MRTV News Channel @mrtvnewschannel Channel on Telegram

MRTV News Channel

@mrtvnewschannel


သတင်းကဏ္ဍသီးသန့် ကြည့်ရှုနားဆင်နိုင်ရန်

MRTV News Channel (Burmese)

MRTV News Channel ကို အသုံးပြုပြီးသည့် အကြောင်းအရာများသည် လူနာ နှင့် စီးပွား အသစ်နှင့် လူကြီးမင်းမားများအတွက် အသံထွက်သည့် နစ်လျပည့်သားများအတွက်လည်း ကဏ္ဍသီးသန့် ကြည့်ရှုနားဆင်နိုင်ရန် တစ်ခုဖြစ်ပါသည်။ ဤစာအုပ်သည် သတင်းများ၊ နှင့် အသုံးပြုသော ရုပ်ပုံများအကြင်မြင့်မားသော စီးပွားများနှင့် အခမ်းအနားများအား လွန်လွန် ပါဝင်ပေးရန်အတွက် စာတိုက်ဖြင့် အသုံးပြုသူအတွက် အခက်အခဲများ စီးပွားပေးရန် အတွက်ဖခင်ပြုသည်။

MRTV News Channel

10 Jan, 09:55


တရားသောစစ်အောင်ရမည်

MRTV News Channel

10 Jan, 09:54


ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဦးလည်မသုန် အစဉ်ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများ တရားသောစစ် အောင်မြင်ပါစေကြောင်း …

MRTV News Channel

10 Jan, 09:45


မုံရွာမြို့နယ်မှ အရာတော်မြို့သို့လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်ကာမြောက်ကျေးရွာတွင် ပြည်သူ (၃၀)ဦးကို ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းသည့်အတွက် ပြည်သူ (၅)ဦး မိုင်းထိဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

MRTV News Channel

10 Jan, 09:45


ရေတာရှည်မြို့နယ်၊ ရွှေသောင်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းအတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်လျက်ရှိ

MRTV News Channel

10 Jan, 09:06


ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 (International Feature Film) တွင် မြန်မာနိုင်ငံမှ ကံကောင်းရုပ်ရှင်ဇာတ်ကားက ဆန်ကာတင်အဆင့်ထိ ရွေးချယ်ခံထားရ

MRTV News Channel

10 Jan, 09:06


ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မဇ္ဈိမလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့

MRTV News Channel

10 Jan, 09:05


ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ဆောင်းသီးနှံအနေဖြင့် ပဲတီစိမ်းနှင့် မတ်ပဲကို အဓိက လျာထားစိုက်ပျိုးလျက်ရှိ

MRTV News Channel

10 Jan, 09:05


မကွေးတိုင်းဒေသကြီး၊ အလယ်ဘိုကျေးရွာ၌ စက်ရေတွင်း တူးဖော်ပေးခဲ့

MRTV News Channel

10 Jan, 09:05


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

MRTV News Channel

10 Jan, 09:04


ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးတွင် ပြသလိုသောလူနာများအတွက် Online Booking ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

MRTV News Channel

10 Jan, 09:04


ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)၏ ဒုတိယနေ့တွင် ကဏ္ဍ(၅)ရပ်ဖြင့် စာတမ်းပေါင်း (၁၃၃)စောင်ဖတ်ကြား

MRTV News Channel

10 Jan, 06:27


Colombia မှာရှိသည့် Black Sand Whites Carnival တွင် ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့ကြ

MRTV News Channel

10 Jan, 06:27


စပါးအသင်းက လီဗာပူးလ်အသင်းကို ကာရာဘောင်တွင် အနိုင်ရရှိခဲ့

MRTV News Channel

10 Jan, 06:26


တူကီယဲနိုင်ငံရှိ Antalya တွင် နေထိုင်သော ပါလက်စတိုင်းလူမျိုးတစ်ဦးသည် ဟိုက်ဒရိုဖိုးနစ်နည်းပညာဖြင့် ဥရောပဘလူးဘယ်ရီသီးများကို စိုက်ပျိုးထား

MRTV News Channel

10 Jan, 06:26


တရုတ်မြောက်ပိုင်းတွင် နေထိုင်သူများသည် နှစ်သစ်ကူးတွင် ရေခဲနှင့် နှင်းအားကစားများ ပါဝင်ဆင်နွှဲခဲ့

MRTV News Channel

10 Jan, 06:26


Ice Terracotta Warriors' သည် ဟာဘင်းရှိ ဧည့်သည်များကို အံ့အားသင့်စေခဲ့

MRTV News Channel

10 Jan, 06:26


အာဖဂန်နစ္စတန်ရှိ ဟီရတ်တွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာ

MRTV News Channel

10 Jan, 06:26


တရုတ်နိုင်ငံ၏ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အာဆီယံနိုင်ငံများမှ ထုတ်ကုန်များအတွက် e-commerce စင်တာအသစ်တစ်ခုအဖြစ် ရပ်တည်နေ

MRTV News Channel

10 Jan, 06:25


နီပေါ၏ Markichowk ဓာတ်အားခွဲရုံအသစ်သည် ဓာတ်အားပို့လွှတ်မှုကို ပိုမိုကောင်းမွန်စေ

MRTV News Channel

10 Jan, 06:25


အိန္ဒိယတောင်ပိုင်း လူပိမှု (၆)ဦးသေဆုံး (၂၅)ဦး ဒဏ်ရာရ

MRTV News Channel

04 Jan, 16:32


၅-၁-၂၀၂၅ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တို့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

04 Jan, 15:36


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်(၁ ဒသမ ၃၆၅)ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက် (၉၁)ကီလို ဖမ်းဆီးရမိ

MRTV News Channel

04 Jan, 15:35


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံ အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

MRTV News Channel

04 Jan, 15:29


အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသားနှင့် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ(၁,၀၀၉)ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု

MRTV News Channel

04 Jan, 15:25


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွှတ်ငြိမ်းချမ်းသာခွင့်ပြု

MRTV News Channel

04 Jan, 15:20


တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

MRTV News Channel

04 Jan, 15:19


တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီး အလှထွန်းညှိခြင်းများပြုလုပ်

MRTV News Channel

04 Jan, 15:19


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ တက်ရောက်

MRTV News Channel

04 Jan, 14:57


ဝက်စ်ဘရွန်းအသင်းက ပရက်စတန် နော့အန့်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် နိုင်

MRTV News Channel

04 Jan, 14:56


ဗင်နီဇွဲလား တရားရုံးချုပ်သည် TikTok ကို ဒဏ်ကြေးငွေ ဒေါ်လာ(၁၀)သန်း ချမှတ်ခဲ့

MRTV News Channel

04 Jan, 14:55


ယူကေ၏ Edinburgh ဂေါက်ကွင်းတွင် ဆီးနှင်းများ ဖုံးလွှမ်းနေ

MRTV News Channel

04 Jan, 14:55


ကမ္ဘာ့အရှည်ဆုံး အမြန်လမ်းဥမင်လိုဏ်ခေါင်းသည် ရှင်ကျန်းဒေသ၏ အခြေခံအဆောက်အဦများထဲတွင် ထိပ်တန်းဖြစ်လာ

MRTV News Channel

04 Jan, 14:55


တရုတ်နိုင်ငံ၊ ရှင်ကျန်းတွင် အကြီးစား ရေကာတာ စီမံကိန်းပြီးစီးသွားပြီဖြစ်

MRTV News Channel

04 Jan, 14:55


Chancay ဆိပ်ကမ်းသည် ပီရူးစပျစ်သီးများကို တရုတ်နိုင်ငံသို့ လျင်မြန်စွာ ပို့ဆောင်ပေးနေ

MRTV News Channel

04 Jan, 14:55


ပေကျင်း-ယူရှင်း အမြန်လမ်းဖွင့်လှစ်

MRTV News Channel

04 Jan, 14:48


(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်

MRTV News Channel

04 Jan, 14:46


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

MRTV News Channel

04 Jan, 14:44


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

MRTV News Channel

04 Jan, 13:19


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများတွင် ကန်ရေပြည့် ရေမှတ်အထက်ကျော်လွန်၍ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံမရှိ

MRTV News Channel

04 Jan, 13:18


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့အသံဝန်ထမ်းအိမ်ရာများတွင် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

MRTV News Channel

28 Dec, 15:04


အမေချစ်တဲ့အဖေတူသား
တေးရေး ... ပြည်လှိုင်မင်းအောင်
တေးဆို … ပြည့်ဖြိုးအောင်

MRTV News Channel

28 Dec, 14:58


၂၉-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

28 Dec, 14:47


ဆွမ်ဆီးက ကျူပီအာကို (၃)ဂိုးပြတ်ဖြင့် နိုင်

MRTV News Channel

28 Dec, 14:47


ဘန်လေက ရှက်ဖီးယူနိုက်တက်ကို (၂)ဂိုးပြတ်ဖြင့် နိုင်

MRTV News Channel

28 Dec, 14:47


The Grinch' ဇာတ်ကောင်သည် ပီရူးရဲတပ်ဖွဲ့အား မူးယစ်ဆေးဝါး စီးနင်းမှုတွင် ကူညီပေး

MRTV News Channel

28 Dec, 14:47


Mayotte တွင် Chido ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ဒေသခံများ စိုးရိမ်နေကြရ

MRTV News Channel

28 Dec, 14:47


သီရိလင်္ကာတွင် အနှစ် (၂၀) ပြည့် ဆူနာမီ အထိမ်းအမှတ်အဖြစ် ပါဝင်ဆင်နွှဲခဲ့ကြ

MRTV News Channel

28 Dec, 14:46


ကမ္ဘောဒီးယားရှိ ဆင်းရဲနွမ်းပါး ကလေးများအတွက် တရုတ်နိုင်ငံ၏ ပရဟိတအဖွဲ့မှ စက်ဘီးများ လှူဒါန်းခဲ့

MRTV News Channel

28 Dec, 14:46


အစ္စရေးတပ်ဖွဲ့သည် ဟစ်ဇ်ဘိုလာထံမှ သိမ်းဆည်းရမိသော လက်နက်များကို ပြသခဲ့

MRTV News Channel

28 Dec, 14:46


ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန်အတွက် ပနားမားသမ္မတနှင့် အမေရိကအလယ်ပိုင်းနိုင်ငံ၏ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြ

MRTV News Channel

28 Dec, 14:25


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံစာရေးဆရာအသင်း မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လှူဒါန်း၊ (၇၇)နှစ်မြောတ် လွတ်လပ်ရေးနေ့နှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုအစီအစဉ်ဖြစ် “သံစဉ်ဝေဖြာ မနောအလှကဗျာ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲ ထုတ်လွှင့်နေမှုအား ကြည့်ရှုအားပေး

MRTV News Channel

28 Dec, 14:21


ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပ

MRTV News Channel

28 Dec, 14:21


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံသစ်တောကျောင်း သင်တန်းသားများ၏ တောတွင်း လက်တွေ့ ကွင်းဆင်းဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

MRTV News Channel

28 Dec, 14:21


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

MRTV News Channel

28 Dec, 14:04


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြား

MRTV News Channel

28 Dec, 14:04


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကို ဒီဇင်ဘာလ(၂၈)ရက်နေ့၊ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်

MRTV News Channel

28 Dec, 13:15


ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား (၂) ဦးနှင့် မလေးရှားနိုင်ငံသား (၁)ဦးတို့အား စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

MRTV News Channel

28 Dec, 13:15


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက်ရှိ လမ်းနှင့် တံတားလုပ်များ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

MRTV News Channel

28 Dec, 13:15


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ လမ်းခင်းပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် ဘေလီတံတားနှင့် သံဘောင်တံတားငယ်များ အရေးပေါ် တည်ဆောက်ခြင်း လက်တွေ့သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲတက်ရောက်၊ လမ်း၊ တံတား ဓာတ်ခွဲခန်းများ ကြည့်ရှုစစ်ဆေး

