Myanmar Update News 🇲🇲 @updatenews2023 Channel on Telegram

Myanmar Update News 🇲🇲

@updatenews2023


Myanmar Update News

Myanmar Update News (English)

Are you interested in staying up-to-date with the latest news and events in Myanmar? Look no further than the Myanmar Update News Telegram channel! With the username @updatenews2023, this channel is dedicated to providing timely and accurate information on a wide range of topics, including politics, economy, culture, and more. Who is it? Myanmar Update News is a reliable source of news for those who want to stay informed about what's happening in Myanmar. Whether you're a local resident or just interested in current events in the country, this channel has got you covered. What is it? Myanmar Update News is a Telegram channel that delivers news updates straight to your device. By following @updatenews2023, you can receive breaking news, analysis, and opinion pieces on various subjects related to Myanmar. Stay informed and engaged with the news that matters most to you. Join Myanmar Update News today to receive regular updates on all things Myanmar. From political developments to cultural happenings, this channel is your go-to source for all the latest news in the country. Don't miss out on staying informed – follow @updatenews2023 on Telegram now!

Myanmar Update News 🇲🇲

19 Feb, 14:29


-
ယနေ့ည နောင်ချို ပလောင်တွေစုနေတဲ့နေရာကို လေနတ်သား‌တွေ၊ဗုံးကြဲသွားတယ်တဲ့။

Myanmar Update News 🇲🇲

19 Feb, 14:22


ကပစ  DI ထုတ်  စစ်စစ်တွေပါဗျာ    ဗန်းမော်  တပ်နယ်က  နေရာအနှံ့မှာ   ရောက်ရှိနေပြီမို့    ယခုလကုန်ပိုင်း   စစ်ကူအဖွဲ့ ထပ်ရောက်လာမဲ့အချိန်မှာ 
အမြည်း  ထပ်ကြွေးပေးပါ့မယ်   အခြောက် ဂွမ်မော် တို့လည်း  အသံတိတ်ကုန်ပါလားဗျာ     ဘူကောင်   နော်ဘူဆိုတဲ့ ကောင်က ဘာ အာ​ေချာင်ချင်နေလဲမသိဘူး   အင်ဘန်လ တောင်မှ  တပ်မတော်ရဲ့ သဘောထားအမှန်ကို သိနေပြီလေ     NCA လမ်းကြောင်းကို  ချီတက်သင့်ပြီ ဆိုတဲ့ အသံထွက်လာနေပါပြီ

          တပ်မဟာ ၃ မှုးလည်း  အရေးယူခံရဖို့ ရှိနေတာကြောင့်  တပ်မဟာ ၆ / ၉ တပ်မဟာမှုးတွေနဲ့ ပွဲထုတ်လာနိုင်မှာလား  ဆိုတာကတော့  စစ်သတင်းများ ဆက်စောင့်ကြည့်ကြတာပေါ့ခင်ဗျာ

အားလုံးကို  လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်

၂၀၂၅    ဖေ    ၁၉ ၂၀၃၀

Myanmar Update News 🇲🇲

19 Feb, 13:21


မနေ့က ညနေ ၅ နာရီ လောက်မှာ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါင်းတလည်ကြားက တောင်ဆင်း၀ကွေ့အနီးမှာ ကိုယ်၀န်ဆောင်တွေ ဆေးခန်း
သွားပြတဲ့ကား ကို အပြန်မှာ PDF 3061တပ်ရင်းက
တိုက်ခိုက်ပြီး မီးရှို့ခဲ့တယ်။

ကားထဲမှာပါတဲ့ ကိုယ်၀န်ဆောင်တွေနဲ့ တခြား အမျိုးသမီးတွေပါ မီးထဲမှာ ပါသွားတယ်လို့ သိရတယ်။

အဲ့ဒီဖြစ်စဉ်ကို PDF နဲ့ ထောက်ခံအားပေးတဲ့ မီဒီယာတွေက
သတင်းကိုဘယ်လိုတင်လဲဆိုရင် စစ်တပ်ကား
ရိက္ခာပို့တာကို ကြားဖြတ်တိုက်တယ်ဆိုပြီး
ရေးထားတယ်။

ဒီလောက်ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို
ထောက်ခံအားပေးတဲ့အပြင် သတင်းအမှားပါ
တင်ပြီး ဝါဒဖြန့်ပေးသေးတယ်။

အကြမ်းဖက်သမား PDF တွေနဲ့ အကြမ်းဖက် အားပေး မီဒီယာတွေ အောက်တန်းကျတဲ့
လုပ်ရပ်ပဲ။

Htimyataung

Myanmar Update News 🇲🇲

19 Feb, 13:03


မန္တလေးတိုင်း
ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်ရှိ ရွှေဧရာတည်းခိုခန်းတွင် ရောက်ရှိတည်းခိုနေသော အကြမ်းဖက် PDF သင်တန်းဆင်း ငြိမ်းမင်းအား ဖမ်းမိ။

Myanmar Update News 🇲🇲

19 Feb, 13:01


(၁၉၊ ၂၊ ၂၀၂၅) လက်ရှိပြည်တွင်းစစ်မှာ မှော်ပညာ အောက်လမ်းအစီအရင်တွေ အသုံးချနေကြပါသလား
===
မကြာသေးမီက မိတ်ဆွေတစ်ယောက်နဲ့ အတော်ကြာ စကားလက်ဆုံကျမိတယ်။

မြန်မာပြည်အနောက်ပိုင်း ကျဆုံးသွားတဲ့ မြို့ရွာ/စခန်းတွေကို ပြန်ယူဖို့ လောလောဆယ်အခက်အခဲ ရှိမယ် ထင် ကြောင်း၊ လက်ရှိဖြစ်ပွားနေတဲ့ အဲ့ဒီဘက် စစ်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ပြီး အသက်ရှင်လျှက် ဆုတ် ခွာလာနိုင်တဲ့ တပ်ဖွဲ့ဝင်အချို့က ပြောဆိုကြောင်း၊ ဒီဘက်က ကြဲချတဲ့ ဗုံးတွေဟာ ရန်သူ့အပေါ် ထိရောက်တယ် လို့ မရှိပဲ ပစ်လွှတ်လိုက်တဲ့ ဒရုန်းအချို့လည်း ပျောက်ဆုံးသွားတယ်လို့ သိရှိရကြောင်း၊ အဲ့ဒီဘက် ရန်သူနဲ့မျက် နှာချင်း ဆိုင်တွေ့ကြတဲ့အခါ သူတို့အင်အားက အမှန်တကယ် ၂၀၀-၃၀၀ လောက်ရှိပေမယ့် ဒီဘက်တပ်ဖွဲ့ ဝင် များ မျက်လုံးထဲမှာ အင်အား ထောင်ချီတယ်လို့ မြင်နေရကြောင်း၊ တကယ်တိုက်ကြပြီ ဟေ့ ဆို ဒီဘက်တပ်ဖွဲ့ ဝင်တွေမှာ အလိုလို ကြောက်စိတ်ဝင် သိမ်ငယ်သလိုလို ဖြစ်နေတတ်တယ်လို့ ပြောသံကြားရကြောင်း၊ အောက် လမ်းနည်း မှော်ပညာ အစီအမံတွေ ဖြစ်လိမ့်မယ်လို့ မိတ်ဆွေက ဆိုပါတယ်။ #HtayOung #OungMarine

Myanmar Update News 🇲🇲

19 Feb, 12:59


https://t.me/viewnews2024

Myanmar Update News 🇲🇲

19 Feb, 12:59


## တောင်ခမ်း ##
°°°°°°°°°°°°°°°°°°

ဒီနေ့ တောင်ခမ်းတ-/န်-/ပြ-/န်-/ထို-/:စ-/စ် အနေအထားကတော့ နှစ်ဘက်-ပြ-/င်းထ-/န်-/လွန်းနေပါတယ်။

ထူးခြားမှုတစ်ခုက ယခင်တ-/န်ပြ-/န် ၃၅၄ ဘက်ကနေ လာနေတဲ့ အဖွဲ့တွေတင်မဟုတ်တော့ဘဲ ဒီနေ့မှာတော့ ၉၀၂ဘက်က မိမိအဖွဲ့တွေကပါ ရ-/သ-/ကို နှစ်ဘက်ပိတ်ပြီး ဆွမ်:ကြီ:လောင်:ကြပါတယ်။

၃၅၄ဘက်က လာတဲ့အဖွဲ့ကတော့ ဆယ်တောင်ပြည့်နဲ့ မန်မော်ကုန်းကို တာဝန်ယူကြပြီး ရ-/သ နောက်ကျောကိုဝင်သိပ်နေတဲ့ ၉၀၂ ဘက်က အဖွဲ့တွေကတော့ ဆယ်တောင်ပြည့်ကုန်းနဲ့ လေးဖါလုံအကွာက ရွှေရောင်ပြန်ကုန်းကို ဝင်ဆောင့်ပါတယ်။

ဒီကုန်းတွေ မိမိဘက်ကရရင် နောင်ချိုကိုရပြီဟုပြောလို့ရသလို နောင်ချိုကို မကျစေရေးအတွက် တဘက်ကလည်း အကြော-/က်-/အ-/က-/န် တုန့်ပြန်နေပါတယ်။

မနက်၁၀:၃၀ အထိကနေ ယခုအချိန်အထိ အပြန်အလှန် ပ—စ်ခ-/တ်နေတာဟာ ဆိုရင်ဖြင့် လေကွဲတွေအထိအောင်ပါတယ်လို့သိရပါတယ်။

ကိုခိုင်ဇော်

17:58

ဖေဖေါ်ဝါရီ(၁၉)၂၀၂၅

Myanmar Update News 🇲🇲

19 Feb, 12:15


အုတ်တွင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ဖမ်းဆီး

ဖေဖော်ဝါရီလ ၁၉

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမြန်လမ်းမကြီးတစ်လျှောက် လှည့်ကင်းဆောင်ရွက်နေစဉ် အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၈ မိုင် ၁ ဖာလုံအနီးအရောက် အုတ်တွင်း-ပေါက်ခေါင်းကားလမ်းအတိုင်း အုတ်တွင်းဘက်မှ ဗောဓိကုန်းကျေးရွာဘက်သို့ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၂)ရပ်ကွက်နေ စိုးဉာဏ်လင်း (၃၉)နှစ်မောင်းနှင်လာသည့် YGN 2L/xxxx Honda Fit ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် စိုးဉာဏ်လင်း အား ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်း (ပ)၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ- ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Myanmar Update News 🇲🇲

19 Feb, 12:14


ဗန်းမော်ခမရ၂၃၆၊အမတ၃၆၆

ဗန်းမော်မှာတစ်ကယ်သိမ်းမသိမ်းပြည်သူတွေသိဖို့ပါ။အကြမ်းဖက်KIAတွေအသေများပြာနေလို့နောက်ဆုံးမီးလို့တောင်ထအော်နေတာဘဲ

တော်တော်ကိုပြင်းပြင်းထန်ထန်သုတ်သင်ချေမှုန်းခံနေရတာနော်၊ဗွီဒီဖိုင်တွေတက်လာပါလိမ့်မယ်စောင့်ကြည့်ကြ
👌👌👌

Myanmar Update News 🇲🇲

19 Feb, 11:58


ကျေးဇူးတရား ဟူသည်
======================

                          ကျနော် အင်မတန် ရင်းနှီးတဲ့ သူဌေးတယောက် ရှိတယ် ။ သူက ငယ်စဥ်တုန်းက အရမ်းဆင်းရဲခဲ့ဖူးပြီး တပါးသူတွေ ရဲ့ အကူအညီ ၊ သူ့ရဲ့ ကြိုးစား ရိုးသားမှု ထိုးထွင်းဥာဏ်တို့ကြောင့် ချမ်းသာလာသူ တယောက်ပါပဲ ။

                 သူက လူတယောက်ကို တွေ့တာ နဲ့ ကိုမျိုးရေ ဒါ ကျနော့်ကျေးဇူးရှင် ဘယ်တုန်းက ဘယ်ကိစ္စမှာ ဘယ်လို ကူညီခဲ့တာ ဆိုပြီး မိတ်ဆက်ပေးလေ့ရှိတယ် ။ ယုတ်ဆွ အဆုံး သူ့ထမင်းချက်တောင် ကျေးဇူးရှိတယ် ကိုမျိုးရေ သူချက်ကျွေးလို့ စားနေရတာ ဗျ တဲ့ ။

                   သီတင်းကျွတ်ဆိုရင် သူ့ထက်အသက်ကြီးသူ တော်တော်များများကို လိုက်ကန်တော့လေ့ ရှိတယ် ။ ကန်တော့ဖို့အသွား ကားမောင်းရင်း ပြောသေးတာ တကယ်တန်း ကန်တော့ရရင် အရပ် ဆယ်မျက်နှာလုံး ကန်တော့ရမှာ ကိုမျိုးရ. ကျနော့်ကျေးဇူးရှင်တွေက အဲသလောက်များတယ် တဲ့ ။ ခင်ဗျား အဲလို စိတ်ထားနဲ့  နိုးကြားတက်ကြွတဲ့ ဝီရိယရယ် ၊ ထိုးထွင်းဥာဏ်ရယ်ကြောင့် သူဌေးဖြစ်နေတာလို့ ပြောတော့ ရီနေလေရဲ့ ။

                 သူပြောသလိုပါပဲ ကျနော်လည်း တွေးမိတယ် ၊ ထောင်ကထွက်လာကထဲက မိတ်ဆွေဆီမှာ နေတယ် ။ ဆွေမတော် မျိုးမစပ် ရန်ကုန်လို နေရာမျိုးမှာ ကျောတခင်းစာ တန်ဖိုး ဘယ်လောက်ကြီးတယ် ဆိုတာ သိကြမှာပါဗျာ ။

                 ဒီလိုပါပဲ အခွင့်ကြုံတိုင်း ကိုမျိုးရေ ဆိုပြီး လာခေါ်ကာ လက်ဖက်ရည် တခွက် မုန့်တခု ကျွေးဖူးသူ ၊ ထမင်းကျွေးဖူးသူ ကျေးဇူးရှင်တွေ အများကြီးခင်ဗျ ။

               ဟိုတလောတုန်းက ( ဖြူဖြူထွေး ခြိမ်းခြောက်ခံရပြီး ကာလ) ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီက ရန်ကုန်ရောက်တုန်း ခဏလောက် တွေ့ချင်ပါတယ် ဆိုလို့ သူတို့ရုံး ( ရန်ကုန်) မှာ သွားတွေ့ရပါတယ် ( လာခေါ်ကြတာပါ မသွားတတ်ပါဘူး) ။

                 တွေ့ကြတော့ မိတ်ဆက်စကားပြောကြပါတယ် ။ သူ နဲ့ အတူ ယခင် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးပါ အတူ တွေ့ခွင့်ရပါတယ် ။ ခုလိုတွေ့ရတာ ပါတီကိစ္စ စည်းရုံးဖို့ မဟုတ်ကြောင်း စတင်ပြောလာပါတယ် ။ ကိုမျိုးဝင်းမှာ နေဖို့ စားဖို့ လုံခြုံရေး က အစ လိုအပ်ရင် ကြံခိုင်ရေး ရုံးထဲမှာ လာနေလို့ ရပါတယ်တဲ့ ။ မိသားစုပါ ခေါ်ခဲ့လို့ရပါတယ်တဲ့ ။

               ဒီလို ဖိတ်ခေါ်တာ ပါတီအတွက် ဘာရေးပေးပါ ညာရေးပေးပါ တောင်းဆိုဖို့ မဟုတ်ပါဘူးတဲ့ ။ ရေးနေကြပဲ လွတ်လွတ်လပ်လပ် ရေးပါ လို့ ပြောပါတယ် ။ သူတို့က အသက်အန္တရာယ် ရှိတဲ့ လူတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီတာပါ တဲ့ ။

                  ဖြူဖြူထွေးကိုတောင် လက်သုံးချောင်းထောင်ခဲ့ပေမယ့် အခုလို အနှောင်အဖွဲ့မရှိ ကူညီဖို့ ဆက်သွယ်သေးသတဲ့ ၊၊ ဒါတွေက ပါတီဥက္ကဌကြီး ကျနော့်ကို ပြောသွားတဲ့ စကားတွေ ဖြစ်ပါတယ် ။ အဓိက လူကို တွေ့ဖူးချင်တဲ့သဘောပါပဲ ။ ပါတီကိစ္စ ပါတီအကျိုးအတွက် တလုံးမှ မပြောပါဘူး ။

             ပြည်သူတွေအတွက် ဘယ်လို ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်ရင် အဆင်ပြေမလဲ ဘာညာ နဲ့ ပြောဆိုပြီး ကျနော်လည်း နှုတ်ဆက်ပြန်လာတာပါပဲ ။ 2025 ပြက္ခဒိန် နဲ့ လွတ်လပ်ရေးနေ့ ဖိတ်စာတစောင် လက်ဆောင်ပေးလိုက်ပါတယ် ။ ယူရဲရင် ပေးချင်ပါတယ် ပြောသေးတာ ဗျ 😂😂😂

                     သူ့ရဲ့ နှုတ်ထွက်ကူညီမှုကို ကျနော်လေးစားမိပါတယ် ။ သွားနေဖို့တော့ စိတ်မကူးမိပါဘူး အခုနေရတာက အရမ်းအဆင်နေပါတယ် ။ လူတွေမှာ လက်၏ဆောင်မခြင်း နဲ့ နှုတ်၏ဆောင်မခြင်း ဆိုတဲ့ ကျေးဇူး ၂ ပါးအနက်က နှုတ်၏ဆောင်မခြင်း ကျေးဇူးရှိခဲ့သူကိုလည်း မမေ့အပ်လို့ ယခုလို ရေးပြတာပါ ။

             သူတပါးရဲ့ ကျေးဇူးတရားကို အထူးအလေးထားသူ မိတ်ဆွေသူဌေးကြီးလို ချမ်းသာကြွယ်ဝချင်လို့ မဟုတ်ပါဘူး ( ကိုယ်ကလည်း သူ့လို ကြွယ်ဝရအောင် သူ့ဝိရိယရဲ့ ခြေဖျားတောင် မမှီဘူး) သို့သော် မိတ်ကောင်းဆွေကောင်းတွေ နဲ့ တွေ့ဆုံပေါင်းသင်းရသခိုက်မှာ ကောင်းသော အချက်တွေကို အတုခိုးဖို့ လိုအပ်တာကြောင့် ကျေးဇူးရှင်မှန်သမျှကို ရင်ထဲက မှတ်သားထားဖို့ သင်ယူခဲ့ရတယ်ပေါ့ဗျာ ။

             အခုခေတ်မှာက မနေ့က အဆင်ပြေ ဒီနေ့အဆင်မပြေတာနဲ့ ကျေးဇူးကန်းဖို့ ဆို ၂၄ နာရီ အသင့်ဖြစ်နေတဲ့ လူညံ့တွေ များနေလို့ သတိတရားလေးတွေ ကပ်ကြဖို့ တင်ပြလိုက်ရတာပါဗျာ ။

             ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

19 Feb, 11:55


တော်တော်တရားကျဖို့ ကောင်းချက်ပဲ...ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ သီလရှင် အများအပြားကို PDF/ပသုံးလုံး အကြမ်းဖက်တွေက ခေါင်းစဉ်မျိုးစုံတပ်ပြီး ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတုန်းက NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီညာတွေက ဘာသံမှ မထွက်ခဲ့ကြဘူး...အခု ရွှေဘိုမြို့နယ်က ကက်သလစ်ခရစ်ယာန်ဘုန်တော်ကြီးကို PDF အကြမ်းဖက်တွေက ရက်ရက်စက်စက် ဓားနဲ့ခုတ်သတ်ခဲ့တဲ့ကိစ္စမှ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း၊ ဘာလုပ်ပါ့မယ်၊ ညာလုပ်ပါ့မယ်နဲ့ အသံမျိုးစုံထွက်လာတာ ဘာသဘောလဲ...? PDF/ပသုံးလုံး အကြမ်းဖက်တွေက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေကို ဖမ်းဆီးသတ်ဖြတ်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတော်တွေကို ပိတ်ပင်တားဆီး၊ ဖောက်ခွဲဖျက်ဆီးခဲ့တုန်းက ဝမ်းသာအားရနဲ့ ဘာမှအရေးမယူခဲ့တဲ့ NUG အကြမ်းဖက်အဖွဲ့က တခြားဘာသာဝင်တွေကို PDF အကြမ်းဖက်တွေက သတ်ဖြတ်မှ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း၊ အရေးယူမယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ပြောဆိုတဲ့လုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လုံးဝကို လက်မခံသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်...

Myanmar Update News 🇲🇲

19 Feb, 11:54


❝အပြစ်မလုပ်ထားတဲ့ PDF အဖွဲ့ဝင် ၁၀ ဦး အလင်းဝင်လာလို့ မိဘတွေဆီ ပြန်အပ်ပေးခဲ့ဟုဆို❞

 đ™ˆđ™ƒđ™đ™‰đ™€đ™’đ™Žă€Šđ™đ™€đ˜˝ď˝žđŸđŸ—ă€‹
 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်းမှာ သင်တန်းတွေတက်ရောက်ခဲ့ပေမယ့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့တဲ့ PDF အဖွဲ့ဝင် ၁၀ ဦး ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာခဲ့အတွက် ကောင်းမွန်စွာလက်ခံကြိုဆိုပြီး ၎င်းတို့ရဲ့ မိဘအုပ်ထိန်းသူတွေဆီ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီလို မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံတဲ့အခမ်းအနားကိုတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနဲ့ တာဝန်ရှိသူတွေအပြင် PDF တွေရဲ့ မိဘအုပ်ထိန်းသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့တဲ့ အပြစ်မလုပ်ထားတဲ့ အဲဒီ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးမှ သူတို့ရဲ့

Read More... https://telegra.ph/Myanmar-Hard-Talk-02-19-15

Myanmar Update News 🇲🇲

16 Feb, 08:24


ကတ်သလစ် ဘုန်းတော်ကြီးကိစ္စကို
မဟုတ်တဲ့သတင်း နဲ့ ပြန်ဖုံးတာ
ဘယ်လောက်ယုတ်မာကြလဲ ဆိုတာ
သိကြတော့ သိကြတော့
ဒေါ်လာငတ် အကြမ်းဖက်
မီဒီညာတွေရဲ့ အဲ့$ချိုးကို
ခရစ်ယာန်ဘာသာဝင် တို့ရေ

DI Thameedaw 🇲🇲

Myanmar Update News 🇲🇲

16 Feb, 08:20


-
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှ ဧလာလေဆိပ်ကို ဦးတည်၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
,===============================================================
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ယနေ့ နံနက် ၀၇၂၀ အချိန် လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း မှ နေ၍ ဧလာ လေဆိပ်ကို ဦးတည်ပစ်ခတ်သည်ဟုယူဆရသော ရှော့တိုက်ဒုံး ၂ လုံးအနက် တစ်လုံးသည် စစ်တောင်းမြစ်အတွင်းသို့လည်းကောင်း၊ တစ်လုံးသည် ကမ်ဘဲ့ရှမ်းရွာအရှေ့ဘက် တောင်သူ ဦးညာ ၏ ပဲခင်းအတွင်းကျရောက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေအား တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

#MNP #News

Myanmar Update News 🇲🇲

16 Feb, 08:12


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ á€’á€Żá€á€­á€šá€á€”á€şá€€á€źá€Žá€¸á€á€ťá€Żá€•á€ş   á€’á€Żá€á€­á€šá€—á€­á€Żá€œá€şá€á€ťá€Żá€•á€şá€™á€žá€°á€¸á€€á€źá€Žá€¸ á€…á€­á€Żá€¸á€á€„á€şá€¸á€•á€źá€”á€şá€€á€źá€Źá€¸á€›á€ąá€¸á€á€”á€şá€€á€źá€Žá€¸á€Œá€Źá€”áŠ á€™á€źá€”်မဏအဥသလနသငအ်ရုပ်မဟင်သလ ကြား၏ (၇၉) နှ စ်မြောက် á€”á€žá€…á€şá€•á€á€şá€œá€Šá€şá€”á€ąá€ˇá€Ąá€á€™á€şá€¸á€Ąá€”á€Źá€¸á€žá€­á€Żá€ˇ á€á€€á€şá€›á€ąá€Źá€€á€şá€á€ťá€Žá€¸á€™á€źá€žá€„အ်

နေပြည်တော်၊ á€–á€ąá€–á€ąá€Źá€şá€á€Ťá€›á€Ž - áá…

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

Myanmar Update News 🇲🇲

16 Feb, 08:11


စစ်ကိုင်းဆေးရုံကြီး ခြံစည်းရိုးအနီး၌ NLD/NUG ထောင်သည့် မိုင်းပေါက်ကွဲ

စစ်ကိုင်း၊ဖေဖော်ဝါရီ-၁၆


ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီး၏ တောင်ဘက် ခြံစည်းရိုး အုတ်နံရံ (အပြင်ဘက်) ဘက်၌ စစ်သွေးကြွ NLD /NUG ထောင်သည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။


မိုင်းပေါက်ကွဲမှုကြောင့် ဆေးရုံကြီးရှိ အရိုးကုသဆောင်၊သားဖွားမီးယပ်ကုသဆောင်၊ဓါတ်မှန်ဌာန၊ဆေးလူမှုဆက်ဆံရေးဌာန အခန်းနံရံများရှိ မှန် ပြတင်းပေါက်များ ကွဲအက် ပျက်စီးခဲ့သည်။


အလားတူ ဓါတ်မှန်ဌာန ကုသဆောင်၌ ဓါတ်မှန်ရိုက်မည့် အမျိုးသားတစ်ဦးလည်း နောက်ကျော မှန်စ ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။


#PeopleMedia

Myanmar Update News 🇲🇲

16 Feb, 08:11


ချောင်းဦးနယ် တိုက်ပွဲမှာ ထိခိုက်သေဆုံးသူများပြား

ဖေဖော်၀ါရီ ၊ ၁၆ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြိုနယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကင်မွန်းတော်ကျေးရွာမှာ မနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ချောင်းဦးမြိုခံတွေဆီက သိရပါတယ်။

" ကင်မွန်းတော်မှာ မနက်ပိုင်းကစလို့ ထိတွေမှုတွေဖြစ်တယ် ၊ ကျေးရွာ လုံခြုံရေး ပြည်သူ့စစ် အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ပစ်ခတ်တာတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ သုံးထောင်၀န်းကျင်လောက်နဲ့ ကျေးရွာ ပြည်သူ့စစ် အဖွဲ့တွေ ဖြစ်ကြတာ ၊ တိုက်ပွဲဖြစ်ပြီး မကြာခင် တပ်ဘက်က စစ်ကူတွေ ရောက်လာတယ် ၊ မနေ့က ညပိုင်းအထိ ဖြစ်ကြတယ် ဒေသတွင်းအဖွဲ့တွေ ထိခိုက်သေဆုံးတာ များတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး" လို့ ချောင်းဦးမြိုခံတယောက်က ပြောပါတယ် ။

ချောင်းဦးမြိုနယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ပြောပြတာ
" ကင်မွန်းတော်မှာ  ထိတွေ့မှုဖြစ်တယ် ၊ ပြည်သူ့စစ်ရွာကို သာလွန်အင်အားသုံးပြီး လာတိုက်တာဖြစ်တယ် ၊ လုံခြုံအဖွဲ့ဘက်က တဦး သေဆုံးပြီး လေးယောက် ဒဏ်ရာရတယ် ၊ဒီမနက် သိရတာကတော့ အနီးနား ပတ်၀န်းကျင် သတင်းတွေအရ တဖက်အဖွဲ့ေတွထိခိုက် သေဆုံးသူ အများအပြားရှိတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး " လို့ပြောပါတယ် ။

ကင်မွန်းတော်ရွာခံ တယောက်က
" ဒီမနက် သိရတာကတော့ ဒေသတွင်း လက်နက်ကိုင်တွေဘက်က သေဆုံးသူ ၇၀ အထက်မှာရှိတယ် ၊အများအပြား သေဆုံးတယ် ၊ သွေးအိုင် သွေးကွက်တွေအရ  သေဆုံးတာ များတယ် ၊ သူတို့က လူအင်အား သုံးထောင်ကျော်လောက်ရှိမယ် ၊ နောက်ပြီး ကင်မွန်းတော် ပြည်သူ့စစ်ရွာကို အဆိုင်းခွဲပြီးတော့ စစ်မျက်နှာ သုံး ဘက်ကနေ တိုက်ခိုက်တယ် ၊ ရှမ်းထူး ၊ တပယ်အင်း ၊ ကုလားကြီး ၊ တောင်ဖီလာ၊ ကြွယ်တက်ကုန်း ၊ စည်ပုဂံ စတဲ့ ရွာတွေဘက်နေ တိုက်တယ် ၊နောက်ပြီး မုံရွာ - မန္တလေး လမ်းပိုင်းက သစ်ပင်ကြီး တချို့ကိုလည်း ချိန်းဆောနဲ့ ခုတ်လှဲထားတယ် ၊ အချိန်မီ စစ်ကူတွေ မလာနိုင်အောင် လုပ်ထားတယ် ၊ မနေ့ ညကတော့ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူတဲ့အပြင် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တယ် " လို့ ပြောပါတယ်။

အဲ့ဒီနောက် စက်တပ်လေးထီးအဖွဲ့က လိုက်လံရင်းလင်းတဲ့အခါ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ရုပ်အလောင်းတချို့ တွေ့ရတယ်လို့ သိရပါတယ်။

ချောင်းဦးဒေသမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေအားကောင်းပြီး မြောင်၊ မုံရွာ နဲ့ ချင်းတွင်းတဖက်ကမ်းက ဒေသတွင်းအင်အားစုတွေ ပြန့်ကျဲနေတဲ့ နေရာဖြစ်ပြီး ချောင်းဦးမုံရွာ လမ်းပိုင်းမှာ မကြာခဏ မိုင်းကွဲတာ တိုက်ပွဲဖြစ်တာတွေကြာင့် သတိထားသွားလာေနကြရပါတယ်။

#VOM #voiceofmyanmar #ချောင်းဦးတိုက်ပွဲ

Myanmar Update News 🇲🇲

16 Feb, 07:43


လှိုင်၊ ဘာဒါစျေး အခုည မီး အကြီးအကျယ်လောင်နေပြီး Level -2 အဆင့် ငြှိမ်းသတ်နေရ



လှိုင်မြို့နယ်က ဘာဒါစျေးမှာ ဒီည အခုအချိန် မီး အကြီးအကျယ်လောင်နေပြီး Level -2 အဆင့် ငြှိမ်းသတ်နေရတယ်လို့ ကနဦး သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၆ ရက်အကူး ဒီည ၁၂ နာရီ ၁၁ မိနစ်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာဒါဈေးမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ လှိုင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ရာမှာ မီးအားပြင်းတာကြောင့် သုံးမိနစ်အကြာမှာပဲ Level 1 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရသလို နောက်ထပ် ၂ မိနစ်အကြာမှာ Level 2 ယာဉ်အုပ်စုထွက်ခွာ ငြှိိမ်းသတ်ခဲ့ရပြီး ည ၁၂ နာရီ ၄၈ မိနစ်ကြမှ မီးထိန်းနိုင်ခဲ့သလို ည ၁ နာရီ ၁ မိနစ်မှ မီးငြိမ်းတဲ့အဆင့်ရောက်ခဲ့တာပါ။

#MMG

Myanmar Update News 🇲🇲

16 Feb, 07:42


Breaking   News

        တပခ ခွင်ကတော့  ကျည်စပြီး ပေါက်လာပြီနော်

တိုက်စစ်မှာ   တိုက်စစ်ဥပဒေသ  တွေ ဖြစ်တဲ့

ပြင်  ချီ  ရန်  တိုက်  ကာ   ချေ  ပြန်  ဆိုတာ  စစ်ခေါင်းဆောင်တိုင်းသိပါတယ်    Battle  Procedure  မှာ   ခံ   ခွါ  
   ချီ  တိုက်   လိုက်  ဆိုပြီး  ရှိပါတယ်    

ငပွေး တပ်မဟာ ၂ နဲ့ ၃ အပြင်   Free  Burma 
Rangers    FBR ကမျောက်ဖြူတွေပါ ပါဝင်နေပါတယ်

          ပြင်ဆင်မှု လုပ်ဆောင်နေတာ  တစ်လကျော် ကြာပြီ   တပ်တည်  တပ်လှုပ်တွေကလည်း   ဂဏန်းမငြိမ်ဘူးလေ   ပြင်ဆင်မှုအပိုင်းမှာ  အချိန်ကြာလာသည်နှင့်အမျှ   အလစ်အငိုက်မရဘဲ  ခံလိုက်ရတဲ့  အားနည်းချက်ကို  ငပွေးနဲ့ ပဒက်တွေ  အရသာကို  သိသွားကြရပါပြီခင်ဗျာ

            တပခကို    Major သော်  ဗိုလ်စံ   ဗိုလ်အောင်တို့အဖွဲ့က  တိုက်ရိုက်  စစ်သတင်းများကို  ပို့နေခဲ့တာပါ

           တောင်ငူလေတပ်ကိုလည်း  မရဲတရဲနဲ့ ရှော့တိုက်ဒုံး  107mm နဲ့ လာပစ်ကြတယ်    ပစ်မှတ်ကို  မှန်အောင်မပစ်နိုင်ကြပါဘူးခင်ဗျာ

           တပခ တိုင်မှုးဟာ    စရန G1 ရဲ့  Intellgence  Cell  တွေကို    စေ့စပ်သေချာစွာ အသုံးပြုမှုကြောင့်   ဦး ၄  သတင်းတွေက  တောက်ရှောက်ကို  ရနေခဲ့တာပါ

           ဖြူးအရှေ့ဘက်
မှာတော့   ဒီမနက်  ၄ နာရီ ၂၄ မိနစ်မှာ  ကျည်စပေါက်ပါပြီ
နယ်မရှောင်တဲ့ ကြယ်ပြောင် တပ်ဖွဲ့တွေဟာ စစ်ကြောင်းများ ဖြန့်ခွဲထားပြီး   သတိနဲ့  စောင့်ကြပ်ပြီး  အဆင့်မြင့် Drone Team ရဲ့  ပစ်ကူအား    လနက တပ်ဖွဲ့ရဲ့ Fire  Power  တို့ကို  အသုံးချပြီး   လေကြောင်း ပစ်ကူ မယူဘဲ    ဝိုင်းသမလိုက်ပါတယ် 

           ငပွေးနဲ့ ပဒက်တွေရော  FBR မျောက်ဖြူတွေရော   မထင်ထားတဲ့ တပ်မတော်ရဲ့  စစ်ကစားမှုအောက်မှာ   အထိအခိုက်များခဲ့ရပါတယ်    မနက် ၇ နာရီမထိုးခင်   ကိုယ့်  DB တွေ   ဒါဏ်ရာရတဲ့ ကောင်တွေကိုထမ်းပြီး  ခွေးပြေး ထွက်ပြေးသွားခဲ့ပါတယ်

          ရည်မှန်းချက်က   သောက်ကြီး သောက်ကျယ်နဲ့  နေပြည်တော်ကို  သိမ်းဖို့  ဆိုဘဲဗျ

            မကြာခင်  ဖြူးအရှေ့ဘက်မှာ  ရန်သူဘက်က    မမှန်တဲ့ သတင်းတွေ  အရှက်ပြေ ထုတ်လာပါလိမ့်မယ်  စောင့်ကြည့်လိုက်ပါ ခင်ဗျာ

         စစ်သတင်းတွေ  ဆက်စောင့်ကြည့်ကြတာပေါ့

          တောင်ငူ နဲ့ သံတောင်အကြားနဲ့  တောင်ငူ လေဆိပ်တဝိုက်  ကပ်လာနေတဲ့ သူတောင်းစား ငပွေးတွေကို  ဘယ်လို ချေမှုန်းမှာလဲ  ဆိုတာကတော့  ?????
​မေ့တော့မလို့   တပခ မှ  သီးခြား တာဝန်ပေးထားသော   ဆရာကြီး ၂ ယောက်ကိုလည်း  လေးစားပါတယ်ခင်ဗျာ

အားလုံးကို  လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅    ဖေ   ၁၆  ၁၂၄၅

Myanmar Update News 🇲🇲

16 Feb, 07:41


ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုး တရုတ်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် ၊ ည(၈) နာရီခွဲအချိန်၌ ထိုင်းနို င်ငံ၌ ကျင်းပပြုလုပ်မည့် ကစ်ဘောက်ဆင်ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက တရုတ်ဖိုက်တာ Shien Nan နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

နော်ဥမ္မာစိုးမှာ ထိုင်းနိုင်ငံရှိ တိုက်ဂါး မွေထိုင်းကလပ်တွင် လေ့ကျင့်နေသူတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ Shien Nan မှာ ထိုင်းနိုင်ငံ Bangtao မွေထိုင်းကလပ်တွင် လေ့ကျင့်က စားနေသူတစ်ဦးဖြစ်သည်။

ယနေ့ ကစ်ဘောင်ဆင်ပွဲစဉ်မှာ Patong Combat Ring of Fighting အမည်ရှိ ပွဲစဉ်တစ်ခုဖြစ်ပြီး၊ တွဲဆိုင်း (၇)ဆိုင်းအနက် နော်ဥမ္မာစိုးတို့ တွဲဆိုင်းအပါအဝင် အမျိုးသမီးတွဲဆိုင်း (၃)ဆိုင်းအထိ ပါဝင်ထိုးသ-တ်သွားမည်ဖြစ် သည်။

နော်ဥမ္မာစိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ (၉)ရက်၌ ကျင်းပပြု လုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲတွင် မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးထားသူတစ်ဦးဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရိုးရာလက်ဝှေ့မယ်-နော်ဥမ/

Myanmar Update News 🇲🇲

10 Feb, 14:26


၁။  တကယ်လို့ နစက အနေနဲ့သာ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ လျာထားခဲ့ရင်…လုပ်စရာ ၂ ချက်လောက်ပဲရှိတယ်။ ဒါက ဦးစားပေးသဘောပြောတာ။ ခုကာလက ပွင့်လင်း ကာလဆိုတော့ မိုးတွင်းဆို လုပ်ရကိုင်ရခက်တာတွေ များလာလိမ့်မယ်။
----
၂။  တစ်ခုက လက်ရှိ လက်လွှတ်ထား ရတဲ့ မြို့တွေထဲက တချို့မြို့တွေကို မြေပြင်မှာ သိမ်းပိုက်နိုင်ပြဖို့ လိုတယ်။ အလားတူပဲ ခံစစ်ပြင်ထားရတဲ့ မြို့တွေကလည်း မြို့မ ကျအောင် ထိန်းပြနိုင်ဖို့ လိုတယ်။ အထူးသဖြင့် TNLA သိမ်းထားတဲ့ မြို့တွေကို ကူမင်း ရောက်မှ နိုင်ငံရေးနည်းနဲ့ဆိုတာထက် မြေပြင်မှ သိမ်းပိုက်ပြနိုင်အောင်လုပ်တာက ပိုပြီး စစ်သည်တွေအတွက် မိုတီဖြစ်စေမယ်။
----
၃။  မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ ဆိုတဲ့ မြို့တွေထဲက အဖြစ်နိုင်ဆုံးမြို့တွေကို လက်တွေ့ကျကျ ယူပြနိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။ ဒီနေ့ ဗန်းမော်မှာ တွေ့ရတဲ့ ရုပ်သံတစ်ခုဆိုရင် ဒရုန်းနဲ့ ရှေ့ပြေး ချေမှုန်းပြီးမှ စစ်သည်တွေက အနီးကပ်ရှင်း တဲ့သဘောမျိုး။ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိဘယ်နေရာမှာ ဖြစ်ဖြစ် ကျင့်သုံးဖို့ အကောင်းဆုံး နည်းဗျူဟာပဲ။ ကိုယ်သိမ်း ပိုက်ချင်တဲ့မြို့/ရွာကို လေကြောင်းပစ်ကူတွေ၊ အမြှောက်နဲ့ ဒရုန်းတွေသုံးပြီး ဦးနှိမ် ချေမှုန်း။ ပြီးမှ ကိုယ့်စစ်သည်တွေက အောင်မြေချဲ့ယူ။ ဒီနည်းက ကိုယ့်စစ်သည်တွေ အလွင့်အပါး နည်းစေတယ်။ အောင်မြင်မှုရရင် ဘာဖြစ် မလဲဆိုတော့… စစ်မှုထမ်းဥပဒေ ကိုပါအကျိုးလာ ရိုက်ခတ်လိမ့်မယ်။
----
၄။  နောက်တစ်ခုက စစ်မှုထမ်း ဥပဒေ။ နည်းဥပဒေအရ ကုမ္ပဏီတွေမှာ အလုပ်ဝင်နေတဲ့ ဝန်ထမ်းတွေထဲက စစ်မှုထမ်းဖို့ ပါသွားခဲ့ရင်… ကုမ္ပဏီပိုင်ရှင်က လစာ စိုက်ထုတ်ပေး ရမယ်ဆိုတဲ့ အချက်တွေက လက်တွေ့မှာ မလွယ်ကူနိုင်တာ မျိုးတွေ့ရတယ်။ တကယ်တော့ ဒီဥပဒေရဲ့အသက်ဟာ ရပ်ကျေးနဲ့ထွေအုပ်တွေပဲ။ ငယ်စာရင်းက အတိုးနဲ့ အလျော့ဆိုပြီး နှစ်စဉ် ပြောင်းနေတာမျိုးရှိနေမှာ။ ဒါက မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ နေပြည်တော်၊ ဗဟို အဆင့်ဆင့်က ကွပ်ကဲနိုင်မှ။ မဟုတ်ရင် အရင်တုန်းကအဆင့် တိုးကာလတွေမှာ တပ်သားသစ်စုသလို ထူးမ ခြားနား ဖြစ်လာရင် ဒီတပ်မတော်ဆိုတဲ့ အင်စတီ ကျူးရှင်းမှာပဲ စုလာလိမ့်မယ်။
---
၅။  ဒီတော့… နည်းဥပဒေအတိုင်း လုပ်ရမှာပေါ့ဆိုတာထက် အခွင့်အလမ်းတွေနဲ့ ဆွဲဆောင် တာက ပိုပြီးနည်းလမ်းကျတယ်။ ဥပမာ ရုရှားမှာဆိုရင် ခု ယူကရိန်းစစ်ဖြစ်မှ တပ်သားသစ် စုတာတွေ ရှိတယ်။ တပ်ထဲ စဝင်လာတာနဲ့ ဘယ်လောက်ဆိုပြီး တစ်လုံးတည်း တစ်ခဲ တည်း ပစ်ပေးတာ တွေရှိတယ်။ ကိုယ်တွေ အနေနဲ့ အဲလို မပေးနိုင်ဘူးဆိုရင်တောင် ခံစားခွင့်မျိုးတွေ ပြပြီး ဆွဲဆောင် စည်းရုံးသင့်တယ်။ ကျန်ခဲ့မဲ့ သူ့မိသားစုအတွက် EV ကားပါမစ်တွေလား။ တိုက်ခန်းအရစ်ကျ ဝယ်ယူခွင့်ဆိုတဲ့ ပုံစံတွေလား။ အမျိုးမျိုး ဆွဲဆောင်လို့ရတယ်။
-----
၆။  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့စစ်က ရေရှည် လုပ်ငန်းစဉ်ဆိုပေမယ့် ခုလတ် တလော အသုံးတည့်ဖို့လိုတယ်။ တပ်မတော်ရဲ့ လက်ရှိ ဖွဲ့စည်းပုံတွေကို ချဲ့ဖို့ လူအင်အား လိုတယ်။ ဒီလူအင်အားက ပြည်သူ့စစ်ထဲကနေပဲ လာမှာ။ နည်းပညာမြင့်မားပြီး ထိရောက်တဲ့ လက်နက်ငယ်တွေ ပြောင်းလဲတပ်ဆင်ပေးဖို့ လိုတယ်။ တပ်မတော် လေ့ကျင့်ရေးကျောင်းတွေမှာ ဒရုန်း သင်ခန်းစာတွေဖော်ထုတ်ပြီး သင်တန်းသားအားလုံး တတ်မြောက်နေဖို့ သင်ကြားပေးဖို့လိုတယ်။   တစ်ဖက်မှာ ဒီဥပဒေကိုကြောက်ပြီး ပတ်ပြေးနေတဲ့ လူငယ် တွေရှိနေတယ်။ PDF တွေနဲ့ EAO တွေကလည်း အပြိုင်စည်းရုံး တယ်ဆိုပေမယ့် သူတို့ဆီမှာ ဥပဒေမရှိဘူး။ သက်တမ်းကာလ သတ်မှတ်ချက်လည်း မရှိဘူး။ ခံစားခွင့်လည်းမရှိဘူး။ EAO ထဲကလည်း လူမျိုးစု အချင်းချင်းပဲ ဝင်ဖို့များလိမ့်မယ်။
----
၇။  အပေါ်က ပြောတဲ့ ၂ ချက်ကို ပွင့်လင်းကာလ (၆)လအတွင်းမှာ ကောင်းကောင်း အကောင် အထည်ဖော်နိုင်ရင်…လက်လွှတ်ထာရတဲ့ နယ်မြေတွေ ပြန်မရဘူးဆိုရင်တောင် ဆိုင်ထား ရတဲ့ မြို့ရွာတွေ ရန်သူ့အောက်ကျဖို့ မဖြစ်နိုင်တော့ဘူး။ စစ်မှုထမ်းဥပဒေအရ အခွင့်အလမ်း ကို မျှော်ကိုးပြီး ဝင်လာတဲ့သူတွေ များလာလိမ့်မယ်။ လူစားထိုးရပါတယ် ဆိုတဲ့ လုပ်စားတွေ ပျောက်သွားလိမ့်မယ်။ အခွင့်အလမ်းပေးတယ်ဆိုတာကလည်း ပြည်သူ့စစ်မှုထမ်း အကျုံးဝင်တဲ့ ၁၃ သန်းစလုံး မလိုပါဘူး။ လိုချင်တဲ့ အတိုင်းအတာ ရောက်ရင် ရပ်လို့ရတဲ့ အနေအထားပါပဲ။   ပြည်သူ့စစ်အားကောင်းလာရင် ရွေးကောက်ပွဲ အတွက်လည်း အလိုလို လုံခြုံမှု ရှိလာပါလိမ့်မယ်။

(နရီမိုး)

Myanmar Update News 🇲🇲

10 Feb, 12:26


ဒေသတွင်း စက်သုံးဆီ ပြတ်တောက်မှု မရှိစေရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေများနှင့်ပတ်သတ်၍ ဦးဆောင် ကော်မတီများနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးညှိနှိုင်း

တာချီလိတ်၊ဖေဖေါ်ဝါရီလ (၁၀)။ ။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော စက်သုံးဆီ လုံလောက်စွာ ရရှိရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒေသ တာဝန်ရှိသူများနှင့် အရပ်ဖက် ဦးဆောင်ကော်မတီများ၊ မြို့မိမြို့ဖများမှ ယနေ့ နံနက်ပိုင်း၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

“လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့် အခြေအနေ”

တာချီလိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်သည့် မဂ္ဂါဝပ်အခြေအနေမှာ ၃၅ မဂ္ဂါဝပ် ဝန်းကျင်ရှိနေပြီး လတ်တလောမှာ လာအိုနိုင်ငံမှ သါယ်တန်းရောင်းချပေးပို့သည့် ပမာဏ ၁၃ မဂ္ဂါဝပ်ကိုသာ အသုံးပြု ဖြန့်ဖြူးနေရသည့်အတွက် အလှည့်ကျ မီးပေးသည့် စနစ်ကိုသာ အသုံးပြု၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

“လတ်တလော အခြေအနေအရတော့ လာအိုဖက်ကနေ လာရောက် ကြည့်ရှု ပြီးတဲ့အခါ မဂ္ဂါဝပ်ပမာဏ ပိုရဖို့ အတွက် ဆွေးနွေးသွားဖို့ ရှိပါတယ်။”ဟု မီးလင်းရေးကော်မတီမှ တာဝန်ရှိသူမှ ဆိုသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေနှင့်ပတ်သတ်၍ တာချီလိတ် ခရိုင် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးမင်းကိုနှင့် မြို့မိမြို့ဖ တာဝန်ရှိသူများမှ ဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အား သုံးစွဲ ဖြန့်ဖြူးနိုင်ရေးအတွက် လုပ်ဆောင်ရန် အကြံပြုခဲ့ပြီး အမြန်ဆုံး အကာင်အထည်ဖော်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ကာ ယခုရရှိသည့် လျှပ်စစ်ဓာတ်အားအခြေအနေနှင့် မျှယူသုံးစွဲနိုင်ရန် အကြံပြုခဲ့ကြသည် ။

ရေအားလျှပ်စစ်ဖော်ထုတ်ရေးကိစ္စနှင့် ပတ်သတ်၍လည်း မြို့နေ လုပ်ငန်းရှင် တစ်ဦးမှ ဆွေးနွေးခဲ့ပြီး ရေအားလျှပ်စစ်မှ ရရှိနိုင်မည့် ရေအားလျှပ်စစ်ပမာဏနှင့် ကုန်ကျစရိတ်ပမာဏအား ပျှမ်းမျှ တွက်ချက်ရန် လိုအပ်နေသေးကြောင်း အစည်းအဝေးမှ သိရှိရသည်။

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ လျှပ်စစ်မီး ရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မြို့နယ်တွင်း လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် ဆိုလာစနစ်အား အသုံးပြုသည့် ဓာတ်အားဖြန့်ဖြူးရေး စက်ရုံ တည်ဆောက်ရေးအတွက် တက်ရောက်လာသည့် မြို့မိ မြို့ဖ လုပ်ငန်းရှင်များမှ အကြံပြုခဲ့ကြသည်။

စက်သုံးဆီ လိုအပ်မှု အခြေအနေ

တာချီလိတ်မြို့နယ်၏ လတ်တလော စက်သုံးဆီဆိုင်များမှ စက်သုံးဆီများအား ထိုင်းနိုင်ငံမှ တင်ပို့ရောင်းချနေခြင်း ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ လောင်စာဆီ တင်ပို့မှုအား ကြိုတင် အကြောင်းမကြားဘဲ ကန့်သတ်လိုက်ခြင်းကြောင့် ဒေသတွင်း ဆီလိုအပ်မှုများကို အလျင်မီနိုင်ရေး ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူကဆိုသည်။

ယနေ့ နံနက် ပြုလုပ်သော အစည်းအဝေး၌ လောင်စာဆီအား ထိုင်းနိုင်ငံမှ တင်သွင်းမည်ဆိုခြင်းထက် ပြည်မမှာ တင်သွင်းနိုင်ရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် စက်သုံးဆီ လုပ်ငန်းရှင် အသင်းများအား ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

၄င်းပြင် ထိုင်းဖက်မှ ဝင်ရန် ရပ်တန့်နေသော လောင်စာဆီကား စီးရေ (၅၀)ခန့်မှာ ငွေရှင်းပြီး ဖြစ်နေသဖြင့် တာချီလိတ် မြို့နယ်အတွင်းဝင်ရောက်နိုင်ရေးအတွက် လာအိုနိုင်ငံဖက်လမ်းကြောင်းမှ တဆင့် ၊ တာချီလိတ် မြို့နယ် ဝမ်ပုံဆိပ်ကမ်းဖက်မှ ဝင်နိုင်ရေးအတွက် ယနေ့စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ယနေ့နံနက်ပိုင်း ပြုလုပ်သော တာချီလိတ်မြို့၌ မြို့မီးလင်းရေးနှင့် စက်သုံးဆီဆိုင်ရာကိစ္စ လုပ်ငန်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး `ကျော်မင်းထွန်းတို့ဦးဆောင်ကာတာချီလိတ်မြို့ မီးလင်းရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်၊စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကြည်မြင့်၊မြို့မိမြို့ဖ လုပ်ငန်းရှင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်ကြီးများအသင်း၊ စီးပွားရေးလုပ်ငန်းရှင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။

#ရှမ်းအရှေ့သတင်းမဏ္ဍိုင်

Myanmar Update News 🇲🇲

10 Feb, 11:59


ကလေးဘက်မှာလည်း အကြမ်းဖက်တွေကို နှိမ်နင်းနေပါတယ်။
-
တိုက်ပွဲသတင်းစုံ

Myanmar Update News 🇲🇲

10 Feb, 11:55


ရန်ကုန်လေထုအတွင်းက အမှုန်များသည်လေစီးကြောင်းအတိုင်း ပါလာသည့်အမှုန်များဖြစ်၊ လေထုအရည်အသွေးကို နေရာ သုံး ခု၌ စစ်ဆေးဆောင်ရွက်နေ

ဖေဖော်ဝါရီ ၁၀၊၂၀၂၅

ရန်ကုန်လေထုအရည် အသွေးအား လေ့လာချက်အရ အမှုန်များ များပြားနေပြီး အဆိုပါ အမှုန်များသည် ရန်ကုန်မြို့က ထွက်ရှိ‌​သောအမှုန်များမဟုတ်ဘဲ လေစီးကြောင်းအတိုင်း ပါလာသည့်အမှုန်များဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနခွဲမှ သိရသည်။
“​လေထဲမှာအမှုန်တွေများနေတယ်ဆိုတာ တွေ့ရတယ်။ ဇန်နဝါရီ ၂၇ ရက်ကစပြီး ဖေဖော်ဝါရီ ၇ ရက်အထိ တိုင်းတာချက်တွေကတော့ လက်ရှိအနေအထားက ဒီကနေထွက်နေတဲ့ အမှုန်မဟုတ်ပါဘူး။ လေစီး ကြောင်းအတိုင်းပါလာတဲ့ အမှုန်တွေ ဖြစ်ပါတယ်။ တွေ့ရှိရတဲ့ ဒေတာအရ ဘေးအန္တရာယ်မရှိပါဘူး”ဟုအဆိုပါ ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။
လက်ရှိတွင်ရန်ကုန်မြို့၏လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုများကို International Business Center(IBC) (ခြောက်မိုင်ခွဲ၊ပြည်လမ်း) နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌လည်ကောင်း၊  မဟာဗန္ဓုလပန်းခြံ၌လည်းကောင်း လေထုအရည်အသွေးအညွှန်းကိန်း(AQI)ကို နေ့စဉ် စောင့်ကြည့်တိုင်းတာလျက်ရှိ‌​ကြောင်းသိရသည်။

