BBC News မြန်မာ @bbcnewsburmese Channel on Telegram

BBC News မြန်မာ

@bbcnewsburmese


နောက်ဆုံးရ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများကို တင်ဆက်ပေးနေသော ဘီဘီစီမြန်မာပိုင်း ​၏ တရားဝင်တယ်လီဂရမ် ချန်နယ် ဖြစ်ပါသည်။

https://www.bbc.com/burmese

BBC News မြန်မာ (Burmese)

မင်္ဂလာရေးနယ်အား ကဖီဘီဘီစီမြန်မာပိုင်း မြန်မာ့သတင်းများကိုပြောပြပေးနေပါသည။ ဤခန့်မှန်နယ်ကို၊ BBC News သတင်းများနှင့် အန္တရာယနန်မှင့် ရှည့်ရည့်ရသည်။ သတင်းများကို အစီအစဉ်လုံးဖန်တီးနိဂုရမ် ရယူလိုအပ်သည်။ ဤနယ်အား ထုိးေဆသထက်ေသန်င့် အတွေ့တိုး ပိုကျန်ရိုက်ဟီးစဉဲံးနေသ။ အောက်ဆုံးချိန်တီထ။ https://www.bbc.com/burmese

BBC News မြန်မာ

11 Feb, 17:28


https://www.bbc.com/burmese/articles/cly7qdg3n79o?at_campaign=ws_telegram

BBC News မြန်မာ

11 Feb, 17:28


https://www.bbc.com/burmese/articles/czx8zr1npg8o?at_campaign=ws_telegram

BBC News မြန်မာ

11 Feb, 13:59


ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ် ဆေးရေးဌာန(DSI) က ပြင်ဆင်နေတယ်လို့ ထုတ်ပြောလာပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်နိုင်အောင်လည်း လိုအပ်တဲ့သက်သေအထောက်အထားတွေကို DSI က ရှေ့နေချုပ်ဆီကို တင်ပြသွားဖို့ရှိတယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

ဒီလိုထိုင်းဘက်က အသံထုတ်ပြောဆိုလာမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးစောချစ်သူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3EzJ3cQ?at_campaign=ws_telegram မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

11 Feb, 07:41


လောဘကြီးတဲ့ အတ္တနိုင်ငံရေးသမားတွေ သွေးထိုးလို့ လမ်းဆုံးပြီး လူငယ်တွေ သေနတ်ကိုင်တောထဲ ဝင်သွားတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်ပြောလာပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ်တွေက လူငယ် ၉၀၀ ခန့်နဲ့ ပါတီဌာနချုပ်မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက်တုန်းက တွေ့ဆုံချိန် သူက အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ပြီး သူ့အမြင်ကို ဘယ်လိုထုတ်ပြောထားပါသလဲ။ ဒီသတင်းအပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက်နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်းအင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://bbc.in/3WVJNiu?at_campaign=ws_telegram ကို နှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

11 Feb, 06:21


"စစ်တွေမြို့ခံတွေကို ခေါ်ပြီး အစည်းအဝေး လုပ်ကြတယ်။ တိုက်ပွဲဖြစ်လာခဲ့ရင် အခိုင်အမာ ဆောက်ထားတဲ့အိမ်တွေမှာ သူတို့ စနိုက်ပါတပ်ဖွဲ့ဝင်တွေ ဝင်နေမယ်၊ ဒါကိုပိုင်ရှင်တွေအနေနဲ့ ခွင့်ပြုရမယ်ဆိုပြီး ပြောထားတာရှိတယ်" လို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးကြိုတင်ပြင်ဆင်တာတွေကို စစ်တွေမြို့ခံတစ်ယောက်က ပြောပါတယ်။

အပြည့်အစုံကို ဒီလင့်ခ်မှာ https://bbc.in/42IVFIC?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

11 Feb, 05:32


ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်နိုင်အောင်လည်း လိုအပ်တဲ့သက်သေအထောက်အထားတွေကို ထိုင်းအထူးစုံစမ်းစစ် ဆေးရေးဌာန(DSI) က ရှေ့နေချုပ်ဆီကို တင်ပြသွားဖို့ရှိတယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက ဇန်နဝါရီလ ၁၁ ရက်မှာ ပြောပါတယ်။

ဒီသတင်းအပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ဒီလင့်ခ် https://www.bbc.com/burmese/live/cgmykkj1lvrt?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

11 Feb, 03:44


ကရင်၊မြဝတီမြို့နယ်ထဲက ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA) ရဲ့ ထိန်းချုပ်နယ်‌မြေဖြစ်တဲ့ ကျောက်ခက်စီမံကိန်းထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၁၆၀ ကျော်ကို ပြန်လွှတ်ဖို့ စီစဥ်နေတယ်လို့ DKBA အမှတ် ၁ စစ်ဒေသကွပ်ကဲရေးမှူး က ဘီဘီစီကို ပြောပါတယ်။
ဒီသတင်းအပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ဒီလင့်ခ် https://www.bbc.com/burmese/live/cgmykkj1lvrt?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

11 Feb, 02:41


AAတရုတ်ဆိုက်တွေလို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းရုံတွေရှိတဲ့ မြဝတီနဲ့ ရွှေကုက္ကိုဘက် အပါအဝင် ထိုင်း - မြန်မာနယ်စပ် နေရာ ၅ ခုကို ထိုင်းဘက်ကဖေဖော်ဝါရီ ၅ ရက်မှာ လျှပ်စစ်မီးဖြတ်လိုက်တာနဲ့ လောင်စာဆီ မရောင်းချတော့ပါဘူး။လင်ခ့် https://www.bbc.com/burmese/articles/c3912km8kp2o?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

10 Feb, 16:17


https://www.bbc.com/burmese/articles/cwypjlwjw7eo?at_campaign=ws_telegram

BBC News မြန်မာ

10 Feb, 16:17


https://www.bbc.com/burmese/articles/c3vp0n0q9w6o?at_campaign=ws_telegram

BBC News မြန်မာ

10 Feb, 16:16


https://www.bbc.com/burmese/articles/cz6p4n6zlp6o?at_campaign=ws_telegram

BBC News မြန်မာ

10 Feb, 13:51


"စစ်တွေမြို့ခံတွေကို ခေါ်ပြီး အစည်းအဝေး လုပ်ကြတယ်။ တိုက်ပွဲဖြစ်လာခဲ့ရင် အခိုင်အမာ ဆောက်ထားတဲ့အိမ်တွေမှာ သူတို့ စနိုက်ပါတပ်ဖွဲ့ဝင်တွေ ဝင်နေမယ်၊ ဒါကိုပိုင်ရှင်တွေအနေနဲ့ ခွင့်ပြုရမယ်ဆိုပြီး ပြောထားတာရှိတယ်" လို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးကြိုတင်ပြင်ဆင်တာတွေကို စစ်တွေမြို့ခံတစ်ယောက်က ပြောပါတယ်။
အပြည့်အစုံကို https://bbc.in/42IVFIC?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

10 Feb, 05:09


လူမှုကွန်ရက်နဲ့ မီဒီယာတွေက လူငယ်တွေကို အတွေးအခေါ် အယူအဆ မှားအောင်၊ စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေတာ‌ကြောင့် အနုပညာအစွမ်းနဲ့ တည့်မတ်ဆောင်ရွက်ပေးစေလိုတယ်လို့ဆိုပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကယ်ဒမီဆုပေးပွဲမှာ ရုပ်ရှင်နယ်ပယ်ကို တိုက်တွန်းလိုက်ပါတယ်။
သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ https://bbc.in/41ab5EF?at_campaign=ws_telegram နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

10 Feb, 03:19


မိုးကုတ်မြို့အကြောင်းဝေမျှတဲ့ ဆိုရှယ်မီဒီယာဂရုတွေမှာတော့ မိုးကုတ်အနောက်ခြမ်း ကျောက်လုပ်ကွက်တွေဝန်းကျင်ကို လေကြောင်းဗုံးအလုံး ၃၀ ဝန်းကျင်ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိတယ်လို့ မြို့ခံတွေက ပြောဆိုဖော်ပြနေကြပါတယ်။

သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ https://bbc.in/41ab5EF?at_campaign=ws_telegram နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