MRTV News Channel

28 Dec, 13:15


အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဒဂုံ(ဆိပ်ကမ်း)စက်မှုဇုန်တွင် အခြေခံအလုပ်သမားအဖွဲ့ အစည်းများနှင့် တွေ့ဆုံပြီး အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး

MRTV News Channel

25 Dec, 00:31


We wish you a Merry Christmas 🎁🎄

MRTV News Channel

24 Dec, 16:00


၂၅-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

24 Dec, 15:11


ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ

MRTV News Channel

24 Dec, 15:11


တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကို ကျင်းပ

MRTV News Channel

24 Dec, 15:11


ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကျင်းပ

MRTV News Channel

24 Dec, 15:11


ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပ

MRTV News Channel

24 Dec, 15:11


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၄/၂၀၂၄) သို့ တက်ရောက်

MRTV News Channel

24 Dec, 15:09


အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက်

MRTV News Channel

24 Dec, 15:09


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆိုင်ကယ်ပြင်သင်တန်းဆင်းပြီး သင်တန်းသားတစ်ဦး၏ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

MRTV News Channel

24 Dec, 15:09


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စက်မှုလယ်ယာ စနစ်ကျလယ်မြေ (၂၆၀ ဒသမ ၇၀) ဧကဖော်ထုတ်ခြင်းစီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေး

MRTV News Channel

24 Dec, 14:27


ဆယ်တာဗီဂိုက ရီးရဲလ်ဆိုဆီဒက်အား (၂)ဂိုးပြတ်ဖြင့်နိုင်

MRTV News Channel

24 Dec, 14:27


မာရော့ကာက ဂီတာဖေးအား (၁)ဂိုးဖြင့်နိုင်

MRTV News Channel

24 Dec, 14:27


စပိန် Guardia Civil သည် ပေါ်တူဂီတွင် ခရုခွံများ ရောင်းဝယ်ဖောက်ကားမှုအား ကိုင်တွယ်ဖြေရှင်းနေ

MRTV News Channel

24 Dec, 14:27


ယဉ်ကျေးမှုဖလှယ်ပွဲကျင်းပရန် ပြင်သစ်နိုင်ငံရှိ ရိုးရာပြဇာတ်အား တရုတ်အနုပညာရှင်များက ပြသခဲ့ကြ

MRTV News Channel

24 Dec, 14:27


ရှီဇန်မှ ဘေဂျင်းသို့ အစိမ်းရောင်လျှပ်စစ်ဓာတ်အား သွယ်တန်းထား

MRTV News Channel

24 Dec, 14:26


ဂျပန်နိုင်ငံသည် စီးပွားရေးပက်ကေ့ချ်အားထောက်ပံ့ရန် အပိုဘတ်ဂျက်ယန်း (၁၃ ဒသမ ၉) ထရီလီယံ ပြဋ္ဌာန်းလိုက်

MRTV News Channel

24 Dec, 14:26


ဩစတြေးလျ သိုးမွှေးထုတ်လုပ်မှုသည် နှစ် (၁၀၀)အတွင်း အနိမ့်ဆုံးသို့ ကျဆင်းမည်ဟုခန့်မှန်းထား

MRTV News Channel

24 Dec, 14:26


တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် ဆောင်းရာသီခရီးသွားလာမှု အရှိန်အဟုန်မြှင့်တင်ရန် ပြင်ဆင်နေ

MRTV News Channel

24 Dec, 14:25


(၇၇) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား ကျင်းပ

MRTV News Channel

24 Dec, 14:25


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

MRTV News Channel

06 Dec, 09:08


ဒီဇင်ဘာလ(၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄)နာရီအချိန် ထုတ်ပြန်သော ဘင်္ဂလားပင်လယ်အော် အခြေအနေ

MRTV News Channel

06 Dec, 09:08


မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မကွေးမြို့နယ်အတွင်း တိရစ္ဆာန်များ၏ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

MRTV News Channel

06 Dec, 09:08


တံတားဦးမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

MRTV News Channel

06 Dec, 09:08


မန္တလေးမြို့ရှိ သီရိမာလာဗဟိုကုန်စိမ်းဈေးမှာ ခရမ်းချဉ်သီး၊ မုန်လာဥဖြူ စသည့်ကုန်စိမ်းများ အရောင်းအဝယ်သွက်လျက်ရှိ။

MRTV News Channel

06 Dec, 09:08


၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ ခုနှစ်လတာကာလအတွင်း ပျားရည် မက်ထရစ်တန်ချိန် (၇၈၆.၀၃)တန် တင်ပို့ထား

MRTV News Channel

06 Dec, 09:08


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေအရည်အသွေးပြည့်မီရန်အတွက် ဓာတ်ခွဲခန်း ဖွင့်လှစ်မည်

MRTV News Channel

06 Dec, 07:14


အီတလီစီးရီးအေတွင် ရိုးမားအသင်းက အတ္တလန္တာအသင်းကို (၂)ဂိုးပြတ်ဖြင့် အနိုင်ရရှိ

MRTV News Channel

06 Dec, 07:13


အီတလီစီးရီးအေတွင် လက်ချီအသင်းနှင့် ဂျူဗင်းတပ်စ်အသင်းတို့ (၁)ဂိုးစီ သရေကျ

MRTV News Channel

06 Dec, 07:13


အိန္ဒိယနိုင်ငံတွင် ဆိုင်ကလုန်း Fengal သက်ရောက်နေဆဲဖြစ်

MRTV News Channel

06 Dec, 07:13


မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားငန်ဝင်ရောက်မှု ပြင်းထန်လာ

MRTV News Channel

06 Dec, 07:13


အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် 10th India International Science Festival ကိုကျင်းပခဲ့