Myanmar Update News 🇲🇲

10 Feb, 11:41


သထုံမြို့နယ်၊ ချောင်းဇောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ငါးဖမ်းနေသည့် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ===

ဖေဖော်ဝါရီလ ၁၀၊ ၂၀၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ချောင်းဇောက်ကျေးရွာနေ မမိမိ (၂၅) နှစ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့၌ ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ချောင်းအတွင်း ငါးဖမ်းနေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

Myanmar Update News 🇲🇲

10 Feb, 11:40


ဧရာဝတီတံတား(မလွန်) ရေလမ်းကြောင်း ပြောင်းလဲမည်

ဖေဖော်ဝါရီ ၁၀

ဧရာဝတီတံတား(မလွန်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ မြစ်ကြမ်းပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့် တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၄)နှင့် (၅)အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပါတယ်။

ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ (၉၈)မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် (၁၇)မီတာရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားပြီး မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်ပါတယ်။

တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅)ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂)ခုအကြားမှ ယှဉ်ပြိုင် ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Myanmar Update News 🇲🇲

10 Feb, 11:19


ရန်ကုန်တိုင်းဒေသကြီးအတွင်း နာရီပိုင်းအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွား

ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယနေ့ မွန်းတည့်ချိန်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းတွင် ယနေ့နံနက် ၁၁ နာရီ ၅၄ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်မှုကြောင့် မွန်းတည့် ၁၂ နာရီကျော်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည်း ၁၂ နာရီ ၁၁ မိနစ်အချိခန့်န်တွင် မီးငြိမ်းသွားခဲ့သည်။

Myanmar Update News 🇲🇲

10 Feb, 11:18


#မိုးကုတ်
10.2.2024
12:08Am - 12:37Am
✈️💥💥💥💥💥💥💥

မိုးကုတ်မြို့ အနောက်ပိုင်း၊
ဝင်းထရံလုပ်ကွက်အား
28လုံး(7ကြိမ်)ကြဲခံရ

3ဦးသေဆုံး/20ဒဏ်ရာရရှိ

Myanmar Update News 🇲🇲

10 Feb, 08:17


မျောက်စိမ ဖျက်သွားတဲ့ Post 😁😁😁

ကမ္မမြို့မှာ လမ်းမှားပြီး ဆိုင်ကယ်နဲ့ရဲစခန်းရှေ့ဖြတ်မိတဲ့ PDFတစ်ဦး ပစ်ခတ်ခံရဟုဆို

ပခုက္ကူမြို့နယ် ကမ္မမြို့ရဲစခန်းရှေ့ကို ဖေဖော်ဝါရီလ ၉ ရက် မနက် ၉ နာရီခန့်မှာ ပခုက္ကူ တပ်ရင်း ၈ တပ်ဖွဲ့ဝင်pdfမှာ pdfယူနီဖောင်းဝတ်ဆင်ထားပြီး လမ်းမှားဖြတ်သန်းမိခဲ့ရာမှာ ရဲကင်းကနေ ပစ်ခတ်ခဲ့ပြီး အလောင်းကို စခန်းထဲ ဆွဲသွင်းသွားတယ်လို့သိရပါတယ်။

အလောင်းကို ပြန်ပေးဖို့ရဲစခန်းကို တောင်းဆိုနေပေမဲ့ မရရှိတာကြောင့် မနေ့က နေ့လယ်ပိုင်းမှာ pdfတွေက ရဲစခန်းကို ဒရုန်းဗုံးသီးနဲ့ကြဲချ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၎င်း pdfဟာ ယူနီဖောင်းတစ်ဝက်ဝတ်ဆင်ထားပြီး ကျောပိုးအိတ် ဖိနပ်စတဲ့ စစ်အသုံးအဆောင်တွေ ပါရှိတာကြောင့် pdfမှန်းသိသွားပြီးလို့ ပစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်။

တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကမ္မမြို့ရဲစခန်းကို လာရောက်တိုက်ခိုက်တာကြောင့် ပြန်လည် ပစ်ခတ်ရာမှာ PDF အလောင်းတစ်လောင်း၊ ပြောက်ကျားဝတ်စုံနှစ်စုံနဲ့ ဆိုင်ကယ်တစ်စီးတို့် သိမ်းဆည်းရမိတယ်လို့ တွေ့ရပါတယ်။

ကမ္မမြို့ရဲစခန်းဟာ ပခုက္ကူ‌-ပေါက် လမ်း‌မပေါ်မှာရှိပါတယ်။
#Mandalay_Free_Press_MFP

Myanmar Update News 🇲🇲

10 Feb, 07:48


မြေပိုင်မှ  စစ်နိုင်မှာ  ဖြစ်ပါတယ်    ပညာရှိ သတိဖြစ်ခဲ   ဖြစ်နေမှာစိုးလို့  တင်ပြရတာပါ    

ထလရ ဘာသာရပ်မှာ  ရန်သူ    ဥတု   မြေအနေအထားကို   အဓိပ္ပါယ်ရှင်းလင်းချက်  ရှည်လျှားစွာ  ဖေါ်ပြထားပါတယ်ခင်ဗျာ   ဒုတိယကမ္ဘာစစ်ကာလ   ဂျာမန်တို့ရဲ့ တိုက်တိုင်းအောင်  ပန်ဇာတပ်မကြီးဟာ    ခြေလျင်စစ်သည်တွေရော  တင့်ကားတပ်တွေရော   ရုရှားရဲ့  သွေးခဲမတတ်အေးခဲနေတဲ့  ရာသီဥတုအောက်မှာ   စက်သုံးဆီ ပြတ်လပ်ခြင်း    ရိက္ခါ  ခဲယမ်း  ဆေးဝါး ပို့ဆောင်တဲ့ မိမိတပ်ဖွဲ့များကို  ကြားဖြတ်တိုက်ခိုက်ခံရခြင်းတို့ကြောင့်  တပ်ပျက်ခဲ့ရပါတယ်

          Delta  Fox ခေါ်   သဲကန္တာရမြေခွေး ဆိုတဲ့ ဗိုလ်ချုပ်ကြီး  အာဝင်ရွန်းမဲလ် ခေါင်းဆောင်တဲ့   တိုက်တိုင်းအောင်  တပ်တော်ကြီးဟာ   ရုရှားတပ်နီတော်ရဲ့  ပိတ်ဆို့ချေမှုန်းတာကိုခံရပြီး  စစ်ရှုံးခဲ့ရဘူးတယ်မဟုတ်လား

            စစ်ရေးသတိ အမြဲရှိပါ    သတိပေါ့တာနဲ့ ခံစားသွားရမှာပါခင်ဗျာ      ရန်သူဘက်ကတော့    စိတ်နှစ်ခွဖြစ်အောင်   ဝါဒဖြန့် စစ်သတင်းတွေ တင်နေပါတယ်

ဗန်းမော်ခွင်မှာ   ကီယာနဲ့ ပဒက်လေးတွေ  မနေ့ကရော  ဒီနေ့  နေ့လည်ပိုင်းပါ   အတော်အထိနာနေပါတယ်    ဝမ်းသာစရာသတင်းက   ကီယာနဲ့ ပဒက်ရဲ့  DB    ၅၀  ကျော်နဲ့   တုတ်    ၂၃ ချောင်း  ထပ်မံရရှိလိုက်ပါတယ်
ယခု  Post တင်ချိန်  ညနေ  ၁၄၀၀  နာရီမှာ  တိုက်ပွဲဖြစ်သံမကြားရပါဘူး   ဗန်းမော်မြို့ကြီး  တပ်ပေါင်းငြိမ်  ပေါ့ဗျာ

            ကီယာ တို့ရဲ့ တပ်မဟာ ၃ မှုးနဲ့ အဖွဲ့ လက်ကျန်  ရာဂဏန်းဟာ   စစ်ကူနဲ့ ခဲယမ်း  ဗုံးသီး   ဆေးဝါး လာပို့မဲ့ အဖွဲ့ကို  မျှော်နေကြလေရဲ့ 

          ဗန်းမော်မြို့  အခြေအနေမကောင်းတော့ဘူးလို့    ရန်သူဘက်က  ဝါဒဖြန့်  Post  တွေ တက်နေတော့  စိုးရိမ်နေကြမဲ့ မိဘပြည်သူများအတွက်    ဗန်းမော်မြို့က  ရွှေဘတို့က    ပန်းပန် လျှက်ပါဘဲလို့ တင်ပြပါရစေခင်ဗျာ

           ကဲ   ဒါက  ကချင်ပြည်နယ်  စစ်သတင်းပါဗျာ

ခုတစ်ခါ  အလှည့်ကျတာက   ရခိုင်  စစ်တွေ သတင်းပါဘဲ  

                ၉ မိုင်ပါတ်လည်   ဧရိယာ အကျယ်အဝန်းရှိတဲ့  စစ်တွေ ကျွန်းဟာ    ကုန်းတွင်းပိတ်ဒေသ မဟုတ်ပါဘူး      ပင်လယ်  ဒီရေ  အတက်အကျရှိပြီး  ရေပါတ်လည်  ဝိုင်းထားတဲ့   အပြင်  တောင်ကုန်း  တောင်တန်းတွေ  မရှိပါဘူးခင်ဗျာ     ကျားမသောက်ရွာအနီးက   သစ်တောဥယာဥ္ကတော့  သစ်တောများထူထပ်စွာပေါက်ရောက်တာကလွဲပြီး  ကျန်  နေရာများဟာ   ကွင်းပြောင်ကြီးများ ဖြစ်ပါတယ်    သဲမြေ  အမျိုးအစားမို့    ပစ်ကျင်း တူးဖေါ်ရ  လွယ်ကူပေမဲ့  ရေရှည်မခိုင်ခန့်ပါဘူး   


        တပ်မတော်  ရေ  NAVY  က  စစ်ရေယာဥ္များနဲ့ ကျွန်းပါတ်လည်ကို  အရေးပေါ်အချိန်  ပိတ်ဆို့ ဝိုင်းပါတ်ထားနိုင်ပါတယ်

          စစ်တွေ လေဆိပ်က   ရုပ်ဆိုးကြီး  အုပ်စုကလည်း   အမြဲတမ်း  တိုက်ပွဲဝင်အသင့်ပါဘဲ


                စစ်တွေ  ဒကစမှုး ရဲ့ ကွပ်ကဲမှု တပ်ပေါင်းစုအပြင်    နပခ လက်အောက်ခံ  ခြေလျင်  ခြေမြန်တပ်များ    အပူးဂဏန်းတပ်မ မှ  တပ်မတော်သားများ   အရံတပ်ဖွဲ့ဝင်များ ရှိနေတာမို့     အချိန်ကာလ တစ်ခုကို  စောင့်နေတဲ့  အနေအထားပါဘဲ  အားမလိုအားမရ  ဖြစ်ပြီး    တမင်  စိမ့်ဝင်နေတဲ့  ရခီး ခွေးအ နဲ့ ဒေသခံ  ပဒက်များဟာ  အချိန်တစ်ခု  မှာတော့
မြှုံးထဲ  ဝင်မိတဲ့ ငါး တွေလိုဘဲ     ထောင်ချောက်ဆင်ထားတဲ့ အကွက်ထဲကို  သေချာပေါက်  ဝင်လာတော့မှာပါ  

         အငူမော်ကနေ  ကူးလာတဲ့  ရေချမ်းပြင် ဆိပ်ကမ်းမှ တဆင့်   စစ်တွေ ကျွန်းထဲကိုရောက်နေတဲ့  ရန်သူရယ်     ရသေ့တောင်ဘက်မှ    အမြင့်ကျွန်းရွာဘက်  တဖြည်းဖြည့်စိမ့်ဝင်လာခဲ့တဲ့  ရခီး ခွေးအ   အားလုံးဟာ ခန့်မှန်း   ၂၀၀  ကျော်လောက်ရှိနေပါပြီ

          ဒါဆို   ခု  ဘာလို့ အပြတ်မဆော်တာလဲ  ဟုတ်လား  ???  နပခ  စစ်တိုင်းမှုးနဲ့  ဒကစ မှုးတို့ကိုယ်တိုင်  အနီးကပ်  ကွပ်ကဲနေတယ် ဆိုတာ   မိတ်ဆွေ  သတိမေ့နေလို့  ဖြစ်မှာပါခင်ဗျာ

ဆန္ဒတွေ  မစောကြပါနဲ့ 
Limit  မပြည့်သေးလို့  အချိန်ပေး  စောင့်ဆိုင်းနေတာပါ    စစ်တွေကျွန်းပေါ်  ဝင်လာသမျှ   ကြွက်တစ်ကောင်တောင်  မလွတ်သွားစေရပါဘူးခင်ဗျာ   အချိန်ကာလ  တစ်ခုကိုတော့  စိတ်ရှည်ရှည်နဲ့ စောင့်ပေါ့

ရွှေဘတို့   ဘယ်လိုပုံစံနဲ့  ပွဲသိမ်းပြမှာလဲ  ဆိုတာ ကိုတော့  မကြာမှီ  လာမည်      မျှော်ပါ ခင်ဗျာ

အားလုံးကို  လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅     ဖေ   ၁၀ ၁၄၁၀

Myanmar Update News 🇲🇲

10 Feb, 07:19


အကယ်ဒမီပေးပွဲကအပြန် ဗုံးကြဲခံလိုက်ရတဲ့ မိုးကုတ် အနောက်ပိုင်း ပလောင်တွေ ကျောက်တူးနေတဲ့ ဝင်းထရံရပ်။

#yyh@YeYintH

Myanmar Update News 🇲🇲

10 Feb, 07:00


တနေ့က သတင်းမှာ အမေရိကန်ရဲ့ ၄၇ ဦးမြောက် သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်က ခရစ်ယာန်ဘာသာဝင်တွေအတွက် စောင့်ရှောက်ရေး အသင်းအဖွဲ့ ဖွဲ့ရမယ်ဆိုပြီး ကြေညာတာ တွေ့လိုက်ရတယ်။
-----
ဒါနဲ့ တဆက်တည်း မြန်မာနိုင်ငံမှာ မဘသ ကို လစ်ဘရယ်ဒီမိုကရေစီ အရည်ခြုံထားတဲ့ ဒေါ်စုတို့အစိုးရနဲ့ အပေါင်းအပါတွေက မဘသ ကို အစွန်းရောက်အဖွဲ့အစည်း ဆိုပြီး တံဆိပ်ကပ်ပလိုက်တယ်။ ဒီတံဆိပ်ကပ်ခံရမှုက နိုင်ငံတကာရဲ့ အမြင်မှာတော့ ဘင်္ဂလီအရေးအခင်းဖြစ်တဲ့အခါ  ဒီလို အခြေခံစိတ်ဓာတ်တွေ ရှိလို့ တိုင်းပြည်မတည်ငြိမ်တာ၊ ဘင်္ဂလီတွေကို မနေခိုင်းတာ ဆိုတဲ့ အမြင်မျိုး ဖြစ်သွားစေတယ်။
-----
NLD က ဘယ်လောက်အထိ တွယ်ခဲ့ကြသလဲ ဆိုရင် ၄၇ ပါးစုံညီ အစည်းအဝေးတွေကနေတောင် ဖိအားပေးပြီး ဖျက်ခိုင်းခဲ့ကြတာမျိုး။ ပြန်ကြားရေးဝန်ကြီးဆိုရင် ဗုဒ္ဓ အဆုံးအမ စာကိုတောင် ဖြုတ်ပစ်ခဲ့တာမျိုး၊ မန္တလေးတိုင်း ဝန်ကြီးဆိုရင် ဇာတိမာန်သီချင်း မဆိုခိုင်းတော့တာမျိုး။ နွေရာသီ ဓမ္မစကူးလ် သင်တန်းဖွင့်မှာ စိုးလို့ နွေပိတ်ရက်ကို လျော့ချပစ်ခဲ့တာမျိုး။ ပြောပြရရင် အများကြီးရယ်။  မှတ်မှတ်ရရ အင်းစိန်ရွာမ ဆရာတော်ရဲ့ ကျောင်းမှာ ကိုဗစ်ဖြစ်တော့ အနီထောက်ခံတဲ့ ဗမာတွေက ဒီသံဃာတွေ အကုန်သေသွား အေးတာပဲ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်း မန့်ခဲ့ကြဖူးသူတွေ အများကြီးရယ်။
----
ခုလည်း ဒေါ်နယ်ထရန့်က ခရစ်ယာန်ဘာသာအတွက် စောင့်ရှောက်ရေး အသင်းဖွဲ့တဲ့ လုပ်ရပ်အပေါ် ဘယ်ဒူးမနာသားတွေမှ ဝေဖန်သံထွက်မယ်မထင်ပါဘူး။ ထွက်လို့လည်း ရမှမရပဲ။ ခုခေတ် လူငယ်တွေ သမိုင်း သိစေချင်တာပါ။ မြန်မာနိုင်ငံမှာ အရေးအခင်းစဖြစ်တော့ YMBA ရုံးချုပ်မှာ ပေါက်ကရ အဖျက်လုပ်သွားတဲ့ မြင်ကွင်းမျိုး မှတ်မိကြမှာပေါ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့၊ မျိုးချစ်စိတ်ပြင်းထန်ဖို့ YMBA လို အသင်းမျိုးက အဓိက ကျခဲ့တယ်ဆိုတာ သမိုင်းလေးတော့ ရှာဖတ်စေချင်သားလား။


(နရီမိုး)

Myanmar Update News 🇲🇲

10 Feb, 07:00


နိုင်ငံခြားငွေလဲလှယ်နှုန်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရည်ညွှန်းငွေလဲနှုန်း

အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၁၀ ကျပ်
ဝယ်ဈေး     - ၄၄၁၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး     - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၂၅ ကျပ်
ဝယ်ဈေး     - ၄၅၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး     - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး     -   ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၃ ကျပ်
ဝယ်ဈေး     - ၅၉၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၈ ကျပ်
ဝယ်ဈေး     - ၂၈.၇၂ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၁၇ ကျပ်
ဝယ်ဈေး     - ၄၉.၈၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး     - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၅၀ ကျပ်
ဝယ်ဈေး     - ၅၄၁၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၀ ကျပ်
ဝယ်ဈေး     - ၂၇၃၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး     - ၃၀၄၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး     - ၅၆၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး     - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

(သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။)

Myanmar Update News 🇲🇲

10 Feb, 06:59


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဖေဖော်ဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဂုရုကြီး၏ နိုင်ငံတကာပဋိပက္ခများတွင် ညှိနှိုင်းပေးခဲ့သည့် ငြိမ်းချမ်းရေးအတွေ့အကြုံများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီးသည့် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာကိစ္စများ၊ ပဋိပက္ခပါတီများအကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှု တိုးပွားစေရေးဆိုင်ရာကိစ္စရပ်များ၊ ပဋိပက္ခကြောင့် အားလုံးဒုက္ခရောက်ကြရပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Myanmar Update News 🇲🇲

10 Feb, 06:59


တွံတေး    ဖေဖော်ဝါရီ      ၁၀

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ဘုရားကြီးကျေးရွာ၊ ဘုရားကြီးသစ်တောထွက်ပစ္စည်းစစ်ဆေးရေးအခွန်တော်ကင်းစခန်း၌ သစ်တောဥပဒေ အသိပညာပေးဟောပြောပွဲကိုယနေ့နံနက်၁၀ နာရီအချိန်က အဆိုပါသစ်တောထွတ်ပစ္စည်းစစ်ဆေးရေးအခွန်တော်ကင်းစခန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

Myanmar Update News 🇲🇲

10 Feb, 06:58


10.2.2025. 1.


ကရခတိုင်းရုံးအတွက်ပါ


တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊လောင်းလုံအခြေစိုက်

ရဲစခန်း

စရဖရုံး

စတဲ့နေရာများကို KNU. PDF အကဖများစုပေါင်း၍ လတ်တလောတိုက်ခိုက်နေကြတယ်လို့သိရပါတယ်၊ရန်သူအင်အားများပါတယ်၊လိုအပ်တဲ့စစ်ကူပစ်ကူပေးနိုင်ရေး တင်ပေးလိုက်ရပါတယ်။



အမဲလိုက်မုဆိုးကြီး
10.2.2025(01:03PM)
Mon. day


https://t.me/+Q_03ANIPyExkOWJl

Myanmar Update News 🇲🇲

10 Feb, 04:36


၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ

Myanmar Update News 🇲🇲

10 Feb, 04:35


ထိုင်းနိုင်ငံအလယ်ပိုင်း၊စမူပရာကန်မြို့ တံတားပေါ်၊ မနေ့က နေ့လည် ၁၂ နာရီမှာ အလှူခံနေတဲ့ မြန်မာသူတောင်းစားအဖွဲ့ ဖမ်းခံရ

"ဒီလိုအလှူခံတာ တံတားတိုင်းမှာရှိတယ်။ အပတ်တိုင်းလိုက်ဖမ်းမယ်" လို့လည်းပြောသွားပါတယ်။

မြန်မာတွင်မက ကမ္ဘာမှာပါ အကြမ်းဖက်သမား ၊ ထောက်ပို့များအတွက် ခြေချစရာ မြေမရှိ။
👏🤪

Myanmar Update News 🇲🇲

10 Feb, 04:32


ဒေါပုံမြို့မရဲစခန်းတွင် အချုပ်ဖောက်ပြေးမှုဖြစ်ပွား
*******************
(မှုခင်း) ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒေါပုံမြို့မရဲစခန်းတွင် ယမန်နေ့နံနက်ပိုင်းက အချုပ်သားများ အချုပ်ခန်းဖောက်ပြေးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဒေါပုံမြို့မရဲစခန်းတွင် ရဲစခန်းအချုပ်အား တာဝန်မှူး မှ စစ်ဆေးစဉ် အမျိုးသားအချုပ်ခန်းယာဘက်ထောင့် နှစ်တိုင်မြောက် သံတိုင်အား အရှည်(၆)လက်မခွဲခန့်ရှိ သံဖြတ်လွှဖြင့်ဖြတ်ကာ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာအားဖြုတ်၍ အချုပ်သား ၄ ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

လွတ်မြောက်သွားသူများမှာ ဒေါပုံမြို့မရဲစခန်း၊ မယ(ပ)၂/၂၀၂၅၊ မယ(ပ)၃/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်ဖြင့် ချုပ်နှောင်ထားရှိသည့် တရားခံ သူရဇော်(ခ)အောင်ရဲလင်း၊ ၂၄ နှစ်၊ နွယ်အေးရပ်ကွက် ဒေါပုံမြို့နယ်နေသူနှင့......

Webpage >>...
https://positiveanglenews.com/2025/02/10/ဒေါပုံမြို့မရဲစခန်းတွင/

VK Link>>...
https://vk.com/wall-220066330_10702

TelegramÂť...
https://t.me/positiveanglenews

#PAN

Myanmar Update News 🇲🇲

07 Feb, 12:37


ရန်သူဆိုပေမယ့် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့

ဖေ ၆ ရက် မွန်းလွဲပိုင်းမှာ ဗန်းမော်အကျဉ်းထောင်အနီးအား အကြမ်းဖက် KIA/PDF ၇၀ ဦးခန့် ချဉ်းကပ် လာသဖြင့် လက်နက်ကြီးများ၊ Drone များဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့သလို ညအချိန်တွင်လည်း NV Drone ဖြင့် ချေမှုန်းခဲ့လို့ ရန်သူ ဆုတ်ခွာထွက်ပြေးသွားကြပါတယ်။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူထံမှ -
(၁) KIA/PDF အလောင်း ၁၀ လောင်း (တစ်စစီဖြစ် အလောင်းမပါ)
(၂) သေနတ် မျိုးစုံ ၇ လက်
(၃) ခဲယမ်း/ဗုံးသီးများ

သိမ်းဆည်းရရှိခဲ့ပါသည်။
-
ခန္ဓာမပျက် ကျန်ရစ်ခဲ့သည် ရန်သူ့အလောင်းများအား ကောင်းမွန်စွာ မီးသဂြိုလ်ပေးလိုက်ပါတယ်။ အလောင်းမကျန်တဲ့ သူပုန်တွေအတွက်လည်း “လွတ်လပ်ရာ သွားကြတော့”ဆိုပြီး မေတ္တာပို့ ပေးလိုက်ပါတယ်။
-
Fighting ပါ ဗန်းမော်မှ တပ်မတော်သားများ။။။
-
တိုက်ပွဲသတင်းစုံ

Myanmar Update News 🇲🇲

07 Feb, 12:11


လူပျောက်ကြော်ငြာ

Myanmar Update News 🇲🇲

07 Feb, 09:46


ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ဇီးသီးဗန်း မှောက်ကြသူတွေ
============
အမေရိကန် ဒီမိုကရက်တွေကနေ ယူကရိန်းစစ်အတွက် လွှတ်တော်တင်ပြီး တောင်းခံတဲ့ ဘဏ္ဍာငွေ ၁၇၇ ဘီလီယံက ဇလန်စကီးဆီကို ဘီလီယံ ၇၀ ကျော်ပဲ ရောက်တယ် ဆိုတဲ့ သတင်းလေးတွေ့ရတော့ …လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားပါတယ်ဆိုတဲ့ ကမ္ဘာ့ အင်အားကြီး ဒီမိုကရေစီဘိုးအေနိုင်ငံမှာလည်း လူတွေသေစေတဲ့ စစ်ပွဲကို အကြောင်းပြုပြီး ဘီလီယံ ၁၀၀ လောက် ဇီးသီးဗန်းမှောက်တာတွေ ရှိတာပဲ ဆိုတဲ့ အတွေး ဝင်မိတယ်။
---
ဒီကြားထဲ  ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြောတဲ့အထဲ တွေ့လိုက်ရတဲ့ သတင်းက အတော်လေးတော့ အူကြောင်ကြောင်နိုင်နေပြန်တယ်။ သူ့အပြောအရ…အမေရိကန် ဒီမိုကရက်တွေက အမေရိကန်ပြည်သူတွေရဲ့ အခွန်အခ ထဲကနေ… ဂျာမေကာမှာ LGBT မြှင့်တင်ဖို့အတွက် ဒေါ်လာ ၁သန်းခွဲ၊ ဆာဘီးယားမှာ လိင်ပြောင်းဖို့ အတွက် ၄ သန်း၊ ယူဂန်ဒါမှာ LGBT တွေအတွက် ၅ သန်းခွဲ၊ သီရိလင်္ကာမှာ လိင်တူကိစ္စ သတင်းမီဒီယာတွေမှာ မဖော်ပြဖို့ နှုတ်ပိတ်ခ ဒေါ်လာ ၈ သန်း…စသဖြင့် သုံးစွဲ ခဲ့တယ်လို့ ဆိုပြန်တယ်။ ဒါ့ကြောင့်လည်း ဒေါ်နယ်ထရန့် တက်လာပြီး ကျား/မ နှစ်မျိုးပဲ လက်ခံတယ်ဆိုပြီး ပြောတာ မလွန်ပြန်ဘူးလို့လည်း တွေးမိတယ်။
-----
တဆက်တည်း မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာများ တိုးတက်ဖွံ့ဖြိုးရေး အတွက် USAID ကတဆင့် ပေးဖို့ လျာထားတဲ့ ဒေါ်လာ ၃၉ သန်းကိုလည်း ဒေါ်နယ် ထရန့်က ရပ်ဆိုင်းလိုက်တယ်ဆိုပြန်တော့….ဒီခေါင်းစဉ်နဲ့  ရပ်တည်နေကြတဲ့ အဖွဲ့ အစည်းတွေ ပရောဂမှန်လို့ တုန်ဆင်း လာတာ ဆန်းတော့ မဆန်းဘူး။ တကယ်တော့… ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို့သာ ခေါင်းစဉ်တပ်ကြတာ…ငါနဲ့မတူ၊ ငါ့ရန်သူဆိုပြီး စိတ်ရှိလက်ရှိ သတ်ဖြတ်ခဲ့ကြတဲ့ အရပ်သား အုပ်ချုပ်ရေးမှူးတွေဆိုတာ မြန်မာပြည်မှာ ထောင်ဂဏန်း၊ သောင်းဂဏန်း လောက်တောင် ရှိရော့မယ်။ လူ့အခွင့်အရေးလို့သာ ခေါင်းစဉ်တပ်ကြပေမယ်… CDM လုပ်ဖို့ နည်းမျိုးစုံနဲ့ သောက်ရှက်မဲ့ ဖိအားပေး လုပ်ခဲ့ကြ တဲ့ဖြစ်ရပ်တွေကလည်း နည်းမှ မနည်းခဲ့ပဲ။ အခွန်ရုံးရှေ့မှာ မောင်ကျော်ထက်အောင်တို့ လုပ်ခဲ့ကြတဲ့ ရုပ်သံတွေက သက်သေပဲမဟုတ်လား။
-----
မြန်မာပြည်က အမှီအခိုကင်းတဲ့ မီဒီယာတွေအတွက် ဒေါ်လာ(၂)သန်းဆိုတာကလည်း AP နဲ့ New York Time က အိမ်ဖြူတော်ရဲ့ အလိုကျ သတင်းရေးခဲ့ကြသလိုမျိုး။ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ကြရတဲ့ ရဲစခန်းတွေကို အကြမ်းဖက် ဝင်တိုက်တာ၊ ဒလန်ခေါင်းစဉ်နဲ့ ပျော်ပျော်ကြီး ခေါင်းဖြတ်လူသတ်ခဲ့ကြတဲ့ EAO နဲ့ PDF တွေရဲ့ သတင်းတွေကို ဝေဝေ ဆာဆာ ဖော်ပြတာ ကိုမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် ရပ်တည်နေတာဆိုပြီး ခံယူထားရင် တော့ မပြောတတ်ဘူးပေါ့။
-----
ဆိုတော့ အကုန်လုံးကို ချုပ်ကြည့်လိုက်ရင်….ဒေါ်နယ်ထရန့် တစ်ယောက် လက်မှတ်ထိုးခဲ့တဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတော် အရေးပေါ် သတ်မှတ်ချက် သက်တမ်းတိုးခဲ့တဲ့ ဖြစ်ရပ် ဆိုတာ…အမေရိကန် အလိုကျ အစိုးရ မပေါ်မချင်း လုပ်နေမယ့် အရာဖြစ်လို့ သိပ်တော့ အထွေအထူး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းပြပြီး ပေါက်ပန်းလေးဆယ် ထောက်ပံ့နေတဲ့ USAID ကြီး ရပ်သွားတာ တော့ ဝမ်းသာရမှာပါပဲ။ ဒါကိုအကြောင်းပြပြီး ဇီးသီးဗန်းမှောက်နေတဲ့ အဖွဲ့တွေကတော့ ဘယ်ပျော်နိုင်လိမ့်မတုန်း။ ဒီလိုပဲတွေးမိပါတယ်။

(နရီမိုး)

Myanmar Update News 🇲🇲

07 Feb, 09:46


ပစ်မှတ်တိကျချက်ကတော့ ကရင်နီအကြမ်းဖက်စခန်းတည့်တည့်ပဲ စခန်းအပြင်ထွက်သွားတဲ့ကောင်တွေလောက်ပဲ အသက်ရှင်တယ်

Myanmar Update News 🇲🇲

07 Feb, 09:45


မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်

Myanmar Update News 🇲🇲

07 Feb, 08:41


7.2.2025. 9


KNU ရဲ့ဘယ် /ညာပြ ဗျူဟာ


မွန်ပြည်နယ်၊သထုံခရိုင်၊သထုံမြို့နယ်အစပ် နဲ့ကရင်ပြည်နယ် အစပ် -

ခလော့စီးကုန်း

လှိုင်းကဒက်

နော့နော်ဝါး

ရှောက်ကုန်း

စတဲ့ကျေးရွာများအနီးနှင့်တောင်ပိုင်း၊

KNU ရဲမင်းပိုင်

KNU စောလင်းမူ

ကရင်ပြည်နယ်မြိုင်ရွာ PDF ခေါင်းဆောင် သက်ပိုင်ဦး

စတဲ့အကဖခေါင်းဆောင်များဦးစီး၍ အင်အား၅၀၀ ဝန်းကျင်ခန့် ရောက်ရှိအခြေပြုနေတယ်လို့ သိရပါတယ်။

သထုံနယ်မြေက တပ်စခန်းများ၊ BGF စခန်းများ၊တပ်ရင်းတပ်ဖွဲ့များ အထူးသတိပါ။ကရင်နဲ့မွန်ဘယ်ပြညာဝင်လုပ်လိမ့်မယ်နော်



အမဲလိုက်မုဆိုးကြီး
7.2.2025(03:07PM)
Fri. day



https://t.me/+Q_03ANIPyExkOWJl

Myanmar Update News 🇲🇲

07 Feb, 08:41


ဖေဖော်ဝါရီလ ၁၃ ရက်မှာ နေထိုင်ခွင့်ဗီဇာသက်တမ်းကုန်မယ့် လူဟောင်းတွေကို သက်တမ်းတိုးကာလ ၆ လ ထပ်မံခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာတော့ တရားဝင်နေထိုင်ခွင့်လက်မှတ် ပန်းရောင်ကတ်ပြုလုပ်ဖို့ စာရင်းသွင်းထားသူတွေ မပါဝင်ကြောင်း ဖော်ပြထားပါတယ်။

သတင်း - BETV Business
#Myanmar_Business_News #BETV_Business_News #Visa
#Thai_Pink_ID_Card #Thailand_Government #Myanmar_Migrant_Labours

Myanmar Update News 🇲🇲

07 Feb, 08:28


တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးဟု နစက ဥက္ကဋ္ဌပြော

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင်ကျရောက်သည့် (၇၈)နှစ် မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသောမောင်းနှင်အားတစ်ရပ်ဖြစ်၍ တိုင်းရင်းသားညီအစ်ကိုများကြား သံသယများဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားကြရမည်ဟု ပြောသည်။

" လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ပြည်သူတို့ရဲ့ အကျိုးစီးပွားကိုထိခိုက်စေမယ့် အကြမ်းဖက်မှုတွေ တိုက်ခိုက်မှုတွေကို စိတ်ကုန်မုန်းတီးနေကြပါပြီ။ မိမိတို့ရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးတွေကို များစွာတောင့်တနေကြတဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားကြဖို့ အသိပေးလိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။

နစက အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပနိုင်ရန်ပြင်ဆင်လျက်ရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန်လိုအပ်သည်ဟု ပြော သည်။

" နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ကြရသလို နိုင်ငံတိုးတက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အဓိပ္ပာယ်မဲ့ပြုန်းတီးနေတာဟာ နိုင်ငံအင်အားလျော့နည်းလာခြင်းဘဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ရာတွင် လေးလေးနက်နက်နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

Myanmar Update News 🇲🇲

07 Feb, 08:27


ဥဥ ရေ english လိုမပြောတတ်ရင် အဲ့လိုလုပ်လိုက်နော်။

Myanmar Update News 🇲🇲

07 Feb, 08:06


(၇၊ ၂၊ ၂ဝ၂၅) ဒီသတင်း အမှန်ဖြစ်ကြောင်း သိရပြီး ကင်ဆာရောဂါလူနာနဲ့ လူနာရှင်များအတွက် အားတက်စရာပါ။

ကင်ဆာရောဂါစွဲကပ်ပြီဆို တစ်စုံတစ်ရာအမိန့် ချမှတ်ခြင်း ခံရသူတွေပါ။ ဆင်းရဲလှတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကင်ဆာရောဂါတစ်မျိုးမျိုး ဖြစ်ပွားသူ အလွန်များပါတယ်

နာကျင်ခြင်းဝေဒနာများအနက် အဆိုးရွားဆုံးလို့ ဆိုကြပြီး စက္ကန့်နာရီနဲ့အမျှ ရောဂါတိုးပွားတတ်ပါတယ်။

ဓါတ်ရောင်ခြည်စက် ဝယ်ယူခွင့်ရရှိဖို့ ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ဓါတ်ကင်ကုသမှု ခံယူရမယ့် လူနာ/လူနာရှင်များခမျာ နှစ်ပေါင်းများစွာ အံကြိတ်ပြီး မျက်ရည်ဝဲခဲ့ကြရတယ်

ကျွန်တော့်ရဲ့ မိခင်ကြီးနဲ့ အမအကြီးဆုံးဟာ အသည်းကင်ဆာ ရင်သားကင်ဆာရောဂါများနဲ့ ကွယ်လွန်ခဲ့ရလို့ အင်မတန် ကိုယ်ချင်းစာမိတယ်

ရန်ကုန်ဆေးရုံကြီးရှေ့မှ ဒဂုံအရှေ့ကင်ဆာဆေးရုံသစ်ကြီးရှေ့အရောက် ပြေးဆွဲပေးတဲ့ ဘတ်စ်ကား ရှိသလို

YBS ၈၉ နဲ့လည်း ရောက်နိုင်ပါသတဲ့
.
.
#HtayOung #OungMarine

Myanmar Update News 🇲🇲

07 Feb, 07:47


7.2.2025. 8


KNU. KNLA တို့ရဲ့မတ်လမှ ဇွန်လအထိ Plan


တာဝန်သိပြည်သူ ( ၂၂) ဦးရဲ့ပေးပို့လာသောသတင်းဖြစ်ပါတယ်။
=====================

KNU. KNLA မှ ဒါဘော၊အယ်စေးဝါးတို့ဦးစီးကာ တပ်မဟာ ၃၊၄၊၅၊၆ နှင့် ABSDF. BPLA. တို့စုပေါင်းကာ

ကရင်ပြည်နယ်

မြဝတီ

ကော့ကရိတ်

သင်္ကန်းညီနောင်

သုံးဆူ

ဖာပွန်

ဘားအံ

မွန်ပြည်နယ်အတွင်းက

ရေး

သံဖြူဇရပ်

ကျိုက်မရော

သထုံ

ဘီးလင်း

ကျိုက်ထို

သိမ်ဇရပ်

ပဲခူးတိုင်းအတွင်းက

ဝေါ

ပဲခူး

ရွှေကျင်

ညောင်လေးပင်

ပဲနွယ်ကုန်း

ကညွှတ်ကွင်း

ညောင်ပင်သာ

ဖြူး

တောင်ငူ

ရေတာရှည်

စတဲ့နယ်မြေများမှတပ်စခန်းများ၊တပ်ရင်းတပ်ဖွဲ့များကိုစစ်ရေးဖော်ဆောင်မယ်လို့သိရပါတယ်၊

အဓိကတိုက်ခိုက်မယ့်နေရာသတင်း

ကော့ကရိတ်

ဖာပွန်

သုံးဆူ

ရေး

သံဖြူဇရပ်

ကျိုက်မရော

သထုံ

ဘီးလင်း

သိမ်ဇရပ်

ဝေါ

ရွှေကျင်

ညောင်လေးပင်

ညောင်ပင်သာ

တောင်ငူစတဲ့နေရာများအတွင်းကတပ်စခန်းများကိုအဓိကထားတိုက်ခိုက်မယ်လို့သိရပါတယ်၊စစ်ဘောင်ကျယ်၊စစ်ကူပစ်ကူကျယ်ပြန့်အောင်လုပ်ဆောင်မယ်လို့သိရပြီး၊ကရင်

- မွန် စစ်မီးတောက်အုံးမယ်လို့မြင်မိပါတယ်၊ကရင်နဲ့တနင်္သါရီတိုင်းအတွင်းမှာကိုပဲ အကြမ်းဖက်စခန်း၊အကြမ်းဖက်သင်တန်းကျောင်းတွေရှိနေခြင်းကရန်သူအင်အားတိုးစေတာပါပဲ၊ထိုင်းနိုင်ငံအလုပ်သွားသည်ဟူသောအကြောင်းပြချက်ဖြင့် အကြမ်းဖက်ထဲရောက်နေတဲ့လူငယ်က ၆၀ % ပမာဏလောက်ထိရှိပါတယ်၊ကရင်နဲ့မွန် တာဝန်ရှိသူများရန်သူကိုအထင်မသေးဖို့လိုအပ်ပါမယ်၊ရှမ်းမြောက်၊မွန်ပြည်နယ်အတွက်ကယူဆလို့မရနိုင်ပါဘူး၊ပြင်ဆင်ချိန်အများကြီးရထားပါတယ်၊ကရင်၊တနင်္သါရီကတော့ယခင်ကတည်းကစစ်ပွဲရှိခဲ့သောနေရာလို့ဆိုနိုင်ပါတယ်၊ရရခိုင်က အငိုက်ခံရတယ်လို့ယူဆမယ်ဆိုရင်ယူဆလို့ရပေမယ့်

စစ်ဦးကျိုးအောင်လုပ်နိုင်ဖို့လိုအပ်မယ်ထင်ပါတယ်၊ငဲ့ညှာနေမယ်ဆိုရင်တော့ပြည်သူရောအောက်ခြေစစ်သည်၊မိသားစုတွေပါပေးဆပ်ရပါလိမ့်မယ်။

ဆက်လက်စုံစမ်းဖော်ထုတ်ပေးသွားပါမည်။



အမဲလိုက်မုဆိုးကြီး
7.2.2025(02:05PM)
Fri. day


https://t.me/+Q_03ANIPyExkOWJl

Myanmar Update News 🇲🇲

07 Feb, 06:55


ကျားဖြန့်နေရာများအား ဝင်ရောက်ရှင်းလင်း (မိုင်းရယ်)

(သတင်းအဆက်ဖြစ်ပါသည်) https://t.me/combatnews7723/7284

ပြည်သူများ၏ သတင်းပေးမှုအရ မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာရှိ ကျားဖြန့်လုပ်ငန်းများအား ဖေ ၆ ရက်နေ့တွင် ဆက်လက်ရှင်းလင်းရာ မိုင်းကောင်၏ အနောက်တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ -
(၁) ဗီယက်နမ် မ-(၁၈)ဦး
(၂) မြန်မာနိုင်ငံသား ကျား-(၂)ဦး၊ မ-(၂၅)ဦး၊ ပေါင်း (၄၅)ဦး
(၃) ကွန်ပျူတာ ၇၂ လုံး
(၄) Starlink ၅ စုံ
(၅) ဖုန်းမျိုးစုံ ၇၉ လုံး
(၆) ငါးပစ်ဂိမ်းစက် ၅ လုံး
(၇) မော်တော်ယာဉ် ၂ စီး

တို့အား လည်းကောင်း။
-
မိုင်းကောင်၏ အနောက်တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာတွင် ထွက်ပြေး တိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ကျား-(၃)ဦး၊ မ-(၁)ဦး တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။ (ပုံများ ဆက်လက် ဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ

Myanmar Update News 🇲🇲

07 Feb, 06:53


ငဖဲမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဖေဖော်ဝါရီ ၇

ဖေဖော်ဝါရီလ ၆ ရက်နေ့ ၁၁၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီးရှိ ဦးချောက် ၏ နေအိမ်တဲအား ၀ငျရောကျရှာဖှရော နေအိမ်တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၅ သိန်း)နှင့် ဘိန်းမဲ အလေးချိန် ၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀,၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဦးချောက်(၅၆)နှစ်အား စကုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

(Unicode)

ငဖဲမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဖေဖော်ဝါရီ ၇

ဖေဖော်ဝါရီလ ၆ ရက်နေ့ ၁၁၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီးရှိ ဦးချောက် ၏ နေအိမ်တဲအား ဝင်ရောက်ရှာဖွေရာ နေအိမ်တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၅ သိန်း)နှင့် ဘိန်းမဲ အလေးချိန် ၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀,၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဦးချောက်(၅၆)နှစ်အား စကုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

Myanmar Update News 🇲🇲

07 Feb, 06:46


❝တရုတ်နိုင်ငံသား ၄၀ နီးပါးပါဝင်တဲ့ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၆၀ ကျော်ကို BGF က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟕》

မြဝတီမြို့၊ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား (၆၁) ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖေဖော်ဝါရီ (၆)ရက်မှာ ထိုင်းနိုင်ငံဘက်က ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နိုင်ငံခြားသား (၆၁) ဦးထဲမှာ တရုတ်နိုင်ငံသားက (၃၉) ဦးအထိ အများဆုံးပါဝင်နေပြီး ကျန်သူတွေက အိန္ဒိယ၊ ပါကစ္စတန်နဲ့ မလေးရှားနိုင်ငံသားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF) နဲ့ ဒီမိုကရေစီကရင် အကျိုးပြုတပ်မတော် (DKBA)တို့က ကရင်ပြည်နယ်ထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ယခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုလို ဆောင်ရွက်လာတာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ကလည်း ယခုလို လက်ခံရရှိထားတဲ့ နစ်နာသူတွေကို ၎င်းတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်ပို့ဆောင်ဖို့ တာဝန်ယူသွားမှာဖြစ်သလို လက်ရှိမှာဆိုရင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်း နှိမ်နှင်ရေးလုပ်ဆောင်မှုအနေနဲ့ ထိုင်း- မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက နေရာ ၅ ခုကိုပို့လွှတ်နေတဲ့ လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီတင်ပို့မှုတွေကို ဖေဖော်ဝါရီ (၅) ရက်ကစတင်ပြီး á€•á€­á€á€şá€•á€„်မသုတွ္ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Myanmar Update News 🇲🇲

07 Feb, 06:44


ပွဲပြီးကာနီးနေတဲ့တောင်ခမ်း!
+—————-+————-—+

လက်ရှိတောင်ခမ်းရဲ့ ထို-:-စ-/-စ် မြှာ-:-ဦ-:ဟာ နားရှိုးရွာကို ပတ်လည်ဝိုင်-:မိထားနေပါပြီ။

ပြီးခဲ့တဲ့အပတ်တွေက ဆိုရှယ်မီဒီယာမှာ နားရှိုးရွာကို ရနေပြီဆိုတာတွေဟာ မဟုတ်သေးပါဘူး။ နားရှိုးရွာအထိဘဲ ရောက်နေတာပါ။

ပြောရမယ်ဆိုရင်တော့ နားရှိုးရွာနဲ့ ကမ္ဘောဇကုန်းဟာ ယခင်က ရ-/သတွေ အခို-င်-အ-မာ-ထိ-န်-:ချု-ပ်-ခံ-စ-/စ်ဆင်ထားတဲ့နေရာတွေပါ။

လက်ရှိမှာတော့ ရ-/သဟာ ယခင်လို  အခို-င်-အ-မာ-ထိ-န်-:ချု-ပ်-ခံ-စ-/စ်ဆင်နိုင်မှုမရှိတော့သလို မိမိဘက်မှလည်း အပြည့်အဝ မသိ-မ်:ပို-က်နိုင်သေးပါဘူး။

မနေ့ကတော့ JF တွေဟာ ၁၈:၁၅နဲ့ ၁၈:၂၀မှာ နှစ်ကြိမ်တိတိ ကမ္ဘောဇကျောင်းအနောက်ဘက်တောအုပ်ထဲနဲ့ မြောက်ဘက်ကို တိကျစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိအနေအထားမှာ ရ-/သဟာ ရွာထဲမှာ DPLAနဲ့ ဗမာပဒ-တ်တွေကို အဖွဲ့ငယ်များသာ ဟန်ပြပြင်ထားနိုင်ပြီး ရွာအပြင်ဘက် ကိုက်(၅၀)ခန့်အထိဆုတ်ခွါပြီရ ခံ-စ-စ်-ဆ-င်ထားပါတယ်။

မကြာခင်ဒီနေရာကိုရပါလိမ့်မယ်။ ရပြီဆိုရင် ၉၀၂အထိ ပေါက်သွားပါပြီ။ ၉၀၂ကိုရရင် နောင်ချိုကိုပြန်ရတယ်လို့အထိအောင်ပြောလို့ရနေပါပြီ။

တောင်ခမ်းကမိမိအဖွဲ့တွေအတွက် အောင်မြင်မှုကိုဂုဏ်ပြုဖျော်ဖြေဖို့အတွက် အကိုကြီးတစ်ယောက်ကလည်း သိန်း(၅၀၀)တိတိ ပြင်ဆင်ထားပြီးလည်းဖြစ်နေပါပြီ။

ကိုခိုင်ဇော်

Myanmar Update News 🇲🇲

07 Feb, 06:18


မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စကစ ၁ ဦးသေပြီး ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ Khit Thit မှ သတင်းအတုရေး❌❌❌
-
🔸ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာအတွင်း စကစစစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းမရှိသလို PDF များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မြေပြင်သတင်းများအရသိရှိရ
-
Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော် တိုက်ပွဲဖန်တီးပြီး စကစ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ အောက်တန်းကျစွာဖြင့် သတင်းအတုဖန်တီးထားခြင်းဖြစ်ပါတယ်⚠️⚠️

#Fakenews
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ

Myanmar Update News 🇲🇲

03 Feb, 13:27


၃၊ ၂၊ ၂ဝ၂၅

သပိတ်ကျင်း၉မိုင်နှင့် ဝါးဖြူတောင်တို့အား တပ်မတော် မိမိတပ်ရင်းတို့က ပြန်လည်သိမ်းယူ

၄င်းနေရာမှ ဆုတ်ခွာလာသည့် သောင်းကျန်းသူများက ၄မိုင်ရွာတွင် ပြန်လည်စုဖွဲ့နေကြောင်းသိရ

မြဝတီရှိ ၎င်းတို့ ဖွင့်လှစ်ထားသော ဂိမ်းဆိုင်များ ၊ လောင်းကစားဆိုင်များကို
DKBA တို့ အမြန်ဆုံး ပိတ်သိမ်းနေ

KNU ခေါင်းဆောင်
စောတောနီး နှင့်
စောကွယ်ထူးဝင်း တို့အား
ကျားဖြန့် အဓိက တရားခံစာရင်းတွင် တရုတ်ထည့်သွင်း

နယ်မြေအတွင်း KNU PDF တို့ လှုပ်ရှားမှုကို တပ်မတော်နှင့် BGF တို့က မျက်ခြည်မပြတ် စောင့်ကြည့်နေ

#HtayOung #OungMarine

Myanmar Update News 🇲🇲

03 Feb, 12:26


ကရင်ပြည်နယ်၊ ဘီလင်း မဲပလီစခန်းကုန်းက လက်နက်ခဲယမ်းတွေကို ကရိန်းတွေနဲ့ ကားတွေ သုံးပြီး သယ်နေတဲ့ ဓာတ်ပုံတွေ ထွက်လာတယ်။


တကယ်တော့ ဒီလို ဖြစ်စဉ်က ကရင်ဂွင်မှာပဲ ရှိခဲ့တာမျိုးတော့ မဟုတ်ဘူး။ ရှမ်းမြောက်စစ်ရေးဆင်ရေးက နယ်မြေတွေကအစပြုလို့ ယုတ်စွအဆုံး ရခိုင် ၊ မကွေးအစပ်က ဖြစ်တဲ့ တိုက်ပွဲတွေအဆုံး တပ်မတော်က ဆုံးရှုံး လက်လွှတ်ခဲ့လိုက်ရတဲ့ စစ်လက်နက်တွေကို သူတို့ နောက်ချန် ဌာနချုပ်တွေဆီ ပြန်သယ်တာမျိုး ရှိခဲ့တယ်။


လက်ရှိ စစ်ပွဲတွေရဲ့ အဆုံးသတ်ဟာ စာပွဲဝိုင်းပေါ်မှာ အဖြေရှာမှ ရနိုင်တယ်ဆိုပေမယ့် အရှိတရားကတော့ မကွေးနဲ့ စလင်းဒေသတွေမှာတောင် PDF တွေရဲ့ ဆိုးဆိုးဝါးဝါး နယ်မြေချဲ့လာတာကို ထိန်းသိမ်းဖို့ ခက်နေတုန်းဖြစ်တယ်။  စစ်ကိုင်းနဲ့ ဘယ်လောက်မှ မဝေးတဲ့ ဆားတောင်မြို့ကို ဒရုန်းနဲ့အတိုက်ခံရတာမျိုး၊ မြင်းခြံမြို့နဲ့ ၇ မိုင်ပဲ ဝေးတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်နေတာမျိုးက ရွေးကောက်ပွဲကို ဘယ်လို အောင်အောင်မြင်မြင် လုပ်မလဲ ဆိုတဲ့ စိန်ခေါ်မှုတွေရှိနေ‌ ကြောင်း မီးမောင်းထိုးပြနေတယ်။

တောင်ခမ်းက လက်ရှိအချိန်အထိ နောင်ချိုကို မလွှမ်းမိုး၊ မထိန်းချုပ်နိုင်သေးဘူး။ လားရှိုးကို အထူးဒေသ ၁ အထဲ ထည့်ထားတဲ့ MNDAA ကလည်း တပ်ပြန်ဆုတ်ခြင်း၊ မဆုတ်ခြင်းကို အတည်မပြုသေးဘူး။ အကြမ်းဖက် AA ဆိုရင် ရခိုင်ပြည်နယ်ကို ကျော်ပြီး သာပေါင်းနဲ့ မကွေးဘက် အစပ်ကိုတောင် ရောက်လာကြပြီ။ ၁၀၂၇ တတိယလှိုင်း ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်နေရင်းနဲ့ပဲ တန်ပြန်တိုင်စစ်အတွက် ဘာစီမံချက်တွေရှိထားပြီးပြီလဲ ဆိုတာကတော့ ရွေးကောက်ပွဲနဲ့အတူ နစကရော၊ တပ်မတော်ရော ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အခက်အခဲတစ်ခုဖြစ်လိမ့်မယ်လို့ ယူဆမိတယ်။

