MT News _ Myanmar Transparency @mt_news_media Channel on Telegram

MT News _ Myanmar Transparency

@mt_news_media


MT News _ Myanmar Transparency

MT News _ Myanmar Transparency (English)

Are you interested in staying informed about the latest news and developments in Myanmar? Look no further than MT News - Myanmar Transparency! This Telegram channel is your go-to source for reliable and up-to-date information on a wide range of topics, including politics, economy, culture, and more. MT News is dedicated to providing transparent and unbiased news coverage, ensuring that you are always in the know about what's happening in Myanmar. Whether you are a resident of Myanmar or simply interested in keeping up with current events in the region, this channel is for you. Who is it? MT News is a trusted news source that aims to promote transparency and accountability in Myanmar. With a team of dedicated journalists and reporters, the channel delivers high-quality news content that you can rely on. What is it? MT News is a Telegram channel that provides news and information about Myanmar, covering a wide range of topics such as politics, economy, culture, and more. The channel is committed to transparency and accuracy, ensuring that its subscribers have access to reliable news sources. Don't miss out on the opportunity to stay informed and updated on all things Myanmar with MT News - Myanmar Transparency. Join our channel @mt_news_media today and become a part of our growing community of informed individuals. Stay ahead of the curve with MT News - your source for transparent news coverage in Myanmar.

MT News _ Myanmar Transparency

19 Feb, 03:59


ထူးဆန်းတဲ့ ဘုရားလာဖူးရင်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တွေ့ရမှာပါဆိုတဲ့ ကျော်ထက်အောင်

၁၉.၂.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ

"တစ်ခါမှမင်းသမီးလို့ အိပ်မက်တောင် မမက်ဖူးဘူး သမီးရဲ့ My Dream ကတော့ Miss ပဲ။ ဒါပေမယ့် မင်းသမီးဖြစ်သွားပြီ။ အကို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်တယ်။ အကိုက သမီးကို အများကြီး ညီမလေး Junior ကို စောင့်ရှောက်ပေးတယ်....။ ထူးဆန်းတာပေါ့။ ဘုရားလာဖူးရင်း အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကိုတွေ့ရမှာပါ။ အဲလိုပုံစံလေးပါ...။ လမ်းဖယ်မလား မဖယ်ဘူးလား။ တော်တော်ကြာကြာ ရိုက်ရတယ်။ အဲတုန်းက။ မီးမီးက လေသံပဲ စိတ်တိုတာ။ မျက်လုံးနဲ့အာရုံမျက်နှာက ပြုံးနေတော့ တော်တော်ရိုက်ရတယ်။ အဲ့ဒီတုန်းက သူက အဓိက Definition မသိတော့လေ" ကျော်ထက်အောင်၊ မီးမီး

YouTube တွင် ကြည့်ရှုရန်
https://youtu.be/f77_amkeACI

#ကျော်ထက်အောင် #မီးမီး
#KyawHtetAung #MeeMee
#EiEiAungHtun #myanmaractor #KansudaChanakeoree
#မေတ္တာအမွေပုဂံမြေ

MT News _ Myanmar Transparency

19 Feb, 03:26


အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အခြေခံ အချက်လေးရပ်အားသဘောတူ

၁၉.၂.၂၀၂၅
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ယူကရိန်းအရေးနဲ့ပတ်သက်လို့ လေးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြရာမှာ အခြေခံအချက်လေးရပ်ကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး ရူဘီအို ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ရုရှားဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ သမ္မတရဲ့လက်ထောက် ယူရီ ယူရှာ ကော့ဗ်တို့ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သဘောတူခဲ့ကြတဲ့အချက်တွေမှာ အမေရိကန်နှင့် ရုရှားအကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်ဖို့၊ ယူကရိန်းစစ်ပွဲမှာ ပါဝင်နေသူအားလုံး လက်ခံနိုင်မယ့် ပဋိပက္ခအဆုံးသတ်ရေးအတွက်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91565

#အမေရိကန် #ရုရှား #ယူကရိန်းအရေးဆွေးနွေး #အချက်လေးရပ် #သဘောတူ #MT #mtnews

MT News _ Myanmar Transparency

19 Feb, 02:27


အခမဲ့ရွေ့လျားစာကြည့်တိုက် ဗဂျီအိမ်မှာ စာအုပ်ငှားယူဖတ်ရှု့နိုင်

၁၈.၂.၂၀၂၅
Photo by Thiri

ဗဂျီအိမ် ဆိုတာက ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေကတည်းက တည်ရှိနေခဲ့တဲ့ သက်တမ်းရင့် စာပေအဝန်းအဝိုင်းတစ်ခုပါ။ အဲဒီအချိန်ကတော့ အသက်နှစ်ဆယ်စွန်းစ စာပေကို ချစ်မြတ်နိုးတဲ့ လူငယ်တွေ စုစည်းတည်ထောင်ခဲ့တာပါ။ အခုလက်ရှိအချိန်အထိလည်း ဗဂျီအိမ်က ခေတ်မီ ခေတ်ပေါ်နည်းပညာတွေကို အမှီလိုက်ပြီး လူငယ်တွေ စာဖတ်နိုင်ဖို့ ကြိုးပမ်းပေးနေတုန်းပါပဲ။

ဗဂျီအိမ်ကစုစည်းပေးထားတဲ့ အင်တာနက်အသုံးပြု Library ‌Application တွေ လူမှုကွန်ယက်ပေါ်က Page တွေ ၊ နောက်ပြီး Website တွေ ဒါတွေကိုလည်း နည်းပညာနဲ့ နီးစပ်တဲ့ လူငယ်တွေ အသုံးချလို့ရအောင် ပြုလုပ်ပေးထားသလို ပေါ့ပေါ့ပါးပါးနဲ့ စာရွက်‌တွေထိ‌တွေ့ဖတ်ရှု့တာကလည်း နည်းပညာ‌တွေက‌နေ မပေးနိုင်တဲ့ နှစ်သက်စရာ စိတ်ခံစားချက်တစ်မျိုးပါပဲ။ စာရွက်အသစ်တွေရဲ့အနံ့ ၊ စာအုပ်အဟောင်းတွေကနေရနိုင်တဲ့ မှိုစွဲနေတဲ့ စက္ကူအနံ့ ဒါတွေက စာအုပ် တစ်အုပ် ကိုင်တွယ်ဖတ်ရှု့ရင်းကသာ ရရှိနိုင်တဲ့ ပြင်ပ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91557

#ဗဂျီအိမ် #ပန်းချီအိမ် #အခမဲ့ #ရွေ့လျားစာကြည့်တိုက် #စာကြည့်တိုက် #MobileLibrary #MTEntertainment

MT News _ Myanmar Transparency

18 Feb, 17:29


ကမ္ဘာ့အမွေအနှစ် ပုဂံရှေးဟောင်းဒေသက အလိုတော်ပြည့်ဘုရားအနီးမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို PDF တွေက အငိုက်ဖမ်း ပစ်ခတ်သတ်ဖြတ်မှု ယနေ့ဖြစ်ပွား

၁၈. ၂. ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ်ဒေသပုဂံရှေးဟောင်း နယ်မြေမှာ ပုဂံရဲစခန်းက ဆိုင်ကယ်စီးနင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို PDF တွေက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီးတစ်ဦးက ဒဏ်ရာနဲ့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် ဇန်နဝါရီ ၅ ရက်မှာ ပုဂံ PDF တွေဟာ ပုဂံရှေးဟောင်းနယ်မြေမှာ တိုက်ပွဲဖော်ဆောင်တော့မယ်လို့ ကြေညာပြီးကတည်းက ပုဂံဒေသမှာ လုယက်သတ်ဖြတ်မှုတွေ လုပ်ဆောင်လာတာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၉ နာရီခန့်အချိန်မှာတော့ ပုဂံရဲစခန်းက ဒုရဲအုပ် ဝါဝါထွန်း ဦးစီးပြီး ရဲတပ်ကြပ် ခင်မောင်မြင့်၊ ရဲတပ်သား ရီဝေဦးတို့ တရားရုံးထုတ် သွားရောက်ဖို့ ဆိုင်ကယ်စီးနင်းပြီး ထွက်လာချိန်မှာ PDF တွေရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ကြုံလိုက်ရတာဖြစ်ပါတယ်။

ဖြစ်စဥ်မှာ ရုံးထုတ်ဖို့ ရဲတပ်သား ရီဝေဦး မောင်းနှင်ပြီး ရဲတပ်ကြပ် ခင်မောင်မြင့် လိုက်ပါလာတဲ့ ဆိုင်ကယ်က အရှေ့က မောင်းနှင်ပြီး ဒုရဲအုပ် ဝါဝါထွန်း စီးနင်းလာ တဲ့ဆိုင်ကယ်က အနောက်က မောင်းနှင်လာချိန် အလိုတော်ပြည့်ဘုရားအနီး အရောက်မှာ ကားတစ်စီးပေါ်ကနေ ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီး အဖြူရောင် HondaFit ကားတစ်စီးဟာ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို ကျော်တက်ကာ လမ်းရဲ့ ညာဘက်ခြမ်းမှာ ရပ်တန့်ပြီး သေနတ်အရှည်တွေနဲ့ ဝိုင်းပြီး ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် ခင်မောင်မြင့်ဟာ မေးရိုး၊ ပုခုံး၊ ပေါင်၊ ခြေသလုံး၊ နံရိုး၊ လက်မောင်း စတဲ့ ခန္ဓာကိုယ်အနှံ့ ကျည် ၇ ချက်ခန့် ထိမှန်ခဲ့သလို ရှေ့ကမောင်းနှင်သူ ရဲတပ်သား ရီဝေဦးက ပုခုံး၊ လည်ပင်းအောက်ရင်အုံ၊ ဝဲယာရင်အုံ၊ လက်မောင်း၊ နောက်ကျော စတဲ့နေရာတွေမှာ ကျည်ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၁၄ ချက်ခန့်ရရှိပြီး နေရာတင်သေဆုံးသွားခဲ့ကြပေမဲ့ နောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပါလာတဲ့ ဒုရဲအုပ်ဝါဝါဦးကတော့ ဒဏ်ရာအချို့နဲ့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုင်ဆောင်တဲ့ MA-13 တစ်လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၀ တောင့်နဲ့ BA-63 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁ဝဝ တောင့်တို့ကိုလည်း PDF တွေက ယူဆောင် ထွက်ပြေးသွားကြတယ်လို့ သိရပြီး ဒီဖြစ်ရပ်ကို PDF တွေ ကျူးလွန်ကြောင်းသာ သတင်းထုတ်ပေမဲ့ ဘယ် PDF အဖွဲ့ကမှ လတ်တလော ဝန်ခံကြမှုမရှိသေးသလို တာဝန်ရှိသူတွေကလည်း တရားခံဖမ်းဆီးနိုင်မှုမရှိသေးဘဲ စစ်ဆေးစိစစ်နေဆဲလို့ သိရပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91554

#ပုဂံ #ကမ္ဘာ့အမွေအနှစ်ဒေသ #PDF #အကြမ်းဖက် #သတ်ဖြတ် #ရဲစခန်း #MyanmarTransparency

MT News _ Myanmar Transparency

18 Feb, 16:02


အေစီမီလန်နဲ့ ဖီယင်နု၊ ဘိုင်ယန်နဲ့ ဆဲလ်တစ်တို့ ပွဲစဥ်တွေနဲ့ ချန်ပီယံလိဂ် Play-offs အဆင့် ဒုတိယအကျော့ ပွဲစဥ်များ ပွဲကြိုသုံးသပ်ချက်

၁၈. ၂. ၂၀၂၅
Written by MMAK

အေစီမီလန် Vs ဖီယင်နု

ပထမအကျော့မှာ ဖီယင်နုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရဖို့လိုအပ်နေပြီး နှစ်ဂိုးပြတ်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ အေစီမီလန်အသင်းအနေနဲ့ အသာစီးရအောင် ကစားနိုင်ခဲ့ပေမဲ့ ဂိုးရအောင် မသွင်းနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပေမဲ့ ဖီယင်နုအသင်းထက် ခြေစွမ်းပိုကောင်းခဲ့ပါတယ်။ ပထမအကျော့မှာ အနိုင်ရထားတဲ့ ဖီယင်နုအသင်းကတော့ ခံစစ်အားပြုပြီး ကစားလာနိုင်တာကြောင့် အေစီမီလန်အသင်း ဂိုးရတာ နောက်ကျနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အေစီမီလန်အသင်းက ဘော်ဒီကြေး တစ်လုံးခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက ဖြစ်သင့်ဖြစ့်ထိုက်တဲ့ အနေအထားမှာ ရှိပေမဲ့ ခံစစ်ပိတ်ကစားလာမဲ့ ဖီယင်နုအသင်းကြောင့် ဂိုးတွေ အများကြီး မြင်ရဖို့ခက်ပါတယ်။ ဖီယင်နုအသင်းက တစ်ဂိုးစရသွားရင် ဆယ့်တစ်ယောက်လုံး ခံစစ်ပိတ်ကစားလာမှာ ဖြစ်သလို အေစီမီလန်အသင်း တစ်ဂိုးရသွင်းရင်တောင် ထိန်းကစားလာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လေးဂိုးလောက်ထိ မတွေ့ရနိုင်ဘဲ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်တဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

အတ္တလန်တာ Vs ကလပ်ဘရုဂ်

ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တဲ့ အတ္တလန်တာအသင်းအနေနဲ့ အခုပွဲစဥ်မှာ တစ်ဂိုးနဲ့နိုင်ရင် သရေကျမှာ ဖြစ်ပြီး နှစ်ဂိုးပြတ်နိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ အတ္တလန်တာအသင်းက စီးရီးအေပွဲစဥ်မှာ အဓိက ကစားသမားတွေကို အနားပေးထားခဲ့ပြီး အခုပွဲစဥ်ကို အားစိုက်ကစားဖို့ ပြင်ဆင်ထားပါတယ်။ ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ ကလပ်ဘရုဂ်အသင်းအနေနဲ့ ခံစစ်ပိတ်ကစားလာဦးမဲ့ ပွဲစဥ်တစ်ပွဲဖြစ်သလို ကလပ်ဘရုဂ်အသင်းရဲ့ ခံစစ်ကို သဘောကျမိပြီး အိမ်ရှင်အတ္တလန်တာအသင်းရဲ့ တိုက်စစ်ကိုလည်း သဘောကျပါတယ်။ ပေါက်ကြေးကိုကြည့်ရမယ်ဆိုရင် အတ္တလန်တာအသင်းက တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ အတ္တလန်တာအသင်းရဲ့ ဘော်ဒီကြေးအရ ...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91550

#အေစီမီလန် #ဖီယင်နု #ဘိုင်ယန် #ဆဲလ်တစ် #ချန်ပီယံလိဂ် #Playoffs #ဒုတိယအကျော့ #ပွဲကြိုသုံးသပ်ချက် #MT #mtnews

MT News _ Myanmar Transparency

18 Feb, 15:52


အကြမ်းဖက်သမားများက မော်တော်ယာဉ်တစ်စီးကို မိုင်းထောင်ဖောက်ခွဲခဲ့၍ ကလေးငယ်များအပါအဝင် ၉ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိမှု တနင်္သာရီမြို့နယ်တွင် ယနေ့ ဖြစ်ပွား

၁၈.၂.၂၀၂၅
Written by Nyein Kyaw

အကြမ်းဖက်သမားများက တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၉ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ မြိတ်မြို့သို့ ယာဉ်မောင်း ဦးမျိုး မောင်းနှင်လာပြီး အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်အား ပနပ်ငယ်ကျေးရွာအနီးသို့ အရောက်....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91544

#အကြမ်းဖက် #မော်တော်ယာဉ် #မိုင်းထောင်ဖောက်ခွဲ #ကလေးငယ် #တနင်္သာရီ #MyanmarTransparency

MT News _ Myanmar Transparency

18 Feb, 15:41


ဒရာမာဇာတ်လမ်းပုံစံ “မေတ္တာအမွေ ပုဂံပြည်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ

၁၈.၂.၂၀၂၄
Written By Thandar

Triple Six Production က ဒရာမာဇာတ်လမ်းပုံစံ “မေတ္တာအမွေ ပုဂံပြည်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ပုဂံဆိုတာက သမီးရဲ့ အသည်းနှလုံးလို့ ပြောလို့ရတယ်။ သမီးရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးလို့။ အရမ်းရင်ခုန်တာပေါ့။ တစ်ခါမှမင်းသမီးလည်း မဖြစ်ဖူးဘူးလေ။ ခုလိုမျိုး ကိုယ့်ပုံကြီးကို သေချာ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=91538

#ကျော်ထက်အောင် #KyawHtetAung
#အိအိအောင်ထွန်း #ဧကရီစုစံ #MeeMee #EiEiAungHtun #KansudaChanakeoree
#မေတ္တာအမွေပုဂံမြေ #MTEntertainment

MT News _ Myanmar Transparency

11 Feb, 12:48


လူတစ်ဦးက မီးတုတ်ဖြင့်ပစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ရမည်းသင်းတွင် ဖြစ်ပွား

၁၁.၂.၂၀၂၅
Written by KL

လူတစ်ဦးက မီးတုတ်ဖြင့် နေအိမ်ကိုပစ်ရာမှ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာ အုပ်စု၊ ရွှေနန်းပေါ်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက် ည ၁၁ နာရီ ၂၇ မိနစ်ခန့်က....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90888

#မီးတုတ် #မီးရှို့ #မီးလောင် #ရမည်းသင်း #MT #မန္တလေး #MyanmarTransparency

MT News _ Myanmar Transparency

11 Feb, 11:06


ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချတဲ့ ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်အတွက် ထောင် ၁၅ ရက်ချပြီး ပြည်နှင်ရန်စီစဥ်

၁၁. ၂. ၂၀၂၅
Translated by Thettant

ရယ်မောစနောက်နေရင်း ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချတဲ့ ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားကို ဇန်နဝါရီ ၈ ရက် မနက်ခင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်အပြီး ထောင် ၁၅ ရက် ချခဲ့သလို ပြည်နှင်ဒဏ်ပေးဖို့လည်း စီစဥ်နေတယ်လို့ သိရပါတယ်။

ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိိမ်ကြိမ်ပစ်ချနေတဲ့ တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဒီ လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံသားတစ်ယောက် ကျူးလွန်တာလို့ ကနဦးဖော်ပြခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ထိုင်းပြည်သူတွေအတွက် အလွန်ရက်စက်ပြီး ထိတ်လန့်စရာ ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုတွေအပြီးမှာ Watchdog Thailand က ရုပ်သံပေးပို့တိုင်ကြားခဲ့သလို ဆိုက်ဘာရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Trirong Phiwphan က ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးမှုစတင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေချိန်မှာပဲ ကျူးလွန်သူဟာ မူလက ရေးသားယူဆနေသလို ထိုင်းနိုင်ငံသားမဟုတ်ဘဲ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား သီဟအောင်ဆိုသူဖြစ်ပြီး သူက Mueang Samut Prakan ရဲစခန်းကို ကျူးလွန်သူဟာ သူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီဖြစ်စဥ်ကို သူ ကျုးလွန်ချိန်ဟာ အသက် ၁၇ နှစ်အရွယ် ၂၀၂၃ ခုနှစ်အကုန်ပိုင်းကဖြစ်ပြီး သူ့သူငယ်ချင်း Leutsouphanh နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖွန်မြို့မှာ အရက်သောက်ရင်း ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ သူငယ်ချင်းနဲ့ စိတ်အခန့်မသင့်ချိန် ရုပ်သံထုတ်ဖော်ခံရတာဖြစ်ကြောင်း၊ အခုတော့ သူ့လုပ်ရပ်အတွက် နောင်တရနေကြောင်း ဝန်ခံ​တောင်းပန်ခဲ့ပြီး တရားဥပဒေအရ ပူးပေါင်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ထွက်ဆိုခဲ့ပါတယ်။

သီဟအောင်ရဲ့ ဝန်ခံချက်အရ တရားခံကိုဖော်ထုတ်နိုင်ခဲ့အပြီးမှာ အာဏာပိုင်တွေက ဥပဒေအရ ထောင် ၁၅ ရက် ချခဲ့သလို ဗီဇာကို ရုပ်သိမ်းခဲ့ပြီး ပြည်နှင်ဒဏ်ပေးဖို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် လျင်မြန်တဲ့ အရေးယူမှုဟာ ထိုင်းနိုင်ငံက တိရိစ္ဆာန်တွေရဲ့အပေါ် ရက်စက်ကြမ်းကြုတ်မှုကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ တရားမျှတမှုကို ဖော်ဆောင်မယ့် ကတိကဝတ်ကို မီးမောင်းထိုးပြခဲ့တာလည်းဖြစ်ပါတယ်။

Ref , The Thaiger ၊ Thai Enquirer

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90884

#တိရစ္ဆာန် #ညှင်းပန်းနှိပ်စက်မှု #ထိုင်း #လဝက
#ဖမ်းဆီး #ပြည်နှင်ဒဏ် #MyanmarTransparency

MT News _ Myanmar Transparency

11 Feb, 10:10


"လူတိုင်းကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးနှံသင့်တယ်"ဒေါက်တာပြည့်စုံလင်း (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာန၊ ကာကွယ်ကူးစက်ဌာနခွဲ)

၁၁.၂.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

" ကျွန်တော်တို့ လူ‌တွေတိုင်း သူ့ဟာနဲ့သူ တစ်ခုခုတော့ ကြောက်တတ်တယ်ဆိုတာမျိုးရှိတတ်ကြတယ်။ ကျွန်တော်တို့ ဒီလိုပဲ ကာကွယ်ဆေးကြောက်တာတို့ သောက်ဆေးကြောက်တတ်တာတို့လည်း ရှိတတ်ကြပါတယ်။ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေးဆိုရင် ထိုးနှံရတာ အနည်းဆုံး ငွေ့ငွေ့လေးတော့ ဖျားတတ်ကြတယ်။ ဖျားတတ်ကြတဲ့ ကျွန်တော်တို့က ပိုပြီးတော့ ကြောက်တယ်။ အလုပ်ပျက်မှာကြောက်ကြတယ်။ အဲတော့ ဟိုလက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးနဲ့ ရှေ့မှာ ကျွန်တော်ရှင်းပြသလို ဒီဆေးကို အများကြီး ကျယ်ကျယ်ပြန့်ပြန့်သုံးပြီးပါပြီ။ ပြင်းထန်ပြီး ဆေးရုံတက်ရလောက်တယ်ဆိုတဲ့ အနေအထားမျိုးမရှိပါဘူး။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးက သာမာန်ငွေ့ငွေ့ဖျား‌တာလောက်ပဲ ပြင်းပြင်းထန်ထန်ရှိတာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ကြောက်တဲ့သူတွေကိုလည်း ကာကွယ်ဆေးထိုးခြင်းအားဖြင့် ရောဂါကာကွယ်မှုရအောင်လို့ ကျွန်တော်တို့ ဆောင်ရွက်စေချင်ပါတယ်။ အားပေးပါတယ်။ ကာကွယ်ဆေးတစ်ခုဟာ နိုင်ငံတော်က ကျခံပေးတဲ့အစီအစဉ်မျိုးမရှိတဲ့ နိုင်ငံတွေမှာဆိုရင် ကာကွယ်ဆေးရဲ့ ဈေးနှုန်းက ဒေါ်လာကို ဆယ်ချီတဲ့ဆေးတွေဖြစ်တယ်။ အနည်းဆုံးဒေါ်လာ ၅ ဒေါ်လာ သူ့ဆေးအမျိုးအစားအလိုက် တန်ဖိုးတွေ ရှိတယ်။ ဒီလိုဟာမျိုး ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့အခမဲ့ရအောင် စီစဉ်ပေးပြီးတော့ ပြည့်ပြည့်ဝဝရအောင်ထိုးနှံပေးနေတယ်။ ပြည်သူ့လူထုအနေနဲ့ ကိုယ်ရသင့်တဲ့ ရပိုင်ခွင့်အနေနဲ့ အခွင့်အရေးအနေနဲ့ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်" ဒေါက်တာပြည့်စုံလင်း (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာန၊ ကာကွယ်ကူးစက်ဌာနခွဲ)

YouTube တွင် ကြည့်ရှုရန်
https://youtu.be/18lzRLgcLl4

#ဒေါက်တာပြည့်စုံလင်း #DrPyaeSoneLinn
#ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဌာန #ကိုဗစ်ကာကွယ်ဆေး #Covid19 #MyanmarMedicare #ကာကွယ်ကူးစက်ဌာနခွဲ

MT News _ Myanmar Transparency

11 Feb, 10:10


"လူတိုင်းကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးနှံသင့်တယ်"ဒေါက်တာပြည့်စုံလင်း (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာန၊ ကာကွယ်ကူးစက်ဌာနခွဲ)

MT News _ Myanmar Transparency

11 Feb, 10:03


တောင်ကြီးမြို့နယ်၊ တောင်နီရွာက ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် မီးလောင်

MT News
၁၁. ၂. ၂၀၂၅

တောင်ကြီးမြို့နယ်၊ တောင်နီရွာက ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် မီးလောင်မှု ဒီနေ့မနက်ဖြစ်ပွားခဲ့ပြီး ဒီမီးလောင်မှုမှာ စက်သုံးဆီဆိုင်နဲ့အတူ ၁၂ ဘီးယာဥ်တစ်စီးလည်း လောင်ကျွမ်းပျက်စီးမှုဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာ မြောက်ဘက်အထွက်ရှိ ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင်မှာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်စဥ်မှာ ၁၂ ဘီးကားကတစ်ဆင့် မီးလောင်ကျွမ်းတာလို့လည်း ဖြစ်စဥ်ကို Live လွှင့်တဲ့ ဒေသခံတွေက ပြောဆိုတာကို တွေ့ရသလို ဒေသတွင်းသတင်းဌာနတွေကလည်း ဝါယာရှော့ခ်ကနေ မီးလောင်တာလို့ ရေးသားနေ့ကြပြီး ၁၂ ဘီးယာဥ်ပေါ်ကနေ ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90876

#တောင်ကြီး #စက်သုံးဆီဆိုင်မီးလောင် #ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် #MT #mtnews

MT News _ Myanmar Transparency

11 Feb, 09:34


Cover Song ပြန်ဆိုတာမဟုတ်ဘဲ ကိုယ်ပိုင်သံစဉ် သီချင်းသစ်တွေ ဆိုထားတာမို့ အမှန်အတိုင်းပြောရရင် Hollywood အထိ တက်ဖိုက်ချင်တယ် ဆိုတဲ့ ဒိုးကြီး

၁၁.၂.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ

"တကယ်တမ်း အမှန်အတိုင်းပြောရရင် Hollywood အထိ တက်ဖိုက်ချင်တာပေါ့။ ကျွန်တော်တို့က နိုင်ငံခြားသီချင်းကို Cover Song လုပ်ပြီး Copy လုပ်ထားတာ မဟုတ်တဲ့အတွက် အရှေ့ကအဆိုတော်ကြီးဆိုတဲ့ဟာကို Cover ပြန်ဆိုတာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီသီချင်းသည် တေးရေးဒိုးကြီး တီးတာသည် Two Lock ကျွန်တော်တို့ဆိုတာသည် ပုဏ္ဏမီ၊ မေဖြူ၊ ဒိုးကြီးပေါ့နော်။ ကိုယ်တိုင်ဆို ကိုယ်တိုင်ရေး ကိုယ်တိုင်တီးပြီးတော့ Music Creation ကောင်းကောင်းလုပ်ထားတဲ့အတွက် ယုံကြည်ချက်ကတော့ရှိတာပဲ။ မပေါက်တာ သူ့အလုပ်။ ကျွန်တော်တို့ကဆက်လုပ်နေမှာ ကျွန်တော်တို့ အလုပ်‌လေ။ ဘာလို့ဆိုရင် ကျွန်တော်တို့က ငယ်ငယ်လေးထဲက တစိုက်မတ်မတ်လုပ်ခဲ့တာကိုး။ ချမ်းသာချင်ရင်တော့ အစောထဲက စီးပွားရေးဘက်ပြောင်းမှာပေါ့နော်" တေးရေး တေးဆို ဒိုးကြီး

YouTube တွင် ကြည့်ရှုရန်
https://youtu.be/evqIcoR4vfI

#ဒိုးကြီး #DoeGyi #ပုဏ္ဏမီ #Ponenami
#မေဖြူသင်းကြည် #MayPhyuKyiThinn
#VDay #MyanmarSinger #MiniAlbum
#ValatineDay

MT News _ Myanmar Transparency

11 Feb, 09:08


ရုရှားနှင့်စစ်ပွဲပြီးဆုံးရေးအတွက် ယူကရိန်းသမ္မတက အမေရိကန် ဒုတိယသမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်

၁၁.၂.၂၀၂၅.
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက သုံးနှစ်နီးပါးကြာလာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်စေဖို့ တွန်းအားပေးဆောင်ရွက်နေရာမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ဂျေဒီဗင့်စ်နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ မြူးနစ်မြို့ လုံခြုံရေးညီလာခံမှာတွေ့ဆုံပြီး စစ်ပွဲရပ်ဆိုင်းရေး အမေရိကန်အစိုးရက တွန်းအားပေးဆွေးနွေးမယ်လို့သိရပါတယ်။

