတိုနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1B1f1HzdXo/

Ref:BBC
Photo:AP

#Voiceofmyanmar #VOM #အရှေ့အလယ်ပိုင်း #အမေရိကန်စစ်သင်္ဘော #ဒုံးကျည်တိုက်ခိုက်မှု #ဟူသီ #ယီမင်

Voice of Myanmar

13 Nov, 09:55


ရွှေလုပ်ငန်း လုပ်ကိုင်သူတွေအားလုံး သုံးလအတွင်း လိုင်စင်ပြန်လည် လျှောက်ထားရမယ်

Ms(VOM)
နိုဝင်ဘာ၁၃၊၂၀၂၄

ရွှေလုပ်ငန်းလုပ်ကိုင်သူတွေအားလုံး အရေးကြီးကုန်စည်ဝန် ဆောင်မှုဥပဒေအရ လာမယ့်နိုဝင်ဘာလ (၁၈) ရက်နေ့မှ စကာ သုံးလအတွင်း ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း မနေ့က နိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1CaZ5TitVa/

Photo:CJ

#VoiceofMyanmar #VOM #ရွှေလုပ်ငန်း #လိုင်စင် #အရေးကြီးကုန်စည်

Voice of Myanmar

13 Nov, 09:54


ကျယ်ဂေါင် နယ်စပ်ဂိတ်ကနေ ကုန်စိမ်းသယ် မရတော့လို့ ကုန်စိမ်းတွေ အလကား ဝေနေရ

နိုဝင်ဘာ ၁၃၊ ၂၀၂၄
Shy V VOM

မြန်မာ - တရုတ် နယ်စပ်၊ ကျယ်ဂေါင် နယ်စပ်ဂိတ်ကနေ လတ်တလော ကုန်စိမ်း သယ် မရတော့လို့ ကုန်စိမ်းတွေ အလကား ဝေနေရကြောင်း နယ်စပ် ကုန်သည်တွေ ဆီက သိရပါတယ်။

"တရုတ်တွေ ပစ္စည်းပေး မဖြတ်လို့ တရုတ်ဘက်ခြမ်းက ကုန်စိမ်း သည်တွေ အလကား ဝေပေးနေရတယ်။" လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/159BBedWD3/

Photo Crd# နယ်စပ်ဒေသခံ

#Voiceofmyanmar #VOM #ကျယ်ဂေါင် #နယ်စပ်ဂိတ် #ကုန်စိမ်းသယ်မရ # အလကားဝေ

Voice of Myanmar

10 Nov, 01:09


ပန်းမြိုင်လယ်မှ အစ

ဆူးငှက်

ကျွန်တော် ပန်မြိုင်လယ်ကို တော်တော် စွဲလန်းခဲ့ပါတယ်။ တကယ်တမ်း ပန်မြိုင်လယ်ကို နှစ်ခြိုက် စွဲလန်းခဲ့ပေမယ့်လည်း ပန်မြိုင်လယ်ကို ဂဏသေချာစွာ ကျွန်တော်မသိရိုးအမှန်ပါ။ ရွာစားစိန်ချစ်တီး ဆိုင်းဝိုင်းထဲက ဦးပြေဟန်နှင့် ဦးစပယ်ရှယ်ပြောသလို ပန်မြိုင်လယ်ဆိုတာ ကိုဖိုးခ လယ်နဲ့ ကန်သင်းချင်းယှဉ်နေတဲ့ လယ် ပေါ့ဆိုတဲ့ ပြက်လုံးထဲကလိုပင် မတွေးမိခဲ့။

ဆောင်းပါးအပြည့်စုံ ဖတ်ရှုရန် - https://www.facebook.com/share/p/1KBK9JBTPv/

#voiceofmyanmar #VOM #ဆူးငှက် #ပန်းမြိုင်လယ်

Voice of Myanmar

09 Nov, 12:10


မြောက်ဥက္ကလာလျှပ်စစ်ရုံးနဲ့ မှော်ဘီမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့

နိုဝင်ဘာ ၉ - ၂၀၂၄
SS (VOM)