10 Feb, 02:39


ပြီးခဲ့တဲ့လက ဂါဇာဒေသက ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ထိုင်းစိုက်ပျိုးရေးအလုပ်သမား ငါးဦး ဘန်ကောက်မြို့ကို ပြန်ရောက်လာခဲ့ပါပြီ။
သူတို့ဟာ ဟားမတ်စ်တွေလက်ထဲမှာ ရက်ပေါင်း ၅၀၀ နီးပါး ထိန်းသိမ်းခံခဲ့ရအပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်လက်နက်ကိုင်တွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရချိန်တုန်းက ပွန်ဆက် ထေနာ၊ ဆက်သီယန် ဆူဝမ်နက်ခမ်၊ ဝါ့ချာရာ ဆရီအွန်၊ ဘန်နဝပ် ဆေသောင်နဲ့ ဆူရာဆက် လမ်နောင် တို့ ငါးဦးစလုံး အစ္စရေးနိုင်ငံတောင်ပိုင်းမှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့မနက်မှာတော့ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် ဆိုက်ရောက်ခန်းမမှာ မိသားစုဆွေမျိုးတွေက သူတို့ကို မျက်ရည်လည်ရွဲ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c1ezyx2qd0vo?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

09 Feb, 10:35


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစိုးရပိုင် ရန်ပုံငွေ (SWF) စတင်ထားရှိဖို့ အစကနဦး သမ္မတအမိန့်တစ်ရပ်ကို မကြာသေးခင်တုန်းကပဲ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

"SWF ရှိခြင်းက ချမ်းသာမှုကို တိုင်းတာမှုအဖြစ် ရှုမြင်ရပါမယ်။ အထူးသဖြင့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပေါပေါများများရှိတဲ့ နိုင်ငံမျိုးတွေမှာ မြင်ရပါတယ်" လို့ IFSW)က မဟာဗျူဟာနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ဗစ်တိုးရီးယား ဘာဘရီက သုံးသပ်ပါတယ်။

ကမ္ဘာမှာ ဒီလိုရန်ပုံငွေ အများဆုံးရှိတဲ့နိုင်ငံက နော်ဝေဖြစ်ပြီး မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒီလိုရန်ပုံ ငွေပေါင်း ၉၀ အထိရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ထရီလီယံ တန်ဖိုးရှိပါတယ်။

ဒီတော့ သမ္မတ ထရမ့်က ဘာကြောင့် အခုမှ ဒီလိုရန်ပုံငွေ ထားဖို့ စဥ်းစားလာတာပါလဲ၊ အပြည့်အစုံကို https://bbc.in/4hK8PZW?at_campaign=ws_telegram ဆက်လက်ဖတ်ရှုပါ။

BBC News မြန်မာ

09 Feb, 08:21


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြံပေးတွေ အကြောင်းပြောရရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပွဲအကြောင်း ချန်ထားခဲ့လို့မရပါဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်မှုရှိမရှိ အကြံပေးတွေဆီက အကြံဥာဏ်ရယူခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေးကြီးကိစ္စတွေပေါ်ပေါက်လာတိုင်း သူ့ရဲ့အကြံပေးတွေကို သမ္မတအိမ်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေးထိုင်စေခဲ့တယ်လို့ အိမ်တော်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ နေ့စဉ်ပုံမှန်ဆုံးဖြတ်ချက်တွေမှာတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆီက သတင်းတွေကိုပဲ ပိုအားကိုးတယ်လို့ ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3QclqJQ?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

09 Feb, 05:56


မွန်ပြည်နယ်၊ ဘီးလင်းမြို့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးကို ထပ်ဖမ်းမိထားတယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာန၊ ‌တောင်ပိုင်းစစ်ဒေသရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီသတင်းအပါဝင် ဖေဖော်ဝါရီလ ၉ ရက် ထိပ်တန်းသတင်းများစုစည်းချက်ကို ဒီလင့်ခ် https://bbc.in/4jSE7Qg?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

09 Feb, 05:42


စစ်အာဏာသိမ်းထားလို့ နိုင်ငံ ပြန်မလာနိုင်သေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်အစိုးရက ယာယီ အကာအကွယ်ပေးထားတာ ရပ်ဆိုင်းပစ်မလားဆိုပြီး စောင့်ကြည့်နေရတဲ့အခြေအနေပါ။

ထရမ့်အိမ်ဖြူတော်ပြန်လာပြီး ၈ ရက်မြောက်နေ့မှာပဲ ဗင်နီဇွဲလား နိုင်ငံသား ၃ သိန်းကျော်ရဲ့ ယာယီ နေထိုင် ခွင့်တွေ ရုပ်သိမ်းခံလိုက်ရပါတယ်။ ဒီအထောက်အထားနဲ့နေတဲ့ မြန်မာနိုင်ငံသား ၂၃၀၀ ကျော်ဟာလည်း စိုးရိမ်မကင်းဖြစ်နေရပါပြီ။

"သမ္မတ ဘိုင်ဒန် မဆင်းခင် သက်တမ်းတိုးပေးခဲ့တဲ့ ဗင်နဇွဲလား TPS ကိုတောင် ဖျက်သိမ်းခဲ့တော့ မြန်မာနိုင်ငံသားတွေကိုလည်း ဖျက်သိမ်းမလားဆိုတာတော့ စိုးရိမ်ရတယ်" လို့ အမေရိကန်မှာ TPS နဲ့နေထိုင်နေသူ ကိုအုပ်စိုးခန့်က ဘီဘီစီကို ပြောပါတယ်။

TPS လို့ ယာယီကာကွယ်ပေးတဲ့အဆင့် ရုပ်သိမ်းခံရရင် အဆိုးဆုံးကတော့ အမေရိကန်ကနေ မြန်မာကို ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ခံရနိုင်တာပါ။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3CUn0Nj?at_campaign=ws_telegram ကို နှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

09 Feb, 05:14


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ အပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(အေအေ) ကြား လက်နက်ကြီးနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်အထိ အပြန်အလှန်ပစ်ခတ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။

"စစ်တွေမြို့ကနေ ၁၀ မိုင်လောက်ဝေးတဲ့နေရာတွေမှာ ပစ်ခတ်မှုတွေဖြစ်နေတာ" လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၉ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ်ကနေ https://www.bbc.com/burmese/articles/c1kmygm9d9eo?at_campaign=ws_telegram
ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပုံစာ - ဇန်နဝါရီ လအလယ်တုန်းက စစ်တွေမြို့အခြေစိုက်စစ်တပ်စခန်းတွေကနေ ပုဏ္ဏားကျွန်းမြို့ထဲကို ပစ်ခတ်ခဲ့ပါတယ်။

BBC News မြန်မာ

05 Feb, 02:26


"ရက် ၉၀ ကိုကျော်လွန်သွားရင်ဆိုတဲ့အခြေအနေကို တိုင်ပင်နေကြရပြီ" လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ဘီဘီစီကို ပြောပါတယ်။
အမေရိကန်အစိုးရအစွမ်းထက်မှုဌာန (DOGE) ကိုဦးဆောင်နေတဲ့ အီလွန်မတ်စ်က အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ပိတ်ပစ်မယ်ဆိုတဲ့ပြောဆိုချက်ဟာ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေကြား နောက်ထပ်ရိုက်ခတ်မှုကြီးတစ်ခုကိုဖြစ်လာစေပါတယ်။
USAID ရဲ့ နိုင်ငံတကာအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ထားရာကနေ အကူအညီပေးရေးစီမံကိန်းတွေလုံးဝ ရပ်ဆိုင်းသွားခဲ့ရင် မြန်မာမှာ ဘယ်လောက်အထိအကျပ်ရိုက်လာမလဲ။
ဒီဆောင်းပါး https://www.bbc.com/burmese/articles/cvge10p388eo?at_campaign=ws_telegram မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

04 Feb, 18:58


အန္တာတိကရေခဲတွေကြားက ဘဲလေးကချေသည်

ပြင်သစ်က ဘဲလေးကချေသည် ဗစ်တိုးရီးယား ဒိုဘာဗီးလ်ဟာ အန္တာတိကရေခဲပြင်တွေကြားမှာ ကပြ ခဲ့တာကို သူ့ပါတနာအမျိုးသား မက်သယူး ဖော်ဂက်က ဗီဒီယိုမှတ်တမ်း ရိုက်ကူးယူထားခဲ့တာကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်က သာမန်လူတွေ မရောက်တဲ့ မသွားတဲ့ နေရာမျိုးတွေအထိသွားပြီး ကကွက်တွေ ဖော်ရတာကို နှစ်ခြိုက်ဝါသနာထုံကြသူတွေပါ။
#ဘီဘီစီမြန်မာပိုင်း #ဘဲလေးကချေသည် #အန္တာတိက