ဇယ်လန်စကီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီ နီကီဖိုရော့ဗ်ကလည်း မြူးနစ်ညီလာခံနောက်ကွယ်မှာ သူတို့နှစ်ဦးသီးခြားတွေ့ဆုံကြမယ်ဆိုတာ ပြောခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရန့် က စစ်ပွဲရပ်ဆိုင်းဖို့အတွက် သူ့ရဲ့ အထူးသံတမန်ဖြစ်တဲ့ ကိတ်ကယ်လော့ဂ်ကိုလည်း ယူကရိန်းနိုင်ငံသို့ နောက်ထပ်တစ်ပတ်အကြာမှာ စေလွှတ်မယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတရုံးကလည်း ကယ်လော့ဂ်ဟာ ယူကရိန်းကို ဖေဖော်ဝါရီလ ၂၀ ရက်မှာရောက်ရှိ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90873

#ရုရှား #ယူကရိန်း #စစ်ပွဲပြီးဆုံးရေး #တွေ့ဆုံဆွေးနွေး #ဒေါ်နယ်ထရန့် #ဇယ်လန်စကီး #MT #mtnews

MT News _ Myanmar Transparency

11 Feb, 08:18


Attention မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ပေါပေါပဲပဲထွက်လာတာမျိုးလည်း မလိုချင်လို့ Level တစ်ခုမှာ ထိန်းထိန်းသိမ်းသိမ်းနေဖြစ်တယ်ဆိုတဲ့ ခိုင်သဇင်ငုဝါ

၁၁.၂.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

"အမှန်အတိုင်းပြောရရင် ငုဝါကိုယ်တိုင်ကလည်း Media အကိုအမတွေ တော်တော်များများလည်း ငုဝါနဲ့ခင်လာတာကြာပြီဆိုတော့ တစ်ခါတလေ ရုပ်ရှင် Red Carpet တက်လို့ရှိရင်တော့ ငုဝါ တော်ရုံတန်ရုံ အင်တာဗျူးတွေ သိပ်မဖြေဖြစ်တော့ဘူးလေ။ တွေ့တာနဲ့ ကိုယ့်အကြောင်းမဟုတ်ဘဲ တခြားအကြောင်းတွေလည်း ဗျူးတဲ့အခါကြတော့ မပြောချင်ဘူး။ အမှန်အတိုင်းရရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ တောက်လျှောက်မပြောချင်တော့ဘူး။ ကိုယ့်အလုပ်ရှိတယ်၊ ရှိတဲ့အလုပ်နဲ့ ပတ်သက်ပြီး ဖြေဆို ဖြေပေးလိုက်မယ်။ တခြားအကြောင်းတွေကြတော့ ကိုယ်နဲ့ပတ်သက်ပြီး သတင်းတစ်ခုတက်တယ်ဆိုရင် အရေးကြီးတဲ့သတင်းတွေလာရင် ကိုယ့်ကြောင့်နဲ့ မဖုံးစေချင်တာတစ်ကြောင်းပေါ့နော်။ Attention မရှာချင်တာပေါ့နော်။ ကိုယ်နဲ့ပတ်သက်ပြီး တချို့ဆိုရင် အားရင်အားသလိုပေါ့နော်။ သူများဖြေတာတွေဆိုရင် ဝင်ကြည့်တယ်။ ဒီလို အကြောင်းပြောတဲ့သူဆိုရင် ပရိသတ်က ဘယ်လိုတုံ့ပြန့်လဲဆိုတာ။ ကြည့်တဲ့ ပရိသတ်တွေက လာပြန်ပြီ သူတို့အကြောင်းပဲ။ အရည်မရ အဖတ်မရ ဒီအကြောင်းပဲ ဗျူးနေတာပဲ။ ကိုယ်က အဲဒါမျိုးတွေ အပြောမခံချင်ဘူး။ ကိုယ်က ကိုယ့် Level တစ်ခုကိုယ့်ဟာကိုယ်ထိန်းလိုက်တဲ့သဘောပါ။ Attention မရှာချင်တာရယ်၊ ကိုယ့် Level တစ်ခုထားလိုက်တာပါ။ ရှာလိုက်တာနဲ့ ခိုင်သဇင်ငုဝါကြီးက ပေါပေါပဲပဲထွက်လာမျိုးလည်း မလိုချင်တော့လို့ ထိန်းထိန်းသိမ်းသိမ်းနေလိုက်တာပေါ့"သရုပ်ဆောင် ခိုင်သဇင်ငုဝါ

YouTube တွင် ကြည့်ရှုရန်
https://youtu.be/K6-Wofqsp5U

#ခိုင်သဇင်ငုဝါ #KhaingThZinNguWah
#MyanmarActress #MyanmarCele
#Level #Attention

MT News _ Myanmar Transparency

11 Feb, 08:18


Attention မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ပေါပေါပဲပဲထွက်လာတာမျိုးလည်း မလိုချင်လို့ Level တစ်ခုမှာ ထိန်းထိန်းသိမ်းသိမ်းနေဖြစ်တယ်ဆိုတဲ့ ခိုင်သဇင်ငုဝါ

MT News _ Myanmar Transparency

11 Feb, 07:33


ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၁ သန်း ထပ်မံရောင်းချပေး၍ ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်း

၁၁. ၂. ၂၀၂၅
Written by Nyein Kyaw

ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၁ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ပြီး ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ‌ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့၍ တစ်လအတွင်း ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၂၅၀ မှ ၃၀၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင် မြင့်တက်လာမှုများရှိခဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90870

#ဗဟိုဘဏ် #စက်သုံးဆီ #ဒေါ်လာ #ထပ်မံထုတ်ရောင်း #နိုင်ငံခြားငွေဈေးကွက် #MT #mtnews

MT News _ Myanmar Transparency

07 Feb, 14:39


လာမယ့် ဇန်နဝါရီ သင်္ဂြိုဟ်မဲ့ နိုင်မြန်မာရဲ့ ရုပ်အလောင်းကို ဒီနေ့ ရေဝေးပို့

၇.၂.၂၀၂၅
Written By Thandar

ထင်ပေါ်ကျော်ကြားတဲ့ ရင်တွင်းဖြစ်ခံစားချက်တွေကို အကောင်းဆုံး ရေးသားဖန်တီးတတ်တဲ့ တေးရေးဆရာ၊ ကဗျာဆရာကြီး နိုင်မြန်မာ(ခ) ဦးနိုင်ဦးမြင့်က အသက်၆၈ နှစ်အရွယ် ဒီနေ့မှာ ကွယ်လွန်ခဲ့လို့ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာပဲ ကြွင်းရစ်တဲ့ ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်းက ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ နေအိမ်ကနေ ရေဝေးသုသာန်ကို ပို့ဆောင်ခဲ့ကြပါတယ်။

အဆိုပါ ရုပ်ကလာပ်ကို သန်လျင်မြို့နယ်နေအိမ်ကနေ ရန်ကုန်မြို့၊ ရေဝေးသုသာန်အအေးခန်းဆီ ပို့ဆောင်ရာမှာ နာယကကြီးဒေါ်သန်းမြင့်အောင်၊ သရုပ်ဆောင် ထွန်းကိုကိုနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ ပို့ဆောင်ကာ ကူညီပေးခဲ့တာပါ။

နိုင်မြန်မာ ဟာ အသက် ၆၈ နှစ်အရွယ် ဒီမနက်မှာနှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။ သူ့ရဲ့ ရုပ်ကလာပ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာလည်း ဖြစ်ပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90400

#နိုင်မြန်မာ #NaingMyanmar #ကမ္ဘာမကျေဘူး #MyanmarComposer #တေးရေး #ဝါဆို #ပါးစပ်ရာဇဝင်လေးဖြစ်လို့နေခဲ့ပြီ #တေးရေးနိုင်မြန်မာ #MTEntertainment

MT News _ Myanmar Transparency

07 Feb, 13:50


တောင်ဒဂုံက ဒီဇယ်ပေပါစည်သိုလှောင်ထားတဲ့ခြံဝန်းမီးလောင်

၇ .၂. ၂၀၂၅
Written by Hey Mar

လုပ်ငန်းသုံးဖို့ သိုလှောင်ထားတဲ့ ဒီဇယ်ပေပါစည်တွေ မီးလောင်မှု ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးအောက်ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

လောင်ကျွမ်းမှုဖြစ်စဉ်ကို အသေးစိတ်ကိုတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး အမှတ် (၂) လမ်းမကြီး‌ ဘေးရှိ ရှမ်းတဲကြီးအောက်ရွာမှ ဒီဇယ်ပေပါဆီ သိုလှောင်ထားတဲ့ ပေ ၂၅ပေ ၄၀ ပေ ခြံဝန်းမီးလောင်တာလို့ သိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် မြန်မာနိုင်ငံမီးသတ်ဖွဲ့ဌာနချုပ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊ လေးထောင့်ကန်နယ်မြေမီးသတ်စခန်းနဲ့ ညောင်ပင်နယ်မြေမီးသတ်စခန်းတို့က မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး Level -1 အဆင့် ခေါ်ယူကာ တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90395

#တောင်ဒဂုံ #ဒီဇယ်ပေပါ #သိုလှောင် #MFSD #မီးလောင် #MT #MyanmarTransparency

MT News _ Myanmar Transparency

07 Feb, 13:16


ဘရာဇီးမှာ ဒီမနက် ပျက်ကျတဲ့ လေယာဥ်ငယ်တစ်စီးက ဘတ်စ်ကားနဲ့ပါ တိုက်မိလို့ မီးအကြီးအကျယ်လောင်ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံး

၇. ၂. ၂၀၂၅
Translated by Thettant

ဘရာဇီးနိုင်ငံ မြို့တော် ဆော်ပိုလိုပေါ်လမ်းပေါ် လေယာဥ်ငယ်တစ်စီးပျက်ကျမှုကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့သလို လေယာဥ်ငယ်က လူစည်ကားရာလမ်းပေါ်သွားလာနေသည့် ဘတ်စ်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းပါဖြစ်ခဲ့၍ မီးအကြီးအကျယ်လောင်ကျွမ်းမှုလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဥ်မှာ ဆော်ပေါ်လိုမြို့၊ ဘာရာဖန်ဒါရှိ Avenida Marques de Sao Vicente တွင် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၀ ခန့်က King Air F90 လေယာဉ်ငယ်သည် အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းနေစဉ် လူစည်ကားရာလမ်းပေါ်ရှိ မြေပြင်ပေါ်မှ ဘတ်စ်ကားနှင့် ပျက်ကျ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90392

Ref. New AZ, Sky News, Reuters

#လေယာဥ် #ပျက်ကျ #ဘရာဇီး #ဆော်ပေါ်လို #planecrash #MyanmarTransparency

MT News _ Myanmar Transparency

07 Feb, 12:31


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၇. ၂. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ USAID ကတစ်ဆင့် မြန်မာ့မီဒီယာတွေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ခေါင်းစဥ်တပ်ပေးမယ့် ဒေါ်လာ ၃၉ သန်းကျော်ကို ထရန့် ရပ်ဆိုင်းတဲ့သတင်း

◾️ EAO လက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဆက်စပ်နေရာတွေ၊ မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုတွေနဲ့ လောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အတင်းအဓမ္မစေခိုင်းခံရသူ ၆၁ ဦးကို ထိုင်းအစိုးရထံ လွှဲပြောင်းတဲ့သတင်း

◾️ ကွဲနေတဲ့ယောကျ်ားက အလုပ်ရမယ်လိမ်ခေါ်ကာ သတ်ဖြတ်လို့ ဇနီးဖြစ်သူ သေဆုံးတဲ့သတင်း

◾️ထိုင်ဝမ်ခရီးသွားအမျိုးသမီးကို မုဒိမ်းကျင့်တဲ့ ထိုင်းအမျိုးသားလွှတ်တော်အမတ်ကို ချင်းမိုင်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့သတင်း

◾️ ပြောင်းဆံတင်ကုန်ကားပေါ် ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈ ဦး မဲဆောက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့သတင်း

◾️ အဝတ်နဲ့ စောင်ပေါ် ဝမ်းသွားမိတဲ့ ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဒေါ်က ရိုက်နှက်ရာမှ သေဆုံးမှု သံဖြူဇရပ်မှာ ဖြစ်ပွားတဲ့သတင်း

◾️ တရုတ်ကျားဖြန့်ဂိုဏ်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူ တရုတ်နိုင်ငံသားနှစ်ဦးကို ဘတ် ၁၅ သန်းကျော် တန်ဖိုးရှိ ဇိမ်ခံပစ္စည်းတွေနဲ့အတူ ဘန်ကောက်မှာ ဖမ်းမိတဲ့သတင်း

◾️လက်နက်ကိုင်အဖွဲအစည်းတွေရှိတဲ့ နယ်မြေဒေသတွေရှိ ဒေသခံပြည်သူတွေက နိုင်ငံနဲ့ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်းနဲ့

◾️လူနှစ်ဦးသေဆုံးခဲ့ရတဲ့ ၁၈ မိုင်တောရဘုန်းကြီး ကျောင်းမှ ယာဥ်တိုက်မှုအတွက် ကားနဲ့ ဒရိုင်ဘာ ရဲလက်အပ်ကာ လိုအပ်တဲ့ ကူညီဆောင်ရွက်မှု ပြုလုပ်ပေးနေတဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews
#mtnews_entertainment
#myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

MT News _ Myanmar Transparency

07 Feb, 12:00


ပုဇွန်‌တောင်-စက်ဆန်းမှာ ဒီညနေ လောင်တဲ့မီးကြောင့် ကားပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဆိုင်ခန်း ၅ ခန်း ဆုံးရှုံး

၇.၂.၂၀၂၅
Written by Hey Mar

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမကြီးဘေး၊ ပရိုဝမ်းရှေ့ရှိ ဇော်ရှော့ဘားပြုပြင်ရေးဆိုင်အပါအဝင် ကားနဲ့ပတ်သက်တဲ့ ပြုပြင်ရေးဆိုင်တချို့ မီးကူးစက်လောင်ကျွမ်းမှု‌ကြောင့် ဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၃နာရီ ၃၈ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ် ။

မီးစတင်လောင်ကျွမ်းတာက ဇော် ရှော့ဘားပြုပြင်ရေးဆိုင်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်းတွေက ကျဉ်းတဲ့အတွက် ပစ္စည်းသယ်ယူရှောင်တိမ်းချိန်မရ....

ဓာတ်ပုံ-လောကဟိတာဝဟ လူမှုကူညီရေးအသင်း

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=90384

#စက်ဆန်း #ကားပစ္စည်းဆိုင် #မီးလောင် #MT #mtnews #MyanmarTransparency

MT News _ Myanmar Transparency

21 Jan, 07:01


မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်နယ်စပ်ဂိတ်အား ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စစ်လက်နက်ပစ္စည်းမှအပ ကုန်ပစ္စည်းအားလုံး တင်သွင်းခွင့်ပြု

၂၁. ၁. ၂၀၂၅
Written by Nyein Kyaw

မြန်မာ-တရုတ်နယ်စပ် ချင်း‌ရွှေဟော်နယ်စပ်ဂိတ်အား ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်မကြီးနှင့် ကုန်သွယ်၍မရသေးသော်လည်း တရုတ်ဘက်မှ စစ်လက်နက်ပစ္စည်းမှအပ ကုန်ပစ္စည်းအားလုံး တင်သွင်းခွင့်ပြုထားကြောင်း မြန်မာ-တရုတ်နယ်စပ် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“မနေ့ကတည်းက ဖွင့်ပေးတယ်။ ပြည်မကြီးနဲ့တော့ ကုန်သွယ်လို့မရသေးဘူး။ သူက စစ်လက်နက်ပစ္စည်းကလွဲလို့ အကုန် လုံးသွင်းခွင့်ပြုတယ်။ တရုတ်ဘက်ကနေပေါ့။ သူက “ဝ”နဲ့ ကပ်လျက် မူဆယ်နဲ့တော့ဝေးတယ်” ဟု မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရ “ဝ” မှ ကိုးကန့်ဒေသဘက်သို့ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88761

#ချင်းရွှေဟော်နယ်စပ်ဂိတ် #ပြန်လည်ဖွင့်လှစ် #စစ်လက်နက်မှအပ #ကုန်ပစ္စည်းအားလုံး #တင်သွင်းခွင့်ပြု #ကိုးကန့် #UWSA #MT #mtnews

MT News _ Myanmar Transparency

21 Jan, 06:47


လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ညိုမင်းလွင်နဲ့တွဲရိုက်ချင်တဲ့ အခွင့်အရေးခုရခဲ့ပြီ ဆိုတဲ့ ကျော်ထက်ဇော်

၂၁.၁.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

"သူနဲ့အလုပ်လုပ်ရတာ Free & Fair တော်တော်မိုက်တယ်ပေါ့။ အရမ်း ဒါရိုက်တာမို့လို့ တအားကြီး Tension များနေမယ်ဆိုတာမျိုးမရှိဘူး။ စိတ်လွတ်ကိုယ်လွတ်ပဲ။ ရှုတင်ပေါ်ရောက်ရင် ငါ့ကြိုးစားသလောက်က ငါ့အတွက်ဆိုတဲ့ စိတ်ကိုဖြစ်နေတာပေါ့နော်။ ပိုပြီး အားစိုက်ရတာလည်း ကိုယ့်အတွက် ပိုလွတ်လပ်တယ်။ ကျွန်‌တော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဟိုငယ်သေးတဲ့အချိန်ပေါ့။ အဲလိုအချိန်ထဲက ကိုညို@ညိုမင်းလွင်တို့နဲ့ ရိုက်ချင်လို့ ရူးဖူးတယ်ပေါ့နော်။ ခုကတော့ အခွင့်အရေးရလာပြီ" ကျော်ထက်ဇော်

YouTube တွင် ကြည့်ရှုရန်
https://youtu.be/pVqSLR3E9uA

#ကျော်ထက်ဇော် #ညိုမင်းလွင် #KyawHtetZaw #NyoMinLwin #MyanmarActor #MyanmarCele
#လမ်းသရဲ #MyanmarSeriesActor

MT News _ Myanmar Transparency

21 Jan, 06:17


အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်က သမ္မတအာဏာကိုအသုံးပြုပြီး အာဏာလွှဲကာနီး မိနစ်ပိုင်းမှာ မိသားစုဝင်ငါးဦးကို ထူးထူးခြားခြားလွတ်ငြိမ်းခွင့်ပြုခဲ့

၂၁.၁.၂၀၂၅
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒန်က သမ္မတအာဏာကို ဒေါ်နယ်ထရန့်ဆီကို လွှဲပေးရတော့မယ့် ဇန်နဝါရီလ ၂၀ ရက်မှာပဲ ရှားရှားပါးပါးလုပ်ရပ်တစ်ခုဖြစ်တဲ့ သူ့ရဲ့ မိသားစုဝင်ငါးယောက်ကို ကြိုတင်လက်ဦးမှုရယူကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဂျိုးဘိုင်ဒန်က သူတို့အနေနဲ့ အခြေအမြစ်မရှိဘဲ နိုင်ငံရေးအရ လှုံ့ဆော်မှုပြုတဲ့စုံစမ်းစစ်ဆေးမှုတွေအရ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဂျိုးဘိုင်ဒန်က ဆိုခဲ့ပါတယ်။ ထရန့်က သမ္မတ တာဝန်မယူမီ မိနစ်ပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ရဲ့ အမိန့်ကြောင့် သူ့ရဲ့ညီ ဂျိမ်းစ်ဘိုင်ဒန်၊ ဇနီးဖြစ်သူ ဆာရာဂျုံးစ်ဘိုင်ဒန်၊ ဂျိုးဘိုင်ဒန်ရဲ့ ညီမ ဗီလီရီ ဘိုင်ဒန် အိုဝင်စ်၊ အိုဝင်စ်ရဲ့ ခင်ပွန်း ဂျွန် အိုဝင်စ်နဲ့ ညီဖြစ်သူ ဖရန်စစ် ဘိုင်ဒန်တို့အနေနဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88757

#ဂျိုးဘိုင်ဒန် #အာဏာသုံး #မိသားစုဝင်ငါးဦး #လွတ်ငြိမ်းခွင့်ပြုခဲ့ #MT #mtnews

MT News _ Myanmar Transparency

21 Jan, 05:32


ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၂ သန်းနီးပါး ထပ်မံထုတ်ရောင်း

၂၁. ၁. ၂၀၂၅
Written by Nyein Kyaw

ယမန်နေ့တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၁ ဒသမ ၉၁၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ပြီး နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေမှုကြောင့် တက်ရိပ်ပြခဲ့သည့် ဒေါ်လာဈေးနှုန်း အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရသည်။

ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၂၀ ရက်အထိ သုံးပတ်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၀၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၈ ဒသမ ၉၄၇ သန်းနှင့် တရုတ်ယွမ် ၄ ဒသမ ၄၈၃ သန်း ထုတ်ရောင်းပေးထားသည်။

ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သော ယခုဇန်နဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၄၈၀၀ အထိ မြင့်တက်ခဲ့သော်လည်း ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးထားမှုကြောင့် တစ်ဒေါ်လာ ကျပ် ၄၆၀၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88754

#ဗဟိုဘဏ် #သွင်းကုန်လုပ်ငန်းရှင် #ထိုင်းဘတ် #ထပ်မံထုတ်ရောင်း #ဒေါ်လာ #MT #mtnews

MT News _ Myanmar Transparency

21 Jan, 05:03


ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက်ထိုးနေကြသည့် မြန်မာနိုင်ငံသားတစ်သိုက် ဖမ်းဆီးခံရ

၂၁.၁.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက်ထိုးနေကြသည့် မြန်မာနိုင်ငံသားတစ်သိုက် ဇန်နဝါရီလ ၁၉ ရက်က အဖမ်းခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အမှတ် (၆)၊ အောင့်နွဲ့ကျေးရွာတွင် ဘိလိယက်ခုံဖြင့် တွဲပြီးဖွင့်ထားသည့် ဈေးဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံသားများက ဘိန်းစာရွက်ပြုတ်ရည် (ခရမ်ရွက်ဖျော်ရည်နှင့် ဆေးစိမ်ထားသော ဆေးများ)တမြမြနှင့် ဘိလိယက်ထိုးနေကြကြောင်း ထိုင်းနိုင်ငံသားများ၏ သတင်းပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စမွတ်ဆာခွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးချိန် ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက်ထိုးနေကြသည့် မြန်မာနိုင်ငံသား (၃၀) ကျော်ကို ဖမ်းမိခဲ့ကြောင်း သိရ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88743

#ဘိန်းစာရွက်ပြုတ်ရည် #မြန်မာနိုင်ငံသားများ #ဖမ်းဆီးခံရ #ထိုင်း #MT #mtnews

MT News _ Myanmar Transparency

21 Jan, 04:40


အနုပညာမျိုးရိုးရှိတယ်ဆိုတဲ့ Attention ရှာပြီး ဒီလောကထဲဝင်ခဲ့တာမဟုတ်ဘဲ ကိုယ်တိုင် ကြိုးစားဝင်ခဲ့တာပါ ဆိုတဲ့ ဆက်ယွန်းတွယ်တာ

၂၁.၁.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

"သူ့အဘိုးရှိနေတာကိုး သူ့အဘိုးမျက်နှာနဲ့ ဘယ်သူကခေါ်ရိုက်ပေးတာ၊ ဘယ်သူကတင်ပေးတာ ပြောခံရမှာ အရမ်းကြောက်တယ်။ အရင်တုန်းက သင်တန်းတွေ ဘာတွေသွားအပ်ရင် အမေကပြောချင်တယ်။ အမေ့ကိုမပြောခိုင်းဘူး။ ဘယ်သူ့နာမည်ကြောင့်နဲ့ ဖြစ်လာတယ်ဆိုတာမျိုး မလိုချင်ဘူး။ သေချာတာတစ်ခုကတော့ ဆက်ယွန်းက Attention ရှာပြီးတော့ အောင်မြင်လာတဲ့ပုံစံမျိုး မဖြစ်ချင်ဘူးပေါ့။ ကိုယ့်ရဲ့ကြိုးစားမှု၊ ကံ၊ ဉာဏ်၊ ဝီရိယအပေါ်မှာလည်း ဒီအလုပ်က အရမ်းကြီးသက်ရောက်တာဆိုတော့လေ။ အဲဒီအတွက် ဆက်ယွန်းအဘိုးက အနုပညာမျိုးရိုးရှိတယ်ဆိုပေမယ့် အဘိုးက ဆုံးသွားပြီလေ။ ဆက်ယွန်းက အပြင်မှာဆိုလည်း သူစိမ်းတစ်ယောက်အနေနဲ့ပဲ လမ်းကြောင်းပေါ် ဝင်ခဲ့ရတာ။ ဒီလမ်းကြောင်းပေါ်ကို ဘယ်သူ့ အဆက်အသွယ်မှ မယူဘဲနဲ့ ကိုယ်တိုင်ပဲ ကြိုးစားခဲ့တာပါ"ဆက်ယွန်းတွယ်တာ

YouTube တွင် ကြည့်ရှုရန်
https://youtu.be/281Kr4zOI2M

#ဆက်ယွန်းတွယ်တာ #SettYoonTwelTar
#အကယ်ဒမီဦးမြင့်နိုင် #AcademyUMyintNaing
#MyanmarActress #လမ်းသရဲ
#MyanmarCele

MT News _ Myanmar Transparency

21 Jan, 03:59


အုတ်တွင်း၊ ခပေါင်း ကျောင်းရှစ်ဆယ်ကျေးရွာမှာ လူငယ်တစ်ဦး ရက်ရက်စက်စက် အသတ်ခံရ

၂၁.၁ .၂၀၂၅
Written by Hey Mar

ကိုယ်အင်္ဂါ ပျက်ယွင်းသည်အထိ ခုတ်ဖြတ်ကာ အသက်သုံးဆယ်အရွယ် လူငယ်အသတ်ခံရမှု ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ခပေါင်း ကျောင်းရှစ်ဆယ်‌ ကျေးရွာမှာ မနေ့က ဇန်နဝါရီ ၂၀ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါ အသတ်ခံရသူမှာ ဦးခေါင်းကွဲ၊ မျက်နှာတစ်ခြမ်းပြတ်ကျ၊ ဘယ်လက်ဓားခုတ်ရာနှစ်ချက်၊ ညာလက်ညိုးတစ်ချောင်းပြတ်ကျဒဏ်ရာ၊ လည်ပင်း ဓားခုတ်ရာတစ်ချက် ရရှိကာ နေအိမ်အတွင်း သေဆုံးခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ နန်းတော်ဦး ပရဟိတ အသင်း တာဝန်ရှိသူက “ဘာလို့ သတ်လဲ၊ ဘာကြောင့်ဖြစ်လဲဆိုတာတော့ ကျွန်တော်တို့မသိဘူးခင်ဗျ။ ရဲတပ်ဖွဲ့က အလောင်းလာသယ်ပေးပါဆိုလို့ သွားသယ်ပေးခဲ့တာပါ...

◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88736

#လူငယ်တစ်ဦး #ရက်ရက်စက်စက် #အသတ်ခံရ #ပဲခူး #အုတ်တွင်း #MT #mtnews

MT News _ Myanmar Transparency

11 Jan, 15:47


လှိုင်သာယာမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်၊ အလုပ်သမားမှတ်ပုံတင်နှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ

၁၁. ၁. ၂၀၂၅
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့/အနောက်) မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေးကတ် အတု၊ အလုပ်သမားမှတ်ပုံတင်ကတ် အတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ နယ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် ထောက်ခံစာ အတုများအား အခကြေးငွေယူ၍ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် အတုများ ရောင်းချသူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ အမှတ်(၄)ရပ်ကွက်နေ မမေသူခိုင်(၃၄)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်၌ နိုင်ငံသားစိစစ်ရေးကတ်အတု ၃ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေးသာယာနယ်မြေရဲစခန်း(ပ) ၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ တရားခံ မေသူခိုင်ထံသို့ နိုင်ငံသားစိစစ်ရေးကတ်အတုများအား ပို့ဆောင်ပေးသူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်နေ ဖြူသွယ်ထွေး(၂၂)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုများအား ပွဲစားလုပ်ကိုင်သူ ဖမ်းဆီးရန်ကျန် တရားခံ တက်ပု(စိစစ်ဆဲ)ထံသို့ ဖုန်းဖြင့် ချိတ်ဆက်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းဖမ်းဆီးခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးရန် ကျန်တရားခံ တက်ပု(စိစစ်ဆဲ)မှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု လာရောက်ပို့ဆောင်သူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ ဟန်မြင့်ဇော်(ခ) ပြောင်လေး(၄၄)နှစ် (ဘ)ဦးအောင်ခင်အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု(၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဟန်မြင့်ဇော်(ခ)ပြောင်လေးအား စစ်ဆေးရာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများအား ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန်တရားခံ တက်ပု(စိစစ်ဆဲ)၏ ချိတ်ဆက်ပေးမှုဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နေ ဇင်လင်း(ခ)လင်းလင်း(၄၀) နှစ်(ဘ)ဦးဝင်းအေးမှ ပြုလုပ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ တရားခံ ဇင်လင်း(ခ) လင်းလင်းအား ယင်းနေ့ နေ့လယ်ပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအလွတ်(၁၀၀)ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ပြုလုပ်ရာတွင် အသုံးပြုသည့် Deli တံဆိပ်ပါ Automatic Numbering Machine (၁)ခု၊ အမည်နှင့်ဓာတ်ပုံများပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု(၈)ခု၊ အသားတံဆိပ်တုံး ရိုက်နှိပ်သည့် တံဆိပ်တုံး(၁)ခု၊ လေဆာတံဆိပ်တုံးမျိုးစုံ(၁၄)ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (အလွတ်) (၂၅၀၀)ခု၊ Horse တံဆိပ်ပါ မှင်ခံဘူး(၂)ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဇင်လင်း(ခ)လင်းလင်းအား စစ်ဆေးချက်အရ ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် ၎င်းနှင့် ဆက်သွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာအတုများအား တစ်ဆင့်ရောင်းချပေးသူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ မြင့်မြတ်ကြည်(ခ)ဝတုတ်(၄၀) နှစ်(ဘ)ဦးကြီးမြင့်၊ တစ်ရပ်ကွက်တည်းနေ စန္ဒာဦး (၄၄)နှစ်(ဘ)ဦးတင်လှနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ စိုးမင်းဦး (ခ)ကတုံး(၃၂)နှစ်(ဘ)ဦးဝင်းကြည်တို့ ၃ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း၊ ရပ်ကွက်/ရဲစခန်း ထောက်ခံစာပုံစံအတု(အလွတ်)များအား မိတ္တူကူးယူရောင်းချသူ စန်းမော်လွင် (၂၉)နှစ်(ဘ)ဦးဝင်းအောင်အား ရဲစခန်းထောက်ခံစာမျိုးစုံအတု(အလွတ်) (၂၅၀၀)ရွက်၊ ရပ်ကွက် ထောက်ခံစာမျိုးစုံအတု(အလွတ်)(၈၀)ရွက်၊ Acer အမျိုးအစားကွန်ပျူတာ(၁)စုံနှင့် ဆက်စပ်ပစ္စည်း များ၊ Printer(၂)လုံး၊ Scanner(၁)လုံးတို့နှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်ရှိ မိုးသောက်ပန်းမိတ္တူ.....


Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87920

#လှိုင်သာယာ #အလုပ်သမား #NRC #မှတ်ပုံတင် #MT #mtnews #MyanmarTransparency

MT News _ Myanmar Transparency

11 Jan, 14:06


သက်ကြီးရွယ်အို၊ မှီခိုသူနှင့် ကလေးသူငယ် ၉၀၀ ကျော်ပါဝင်တဲ့ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် ၃ စင်းကို AA တိုက်ခိုက်သတ်ဖြတ်ခဲ့မှု မှတ်တမ်း

၁၁.၁.၂၀၂၅
တင်ဆက်/ တည်းဖြတ် - ငြိမ်းကျော် ၊ အနိုင်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် လူ ၉၀၀ ကျော်ကို စောင့်ဆိုင်းကယ်ထုတ်နေတဲ့ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပစ်ခတ်နစ်မြုပ် တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်က ရာနဲ့ချီ လူသေဆုံးခဲ့ကြရပါတယ်။

ဒီလိုသတ်ဖြတ်မှုကို AA ထောက်ခံသူတွေ ငြင်းပေမဲ့ ဒီဖြစ်စဉ် တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာ ကမ်းထိုးရေယာဥ်သုံးစင်းကို AA က တိုက်ခိုက်နေတဲ့ရုပ်သံလည်း ထွက်ပေါ်လာခဲ့ပါတယ်။ AA တိုက်ခိုက်နှစ်မြုပ်ချိန် ကမ်းထိုးရေယာဥ်သုံးစီးပေါ်ပါလာတဲ့ လူ ၉၀၀ ကျော်က ရေကူးလွတ်မြောက်လာသူတွေကိုလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဓားနဲ့လိုက်လံထိုးခုတ်သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြတယ်လို့လည်း သတင်းတွေထွက်ခဲ့တာမို့ ဒီတိုက်ခိုက်မှုဖြစ်စဥ်ပေါ်ထွက်လာမှု ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87894

#သက်ကြီးရွယ်အို #မှီခိုသူ #ကလေးသူငယ် #၉၀၀ကျော်သတ်ဖြတ် #ကမ်းထိုးယာဉ် #အကြမ်းဖက် #AA #MT #mtnews

MT News _ Myanmar Transparency

11 Jan, 13:17


အမ်ပိုလီနဲ့ ဘိုင်ယန်တို့ကို အကြိုက်တွေ့နေတဲ့ စနေည ဘောလုံးပွဲစဥ်များ ရွေးချယ်သုံးသပ်ချက်

၁၁. ၁. ၂၀၂၅
Wtitten by MMAK

လက်စတာ Vs QPR

ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ရပ်နားထားပြီး FA ဖလားပွဲစဥ်တွေကို ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပွဲစဥ်နှစ်ဆယ်လောက်ထိ ကစားဖို့ရှိပေမဲ့ လိဂ်အဆင့်အတန်းကွာခြားမှုတွေကြောင့် ပေါက်ကြေးပြင်းပြင်းတွေ ပေါက်နေပြီး အသင်းကြီးတွေဟာ အရန်ကစားသမားတွေ ပွဲထွက်လာပြီဆိုရင် ကြေးအပြောင်းအလဲ ကြီးမားတတ်တာကြောင့် စိတ်ကြိုက်ဖြစ်တဲ့ ပွဲစဥ်တွေကိုပဲ ရွေးချယ်သုံးသပ်ထားပါတယ်။ QPR အသင်းက ချန်ပီယံရှစ်ကလပ်ဆိုပေမဲ့ လက်စတာအသင်းကို အကောင်းဆုံးယှဥ်ကစားနိုင်တဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ တိုက်စစ်အသားပေး ကစားတတ်တာကြောင့် သွင်းဂိုးသွင်းနိုင်သလို ပေးဂိုးများတာကိုလည်း တွေ့ရပါတယ်။ လက်စတာအသင်းကတော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး နောက်ဆုံးငါးပွဲဆက် ရှုံးပွဲနဲ့အတူ တန်းဆင်းဇုန်ထဲမှာ ရောက်ရှိနေပါတယ်။ ဒီပွဲမှာ လက်စတာအသင်းက အဓိက ကစားသမားအချို့ကို အနားပေးလာနိုင်ပေမဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် နိုင်ပွဲရယူပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားလာမှာပါ။ ဒီပွဲမှာ လက်စတာအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် တစ်ဖက်တစ်ဂိုးစီ မြင်ရနိုင်ပြီး ဖလားပွဲ ဖြစ်နေတာကြောင့် မိနစ်ကိုးဆယ်အတွင်း အရှုံးအနိုင်အဖြေပေါ်အောင် ကစားလာနိုင်ပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့တိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်လေ့ရှိတာကြောင့် အခုပွဲစဥ်မှာလည်း ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

အမ်ပိုလီ Vs လက်ချီ

အမ်ပိုလီအသင်းရဲ့ ခြေစွမ်းနဲ့ကစားကွက်က အဆင့်တစ်ခုမှာရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ နောက်ဆုံးပွဲမှာ သရေကျခဲ့ပြီး ရှေ့ကသုံးပွဲလုံး ရှုံးပွဲတွေ့ထားတဲ့ အမ်ပိုလီအသင်းအနေနဲ့ အခုပွဲစဥ်ဟာ နိုင်ပွဲပြန်ရဖို့ အကောင်းဆုံးပွဲစဥ် ဖြစ်ပါတယ်။ ဒီပွဲပြီးရင် အင်တာမီလန်၊ ဘိုလော့ညာနဲ့ ဂျူဗင်တပ်အသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲဟာ နိုင်ပွဲပြန်ရဖို့ အကောင်းဆုံး ဖော်မြူလာပွဲ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက လက်ချီအသင်းရဲ့ ခြေစွမ်းက သာမာန်အနေအထားဖြစ်ပြီး အဝေးကွင်းကိုးပွဲမှာ တိုက်စစ်က နှစ်ဂိုးသာ သွင်းထားနိုင်တဲ့ တိုက်စစ်က တော်တော်လေးကို ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87912

#ဘိုင်ယန် #FA #လက်စတာ #QPR #လက်ချီ #MT #mtnews #MTEntertainment

MT News _ Myanmar Transparency

11 Jan, 12:36


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၁၁. ၁. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ တရုတ်အလိုကျ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ TNLA က နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံး လွှင့်တင်ကာ အောင်ပွဲရယူမယ်လို့ ထုတ်ပြန်လာတဲ့သတင်း

◾️ PDF အဖြစ်မှ နုတ်ထွက်ထားသူက PDF ဖြစ်လိုသူတွေထံမှ ငွေလိမ်တာကို ဖမ်းမိပေမဲ့လည်း အရေးမယူတဲ့သတင်း

◾️ ဂတ်စ်မီးဖိုနဲ့ ကြက်ဥပြုတ်ရာမှ ရဲဝန်ထမ်းလိုင်းခန်း မီးလောင်မှု မနေ့က ဖြစ်ပွားတဲ့သတင်း

◾️ အကြမ်းဖက်သမားတွေရဲ့ ဖျက်ဆီးမှု၊ အချို့စက်ရုံတွေ စွမ်းအားပြည့် မလည်ပတ်နိုင်မှု၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုတွေကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးမှုမှာ အခက်အခဲရှိနေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

◾️ ပြင်ဦးလွင်မြိုနယ်ရှိ Alliance ငွေစုငွေချေးရုံးမှ ကျပ် သိန်း ၁,၀၀၀ ကျော်ကို ရုံးဝန်ထမ်းတွေ ပူးပေါင်းလုယက်ခဲ့ကြတဲ့အပြင် ဧည့်စာရင်းလာစစ်သူတွေက တံခါးဖျက်ယူဆောင်သွားတယ်လို့ လီဆယ်သတင်းပိုခဲ့တဲ့ တရားခံတွေ ဖမ်းမိတဲ့သတင်း

◾️ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံနေရသူ ဦးရေ ခြောက်ထောင်ကျော်ရှိတယ်လို့ ခန့်မှန်းတဲ့သတင်း

◾️ စက္ကူပုံးပေါ် ခြင်ဆေးထွန်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦး စိုးရိမ်ရမှု မြောက်ဥက္ကလာပမှာ ယနေ့ဖြစ်ပွားတဲ့သတင်းနဲ့

◾️ သက်ကြီးရွယ်အို၊ မှီခိုသူနဲ့ ကလေးသူငယ် စုစုပေါင်း ၉၀၀ ကျော်ပါဝင်တဲ့ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် ၃ စင်းကို အကြမ်းဖက် AA တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာတဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news

MT News _ Myanmar Transparency

11 Jan, 11:16


ယနေ့ဖြစ်ပွားခဲ့သော မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ကို သေနတ်ပြ၍ ငွေများဝင်လုယက်ပစ်ခတ်သူမှာ အမရပူရ PDF အဖွဲ့ကဖြစ်နေ

ဓားပြတိုက်မှုကျူးလွန်သည့် အမရပူရ PDF အဖွဲ့ဝင်များလည်း ဖမ်းမိထားဟု ဆို

၁၁.၁.၂၀၂၅
Written By Zun

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် ယနေ့ဖြစ်ပွားခဲ့သော သေနတ်ပြ၍ ငွေများဝင်လုယူသူမှာ အမရပူရ PDF အဖွဲ့ဝင် PDF တစ်ဦး ဖြစ်နေကြောင်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် အကွက်အ မှတ် ၆၈၉ ဘဏ်ခွဲအမှတ် ၃၇၊ ဗောဓိကုန်းဘဏ်ခွဲသို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ် အတို လက်လုပ်တစ်လက်ကို ထုတ်ပြကာ ၎င်းနှင့် အတူ ပါလာသည့် ကျောပိုးအိတ်အနက်ရောင်အတွင်းသို့ ငွေစက္ကူများ ထည့်သွင်း၍ ပြန်လည်ထွက်ခွာသွားစဉ် ဘဏ်ဝင်ပေါက် ရှိ ဘဏ်လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးစဉ် အဆိုပါကျူးလွန်သူက လက်လုပ်သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘဏ်၏ ဒုတိယမန် နေဂျာ ဦးလမင်းကိုကိုတွင် လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။

ဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သောကြောင့် သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ ကျူးလွန်သူမှာ အမရပူရ PDF အောင်ပြည့်ဖြိုး (ခ) ကိုပြည့် ဆိုသူ ဖြစ်ကြောင်းနှင့် ယင်းနှင့်ပတ်သက်သူများအား ဆက်လက်စစ်ဆေးသွားမည့်အပြင် ဆက်စပ်သူများလည်း ဖမ်းမိထားကြောင်း၊ လတ်တလောတွင် စစ်ဆေးဆဲကာလ ဖြစ်သောကြောင့် မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း အဆိုပါ လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87909

#အမရပူရ #PDF #မန္တလေး #ဘဏ် #ဓားပြတိုက် #MT #mtnews #MyanmarTransparency

MT News _ Myanmar Transparency

11 Jan, 10:34


မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများနှင့် ရာဇဝတ်ဂိုဏ်းများအတွက် နိုင်ငံပေါင်း ၂၁ ခုမှ လူကုန်ကူးပြီး ဖမ်းဆီးခံနေရသူ လူ ၆၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်း

၁၁.၁.၂၀၂၅.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာနိုင်ငံအခြေစိုက် ရာဇဝတ်ဂိုဏ်းတွေအတွက် အဓိကဖြတ်သန်းသွားလာမှုပြုတဲ့နေရာအနေနဲ့ရှိနေတာကြောင့် ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပါဝင်နှိမ်နင်းမှု ပြုသွားဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။

လူကုန်ကူးခံရတဲ့ ဓားစာခံတွေကိုအထောက်အပံ့ပေးရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်က ဇန်နဝါရီလ ၇ ရက်က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း၂၁ နိုင်ငံက ပြည်သူစုစုပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံနေရတယ်လို့ ဖော်ထုတ်ရေးသားခဲ့ပါတယ်။

ဖမ်းဆီးခံနေရသူ ဓားစာခံတွေမှာ တရုတ်နိုင်ငံသား ၃,၉၀၀ ခန့်ပါပြီး ပြင်းထန်တဲ့ ကိုယ်ကာယပိုင်းနဲ့စိတ်ပိုင်း အလွဲသုံးစားပြုညှင်းပန်းမှုတွေလည်းခံနေကြရဖွယ်ရှိပြီး...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87906

#ကျားဖြန့် #ရာဇဝတ်ဂိုဏ်း #လူကုန်ကူးမှု #မဲဆောက် #တရုတ် #MT #mtnews

MT News _ Myanmar Transparency

11 Jan, 09:55


မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် သေနတ်ပြ၍ ငွေများဝင်လုယူမှု ယနေ့ ဖြစ်ပွား၊ လုယက်သူကို ဝိုင်းဖမ်းရာ ကျူးလွန်သူက သေနတ်ဖြင့်ပစ်၍ ဘဏ် ဒုတိယမန်နေဂျာ လက်မောင်းဒဏ်ရာရ

၁၁.၁.၂၀၂၅
Written By Zun

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် သေနတ်ပြ၍ ငွေများဝင်လုယူမှု ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ကနဦး သိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် အကွက်အမှတ် ၆၈၉ ဘဏ်ခွဲအမှတ် ၃၇၊ ဗောဓိကုန်းဘဏ်ခွဲသို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်အတို လက်လုပ်တစ်လက်ကို ထုတ်ပြကာ ၎င်းနှင့်အတူ ပါလာသည့် ကျောပိုးအိတ်အနက်ရောင်အတွင်းသို့ ငွေစက္ကူများထည့်သွင်း၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယင်းသို့ ထွက်ခွာသွားစဉ် ဘဏ်ဝင်ပေါက်ရှိ ဘဏ်လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ အဆိုပါကျူးလွန်သူက လက်လုပ်သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87901

#ငွေများလုယူမှု #ကမ္ဘောဇဘဏ် #ဝိုင်းဝန်းဖမ်းဆီး #သေနတ်ဖြင့်ပစ်ခတ် #MT #mtnews

MT News _ Myanmar Transparency

11 Jan, 09:35


စက္ကူပုံးပေါ် ခြင်ဆေးထွန်းရာမှ နေအိမ်မီးလောင်မှု​ဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦး စိုးရိမ်ရမှု မြောက်ဥက္ကလာပတွင် ဖြစ်ပွား

၁၁.၁.၂၀၂၅
Written by KL

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စံပယ်လမ်းရှိ ၃ ထပ်နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ ၁၀ ရက် ည ၉ နာရီ ၁၈ မိနစ်ခန့်က ကတ်ထူစက္ကူပုံးပေါ် ခြင်ဆေးခွေထွန်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးမီးခိုးမွန်ကာ စိုးရိမ်ရကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ အလျား ၁၀ ပေ၊ အနံပေ ၆၀ ရှိ RC ၃ ထပ် နေအိမ်တွင် ကတ်ထူစက္ကူပုံးပေါ်ခြင်ဆေးခွေထွန်းရာမှ ခြင်ဆေးခွေလဲကျပြီး ကတ်ထူစက္ကူပုံးကို မီးစွဲလောင်ကာ အနီးရှိ ဆိုင်ကယ်ကိုပါ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

ဆယ်မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် နေအိမ်နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် မီးခိုးမွှန်မှုကြောင့် အသက် ၆၈ နှစ်အရွယ် ဒေါ်ရင်ရင်မြ သေဆုံးခဲ့ပြီး...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87898

#နေအိမ်မီးလောင်မှု #ခြင်ဆေးထွန်း #တစ်ဦးသေဆုံး #စက္ကူပုံး #MT #mtnews

MT News _ Myanmar Transparency

11 Jan, 09:14


သက်ကြီးရွယ်အို၊ မှီခိုသူနှင့် ကလေးသူငယ် ၉၀၀ ကျော်ပါဝင်သော ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် ၃ စင်းကိုအကြမ်းဖက် AA တိုက်ခိုက်သတ်ဖြတ်ခဲ့သည့်ရုပ်သံ ထွက်ပေါ်လာ

◾️ ရာနှင့်ချီသော လူများသေဆုံးခဲ့ရသည့် ယင်းဖြစ်စဉ် တစ်နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာသော ရုပ်သံလည်းဖြစ်

၁၁.၁.၂၀၂၅
Written by Zun

သက်ကြီးရွယ်အို၊ မှီခိုသူနှင့် ကလေးသူငယ် ၉၀၀ ကျော်လိုက်ပါလာသော ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် ၃ စင်းကို တိုက်ခိုက်ခံရ၍ ရာနှင့်ချီသေဆုံးခဲ့သည့် တိုက်ခိုက်မှုကို အကြမ်းဖက် AA က စနစ်တကျ စီစဉ်ညွှန်ကြားထားသည့် ရုပ်သံ ထွက်ပေါ်လာသည်။

ယင်းဖြစ်စဉ်မှာ လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေသည့် ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပစ်ခတ် တိုက်ခိုက်သတ်ဖြတ်ခဲ့သော ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87894

#သက်ကြီးရွယ်အို #မှီခိုသူ #ကလေးသူငယ် #၉၀၀ကျော်သတ်ဖြတ် #ကမ်းထိုးယာဉ် #အကြမ်းဖက် #AA #MT #mtnews

MT News _ Myanmar Transparency

04 Jan, 16:59


ကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလိုကို ကျိုင်းတုံမှာ ဖမ်းမိ

MT News
၄.၁. ၂၀၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ အနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းခမ်းခုံး(ခ)အိုက်ခုံး(၄၁)နှစ်၊ (ဘ)ဦးစိုင်းဆန်ဝုန်း၊ ကွန်ဟိန်းမြို့နယ်နေသူ မောင်းနှင်ပြီး ကြာဦး(၄၂)နှစ်၊ (ဘ)ဦးဟန်သောင်း၊ ရပ်စောက်မြို့နယ်နေသူ လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၀ တုံး၊ အလေးချိန် ၉၁ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87169

#မူးယစ်ဆေး #ဘိန်းဖြူ #MyanmarTransparency

MT News _ Myanmar Transparency

04 Jan, 16:46


တိုင်းလုံးကျော်သင်္ဘော နစ်မြုပ်စဥ်က သေဆုံးခဲ့ကြသူများအား ရည်စူး ကုသိုလ်ပြု အမျှအတန်းပေးဝေ
ကုသိုလ်ပြုလှူဒါန်းပွဲကျင်းပ

၄.၁.၂၀၂၅
Written By Thandar

တိုင်းလုံးကျော်သင်္ဘော နစ်မြုပ်ခဲ့စဉ်က သေဆုံးခဲ့ကြသူတွေကို ရည်စူးပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေ
ကုသိုလ်ပြုလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ် ၄/တောင်ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းရှိ မေတ္တာရောင်ခြည်တပ်ဦးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

"လွန်ခဲ့တဲ့ ၃၈ နှစ်ကျော်က တိုင်းလုံးကျော်‌သင်္ဘောမှောက်နစ်မြုပ်ခဲ့စဥ် ရဟန်းပြည်သူတွေရော ဒီတိုင်းလုံးချမ်းသာအောင်ထိပ်တင် လွမ်းစေတီတော်မြတ်ကြီးအတွင်း အပြင်တို့မှာ နေထိုင်ကြသူတွေ၊ ပြိတ္တာ၊ ၃၁ ဘုံကျင်လည်ကုန်တဲ့ ဝေနေယ သုခိတ ဒုက္ခိတအားလုံးကို ကျွန်တော်တို့က အမျှအတန်းပေးဝေ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87161

#တိုင်းလုံးကျော်သင်္ဘောနစ်မြှပ်
#မကျွတ်လွတ်သူတွေ #၃၁ဘုံ
#အကျွတ်အလွတ်အမျှပေးဝေပွဲအခမ်းအနား #MTEntertainment

MT News _ Myanmar Transparency

04 Jan, 16:16


ပလုံကောက်တဲ့ မိန်းကလေးငယ် လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရမှု ဖြစ်ပွားပြီး နေရာတင်သေဆုံး

၄ .၁. ၂၀၂၅
Written by Hey Mar

ပလုံကောက်တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကိုယာဉ်တိုက်ပြေးလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီခန့်က ထောက်ကြန့်မြို့၊ ပဲခူးလမ်းမပေါ် ၊ ဇိနမာန်အောင်ဘုန်းကြီးကျောင်းအနီးမှာ ဖြစ်ပွားခဲ့ကာ အတိုက်ခံရသူမိန်းကလေးငယ် နေရာတင်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။

အဆိုပါ မိန်းကလေးငယ်မှာ လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်မိတာဖြစ်ပြီး တိုက်မိတဲ့ယာဉ်ကိုလည်း ပတ်ဝန်းကျင်က မျက်မြင်သတိထားမိသူ မရှိလိုက်...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87156

#ဆေးရုံ #ပုလဲ #အရန်မီးသတ် #ယာဥ်တိုက်မှု

MT News _ Myanmar Transparency

04 Jan, 15:45


ကုန်တင်ကားနဲ့ ဟိုက်ဂျက် လမ်းအပေါ်ကြောကနေ မောင်းနှင်ရင်း ကုန်းဆင်းမှာ မျက်နှာချင်းဆိုင်တိုက်မိရာက အမျိုးသားသုံးဦးဒဏ်ရာရ

၄.၁.၂၀၂၅
Written by Hey Mar

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းကုန်းဆင်း၊ ရွှေမျက်မှန်ဆိုင်အနီး လမ်းမပေါ်မှာ လမ်းအပေါ်ကြောကို အသီးသီးယူကာမောင်းနှင်လာကြတဲ့ကုန်တင်ကားနဲ့ Hijet ယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာက အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဒီနေ့ မနက် ဇန်နဝါရီ ၄ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့ပြီး သထုံဘက်က‌နေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ကားနဲ့ ပေါ်တော်မူဘက်ကနေ သထုံဘက်ကို မောင်းနှင်လာတဲ့ Hijet က လိပ်အင်းကုန်းဆင်း၊ ရွှေမျက်မှန်ဆိုင်အနီးမှာ မျက်နှာချင်းဆိုင်တိုက်မိ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87150

#ယာဥ်တိုက်မှု #သထုံ #Hijet #ကုန်တင်ကား

MT News _ Myanmar Transparency

04 Jan, 14:32


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၄. ၁. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ၅၈၆၄ ဦးတွင် ၅၀၅ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၆၀၀ နီးပါးနှင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းပါရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားတဲ့သတင်း

◾️ ငါန်းဇွန်မြိုနယ်အတွင်း ခိုအောင်းနေသည့် PDF များကို ရှင်းလင်းချိန် တိုက်ပွဲဖြစ်ပွားရာမှာ ဖောက်ခွဲရေးပစ္စည်းများအပြင် PDF ၃ ဦးကိုပါ အသေဖမ်းမိတဲ့သတင်း

◾️ မော်လမြိုင်မြို့က မုန့်တီဖတ်လုပ်ငန်းအိမ် မီးလောင်မှု လေဖြတ်နေသူ အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း

◾️ ဆိုင်ကယ်တစ်စီးနဲ့ရောက်လာတဲ့ PDF နှစ်ဦးက ပစ်သတ်လို့ အမရပူရ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးတဲ့သတင်း

◾️ လွတ်ငြိမ်းနဲ့ ပြန်လွတ်သူတွေထဲမှာ သင်ဇာဝင့်ကျော်က အမှန်တကယ် ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် နန်းမွေစံ ပြန်မလွတ်သေးတဲ့သတင်း

◾️ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးမည်ဟုဆိုသော AA က ရခိုင်လူငယ်များအား စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးနေတဲ့သတင်း

◾️ တော်လှန်ရေးမှာ ကိုယ်ကျိုးစီးပွားရှာနေသူတွေကို ကိုင်တွယ်ဖို့ အချိန်ကျပြီလို မန်းဝင်းခိုင်သန်း ကြုံးဝါးတဲ့သတင်း

◾️ NCA လက်မှတ်ထိုးထားသော EAO အချို့သည်ပင် ကတိကဝတ်များ ချိုးဖောက်ခဲ့ပြီး အကြမ်းဖက်မှုများ နောက်ကွယ်တွင် အမျိုးမျိုးသောပံ့ပိုးမှုများ ပါဝင်နေသည်ကို သတိချပ်သင့်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်းနဲ့

◾️ SAC ဥက္ကဋ္ဌ ကျန်းမာ၊ ပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ရုရှားသမ္မတက ဆုမွန်ကောင်းတောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

MT News _ Myanmar Transparency

04 Jan, 13:27


KTLA က KNLA ကို လက်စားချေပြန်ပစ်သတ်မှု ဒုတပ်ခွဲမှူး သေ

KNLA ထိပ်ပိုင်းခေါင်းဆောင်များ KTLA က ထပ်မံလုပ်ကြံမည်ကို ကြောက်ရွံ့ စိုးရိမ်လာနေရ

၄. ၁.၂၀၂၄
Written by Nay Moe

မြိတ်-ထားဝယ်ခရိုင် ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဇန်နဝါရီ ၃ ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကော်သူးလေအာမီ(KTLA)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့လို့ KNLA က ဒုတပ်ခွဲမှူးတစ်ဦးသေဆုံးပြီး တပ်သားတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ KNU ထိန်းချုပ်မီဒီယာ KIC က ဖော်ပြလာပါတယ်။

KTLA က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်မှာ KNLA၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၄)က ဒုတပ်ခွဲမှူးစောဖားဂျိုးကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ခဲ့သလို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း KTLA က KNLA ကားကို ပစ်ခတ်လို့ KNLA ရဲ့ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနဲ့ တစ်ယောက်သေပြီး ၅ ဦးထိခိုက်ဒဏ်ရာရမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ KNU/KNLA ကလည်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ KTLA တပ်ဖွဲ့ဝင် ၃ ဦးကို သတ်ပြီး ၁၄ ဦးကို ဖမ်းဆီးခဲ့သလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းပါတယ်။

အဲဒီဖြစ်စဥ်အပြီး KNLA ကို KTLA က ပြန် လက်စားချေမှုအဖြစ် မနေ့က နေ့လယ် ၁၁ နာရီခွဲခန့်မှာ KNLA တပ်ရင်း(၁၀) က ဒုခွဲမှူး ဗိုလ်စောလားဒိုအပါအဝင် တပ်ဖွဲ့ဝင် (၉)ဦးပါဝင်တဲ့အဖွဲ့က မော်တော်ယာဥ်နဲ့ ဆေးခန်းပြဖို့ ထွက်လာချိန် KTLA လက်အောက်က ကော်လာဖိုး(ခ) စောအယ်ခွီးအဖွဲ့က ချောင်းမြောင်း ပစ်ခတ်လို့ ဒုခွဲမှူးစောလားဒိုသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင်“ဗိုလ်လားဒိုက သူ့တပည့်နေမကောင်းလို့ သူကိုယ်တိုင် ဆေးခန်းလိုက်ပို့တာ။ တပ်ရင်း (၁၀)ကနေ သူများဘက်ရောက်တော့ အပစ်ခံရတယ်။ သူလည်းသေတယ်။ သူ့တပည့် တစ်ယောက်လည်း ဒဏ်ရာရတယ်။ ပါသွားတဲ့ နှစ်ယောက်က ပျောက်နေတုန်း၊ အခုထိရှာလို့ မတွေ့သေးဘူး။ ကျန်တဲ့လူတွေကတော့ နေရာပြန်ရောက်ပြီ။” လို့ တပ်မဟာ(၄) KNLA တာဝန်ရှိသူက ပြောတယ်လို့ KIC က ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းပေါ် တပ် စခန်းချနေထိုင်တာမရှိဘဲ KNLA နဲ့ KTLA တို့ပဲ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်ပြီး အခုလို ဖြစ်လာတဲ့အတွက် KNLA တပ်မဟာ(၄) ထိပ်ပိုင်းခေါင်းဆောင်တွေ သွားလာရေးမှာ စိုးရိမ်နေရတဲ့ အနေအထားဖြစ်လာတယ်လို့လည်း KNLA တပ်မဟာ(၄) တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။