MRTV News Channel

06 Dec, 07:13


တရုတ်နိုင်ငံ၏ (၄၁)ကြိမ်မြောက် အန္တာတိက လေ့လာရေးခရီး စတင်နေပြီဖြစ်

MRTV News Channel

06 Dec, 07:13


ဗီယက်နမ် ဒါလတ်မြို့ရှိ ပန်းရောင်မြက်ခင်းများဖြင့် ဖုံးလွှမ်းနေသည့် တောင်ကုန်းများကိုစူးစမ်းလေ့လာနိုင်ပြီး ရင်သပ်ရှုမောဖွယ်ရှုခင်းကို ဖန်တီးနိုင်

MRTV News Channel

06 Dec, 07:12


တရုတ်-လာအိုမီးရထားက “silver hair” နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာနေ

MRTV News Channel

06 Dec, 05:26


MRTV Radio Application

For iOs
https://apps.apple.com/us/app/mrtv-radio/id6502814924

For Android
https://play.google.com/store/apps/details?id=com.mrtvgovmm.mrtv_radio

MRTV News Channel

06 Dec, 05:26


MRTV application

Android
https://play.google.com/store/apps/details?id=com.govmm.mrtvmobile&hl=en&gl=US&pli=1

iOS
https://apps.apple.com/us/app/mrtv/id6462848862

MRTV News Channel

06 Dec, 05:21


(၆.၁၂.၂၀၂၄)ရက်နေ့အတွက် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်

MRTV News Channel

06 Dec, 05:21


တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ်တွင် ဆီအုန်းမျိုးစပ်ခြင်းနှင့် ဆီအုန်းမျိုးစေ့အစို့ ဖောက်ခြင်းသင်တန်းဖွင့်လှစ်

MRTV News Channel

06 Dec, 05:21


တွံတေးမြို့နယ်၌ ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဖြင့် အဘိုးအဘွားများအားထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

MRTV News Channel

06 Dec, 05:21


တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

MRTV News Channel

01 Dec, 16:28


၂-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

01 Dec, 14:56


ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၂)မှာ စိန့်ပေါ်လီအသင်းက ဟိုစတယ်ကိုင်းလ်အသင်းကို

MRTV News Channel

01 Dec, 14:56


ယူရိုပါလိဂ်တွင် စပါးအသင်းနှင့် ရိုးမားအသင်း (၂) ဂိုးစီသရေကျ

MRTV News Channel

01 Dec, 14:56


အိန္ဒိယရှိ Adani စီးပွားရေးလုပ်ငန်းများ

MRTV News Channel

01 Dec, 14:55


အိန္ဒိယ၏ စဉ်ဆက်မပြတ်သယ်ယူပို့ဆောင်ရေး

MRTV News Channel

01 Dec, 14:55


Sombrero galaxy ပုံရိပ်

MRTV News Channel

01 Dec, 14:55


အိန္ဒိယကုမ္ပဏီသည် 'ဆေးလိပ်ဖြတ်ခြင်း' လှုပ်ရှားမှုအတွက် ရေရှည်တည်တံ့သည့် အရာများအဖြစ် ဆေးလိပ်တိုများကို ပြန်လည်အသုံးပြုခဲ့

MRTV News Channel

01 Dec, 14:55


အမျိုးသားဥယျာဉ်သည် တရုတ်နိုင်ငံတွင် ပန်ဒါများကို ကာကွယ်မှုမြှင့်တင်ပေးနေ

MRTV News Channel

01 Dec, 14:55


တူကီယဲတွင် နှင်းမုန်တိုင်းတိုက်ခိုက်နေစဉ် ပျောက်ဆုံးသွားသော သက်ကြီးရွယ်အိုဇနီးမောင်နှံနှင့် သိုးငယ်လေးများထံသို့ ကယ်ဆယ်ရေးသမားများ ရောက်ရှိသွားခဲ့

MRTV News Channel

01 Dec, 14:48


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

MRTV News Channel

01 Dec, 14:47


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာအရှင်ဉာဏိဿရ Lumbini Buddhist University ၌ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ပြီး လုမ္ဗိနီဥယျာဉ်ရှိ မြန်မာရွှေကျောင်းတော်နှင့် ကတ္တမန္ဒူးမြို့ရှိ ဘာသာရေးဆိုင်ရာနေရာများ သွားရောက်

MRTV News Channel

01 Dec, 14:47


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် ဂုဏ်ပြုညစာစားပွဲ တက်ရောက်

MRTV News Channel

01 Dec, 14:43


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ပွဲ တက်ရောက်ချီးမြှင့်

MRTV News Channel

01 Dec, 13:21


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်ပါဝင် ယှဉ်ပြိုင်ကြမည့် ကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ ၊ ပြိုင်ပွဲကြီးတွင် ပါဝင်ကြမည့်သူများနှင့် ပရိသတ်များကို ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်

MRTV News Channel

01 Dec, 13:18


တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန် ရှိသူများအယောင်ဆောင်ကာ အိမ်များအတွင်းဝင်ရောက်၍ ဖုန်းနှင့်ငွေကြေးများခြောက်လှန့် တောင်းယူခဲ့သူ အမျိုးသား (၈) ဦးအားသက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

MRTV News Channel

01 Dec, 13:12


ဖျာပုံမြစ်ဝအနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာတွင် သောင်တင်၍ ရေဝင်နစ်မြှုပ်နေသော ငါးဖမ်းလှေတစ်စီးအားတပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြန်သွားကင်းလှည့်ရေယာဉ်မှ ကူညီကယ်ဆယ်

MRTV News Channel

01 Dec, 13:10


၂၀၂၄ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်မိတ်ဆုံစားပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ခရိုင်အားကစားကွင်း၌ ပြုလုပ်

MRTV News Channel

01 Dec, 13:08


ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရား၌စတီး လှေကားတပ်ဆင်ခြင်းနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းနှင့် ယာယီနေရင်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတက်ရောက်

MRTV News Channel

01 Dec, 13:07


ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

MRTV News Channel

01 Dec, 13:07


မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင် ချင်းပြည်နယ်မှ မကွေးမြို့ နယ်သို့ စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ်များ လွှဲပြောင်းပေးအပ်ပွဲတက်