BBC News မြန်မာ

04 Feb, 17:53


အိမ်ဖြူတော်မှာ သမ္မတတွေ ဘာစားသောက်ကြလဲ
ဖိလစ်ပိုင်မှာ မွေးခဲ့သူ ခရစ္စတီတာ ကော်မာဖို့ဟာ အမေရိကန်သမ္မတရုံးစိုက် နေထိုင်ရာ အိမ်ဖြူတော်ရဲ့ စားဖိုမှူးချုပ်ဖြစ်လာခဲ့ပြီး ဘီလ်ကလင်တန်ကနေ ဂျိုးဘိုင်ဒန်အထိ သမ္မတငါးယောက်အတွက် ချက်ပြုတ်ကျွေးမွေးခဲ့ရသူပါ။ သူဟာ အာရှလူမျိုးထဲကရော လူဖြူမဟုတ်သူထဲကပါ အိမ်ဖြူတော်ရဲ့ ပထမဆုံး စားဖိုမှူးချုပ် ဖြစ်လာသူပါ။ သူချက်ပေးခဲ့ရတဲ့ သမ္မတတွေက ဘာတွေကြိုက်တတ်ကြပါသလဲ။ ဘီဘီစီရဲ့ Witness History အစီအစဥ်က ခရစ္စတီတာကို မေးကြည့်ထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အိမ်ဖြူတော် #အမေရိကန်သမ္မတ #အိုဘားမား #ဂျိုးဘိုင်ဒန်

BBC News မြန်မာ

04 Feb, 16:26


https://www.bbc.com/burmese/articles/c1kmr3vg9wko?at_campaign=ws_telegram

BBC News မြန်မာ

04 Feb, 15:50


https://www.bbc.com/burmese/articles/c78xrl7gz4yo?at_campaign=ws_telegram

BBC News မြန်မာ

04 Feb, 15:49


https://www.bbc.com/burmese/articles/cp9xvr2y23do?at_campaign=ws_telegram

BBC News မြန်မာ

04 Feb, 12:26


အမေရိကန်အစိုးရအစွမ်းထက်မှုဌာန (DOGE) ကိုဦးဆောင်နေတဲ့ အီလွန်မတ်စ်က အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကို ပိတ်ပစ်မယ်ဆိုတဲ့ပြောဆိုချက်ဟာ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေကြား နောက်ထပ်ရိုက်ခတ်မှုကြီးတစ်ခုကိုဖြစ်လာစေပါတယ်။

USAID ရဲ့ နိုင်ငံတကာအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ထားရာကနေ အကူအညီပေးရေးစီမံကိန်းတွေလုံးဝ ရပ်ဆိုင်းသွားခဲ့ရင် မြန်မာမှာ ဘယ်လောက်အထိအကျပ်ရိုက်လာမလဲ။

မြန်မာက အကူအညီပေးရေးအဖွဲ့တွေဘယ်လိုပြင်ဆင်နေကြလဲ။ USAID ရဲ့ မြန်မာအတွက်အကူအညီကဘယ်လောက်သုံးစွဲနေတာလဲ။

ဒီဆောင်းပါး https://www.bbc.com/burmese/articles/cvge10p388eo?at_campaign=ws_telegram မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

04 Feb, 05:33


စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းကဒေသတွင်းမတည်ငြိမ်မှုကိုဖြစ်လာစေလို့ နိုင်ငံတကာအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးထိရောက်တဲ့ကူညီမှုတွေပေးဖို့ ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အဖွဲ့အစည်း ငါးခု က ပူးတွဲ ထုတ်ပြန်ပါတယ်။သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၄ ရက် သတင်းများတိုက်ရိုက်တင်ဆက်မှုလင့်ခ်ကနေ https://www.bbc.com/burmese/live/ckgr2pyk0ddt?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

04 Feb, 03:27


အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဂိုဏ်းတွေမှာ စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၄ ရက် သတင်းများတိုက်ရိုက်တင်ဆက်မှုလင့်ခ်ကနေ https://www.bbc.com/burmese/live/ckgr2pyk0ddt?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

04 Feb, 02:45


အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ကို ပိတ်ပစ်မယ်ဆိုပြီး အီလွန်မတ်စ်က ပြောပါတယ်။ တနင်္လာနေ့ကစပြီး USAID ဝန်ထမ်းတွေကို အိမ်မှာပဲ နေခိုင်းထားပြီး ဒီအဖွဲ့ရှေ့ရေးကလည်း မရေရာလှပါဘူး။

ထိပ်တန်း လုံခြုံရေး အရာရှိနှစ်ဦးကို ခွင့်ပေးလိုက်ပြီးနောက် ဝရုန်းသုန်းကားတွေ ဖြစ်နေချိန်မှာ အမေရိကန်သမ္မတ ထရမ့်ရဲ့ အကြံပေး ဘီလျံနာသူဌေးရဲ့ မှတ်ချက်တွေ ပေါ်ထွက်လာပါတယ်။ USAID ရဲ့ ဝက်ဆိုက်ကလည်း စနေနေ့ကစပြီး အလုပ်မလုပ်တော့ပါဘူး။ ိုဒီလင်ခ့်
https://www.bbc.com/burmese/articles/c2eg4j73zpvo?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

04 Feb, 02:07


စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ လေးနှစ်တာအတွင်းမှာ မြန်မာပြည်အလယ်ပိုင်းက စလို့ နိုင်ငံမြောက်ဖျားက တရုတ်နဲ့နယ်စပ်အထိ နယ်မြေရာခိုင်နှုန်း အများစုက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ သိမ်းပိုက်နယ်မြေတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

တဖက်မှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့မြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ဖိအားအပြင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဘယ်လိုစိန်ခေါ် ချက်တွေရှိနေပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန် အုပ်စိုးသူပြောင်းသွားတဲ့မြို့တွေနဲ့အုပ်ချုပ်ရေးစိန်ခေါ်ချက်တွေအကြောင်း အပြည့်အစုံကိုဒီလင်ခ့်
https://www.bbc.com/burmese/articles/clye4y7l7rpo?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

03 Feb, 18:25


LA မီးမှာ အသက် ၁၀၀ အဘွားကို ကယ်ထုတ်ခဲ့ရပုံ
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ကောင်တီတဝိုက် တောမီးကြီးတွေ အကြီးအကျယ်လောင်နေချိန်က အော်လတာဒေးနားအရပ်က သက်ကြီးရွယ်အိုဂေဟာ မှာ တစ်ယောက်ထဲကျန်နေတဲ့ အသက် ၁၀၀ အရွယ် အဘွားကို ရဲတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၈ ရက် နေ့က တွေ့ရှိကယ်ထုတ်ခဲ့ပုံကို ဗီဒီယိုထုတ်ပြန်လာခဲ့ပါတယ်။ အဘွားက နားမကြားသူဖြစ်ပြီး သူ့နားကြား ကိရိယာလည်း အားမသွင်းထားနိုင်၊ မီးတွေဖြတ်ထားလို့ မှောင်ထဲမှာ ဘယ်သွားရမှန်းမသိ ဖြစ်နေခဲ့တာပါ။ သူ့ကို ရဲတွေက လုံခြုံဘေးကင်းရာကို ခေါ်သွားစောင့်ရှောက် ပေးထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #လော့စ်အိန်ဂျလိစ် #တောမီး #အမေရိကန်