မနေ့ နိုဝင်ဘာ ၈ ရက်၊ ညပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံး နဲ့ မှော်ဘီမှာပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ နိုဝင်ဘာ ၈ ရက်၊ ည ၇ နာရီဝန်းကျင်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး လုံခြုံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Aar9TQ2dw/

Photo:CJ

#voiceofmyanmar #VOM #မှော်ဘီ #မြောက်ဥက္ကလာလျှပ်စစ်ရုံး #တိုက်ခိုက်ခံရ

Voice of Myanmar

09 Nov, 11:07


ပါကစ္စတန်မှာ ဘူတာရုံဗုံးခွဲခံရလို့ ၂၄ ယောက်သေပြီး ၅၀ ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ-၉-၂၀၂၄
ရတီ (VOM)

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ရှိ မီးရထားဘူတာတခုမှာ ဗုံးပေါက်ကွဲမှုကြာင့် လူ ၂၄ ယောက်သေဆုံးသွားတယ်လို့ အာဏာပို်ငတွေက ပြောပါတယ်။

ပါကစ္စတန်အနောက်တောင်ပိုင်း ကွက်တာကနေ ပက်ရှ်ဝါကို သွားရောက်မယ့် လူစီးများတဲ့ ရထားတစင်း ထွက်ခွါခါနီးအချိန်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူ ၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာ အရပ်သားတွေအပြင် စစ်သားတွေလည်း ပါဝင်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1AEubigLrj/

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #ပါကစ္စတန် #ဘူတာရုံဗုံးခွဲမှု #၂၄ယောက်သေ #၅၀ကျော်ဒဏ်ရာရ #စစ်သွေးကြွအဖွဲ့

Voice of Myanmar

09 Nov, 08:58


တောင်ကြီးတန်ဆောင်တိုင် ရက်ရွေ့လိုက်လို့ ဟိုတယ်ဘိုကင်တင်ထားသူတွေ အခက်ကြုံ

ZY(VOM)
နိုဝင်ဘာ ၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရကျကွာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ပွဲရက်ရွေ့ဆိုင်း လိုက်တဲ့အတွက် ဟိုတယ်ဘိုကင်တင်ထားသူတွေဟာ အခက်ကြုံနေရတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/15Sdw1AasR/

ဓာတ်ပုံ- Phonelay Myat
ပုံအညွှန်း-ယခုနှစ်တန်ဆောင်တိုင်ပွဲအတွက် ပြင်ဆင်နေမှု

#VoiceofMyanmar #VOM #တောင်ကြီးတန်ဆောင်တိုင် #မီးပုံးပျံ

Voice of Myanmar

09 Nov, 08:58


တောင်ငူအနီး တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

နိုဝင်ဘာ ၉ - ၂၀၂၄
SN (VOM)

ပဲခူးတိုင်း၊ တောင်ငူမြို့အပြင်ရှိ ကျေးရွာတွေအနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ အဲဒီ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူမြို့အပြင်က အိုင်စောက်၊ ကမ်းနီ၊ ကရင်နီကုန်း၊ သက်ကယ်ကျင်း၊ ညောင်စခန်း၊ ကွမ်းသီးပင်နဲ့ ဇီးဖြူကုန်းကျေးရွာတို့မှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ မနက်အစောပိုင်းကစပြီး နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1AyMj59mte/

ဓာတ်ပုံ - ဒေသခံ

#voiceofmyanmar #VOM #တောင်ငူမြို့ #တိုက်ပွဲပြင်းထန် #ဒေသခံထောင်နဲ့ချီ #တိမ်းရှောင်နေရ

Voice of Myanmar

09 Nov, 08:58


ရုရှားရဲ့ ယူကရိန်းစစ်ရေးရည်မှန်းချက် မပြောင်းလဲဘူးလို့ ပူတင်ပြော

မော်စကို၊ နိုဝင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းမှာ ပြုလုပ်နေတဲ့ ရုရှားရဲ့စစ်ဆင်ရေး ရည်မှန်းချက်တွေကို ပြောင်းလဲဖို့ သမ္မတပူတင်က ရည်ရွယ်ချက်မရှိကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။