MRTV News Channel

21 Nov, 17:05


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) ဇော်တန်အား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်တွင် လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ တင်ပို့ရောင်းချသူများ ဖြစ်ကြသည့် လားထန်ပွီးယာအား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်အား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူမှာ ရော်ကျိန်ရန် (ခ) အားဟွိုက်ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန်ဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင် (ခ) အားဖအား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့ တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်သယ်ဆောင် ရောင်းဝယ်ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတုပစ္စည်းများ တစ်ဘက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်(၂၁)ဦးအား ဖော်ထုတ်နိုင်ခဲ့၍ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

MRTV News Channel

21 Nov, 17:05


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

MRTV News Channel

21 Nov, 17:04


မော်လမြိုင်ကျွန်း၊ အောင်လံမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေကြောင်း မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄နိုဝင်ဘာလ ၂၁

MRTV News Channel

21 Nov, 16:52


၂၂-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

21 Nov, 15:32


၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိ

MRTV News Channel

21 Nov, 15:32


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ် Engineering Education and Technology Forum ဖွင့်ပွဲ တက်ရောက်

MRTV News Channel

21 Nov, 15:31


အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်

MRTV News Channel

21 Nov, 15:30


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ယူနန်ပြည်နယ်၊ မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့ သွားရောက်၍ ရွှေလီမြို့၊ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာ

MRTV News Channel

21 Nov, 15:29


နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ်(၂)မြို့နယ်အတွင်းမှ ကျေးရွာ (၃) ရွာရှိ ရေဘေးသင့် နေအိမ်စုစုပေါင်း (၃၂)လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေဖြင့် တည်ဆောက် ပြုပြင်ပေးလျက်ရှိ

MRTV News Channel

21 Nov, 15:29


ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁)ကန် ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

MRTV News Channel

21 Nov, 15:28


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့မှ Senior Fund Portfolio Manager Ms. Maria lzaskun Gaviria Ayucar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

MRTV News Channel

21 Nov, 15:21


မော်လမြိုင်ကျွန်း၊ အောင်လံမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေကြောင်း မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄နိုဝင်ဘာလ ၂၁

MRTV News Channel

21 Nov, 15:03


မလေးရှားနိုင်ငံသည် ငါးနှစ်အတွင်း ဘရာဇီးအတွက် ပို့ကုန်အလားအလာ အမေရိကန် ဒေါ်လာ (၁ ဒသမ ၅၇) ဘီလီယံကို မျှော်မှန်းထား

MRTV News Channel

21 Nov, 15:03


အန်ဒရီယာစ်ခရစ္စတန်ဆန်က ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်

MRTV News Channel

16 Nov, 06:41


ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဩစတေးလျ နှင့် ဆော်ဒီအာရေးဗျတို့ ဂိုးမရှိသရေကျ

MRTV News Channel

16 Nov, 06:41


ပီရူးနိုင်ငံ Chancay ဆိပ်ကမ်း ပြီးစီးလုနီးပြီဖြစ်

MRTV News Channel

16 Nov, 06:40


တရုတ်ဟောင်ကောင်တွင် သိပ္ပံပညာရှင် လေးဦးအား Shaw Prize ချီးမြှင့်ခဲ့

MRTV News Channel

16 Nov, 06:40


တရုတ်နိုင်ငံရှိ ရထားလမ်းပရောဂျက်တွင် ကျွမ်းကျင်မှုရှိသော မာလာဝီကျောင်းသားများကို တရုတ်ကုမ္ပဏီက ကြိုဆိုခဲ့

MRTV News Channel

16 Nov, 06:40


ဩစတြေးလျတွင် သဘာဝဂေဟစနစ်များ တည်ဆောက်ရန် ပြုပြင်ခြင်းများ ဆောင်ရွက်

MRTV News Channel

16 Nov, 06:40


တရုတ်နိုင်ငံ Horgos ဆိပ်ကမ်းတွင် တစ်နှစ်ကို ခရီးစဉ် အဝင်/အထွက် (၁ ဒသမ ၃၂)သန်းရှိ

MRTV News Channel

16 Nov, 06:40


COP29 တွင် နီပေါသမ္မတသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့

MRTV News Channel

16 Nov, 05:08


ရေစူးကန့်သတ်ချက် လိုက်နာကြရန် ရေလမ်းသတိပေး နှိုးဆော်ချက်

MRTV News Channel

16 Nov, 05:06


ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် တန်ဆောင်တိုင်ပွဲတော် လာရောက်လည်ပတ်သူများနှင့် အထူး စည်ကား

MRTV News Channel

16 Nov, 05:05


တန်ဆောင်မုန်းလပြည့်ညတွင် မုံရွာမြို့ ကန်သာယာရှိ ပြည်ထောင်စုကျွန်းတွင် မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် စတုဒီသာ ကျွေးမွေးကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပ

MRTV News Channel

16 Nov, 05:04


တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကား များပြားလျက်ရှိ

MRTV News Channel

16 Nov, 05:01


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြမြင်းနားအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာအနီးရှိ၊ ရွှေမြင်တင်စေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ဒေသခံပြည်သူများ ဘုရားဖူးလျက်ရှိ

MRTV News Channel

16 Nov, 05:00


ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးတွင် တန်ဆောင်တိုင် (သာမညဖလအခါတော်နေ့) အခမ်းအနားနှင့် ဘုရားရင်ပြင်ပေါ်တွင် စတုဒိသာ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိ

MRTV News Channel

16 Nov, 03:13


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

MRTV News Channel

16 Nov, 03:13


၂၀၂၄ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

MRTV News Channel

16 Nov, 02:17


MRTV DTH စနစ်ဖြင့် ရုပ်သံလိုင်း (၁၉)လိုင်းကို အခမဲ့ ကြည့်ရှုနိုင်ပါပြီ

MRTV News Channel

16 Nov, 02:17


နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီး (၃)မြို့တွင် Analogue စနစ်ဖြင့် ထုတ်လွှင့်မှုရပ်ဆိုင်းခြင်း Analogue Switch Off (ASO) ကို (၁၅-၂-၂၀၂၄)ရက်နေ့မှ စတင်ကြောင်း ကြေညာအပ်ပါသည်