BBC News မြန်မာ

03 Feb, 16:02


https://www.bbc.com/burmese/articles/c2l0r75v9nyo?at_campaign=ws_telegram

BBC News မြန်မာ

03 Feb, 16:01


https://www.bbc.com/burmese/articles/cm21rv21172o?at_campaign=ws_telegram

BBC News မြန်မာ

03 Feb, 16:01


https://www.bbc.com/burmese/articles/c9d5n0z25qno?at_campaign=ws_telegram

BBC News မြန်မာ

03 Feb, 12:57


မြန်မာမှာ စစ်တပ်က အာဏာသိမ်းမှု ၄ နှစ် တိတိပြည့်ချိန်မှာတော့ တိုင်းရင်းသားနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားတဲ့မြို့အရေအတွက်က ၉၀ အထိရှိလာတာကို ဘီဘီစီရဲ့ စာရင်းပြုစုချက်အရ တွေ့ရပါတယ်။
မြို့အများစုဟာ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထားတာဖြစ်သလို နိုင်ငံရဲ့ ဒေသအများစုမှာ နယ်မြေပိုင်ဆိုင်သူအစုအဖွဲ့တွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။
နယ်မြေပိုင်ဆိုင်မှုတွေနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း နယ်မြေအငြင်းပွားမှုတွေရှိလာခဲ့ပြီး ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တအာင်းတပ် (TNLA) ကြားက သေနတ်မဖောက်လက်ဝှေ့ပွဲက လူမှုကွန်ရက်ပေါ်နာမည်ကျော်ခဲ့ပါတယ်။
အထူးသဖြင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့မြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ဖိအားအပြင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဘယ်လိုစိန်ခေါ် ချက်တွေရှိနေပါသလဲ။ ဆောင်းပါးအပြည့်အစုံကိုဒီလင်ခ့်
https://www.bbc.com/burmese/articles/clye4y7l7rpo?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

03 Feb, 09:21


မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ မနေ့ ဖေဖော်ဝါရီ ၂ ရက်က တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားဘက်ကဖော်ပြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၃ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက် https://www.bbc.com/burmese/live/ce3lg1092w8t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

03 Feb, 09:08


ဒီနေ့ ဖေဖော်ဝါရီ (၃) ရက် မနက် (၈) နာရီခွဲအချိန်တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့စာရင်းမှာ အဆင့် (၂) အထိရောက်ရှိခဲ့ပါတယ်။
AQI ညွှန်းကိန်းမှာ (၂၂၆) အထိရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ လေထုအညစ်ညမ်းဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နေ့လယ် (၂) နာရီအချိန်မှာတော့ AQI ညွှန်းကိန်း (၁၆၀) ကိုပြန်ကျကာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့စာရင်းရဲ့ အဆင့် (၁၄) ကို ပြန်ရောက်ရှိခဲ့ပေမဲ့ အလွန်အမင်းကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုအခြေအနေဖြစ်နေတဲ့အကြောင်းအပါအဝင် ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၃ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက် https://www.bbc.com/burmese/live/ce3lg1092w8t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

03 Feb, 08:55


မနက်ဖြန် ဖေဖော်ဝါရီ ၄ ရက်နေ့ဟာ ကမ္ဘာ့ကင်ဆာရောဂါနေ့ဖြစ်ပါတယ်။ ကင်ဆာရောဂါအပေါ် ပိုမို သတိပြုလာပြီး ကင်ဆာကာကွယ်ရေး၊ ရှာဖွေရေးနဲ့ ကုသရေးတွေကို ပိုမိုအာရုံစိုက်လာစေဖို့ သတ်မှတ်ထားတဲ့ရက်ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဘီဘီစီကလည်း ကမ္ဘာမှာ လူငယ်တွေ ကင်ဆာရောဂါအဖြစ်များလာတာကို သိပ္ပံပညာရှင်တွေ၊ ကင်ဆာရောဂါကုဆရာဝန်တွေနဲ့ ငယ်ရွယ်ပေမဲ့ကင်ဆာရောဂါခံစားနေရတဲ့လူနာတွေနဲ့ တွေ့ဆုံပြီး အသက် ၃၀ ကျော် အရွယ်နဲ့ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းခံတွေကို စေ့စေ့ငုငု သုတေသနပြုထားပါတယ်။

ငယ်ရွယ်သူတွေမှာကင်ဆာအဖြစ်များလာတဲ့အကြောင်းအချက်တွေကို ဒီဆောင်းပါး
https://www.bbc.com/burmese/articles/cp3j9dyp34wo?at_campaign=ws_telegram မှာဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

03 Feb, 03:51


မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဝင်တပ်ဖွဲ့ဝင်အယောက် (၂၀) ခန့်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မဲပလီဗျူဟာစခန်းဟာ ကရင်ပြည်နယ် ၊ ဖာပွန်မြို့အခြေစိုက် စစ်ဗျူဟာဌာနချုပ် (စဗခ-၁) ကို စစ်ကူပေးတဲ့ နေရာမှာရှိတာကြောင့် စစ်ရေးအရအရေးပါတယ်လို့ ဆိုပါတယ်။
“မဲပလီရှိနေတဲ့အတွက် “စဗခ”ကလူတွေက ပိုပြီးခံနိုင်ရည်ရှိနေတယ်။ အခုတော့ သူတို့ဆုတ်စရာစခန်း သိပ်မရှိဘူးဖြစ်သွားတာပေါ့” လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကွပ်ကဲရေးမှူး ကိုဆောင်းခက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချတဲ့ရုပ်သံဖိုင်တွေကိုတော်လှန်ရေးတပ်တွေကဒီနေ့မနက်မှာ ထုတ်ပြန်လာတဲ့အကြောင်းအပါအဝင် ဘီဘီစီရဲ့ တိုက်ရိုက်သတင်းထုတ်လွှင့်ချက်ကို https://www.bbc.com/burmese/live/ce3lg1092w8t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

30 Jan, 12:56


ဝါရှင်တန်မှာ ခရီးသည်တင်လေယာဥ်နဲ့ စစ်ရဟတ်ယာဥ်တိုက်မိပျက်ကျ
ဒီနေ့မနက်အစောပိုင်းက အမေရိကန်လေကြောင်းက ခရီးသည် ၆၀ တင်လာတဲ့လေယာဥ်တစ်စင်းနဲ့ စစ်သားသုံးဦးစီးလာတဲ့ လေ့ကျင့်ရေးရဟတ်ယာဥ်တစ်စင်းတို့ တိုက်မိပြီး ဝါရှင်တန်က ပိုတိုမက်မြစ်ထဲကို နှစ်စင်းစလုံးပျက်ကျသွားခဲ့ပါတယ်။ အခုအထိ အလောင်း ၁၉ လောင်းကို ဆယ်ယူရရှိပြီလို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ အေးစက်နေတဲ့ မြစ်ရေထဲမှာ ရှာဖွေရေးတွေကို ဆက်လုပ်နေကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #လေယာဥ်ပျက်ကျမှု

BBC News မြန်မာ

30 Jan, 11:27


စကားလုံး ၂၀၀ ကျော်ကို သိနားလည်တဲ့ ဥာဏ်ကြီးရှင်ခွေး
အသက်ခြောက်နှစ်အရွယ် ခွေးမလေး ဂိုင်ယာဟာ စကားလုံး ၂၀၀ ကျော်ကို သိပြီး နာမည်တွေနဲ့ အရုပ်တွေကို ခွဲခြားတတ်တယ်လို့ သူ့သခင်က ပြောပါတယ်။ သိုး ဆိတ်ကျောင်းရာမှာ အဓိက သုံးကြတဲ့ ဘော်ဒါကူလီခွေးမျိုးဟာ အသိဥာဏ်မြင့်မားတယ်လို့ သိထားကြပါတယ်။ ဟန်ဂေရီနိုင်ငံ တက္ကသိုလ်တစ်ခုက ကမ္ဘာ့နေရာအသီးသီးမှာ အဲဒီလို လူစကားနားလည်ပြီး စကားလုံးတွေ ခွဲခြားသိတတ်တဲ့ ခွေးပေါင်း ၄၁ ကောင် ရှိတာကို တွေ့ရှိသုတေသနပြုထားခဲ့ပါတယ်။ အခုတော့ ဂိုင်ယာရဲ့ ဘာသာစကားနားလည်နိုင်စွမ်းကို ကြည့်လိုက်ရအောင်ပါ။
#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ခွေး #ဘော်ဒါကူလီ