အပေါ်က စကားကို ပြန်ဆက်ရရင်....ဒီလက်နက် တွေက ရန်သူ့နောက်ချန်ဌာနချုပ်ဆီ ယူသွားမှာ သိသိနဲ့၊ ရန်သူ့နောက်ချန်တွေကို စစ်ရေးအရ ဘယ်လောက် များများစားစား ဖိအားပေးတိုက်ခိုက်မလဲ ဆိုတဲ့ မေးခွန်းတွေလည်း  ရှိလာခဲ့ပြီလို့ တွေးမိမိတယ်။ ဥပမာ တအာင်းတွေရဲ့ နမ့်ဆန် ဆိုရင် မြို့ထဲမှာတင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးကလည်း အခန့်သား၊ မြို့နယ်ဆေးရုံနဲ့ လျှပ်စစ်ဓာတါအားပေးစက်ရုံကလည်း အထင်သား။ ဒီလိုပြောလို့ မတရားဘူးထင်ရင် တအာင်းတွေ စတိုက်ခဲ့လို့ တည်ငြိမ်အေးချမ်းခဲ့တဲ့ နောင်ချိုနဲ့ ကျောက်မဲ မြို့တွေက စစ်ကြောင့် ပြာကျနေပြီ မဟုတ်ဘူးလား။


ရန်သူဘက်က တပ်မတော်ကို အထင်သေးမှုအပိုင်းမှာ  မဲသဝေါလို ဒေသမှာတောင် နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတွေ ကျင်းပပြတာမျိုးက အတော်လေး ရုပ်ပေါက်တယ်လို့လည်း ယူဆမိတယ်။ ရခိုင်ပြည်နယ်မှာ (ဒီလပ်) လို့ ခေါ်တဲ့ ရဲအဖွဲ့တွေပေါပေါက်နေတဲ့ ပုံရိပ်တွေ၊ ကချင်ပြည်နယ်မှာ ဗန်းမော်မြို့ကြီးကို လုံးဝအုတ်သုန် ပျက်စီးအောင် တိုက်ခိုက်နေတဲ့ KIA ကိုရော ဘယ်လို တားဆီးကြမလဲ ဆိုတာ ......။


တကယ်တော့ စစ်မြေပြင်က မိမိစစ်သည်တွေရဲ့ တိုက်စွမ်းရည်နဲ့ မိမိစစ်သည်‌ တွေကို စိတ်ခွန်အားတွေပေးနိုင်ဖို့အတွက် ရန်သူ့ဌာနချုပ်တွေကို လေယာဉ် ဘယ်နှစ်စီးသုံးပြီး အထိနာအောင် ချေမှုန်းလိုက်ပါပြီဆိုတဲ့ လုပ်ဆောင်ချက်မျိုးကလည်း အရေးပါ လွန်းလှပါတယ်။


(နရီမိုး)

Myanmar Update News 🇲🇲

03 Feb, 11:38


နတ်မောက်မြို့နယ်၊ အုတ်ရှစ်မျှောင်ကျေးရွာနေ အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်မှဆိုင်ကယ်နှစ်စီးအား လုယက်ယူဆောင်သွား

NOM ဖေဖော်ဝါရီလ ၃၊ ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အုတ်ရှစ်မျှောင်ကျေးရွာနေ ဦးမျိုးချစ် (၅၆) နှစ်သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦး ရောက်လာပြီး ဦးမျိုးချစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိဆိုင်ကယ်နှစ်စီးအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

Myanmar Update News 🇲🇲

03 Feb, 11:37


ပေါင်မြို့နယ်တွင် အကြမ်းဖက် KNU/PDF များထောင်ထားသောမိုင်းများအား လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း
***
ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က ပေါင်မြို့၊ မိုးနိုင်းရပ် ကွက်နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်းရှိ ချောင်းကူးတံတားအောက်တွင် လက်လုပ်မိုင်းအကြီး ၁၀ လုံး ခန့်အား ဝါယာကြိုးများဖြင့်ချိတ်ဆက်သွယ်တန်း၍ ထောင်ထားကြောင်း သတင်းအရ  လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါတံတားအောက်တွင် အကြမ်းဖက် KNU တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ အလျား ၁၉ လက်မ၊ အနံ ၈ လက်ရှိ TNT ယမ်းများအပြည့်စီထည့်ထားသော လက်မိုင်း ၁၂ လုံး၊ စနက်တံ ၂၃ ချောင်း၊ ဝါယာကြိုး အရှည် ၁၈ ပေခန့် တွဲလျက်ထောင်းထားသည်ကို တွေ့ရှိခဲ့ရပြီး လုံခြုံရေးအဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ကာ ရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရာပါသည်။

Saw Ba Maung

Myanmar Update News 🇲🇲

03 Feb, 11:36


ကရင်ဘက်မှာတဲ့

တစ်ယောက်က တစ်စစီပြုတ်ထွက်၊

တစ်ယောက်က အပြင်းထန် ဒဏ်ရာရ

Myanmar Update News 🇲🇲

03 Feb, 10:20


ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာနေ အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ပြီး နေအိမ်မှ ငွေကျပ် ၇၀၀,၀၀၀ ကျော်နှင့် လက်ကိုင်ဖုန်းနှစ်လုံးကို လုယက်ယူဆောင်သွား

NOM ဖေဖော်ဝါရီလ ၃၊ ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာနေ ဦးမောင်ဇော် (၄၀) နှစ် သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် ဆိုင်ကယ်သုံးစီးဖြင့် PDF အကြမ်းဖက်သမားခြောက်ဦးရောက်လာပြီး ဦးမောင်ဇော်အားသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေ ၇၅၀,၀၀၀ ကျပ်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

Myanmar Update News 🇲🇲

03 Feb, 10:20


မြန်မာဘက်က ကျားဖြန့်လုပ်ငန်းများထံ လျှပ်စစ်မီးပေးထားသည်ကို ဖြတ်တောက်ရေး ဆွေးနွေးမည်ဟုဆို

ဖေဖော်ဝါရီ ၃

ထိုင်း-မြန်မာနယ်စပ်တလျှောက်က အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်ဂိုဏ်းတွေထံ ပေးထားသည့် လျှပ်စစ်ဓာတ်အား ပြန်လည် ဖြတ်တောက်မှု အကဲဖြတ်ဖိုအတွက် ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ အဓိကကျတဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ်က ဦးဆောင်ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးမှာ ထိုင်းနိုင်ငံက အာဏာပိုင်အဖွဲအစည်းတွေဖြစ်တဲ့ ထိုင်းတော်ဝင် တပ်မတော်၊ နိုင်ငံခြားရေးနဲ့ လျှပ်စစ် အာဏာပိုင်တွေ အပါအဝင် ဌာနဆိုင်ရာအေဂျင်စီ ရှစ်ခုနဲ့ လုံခြုံရေး အချက်အလက်တွေ အကဲဖြတ်ဖိုနဲ့ ဒီကိစ္စအပေါ်  ပြည်နယ်လျှပ်စစ် အာဏာပိုင်အဖွဲ့ထံ အကြံပြုချက် မထုတ်ပြန်မီ၊ တာဝန်ရှိသူတွေက ကျားဖြန့်ဂိုဏ်းတွေဆီ လျှပ်စစ်မီးပေးနေတဲ့ သက်ဆိုင်ရာကဏ္ဍအသီးသီးက ​ပါဝင်ပတ်သက်သူတွေအားလုံးကို အရေးယူဆောင်ရွက်ဖို့ကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အလေးထားဆောင်ရွက်သွားမယ်လို့ ဆွေးနွေးပွဲမတိုင်မီ အခြေအနေအပေါ်  Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

Myanmar Update News 🇲🇲

03 Feb, 10:19


ကြိုက်ခြင်း နှင့် မကြိုက်ခြင်း
========================

                  နိုင်ငံရေး စစ်ရေးဘက် မရေးဖြစ်တာ အတော်ကြာပြီ ။ အီလည်လည် ဖြစ်နေတဲ့ အခင်းအကျင်းမို့ ကြိုက်တာရော မကြိုက်တာကော ပြောချင်စိတ် ကုန်ခမ်းနေသလို ဖြစ်နေလို့လို့ပါ ။

                    နိုင်ငံရေး အခင်းအကျင်းမှာတော့ နစက အနေနဲ့ သိသာတဲ့ အထက်စီးက ရထားတာ ကြာပါပြီ ။ ထရမ့် တက်လာပြီးနောက် NUG တို့ တောပြော တောင်ပြော ဘယ်လိုပဲ ပြောနေကြပါစေ ဇာတ်ခေါင်းကွဲတော့မယ့် အခြေအနေ ရောက်နေပါပြီ ။

                     အဓိက ကျလှတဲ့ ထောက်ပံ့ငွေ ဖြတ်တောက်ခြင်း အစီအမံကြောင့် အရေးကြီးသော မီဒီယာကဏ္ဍ အပါအဝင် လက်နက်ခဲယမ်း နဲ့  စီမံခန့်ခွဲမှု စရိတ်တွေပါ ပြတ်လပ်သွားတော့မယ့် အနေအထားမို့ ရေရှည် စုစည်းရပ်တည်ဖို့ ဆိုတာ NUG ရဲ့ပကတိ အရည်အချင်း  ၊ ကိုယ်ကျင့်တရား နဲ့ စုဖွဲ့ထားရတဲ့ တကိုယ်ကောင်းသမား အများစုကြောင့် မကြာခင် ပျက်သုန်းကြရတော့မှာပါ ။

    
                     NUG အနေ နဲ့ အမေရိကန်မှာ ဆက်လက်နေထိုင်ခွင့်တောင် မသေချာတော့လို့ တည်ရာ မှီရာ ပျောက်သွားမယ့် ရေမျှောကမ်းတင်ဘဝ ရောက်ရမယ့် အနေအထားမို့ နစက အပေါ် မမှီမကမ်း ပခုံးလှမ်းဖက်နေရတဲ့ ဘဝကနေ ဟိုးးးနောက် မှုံပြပြ အခြေအနေထိ ပြတ်ကျန်ရစ်သွားပါပြီ ။

                  နိုင်ငံရေးမှာ နစက အနေနဲ့ NUG အပေါ် အပြတ်နိုင်နေပြီလို့ ဆိုရမှာဖြစ်ပေမယ့် ပြည်သူပြည်သားတွေ အပေါ်မှာတော့ ခွပ်ခွပ်လန်အောင် ရှုံးနေတာလည်း အရှိတရားပါပဲ ။      


                 လျှပ်စစ်ပြဿနာ ၊ ကုန်စျေးနှုံးပြဿနာ ၊ ပြည့်သူ့စစ်မှုထမ်းပြဿနာ ၊ လာဘ်စားမှုပြဿနာ ၊ ကျန်းမာရေး ပညာရေး ပြဿနာ ၊ ဝန်ထမ်းဆိုး ဝန်ထမ်းကောင်း ဝိရောဓိပြဿနာ များနဲ့ ပြည်သူတို့ရဲ့ မကျေနပ်ချက်များအား လောက်လောက်လားလား ထင်ထင်ရှားရှား ဖြေရှင်းမပေးနိုင်သောကြောင့် ပြည်သူတွေ နစက အပေါ် အားကိုးယုံကြည်မှု ရာခိုင်နှုံး အနိမ့်ဆုံး ရောက်နေပါပြီ ။

                  အကြောင်းရင်းကတော့ ပြဿနာတိုင်းအတွက် ဖွဲ့သမျှ ကော်မတီတိုင်းက အဖွဲ့ဝင်တွေဟာ အလုပ်မလုပ်ကြပါဘူး ။ သက်သာသလိုနေကြပြီး ရပိုင်ခွင့်ပဲ ခံစားနေကြလို့ပါ ။ အမှန်က ကော်မတီဝင် တဦးခြင်းအား အပိုင်စားနယ်မြေ သတ်မှတ်ပြီး ကြီးကြပ်စေရမှာပါ ။ အခုတော့ ဥက္ကဌက ခိုင်းမှ လုပ်မယ် ဆိုပြီး မှိန်းနေကြသူချည်း မြင်နေရပါတယ် ။

  
        ဒါကြောင့် ကော်မတီများသလောက် ဘယ်ကဏ္ဍမှ သုံးစားမရ ဖြစ်နေကြတာပါ ။
ကော်မတီဝင်တဦးခြင်းအား ပါဝါရှယ်ယာ ပြုလုပ်ပြီး အရှိန်အဟုန် နဲ့ လုပ်ခိုင်းရဲရပါ့မယ် ။ မလုပ်နိုင်သူ ရလာဒ်မကောင်းသူ အမြန်ဆုံး လဲပစ်ရပါ့မယ် ။ ဒါဆိုရင် နစက အပေါ် ပြည်သူတွေ ယုံကြည်ကိုးစားမှု ပြန်မြင့်လာပါလိမ့်မယ် ။

             စစ်ရေးကတော့ အရေးပါတဲ့ စစ်ကိုင်းတိုင်းအပါအဝင် နမခ နယ်မြေအတွင်း လက်သွက်ခြေသွက် လုပ်ပြလာတာတော့ တွေ့နေရပါပြီ ။ သို့သော် အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်ကြဖို့ အများကြီး လိုအပ်နေပါသေးတယ် ။

                ကရင် နဲ့  ကယား ဘက်က စစ်မျက်နှာတွေကတော့ အပေါင်းလက္ခဏာတွေ များနေတာ တွေ့ရပါတယ် ။

          ကချင်ဖက်က ဗန်းမော်တိုက်ပွဲကတော့ ဒုတိယတောင်ခမ်းဖြစ်နေပြီလို့ သိရပါတယ် ။ အင်မတန်ချီးကျူးဖို့ကောင်းတဲ့ သမိုင်းဝင်တိုက်ပွဲကြီးပါပဲ ။

               အားမရတာလည်း ပြောချင်ပါတယ် ။ လပခ အနေ နဲ့ စွမ်းစွမ်းတမံ လုပ်ဆောင်ချက်အဖြစ် မြင်းခြံ ဆင်းဂွတ်ရွာ လေကြောင်းထိုးစစ်တခုပဲ မြင်ရပါသေးတယ် ။ နွားထိုးကြီးဘက်မှာ အနှုတ်ပြခဲ့ရတဲ့ ပွဲ အတွက် လက်စားချေမပြနိုင်သေးပါဘူး ။

                 မတ္တရာ ၊ စဥ့်ကူး ၊ ဖယောင်းတောင် နယ်မြေရှင်းနေပါတယ် ဆိုတဲ့ သတင်းနဲ့ ရွာလည်နေပါတယ် ။ ဘိလပ်မြေစက်ရုံတောင် မသိမ်းနိုင်သေးအောင် အီလည်လည် လုပ်နေတာ အံ့သြစရာ စစ်ရည်စစ်သွေးပါပဲ ။

                ဒီလိုပါပဲ နောင်ချိုအတွက် ထိုးစစ်ပါဆိုတဲ့ စစ်ကြောင်းကလည်း အုမ္မတီး အုမ္မခါး ဂန့်ကော်ရွာနား မှာ သံလိုက်အိမ်မြှောင် ပျောက်နေသလိုပဲ ၃ လ လောက်ရှိပြီ ရွာလည်နေလေရဲ့ ။ ဒီခရီး ဒီလောက် ကြာနေမှတော့ တနိုင်ငံလုံးဆို နောက် ဆယ်ဘဝတောင် မှန်းမရနိုင်ပါဘူး ။   

    
                   ဒါတွေကတော့ နစက နဲ့ တပ်မတော်တို့ရဲ့ လတ်တလော လုပ်ရပ်များ ရလာဒ်များအပေါ် မိမိအမြင်အား ရိုးသားစွာ တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ် ။ လွပ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်ဗျာ ။

             ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

03 Feb, 09:00


ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၇ က ရေတွင်းတွေ ရေနံတွေ ထွက်နေလို့ အုပ်ချုပ်ရေးမှူးကိုပြောထားပေမယ့် ဘာမှမထူးသေးဘူးလို့ပြောပါတယ်။ တာဝန်ရှိသူများ ဖြေရှင်းတဲ့ နည်းလမ်းလေးဖြစ်ဖြစ် ပြည်သူတွေနဲ့တွေ့ဆုံပြီး ကူညီပေးပါဦးလို့ တောင်းဆိုနေပါတယ်။  #AungMoeKyaw

Myanmar Update News 🇲🇲

03 Feb, 08:59


ဇဗ္ဗူသီရိမြို့၌ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
…………………………………………

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့၌ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/yUGDy

Myanmar Update News 🇲🇲

03 Feb, 08:07


မြန်မာအမျိုးသမီးများအား တရုတ်မယားအဖြစ်ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူ ၄ ဦးကို အလုပ်နှင့် ထောင်ဒဏ်အသီးသီးချမှတ်
………………………………………………

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

မြန်မာအမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူ ၄ ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/ev6cQ

Myanmar Update News 🇲🇲

03 Feb, 07:49


တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၂ ရက်

Myanmar Update News 🇲🇲

24 Jan, 05:12


❗️❗️❗️❗️❗️❗️

ကိုင်းလယ်ရဲစခန်း ဒီနေ့ အတိုက်ခံရတော့ ကိုင်းလယ်ရဲစခန်း အကြောင်းလေး သိသလောက်ပြောပြပါအုံးမယ်...

ကိုင်းလယ်ရဲစခန်း နဲ့ PDF စခန်းက တစ်ခေါ်စာလောက်ပဲ ဝေးပါတယ် ။ ညနေဆို ဟိုဘက်စခန်း ၊ ဒီဘက်စခန်း အော်ဆဲရင်တောင် ကြားရတဲ့အနေထားပါ။

ရိက္ခာဖြတ်ခံထားရတဲ့ ရွာသူရွာသားတွေရဲ့ဘဝကို ငဲ့ညှာတာရယ် ၊ လက်နက်၊ အင်အားအနေထားတွေကြောင့်ရယ် ဒီတိုင်းလေးပဲ နေလာကြတာပါ။

ကိုင်းလယ်စခန်းထဲ အင်အားဘယ်လောက်ရှိတယ်၊ ခဲယမ်းဘယ်လောက်ရှိတယ် ဆိုတာကအစ PDF တွေဆီ ပူးပေါင်းသွားတဲ့ လောက်ကောင် တစ်ယောက် နှစ်ယောက်ကြောင့် ရန်သူ တွေ သိကောင်း သိကြပါလိမ့်မယ်။

သို့ပေမယ့် လက်ရှိ Update ခဲယမ်းအနေထားနဲ့ ဒီနေ့အချိန်ထိ ကိုင်းလယ်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ ရဲတွေရဲ့ သတ္တိကတော့ လေးစားဂုဏ်ယူဖွယ်ရာပါ။

နမခတစ်ခွင်မှာ ရိက္ခာပျက်လက်နေတဲ့ ဒေသတွေကို ရဟက်ယာဥ်တွေနဲ့ ရိက္ခာပို့ဆောင်နေတာဖြစ်လို့ ပေါက်တောင်ပိုင်းကို လာပို့မယ့်ရဟက်ယာဥ်ကို တိုက်ဖို့ အင်အားစုနေကြောင်း ကြိုတင်သတင်းရရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။

ရဟက်ယာဥ်က တစ်ရက်ပြီးတစ်ရက် မလာနိုင်သေးတဲ့အတွက် ငါးမရရေချိုးပြန်ရင်း ကိုင်းလယ်ကို လမ်းကြုံဝင်ဆွဲတဲ့ သဘောပါ။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပသစ၊ လုံခြုံရေးအဖွဲ့တွေအားလုံး ဟန်ချက်ညီညီ စည်းလုံးစွာ ပူးပေါင်ဆောင်ရွက်ပြီး PDF အကြမ်းဖက်သမားတွေကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ မိမိဘက်ကတော့ ယခုအချိန်ထိ ထိခိုက်မှုမရှိပါဘူး။ 122 ပစ်ကူ ထိရောက်ပါတယ်။ 9:45 AM မှာ လေကြောင်းပစ်ကူရပါတယ်။ PDF ဘက်က အကြီးပိုင်း ၂ယောက်သေပြီး ထိခိုက်မှုများနေတယ်လို့ စက်သံကြားရပါတယ်။

🇲🇲သဇင်ဦး
❗️❗️❗️❗️❗️❗️❗️❗️
https://t.me/Thazinoo969

Myanmar Update News 🇲🇲

24 Jan, 05:11


WCC အဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄

အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး အစည်းအဝေးခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ နှင့်သင်တန်းသား WCC အဖွဲ့ဝင်များ တက်ရောက်ကြသည်။

Myanmar Update News 🇲🇲

24 Jan, 04:26


လန်ချမ်း -မဲခေါင်နိုင်ငံများက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဇင်ယော်လှုပ်ရှားမှုတွင် တရားခံ ၇၀၀၀၀ ကျော်ဖမ်းဆီးနိုင်ခဲ့၊ ယခုနှစ်အတွင်း ဇင်ယော်ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်း ဆက်လက်လုပ်ဆောင်မည်

MT News
၂၂.၁. ၂၀၂၅

လန်ချမ်း -မဲခေါင်နိုင်ငံ ၆ နိုင်ငံစုပေါင်း၍ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် တိုက်ဖျက်ရေး ဇင်ယော်လှုပ်ရှားမှုအတွင်း တရားခံပေါင်း ၇၀၀၀၀ ကျော်ဖမ်းဆီးနိုင်ခဲ့သဖြင့် ယခုနှစ်အတွင်း ဇင်ယော်ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အသိပေးထုတ်ပြန်သည်။

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) သည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

အဆိုပါလှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်ကြောင်း၊ အစားထိုး၍မရသော ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေဖြင့် ကောင်းမွန်စွာ ပါဝင်....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88940

#တရုတ် #ကျားဖြန့် #အွန်လိုင်းလိမ်လည်မှု #scam #sac #china #မြဝတီ #MyanmarTransparency

Myanmar Update News 🇲🇲

24 Jan, 04:26


ခြံတစ်ခုအတွင်းသို့ ၆ ကြိမ်ဖောက်ထွင်း ခိုးယူသည့်သူခိုးအား ခြံရှင်မိသားစုက ဖမ်းဆီး

ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊သဃ်န်းကျွန်းကြီးကျေးရွာအုပ်စုမြောက်ပိုင်း ပီတိသုခလမ်းသွယ်(ကောင်းကောင်းမုန့်ဆိုင်)လမ်းကြားရှိ ခြံဝင်းအတွင်းသို့ ၆ ကြိမ်တိုင်တိုင် ဖောက်ထွင်း ဝင်ရောက် ခိုးယူနေသည့် သူခိုးတစ်ဦးအား ခြံရှင်မိသားစုမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရပါတယ်။

ခြံပိုင်ရှင် ဦးဇော်လောဒ်အောင်၏ ခြံဝင်းအတွင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့  နံနက်အစောပိုင်းမှာ ဖောက်ထွင်းဝင်ရောက်လာသည့် ထွန်းနိုင်(ခ)ချစ်တီး(၂၄)နှစ် (ဘ)ဦးကျော်စိန်အား ခြံဝင်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်လာစဉ် ခြံရှင်နှင့် မိသားစုများမှ ဝိုင်းဝန်းဖမ်းဆီးရာမှ ဖမ်းဆီးရမိသည်ဟု ဒေသခံများထံမှသိရပါတယ်။

အဆိုပါပစ်မှုကျူးလွန်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ နယ်မြေခံရဲကင်းထံ အပ်နှံခဲ့ပြီး ၎င်းအားစစ်ဆေးရာ ယခင်က ယင်းခြံအတွင်းသို့ ၆ ကြိမ်တိုင်တိုင် ဖောက်ထွင်းခိုးယူခဲ့ဖူးကြောင်း အိမ်မွေးကြက်များ၊ စားသောက်ကုန်များ၊  ဆမ်ဆောင်းဖုန်းတစ်လုံး၊ ၇၀၀၀၀၀ ခုနှစ်သိန်းတန် ဂစ်တာတစ်လက်နှင့် Dell အမျိုးစား လက်တော့ပ်တစ်လုံးတို့ ခိုးယူခံခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုလည်း သိရပါတယ်။

ဖော်ထုတ်ချက်များအရ ပစ်မှုကျူးလွန်သူ ထွန်းနိုင်(ခ)ချစ်တီးခိုးယူခဲ့သည့် စက်ဘီးများအား ၄င်း၏အမဖြစ်သူ ဒေါ်သန္တာ၏နေအိမ်တွင်သိမ်းဆည်းရမိခဲ့သည်ဟုသိရပြီး တရားခံထွန်းနိုင်(ခ)ချစ်တီးမှာ နှစ်ပေါင်းများစွာ ဖောက်ထွင်းခိုးယူနေသူဖြစ်ပြီးရဲစခန်း အချုပ်များ ထောင်များ အကြိမ်ကြိမ်ဖမ်းဆီးကျခံဖူးသူဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်း၏ ဒုစရိုက်မှုရာဇဝင် ရဲမှတ်တမ်းများတွင် ပါဝင်သူလည်းဖြစ်သည်ဟု သိရှိရပါတယ်။

Myanmar Update News 🇲🇲

24 Jan, 03:46


"တပ်မတော် ဘာကြောင့် MLRS တွေကို ထိရောက်အောင်မသုံးသေးတာလဲ။"


ဒီမေးခွန်းကို တပ်မတော် ထောက်ခံသူတွေရော အကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတွေရောပါ အမြဲမေးနေကြတဲ့မေးခွန်းဘဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့ Tatmadaw observation team ကနေ အဲ့မေးခွန်းရဲ့အဖြေကို ပြောပြပေးပါမယ်။

MLRS ဆိုတာကတော့ Multiple Launch Rocket System ဖြစ်ပါတယ်။ တပ်မတော်မှာ MLRS အစင်းရေ ၆၀၀ အထက်ရှိပါတယ်။ ပြည်ပက ၀ယ်ယူမှုက ၂၀% ခန့်ရှိပြီး ကျန် ၈၀% က ပြည်တွင်းမှာထုတ်လုပ်တာပါ။
အာဆီယံ အဆင့်ဆိုရင် မြန်မာဟာ အာဆီယံ ဒေသအတွင်း MLRS ပိုင်ဆိုင်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။

  ပြည်တွင်းထုတ် MLRS တွေဟာ MAM-01/MAM-01A/MAM-01B/MAM-02/MAM-03 တို့ဖြစ်ပါတယ်။
MAM-03 ဆိုရင် ပြည်တွင်းမှာ ထုတ်လုပ်ဖူးသမျှ MLRS တွေထဲမှာ အဆင့်အမြင့်ဆုံးနဲ့ ဖျက်စွမ်းအား အပြင်းဆုံးဖြစ်ပါတယ်။ ၂၀၂၃ ကမှ ပွဲထုတ်ပြသထားတာပါ။ အဲ့အပြင်ကိုမှ အခုဆိုရင် MAM-04 ရဲ့ အခြေခံ အဆင့်တွေကို ထုတ်လုပ်စမ်းသပ်နေပြီဖြစ်ပါတယ်။

MLRS တွေမှာဆိုရင် Rocket တွေက 122 mm/ 240 mm တွေသုံးရတာရှိသလို 300 mm တွေသုံးရတာလည်းရှိပါတယ်။ တပ်မတော်မှာ အများဆုံးရှိတာက 122 mm သုံးတွေပါ။ 122 mm rocket တစ်လုံးရဲ့ပေါက်ကွဲအားက TNT အချိုးအစားရဲ့ 6.4 ကီလိုဂရမ်ရှိပါတယ်။ ထိရောက်မှုဆိုရင်လည်း 225 စတုရန်းမီတာ အတွင်းရှိ အရာ၀တ္ထု မှန်သမျှကို ကောင်းကောင်းဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ ဆိုတော့ MLRS ကားတစ်စီးမှာ Rockets ပြွန် 40 ပါ ပါတယ်။ အရန် Rockets 40 လည်းပါ၀င်တဲ့အတွက် စုစုပေါင်း ပစ်ခတ်နိုင်စွမ်းက Rockets ‌80 အထိ ပစ်ခတ်နိုင်ပါတယ်။

1 Rocket =  225 square meters
80 Rockets = 18000 square meters
10 MLRS = 800 Rockets = 180000 square meters


122 mm တင် MLRS 10 စင်းနဲ့ ဘဲပစ်မှတ်တစ်ခုကိုပစ် မြို့ငယ်တစ်မြို့ဆို 4 ပုံ 1 ပုံလောက်ဟာ လုံး၀ ပျက်စီးပါတယ်။ MLRS တွေရဲ့ Rocket ကျရောက်မှုဆိုတာ ပဲ့ထိန်းဒုံးတွေလို မတိကျတဲ့အတွက်ကြောင့် ခုနက ကျွန်တော် တွက်ပြသွားတဲ့ ထိခိုက်နိုင်မှု ဧရိယာနဲ့တွက်လို့ မရပါဘူး။ သက်ရောက်မှု ဧရိယာနဲ့တွက်ရမှာ အဲ့တာဆိုရင် မြို့ငယ်တစ်မြို့ရဲ့ 90% က ပျက်စီးမှာ သေချာပါတယ်။

( ထိရောက်မှုဧရိယာဆိုတာဟာ ဒုံးများ တစ်နေရာတည်းသို့ ကျရောက်ပေါက်ကွဲသော ဧရိယာဖြစ်သည်။ သက်ရောက်မှုဧရိယာဆိုသည်မှာ MLRS ကဲ့သို့ ပဲ့ထိန်းမပါရှိသည့် ဒုံးများ ပျံ့နှံ့‌ကျရောက်နိုင်မည့် ဧရိယာဖြစ်သည်။)

တပ်မတော် ဒုံးအဖွဲ့ကသာ အဲ့လိုမျိုး ဒုံးမိုးရွာလိုက်မယ်ဆိုရင် သူပုန်က ထိခိုက်တာ မှန်ပေမဲ့ တစ်ဖက်ကကြည့်ရင်လည်း MLRS တွေဖျက်စွမ်းအားက ကြောက်ဖို့ကောင်းပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာထက်ကို ပိုကြောက်ဖို့ကောင်းပါတယ်။ အဲ့တာကြောင့် အရင်ဆုံး ထိခိုက်မှာ ပြည်သူပါ။

မြို့တစ်မြို့ကို တပ်မတော်က ထိုးစစ်ဆင်ပြီး MLRS တွေပစ်ခတ်သိမ်းပိုက်မယ်ဆိုရင် အဲ့မြို့ရဲ့ ပြန်လည် ထူထောင်ရေး စရိတ်ကလည်း မနည်းလှပါဘူး။ ‌အဲ့လိုမျိုး အကြောင်းအမျိုးအမျိုးကြောင့် တပ်မတော်ဟာ ယခုအချိန်ထိ MLRS တွေနဲ့ ဒုံးမိုးရွာတာကို မပြု‌လုပ်သေးတာဖြစ်နိုင်ပါတယ်။

နပခလို တိုင်းစစ်ဌာနချုပ်ကြီး တိုက်ခံခဲ့ရတုန်းကဆိုရင် MLRS 3 စင်းကို တစ်တောင့်ချင်းဘဲပစ်ခတ်ခဲ့ပါတယ်။ အဲ့တာဟာ ကျွန်တော် ပြောခဲ့သလိုဘဲ MLRS ဆိုတာ တိကျတဲ့ကောင်မဟုတ်တဲ့အတွက် သေချာချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
 
နောက်တစ်ချက်က တပ်မတော် MLRS တွေရည်ရွယ်ချက်ဟာ ပြည်တွင်းစစ်ပွဲအတွက် မဟုတ်ပါဘူး။ ပြည်ပရန် ကာကွယ်ရေးနှင့် အခြားသောထိုးစစ်တွေအတွက်ဖြစ်ပါတယ်။

သို့သော်လည်း ယခု အခြေအနေအရ တပ်မတော်ဟာ အချိန်မရွေး စစ်မျက်နှာ ပြန်လည် ဖွင့်လာနိုင်တဲ့အတွက် MLRS တွေကိုလည်း သုံးချင်သုံးနိုင်ချေရှိပါတယ်။ အဲ့တာကြောင့် သူပုန်အုပ်ချုပ်ရာ နယ်မြေမှာ နေထိုင်နေကြတဲ့ ပြည်သူများအနေနဲ့ ဖြစ်နိုင်ရင်တော့ အဲ့မြို့ကနေ တိမ်းရှောင်တာက အကောင်းဆုံးဖြစ်ပါတယ်။


ပုံ - ပုဏ္ဏားကျွန်းမြို့အား MLRS တစ်စီး ပစ်ခတ်မှု ၏ ထိရောက်နိုင်မှု ဧရိယာအား တိုင်းတာပြပုံ

#TatmadawObservation
@TatmadawObservation
https://t.me/Tatmadawobservation

Myanmar Update News 🇲🇲

24 Jan, 03:44


ညက မြေငလျင် လှုပ်ခတ်

Myanmar Update News 🇲🇲

24 Jan, 03:13


နောင်ချိုမှာ ပလောင်သူပုန်များနှိပ်စက်အနိုင်ကျင့်မှုတွေကို မခံနိုင်လို့ ပလောင်သူပုန်တွေရဲ့ သတင်းတွေပေးပို့နေတဲ့ ဗမာလူငယ် PDF သုံးဦးအားလုံခြုံရာသို့ ခေါ်ထုတ်လာခဲ့ပါပြီ

Ko Myat
24-1-2025

Myanmar Update News 🇲🇲

24 Jan, 02:37


ကိုယ်ပိုင်သံစဥ် Rock တေးသီချင်းပေါင်းများစွာကိုဖန်တီးသီဆိုခဲ့သူ အဆိုတော်မာရဇ္ဇ ဇန်နဝါရီလ ၂၄ရက်နနက်အစောပိုင်းမှာကွယ်လွန်အနိစ္စရောက်ရှိခဲ့တယ်လို့ သိရတဲ့အတွက်မိသားစုနဲ့ထပ်တူများစွာစိတ်မကောင်းဖြစ်ရပါတယ်။
မာရဇ္ဇ ကောင်းရာသုဂတိရောက်ရှိပါစေ

Myanmar Update News 🇲🇲

24 Jan, 02:28


အကြမ်းဖက် AA က ဘာလို့ Fortify Rights သတင်းမှာ ပါလာလဲလို့ မေးရင်… လူမျိုးရေး အစွန်းရောက်ပြီး ဗမာမြင်ရင် သတ်ချင်နေတဲ့ ပညာမတတ်တဲ့ စိတ်ကြောင့်လို့ပဲ ဖြေရမယ်။ ဒီလိုပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ်တွေ တပ်မတော်က အင်ဒင်ဖြစ်စဉ်မှာ ကတည်းက နောင်ကျဉ် သွားခဲ့ပြီးပြီ။ ICJ ဆိုတာ တကယ်တော့…ရခိုင်ဒေသကို ကယ်ရင်း… တပ်မတော်က ကြိုးကွင်းအစွပ်ခံရတဲ့ ဖြစ်စဉ်ပေါ့။ ဒါ့ကြောင့်လည်း လက်ရှိ တပ်ချုပ်ကြီးလက်ထက်မှာ  ဥပဒေသင်တန်းဆိုပြီး ပေါ်ပေါက်လာခဲ့တာပဲ။
----
တချို့ကတော့ ဒီသင်တန်းနဲ့ပတ်သက်ပြီး ခြေချုပ်မိတယ်လို့ တွေးတဲ့သူက တွေးကြတယ်။ တကယ်တော့ ဥပဒေမသိဘဲ လုပ်ဆောင်တဲ့ အရာတွေထက် ဥပဒေ ကို နှိုက်နှိုက် ချွတ်ချွတ် သိသွားတဲ့သူတွေက ပိုပြီး ပါးပါးနပ်နပ် လုပ်လို့ ရနိုင်တဲ့ အခွင့်အရေး ပိုရှိတယ်။ စစ်သားဆိုတာကတော့ မိုက်နေဖို့နဲ့ ရဲရဲဝံ့ဝံ့ လုပ်ဖို့ပဲ လိုအပ်တာပါပဲ။ စစ်မြေပြင်မှာ ရှိနေတဲ့ စစ်သားတစ်ယောက်၊ အထူးသဖြင့် ကွန်မန်ဒါတစ်ယောက်က သိပ်ပြီး တရားသဘောတွေ ဆန်နေလို့ မရဘူး။  ဒီနေရာမှာ ခုလို ပြောလို့… လူသတ်တာကို အားပေးတာမျိုးမဟုတ်ဘူး။ စစ်သုံ့ပမ်းပါဆိုပြီး တရားဝင် ဖမ်းဆီးရမိ ကြောင်း ကြေညာပြခဲ့ပြီးပြီဆိုရင်တော့ ဖမ်းဆီးထားတဲ့ သူတွေကို စစ်သုံ့ပမ်း ဥပဒေအတိုင်း ထိန်းသိမ်း ထားရှိဖို့ လိုတာကတော့ အမှန်တရားပဲ။
---
ခုလည်း Fortify Rights က ထုတ်ပြန်တဲ့သတင်းနဲ့ပတ်သက်ပြီး ဖင်ပိတ်ငြင်းတဲ့ ရခိုင်တွေ ရှိဦးမှာပါပဲ။ လူတစ်ယောက်ကို အရှင်လတ်လတ် လည်ပင်လှီးသတ်ဖို့ဆိုတာ တော်ရုံ လူမျိုးရေး မုန်းတီးစိတ်နဲ့တော့ မရဘူး။ တကယ်တော့ AA ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေက ကိုယ်တွေ တပ်မတော်သားတွေတင်မဟုတ်ဘူး။ မောင်တောဘက်က ဘင်္ဂလီတွေကို လည်း အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ သက်သေတွေလည်းရှိထားပြီးသားဖြစ်တယ်။ ဒါ့ကြောင့်လည်း ARSA (၄)ဖွဲ့ပေါင်းပြီး AA တွေကို ရခိုင်မြောက်ပိုင်းမှာ အခွင့်အရေးပေးရင် ပေးသလို  ပြန်ဗျင်းနေကြတာ။  ဒါတွေကို စစ်ပွဲတွင်းကာလမို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်ခြေပေးလို့မရဘူး။ ဒီတော့ မေးစရာရှိတယ်။ မင်းတို့ စစ်တပ်ကရော လေယာဉ်နဲ့ဗုံး မကြဲဘူးလားဆိုတာမျိုးတွေ။ ဒီနေရာမှာ ကွဲကွဲပြားပြားသိဖို့လိုတာက စစ်သုံ့ပမ်းဆိုတဲ့ ဥပဒေကို ပါ။ ခုလည်း Fortify Rights မှာ ပါလာပြီဆိုကတည်းက ဝန်ခံဖို့နဲ့ အပြစ်ပေးဖို့သာ ပြင်ထားဖို့ လိုအပ်တော့မှာပါ။ မဟုတ်ရင်….ရခိုင်လူမျိုးစုကို ကိုယ်စားပြုတယ်လို့ဆိုတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာဆိုတာ မြောင်းထဲရောက်သွားတော့မှာမို့ပါ။


(နရီမိုး)

Myanmar Update News 🇲🇲

24 Jan, 02:26


(၂၃၊ ၁၊ ၂ဝ၂၅) တပ်မတော်နဲ့ MNDAA အကြား အပစ်အခတ်ရပ်စဲရန် သဘောတူကြောင်း ဇန် ၂ဝ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်

တပ်မတော်နဲ့ ကိုးကန့်တို့ဘက်ကတော့ ဘာသတင်းမှ ထုတ်ပြန်ခြင် မရှိသလို
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းဆိုခြင်း-အတည်ပြုခြင်းလည်း မရှိပါ

ဒါပေမယ့် တရုတ်ဘက်က ပြောဆိုတဲ့နေ့မှာပဲ ရှမ်းမြောက် TNLA တို့ သိမ်းယူထားတဲ့ နောင်ချိုမြို့ကို တပ်မတော်က နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်

ထူးခြားတာက တရုတ်ပြောတဲ့ရက်ကစပြီး  MNDAA တို့ သိမ်းယူထားတဲ့ ရှမ်းမြောက်မြို့များမှာ ဗုံးကြဲခံရခြင်း မရှိတော့ပါဘူး

လောလောဆယ် လက်ရှိနေရာမှာ အပစ်အခတ်ရပ်စဲပြီး ဇွန်လကုန်မှာ ဆုတ်ခွာပေးမယ်ဆိုတဲ့ ကိုးကန့်တပ်သားများဟာ ယနေ့ထိ လားရှိုးမြို့မှာ သက်တောင့် သက်သာရှိနေကြောင်း သိရှိရပါတယ်။

ဒီထက်ပိုပြီး ထူးဆန်းတာက လာမယ့် ဖေဖော်ဝါရီလကုန်မှာ လားရှိုးမြို့နေ ဝန်ထမ်းများနဲ့ ပင်စင်စားများကို လစာငွေ ထုတ်ပေးရန် စီစဉ်လျှက်ရှိကြောင်း Truth Media က ဖော်ပြခြင်းပါ

ဒီသတင်းဟာ သဘာဝဘေးနဲ့ စစ်ဘေးရှောင်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ဖြစ်ပါတယ်

ယမန်နေ့မှာတော့ ရခိုင်ပြည်နယ်မှာ ဗုံးကြဲမခံရဖို့ ဟိုင်ဂင်တွေ့ဆုံပွဲမှာ AA က တပ်မတော်နဲ့ ဆွေးနွေးမယ်လို့ သတင်းထွက်ပေါ်လာပါတယ်

လွန်ခဲ့တဲ့ရက်သတ္တပတ် ရခိုင်‌မြို့ကြီးများ ဗုံးကြဲခံရစဉ် အထိနာသွားကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့ AA ဟာ

ယမန်နေ့ ညနေအထိ အမ်း - ပဒါန်းလမ်း ရခိုင်ပြည်နယ်အတွင်းနဲ့

တောင်ကုတ် - ပန်းတောင်းလမ်း ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်ကို ပြင်းထန်စွာတိုက်ခိုက်နေကြောင်း သတင်းရရှိပါတယ်

#HtayOung #OungMarine #fyp

Myanmar Update News 🇲🇲

24 Jan, 02:24


စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ( ၂၄ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။

Myanmar Update News 🇲🇲

24 Jan, 01:45


သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
🙏🙏🙏🙏🙏

https://t.me/updatenews2023

Myanmar Update News 🇲🇲

23 Jan, 15:22


Pdf တယောက်ရဲ့ ရင်ဖွင့်သံ

Myanmar Update News 🇲🇲

23 Jan, 14:03


ကျောက်မဲမှာ ဒလန်ဆိုပြီး ပြည်သူတွေရိုက်နှိပ်အရိုးတွေကြေဦးခေါင်းကွဲ ဘယ်သူတွေလုပ်လဲကြည့်တော့ ပကဖတဲ့။ ဘယ်က ပကဖလဲကြည့်တော့မိုးကုတ်က။တဖက်ကလူမျိုးရေးလုပ်ချင်တော့ ခေါင်းဆောင်ကစိုင်းလိတ် တောင်ပိုင်းသားလို့သတင်းလွှင့်တာပဲ။အခုဟိုးလေတကျော်ကျော်ဖြစ်တော့ TNLA ကအရေးယူမှုပြုသတဲ့။ အင်းပေါ့ ရဲစခန်းထဲမှာကတုံးအတုံးခံရတာတွေ သွားကျွတ်အောင်အထိုးခံရတာတွေ လက်ချောငိးခြေချောင်းတူနဲ့ထုတာတွေပြည်သူတွေဘယ်သိကြမလဲ။အရီးတော်ကြီးအောင်မြင်ပါစေကွာ။ သိပ်မကြာခင်တော့ အတုံ့အလှည့်ဖြစ်မလားတွေးမိပါတယ်ဗျာ။

Myanmar Update News 🇲🇲

23 Jan, 14:01


ဗိုလ်တထောင်မြို့နယ်တွင် တစ်နေ့တည်း အိမ်စီးကားနှင့် Taxi တို-က်မှု(၂)မှုဖြစ် (၅)ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၂၃ ရက်တစ်နေ့တည်း၌ အိမ်စီးကားနှင့် Taxi တို-က်မှု(၂)မှုဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၂၃ ရက်က ဗိုလ်တထောင်မြို့ နယ်၊ စန္ဒကူးလမ်းနှင့်ကုန်သည်လမ်း‌ဆုံတွင် အိမ်စီကားနှင့် Taxi တို့တို-က်မိခဲ့သဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ရင်ဘတ်အောင့်ဒဏ်ရာရသူတစ်ဦးအား MZK ကူညီမှုအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၃ နာရီ ၁၅ မိနစ်ခန့်ကလည်း ဒု တိယအကြိမ်မြောက်အဖြစ် ဗိုလ်တထောင်မြို့ နယ်ရှိ ဗိုလ်တထောင်ဘုရားရှေ့တွင် အိမ်စီးကားနှင့် Taxi ခေါင်းချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ အမျိုးသမီး(၄)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လင်းလက်လူမှုကူညီရေးအသင်းနှင့် ရှင်သန်ရေးကူညီမှုအသင်းတို့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။

Myanmar Update News 🇲🇲

23 Jan, 13:58


အာဏာပိုင် အစစ်
=================

                 အခုတလော အစိုးရ ရူး ရူးနေတဲ့ အသံတွေ ခပ်စိပ်စိပ် ကြားနေရပါတယ် ။ အမှတ်လည်း မရှိ ၊ အရှက်လည်း မရှိ ဖြစ်နေကြပုံများ ကြားရသမျှ ရီစရာချည်းပါပဲ ။

                   မှတ်မိကြအုံးမှာပါ တောင်ကိုရီးယားမှာ ဗီဇာသက်တမ်း တိုးပေးနေပြီ ဆိုကာ ခပ်တည်တည် နဲ့ သံရုံးတံဆိပ်တုံး အတုထုတဲ့ အဆင့်နဲ့ ထလုပ်တုန်းက တောင်ကိုရီးယားက လက်မခံကြောင်း ထ ကြေညာလိုက်ရတာလေ ။

                အဲဒီ လူလိမ်တွေ တောင်ကိုရီးယားက ဖမ်းပစ်တော့ NUG ကနေ ကူညီမယ်ဆိုပြီး ခပ်တည်တည် သွားတွေ့ကြတယ် ၊ တွေ့တဲ့သူတွေကို တောင်ကိုရီးယားက ထပ်ဖမ်းလိုက်တယ် အေးရော ။

                 အဲဒါကိုပဲ သောက်ရှက်မရှိ မနေ့က မလေးရှားအစိုးရကို သူတို့သာ အစိုးရဖြစ်ကြောင်း NUG က စာပို့ သတဲ့ ။ မလေးရှားကတော့ အလေးထားပါတယ် ။ NUG ထောက်ခံသူ အများစုရှိတဲ့ နေရာကို အော်ပရာစီ ဝင်ပြီး လူ ၂၀၀ ကျော် ဖမ်းပစ်လိုက်တယ် 😂😂

                    နောက်တခု မှတ်မိကြအုံးမှာပါ UWSA တွေကို ယိုးဒယားက နို့တစ်ပေးတော့ ဒါက အစိုးရနဲ့ သက်ဆိုင်လို့ နစက အား သတင်းပို့ထားပါကြောင်း ဆိုပြီး UWSA တွေက အရူးကွက်နင်းခဲ့လေရဲ့ ။

                အခု စောချစ်သူ ပြဿနာ ကြည့်အုံး ။ နစက ကို အားနည်းနေပြီလို့ သူယူဆထားချိန်တုန်းက နစက ပေးတဲ့ လစာလည်း မယူတော့ဘူး ။ BGF အဖွဲ့ကိုလည်း KNA လို့ အမည်ပြောင်းတယ်ဆိုပြီး မျက်နှာပြောင် တိုက်ခဲ့ပါတယ် ။

                    ဟော.... ကျားဖြန့် နဲ့  ရွှေကုက္ကို ကို အမှုံ့ကျိတ်ဖို့ တရုတ် နဲ့ ယိုးဒယားက အသံလည်း ပေးလိုက်ရော ဘဘကြီး ကယ်တော်မူပါအုံး ဆိုပြီး ဂယောင်ခြောက်ချား ထအော်လာပြန်တယ် ။                  

                      ဒီဖြစ်စဥ်တွေကို အသေအချာ ပြန်ကြည့်ပါ ။ NUG လို ပြည်ပက ဟောင်နေတဲ့ ရူးကြောင်ကြောင် လူတွေကို ပြည်ပက ဘယ်အစိုးရကများ လူရာသွင်း အသိအမှတ်ပြု ဆက်ဆံနေတာ မြင်ရသလဲ ။

             ပြည်တွင်းက နစက အပေါ် တဖက်လှည့် ဒုက္ခပေးနေကြတဲ့ UWSA နဲ့ စောချစ်သူ တို့ကရော NUG ကို အာဏာပိုင်ဆိုပြီး အကူညီတောင်းကြသလား... ? ဝေးသေး  ကွန်ဒုံး အဆင့်ပါဆို ။ တကယ့် အရေးကြတော့ ဘောင်ဝင် တန်းဝင် အဆင့်အတန်း ရှိတဲ့ နစက ကိုပဲ ခြေသလုံး ပြေးဖက်ကြရတာပဲ မဟုတ်လား ဗျ ။

                 ဒီတော့ ဟိုမြို့သိမ်းတယ် ဒီမြို့သိမ်းတယ် ငါတို့ အစိုးရ. သူတို့အစိုးရ လုပ်မနေနဲ့နော် ။ ခပ်လှမ်းလှမ်းက ထော်လာဂျီသံကြားရင်ပဲ ရဟတ်ယာဥ်သံ မှတ်လို့ တောပြေးတောင်ပြေး ပုန်းကြရ ။  ကောင်းကင်ပေါ်က ငှက်ပျံလာတာကိုပဲ လေယာဥ်ပျံလား ဒရုန်းလား ဆိုပြီး မြေကျင်းထဲ ဖင်ထောင်ပြေးနေရတဲ့ ငစနူတွေ သိဖို့ပြောချင်တာကတော့ နစက တခုပဲ တင်းပြည့် ကျပ်ပြည့် အာဏာပိုင်အစစ်ဆိုတာ သိထားသင့်ပြီ ။

              ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

19 Jan, 15:02


မဟာဗန္ဓုလတံတားဒေါပုံဘက်အဆင်းတွင် အမျိုးသမီးနှစ်‌​ယောက်ကားတိုက်ခံရပြီးသေဆုံး

၊ဇန်နဝါရီ၁၉၊၂၀၂၅

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်းတွင် ဇန်နဝါရီ၁၉ရက် ညနေပိုင်းက လမ်းသွားလမ်းလာ အမျိုးသမီးနှစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွား‌​ကြောင်း အောင်ရဲသူလူမှုကူညီရေးအသင်းအဖွဲ့(ဒေါပုံမြို့နယ်)မှသိရသည်။
အဆိုပါသေဆုံးသွားသည့် အမျိုးသမီးနှစ်ယောက်၏ရုပ်အလောင်းများကို လူမှုကူညီရေးအသင်းအဖွဲ့များကရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။
ယင်းအမျိုးသမီးနှစ်ယောက်ကို တိုက်သွားသည့်ကားမှာမောင်းပြေးသွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းမိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Myanmar Update News 🇲🇲

19 Jan, 14:57


အတည်ပြုချက်ရယူစရာမလိုပဲ မိမိဆန္ဒ
အတိုင်း လုပ်နိုင်သည့် အမေရိကန်သမ္မတရဲ့
လုပ်ပိုင်ခွင့်များ
=====t=====h=====u=====r=====a=====
Ref : businessinsider
.
အခုပြောမှာက အတည်ပြုချက် ရယူမစရာ မလိုပဲ
လုပ်ဆောင်နိုင်တဲ့ အမေရိကန် သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ ဗဟုသုတ အနေနဲ့ ဖတ်ထားနိုင်အောင် ကျွန်တော်က နည်းနည်း ပြောပြချင်ပါတယ်။

(၁)
ဘယ်ဖုန်းကိုမဆို စာတို (Message)ပို့နိုင်တယ် စာတို ပေးပို့မှု ပုံစံ ၃ခု ရှိပါတယ်။ ရုံးကိစ္စပိုင်းဆိုင်ရာ ပေးပို့မှု (အရေးပေါ် အခြေအနေအကြောင်း စသဖြင့်)၊ အကူအညီတောင်း စာတို ပေးပို့မှု (ကလေးပျောက်ဆုံးမှုအကြောင်း စသဖြင့်)နဲ့ သမ္မတထံကနေ စာတိုပေးပို့မှု တွေ ဖြစ်ပါတယ်။ ပထမ စာတို အမျိုးအစား နှစ်ခုကို သင့် ဖုန်းကနေ စာတိုအ၀င် မရှိစေချင်ရင် ပျိတျထားလို့ ရပေမယ့် သမ္မတဆီက စာတိုပေးပို့မှုကိုတော့
ပိတ်ထားလို့ မရပါဘူး။

thura

(၂)
နျူလက်နက်အသုံးပြုတိုက်ခိုက်မိန့်ပေးနိုင်တယ်
နိုင်ငံ တစ်နိုင်ငံကို စစ်ကြေငြာဖို့ကိုတော့ ထရန့်
တစ်ယောက်တည်းရဲ့ ဆန္ဒနဲ့ မလုပ်နိုင်ပေမယ့် နျူလက်နက် အသုံးပြု တိုက်ခိုက်မိန့်ကိုတော့ ဘယ်သူနဲ့မှ အတည်ပြုချက် ယူစရာ မလိုပဲ ပစ်ခွင့် ပေးနိုင်ပါတယ်။ Nuclear Football လို့ ခေါ်တဲ့ နျူလက်နက် ပစ်
ခတ်နိုင်မှု ထိန်းချုပ် ခရီးဆောင် သေတ္တာနဲ့ အတူ
သမ္မတတစ်ဦးက အမြဲ အတူရှိနေရပါတယ်။ အဆိုပါ
သေတ္တာမှာ နူလက်နက် ပစ်ခတ်မှု Codeကို ရိုက်
ထည့်ပြီး ပစ်ခတ်မှုကို အသက်သွင်းနိုင်ပါတယ်။

thura

(၃)
လျှပ်စစ်သုံး ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ရှာဖွေမိန့်ပေး
နိုင်တယ် ၂၀၀၂ခုနှစ်အတွင်း သမ္မတ ဂျော့ရှိဘုကနေ ပြည်သူ့အိုးအိမ်လုံခြုံရေးဌာနကို လိုအပ်တဲ့ မိုင် ၁၀၀
ပတ်လည်အတွင်းမှာ ရှိတဲ့ အိမ်တိုင်းက လျှပ်စစ်နည်းပညာ ပစ္စည်းအားလုံးကို စစ်ဆေးမိန့် ထုတ်ဖူးပါတယ်။ ဒီလို စစ်ဆေးမိန့်မျိုးကို ထရန့် အနေနဲ့လည်း အ
တည်ပြုချက် မလိုပဲ အမိန့်ပေးနိုင်တာပါ။

thura

(၄)
ရုပ်သံ အစီအစဉ်တွေနဲ့ ဇာတ်ကားတွေကို ဦးဦးဖျားဖျားကြည့်ခွင့် ယူနိုင်တယ် ၂၀၁၆ခုနှစ် အတွင်း
သမ္မတ အိုဘားမားက Games of Thrones ရဲ့
အပိုင်း ၆ကို ဦးဦးဖျားဖျား ကြည့်ချင်တယ်လို့
အမိန့်ပေး တောင်းဆိုဖူးတာ တွေ့ရပြီး အဆိုပါ ရုပ်သံ
ဖန်တီးသူထံကို တောင်းဆိုခဲ့တာ တွေ့ရသလို ထုတ်
လုပ်သူကလည်း သဘောတူ ပြသခဲ့တာပါ။

thura

(၅)
အစိုးရ၀န်ထမ်းအားလုံးရဲ့ စာတိုအသုံးပြုမှု အခွင့်
အရေးတွေကို ပယ်ဖျက်နိုင်တယ် ၂၀၀၉ခုနှစ်က
သမ္မတ အိုဘားမားကနေ အုပ်ချုပ်မှု အမိန့်တစ်ခုကို
လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ တွေ့ရပြီး အဆိုပါ
အမိန့်အရ နိုင်ငံ ၀နျထမျးတှေ အနေနဲ့ ကားမောင်းရင်း စာတိုပေးပို့မှုနဲ့ Chatingလို အသုံးတွေကို ပိတ်ပင်
လိုက်တာ တွေ့ရပါတယ်။ ဒီအမိန့်ဟာ အိုဘားမား
လက်ထက် ရေးထိုး ထုတ်ပြန် အမိန့် ၂၇၇ခုထဲက
တစ်ခု ဖြစ်ပါတယ်။

thura

(၆)
အရေးပေါ် အခြေအနေကို ကြေငြာချက် ထုတ်နိုင်
တယ် ဘယ်လို အကြောင်းရင်းကြောင့်ပဲ ဖြစ်စေ
အရေးပေါ် ကြေငြာချက်ကိုလည်း သမ္မတကနေ
ထုတ်ပြန်နိုင်သလို အဆိုပါ ထုတ်ပြန်ချက်ကို ဆယ်စုနှစ် တစ်စုစာလောက် ကြာမြင့်သည်ထိအောင် ထားမယ် ဆိုရင်လည်း သမ္မတမှာ လုပ်ပိုင်ခွင့် ရှိနေပါတယ်။