Ref & Photo - KIC

ပုံစာ။ သေဆုံးသည့် KNLA ခွဲမှုးနဲ့ ဒဏ်ရာရသူမြင်ကွင်း။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87144

#KNU #KNLA #KTLA #နယ်ဓားမြ #MT #mtnews #MyanmarTransparency

MT News _ Myanmar Transparency

04 Jan, 12:50


မန်စီးတီးနဲ့ ဝက်စ်ဟမ်း၊ ပဲလေ့စ်နဲ့ ချဲလ်ဆီးလ်တို့ လန်ဒန်ဒါဘီပွဲစဥ်တွေနဲ့ စနေည ပရီးမီးယားလိဂ်ပွဲစဥ်များ ပွဲကြိုသုံးသပ်ချက်

၄. ၁.၂၀၂၅
Wtitten by MMAK

မန်စီးတီး Vs ဝက်စ်ဟမ်း

ဘော်ဒီ​ကြေး နှစ်လုံးငါးဆယ်စား ပေးထားတဲ့ အိမ်ရှင်မန်စီးတီးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းကို သုံးဂိုးပြတ်အနိုင်ရအောင် ကစားနိုင်မလားဆိုတာ စဥ်းစားရမှာဖြစ်ပြီး ဂိုးပေါင်းကြေးက လေးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လက်စတာအသင်းနဲ့ပွဲစဥ်မှာဆိုရင် မန်စီးတီးအသင်းဟာ နှစ်ဂိုးပြတ်အနိုင်ရဖို့ အသည်းအသန်ကစားခဲ့ရတာမျိုး တွေ့ရသလို တစ်ဂိုးသွင်းပြီးထားချိန်မှာ နောက်တစ်ဂိုးထပ်ရဖို့ထက် ဂိုးပြန်မပေးရဖို့ ပိုမိုအာရုံစိုက်ကစားခဲ့တာမျိုးလည်း တွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းမှာတော့ တောင်ပံကစားသမားဘိုဝင်နဲ့ တိုက်စစ်မှူး အန်တိုနီယိုတို့မပါနိုင်တာကြောင့် ဂိုးရဖို့ခက်ခဲနိုင်ပြီး ဂိုးရခဲ့ရင်လည်း တစ်ဂိုးထပ် ပိုရဖို့မလွယ်ပါဘူး။ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက မှန်ကန်တဲ့ပေါက်ကြေးအနေအထား ဖြစ်ပေမဲ့ စုံပေါ်အောင်ဖို့တော့ မဖြစ်နိုင်ဘဲ အောက်ကြေးတစ်ခုခု အနိုင်ရသွားနိုင်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်း ဂိုးရဖို့ခက်ခဲနိုင်တယ်လို့ ယူဆထားသလို မန်စီးတီးအသင်းကလည်း အနိုင်ရလဒ်ကို အသာအယာထိန်းကစားသွားနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs ချဲလ်ဆီး

နောက်ဆုံးသုံးပွဲမှာ တစ်ပွဲသရေကျကာ နှစ်ပွဲဆက်တိုက်ရှုံးထားတဲ့ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကို လန်ဒန်ဒါဘီပြိုင်ဘက် ပဲလေ့စ်အသင်းက ထပ်မံစမ်းသပ်ဦးမဲ့ ပွဲစဥ်တစ်ပွဲဖြစ်ပါတယ်။ ရှုံးပွဲဆက်နေတဲ့ ချဲလ်ဆီးအသင်းက အနိုင်ရလဒ်အတွက် ဦးတည်ကစားလာမှာ ဖြစ်သလို ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းကလည်း လျှော့တွက်လို့ မရပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပြီး ဒီပွဲစဥ်မှာ အိမ်ရှင်ပဲလေ့စ်အသင်း ဂိုးရသွားနိုင်တယ်လို့ ထင်ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်သလို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ပဲလေ့စ်အသင်းက ခံစစ်အားပြုကစားလာမှာမဟုတ်ဘဲ ချဲလ်ဆီးအသင်းကို ယှဥ်ကစား....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87136

#မန်ယူ #အာဆင်နယ် #မန်စီးတီး #စပါး #ဗီလာ #MTsport #mtsports #MTEntertainment

MT News _ Myanmar Transparency

02 Jan, 14:52


MNDAA/ TNLA/ KIA နှင့် PDF ထိန်းချုပ်နယ်မြေများထံ စက်သုံးဆီများ တရားမဝင် သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူ ၁၇ ဦးကို ဖော်ထုတ်ဖမ်းဆီး

၂. ၁. ၂၀၂၅
Written by Thettant

စက်သုံးဆီများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်းသတင်း ရရှိသဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ရာ မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ၊ ၂၆ နှစ်၊ (ဘ) ဦးဇော်မျိုး ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးကျော်ဝင်း ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ် မြို့နေမျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့် ထားသည့် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာ ၅ နေရာမှ တရားခံ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

စိစစ်ဖော်ထုတ်ချက်များအရ တရားမဝင်စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီများအား မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား (ရတနာပုံ)အားဖြတ်သန်း၍ စစ်ကိုင်း- ရှိန်းမကား- ကမ်းဖြူ- သစ်စိမ့်ကြီးသို့ စစ်ကိုင်း-ရွှေဘိုအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့လည်းကောင်း၊ PDF အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/PDF အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များသို့လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86921

#KIA #MNDAA #TNLA #PDF #စစ်ကိုင်း #ကချင် #တရုတ်ကိုးကန့် #စက်သုံးဆီ #MT #mtnews #MyanmarTransparency

MT News _ Myanmar Transparency

02 Jan, 14:41


၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းထွက်ရှိလာ

၂.၁.၂၀၂၅
Written By Thandar

၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင်ကြေညာခဲ့ပါတယ်။

"ကျွန်တော်တို့တွေက ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီအတွက် ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၄၉ ကား ပထမအကြိမ် ကြည့်ရှုပြီးခဲ့ပါပြီ။ ခုကတော့ ဒုတိယအကြိမ် ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားကို ဒီလထဲမှာ ထပ်မံကြည့်ရှူကြမှာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။

မကြာခင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းတွေကတော့ ဘိုးတော်ကင်း၊ ချစ်သူသည်သာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ ယောက်ျားကောင်းအတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86915

#၂၀၂၄မြန်မာ့ရုပ်ရှင်ထူးချွန်ဆု
#ချီးမြှင့်ရေး #အကယ်ဒမီထူးချွန်ဆုပေးပွဲ #MMPO #MyanmarAcademy
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#MTEntertainment

MT News _ Myanmar Transparency

02 Jan, 13:38


ထိတ်လန့်ခြောက်ခြားစရာ Horror ဇာတ်လမ်းပုံစံ"ရုက္ခခေါင်းလောင်း" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

၂.၁.၂၀၂၄
Written By Thandar

ထိတ်လန့်ခြောက်ခြားစရာ Horror ဇာတ်လမ်းပုံစံ "ရုက္ခခေါင်းလောင်း" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

"ဒီဇာတ်ကားကတော့ ဇာတ်လမ်းတွဲပေါ့။ Fortune ကနေပြမှာပါ။ အထက်လမ်းတို့ အောက်လမ်းတို့ပေါ့။ စုန်းကားလို Horror ပုံစံဇာတ်လမ်းပါ။ ဒီကားလက်ခံဖြစ်တာက ကလေးတွေက ကိုရန်ကျော်ကို လေးလေးစားစားနဲ့ ဒီဇာတ်လေးရိုက်ချင်ပါတယ်ဆိုပြီ ကမ်းလှမ်းတာကြောင့်ပါ။ ငွေကြေးတတ်နိုင်ကြတာလည်း မဟုတ်ဘူး။ သူတို့ ပိုက်ဆံလေးနဲ့ သူတို့ ရင်းနှီးရိုက်တဲ့အပေါ် ကိုယ်က စာနာစိတ်နဲ့ ပါဝင်....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86906

#ရန်ကျော် #YanKyaw #myanmarcele #myanmarseries #ရုက္ခခေါင်းလောင်း
#ကန်တော့ပွဲ #MTEntertainment

MT News _ Myanmar Transparency

02 Jan, 12:37


ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးယာဉ်ငယ်တစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

၂.၁. ၂၀၂၅
Written by Hey Mar

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးယာဉ်ငယ်တစ်စီး တိမ်းမှောက်ရာက အမျိုးသမီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နေ့လယ် သုံးနာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းသီးကုန်းမီးသတ်စခန်းကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂နာရီ ၄၅ မိနစ် အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးမှာ၊ ယာဉ်ငယ်(၁)စီး လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှတာဝန်ရှိသူက "ကားက ‌မန္တလေးကနေ နေပြည်တော်ကိုလာတာ။ ယာဉ်မောင်းအိပ်ငိုက်သွားတယ်လို့ ယူဆရပါတယ်။ သေဆုံးတဲ့အမျိုးသမီးက ဦးခေါင်း ဘယ်ညာ ပေါက်ပြဲသွေးထွက်၊ နားထဲကသွေးထွက် ခြေသလုံးအရိုးကျိုးပေါက်ထွက်ဒဏ်ရာတွေနဲ့ နေရာ‌မှာတင်သေဆုံးတာပါ။ ကျန်သူတွေက မစိုးရိမ်ရဒဏ်ရာ‌တွေပါ"လို့ MT News ကို ပြောပါတယ်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နေရာကို သီးကုန်း အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနဲ့မ(၁)ဦးတို့ကို ပြည်သာယာလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးခဲ့တဲ့အတွက် ယာဉ်မောင်းဖြစ်သူကိုလည်း သီးကုန်းအမြန်လမ်းရဲစခန်းက (ပ)နံပါတ် ၁/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၈ အရ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။

မနေ့က ဇန်နဝါရီ ၁ရက်နေ့ မနက်အစောပိုင်းကလည်း အမြန်လမ်း မိုင်တိုင် ၁၁၇/၁အနီးမှာ ယာဥ်မောင်းအိပ်ငိုက်ရာက ကျော်မိသားစု Express ဘုရားဖူးခရီးသည်တင်ယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86903

#အမြန်လမ်း #ယာဥ်တိမ်းမှောက် #ယာဥ်တိုက်မှု
#MT #MyanmarTransparency

MT News _ Myanmar Transparency

02 Jan, 11:48


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂. ၁. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်တဲ့ ကုန်တင်ရေယာဉ်၊ ကွန်တိန်နာရေယာဉ်တွေ ပိုမိုတည်ဆောက်ပြီး ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ဖို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

◾️ မန္တလေးမှ “ရွှေစင်အကယ်ဒမီရွှေဆိုင်”အား သေနတ်ပြခြိမ်းခြောက်ပြီး ကျပ်သိန်း ၃၀၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံကို လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၂ ဦးကို သက်သေခံရွှေထည်ပစ္စည်းတွေ၊ လက်နက်ခဲယမ်း‌တွေနဲ့အတူ ဖမ်းမိတဲ့သတင်း

◾️ မြန်မာလုပ်သားတွေ အများဆုံးသွားရောက်လုပ်ကိုင်ရာ ကိုရီယားနိုင်ငံရဲ့ အခြေခံ လုပ်ခလစာ အရင်နှစ်ကထက် တစ်နာရီကို ဝမ် ၁၇၀တိုးမြှင့်သွားပြီး တစ်ရက်လုပ်ခလစာ ဝမ် ၁၀၀၃၀ ဖြစ်လာတဲ့သတင်း

◾️ ဒေါ်လာ ၁၃ သန်းကျော် လက်ဝတ်ရတနာတွေ ခိုးယူဖောက်ထွင်းတဲ့တရားခံကို သတင်းပေးနိုင်ရင် ဒေါ်လာ ၆ သိန်းကျော်အပြင် သိမ်းဆည်းရမိပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းပါ ချီးမြှင့်မယ်လို လန်ဒန်ရဲတပ်ဖွဲကြေညာတဲ့သတင်း

◾️ သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ ဖြစ်ပွားတဲ့ လိမ်လည်မှုဖြစ်စဉ်တွေအတွက် သုံးစွဲသူတွေဆုံးရှုံးမှုမရှိစေရေး ပူးပေါင်းစိစစ်ဖော်ထုတ်ကာ အရေးယူရန် ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်တဲ့သတင်း

◾️ အမေရိကန်၊ နယူးအော်လင်းစ်မြို့မှာ နှစ်သစ်ကူးပွဲဆင်နွှဲနေတဲ့ လူအုပ်အတွင်း အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်သူက ကားနဲ့ဝင်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၁၅ ဦးသေဆုံး၊ ၃၀ ဦးဒဏ်ရာရတဲ့သတင်း

◾️ ဒေါ်လာဈေးနှုန်း ပြန်တည်ငြိမ်ခဲ့သဖြင့် ငါးလဆက်တိုက် ကျဆင်းခဲ့သော မြန်မာကုန်ထုတ်လုပ်မှု ဒီဇင်ဘာလတွင် တိုးတက်ခဲ့ပြီး ခြောက်လအတွင်း PMI အညွှန်းကိန်း ၅၀ အထက်သို့ ပထမဆုံး ပြန်‌ရောက်ရှိတဲ့သတင်းနဲ့

◾️ NUG အားနည်းချက်၊ အကျင့်စရိုက်ဆိုးကြောင့် ပြည်သူလူထုနစ်နာမှုများ နားလည်ပေးရမယ်လို့ ဒူဝါလရှီးလ ပြောတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT Newsသတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news

MT News _ Myanmar Transparency

02 Jan, 10:35


ဘီလျံနာအီလွန်မတ်ခ်ရဲ့ Cybertruck လည်း Trump ဟိုတယ်ရှေ့မှာ နှစ်သစ်ကူးမနက်က ဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရ

နှစ်သစ်ကူးရက်တွင် နာရီပိုင်းသာခြားပြီးဖြစ်ပွားခဲ့သော Cybertruck ဗုံးခွဲမှုနဲ့ လူ ၁၅ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ နယူးအော်လန်းဖြစ်စဥ် ဆက်စပ်မှုရှိမရှိ အာဏာပိုင်တွေ စစ်ဆေးနေ

၂. ၁. ၂၀၂၅
Translated by Thettant

ကမ္ဘာကျော်ဘီလျံနာလည်းဖြစ်ပြီး အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်နဲ့လည်း နိုင်ငံရေးအရ ကြီးမားတဲ့ဆက်နွှယ်မှုရှိတဲ့ Elon Musk ရဲ့ Tesla Cybertruck ဟာ နှစ်သစ်ကူးညမှာပဲ လာ့စ်ဗီးဂတ်စ်မှာရှိတဲ့ Trump Hotel ရှေ့ပေါက်ကွဲခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သလို အနည်းဆုံး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

အီလွန်မက်ခ်ရဲ့ Cybertruck ပေါက်ကွဲမှုဟာ အမေရိကန်၊ နယူးအော်လင်းမှာ နှစ်သစ်ကူးကြိုဆိုနေသူတွေကို အစ္စလာမ္မစ်အကြမ်းဖက် ISIS နဲ့ ဆက်နွှယ်သူက ကားနဲ့တိုက်သတ်လို့ အနည်းဆုံး ၁၅ ဦး သေပြီး ၃၀ ကျော် ဒဏ်ရာရတဲ့ဖြစ်စဥ်နဲ့ ဆက်နွှယ်နေဖွယ်ရှိတာကို စုံစမ်းစစ်ဆေးနေပြီး ဒီဖြစ်စဥ်နှစ်ခုစလုံးက ယာဥ်နှစ်စီးစလုံး Turo ကားအငှားကုမ္ပဏီက ငှားရမ်းခဲ့တဲ့ယာဥ်တွေပါ။

၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ခုနှစ် ကူးပြောင်း ရောက်ရှိလာခြင်းကို ဆက်လက်ဆင်နွှဲနေချိန် ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခန့်မှာ နှစ်သစ်ကူးပွဲဆင်နွှဲနေတဲ့ လူစုလူဝေးကို ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ယာဥ်အတားအဆီးတွေကို EV Ford Pickup Truck ကားမောင်းနှင်သူ အမျိုးသားတစ်ဦးက တိုက်ဖျက်ပြီး လူအုပ်ကို ဝင်တိုက်တာကြောင့် အနည်းဆုံး လူ ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86897

#Trump #Elonmusk #cybertruck #ISIS #islamicphobia #MyanmarTransparency

MT News _ Myanmar Transparency

28 Dec, 15:41


တပ်မတော်အတွင်း ဝင်ရောက်လာသူအားလုံးကို စစ်ပညာအခြေခံမှစ၍ စနစ်တကျ သင်ကြားလေ့ကျင့်ပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌ ပြောကြား

၂၈. ၁၂. ၂၀၂၄
Written by Nyein Kyaw

စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ တပ်မတော်အတွင်း ဝင်ရောက်လာသူများအား စစ်ပညာများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းသားများအား ယနေ့ သွားရောက်တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ၊ တပ်မတော်တွင်းသို့ ဝင်ရောက်လာကြသူများအား တပ်မတော်၌ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့်စစ်ပညာရပ်များကို အခြေခံမှစ....

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86324

#sac #တပ်မတော် #စစ်ပညာ #MT #mtnews

MT News _ Myanmar Transparency

28 Dec, 14:51


“ညှို့” ဇာတ်လမ်းတွဲ မှာ ခဲပန်းချီဆရာမလေးမေမြတ်ကို ကာရိုက်တာက အရမ်းစိတ်ဝင်စားစရာကောင်းတာမို့ လက်ခံရိုက်ကူးဖြစ်တာပါဆိုတဲ့ ခင်သဇင်

၁၄.၁၁.၂၀၂၄
Written By Thandar

Mahar Original Series က တင်ဆက်ပြသမယ့် ရိုမန့် အိမ်ထောင်ရေးဇာတ်လမ်းပုံစံ “ညှို့” ဇာတ်လမ်းတွဲမှာ ခဲပန်းချီဆရာမလေးမေမြတ်ကို ကာရိုက်တာက အရမ်းစိတ်ဝင်စားစရာကောင်းတာမို့ လက်ခံရိုက်ကူးဖြစ်တာပါလို့ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။

“သဇင်ကတော့ ညှို့ ဇာတ်လမ်းတွဲမှာ မေမြတ်ကိုဆိုတဲ့ ခဲပန်းချီဆရာမတစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မေမြတ်ကိုရဲ့ကာရိုက်တာကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သဇင်နဲ့ အပြင်မှာ လုံးဝမတူတဲ့ ကာရိုက်တာမျိုးပေါ့။ ခဲပန်းချီဆရာမ နေရာမှာလည်း တစ်ခါမှ သရုပ်ဆောင်မဆောင်ဖူးဘူး။ ဒီမေမြတ်ကို ကာရိုက်တာကို စိတ်ဝင်စားပြီးတော့ လက်ခံ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86317

#ခင်သဇင် #khinthazin #ကျော်ထက်အောင် #kyawhtetaung #ထွန်းကိုကို #htunkoko
#ဗညားဘုန်းပြည့် #banyarbhonepyae
#မင်းအာကာ #minarkar #ဇင်ဇင်ဇော်မြင့် #zinzinzawmyint #MaharApplication
#ညှို့ဇာတ်လမ်းတွဲ #MaharApplication
#မဟာ #MTEntertainment

MT News _ Myanmar Transparency

28 Dec, 14:07


ဆီဘောက်ဆာထဲကဆီကို သံပီပါထဲ လှယ်ထည့်စဉ်မီးလောင်မှုဖြစ်ပွား

၂၈ .၁၂.၂၀၂၄
Written by Hey Mar

ဆီဘောက်ဆာထဲက ဆီကို သံပီပါထဲ လှယ်ထည့်ရာက ဆီနော်ဇယ်ပိုက်ခေါင်းနဲ့ ပီပါတွေ ပွတ်တိုက်မှုဖြစ်ပွားကာ မီးလောင်ကျွမ်းမှု ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ သုံးနာရီကျော်က ရှမ်းပြည်နယ်၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ် ။

ဖြစ်စဉ်က ဒီနေ့ ညနေ ၃နာရီ မိနစ် ၂၀ ခန့်အချိန်က ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ကန်ပန်ရပ်ကွက်၊ မြို့ဦးဘုန်းကြီးကျောင်းရှေ့ ဘောလုံးကွင်းအတွင်းမှာ Hino(၁၂)ဘီး အမျိုးအစား(အဖြူရောင်)ဆီဘောက်ဆာယာဉ်ပေါ်ရှိ ဓာတ်ဆီ‌တွေကို Nissan(၁၂)ဘီး (ဖြူ/စိမ်း) ယာဉ်ပေါ်ရှိ သံ‌ပီပါများအတွင်း၊ ဆီဖြည့်စဉ် ဆီနော်ဇယ်ပိုက်ခေါင်းနဲ့ ပီပါ‌တွေပွတ်တိုက်မိပြီး မီးပွား‌တွေကတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ် ။

မီးလောင်ကျွမ်းမှုကို ကျေးသီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်‌တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်‌တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း‌တွေက ပူးပေါင်းကာ သွားရောက်ငြှိမ်းသတ်ခဲ့ကြပြီး တစ်နာရီနီးပါးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86313

#ဆီဘောက်ဆာ #မီးလောင် #ကျေးသီး #MT #mtnews

MT News _ Myanmar Transparency

28 Dec, 13:43


အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ကားလုယက်တဲ့ PDF ၆ ဦးကို မုံရွာ - ပလဖ ဖမ်းမိ

၂၈.၁၂. ၂၀၂၄
Written by Nay Moe

မုံရွာမြို့က ဒေသခံစီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို ဓားပြတိုက်၊ သတ်ဖြတ်ခဲ့တဲ့ PDF ၆ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖက ပုံနဲ့တကွ ထပ်မံ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီအချိန်ခန့်မှာ မုံရွာမြို့နယ်၊ သလ္လာ အမှတ်(၄)ရပ်ကွက် မိုဃ်းကောင်းလမ်းအတွင်း ဖြစ်ပွားခဲ့တဲ့ လုပ်ငန်းရှင် အမျိုးသမီး မမိုးမိုးစံကို ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်ဖြစ်စဉ်မှာကျူးလွန်ခဲ့တဲ့ တရားခံတွေက ပစ်ခတ်မှုကျူးလွန်သူ - မင်းသန့် -အသက် ၁၈ နှစ်၊ (အဖအမည်-ဦးတိုင်းချစ်) ၊ အောင်‌လေး (ခ)ငသဲ- အသက် ၁၉ နှစ်၊(အဖအမည်- ဦးအောင်ကျော်မိုး) ငခန့် - အသက် ၂၂ နှစ်(အဖအမည်-ဦးပြုံးချို) အောင်ချမ်းဇင် -အသက် ၁၇ နှစ်၊(အဖအမည်-ဦးစိုးသိန်း) ဖြူဖြူငြိမ်း -အသက် ၂၀ နှစ်၊ (အဖအမည်-ဦးမြင့်ဦး)၊ လဲ့လဲ့မွန် -အသက် ၂၀ နှစ်၊(အဖအမည်-ဦးထွန်းလွင်) တို့ဖြစ်တယ် ပြောပါတယ်။

ဒီဖြစ်စဥ်မှာ ကျူးလွန်သူတွေက PDF တွေဖြစ်တယ်လို့ မြို့ခံပြည်သူတွေက ပြောပေမဲ့ မုံရွာပလဖက ပြစ်မှုကျူးလွန်သူတွေကို PDF လို့ မထုတ်ပြန်ပေမဲ့ ပြန်ပေးဆွဲ၊ လူသတ်၊ ကားလုသူတွေက PDF တွေလို့ မှတ်ချက်ပေးမှုတွေကို မုံရွာပလဖက အကုန်ဖျက်ပစ်နေတာကို တွေ့ရပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86304

ပုံစာ။ PDF သတ်ဖြတ်ခံရသူမမိုးမိုးစံနဲ့ ကျူးလွန်သူ PDF ၆ ဦး ဖမ်းမိမှုမြင်ကွင်း။

#မုံရွာပလဖ #လူသတ် #ဓားပြတိုက် #ပြန်ပေးဆွဲ #လက်နက်ကိုင် #PDF #MT #mtnews

MT News _ Myanmar Transparency

28 Dec, 12:16


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၈. ၁၂. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားရှိပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဒေသနဲ့လူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

◾️ ဇန်နဝါရီ ၁ ရက်ကစပြီး ပို့ကုန်/သွင်းကုန်တွေအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းကို တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံမယ့်သတင်း

◾️ သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ပါက တစ်နှစ်စပါးဧက သန်း ၃၀ ကျော် စိုက်ပျိုးနိုင်မှာဖြစ်ပြီး ဆန်စပါးဖူလုံရေး တိုးတက်လာမှာဖြစ်တယ်လို့ စိုက်ပျိုးမွေးမြူရေးဖွံဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

◾️ ကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်နဲ့ မူးယစ်ဆေးတွေ ပဲခူးမြို့မှာ ဖမ်းမိတဲ့သတင်း

◾️ တပ်တွင်းစည်းလုံးမှုပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်နေလို့ တပ်မတော်သားတွေ စည်းလုံးညီညွတ်မှုရှိရေး အသက်တမျှအရေးကြီးကြောင်း SAC ဒုဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

◾️ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဦးဆောင်ကော်မတီရဲ့ သတ်မှတ်ချက်အထက် တန်ဖိုးမြင့် လျှပ်စစ်သုံး လူစီးယာဉ်တွေကို အကောက်ခွန် ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့် မပြုတော့ကြောင်း အသိပေးတဲ့သတင်း

◾️ ညောင်ဦးမြိုနယ်၊ ပုဂံ-ချောက် ကားလမ်းဘေး ရွာတစ်ရွာမှာ PDF တွေ ဓားပြဝင်တိုက်ကာ လူနှစ်ဦးကို သတ်ဖြတ်သွားတဲ့သတင်း

◾️ တပ်ဆင်မှုအစိတ်အပိုင်း တင်သွင်းနိုင်မှုအခြေအနေအရ Suzuki မှ Ertiga Hybrid ကားတွေကို အရေးအတွက်အနည်းငယ်သာ ထုတ်လုပ်နိုင်မယ့်သတင်းနဲ့

◾️ စစ်သုံပန်းတွေ လည်လှီးသတ်တဲ့ AA ရဲ့ စစ်ရာဇဝတ်မှုကို ရှုတ်ချကြောင်းနဲ့ လက်နက်ကိုင်သူပုန်တွေထဲ AA မှာ အယုတ်မာဆုံးအဖွဲ့ဖြစ်တယ်လို့ PMMU သဘောထားထုတ်ပြန်တဲ့ တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

MT News _ Myanmar Transparency

27 Dec, 13:21


"ပဉ္စလက်မိုး" ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၆ ရက်မှာ ရိုက်ကူးပြီးစီးပြီမို့ မကြာခင်ရုံတင်နိုင်ဖို့ ကြိုးစားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

၂၇.၁၂.၂၀၂၄
Written By Thandar

ဂီတလောကမှာ အသက်ကြီးငယ်မရွေး ပရိသတ်ချစ်ခင်အားပေးမှု ရရှိထားတဲ့ အကယ်ဒမီစိုင်းစိုင်းခမ်းလှိုင်က
နိုဝင်ဘာ ၂၇ ရက်မှာ စတင်ရိုက်ကူးခဲ့တဲ့ "ပဉ္စလက်မိုး" ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၆ ရက်မှာ ရိုက်ကူးပြီးစီးပြီမို့ မကြာခင်ရုံတင်နိုင်ဖို့ ကြိုးစားပါမယ်လို့ ဆိုပါတယ်။

"နိုဝင်ဘာ ၂၇ရက်မှာ စတင်ရိုက်ကူးခဲ့တဲ့ "ပဉ္စလက်မိုး" ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၆ ရက်မှာ ရိုက်ကူးပြီးစီးပါပြီ။ အလုံးစုံတော့ မဟုတ်သေးဘူး။ အတိုအထွာလေးတွေရိုက်ရပါဦးမယ်။" ကျွန်တော့်အတွက်တော့ တာဝန်နှစ်ခုယူခဲ့မိတဲ့အတွက် အပင်ပန်းဆုံး Project ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86222

#စိုင်းစိုင်းခမ်းလှိုင်
#ပိုးမမှီသာ #မေတိုးခိုင်
#SaiSaiKhamLeng
#MayToeKhine
#PoeMaheThar
#ပဉ္စလက်မိုးရုပ်ရှင်ဇာတ်ကားကြီး
#MTEntertainment

MT News _ Myanmar Transparency

27 Dec, 12:31


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၇. ၁၂. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ပြီး ရန်ကုန်တိုင်းအတွင်း မိုင်းထောင်ဖောက်ခွဲမှုတွေ ကျူးလွန်ထားတဲ့ Free Land Attack Force (FLA) အဖွဲ့ဝင်တွေကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့သတင်း

◾️ မွေးစားမိဘတွေ နှိပ်စက်မုဒိမ်းကျင့်လို့ ချူခြာဘဝပျက်ရတဲ့ ပဲခူးရိုးမ‌ တောင်ပေါ်ဒေသက အသက်ငါးနှစ်အရွယ် မီးငယ် ဒီနေ့မနက် ၆ နာရီကျော်က တောင်ငူဆေးရုံကြီးမှာ ကျောက်ကပ်ဝေဒနာနဲ့ ဆုံးပါးတဲ့သတင်း

◾️ အမျိုးသားတစ်ဦး တောင်ယာကအပြန် ဆိုင်ကယ်တိမ်းမှောက်ပြီး ခါးလောက်သာ ရေရှိတဲ့ ချောင်းထဲပြုတ်ကျသေဆုံးတဲ့သတင်း

◾️ကားလမ်းပိတ်နေတာကို ကားကြိုကားကြားကနေ ဆိုင်ကယ်ဖြတ်သန်း မောင်းနှင်ဖို့ ကြိုးစားရင်း တွဲကားနှစ်စီးကြားညပ်ကာ လူငယ်တစ်ဦး ကားကြိတ်ခံရလို့ သေဆုံးတဲ့သတင်း

◾️ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ ဖမ်းမိတဲ့သတင်း

◾️ အရက်မူးရင်း စကားများရာမှ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦးကို သူငယ်ချင်းနှစ်ဦးက လည်လှီးသတ်ဖြတ်မှု တောင်ဥက္ကလာပမှာဖြစ်ပွားတဲ့သတင်း

◾️ စမ်းချောင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်သတ်တဲ့ FLA အဖွဲ့မှ PDF တွေ စီးလာတဲ့ အငှားယာဉ်မှာ ပျောက်ဆုံးနေကြောင်း ကြေညာထားတဲ့ အငှားယာဉ်ဖြစ်နေပြီး ယာဉ်မောင်းမှာ သေလားရှင်လား မသိရ အခြေအနေဖြစ်နေတဲ့သတင်းနဲ့

◾️ မုံရွာမှာ အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲချိန်မလိုက်လို့ သတ်ဖြတ်ပြီး ကားလုယက်ပြေးတဲ့ PDF အဖွဲ့ကို မုံရွာပလဖ ဖမ်းမိတဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ’’ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews
#mtnews_entertainment
#myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

MT News _ Myanmar Transparency

27 Dec, 11:36


ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးရွာတစ်ရွာတွင် PDF များ ဓားပြဝင်တိုက်ကာ လူနှစ်ဦးကို သတ်ဖြတ်သွား

၂၇. ၁၂. ၂၀၂၄
Written By Zun

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးရွာတစ်ရွာတွင် PDF များ ဓားပြဝင် တိုက်ကာ လူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၈ နာရီခန့်က ပုဂံ- ချောက်ကားလမ်းဘေး ကြအိုကျွန်းကျေးရွာတွင် ဖွင့်လှစ် ထားသည့် “အောင်သိုက်ဦး တောင်သူလယ်ယာသုံး စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်”ကို အဆို ပါ PDF များက ဝင်ရောက်စီးနင်း၍ ဓားပြတိုက်ခဲ့သည်။

PDF အကြမ်းဖက်များက ယင်းအရောင်းဆိုင်သို့ ဝင်ရောက်ကာ ဆိုင်အတွင်းရှိ ပစ္စည်းအများအပြားကို ယူ ဆောင်၍ ဆိုင်ရှင် အသက် (၄၀)အရွယ် ကိုအောင်သိုက်ဦး (ခ) ကိုဇေယျာထွန်း (ခ) ကိုရာဇာနှင့် ယောက္ခမဖြစ်သူ ဦးနေလင်း တို့ကို သတ်ဖြတ်သွားကြောင်း သိရသည်။

“အဲဒီဒေသမှာက PDF တွေ အနေနဲ့ အများစုဟာ ဓားပြ ဖြစ်ကုန်ကြပါပြီ။ ဒီလို ဖြစ်စဉ်တွေက အမြဲတမ်းလိုလို ဖြစ် နေတာပါ။ လူသိလိုက်တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ လူမသိလိုက်တဲ့ ....