MRTV News Channel

16 Nov, 02:17


ပြည်သူ့အတွက် MRTV

MRTV News Channel

15 Nov, 16:10


၁၆-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

15 Nov, 15:42


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ
နေပြည်တော်၊ နိုဝင်ဘာ ၁၅

MRTV News Channel

04 Nov, 16:44


၅-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

04 Nov, 14:44


ကော့သောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် ကျေးရွာနေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၄

MRTV News Channel

04 Nov, 14:44


တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၄

MRTV News Channel

04 Nov, 14:42


စီးရီးအေတွင် ဂျူဗင်းတပ်စ်က အူဒီနိစ်ကို (၂) ဂိုးဖြင့်နိုင်

MRTV News Channel

04 Nov, 14:42


ဒေါ့မွန်က လိုက်ပဇစ်ကို (၂) ဂိုး (၁)ဂိုးဖြင့်နိုင်

MRTV News Channel

04 Nov, 14:42


ထိုင်းနိုင်ငံ မျက်မမြင်စာသင်ကျောင်းများတွင် နိုင်ငံခြားစေတနာ့ဝန်ထမ်းများ ပါဝင်လာနေ

MRTV News Channel

04 Nov, 14:41


ထိုင်းနိုင်ငံတွင် မီချယ်လင်းစတားရ နာမည်ကြီးထိုင်းလမ်းဘေးအစားအစာရောင်းချသူ Jae Fai အနားယူတော့မည်

MRTV News Channel

04 Nov, 14:41


ထိုင်းနိုင်ငံ၏ တော်ဝင်စီတန်းလှည့်လည်ပွဲ

MRTV News Channel

04 Nov, 14:41


အိန္ဒိယတွင် လက်မှုအနုပညာကုန်စည်ပြပွဲ ကျင်းပ

MRTV News Channel

04 Nov, 14:41


ဂျကာတာမြို့အနီးရှိ ဟင်းချက်ဆီစက်ရုံတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြားသေဆုံးခဲ့ကာ (၉) ဦး ဒဏ်ရာရရှိခဲ့

MRTV News Channel

04 Nov, 14:41


နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံ၊ Chongqing တွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအား ရှာဖွေ

MRTV News Channel

04 Nov, 14:41


အမေရိကန် Pecan လုပ်ငန်းသည် တရုတ်ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာရန် မျှော်လင့်

MRTV News Channel

04 Nov, 14:35


ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ် (၃)ခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

MRTV News Channel

04 Nov, 14:35


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှု၊ နယ်ပယ်ဝန်ဆောင်မှု၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းများ ဖွင့်ပွဲတက်ရောက်

MRTV News Channel

04 Nov, 14:35


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင် ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှု စစ်ဆေး

MRTV News Channel

04 Nov, 14:35


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် Geo Database ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ တက်ရောက်

MRTV News Channel

04 Nov, 14:35


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး တက်ရောက်

MRTV News Channel

04 Nov, 14:35


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကျင်းပမည့် နေရာများ ကြည့်ရှုစစ်ဆေး

MRTV News Channel

03 Nov, 15:31


၄-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

03 Nov, 14:25


စီးရီးအေတွင် အတ္တလန္တာက မွန်ဇာကို(၂)ဂိုးပြတ်ဖြင့်နိုင်

MRTV News Channel

03 Nov, 14:24


စီးရီးအေတွင် အင်တာမီလန်က အမ်ပိုလီကို (၃)ဂိုးပြတ်ဖြင့်နိုင်

MRTV News Channel

03 Nov, 14:24


အစ္စတန်ဘူလ်တွင် ကုန်တင်သင်္ဘော မီးလောင်မှုကြောင့် သင်္ဘောသား (၂) ဦး သေဆုံးခဲ့

MRTV News Channel

03 Nov, 14:24


ဩစတြေးလျရှိ လယ်သမားတစ်ဦး၏ လယ်ကွင်းများထဲတွင် လက်ထပ်ခွင့်တောင်းဆိုမှု

MRTV News Channel

03 Nov, 14:24


အိန္ဒိယနိုင်ငံ၏ Forex ငွေ (၆၈၈ ဒသမ ၂၆၇) ဘီလီယံ သို့ ကျဆင်းသွားခဲ့

MRTV News Channel

03 Nov, 14:21


ထိုင်းအဲအေးရှားသည် ခတ္တမန္ဒူသို့ ပျံသန်းမည့် ခရီးစဉ်အားလုံးကို ဖျက်သိမ်း

MRTV News Channel

03 Nov, 14:21


အမေရိကန်ထုတ်ဝိုင်နှင့် တရုတ်ဈေးကွက်

MRTV News Channel

03 Nov, 14:21


ဗီယက်နမ်ထုတ်ကုန်များသည် ဥရောပဈေးကွက်တွင် နေရာယူထား

MRTV News Channel

03 Nov, 14:21


ဗီယက်နမ်နှင့် ဆော်ဒီအာရေးဗျတို့သည် စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့

MRTV News Channel

03 Nov, 14:08


ပြည်သူ့အချစ်တော်ဆင်မကြီး “မိုမို” ၏ အသက် (၇၁) နှစ်ပြည့်မွေးနေ့ပွဲအား ပျော်ရွှင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့

MRTV News Channel

03 Nov, 14:08


စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာငွေကျပ် (၆,၅၉၅) ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

MRTV News Channel

03 Nov, 14:08


၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားများတွင် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများနှင့် ကြီးကြပ်သူများ တပ်ကုန်း MRTV သို့ လာရောက်ကြည့်ရှုလေ့လာ