Myanmar Update News 🇲🇲

19 Jan, 14:44


မြောက်ဦးမြို့နယ်၊ရမ်းချောင်းရှိ စစ်သွေးကြွ AA စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်း၊စစ်သွေးကြွများ အသေအပျောက် များပြားနေ

#PeopleMedia

Myanmar Update News 🇲🇲

19 Jan, 14:38


#ဉာဏ်နီဉာဏ်နက်ဉာဏ်နားရွက်တွေ

AA က ဉာဏ်နီဉာဏ်နက်တွေ
သုံးပြီး ဝါဒဖြန့်နေတာတွေ့ရတယ်။
စစ်သုံ့ပန်း မိသားစုတွေ သေဆုံး
တယ်ဆိုပြီး ခေါင်းစဥ်တပ်ကာ
ဥာဏ်ဆင်နေသေးတယ်။

တကယ်မြေပြင်မှာ သိရတာက
ညိုထွန်းအောင်နဲ့ AA ထိပ်ပိုင်း
ခေါင်းဆောင်တွေ မြောက်ဦး ကို
ရောက်လာလို့ လေကြောင်းအရ
တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။

သေဆုံးသူ ၄၀ နီးပါး ထဲ
ညိုထွန်းအောင် ပါတယ် မပါဘူး
ဆိုတာ တပ်အပ်မပြောနိုင်သေး
ပေမယ့် သေဆုံးသူ အားလုံးဟာ
AA ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့
AA တွေပဲ လို့ ဒေသခံတွေဆီ
ထပ်မံသိရှိရတယ်။

AA ပြောသလို စစ်သုံ့ပန်း မိသားစု
တွေ ဆိုရင် စစ်သုံ့ပန်း မိသားစုတွေ
ကို ဘာလို့ ဖမ်းထားသလဲ။ လူမှုရေး
ရှုထောင့် ဥပဒေ ရှုထောင့်နဲ့ရော
ညီသလား။

အစထဲကို က မိသားစုဝင်တွေကို
ဖမ်းပြီး တန်ဆာခံ လုပ်ထားမယ်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေ
ရော မိန်းမ တွေ ပါမကျန် ဖမ်းဆီး
ထားခဲ့တယ်။ သူတို့ တွေ အသက်ရှိ
ထင်ရှား ရှိသေးတယ်။ မရှိဘူးဆိုတာ
ကို လည်း ဘာအာမခံချက်မပေး
နိုင်ပါဘူး။

အခုလည်း မြောက်ဦးမှာ
စစ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီမို့
မိသားစု ဝင်တွေ အသက်ရှိထင်ရှား
ရှိနေသေးတယ် ဆိုတဲ့ သက်သေ
အထောက်အထား မပြနိုင်သေး
ပါဘူး။

အခု မြောက်ဦး ကို ဗုံးကျဲ မှ
မိသားစု ဝင်တွေ ဖြစ်တယ် ဆိုပြီး
ဝါဒဖြန့်တာကတော့ နောက်တစ်ကြိမ်
တပ်က လေကြောင်းနဲ့ လာမတိုက်
အောင် လီဆယ် ဥာဏ်ဆင်ချင်း
သာ ဖြစ်လိမ့်မယ်။

ကိုယ်ကတော့ AA နဲ့ ပတ်သက်လာ
ရင် ဘာအယုံအကြည်မှကို မရှိတောသလို
ပြည်ထောင်စု အပေါ် သစ္စာဖောက်တဲ့
သူတွေ ဖြစ်လို့ ကမ္ဘာတည်သရွေ့ AA
ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာ
အခုလို စစ်ရဲ့ အနိဌာရုံတွေနဲ့
လုံးပမ်းနေတာကိုပဲ မြင်ချင်နေမိတယ်။

အောင်နိုင်သူ

Myanmar Update News 🇲🇲

19 Jan, 13:45


အင်းယားကန်အတွင်းစိတ်ကျန်းမာ​ရေးမ​ကောင်းသူတစ်ဦး​ရေနစ်​သေဆုံး

ဇန်နဝါရီ၁၉၊၂၀၂၅

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊(၁၀)ရပ်ကွက်၊အင်းယားကန်အတွင်းဇန်နဝါရီလ၁၉ရက်နံနက်၈း၀၀နာရီအချိန်က​ရေ​ပေါ်တွင်​မှောက်လျက်အ​နေအထားဖြင့်​သေဆုံး​နေသည့်အမျိုးသားတစ်ဦး၏အ​လောင်းကို​တွေ့ခဲ့​ကြောင်းသိရသည်။
မည်သူမည်ဝါဖြစ်​ကြောင်းသက်ဆိုင်ရာကအတည်ပြု​နေစဥ်​လှိုင်မြို့နယ်မှဒေါ်လင်း(၆၇နှစ်)ဆိုသူ​ရောက်လာပြီးသူ၏သားစိတ်ကျန်းမာ​ရေးမ​ကောင်းသူသည်ဇန်နဝါရီလ၁၇ရက်မနက်ကအိမ်မှထွက်သွား​ကြောင်း​ပြောဆိုစုံစမ်းလာသဖြင့်အ​လောင်းကိုပြသရာ​သေဆုံးသူမှာသူနှင့်တစ်အိမ်တည်း​နေထိုင်သူသားဖြစ်သူသိန်းစံ(ခ)​ကောင်းမြင့်စံဖြစ်​ကြောင်းသိရသည်။
တာဝန်ရှိသူများကအ​လောင်းကို​မြောက်ဥက္ကလာပ​ဆေးရုံသို့ပို့​ဆောင်၍​သေမှု​သေခင်းဖွင့်လှစ်ထား​ကြောင်းသိရသည်။

Myanmar Update News 🇲🇲

19 Jan, 12:57


(၁၉၊၁၊ ၂ဝ၂၅) တစ်ခုခုကို ပျကိအောင် ဖျက်ထာ လွယ်ကူတယ်၊
ကောင်းအောင် ပြန်ပြင်ဖို့သာ ခက်ထာ

တိုင်းပြည်က လူတွေအားလုံး
နောက်ထပ်အထိမခံနိုင်လောက် အကြီးအကျယ် နာနေပါပြီ

အထွဋ်အထိပ်ရောက်နေလို့ ပျက်စရာရှိရင် မြန်မြန်ပျက်မယ်

ပျက်လက်စ ရခိုင် ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းဘက်မှာ အသိသာဆုံး ခံစားရမယ်

အခုတည်းက ဖြစ်နေတာ မြင်ကြမှာပါ

မကြာခင်  သူ့ကြောင့် ငါ့ကြောင့် ဘယ်သူက ဘယ်လို စလုပ်လို့ ဖြစ်ထာဆိုတဲ့ ဘော်လီဘောပုတ်စကားတွေ ကြားကြရလိမ့်မယ်

#HtayOung #OungMarine #MyanmarCivilWar #fyp

Myanmar Update News 🇲🇲

19 Jan, 12:56


Wy

Myanmar Update News 🇲🇲

19 Jan, 12:56


*** WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။

၂နှစ်အတွင်း ဆံပင်ကို ဓါတ်ခွဲ စစ်ရင် ပေါ်ပါတယ် ***

WYကို လူငယ်တွေက ကြယ်သီး လို့အလွယ်ခေါ် ကြပါတယ် ။
အရောင် အလိုက် ပုံစံအလိုက်
အမျိုးအစား ခွဲ ကြတယ် ။
-
အများ အားဖြင့် အရောင် က
ပန်းဆီရောင် လိမ္မော်ရောင်
ချောကလက်ရောင် ဒီလို ခွဲခြား
သတ်မှတ် ကြတယ် ။
-
အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့
အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကို
အထူးထုပ် ကာလာတွေကို
တစ်ရာ နှစ်ရာ ယူမှ (ရာစီး)
လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။
-
နောက်..
WYထက် အဆင်ြ့မင့်ထားတဲ့
ICEက လည်း အဖြူ ရောင်
ကျောက်ချဉ်ခဲ အကြေနဲ့ တူပါတယ် ။
-
လူငယ်တွေ ဘာလို့စွဲလည်း
အရသာကလည်း စိတ်ပျော့သူဆို ဆွဲတယ် ။
မျောဘို့များပါတယ် ။
-
၃လုံး လောက် ရှူ ရှိုက်မိရင်
ကချင် ခုန်ချင် လှချင် ပ ချင် သွားချင် လာချင်
သုံးစွဲသူ အပေါ်လိုက်ပြီး
အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။
-
၃လုံးလောက် ရှူမိသူဟာ
ထမင်း ၂ရက်လောက် မဆာပါဘူး ။
-
၃ညလောက် မအိပ်ပဲ
အိပ်ရေးဝ လန်းဆန်းနေတယ် ။
-
လွန် သွားရင် အာရုံ သေ သွားပြီး
တစ်ခုခုထဲ မြုတ်သွား သလို ပေါ့ ။
အလုပ်တစ်မျိုးမျိုး
ဝါသနာပါရာgame လို မျိုးကို နစ်ပီး
မအိပ်မနေ ဆော့နေတတ်တယ် ။
ဆေး ကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူ
စွဲသွား တာပါပဲ ။
-
ဆေး ကျချိန်မှာ..
ဆေးအာနိသင် ပြယ်ချိန်ဟာ
ချက်ခြင်းလူမမာ တစ်ယောက်လို
ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ
အရိုးထဲ ကိုက်တဲ့ ဝေဒနာ
အားအင်ကုန်ခမ်း နွမ်းနယ်နေသူ တစ်ယောက်လို
ဒေါသ အလို လို ဖြစ်လာတာ ။
-
တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန်
တစ်ချက် နှစ်ချက် တစ်လုံးရဲ့ ၅ပုံ ၁ ပုံ လောက် အနံ့ရတာနဲ့
ငေါက်ခနဲ ထထိုင် ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို
ခုနက မောပမ်း ကိုက်ခဲနေတာ ချက်ခြင်းပျောက် သွားတဲ့ သုခ
အဲ့ဒီ .... သုခ ကို စွဲလမ်းသွား တာပါ ။
-
စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ
ဆေးသာ ရမယ်ဆို ဒုစရိုက် လုပ်ဘို့
၇၀ ရာနူန်း တွန်းအားပေးပါတယ် ။
-
ဈေးကွက် ပေါက်ဈေးအရ
တစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူ
လူငယ်တစ်ယောက်အနေ နဲ့
၃လုံး လောက် သုံးစွဲဘို့
တစ်နေ့ တစ်သောင်း လို အပ်ပါတယ် ။
-
ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေနဲ့
ရေရှည် မဖြစ်နိုင်ပါဘူး ။
-
ထိုအချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ
ဆေး ရဘို့ မိမိကဲ့သို စမ်းသပ်မယ့်
သားကောင် အသစ် ရှာ ရပါတယ် ။
-
သားကောင်အသစ် ရရင်
ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့
ဈေးနူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့
အပိုအဆစ် ဆယ်လုံး မှ တစ်လုံး
အပို လေး ကို မျှော်လင့်ပြီး
အလို လို ရောင်း ဝယ်သူ
ဆေး ကယ်ရီသမား ဖြစ်မှန်း မသိ
ဖြစ်လာပါတော့တယ် ။
-
နီးစပ်ရာ မိန်း ကလေး ယောကြာငျ်း လေး သူငယ်ချင်း များ ကို
ဆွယ်ရပါတော့တယ် ။
-
နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစုမိပြီး
အားလုံး သားကောင်ဖြစ်သွားကြပြီး
သားကောင်အသစ် ထပ်မံ မရတော့တဲ့အချိန်
မသုံးစွဲရ မနေနိုင် အခြေအနေ မှာ
ဒုစရိုက်လုပ်ဘို့ ကြံစည်ပါတော့တယ် ။
-
ယခုတစ်လော လူငယ်တွေ အစုလိုက်အဖွဲ့လိုက် လုယက်မှု
ကျူးလွန်နေတာဟာ
မူးယစ် သားကောင်တွေပါ ။
-
ဒါကြောင့် လူငယ်များ မစမ်းသပ် သင့်ပါဘူး ။
-
မိမိသုံးစွဲတာ
တာဝန်ရှိသူတွေ မသိဘူး မထင်ပါနဲ့ ။
၂၄ နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
-
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
-
၂နှစ်အတွင်း ဆံပင်ကို CID
အမျိုးသား ဓါတ်ခွဲ ဌာနပို့စစ်ရင် ပေါ်ပါတယ် ။
-
မိဘများကလည်း
ကိုယ့်သားသမီး ရဲ့အမူအကျင့် တွေ
ပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။

-
သုံးစွဲသူတွေက သိသာထင်ရှားပါတယ် ။
-
သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ် ။

မလိုအပ်ဘဲ စကားများလာမယ် ။

မျက်ကွင်းညိုလာမယ် ။

အစား အသောက်ပျက်လာမယ် ။

အထူးခြားဆုံး က ချွေးနံ့ !

-
ကိုယ် နံ့ ဟာ လိမ်ညာမရအောင်
ချောကလက် အနံ့ အမြဲမွှေးနေပါတယ် ။

ဆပ်ပြာနဲ့ဆေးလို့ မပျောက်ပါဘူး ။
ဒါ ထူးခြားပါတယ် ။
-
သွားများ ကျိုးပဲကုန်ပါတယ် ။
ဒါနောက်ဆုံးအဆင့်ပါ !
-
လူငယ် အညွန့်အဖူးများ
အနာဂတ် လမ်းမမှားစေဘို့
တိုင်းပြည် သာယာ အေးချမ်းစေဘို့
အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ်။

Myanmar Update News 🇲🇲

19 Jan, 11:00


အလုပ်ရှင်ကိုမကျေနပ်လို့ ကလေးငယ်ကို တောထဲခေါ် သ  တ်တဲ့ ရဲမင်းထက်ကိုဖမ်းမိထား

(DBA) ဇန်နဝါရီ - ၁၉

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာတွင် အလုပ်ရှင်ကိုမကျေနပ်တဲ့ အလုပ်သမားဟောင်း ရဲမင်းထက် ဆိုသူက အလုပ်ပိုင်ရှင်ကလေးကို တောထဲခေါ်ပြီး သ  တ် ဖို့ ကြိုးစားခဲ့တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။

ရဲမင်းထက်သည် ကလေးငယ်ရဲ့ မိဘတွေပိုင်ဆိုင်တဲ့ပွဲရုံမှာ ၂ နှစ်နီးပါး အလုပ်လုပ်ခဲ့ဖူးပြီး ပွဲရုံမှာ အလုပ်လုပ်စဥ်ကာလမှာ အတူအလုပ်လုပ်နေသူတွေအပေါ် ကြီးနိုင်ငယ်ညှင်းလုပ် တဲ့အတွက် အလုပ်ရှင်တွေဘက်က မကြာခဏသတိပေးခံရဖူးပြီး လွန်ခဲ့တဲ့ ၃ လလောက် က သူသဘောနဲ့သူ အလုပ်ကနေ ထွက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်ညနေ ၃ နာရီကျော်မှာ ဆတ်သွားကျေးရွာ အမက စာသင်ကျောင်းက ဆင်းလာတဲ့ အသက် ၅ နှစ် ၈ လအရွယ် မောင်စွမ်းပြည့်အောင် ကို အသက် ၃၀ အရွယ် ကိုရဲမင်းထက် ဆိုသူက သူ့နဲ့အတူလိုက်ဖို့ပြောပြီး ရွာနဲ့ ၂ မိုင်အကွာကတောထဲကို ဆိုင်ကယ်နဲ့ခေါ်သွားခဲ့ပါတယ်။

တောထဲရောက်တဲ့အချိန် ကလေးငယ်ရဲ့လည်ပင်းကိုအင်္ကျီနဲ့ပတ်ညှစ်ပြီးနောက် လည်ပင်း နဲ့ မျက်နှာတွေကို ဆေးလိပ်မီးနဲ့ထိုး လည်ပင်းကိုအဝတ်စနဲ့စည်းကာ သ  တ် ဖြတ်ခဲ့တာ ဖြစ်ပြီး ကလေးငယ်ကသေချင်ယောင်ဆောင်ကာ ပြန်လည်လွတ်မြောက်လာတာဖြစ် တယ် လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ကလေးကိုသူကလည်းပင်းအဝတ်နဲ့ညှစ်သတ်တာ။ကလေးကမလှုပ်တော့​ေ သ ပြီးထင် သွားတယ်။​ေ သ မ​ေ သ သိချင်လို့သူကကလေးလည်ပင်းနဲ့ပါးကိုဆေးလိပ်မီးနဲ့ထိုးတယ်။ကလေးက​ေ သ ချင်ယောင်ဆောင်ပြီးမလှုပ်ဘူးလို့ကလေးကပြောပြတယ်။ပြီးတော့ကလေးကိုခြုံနောက်မှာပစ်ချခဲ့ပြီးထွက်သွားတာ” လို့ သူကပြောပါတယ်။

ကလေးငယ်ပျောက်ဆုံးသွားတာကြောင့် မိသားစုဝင်တွေနဲ့အတူ ရဲနဲ့ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေက တညလုံးနီးစပ်ရာကို ရှာဖွေခဲ့ကြပေမယ့်မတွေ့ခဲ့ကြပေမယ့် ဇန်နဝါရီ ၁၈ရက် မနက် ၇ နာရီလောက်ကျမှ ရွာခံတောင်သူတဦး တောထဲကိုလှည်းနဲ့ထင်းခုတ်သွားချိန်မှာ ငိုနေတဲ့ မောင်စွမ်းပြည့်အောင်ကိုတွေ့ရှိပြီး နေအိမ်ကိုပြန်ပို့ဆောင်ပေးခဲ့ပါတယ်။

ကလေးကိုပြန်တွေ့ချိန်မှာ မျက်နှာမှာဖောယောင်နေပြီး လည်ပင်းနဲ့မျက်လုံးတွေမှာလည်း သွေ း ခြေဥတွေ ဖြစ်နေတာကိုတွေ့ရတဲ့အတွက် အိမ်ကိုပြန်ရောက်ရောက်ချင်း တောင် တွင်း ကြီးဆေးရုံကို ကနဦးပို့ဆောင်ခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေရှိတဲ့အတွက် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပြောင်းရွှေ့ ကုသနေရတယ်လို့ သိရပါတယ်။

ကလေးငယ်ကိုဖမ်းဆီးသ တ် ဖြတ်ဖို့ လုပ်ဆောင်ခဲ့သူ ရဲမင်းထက်ကို ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာပဲ ဆတ်သွားရွာထဲက သူ့နေအိမ်မှာ ရဲ၊ စစ်တပ်နဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ ဆတ်သွားနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထား ပါတယ်။

Myanmar Update News 🇲🇲

19 Jan, 11:00


ထရန့် မီးမွှေးရတဲ့ သမိုင်းကြောင်း
============================

                 20 - 1 - 2025 မှာ သမ္မတဖြစ်လာမယ့် ထရန့် ရဲ့ ကြိမ်းဝါးခြိမ်းခြောက်နေတဲ့ ပြဿနာကြီး ၃ ခု ရှိပါတယ် ။ အဲဒါတွေက ပနားမား ၊ Greenland ၊ နဲ့ ကနေဒါ ပြဿနာများပါပဲ ။ ထရန့်က ဘာကြောင့် ဒီလိုတွေ ပြောနေရသလဲ ဆိုတဲ့ အကြောင်းရင်းတွေကလည်း စိတ်ဝင်စားစရာပါပဲ ။
၁ ။ ကနေဒါ

         ကနေဒါ နိုင်ငံသားတွေသည် အမေရိကန်တွေနဲ့ ယဥ်ကျေးမှု ဘာသာစကား လူမျိုး အတူတူပါပဲ ။ အင်္ဂလိပ်လက်အောက်ကနေ အမေရိကန်က ပြည်နယ် ၁၃ ခု တော်လှန်ကာ လွတ်လပ်ရေး ရယူခဲ့ပါတယ် ။

            ကနေဒါကတော့ နောက်မှ ပြင်သစ်ပိုင်နယ် နဲ့ အင်္ဂလိပ်ပိုင်နယ် တဝက်ဆီ ပေါင်းပြီး ကနေဒါလို့ ထူထောင်ခဲ့ပါတယ် ။ သို့သော် သူသည် အင်္ဂလန်ဘုရင်ရဲ့ စောင့်ရှောက်ခံအဖြစ် ယနေ့အထိ ခံယူကျင့်သုံးနေရတဲ့ တိုင်းပြည် အဆင့်ပါပဲ ။

         အဲဒါကြောင့် အမေရိကန်က ကနေဒါကို အမေရိကန်ရဲ့ ပြည်နယ်တခုအဖြစ် ပူးပေါင်းမယ်ဆိုရင် လူမျိုးတူ ဘာသာစကားတူ ယဥ်ကျေးမှုတူခြင်းမို့ ပိုအားကြီးလာပြီး ပိုမိုတိုးတက်လာမယ်လို့ ဝါဒဖြန့်နေတာပါ ။ ခရိုင်းမီးယားကို ရုရှားဝင်သိမ်းသလို လုပ်ချင်တာပါပဲ ။

၂ ။ Greenland

               သူကတော့ ဒိန်းမတ်ကနေ ကိုလိုနီပြုထားတဲ့ အကြီးဆုံးကျွန်းနယ်မြေကြီးပေါ့ ။ မြောက်ဝန်ရိုးစွန်းအနီးက ဒီကျွန်းကြီးရဲ့ မူလဌာနေ တိုင်းရင်းသားတွေဟာ ဒိန်းမတ်တွေနဲ့ ကွဲပြားပါတယ် ။ ဒါကြောင့် ဒိန်းမတ်တွေ လက်ဝါးကြီးအုပ်သလို တခြားလူလည်း အုပ်ခွင့် ရှိရမယ်ပေါ့ ။

         နောက်တနည်းက ဌာနေလူမျိုးစုတွေက ဒိန်းမတ်နဲ့ မနေပဲ အမေရိကန်နဲ့ ပူးပေါင်းရင်လည်း ဖြစ်ပါတယ်ပေါ့ ။ ဒီလိုတွေ ပြောရမယ့် အကြောင်းရင်ကလည်း ရှိနေပြန်ပါတယ် ။ Greenland သည် ဒိန်းမတ်ထက် ကျယ်ပါတယ် ။

   
           စစ်အင်အား နည်းပါးတဲ့ ဒိန်းမတ်ဟာ စစ်အေးကာလတုန်းက ကာကွယ်ဖို့ ခက်ခဲတာကြောင့် အမေရိကန်ကို စစ်စခန်းတွေ တည်ဆောက်ခွင့် ပေးပြီးကာကွယ်စေခဲ့ပါတယ် ။ 1951 ကနေ ယနေ့ထိ အမေရိကန်က ငွေကုန်ခံ ကာကွယ်နေရပေမယ့် သယံဇာတ ကိုတော့ ဒိန်းမတ်ကချည်း ယူနေတယ်ဆိုပြီး စီးပွားရေးသမား ထရန့်က ပြဿနာထရှာတာပါ ။

၃ ။ ပနားမား

                ပနားမားက မူလတုန်းက ကိုလံဘီယာပိုင်နက်ပါ ။ အတ္တလန်တိတ်သမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ဖို့ တူးမြောင်းဖောက်ချင်လို့ 1903 မှာ အမေရိကန်က ကိုလံဘီယာ လက်အောက်ကနေ လွတ်လပ်ရေးရအောင် ယူပေးပြီး နိုင်ငံသစ်ထူထောင်ပေးခဲ့တယ် ။

             သူ့ရဲ့ ရုပ်သေးအစိုးရတက်လာပြီး တူးမြောင်းတူးခဲ့တယ် ။ ဒါတောင် သူ့စကားနားမထောင်တဲ့ ပနားမား သမ္မတ နိုတီရေးဂါးကို မူးယစ်ဆေးရောင်းတယ်ဆိုပြီး 1998 တုန်းက ဝင်ဖမ်းပြီး ထောင်ချပစ်လိုက်တယ် ။

            အဲသလိုအနိုင်ကျင့်ခဲ့ပြီး စာချုပ်သက်တမ်းပြည့်လို့ တူးမြောင်းထိမ်းချုပ်ခွင့် ကုန်သွားတဲ့အချိန် ပနားမားက သူ့သဘောနဲ့သူ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်လုပ်ကြပါတယ် ။ အဲဒါကြောင့် ထရန့်က ပနားမားကို ဒီတခါ အပိုင်သိမ်းရမယ် ဘာညာ နဲ့ လေသံပစ်လာတာပါပဲ ။

             ဒါတွေက အခုတလော ကမ္ဘာ့သတင်းတွေမှာ HOT ဖြစ်နေတဲ့ သတင်းကြီး ၃ ခုရဲ့ ဖြစ်တည်လာမှု သမိုင်းတွေပါပဲ ဗျာ ။ အကျယ်တဝင့် ရှင်းပြထားတဲ့ ကိုအေးနေဝင်းရဲ့ ချန်နယ်ကို နားထောင်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ် ။

        ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

19 Jan, 10:18


မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၈) ရက်၊ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြရာ ည (၈)နာရီ (၅၅)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ (၂)မိနစ်အချိန်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံမှု တန်ဖိုးနှင့် မီးလောင်ရသည့် အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။



ရန်ကုန်အပါအဝင် မြို့နယ်ဒေသအချို့တို့တွင် မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှလည်း နှိုးဆော်ထားသည်ဟုသိရှိရပါသည်။

Myanmar Update News 🇲🇲

19 Jan, 10:16


ခနက ပိုစ့်တခုက သူရဲကောင်း စစ်သားကြီးရဲ့ အကြောင်းပါတဲ့

စကခ ၂ လက်အောက်ခံ
၂၈၇ တပ်ရင်းကအောက်ခြေစစ်သည်တစ်ဦးပါ ၂၀၂၃က ဖိုင်  အဲ့လို ပုံတူ သူ၂ကြိမ်လုပ်ခဲ့တယ် အဲ့ဖိုင်ကို ရိုက်ထားတာလည်း မိမိဘက်ကမဟုတ် ကရင်နီတွေက အံ့သြပြီးလေးစားလို့ရိုက်ထားတာ ဒေါညေးခူ ထဲ စက ထိုးတော့ ရန်သူ ပတ်လည်ဝိုင်းထားခံရတဲ့ အချိန် အစားနဲ့ရေ ပြတ်လပ်နေတဲ့အချိန် သေမထူး နေမထူး ဖြစ်နေချိန် သူလည်းဒဏ်ရာရထားတယ်
သူတို့ စက အဖွဲ့တွေကို အမွှေစိန်ကိုယ်တိုင် အထက်ကို တင်ပြပြီး  အသင့်စားဖို့
ပေါင်မုန့်နဲ့ သောက်ရေ  ဝေဟင်ကောင်နဲ့
ချပေးဖို့ အကြံပြု တင်ပြခဲ့တာပါ
ဒီ post ကို ဖတ်မိရင် စစ်သည်တွေ ပေါင်မုန့်နဲ့ရေ   အဟာရ အဖြစ်စားသောက်ခဲ့ရတဲ့
သူတွေ သိမှာပါ
အဲ့ ချိန်က  ဒေါညေးခူ  နဲ့ ဒေါတမ ကြီးဂွင်မှာ  မိမိ ဘက်က သောက်လောက်လဲ
တပ်ရင်းလိုက် အဖြုတ်ခံရတဲ့ အချိန်ပေါ့
ပထမ တစ်ကြောမှာ သူတို့ ကို ကယ်ထုတ်နိုင်ခဲ့တယ် ဒုတိယတကြောမှာ သူ ကျသွားခဲ့ရတယ်  စိတ်လည်းမကောင်းဖြစ်ရသလို  လေးစားဂုဏ်ယူမိတယ် ဒီနေ့ ချိန်ထိလည်း သူ့မိခင်တပ်ရင်းက ကျန်ရှိ စစ်သည်တွေ သူ့ကို အမှတ်ရ ပြောနေကြတုန်းပါဘဲ

တပ်မတော်မှာ  လူသာသေသွားပေမဲ့
အမည် မသေဘူးဆိုတဲ့ စစ်သားစိတ်ရှိတဲ့
စစ်သည် စစ်စစ်တွေပေါ့

အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Myanmar Update News 🇲🇲

19 Jan, 10:14


ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေး ထိုင်းနိုင်ငံက မြန်မာအစိုးရနှင့်ပူးပေါင်းလုပ်ဆောင်မည်။

ဇန်နဝါရီ ၁၉၊ ၂၀၂၅

မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်သွားရန် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့အကြား သဘောတူခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ဘန်ကောက်မြို့၌ ပြုလုပ်သော (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းဝေးတွင် သဘောတူခဲ့ခြင်းဖြစ်သည်ဟု Bangkok Post က ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးတွင် မြန််မာဘက်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ပြီး ထိုင်းနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ဆွေး‌နွေးမှုတွင် အွန်လိုင်းလိမ်လည်ရေးဂိုဏ်းများသည် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်ကြောင်း၊ အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများသည်လည်း ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု Bangkok Post က ဆိုထားသည်။

လက်ရှိတွင် တရုတ်မင်းသား၊ မော်ဒယ်အပါအဝင် တရုတ်လူမျိူးအချို့ ထိုင်း-မြန်မာနယ်စပ်၌ လူကုန်ကူးခံရမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျားဖြန့်လိမ်လည်ရေးလုပ်ငန်း တိုက်ဖျက်‌ရေးသည် ဒေသတွင်းနိုင်ငံများ ဦးစားပေးကိုင်တွယ်ရမည့် ကိစ္စတခု ဖြစ်လာသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း မြဝတီရှိ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်းမပြုလုပ်ကြရန် ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိသည်။

Myanmar Update News 🇲🇲

19 Jan, 09:52


ဘယ်သူလဲဆိုတာ ရအောင်ဖော်ထုတ်ပေးပါညီမ
သူရဲကောင်းဆိုတာ စစ်သည်ကောင်းတယောက်ဆိုတာ ကိုယ့်နိင်ငံ ကိုယ့်စခန်းနဲ့ပက်သက်လာရင် အသက်​ေသဆုံးထိတိုင်အောင် ဘယ်အရာမှ မမှုပဲ ကာကွယ်ခဲ့တာဆိုတာ နောင်လာနောက်သား စစ်အမှုထမ်းတွေကို ပြသချင်လို့ပါ။


အဲ့ video ကို ကျမ တင်တော့ မတင်ပါဘူး

ကရင်နီဘက်က လူတိုင်းကြည့်ရတဲ့ video အပြည့်အစုံပေါ့။

သူပုန်ကို ရ‌သလောက်ပါအောင်ခေါ်သွားတဲ့ စစ်သည်။

Highlight မှာ အပြည့်အစုံမပါဘူး။ စစ်သည်လှမ်းပစ်ထားတာ သူပုန်တွေ ကျတယ် ။

အဲ့မှာ သူပုန်က တောနင်းရှာတာ ဒီစစ်သည်ကို ကျမအံ့ဩတာ အကာအကွယ်မရှိ မြေတလင်းကို နောက်ကြောင်းပြန်မဆုတ်ပဲ ခံပစ်ရင်း ဖြတ်တာ။

အရမ်းနှမြောဖို့ကောင်းတယ်။
ကြည့်တိုင်း မျက်ရည်ကဆို့တက်လာတာ။

Video ကို ကျမ ဘယ်နှခါတောင် ဖွင့်ကြည့်မိနေလဲ မသိဘူး အဲ့စစ်သည် ဘယ်သူလဲ ကျမလိုက်ရှာတာ ခုထိ Source မရဘူး ။

အဲ့လို စစ်သည်တွေကို ပုံတူထုပြီး သမိုင်းရာဇဝင်ထဲ မှတ်တမ်းတင်ထားရမှာ

စာတမ်းပြုစုတဲ့သူတွေ ဒီလို စစ်သည်တွေအတွက် ဟိုးတုန်းက ရှိခဲ့တယ်။

အခုက ရှားနေပြီ။
တိမ်မြုပ်ပျောက်ကွယ် တချိန်မှာမေ့သွားကြရင် နှမြောစရာပဲ။

ထပ်မံ လက်တင်အလေးပြုပါတယ် အစ်ကို။
ကောင်းရာဘုံဘဝရောက်ပါစေ။

အမြဲမေ့မသွား‌အောင် ကြိုးစား အောက်မေ့ ဂုဏ်ယူနေပါ့မယ်။

DI Thameedaw 🇲🇲

Myanmar Update News 🇲🇲

19 Jan, 09:18


ယနေ့နံနက်CIAထိန်းချုပ်ခံမီဒီယာများမှာအကြီးအကျယ်ဝါဒ
ဖြန့်နေကြတဲ့ဧရာအစပ်ရခိုင်ရိုးမထဲကဘောမိရွာကိုAAတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်းဝါဒဖြန့်ဓါတ်ပုံများပါ။AAနဲ့ပြည်ပမီဒီယာတွေအလိုအရစစ်တပ်က၄၀၀လောက်တပ်စွဲထားပြီး၃၀၀သေဆုံးပါသတဲ့။ပုံအရလက်နက်ခဲယမ်းတင့်ကားအမြောက်မြောက်များစွာကိုပြသထားပါတယ်။
အတည်ပြုထားတဲ့သတင်းများအရဘောမိမှာငဝန်မြစ်ဘေးကရွာငယ်လေးသာဖြစ်ပြီးတပ်ကကင်းစခန်းအင်အားအနည်းငယ်သာတပ်စွဲထားတာဖြစ်ပြီးဘာတင့်ကားအမြောက်လက်နက်ကြီးမှမရှိတဲ့ယာယီကာကင်းစခန်းလေးသာဖြစ်ပါတယ်။AAလာတိုက်စဥ်အကျအဆုံးမရှိခုခံခဲ့ပြီးမိမိတပ်ကိုဆုတ်ခိုင်းပြိးAAတေွကိုအမြောက်လက်နက်ကြီးလေကြောင်းပစ်ကူရေတပ်ပစ်ကူများဖြင့်စုပြုံချေမှုန်းခဲ့တာဖြစ်ပါတယ်။
AAတေွဘယ်လောက်သေတယ်ဆိုတာမပြောတော့ပါဘူးသို့ပေမဲ့ဘောမိရွာကတော့တိုင်ငုတ်တောင်မကျန်တစစီဖြစ်သွားပါတယ်။(ထညက်လုံးကိုပုရွက်ဆိပ်အုံလာမှရေနွေးလောင်းချလိုက်သလိုပါဘဲ)။
သို့ပေမဲ့ပြည်ပCIAအထိန်းချုပ်ခံမီဒီယာများကတော့ဘယ်ကပုံအဟောင်းတွေနဲ့လည်းမသိ
ဝါဒဖြန့်နေကြပါတယ်။
ဒိထက်ပိုဆိုးတာကထိုမီဒီညာများကဘဲပုသိမ်နတခဌနခကိုသိမ်းယူရေးနှပ်ကြောင်းပေးရေးလာနေလေတော့AAဟာciaအလိုကျတရုတ်မီးလောင်ချိိုင်စိမံကိန်းကိုထိန်းချုပ်ရေးဦးတည်နေကြောင်းယူဆရပါတယ်။

Myanmar Update News 🇲🇲

19 Jan, 08:49


ဒီ VDO ဖိုင်ကတော့ ဇန် ၁၈ ရက် (မနေ့က) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဒေသရှိ တာဝါတိုင်ကုန်းနဲ့ လွှတ်ရှမ်းရွာအနီး ရန်သူ့နေရာ၊ စခန်းပုန်းများကို Drone ဖြင့် ရှာဖွေချေမှုန်းနေခြင်း ဖြစ်ပါတယ်။
-
Attack Drone ၁၀ စီးလောက်နဲ့ဆို ပိုပြီး မြိုင်ဆိုင်ပါမယ်။ မကြာခင်လည်း လာပါလိမ့်မယ်။

တိုက်ပွဲသတင်းစုံ

Myanmar Update News 🇲🇲

19 Jan, 08:31


ကလေး-တမူးအစပ် လေကြောင်းဗုံးကြဲခံရ၊ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်(မြောက်ပိုင်း) နဲ့ တမူးမြို့နယ်အစပ်က စော်ဘွားရေရှင်ကျေးရွာကို ဇန်နဝါရီ ၁၈ ရက် မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေရာကို သတင်းပေါက်ကြားသွားတာ ဖြစ်မှာပါ။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အခုတောင် ကလေး-တမူးဘက်မှာ လေယာဉ်တွေဝဲနေတယ်။ ဒေသခံတွေလည်း ဗုံးခိုကျင်းထဲမှာ ဝင်နေကြရတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

Myanmar Update News 🇲🇲

19 Jan, 08:31


ကော့မှူး ဇန်နဝါရီ ၁၉

       ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းအသုံးပြုလျက်ရှိသောဆန်စက်များအားဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ ရေးဆန်စက်များစနစ်တကျမှတ်ပုံတင်နိုင်‌ရေးတို့ကိုယမန်နေ့မွန်းလွဲပိုင်းက‌ တောင်ပိုင်းရပ်ကွက်၊ထမ္မနိုင်‌ကျေးရွာ၊ဝါးဘလောက်သောက်ကျေးရွာ၊သမင်ခြံကျေးရွာ၊သခွတ်ပင်ကျေးရွာများသို့တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Myanmar Update News 🇲🇲

19 Jan, 06:54


ဘက်မလိုက်မူဝါဒနဲ့ကျိန်စာသင့်နိုင်ငံတစ်ခုရဲ့ သက်တော်ရှည် ပြည်တွင်းစစ်
=========
-လက်ရှိ နယ်မြေသိမ်းလည်း နစကနဲ့ တပ်မတော်က ဒီနယ်မြေတွေကို လက်လွှတ်ကြောင်း စာချုပ် ချုပ်ပေးလို့မရဘူး။ (ဒါက စစ်သုံ့ပန်း ရှိနေရင် အပေးအယူဆိုတဲ့ အယူအဆ ရှိသူတွေအတွက်ပြောတာ) ။ စစ်သုံ့ပန်းက စစ်သုံ့ပန်း၊ အချုပ်အခြာနဲ့ ၂၀၀၈ တရားဝင်မှုက တပိုင်း ၊ အကုန်လုံးက သပ်သပ်စီပဲ။ ရောလို့မရဘူး။


NCA က အရွေ့မဖြစ်ဘူး။ ခေတ်အဆက်ဆက် အစိုးရတွေ ငြိမ်းချမ်းရေးအတွက်  ကော်မတီ အမည်ပြောင်း ဖွဲ့ပေမယ့် အတည်ပြုထားတဲ့ သဘောတူညီချက်တွေကို လွှတ်တော်တင်ပြီး ခြေဥ မပြင်နိုင်သေးဘူး။ မပြင်နိုင်တော့ NCA ထိုးထားတဲ့အဖွဲ့တွေရဲ့ ဆွေးနွေး သဘောတူညီချက်က အလုပ်မပြီးမြောက်ဘူးလို့ ဆိုလို့ရတယ်။ အလုပ်မပြီးမြောက်တဲ့ လုပ်ငန်းမှန်သမျှက ရူပဗေဒ သဘောအရ ကြည့်ရင်တောင် Zero အဆင့်ပဲ။ အဲ့တော့ မထိုးတဲ့ အဖွဲ့ကိုပါ ဖိအားမပေးနိုင်ဘူး။ မဆွဲဆောင်နိုင်ဘူး။


တအာင်းကို ပြည်နယ်အဆင့်ပေးဖို့ဆိုတာ  လွှတ်တော်က ဆုံးဖြတ်ရမဲ့ အလုပ် ဖြစ်တယ်။ ကိုးကန့်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်ထက် ပိုပြီး လားရှိုးအထိ သိမ်းထားတဲ့ အခြေအနေနဲ့  AA က သာပေါင်းနဲ့ မကျီဇင်အထိ ဆင်းလာတော့မဲ့ အခြေအနေကို ဖက်ဒရယ်နဲ့ စစ်အာဏာရှင် ကျဆုံးရေး အတွက် လို့ ခေါင်းစဉ်တပ်နေတဲ့အပေါ် ဘယ်လိုမှ လက်သင့် ခံပေးစရာ အကြောင်း မမြင်မိဘူး။ အာလုံးဟာ ကျဆုံးနိုင်ငံ ဖြစ်လာဖို့နဲ့ တပ်မတော်ချိနဲ့ရင် ဖက်ဒရယ်အာမီ ဖွဲ့မယ်ဆိုတဲ့ အယူအဆကိုပဲ တိုင်ရိုက်ဦးတည်တယ်။ ခုတောင် TNLA အုပ်ချုပ်ဒေသဖြစ်တဲ့ မိုးကုတ်က ဓားပြ အတိုက်ခံရသေးတယ်မဟုတ်ဘူးလား။ တရားဥပဒေနဲ့ တည်ငြိမ်ရေးက အတော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ သဘောတရား ကို လက်ခံရင် တနိုင်ငံလုံးရဲ့ ၁၀ ရာခိုင်နှုန်း မကျော်တဲ့ လူမျိုးစုတွေက ၆၀ ရာခိုင်နှုန်းရှိတဲ့ ဗမာ ကို ပြည်နယ်ဖွဲ့ခိုင်းပြီး မင်း တကျပ် ၊ ငါတကျပ် သောက်ချိုး မျိုး လုပ်လို့မရဘူး။ မြန်မာနိုင်ငံရဲ့ ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘားမားအက် ဥပဒေကို အခြေပြုထားတာ ဖြစ်သလို ပင်လုံစာချုပ်ဟာ ပြည်နယ်အဆင့် ပုံစံနဲ့ စာချုပ်ချုပ်ထားခဲ့တာ မဟုတ်ဘူး။ ပြည်နယ်အဆင့် မရှိသေးလို့ကို  ချင်းလူမျိုး၊ ကချင်လူမျိုးဆိုပြီး သုံးခဲ့တဲ့ သမိုင်းကို သေချာပြန်ဖတ်။ လက်ရှိဖားကန့် ဒေသ မဆိုထားနဲ့ မြစ်ကြီးနား ခရိုင်နဲ့ ဗန်းမော်ခရိုင်ကတောင် ကချင်တွေ ပြည်နယ်အဆင့်ရလာဖို့ ဗခ သဘောကောင်းပြီး ကော်မရှင်ဖွဲ့ ပေးခဲ့တဲအရာတွေ။


အရမ်းကို ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စံနှုန်းတွေ လိုက်နာလို့ ငြိမ်းချမ်းရေး အဆင်ပြေပြီး ပြည်တွင်းစစ်ရပ်မယ်ဆိုရင်တောင် တရုတ်ကို ပိတ်ချင်တဲ့ အမေရိကန်ရဲ့ မူဝါဒကြားမှာ ဂွမ်မော်နဲ့ KNU တို့လို နှစ်သီးစား မအလ များအတွက်က NCA စာချုပ် မထိုးခဲ့သေးသလို အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဘေးတိုက်သွား ဂဏန်းတွေ  ဖြစ်နေဦးမှာပဲ။ ဆိုလိုချင်တာက လူ ၅ ယောက်ရှိရင် ၂ ဖွဲ့ကွဲတဲ့ လက်နက်ကိုင်တွေနဲ့ တပြည်လုံး ငြိမ်းချမ်းရေးရအောင် ဘယ် ကော်မရှင်နဲ့ ဘယ်ကော်မတီတွေက ညှိနှိုင်းနိုင်မှာလဲ။


အကောင်းဆုံးကတော့....ဒီမိုကရေစီလည်း ပေးပါ။ တကယ်လည်း ဗျင်းတဲ့ ခေါင်းဆောင်မျိုးနဲ့မှ မြန်မာပြည်က ထိုက်သင့်သလောက်‌တိုးတက်တော့မှာပါ။



(နရီမိုး)

Myanmar Update News 🇲🇲

15 Jan, 11:34


အင်္ဂပူမြို့နယ်အတွင်းသို့ PDF အ ကြမ်းဖက်များ ရောက်ရှိနေဟု သတင်းရ


၂၀၂၅ ၊ ဇန်နဝါရီ ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ နန်ကသူဆည်အနီးတစ်ဝိုက်တွင် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား ၃၀ ဦးခန့်ရောက်ရှိနေပြီး နန်ကသူဆည်အား စက်လှေများဖြင့် ဖြတ်သန်းသွားလာမှုများရှိနေသည်ဟု သတင်းရရှိသည်။

Myanmar Update News 🇲🇲

15 Jan, 10:24


ဟွန်ဒီလုပ်ကိုင်ကြောင်း ကျော်စောသူများ၏ ဘဏ်စာရင်း လွှဲပြောင်းခြင်းများကို ဗဟိုဘဏ် စိစစ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်စောသူတွေရဲ့ ဘဏ်စာရင်းတွေနဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းတွေကို စိစစ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကျော်စောသတင်း ပေါ်ပေါက်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့နဲ့ ဈေးကစားမှုတွေ မဖြစ်စေဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform ကတစ်ဆင့် ရောင်းချပေးလျက်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံခြားမှာ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်တွေနဲ့ ထွက်ခွာမယ့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချခြင်းပေးနေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ ဥပဒေအရ ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်စေဖို့ နိုင်ငံခြားငွေလဲကောင်တာတွေကို စစ်ဆေးနေသလို လိုင်စင်မရှိဘဲ အရောင်းအဝယ်ပြုလုပ်နေသူတွေကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိပါတယ်။

လက်ရှိမှာ သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်တဲ့ လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့ ၉ ဦးကို အရေးယူထားပြီး ၆ ဦးကို တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲဆို တင်ပို့ထားပြီး ဆက်လက်အရေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် လူမှုကွန်ယက်တွေကတစ်ဆင့် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်နေတဲ့ Facebook Group ၁၂ ခု၊ Facebook Page ၅ ခု၊ လူပုဂ္ဂိုလ်နဲ့ Facebook Account ပိုင်ရှင် ၁၀ ဦးကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ဗဟိုဘဏ်ကနေ ထုတ်ပေးထားတဲ့ လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

Myanmar Update News 🇲🇲

15 Jan, 10:14


မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၅

မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၁(A)လမ်း၊ ၆၁ x ၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရရှာဖွေစစ်ဆေးခဲ့ရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီးတို့ ၄ ဦးကို TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်ရှိ စောဖြိုးအောင်၏ နေအိမ်မှ တစ်ပုလင်းလျှင် ၁၀၀ မီလီလီတာစီပါ PHENSEDYL ၃၀ ပုလင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။

ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင်သူ(ခ)စိန်သောင်းမှ တာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့် ဇော်မျိုးသိန်းတို့အား သယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နေ ကီရန်းမှ ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်းနှင့် ကလေးမြို့မှ မန္တလေးမြို့သို့ PHENSEDYL များ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့် သန့်ဇင်ထွန်းတို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် SUZUKI Ciaz မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ PHENSEDYL များ ရောင်းချပေးခဲ့သူ လှိုင်မျိုးထွန်း(ခ)သီလွန်းအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့၍ ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Myanmar Update News 🇲🇲

15 Jan, 10:08


သတင်းမှန်ပါစေဆုတောင်းရမှာပဲ

Myanmar Update News 🇲🇲

15 Jan, 09:47


ရုရှားစွမ်းအင်ကုမ္ပဏီနှင့် ပူးပေါင်းကာ ပုပ္ပါးဒေသတွင် (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ် စီမံကိန်း ဖော်ဆောင်မည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြိုနယ်၊ ပုပ္ပါးဒေသတွင် ရုရှားစွမ်းအင်ကုမ္ပဏီနှင့် ပူးပေါင်းကာ ပုပ္ပါး (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း ဖော်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ် ။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိင်ငံမှ Zeya & Associates နှင့် ရုရှားဘက်မှ Rosatom Renewable Energy တို ပူးပေါင်းကာ အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ် ။

ဇန်နဝါရီလ (၁၄)ရက်မွန်းလွဲပိုင်းက ပုပ္ပါး (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Zeya & Associates နှင့် Rosatom Renewable Energy ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ် ။
#News

Myanmar Update News 🇲🇲

15 Jan, 09:43


ထန်းတပင်(ရန်ကုန်)၊ဇန်နဝါရီ(၁၅)ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် မြို့ကျက်သရေ ဆောင်တဝရွှေဂူကြီးစေတီတော်မြတ်ကြီး၏ (၁၀၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ သုံးရက် တိုင်တိုင် အမှတ်(၁)ရပ်ကွက်ရှိ တဝရွှေဂူကြီး ဘုရားတွင်စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Myanmar Update News 🇲🇲

15 Jan, 09:43


❝ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက်ခံစားနိုင်အောင် တည်ဆောက်သွားကြဖို့ အထူးလိုအပ်နေချိန်ဖြစ်တယ်❞လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာကျရောက်တဲ့ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အလားတူပဲ ❝မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့တာဟာ နှစ်ပေါင်း (၇၆) နှစ်ကျော်လွန်ခဲ့ပြီဖြစ်လို့ အဲဒီ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပွားနေရတယ်ဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ဖို့လိုတယ်❞လို့လည်း ဆိုပါတယ်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီးရဲ့ သဝဏ်လွှာအပြည့်အစုံကို ဒီနေရာမှာ👇

https://telegra.ph/Myanmar-Hard-Talk-01-15-11 ဖတ်ရှုနိုင်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Update News 🇲🇲

15 Jan, 09:43


မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၈၀ ကျော်ကို ရခိုင်စစ်သွေးကြွ အကြမ်းဖက် AA မိစ္ဆာအဖွဲ့မှ  အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေသလို အချို့ကိုလည်း သတ်ဖြတ်ပစ်လိုက်ကြောင်း ဒေသခံများမှ ပြောဆိုလာ။

မှိုင်းဝေ

Myanmar Update News 🇲🇲

15 Jan, 09:40


မြင်းခြံ မသီတာယုမွန် ပြည့်သူစစ်အဖွဲ့မှ
တပ်ဖွဲ့ဝင် ၄ ဦးရဲ့ စျာပနအခမ်းအနား

အရပ်သားဘဝ နဲ့ နေပြီး
စစ်သားအဖြစ်နဲ့ အသက်စွန့်သွားတဲ့ ညီကိုတွေ

လေးစားစွာ အလေးပြုပါတယ်ဗျာ
ကောင်းရာဘုံဘဝရောက်ပါစေ ညီကိုတို့ရေ။

Myanmar Update News 🇲🇲

15 Jan, 08:19


မန္တလေးမြို့ နန်းရှေ့ ၁၉ လမ်းရှိ ရေနီမြောင်းထဲတွင် ရေနစ်သေဆုံးသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
.........................................