BBC News မြန်မာ

30 Jan, 10:32


အချုပ် ၆ လနဲ့ အပြီးသတ်အမိန့်ချခဲ့တဲ့ ရှမ်း၊ကရင်နီ(ကယား)နယ်စပ်၊ဖယ်ခုံမြို့နယ်၊လယ်ထွန်ကျေးရွာ အထက်တန်းကျောင်းရဲ့ တာဝန်ခံဆရာ ဦးဇော်ဇော်ထွန်းအမှုကို ကျသင့်ကျထိုက်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ အမျိုးသမီးအဖွဲ့တွေက ဆိုပါတယ်။
“ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ပြစ်ဒဏ်မျှတမှုအပေါ် သိနားလည်မှုအားနည်းပါတယ်။ ဒါကိုမှ မိသားစုက ကျေအေးလို့ဆိုပြီး ကလေးသူငယ်အပေါ်ကျူးလွန်တဲ့အမှုကို ပြစ်ဒဏ်ပေါ့လျော့ပေးတာကိုလက်မခံနိုင်ပါဘူး”လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး မနန်းမို့မို့က ဘီဘီစီကို ပြောပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက်လင့်ခ်ကို https://www.bbc.com/burmese/live/cn019n2nwpqt နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

30 Jan, 10:21


ခရီးသည် ၆၀ စီးနင်းလိုက်ပါလာတဲ့ အမေရိကန်လေကြောင်းလိုင်းရဲ့ Flight 5342 နဲ့ စစ်ရဟတ်ယာဉ်တို့ ဇန်နဝါရီ ၂၉ ရက်၊ အမေရိကန် ဒေသစံတော်ချိန် ည ၉ နာရီမှာ ရေဂင်ဝါရှင်တန်လေဆိပ်အနီး တိုက်မိပြီး ပိုတိုမက် မြစ်ထဲ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည်တွေ နဲ့ လေယာဉ်ဝန်ထမ်း ၄ ဦးပါပြီး စစ်ရဟတ်ယာဥ်မှာတော့ အမေရိကန် စစ်သား ၃ ယောက်ပါတယ်လို့ လေကြောင်းလိုင်းနဲ့စစ်တပ်ဖက်ကထုတ်ပြန်လာပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက မြစ်ထဲက ရုပ်အလောင်း ၁၈ လောင်းကို တွေ့ရှိထားပြီး အသက်ရှင်ကျန်ရစ် သူမတွေ့ရသေးဘူးလို့ ဘီဘီစီရဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ CBS သတင်းဌာနကို ရဲအရာရှိတွေကပြောပါတယ်။

“ကျွန်တော့်အမျိုးသမီးက သူ နောက်မိနစ် ၂၀ နေရင်ရောက်ပြီလို့ စာပို့ခဲ့သေးတယ်ဗျာ။ သူ့ကိုမြစ်ထဲကနေ တစ်ယောက်ယောက်က ကယ်တင်ပေးနိုင်ပါစေလို့ဆုတောင်းနေပါတယ်” လို့ လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးရဲ့ ခင်ပွန်းဖြစ်သူ ဟာမတ်ရာဇာက CBSသတင်းဌာနကိုပြောပါတယ်။
ခရီးသည်တင်လေယာဉ်ဟာ မြစ်ထဲထက်ပိုင်းကျိုးပျက်ကျသွားကာ စစ်ရဟတ်ယာဉ်ကလည်း လေယာဉ်‌ဘေးနား မှာဇောက်ထိုးပျက်ကျခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လေယာဥ်ပျက်ကျရာမြစ်ထဲမှာ အပူတပြင်းရှာဖွေကယ်ဆယ်ရေးတွေလုပ် နေဆဲဖြစ်ပါတယ်။သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက်လင့်ခ် https://www.bbc.com/burmese/live/cn019n2nwpqt ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

30 Jan, 09:13


ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံသံတမန်တွေတွေ့ဆုံတဲ့ လုပ်ငန်း ညှိနှိုင်းနေ့လယ်စာစားပွဲမှာ မြန်မာမှာကျင်းပမယ့်ရွေးကောက်ပွဲအကြောင်း မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း က ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာသံအမတ်ကြီးက ရွေးကောက်ပွဲကိစ္စအပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ် အပေါ် မြန်မာနိုင်ငံရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံရေးအခြေအနေနဲ့ NUG ၊ PDF တို့ရဲ့လုပ်ရပ်တွေကိုပါ ရုရှားနဲ့ အာဆီယံသံတန်တွေကို ရှင်းပြခဲ့ပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက်လင့်ခ်ကို https://www.bbc.com/burmese/live/cn019n2nwpqt နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

30 Jan, 04:52


မြန်မာကျောင်းသားတွေကိုပေးနေတဲ့ DISP ပညာသင်ဆု ထရမ့် ရပ်ဆိုင်း
ပညာတော်သင်ဆုနဲ့ပတ်သတ်တဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ DISP ပညာသင်ဆုနဲ့ ကျောင်းတက်လက်စ ကျောင်းသားတွေ နဲ့ ပညာသင်ဆုအင်တာဗျူးဖြေဆိုဖို့ ‌စောင့်ဆိုင်းနေသူတွေ ပယ်ဖျက်ခံရမလားဆိုတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက်လင့်ခ်ကို https://www.bbc.com/burmese/live/cn019n2nwpqt နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
#ဘီဘီစီမြန်မာပိုင်း #ထရမ့် #အမေရိကန် #ပညာသင်ဆု #DISP

BBC News မြန်မာ

30 Jan, 04:15


အေအေ ထိုးစစ် ရခိုင်ကို ကျော်လွန်လာမလား
အာရက္ခတပ်တော်(အေအေ)ဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တိုင်းသုံးခု အစပ်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်နယ်ခြားအစပ်အထိ အပြည့်အဝထိန်းချုပ် ထားနိုင်ပြီဆိုတဲ့ သတင်းစကားကိုပေးခဲ့ပါတယ်။
ရခိုင်-ဧရာဝတီ အစပ်မှာ သံချပ်ကားတွေမောင်းပြပြီး ရခိုင်-မကွေးအစပ်နဲ့ ရခိုင်-ပဲခူးအစပ်က တပ်စခန်းတချို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အေအေရဲ့ထိုးစစ်ဟာ ရခိုင်နယ်နိမိတ်ကို ကျော်လွန်လာပြီလို့ သုံးသပ်မှုတွေရှိသလို ရခိုင်ပြည်နယ်ထဲက တပ်စခန်းတွေကို မြန်မာစစ်တပ်က အလွယ်တကူ ပြန်သိမ်းလို့မရအောင်သုံးထားတဲ့ စစ်ရေးဗျူဟာလို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ရခိုင်ပြည်နယ်ကို ကုန်းလမ်းက ဝင်ရောက်နိုင်တဲ့ အဓိကဝင်ပေါက်သုံးခုလုံးကို အေအေက ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c203epd88p0o ကို နှိပ်ပြီး ဝက်ဘ်ဆိုဒ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အေအေ #ရခိုင် #မကွေး #ဧရာဝတီ #ပြည်တွင်းစစ်

BBC News မြန်မာ

30 Jan, 03:46


ဒီကျောင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသက် ၃ နှစ်ကနေ ၁၂ နှစ်အရွယ်ကလေး ၁၉၀ ပညာ သင်ကြားနေတာဖြစ်ပါတယ်။

စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာရှိတဲ့ ဒီကျောင်းလိုပဲ ၂၀၂၄ခုနှစ်၊ စက်တင် ဘာလတုန်းကလည်း ခရိုင်ထဲက မြန်မာရွှေ့ပြောင်းကျောင်း ၆ ကျောင်းလည်း ဝင်စစ်ခံရပြီး ပိတ်သိမ်းခံရဖူးပါတယ်။

သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက်လင့်ခ်ကို https://www.bbc.com/burmese/live/cn019n2nwpqt နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

29 Jan, 18:53


ဂါဇာက အမြွှာညီအစ်ကိုရဲ့ မျက်ရည်လည်ရွဲပြန်ဆုံပွဲ
ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်း လူငယ်လေး မာမွတ် အယ်လ်အာတုဟာ သူ့ရဲ့ အမြွှာညီအစ်ကိုဖြစ်သူ အီဘရာဟင်နဲ့ တစ်နှစ်ကျော်ကြာကွဲကွာနေအပြီး အခုတော့ ဂါဇာစီတီက လမ်းတစ်ခုမှာ ပြန်ဆုံခဲ့ကြပါတယ်။ ၂၀၂၃ အောက်တိုဘာမှာ ဟားမတ်စ်နဲ့ အစ္စရေး စစ်ပွဲကြီး ဖြစ်လာအပြီး အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာမြောက်ပိုင်းက လူပေါင်းသိန်းချီလို့ တောင်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ အခုတော့ အပစ်ရပ်သဘောတူညီချက်ရလာချိန် ပါလက်စတိုင်းတွေ နေရပ်ပြန်လာကြလို့ ညီအစ်ကို ပြန်ဆုံမိကြတာပါ။
#ဘီဘီစီမြန်မာပိုင်း #အစ္စရေး #အမေရိကန် #ဟားမတ်စ် #ဂါဇာ