MRTV News Channel

03 Nov, 14:08


အမျိုးသားအားကစားပွဲတော်တွင် ကရင်ပြည်နယ်မှ အားကစားနည်း (၂၃) နည်း၊ အားကစားသမား (၄၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

MRTV News Channel

03 Nov, 14:08


အမျိုးသားအားကစားပွဲတော်တွင် ကယားပြည်နယ်အားကစားအဖွဲ့မှ အားကစားနည်း (၁၅) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

MRTV News Channel

03 Nov, 14:07


ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်ပ် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိပြီး၊ ၂၀၂၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင်ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ်ပ် နဂါးလှေလှော်ပြိုင်ပွဲအတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

MRTV News Channel

03 Nov, 13:09


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသူများနှင့် ကြီးကြပ်သူ စုစုပေါင်း (၃၂၆)ဦးတို့သည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး “နုပျိုဆန်းသစ် (၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ဖြင့် ရှင်းလင်းပြသသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် က နှုတ်ခွန်းဆက် ပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “လတ်တီး” သီချင်းဖြင့် စုပေါင်း ဖျော်ဖြေရာ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် လေ့လာရေး အဖွဲ့ဝင်များသည် MRTV News Channel Studio တွင် သတင်းထုတ်လွှင့်ရန် ရိုက်ကူးရေး ဆောင်ရွက်မှုနှင့် Virtual Studio တွင် NRC ရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများ၏ ကယားရိုးရာပုံပြင် သရုပ်ဖော်ရိုက်ကူးမှုတို့အား ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ခေတ်အဆက်ဆက် ရုပ်သံ ထုတ်လွှင့်မှု များတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့် တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်း ဓာတ်ပုံများ၊ တူရိယာပစ္စည်း များ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း (၄၀ )တွင် ခင်းကျင်း ပြသထားမှုများလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ကျောင်းသူများ၏ ဖြည့်စွက်မှုများအား စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါ လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြန်လည် ထွက်ခွါသွားကြသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ (၉)ရက်မှ (၂၀ )ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်သူ (၃၀၀) တို့က ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “လှပချစ်စရာတို့ရွှေမြန်မာ “သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့ တို့အတူ” သီချင်းဖြင့်လည်းကောင်း အကအလှများဖြင့် ပါဝင်ဖျော်ဖြေ တင်ဆက် ကြမည်ဖြစ်၍ ကြိုတင်ပြင်ဆင်လေ့ကျင့်ချိန်ကာလတွင် အဆိုပါ ကျောင်းသူများ စိတ်အပန်းပြေစေရန်၊ ရွှင်လန်း တက်ကြွ စေရန်နှင့် အသိပညာ၊ ဗဟုသုတရရှိနိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)

MRTV News Channel

03 Nov, 13:00


AFC Challenge League ပြိုင်ပွဲအုပ်စု(D)တတိယပွဲစဉ်တွင် ShanUnitedFC အသင်းနှင့် တရုတ် (တိုင်ပေ)ကလပ် Tinan City FC အသင်းတို့ တစ်ဖက် (၂) ဂိုးစီဖြင့် သရေရလဒ်ရရှိခဲ့

MRTV News Channel

03 Nov, 13:00


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသောရေလှောင်တမံများ နိုဝင်ဘာလ (၃)ရက်နေ့၌ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိ

MRTV News Channel

03 Nov, 13:00


နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး

MRTV News Channel

02 Nov, 14:31


ခါရာဘောင်းကပ်မှာခရစ္စတယ်ပဲလေ့စ်ကအက်စတွန်ဗီလာကို (၂)ဂိုး (၁)ဂိုးဖြင့်နိုင်

MRTV News Channel

02 Nov, 14:31


ခါရာဘောင်းကပ်မှာလီဗာပူးလ်ကဘရိုက်တန်ကို (၃)ဂိုး (၂)ဂိုးဖြင့်နိုင်

MRTV News Channel

02 Nov, 14:31


ဒတ်ချ်ပြတိုက်ဒါရိုက်တာတစ်ဦးက တရုတ်နိုင်ငံ၏ တစ်ဦးတည်းသောဘုရင်မဇာတ်လမ်းကို ဥရောပသို့ ပြခန်းအဖြစ် ပြသခဲ့

MRTV News Channel

02 Nov, 14:31


ဩစတေးလျနိုင်ငံ၊ ကွင်းစလန်းတွင် လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၏ ထက်ဝက်ခန့်က နှစ်စဉ်အစားအစာတန်ချိန် (၈)သန်းနီးပါးကို အလေအလွင့် ဖြစ်စေခဲ့

MRTV News Channel

02 Nov, 14:31


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ရေကြီးမှုပြီးဖြစ်ပွားပြီးနောက် ထုတ်လုပ်မှုများ ပြန်လည်စတင်

MRTV News Channel

02 Nov, 14:31


တိုကျိုမြေအောက်ရထားဈေးကွက် ထိပ်ဆုံးတွင်ရှိနေ

MRTV News Channel

02 Nov, 14:31


အိန္ဒိယနိုင်ငံတွင် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပ

MRTV News Channel

02 Nov, 14:31


တရုတ်နိုင်ငံ၏ ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားသော LNG ကွန်တိန်နာသင်္ဘောကို ဆိပ်ကမ်းမြို့တလျန် သို့ ပို့ဆောင်ပေးခဲ့

MRTV News Channel

02 Nov, 14:31


ဆော်ဒီအာရေဗျနိုင်ငံရှိ (၈)ကြိမ်မြောက် Future Investment Initiative ကိုဗီယက်နမ် ဝန်ကြီးချုပ်တက်ရောက်ခဲ့

MRTV News Channel

02 Nov, 14:30


ပြည်သူ့အချစ်တော်ဆင်မကြီးမိုမို၏ အသက်(၇၁)နှစ်ပြည့် မွေးနေ့ပွဲ(ဒုတိယနေ့) ဆက်လက် ကျင်းပ လျက်ရှိ