Website တွင် ဆက်လက် ဖ​တ်ရှုရန်

https://www.mtnewstoday.com/?p=86219

#ပုဂံ #ညောင်ဦး #ကြအို #မီးလောင်ဖျား #စက်သုံးဆီ #မေရီမြင့် #လုယက် #ဓားပြတိုက် #MT #mtnews

MT News _ Myanmar Transparency

27 Dec, 10:47


ကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်နှင့် မူးယစ်ဆေးများ ပဲခူးမြို့တွင် ဖမ်းမိ

၂၇.၁၂. ၂၀၂၄
Written by Thettant

ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် Toyota Dyna မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလျံ....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86216

#မူးယစ်ဆေး #စိတ်ကြွဆေး #happywater #ပဲခူး #MT #mtnews

MT News _ Myanmar Transparency

27 Dec, 10:23


နှစ်ပေါင်း လေးဆယ်ကျော်ကြာအောင် ပန်းထိုးအပ်ရောင်းရင်း ပန်းထိုးပညာ အခမဲ့ သင်ကြားပေးနေတဲ့ ဆရာလှိုင်

၂၇.၁၂.၂၀၂၄
ရိုက်ကူး/တည်းဖြတ်-သီရိ

ဖခင်ဆရာလှိုင် အမည်ကို အမှူးပြုပြီး ဆရာလှိုင့်ပန်းထိုးအပ်လုပ်နည်းပညာကို အမွေဆက်ခံရင်း ပန်းထိုးအပ်ပြုလုပ်ရောင်းချရာကနေ မိမိဝါသနာပါတဲ့ ပန်းချီပညာနဲ့ ပေါင်းစပ်ကာ ပုံတူပန်းထိုးပန်းချီ ‌ရေးထိုးပေးနေတဲ့ အဘ ဦးတင်ဦးက ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ စာပေလောကအနီးမှာ လမ်းဘေးဆိုင်လေး ဖွင့်လှစ်ရောင်းချနေတာ ၄၂ နှစ်ကျော် ရှိခဲ့ပါပြီ။

သူ့အသက် နှစ်ဆယ်အရွယ်ကတည်းက ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးမှုပြုကာ အိမ်စရိတ်ရှာဖွေလာခဲ့တာ အခု အသက် ၆၂ နှစ်တိုင်အောင်ပဲလို့ ဆိုပါတယ်။ လူမချမ်းသာပေမယ့်လည်း သူ့ဝါသနာမို့ စိတ်ချမ်းသာစွာ လုပ်ကိုင်နေတဲ့ အဘဦးတင်ဦးရဲ့ ပုံတူပန်းထိုးပညာအမွေနဲ့ ပန်းထိုးအပ်လုပ်နည်းပညာကိုတော့ သားသမီးတွေက ဝင်ငွေနည်းလုပ်ငန်းမို့ ဆက်ခံမယ့်သူမရှိဘူးလို့လည်း ဆိုပါတယ်။

ပန်းထိုးအပ် အကြီးအသေးနှစ်ချောင်းကို ကျပ်နှစ်ထောင်နဲ့ ပစ္စည်းအစုံကို ကျပ်ရှစ်ထောင်ကနေ တစ်သောင်းလေးထောင်ကြား ရောင်းချတဲ့ အဘဦးတင်ဦးရဲ့ ဆရာလှိုင် ပန်းထိုးအပ်ဝယ်ယူရင် ပန်းထိုးနည်းက အခမဲ့ ပညာဒါန အတတ်သင်ပေးနေပါတယ်။

YouTube တွင် ကြည့်ရှုရန်
https://youtu.be/CaaKM1xroc0

#ပန်းထိုးပညာ #အခမဲ့သင်ကြား #ဆရာလှိုင် #ဆရာလှိုင့်ပန်းထိုးအပ်လုပ်နည်း #MT #mtnews

MT News _ Myanmar Transparency

27 Dec, 10:22


နှစ်ပေါင်း လေးဆယ်ကျော်ကြာအောင် ပန်းထိုးအပ်ရောင်းရင်း ပန်းထိုးပညာ အခမဲ့ သင်ကြားပေးနေတဲ့ ဆရာလှိုင်

MT News _ Myanmar Transparency

27 Dec, 09:54


MACCS Online Payment System အား မြဝတီနှင့် တာချီလိတ်နယ်စပ်များတွင် ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုမည်

၂၇. ၁၂. ၂၀၂၄
Written by Nyein Kyaw

မြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် ကုန်ပစ္စည်းရှင်းထုတ်ယူသည့် လုပ်ငန်းများအတွက် အခွန်ပေးဆောင်ခြင်းကို လာမည့် ဇန်နဝါရီလ ၁ ရက်မှစတင်၍ MACCS Online Payment System ဖြင့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment Direct Payment ၊ Mobile banking၊ Internet Banking of Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank၊ KBZ Bank၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86213

#onlinepaymentsystem #မြ၀တီ #တာချီလိတ် #နယ်စပ်ဂိတ် #စတင်အသုံးပြု #MT #mtnews

MT News _ Myanmar Transparency

27 Dec, 09:33


နော်ဝေနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ရေကန်အတွင်း နစ်မြုပ်၍ လူသုံးဦးသေဆုံး

၂၇.၁၂.၂၀၂၄
Translated by Htwe Ko Tun

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ Lofoten ကျွန်းစုနဲ့ နော်ဝေနိုင်ငံပြည်မကြီးကို ခွဲခြားထားတဲ့ Raftsundet ရေလက်ကြားအနီးမှာ လမ်းပေါ်မှာချော်ပြီး လမ်းဘေးရှိကန်တစ်ကန်ထဲကို တစ်စိတ်တစ်ပိုင်းနစ်မြုပ်တဲ့အထိ ဖြစ်ခဲ့လို့ လူသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ကားမှောက်မှုမှာ လူ ၅၈ ဦးအထိ သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ကားပေါ်မှာ လိုက်ပါလာသူ အများစုက နိုင်ငံခြားသားတွေဖြစ်ကြပြီး တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ မလေးရှား၊ နယ်သာလန်၊ နော်ဝေ၊ စင်ကာပူနဲ့ တောင်ဆူဒန် နိုင်ငံသားတွေပါဝင်တယ်လို့လည်း သိရ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86210

#နော်ဝေ #ကမ္ဘာလှည့်ခရီးသွား #ဘတ်စ်ကားလမ်းချော် #MT #mtnews

MT News _ Myanmar Transparency

27 Dec, 09:13


နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် စသည့်အခွန်အရပ်ရပ်များ အပြည့်အဝကောက်ခံနိုင်ရန် လိုအပ်ကြောင်း စီမံဘဏ္ဍာဝန်ကြီး မှာကြား

၂၇. ၁၂. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် အစရှိသည့် အခွန်အရပ်ရပ်များ အပြည့်အဝကောက်ခံနိုင်ရန် လိုအပ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့တွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန၌ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားသည်။

အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများကို အဓိကရှာဖွေပေးရသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း အဓိကတာဝန်ယူ ဆောင်ရွက်ရသည့်ဌာနဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာ လိုက်နာကျင့်ကြံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86207

#အကောက်ခွန် #ကုန်သွယ်လုပ်ငန်းခွန် #အထူးကုန်စည်ခွန် #အပြည့်အ၀ကောက်ခံရန် #မှာကြား #MT #mtnews

MT News _ Myanmar Transparency

27 Dec, 08:53


အရက်သောက်ရင်း စကားများရာမှ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦးကို သူငယ်ချင်းနှစ်ဦးက လည်လှီးသတ်ဖြတ်မှု တောင်ဥက္ကလာပတွင်ဖြစ်ပွား

၂၇.၁၂.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦးကို သူ၏သူငယ်ချင်းနှစ်ဦးက လည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အသတ်ခံရသူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ သံသုမာလမ်းနှင့် မြင်သာ(၃)လမ်းထောင့်ရှိ ဆောက်လက်စ ကားအလှဆင်စက်ရုံတွင် လုံခြုံရေးတာဝန်ချထားသည့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှဝန်ထမ်းဖြစ်သူ ကိုရန်နောင်ဦးဆိုသူဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီခန့်က ကိုရန်နောင်ဦး၏ သူငယ်ချင်းများဖြစ်သော စောထီဒိုဝါး(ခ)ကရင်နှင့် ဆလိုင်းအောင်ဆွေ(ခ)ဆလိုင်းတို့ရောက်လာကာ အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကိုရန်နိုင်ဦးက အရက်မူး၍ အိပ်ပျော်သွားစဉ် ၎င်း၏ သူငယ်ချင်းများဖြစ်သော ကရင်က ကိုရန်နိုင်ဦးကို ကိုင်ချုပ်ပေးထားကာ ဆလိုင်းကဓားမဖြင့် လည်ပင်းကိုလှီးဖြတ်ထွက်ပြေး...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86200

#အရက်သောက် #စကားများ #လည်လှီးသတ်ဖြတ် #MT #mtnews

MT News _ Myanmar Transparency

27 Dec, 08:17


မုံရွာမှာ အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲချိန်မလိုက်လို့ သတ်ဖြတ်ပြီး ကားလုယက်ပြေးတဲ့ PDF အဖွဲ့ကို မုံရွာပလဖ ဖမ်းမိ

◾️ PDF များ ကျူးလွန်သည်ဟု မုံရွာပလဖပို့စ်အောက် မန့်သူများကို Comment ဖျက်ပြီး Block လုပ်နေ

၂၇. ၁၂. ၂၀၂၄
Written by Nay Moe

PDF များပါဝင်သော လူသတ်လုယက်မှုများ မကြာခဏဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့နံနက်ပိုင်းအချိန်က လူသတ်ပြီး ကားတစ်စီးလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်မှ တရားခံများကို ဖမ်းမိခဲ့ပြီဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည််။

သတ်ဖြတ်မှုဖြစ်စဥ်မှာ မုံရွာမြို့၊ မိုးကောင်းလမ်းရှိ အဟောင်းပစ္စည်းရောင်းဝယ်သည့်ဆိုင်ရှင်အမျိုးသမီး ဒေါ်မိုးမိုးစံကို အမျိုးသမီးများပါဝင်သော PDF အဖွဲ့ဟု ယူဆရသည့်လက်နက်ကိုင်များက ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ပြန်ပေးဆွဲမှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86193

#မုံရွာပလဖ #လူသတ် #ဓားပြတိုက် #ပြန်ပေးဆွဲ #လက်နက်ကိုင် #PDF #MT #mtnews

ပုံစာ။ PDF များ၏ ပြန်ပေးဆွဲသတ်ဖြတ်မှုခံရသော ဒေါ်မိုးမိုးစံနှင့် မုံရွာပလဖ ထုတ်ပြန်ချက်ပုံရိပ်အချို့(Photo - Credit)

MT News _ Myanmar Transparency

02 Dec, 04:16


ဟန်နရီစံက အနေအေးလို့ ကျောက်ရုပ်လိုဖြစ်နေတယ်ဆိုတဲ့ မေမီကိုကို

၂.၁၂.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

"သူက ဘာမှ တုံ့ပြန်မှုသိပ်မရှိဘူးနော်။ နည်းနည်း ဘယ်လိုပြောမလဲ။ Respond တွေ သိပ်မလာတဲ့အခါကြတော့ အဲ့ဒါ မသင်ချင်လည်း မသင်တော့နဲ့။ နားမထောင်ချင်လည်း နေလိုက်တော့ အဲ့လိုမျိုးပေါ့။ ပြန်ပြောဖြစ်တာတွေလည်းရှိတာပေါ့။ ဒါပေမယ့် သူ နားထောင်တယ်... ။ နားထောင်တယ်လို့ပဲ ပြောရမှာပေါ့နော်... ။ နားထောင်ပါတယ်။ ကျောက်ရုပ်ပေါ့နော်..။ ဟို နည်းနည်း အင်းမလုပ် အဲမလုပ် သူ့ကိုပြောတယ်။ ဒီအနုပညာအလုပ်ကကြတော့ လူမှုရေး ကိုယ်လည်းမတတ်ပါဘူး။ ကိုယ်လည်းကျွမ်းတဲ့အထဲမှာတော့ မပါဘူး။ သူလောက်တော့ မဆိုးဘူးပေါ့။ သူက လုံးဝကို ဒီဘယ်လိုပြောမလဲ။ လူမှုဆက်ဆံရေးမှာ နည်းနည်းလိုအပ်တာတွေတော့ များတာပေါ့။ အနေအေးလို့ပါ" ဟင်နရီစံ၊ မေမီကိုကို

YouTube တွင် ကြည့်ရှုရန်
https://youtu.be/WDhgxkO1Vl4

#ဟင်နရီစံ #မေမီကိုကို
#HenrySan #MayMiKoKo
#DramaQueens #ဒရာမာဘုရင်မ
#ရွှေနဒီရွှေရည်ထုတ်လုပ်ရေး

MT News _ Myanmar Transparency

02 Dec, 03:21


အကျဉ်းထောင်ကာလတွေထဲမှာ အဆင့်မြင့်ပညာတွေပါ သင်ခွင့်ရရင် လူငယ်‌တွေရဲ့အချိန်တွေ အလဟဿမဖြစ်တော့ဘူးလို့ ၈၈ကျောင်းသားဟောင်း ဦးကိုကိုကြီး ဆို

၂ .၁၂.၂၀၂၄
ရိုက်ကူး /တည်းဖြတ်- ဟေမာ

ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားတဲ့ လူငယ်အတော်များများဟာ နိုင်ငံရေးကြောင့်သာ ဘဝတွေပြောင်းသွားကြတာဖြစ်ပြီး၊ လူငယ်အားလုံးက ပညာရေးကို ဆုံးခန်းတိုင်အောင်ကြိုးစားသင်ယူချင်ကြတဲ့ လူငယ်တွေချည်းပဲလို့ ၈၈ ကျောင်းသားဟောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီဇင်ဘာ တစ်ရက်နေ့က သူ့ရဲ့ စတုတ္ထ‌မြောက် ဘွဲ့လွန် ဥပဒေ ဒီပလိုမာဘွဲ့ ယူစဉ်မှာ သုံးသပ်ပြောကြားတာပါ။ သူတို့ မျိုးဆက်တုန်းကလည်း လက်နက်ကိုင်ပြီး တိုက်မှရမယ်လို့ ယုံကြည်လုပ်ဆောင်ခဲ့ကြတာတွေလည်းရှိခဲ့ပြီး အခုအခါ သမိုင်းတစ်ကျော့ပြန်လည်တဲ့အချိန်မှာလည်း ဒီလိုထပ်မံပေါ်ထွက်လာတဲ့ လူငယ်တွေရဲ့ ယုံကြည်ချက် သူ့အနေနဲ့ ကိုယ်တိုင်က မလုပ်တော့ပေမယ့် နားလည်ရှိမှုကြောင်းနဲ့ အဲ့ဒီလူငယ်တွေ နိုင်ငံရေးနည်းလမ်းဆိုတာ ယုံကြည်လာ‌အောင် ကြိုးပမ်းဖို့ကိုလည်း MT News ကတစ်ဆင့်တိုက်တွန်းလာပါတယ်။

YouTube တွင် ကြည့်ရှုရန်
https://youtu.be/JK8bZM7THiA

MT News _ Myanmar Transparency

01 Dec, 17:26


မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို သိန်း ၁၅၀၀၀ ကျော်ဖိုး ဓားပြတိုက်မှုမှာ ပါဝင်တဲ့ PDF သုံးဦးကို ထပ်မံဖမ်းမိ၊ တရားခံများ ဆက်တိုက်ဖမ်းမိနေသော်လည်း လုယက်ခံရွှေများကို မုံရွာပလဖ ပြန်မပေးသေး

၁. ၁၂. ၂၀၂၄
Written by Nay Moe

မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို ကျပ် သိန်း ၁၅၀၀၀ ကျော်ဖိုး ဓားပြတိုက်မှုမှာ ပါဝင်တဲ့ PDF သုံးဦးကို ထပ်မံဖမ်းမိထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်မှာရှိတဲ့ နဝရတ် စိန်၊ ပလက်တီနမ်ရတနာဆိုင်ကို စျေးဝယ်ဟန်ဆောင်ပြီး ရောက်လာတဲ့ PDF ငါးဦးက ဓားပြတိုက်ကာ ဆိုင်ရှိ စိန်ရွှေရတနာပစ္စည်းတွေ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုးလုံးကို အကုန် လုယက်သွားကြတာပါ။

CCTV မှတ်တမ်းမှာ မျက်နှာဖုံးအုပ်ထားပြီး သေနတ်ကိုင်ထားတဲ့ PDF အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး ဆိုင်ထဲကို ဈေးဝယ်သလိုဟန်ပြဝင်လာအပြီးမှာ သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပြီး ဒီဓားပြမှုမှာ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ်နဲ့ အတွင်း ပစ္စည်းအကုန် လုယက်သွားတယ်လို့ သိရပါတယ်။

ဒီဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး မုံရွာပလဖအဖွဲ့က အောက်တို ဘာ ၁၅ ရက်မှာ နဝရတ်ရွှေဆိုင်ဓားပြမှုက တရားခံ PDF သုံးဦးဖြစ်တဲ့ ဗလ(ခေါ်) သန်းကျော်အေး အသက် (၂၉)နှစ်၊ ဇီးကွက်(ခေါ်) ကျော်ထက် အသက် (၂၄)နှစ်၊ ရှမ်းလေး(ခေါ်)ရန်မျိုးနိုင် အသက်(၃၇)နှစ် တို့ကို ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှာတော့ တရားခံ PDF အမျိုးသမီးတစ်ဦးဖြစ်တဲ့ မေလရောင်(ခေါ်)အမွှေစိန် အသက်(၂၂)၊ အဘအမည်-ဦးခိုင်လင်းက မုံရွာပလဖထံ လာရောက်အဖမ်းခံခဲ့တာပါ။

အဲဒီနောက် နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုဖြစ်စဉ်မှာ ပါဝင်ပြီးကျန်ရှိနေတဲ့ တရားခံများဖြစ်တဲ့ စိုးသူ (ခ) အရှည်ကြီး၊အသက်(၂၄)နှစ်၊၅/ယမပ(နိုင်)၁၅၆၁၅၄၊(ဘ)ဦးစန်းဝင်း ၊ဟိန်းကိုကို(ခ) မိုးညို၊ အသက်(၂၀)နှစ်၊ မပတ မရှိ၊(ဘ) ဦးညို၊ အောင်နိုင်ထွန်း(ခ)တောသား(ခ)အငယ်လေး၊အသက် (၂၅)၊၅/မရန(နိုင်)၃၆၁၆၅၁၊(ဘ) ဦးစန်းလွင်ဦး
တို့ကို ထပ်မံ ဖမ်းဆီးရရှိခဲ့တာပါ။

ဒါပေမဲ့ တရားခံတွေကျန်နေသေးပြီး မုံရွာမြို့နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုရဲ့ ဖမ်းဆီးရန်ကျန်ရှိ တရားခံပြေး(၂)ဦးဖြစ်တဲ့ ကတုံးနဲ့ ခိုင်ခိုင်လွင်ကို ဖမ်းမမိသေးတာကြောင့် ဒီတရားခံနှစ်ဦးအနေနဲ့ မုံရွာမြို့နယ်ပလဖအဖွဲ့ ထံ ဆက်သွယ်ကာ လာရောက်အဖမ်းခံဖို့၊ အဖမ်းအဆီး မခံရင် ထွက်ပြေးတိမ်းရှောင်ရာ ဒေသအလိုက် ပစ်မိန့်ပေးမယ်လို့ အသိပေးထားသလို တရားခံတစ်ဦးချင်းထွက်ဆိုချက်တွေကိုလည်း ရုပ်သံနဲ့ ဖော်ပြမယ် ​ပြောပါတယ်။


နဝရတ်ရွှေဆိုင်က စိန်ရွှေရတနာ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုးကို လုယက်မှုကျုးလွန်တာက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF တွေဖြစ်ပြီး ဖော်ထုတ်ဖမ်းဆီးတာက NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က PDF တွေပါ။ မုံရွာပလဖဟာ တရားခံ ၇ ဦးကို ဖမ်းမိထားတာ နှစ်လနီးပါးဖြစ်လာပေမဲ့ PDF တွေ ဓားပြတိုက်လုယက်သွားတဲ့ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် အတွင်းပစ္စည်းအကုန် လုယက်မှုကို နဝရတ်ရွှေဆိုင်ထံ ပြန်မပေးသေးသလို တရားခံတွေနဲ့ပတ်သက်ပြီး တပ်ရင်း၊ တပ်ဖွဲ့အမည်ဆက်လက်မထုတ်ပြန်ရုံတင်မက ဓားပြတွေက PDF တွေလို့ မှတ်ချက်ပေးတာတွေကိုလည်း ဖျက်ပစ်နေတာ တွေ့ရပါတယ်။

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=83357

ပုံစာ။ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်သည့် PDF ၇ ဦးကို မုံရွာပလဖ ဖမ်းဆီးထားမှုမြင်ကွင်း။

#န၀ရတ်ရွှေဆိုင် #လုယက်မှုဖြစ်ပွား #ဓားပြတိုက် #MT #mtnews

MT News _ Myanmar Transparency

01 Dec, 16:53


တောင်ဒဂုံတွင် အလောင်းပြန်ဖော်စစ်ဆေးခဲ့ရသည့် အများစိတ်ဝင်စားခဲ့သော အသက် (၁၇) နှစ်အရွယ် ဒသမတန်းကျောင်းသူသတ်ဖြတ်ခံရသည့်ဖြစ်စဉ်မှ မွေးစားမိဘအပါအဝင် အဖမ်းခံရသူ ၃ ဦး အနက် နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ကာ တစ်ဦးကို တရားရှင် လွှတ်

၃၀.၁၁.၂၀၂၄
Written By Zun

တောင်ဒဂုံတွင် ဖြစ်ပွားခဲ့သော အလောင်းပြန်ဖော်စစ်ဆေးခဲ့ရသည့် အများစိတ်ဝင်စားရာလူသတ်မှုဖြစ်စဥ်မှ အသက် (၁၇) နှစ်အရွယ် ဒသမတန်းကျောင်းသူမထက်ထက်လှိုင်သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် မွေးစားမိဘနှစ်ပါးအပါအဝင် အဖမ်းခံရသူ ၃ ဦး အနက် နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ကာ တစ်ဦးကို တရားရှင် လွှတ်ပေးခဲ့ကြောင်း သေဆုံးခဲ့သူ၏ မိသားစုဝင်များက MT News ကို အတည်ပြုပြောဆိုသည်။

အဆိုပါ မထက်ထက်လှိုင်သေဆုံးမှုတွင် မထက်ထက်လှိုင် ၏ မွေးစားဖခင်လည်းဖြစ်၊ ဘကြီးအရင်းလည်းဖြစ်သော ဦးဇော်အောင် (ခ) ‌ပေါ်စူးနှင့် ဇနီးဖြစ်သူ ဒေါ်မချို (ခ)စောင်းသလား၊ ယင်းတို့ နှစ်ဦး၏ မွေးစားသား စည်သူအောင်(ခ) ပတ်ရဆန်းတို့ကို အခင်းဖြစ်ပြီး ၅ ရက်ခန့်အကြာတွင် သက်ဆိုင်ရာက အမြန်လမ်း၌ ဖမ်းဆီးမိကြောင်း ဇွန်လ ၉ ရက်က MT News တွင် ဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။

“အခုက အင်းစိန် အကျဉ်းထောင်စစ်ခုံရုံးက ဦးဇော်အောင် (ခ) ‌ပေါ်စူးနဲ့ ဇနီးဖြစ်သူ ဒေါ်မချို (ခ)စောင်းသလားတို့ နှစ်ယောက်ကို နိုဝင်ဘာလ ၂၈ ရက်မှာ ထောင် အနှစ် ၂၀ စီချလိုက်တာ။ သူတို့ရဲ့ မွေးစားသားကတော့ တရားရှင်လွတ်သွားတယ်။ လူသတ်မှုဆိုတာကို စစ်ဆေးပေါ်ပေါက်လို့၊ ဒါမှမဟုတ် ကိုယ်တိုင်ဝန်ခံလို့ .....

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=83338

#တောင်ဒဂုံ #မထက်ထက်လှိုင် #ဟိန္ဒူ #ဆယ်တန်း #Grade12 #ကျောင်းသူ #သတ်ဖြတ် #MT

MT News _ Myanmar Transparency

01 Dec, 16:29


တာချီလိတ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး နေအိမ်များအတွင်း ဝင်ရောက်ကာ ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ တရားခံ ၈ ဦးအား ဖမ်းမိ

၁. ၁၂. ၂၀၂၄
Written by Nyein Kyaw

ထိုသို့ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေ ၂၈ နှစ်နှင့် သီဟ ၄၄ နှစ်၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦး ၃၀ နှစ်နှင့် မျိုးဦး(ခ)ဝေယံ ၃၁ နှစ်၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင်(ခ)အရှည်ကြီး ၂၇ နှစ်နှင့် ဝင်းသက်အောင်(ခ)ဝင်းမင်းသန့် ၃၄ နှစ်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလား ၂၅ နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက် ၂၈ နှစ်တို့ ၈ ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို (Air Gun) ၁ လက်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကျားယူနီဖောင်းများ ဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) ၁ လက်၊ ပစ္စတိုသေနတ်(AirGun) ၁ လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အငှားနေအိမ် လိုင်းခန်းတစ်ခုမှ ဖုန်းမျိုးစုံ ၂ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်အား လည်းကောင်း ခြောက်လှန့်တောင်းယူခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလအတွင်း တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ၆ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ ဖုန်းမျိုးစုံ ၇ လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဖုန်းမျိုးစုံ ၅ လုံးနှင့် ထိုင်းဘတ်ငွေ ၇,၀၀၀ ခန့်အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ၄ လုံးနှင့် ထိုင်းဘတ်ငွေ ၁၂,၀၀၀ ခန့်အား လည်းကောင်း နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ခြောက်လှန့် တောင်းယူခဲ့ပြီး နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃,၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=83352

#ဧည့်စာရင်း #တာချီလိတ် #ဖုန်း #ငွေ #လုယက် #MT #mtnews

MT News _ Myanmar Transparency

01 Dec, 15:37


၇၅ ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားသို့ SAC ဥက္ကဋ္ဌ တက်ရောက်ကာ ဆုများချီးမြှင့်

၁. ၁၂. ၂၀၂၄
Written by Nyein Kyaw

၇၅ ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၁ တွင် ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာလုံး စာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန် ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြု....