နေပြည်တော်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ၁၉ လမ်း ရေနီမြောင်းထဲတွင် အမျိုးသားတစ်ဦး ရေနစ်၍ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/7hFPg

Myanmar Update News 🇲🇲

15 Jan, 08:19


ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ပြောင်းရွှေ့ခန့်အပ်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ပြောင်းရွှေ့ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။

မြန်မာနိုင်ငံ ပြန်တမ်းအရ ဗဟိုဘဏ်(ဥက္ကဋ္ဌ)ရုံး၊ ဘဏ်လုပ်ငန်းစည်းမျဉ်းနှင့် ကြီးကြပ်စစ်ဆေးရေးဌာနကြီး ညွှန်ကြားရေးမှူးချုပ်များကို ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းဦးစီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများကိုလည်း ပြောင်းရွှေ့ခန့်ထားခဲ့ကြောင်း သိရသည်။

Myanmar Update News 🇲🇲

15 Jan, 08:10


ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ကာလပေါက်ဈေးအပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးများကိုပါ ထပ်ဆောင်းချီးမြှင့်ပေး၍ မူလတန်ဖိုးထက် သုံးဆမျှသော ဆုကြေးငွေများကို ရရှိနိုင်မည်

MT News
၁၅. ၁. ၂၀၂၅

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ကာလပေါက်ဈေးအပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးများကိုပါ ထပ်ဆောင်းချီးမြှင့်ပေး၍ မူလတန်ဖိုးထက် သုံးဆမျှသော ဆုကြေးငွေများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ရှေးယခင်ဘိုးဘွားဘီဘင်များလက်ထက်က ပြုလုပ်သုံးစွဲခဲ့ကြသည့် ဝတ္ထုပစ္စည်းများသည် နောင်အနာဂတ်မျိုးဆက်သစ်များအတွက် ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းရမည့် ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သလို ၎င်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်းပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88188

#ရှေးဟောင်းပစ္စည်း #ခေတ်လက်ရာ #ဆုကြေးငွေချီးမြှင့်မည် #သမိုင်း #အနုလက်ရာမြောက် #ယဉ်ကျေးမှူတန်ဖိုး #အဆင့်အတန်း #MT #mtnews

Myanmar Update News 🇲🇲

04 Jan, 15:12


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၄. ၁. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ၅၈၆၄ ဦးတွင် ၅၀၅ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၆၀၀ နီးပါးနှင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းပါရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားတဲ့သတင်း

◾️ ငါန်းဇွန်မြိုနယ်အတွင်း ခိုအောင်းနေသည့် PDF များကို ရှင်းလင်းချိန် တိုက်ပွဲဖြစ်ပွားရာမှာ ဖောက်ခွဲရေးပစ္စည်းများအပြင် PDF ၃ ဦးကိုပါ အသေဖမ်းမိတဲ့သတင်း

◾️ မော်လမြိုင်မြို့က မုန့်တီဖတ်လုပ်ငန်းအိမ် မီးလောင်မှု လေဖြတ်နေသူ အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း

◾️ ဆိုင်ကယ်တစ်စီးနဲ့ရောက်လာတဲ့ PDF နှစ်ဦးက ပစ်သတ်လို့ အမရပူရ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးတဲ့သတင်း

◾️ လွတ်ငြိမ်းနဲ့ ပြန်လွတ်သူတွေထဲမှာ သင်ဇာဝင့်ကျော်က အမှန်တကယ် ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် နန်းမွေစံ ပြန်မလွတ်သေးတဲ့သတင်း

◾️ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးမည်ဟုဆိုသော AA က ရခိုင်လူငယ်များအား စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးနေတဲ့သတင်း

◾️ တော်လှန်ရေးမှာ ကိုယ်ကျိုးစီးပွားရှာနေသူတွေကို ကိုင်တွယ်ဖို့ အချိန်ကျပြီလို မန်းဝင်းခိုင်သန်း ကြုံးဝါးတဲ့သတင်း

◾️ NCA လက်မှတ်ထိုးထားသော EAO အချို့သည်ပင် ကတိကဝတ်များ ချိုးဖောက်ခဲ့ပြီး အကြမ်းဖက်မှုများ နောက်ကွယ်တွင် အမျိုးမျိုးသောပံ့ပိုးမှုများ ပါဝင်နေသည်ကို သတိချပ်သင့်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်းနဲ့

◾️ SAC ဥက္ကဋ္ဌ ကျန်းမာ၊ ပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ရုရှားသမ္မတက ဆုမွန်ကောင်းတောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

Myanmar Update News 🇲🇲

04 Jan, 13:58


ကားတားပြီးလူကိုဖမ်းခေါ်သွား
====================

ဒီနေ့ (ဇန်နဝါရီ -၄)
ညနေ ၅:၃၀ နာရီခန့်က
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊
ကန်ကောက်ရပ်ကွက်၊ မြို့ပတ် လမ်း၊၃၃×၃၄ လမ်းထောင့်ရှိ The wood စားသောက်ဆိုင်အနီး၌
ပုသိမ် ကြီးမြို့နယ်၊နန်းဦးလွင်ကျေးရွာ၊၁၉လမ်းရှိ စတားပါဝါ စက်သုံးဆီ
အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦး
ဆိုသူအားအမည်မသိ အမျိုးသား ၅ဦးမှ
ဦးထွန်းလင်းနိုင်ဦး မောင်းနင်သည့် မော်တော်ယာဉ်အား တားဆီးကာ
ကားပေါ်မှဆွဲခေါ်၍ ၎င်းတို့စီးနင်းလာသည့် အနက်ရောင်ကားပေါ်သို့ တင်ဆောင်ကာ မြို့ပတ် လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်သွားခဲ့ကြောင်း

အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသူများအား  သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရ။

Myanmar Update News 🇲🇲

04 Jan, 13:40


ငလူးကွာ ဖီးလာရင်လွတ်ပေးမှာပေါ့ကွာ။

တယောက်လာလဲ အပြစ်ကအတူတူပဲ သူ့ကျတော့လွတ်တယ် ဟိုတယောက်တော့မပါဘူး ဂယက်ထနေကြသေးတယ်။

နန်းလေးနဲ့ဇာဇာ တူလားပြော တူလား။

Myanmar Update News 🇲🇲

04 Jan, 11:51


မိုးကုတ်တွင် ဗမာလူမျိုးများကို  သတ်ဖြတ်မှုများရှိနေ

မန္တလေးကိုရောက်လာတဲ့ ဆေးစွဲလူငယ်တစ်ဦးပြောပြချက်အရ မိုးကုတ်ထောင်မှာဖမ်းဆီးထားတဲ့ မူးယစ်ဆေးစွဲသူ လူ(၂၀၀)ကျော်ကို TNLA"အဖွဲ့ကရိုက်နှက်တာကြောင့်ဆုံးပါးခဲ့ကြောင်းသိရပါတယ်။

     အဲ့ဒီဆေးစွဲလူငယ်လည်း TNLA"ကိုငွေကြေးအမြောက်အများပေးပီးမှထောင်ကလွတ်လာကြောင်းပြောပြပီး မိုးကုတ်မှာမနေရဲတော့‌တာကြောင့်မန္တလေးသို့လာရောက်ခဲ့ရခြင်းဖြစ်ကြောင်းပြောပြပါတယ်။

     နောက်ထပ်ဆိုးဆိုးဝါးဝါးကြားသိရတဲ့သတင်းတစ်ခုကတော့ မိုးကုတ်မြို့က'ကာရာအိုကေဆိုင်'မှာအလုပ် လုပ်နေကြရတဲ့ မိုးကုတ်သူမိန်းခလေးငယ်တွေအကြောင်းပါ။

      TNLA"ပလောင်သူပုန်တွေဟာ မြို့ထဲမှာရှိတဲ့ကာရာအိုကေဆိုင်'တွေကိုသောက်စားမူးယစ်ပီးရောက်လာချိန်တိုင်း သူတို့နှစ်သက်တဲ့ အလုပ်သမားအမျိုးသမီးငယ်တွေကို တစ်ည(၂)သိန်းပေးပီးခေါ်ယူပျော်ပါးကြပါတယ်။

      ဒီလိုခေါ်ယူသွားရာမှာ ကာရာအိုကေဆိုင်မှာအလုပ်လုပ်တဲ့ မိန်းခလေးငယ်(၃)ဦးကိုခေါ်ဆောင်သွားရာက (၂)ဦးမှာ အသက်မဲ့လျက်နဲ့ပြန်ရောက်လာပီးအခြား(၁)ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့်ဆေးဝါးကုသနေရကြောင်းသိရပါတယ်။

     မိုးကုတ်မြို့ခံတွေပြောပြချက်အရ ရိုက်နှက်ခံရပီးအသက်ဆုံးပါးခဲ့ရတဲ့ မူးယစ်ဆေးစွဲသူ အယောက်(၂၀၀)ကျော်နဲ့ "~

    ကာရာအိုကေဆိုင်ကနေခေါ်ယူသွားပီးနှိပ်စက်ကွပ်မျက်ခံရတဲ့မိန်းခလေးငယ်တွေဟာ ဗမာလူမျိုးများသာဖြစ်ကြောင်းသိရပါတယ်။

ဦးတွန် မင်းခေါင်နော်ရထာ

Myanmar Update News 🇲🇲

04 Jan, 09:01


လက် ၃ ချောင်းပဲ ထောင်ထောင်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ အချိန်တန် လွတ်တယ်ဆိုတဲ့ Mindset ပဲ ရတယ်။အသက်လည်း မသေဘူး။ ခြေပြတ်လက်ပြတ်လည်း မဖြစ်ဘူး။ မိသားစုလည်း မပြိုကွဲဘူး။ 


ပြီးတော့  ရထားရဲတွေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့သူတွေလည်း သေစားသေစေ ဆိုတာမျိုး ဥပဒေက ခွင့်မပြုပြန်ဘူး။ ဒါပေမဲ့ သူတို့ သတ်လို့ သေသွားကြတဲ့ ရဲမိသားစုတွေတော့ အဖေပျောက်တဲ့ ဘဝနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းကြရတော့မယ်။

လွတ်တဲ့သူတွေအတွက် ဝမ်းသာပါတယ်။ လားရှိုး စစ်ဆေးရုံမှာ လွတ်အောင်မပြေးနိုင်ခဲ့ကြတဲ့ တပ်မိသားစုတွေ၊ ကမ်းထိုးယာဉ်ပေါ်က မလွတ်ခဲ့ကြတဲ့ မိသားစုတွေ အတွက်တော့ ကံပဲပေါ့။


(နရီမိုး)

Myanmar Update News 🇲🇲

04 Jan, 08:59


ပုံက စာမဖတ်မှာစိုးလို့ထည့်ထားတာနော် ပုံပဲကြည့်မနေနဲ့ဗျ

Myanmar Update News 🇲🇲

04 Jan, 08:59


ခြောက်ပြည်ထောင် သူပုန်အပေါင်းတို့ ရန်မဖြစ်ကြပါနှင့်လော ဒီနေ့မှလွတ်လာတာမို့ပါ....

ပဉ္စပါပီ ...
ရုပ်ဆိုးသလောက် ခန္ဓာကိုယ်နဲ့
ထိတွေ့မိသူတိုင်း စွဲလန်းခဲ့ရသူကြီး

ပစ္စရေကဗုဒ်ဓါမထေရ်ကို ရွှံ့လှူခဲ့တဲ့ အကျိုးက
အထိတွေ့ကို နူးညံ့မှုရခဲ့တာ
ဒါပေမယ့် ..
မထေရ်မြတ်ကို ဘာ ဖု တယ် မသိဘူး ...
ဒေါနဲ့မောနဲ့ ကြည့်မိခဲ့တယ် ဆိုပဲ ..
အဲဒီ အပြစ်က ရုပ်ဆိုးသွားခဲ့ရတယ်
သူ့ကိုမြင်မိတဲ့သူတိုင်း ဒဲ့ ရွံရတဲ့ ထိပဲ
အေး ...
အထိတွေ့လေးနဲ့ ပြန်ထိန်းထားလို့သာ
ပဉ္စပါပီရယ်လို့ ဟော့ ဖြစ်လာတာ ...

ဗာရာဏသီမင်းကြီးတောင်မှ
ပဉ္စပါပီရဲ့ အထိတွေ့မှာ မျောပါခဲ့ရတာ
မအိပ်နိုင် မစားနိုင် နဲ့ ယင်း ထပြီး
ပါပီလေးရဲ့ မိဘတွေဆီမှာတောင်းရမ်းပြီး
မိဖုရားတင်မြှောက် ပစ်လိုက်တာ ...

ဆိုတော့ ... မင်းကြီးက ပဉ္စပါပီ ကို
ထိတဲ့အချိန် မျက်လုံးမှိတ်ထားလား
အဝတ်စည်းထား လား .. ဒါ တွေးမှရမယ်
ပါပီ ကို မြင်မိသူတိုင်း ရွံကြတယ်ဆိုတော့
ဘယ်လို တက်ကနစ်တွေ သုံးကြမလဲ ...
မင်းကြီးမျက်နှာ ကို
အဝတ်တွေဘာတွေစည်းရင် သေချာပြီ
" BDSM အစ ဗာရာဏသီ က ပဲ "

တစ်ရက်သား ...
ပဉ္စပါပီ အိမ်မက် မက်တယ်
သူက မင်းနှစ်ပါးရဲ့ မိဘုရားဖြစ်တယ် တဲ့
အ့ မင်းကြီးကို ပြောပြတော့
လာစမ်း ပုရောဟိတ်တွေ ... အိမ်မက်ကို
အတိတ်ကောက်စမ်းပေါ့ ...
ဘုရင့်မယားမို့သာ သီးခံနေရတာ
မျက်နှာမြင် ဒဲ့ရွံ နေကြရတာဆိုတော့
ဒါ အခါကောင်းပဲ .. ကိုင်း ဝိုင်းလှော်ကြစို့

" မှန်ပါ မင်းကြီးအသက်အန္တရာယ်
စိုးရိမ်ရကြောင်းပါ ဘုရား "

ကိုင်း မှတ်ပလား ...

" ဒီလိုလည်း မဖြစ်တန်ရာဘူး ...
အသက်ရှင်ရင် မိဘုရား က ရှာလို့ရတယ်
ကဲ .. ဖောင်ဖွဲ့ ပြီးသာ မျှောလိုက်ပေရော့ "
အဟင်း ...
ဗာရာဏသီ ဂွေး ... သေမှ သေးတယ် ဟေ့
လစ် ... ပေ တော့

ဒီလိုနဲ့ ... ပဉ္စပါပီမယ် ဖောင်ကြီးစီးပြီး
လွင့်လာလိုက်တာ .. ဗာဝတီ မင်းကြီးနဲ့
ဆုံပါလေရော .. လာပြန်ပြီ ဂတက်တစ်ဗွေ
ဖောင် ကနေ ကမ်းပေါ်တက်တော့
ဗာဝတီမင်းကြီး က
လက်လှမ်းပေးတယ် ထင်ပါတယ် ..
အ့မှာ ဗာဝတီမင်းကြီး ကျွံတော့တာပဲ
တခါတည်း မိဖုရားတန်းကောက်တာ
မူးမတ်တွေကတားကြပါသေးတယ် ..
ဗာရာဏသီ ပန်တော်ကျကြီးကို မယူပါနဲ့
အသစ်ရှာပါ ဘုရားပေါ့ ...
မှုန်ယိုနေတော့ မရပါဘူး ... ပြန်ပက်တယ်

" မှတ်ထား ... သားရီးတို့
ပန်းကန်ဆိုတာ ဘယ်သူစားစား
ရေဆေးလိုက်ရင် ပြောင်သွားတာပဲ " တဲ့
အေးတာပဲ ...
ဗာဝတီသွေး ... ရေဆေးပစ်မယ် ဟေ့

ဒီသတင်းကို ဗာရာဏသီမင်းကြီးဆီ
ပြန်ပေါက်တော့
လွှတ်တဲ့ငါး ကြီးပြပါတော့တယ် ...

" ဟေ့ ... ငါ့မယားပြန်ပေးမလား
စစ်မက်ခင်းမလား တစ်ခုရွေး ဗာဝတီ "

" လက်ရှိ officially ဖြစ်တာ ငါဟ..
မယားတော့ မရဘူး ဓါးပဲ ရမယ် "

အပြန်အလှန် စာပို့ပြီး
သွေးကောင်းနေလိုက်ကြတာဆိုတာ ...
နောက်တော့ ချိန်းပြီး F2F ဒဲ့ရှင်းကြတော့
နှစ်ဖက်တိုင်းပြည်က မူးမတ်တွေက

" စမူတစ်ခုရယ်ကြောင့်
ပူမှုရယ်တဲ့ ဆယ်ကုဋေ
နှစ်ပြည်ထောင် ဘူဆောင်စေတော့မယ် ဟဲ့
မဖြစ်ချေဘူး " ... ဆိုပြီး

" မှန်ပါ ... ပြည်သူတွေကို ငဲ့ညှာတတ်သော
မင်းကြီးများဖြစ်လို့ နှစ်ပြည်ထောင်အပေါ်
ငဲ့ညှာသနားသောအားဖြင့်
ပဉ္စပါပီအား ခုနှစ်ရက်စီ အလှည့်ကျ
မိဘုရားပြုကြပါ ဘုရား "

ဇွဘုတ် ... ပဲ
ဘာကိစ္စက ငါက နှစ်လင်ယူပြီး
အလှည့်ကျ ဖောင်းဒိုင်းခံရမှာတုန်း
သောက်ကျိုးနည်း ဆပ်ဂျက်ရှင်း

" ဒမှာ ဗာရာဏသီမင်းကြီး ...
အစိမ်းခွဲခံရတဲ့ နှလုံးသားဟာ
အလွယ်တကူ ကျက်ဖို့ လွယ်တတ်သလား
ရုပ်ဆိုးပေမယ့် တုတ်ထိုးမဝ နိုင်ပါဘူး လို့
ဘယ်သူပြောခဲ့တာလဲ ... မင်းကြီး
ဖောင်နဲ့ မျှောပြီး ရက်စက်တတ်တဲ့
ရှင့်နှလုံးသားက ခုမှချစ်တတ်လာတာလား
ဖြေစမ်းပါ ..ဒီတစ်ခုတော့ ဖြေပေးစမ်းပါ "

" အို ... နှမငယ် ... ပူစီ ... အဲ ပါပီ "

ကြယ်တွေကို ဖြုတ်ချမိတဲ့ကောင်းကင်ဟာ
လမင်းတစ်စင်း ကို အမြန်တင်ရတယ် တဲ့
ကိုယ်က မင်းကို ကြယ်လေးမှတ်နေတာ
တကယ်က ကိုယ့်ရင်ခွင်ကို
ထွန်းလင်းစေမယ့် လမင်းကြီးပါပဲ "

ကြွေတော့ ပါပီ ... ကြွေလိုက်ပါတော့

" မင်းသာ ပြန်လိုက်သွားရင်
ကိုယ့်ခေါင်းအုံးလေး က ကိုယ့်ကို
ကျိမ်ဆဲနေတော့မှာပေါ့ ပဉ္စပါပီ "

" ဘာကြောင့်များလဲ မောင်ကြီးဗာဝတီ "

" မင်းအကြောင်းတွေ အမြဲတွေးနေတဲ့
ကိုယ့်ခေါင်းဟာ
တဖြည်းဖြည်း လေးလာတော့မှာမလို့ တဲ့ "

သေစမ်း ပါပီ ... မျောနေလိုက်တော့ အ့မှာ

နှစ်ယောက်ကြားမှာ ဗျာများရတဲ့ ပါပီ ..
နောက်ဆုံး ... တော်ကီချုပ်တွေရဲ့ ဖော မှာ
ဒုတိယအကြိမ် ထပ်မျောခဲ့ရတဲ့ ပဉ္စပါပီ
ဘုရင်နှစ်ယောက်ဆီမှာ တစ်ပတ်ဆီ
မိဖုဘုရား အလှည့်ကျပြုပြီး နေရသတဲ့ ...
စစ်ဖြစ်မယ့်ဘေးဟာလည်း
ဒီလိုနဲ့ပဲ ငြိမ်းအေးသွားခဲ့ကြတယ်
အင်း ...
ရွှံ့လှူခြင်း အကျိုးတွေ ... ကြည့်စမ်း

အေး .. ကြို ပြောထားမယ်နော်
လင်ရမယ့် နည်း တွေ့ပဟ ဆိုပြီး
ဘုန်းဘုန်းတွေ တွေ့ရင် ရွှံ့လှူဖို့ မစဉ်းစားနဲ့
သပိတ်နဲ့ ထရိုက်လိမ့်မယ် ...
ပဉ္စပါပီပဲ ရမယ် .. နင်တို့ မရဘူး
သွား မယွကြနက် ..😬

Credit. ; Org writer

Myanmar Update News 🇲🇲

04 Jan, 08:02


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ထွေအုပ်ရုံးနဲ့ ရဲစခန်းကို လက်နက်ကြီးနဲ့တိုက်ခိုက်တာ အဆောက်အဦ တစ်ချို့ပျက်စီးသွားတယ်လို့ RFA မှ စိတ်ကူးပုံဖော်ရေးသား ❌❌❌
-
မြေပြင်တွင် 👉👉👉 ဆားလင်းကြီးမြို့ပေါ် ထွေအုပ်ရုံးနဲ့ ရဲစခန်းမှာ ဘာလက်နက်ကြီးမှ ကျရောက်ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရ 💯💯💯✅✅✅
-
RFA မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ဇာတ်လမ်းဆင်ကာ အများအထင်လွဲမှားအောင်ရေးသားထားခြင်းဖြစ်ပါတယ်

#Fakenews
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ

Myanmar Update News 🇲🇲

04 Jan, 07:21


ရတနာနတ်မယ် သူလျှိုလား ?
=========================

      မြန်မာ့နိုင်ငံရေးမှာ  ၂၆ နှစ် လွှမ်းမိုးသွားတဲ့ ဦးနေဝင်းရဲ့ လူသိနည်းလှတဲ့ နေဝင်ချိန် သမိုင်းကို ရေးဖို့အတွက် အချက်အလက်စုဆောင်း နေခိုက် စိတ်ဝင်စားဖွယ် ရတနာနတ်မယ် အကြောင်း လေ့လာမိခဲ့ရပြန်ပါတယ် ။

     CIA လိုလို  ၊ နိုင်ငံခြားသူလိုလို ၊ ခရစ်ယံဘာသာခြား လိုလို ပုံပြင်တွေကို ငယ်စဉ်ကာလ ဦးနေဝင်း လျှမ်းလျှမ်းတောက် နေစဉ်ကတည်းက ကြားသိခဲ့ရတာတွေ နဲ့  ဘာကွာခြားနေလဲ့ လေ့လာကြည့်ကြပါစို့ ဗျာ ။

    ကနောင်မင်းသားကြီးရဲ့ သားတော် လင်းပင် မင်းသား နဲ့ ရေနံ့သာခင်ခင်ကြီးတို့ရဲ့  သမီးလတ် ထိပ်တင်မလတ်ဟာ ဩစတြေးလျှ နိုင်ငံသား ဘယ်လာမီ နဲ့ လက်ထက်ကြပါတယ် ။ ထိပ်တင်မလတ်က သားစဉ်မျိုးဆက် ဗုဒ္ဓဘာသာပဲ ဖြစ်ရစေ့မယ်လို့ ကတိပေးလို့  ခွင့်ပြုခဲ့ကြပါတယ် ။

     1-6-1932 မှာ ရတနာနတ်မယ်ကို မွေးဖွားခဲ့ပါတယ် ။ ဇွန်လဖွား ဖြစ်လို့ အင်္ဂလိပ်နာမည်ကို June Rose လို့ ပေးခဲ့ပြီး မြန်မာနာမည်ကိုတော့ ရတနာနတ်မယ်လို့ ပေးခဲ့ပါတယ် ။ မိခင်ရဲ့ ဗုဒ္ဓဘာသာ ကိုပဲ ကိုးကွယ်သူဖြစ်ခဲ့ပါတယ် ။

     ရတနာနတ်မယ် ကလေးဘဝမှာ အိန္ဒိယကို စစ်ဘေးရှောင်ရင်း ရောက်ခဲ့ရပါတယ် ။ ဘာသာခြား လူမျိုးခြားကပြား မို့ အနှိမ်ခံ အစခံရတဲ့ အခါ စိတ်ကြီးတဲ့ ရတနာနတ်မယ်က လက်တုံ့ပြန်လေ့ ရှိတာကြောင်း နောက်ဆုံး ကျောင်းထုတ်ခံရပါတယ် ။

   အသက် ၁၄ နှစ်အရွယ်မှာ ပြင်ဦးလွင် ကို ပြောင်းရွှေ့လာကြပြီး စိန့်မိုက်ကယ် ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ် ။

   အသက် ၁၈ နှစ်မှာ ဦးနေဝင်း နဲ့ ချစ်ကြိုက်ခဲ့ပေမယ့် ဖခင် ဘယ်လာမီက ဦးနေဝင်းရဲ့ စရိုက်ကို မနှစ်သက်တာမို့ လမ်းခွဲခဲ့ကြရပါတယ် ။

    ရတနာနတ်မယ် ၂ ၂ နှစ်အရွယ်မှာ WHO မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ မာရီယိုနဲ့ လက်ထက်ခဲ့ပါတယ် ။ သားကြီးမိုက်ကယ် နဲ့ သားငယ် မောရစ်တို့ မွေးဖွားခဲ့ပါတယ် ။ မိခင်ဖြစ်သူ လမ်းညွှန်ခဲ့သလို  သား ၂ ယောက်လုံးကို ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်အောင် ပြုနိုင်ခဲ့ပါတယ် ။

(စိတ်မကောင်းစရာ ဖြစ်ခဲ့ရတာက သားကြီးဖြစ်သူ မိုက်ကယ်ဟာ ၁၉၉၇ မှာ ဗုဒ္ဓဂါယာသို့ ဘုရားဖူးလာစဉ် ကားတိုက်ခံရပြီး ကွယ်လွန်ခဲ့ရပါတယ်)

       ခင်ပွန်းဖြစ်သူနဲ့ အဆင်မပြေလို့ ကွာရှင်းပြီး အီတလီမှာ အခြေချခဲ့ပါတယ် ။ ဖခင်နဲ့ မိခင်တို့ သေဆုံးကြတော့ ဦးနေဝင်းရဲ့ ဇနီး ဒေါ်ခင်မေသန်း ဆီသို့ အကူညီတောင်း၍ မြန်မာသံရုံးကနေ လိုအပ်သည်များကို ကူညီပေးခဲ့ကြပါတယ် ။

    အဲဒီနောက် ဒေါ်ခင်မေသန်း ကွယ်လွန်သွားပြီး ဦးနေဝင်းလည်း ဩစတြေးလျှကို ဆေးလာကုရပါတယ် ။ ဆေးလာကုတဲ့ ဦးနေဝင်း နဲ့ ရတနာနတ်မယ်တို့ ပြန်လည်ဆက်သွယ်မိခဲ့ကြပါတယ် ။

    ဦးနေဝင်း အသက် ၆၇ နှစ် နဲ့ ရတနာနတ်မယ် အသက် ၄၅ နှစ်တို့ဟာ 24-12-1976 မှာ သမ္မတ အိမ်တော်၌ လက်ထက်ခဲ့ကြပါတယ် ။ ရတနာနတ်မယ်ဟာ ဦးနေဝင်းရဲ့  ၅ ယောက်မြောက် ဇနီးလို့ ပြောပါတယ် ။

     ပေါင်းသင်းလို့ ၅ လ အကြာမှာ ပြဿနာတက်ပါတယ် ။ ဂေါက်ရှုံးလာတဲ့ ဦးနေဝင်း ရှုံးမဲ မဲ နေရင်း မဟုတ်မခံ စိတ်ထက်တဲ့ ရတနာနတ်မယ်နဲ့ စကားများကြပါတယ် ။

     ဦးနေဝင်းက ဆေးလိပ်ခွက်နဲ့ ပေါက်လို့ ရတနာနတ်မယ် နဖူးကွဲသွားပါတယ် ။ ကနောင်သွေး ရတနာနတ်မယ်ကလည်း တနိုင်ငံလုံး ကြောက်နေရတဲ့ အာဏာရှင်ဦးနေဝင်းကို ဒေါက်ဖိနပ်စီးပြီး ဟို နေရာ ကန်လိုက်ရာ ရဲဘော်သုံးကျိပ်ဝင် ဂျပန်ပြန် ဗိုလ်ချုပ်ကြီး အသံတောင် မထွက်နိုင်ပဲ လဲကျ ကျန်ခဲ့ရပါသတဲ့ 😁😁😁

    အိမ်ပေါ်က ဆင်းလာတဲ့ ရတနာနတ်မယ်ဟာ ဦးနေဝင်း ပြန်ခေါ်နိုးနိုး နဲ့ ၂ ၂ ရက်စောင့်နေပြီး လာမခေါ်လို့ အီတလီကို  ပြန်သွားပြီး လင်မယား ကွဲသွားပါသတဲ့
(လျှော်ကြေးပေးတာတွေ ဘာတွေ အသေးစိတ်ရေးမထားလို့ မသိရပါဘူး)

     ပြီးခဲ့တဲ့ ၂၆.  နှစ်လောက်တုန်းက အဘိုးဖြစ်သူ လင်းပင်မင်းသားကြီးရဲ့ အုတ်ဂူရှိရာ ငါးထပ်ကြီးဘုရားစောင်းတန်း သို့ လာရောက်ကန်တော့ပါတယ် ။ ဘုန်းကြီး အပါး ၁၂၀ ကိုလည်း ဆွမ်းကပ်သွားပါတယ် ။

     နာဂစ်ကာလမှာ မြန်မာပြည်ကိုလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါသေးတယ် ။

    ယခုအခါ အီတလီနိုင်ငံ Tascanay ပြည်နယ် ဖလော်ရင့်မြို့မှာ နေထိုင်ပြီး အိမ်မှာပဲ အချက်အပြုတ်သင်တန်း ဖွင့်ထားပါတယ် ။ ယခု ၈၈ နှစ်ရှိနေပြီ  ဖြစ်ပါတယ် ။

   ကဲ ရတနာနတ်မယ် အကြောင်း ဖတ်ရတော့ ငယ်စဉ်က ကြားခဲ့ဖူးတဲ့ သူလျှိုတို့ ဘာတို့ မဖြစ်နိုင်ဘူး ထင်ပါတယ် ။ အိမ်ထောင်ကွဲသွားရတဲ့ အကြောင်းကလည်း သာမန်ရိုးစင်းတဲ့ ဖြစ်နေကြ အကြောင်းပါပဲ ။ လျှော်ကြေးကိစ္စတော့ မရေးထားပါဘူး ။

    အတုယူစရာ ကောင်းတဲ့ အချက်ကတော့ သားစဉ်မြေးဆက် ဗုဒ္ဓဘာသာ ဖြစ်စေရမယ် ဆိုတဲ့ ကတိကို တည်အောင် ထိမ်းသွားနိုင်တဲ့ ထိပ်တင်မလတ် နဲ့ ရတနာနတ်မယ်တိုရဲ့ ဘာသာသွေး စိတ်ကိုပဲ လေးစားစွာ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ် ။

    ဒီကဟာကြီးနဲ့များ ကွာပါ့ ထွီ

။               ။ အသက် ၈၉ နှစ်မှာ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ရတနာနတ်မယ် အကြောင်း ပါးစပ်ရာဇဝင်တွေ နဲ့ တူမတူ အပျင်းပြေ ငြင်းကြစို့ ဗျာ ။ ကိုယ်ကြားဖူးထားတာ ဘယ်လောက်ခိုင်မာ တိကျသလဲ ဆိုတာတော့ ရဲရဲဝံ့ဝံ့ သုံးသပ်ဖို့ လိုမယ်ထင်ပါ့.....။

              ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

04 Jan, 04:21


လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

Myanmar Update News 🇲🇲

04 Jan, 03:32


အကျဥ်းသား၊ အကျဥ်းသူ(၅၈၆၄)ဦးကို လွတ် ငြိမ်းခွင့်ပြု

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အကျဥ်းသား၊ အကျဥ်းသူ (၅၈၆၄)ဦးကို ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

နစက မှ အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် နစက ဥက္ကဋ္ဌက ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရမှုများမှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ် ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Update News 🇲🇲

04 Jan, 02:42


ယနေ့ နံနက် ၈:၃၀ အချိန်က ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ရေလွှဲရွာအနီးရှိ စစ်သွေးကြွ KNU/PDF လှုပ်ရှာနေရာကို လုံခြုံရေးစစ်ကြောင်းက သွားရောက်ရှင်းလင်းရာ စစ်သွေးကြွ ၁၀ လောင်း နဲ့ လက်နက်များ ရရှိခဲ့သည်။

#PeopleMedia @PeopleMedia

Myanmar Update News 🇲🇲

04 Jan, 02:38


We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး We are Myanmar (ငါတို့အားလုံးသည် မြန်မာ) ဟူ သောစိတ်၊ တစ်သွေးတစ်သားတည်းစည်းလုံးညီညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချဆောင်ရွက်ကြရမည်ဟု တိုက်တွန်းပြောကြားသည်။

" မိမိတို့ နစက အနေနဲ့လည်း နစက ရဲ့ ရှေ့သို့ချီမည်ပန်းတိုင်ဆီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံ့အ ကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့အ ကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့လူမှုစီးပွားဘဝတွေကို ကြိုးစားတည်ဆောက်ပေးသွားပါမယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးတွင် ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားကာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရိုသေလေးစားလျက် နိုင်ငံရေးဦးတည်ချက်(၄) ရပ်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိ က္ခာဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်တို့ကို အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြောသည်။

" တိုင်းပြည်သာယာဝပြောရေးဟာ တည်ငြိမ်အေးချမ်းရေးနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ အရေးကိစ္စဖြစ်သလို တည်ငြိမ်အေးချမ်းရေးဟာလည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့တိုက်ရိုက်ပတ်သက်နေတာကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို တစ်ပြိုင်တည်းဆောင်ရွက်နေပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် တပ်မတော်သည် ပြည်သူလူထုမှပေါက် ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်၍ နိုင်ငံ တော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကာ တပ်မတော်နှင့်ပြည်သူ တစ် သားတည်းရပ်တည်မှုသည် နိုင်ငံတော်ကာကွယ် ရေးအတွက် အခြေခံပံ့ပိုးမှုတစ်ရပ်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Myanmar Update News 🇲🇲

04 Jan, 02:13


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို ဖမ်းဆီးရမိ

နေပြည်တော်။ ဇန်နဝါရီ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ အနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းထွန်းကျောက် မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

(Unicode)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို ဖမ်းဆီးရမိ

နေပြည်တော်။ ဇန်နဝါရီ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ အနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းထွန်းကျောက် မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

The Seizure of 60 Kg of Methamphetamine (ICE) estimated value of 480 million Kyats in Keng Tung Township, Shan State (East)

Nay Pyi Taw: 3 January 2025

According to the tip-off, at 3:30 P.M. on 30 December 2024, a combined team of Drug Enforcement Division searched a TOYOTA ALPHARD vehicle heading to Keng Tung Township from Mongping Township driven by Sai Tun Kyauk near Kengphaung village, Keng Tung Township, Shan State (East). The officer seized 60 Kg of Methamphetamine (ICE) with an estimated value of 480 million Kyats in the trapdoor of vehicle. During interrogation, it was revealed that the seized drugs were being transported from Mongping Township to Tachileik Township. The arrestees have been charged under the law, and follow-up investigations are underway to trace the drug linkages related to the case.

CCDAC, Myanmar

Myanmar Update News 🇲🇲

03 Jan, 16:08


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင် ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ၎င်းတို့သိုဝှက်သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၃

Myanmar Update News 🇲🇲

31 Dec, 14:40


နှစ်သစ်အပျော်ခရီးအဖြစ် ဝန်ထမ်းတွေကို ဘုရားဖူးလိုက်ပို့တဲ့ယာဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး လေးဦးဒဏ်ရာရကာ တစ်ဦးဒဏ်ရာ ပြင်းထန်

၃၁ .၁၂. ၂၀၂၄
Written by Hey Mar

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မို့ အလုပ်ကနေ နေ့တစ်ဝက်အနားပေးကာ ရန်ကုန်မြို့ သန်လျင်ကျောက်တန်းဘက်က ဘုရားစုံဖူးဖို့ လိုက်ပို့ပေးတဲ့ကား မတော်တဆမှုဖြစ်တာကြောင့် လူ လေးဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးဒဏ်ရာပြင်းထန်ရရှိမှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်မှာ ဒီနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သာကေတရှုခင်းသာလမ်းမကြီးပေါ် စားအုန်းဆီချက်တဲ့စက်ရုံကို ပစ္စည်းလာချတဲ့ ဆယ်ပေကန်တာယာဉ်က ကွေ့ကြောမှာ ရပ်နေစဉ် လားရာတူ ရှေ့ကားကိုကျော်တက်ဖို့ အပေါ်ကြောကိုတက်လာတဲ့ ....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86586

#ယာဥ်တိုက်မှု #နှစ်သစ်ကူး #အပျော်ခရီး #MT #mtnews

Myanmar Update News 🇲🇲

31 Dec, 14:03


တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် လူငယ်များကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်

ရန်ကုန်တိုင်းဒေကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်း ဆောင်ရန် လူငယ်များကိုဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများလုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ရေးသားထားသည့် သတင်းမှားသာဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင် ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းပြေပျော်ရွှင်စေ ရန်နှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်လျက်ရှိရာ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက မနာလိုမရှုစိတ်ဖြင့် ယခုကဲ့သို့ မိဘပြည်သူများကို စိုးရိမ်ပူပန်မှု မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေခြင်းသာ ဖြစ် ကြောင်း သိရှိရသည်။

Myanmar Update News 🇲🇲

31 Dec, 14:01


၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရယူပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

ဒီဇင်ဘာ ၃၁

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလားရယူပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဝန်ကြီးဌာန အားကစားအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများ တက်ရောက်ကြသည်။

Myanmar Update News 🇲🇲

31 Dec, 14:00


မန္တလေး ၊အမရပူရ စစ်ကိုင်းတံတား နှာ ပေါက် အကြမ်းဖက်များဆီတို့ သယ်ဆောင် နေ သော
ဒီဇယ်ဆီ၊ဆေးဝါပစ္စည်းအား ဗက ဟိန်းဇာနီကျော်နှင့် ပူပေါင်းအဖွဲ့မှ
ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ဖမ်းမိတဲ့အထဲမှာ ဘုန်းကြီးကားများလည်း ပါရှိပါသည်။

Myanmar Update News 🇲🇲

31 Dec, 11:49


ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊မောက်မယ်မြို့နယ်၊ဗန်းမက်ရွာရှိ PNLO/PNLA ဌာနချုပ်ကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းမှု ပြုလုပ်ခဲ့သည်။


တပ်မတော်ရဲ့ ဗုံးကြဲရှင်းလင်းမှုကြောင့် စစ်သွေးကြွများ သေဆုံး/ထိခိုက်ဒဏ်ရာ ရရှိမှုများ များပြားကြောင်း ဒေသခံများက အတည်ပြုသည်။

ဆက်လက်ဖော်ပြမည်။

@PeopleMedia

Myanmar Update News 🇲🇲

31 Dec, 11:01


ရေစကြိုမြို့တောင်ဘက်ကရွာတွေမှာ
ရွာသားတွေကို အကြမ်းဖက် pdfတွေကဖမ်းဆီးမှုတွေရှိနေကြောင်း သိရပါတယ်။

ရွာသစ်ရွာက အမျိုးသမီး(3)ယောက်ဖမ်းဆီးခံရပြီး  တစ်ယောက်ပြန်လွတ်လာတယ်လို့သိရ။ ကျန်(2)ယောက်ကမလွတ်မြောက်သေးဘူးလို့သိရပါတယ်။ထန်းဆယ်ပင်နှင့်ထန်းကျောင်းရွာက ယောက်ျားလေး(3)ယောက်နှင့် မိန်းကလေးတစ်ယောက်ဖမ်းဆီးထားပြီး   ယောက်ျားလေး(2)ယောက်ကိုပြန်လွတ်ပေမယ့် ရွာမှာအနေမခံပဲ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။မိန်းကလေး (2)ယောက်ကိုတော့ ပြန်မလွတ်ပေးဘူးလို့သိရပါတယ်။

ရေစကြိုနယ်ကို စစ်ကြောင်းထိုးရှင်းလင်းပေးရန် ဒေသခံတွေက တောင်းဆိုနေပါတယ်။


ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့
https://t.me/kyunhlanews

Myanmar Update News 🇲🇲

31 Dec, 09:27


ကိုယ်တွေက တောင်ခမ်းဆို တောင်ခမ်းလိုက်တာပဲ။ အမ်း ဆို အမ်းလိုက်တာပဲ။  ဂွ ဆို ဂွလိုက်တာပဲ။ ခုလည်း ဗန်းမော်ဆို ဗန်းမော်လိုက်တာက အဓိကပြဿနာပဲ။ ခဲပစ်ရာ နောက်ကိုပဲ လိုက်နေတာ အဓိက ပြဿနာ ဖြစ်နေတယ်လို့ပဲ မြင်မိတယ်။


ဖြစ်နေတဲ့နေရာလည်း စစ်ကူဖြည့်၊ လေကြောင်းပစ်ကူ ယူပြီးတိုက်။ ရန်သူ့နောက်ချန်ကိုလည်း ဖိအားပေး ဗုံးကြဲရင် အဲ့လို မြို့သိမ်းဖို့ ရန်သူ့အတွက်  မလွယ်ဘူး။ လက်ရှိ ပေးလိုက်ရတဲ့ မြို့တွေကလည်း ခံစစ်မပြင်ဘဲ ရော့အင့်ဆိုပြီး ပေးလိုက်ရတာ တမြို့မှ မရှိခဲ့ဘူး။ ရက်အတော်ကြာအောင် ၊ လအတန်ကြာသည့်တိုင် အသက်ပေးပြီး ကာကွယ်နေခဲ့ကြတာပဲ။


ရန်သူ့နောက်ချန်မှ ဖိအားမပေးရင်....လက်ရှိ တင်းမာမှု ဖြစ်နေတဲ့ နေရာတွေဟာ ဆုတ်လွယ်၊ ပြောင်းလွယ်မှ မရှိရင် ဘယ်လောက်ကြာကြာ ခံစစ်ပြင်ပြင် အချိန်တန် အမ်းလို၊ လားရှိုးလို၊ လောက်ကိုင်လိုပဲ ဖြစ်မှာပဲ။


(နရီမိုး)

Myanmar Update News 🇲🇲

31 Dec, 09:26


၂၀၂၄ ရှေ့ပြေးလူဉီးရေစာရင်း အနှစ်ချုပ် အချက်အလက်အချို့

Myanmar Update News 🇲🇲

26 Nov, 00:39


သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
🙏🙏🙏🙏🙏

https://t.me/updatenews2023

Myanmar Update News 🇲🇲

25 Nov, 13:48


လမ်းမ​တော်ဟိုတယ်တစ်ခုတွင်တရုတ်နိုင်ငံသားတစ်ဦး​သေဆုံး

နိုဝင်ဘာ၂၅၊၂၀၂၄

လမ်းမ​တော်မြို့နယ်၊အမှတ်(၅)ရပ်ကွက်၊လှည်းတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထိပ်၊BUSS LUXE ဟိုတယ်၊အခန်း(၄၀၃)တွင်သြဂုတ်လ၂ရက်မှစတင်တည်းခို​နေ​သောတရုတ်နိုင်ငံသားတစ်ဦးသည်နိုဝင်ဘာလ၂၅ရက်နံနက်၃နာရီကအသက်ရှူကြတ်ရင်ဘတ်​အောင့်၍​ဆေးရုံသွားရာမှ​သေဆုံးသွား​ကြောင်းသိရသည်။
တရုတ်နိုင်ငံသား​ချွေ့လိုင်အန်း(၂၈နှစ်)သည်ဇနီးဖြစ်သူမ​ရွှေရည်ဝင်းနှင့်ဟိုတယ်တွင်​နေထိုင်စဥ်ယ​နေ့နံနက်ကအသက်ရှူကြတ်သဖြင့်​ဘေးအခန်းကိုအကူအညီ​တောင်းပြီးလမ်းမ​တော်ရှိ​အေးရိပ်စံ​ဆေးခန်းသို့ပို့​ဆောင်ရာ​ဆေးခန်းကရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ရန်​ပြောသဖြင့်​ဆေးရုံကြီးသို့ပို့​ဆောင်ခဲ့ရာနှလုံး​သွေး​ကြောကျဥ်း​ရောဂါဖြင့်​သေဆုံးသွား​ကြောင်းသိရသည်။

Myanmar Update News 🇲🇲

25 Nov, 13:33


သင်္ဃန်းကျွန်း၌အိမ်သာအတွင်အရက်ခိုး​သောက်ရင်း​လေဖြတ်ဆုံး

၊နိုဝင်ဘာ၂၅၊၂၀၂၄

သင်္ဃန်းကျွန်းမြို့နယ်၊(၁၆/၁)ရပ်ကွက်၊​ဇောတိကလမ်း၊အမှတ်(၇၂၁​အေ)​မြေညီထပ်၊အိမ်သာအတွင်းနိုဝင်ဘာလ ၂၅ရက်နံနက်ကအမျိုး သားတစ်ဦး​သေဆုံး​ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ကသွား​ရောက်စစ်​ဆေးရာ​သေဆုံးသူမှာ​မောင်​​မောင်ဦးဖြစ်ပြီးပြင်ပဒဏ်ရာမရှိပဲအိမ်သာအတွင်းပက်လက်လဲကျ​သေဆုံး​နေသည်ကို​တွေ့ရသည်။
တစ်အိမ်တည်းအတူ​နေ​ယောက်ဖဖြစ်သူလင်းကိုကို ကို​မေးမြန်းချက်အရ​မောင်​မောင်ဦးသည်အရက်အလွန်အကျွံ​သောက်သဖြင့်၂၀၂၀ခုနှစ်တွင်သင်္ဃန်းကျွန်း​ဆေးရုံ၌ တက်​ရောက်ကုသခဲ့ကြောင်း၊​ဆေးရုံကအရက်ဆက်မ​သောက်ရန်ညွှန်ကြား​သော်အိမ်သားများမသိ​အောင်အရက်ခိုး​သောက်​ကြောင်း၊ယခုလည်းအိမ်သာအတွင်းအရက်ခိုး​သောက်စဥ်လဲကျ​သေဆုံးခြင်းဖြစ်​ကြောင်းထွက်ဆိုသည်။ရဲတပ်ဖွဲ့က​သေဆုံးသူ၏အ​လောင်းကို​ဆေးရုံပို့​ဆောင်၍​သေမှု​သေခင်းဖွင့်လှစ်ကာစစ်​ဆေး​နေ​ကြောင်းသိရသည်။

Myanmar Update News 🇲🇲

25 Nov, 13:15


-
❝အကြမ်းဖက် AA ထိန်းချုပ်ထားတဲ့ ဆမီးမြို့မှာ ဟင်းထွက်ရှာတဲ့ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရလို့ ဆေးရုံတင်ထားရဟုဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟓》

အကြမ်းဖက်လက်နက်ကိုင် 𝘼𝘼 နဲ့ 𝙋𝘿𝙁 တွေ သောင်းကျန်းနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ဟင်းထွက်ရှာတဲ့ အမျိုးသမီးတစ်ဦး မုဒိမ်းပြုကျင့်ခံရလို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅ နှစ်အရွယ်၊ ကလေး ၃ ယောက်မိခင်ဖြစ်သလို မုဆိုးမလည်းဖြစ်တယ်လို့သိရပြီး နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီခန့်မှာ ချောင်းထဲကို ဟင်းထွက်ရှာရာကနေ အိမ်ကို ပြန်ရောက်ရှိလာခြင်းမရှိတာကြောင့် ရွာသူ၊ ရွာသားတွေက လိုက်လံရှာဖွေရာမှာတော့ သတိလစ်နေတဲ့ သူမကို စောချောင်းဝအနီးမှာ အဝတ်ဗလာနဲ့ မြက်ပင်တွေဖုံးအုပ်လျှက်အနေအထားနဲ့ နောက်တစ်နေ့မနက်မှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

ရွာသူ၊ ရွာသားတွေက အဲဒီအမျိုးသမီးကို ဆမီးမြို့ဆေးရုံသို့ပို့ဆောင်ထားပြီး ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ မုဒိမ်းပြုကျင့်ခံရတာလို့ သိရပြီး လက်ရှိမှာတော့ ၎င်းအမျိုးသမီးဟာ သတိပြန်ရနေပေမယ့် စကားမပြောနိုင်သေးတာကြောင့် ဖြစ်စဥ်အသေးစိတ်ကို မသိရသေးသလို မုဒိမ်းမှုကျူးလွန်သူကိုလည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Myanmar Update News 🇲🇲

25 Nov, 13:10


နို   ၂၄  ရက်နေ့ ညပိုင်းက  နမ့်ပေါင်နဲ့  သံလွင်ရွာ  ပစ်မှတ် ၂ ခုကို   လေနတ်သား ၂ ပါးမှ  ဆုံးမတော်မူခဲ့ပါတယ်   

           အလစ်အငိုက်မိသွားတော့  အသေ အပျောက်  အထိအခိုက်တွေ ရှိခဲ့ပါတယ်

          နမ့်ပေါင် ရဲ့ အခြေအနေကိုတော့  ဓါတ်ပုံကိုသာ  ကြည့်ပေးပါခင်ဗျာ

         သံလွင်ရွာမှာတော့   လူနေတဲ့ အိမ်နဲ့ နဲနဲလေး လွဲသွားခဲ့ပါတယ်      ရလဒ်ကတော့     ရန်သူ  အကောင်ကြီး ၃ ကောင်အနက်  ၂ ကောင်ကတော့  ဘုရားသခင်ထံ  ကောက်ညှင်းပေါင်းစားကြွသွားလေရဲ့

             ဗုံးသီး ပေါက်ကွဲမှုအရှိန် ကြောင့်  ကားကြီး ၂ စီး  ပျက်ဆီးသွားသလို  သူပုန်အကောင်သေး ၇ ကောင်ကတော့  ကျိုး  ကြေယုံ  ဒါဏ်ရာရကုန်တယ်ဆိုဘဲဗျ

          အေးဗျာ     အဲ့ဒီလိုနဲ့ဘဲ   ကြိုးညှိှ  မိုးလင်း အဖွဲ့ကြီးဟာ  တဖြုန်ဖြုန် ကေး   ကုန်မဲ့သဘောရှိပါတယ်   So  Sad  ပါဗျာ

စစ်သတင်း  အမှန်တော့ သိရမယ်  နဲနဲ နောက်ကျသလို  ဖြစ်နေတာက     လဝ  စစ်သတင်းများမို့    လုပ်ပြီး ကိုင်ပြီးမှ  တင်ပေးနေပါတယ် ဆိုတဲ့အကြောင်း  တင်ပြအပ်ပါတယ်ခင်ဗျာ

ရဲသုံးဖေါ်
၂၀၂၄     နို   ၂၅  ၁၄၃၈

Myanmar Update News 🇲🇲

25 Nov, 12:56


ဒီနေ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးစုတွေရဲ့ သမိုင်းအကြောင်းကို Research လုပ်ထားတဲ့ စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်။ အဲ့ စာအုပ်ထဲမှာ အရေးကြီးတဲ့ အချက်နဲ့ တနေ့က သတင်းဌာနတခုမှာ တက်လာတဲ့ ကာကွယ်ရေး ဘတ်ဂျက်ကို ဆက်စပ်ကြည့်တဲ့အခါ အဖြေက ရှင်းရှင်းလင်းလင်းထွက်လာတယ်။ နောက်ဆက်တွဲအနေနဲ့ သံခင်းတမန်ခင်းပါ အမြတ်ထွက်အောင် လုပ်နိုင်ရင်တော့ ဆိုဖွယ်မရှိဘူး။ အစိုးရအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေက ဘာလိုအပ်တယ်၊ ကိုယ်က ဘာဖြစ်ချင်တယ်‌ဆိုတာ ဒဲ့ညှိနိုင်ဖို့ပဲလိုတယ်။


ပထမဆုံး အချက်ကို စပြောရရင် ဒီနိုင်ငံရဲ့ လူဦးရေထဲမှာ ဗမာလူမျိုးစုရဲ့  ကိန်းဂဏန်း အချက်အလက်ပဲ။ ဒုတိယနဲ့ တတိယမှာ ရှမ်းနဲ့ ကရင် လိုက်တယ်။ ဒါတောင် သူတို့ လူဦးရေက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်။  ဆိုလိုတာက လက်ရှိ ဖြစ်နေတဲ့ ကိုးကန့် တအာင်းနဲ့ AA ဆိုတာ ဒီစစ်ပွဲ ပြီးတဲ့အခါ အရွယ်ရောက်တဲ့ လူငယ်တွေ အင်အား တနည်းအားဖြင့်  (Human resources) မှာ အတော်လေး ပြဿနာ ရှိလာလိမ့်မယ်။ ဒါက လေယာဉ်နဲ့ ဗုံးကြဲ ခံရတဲ့ အခြေအနေ မပြောသေးဘူး။ အောက်ခြေမှာ မြေသိမ်းနိုင်ပေမယ့် ဒီနယ်မြေမှာ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့ဆိုတာ လူအင်အားအရ အများကြီးသုံးဖို့ လိုအပ်တယ်။ ဒီ အခြေအနေကို TNLA ၊AA နဲ့ MNDAA ဖြေရှင်းနိုင်ဖို့ မလွယ်ဘူး။

ဒါပေမယ့် တဖက်မှာ တော့ တပ်မတော်ဟာ စစ်မှုထမ်း ဥပဒေအရ စစ်အင်အား ပုံမှန်ရနေတယ်။ ဘတ်ဂျက်အရလည်း မျက်နှာ ငယ်စရာ မရှိတာ တွေ့ရတယ်။ ပိုဆိုးတာက သံခင်း တမန်ခင်းမှာလည်း တရုတ်- မြန်မာ ဆက်ဆံရေးက အကောင်းဆုံး ရှိနေတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း မြန်မာ့အရေး စိတ်ဝင်စားတတ်တဲ့ အမေရိကန်က အဆိုင်လန် လျှောက်ထားတဲ့သူတွေကို လက်သင့်မခံပြန်ဘူး။ ဒါက NUG အတွက် အိမ်မက်ဆိုးပဲ။ UWSA ၊ MNDAA နဲ့ တချို့သော EAO ဂေါင်တွေကိုသာ တရုတ်နင်းထားရင် အညာက ပဒက်ဆိုတာကလည်း ဘူးလက် လှဆွေ ပြောသလို ခြင်းထဲက ကြက်ပဲ။ စစ်တိုက်တယ်ဆိုတာက ပိုက်ဆံနဲ့ တိုက်ရတာ မဟုတ်လား။ ဂိတ်ဖွင့်ပြီး တော်လှန်ရေး လုပ်ရင်တော့ မပြောတတ်ဘူးပေါ့။