MRTV News Channel

02 Nov, 14:30


(၁)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေအွန်လိုင်းဂဏန်း (၅)လုံးထီ ဖွင့်ပွဲကျင်းပ

MRTV News Channel

02 Nov, 14:15


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အလားအလာကောင်းသည့် အားကစားသမားကောင်းများ ပေါ်ထွက်လာမည်

MRTV News Channel

02 Nov, 14:14


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ

MRTV News Channel

02 Nov, 14:14


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ ကျင်းပ

MRTV News Channel

02 Nov, 14:13


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

MRTV News Channel

02 Nov, 13:07


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေလှောင်တမံနှင့် ရေထိန်းတမံများ နိုဝင်ဘာ (၂)ရက်၌ ကန်ရေပြည့်ရေမှတ်အထက်ကျော်လွန်၍ ရေကျော်စီးဆင်းမှုမရှိ၊ ကြံ့ခိုင်မှုအခြေအနေကောင်းမွန်

MRTV News Channel

02 Nov, 13:07


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆီဆိုင်မြို့ ယာယီဈေး တည်ဆောက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

MRTV News Channel

02 Nov, 13:07


ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

MRTV News Channel

02 Nov, 13:06


ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကြည့်ရှုအားပေး၊ ၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ ်(အဝေးသင်သင်တန်း) တတိယအသုတ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်။အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဘောလုံးအားကစားအဖွဲ့၏ စခန်းသွင်းလေ့ကျင့်နေမှုများကြည့်ရှုအားပေး

MRTV News Channel

02 Nov, 13:06


ကချင်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲတက်ရောက်၊ နောင်တာလော ရေလယ်ကျွန်းပေါ်တွင် သီးနှံများတိုးချဲ့စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေး တောင်သူများနှင့်တွေ့ဆုံ၊ သဲသောင်ခုံပေါ်တွင် နေကြာမျိုးစေ့များ ကြဲပက်စိုက်ပျိုးပြီး သဲသောင်ခုံပေါ် တိုးချဲ့စိုက်ပျိုးမှုများ ကြည့်ရှုစစ်ဆေး

MRTV News Channel

29 Oct, 17:36


၃၀-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ
"MRTV, MRTV NEWS, MITV, MRTV NRC, MRTV PARLIMENT, MRTV FARMERS', MRTV SPORTS Channel တိုတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များ"

Please Join MRTV Telegram Channels;

MRTV
https://t.me/mrtvnews

MRTV News Channel
https://t.me/mrtvnewschannel

MRTV News Channel

29 Oct, 14:32


ဟားခါးမြိုနယ်တွင် လုံခြုံရေးတပ်ဖွဲဝင်များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက်

MRTV News Channel

29 Oct, 14:25


စီးရီးအေတွင် ဖီရင်အိုတီးနားက ရိုးမားကို ဂိုးပြတ်နိုင်

MRTV News Channel

29 Oct, 14:24


ပလိုင်းမောက်နှင့် ပရက်စတန် (၃) ဂိုးစီသရေကျ

MRTV News Channel

29 Oct, 14:24


ဗယ်လက်ကာနိုက ဒီပို့တီပို့ကို (၁) ဂိုးဖြင့်နိုင်

MRTV News Channel

29 Oct, 14:24


ပရီးမီးယာလိဂ်တွင် ဝက်စ်ဟမ်းက မန်ယူကို (၂) ဂိုး (၁) ဂိုးဖြင့်နိုင်

MRTV News Channel

29 Oct, 14:24


ဘရာဇီးအနုပညာရှင်သည် တောမီးပြာများနှင့် ရွှံ့နွံများအား ပန်းချီကားအဖြစ် ပြောင်းလဲခဲ့

MRTV News Channel

29 Oct, 14:24


ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် ပတ်ဝန်းကျင်ပြည်နယ်များတွင် မြစ်ရေလျှံတက်နိုင်

MRTV News Channel

29 Oct, 14:24


အိန္ဒိယနိုင်ငံ၊ ဒေလီမြို့၏ အစိတ်အပိုင်းများအား မီးခိုးမြူများ ဖုံးလွှမ်းနေသောကြောင့် ဒေသခံများက အစိုးရအား အရေးယူပေးရန် တောင်းဆို

MRTV News Channel

29 Oct, 14:24


တောင်ကိုရီးယားရှိ SK Hynix ချစ်ပ်ကုမ္ပဏီကြီးသည် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုအတွက် ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် စံချိန်တင်အမြတ်ငွေများ ရရှိခဲ့

MRTV News Channel

29 Oct, 14:05


၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ အောက်တိုဘာလ (၁၅)ရက်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် တန်ချိန်စုစုပေါင်း (၂၇၁,၅၀၀)ကျော်တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၅၂ ဒသမ ၃၃၇)သန်း တင်ပို့နိုင်ခဲ့

MRTV News Channel

29 Oct, 14:05


ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိ

MRTV News Channel

29 Oct, 14:05


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲသို့ တက်ရောက်

MRTV News Channel

29 Oct, 14:05


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ် (တောင်ပိုင်း) တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

MRTV News Channel

29 Oct, 14:05


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

MRTV News Channel

29 Oct, 14:05


ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၌ ကျင်းပသည့် (၉)ကြိမ်မြောက် အာယုဗေဒနေ့အထိမ်းအမှတ်သို့ တက်ရောက်အမှာစကားပြောကြား

MRTV News Channel

29 Oct, 14:04


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေမှု၊ ကျွန်းဦးစံပြကျေးရွာ ပဲလှော်ဖိုလုပ်ငန်းများ လည်ပတ်နေမှု ကြည့်ရှုစစ်ဆေး

MRTV News Channel

29 Oct, 14:04


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်ပွဲတက်​ရောက်

MRTV News Channel

29 Oct, 14:04


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ချောင်းသာမြို့ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၃)မျိုးဖွင့်ပွဲသို့ တက်ရောက်၊ ပုသိမ်ရုံးခွဲရှိ ဝန်ထမ်းများအား တွေ့ဆုံ