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=83343

#sac #အမျိုးသားစာပေဆု #စာပေဗိမာန် #MT #mtnews

MT News _ Myanmar Transparency

27 Nov, 13:31


အရာရာ ပံ့ပိုးပေးတဲ့ အစ်ကိုနှစ်ယောက်ရှိတာမို့ သီရိဘဝမှာ ငါမလုပ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ ခံစားချက်မျိုးရ စေတယ် ဆိုတဲ့ သီရိစိုး

၂၇.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် -သန္တာ၊ အနိုင်

“ကိုကြီးကကြတော့လေ သူခေါ်ကတည်းက အသက်က ၈ နှစ်လောက်ကွာတော့ သမီးလို့ပဲခေါ်တာ။ ငယ်ငယ်ထဲကလေ သမီးလို့ပဲ ခေါ်တာ။ ကိုလတ်ကတော့ အိမ်နာမည် မိငယ်လို့ပဲ ခေါ်တာပေါ့။ အဲလို ကိုကြီးကကြတော့ အဖေတစ်ယောက်လို့ ကြည့်ရှုစောင့်ရှောက်ပြီးတော့ အလို လိုက်တယ်။ အကိုလတ်ကကြတော့ လူငယ်ပေါ့။ ကိုယ်နဲ့က ၅ နှစ်လောက်ပဲကွာတော့ လူငယ်နည်းနည်းဆန်တော့ ပိုပြီးတော့မှ ရင်းရင်းနှီးနှီး တချို့ဟာတွေ အသည်းကွဲလာတယ်ဆိုရင်လည်း ငိုလို့ရတဲ့ အကိုပေါ့။ အကိုကြီးကတော့ အဲချိန်မှာ အသည်းကွဲလာလို့ ငိုရင် ပြေးထိုးမယ့် လူစားမျိုး။ သူ့ကိုတော့ သွားပြောလို့မရဘူး။ အဲလိုမျိုးတော့ ရှိတာပေါ့။ လောကကြီးထဲမှာ ကြောက်စရာကိစ္စတွေ သိပ်မရှိဘူး။ တစ်ယောက်ထဲရှိရင်တောင်မှ Confidence ရှိကြတဲ့အချိန် သီရိက နှစ်ယောက်။ နောက် Confidence ရှိရတဲ့ ပုံချင်းလည်း မတူတဲ့အခါမှာ သီရိအတွက်ကတော့ ဘယ်လိုပြောမလဲ။ သီရိဘာလုပ်လုပ် ပံ့ပိုး ပေးတာမို့ သီရိဘဝမှာ ငါမလုပ်နိုင်တာဘာမှမရှိဘူး ခံစားချက်မျိုးရစေတယ်ပေါ့ ”သီရိစိုး

#သီရိစိုး #ThiriSoe #ဖြိုးငွေစိုး #ရဲငွေစိုး #MyanmarActress #PhyoNgweSoe #YeNgweSoe #MyanmarCele #အကို #MTEntertainment

MT News _ Myanmar Transparency

27 Nov, 13:06


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၇. ၁၁. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ “၀” နှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေသဖြင့် စစ်ရေးတင်းမာနေသည်ဆိုသော ထိုင်းနယ်စပ် တည်ငြိမ်နေပြီး အစိုးရအချင်းချင်းသာ ဖြေရှင်းမည်ဟု ထိုင်းစစ်တပ် ပြောလာတဲ့ သတင်း

◾️ သတင်းပေး၊ လမ်းပြ၊ ပျူစောထီးဟုစွပ်စွဲကာ အမျိုးသားနှစ်ဦးကို နှစ်ရက်အတွင်းသတ်ဖြတ်လိုက်သည်ဟု ကြို့ပင်ကောက် PDF ဝန်ခံတဲ့သတင်း

◾️ ရန်ကုန်တိုင်းတွင် ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ ၅ ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိတဲ့သတင်း

◾️ 2024 Colourful World အမည်ဖြင့် လူငယ်ပေါင်း ၅၂၀၀၀ ပါဝင်ယှဥ်ပြိုင်သည့် နိုင်ငံတကာ ရောင်စုံကမ္ဘာ လူငယ်များ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများက ပထမဆုအပါအဝင် ဆုများရရှိတဲ့သတင်း

◾️ သိန်းသောင်းချီခေါ်ဆို ရောင်းချမှုတွေရှိနေတဲ့ မြောက်ဒဂုံအိမ်ခြံမြေဈေးကွက် ဝယ်လက်ပျောက်ပြီး အရောင်းအ၀ယ်ငြိမ်သက်‌နေသော်လည်းဈေးနှုန်း ကျဆင်းလာခြင်းမျိုးမရှိဟု ဆိုတဲ့သတင်း

◾️ ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိပြီး ကုန်သွယ်ရေးပိုငွေ ဒေါ်လာတစ်ဘီလျံခွဲကျော် ဖြစ်ပေါ်တဲ့ သတင်းနဲ့

◾️ တော်လှန်ရေးအတွက် ၂၀၃၀ အထိ ပြင်ဆင်ထားဖို့ NUG ယာယီသမ္မတ ပြောလာတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ် ။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

MT News _ Myanmar Transparency

27 Nov, 12:06


ထိတ်လန့်ခြောက်ခြားဖွယ် ဒရာမာဇာတ်လမ်းပုံစံ “ဝမ်းတွင်းကဝေ မောင်မိုးဆွေ” ဇာတ်လမ်းတွဲ မိတ်ဆက်

၂၇.၁၁.၂၀၂၄
Written By Thandar

ဂမ္ဘီရဆန်ဆန် ထိတ်လန့်ခြောက်ခြားဖွယ် ဒရာမာဇာတ်လမ်းပုံစံ “ဝမ်းတွင်းကဝေ မောင်မိုးဆွေ” ဇာတ် လမ်းတွဲ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ M3 Food Center မှာ ကျင်း ပခဲ့ပါတယ်။

“ မြက ဒီဇာတ်လမ်းတွဲမှာ ကလျာဆိုတဲ့တောသူလေး ကာရိုက်တာနဲ့ပေါ့။ အဓိက လူငယ်တွေက စူးစမ်း လေ့လာချင်တယ်။ ကိုယ်တိုင်ကလည်း ဂမ္ဘီရပညာရပ်တွေဆိုတာ နားထောင်ရင် စိတ်ဝင်စားစရာလည်း ဖြစ်တယ်။ မြတို့က လူငယ်တွေဖြစ်ပေမယ့် ဒီစာအုပ်တွေကို ဖတ်ပြီးလေ့လာရင်းနဲ့ စိတ်ဝင်စားသွားခဲ့ပါတယ်။ မြ ရုပ်ရှင်ကားကြီးမှာဆိုရင်တော့ Horror တို့ ဒရာမာတို့ ဟာသတွေပဲ ရိုက်ကြတာများတယ်။ ဒါဆိုရင် မြရဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းတွဲ ၃ ခုရိုက်တာ ၂ ခုက ဂမ္ဘီရဇာတ်တွေဖြစ်နေ...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82933

#ဟင်နရီစံ #မြယာ #ဇာတိ
#HenySan #MyaYar #ZarTi
#ဝမ်းတွင်းကဝေမောင်မိုးဆွေ
#ဇာတ်လမ်းတွဲမိတ်ဆက်
#MTEntertainment

MT News _ Myanmar Transparency

27 Nov, 11:42


ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းကို အာမခံနိုင်ကြောင်းနှင့် လက်ရှိတွင် ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိကြောင်း MRF ဥက္ကဋ္ဌ ပြော

ပြည်တွင်း ဆန်ဈေးကြီးမြင့်မှုတွင် သိုလှောင်ဈေးကစားမှုကို အဓိကထိန်းသိမ်းရန် အခက်အခဲရှိနေဟုပါ ဖွင့်ဟ

၂၇. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းကို အာမခံနိုင်ကြောင်းနှင့် လက်ရှိတွင် ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိနေကြာင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်တွင်း ဆန်ပြတ်လပ်မှုရှိလာနိုင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် MRF ဥက္ကဋ္ဌက ဆန်ပြတ်လပ်မှုမည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရပိုင်းမှလည်း ပြည်တွင်း ဆန်ဈေးနှုန်းကြီးမြင့်ပါက ပြည်ပတင်ပို့ခြင်းထက် ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကိုသာ အဓိကဆောင်ရွက်ရန် မူဝါဒချပေးထားကြောင်း ဖြေကြားခဲ့သည်။ သို့သော်လည်း ပြည်တွင်း ဆန်ဈေးကြီးမြင့်မှုတွင် သိုလှောင်ဈေးကစားမှုကို အဓိကထိန်းသိမ်းရန် အခက်အခဲရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ ထိန်းဖို့ခက်ခဲတာက ဘာလဲဆိုရင် သိုလှောင် ဈေးကစားတဲ့သူတွေ။ သိုလှောင်ဈေးကစားတဲ့သူတွေက အများကြီးပဲ ဈေးကွက်ထဲမှာ။ သိုလှောင်ပြီးတော့ ဈေးကစားတဲ့သူတွေကြောင့် ဆန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတယ်။ ဒါကြောင့်မို့ တစ်ခါတလေမှာလည်း ပြီးခဲ့တဲ့ကာလမှာလည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူရတဲ့အပိုင်းတွေ ပေါ်ပေါက်လာတာ အားလုံးသိမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။

ပို့ကုန်အခြေပြုအရန်ဆန်ဆိုသည်မှာ ဆန်တင်ပို့သူ (Exporter) အနေဖြင့် ပြည်ပသို့ ဆန်တစ်တန်တင်ပို့ပါက ဆန်တစ်အိတ် ပေးသွင်းရသည့်စနစ်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးဖြန့်ဖြူးရန်အတွက် တစ်ပတ်လျှင် ဆန်အိတ်ရေ ၃ သိန်းဝန်းကျင်သာ လိုအပ်သည့်အတွက် ယခုဆန်အိတ်အရေ ၈ သိန်းသည် ဈေးကွက်ကို ထိန်းသိမ်းနိုင်မည့်ပမာဏဖြစ်....

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82929

#ဆန် #စပါး #ပို့ကုန် #ကုန်စျေးနှုန်း #စျေးကစား #MT #mtnews

MT News _ Myanmar Transparency

27 Nov, 10:15


မန်ယူဖန်တွေက လေကြီးတာမို့ ​ခန္ဓာကိုယ်သေးသွားတာပါဆိုတဲ့ မိုးညို

၂၇.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် -သန္တာ၊ အနိုင်

“ဟိုတစ်နေ့ကလာဆဲပြီးပြီ။ သူတို့ အင်္ကျီတွေကို ကျွန်တော်ဝတ်ရိုက်လို့ဆိုပြီး လာဆဲပြီးသွားပြီ။ နောက်တစ်ခါ ထပ်ဆဲအောင်လုပ်နေတယ်။ ဒီလိုဒီလို မန်ယူဖန်တွေက လေကြီးတာ မဟုတ်ပါဘူး။ အဓိက ဘောလုံး သို့မဟုတ် အားကစားတစ်ခုကို ရူးသွပ်သွားပြီဆိုရင် ကြီးကြီးကျယ်ကျယ်တွေပြောတာပေါ့။ ကြီးကြီးကျယ်ကျယ်ပြောတာကတော့ ကျွန်တော်က မန်ယူအားပေးလို့ရယ် မဟုတ်ပါဘူး။ အရင်ထဲက ကျွန်တော် လေကြီးတာပါ။ လေကြီးလို့လည်း ဒီခန္ဓာကိုယ်က သေးသွားတာပေါ့။ ကျွန်တော်နဲ့က ကွက်တိပဲ။ ကျွန်တော် မန်ယူနဲ့က ကွက်တိပဲလေ။ ရုပ်ရှင်ကားအကြောင်းပြောတာလား၊ မန်ယူအကြောင်းပြောတာလား သက်သက်ကိုဆဲအောင် လုပ်နေတယ်။ ဟုတ်ကဲ့ပါ။ မန်ယူ ပြန်လာမှာပါ။ ကျွန်တော်လမ်းခုလပ်မှာ ရုပ်ရှင်ဝင်ရိုက်နေလို့ပါ။ တစ်ရက်နှစ်ရက်ဆိုရင် ပြန်ရောက်တော့မှာပါ” မိုးညို

YouTube တွင် ကြည့်ရှုရန်
https://youtu.be/MLhz9lHGHe0

#မိုးညို #MoeNyo #MyanmarCele #MyanmarFacebook #မန်ယူ
#သူနိုင်ကိုယ်နိုင်ရုပ်ရှင်ဇာတ်ကားကြီး

MT News _ Myanmar Transparency

27 Nov, 10:02


မီဒီယာတွေမှာဖော်ပြနေသလို မြန်မာနိုင်ငံက သွားဖို့မသင့်တဲ့နိုင်ငံတွေမှာ ပါဝင်နေတယ်ဆိုတာမဟုတ်မှန်ဘူးလို့ ဩစတေးလျနိုင်ငံသား ခရီးသွားဘ‌လော့ဂါ Luke က မြန်မာခရီးစဉ်အပြီးမှာ ပြောကြား

◾️ ပြည်ပခရီးသွား‌တွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြဖို့ Luke က အာမခံညွှန်းဆိုပေးထားပြီး ဒေသခံပြည်သူတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်း

၂၇.၁၁.၂ဝ၂၄
Written by K Pyay Thein

မီဒီယာတွေမှာဖော်ပြနေသလို မြန်မာနိုင်ငံက သွားဖို့မသင့်တဲ့နိုင်ငံတွေမှာပါဝင်နေတယ်ဆိုတာမဟုတ်ဘူးလို့ ဩစတေးလျနိုင်ငံသား ခရီးသွားဘ‌လော့ဂါ Luke က သူရဲ့မြန်မာခရီးစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီး သူထုတ်လွှင့်တင်ဆက်ခဲ့တဲ့ နောက်ဆုံးဗီဒီယိုဖိုင်တစ်ခုမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အန္တရာယ်ရှိတဲ့ (၁၀)နိုင်ငံစာရင်းမှာပါဝင်နေလို့ သူ့အနေနဲ့အစပိုင်း မြန်မာနိုင်ငံကိုလာရမှာကို ရင်တုန်နေခဲ့ပေမယ့် တကယ်ရောက်လာတဲ့အခါမှာတော့ သူကြားခဲ့ရတာတွေနဲ့ တခြားစီဖြစ်နေခဲ့ပြီး သူ့ခရီးစဉ်တစ်လျှောက်လုံးအဆင်ပြေချောမွေ့ခဲ့သလို ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82925

#ဘလော့ဂါ #Luke #ဩစီနိုင်ငံသား #မြန်မာခရီးစဉ် #ခရီးသွားလုပ်ငန်း #MT #mtnews

MT News _ Myanmar Transparency

27 Nov, 09:48


Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် Crown ကို သယ်ဆောင်နိုင်ခွင့်မရလို့ တောင်းပန်ပါတယ်ဆိုတဲ့ အလှမယ်သက်စံအန်ဒါဆန်

၂၇.၁၁.၂၀၂၄
Written By Thandar

Miss Universe 2024 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အလှမယ် သက်စံအန်ဒါဆန်က ယနေ့ နိုဝင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ရာ ဒီပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် Crown ကို သယ်ဆောင်နိုင်ခွင့်မရခဲ့လို့ တောင်းပန်တယ်လို့ဆိုပါတယ်။

“ကိုယ့်မြန်မာနိုင်ငံအတွက် အားအင်တွေလုပ်ထားပြီမှ Placement မရချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်မက မြန်မာပြည်ကို ပြန်လာဖို့က အရမ်း Exceptive ဖြစ်နေတယ်။ ကိုယ့် မြန်မာနိုင်ငံအတွက် Crown ကို မသယ်လာနိုင်လို့ တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကျွန်မက ဒီပြိုင်ပွဲအတွက်လည်း ကိုယ့်ဘာသာကိုယ် တော်တော်လေးကို ပြင်ဆင်ထားတယ်။ ဘာပြန်ရလဲဆိုရင်တော့ Experience တွေ ပြန်ရခဲ့တယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82922

#သက်စံအန်တာဆန် #ThetSan
#ThetSanAnderSen #MU #MUVoting
#MissUniverse2024 #Mexico
#MissUniverseMyanmar2024
#MissUniverseMyanmar

MT News _ Myanmar Transparency

21 Nov, 13:16


ယူကရိန်းက ရုရှားနိုင်ငံအား ဗြိတိန်လုပ် Storm Shadow တာဝေးပစ်ဒုံးကျည်များဖြင့် ပထမဆုံး တိုက်ခိုက်

လက်နက်ဆန်းများသုံးလာမှုနှင့်အတူ ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာဦးမလား

၂၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံအတွင်းပိုင်းကို ယူနိုက်တစ်ကင်းဒမ်းက ထောက်ပံ့ထားတဲ့ Storm Shadow တာဝေးပစ်ဒုံးကျည်တွေနဲ့ နိုဝင်ဘာလ ၂၀ ရက်မှာ ပထမဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရင်းအမြစ်တွေက ဒီလိုတိုက်ခိုက်မှုက ရုရှားနိုင်ငံရဲ့ ကာစ်ခ့် ဒေသအတွင်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေကြတာကို တုံ့ပြန်မှုတစ်ရပ်အနေနဲ့ အတည်ပြုကြပါတယ်။

မျိုးကွဲအမျိုးမျိုးရှိတဲ့ ယူနိုက်တစ်ကင်းဒမ်းလုပ် Storm Shadow ဒုံးကျည်တွေက ကီလိုမီတာ ၂၅၀ မှ ၅၆၀ အထိရောက်ရှိနိုင်ကြပြီး ခရိုင်းမီးယားစစ်ပွဲကာလမှာလည်း ရုရှားစစ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာပါ။ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုက အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးပျံတွေနဲ့ ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့အသုံးပြုနေတယ်လို့ သတင်းထွက်ပေါ်လာအပြီး နောက်တစ်ရက်မှာ ဆက်လက်ထွက်ပေါ်လာတာပါ။
ဒီလို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားကိုတိုက်ခိုက်ဖို့ သမ္မတတာဝန်မှရပ်နားရတော့မယ့် ဂျိုးဘိုင်ဒန် က နိုဝင်ဘာလ ၁၇ ရက်မှာ အတည်ပြုခဲ့တာပါ။

Storm Shadow ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေက ရုရှားနိုင်ငံ ကာရာချက်ဗ်မြို့ရှိ စစ်ဖက် အဆောက်အအုံတစ်ခုကိုထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဂျိုးဘိုင်ဒန်က ခန္ဓာထိခိုက်ရေးမိုင်းလို့ခေါ်တဲ့ လူကိုထိခိုက်စေဖို့ ထုတ်လုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေ ယူကရိန်းကိုထောက်ပံ့ဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က နိုဝင်ဘာလ ၂၀ ရက်မှာ ပြောခဲ့ပြန်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းသို့ ရုရှားတပ်တွေထိုးစစ်ဆင်မှုနှေးသွားဖို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် ခန္ဓာထိခိုက်ရေးမိုင်းတွေ ထောက်ပံ့မယ်ဆိုတာအပေါ် အငြင်းပွားမှုတွေရှိနိုင်ပါတယ်။ ခန္ဓာထိခိုက်တဲ့မိုင်းတွေ အသုံးပြုရေး သဘောတူညီချက်မှာ နိုင်ငံ ၁၆၀ ကျော် လက်မှတ်ရေးထိုးထားတာပါ။အမေရိကန်နဲ့ ရုရှားကတော့ လက်မှတ်ထိုးမထားပါဘူး။

ယူကရိန်းစစ်ပွဲစတင်ကတည်းက အမေရိကန်က ယူကရိန်းကို တင့်ဖျက်မိုင်းတွေလည်း ထောက်ပံ့ခဲ့တာပါ။ ဒါပေမယ့် ဂျိုးဘိုင်ဒန်က ယူကရိန်းကို မိုင်းတွေထောက်ပံ့ရာမှာ သူ့အစိုးရရဲ့ သံသယရှိမှုတွေနဲ့ အရပ်သားတွေကိုအန္တရာယ်ရှိတာတွေကြောင့်အနည်းငယ်တော့ လက်တွန့်နေခဲ့ပါသေးတယ်။

ဒါပေမယ့် အခုအခါမှာတော့ ယူကရိန်းအနေနဲ့ အနောက် အုပ်စုကထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေအပြင် မြေမြှုပ်မိုင်းတွေကိုလည်း ရရှိနေပါပြီ။ ဒါ့ပြင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြည်တွင်းမှာ တာဝေးထိတိုက်ခိုက်နိုင်မယ့် မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒုံးကျည်‌တွေထုတ်လုပ်ဖို့ အစီအစဉ်တွေကို နိုဝင်ဘာ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံကို ခုခံကာကွယ်ဖို့ လာမယ့်နှစ်မှာ အဝေးပျံနိုင်မယ့် မောင်းသူမဲ့လေယာဉ် အနည်းဆုံး ၃၀,၀၀၀ ထိ ပိုင်ဆိုင်ဖို့ရည်မှန်းထား‌ပြီး ကာကွယ်ရေးစွမ်းရည်တွေမြှင့်တင်ဖို့ နည်းပညာသစ်စခန်းတစ်ခု တည်ထောင်သွားမယ်လို့လည်း ဇယ်လန်စကီးက ဆိုပါတယ်။

ဒီအချိန်မှာပဲ ရုရှားကလည်း သူ့နိုင်ငံကို တာဝေးပစ်ဒုံးကျည်တွေနဲ့ပစ်ခတ်လာရင် သိသိသာသာတုံ့ပြန်ရမယ်လို့သတိပေးထားပါတယ်။ လောလောဆယ်မှာလည်း ကာ့စ်ခ်ဒေသအတွင်းကနေ ယူကရိန်းတပ်ဖွဲ့တွေကို ပြန်လည်တိုက်ထုတ်ဖို့ အင်အား ၅၀,၀၀၀ ခန့် စုဝေးနေတယ်လို့လည်း သိရပါတယ်။

ဒါကြောင့်လည်း လက်နက်ဆန်းတွေ တိုးချဲ့သုံးလာကြမှုနဲ့အတူ ယူကရိန်းစစ်ပွဲက အရှိန်မြင့်လာလေဦးမလားစိုးရိမ်ဖွယ်ဖြစ်နေရပါတယ်။

Ref- Kyiv Independent

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82336

#တတိယကမ္ဘာစစ် #နျူကလီးယား #တာဝေးပစ်ဒုံးကျည် #usa #russia #ukaraine #စစ်ပွဲ #MT #mtnews

MT News _ Myanmar Transparency

21 Nov, 12:49


အွန်လိုင်းလောင်းကစားစွဲနေတဲ့ ထိုင်းအမျိုးသမီးက ကွင်းဆက်လူသတ်သမားဖြစ်လာပြီး လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ဖြတ် လုယက်ခဲ့လို့ သေဒဏ်ချမှတ််လိုက်ရ

၂၁. ၁၁. ၂၀၂၄
တင်ဆက်/တည်းဖြတ် K Pyay Thein

ထိုင်းနိုင်ငံမှာဖြစ်ပွားတဲ့ လူသတ်မှုတွေထဲ အဆိုးရွားဆုံး ကွင်းဆက်လူသတ်သမား အသက် ၃၆ နှစ်အရွယ်သာရှိသေးပြီး သူမက သူမကိုယုံကြည်တဲ့မိတ်ဆွေတွေကို ပိုက်ဆံချေးငှားခဲ့သလို ခရီးတွေအတူထွက်ပြီး ဆိုင်ယာနိုက်အဆိပ်ခတ်သတ်ဖြတ်ပြီး ရွှေငွေလုယက်မှုတွေပါ ကျုးလွန်ခဲ့တာကြောင့် မနေ့က သေဒဏ်ချလိုက်တဲ့အကြောင်း တင်ဆက်ချင်ပါတယ်။

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82294

#လူ၁၄ယောက်သတ်ဖြတ် #ထိုင်းအမျိုးသမီး #သေဒဏ်ချ #အွန်လိုင်းလောင်းကစား #MT #mtnews

MT News _ Myanmar Transparency

21 Nov, 11:48


ယုံကြည်မှုမပျက်စေဖို့ လိမ်လည်မှုထိန်းကျောင်းရမဲ့ ဒစ်ဂျစ်တယ်ငွေကြေး၊ မဝင်သလောက်ကျဆင်းလာတဲ့ FDI နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ထက် အကြမ်းဖက်ဖျက်ဆီးခံရမှုတွေမှာ ပြန်သုံးနေရတဲ့ ငွေကြေး

ဖြိုးဝေ
၂၁. ၁၁. ၂၀၂၄

"ဘဏ်တွေ၊ Pay တွေဘက်က လုံခြုံရေးဆိုင်ရာ အားနည်းသလို ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်ခံရမှုဖြစ်စဥ်တွေဟာ မရိုးရှင်းတာ မကြာခဏမြင်နေရလို့ လူထုက ဒစ်ဂျစ်တယ်ငွေကြေးအပေါ် ယုံကြည်မှုအပြည့်နဲ့ ဆက်သုံးစေချင်တယ်ဆိုရင် ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုပေးသူတွေရဲ့ တာဝန်ယူ၊ တာဝန်ခံမှုမြှင့်တင်ဖို့လိုအပ်မှာပါ။ ဥပမာအားဖြင့် Pay တွေကို လိမ်လည်သူတွေဟာ ချက်ချင်းလက်ငင်း သိန်းရာချီကို လိမ်ထုတ်ရင် Transactions အဆင့်ဆင့်နဲ့ ထုတ်ကြတာမျိုးဖြစ်လို့ ငွေလိမ်ခံရကြောင်း အကြောင်းကြားလာတာနဲ့ ဒီ Transactions တွေ ချက်ချင်းပိတ်တာ၊ မပိတ်ရင် မပိတ်တဲ့ဘဏ်တွေ ငွေကြေးအဖွဲ့အစည်းတွေက စိုက်ထုတ်လျော်စေရမဲ့ တာဝန်ယူမှုလုပ်ခိုင်းတာ၊ အရေးကြီးတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဖွင့်ထားတဲ့ Pay ဖုန်းနံပါတ်ကို ဘဏ်တွေမှာပဲ လျှောက်လွှာတင် ပြောင်းခွင့်ပြုပြီး အဲဒီလိုလာမပြောင်းဘဲ ဖုန်းတွေ ကွန်ပျုတာတွေကနေ ပြောင်းသွားလို့ ငွေထုတ်သွားရင် ဝန်ထမ်းမသမာမှုပါ ရှိနေသလား စိစစ်တာမျိုးတွေနဲ့ ကိုယ်ရေးအချက်အလက်နဲ့ OTP လိမ်ယူသွားတယ်ဆိုလည်း တိုင်ကြားလာတာနဲ့ Transactions အကုန်ပိတ်တာမျိုး လုပ်ဆောင်ခိုင်းသင့်တာပါ။ ကမ္ဘာ့နိုင်ငံတိုင်းဟာ ဒစ်ဂျစ်တယ်ငွေကြေးအဓိကသုံးတဲ့ Cashless System အောင်မြင်နေချိန်မှာ မြန်မာနိုင်ငံကြမှ ဒစ်ဂျစ်တယ်ငွေကြေးကို သုံးစွဲသူတွေ ယုံကြည်မှုကျဆင်းမှာ ကြောက်နေရတယ်ဆိုတာကိုက တာဝန်ယူ၊ တာဝန်ခံရမဲ့ ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက တာဝန်မဲ့နေကြလို့ပါ။ ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုသူတွေရဲ့ Pay တွေ Mobile Banking ထဲက ငွေကြေးတွေကလည်း ယုံကြည်စွာအပ်နှံထားတဲ့ ငွေကြေးဖြစ်လို့ ဒီငွေကြေးတွေ ဆုံးရှုံးမှုတိုင်းကို ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက တာဝန်ခံရမယ်ဆိုတာနဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်က အဆင့်မြင့်လာပါလိမ့်မယ်။ သေချာတာကတော့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်ခံရမှုကို ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက တာဝန်ယူစရာမလိုဘဲ ခေါင်းဆက်ရှောင်ခွင့်ပေးထားသရွေ့တော့ စဥ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ လုပ်ကြမှာမဟုတ်ဘဲ လူလိမ်တွေက တစ်ပန်းသာပြီး ပြည်သူတွေက နစ်နာပြီးရင်း နစ်နာ ..."