သမ္မတပူတင်ဟာ စစ်ဆင်ရေးပန်းတိုင်ကို ပြောင်းမယ်လို့ တခုမှမပြောဘူးကြောင်း၊ ရည်မှန်းချက်တွေက ယခင်နည်းတူပဲလို့ ကြိမ်ဖန်များစွာ ပြောခဲ့တယ်လို့ သူကဆိုပါတယ်။ ပူတင်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့လည်း ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/14kJ29BrDa/

Ref:NHK
Photo:Reuters

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်းစစ်ပွဲ #ရည်မှန်းချက် #ပူတင်

Voice of Myanmar

09 Nov, 05:52


ရွေးကောက်ပွဲ ရှုံးနိမ့်မှု သမ္မတဂျိုးဘိုင်ဒင်ကို အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီ အပြစ်တင်

ဝါရှင်တန်၊ နိုဝင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတရွေးကောက်ပွဲ့နေ သမ္မတဂျိုးဘိုင်ဒင် စောစောစီးစီးနုတ်ထွက်ခဲ့မယ်ဆိုရင် ဒီမိုကရက်တစ်တွေအတွက် ရွေးကောက်ပွဲမှာ အခြေအနေပိုကောင်းနိုင်တယ်လို့ အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီက ပြောဆိုလိုက်ပါတယ်။

သမ္မတဘိုင်ဒင်သာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ မြန်မြန်ထွက်ခဲ့မယ်ဆိုရင် တခြားကိုယ်စားလှယ်လောင်းတွေ ရှိကောင်းရှိလာနိုင်တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနကို သူမက ပြောပါတယ်။ လက်ရှိမှာတော့ ပြိုင်ဘက် ရီပတ်ဘလီကန်တွေဟာ သမ္မတရာထူးရယူနိုင်တဲ့အပြင် လွှတ်တော်နှစ်ရပ်စလုံးမှာလည်း အများစုအနိုင်ရထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/159rT96JSk/

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #သမ္မတရွေးကောက်ပွဲ #ဂျိုးဘိုင်ဒင် #နန်စီပလိုစီ

Voice of Myanmar

09 Nov, 03:44


ထိုင်းမှာ သက်တမ်းလွန်နေထိုင်သူတွေ ဒဏ်ကြေးပေးရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ခံရမယ်

နိုဝင်ဘာ ၉ - ၂၀၂၄
SS (VOM)

ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန် နေထိုင်သူတွေအနေနဲ့ ဘတ် နှစ်သောင်းထက် မပိုတဲ့ ဒဏ်ကြေး ပေးဆောင်ရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ပင်ခံရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မနေ့ နိုဝင်ဘာ ၈ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူတွေ (မည်သည့်အထောက်အထား၊ လက်မှတ် ကိုင်ဆောင်သူမဆို) တရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် နှစ်သောင်းထက်မပိုတဲ့ ဒဏ်ကြေးငွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ခြွင်းချက်မရှိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1AqZTkG1dZ/

Photo:CJ

#voiceofmyanmar #VOM #ထိုင်းနိုင်ငံ #သက်တမ်းလွန် #နေထိုင်သူ #ဒဏ်ကြေး #ပြည်ဝင်ခွင့် #ပိတ်ခံရမယ်

Voice of Myanmar

09 Nov, 03:43


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၂၀၇၁၅ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၀၅၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၀၅၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၁၀ ကျပ်
ဝယ်ဈေး - ၃၃၄၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၄၅ ကျပ်
ဝယ်ဈေး - ၄၇၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

Voice of Myanmar

09 Nov, 03:42


This Day in History

Voice of Myanmar

စစ်အေးတိုက်ပွဲ၏ သင်္ကေတတခုဖြစ်သည့် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကို ပိုင်းခြားထားသော ၂၈ မိုင်အရှည်ရှိ ဘာလင်တံတိုင်းကြီးကို အရှေ့ဂျာမနီအစိုးရက ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #November9

Voice of Myanmar

09 Nov, 01:25


လွတ်ငြိမ်းသက်သာခွင့်ရတဲ့ လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ကွယ်လွန်ပြီ

မန္တလေး ၊ နိုဝင်ဘာ ၉- ၂၀၂၄

မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊(၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ဆေးကုသမှုခံနေရတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ၇၄ နှစ်ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားခဲ့တယ်လို့ သက်ဆိုင်ရာက အတည်ပြုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1GfDbHP2Hp/