ပိုဆိုးမယ့်အချက်က ပြည်မထဲက ပလောင်တွေ၊ ကိုးကန့်တွေအနေနဲ့ ဗမာတွေ၊ ရှမ်းတွေကြားမှာ လူမျိုးရေး မုန်းတီးမှု ကြီးလာနိုင်တဲ့အချက်ပါ။ ခုတောင် မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချိုနဲ့ လားရှိုးက ပြည်သူ အိမ်မပြန်နိုင်ကြသေးပ်ဘူး။ ပြန်စရာ အိမ်မရှိကြတော့ပါဘူး။ အားလုံးကို ချုပ်လိုက်ရင် တကန့်ပျက်တွေဟာ လားရှိုးအထိ နယ်မြေကျူးကျော်ခဲ့သလို ၊ ဘိန်းစား တအာင်းတွေလည်း လောဘကြီးခဲ့တာ ငြင်းမရဘူး။ ပြည်နယ်အဆင့် လိုချင်တာနဲ့ မြေပြင်မှာ မတ္တရာအထိ ၊ နောင်ချို၊ ကျောက်မဲအထိ ကျူးကျော်တာက အကြောင်းပြချက်မှ မခိုင်လုံပဲ။


(နရီမိုး)

Myanmar Update News 🇲🇲

25 Nov, 12:53


YMBA မှ ပေးအပ်သော ဂုဏ်ရည်ဘွဲ့များကို အနုပညာရှင်(၄)ဦး ရရှိ
ချယ်ရီ (NP News)- နိုဝင်ဘာ၂၅

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား နှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်၊ ပေးအပ်ချီးမြှင့်ရေးပွဲတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ပြုလုပ်ခဲ့ရာ အနုပညာရှင်(၄)ဦးမှ ဂုဏ်ရည်ဘွဲ့များ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ YMBA မှ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရရှိတော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့်တကွ ဆရာတော်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ YMBA မှ တာဝန်ရှိသူများ၊ ဘွဲ့တံဆိပ်ရရှိသော လူပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“YMBA အသင်းကြီးအနေနဲ့ မင်္ဂလာများလုပ်သလိုပဲ ဂုဏ်ရည်ဘွဲ့၊ တိုင်းပြည်အတွက် ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များ၊ ဂုဏ်ရည်ဘွဲ့ထူးများ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များအတွက် ဘွဲ့တံဆိပ်တော်များချီးမြှင့်မယ်ဆိုပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတဲ့အခါမှာ အနုပညာရှင်တော်တော်များများဟာလည်း YMBA အသင်းကြီးနဲ့ တတက်တအား ပါဝင်ပူးပေါင်းဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ သူတို့ပုဂ္ဂိုလ်များကိုလည်း ပြီးခဲ့တဲ့နှစ်ကတည်းကိုက သက်ဆိုင်ရာလူကြီးများကလည်း အသိအမှတ်ပြုပြီးတော့
ဒီအနုပညာရှင်လောကထဲမှာလည်း YMBA ကို တကယ်ချစ်မြတ်နိုးပြီးတော့ ပါဝင်ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်များကိုလည်း ဆုပေးတဲ့နေရာမှာ ဒီနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပူးတွဲပြီးတော့ အခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များနဲ့ YMBA အသင်းသူ၊ အသင်းသားများနဲ့ပူးပေါင်းပြီးတော့ အခုနှစ်ဟာ ထူးထူးခြားခြား အနုပညာရှင်များကိုပါ YMBAရဲ့ ဂုဏ်ရည်ဘွဲ့များ ပေးတာပဲဖြစ်ပါတယ်” ဟု YMBA အသင်းနာယက က ဆိုသည်။

ထိုအခမ်းအနားတွင် YMBAမှ ချီးမြှင့်သော မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များကို ဒါရိုက်တာ စင်ရော်မောင်မောင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ခန့်စည်သူနှင့်  ထူးခန့်ကျော်တို့မှ အသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီလိုဆုတွေက ခွန်အားဖြစ်စေမယ်လို့ အများကြီးယုံကြည်ပါတယ်။ ဒီလိုဆုတွေ၊ အနေအထားတွေ ရဖို့ဆိုတာလည်း မလွယ်ပါဘူး။ ကျွန်တော်တို့ဆိုရင်လည်း တကယ့်အခက်အခဲ၊ အကျပ်တည်းပေါင်း များစွာပေါ့နော်။ ကျွန်တော်က အဓိက ကတော့ ကိုယ်တွင်း၊ ကိုယ်ပရောဂါကို ကုတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ဆီမှာက လှူနိုင်တဲ့အမျိုးတွေက လှူနိုင်တယ်။ မလှူနိုင်တဲ့အမျိုးတွေကို ပြန်လှူပေးတယ်။ ကျွန်တော်က အဲဒီလိုအနေအထားတွေ တစ်ခုကြောင့်ပဲ ပြောမယ်ဆိုလို့ရှိရင် ဒီဘွဲ့ထူးဆုကို တခမ်းတနားနဲ့ချီးမြှင့်ပေးတဲ့ ဒီကလူကြီးတွေကို ကျေးဇူးတင်သလို အထူးသဖြင့် ကျွန်တော့်အမျိုးတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ထူးခန့်ကျော်က NP News ကို ပြောသည်။

ထို့ပြင် YMBA အသင်းကြီးမှ ယခုကဲ့သို့ အနုပညာရှင်များအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းသည်  (၁၀၄)ကြိမ်မြောက် ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ရေးပွဲတွင် စတင်ပေးအပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

Myanmar Update News 🇲🇲

25 Nov, 12:46


၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် ရွှေကြိုများခေါ်ယူ
==================

နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် အကယ်ဒမီဆုဗန်းကိုင်ဆောင်ရန် ရွှေကြိုများခေါ်ယူနေပြီဖြစ်သည်။

Myanmar Update News 🇲🇲

25 Nov, 11:40


ပဲခူးမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

နိုဝင်ဘာ ၂၅

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား နိုဝင်ဘာလ(၂၅)ရက်၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ ကြသည်။
  

Myanmar Update News 🇲🇲

25 Nov, 10:51


ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရာသီတုတ်ကွေးအပါအဝင် သွေးအားနည်းခြင်း၊ ခေါင်းကိုက်၊ နာစေးချောင်းဆိုးများ ဖြစ်ပွားနေပြီး၊ သက်ကြီးပိုင်းများမှာ သွေးတိုး၊ဆီးချိုနှင့် အခြားသောနာတာရှည်ရောဂါဝေဒနာသည်များ ပါဝင်ကြောင်း ဆိုသည်။

" အဓိက က ရာသီတုတ်ကွေးပေါ့။ ရာသီဥတု အပြောင်းအလဲမှာဖြစ်တာပေါ့။ အဲဒီကမှ ချောင်းဆိုးတာတွေ ရင်ကြပ်တာတွေ ဖြစ်ကြတယ်။ ဆေးဝါးတွေက ပြတ်လပ်နေတဲ့အပြင် ဈေးနှုန်းတွေ မြင့်တက်နေတော့ ထိရောက်အောင်မကုသနိုင်သလိုဖြစ်နေတယ်။ ပြောချင်တာက အမြစ်မပြတ်တာပေါ့။ ကျန်တဲ့စားသောက်ရေးတွေကတော့ လောလောဆယ် အဆင်ပြေနေပါတယ်။ လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်ခံရမယ့်အခြေအနေပေါ့"ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသည်။

Myanmar Update News 🇲🇲

25 Nov, 08:57


ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာခံယူထားသောလူနာများ ကြည့်ရှုအားပေး

နိုဝင်ဘာ ၂၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ အသည်းအစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်ထားရှိသည့် အသည်းလူနာများနှင့် အသည်းအလှူရှင်များကို ကြည့်ရှုအားပေးစကားပြောကြားကာ အစားအသောက်လက်ဆောင်ခြင်းများ ပေးအပ်သည်။

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ နိုဝင်ဘာ ၇ ရက်တွင် (၃၆) ကြိမ်မြောက်အဖြစ် မိုးကုတ်မြို့နေ ၄၉ နှစ်အရွယ် အသည်းလူနာအမျိုးသားနှင့် အသည်းအလှူရှင်မောင်နှမဝမ်းကွဲတော်စပ်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးအတွဲကို လည်းကောင်း၊ နိုဝင်ဘာ ၈ ရက်တွင် (၃၇) ကြိမ်မြောက်အဖြစ် ဟားခါးမြို့နေအသက် ၆၀ အရွယ် အသည်းလူနာအမျိုးသမီးနှင့် သမီးတော်စပ်သူအသည်းအလှူရှင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးအတွဲကိုလည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည်။ ယခုအခါ အဆိုပါအသည်းအလှူရှင်များမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး အသည်းလက်ခံထားရှိသည့် လူနာများသည်လည်း ကျန်းမာရေးတိုးတက်ကောင်းမွန်လျက်ရှိသဖြင့် အသည်းအစားထိုးခွဲစိတ်ကုသမှုခံယူထားသည့် လူနာများကို နိုဝင်ဘာ ၂၄ ရက်တွင် ဆေးရုံဆင်းခွင့်ပြုပြီးဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်ခြောက်ထပ်ဆောင်အစည်းအဝေးခန်းမ၌ အသည်းအစားထိုးခွဲစိတ်မှုတွင် ပါဝင်ခဲ့သော လုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပုံမှန်ဆောင်ရွက်နေပြီဖြစ်သည့် ကျောက်ကပ်အစားထိုးခွဲစိတ်မှုများတွင် ပါဝင်သည့်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု/ အသည်းအစားထိုးခွဲစိတ်ကုသမှုများ စနစ်တကျဆက်လက်ဆောင်ရွက်နိုင်ရေးမှာကြားကာ ပြည်တွင်း၌ အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်မှုများကို ပြုလုပ်ပေးခြင်းအားဖြင့် ရောဂါခံစားနေရသည့် ပြည်သူများနှင့် ၎င်းတို့၏မိသားစုများအနေဖြင့် ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှုပိုမိုတိုးတက်ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီ စိုက်ထုတ်သုံးစွဲရငွေ လျော့ကျစေမည်ဖြစ်ခြင်းတို့ကြောင့် အရှိန်အဟုန်မပျက် ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
  

Myanmar Update News 🇲🇲

25 Nov, 08:52


ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးဖို့ လုပ်စရာရှိတာ လုပ်ကြရမှာပါပဲ ။ သဘာဝပတ်ဝန်းကျင်တွေ လူမှုစီးပွားတွေ နဲ့ ပေါက်ကရ အကြောင်းပြ ပိတ်ဆို့နေတဲ့ အနောက်တိုင်းက ဆည်တွေ ကျောက်မီးသွေး စက်ရုံတွေ ပိတ်ထားပြီလား သွားကြည့်ကြအုံးနော် ။ ကမ္ဘာပေါ်မှာ ဆည်ပေါင်း  တသိန်းကျော်နေပြီ ။ ကိုယ့်ဆီမှာ ကောင်းကောင်းကမ်းကမ်းလေး တခုလုပ်ဖို့ တိုင်ပတ်နေကြတယ် ။

             နိုင်ငံရေယုတ်မာမှု အနေနဲ့ စစ်တပ်လုပ်သမျှ ဘာအကျိုးမှ မရှိဘူးလို့ ဝါဒဖြန့်ချင်လို့ တာမြစ်နေတဲ့ အဖျက်သမားတွေရဲ့ အပြောတွေကို ဂရုစိုက်စရာမလိုပါဘူး ။

          ကိုယ့်တိုင်းပြည် လိုအပ်ချက်အတွက် ရတဲ့နေရာကနေ ရတဲ့စွမ်းအင်နဲ့ လျှပ်စစ်ထုတ်ယူဖို့ လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ ။

။. ။ မေ့နေလို့ဗျို့ တိုင်းပြည်အတွက် ကောင်းကျိုးရှိမယ့် ဘယ်ကိစ္စပဲ ဆောင်ရွက်တည်ဆောက်နေပါစေ အရေးကြီးဆုံးက သူပုန်မျိုးသုန်းအောင် အရင်တိုက်ပြဖို့ လိုနေတယ်ဆိုတာလေး ကျန်သွားလို့ပါဗျာ ။

          ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

25 Nov, 08:49


စာရွက်ပေါ်က ငြိမ်းချမ်းရေး
လက်နက်ကိုင်ပြည်သူနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဟုတ်ကောဟုတ်နိင်မလား။

အငတ်ဘေးဆိုက်နေတော့မှ ပြည်မကြီးက ငြိမ်းချမ်းရေးကိုမျှော် ပြည်သူဆိုတဲ့စကားကပါစပ်ကမချ။

ဖယ်ဒရယ်ဆိုတဲ့စနစ်ကိုတောင်းတကြပြန်တယ် လက်နက်ဝယ်ပြီးသူပုန်ထဖြစ်လာတဲ့သူတွေက ပြည်သူ့ကို ဘယ်လိုအကျိုးပြုခဲ့တာလဲ ရှိရင်ချပြခဲ့ပါ။

Myanmar Update News 🇲🇲

25 Nov, 08:41


စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲ အခမ်းအနားကျင်းပ

နိုဝင်ဘာ ၂၅

Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၆၂) ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့်စက်မှုဇုန်(၂)၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် Global Good Pure Group ကုမ္ပဏီလီမိတက်စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဇော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Myanmar Update News 🇲🇲

25 Nov, 08:40


(နိုဝင်ဘာ-၂၅၊ ၂၀၂၄) လတ်တလော လက်လှမ်းမီသမျှ သတင်းများ
===
ရခိုင်ပြည်နယ်

ပြီးခဲ့တဲ့ရက်ပိုင်း၌ .မောင်တော - နခခ (၅) မှာ လက်နက်ကြီးနဲ့ (၂) ရက်ဆက်တိုက်ပစ်ခတ်ခံနေရပြီး
နိုဝင်ဘာ (၂၅) ရက်နေ့မှာ ငြိမ်သက်၊
ယခုရက်အတွင်း AA တို့ ခဲယမ်း ထပ်မံဖြည့်တင်းနိုင်ကြောင်း သတင်းထွက် ၊ ကော့ခ်ဘဇားမှ ငါးဖမ်းလှေ အဖမ်းပြပြီး သယ်ယူနေဟု ယူဆရ
..
အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးထား၍ .
နေရေး ထိုင်ရေး အခက်အခဲရှိနေကြောင်း ခန့်မှန်းရ

လေတပ်က...
ပတ်ဝန်းကျင်ရွာ AA စုဖွဲ့နေရာများကို
ပေါင် (၅၀၀) GP ကြဲပြီး...ဟန့်တားထား။
..
နခခ-၅ အဖွဲ့များအတွက်...
မြေပြင်စစ်ကူမပို့နိုင်သေး၍ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ရန်လိုအပ် ။

ရေတပ်အနေဖြင့် ..
နတ်မြစ်အတွင်း..ဝင်ရောက်ရှင်းလင်းရန် မလွယ်ကူပါ။
မြစ်၏ ဝဲဘက်မှာ ဘင်္ဂလားဒေ့ရှ်နှင့် တစ်ခြမ်းစီ မျှဝေပိုင်ဆိုင်ခြင်းဖြစ်ပြီး
နတ်မြစ်ဝတွင် AA စခန်းချထား...။

အမ်းမှာ...စစ်ကူတချို့ ရောက်ရှိ ..
ဂုတ်ကြီးရွာအနီး စစ်ကူယာဉ်တန်း... ခြုံခိုတိုက်ခိုက်ခံရခြင်း သတင်းမှန်ကန်
သို့သော် အင်အား (၈၀၀) ကျော်ပျောက်ဆုံးနေခြင်း မရှိခဲ့ပါ

ဂုတ်ကြီးရွာအနီးပတ်ဝန်းကျင်ရွာတွေကို နယ်မြေရှင်းလင်းရန် လိုအပ် ။

တောင်ကုတ်
တက္ကသိုလ်ဝင်းထဲရှိ နစကတပ်တို့ ပြန်ဆုတ်ပေးပြီး
စကခ (၅)ကို ကာကွယ်ပေးနေ
..
AA တို့ အထက (၃) တွင် စခန်းချပြီး. ခလရ (၅၄၄) နဲ့ (၃၄၆) ကိုတိုက်ခိုက်ရာ၌ ရှေ့တန်းစခန်းအဖြစ် အသုံးပြု

ဆက်သွယ်ရေးတပ်နဲ့ BE တပ်တို့
ခုခံနိုင်စွမ်း စိုးရိမ်ရတဲ့အခြေအနေဖြစ်...။

တောင်ကုတ်...မြို့နေရာအများစုတွင် AA တို့နေရာယူထား။
.
ရှမ်းမြောက်
လားရှိုးမှ MNDAA အချို့ ဟိုယဖက်မှာ ခံစစ်ပြင်ဆင်လျက်ရှိ...။

တန့်ယန်းမှာရောက်နေတဲ့...
MNDAA တချို့ကို...UWSA က ပြန်နှင်လွှတ်..။

UWSA တွင် ပေါက်ယူချန်းတို့ ညီအကိုအကွဲအပြဲမွာ ပိုဆိုးလာတယ်လို့ကြားရပြီး အိုက်ချန်နေရာမှာ ခန့်အပ်ထားတဲ့ တပ်မှုးကိုလဲ ရာထူးချမယ် ပြောဆိုနေကြ
.
MNDAA က တပ်မဟာ (၆) ကို
ထပ်မံတိုးချဲ့ခဲ့သော်လည်း .လက်နက်ခဲယမ်းလိုအပ်နေ...။

ဖုန်အစား..ရန်မိုလျန် မျိုးဆက်တို့
ပြန်လာမယ်ဆိုခြင်းမှာ မသေချာသေးပါ

တရုတ်နဲ့ ဖုန်တာရွှင်တို့ ညှိနှိုင်းနေဆဲဟု ပြော။

တရုတ်က...
မန္တလေး-မူဆယ်လမ်းကို ပြန်ဖွင့်ရန် ကြိုးစားနေပြီး
ကွတ်ခိုင်နဲ့ သိန္တွီရှိ TNLA တို့က ဖယ်ရှားပေးရန် တောင်းဆို

တာအိုက်ဘုန်းနဲ့ တာဘုန်းကျော်တို့
TNLA အစည်းအဝေးလုပ်ကြောင်း သတင်းထွက်
.
နေပြည်တော်တွင်
ရုရှား IL-76 အင်ဂျင်လေးလုံးတပ် မဟာဗျူဟာ လေယာဉ်ကြီးများ ရောက်ရှိနေပြီး..နေပြည်တော်ကောင်းကင်ယံ၌ ...ရဟတ်ယာဉ်တို့ ကင်းလှည့်နေ ။

အရပ်ဖက်ကဏ္ဍ အကူအညီပေးရေးဟု ဆိုသော်လည်း
စစ်သုံး Drone များပါဝင်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေ
..
Credir; Htoo Maung Maung
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
.
https://youtu.be/UMOhLDMaIOg?si=SbelT81Bfop4MpDo

Myanmar Update News 🇲🇲

21 Nov, 06:41


ချောင်းဆုံမြို့နယ်၌ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ 
အခမဲ့ကုသပေးမည်ဖြစ်
🔶🔶🔶🔶🔶🔶🔶🔶🔶🔶
ချောင်းဆုံမြို့နယ်၌ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ နိုဝင်ဘာ(၂၀)ရက်နေ့အထိ လူနာ(၂၉၀)ဦးခန့်ကို အခမဲ့ရောဂါရှာဖွေကုသပေးခဲ့ပြီး မြို့နယ်အတွင်း နိုဝင်ဘာ(၂၈)ရက်နေ့အထိ စုရပ်နေရာများတွင်ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် (IOM)အဖွဲ့တို့ပူးပေါင်း၍ ကုသပေးခြင်းဖြစ်သည်။

နယ်ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့ လူနာရှာဖွေကုသခြင်းများကို နိုဝင်ဘာ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၀)ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက် ဝင်ဂလုံစေတီဓမ္မာရုံတွင် လူနာရှာဖွေကုသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ ခေတ်မီဒစ်ဂျစ်တယ်ဓါတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်းရောဂါများ ၊ တီဘီရောဂါများ၊ သွေးတိုး၊ ဆီးချိုစသည့် ရောဂါများကို အခမဲ့စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သော ကုသရေးအစီအစဉ်များ လမ်းညွှန်ပေးခဲ့ကြကြောင်း သိရသည်
။

Myanmar Update News 🇲🇲

21 Nov, 06:40


ဒလမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများကို   ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ရန်ကုန် နိုဝင်ဘာလ ၂၁ ၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ် ညောင်ပင် ကျေးရွာမှ ၊ ဒေသခံပြည်သူများကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ညောင်ပင်ကျောင်တိုက် ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။     
        ဆေးကုသမှုများ ဆောင်ရွက်ပေးရာတွင် ကျား သံဃာတော်(၁)ပါးအပါဝင်ဒေသခံပြည်သူစုစုပေါင်း ( ၁၅၅)ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊မျက်စိ/နား / နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့ နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
      ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဒလတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍  ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကားများ ပြောကြားခဲ့ပြီးအဆိုပါကျေးရွာ ညောင်ပင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝဏ္ဏထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ #SMT

Myanmar Update News 🇲🇲

21 Nov, 06:29


နိုဝင်ဘာလ တတိယပတ်အတွက် ပြည်ပတင်ပို့မယ့် ကြက်သွန်နီ FOB ဈေးဟာ အရွယ်အစားအလိုက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၂၅ မှ ၈၁၅ အထိ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ထုတ်ပြန်ပါတယ်။

ကြက်သွန်ဖြူက အရွယ်အစားအလိုက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၃၃၅ မှ ၂၅၁၅ ဈေး ရှိပါတယ်။

သတင်း - BETV Business

Myanmar Update News 🇲🇲

21 Nov, 05:30


ကော့သောင်းမြို့မဈေးကြီးအနောက်ဘက် ဆန်ဆိုင် အပေါ်ထပ်မီးလေါင်ကျွမ်း မှုဖြစ်ပွား
========================       
၂၀၂၄ နို ၂၀ ၁၅၄၀ အချိန်ခန့်တွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၊အမှတ်(၅၃၇/၅၃၈)ရှိ ဦးအေးဝင်း(၆၃)နှစ်၊ (ဘ)ဉီးကျော်ရွှီး၊ ၆/ကသန(နိုင်)၀၀၃၅၂၉ ဗမာ/ ဗုဒ္ဓ၊ အရောင်းအဝယ် ၏ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်: URC (၂)ထပ် Big Boss အမည်ရှိ ကုန်စုံဆိုင်(ခန့်မှန်း မပည MM 514026)တွင် အင်ဗာတာဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့၍ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးမျိုးသူရဝင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင်ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဗိုလ်မှူး မောင်ဌေး ဦးစီး(၂+၇)ဦး၊ မြို့နယ်ရဲမှူး ရဲမှူး ဝေလင်းကို ဦးစီး(၂+၅)ဦး)ခရိုင်ရဲတပ်ဖွဲ့ မှ ဒုရဲမှူး မြင့်နိုင် ဉီးစီး(၃+၁၂)ဉီး၊ ရပ်ကွက်နေပြည်သူများ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် မီးငြှိမ်းသတ်လျက်ရှိရာ ၁၆၀၀ အချိန်တွင် မီးညွှန်ကျိုးခဲ့ပြီး ၁၆၁၀ အချိန်တွင် မီးငြှိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် RC(၂)ထပ် Big Boss အမည်ရှိ ကုန်စုံဆိုင် အပေါ်ထပ် အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ခန့်မှန်းမီးလောင်ဆုံးရှုံးမှု တန်ဖိုးမှာကျပ်(၃,၇၅၀,၀၀ဝိ/)ခန့်၊ အပေါ်ထပ်ရှိပစ္စည်းများ တန်ဖိုးကျပ် (၁,၁၅၀,၀၀ဝိ/)ခန့်၊ ဘတ္တရီ(၁)လုံးနှင့်အင်ဗာတာ(၁)လုံးတန်ဖိုးကျပ်(၅၀၀,၀၀ဝိ/-)ခန့်၊ စုစုပေါင်း တန်ဖိုးကျပ် (၅,၄၀၀,၀၀ဝိ/)ခန့် ဆုံးရှုံးခဲ့သည်။

ထိုမီးလောင်လွယ်သော အင်ဗာတာဖြင့် ပေါ့လျော့စွာ ဘတ္ထရီအားသွင်းရာမှ အပူလွန် ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှင့်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးစေခဲ့သူ ဦးအေးဝင်းအား  ဥပဒေအရ အရေးယူပေးနိုင်ပါရန် ဒုရဲအုပ် မြတ်မင်းဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၂၀၂၄ နို ၂၀ ၁၉၁၅ အချိန် မမစ(ကော့သောင်း) (ပ)၁၈၁/၂၀၂၄၊ ရာဇသတ် ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ပြီး စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

SH-MEDIA KAWTHAUNG.
========================

Myanmar Update News 🇲🇲

21 Nov, 05:30


ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းထား

၂၁. ၁၁. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း နိုဝင်ဘာလ ၂၀ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခုနိုဝင်ဘာလအတွင်း ဗဟိုဘဏ်မှ ဒေါ်လာငါးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ နိုဝင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ၃၅ သန်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၁၂,၀၀၀ ကျော်၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာသန်း ၂၀ နှင့် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာ ၂၄ သန်း ရောင်းချပေးခဲ့သဖြင့် အဆိုပါ ငါးကြိမ်အတွင်း ဒေါ်လာ ၉၄ သန်းကျော် ရောင်းချပေးထားခြင်းဖြစ်သည်။

သွင်းကုန်လုပ်ငန်းရှင်များ နယ်စပ်ကုန်သွယ်မှုတွင် ပိုမိုအဆင်ပြေစေရန်အတွက် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုလည်း ထုတ်ရောင်းပေးခဲ့ရာ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၂၇၁ သန်းနှင့် တရုတ်ယွမ် ၁၂ သန်းကျော် ရောင်းချပေးခဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82279

#ဗဟိုဘဏ် #ဒေါ်လာ #MT #mtnews

Myanmar Update News 🇲🇲

21 Nov, 05:24


ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းပိုင် ဆီစက်ဖွင့်ပွဲနှင့် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ တက်ရောက်

နိုဝင်ဘာ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး သားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဖွင့်ပွဲသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အိမ်ရှင်မဆီစက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆီစက်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင် တန်ဖိုးမြှင့် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို သမဝါယမအသင်းနှစ်သင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး တစ်ရက်လျှင် မြေပဲဆီ ၅၀၄ ပိဿာ၊ တစ်လလျှင် ပိဿာ ၁၅၁၂၀၊ တစ်နှစ်လျှင် ပိဿာ ၁၈၁၄၄၀ ကြိတ်ခွဲထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိရေးအတွက် တစ်နှစ်လျှင် မြေပဲစိုက်ဧက ၃၅၁၂ ဒသမ ၀၆ ဧကကို အကျိုးပြုပေးမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ဆီထွက်သီးနှံကုန်ကြမ်းများကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် စက်ရုံရေရှည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ၊ ပြည်တွင်းစာသုံးဆီ ဖူလုံရေးအတွက် ဆီကြိတ်ခွဲစက်များ ထူထောင်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌက စက်ရုံ တည်ဆောက်ခဲ့မှုမှတ်တမ်းများ၊ ကြိတ်ခွဲလည်ပတ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်သင်တန်း၊ သစ်အခြေခံ ပရိဘောဂသင်တန်းနှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ များသို့တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ထူးချွန်သူ ငါးဦးကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ထူးချွန်သူ ငါးဦးကိုလည်းကောင်း လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းအလိုက် ထူးချွန်သူငါးဦးတို့ကို လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

Myanmar Update News 🇲🇲

21 Nov, 04:52


ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ် ၁၄၀ ဘီလီယံအထိ ထုတ်ချေးသွားဖို့ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။

အောက်တိုဘာလကနေ စတင်ထုတ်ချေးနေပြီး ဇန်နဝါရီလကုန်အထိ ထုတ်ချေးကာလ ၄ လ သတ်မှတ်ပါတယ်။

စပါးသီးနှံအတွက် တစ်ဧက ၁၅၀,၀၀၀ ကျပ်နှုန်း၊ အခြားသီးနှံအတွက် ကျပ် ၁၀၀,၀၀၀ နှုန်း ချေးယူနိုင်ပြီး တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်း ကောက်ခံသွားမှာပါ။

သတင်း - BETV Business

Myanmar Update News 🇲🇲

21 Nov, 04:24


❝မုံရွာမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အခြေပြုထားတဲ့ အကြမ်းဖက်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အခြေပြုထားတဲ့ အကြမ်းဖက်စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၀ ရက်၊ နေ့လည် ၁ နာရီခွဲခန့်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ စစ်စခန်းပြုလုပ်ခွင့်မရှိတဲ့ မုံရွာမြို့နယ်၊ ဗန်စီကျေးရွာအနီးက ခွက်ဆေးကန် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စခန်းအဖြစ် အသုံးချနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို နယ်မြေ ရှင်းလင်းနိုင်ခဲ့တဲ့အတွက် အဆိုပါ ဘုန်းကြီးကျောင်းထဲကနေ လက်လုပ်သေနတ်(အရှည်) ၂ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၃ ခု၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး၊ လက်လုပ် Fixed Wing Drone (ပြုလုပ်ဆဲ) ၁ စီး၊ လက်လုပ် Drop Bomb ၄ လုံး၊ ဗုံးသီးပြုလုပ်သည့်ပုံစံခွက် ၂ ခု၊ လက်နက်ငယ်ပြောင်း ၄၂ ခု၊ လက်နက်ကြီးပြောင်း ၆ ခု၊ ယမ်းကြိုး ၂ ခွေ၊ လက်လုပ်မိုင်း ၄ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Update News 🇲🇲

21 Nov, 04:24


❝ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူက တရားဝင်အစိုးရဖြစ်သည့် နစက၏ နိုင်ငံခြားရေးဝန်ကြီးထံသို့ ၎င်း၏ခန့်အပ်လွှာပေးအပ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme -WFP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford က ၎င်း၏ခန့်အပ်လွှာကို တရားဝင်အစိုးရဖြစ်သည့် နစက၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့သာ ပေးအပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခန့်အပ်လွှာကို နိုဝင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လာရောက်ပေးအပ်စဉ် WFP က မြန်မာနိုင်ငံတွင်လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ကိစ္စများအပြင် WFP မှ မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Update News 🇲🇲

21 Nov, 04:20


စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၂၁ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။

Myanmar Update News 🇲🇲

21 Nov, 03:04


ချန်ခဲ့တဲ့ သတင်းကောင်း
=====================

                      အမ်း ပဒါန်း လမ်းကြောင်းကို ဘယ်ရန်သူမှ ပိတ်ဆို့လို့ မရပါဘူး ။ မနေ့က ဂျန်ဘာတင်ယာဥ် အစီး ၂၀ နဲ့  မကွေး တပ်မ ၈၈  လက်အောက်ခံ တပ်များ စုဖွဲ့နေရာသို့ ရောက်ရှိပါတယ် ။

                   ထူးခြားချက်က တရုတ်ပြည်မှ ၂ ပတ်ကြာ သင်တန်းတက်ခဲ့ကြရသော အဆင့်မြင့် ဒရုန်းတိုက်ခိုက်ရေး သင်တန်းဆင်းများအား ဂျန်ဘာယာဥ်များနဲ့ အတူ အားဖြည့် ထည့်သွင်း စေလွှတ်ခဲ့ပါပြီ ။ သူတို့အဖွဲ့ တရုတ်က ပြန်ရောက်နေကြတာ တမိုင်ကုန်း မကျခင် တရက်ကြိုပြီးပြန်ရောက်နေတာပါ ။

    
           ယနေ့ မနက် ၉း၃၀ မှာ ကစထမှူးကိုယ်တိုင် ရောက်ရှိလာပြီး အမ်းသို့ စစ်ချီမည့် စစ်သည်များအား စစ်ထွက် မိန့်ခွန်းပြောကြား အားပေးခဲ့ပါတယ် ။ ထို့နောက် ၂ နာရီမှာ ကစထမှူး ပြန်သွားပါတယ် ။

          လက်နက်ခဲယမ်း စစ်သည်အင်အားများတဲ့အတွက်  အမ်း ပဒါန်း မြေပြင်လမ်းကြောင်းအတိုင်း ချီတက်စေခဲ့ပါတယ် ။ ကင်းတို ကင်းရှည် လေကြောင်းကင်းထောက်များဖြင့် စနစ်တကျ ချီတက်ကြရာ အန္တရာယ်ကင်းစွာနဲ့ ယခု ( 20 - 11 - 2024 ည ပိုင်း)  ရောက်ရှိသွားပါပြီ ။

              ည 7 : 15 သတင်းတင်နေစဥ် အချိန်တုန်းက လမ်းမှာပဲ ရှိနေသေးလို့ ချန်ထားလိုက်တာပါပဲ ။ ဒါက သတင်းကောင်း နှစ်ခုထဲက တခုဖြစ်ပါတယ် ။

            နောက်ထပ် ကြားရတဲ့ သတင်းတခုကတော့ ရခိုင်စစ်မျက်နှာပြင်ကိုပဲ ( ဘယ်နေရာမှန်း အတိအကျမသိပါ) ကမ်းထိုးယာဥ်တွေနဲ့ သွားနေပြီဆိုတဲ့ သတင်းဖြစ်ပါတယ် ။ နခခ ၅ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ် ။

            ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

17 Nov, 11:15


ဗိုလ်နဂါးဦးဆောင် BNRA အဖွဲ့တိုက်တဲ့ ပုလဲ ဆိုတာ အခြေချတပ်ရင်း၊ တပ်ဖွဲ့ရှိတဲ့ မြို့မဟုတ်ဘူး။ ဗိုလ်နဂါးဆိုတာကတည်း ယင်းမာပင်-ပုလဲ တကြောမှာ အခြေချတယ်ဆိုပေမယ့် ဘာမှ ဖြစ်ဖြစ်မြောက်မြောက်တိုက်ပွဲလည်း ဆင်နွှဲဖူးတာ မဟုတ်ဘူး။ အဓိက‌ ကတော့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထဲက သစ်တွေကို NUG အောက်က ပပပ၊ ပအဖအဖွဲ့တွေနဲ့ အလျင်းသင့်ရင် သင့်သလို မျှစားနေခဲ့တာလည်း ကြာခဲ့ပြီ။ ဒီလို အခွင့်အလမ်းရှိနေလို့လည်း ဗိုလ်နဂါးအဖွဲ့က NUG ရဲ့ CoC အောက်ကို မဝင်ဘူး။

ခက်တာက ...ဘာတိုက်ပွဲမှ အကောင်အထည် မဖော်ပဲ စစ်အာဏာရှင် ပပျောက်ရေးဆိုပြီး အချိန်တိုင်းကြွေးကြော်နေလို့ကလည်း မရဘူး။ ပိုဆိုးတာက ရှမ်းမြောက်မှာ အခြေချနေရာ မရခဲ့တဲ့ PDF တွေကလည်း ဆင်းလာကြတဲ့အချိန်၊ အညာမှာ ဘယ်သူက ဖားလဲ၊ ဘယ်သူက ကျားလဲ ဆိုတာကလည်း သက်သေပြဖို့ လိုလာတယ်။ ဒါ့ကြောင့်လည်း လုံခြုံရေး အင်အားနည်းပါးပြီး ဝင်လမ်း၊ထွက်လမ်းသာတဲ့ ပုလဲကို အတိုက်ပြဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်။

တကယ်တော့ ပုလဲမြို့ဟာ မုံရွာကနေ ဘာမှ ဝေးတဲ့ အကွာအဝေးမှာ ရှိတာ မဟုတ်ဘူး။ ချင်းတွင်းမြစ်ကို ကျော်ပြီး ယင်းမာပင်ကို ဖြတ်လိုက်တာနဲ့ ပုလဲမြို့ကို တန်းရောက်တယ်။ ပုလဲ ကလည်း နယ်မြေအနေအထားအရ အနောက်ဘက်ကို လွန်တာနဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းကလည်း အသင့်ရှိနေတယ်။ ဒါပေမယ့် မုံရွာဆိုတာကလည်း အရေးပေါ်အခြေအနေ စဖြစ်ပါပြီ ဆိုကတည်းက လုံခြုံရေးစည်း မထိန်းနိုင်တဲ့ မြို့။ မြို့ပေါ်မှာတောင် မောင်းပြန်သေနတ်ကိုင်ပြီး ၁၆ လို မြို့ပေါ်တပ်ဂိတ်ကိုတောင် သေနတ်နဲ့ အပစ်ခံရတဲ့မို့။ ကျောက်ကာ ရွှေဂူနီဘက်ကျော်ရင်တောင် နယ်မြေ စိုးမိုးဖို့ ခက်တဲ့မြို့။

ဘယ်လိုပဲဖြစ်ဖြစ် မြို့ကို အပြီးသတ်သိမ်းပြီး စခန်းထိုင်လို့မရဘူးဆိုတာကိုလည်း ဗိုလ်နဂါးတို့သိတယ်။ အဓိက ကတော့ နိုင်ငံရေး အမြတ်ထုတ်နိုင်ဖို့ပဲ။ လူအင်အား အယောက် ၅၀ လောက်သာ ရှိမယ့် ပုလဲမြို့ကို အယောက် ၃၀၀ ကျော်ထက်မနည်းပါမယ့် ပူးပေါင်းစစ်ကြောင်းနဲ့ အပြီးသတ်မသိမ်းနိုင်ဘူး ဆိုကတည်းက သူတို့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လို့ရတယ်။


နောက်ဆုံး Irrawaddy က ထုတ်ပြတဲ့အထဲမှာ ခွေးပြေးဝက်ပြေး ပြေးရတဲ့ ဗိုလ်နဂါးအဖွဲ့က စစ်သုံးပန်း ၄ ယောက်ထုတ်ပြခဲ့တာကလည်း ဟာသပဲ။ ဒါတောင် အသက် ၇၀ လောက် အရွယ်ရှိတဲ့ အဖိုးအို တစ်ယောက်က ပါသေးတယ်။ အပြီးသတ် မြို့သိမ်း တိုက်ပွဲလည်း မနိုင်သလို လေကြောင်းပစ်ကူအောက်မှာ အခြေအနေမကောင်းလို့ ဆုတ်ပေးလိုက်ရပါတယ် လို့ ဝန်ခံကတည်းက    တော်တော်နဲ့ နလန်ထူနိုင်တော့မယ် မထင်ဘူး။ ခုတောင် တရားဝင် ထုတ်ပြန်ချက်မှာ ၉ ဦး သေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ တွေ့လိုက်ရတယ်။ မြေပြင်စာရင်းမှာတော့ မက လောက်ဘူး။ ရေရှည်ခွက်ခေါက်ဖို့အတွက် တိုက်ပွဲ အဖြစ်ပြရတဲ့အခါ ဒီလောက်တော့ ရင်းရမှာပေါ့။


(နရီမိုး)

Myanmar Update News 🇲🇲

17 Nov, 10:01


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေး

နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

Myanmar Update News 🇲🇲

17 Nov, 10:00


စစ်တိုက်စရာလူမရှိတော့သည့်အတွက် UWSA(ဝ)ရဲ့ ကလေးသူငယ်များ အသုံးချရေး စစ်နည်းဗျူဟာကို စတင်အသုံးပြုလာသည့် ရခိုင်အစွန်းရောက်အဖွဲ(AA)
================================
မေယုဌာနေ


  ရခိုင်အစွန်းရောက်အဖွဲ(AA)အနေဖြင့် UWSA(ဝ)လက်နက်ကိုင်အဖွဲရဲ့ ကလေးသူငယ်များ အသုံးချရေး စစ်နည်းဗျူဟာကို စတင်အသုံးပြုလာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရသိရသည်။

  အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးမှ "လက်ရှိ မောင်တောနဲ့ အမ်းမှာ AA ဘက်က လူဆုံးရှုံးမှုတော်တော်လေးများလာတယ်၊ အခုနောက်ပိုင်း AA ဖွဲစည်းထားတဲ့ ရခိုင်သံဃာအဖွဲအစည်းက ဘုန်းကြီးတွေကရွာတွေမှာ မိဘမဲ့တွေ၊ မကျွေးမမွေးနိုင်တဲ့မိဘတွေရှိရင် သူတိုမွေးစားဖိုဆိုပြီးတောင်းနေတာတွေရှိတယ်၊ ကလေးတွေကျွေးဖိုလည်း လိုက်ပြီးအလှူခံနေတာတွေရှိတယ်၊ မိဘမဲ့ဘုန်းကြီးကျောင်းကို သွားလှူတဲ့သူတွေပြောတာကတော့ တစ်သိန်းလှူရင် ၈၀၀၀၀ ကို ရခိုင့်တပ်တော်ကိုခွဲပေးပြီး ၂၀၀၀၀ ပဲကလေးတွေအတွက်ရတယ်၊ ကလေးတွေကိုနေ့စဥ် စစ်ကားတွေပြတယ်၊ ဆန်ပြုတ်တိုက်နေတာတွေတွေ့ခဲ့ရတယ်၊ ရွာတော်တော်များများမှာလည်း AA က လူတွေပြန်တာနဲ့ ကျောင်းနေအရွယ်ကလေးတွေ ပျောက်ပျောက်နေတယ်လို ပြောနေကြတယ်" ဟု ပြောသည်။

UWSA(ဝ)လက်နက်ကိုင်အဖွဲအနေဖြင့် ယခုလိုအင်အားများလာခြင်းမှာ ပြီးခဲ့သည် နစ်ပေါင်း ၂၀ ခန့်က ကလေးများအား တရားမဝင်လမ်းကြောင်းများမှ ဝယ်ယူခြင်း၊ စစ်သင်တန်းပေးခြင်းများပြုလုပ်ခဲ့တာကြောင့် ယခုလိုအင်အားတောင့်တင်းခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကဆို ပြည်တွင်း၌ ကလေးသူများပျောက်ဆုံးခြင်း၊ ကလေးခိုးဂိုဏ်းများပေါ်ပေါက်ခဲ့ခြင်းများ များစွာရှိခဲ့သည်ကို အားလုံးပဲဖြစ်ပါသည်။

  လက်ရှိအချိန်တွင်လည်း AA အဖွဲမှ လူကုန်သလောက်ဖြစ်နေ၍ စစ်ရှောင်စခန်းများနှင့် ကျေးရွာများမှ ကျောင်းနေအရွယ်ကလေးများအား အတင်းအဓမ္မခေါ်ဆောင်ကာ ရက်တိုစစ်သင်တန်းများပေးပြီး ရှေ့တန်းစခန်းများသို့ အတင်းအဓမ္မစေလွှတ်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Update News 🇲🇲

17 Nov, 09:58


ပုလဲ pdf တွေ ပုလဲမြို့နယ် သီတင်းကံကြီးကျေးရွာ တောင်ပိုင်းမှာ အမှီပြုနေထိုင်ကြပြီး ဒဏ်ရာရသူတွေကို ဆေးကုပေးနေတယ်လို့ သတင်းပေးပို့လာပါတယ်။

"ရွာသူရွာသားတွေကို ထမင်းထုတ်ပို့ခိုင်းတဲ့အပြင် ရွာကနေ ရွာ့အပြင် ပေးမထွက်ကြလို့  ဒုက္ခရောက်နေကြပါတယ်"လို့ သိရှိရပါတယ်။

Myanmar Update News 🇲🇲

17 Nov, 09:08


.
အိတ်ပေါက် နဲ့ ဖားကောက်နေတဲ့ အညာ
==========================

မြန်မာပြည် အလယ်ပိုင်းက မြေပြန့်ဒေသတွေမှာ လုပ်နေတဲ့ နစက ရဲ့ ပဒက်ပြုံးတီးရေး စီမံချက်ကြီးကတော့ အံ့မခန်း သုံးစားမရ ဖြစ်နေကြပါတယ် ။

၁ ။ ရှိရင်းစွဲ ပြည်သူ့စစ်တွေကို အပြည့်အဝ လက်နက်တပ်ဆင်မပေးခြင်း ၊ မဖြစ်လို့ ပေးရရင်တောင် ကျည်ဆံ နဲနဲပဲ ပေးခြင်း ။

၂ ။ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက် ဖြစ်နေကြခြင်း ( ထွေအုပ် ၊ ရဲ ၊ နယ်ခံတပ်)

၃ ။ မတတ်သာလွန်းမှသာ ကသန်းကရမ်း သွားရောက် တိုက်ခိုက်ခြင်း

၄ ။ တိုက်ခိုက်ရှင်းလင်းပြီး နယ်မြေများအား ထွေအုပ်မှ မြို့ပြအုပ်ချုပ်ရေး လုံးဝ မစီမံပဲ စစ်ကြောင်းပြန်လည် ရုတ်သိမ်းလာစေခြင်း

၅ ။ နစက ဥက္ကဌကြီးရဲ့ ညွှန်ကြားချက်အရ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များ ရပ်ကျေးထိ ဖွဲ့စည်းရန် အမိန့်ပေးထားသော်လည်း ယနေ့ထိ သင်တန်းမပေး မဖွဲ့စည်းသေးပဲ နစက အမိန့်ကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေသော တိုင်းမှူး / ထွေအုပ်တို့ များစွာ ရှိနေခြင်း

၆ ။ သင်တန်းပေးပြီးသော်လည်း ယူနီဖောင်းပင် အနိုင်နိုင်ဆင်ကာ လက်နက်ဟူ၍ အပ်တိုတချောင်းပင် တပ်ဆင်ပေးခြင်း မရှိသော အလိမ်အညာ 420 ထွေအုပ် ၊ နယ်ခံတပ်များ နေရာအနှံ့ရှိနေခြင်း

၇ ။ ဂိတ်ပေါင်း သောင်းခြောက်ထောင် ဖွင့်ထားသော်လည်း ဂိတ်အားလုံးနီးပါး ငွေပေးရင် စစ်ဆေးခြင်းမရှိ အလွယ်တကူ ဖြတ်သန်းခွင့် ပြုနေကြခြင်း

၈ ။ PDF အခြေပြု စခန်းများအား တိုက်ခိုက်ချေမှုံးဖို့ထက် မိမိသောက်ခေါင်းထဲက ခေါင်းမပြူသော နယ်ခံတပ်များရဲ့ ရှက်ဖွယ်ကောင်းသော ရဲစွမ်းသတ္တိ

၉ ။ ဧည့်စာရင်းမျှ မစစ်ဆေးသော ထွေအုပ် တို့ရဲ့ သစ္စာမဲ့ လုပ်ရပ်များ

၁၀ ။ မကောင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများအား လာဘ်စားပြီး ဆက်လက်ခန့်ထားဆဲ မြို့နယ်ထွေအုပ် ( လာဘ်ပေးပြီး နေရာဆက်ယူကတည်းက ဘယ်လောက်မကောင်းတဲ့ ခွေးသူတောင်းစားလဲ ဆိုတာ ထင်သာမြင်သာ ရှိပေမယ့် မြို့နယ် အဆင့်ကိုယ်တိုင် ဖရဲသီးတပိုင်း ၊ လာဘ်စားသူတပိုင်းနဲ့ ပုပ်ပွနေတဲ့သူမို့ လက်ခံတာ ထင်ရှားတယ်)

ဒါတွေက တချို့တစ်ဝက်ပဲ ရှိပါသေးတယ် ။ လုပ်စားနေကြတာတွေ ရေးလို့ မကုန်နိုင်ပါဘူး ။ ဒါတွေ ပပျောက်အောင် နစက အနေနဲ့ ဘာလုပ်သင့်လဲ စဥ်းစားကြရပါတော့မယ် ။ မျှောလိုက်ရင်း မျှောလိုက်ရင်း နဲ့ တိုင်းပြည်က ရေစုန်မျှောနေပါပြီ ။

အဓိက အကျဆုံး တချက်ပဲ ပြောပါ့မယ် ။

တပ်ချုပ်ကြီးခင်ဗျား တပ်ချုပ်ကြီးရဲ့ အစီအမံတွေ ၊ ရည်မှန်းချက်တွေ အားလုံးကောင်းပါတယ် ။ ပြည်သူတွေလည်း အဲဒီ အတိုင်း လုပ်ကြဖို့ မျှော်လင့်နေကြပါတယ် ။

သို့သော် တပ်ချုပ်ကြီးရဲ့ အမိန့် ၊ ညွှန်ကြားချက်တွေကို အောက်ခြေက 20 % တောင် မလုပ်ကြပါဘူး ။ ဒေသအာဏာပိုင်များဟာ ငွေရမယ်ဆိုရင် PDF နဲ့လည်း ပေါင်းစားပါတယ် ။ နစက အပေါ် အားကိူးတဲ့ ပြည်သူတွေကိုလည်း နည်းမျိုးစုံနဲ့ နှိပ်စက်နေကြပါတယ် ။

တိုင်းပြည် နဲ့ ပြည်သူ့အကျိုးကို တကယ်ဆောင်ရွက်ပေးချင်တယ် ဆိုရင်တော့ တပ်ချုပ်ကြီးအနေနဲ့ မိမိရဲ့ အမိန့် ညွှန်ကြားချက်များအား တိတိကျကျ လိုက်နာစေရန် မြေပြင်သတင်းမှန်များအား ပြန်လေ့လာဖို့ လိုအပ်နေပါပြီ ။

တပ်ချုပ်ကြီးရဲ့ အာဏာကို ခွဲဝေသုံးစွဲနေသော လောက်ကောင်များရဲ့ အမှန်တရား 20 % မျှသာ ပါဝင်သော အစီရင်ခံစာ သက်သက်ဖြင့် ကျေနပ်နေပါသလား မေးချင်ပါတယ် ။ ဒါတွေကို ပပျောက်စေချင်ရင်လည်း အလွန်လွယ်ပါတယ် ။

နယ်ခံတပ် ၊ ထွေအုပ် နဲ့ ပြည်သူ့ရဲ ခေါင်းဆောင်တွေကို ဒီလို ပြတ်သားတဲ့ အမိန့်ပေးလိုက်ပါ ။ မိမိ မြို့နယ်အတွင်း တပတ်အတွင်း ၁ မိုင်ပတ်လည် PDF ကင်းစင်စေရမည် ။ ဆောင်ရွက်နိုင်စွမ်းမရှိရင် ဖြုတ်ပြီး လုပ်နိုင်သူအား တာဝန်ပေးကြည့်ပါ ။

လာဘ်စားတာပဲ လုပ်တတ်တဲ့ မသမာသူတွေ လျှော့သွားပါလိမ့်မယ် ။ ဒီလိုနဲ့ တပတ်ခြင်း တားဂတ်ပေးပြီး နယ်မြေရှင်း ၊ ရှင်းပြီးတဲ့နယ်မြေမှာ မိမိအုပ်ချုပ်ရေး အုတ်မြစ်ပြန်ချ ၊ လုံခြုံရေးအတွက် အကြမ်းဖက်နှိမ်နင်းနင်းတပ်ဖွဲ့ကို ထိရောက်စွာ အသုံးပြုရင် လွယ်ပါတယ် ။

အဓိကအကျဆုံးက အောက်ခြေကို အားမနာတမ်း ပြန်စစ်ဆေးပြီး တပ်ချုပ်ကြီးရဲ့ အမိန့် ညွှန်ကြားချက်တွေကို သောက်ရေးမလုပ် ၊ လက်တလုံးခြား လုပ်နေကြတဲ့ ထွေအုပ် နဲ့ တပ်ဖက်ဆိုင်ရာ အရာရှိတွေကို လည်ပင်းညှစ်ပြဖို့ပဲ လိုတာပါ ။ 

မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်နေတဲ့ ပေါ်လစီအရ ဘဒ္ဒကမ္ဘာသာ ပျက်သွားမယ် မြန်မာပြည် ငြိမ်းချမ်းဖို့ မမြင်ဘူးလို့ ပြောချင်ပါတယ် ။

ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

17 Nov, 09:05


ကျိုက်ထိုမြို့ ဘိုက္ကာကျေးရွာရှိ ရာဘာမှိုင်းခံရုံ တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဘိုက္ကာကျေးရွာရှိ ရာဘာမှိုင်းခံရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ နိုဝင်ဘာ (၁၇) ရက်၊ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်ခန့် ၎င်းရာဘာမှိုင်းခံရုံတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ရာ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘဲ ပျက်စီးဆုံးရှုံးတန်ဖိုးကို မီးသတ်တပ်ဖွဲ့မှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Update News 🇲🇲

17 Nov, 09:04


“ သက် ရှိ ဂ န္ဓ ဝင် “

“ မိုး “ သီ ချင်း ကို အ ဆို တော် ကို မြ ကြီး ဆို တဲ့ version နဲ့ လိုက် ဆို ဖို့ ခက် တယ် ။

တ ခြား သူ တွေ “ မိုး “ သီ ချင်း ကို ပြန် ဆို ကြ တာ အ များ ကြီး ရှိ ပေ မဲ့ ကို မြ ကြီး ဆို သ လို မ ဟုတ် ဘူး ။ နား ထောင် ရ တာ ပေါ့ ရွှတ် ရွှတ် နဲ့ လို ဖြစ် နေ တယ် ။

ဒီ လို ပဲ ပြည် လှ ဖေ ဆို တဲ့ နတ် ရှင် နောင် သီ ချင်း က ‘ တောင် က ညို ပြို တော့ မယ် မှိုင်း မှိုင်း မှုန် ဝေ မိုး စက် တွေ လေ ပြေ ထက် မှာ တ ရွေ့ ရွေ့ ယူ နေ ‘ ဆို တဲ့ Chorus နေ ရာ ရောက် ရင် ကြက် သီး ပါ ထ တယ် ။

အ ဆို တော် ဒေါ် မာ မာ အေး ရဲ့ မဲ ဇာ ရွှေ လီ သီ ချင်း ထဲ မှာ လည်း ‘ ဪ လွမ်း တိုင်း ဆွေး မိ တာ တွေ အောက် မေ့ ပေ ဝေး သော ရပ် ဌာ နီ မှ သား သ မီး တွေ ‘ ဆို တဲ့ နေ ရာ က ဒေါ် မာ မာ အေး အ သံ နဲ့ ကြက် သီး ထ စ ရာ သီ ချင်း ရဲ့ အ နှစ် ပါ ပဲ ။