BBC News မြန်မာ

29 Jan, 17:08


https://www.bbc.com/burmese/articles/cd647x5jeeeo?at_campaign=ws_telegram

BBC News မြန်မာ

29 Jan, 17:08


https://www.bbc.com/burmese/articles/c5y7pj7jmpro?at_campaign=ws_telegram

BBC News မြန်မာ

29 Jan, 17:07


https://www.bbc.com/burmese/articles/c62e03gzz47o?at_campaign=ws_telegram

BBC News မြန်မာ

29 Jan, 15:32


အိန္ဒိယက ကုမ့်မေလာပွဲတော်မှာ နင်းမိ ပိမိကြလို့ လူတွေ အသက်ဆုံး
ကမ္ဘာ့ပေါ်က အကြီးဆုံး ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ကုမ့်မေလာပွဲမှာ မြင့်မြတ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကမှတ်ယူထားတဲ့ မြစ်တွေထဲ ရေချိုးသန့်စင်ဖို့ ဆင်းလာကြတဲ့ လူအုပ်ကြီး တွန်းကြ တိုးဝှေ့ကြရင်း ပိမိပြီး အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာ ကျင်းပနေတဲ့ ဒီပွဲတော်မှာ လူပေါင်း သန်း ၂၀၀ ကျော် မြစ်တွေထဲ ရေချိုးသန့်စင်ခဲ့ကြပြီးပြီလို့ တာဝန်ရှိသူတွေကပြောကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ကုမ့်မေလာ #ဟိန္ဒူ #ဂင်္ဂါမြစ်

BBC News မြန်မာ

29 Jan, 10:45


တရုတ်ရဲ့ ဉာဏ်ရည်တု(AI) ချက်ဘော့တ် DeepSeek ဟာ ချက်ဂျီပီတီ(ChatGPT)ကို ကျော်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဒေါင်းလုတ်ရယူမှု အများဆုံးအခမဲ့အက်ပလီကေးရှင်းဖြစ်လာတာကြောင့် နည်းပညာကမ္ဘာကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။

အဲဒီနောက် ဒီအက်ပလီကေးရှင်းကို ဖန်တီးတဲ့ ဘီလျံနာသူဌေး လျန် ဝမ်ဖန်းဟာလည်း တရုတ်မှာ ညတွင်းချင်းနာမည်ကြီးလာပါတယ်။
ဆိုတော့ ကမ္ဘာမှာပြောလောက်တဲ့အထိဖြစ်လာတဲ့ ဒီအမျိုးသား ဘယ်သူပါလဲ။
အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/40SVZDo?at_campaign=ws_telegram မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Jan, 08:53


အမေရိကန်မှာ မွေးဖွားသူ နိုင်ငံသားဖြစ်ခွင့်ကို ထရမ့်တကယ် ရုပ်သိမ်းနိုင်မှာလား
သမ္မတထရမ့်က အမေရိကန်နိုင်ငံထဲမှာ မွေးဖွားသူတွေ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်မယ်လို့ ပြောပါတယ်။ အဲဒီလို နိုင်ငံသားဖြစ်ခွင့်က လက်ရှိ အခြေခံဥပဒေမှာကို ပါရှိပြဋ္ဌာန်းထားတာပါ။ တကယ်တန်း သူ အဲဒီလို လုပ်နိုင်မှာလား။
#ဘီဘီစီမြန်မာပိုင်း #ထရမ့် #ဒေါ်နယ်ထရမ့် #အိမ်ဖြူတော် #အမေရိကန်

BBC News မြန်မာ

29 Jan, 03:47


သမ္မတထရမ့်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကို ရက် ၉၀ ဆိုင်းငံ့ထားတာကြောင့် မြန်မာက သိန်းကျော်ရှိနေတဲ့
HIV(အိတ်ချ်အိုင်ဗီ)နဲ့ တီဘီရောဂါပိုးကူးစက်ခံထားရသူတွေကို သက်ရောက်လာမယ်လို့ ပြည်တွင်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

အမေရိကန်ရဲ့ တကျော့ပြန်သမ္မတ ထရမ့်ရဲ့ မူဝါဒအပြောင်းအလဲက မြန်မာပြည်တွင်းက ကျန်းမာရေး‌စောင့်ရှောက်မှုလုပ်ငန်းတွေကို ဘယ်လိုသက်ရောက်လာမလဲ။ သတင်းအပြည့်အစုံကို https://www.bbc.com/burmese/live/cx2mpmvyn0zt မှာဆက်ပြီး ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Jan, 02:50


ဥရောပသမဂ္ဂအဖွဲ့ဝင် ထိပ်တန်းနိုင်ငံကြီးတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီတို့သာမက ဥရောပက နိုင်ငံတွေဟာ ပြည်တွင်းမှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရပေမဲ့ နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးကတည်းက ထရမ့်အရေးကိုပဲ အာရုံရနေကြပါတယ်။

ထရမ့်ရဲ့ ပြီးခဲ့တဲ့ သမ္မတသက်တမ်းတုန်းကတော့ ဥရောပနဲ့ ထရမ့်အကြားမှာ အဖုအထစ်တွေရှိခဲ့ဖူးပါတယ်။ အခုလည်း ထရမ့် ရဲ့ နောက်သမ္မတသက်တမ်းမှာလည်း ဆိုးဝါးတာတွေရှိလာနိုင်ပါတယ်။

ဥရောပမှာ အင်အားကြီးတယ်လို့ မှတ်ယူခံထားရတဲ့နိုင်ငံတွေဟာလည်း ပြဿနာ ကိုယ်စီနဲ့ပါ။ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း ကာလရှည်နိုင်ငံရေး အခက်အခဲတွေအပြင် စီးပွားရေး ကပ်ဆိုက်နေကြတာပါ။


စျေးကွက်ယှဥ်ပြိုင်မှုအကြောင်းပြောကြမယ်ဆိုရင်လည်း ဥရောပသမဂ္ဂတစ်ခုလုံးဟာ အမေရိကန်နဲ့ တရုတ်နောက်မှာ ကျန်ခဲ့ပါပြီ။

ဒါကြောင့် ဥရောပဟာ ဒေါ်နယ်ထရမ့်အတွက် ပြင်ထားပြီးပါပြီလား ဒါမှမဟုတ် တကျော့ပြန်သံသရာ ထပ်ကြုံရဦးမှာလား။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cwyep6763lwo?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

28 Jan, 18:30


မြွေနှစ်မှာ မွေးသူတွေရဲ့ သဘောထားဘယ်လို ရှိတတ်ပါသလဲ
ဒီနှစ်ရဲ့ တရုတ်နှစ်သစ်ကူးကတော့ ဇန်နဝါရီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ စတင်ပါတယ်။ အာရှနဲ့ ကမ္ဘာတလွှားမှာရှိကြတဲ့ တရုတ်လူမျိုးတွေက နှစ်သစ်ကို ထုံးတမ်းစဥ်လာအတိုင်း ပွဲတော်တွေနဲ့ ကြိုဆိုကြမှာပါ။ တရုတ်ရဲ့ ရိုးရာ ရာသီခွင်အရ ဒီနှစ်ဟာ မြွေနှစ်ဖြစ်ပါတယ်။ မြွေနှစ်မှာ မွေးတဲ့ကလေးတွေဟာ လူမှုဆက်ဆံရေးကောင်းကြသူတွေလို့ ဆိုပါတယ်။ ဒါပေမဲ့ တခြား ဘယ်လိုစရိုက်လက္ခဏာတွေရော ရှိတတ်တယ်လို့ နက္ခတ်ဗေဒပညာရှင်တွေက ဆိုပါသလဲ။
#ဘီဘီစီမြန်မာပိုင်း #တရုတ်နှစ်သစ်ကူး #မြွေနှစ်