SAC အစိုးရတက်လာပြီးနောက်ပိုင်းမှာ NLD၊ CRPH နဲ့ NUG ၊ EAOs တွေ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေ၊ မီးရှို့ဆန္ဒပြမှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် FDI ဝင်ရောက်မှုက NLD အစိုးရဟောင်းလက်ထက် ဆက်တိုက်ကျဆင်းလို့ တစ်နှစ် ဒေါ်လာ ၅ ဘီလျံကျော်ပဲဝင်တာထက်တောင် အခြေအနေဆိုးသွားပြီး SAC အစိုးရလက်ထက်မှာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်ပါထည့်တွက်မှ လက်ရှိကာလအထိ ဒေါ်လာ ၇ ဘီလျံမပြည့်..."

"ဒီနေရာမှာ ဖျက်ဆီးသူတွေ နားလည်တတ်ဖို့ကတော့အစိုးရတာဝန်ယူထားသူတွေဟာ အိတ်စိုက်လုပ်ဆောင်တာမဟုတ်ဘဲ နိုင်ငံပိုင်နဲ့ ပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတွေနဲ့ပဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ကြရတာပါ။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ အဂတိမှုရှိရင် မတိုးတက်သလို၊ ဖျက်ဆီးတိုက်ခိုက်မှုရှိရင် ပိုပြီး မတိုးတက်ဘူးဆိုတာကလည်း NLD အစိုးရဟောင်းလက်ထက် ARSA အရေးအခင်းနဲ့တင် မြင်သာပြီး မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဒီနှစ်ခုက ဆွဲချသွားခဲ့တာပါ။ လက်ရှိကာလမှာဆိုရင် ARSA လို တစ်ဖွဲ့တည်းတောင် မဟုတ်ဘဲ အဖွဲ့အစည်းထောင်ချီက သူတို့မနှစ်သက်တဲ့ အစိုးရပြုတ်ကျဖို့နဲ့ အလုံးစုံပျက်သုဉ်းရေး ရည်မှန်းချက်မှာ ဘက်စုံဖျက်ဆီးတိုက်ခိုက်နေတာကြောင့် ပြည်သူ့ဆီက ဘတ်ဂျတ်ဟာ ဖျက်ဆီးခံနေရတဲ့နေရာမှာ ပြန်ပြန်သုံးနေရပြီး နိုင်ငံလည်း ဆုတ်ယုတ်၊ ပြည်သူလည်း ကုန်စျေးနှုန်းကြီးရတဲ့အထဲ အခွန်အခဖိစီးမှုကို ပိုခံရတော့တာပါ။ သေချာတာကတော့ ကိုယ်မနှစ်သက်တဲ့အစိုးရတစ်ရပ်ကို ဖြုတ်ချချင်လို့ နိုင်ငံနဲ့ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေ ဖျက်ဆီးတာက ပြည်သူပဲ မိအေးနှစ်ခါနာရုံကလွဲလို့ အဖြေထွက်မလာ..."

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82331

#MT #mtnewsagency
#MT_ဆောင်းပါး
#MT_စီးပွားရေးသုံးသပ်ချက်
#MT_နိုင်ငံရေးသုံးသပ်ချက်

MT News _ Myanmar Transparency

21 Nov, 11:32


ကိုယ်ချစ်တဲ့ မင်းသား၊ မင်းသမီးတွေကို အကယ်ဒမီ ဆုပေးချင်ကြပြီး ကျန်တဲ့သူ ဘယ်လောက်ကောင်းကောင်း မပေးချင်ကြတဲ့ အစွဲတွေရှိကြတယ်ဆိုတဲ့ ဦးအေးကြူလေး

၂၁.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

“ဘယ်လို အကဲဖြတ်ပြီးတော့ မပြောတတ်ဘူး။ သူ့မှာ သတ်မှတ်ချက်ရှိတယ်။ သတ်မှတ်ချက် စာအုပ်ရှိတယ်။ ဘယ်ဆုကို ဘယ်လိုပေးရမယ်ဆိုတာလေ။ အကဲဖြတ်တွေကိုပေးပြီးသား။ အဲဒီ စံချိန်စံနှုန်းနဲ့ ညီလို့ရှိရင် သူတို့ကလည်း ပေးမှာ။ ဒါပေမယ့် တစ်ယောက်တည်း ပေးလို့မရဘူး။ အမှတ်အရ ပေးတာပါ။ ဥပမာ- ကိုယ်က သဘောကျလို့ သူ့ကိုပေးပေမယ့် ဟိုလူတစ်ယောက် သူ့ကိုပေးမယ်။ မတူဘူးလေ။ မဲတွေပေါင်းလိုက်ချိန်မှာ ကွာသွားတာပါ။ မဲများသူက ရတာပါ။ ဒီနှစ် အကယ်ဒမီစာရင်းဝင်ကားတွေ ကြည့်ပြီးမှ အမှတ်ပေးလို့ အဆင်ပြေမှာလေ။ ကားတွေမကြည့်ဘဲ ကိုယ်ကြည့်တဲ့ကားလေး ကောင်းတယ်ဆိုပြီး အမြင်နဲ့တင် ပေးနေတာ။ တကယ့် တကယ် ရုံတင်တဲ့ ကား ၄၀ ဆိုရင် ဒီ ၄၅၊ ၅၀ရှိတယ်ဆိုရင် ဒီကား အကုန်ကြည့်ပြီးပြီလား။ အဲလူက မကြည့်ရသေးဘူး။ ဒါပေမယ့်လည်း ဆုပေးနေတာပဲ။ ငါတို့ဆီက ပရိသတ်က အစွဲကြီးတယ်လေ။ ကိုယ်ချစ်တဲ့မင်းသားပဲ ကိုယ်ပေးတာ။ ကိုယ်ချစ်တဲ့ မင်းသမီးပေးနေတာ။ ကျန်တဲ့သူကို မပေးဘူး။ ဘယ်လောက်ကောင်းကောင်း ကိုယ့်လူပဲ ကိုယ်ပေးတာဆိုတော့။ အပြင်မှာတော့ ကိုယ်ကသူ့ကို ရစေချင်တယ်။ မရတဲ့သူလည်း ရှိတာပေါ့” မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး

#ဦးအေးကြူလေး #UAyeKyuLay
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#2024Academy #MMPO
#မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု
#ဒုတိယဥက္ကဋ္ဌဦးအေးကြူလေး
#MyanmarAcademy
#အကယ်ဒမီ #MTEntertainment

MT News _ Myanmar Transparency

21 Nov, 10:52


မြန်မာ့ ပြည်တွင်းပဋိပက္ခကြောင့် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှု ထိုင်းဘတ် ၅ ဘီလျံခွဲလောက်အထိ သုံးဆမြင့်တက်လာ

၂၀.၁၁. ၂၀၂၄
တင်ဆက် /တည်းဖြတ် ဟေမာ

မြန်မာနိုင်ငံမှာ ၂၀၂၁ က ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုရွှေ့ပြောင်းမှုအဖြစ် ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုမီနီယံအခန်းဝယ်ယူမှုက ယခင်နှစ် အလားတူကာလထက် သုံးဆမြင့်တက်လာခဲ့ပြီး ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံအထိ မြင့်တက်လာတဲ့အကြောင်း တင်ဆက်ပေးပါရစေ။

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82255

#မြန်မာ #ပြည်တွင်းပဋိပက္ခ #အိမ်ခြံမြေ #ကွန်ဒို #MT #mtnews

MT News _ Myanmar Transparency

21 Nov, 09:34


လူ ၂၁ ဦးပါ မူးယစ်မှောင်ခိုဂိုဏ်းအား ငွေကျပ် ၂၇ ဒသမ ၅ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ်နှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

၂၁. ၁၁. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) ဇော်တန်အား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်တွင် လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ တင်ပို့ရောင်းချသူများ ဖြစ်ကြသည့် လားထန်ပွီးယာအား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်အား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူမှာ ရော်ကျိန်ရန် (ခ) အားဟွိုက်ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန်ဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင် (ခ) အားဖအား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီး....

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82324

#စစ်ကိုင်း #မန္တလေး #မူးယစ်ဆေး #မူးယစ်ဂိုဏ်း #မှောင်ခို #တရားခံ #ပြည်သူ့ဘဏ္ဍာ #MT #mtnews

MT News _ Myanmar Transparency

21 Nov, 09:30


KIA ဖော်ဆောင်တဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ပူတာအိုဒေသမှာ အင်တာနက်လိုင်းတွေ ယနေ့အထိပြတ်တောက်နေ

၂‌၁.၁၁.၂ဝ၂၄
Written by K Pyay Thein

KIA ဖော်ဆောင်တဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ အင်တာနက်လိုင်းတွေ ယနေ့အထိပြတ်တောက်နေပြီး Star link ဝိုင်ဖိုင်လိုင်းရှိရာနေရာတွေမှာသာ တစ်နာရီကို ၅ဝဝဝ၊ ၁ဝဝဝဝ ပေးပြီး ဒေသခံတွေက အင်တာနက်အသုံးပြုနေရတယ်လို့ သိရပါတယ်။

“တစ်နာရီ ၁ဝဝဝဝ စနစ်နဲ့ Wifi သုံးနေရတယ်။ ဒီမှာက မိုဘိုင်းအင်တာနက်လိုင်းတွေလည်း လုံးလုံးမရဘူးလေ။ အင်တာနက်မရတာ အတော်ကြာပါပြီ။ နယ်မြေဒေသ အခြေအနေလည်းမကောင်းသလို၊ လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းပါဘူး။ တိုက်ပွဲတွေက ဒီဘက်ဒေသတွေမှာလည်းရှိနေတယ်”လို့ အမည်မဖော်လိုသူ ပူတာအိုဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။

ဒီလို ဒေသတွင်းတိုက်ပွဲအခြေအနေတွေကြောင့် ပူတာအိုဒေသရဲ့လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာလည်း ခက်ခဲမှုတွေရှိလာတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာမှုဒဏ်ကိုလည်း ဒေသခံတွေက ကြုံနေရ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82321

#ပူတာအို #အင်တာနက် #ပြတ်တောက် #KIA #starlink #wifi #MT #mtnews

MT News _ Myanmar Transparency

21 Nov, 09:19


ကိုယ့်စိတ်က အုံပုန်းထားပြီး ကောက်ကျစ်တာတွေ ဟန်ဆောင်တာတွေ မလုပ်တတ်လို့ မိန်းကလေးသူငယ်ချင်း မမြဲဘူးဆိုတဲ့ မီးနို

၂၁.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

“မီးနိုမှာက အဲဒီလို အပေါင်းအသင်း မိတ်ဆွေတွေဆိုလို့ရှိရင် ယောက်ျားလေးတွေပဲ ပိုပြီး မီးနိုနဲ့ ပိုမြဲတာ။ ဘယ်လိုလဲဆိုတော့ မီးနိုက ယောက်ျားဆန်တယ်ပေါ့နော်။ စိတ်က အဲလို အုံပုန်းထားပြီး ကောက်ကျစ်တာတွေ ဟန်ဆောင်တာတွေ မလုပ်တတ်ဘူး။ ကိုယ့် အပြောအဆိုတွေ ပွင့်ပွင့်လင်းလင်း ဖြစ်တာတွေရှိတယ်။ အဲလိုမျိုး စိတ်ကွက်သွားတာတွေ ရှိတယ်။ သူတို့ပြောတာကိုတော့ မီးနိုက နားလည်ပေးတယ်ကွာ၊ ယောက်ျားလိုစိတ်ဆိုတော့ အမေကလည်း အမြဲတမ်း မီးနိုကို တစ်ခုခုဆိုရင် ပြတ်ပြတ်သားသားနေ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်။ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်။ အမြဲတမ်းတစ်ခုခုဆို ကိုယ်ထူကိုယ်ထရပ်တည်နိုင်အောင် သင်ပေးခဲ့တာဆိုတော့လေ။ တစ်ခုခုဆိုရင် ပြောတာဆိုတာဆိုရင် ပြတ်ပြတ်သားသားရှိတယ်။ မိန်းကလေးတွေနဲ့ ပေါင်းတာထက်စာရင် ယောက်ျားလေး တွေ ပေါင်းတာပိုများတယ်” မီးနို

YouTube တွင် ကြည့်ရှုရန်
https://youtu.be/rY2xQBd7f-I

#မီးနို #MeeNo #SaiSiTomKham
#MyanmarSinger #MyanmarCele
#ကိုယ့်ကိုနားလည်ပေးပါ

MT News _ Myanmar Transparency

21 Nov, 08:56


အိန္ဒိယ ဘီလျံနာ သူဌေးကြီးကို အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာသန်း ၂၅၀ လာဘ်ပေးလာဘ်ယူမှုနဲ့ တရားစွဲ

၂၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံသား ဘီလျံနာ သူဌေးကြီး ဂေါတမ်အဒါနီကို အမေရိကန်အစိုးရရှေ့နေတွေက ဒေါ်လာနှစ်ဘီလျံကျော်အကျိုးအမြတ်ရမယ့် နေရောင်ခြည်စွမ်းအင်အသုံးပြုမှု သဘောတူစာချုပ်တွေအတွက် အိန္ဒိယ အစိုးရတာဝန်ရှိသူတွေကို လာဘ်ပေးဖို့ နှစ်နဲ့ချီတဲ့ လျှို့ဝှက်ကြံစည်မှုမှာ ဆက်စပ်နေခဲ့တယ်လို့ စွဲချက်တင်ခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဘီလျံနာသူဌေးကြီးက Adani Group လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီကို ထောက်ခံပြောကြားသူလည်းဖြစ်ပါတယ်။ သူ့ကို နယူးယေ့ာခ်မြို့မှာ အစိုးရရှေ့နေတွေက Adani Group စွမ်းအင်လုပ်ငန်းခွဲတွေက အမှုဆောင်တွေ၊ ကနေဒါ အငြိမ်းစားရန်ပုံငွေတစ်ရပ်က ဝန်ထမ်းဟောင်းတွေပါတဲ့ တခြားခုနစ်ဦးနဲ့အတူ လုံခြုံရေးဆိုင်ရာကိစ္စများ လိမ်လည်မှုနဲ့ အပါအဝင် စွဲချက်တင်ထားတယ်လို့ သိရ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82315

#အိန္ဒိယ #ဘီလျံနာသူဌေးကြီး #ဂေါတမ်အဒါနီ #လာဘ်ပေးလာဘ်ယူ #တရားစွဲ #adani #MT #mtnews

MT News _ Myanmar Transparency

21 Nov, 08:31


“သူနိုင်ကိုယ်နိုင် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ လုံးဝကွဲပြားတဲ့ ယောက်ျားစိတ်ပေါက်နေတဲ့ Tomboy ပုံစံ ဂဏန်းမဆိုတဲ့ ကာရိုက်တာနဲ့မြင်တွေ့ရမှာဆိုတဲ့ ဝေလာရီ

၂၁.၁၁.၂၀၂၄
Written by Thandar

ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ဝေလာရီက “သူနိုင်ကိုယ်နိုင် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝေလာ့အတွက် အရင်ဇာတ်ကားတွေနဲ့ မတူညီ လုံးဝကွဲပြားတဲ့ ယောက်ျားစိတ်ပေါက်နေတဲ့ Tomboy ပုံစံ ဂဏန်းမဆိုတဲ့ ကာရိုက်တာနဲ့မြင်တွေရမှာလို့ဆိုပါတယ်။

“ဝေလာ့အတွက် ဒီဇာတ်ကားက အရင်ရိုက်ကူးခဲ့တဲ့ ကာရိုက်တာတွေ လုံးဝကို မတူညီဘဲ ကွဲပြားတဲ့ ဇာတ်ရုပ်ပါ။ ဝေလာ ၂၀၂၄ ခုနှစ်မှာ ပထမဆုံး ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားကြီးလို့ပြောလို့ရတယ်။ LGBT ပေါ့။ နည်းနည်း ယောက်ျားစိတ်ပေါက်နေတဲ့ Tomboy ပုံစံ ဂဏန်းမဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။ ကိုယ်က မနေဆန်းကို သဘောကျ နှစ်သက်နေသူပေါ့နော်။ မရွှေမှုန်@ရွှေမှုန်ရတီရဲ့ ညီမလေး နေရာကပါ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82310

#WaiLarRi #ဝေလာရီ
#အကယ်ဒမီရွှေထူး
#အကယ်ဒမီရွှေမှုန်ရတီ
#ShweHtoo #tomboy
#ShweHmoneYati #NaySann
#သူနိုင်ကိုယ်နိုင်ရုပ်ရှင်ဇာတ်ကားကြီး

MT News _ Myanmar Transparency

21 Nov, 08:08


အာဆီယံအဖွဲ့နှင့် မိတ်ဖက်နိုင်ငံများ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ADMM-Plus အဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအသစ်များ ပူးပေါင်းပါဝင်ခြင်းကို မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ဟု စင်ကာပူကာကွယ်ရေးဝန်ကြီးပြော

၂၁.၁၁. ၂၀၂၄
Written by Shwe Phyo

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့ ADMM-Plus သို့ အဖွဲ့ဝင်နိုင်ငံအသစ်များထပ်မံဝင်ရောက်မည့် အစီအစဉ်ကို မြန်မာနိုင်ငံက ကန့်ကွက်လိုက်ခြင်းသည် အာဆီယံ၏ ယုံကြည်ကိုးစားခံရခြင်းကို ထိခိုက်ဖွယ်ရှိနေကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ထုတ်ဖော်ပြောဆိုလိုက်သည်။

စင်ကာပူကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ ကန့်ကွက်မှုကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများသည် အစည်းအဝေးအတွင်း ဆွေးနွေးထားသည့် အချို့သောကိစ္စများမှာ ချောင်ပိတ်မိသလိုမျိုးဖြစ်ခဲ့ရကာ အရေးကြီးဆုံးအကျပ်အတည်းမျိုးဖြစ်ခဲ့ရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82303

#ASEAN #Myanmar #malaysia #စင်ကာပူ
#mtnews #myanmar_transparency_news

MT News _ Myanmar Transparency

13 Nov, 13:02


ဝယ်မစားနိုင်ကြတဲ့ ပေါ်ဆန်း၊ တိုးတက်လာတဲ့ ဆောက်လုပ်ရေးနဲ့ တရုတ်ကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေးအပြောင်းအလဲ

ဖြိုးဝေ
၁၃. ၁၁. ၂၀၂၄

"လက်ရှိမှာလည်း ဩဂုတ်လအတွင်း စပါးဧက တစ်သန်းကျော် ရေမြုပ်ပြီး စက်တင်ဘာ ရာဂီဖြစ်စဉ်မှာ စပါးနဲ့ သီးနှံ ဧက ၇ သိန်းကျော် ရေမြုပ်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် မိုးစပါးရိတ်သိမ်းချိန်အထိ မိုးမပြတ်သေးသလို အဆိုးတကာ့အဆိုးဆုံးကတော့ တရုတ်ပိတ်ဆို့မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ရှမ်းမြောက်နဲ့ ရခိုင် ဒေသတွေဆီ ဆန်နဲ့ စားသုံးကုန်တွေ ခိုးထုတ်နေမှုပါ။ အဲဒီဒေသတွေမှာ ဆန်နဲ့ စားသောက်ကုန်တွေဟာ ပြည်မပေါက်စျေးထက် သုံးဆလောက် အမြတ်တင်လို့ ရနေတယ်လို့ အသံထွက်သလို လက်တွေ့မှာလည်း ရခိုင်နဲ့ ရှမ်းမြောက်က လက်နက်ကိုင်တွေဟာ အဘက်ဘက်က ကုန်စည် ပိတ်ပါတယ် ဆို့ပါတယ် ဆိုတဲ့ကြားက စားရေရိက္ခာပြတ်လပ်မှာ ပူပန်မှုမမြင်ရဘဲ မှောင်ခိုတင်သူတွေကို အခွန်လွတ်ခွင့်ပေးတာ၊ ထိုးစစ်ပိုဆင်တာကို မြင်နေရပြန်ပါသေးတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ ဆက်ဖြစ်နေသရွေ့တော့ စစ်ပွဲလည်း ရပ်မှာမဟုတ်သလို အကျိုးအမြတ်များလို့ မှောင်ခိုထုတ်နေတဲ့ဆန်နဲ့ ပြည်ပတင်ပို့မှု ပိုမိုမြင့်တက်လာတဲ့အခြေအနေတွေက ပြည်တွင်း ဖူလုံမှုကို ထိခိုက်စေမှာလည်း ဆန်းစစ်ကြပ်မတ်...."

" နိုင်ငံမတည်ငြိမ်မှုနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေမှုတွေကြားမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်နေတာက ဗြုန်းကနဲကြည့်လိုက်ရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လုပ်သားတွေအတွက် ဝမ်းသာစရာဖြစ်ပေမဲ့ လက်တွေ့မှာတော့ ဒီတည်ဆောက်မှုတွေ တိုးတက်လာရခြင်း အရင်းခံမှာ PDF တွေ EAO တွေက နိုင်ငံပိုင် လမ်းတွေ၊ ကျောင်းတွေ၊ တံတားတွေ၊ တာဝါတိုင်တွေ စတဲ့ အခြေခံအဆောက်အအုံ ထောင်နဲ့ချီ ဖျက်ဆီးထားတာ၊ နှစ်ဖက်တိုက်ပွဲတွေကြားမှာ နေအိမ်တစ်သိန်းကျော် ပျက်စီးခဲ့တာတွေကို ပြန်တည်ဆောက်ကြတာဆိုတဲ့ အရင်းခံက များပြားလှတဲ့သဘောဆောင်ပြီး ဒီတည်ဆောက်မှုတွေကြောင့်လည်း ဆောက်လုပ်ရေးကဏ္ဍ တိုးတက်နေတာမို့လို့ အရင်းစစ်ရင် အမြစ်မြေဟာ ပြည်သူ့ဘတ်ဂျက်ကပဲ တစ်ဖန်ပြန်သုံးစွဲရဦးမှာဖြစ်တာကြောင့် တိုးတက်ပေမဲ့ ပျော်ဖို့တော့ ခက်..."

" တရုတ်နိုင်ငံက NUG ကို တစ်စက်မှ လှည့်မကြည့်လို့ SAC ဘက်ရပ်တာကြောင့်ပဲဖြစ်ဖြစ်၊ အမေရိကန်ရဲ့ Trade War တစ်ကျော့ပြန် အသက်ဝင်လာနိုင်တာကြောင့်ပဲဖြစ်ဖြစ် ဒီခရီးစဉ်ကို အသိအမှတ်မပြုရင်တောင်မှ ကျောက်ဖြူ-ကူမင်းလို၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေဟာ တစ်ကျော့ပြန်နိုးထလာတော့မှာ အသေအချာပါ။ ဒီအချိန်မှာ NLD အစိုးရဟောင်းလက်ထက်ကတောင် ဘာတစ်ခုမှ မြန်မာနိုင်ငံတိုးတက်ဖို့ မကူညီဘဲ ပြဿနာတွေကိုပဲ ဖန်တီးနေတဲ့ အမေရိကန်ထက် မြန်မာနိုင်ငံက ငြင်းပယ်လို့မရတဲ့ အိမ်နီးချင်းတရုတ်နဲ့ စီမံကိန်းတွေ ဆက်လုပ်တော့မယ့် သဘောသာဖြစ်လို့ တရုတ်အခက်၊ မြန်မာအချက်ဖြစ်အောင်၊ လုပ်ဆောင်မယ့် စီမံကိန်းတွေရဲ့ အကျိုး အမြတ်ခွဲဝေမှုတွေက တရုတ်ချည်းအသာရတာမဖြစ်ဘဲ မျှတအောင်၊ မြန်မာ့အချုပ်အခြာအာဏာနဲ့ ကြွေးမြီထောင်ချောက်ထဲမကျအောင် အစိုးရတာဝန်ရှိသူတွေက စွမ်းဆောင်ပြဖို့ပဲ အဓိကလိုတာ...."

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81548

#MT #mtnewsagency
#MT_ဆောင်းပါး
#MT_စီးပွားရေးသုံးသပ်ချက်
#MT_နိုင်ငံရေးသုံးသပ်ချက်

MT News _ Myanmar Transparency

13 Nov, 11:37


တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်၍ လှိုင်မြစ်ကူး ရွှေပြည်သာတံတားရေလမ်း ပြောင်းလဲမည်

MT News
၁၃. ၁၁. ၂၀၂၄

လှိုင်မြစ်ကူး ရွှေပြည်သာ တံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ် ရေလုပ်ငန်းဆောင်ရွက်မည် ဖြစ်သောကြောင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၂)နှင့် (၃)အကြားမှ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။

ပြောင်းလဲမည့် ရေလမ်း၏ ကင်းလွတ်အကျယ်သည် ၃၄၅ ပေနှင့် ကင်းလွတ်အမြင့်သည် အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၃၆ ပေရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက် ရေလမ်းတွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသထားမည်ဖြစ်ပြီး ညအခါ ....

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81545

#လှိုင်မြစ် #ရွှေပြည်သာတံတား #လှိုင်သာယာ #MT #mtnews

MT News _ Myanmar Transparency

13 Nov, 10:10


မျိုးကျော်ကို ရှောင်စရာ မလိုတော့ဘဲ တည့်တည့် ဝင်တိုးလိုက်ပါဆိုတဲ့ နေဝင်း

၁၃.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

“ပထမကားထဲမှာ မျိုးကျော် ရှောင် ဆိုတာက ဇာတ်ကားထဲမှာပါတဲ့ စကားလုံးပဲပေါ့။ အဲဒါလေးကလည်း ထွေလာလေးမှာ သူ့ဟာနဲ့သူ့ အဆက်အဟပ် တည့်သွားတယ်ပေါ့နော်။ မျိုးကျော်ကို ရှောင်စရာမလိုတော့ပါဘူး။ တည့်တည့်ကြီး ဝင်တိုးလိုက်ရင်ရပြီ။ ဒီတစ်ခေါက်က မျိုးကျော်ကို တည့်တည့်ဝင်တိုးရင် ရပါပြီ” နေဝင်း

YouTube တွင် ကြည့်ရှုရန်
https://youtu.be/kbLcRRpu7wM

#နေဝင်း #NayWin #အကယ်ဒမီနေဝင်း #AcademyNatWin #MyanmarActor
#MyanmarActor #MTEntertainment

MT News _ Myanmar Transparency

13 Nov, 09:35


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မိသားစုဝင်တွေရဲ့ အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်တွေကို နာဂလိုဏ်ဂူတော်သို့ ပို့ဆောင်ခဲ့

၁၃.၁၁.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မိသားစုဝင်တွေရဲ့ ၂၀ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်တွေ ပို့ဆောင်ခြင်းကို ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစွယ်တော်လမ်းရှိ နာဂလိုဏ်ဂူကလေးဝတောရ စာသင်တိုက်ကျောင်းမှာ ပို့ဆောင်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဆိုရင် စုပေါင်းဘုံကထိန်ကတော့ လုပ်ဆောင်ခဲ့တာဆိုရင် ၂၀ ကြိမ်မြောက်ရှိပါပြီ။ ဥက္ကဋ္ဌ ဦးစိန်တင်လက်ထက်ကတည်းက ကထိန်စလုပ်ခဲ့တာပါ။ ကြားထဲမှာ မကျင်းပဖြစ်တဲ့ နှစ်တချို့တော့ ရှိတာပေါ့။ နှစ်တိုင်းတော့ လုပ်ဖြစ်ပါတယ်။ ငွေအမောင့်လေး များများနဲ့ ပဒေသာတွေ သီထားပါတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81535

#စုံပေါင်းဘုံကထိန်
#ကထိန်သင်္ကန်းကပ်လှူခြင်း
#UAyeKyuLay #MMPO
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

MT News _ Myanmar Transparency

13 Nov, 09:13


မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်းသို့ လေယာဉ်ခရီးစဉ်များဖျက်သိမ်း

၁၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေခရီးစဉ်ကျွန်းဖြစ်သော ဘာလီကျွန်း၏အနီးရှိ ဖလိုးစ်ကျွန်းပေါ်ရှိ မီးတောင်တစ်ခုပေါက်ကွဲမှုကြောင့် ပြာများ မိုးကောင်းကင်သို့ မိုင်နှင့်ချီ၍ မှုတ်ထုတ်လွင့်တက်နေရာ ဘာလီကျွန်းသို့ပျံသန်းနေသော ဩစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ လေကြောင်းပျံသန်းမှုခရီးစဉ်များကို နိုဝင်ဘာလ ၁၃ ရက်တွင် ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။

Jetstar နှင့် Qantas လေကြောင်းလိုင်းများက မီးတောင်ပေါက်ကွဲမှုများဖြစ်နေစဉ်အတွင်း လုံခြုံစိတ်ချရမှု အကြောင်းပြချက်များဖြင့် ပျံသန်းမှုခရီးစဉ်များကို နိုဝင်ဘာလ ၁၃ ရက်တွင် ရပ်ဆိုင်းခဲ့ကြသည်။ Airasia နှင့် Virgin လေကြောင်းလိုင်းများကလည်း ဘာလီကျွန်းသို့ ပျံသန်းမှုခရီးစဉ်များ ရပ်နားထားလျက်ရှိကြသည်။ အခြားသော နိုင်ငံတကာ လေကြောင်းလိုင်းများကလည်း ဘာလီကျွန်းသို့ လေယာဉ် အဝင်အထွက်များ မပြုလုပ်ဘဲ ရပ်နားထားရာ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81531