က လေး မ လေး တစ် ယောက် အ ဆို တော် ဒေါ် တင် တင် မြ ရဲ့ တ ကျော့ နှစ် ကျော့ တေး ကို သီ သီ ချင်း ဆို တာ တော် တယ် လို့ ပြော လို့ ရ ပေ မဲ့ အ ဆို တော် ဒေါ် တင် တင် မြ ရဲ့ ဘယ် သံ ( left tone ) နဲ့ ဆို တဲ့ ‘ မောင် လေး ရေ ထ ပါ တော့ ရောင် နီ လာ လှ ပေါ့ ‘ ဆို တဲ့ ဂ ရု ဏာ သံ နဲ့ ဆို တဲ့ အ ရ သာ ကို တော့ မ မှီ ပြန် ဘူး ။

အ ကြီး တန် ချစ် သူ ဆို တဲ့ ဦး မောင် မောင် ကြီး တို့ ၊ အိပ် မ ပျော် တဲ့ ည သီ ချင်း ဆို တဲ့ စ န္ဒယား ဦး ချစ် ဆွေ တို့ ၊ တိမ် တ မာန် ဆို တဲ့ စ န္ဒ ယား ဦး လှ ထွဋ် တို့ ရဲ့ သီ ချင်း တွေ ကို အ များ သူ ငါ လိုက် ဆို ကြ ပေ မဲ့ မူ ရင်း အ ဆို တော် တွေ ဆို တာ ကို နား ထောင် ရ သ လို ကြက် သီး ထ မ သွား ဘူး ။

အ နု ပ ညာ ရှင် တွေ ကို လေး စား ချစ် ခင် ရင် ဦး တို့ ဒေါ် တို့ တပ် မ ခေါ် ရ ဘူး လို့ ဆို ကြ ပေ မယ့် ဂ န္ဓ ဝင် အ နု ပ ညာ ရှင် ကြီး တွေ ကို တော့ လေး လေး စား စား ခေါ် ကြ ပါ တယ် ။

သူ တို့ တွေ က တ ကယ့် ဂ န္ဓ ဝင် အ ဆို တော် ကြီး တွေ ပါ ။ အ များ စု က ဆုံး ပါး သွား ကြ ပြီ ။ ဒေါ် တင် တင် မြ ကြီး က သက် ရှိ ထင် ရှား နေ သေး တဲ့ ဂ န္ဓ ဝင် အ ဆို တော် ကြီး တစ် ယောက် ပေါ့ ။

ကျွန် တော် ကြိုက် တဲ့ သီ ချင်း တွေ ထဲ မှာ မေ မေ ဆို တဲ့ တ က္က သိုလ် ကျောင်း က ငွေ လ မင်း တို့ ၊ တ မာ လမ်း ကို ပြန် ခဲ့ ပါ တို့ ၊ ဘ ဝ ချင်း ဆုံ တွေ ပါ ရ စေ တို့ ၊ ပန်း ပိ တောက် တို့ ကြွေ ရာ မြေ တို့ ၊ မောင့် အ ချစ် မြှား ဆူး တို့ သီ ချင်း တွေ လည်း ပါ တယ် ။

ပြော ရ ရင် မေ မေ လည်း ရုပ် ရှင် ကော ဂီ တ မှာ ပါ အောင် မြင် ခဲ့ တဲ့ ဂ န္ဓ ဝင် တစ် ယောက် ပါ ပဲ ။

မေ မေ့ သီ ချင်း တွေ အ ကုန် စ န္ဒ ယား နဲ့ တီး တတ် အောင် သင် ထား ပြီး အ ချိန် ရ တိုင်း မေ မေ နဲ့ တီး ကြ ဆို ကြ တယ် ။ မေ မေ က စိတ် ပါ ရင် လည်း ကိုယ် စ န္ဒ ယား တီး နေ ရင် အိမ် ပေါ် က ဆင်း လာ ပြီး ဆို တတ် တယ် ။

ပြင် ဆင် ထား တဲ့ နေ့ ဆို ဆို ထား တဲ့ သီ ချင်း တွေ ကို လည်း vdo ရိုက် ပြီး သိမ်း ထား တယ် ။ နောင် တ ချိန် အ မှတ် တ ရ ရှိ နေ စေ ဖို့ ပါ ။

စ န္ဒ ယား ကို ကိုယ့် ကိုယ် ကို ဖျော် ဖြေ ဖို့ အ တွက် သာ တီး တတ် ပါ တယ် ။ ကီး တွေ ပြောင်း တီး ရ မယ် ဆို ရင် လက် တွေ ခ လုတ် တိုက် နေ ရော ။ အ ထူး သ ဖြင့် မေ မေ က အ ကြာ ကြီး သီ ချင်း ဆို လို့ မ ရ တော့ ဘူး ဆို တာ စိတ် ထဲ ရောက် လာ ရင် တ လွဲ တွေ တီး မိ တော့ တာ ပဲ ။

ဒါ ကြောင့် စ န္ဒ ယား တီး တာ အား နည်း တဲ့ အ တွက် သည်း ခံ ပေး ကြ ပါ လို့ ကြို တောင်း ပန် ပါ တယ် ။

ကံ ကောင်း တဲ့ ကျွန် တော် က သက် ရှိ ဂ န္ဒ ဝင် တစ် ယောက် ကို အ မေ တော် ထား ရ တယ် ။

ဒီ နေ့ ( နို ဝင် ဘာ ၁၇ ) က ကျွန် တော့် အ မေ အ သက် ၇၈ နှစ် ပြည့် တဲ့ နေ့ ဖြစ် ပါ တယ် ။ အ မှတ် တ ရ ဖြစ် အောင် မေ မေ့ ရဲ့ “ တ မာ လမ်း ကို ပြန် ခဲ့ ပါ “ သီ ချင်း လေး စ န္ဒ ယား နဲ့ တီး ပြီး မေ မေ့ ကို ဆို ထား တာ တင် ပေး လိုက် ပါ တယ် ။

မေ မေ နဲ့ ယှဉ် ရင် အ နု ပ ညာ အ ဆင့် က အ ဝေး ကြီး မှာ ဖြစ် နေ တဲ့ ကျွန် တော့် ရဲ့ အ တီး ကို နား လည် ပေး ပြီး မေ မေ ဆို တာ ကို သာ နား ထောင် ပေး ကြ ပါ ခင် ဗျာ ။

မ င်္ဂ လာ ရှိ တဲ့ ကျွန် တော့် မေ မေ ရဲ့ မွေး နေ့ မှာ အား လုံး ရွှင် လန်း ချမ်း မြေ့ ပျော် ရွှင် ကြ ပါ စေ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၆ ၊ ၁၀ ၊ ၂၀၂၄

                                          မိုး တင့် ဆွေ
                                      ၁၇ ၊ ၁၁ ၊ ၂၀၂၄
                                          တ န င်္ဂ နွေ ။

Myanmar Update News 🇲🇲

17 Nov, 09:04


(နိုဝင်ဘာ-၁၇၊ ၂၀၂၄) ကျောင်းပညာရေးတွင် အာဂုံစနစ် လိုအပ်သလား
===
ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို မပျောက်ပျက်ရအောင် ပိဋကက်တော်များကို ကျောက်စာထွင်း ထုမယ်ဆို ကျောက်စာချပ်ရေ ထောင်ချီ ရှိပါလိမ့်မယ်။ ခေတ်မီနည်းနဲ့ CD-Rom အဖြစ် သိမ်းဆည်းနေကြတာလဲ ရှိပါတယ်။
..
အဲ့ဒီလောက်နဲ့ မလုံလောက်သေးပဲ ဗုဒ္ဓဘာသာ ရဟန်းတော်များ လူပုဂ္ဂိုလ်များအတွက် တရားတော်ဆိုင်ရာ စာမေးပွဲများ၊ ဓမ္မာစရိယ စာမေးပွဲများ၊ တိပိဋကတ်စာမေးပွဲများ ကျင်းပပြီး စာအောင် ရဟန်းတော်များကို ဘွဲ့အမျိုးမျိုး ဆက်ကပ်နေကြပါတယ်။ မူရင်းမှ မရော မနှော မသွေဖည်ရအောင် သင်္ဂါယနာများလည်း အကြိမ်ကြိမ် တင်ခဲ့ကြပါတယ်
..
စာအုပ်တွေ ကျောက်စာတွေသာမက CD-Rom နဲ့တောင် မှတ်တမ်းတင်ထားပြီးမှ ဗုဒ္ဓဘာသာဆိုင်ရာ စာမေးပွဲတွေ လိုအပ်သေးလားမေးရင် လိုအပ်တယ်လို့ပဲ ဖြေရပါလိမ့်မယ်။
..
မြတ်စွာဘုရားရှင်ရဲ့ တရားတော်များဟာ မှတ်တမ်းတင်ယုံနဲ့မပြီး ပျံ့ပွားဖို့ လိုက်နာကျင့်သုံးကြဖို့လဲ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါကြောင့် တရားတော်ဆိုင်ရာ စာအောင် လူ/ရဟန်းပုဂ္ဂိုလ်များ၊ ဓမ္မာစရိယရဟန်းတော်များ စဉ်ဆက်မပြန် ထွန်းပေါ်နေဖို့ လိုအပ်ပါတယ်။ တရားတော်များကို ဒကာ/ဒကာမများ နားလည်-အသုံးချနိုင်စေဖို့ တဆင့်ပြန်လည် ဟောပြောသူ “ဓမ္မကထိက” များ လိုအပ်ပါတယ်။
..
ဒီအတွက် စာပေသင်ယူ/စာပေပို့ချ၊ “ပရိယတ္ထိ”၊ စာပေသိမှုဖြင့် သမထ ဝိပဿနာတရားအားထုတ်ခြင်း “ပရိပတ္တိ”၊ ထိုးထွင်သိမြင် အကျိုးခံစားခြင်း “ပဋိဝေဓ” အဖြစ် သာသနာ ၃-ရပ်ရှိနေခြင်းပါ
..
တကယ်လို့ ဗုဒ္ဓဘာသာရဲ့ ပင်မကျောရိုးကြီးဖြစ်တဲ့ ပိဋကတ်တော်များကို အာဂုံဆောင်နိုင်တယ်ဆိုရင် အဲ့ဒီ ပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဓမ္မဘဏ္ဍာတိုက်ကြီး တည်ဆောက်ပြီးဖြစ်လို့ #စေတီထိုက်တဲ့ ပုဂ္ဂိုလ်မြတ် ဖြစ်နေပါပြီ
..
အဲ့ဒါကို လူဝတ်ကြောင်များရဲ့ စာသင်ကျောင်းတွေက လောကီပညာဆိုင်ရာ ဘာသာရပ်များနဲ့ မရောထွေး စေလိုပါ။
..
ဒီနေရာမှာ စာသင်ကျောင်းတွေအတွက် အာဂုံရသင့်တဲ့ ဘာသာရပ်အချို့လဲ ရှိနေတာ အမှန်ပါ။
.
ဥပမာအားဖြင့် မော်တော်ယာဉ် ရေယာဉ် လေယာဉ်မောင်းသူများအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းမျိုး ဥပဒေမျိုး ဆိုပါတော့၊ အဲ့ဒါမျိုးကျတော့ အလွတ်အာဂုံရသင့်ပါတယ်။
.
ယာဉ်နှစ်စီး မျက်နှာချင်တွေ့မှ ဘယ်သူက ရှောင်ရမလဲ ဘယ်လိုရှောင်ရမလဲဆိုတာ စာအုပ်ကြီး ဖွင့်ပြီး ပြန်ဖတ်ဖို့ အချိန်မရှိ မသင့်လျော်လို့ ဖြစ်ပါတယ်
..
စင်္ကြာဝဠာကြီးနဲ့ပတ်သက်ပြီး အံ့မခန်း ရူပဗေဒဆိုင်ရာ သီအိုရီများကို ဖော်ထုတ်ခဲ့တဲ့အတွက် ဒီနေ့အထိ ကမ္ဘာ့အထူးချွန်ဆုံးပညာရှင်အဖြစ် သတ်မှတ်ထားရတဲ့ အိုင်းစတိုင်းဟာ တစ်မိုင်မှာ ဘယ်နှစ်ပေ ရှိတယ်ဆိုတာ မသိပါဘူး၊
..
ဘာဖြစ်လို့ မသိရသလဲဆိုတော့ အဲ့ဒါ အချိန်မရွေး စာအုပ်လှန်ကြည့်လို့ ရနေတာပဲ တဲ့
..
ဒီနေ့ ကျွန်တော်တို့ ကျောင်းသင်ပညာရေးကို “အာဂုံရမှ အာဂလူ” ဖြစ်တဲ့ ဘုန်းကြီးစာများနဲ့ မရောထွေး စေလိုပါ။
.
လက်ရှိကျောင်းသင် ပညာရေး သင်ရိုးညွှန်းတမ်းများဟာ အဆင့်နိမ့်တယ်လို့ ကျွန်တော်တစ်ဦးတည်းအနေနဲ့ လုံး၀ မမြင်မိပါ။ ပို့ချပုံ/သင်ယူပုံ လွဲချော်နေခြင်းသာ ရှိပါတယ်။
.
#ပညာတတ်_မထွက်ပဲ #ကြက်တူရွေးတွေ_မွေး ထုတ်နေပါတယ်။
..
အဲ့ဒီ ပညာရေး ပြီးဆုံး သို့မဟုတ် သင်ယူခြင်းအားဖြင့် မိမိတို့လူ့အဖွဲ့အစည်းကြီးအပေါ် ဘယ်လို အကျိုးုပြူအောင် ဖန်တီးခိုင်းလဲဆိုတာ ကိုယ့်တိုင်းပြည်လိုအပ်ချက်နဲ့ ချင့်ချိန်ပြီး ပညာရပ်ဆိုင်ရာ ဘာသာရပ်တွေမှာ လိုတိုးပိုလျော့သာ လုပ်သင့်နေပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===

Myanmar Update News 🇲🇲

17 Nov, 09:02


မိုးမောက်-ဗန်းမော်ကြား၇မိုင်အောင်မြေစခန်းသိမ်းပိုက်လိုက်ပီ

ယနေ့နိုဝင်ဘာ၁၇ရက်မနက်၈နာရီအချိန်အောင်မြေKIAစခန်းကြီးအားသုတ်သင်ချေမှုန်းပြီးသိမ်းလိုက်ကြောင်းစစ်ရေးသတင်းအရသိရသည်။

“မနက်၅နာရီခွဲထဲကတင့်ကားသံချပ်ကာနဲ့ဒရုန်းတွေနဲ့အပြတ်ထိုးတာ။ပန်ဝါပြည်သူ့စစ်အင်အားတွေလည်းပါတယ်။အလောင်းလက်နက်တွေရထားတာအများကြီးရယ်၊သိမ်းပြီးပီ"ဟုပြောသည်။

KIAလက်ကိုင်တုတ်နော်ဘူကိုဆက်သွယ်မေးကြည့်တာအဲ့ကောင်ကဘာမှမသိသေးဘူးတဲ့။မိုးမောက်မြို့နယ်အတွင်းလေကြောင်းဗုံးကြဲတိုက်ခိုက်သုတ်သင်မှုများလည်းပြုလုပ်ခဲ့သည်။နိုဝင်ဘာ၁၅ရက်ည နေ၄နာရီမိုးမောက်ကုန်းလောစခန်းဗုံးကြဲတိုက်ခိုက်သုတ်သင်ခဲ့ရာKIAဒူးကဘာ၂ဦးအပါအဝင်၄၀ဦးသေဆုံးနှင့်ဒဏ်ရာရသူအများအပြားရှိခဲ့သည်။


ဂျင်းဖောခလေးသူငယ်တွေကြားထဲကသေဆုံးကြတာကို၊ဟားတိုက်ရီမောနေကြတဲ့KIAအဖွဲ့ရဲ့VideoFile။

Myanmar Update News 🇲🇲

17 Nov, 09:01


ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရှစ်ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၇

၁၈ ဘီး ထရပ်ကားအောက်၌ ခိုလိုက်လာသည့် မြန်မာနိုင်ငံသားရှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖမ်းဆီးရမိကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။

ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားသည့် ၁၈ ဘီးကားကို ထိုင်းစစ်တပ်၊ မဲဆောက်ရဲစခန်းနှင့် အုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်က စစ်ဆေးချိန် ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။

ယင်းရှစ်ဦးသည် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးဖြစ်ကြပြီး ယာဉ်အောက်ပိုင်း၌ ကလန့်ထိုးထားသည့် သစ်သားပြားများကို တွေ့ခဲ့ရာမှ စစ်ဆေးရာတွင် ယင်းအပေါ်၌ ခိုလိုက်လာသူများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း တာ့ခရိုင် လဝကက ပြောပါတယ်။

လက်ရှိတွင် ထရပ်ကားမောင်းသည့် ထိုင်းယာဉ်မောင်းကို အာဏာပိုင်များက ထိန်းသိမ်းထားပြီး နိုင်ငံခြားသားများကို တရားမဝင်ပြည်ဝင်ခွင့်ရအောင် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲထားကာ မြန်မာရွှေ့ပြောင်းအမျိုးသား ၈ ဦးကိုလည်း တရားရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မဲဆောက်ရဲစခန်းကို လွှဲထားကြောင်းလည်း သိရပါတယ်။

Myanmar Update News 🇲🇲

17 Nov, 07:32


ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံး YGEA သတ်မှတ်ဈေးဖြင့်သာ အရောင်း/အဝယ်ပြုလုပ်ကြပါရန်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်
နေ့လည်ပိုင်း(12:00) PM

အကယ်ဒမီ မီးလင်းရွှေဈေးကွက် ဈေးနှုန်း
5,188,609/-
(ကျပ် ငါးဆယ့်တစ်သိန်း ရှစ်သောင်းရှစ်ထောင် ခြောက်ရာကိုးကျပ်)

(ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း)

Myanmar Update News 🇲🇲

17 Nov, 07:31


မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသော တရုတ်နိုင်ငံသားရုပ်အလောင်းကို (၂)ရက်ခန့်အကြာတွင် ပုပ်ပွလျက် တွေ့ရှိ

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၇

https://npnewsmm.com/news/6739891baa483b682911ec4a

Myanmar Update News 🇲🇲

17 Nov, 07:31


(၃၂၃) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

တိုကျို၊ နိုဝင်ဘာ ၁၇
တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် အာဆီယံကော်မတီ(တိုကျို)ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Mrs. Phongsamouth ANLAVAN က ကြီးမှူး၍ လာအိုသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_241.html

Myanmar Update News 🇲🇲

17 Nov, 07:30


မှော်ဘီမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးရွာဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁ ပါးနှင့် ဒေသခံပြည်သူ ၁၄၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_941.html

Myanmar Update News 🇲🇲

08 Nov, 13:00


ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများ ဒဏ်ကြေး ဘတ် (၂၀၀၀၀)နှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်

ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအနေဖြင့် ဘတ် (၂၀၀၀၀) ထက်မပိုသော ဒဏ်ကြေးနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်း ဘန်ကောက်မြိုရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအားလူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Myanmar Update News 🇲🇲

08 Nov, 12:46


Today Updates
=============

အမ်း အမြောက်တပ် ပြန်ရ

တောင်ကုတ်

တက္ကသိုလ် ဆုတ်ပေးရ
ကျဆုံး-မရှိပါ။AMT

DI Thameedaw 🇲🇲

Myanmar Update News 🇲🇲

08 Nov, 10:57


မိုးကုတ်မြို့အနီး၊သစ်တောဧရိယာအတွင်း၌ စစ်သွေးကြွTNLA ကို ဆက်ကြေးပေးပြီး ကျောက်တူးဖော်နေမှု

#PeopleMedia

Myanmar Update News 🇲🇲

08 Nov, 10:54


မြင်းခြံသတင်း
===================
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြင်းခြံမြို့နယ် စည်ပင်အမိုက်သိမ်းယာဥ် ၁စီးနှင့် ယာဥ်မောင်းအပါ အဝင်၃ ဦးမှ ကျောက်ရံကျေးရွာ အမှိုက်ကျင်းတွင် အမှိုက်သွားပစ်စဥ် PDF များမှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

Myanmar Update News 🇲🇲

08 Nov, 09:53


ညီမတယောက်တင်ထားတာပါ

အမ်း
မင်္ဂလာသတင်းလေးပါနော် 🤟

ထပ်တူပျော်စေချင်လို့ပါ။
ရတ ရောက်စစ်သည်တွေ အားလျှော့
ဖို့မလိုဘူး အရှုံးပြီးရင် အနိုင်လာမယ်

ခုမှ ကျမစစ်ကူအဖွဲ့အကိုတွေနဲ့
အူမြူးနေရတော့တယ်။
တကယ်ပျော်တယ်

DI Thameedaw 🇲🇲

Myanmar Update News 🇲🇲

08 Nov, 09:06


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သရက်တော(ဘအင်း)
ရွာအတွင်း အကြမ်းဖက် PDF များ ဝင်ရောက်ခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် တပ်မတော်နှင့်ကျွန်းလှပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လက်လုပ်စိန်ပြောင်း၊ လက်လုပ်ဗုံးသီးများနဲ့ PDF အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်...

Myanmar Update News 🇲🇲

08 Nov, 08:27


အမ်း 374. ( 8 - 11 - 2024 ) မွန်းလွဲ 2:20
===============================

           ဗဟိုကင်းအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိပြီး အမြင့်ဆုံးကုန်းရှိ အကြပ် / တပ်သား အဆောင်တွင်း၌ လက်ကျန် ရန်သူများအား ပိတ်ဆို့ ချေမှုံးရေး ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ် ။

        ကိုရွှေမျိုးဝင်း

Myanmar Update News 🇲🇲

08 Nov, 07:52


ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ ၎င်းတိုနေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်

အလားတူ ယင်းကဲ့သို သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၀ နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် တစ်နှစ်၊ တစ်နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် သုံးနှစ်၊ သုံးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် ငါးနှစ်၊ ငါးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် ၁၀ နှစ် စသည်ဖြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

Myanmar Update News 🇲🇲

08 Nov, 07:49


မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြန်သဖြင့် အခြေအနေစောင့်ကြည့်နေရ

ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့၊ မယ်ဆိုင်ချောင်းရေမှာ ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် အနည်းမြင့်တက်လာသည့်အတွက် စောင့်ကြည့်နေရသည့်အခြေအနေတွင် ရှိကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

တာချီလိတ်မြို့တွင် နိုဝင်ဘာ (၆)ရက် ညနေပိုင်းမှစတင်၍ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမှာ (၂)ပေကျော် မြင့်တက်လာကြောင်း ဆိုသည်။

"အရင်ကလောက် တက်လာတာမျိုးမဟုတ်သေးပါဘူး။ တာလော့ရပ်ကွက်ကမ်းနား ဟိုတယ်တစ်ဝိုက်နဲ့ မေဖလားဝါး လောက်မှာပါပဲ။ သူတို့က မယ်ဆိုင်ချောင်းနားဆိုတော့လေ။ မိုးရေချိန်များပြီး ရေမြောင်းတွေ မဖော်ရသေးတော့ရေထွက်ပေါက် မရှိတာလည်းပါတာပေါ့။ အရင်လိုလှေတွေဘာတွေနဲ့သွားရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ချောင်းရေကတော့စောင့်ကြည့်နေပါတယ်" ဟု ရှင်းပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ရှောင်လမ်းအပါအဝင် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ဝမ်ကောင်းရပ်ကွက် ၊ မကာဟိုခမ်းရပ်ကွ က်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တို့တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့သေးသည်။

ယခုနှစ်အတွင်း တာချီလိတ်မြို့ရေကြီးရေလျှံမှုသည် ဩဂုတ်လမှာ စတင်ကာ အကြိမ်ရေ (၈)ကြိမ်မှ (၁၀)ကြိမ်အထက်ထိဖြစ်ပွားခဲ့ပြီး ၊ စက်တင်ဘာလ (၉) ရက်၌ စံချိန်တင် ရေ ကြီး၍ အိမ်များပြိုကာ လူ‌ေ-သဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံစာ - ယနေ့ နံနက်၈နာရီဝန်းကျင်အချိန်တွင် မိုးရွာသွန်းမှုကြောင့်မယ်‌ဆိုင်ချောင်းရေ မြင့်တက်လာသည့် အခြေအနေ(CJ)

Myanmar Update News 🇲🇲

08 Nov, 07:47


Nov 8

အမ်းး
=====

အမတ374

ကျ-သွာ:တယ်ဆိုတာ

မဟုတ်ပါဘူး။

ဒါပေမဲ့

ရ-န်သူဟာ 374အထဲက

တစ်ချို့နေရာလေးတွေကို ဝင်ရောက်လာနိုင်ပြီး

နှစ်ဘက်တို-က်-ပွဲပြင်:ထ-န်နေပါတယ်၊

ဒီနေ့လည်၁၁:၃၅ အထိ Update ပါ။

ကိုခိုင်ဇော်

နိုဝင်ဘာ(၈) ၂၀၂၄

Myanmar Update News 🇲🇲

08 Nov, 07:12


သားက မိဘသွား Surprise လုပ်တာ။ အမေလုပ်တဲ့သူက မျက်နှာအဝတ်စည်းထားသူတွေက လာမေးတော့ လာသတ်တဲ့ PDF ထင်ပြီး ကြောက်နေတာ

အဖေလုပ်တဲ့ သူက PDF လိုလို ဘာလိုလိုနဲ့တဲ့

အမေလုပ်တဲ့သူက PDF တွေက အဲဒီလိုလာမေးပြီး လူတွေကို လည်ပင်းဖြတ် သတ်တယ်ဆိုလို့ဆိုပြီး ကြောက်နေတာ။ PDF ဆိုတာကို ထည့် မပြောရဲဘဲ ဟိုအဖွဲ့လို့ပဲပြောရဲရှာတယ်။

ဒီ ရုပ်သံမှာ လူတွေက တပ်ထက် တရားလက်လွတ်သတ်နေတဲ့ PDF တွေကို ပိုကြောက်နေတယ်ဆိုတာ အမြင်သာကြီးပါ

တကယ့်တကယ်နယ်တွေမှာလည်း အဲဲဒီလိုဖြစ်နေကြတာ

စစ်တပ်ထက် ပဒက်နဲ့ ပသုံးလုံးလို လက်နက်မဲ့ပြည်သူကို ချောင်းပစ်၊ လာသတ်

ပြီးရင် ဘောမ ဒလန် သတင်းပေးမို့သတ်တာဆိုပြီး နာမည်ဖျက် ရှိတာအကုန်လုယက်တဲ့ PDF ပိုကြောက်နေကြတာ

Myanmar Update News 🇲🇲

08 Nov, 07:09


8.11.2024. 11

လောင်းလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ( ထွေအုပ်ရုံး)  တာဝန်ရှိသူများအတွက်ပါ
=====================

တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်လောင်းလုံမြို့နယ်၊အုပ်ချုပ်ရေးမှုး ( ထွေအုပ်ရုံး)  ကတာဝန်ရှိလူကြီးများ ကျေးရွာအုပ်ချုပ်ရေးမှုးခန့်မယ်ဆိုရင်လဲ ပြည်သူ့အသံနားထောင်အုံး၊ပုံပါ အကြမ်းဖက် PDF မှာ သဗြေရှောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးသန်းနိုင်ရဲ့သမီးဖြစ်ပါတယ်၊သားသမီးသုံးယောက်ရှိတယ်၊၃ယောက်လုံးအကြမ်းဖက် PDF အပြစ်မဲ့ပြည်သူကိုသတ်နေတာ၊သဗြေရှောင်ကျေးရွာစာသင်ကျောင်းကိုလဲသူတို့ပဲဖျက်ဆီးတာ၊ ပြည်သူ့အသံကိုနားထောင်ပြီးမှ အုပ်ချုပ်ရေးမှုးခန့်ပါ၊ကျေးရွာအတွက်၊ပြည်သူအတွက်နစ်နာတယ်၊ပြည်သူ့အသံနားမထောင်ပဲ ခန့်တယ်၊ဖြစ်တဲ့ပြဿနာကြတော့ရှင်းမပေးပဲခေါင်းရှောင်တယ်၊စစ်ဘေးရှောင်တွေအများကြီးပဲ၊ဘာတခုမှလုပ်မပေးနိုင်သေးဘူး၊လူကြီးမှားတော့ Sorry လုပ်နေပြီး နစ်နာတာကပြည်သူ၊ပြည်သူ့အသံနားထောင်ပါ၊

နောက်ဆက်တွဲ မကြာမှီမျှော်



အမဲလိုက်မုဆိုးကြီး
8.11.2024(01:25PM)
Friday

Myanmar Update News 🇲🇲

08 Nov, 06:33


8.11.2024. 6


ကျိုက်ထိုသတင်းပါ


စစ်ရေးပြင်ဆင်လာတဲ့ ABSDF


KNU တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်ထိုခရိုင်အတွင်းမှာအခြေပြုနေတဲ့ ABSDF စစ်ကြောင်း ၃ နေရာအား လွန်ခဲ့သော ၆.၁၁.၂၀၂၄ရက်နေ့ က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှ NUG. ဝရမ်းပြေးအဖွဲ့နဲ့ အဖြူကောင်တစ်ဦး ရောက်ရှိလာကြောင်းသိရပြီး၊ စစ်ရေးပြင်ဆင်ထားရန်နဲ့လိုအပ်သည့်လက်နက်ခဲယမ်းများ၊ရိက္ခာများကိုဖြည့်ဆည်းပြီး လာမည်နွေရာသီကာလမှာစစ်ရေးဖော်ဆောင်ဖို့ ဆွေးနွေးသွားတယ်လို့ PDF အတွင်းသတင်းအရသိရပါတယ်။



အမဲလိုက်မုဆိုးကြီး
8.11.2024(12:35PM)
Fri. day

Myanmar Update News 🇲🇲

08 Nov, 06:29


ယနေ့ နံနက်ပိုင်းက မှော်ဘီတပ်နယ်မှာရှိတဲ့ အမှတ်(၄) အရာခံနှင့်အကြပ်ကြီး
သင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့တဲ့ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး (အမျိုးသမီး) သင်တန်းအမှတ်စဉ်(၁၀) ဆင်းပွဲမှ ပုံရိပ်များကို ဖော်ပြပေးလိုက်ရပါတယ်... နိုင်ငံနဲ့ပြည်သူကို ကာကွယ်စောင့်ရှောက်ကြမယ့် အမျိုးကောင်းသမီး ရတနာလေးများအတွက် ဂုဏ်ယူပါတယ်....

Myanmar Update News 🇲🇲

08 Nov, 05:53


မိသားစုများကို တယောက်ချင်းစီ
မဖြေတော့ပါ...

ယခု လက်ရှိအချိန်ထိ...

#အမ်း မကျပါ

#တောင်ကုတ် ဘယ်နေရာမှ မကျပါ

သို့သော်...

နှစ်နေရာလုံးမှာ တအား ရုန်းနေရပါတယ်

ရာသီဥတု အခြေအနေကြောင့်
လေကြောင်း အကူအညီလည်း
မရနေပါ...

အင်အား အနေနဲ့ကတော့
လူချည်း သက်သက်ဆို
ဟိုဘက်က ဘယ်က ဘယ်လို
ပေါက်ဖွား ပွားများနေမှန်း မသိတဲ့ ဟာတွေနဲ့
အင်အား အဆမတန် ကွာခြားမှန်းကို
အားလုံးလည်း သိပြီး ဖြစ်မှာပါ...

လုပ်ပေးနိုင်တာ မှန်သမျှလည်း
လုပ်ပေးပြီးပါပြီ...
လုပ်ပေးနိုင်တာ မှန်သမျှလည်း
လုပ်ပေးနေကြပါတယ်...

ကိုယ့်လူတွေ အဆင်ပြေကြပါစေ
ဝိုင်းဝန်း ဆုတောင်းပေးရအောင်ပါ...

crd-Dr AMT

Myanmar Update News 🇲🇲

08 Nov, 03:30


ချန်ပီယံခါးပတ် လက်လွတ်လိုက်ရပြီဖြစ်တဲ့ ရော့ထန်။🙂

ရော့ထန် ဟာ ONE က သတ်မှတ်ထားတဲ့ ဖလိုင်းဝိတ်းအတွင်း ၁၃၅ပေါင် ဝင်ရောက်အောင် ဝိတ်ချနိုင်ခြင်း မရှိလို့ ချန်ပီယံ ရုပ်သိမ်းခံလိုက်ရပြီ ဖြစ်ပါတယ်။ 😢😢😢

Myanmar Update News 🇲🇲

08 Nov, 02:52


ယူရီးယားမြေသြဇာ ရည်ညွှန်းစျေး📈📈

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက တောင်သူတွေ အဓိကသုံးစွဲနေတဲ့ မြေသြဇာ ၄ မျိုးအတွက် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေးတွေကို သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။
ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၇,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒေသအလိုက် သယ်ယူစရိတ်တွေအပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြာင်းနိုင်ကြောင်း အသိပေးထားပါတယ်။
သတင်း - BETV Business
8.Nov.2024;Fri

Myanmar Update News 🇲🇲

08 Nov, 02:50


၈.၁၁ ၂၀၂၄
ဒီနေ့ မနက် ၅ နာရီ မှာ ကျောက်မဲ နဲ့ GSM ဖုန်း ကြည်လင် ပျက်သားစွာ ပြောဆိုနိူင်ပြီ

Myanmar Update News 🇲🇲

08 Nov, 02:49


Yangon စက်သုံးဆီဈေး
8.11.2024

92- 3030 ( -50)
95- 3210 (-80)
D - 2690 (+75)
Pd-3345 {+85)
8.Nov.2024;Fri

Myanmar Update News 🇲🇲

03 Nov, 14:07


ရန်ကုန်တက္ကသိုလ်တွင် ပထဝီဝင်ဘာသာရပ်စတင်သင်ကြားခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည် ရုပ်တုဖွင့်
NOM၊နို၀င်ဘာ၃၊၂၀၂၄

ရန်ကုန်တက္ကသိုလ်တွင် ပထဝီဝင်ဘာသာရပ်စတင်သင်ကြားခြင်းနှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည် ရုပ်တုဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းကရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန စာကြည့်တိုက်၌ ကျင်းပရာ  ပါမောက္ခ/ဌာနမှူး(ငြိမ်း)ဆရာကြီး၊ ဆရာမကြီးများကရုပ်တုအားဖွင့်လှစ်ပေးသည်။
ဆရာမကြီးသည် ၁၉၅၁ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်၍ ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန၏ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၌ တက်ကြွစွာပါဝင်ခဲ့ပြီး နိုင်ငံအကျိုးကိုထူးခြားပြောင်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့မှုများကြောင့်  နိုင်ငံတော်မှ“နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့်” ချီးမြှင့်ခြင်းခံရသည်။ ၁၉၇၇ ခုနှစ် ဇွန်လတွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဆရာမကြီးသည် မြန်မာနိုင်ငံ ပထဝီဝင်ဘာသာရပ်သင်ရိုးညွှန်း တမ်း များကို ပြုစုပျိုးထောင်ပေးခဲ့သူ၊ တိုင်းကျိုးပြည်ပြု သုတေသနပေါင်းများစွာဆောင်ရွက်ခဲ့သူ၊ မြန်မာနိုင်ငံ ပထဝီဝင်ဘာသာရပ်၏ မိခင်ကြီးဖြစ်သည်။

Myanmar Update News 🇲🇲

03 Nov, 14:06


မတ္တရာဒေသ ရန်သူ့ယာယီခြေကုတ်နေရာအား သိမ်းပိုက်ရရှိ

နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းအချိန်က မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ထိန်ပင်ဇောက်ရွာအနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် ရန်သူ့ ယာယီခြေကုတ်နေရာအား တွေ့ရှိ ရှင်းလင်းရာ ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး ရန်သူ မြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၂၀၀ ခန့်
(၄) ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၁ လုံး
(၅) လက်လုပ် Fixwing ၁ စီး
(၆) သစ်လုံးဘန်ကာ ၁ ခု
(၇) ပစ်ကျင်း ၄၁ ကျင်း
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအား ဆက်လက်ဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

Myanmar Update News 🇲🇲

03 Nov, 13:09


September 11 မိုးကြီးရေလျှံမှုနှင့် ပုံစံတူနေတယ်
november 5to 9 2024
မိုးကြီးရေလွှမ်းနစ်မြုပ်မှုတွေထပ်မံဖြစ်ပေါ်နိုင်တယ်
အထူးဂရုစိုက်ကြပါ
အထပ်ထပ်သတိပေးနေပါတယ်
ဘေးအန္တရာယ်ကင်းကြပါစေ
ISSUED TIME
03/11/2024 5:45pm(MMT)
#တိကျမှန်ကန်
Su Su San

Myanmar Update News 🇲🇲

03 Nov, 13:06


မူဆယ် 99 ကစားကွင်းမီးလောင်

Myanmar Update News 🇲🇲

03 Nov, 12:39


မြန်မာ့တပ်မတော်ရဲ့ CH-3A UAV

မြန်မာ့တပ်မတော်ဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းမှာ CH-3A UAV ၁၈ စီးကို တရုတ်နိုင်ငံက ဝယ်ယူခဲ့ပြီး ဒီအထဲက ၆ စီးကို တိုက်ရိုက်ဝယ်ယူခဲ့ကာ ကျန် ၁၂ စီးကို မြန်မာနိုင်ငံမှာပဲ တပ်ဆင်ထုတ်လုပ်ခဲ့တယ်လို့ သိရှိရပါတယ် ။

CH-3A UAV တွေဟာ ဂြိုဟ်တုကနေတဆင့်
data Iink နဲ့ ချိတ်ဆက်အသုံးပြုရပါတယ် ။ ဒုံပျံတွေအပါအဝင် အလေးချိန် ၁၆၀ ကီလိုဂရမ် သယ်ဆောင်ပြီး အကွာအဝေး ၉၆၀ ကီလိုမီတာအထိ ပျံသန်းနိုင်ကာ လေထဲမှာ ၆နာရီခန့် မရပ်မနား
ပျံသန်းနေနိုင်ပါတယ် ။

လက်နက်တပ်ဆင်မှုအနေနဲ့ အကွာအဝေး ၁၁ ကီလိုမီတာကို ပစ်ခတ်နိုင်တဲ့ AR-1 ဝေဟင်မှမြေပြင်ပစ် လေဆာပဲ့ထိန်းဒုံး တပ်ဆင်ထားပြီး ကီလိုဂရမ်
၁၀၀ ရှိတဲ့ YC-200 ပဲ့ထိန်းဗုံးလည်း တပ်ဆင်ထားပါတယ် ။

AR-1 ဒုံးနဲ့ YC-200 ဗုံး ၂ မျိုးလုံးကို မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက
ထုတ်လုပ်လျက်ရှိပါတယ် ။

Myanmar Update News 🇲🇲

03 Nov, 12:25


ငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးများ ဖြန့်ဝေသွားမည်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့ရှိ HIV ၊ တီဘီနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားနေသည့် ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်မြို့ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဆေးဝါးဖြန့်ဝေပေးမှုအတွက် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက်ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆေးဝါးများဖြန့်ချိရာတွင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်သည့်ဆေးဝါး(၃) လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတဆင့် လစဉ်ဆေးဝါး ဖြန့်‌ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

Myanmar Update News 🇲🇲

03 Nov, 11:58


မန်းရွှေစက်တော် ဘုရားကို လာရောက်ရင်း ဘေးမဲ့တောဥ ယျာဉ်ကို ဝင်ရောက်လေ့လာနိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားကြီးအား လာရောက်ဖူးမျှော်ရင်း ရွှေစက်တော်ဘေးမဲ့တောဥ ယျာဉ်ကို ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်နှင့် ရွှေသမင်များကို ကြည့်ရှုနိုင်ပြီး မွေးမြူခြင်းကို ၂၀၀၄ ခုနှစ်မှ စတင်ကာ သစ်တောဦးစီးဌာန၊ သားငှက် တိရစ္ဆာန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရွှေသမင်များကို ၂၀၁၂ ခုနှစ်တွင် နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ အထီး (၅) ကောင်၊ အမ (၇) ကောင်ဖြင့် စတင်မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Update News 🇲🇲

03 Nov, 11:57


ရွှေဘက ရွှေဘပါပဲ..

ပြည်ထောင်စုမပြိုကွဲဖို့
ထပ်မံထိန်းသိမ်းတယ်ဆိုတဲ့
ဂုဏ်ပုဒ်ကို တပ်မတော်က
ထပ်မံသိမ်းပိုက်ဦးမည်။

*အသက်သွေးချွေးပေးဆပ်ခဲ့တဲ့
တို့ဘိုးဘေးစစ်ဘုရင်တွေရဲ့ဂုဏ်ပုဒ်ကို
ပြည်ထောင်စုအားထိန်းသိမ်းခြင်းဖြင့်
စောင့်ထိန်းကြပါစို့။

*မည်သည့်နယ်ချဲ့မိစ္ဆာလူဖြူလက်ဝေခံတွေကိုရင်ဆိုင်ရပါစေ ဒင်းတို့သာ ဒို့သွေးချင်းတွေလက်အောက် စိစိညက်ညက်ကြေရပေမည်။

#TPWC

Myanmar Update News 🇲🇲

03 Nov, 11:56


ဦးစားပေး အဆင့် ရခိုင် ဖြစ်နေပြီလား
============================

            ယနေ့ 3 - 11 - 2024. ညနေ 3:30 အထိ ရရှိထားတဲ့ အမ်း စစ်မျက်နှာပြင်မှ စစ်သတင်းများကတော့ ထူးခြားမှုများ တွေ့လာရပါပြီ ။

           3-11-2024 ညနေ 3 နာခန့် အချိန်အတွင်း တပ်မတော်လေကြောင်းထိုးစစ်အဖြစ် လေယာဥ် ၁၀ စီး ဖြင့် တိုက်ခိုက်ခဲ့ပါတယ် ။ နောက်ဆုံးအကြိမ်က ၄ စင်း တပြိုင်နက် တိုက်တာပါ ။

         မိမိတပ်များ အတိုက်ခံရလို့ မဟုတ်ပါဘူး ။ AA တို့ ပုန်းအောင်ခိုလှုံနေတဲ့ နေရာများအား ထိုးစစ်အသွင်နဲ့ ချေမှုံးနေခြင်း ဖြစ်ပါတယ် ။

            အမ်းတွင် 31-10-2024 နေ့က ရောက်ရှိနေသော ခြေလျှင်တိုက်ခိုက်ရေး တပ်များမှ မြေပြင်ရှင်းလင်းရေး တိုက်ပွဲများကိုလည်း အချိန်ကိုက် တံမြက်စီးလှည်း ရှင်းလင်းနေပါပြီ ။

         ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်များနဲအတူ လက်နက်ခဲယမ်း အများအပြား ပို့ဆောင်နေပြီး မြေပြင်ထိုးစစ်အတွက် ရောက်ပြီးသော မနည်းပါးသည့် စစ်သည်အင်အားထက် နောက်ထပ် ၂ ဆ ကျော်သော စစ်သည်များသည်လည်း အင်ပြည့်အားပြည့် စိတ်သစ်လူသစ်ဖြင့် တက်ကြွရွှင်လန်းစွာ ချီတက်နေပါပြီ ။

            အမ်း ဘဒါန်း လမ်းကြောင်းအား တပ်မတော်မှ ထိမ်းချုပ်ထားသလို သတိမပေါ့ပဲ လေကြောင်းကင်းထောက် လေကြောင်းပစ်ကူ ဒရုန်းကင်းထောက် ဒရုန်းပစ်ကူ များအပြင် ကင်းတိုကင်းရှည်များနဲ့ စနစ်တကျ အမ်းသို့ ချီတက်နေကြောင်း သတင်းကောင်းရရှိပါတယ် ။

              2-11-2024 နေ့တုန်းက တပ်ချုပ်ကြီးရဲ့ ရခိုင် ခရီးစဥ်ဟာ အကြောင်းတခုကြောင့် မလာဖြစ်တော့ပဲ မြေပြင်အခြေအနေအား ဒရုန်းကင်းထောက်များရဲ့ VIDEO ဖိုင်များမှ တဆင့် ပေးပို့ အစီခံခဲ့ကြရပါတယ် ။

         အဲဒီနောက် ယနေ့ 3-11-2024 မှာ ယခုလို အနေအထားအဖြစ် စစ်ဆင်ရေး ပြုလုပ်လာခြင်း ဖြစ်ပါတယ် ။ ရှမ်းမြောက်အား ပထမဦးစားပေးအဆင့်မှ ယခု ရခိုင်အား ပထမဦးစားပေး အဆင့်သို့ ပြောင်းလဲဟန် တူပါတယ် ။

            မကြာခင် နာမည်ကျော် သူရဲကောင်းတို့ ရှိရာ နခခ ၅ ဘက်သို့လည်း တိုက်စစ်မြှားဦး ရောက်လာဖို့ အတော် နီးစပ်နေပါပြီ ။ လေကျယ် ထွန်းမြတ်နိုင်တို့ ငိုချင်းချသံလေးတွေ မကြာခင် ကြွပ်ကြွပ်ညံလာပါတော့မယ် ဗျာ ။

        ကိုရွှေမျိုးဝင်း

။        ။ စကားမစပ်ဗျာ မြေပြင်ထိုးစစ်မစနိုင်သေးဘူး စစ်ကူစစ်ကြောင်းတောင် သွားမရဘူး တို့ ၊ ရဟတ်ယာဥ်ပစ်ချခံရတာ မှန်တယ်တို့ ဆိုပြီး ဖာကျခဲ့တဲ့ ချီးအာပလာ ဘယ်ပျောက်နေလဲ ဗျ ။ မတူရင် မတုနဲ့ ချီးအာပလာရေ မျိုးဝင်းဘယ်လိုလူစားဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်က fb သမိုင်းပြန်ကြည့်အုံး ။

Myanmar Update News 🇲🇲

03 Nov, 11:51


တိန့်ရှီးကျွင်းလာတယ်၊ ဝမ်ယိလာတယ် .. ဟောအခု နစကဥက္ကဌကြီး တရုတ်ကို သွားမယ် ..
-
ဒါဟာ တရုတ်အနေနဲ့ နစကအစိုးရကို အပေါင်းလက္ခဏာဆောင်တာကို ကမ္ဘာကို ချပြခြင်းပဲ။
-
ဘင်္ဂလား၊ သီရိလင်္ကာ၊ ပါကစ္စတန်မှာ တရုတ်ယိမ်းအစိုးရတွေ ပြုတ်ကျသွားတယ်။ မြန်မာကိုလည်း CIA က သူပုန်တွေကို ထောက်ပံ့ပြီး အစိုးရကို ပုန်ကန်ခိုင်းနေတယ်။ နစကအစိုးရပြုတ်ကျရင် မြန်မာပြည် အစိပ်စိပ်အမွှာမွှာ ကွဲသွားပါလိမ့်မယ်။
-
နောက်ပြီး CIA အနေနဲ့ သူပုန်တွေကို မွေးပြီး တရုတ်ရဲ့ စီးပွားရေး plan တွေကို တိုက်ခိုက်နေတယ် .. တရုတ် အသက်ရူကြပ်လိမ့်မယ် .. ဒါကြောင့် တရုတ်အစိုးရက နစကအစိုးရကို အားကောင်းလာအောင် ထောက်ပံ့ ပေးပါလိမ့်မယ်။
-
မြန်မာ-တရုတ် အစိုးရနှစ်ရပ်တွေ့ဆုံမှုဟာ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးမှာ များစွာ အကျိုးကျေးဇူးရပါလိမ့်မယ်။
-
အဖြေကတော့ ရှင်းနေတာပါပဲ။

K

Myanmar Update News 🇲🇲

03 Nov, 11:49


မြန်မာ့ရိုးရာ နွားအလှနှင့် ဒုန်းစိုင်းပြိုင်ပွဲကို တပ်ကုန်း တန်ဆောင်တိုင်တွင် ထည့်သွင်းကျင်းပမည်

နေပြည်တော်၊ တပ်ကုန်းမြို့နယ် တန်ဆောင်တိုင်ပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ နွားအလှနှင့် ဒုန်းစိုင်းပြိုင်ပွဲ ထည့်သွင်းကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် ယင်းတန်ဆောင်တိုင် ပွဲတော်ကြီး၌ မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲ၊ ဒုန်းစိုင်းပြိုင်ပွဲ၊ MSME ဈေးရောင်းပွဲကျင်းပရေး အစီအစဉ်များကိုလည်း ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

ထိုကဲ့သို့ ပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂)ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းတို့က တန်ဆောင်တိုင်ပွဲတော်ကြီးကျင်းပရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

Myanmar Update News 🇲🇲

03 Nov, 11:48


မတ္တရာ၊ ထိန်ပင်စောက် သတင်းအဆက်

နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းအချိန်က မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ထိန်ပင် ဇောက်ရွာအနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် ရန်သူ့ ယာယီခြေကုတ်နေရာအား တွေ့ရှိ ရှင်းလင်းရာ ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး ရန်သူမြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုရှိဘဲ ရန်သူ့ထံမှ - အကြမ်းဖက် TNLA အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ လက်လုပ် Fixwing ၁ စီး၊ သစ်လုံးဘန်ကာ ၁ ခု၊ ပစ်ကျင်း ၄၁ ကျင်းတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
နိုဝင်ဘာ ၃ ရက် (ယနေ့)နေ့လည်ပိုင်း၌ အဆိုပါနေရာတွင် ဖြန့်ခွဲနေရာယူထားတဲ့ စစ်ကြောင်းအား အကြမ်းဖက် ၂၀ ခန့်က လက်နက်ကြီး/ငယ်များပစ်ခတ်ပြီး ချဉ်းကပ်လာစဉ် စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်သဖြင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ရန်သူအနောက်ဘက်သို့ ထွက်ပြေးသွားခဲ့။ ဆုတ်ခွာထွက်ပြေး ရန်သူ့ နောက်သို့ လိုက်လံရှင်းလင်းစဉ် ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) MA-3 သေနတ် ၁ လက်
(၃) ၄၀ မမ ဗုံးသီး ၁၀ လုံး
(၄) ကျည်အိမ် ၃ ခု၊ ကျည် ၁၁၅ တောင့်
(၅) အီကွေ့မန့် ၂ စုံ
(၆) ကျောပိုးအိတ် ၈ လုံး
(၇) PDF ပြောက်ကျားယူနီဖောင်း ၃ စုံ
(၈) စစ်ရေဗူး ၂ လုံး
တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ

Myanmar Update News 🇲🇲

03 Nov, 11:44


အဟက် အဟက် မာလကီးယားမဲ့ ဒရုန်းတွေလာပြီ ပြေးထားကြနော်😁

Myanmar Update News 🇲🇲

03 Nov, 11:44


၃.၁၁.၂၀၂၄ အမ်းနဲ့ တောင်ခမ်းအခြေအနေ…

ငါသည်သော်လည်းကောင်း
ငါ၏ရန်သူသည်သော်လည်းကောင်း
ချစ်သောသူတွေနဲ့ အမြန်ဆုံး ဆုံဆည်းကြရပါစေ…တဲ့။

အမ်းမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်ထဲမှာတော့ မြေပြင် ,ဝေဟင် က စစ်ကူတွေ
ရှုပ်ရှက်ခပ်လို့နေပါပီ။
ပဒန်းနဲ့အမ်း တောင်ကြားလမ်းကချီတက်လာသောတပ်တွေ ချိတ်ဆက် မိနေပေါ့။

တောင်ခမ်းလား?
ကံကြမ္မာကကိုယ့်ဖက်မှာ အလေးသာသွားပါပီ။
တပ်မတော် စစ်ကြောင်းထ်ုးစစ်တွေက နောင်ချိုမြို့ အခြေနားကိုရောက်နေပါပီ။

ထူးခြားတာက…
အမ်းနဲ့တောင်ခမ်း စစ်မြေပြင်နှစ်ခုစလုံးမှာရရှိတဲ့ သဗုန်တွေရဲ့ DB တွေထဲမှာ
အသက်(၆၀)ကျော် အရွယ်တွေ အများအပြား ပါလာနေခြင်းပါဘဲ။

ရခိုင်နဲ့ပလောင်အဖိုးကြီးတွေပေါ့ဗျာ။

တအိမ်တစ်ယောက်မဝင်မနေရ စနစ်အရ သားထောက်သမီးမြေးမြစ်ငယ်ငယ်ရွယ်ရွယ်မရှိသော
အိမ်ထောင်စုတွေက ဖြစ်ပါလိမ့်မယ်။

မိတ်ဆွေတို့တွက်ဆကြည့်လိုက်ပါ။

ဒီလို အဖိုးကြီးတွေကိုတောင် ရှေ့တန်းစစ်မြေပြင်မှာ ထုတ်သုံးနေရပီးဆိုတော့…
အီအီနဲ့လောင်ပလိဟာ မီးစာကုန်ဆီခမ်းနေတယ်။
မျိုးသုန်းတော့မယ်။

ဒီပို့စ်ရဲ့ အပေါ်ဆုံး စာပိုဒ်ဟာ တိုက်ပွဲမှာကျဆုံးသွားသော ပလောင်သဗုန်အဖိုးကြီးတစ်ယောက်ဆီက ရတဲ့ဆုတောင်းစကားလေးပါ။
သူဘယ်လောက်အထိ ဝမ်းနဲနေရှာသလဲ?