ပုံ crd#ပြန်ကြာရေးဝန်ကြီးဌာန

#VOM #voiceofmyanmar #လျှပ်စစ်ဝန်ကြီးဟောင်း #ဦးဝင်းခိုင်ကွယ်လွန်

Voice of Myanmar

09 Nov, 01:24


မီးပျက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

နိုဝင်ဘာ ၉၊ ၂၀၂၄
SN (VOM)

လက်ရှိ မြန်မာပြည်မှာ နွေရာသီကာလကို ရောက်ဖို့ ဝေးစွ၊ မိုးလေကင်းလွတ်တဲ့ အချိန်ရာသီရယ်လို့ ပီပီပြင်ပြင် မရောက်သေးခင်မှာဘဲ နိုင်ငံတဝန်း နေရာအများစုမှာ နာရီနဲ့ချီ လျှပ်စစ်မီးပြတ်တောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာတောင် မြို့နယ်အများစု အလှည့်ကျမီးလာရမယ့်အချိန်တောင် မလာလို့ လူမှုဒုက္ခတွေများစွာ ကြုံနေကြရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DrYjNcz8o/

Photo:CJ

#voiceofmyanmar #VOM #မီးပျက်ခြင်းရဲ့ #နောက်ဆက်တွဲ #ပြဿနာများ #ဆောင်းပါး

Voice of Myanmar

09 Nov, 01:22


စမ်းချောင်းကငွေလဲကောင်တာတခုမှာ လုယက်သူက ဓါးနဲ့ထိုးလို့ အမျိုးသမီးတယောက်သေဆုံး

နိုဝင်ဘာ၉ -၂၀၂၄
GG (VOM)

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ဗားကရာလမ်း၊အမှတ်(၂၅၅/စီ) မြေညီထပ်မှာဖွင့်ထားတဲ့အေးမြတ်သီတာစတိုးနဲ့ ငွေလဲကောင်တာမှာ မနေ့က နိုဝင်ဘာလ ၈ရက်နေ့၊ ညနေပိုင်းကလုယက်မှုဖြစ်ပွားပြီး တယောက်သေကာ တယောက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1DhVV6q6fU/

#Voiceofmyanmar #vom #ရန်ကုန် #စမ်းချောင်း #ငေလဲကောင်တာလုယက်ခံရပြီးတယောက်သေ

Voice of Myanmar

08 Nov, 21:47


ညောင်ဦး River House ဟိုတယ်မန်နေဂျာနဲ့အဖွဲ့က လာတည်းခိုတဲ့ လူငယ်အဖွဲ့ကို ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာရ

နိုဝင်ဘာ ၈ - ၂၀၂၄
GG (VOM)

ပုဂံနဲ့ညောငျဦးကို အလည်အပတ်လာတဲ့ အမျိုးသားလူငယ် ၇ ယောက်ကို သူတို့တည်းတဲ့ ဟိုတယ်ရဲ့မန်နေဂျာအပါအဖွဲ့က ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ် ။

ခရီးသွားလူငယ်အဖွဲ့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဟိုတယ်က ပုဂံညောင်ဦး ၊ ရွှေစည်းခုံဘုရားအနီး၊အမှတ် ၇ ၊ ဝက်ကြီးအင်းရပ်က River House Hotel ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဟိုတယ်မန်နေဂျာအပါ အဖွဲ့က ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့ အရိုက်ခံရပြီးသေဆုံးသွားသူရဲ့အကိုက ပြောဆိုထားပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/1Gjcxid39X/

#Voiceofmyanmar #vom #ပုဂံ #ညောင်ဦး #RiverHouseHotel #တည်းခိုသူကိုဝိုင်းရိုက် #တယောက်သေ

Voice of Myanmar

03 Nov, 12:05


အမေရိကန်နဲ့မဟာမိတ်တွေ ကိုရီးယားကျွန်းဆွယ်မှာ ဗုံးကြဲလေယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်