#မီးတောင် #ပေါက်ကွဲ #ဘာလီကျွန်း #လေယာဉ်ခရီးစဉ် #ဖျက်သိမ်း #MT #mtnews

MT News _ Myanmar Transparency

13 Nov, 08:52


အသက် ၅၀ နား နီးပေမယ့် အဘိုးကြီး မဖြစ်သေးဘဲ စိတ်ပျော်တော့ ကိုယ့်နုနေတယ်ဆိုတဲ့ သတ္တိ

၁၃.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

“သူကတော့ ငယ်ငယ်တုန်းကတော့ ကလေး… အမဆိုရင် သူ့ပုံ အမြဲတမ်းပြောတယ်။ ကလေးမသာရုပ်လေး‌နဲ့ တူတယ်လို့ဆိုပြီးတော့ ပြောဖြစ်တယ်…။ မဆိုးပါဘူး လူစုံတုန်းရှင်းပြတာ.. ။ ဘယ်သူမှမသိဘူး။ တစ်နိုင်ငံလုံး သိတယ်။ သူတို့သေချာ ပြန်ကြည့်ရတယ်…။ ခုမှသာ သူက အသက်ကြီးလေ တဖြေးဖြေးနဲ့ နုလာတယ်။ ခုကြတော့မှ ပိုပြီးတော့ ကြည့်အောင်တယ်ပေါ့နော်…။ နုနေတယ်လို့ ပြောရမှာပေါ့။ အမှန်တော့ အဘိုးကြီးမဖြစ်သေးဘူး။ ပြောချင်တာက ဒီလိုမဖြစ်သင့်ဘူး။ အိုသင့်ပြီပေါ့ ပြောချင်တာ။ ဘာလို့လဲဆိုတော့ ၅၀ နားနီးပြီးပဲ.. ။ အဓိက ပျော်ပျော်နေလို့ပါ။ ပျော်ပျော်နေတော့ စိတ်ပျော်တော့ကိုယ့်နုတာပေါ့ ဒီသဘောပါပဲ” သတ္တိ၊ မြတ်နိုးအိမ်

YouTube တွင် ကြည့်ရှုရန်
https://youtu.be/t-oodVL2PJE

#သတ္တိ #မြတ်နိုးအိမ်
#ThetTi #MyatNoeEain
#MyanmarActor #MyanmarCeleBirthday
#BirthdayDonation
#mtentertainment

MT News _ Myanmar Transparency

13 Nov, 08:24


ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ဘီလျံနာ အီလွန်မာ့စ်ခ်ကို အစိုးရစွမ်းဆောင်ရည်ဌာန ဦးဆောင်ရန် ရွေးချယ်

၁၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေစာရင်းမှာ နံပါတ်တစ်နေရာမှာရှိနေတဲ့ SpaceX ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်ခ်(Elon Musk) နဲ့ သမ္မတလောင်းအဖြစ် ယခင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဗီဗက်ရာမာဆွာမီ(Vivek Ramaswamy) တို့နှစ်ဦးကို အသစ်ဖန်တီးမယ့် အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်ကြဖို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က နိုဝင်ဘာလ ၁၂ ရက်မှာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဌာနဟာ အမည်မှာတော့ အစိုးရဆိုတာပါနေပေမယ့် လက်တွေ့မှာ အစိုးရအဖွဲ့အစည်းဌာနတစ်ခုမဟုတ်ဘဲ အစိုးရအပြင်ဘက်ကနေ အိမ်ဖြူတော်ကို အကြံပေးမှုနဲ့ လမ်းညွှန်မှုတွေလုပ်ဆောင်မှာဖြစ်တယ်လို့ ထရန့်က သူ့ရဲ့‌ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ ဒီဌာနက စီမံခန့်ခွဲမှုနဲ့ ရသုံးမှန်းခြေရုံးနဲ့ ပူးပေါင်းပြီး အကြီးစားဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို ဦးစားပေးပြီး တစ်ခါမှမရှိခဲ့ဖူးတဲ့ အစိုးရစီကို...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81528

#ဒေါ်နယ်ထရန့် #အီလွန်မာ့စ်ခ် #ဘီလျံနာ #spacex #Elonmusk #MT #mtnews

MT News _ Myanmar Transparency

13 Nov, 07:47


PRF များထံမှ NUG က လစဉ် ဒေါ်လာ ၈ သိန်းခန့်ရ၊ PDF တပ်ရင်းများထံ တစ်ကြိမ် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့နေဟု NUG ပြောသော်လည်း ဒေါ်လာပေါက်စျေးနှင့် PDF တပ်ရင်း ၃၅၀ ကို NUG က တစ်ကြိမ်ထောက်ပံ့ပါက ကျပ်သိန်း ၈၀ ခန့်သာရှိ၍ ဒေါ်လာ ၈ သိန်းခန့်မှထောက်ပံ့လျှင်ပင် လောက်ငဟု မေးခွန်းဝိုင်းထုတ်ပြီး ပိုလျှံငွေများ ခိုးယူနေကြဟု ဝေဖန်

၁၃. ၁၁. ၂၀၂၄
Written by Nay Moe

အဂတိလိုက်စားမှုတွေ၊ စာရင်းမရှင်းလင်းနိုင်မှုတွေကြောင့် နာမည်ပျက်နေရတဲ့ NUG ဟာ ထောက်ပို့တပ်သားလို့ သူတို့သုံးနှုန်းတဲ့ PRF တွေဆီကနေ လစဉ် ဒေါ်လာ ၈ သိန်းခန့်ရနေပြီး ဒီထောက်ပံ့ငွေကနေ PDF တပ်ရင်းတွေဆီ တစ်ကြိမ်ထောက်ပံ့ရင် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ နေဘုန်းလတ်က မနေ့က Press Briefing မှာ ထုတ်ဖော်ပြောလိုက်ပေမဲ့လည်း ဒီထောက်ပံ့မှုတွေမှာ ဒေါ်လာသိန်းချီ (ကျပ်ငွေ သိန်းသောင်းချီ) ကွာဟနေတယ်ဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81525

#NUG #PRF #PDF #ထောက်ပံ့ငွေများခိုးယူ #အဂတိလိုက်စားမှု #နေဘုန်းလတ် #MT #mtnews

MT News _ Myanmar Transparency

13 Nov, 07:16


တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သဘော ကျနေကြတဲ့ မမဆောင်းနဲ့ ထက်ထက်ထွန်း

၁၃.၁၁.၂၀၂၄
ရိုက်ကူး/တည်းဖြတ် -သန္တာ၊ အနိုင်

“လိုင်းပေါ်တော့ မမဆောင်းကို တွေ့ပြီး ချစ်နေတာ ကြာလှပြီပေါ့နော် …။ I love you All . You Love My All နဲ့လေ။ သူက အရမ်းရိုးသားတယ်၊ အရမ်းပွင့်လင်းတာပေါ့နော် … ။ မမဆောင်းက ပိုပွင့်လင်းတယ်။ ပြောရင်းနဲ့ ပွင့်လင်းတာကတော့ ပြောချင်တာပြောပြီး စိတ်ထဲမှာလည်နေတာ လိုရင်းလည်း မရောက်ဘူး။ မေးတဲ့သူက တစ်မျိုးမေးတယ်။ ကိုယ် ဖြေတာက တစ်မျိုးဖြေတယ်…။ မမှတ်မိတော့တာ။ မေးတဲ့မေးခွန်းကို မမှတ်မိတော့တာ။ လည်နေတာများတယ်။ မလည်ရင် မမဆောင်းမဟုတ်တော့ဘူး။ အချစ်ရေးတွေ ကြည့်ပြီး အမြဲတမ်းအားကျရတယ်။ ကိုယ်တောင်မသိဘူး။ သူတို့ပဲ လျှောက်ပြောနေတာ…။ ကိုယ်ကမသိတာ။ လိုင်းပေါ်မှာ ပြောထားသလိုပဲ။ ကိုယ့်ကိုဘယ်သူတွေ ကြိုက်နေမှန်းလည်းမသိဘူး။ ကိုယ်ကဘယ်သူ့ကို စိတ်ဆိုးနေမှန်းလည်း မသိဘူး။ ဘယ်သူမှလည်း လာမချော့ဘူး…။ မမဆောင်းလည်း ဘယ်သူကြိုက်နေမှန်းမသိဘူး။ ကြိုက်သလို မကြိုက်သလိုနဲ့ … ။ ကိုယ်က ထက်ထက်ကိုအားကျနေတာ” မမဆောင်း၊ ထက်ထက်ထွန်း

YouTube တွင် ကြည့်ရှုရန်
https://youtu.be/WHbFSN9L8Cc

#မမဆောင်း #ထက်ထက်ထွန်း
#MaMaSaung #HtetHtetHtun
#MyanmarActress

MT News _ Myanmar Transparency

13 Nov, 06:54


မန်းဝိန်းနယ်စပ်ဂိတ်တွင် တရုတ်ဘက်မှ တရားဝင်အခွန်ဆောင်မှုဖြင့် ခွင့်ပြုထားမှုအပေါ် မြန်မာဘက်မှ ပြန်လည်တုံ့ပြန်မှုမရှိသေးသော်လည်း ညှိနှိုင်းမှုများအဆင်ပြေပါက ကုန်စည်စီးဆင်းမှု ပိုကောင်းလာမည်ဟုဆို

◾️ ပြည်ထောင်စုလမ်းမကြီး မဖွင့်လှစ်နိုင်ချိန်အထိ ကုန်စည်စီးဆင်းမှုမှာ တရားမဝင်အဖြစ်သာရှိနေမည်ဟု သုံးသပ်

၁၃. ၁၁. ၂၀၂၄
Written by Nyein Kyaw

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်မြို့၊ မန်ဝိန်းနယ်စပ်ဂိတ်တွင် တရုတ်ဘက်မှ တရားဝင်အခွန်ဆောင်မှုဖြင့် ခွင့်ပြုပေးထားမှုအပေါ် လက်ရှိတွင် မြန်မာဘက်မှ တုံ့ပြန်ပြောဆိုမှုများ မရှိသေး‌သော်လည်း ညှိနှိုင်းမှုများဆောင်ရွက်ပြီးစီးပါက ယခုထက် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ်သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“ပုံမှန်ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ပေါ့။ အခုက သုံးဘီးဆိုင်ကယ်နဲ့ထုတ်တယ်။ ဆိုင်ကယ်နဲ့ ထုတ်တယ်။ အဲဒီလိုပေါ့။ အဲဒါတွေ အစားကို အဲဒီနေရာမှာက ဟင်းရွက်ဟင်းသီးနဲ့ စားသောက်ကုန်ပဲ ပေးတော့မယ်ပေါ့။ ဒါပေမဲ့ တရုတ်ဘက်က ကမ်းလှမ်းတဲ့ပုံကတော့ ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81520

#နယ်စပ်ဂိတ် #ကုန်စည် #ကျယ်ဂေါင် #သွင်းကုန် #MT #mtnews

MT News _ Myanmar Transparency

11 Nov, 17:14


တည်းခိုခန်းမှာ အသက် ၂၀ ကျော် အမျိုးသမီးငယ်တစ်ဦး အဝတ်ဗလာနဲ့ အသတ်ခံရမှု မန္တ‌လေးမှာ ဒီည ဖြစ်ပွား

၁၁ .၁၁. ၂၀၂၄
Written by Hey Mar

အသက် နှစ်ဆယ်‌ကျော်အရွယ်အမျိုးသမီးငယ်တစ်ဦး တည်းခိုခန်းမှာ အသတ်ခံရတဲ့ ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီဝန်းကျင်က မန္တလေးမြို့ ၃၆ လမ်း / ၇၀- ၇၁ လမ်းကြားရှိ တည်းခိုခန်း တစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

သေဆုံးသူအမျိုးသမီးငယ်မှာ အပေါ်ပိုင်းနဲ့ ခန္ဓာကိုယ် အဝတ်ဗလာဖြစ်နေသလို ထိုးကြိတ်ကန်ကြောက် ဒဏ်ရာတွေအပြင် ပါးချိတ်အောက်မှာ ထိုးသွင်းဒဏ်ရာရရှိထားပြီး မေးရိုးလည်း ပြုတ်ထွက်...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81370

#မန္တလေး #တည်းခိုခန်း #လူသတ်မှု #MT #mtnews

MT News _ Myanmar Transparency

11 Nov, 17:04


ဇူကာဘတ်ဟာ ကလေးငယ်တွေ လူမှုကွန်ရက်ကို အလွန်အမင်းစွဲလမ်းအောင်ပြုလုပ်ခဲ့တယ်လို့ သူ့ ကုမ္ပဏီ ကို တရားစွဲထားမှုတွေမှာ ပုဂ္ဂိုလ်ရေးအရ တာဝန်မရှိဟု တရားသူကြီးတစ်ဦး ပြော

၁၁.၁၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ တရားသူကြီးတစ်ဦးက Meta Platforms ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မာ့ခ် ဇူကာဘတ်ဟာ ကလေးငယ်တွေ လူမှုကွန်ရက်ကို အလွန်အမင်းစွဲလမ်းအောင်ပြုလုပ်ခဲ့တယ်လို့ သူ့ ကုမ္ပဏီကို တရားစွဲထားတဲ့ အမှု ၂၅ မှုမှာ ပုဂ္ဂိုလ်ရေးအနေနဲ့ တာဝန်ရှိတယ်လို့ မဆိုနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ အော့ကလန်မြို့မှ ခရိုင်တရားသူကြီး Yvonne Gonzalez Rogers က Meta အနေနဲ့ Facebook နဲ့ Instagram တို့ကိုအသုံးပြုတာက ကလေးတွေမှာ ပြင်းထန်တဲ့ စိတ်ဝေဒနာခံစားမှုတွေ ရနိုင်တာကို ဖုံးကွယ်ဖို့အားထုတ်ပြုလုပ်ဖို့ ဇူကာဘတ်က ညွှန်ကြား...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81367

#Facebook #usa #အမေရိကန် #ကလေးသူငယ် #MT #mtnews

MT News _ Myanmar Transparency

11 Nov, 16:41


တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံပျံပွဲတော် ဖွင့်ပွဲအား စည်ကားစွာ ကျင်းပ

၁၁.၁၁.၂၀၂၄
Written by Thettant

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပမဲ့ တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို မူလစီစဥ်ထားတဲ့ ကျင်းပမယ့်ရက်ကနေ ရာသီဥတုအခြေအနေအရ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြောင်းလဲကျင်းပဖို့ စီစဥ်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲ ဒီနေ့မှာတော့ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေတယ်လို့ သိရပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မူလက နိုဝင်ဘာ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပဖို့ စီစဥ်ခဲ့ပေမဲ့ မိုးလေဝသခန့်မှန်းချက်တွေအရ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ရက်ပြောင်းလဲကျင်းပရာမှာ ဒီညနေ ၆ နာရီက ဖွင့်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ ဖျော်ဖြေမှုတွေ ဆက်လက်လုပ်ဆောင်မှုနဲ့အတူ ဒီညအတွက် ညမီးကြီးနဲ့ စိန်နားပန် ၇ လုံး လွှတ်တင်မယ့် အစီအစဥ်အတိုင်း ​အောင်အောင်မြင်မြင်လုပ်ဆောင်ခဲ့...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81357

ပုံစာ။ တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲ မြင်ကွင်းများ (Photo - Channel 11 Taunggyi & Maoung Pae)

#တောင်ကြီး #တန်ဆောင်တိုင် #မီးပုံးပျံ #အဝေရာကွင်း #MT #mtnews

MT News _ Myanmar Transparency

11 Nov, 15:56


အသက် ၃၀ ကျော်မှ ဆေးပေးမီးယူအနေနဲ့ ရွှေလက်တွဲရင်ကောင်းမလားလို့ ခုတော့ ဖလန်းဖလန်းထလိုက်ဦးမယ် ဆိုတဲ့ အေမီဈာန်

၁၁.၁၁.၂၀၂၄
ရိုက်ကူး/ တည်းဖြတ် - သန္တာ၊ အနိုင်

"အေမီထင်တာကတော့ ၃၀ ကျော် ၃၆ လောက်မှ ဆိုရင် မကောင်းဘူးလား။ မကစ်အရွယ်ပေါ့နော်။ တော်ပြီလေ။ ဆေးပေးမီးယူ။ အဲ့အချိန်ကြမှ ဆေးပေးလို့ကောင်းတယ်လေနော်။ ငယ်ရွယ်တုန်းကတော့ ဖလန်းဖလန်းတော့ ခဏထရဦးမှာပေါ့။ အဲလိုမြင်တာပဲ... ။ အေမီဆိုရင်တော့ ဘုန်းကြီးကျောင်းမှာပဲ တောင်းခံရမယ် ထင်တာပါပဲ။ အေမီက ဘုရားသွားကျောင်းတက် များတော့လေဆိုတော့။ အေမီ့ကိုဖမ်းရင်တော့ ကျောင်းတွေပဲ တစ်ကျောင်းပြီး တစ်ကျောင်းမှာတွေ့မှာပါလို့ဆိုတော့ အဲ့ဒါက စ,တာပါ။ ရေထဲမှာ တောင်းခံရမယ် စဉ်းစားထားတယ်။ကျောက်ဖယားမြစ်ထဲမှာ ဘာတို့ပေါ့နော်။ အဲ့လိုမျိုးဆိုရင်တော့ ‌ကြိုက်ပါတယ်" အေမီဈာန်

#အေမီဈာန် #AMiZan #အလိုတော်ပြည့်
#Alodawpyae #MyanmarCele
#MyanmarActress #MyanmarSinger
#CelePropose #MTEntertainment

MT News _ Myanmar Transparency

11 Nov, 14:48


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၁၁. ၁၁. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ SAC ဥက္ကဋ္ဌခရီးစဉ် မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူး အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားတဲ့သတင်း

◾️ ညောင်ဦးတွင် PDF ခုနစ်ဦးက အမျိုးသားသုံးဦးကို ဖမ်းဆီးရိုက်နှက် သေနတ်ဖြင့် ပစ်သတ်၍ နှစ်ဦးသေဆုံးတဲ့သတင်း

◾️ မြန်မာ့ပင်လယ်ပြင်အတွင်း သုံးရက်ကြာ မျောပါနေသည့် ကျားဖောင်လုပ်သား ၁၂ ဦးကို ကူညီ ကယ်ဆယ်နိုင်ခဲ့တဲ့သတင်း

◾️ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပဖိုစီမံနေတဲ့သတင်း

◾️ ငွေကြေးဈေးကွက် မတည်ငြိမ်အောင်လှုံ့ဆော်ပြီး နိုင်ငံခြားငွေဈေးကစားရန်နဲ့ ကုန်ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေတဲ့ လူမှုကွန်ရက် page၊ Group တွေနဲ့ Admin တွေကို ဗဟိုဘဏ် အရေးယူမယ်ဆိုတဲ့သတင်း

◾️ တရုတ်နယ်စပ် ကျယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက်ကုန်ပစ္စည်းများအားလုံး ဒီနေ့ကစတင်ပြီး ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကတစ်ဆင့် ဝင်၊ ထွက်ရမည်ဟု တရုတ်သတ်မှတ်လိုက်တဲ့သတင်းနဲ့

◾️ မြန်မာနိုင်ငံကိုအလုံးစုံပိတ်ဆိုရေး Article 33 နဲ့ပတ်သက်လို ကမ္ဘာ့အလုပ်သမားသမားအဖွဲချုပ် ILO က သူတိုရဲ့ ညီလာခံမှာ ဆက်လက်ဆွေးနွေးမယ်ဆိုတာကို မြန်မာအလုပ်သမားထု ကန့်ကွက်တဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment #mtnews #myanmar_transparency_news #MT #myanmar_transparency_news

MT News _ Myanmar Transparency

11 Nov, 14:38


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ယနေ့ ပြုလုပ်ခဲ့ပြီး SAC ဥက္ကဋ္ဌ တက်ရောက်

◾️ကထိန် ပဒေသာပင် ၄၉ ပင် အပါအဝင် စုစုပေါင်းကျပ်သိန်း ၁၃၀၀ ကျော် လှူဒါန်း

၁၁. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81346

#sac #အစိုးရ #ကထိန် #သင်္ကန်း #ဆက်ကပ် #MT #mtnews

MT News _ Myanmar Transparency

26 Oct, 08:48


စင်ကာပူရောက် မြန်မာနိုင်ငံသားအလုပ်သမားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှင့်အတူ ပြတင်းပန်းဆွဲမှ အောက်သို့ပြုတ်ကျလုဆဲ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအသက်ကို ကယ်ဆယ်ခဲ့ကြ၍ ဆုချီးမြှင့်ခံရ

၂၆.၁၀. ၂၀၂၄
Translated by Htwe Ko Tun

စင်ကာပူရောက် မြန်မာနိုင်ငံသားအလုပ်သမားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနဲ့အတူ ပြတင်းပန်းဆွဲက အောက်သို့ပြုတ်ကျလုဆဲဆဲ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအသက်ကို ကယ်ဆယ်ခဲ့ကြလို့ ဆုချီးမြှင့်ခံခဲ့ရတယ်လို့ သိရသလို ဒီဖြစ်စဥ်မှာ မြန်မာနိုင်ငံသားက သုံးထပ်အမြင့်အထိ သက်စွန့်ဆံဖျား တက်ရောက်ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က စင်ကာပူနိုင်ငံမှာ လော်ရီကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့ ဂျာဟဲဟာ အောက်တိုဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့ သူ့ရဲ့အားလပ်ရက်မှာ အိမ်ကနေ နေ့လယ်စာဝယ်ဖို့ ဆိုင်ကယ်နဲ့ထွက်လာချိန် အိမ်အနားက အိမ်ရာနဲ့ ဖွံ့ဖြိုးမှုဘုတ်အဖွဲ့အဆောက်အအုံအောက်ခြေမှာ လူတွေစုဝေးနေကြတာ မမျှော်လင့်ဘဲ တွေ့ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလည်းဖြစ်တဲ့ ဂျာဟဲဟာ လူအုပ်နားကို ဘာဖြစ်နေလဲ ချဉ်းကပ်သွားချိန်မှာတော့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79707

#စင်ကာပူ #မြန်မာနိုင်ငံသား #ကလေးငယ်တစ်ဦး #ကယ်တင် #MT #mtnews

MT News _ Myanmar Transparency

26 Oct, 07:48


ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး

၂၆.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းမကြီးပေါ် ၊ MAX ဆီဆိုင်အနီးတွင် စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရသောကြောင့် သေဆုံးသွားကြောင်း ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၅ ရက် ည ၈ နာရီခွဲခန့်အချိန်က ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်အကြောင်းကြားသည့်အတွက် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြကာ ယာဉ်တိုက်ခံရသော အမျိုးသမီးအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူက စိတ်မနှံ့ဘူးလို့ သိရတယ်။ အရင်ရက်တွေကလည်း အဲဒီလိုပဲ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတာလို့ ကြားသိရတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79704

#ဒဂုံမြို့သစ် #စိတ်မနှံ့သည့်အမျိုးသမီး #ယာဉ်တိုက်ခံရ #maxဆီဆိုင် #MT #mtnews

MT News _ Myanmar Transparency

26 Oct, 07:17


အစ္စရေးက အီရန်ကိုလေကြောင်းတိုက်ခိုက်မှုများဖြင့် စတင်လက်တုံ့ပြန်

၂၆.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို အောက်တိုဘာ ၂၆ ရက် နံနက်ခင်းမှာ တိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ အီရန်ရဲ့ အောက်တိုဘာလဆန်းပိုင်းမှာ အစ္စရေးနိုင်ငံကို တိုက်ချင်းပစ်ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို လက်စားချေတုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးစစ်ဘက်က အီရန်နိုင်ငံအတွင်းမှာရှိတဲ့ စစ်ဘက်အဆောက်အအုံတွေကို တိကျစွာတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ အစ္စရေးရဲ့ တုံ့ပြန်တိုက်ခိုက်မှုပစ်မှတ်တွေမှာ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံတွေမပါဝင်ဘူးဆိုတာလည်း အစ္စရေးစစ်ဘက်က ပြောခဲ့ပါသေးတယ်။

အီရန်ဘက်က‌တော့ အစ္စရေးရဲ့ဒုံးပျံတိုက်ခိုက်မှုတွေကို ကြားဖြတ်တိုက်ခိုက်မှုပြုနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စစ်ဘက်အခြေခံ အဆောက်အအုံတွေအနေနဲ့ အနည်းငယ်သာပျက်စီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ကောင်းကင်ပြင်မှာ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေနဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79701

#အစ္စရေး #အီရန် #လေကြောင်းတိုက်ခိုက် #လက်တုံ့ပြန် #MT #mtnews

MT News _ Myanmar Transparency

26 Oct, 06:46


ထိုင်းနိုင်ငံတွင် ဧည့်စာရင်းမတိုင်သည့် မြန်မာ ၃၀ ဦး အဖမ်းခံရ၊ ထိုင်းဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ခံရနိုင်

၂၆.၁၀.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် ဧည့်စာရင်းမတိုင်သည့် မြန်မာ ၃၀ ဦး အဖမ်းခံထားရကာ ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံအစိုးရ၏ ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်က ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့အနေဖြင့် စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်၊ ခုတ်ခန်ကျေးရွာရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ကြသော တန်းလျားတစ်ခုကို ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မည်သည့်နိုင်ငံသားဖြစ်စေ နိုင်ငံအစိုးရ၏ သတ်မှတ်ထားသော ဥပဒေရ မိမိတို့နေထိုင်ကြသည့် ခရိုင်တစ်ခုက အခြားခရိုင်တစ်ခုသို့ သွားရောက်စဉ် တစ်ညအိပ်ထက် ပိုမိုကြာရှည်မည်ဆိုပါက ရောက်ရှိသည့်အချိန်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာ နယ်မြေလူဝင်မှုကြီးကြပ်ရေးဌာနတွင် ဧည့်စာရင်းတိုင်ကြားရမည်ဟု ဥပဒေ ထုတ်ပြန်ထားကြောင်း သိရ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79696

#ထိုင်း #မြန်မာ #ရွှေ့ပြောင်းလုပ်သား #MT #mtnews

MT News _ Myanmar Transparency

26 Oct, 05:57


MNA လေကြောင်းလိုင်းက ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်ကို အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲမယ်

၂၆.၁ဝ.၂ဝ‌၂၄
Written by K Pyay Thein

MNA မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်တဲ့ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်ကို အောက်တိုဘာလ၂၇ ရက်နေ့ကစလို့ အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ ရန်ကုန်ကနေ နံနက် ၁၁ နာရီခွဲမှာ ထွက်ခွာ‌ပေးမှာဖြစ်ပြီး ပုသိမ်လေဆိပ်ဆီ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ပုသိမ်ကနေ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်မှာ ပြန်လည်ထွက်ခွာပြီး ညောင်ဦးလေဆိပ်ဆီ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှာရောက်ရှိမှာဖြစ်သလို ညောင်ဦးကနေ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်မှာ ပြန်လည်ထွက်ခွာကာ မန္တလေးလေဆိပ်ကို မွန်းလွဲ ၃ နာရီမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္လာနေ့အတွက် မန္တလေး- ညောင်ဦး – ပုသိမ် – ရန်ကုန်ခရီးစဉ်ကိုတော့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79692

#MNAလေကြောင်းလိုင်း #ခရီးစဉ်အသစ်
#အချိန်ပြောင်းလဲ #MT #mtnews

MT News _ Myanmar Transparency

26 Oct, 05:15


ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်း၍ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထား

၂၆. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀၊ တရုတ်ယွမ် ၈ သိန်းကျော်နှင့် ထိုင်းဘတ် ၂ သိန်းကျော် ထပ်မံထုတ်ရောင်း၍ သီတင်းကျွတ်ရုံးပိတ်ရက်အပြီး နိုင်ငံခြားငွေများ ခြောက်ရက်ဆက်တိုက် ထုတ်ရောင်းခဲ့သလို နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၂၅ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် သီတင်းကျွတ်ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာ ၁၅ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ နီးပါးနှင့် ဒေါ်လာ ၆ သန်းကျော် ထုတ်ရောင်းပေးခဲ့သလို သီတင်းကျွတ်ရုံးပိတ်ရက် နောက်ဆုံးရက် အောက်တိုဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ခြောက်ရက်ဆက်တိုက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79689

#ဗဟိုဘဏ် #ဒေါ်လာ #ထုတ်ရောင်း #MT #mtnews

MT News _ Myanmar Transparency

26 Oct, 04:44


လှိုင်သာယာတွင် အဆောင်တစ်ခုမီးလောင်မှုအပါအဝင် တစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားပြီး နှစ်ဦး မီးဟပ်ဒဏ်ရာရ

၂၆.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်က တစ်ရက်တည်း မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီး​ငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ သိင်္ဂီလမ်းရှိ ကြယ်စင်(၁) ၄ ခန်းတွဲ ၂ ထပ်အဆောင်တွင် မီးသွေးမီးဖိုဖြင့် ဟင်းချက်ထားစဥ် ၅ ဂါလံဓာတ်ဆီပုံးကို ခလုတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ ၁၀ မိနစ်ကြာလောင်ကျွမ်းခဲ့ရာ ကြမ်းခင်းနှင့်ဘေးအကာ၊ ဓာတ်ဆီနှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ငှားနေသူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတွင် ညာလက်ခုံနှင့်လက်ဖဝါး မီးဟပ်ဒဏ်ရာ၊ အသက် ၆၅ နှစ်အရွယ် အဘိုးအို၏ ဘယ်ဘက်လက်ဖျံမီးဟပ်ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79677

#လှိုင်သာယာ #မီးလောင် #MT #mtnews