အောက်ကပုံကလဲ…
ကျဆုံးသွားသော ပလောင်သဗုန်လူငယ်လေးတစ်ယောက်ရဲ့အိပ်ကပ်ထဲက သိမ်းဆည်းရမိသော စာလေးတစ်စောင်ပါ။

ဖတ်ကြည့်လိုက်ပါ…
ကျနော်လဲ ပြည်ထောင်စုသား ရခိုင်တိုင်းရင်းသားတစ်ယောက်လေ။
သနားစရာ လူငယ်လေးတွေသာမက အဖိုးအရွယ်တွေပါ ခံစားနေကြကုန်ပီ။

ဆုတောင်းမိတယ်။
တိုင်းရင်းသားတွေထဲက စစ်သွေးကြွတွေအားလုံး ဒီစစ်ပွဲနဲ့အတူ မျိုးသုန်းပျောက်ကွယ်သွားကြပါစေ …လို့။

mat R

Myanmar Update News 🇲🇲

03 Nov, 10:18


ထန်းတပင်မြို့တွင် ရွှေဆိုင်ပိုင်ရှင်အား ဓားထောက်ပြီး ဓားပြမှု ကျူးလွန်သူကို ရဲတပ်ဖွဲ့က လက်ရ ဖမ်းဆီးရမိ

နိုဝင်ဘာ ၃

ထန်းတပင်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးအောင်လွင်ပိုင်ဆိုင်သော ဆန်းသော်တာ ရွှေဆိုင်အတွင်း ရွှေလက်စွပ် ဝယ်ယူရန်ဟု ပြောဆိုကာ ဆိုင်အတွင်း ဝင်ရောက်လာပြီး အသင့်ပါလာသော ဓားဖြင့် ထောက်၍ ဓားပြမှု ကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၇ ၅၀) အချိန်ခန့် အမျိုးသားတစ်ဦးက ရွှေလက်စွပ်ဝယ်ယူရန် ဟု ပြောဆိုသဖြင့် စာရေးဝန်ထမ်း အမျိုးသမီးက ရွှေထည် လက်စွပ်များ ထုတ်ယူပြသစဉ် အမျိုးသားက အသင့်ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင် ဦးအောင်လွင် ၏ လည်ပင်းအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ ပေးရန် ခြိမ်းခြောက်ပြောဆိုသည်။

ရွှေဆိုင်လုံခြုံရေးတာဝန်ခံ ဦးကံချွန်၊ နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ဒုရဲအုပ် ဦးဆောင်သော အဖွဲ့က ဆိုင်အတွင်း ဝင်ရောက်၍ ဓားပြတိုက်သူအား ဖမ်းဆီးခဲ့ရသည်။

ဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင် ဦးအောင်လွင်တွင် ဓားပြတ်ရှ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဓားပြမှုကျူးလွန်သူမှာ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာမှ ပြည့်စုံထွန်း ဆိုသူဖြစ်ပြီး ထန်းတပင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Myanmar Update News 🇲🇲

03 Nov, 09:23


3.11.2024. 9


မြောင်းမြခရိုင်တာဝန်ရှိအရာရှိကြီးများအတွက်ပါ

ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၊မဲကျော်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ -ပြည်ထဲရေးပေါက်တရားဝင်ရွာ ( ၇)ရွာနှင့်ပြည်ထဲရေးစာရင်းမပေါက်တရားမဝင်ရွာ ( ၅)ရွာ စုစုပေါင်း ၁၂ ရွာဖြစ်သော -

မဲကျော်ရွာ

လင်ကွင်းကြီးရွာ

တောင်သုံးလုံးရွာ

မီးဂူရွာ

ဥယျာဥ်ကုန်းရွာ

စခန်းရွာ

ဝဲဒေါင့်ရွာ


အရှေ့စုရွာ ( စာရင်းမပေါက်)

ပိုင်နင်းရွာ ( စာရင်းမပေါက်)

ရွာသစ်ကုန်းရွာ ( စာရင်းမပေါက်)

ကွင်းကလေးရွာ ( စာရင်းမပေါက်)

နံကပ်ရွာ ( စာရင်းမပေါက်)

စတဲ့ရွာ ( ၁၂)ရွာကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးစိုးသက်ပိုင်မှ ပြည်သူ့စစ်မှုထမ်းအတွက်ဟုအကြောင်းပြကာ အိမ်ထောင်စုတစ်အိမ်လျှင်ကျပ် ၁၅၀၀၀ မှကျပ်၂၀၀၀၀ထိ ကောက်ခံယူနေကြောင်း ကျေးရွာ၁၂ရွာအတွင်းမှပြည်သူ၂၂ဦးကသတင်းပေးပို့လာပါတယ်၊

ကျေးရွာ ၁၂ရွာရဲ့လူဦးရေအားတစ်ရွာလျင်ပျှမ်းမျှ အိမ်ခြေ ၁၀၀ နှင့်တွက်လျှင် အိမ်ခြေပေါင်း၁၂၀၀ ဝန်းကျင်ရှိမယ်ထင်ပါတယ်၊ယခုတပါတ်ကောက်ခံငွေမှာ တစ်အိမ်လျှင်ကျပ် ၂၀၀၀၀ ဟုသိရတာကြောင့်ကောက်ခံရယူငွေမှာကျပ်သိန်း၂၀၀ အကျော်မှာရှိကြောင်းသိရပြီး၊ပြည်သူ့စစ်မှုထမ်းတစ်ဦးသွားလျင်ကျပ်သိန်း၅၀သါထောက်ပံ့ပြီး၊ကျန်ငွေများကို စာရင်းဇယားမရှိ ကိုယ်ကျိုးအတွက်အသုံးပြုနေပြီး အပတ်စဥ်တိုင်းမိမိတို့ကျေးရွာမှကောက်ခံနေတာကြောင့် အချို့ကျေးရွာသူရွာသားများမှာ စီးပွားရေးအဆင်မပြေတာကြောင့်စိတ်ထိခိုက်နေကြသလို၊အချို့မှာဆံပင်ဖြတ်ရောင်းကာပေးဆောင်နေရတယ်လို့ ကျေးရွာသူ ၁၂ဦးကပြောပြလာပါတယ်၊

ယခုလိုကောက်ခံနေတာဟာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ်ခေါ်တိုင်းပေးဆောင်နေရသလို၊အတင်းအဓမ္မကောက်ခံနေတာကြောင့်၊စားရင်းဇယားမရှိကိုယ်ကျိုးအတွက်အသုံးပြုနေသောအုပ်ချုပ်ရေးမှုးကိုလဲ ကျေးရွာအုပ်စုအတွင်းကကျေးရွာများကအလိုမရှိတော့ကြောင်းနှင့်အုပ်ချုပ်ရေးမှုးအသစ်အစားထိုးရန်စဥ်းစားနေကြကြောင်းပြောပြလာပါတယ်၊

ကျေးရွာမီးလင်းရေးအတွက်လဲငွေကြေးများပေးသွင်းထားသော်လဲယခုထိမီတိုင်များစိုက်ထားသော်လဲမီးမလင်းသေးကြောင်း၊ကျေးရွာသူရွာသားများမှပေးသွင်းထားသောငွေကြေးများကိုပြန်လည်ရှင်းလင်းပေးပါရန်တောင်းခံသော်လဲအုပ်ချုပ်ရေးမှရှင်းလင်းမပေးပဲ KTV ၌သာအချိန်ကုန်နေကြောင်းသတင်းပေးပို့လာပါတယ်၊

နိုင်ငံရေးအနေအထားကြောင့်ပြည်သူတွေစီးပွားရေးကြပ်တည်းနေချိန်၊နိုင်ငံတော်အစိုးရရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ်အကြောင်းပြပြီးငွေကြေးကောက်ခံစားသောက်နေသော အုပ်ချုပ်ရေးမှုးအား စိစစ်အရေးယူပေးပါရန် တင်ပေးလိုက်ရပါတယ်။


ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး၊ပါဝင်ပတ်သက်သူများကိုထိရောက်စွာအရေးယူနိုင်ရေးဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း



အမဲလိုက်မုဆိုးကြီး
3.11.2024(02:18PM)
Sunday

Myanmar Update News 🇲🇲

03 Nov, 09:18


နေပြည်တော်၊ နိုဝင်ဘာ ၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၀ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၈၄၉၅၁၂၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်အပိုပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၀၄၉၅၁၂၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၁ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truk တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့ အင်းဝင်(၂)လမ်း နန်းတော်ရာ ရပ်ကွက်အနီး၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၆၀၆ တန်၊ သစ်မာ ၄ ဒသမ ၃၅၇ တန်၊ အခြားသစ် ၁ ဒသမ ၀၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၉၈၉၅)ကို သစ်တောဥပဒေအရလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၃၉၈၉၅)ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာ ၃၀ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၈၄၃၅၀၁၅)ကို သိမ်းဆည်းရမိခဲ့သည်။ ယနေ့သိမ်းဆည်းရမိမှုများတွင် လုပ်ငန်းသုံး ပစ္စည်းများ တရားမဝင် တင်သွင်းလာသည်ကိုတွေ့ရှိရပြီး ထိုကဲ့သို့ တရားမဝင်ပစ္စည်းများ တင်သွင်းလာမှုကြောင့် တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာမှုဖြစ်စေခြင်းနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

Myanmar Update News 🇲🇲

25 Oct, 13:03


ရန်ကုန်-မော်လမြိုင်သွားအမြန်လမ်းတွင် မြဝတီမှမန္တလေးသို့ပို့မည့် Starlink စက်များအားတရား ခံနှင့်အတူဖမ်းဆီးရမိ

၂၀၂၄ ၊ အောက်တိုဘာ ၂၅


Starlink များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးရှိ X-Ray စက်အား ဖြတ်သန်းကျော်လွန်လာကြောင်းသိရှိရသဖြင့် စစ်ဘက်ရေးရာလုံခြုံရေးတပ် (တပခ)၊ ခွဲ(၁)မှ အောက်တိုဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်- မန္တလေး(လမ်းဟောင်း)နှင့် အမြန်လမ်းသို့သွားရောက်သည့် ဘုရားကြီး-ဘောနတ်ကြီးလမ်းပိုင်းတို့၌ ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာအမြန်လမ်းမိုင်တိုင်အမှတ်၊ ၃၉/၀ သို့ တက်သည့်နေရာ ၌ ယာဉ်မောင်း DKBA အမှတ်(၁) နည်းဗျူဟာ၊ ခွဲ(၄)မှ ကိုယ်ပိုင်အမှတ်၊ က/၁၀၈၇ ဒုတပ်ခွဲမှူးအဆင့်ရှိ စောနိုင်နိုင်အောင်(ခ)ကိုစိုင်း(ခ)တရုတ် ၅၂ နှစ်၊ ညောင်ဦးဖီးလမ်း၊ (၃)ရပ်ကွက်၊ မြဝတီ မြို့နေထိုင်သူ မောင်းနှင်လာသည့် SURF အမျိုးအစား ယာဉ်အမှတ်၊ 7B/8828(လိုင်စင်ရှိ)အား တွေ့ရှိ ခဲ့သဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ Starlink စက်အကြီး ၈ လုံး၊ Starlink စက်အသေး ၂ လုံး၊ DKBA တံဆိပ်ပါ ၃ ပွင့် တပ်ဆင်ထားသည့် ပြောက်ကျားယူနီဖောင်း ၂ ထည်၊ DKBA တပ်ဖွဲ့ဝင် ခရီးသွားထောက် ခံချက်တစ်စောင်၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်စာအုပ်တစ်အုပ်၊ ဧရာဝတီဘဏ်စာအုပ်တစ်အုပ်နှင့် ကမ္ဘောဇဘဏ် စာအုပ်တစ်အုပ်၊ DKBA တပ်ဖွဲ့ဝင် စိစစ်ရေးကတ်ပြားတစ်ခုတို့နှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။


ဖမ်းဆီးရမိ တရားခံ စောနိုင်နိုင်အောင်အား စစ်ဆေးရရှိချက်အရ အဆိုပါ Starlink များအား မြဝတီမြို့မှမန္တလေး မြို့သို့ ပို့ဆောင်ပေးရမည့်ဖြစ်ကြောင်း သိရှိရသဖြင့် ဥပ ဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိ သည်ဟု သတင်းရရှိသည်။
#crd###

Myanmar Update News 🇲🇲

25 Oct, 12:51


https://t.me/updatenews2023

Myanmar Update News 🇲🇲

25 Oct, 12:50


ပြင်ဉီးလွင်ကို ရန်သူတွေ လာတို-က်နေပြီ။

ပြင်ဦးလွင်မြို့ခံတွေ ပြေ:နေပြီဆိုပြီး ဆိုရှယ်မီဒီယာမှာ မဟုတ်တာအဟုတ်လုပ်ပြီး အဆိုးသတင်းတွေမှာ သာယာနေတဲ့လူတွေကို ပြောချင်ပါတယ်။

ကျောက်မဲလေးအကျော် တို-က်-ပွဲဖြ-စ်တယ်ဆိုတဲ့ နေရာတွေကနေ ပြင်ဦးလွင်နာရီစင်ကို ၂၂မိုင် ဝေးပါသေးတယ်။ကားနဲ့လာရင် ၅၅မိနစ်တောင်မောင်းရပါတယ်။

အဲဒီနေရာကနေ
ပြင်ဦးလွန်မြို့အစွန်ဆုံးရပ်ကွက်မိုးကြိုးပစ်ရပ်ကွက်
နဲ့ဆိုရင်လည်း ၁၇မိုင်တောင်လှမ်းပြီး ကားနဲ့လာရင် မိနစ်၄၀လောက် မောင်းရပါသေးတယ်။

နောက်တစ်ခုက တနေ့က တပ်မတော်က သိ-မ်းလိုက်တဲ့ဂန့်ဂေါ်ဆိုတဲ့ရွာကနေ ပြင်ဦးလွင်နာရီစင်ကို ၂၃မိုင်ကွာဝေးပြီး ကားနဲ့လာရင် ၅၅မိနစ်မောင်းရပါတယ်။

အဲဒီတို-က်ပွဲဖြစ်တဲ့နေရာတွေနဲ့ ပြင်ဦးလွင်မြို့နဲ့ ကြားကရွာတွေမှာ စာသင်ကျောင်းတွေတောင်ဖွင့်ပြီး အေးအေးလူလူဖြစ်နေပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြင်ဦးလွင်မြို့ထဲမှာ ဘယ်လောက်အန္တရာယ်ကင်းပြီး Save ဖြစ်သလဲဆိုတာ မှန်းဆကြည့်ပါ။

သေချာတာကတော့ မြို့သူမြို့သားတွေ လှုပ်ရှားသွားလာမပျက်ပါဘူး။ တ-ပ်မိသားစုတွေလည်းနေမြဲပါ။

ဒါပေမဲ့ ဧည့်သည်အဝင်တော့ အနည်းငယ်ဆိုင်းသလိုလိုဖြစ်သွားတာတော့ရှိပါတယ်။

ဒါတွေကလည်း ဆူလို၊ပူလိုသတင်းတွေကို သာယာနေသော လူတစ်စုကြောင့် မဟုတ်တာတွေကို အဟုတ်လုပ်ပြီးရေးသားဖြန့်ဝေနေသော လူတစ်စုကြောင့် အများပြည်သူတွေ စိုးရိမ်ထိတ်လန့်သွားခြင်းကြောင့်ဖြစ်သွားရတာပါ။

အချုပ်ပြောရမယ်ဆိုရင် ပြင်ဦးလွင်မြို့သည် ပုံမှန်အတိုင်းရှိနေပါသည်။

ပြီးခဲ့သည့်ရက်အချို့က မြို့နဲ့မိုင်၂၀ကျော်အကွာတွေမှာ တို-က်ပွဲအချို့ဖြစ်ခဲ့ပါသည်။

သို့သော် အဆိုပါတို-က်ပွဲအချို့သည် ရ-သ-မှ ပြင်ဦးလွင်ကို လာ-ရော-က်တို-က်ခို-က်ခြင်းမဟုတ်ဘဲ မိမိတို့ တ-ပ်-မ-တော်-မှ ရ-သ-ကို ပြင်ဦးလွင်မြို့နဲ့ ဝေးသထက်ဝေးအောင် တို-က်-ထု-တ်ခဲ့သော တို-က်-ပွဲများဖြစ်ပါသည်။

##လုံးဝ(လုံးဝ) စိုးရိမ်စရာမရှိပါ##

ကိုခိုင်ဇော်

အောက်တိုဘာ(၂၅)

၂၀၂၄

Myanmar Update News 🇲🇲

25 Oct, 12:44


ဂျာမနီ Rheinmetall ကုမ္ပဏီက ယူကရိန်း သို့ Marder သံချပ်ကာတိုက်ယာဥ် ၂၀ စီးထပ်မံပေးပို့ ။
သက်တမ်းကြာ၍ အနားပေးခဲ့သည့် Marder IFV စုစုပေါင်း အစီး၂၀၀ အထိ ပြန်လည်ပြုပြင်ပေးပို့မည်ဟုဆ်ို။
ဂျာမနီအစိုးရဘတ်ဂျက်မှ အသစ်စျေးဖြင့် ဝယ်ပေးရခြင်းဖြစ်။
* ပတ်တီးရိုက်၊ ဆေးသုတ်၊ အစွံထုတ်။

Myanmar Update News 🇲🇲

25 Oct, 12:43


❝မိမိအလုပ်ရှင်အပြင် ကိုယ်နဲ့ ဘဝတူအလုပ်သမားကိုပါ သတ်သွားတဲ့ မန္တလေးမြို့က လူသတ်တရားခံ ဖမ်းမိပြီဟုဆို❞

🅼🅷🆃🄽🄴🅆🅂 《𝙊𝙘𝙩~ 𝟐𝟓》

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ‌‌ငွေကောင်းလက်ဖက်ရည်ဆိုင်၌ မိမိအလုပ်ရှင်အပြင် ကိုယ်နှင့်ဘဝတူ အလုပ်သမားတို့ကိုပါ သတ်ဖြတ်သွားသည့် လူသတ်တရားခံ အလုပ်သမားကို ယနေ့ (အောက်တိုဘာ ၂၅ ရက်) မွန်းတည့် ၁၂ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးရမိသူ လူသတ်တရားခံမှာ အသက် ၁၈ နှစ်အရွယ် မောင်ရဲပိုင်ဆိုသူဖြစ်သည်ဟု သိရပြီး ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းအလုပ်လုပ်ကိုင်ရာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားအကွက်(၉)၊ ၁၈ လမ်း၊ ၆၃/၆၄ ကြား၌ဖွင့်လှစ်ထားသည့် ငွေကောင်းလက်ဖက်ရည်ဆိုင်၌ ပိုင်ရှင်လင်မယားနှစ်ဦးနှင့် အလုပ်သမားနှစ်ဦးတို့ကို ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓါးခုတ်မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သည့် အသက် (၃၈)နှစ်အရွယ် ဒေါ်မန်းစုံနှင့် အသက် (၁၈) နှစ်အရွယ် အလုပ်သမား မောင်နောင်နောင်တို့မှာ သေဆုံးသွားခဲ့ပြီး ဒေါ်မန်းစုံ၏ အမျိုးသား အသက်(၃၅) နှစ်အရွယ်ရှိ ဦးခိုင်ဇော်ဦးမှာ ဘယ်ဘက်ညှပ်ရိုး ပြတ်ရှဒဏ်ရာနှင့် အသက်(၁၅) နှစ်အရွယ်ရှိ မောင်ပြည့်စုံအောင်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (စိုးရိမ်ရ) တို့ရခဲ့ကြသည်ဟုဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လူသတ်တရားခံဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မောင်ရဲပိုင်ဆိုသူကို မန္တလေးဘူတာကြီးအနီး တည်းခိုခန်းမှ ဖမ်းဆီးရမိခဲ့ပြီးနောက် လက်ရှိတွင် အရေးယူနိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ရန် အောင်မြေသာစံမြို့နယ်၊ အမှတ် (၁) နယ်မြေရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
#crd.mht
25.oct.2024.fri

Myanmar Update News 🇲🇲

25 Oct, 12:37


BREAKING   NEWs

  လားရှိုးခွင်   မယ်ဟန်ဂိတ်နှင့်  ရွှေမြင်း နှစ်ကောင်  ဓါတ်ခဲစက်ရုံ အား
၁၃၂၀  နာရီမှာ  လေနတ်သားတွေက  မမှတ်မိဘဲ နေမှာစိုးရိမ်လို့ ထင်ပါရဲ့ဗျာ

           ၂ ကြိမ်တောင်မှ   ဝရဇိန်တံဆိပ်  ပေါင်မုန့်တွေ  အမုန်းကြွေး
ခဲ့လို့     မနန္ဒာအေး  တို့အဖွဲ့တွေ  ၁၅၀ နဲ့အထက်    ဘုရားသခင်ထံကောက်ညှင်းပေါင်းစားကြွသွားကြပါတယ်    ဒါဏ်ရာရသူများကိုလည်း  ဆွဲထုတ်နေပါတယ်

             ဖြစ်စဥ္နေရာကို  ဗီဒီယိုမရိုက်ရ  ဓါတ်ပုံမရိုက်ရပါဘူး
လမ်းတွေကိုလည်း  ပိတ်ဆို့ထားကြ
ပါတယ်       အတော်သွေးပျက်ကြမှာတော့  အမှန်ပါဘဲခင်ဗျာ

            တောင်ခမ်းခွင်    ၃၅၄ တပ်ကို  ဝင်လုံးဖို့ ကြိုးစားတဲ့ တင်နီလာအေးတို့ကတော့    ညနေ  ၄ နာရီမှာ
နောက်ကြောင်းပြန်ဆုတ်သွားကြရပါတယ်   ရည်ရွယ်ချက်က  1027
Operations နှစ်ပါတ်လည်အကြို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့   တပ်ကို သိမ်းပိုက်ဖို့ပါဘဲ   ခုတော့   ဒါဏ်ရာရသူများ   DB များကို  ဆွဲပြီး  ထမ်း
ပြေးသွားကြလေရဲ့

           ၂၇ ရက်နေ့ကိုတော့    အထွေထွေ  ထိုးစစ် မဖြစ်မနေ စတင်မယ်ဆိုတာကို   ကြိုတင်သတင်းရရှိထားပြီးသားပါ   ကရင်ပြည်နယ်  ရှမ်းပြည်နယ်  ရခိုင်ပြည်နယ်ဘက်နဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း    အရူးထနေတဲ့  လာမဲ့ ၂၇   ရက်နေ့ကို  သတိထားစောင့်
ကြည့်ကြတာပေါ့ခင်ဗျာ

          ပဒက်တွေက   လမ်းကြောင်းမှားပြီး   ပြင်ဦးလွင်နယ်မြေ   မိုးကြိုးပစ်နဲ့  ၅ မိုင်အကွာ  နေရာအထိရောက်ရှိလာလို့  တပ်မတော် လှုပ်ရှားစစ်ကြောင်းကနေ  လိုက်လံရှင်းလင်းနေပါတယ်   မပေါ့ဆသင့်ပါဘူးခင်ဗျာ

စစ်သတင်းတွေ  ဆက်စောင့်ကြည့်ကြတာပေါ့

ခြေလျင်စစ်သည်    ဗိုလ်စော
၂၀၂၄     အောက်   ၂၅    ၁၆၅၅

SOURCE# MAJOR သော်/ ဗိုလ်စံ

Myanmar Update News 🇲🇲

25 Oct, 11:34


❝မြောင်းထဲဆင်းပြီး ပလုံကောက်နေတဲ့ ဇနီးဖြစ်သူ ဓာတ်လိုက်နေလို့ ဆင်းကယ်တဲ့ ခင်ပွန်းဖြစ်သူ ဓာတ်လိုက်သေဆုံး❞

🅼🅷🆃🄽🄴🅆🅂 《𝙊𝙘𝙩~ 𝟐𝟓》

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရေမြောင်းထဲဆင်းပြီး ပလုံကောက်သည့် ဇနီးဖြစ်သူ ဓာတ်လိုက်နေခြင်းကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူအမျိုးသားက ဆင်းကယ်ရာမှ ၎င်းအမျိုးသား ဓာတ်လိုက်သေဆုံးသွားခဲ့သည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းရှိ ရေမြောင်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းရေမြောင်းအတွင်းသို့ ဓာတ်ကြိုးလျော့ကျနေသည်ကိုမသိဘဲ ပလုံဆင်းကောက်ကြရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဖြစ်စဥ်ကြောင့် သေဆုံးသွားသူ အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ဇနီးဖြစ်သူနှင့်အတူ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်းနှင့် သေဆုံးသူ၏ရုပ်အလောင်းအား အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသလို ကျန်ရစ်သူများအတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က အလှူငွေ ၂ သိန်းကျပ် လှူဒါန်းပေးခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Update News 🇲🇲

25 Oct, 11:32


မိုင်းဖုန်းဆရာတော် တည်ထားသည့် စေတီ စိန်ဖူးတော်ခိုးယူခံရ၊ ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးခံရ

မိုင်းဖုန်းဆရာတော် အရှင်ညာဏသံဝရ တည်ထားသည့် ဓာတ်တော်စေတီမှ စိန်ဖူးတော်ခိုးယူခံရသည့်အပြင် ထီးတော်အပါအဝင် ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးခံရကြောင်း ဆရာတော်၏ တပည့်ဒါယကာတစ်ဦးဖြစ်သူက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ အောက်တိုဘာ (၂၄)ရက် က မျှဝေထားသည်ကို တွေ့ရသည်။

အဆိုပါ ဓာတ်တော်စေတီတော်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာ၌ တည်ထားကိုးကွယ်ထားခြင်းဖြစ်ပြီး၊ စေတီတော်၏ ထီးတော်နှင့် ဘုရားဆင်းတုတော်များ၏ ဦးခေါင်းတော်များကိုလည်း ဖျက်ဆီးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းဖုန်းဆရာတော်က စိတ်မကောင်းဖြစ်ရကြောင်း ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားရန်နှင့် ပျက်စီးသွားသော စေတီနှင့် ဆင်းတုတော်များကို ပြန်လည်ပြုပြင်သွားရန်မိန့်ကြားထားကြောင်း သိရသည်။

ဓာတ်ပုံ- Sai Lah Wp

Myanmar Update News 🇲🇲

25 Oct, 10:06


မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယ ဆွမ်းသပိတ်အလုံး (၅၀၀) လောင်းလှု

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယဆွမ်းသပိတ်အလုံး(၅၀၀) လောင်းလှူပွဲကို ယနေ့ အောက်တိုဘာလ (၂၅) ရက် ၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

"အရင် ကိုဗစ်ဖြစ်ကတည်းက ဘုရားကြီးပွဲမကျင်းပဘဲ အကျဉ်းချုံး ကျင်းပလာရာက အခုနှစ်မှာ သံဃာအပါး (၅၀၀) ပင့်ပြီး ဆွမ်းလောင်းနိုင်ခဲ့ပါတယ်။ ဆုတောင်းပြည့်ဘုရားဝန်းကျင် ဘုန်းတော်ကြီးကျောင်းနဲ့ မုံရွာမြို့ပေါ်ကျောင်းတွေက သံဃာအပါး (၅၀၀) ကို ဆွမ်းသပိတ်လောင်းလှုတာပါ"ဟု ဆုတောင်းပြည့်ဘုရား ဂေါပကတစ်ဦးကပြောသည်။

ဆုတောင်းပြည့်ဘုရားဝန်းကျင်မှ (၈) ကျောင်းမှသံဃာကုန်အပါအဝင် မုံရွာမြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၇၇) ကျောင်းမှ သံဃာအပါး (၅၀၀)ကို တိုက်သပိတ်၊သံသပိတ်အလုံး (၅၀၀) ကပ်လှူခဲ့ခြင်းဖြစ်သည်။

Myanmar Update News 🇲🇲

25 Oct, 10:02


ငါးကြီးအိမ်မက်မက်နေတဲ့ မမဒြာတို့အဖွဲ့...

ကျွန်တော် တစ်ခါရေးဖူးပါတယ် အကြမ်းဖက် MNDAA အဖွဲ့ရဲ့အဖြစ်ဟာ တစ်ဖက်ကဒူးရင်းသီးစားပြီး တခြားတစ်ဖက်ကတိုက်တဲ့ ကိုကာကိုလာသောက်ထားပြီးတဲ့ အခြေအနေပါ... တရုတ်ကြီးဖက်ကလည်း MNDAA အဖွဲ့ အမေရိကန်နဲ့ပေါင်းကြံတာ စုံစမ်းမိသွားတော့ နယ်စပ်ဂိတ်တွေပိတ်၊ ဖိအားတွေပေး... အမေရိကန်ကလည်း ဒေါ်လာတွေစုပုံပေးထားတဲ့အတွက် တရုတ်ကြီးကိုတဖက်လှည့်နဲ့ ပြန်မပြောနားမထောင်အကွက်သုံးခိုင်း... တပ်မတော်ကလည်း လားရှိုးမှာဆက်နေလို့မရအောင် လေယာဥ်ချီးကြွေး မကြိုက်လည်းစားနေရတဲ့အဖြစ်... အဲတော့ MNDAA အဖွဲ့အနေနဲ့ လက်လွှတ်သင့်တာကိုလွှတ်ပြီး အေးချမ်းတဲ့ဒေသမှာ မြန်မာ နိုင်ငံတော်အလံကို အလေးပြုရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သင့်တယ်... မဟုတ်ရင်တော့ တစတစအမျိုးပြုတ်ပြီး နေ့ကူးမကောင်းနိုင်ပါဘူး... အခုတောင် ဆေးကုသမှုခံနေရပါပြီ... ဒါကြောင့် အချိန်မနှောင်းခင် စဥ်းစားဖို့လိုအပ်ပါတယ်.....

#ဦးဦးပိုင်ဦး

Myanmar Update News 🇲🇲

25 Oct, 09:18


.

☯️


Robo Taxi တွေပြသအပြီးမှာ လူမကြိုက်ကြလို့ Tesla ရှယ်ယာဈေးနှုံးပြုတ်ကျသွားတာမှာ Musk အနေနဲ့ ပိုင်ဆိုင်မှု့ $ 22 billion တရက်ထဲ လျော့နည်းသွားခဲ့တယ်၊

ဒါပေမဲ့ အခြား Tesla မော်တော်ကားထုတ်လုပ်မှုမှာ ရည်မှန်းချက်ကိုကျော်လွန်ပြန်တဲ့အတွက် Tesla ရှယ်ယာဈေးနှုံးပြန်အတက်မှာ Musk ရဲ့ပိုင်ဆိုင်မှုက တရက်ထဲ $ 33.5 billion တိုးပွားခဲ့ပြန်လို့ လက်ရှိအချိန်မှာ Musk ဟာ $ 270 billion နဲ့ ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေဆဲပါပဲ၊

ကျွမ်းကျင်သူတွေခန့်မှန်းချက်အရ Musk ဟာ ကမ္ဘာမှာ ပထမဦးဆုံးသော Trillionaire ဖြစ်လိမ့်မယ်လို့ဆိုထားပါတယ်၊

( တကယ်ချမ်းသာတယ်ဆိုတာ % များများတက်မဲ့ Stock ကိုဝယ်ထားနိုင်တာပဲဆိုတာ မြန်မာတွေသိအောင်ရေးပြနေခြင်းသာဖြစ်ပါတယ်၊)

ဒါပေမဲ့ ဒီနေရာမှာ လှည့်ကွက်တခုကိုမြင်နိုင်ကြလိမ့်မယ်လို့ ယူဆရပါတယ်။


BaMg ☯️

.

Myanmar Update News 🇲🇲

25 Oct, 09:14


အလည်အပတ် PV ပတ်စပို့စ်နဲ့ အလုပ်လုပ်ကိုင်သူတွေကို PJ အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့စ်တွေ ပြောင်းလဲပေးသွားမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်

၂၅.၁ဝ.၂ဝ၂၄
Written by K Pyay Thein

အလည်အပတ် PV ပတ်စပို့စ်နဲ့ အလုပ်လုပ်ကိုင်သူတွေကို PJ အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့စ်တွေ ပြောင်းလဲပေးသွားမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိစင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်ကတော့ တရားဝင် ဝင်ငွေခွန်ဆောင်ထားပြီးသူတွေနဲ့ သတ်မှတ်အထောက် အထားတွေပြည့်စုံသူတွေကို PV နိုင်ငံကူးလက်မှတ်ပတ်စပို့စ်ကနေ PJ နိုင်ငံကူးလက်မှတ်တွေကို ပတ်စပို့စ်သက်တမ်းကုန်ဆုံးရက် ၁၄ လအတွင်း ပြောင်းပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် PV က PJ ပတ်စပို့စ်ပြောင်းလဲပြီးသူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြန်လိုသူတွေနဲ့ နာရေးကိစ္စရပ်တွေကြောင့် ခွင့်ပြန်လိုသူတွေကိုလည်း စင်ကာပူရှိ မြန်မာသံရုံးအနေနဲ့ အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

Myanmar Update News 🇲🇲

25 Oct, 09:08


မိုင်းရဲ့ ဆိုးကျိုးသက်ရောက်မှုက ဘာလဲ

အောက်တိုဘာ ၊ ၂၅

မိုင်းကြောင့် ဆိုးရွားပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ လူမှုစီးပွားအခြေအနေပေါ်မှာလည်း သက်ရောက်မှုဖြစ်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုအနေနဲ့ အသက်သေဆုံးရတာ၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်စေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုအနေနဲ့ကတော့ ကြောက်လန့်တာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ လုံခြုံမှုမရှိသလို ခံစားရတာ၊ အပြစ်မကင်း တာဝန်မကျေသလို ခံစားရတာ၊ စိတ်ဓာတ်ကျတာတွေအပြင် တခြားရေရှည်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

လူမှုစီးပွားရေးအပေါ် သက်ရောက်မှုတွေကတော့ စိုက်ပျိုးမြေတွေ ဆုံးရှုံးရတာ ၊ စားဝတ်နေရေးခက်ခဲတာ၊ မွေးမြူထားတဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဆုံးရှုံးရတာတွေကြောင့် မိသားစုဝင်ငွေထိခိုက်မှုသာမက အသက်မွေးဝမ်းကြောင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။

Myanmar Update News 🇲🇲

25 Oct, 08:59


ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေးနှင့်ပတ်သက်၍ ဂျာမနီ နန်းရင်းဝန် Schloz က ဖြေကြားရာတွင် " စစ်မက်ဖြစ်ပွားနေသော နိုင်ငံများကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံကြောင်း ဖွဲ့စည်းပုံစာချုပ်တွင်ပါဝင်ကာ သိသာထင်ရှားပြီးဖြစ်သဖြင့် စဥ်းစားစရာမလိုပါ " ဟုဆို။

* ကြိုးရှည်ရှည်နဲ့လှန်ထား။
* လူမိုက်မွေးတာ သမီးနဲ့ပေးစားဖို့မဟုတ်။

Myanmar Update News 🇲🇲

25 Oct, 08:57


အောက်တိုဘာ၂၅

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက အခြေခံပညာအ လယ်တန်းကျောင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းကို ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) နံနက် (၁၁)နာရီခွဲဝန်းကျင်အချိန်က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ Drop Bomb များဖြင့် တိုက် ခိုက်ခဲ့ရာ ဆရာမတစ်ဦး အပါအဝင် ကျောင်းသား ကျောင်းသူ (၃)ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦး စုစုပေါင်း (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများ နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Update News 🇲🇲

25 Oct, 08:09


ဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)သတင်း အမှတ်စဉ်(၁၃/၂၀၂၄)
---------------------------------------------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်
=========================================
၁။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island) တို့အကြား ဒမ်မရာမြို့(Dhamara)အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”(DANA)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် ကုန်းတွင်းပိုင်းဒေသများသို့ရောက်ရှိခဲ့ကာ၊ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”(DANA)အဖြစ်သို့ အားလျော့ သွားခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)သည် အနောက်မြောက်ဘက်သို့ရွေ့လျား နိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါ သည်။”
၂။ ယခုသတင်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Myanmar Update News 🇲🇲

25 Oct, 08:08


အီလွန်မတ်စ် သည် ၂၀၂၂ မှစတင်၍ ရုရှားသမ္မတ ပူတင်နှင့် တိတ်တဆိတ် အဆက်အသွယ်ရှိနေသည်ဟု အမေရိကန် ဒီမိုကရက်ပါတီပါးစပ်ပေါက် Wall Street Journal ကရေးသားစွပ်စွဲ။

* မီဒီညာလှိမ့်ကွက် ခြောက်ကွက်များ။

Myanmar Update News 🇲🇲

25 Oct, 08:08


တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့ရှိ အမေရိကန်စစ်တပ် သိုလှောင်ရုံများ မီးလောင်ကျွမ်းမှုဖြစ်ပွား။

Myanmar Update News 🇲🇲

22 Oct, 15:07


တောင်ငူမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေး

နေပြည်တော် အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချ လေ့ကျင့်ရေးဆောင်ရွက်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးသည်။ ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ကြပြီး သင်တန်းသားများအား အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Myanmar Update News 🇲🇲

22 Oct, 15:06


ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အချို့ ရေနစ်မြုပ်၍ ရေသန့်နှင့် စားစရာများလိုအပ်နေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ၂၄ရပ်ကွက်၊ အင်းပေါက်စုအပါအဝင် ရပ်ကွက်အချို့မှာ ရေဝင်နစ်မြုပ်နေတာကြောင့်  ရေသန့်နဲ့ စားစရာတွေလိုအပ်နေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News

Myanmar Update News 🇲🇲

22 Oct, 15:00


အင်းလေးကန် ရေရှည်သန့်ရှင်းသာယာလှပရေး ကျွန်းမျှောများ၊ အမှိုက်သရိုက်များနှင့် ဒိုက်များကို အမြန်ဆုံး ရှင်းလင်းရန် ပြည်နယ်ဝန်ကြီးချုပ် မှာကြား

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေရှည်သန့်ရှင်းသာယာလှပရေး ရေကြီးရေလျှံမှုကြောင့် မျောပါနေသည့် ကျွန်းမျှောများ၊ အမှိုက်သရိုက်များနှင့် ဒိုက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က မှာကြားလိုက်သည်။

ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည့် အင်းလေးကန်ရေရှည် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန် ကြီးချုပ်က မှာကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဒေသ ရေရရှိရေး၊ လျှပ်စစ်မီး ပြန်လည်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပုံမှန်အတိုင်း အ ဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားရန်နှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် အင်းလေးကန်အတွင်း မျှောပါနေသည့် ကျွန်းမျှောများ ဆယ်ယူရေး အမှိုက်သရိုက်များနှင့် ဒိုက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အင်းလေးကန်ရေရှည် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဒေသအတွင်း သောက်ရေနှင့် သုံးရေလိုအပ်ချက်အတွက် အသုံးပြုနိုင်ရန် ကျပ်သိန်း (၁၀၀)ကို ပေးအပ်လှူဒါန်းရာ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း (ရေကြည်ရေကောင်း ရရှိရေးအဖွဲ့)မှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ရေကြီးရေလျှံမှုများကြုံတွေ့ခဲ့ရသည့် ညောင်ရွှေမြို့နယ်အတွင်းရှိ မြေထိန်းနံရံနိမ့်ဆင်းသွားသည့် ဖောင်တော်ဆိပ်မြေထိန်းနံရံ ပြန်လည်ပြုပြင်ရေး၊ ညောင်ရွှေမြို့ မင်္ဂလာဈေး ပြန်လည်ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးအနီး ပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း ရေစီးရေလာ ကော င်းမွန်အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့ပြင် ညောင်ရွှေမြို့အဝင်ရှိ သာစည်ကန်နှင့် နဒီကန်တွင် တောင်တူးစက်ဖြင့် သဲနှုန်းများ ပြန်လည် တူးဖော်ဆယ်ထုတ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

Myanmar Update News 🇲🇲

22 Oct, 14:58


Oct 22

မနေ့ညက လေယာဉ်နဲ့ ဗုံးကြဲတာ MNDAAတွေ သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ကား၅စီးနဲ့ သယ်ထုတ်ရတယ်လို့သိရတယ်။

Myanmar Update News 🇲🇲

22 Oct, 14:58


နေပြည်တော်၊MICC-1  ၌ ကျင်းပသော (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်  တက်ရောက်ဖွင့်လှစ်ခဲ့သည်။

#crd.pm

Myanmar Update News 🇲🇲

22 Oct, 14:46


ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ

၂၀၂၄/အောက်တိုဘာ(၂၂)ရက်
                 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အဏ္ဏဝါသီရိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့သည်။ 
crd###

Myanmar Update News 🇲🇲

22 Oct, 14:44


စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယု၏ အငယ်ဆုံးသား ဗြိတိန်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ

စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယု၏ အငယ်ဆုံး သား ဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်း၏ ညီဖြစ်သူ လီရှန်ယန်းက သူသည် ဗြိတိန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ရရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က ပြောကြားခဲ့သည်။

လီရှန်ယန်းက သူသည် စင်ကာပူတွင် နှိပ်စက်ခံရမည့်အရေးမှ ရှောင်ရှားနိုင်ရန် ဗြိတိန်အစိုးရက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။လီရှန်လွန်းနှင့် လီရှန်ယန်းတို့သည် ခေတ်သစ် စင်ကာပူနိုင်ငံကိုထူထောင်သည့် လီကွန်ယု၏ သားများဖြစ်သည်။ညီအစ်ကိုနှစ်ဦးသည် ကွန်လွန်သူဖခင်ကြီး လီကွမ်ယု၏ အမွေဆိုင်အိမ်နှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ်ကတည်းက လူသိရှင်ကြား စိတ်ဝမ်းကွဲခဲ့ပြီး လီရှန်ယန်းက စင်ကာပူအစိုးရသည် ၎င်း၏ဇနီးသည်နှင့် သားဖြစ်သူအပါအဝင် ၎င်းတို့မိသားစုကို ဖိနှိပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ထို့ပြင် လီရှန်ယန်းနှင့် ယခုလအစောပိုင်းက ကွယ်လွန်သွားခဲ့သည့် အစ်မဖြစ်သူ လီဝေလျင်တို့က အစ်ကိုအကြီးဆုံးဖြစ်သည့် လီရှန်လွန်းသည် ဖခင်ဖြစ်သူ၏ အမွေဆိုင်အိမ်ကို ဖြိုဖျက်မည့် ၎င်းတို့၏ ဆန္ဒကို အာဏာအလွဲသုံးပြီး တားဆီးခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။လီရှန်ယန်းက သူ့အတွက် နောက်ဆုံးအားကိုးရာတစ်ခုအဖြစ် ၂၀၂၂ ခုနှစ်တွင် ဗြိတိန်၌ နိုင်ငံရေးခိုလှုံခွင့်တောင်ခံခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က Facebook တွင် ရေးသားဖော်ပြခဲ့သည်။စင်ကာပူအစိုးရသည် ၎င်းအား ထိုးနှက်ခဲ့သည့် မှတ်တမ်းများ လူသိရှင်ကြားရှိခဲ့ကြောင်း၊ ၎င်း၏ သားဖြစ်သူနှင့် ဇနီးသည်ကိုလည်း ဖိနှိပ်မှုများရှိခဲ့ကြောင်းနှင့် စင်ကာပူကိုဘေးကင်းလုံခြုံစွာမပြန်နိုင်သည့်အတွက် ဗြိတိန်အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း လီရှန်ယန်းက ရေးသားခဲ့သည်။

ထို့ပြင် သူသည် စင်ကာပူနိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် တစ်နေ့နေ့တွင် စင်ကာပူသို့ ဘေးကင်းစွာ ပြန်လည်နေထိုင်ခွင့်ရရှိရန်လည် မျှော်လင့်ထားကြောင်း လီရှန်ယန်းက Facebook တွင် ရေးသားခဲ့သည်။

Myanmar Update News 🇲🇲

22 Oct, 14:36


.

☯️

( သတိ အကြီးကြီးထားသင့်တယ် )

.

🔱လူတစ်ယောက် ဘာကြောင့်
ကံညံ့ သွားတတ်သလဲ ⁉️

၁။ ကံကြီးထိုက်နေသူနဲ့ပေါင်းမိတာ🚫

ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို
ပြစ်မှားမိထားသူတွေဟာ မတောင်းပန်မချင်း တစ်ဘဝစာ ⛔️ကံ Block
ဖြစ်နေတတ်ပါတယ်။ ❌

သူလုပ်လိုက်မှ ပျက်တာ၊
သူ ပါလာမှ လွဲကုန်တာ၊ ဝင်ငွေမရှိ
အလုပ်မရ ညှင်းသိုးသိုးနဲ့
block ဖြစ်နေတတ်တယ်။ ⛔️

အဲ့ဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်မိတာ
ပဲဖြစ်ဖြစ် ကိုယ့်အခန်း ၊
ကိုယ့်အိမ်မှာ လာနေတာပဲဖြစ်ဖြစ်
သူ့ကိုပေးချင်ကျွေးချင်လို့
ရည်ရွယ်မိတာပဲဖြစ်ဖြစ်
အဆင်မပြေဖြစ်လာတတ်တယ်။ 🚫

⚠️ကံကူးတဲ့ သဘော ပါ။⚠️

ကံတူလာတဲ့အခါ အကျိူးပေးတွေ
💯တူလာတတ်ပါတယ်။✅

၂။ သူများထိခိုက်နစ်နာမှုကို
  ဝမ်းမြောက်ဝမ်းသာဖြစ်တာ📛

သူများကျရှုံးမှု ၊ ထိခိုက်နစ်နာမှုကို
မသိစိတ်က ဝမ်းသာမိတဲ့အခါ
အဲ့ဒီကံရဲ့ reflection အဖြစ် ကိုယ့်ဆီ တိတိကျကျ ပြန်ရောက်လာပြီး
ကံ့ညံ့လာစေပါတယ်။ 💯‼️

၃။ ⚠️သူများငွေ၊ ပစ္စည်းဥစ္စာကို
    မတရားယူမိတာ🆘

တခါတလေ ဒီလောက်နဲ့တော့
ဘာမှမဖြစ်ပါဘူးဆိုပြီး
သူများငွေ ၊သူများအကျပ်အတည်းကို
အခွင့်ကောင်း ယူမိတာတွေ၊

⭕️အမြတ်ကြီးစားမိတာတွေ၊
သူ မသိလောက်ပါဘူးဆိုပြီး
လုပ်မိတာတွေဟာ ကိုယ့်ရဲ့
ရောက်လာမယ့်
ကံကောင်းခြင်းတွေကိုပါ
ဖယ်ရှားပစ်လိုက်ပြီး
နှစ်ဆပြန်ပေးဆပ်နေ
ရတတ်ပါတယ်။ 💯✅

၄။ သူတပါး အခွင့်အလမ်း၊ အလုပ်၊ လာဘ်လာဘကို ပိတ်ပင်တားဆီးမိတာ⛔️

💢သူတပါး မျှော်လင့်ချက်ကို
ဖျက်ဆီးမိ၊
ကိုယ့်အလုပ်သမားရဲ့ လုပ်အားခ
ကို နှိမ်မိ၊
သူများရမယ့်အခွင့်အလမ်း
အလုပ်ကို ကိုယ်ကကြားကနေ
ဘာရယ်မဟုတ် ပုတ်ခတ်ဖျက်
စီးမိတဲ့အခါ ကိုယ့်လုပ်ငန်းတွေ
ရပ်ဆိုင်းကြန့်ကြာနေရတတ်ပါတယ်။ ⚠️

💢သူတပါးကိုနင်းပြီး လုပြီး
ရလာတဲ့နေရာဟာဘယ်တော့မှ
မြဲ တဲ့ ထုံးစံမ ရှိ ပါဘူး💯✅

၅။ သူတပါးအပေါ်
  🔱မကောင်းမြင်၊မနာလိုစိတ်များနေတာ

တခါတလေ ကိုယ့်ဟာကိုယ်
နေနေပေမယ့် ဘေးကလူတွေရဲ့
အတင်းစကားတွေကြား လိုက်ရုံနဲ့
အဲ့ဒီလူကို ကိုယ်ပါ အမုန်းစိတ်တွေ
ဖြစ်ပေါ်လာတာမျိုးရှိတတ်တယ် ။🚷

ပြီးတော့ လူတကာအပေါ်
မကောင်းမြင်စိတ်
negative များနေတဲ့အခါ စိတ်
တွေ အုံ့မှိုင်းလာပြီး
ကံ့ညံ့လာတတ်ပါတယ်။❌

မရှိလို့ လူတွေကို ညစ်တွန်းတွန်းလေ
ကံညံ့လေလေဘဲ။‼️✅

၆။ ကိုယ့်အပေါ် စေတနာ-မေတ္တာ မှန်သူကို      #ပစ်မှားမိတာ💔

⚠️ဒါက မိဘဆရာ၊
အလုပ်ရှင် မှ မဟုတ်ဘူး။

❌လင်မယား ၊ ချစ်သူကြား၊
သူငယ်ချင်းမိတ်ဆွေကြား လည်း
အဲ့လိုပဲ ကိုယ့်အပေါ် မေတ္တာ ၊
စေတနာမှန်သူကို ပြစ်မှား
စော်ကား ခံစားရစေ
မျက်ရည်ကျရစေတဲ့အခါ
ဘဝဟာ မပြောင်ရောင်တော့ပါ။💔

💢ကြုံလာသမျှကအတုတွေနဲ့ကြီးပဲ
ရင်ဆိုင် ရတတ်ပါတယ်😌

⚠️နောက်တစ်ခု သတိပေးချင်တာက
စတေနာ-မတ်ေတာထားသူကို
ပြစ်မှားမိသူတွေဟာ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ
ကျန်းမာရေး ချိူ့တဲ့ပြီး
ကံညံ့တတ်ပါတယ်။💯‼️

၇။ သူတပါးကို
   #နာမည်ဖျက်အပုတ်ချမိတာ🚫

မကောင်းသတင်း မဟုတ်မမှန်
အပုပ်ချမိတဲ့သူတွေဟာ
အမြဲ လာဘ်ပိတ်ပြီး ခန္ဓာကိုယ်
ဖျော့တော့ ညိုးနွမ်း
အရောင်မှိန်နေတတ်ပါတယ်။ 😌

၈။ ပစ္စည်းထားသိုမှု၊
   #နေထိုင်မှုမှားယွင်းတာ❌

မိမိခေါင်းရင်းမှာ
ခြေအိတ်တွေ အောက်ပိုင်းပစ္စည်းတွေ
မသန့်စင်တဲ့အရာတွေ ထားမိတာမျိူး မျက်နှာသုတ်ပုဝါကိုအောက်ပိုင်း
တွေသုတ်၊ ခြေနင်းဖတ်မှာထားမိတာမျိုး

မိမိအဝတ်အစားကို အိုးပူကိုင်၊
ကြမ်းတိုက် တာတွေလုပ်မိတာ။ 😰

မိမိကို ထမင်းကျွေးနေတဲ့
လုပ်ငန်းသုံးပစ္စည်း ၊ စာရွက်စာတမ်း
စတာတွေကို မရိုသေတာ
အောက်ချထားတာ။ ☹️

အိမ်အဝင်ဝ၊ ဆိုင်အဝင်ဝကို
ကြောပေးထိုင်နေတာ 🫣

၉။ 🛑အတိတ်နိမိတ်၊ ပါးစပ်က အမြဲ     #ညည်းတွားမိတာ😰

တခါတလေ အကျင့်ပါပြီး
နိမိတ်မရှိတာတွေ ပိုက်ဆံမရှိတဲ့စကားတွေ ညည်းတွားတာတွေကို
ပြောမိကြပါတယ်။⚠️💯

အချိန် စက္ကန့် မိနစ်တွေမှာ
နက္ခတ်မိတဲ့အချိန်တွေ ရှိတာမို့
အဲ့လိုအချိန်တွေနဲ့
ကိုယ့်နူတ်ထွက်ချိန်နဲ့ ကွက်တိ
ကျတဲ့အခါ အမှန်ဖြစ်လာ
တတ်ပါတယ်။

#Credit


BaMg ☯️


.

Myanmar Update News 🇲🇲

22 Oct, 14:34


* နေ့တိုင်းဖတ်ရန် *
(၁) ပြုံးပါ။
(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။
(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။
(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။
(၅) မိမိ အမှားကို လျှင်လျှင်မြန်မြန်
လေးလေးနက်နက် ၀နျခံပါ။
(၆) ချိုချို သာသာနှင့် စကား စ ပြောပါ။
(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။
(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။ ( ဂရုတစိုက်နှင့် နားထောင်ပါ )
(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။
(၁၀) ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။
(၁၁) ရိုးသားစွာ ချီးကျူးပါ (ရက်ရက်ရောရော ရှိပါစေ)
(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။
(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။
(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား
၀မျးမွောကျ ၀မျးသာစှာနှင့ျ လုပ်ချင်အောင် ခိုင်းပါ။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်
#Credit

Myanmar Update News 🇲🇲

22 Oct, 14:29


အစ္စ​ရေးက​ဘေရွတ်မြို့​တော်အနှံ့ဗုံးကြဲ​နေ
NOM
အစ္စ​ရေးသည်​ဘေရွတ်မြို့​တော်၏အရပ်​လေးမျက်နှာတွင်ဗုံးကြဲလျက်ရှိရာယ​နေ့​နေ့လယ်က​ဘေရွတ်ရှိဆယ်ထပ်တိုက်တစ်လုံးကို​လေယာဥ်မှဘန်ကာဖျက်ဗုံးဖြင့်ဖျက်ဆီးလိုက်ပြန်သည်။

Myanmar Update News 🇲🇲

22 Oct, 14:29


ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်၌ ကားတစ်စီးလမ်းဘေးထိုးကျတိမ်းမှောက် ၄ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ အောက်တိုဘာ ၂၂ ရက်နံနက် ၁၀ နာရီခွဲခန့်က ကားတစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီးအတိုင်းမောင်းနှင်လာသောကားသည် မိုင်တိုင်အမှတ် ၁၂၄/၂ ၏ နောင်ရိုးစိုက်ကွင်းရှေ့အရောက်တွင် လမ်းဘေးသို့ထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းဘေးထိုးကျတိမ်းမှောက်မှုကြောင့် ကလေးငယ်(၂)ဦးနှင့်အမျိုးသမီး(၂)ဦး(စုစု ပေါင်း ၄ ဦး)တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း(ဘီးလင်းမြို့)မှ ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Myanmar Update News 🇲🇲

22 Oct, 14:28


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ အခမ်းအနား တက်ရောက်သည်။
နေပြည်တော် အောက်တိုဘာ ၂၂

Myanmar Update News 🇲🇲

22 Oct, 14:24


Mi 35 ပစ်ခတ်မှုကြောင့်
===============

မန္တလေး
ဖယောင်းတောင်
သက်ကယ်ကျင်းPDFများ
Mi 35 ဖြင့်ပစ်ခတ်မှုကြောင့်
(၃၀)ကျော်သေဆုံးကြောင်းသိရ။

Myanmar Update News 🇲🇲

22 Oct, 14:02


စစ်သည်တော်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပြည့်၀ဖို့အတွက် ဒီလိုတွေ လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်

#PMS