ဆိုးလ်၊ နိုဝင်ဘာ-၃-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ အကြီးစားဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ နောက်ဆုံးပေါ် စွမ်းအားမြင့် တိုက်ချင်းဒုံးကျည် ဟွာဆောင်-၁၉ ကို စမ်းသပ်ပြီးနောက် သုံးရက်အကြာမှာ အမေရိကန်မဟာမိတွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/SUkuHdYzc8ZbWQoi/

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #ကိုရီးယားကျွန်းဆွယ် #ဗုံးကြဲလေယာဉ် #အမေရိကန်မဟာမိတ် #သုံးနိုင်ငံစစ်ရေးလေ့ကျင့်

Voice of Myanmar

03 Nov, 12:04


ဒီကနေ့ဟာ ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၁)ပြည့်မွေးနေ့ကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်ယနေ့မနက်မှာကျင်းပပါတယ်။

ဆင်မကြီးမိုမိုအကြောင်းရေးထားတဲ့ဆရာကြီးဒေါက်တာဦးမြင့်သိန်းရဲ့ဆောင်းပါးလေးနဲ့ပြန်ဖေါ်ပြအပ်ပါတယ်

ဆင်မကြီးနာမည် မိုမို လို့
ဘယ်လိုဖြစ်လာတာလဲ ။
ဘယ်သူများပေးခဲ့တာပါလဲ ။

အပြည့်စုံ ဖတ်ရှုရန် - https://www.facebook.com/share/p/gcQs8NPcfnqzzCaW/


ဓါတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

#VOM #voiceofmyanmar #မိုမို

Voice of Myanmar

03 Nov, 06:02


အမ်းမှာ နစကနဲ့ AA တို့ စစ်ရေး ပိုမိုတင်းမာနေ

နိုဝင်ဘာ ၃ - ၂၀၂၄
SN (VOM)

ရခိုင်ဒေသ၊ အမ်းမြို့မှာ နစကတပ်နဲ့ AA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပြီး စစ်ရေး ပိုမိုတင်းမာနေတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/2d7F1aM5RWZWh3TZ/

Photo:CJ

#voiceofmyanmar #VOM #အမှတ်၂ #ကုတင်၃၀၀ #စစ်ဆေးရုံ #စစ်စခန်း #အားလုံး #ထိန်းချုပ် #သတင်းထွက်ပေါ်

Voice of Myanmar

03 Nov, 06:01


ဘိုလီဗီးယား သမ္မတဟောင်းထောက်ခံတဲ့ လက်နက်ကိုင်တွေက စစ်သား ၂၀၀ ကို ဓါးစာခံအဖြစ် ဖမ်းဆီး

လာပက်ဇ်၊ နိုဝင်ဘာ-၃-၂၀၂၄
မျိုးဆက်(VOM)

ဘိုလီဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ကို ထောက်ခံတဲ့ လက်နက်ကိုင်တွေက စစ်သား ၂၀၀ ထက်မနည်းကို ဓါးစာခံအဖြစ် ဖမ်းဆီးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကိုချာဘမ်ဘာမြို့အနီးရှိ လက်နက်ကိုင်အဖွဲ့တဖွဲ့က စစ်အခြေစိုက်စခန်းတခုကို သိမ်းပိုက်ခဲ့တယ်လို့ ဘိုလီဗီးယားစစ်တပ်က ပြီးခဲ့တဲ့နေ့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအဖွဲ့ဟာ လက်နက်ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းပြီး စစ်တပ်ယူနစ်သုံးခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/kUAr7gQKY5LdqkNW/

Ref:BBC
Photo:Reuters/AP

#Voiceofmyanmar #VOM #ဘိုလီဗီးယား #သမ္မတမိုရာလက်စ် #ထောက်ခံသူ #စစ်သား၂၀၀ #ဓါးစာခံ

Voice of Myanmar

03 Nov, 05:59


ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၃၆ ဒေါ်လာ

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၄၀ ကျပ်
ဝယ်ဈေး - ၄၄၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၄၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၇၀ ကျပ်
ဝယ်ဈေး - ၄၇၄၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၅ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၅ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၀ ကျပ်

Voice of Myanmar

03 Nov, 05:58


ပျဉ်းမနား စိုက်/သိပ္ပံကျောင်းမှာ ဆရာမကို လုယက်သတ်ဖြတ်သွားတဲ့ ဒုတိယနှစ်ကျောင်းသားကို ဖမ်းမိ