BBC News မြန်မာ

28 Jan, 17:28


https://www.bbc.com/burmese/articles/c8xqr071e5po?at_campaign=ws_telegram

BBC News မြန်မာ

28 Jan, 17:27


https://www.bbc.com/burmese/articles/cx2y0r1qq33o?at_campaign=ws_telegram

BBC News မြန်မာ

19 Jan, 12:19


ပါလက်စတိုင်း နိုင်ငံရေးသမား မာဝန် ဘာဂူတီဟာ ဖာတာလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။

သူဟာ ပါလက်စတိုင်းအုံကြွမှု ဒုတိယ အင်တီဖာဒါရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာခဲ့ပြီး အစ္စရေးအကျဉ်းထောင်တွေထဲမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။

မာဝန် ဘာဂူတီဟာ အသက် ၁၅ နှစ်အရွယ်မှာ ဖာတာလှုပ်ရှားမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး အဲဒီအချိန်မှာ ကွယ်လွန်သူ ပါလက်စတိုင်း ခေါင်းဆောင် ယာဆာ အာရာဖတ်က ဖာတာလှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။

အင်တီဖာဒါဟာ ပါလက်စတိုင်း အုံကြွမှုဖြစ်ပြီး ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေးက သိမ်းပိုက်တာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။


သူဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ် သဘောတူညီချက်ဆွေးနွေးမှုတွေအတွက် အရေးပါသူဖြစ်ပြီး အဲ့ဒီသဘောတူညီချက်အရ အကျဉ်းထောင်ထဲမှာရှိတဲ့ ပါလက်စတိုင်း အကျဥ်းသားတချို့နဲ့ အစ္စရေး ဓားစာခံတွေ လဲလှယ် လွှတ်ပေးရေး ပေါ်ပေါက်လာနိုင်ပါတယ်။

သူက ဘယ်သူလဲ၊ ဘာကြောင့် သူ့ရဲ့ လွတ်မြောက်မှုက အရေးပါသလို အငြင်းပွားစရာလည်း ဖြစ်နေရတာလဲ။
အပြည့်အစုံကို https://www.bbc.com/burmese/articles/cwywwgxe831o?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 10:29


မြောက်ဦးမှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၈ ရက်မှာ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၂၈ ဦးရှိပြီး
သေဆုံးသူတွေဟာ ရခိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေနဲ့အတူ ဖမ်းမိတဲ့ တပ်မိသားစုဝင်တွေလို့ အေအေက ပြီးခဲ့တဲ့ မိနစ်ပိုင်းတုန်းကပဲ သတင်းထုတ်ပြန်လာပါတယ်။


အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c897yep00wjo?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 08:17


ဟားမတ်စ်ဘက်က ပြန်လွှတ်ပေးမယ်ဆိုတဲ့ ဓားစာခံ ပထမအသုတ်ရဲ့ နာမည်တွေကို မပေးသရွေ့ ဂါဇာမှာ အပစ်ရပ်မယ့်အစီအစဥ် ရှေ့ဆက်လုပ်မှာမဟုတ်ဘူးဆိုပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က ပြောလာပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ‘’မြေပြင်နည်းပညာအခက်အခဲတွေကြောင့်’’ နှောင့်နှေးရတာဆိုပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။

အပစ်ရပ် သဘောတူညီချက်အရ လွှတ်ပေးမယ့်လူတွေရဲ့နာမည် စာရင်းကို လွှဲပြောင်းမယ့်အစီအစဥ်မတိုင်ခင် ၂၄ နာရီ ကြိုတင် စာရင်းပေးရမှာဖြစ်ပါတယ်။

တကယ်တော့ ပါလက်စတိုင်းနဲ့ အစ္စရေး အကျဥ်းသားတွေ အလဲအလှယ်လုပ်မယ့် အစီအစဥ်ဟာ ပြီးခဲ့တဲ့ တစ်နာရီခန့်မှာ စတင်ရမှာဖြစ်ပါတယ်။

ဒီအပစ်ရပ်နဲ့အတူ ပါလာတဲ့ နောက်ဆက်တွဲ မေးခွန်းတွေအကြောင်း ဘီဘီစီ ရှင်းပြချက် ဆောင်းပါးကို ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cvgm7897erro?at_campaign=ws_telegram မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 08:13


စာရေးဆရာ သတင်းစာဆရာနဲ့ နိုင်ငံရေးအကျဥ်းသား ငါးကြိမ်ဖြစ်ခဲ့တဲ့ လူထုဦးလှ ၁၁၅ နှစ် ပြည့်ခဲ့ပါပြီ။


ဦးလှ ၁၉၅၃ ကနေ ၁၉၅၆ ထိ ရန်ကုန်ထောင်မှာ ဖမ်းဆီးခံရစဉ် ကရင်နဲ့ တခြား လူမျိုးစု ပုံပြင်တွေကို အကျဉ်းသားတွေဆီက စုဆောင်းပြီး ထောင်က ထွက်လာတဲ့နောက်မှာလည်း ဒီအလုပ်ကို ဆက်လုပ်ပါတယ်။

လူထုဦးလှကို ကလေးပုံပြင် ပြုစုသူအဖြစ် လူသိများပါတယ်။ မြန်မာနိုင်ငံအနှံ့က လူမျိုးစုတွေရဲ့ ပုံပြင်တွေကို စုစည်းပြီး အုပ်တွဲ ၅ဝ ထုတ်ခဲ့တဲ့ စာရေးဆရာအဖြစ် ပြည်ပမှာ သူ့လက်ရာတွေကို ပြန်ဆိုခဲ့ကြပါတယ်။


အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/in-depth-58283317?at_campaign=ws_telegram မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 05:57


အမေရိကန်မှာ တစ်တော့ သုံးလို့ မရတော့

အမေရိကန်ပြည်ထောင်စုမှာတော့ တစ်တော့ကို ပိတ်ပင်တဲ့ဥပဒေ စတင်အသက်ဝင်ဖို့ နာရီပိုင်းပဲ ကြာတော့ ချိန်မှာပဲ သုံးစွဲသူတွေဟာ တစ်တော့ကို သုံးလို့ မရတော့ပါဘူး။

အမေရိကန်က တစ်တော့သုံးသူတွေဟာ တစ်တော့ထဲ ဝင်တဲ့အခါမှာ ‘’အခုတော့ တစ်တော့ သုံးလို့ မရသေးပါ’’ ဆိုတဲ့ မက်ဆေ့ တက်လာတာကို မြင်ရပါတယ်။

တစ်တော့ကို ပိုင်တဲ့ တရုတ်ကုမ္ပဏီအနေနဲ့ အမေရိကန်မှာ လည်ပတ်နေတဲ့တစ်တော့ကို မရောင်းချဘူးဆိုရင် ပြည်တွင်းမှာ တစ်တော့ သုံးခွင့် ပိတ်မယ်လို့ ဆိုတဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ပြဌာန်းခဲ့တဲ့ဥပဒေကို အမေရိကန် တရားရုံးချုပ်က သောကြာနေ့တုန်းက အတည်ပြုခဲ့ပြီးနောက်မှာ အခုအခြေအနေဖြစ်လာတာပါ။

သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိတဲ့တစ်တော့ ဘာဆက်ဖြစ်လာနိုင်လဲ။

ဘီဘီစီရှင်းပြချက် ဆောင်းပါးကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c79dd29prjlo?at_campaign=ws_telegram
ကို နှိပ်ပြီး ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 03:59


မနှစ်တုန်းက တရုတ်ဟာ ကမ္ဘာပေါ်မှာ ကားအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ်လည်း ဂျပန်နိုင်ငံကို ကျော်တက်နိုင်ခဲ့ပါတယ်။ လျှပ်စစ်ကား(EV) တင်ပို့မှုတွေက တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုမှာ ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ဒေါ်လာ ဘီလျံ ၅၀၀ ဖိုး တရုတ်ထုတ်ကုန်တွေအပေါ် အခွန် တိုးကောက်မယ်ဆိုပြီး မကြာခင် သမ္မတရာထူး လွှဲပြောင်းယူမယ့် ဒေါ်နယ် ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒါက လာမယ့်နှစ် စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက် ပြည့်မီစေရေး လုပ်ဆောင်ရာမှာ တရုတ်ကြုံရမယ့် အခက်အခဲအားလုံးတော့ မဟုတ်ပါဘူး။