နိုဝင်ဘာ ၃ -၂၀၂၄
GG (VOM)

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းထဲမှာ နိုဝင်ဘာလ ၂ ရက်နေ့က လုယက်မှုဖြစ်ပွားပြီး ကျောင်းအုပ်ဆရာမကြီး ထိခိုက်ဒဏ်ရာရရှိကာ ဆရာမတယောက် အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။

ကျောင်းအုပ်ဆရာမကြီးမှာ ဓားခုတ်ဒဏ်ရာ ခြောက်ချက်နဲ့ဒဏ်ရာရရှိခဲ့တာဖြစ် ပြီး သေဆုံးသူဆရာမ မအွန်စောဆိုတဲ့ (လက်ထောက်ကွင်းဆင်း )မှာတော့ဓားဒဏ်ရာ သုံးချက်ထက်မနည်းရရှိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/WLpaaeJZUDaB7MuY/

Photo:CJ

#Voiceofmyanmar #vom #နေပြည်တော် #ပျဥ်းမနား #စိုက်ပျိုးရေးသိပ္ပံကျောင်း #အနုကြမ်းစီးမှုဖြစ်

Voice of Myanmar

03 Nov, 05:57


This Day in History

Voice of Myanmar

ဆိုဗီယက်ယူနီယံသည် စပွတ်နစ်-၂ အာကာသယာဉ်ကို ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် လွှတ်တင်ခဲ့ပြီး အာကာသနှင့်အတူ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံးအကြိမ် သက်ရှိစေလွှတ်မှုအဖြစ် ခွေးလေး လိုင်ကာကို သယ်ဆောင်သွားခဲ့သည်။

#Voiceofmyanmar #VOM #ThisDayInHistory #November3

Voice of Myanmar

03 Nov, 01:02


သမ္မာအာဇီ၀ ဇာတ်လမ်း

ဆူးငှက်

ဗထူးကွင်းက အထူးတန်းဘက် အသံချဲ့စက်မှ သီချင်းတစ်ပုဒ်ဖွင့်ပြီးသောအခါ နှစ်ဖက်အသင်း ဘောလုံးသမားများသွေးပူ လေ့ကျင့်ခန်းလုပ်ကြဖို့ ကွင်းထဲသို့ ယူနီဖောင်း ကိုယ်စီနှင့် တန်းစီကာ ဝင်လာကြသည်။ ကွင်းထဲတွင်လည်း လေးဖက်လေးတန် ဘောလုံးပွဲကြည့်ပရိသတ် ပြည့်နေပြီဖြစ်၏။

ဆောင်းပါးအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/HUFHE5t12DhB7Zkt/

#voiceofmyanmar #VOM #သမ္မာအာဇီ၀ဇာတ်လမ်း #ဆူးငှက်

Voice of Myanmar

03 Nov, 01:01


အင်းစိန် Diamond Lake Hotel ရဲ့ ၅ လွှာကနေ အမျိုးသားတယောက် ပြုတ်ကျသေဆုံး

နိုဝင်ဘာ၂- ၂၀၂၄
GG (VOM)

ရန်ကုန်တိုင်း ၊အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်းရှိ Diamond Lake Hotel (၅)လွှာကနေ ဒီနေ့နိုဝင်ဘာလ၂ရက်နေ့ မနက်အစောပိုင်းက အမျိုးသားတယောက်ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

" မနက် ၂ နာရီကျော်လောက်မှာ အခန်းပြတင်းပေါက်ကနေပြုတ်ကျတာလို့သိရတယ်။ငါးလွှာက အခန်း၅၀၃ မှာတည်းတဲ့ သက်ကြီးအမျိုးသားပြုတ်ကျတာပါ။ခေါင်းကြေမွပြီးသေဆုံးတာပါ။" လို့ အင်းစိန်မြို့နယ် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်တယောက်ကပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/RssWL37aqfdzw1KR/

Photo:CJ

#Voiceofmyanmar #vom #အင်းစိန် #diamondlakehotel #အမျိုးသားတယောက်ပြုတ်ကျသေဆုံး

Voice of Myanmar

02 Nov, 09:50


တရုတ်နယ်စပ်ဘက် စက်ရုံတွေမှာ အလုပ်လုပ်မယ့် မြန်မာလုပ်သားအများစု ခေါ်စာမကျလို့ အခက်အခဲ ဖြစ်နေ

နိုဝင်လာ ၂၊ ၂၀၂၄
Shy V VOM

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကနေ တဆင့် တရုတ်နယ်စပ်ဘက် စက်ရုံတွေမှာ သွားရောက် အလုပ်လုပ်မယ့် မြန်မာလုပ်သား အများစု ခေါ်စာမရလို့ အခက်အခဲ ဖြစ်နေကြကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

"ခေါ်စာက ခုထိ ရသေးဘူး။ စောင့်နေတာ ကြာပြီ။ မူဆယ်မှာ သောင်တင် အခက်အခဲ ဖြစ်နေတာ" လို့ စက်ချုပ်သွားမာ့် အမျိုးသမီး နှစ်ယောက်က ပြောပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/7skxoJnN7HPEuqEQ/

Photo Crd# ဒေသခံ

#Voiceofmyanamr #VOM #တရုတ်နယ်စပ် #မြန်မာလုပ်သား # ခေါ်စာမကျ# အခက်အခဲ ဖြစ်#

Voice of Myanmar

02 Nov, 09:49


သတ်မှတ်နှုန်း ငွေမလွှဲနိုင်လို့ လျှပ်စစ်ကားတင်သွင်းဖို့ကိစ္စ ပြည်ပရောက် မြန်မာလုပ်သားတွေ စိတ်မဝင်စား

နိုဝင်ဘာ ၂ - ၂၀၂၄
SS (VOM)

သတ်မှတ်ရာခိုင်နှုန်းအတိုင်း ငွေလွှဲဖို့ အဆင်မပြေတဲ့အတွက် လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်တွေ တင်သွင်းဖို့မဖြစ်နိုင်ဘူးလို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ပြောဆိုလိုက်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/UQML5pighPegZE6f/

Photo:CJ

#voiceofmyanmar #VOM #သတ်မှတ်နှုန်းအတိုင်း #ငွေလွှဲဖို့ #အဆင်မပြေ #ပြည်ပလုပ်သား #လျှပ်စစ်ကား #တင်သွင်းဖို့ #မဖြစ်နိုင်

Voice of Myanmar

02 Nov, 09:48


အစ္စရေးကို အီရတ်ပိုင်နက်ကနေ အီရန်က တိုက်ခိုက်ဖွယ်ရှိနေ

ဝါရှင်တန်၊ နိုဝင်ဘာ-၂-၂၀၂၄
မျိုးဆက်(VOM)

အီရန်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း အီရတ်မြေပေါ်ပေါ်ကတဆင့် အစ္စရေးကို တိုက်ခိုက်နိုင်တယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အိမ်နီးချင်း အီရတ်ရှိ အီရန်လိုလားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကတဆင့် အစ္စရေးကို တိုက်ခိုက်နိုင်ခြေရှိပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းအများအပြားကို အသုံးပြုလာနိုင်တယ်လို့ ဆိုကြပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/zqacR2bfYhJcCt8h/

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #အီရန် #အစ္စရေး #တင်းမာမှု #အရှေ့အလယ်ပိုင်း #လက်တုံ့ပြန်တိုက်ခိုက်

Voice of Myanmar

02 Nov, 09:47


ချင်းပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်နီးပါး စစ်ရှောင်နေရ

နိုဝင်ဘာ ၂ - ၂၀၂၄
SN (VOM)

လက်ရှိ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ထက်ဝက်နီးပါး စစ်ဘေးရှောင်နေရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာ နစကတပ်နဲ့ ချင်းညီနောင်၊ မဟာမိတ်အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ လူနှစ်သိန်းခွဲခန့်ဟာ ဘေးလွတ်ရာ ပြည်နယ်တွေနဲ့ အိမ်နီးချင်းနိုင်ငံဆီ သွားရောက် တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/mjQFuftFzyAzVEUB/

Photo:CJ

#voiceofmyanmar #VOM #ချင်းပြည်နယ် #လူဦးရေ #ထက်ဝက်နီးပါး #စစ်ဘေးရှောင်