ရှီကျင့်ဖျင်အတွက် ထရမ့်ရဲ့ အခွန်စည်းကြပ်မှုထက် ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေရတဲ့ အကြောင်းရင်း ၃ ချက်ရှိ‌နေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cgq01xw01w4o?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 03:03


အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c897yep00wjo?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

19 Jan, 02:49


တကျော့ပြန်အာဏာရလာတဲ့ ဒေါ်နယ်ထရမ့် တယောက် ထရမ့် တူးပွိုင့်ဇီးရိုး (Trump 2.0) ကို စတင်တော့မှာပါ။
"အမေရိကန်ကိုသာ ပထမဦးစားပေး" ("America First") ဆိုတဲ့ သူ့ကြွေးကြော်သံနဲ့ အတူ ပေါ်လစီတွေ ပြန်ပြောင်းမယ့် သူ့ရဲ့ လုပ်ဆောင်မှု တွေက အမေရိကန်နိုင်ငံပြင်ပက လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို သက်ရောက်လာနိုင်ပါတယ်။
အထူးသဖြင့် တရုတ်၊နေတိုး၊ယူကရိန်း-ရုရှားစစ်၊ အရှေ့အလယ်ပိုင်းအပါအဝင် အမေရိကကိုရွှေ့ပြောင်းဝင်ရောက်သူ သန်းချီအထိ သက်ရောက်လာနိုင်မှာပါ။
၂၀၁၇ ကနေ ၂၀၂၁ ထိ အာဏာရခဲ့ပြီး အခု သမ္မတသစ် တကျော့ပြန် ဖြစ်လာတဲ့ သူက နိုင်ငံတကာရေးရာတွေကို ဘယ်လို ချဉ်းကပ်မှာပါလဲ။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cnvqq7y90edo?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

18 Jan, 15:54


မီးလောင်သွားတဲ့ရပ်ကွက်ထဲ တစ်လုံးထဲ ကွက်ကျန်ခဲ့တဲ့အိမ်
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်က တောမီးတွေ အကြီးအကျယ်လောင်ခဲ့တဲ့ အော်လ်တာဒေးနားရပ်ကွက်ကို ပြန်ရောက်သွားခဲ့တဲ့ အိမ်ရှင်တစ်ယောက်ဟာ လမ်းထဲမှာ သူ့အိမ်ဘေးပတ်ချာလည်က အိမ်တွေအားလုံး မီးထဲပါသွားပေမဲ့ သူ့အိမ်တစ်လုံးပဲ ထီးထီးကြီးကွက်ပြီး မီးကွင်းခဲ့တာကို အံ့အားတသင့် မယုံနိုင်စရာတွေ့ခဲ့ရပါတယ်။
#ဘီဘီစီမြန်မာပိုင်း #လော့စ်အိန်ဂျလိစ် #တောမီး #အမေရိကန်

BBC News မြန်မာ

18 Jan, 14:57


သမ္မတအဖြစ်ပထမဆုံးနေ့မှာ ထရမ့်ဘာလုပ်မလဲ
ဒေါ်နယ်ထရမ့်က သူ သမ္မတဖြစ်တာနဲ့ ချက်ချင်းအလုပ်တွေ အများကြီးကို အမြန်ဆုံး စလုပ်မှာမို့ ကြည့်ရသူတွေ မူးတောင်သွားလိမ့်မယ်လို့ ပြောထားပါတယ်။ သူ လုပ်မယ်လို့ ကတိပေးထားတာထဲက တချို့ကို ကြည့်ရအောင်ပါ။
#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #ဒေါ်နယ်ထရမ့်

BBC News မြန်မာ

18 Jan, 07:23


ပျောက်ဆုံးနေတဲ့ တရုတ်‌မော်ဒယ် ပြန်တွေ့

ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ပြီးမှ ဒီဇင်ဘာလကုန်ပိုင်းမှာ ပျောက်ဆုံးသွားပြီးနောက် လူကုန်ကူးခံလိုက်ရတဲ့ တရုတ်မော်ဒယ် ရန်ဇီချီကို ထိုင်းရဲတပ်ဖွဲ့က ကယ်ဆယ်ပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီလို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကနေ မနေ့က ထုတ်ပြန်ပါတယ်။
ရန်ဇီချီအပါအဝင် တရုတ်နိုင်ငံသား ၇ ဦးထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာ နယ်စပ်က လူကုန်ကူးမှုကနေ ကယ်ဆယ်ပြီး တရုတ်ဘက်ပြန်ပို့လိုက်တာလို့ တရုတ်ဘက်က ပြောပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဇန်နဝါရီ ၁၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ်ကနေ https://www.bbc.com/burmese/articles/cvgppm26j82o?at_campaign=ws_telegram
ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

18 Jan, 07:07


မြန်မာတွေ ပျော်နေလား
နိုင်ငံပေါင်း ၁၄၅ နိုင်ငံကို လေ့လာထားတဲ့စစ်တမ်းတစ်ခုအရ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဆင့်မှာ မြန်မာက ၁၁၈ နဲ့ ရပ်တည်နေတယ်လို့ ကမ္ဘာ့လူဦးရေကိုဆန်းစစ်လေ့လာတဲ့ WPR အဖွဲ့ကနေ ထုတ်ပြန်လာပါတယ်။
ဒါကြောင့် မြန်မာထက် ပျော်စရာမကောင်းတဲ့နိုင်ငံ က ၂၇ နိုင်ငံပဲ ရှိတော့မှာဖြစ်ပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဇန်နဝါရီ ၁၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ်ကနေ https://www.bbc.com/burmese/articles/cvgppm26j82o?at_campaign=ws_telegram
ဖတ်ရှုနိုင်ပါတယ်။
ပုံစာ-အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား
ဓာတ်ပုံ-cincds

BBC News မြန်မာ

18 Jan, 05:48


တရုတ်မင်းသား ဝမ်ရှင်းအမှု လူ တစ်ဒါဇင် ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ်မှာ ဇန်နဝါရီ ပထမအပတ်တုန်းက တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယရှိသူ ၁၂ ဦးကို ထိုင်းရဲတွေက ဖမ်းဆီးထားတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဖမ်းမိတဲ့ ၁၂ ဦးထဲ တရုတ်နိုင်ငံသားတွေလည်းပါဝင်ပြီး တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ပြီး ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ စင်ဟွာက သတင်းဖော်ပြပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဇန်နဝါရီ ၁၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ်ကနေ https://www.bbc.com/burmese/articles/cvgppm26j82o?at_campaign=ws_telegram
ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

18 Jan, 05:14


မြန်မာ့လူဦးရေ ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်ပဲ ရှိတော့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ သန်းခေါင်စာရင်းကို ကိုးကားပြီး မနေ့ကပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကြောင့် ၂ နှစ်အတွင်း လူဦးရေ ၄ သန်းဝန်းကျင် ကျဆင်းသွားတာဖြစ်ပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဇန်နဝါရီ ၁၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ်ကနေ https://www.bbc.com/burmese/articles/cvgppm26j82o?at_campaign=ws_telegram
ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

17 Jan, 19:14


လေယာဥ်ကုန်တင်ခန်းထဲက ကယ်ခဲ့ရတဲ့ ဂေါ်ရီလာမျောက်ဝံပေါက်စလေး
တူရကီနိုင်ငံ အီစတန်ဘူလ်လေဆိပ်မှာ နိုင်ဂျီးရီးယားကနေ ထိုင်းကိုသွားမယ့် လေယာဥ်တစ်စင်းပေါ်မှာ သယ်လာတဲ့ ကုန်သေတ္တာတစ်လုံးထဲကနေ ခြောက်လသား မျောက်ဝံလေးတစ်ကောင်ကို အကောက်ခွန်အရာရှိတွေက တွေ့ရှိကယ်ဆယ်ခဲ့ပါတယ်။ သူ့ကို တိရစ္ဆာန်ရုံတစ်ခုထဲမှာ လောလောဆယ်စောင့်ရှောက်ပေးထားပြီး နောက်တော့ တောထဲကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #မျောက်ဝံ #တိရစ္ဆာန်မှောင်ခိုရောင်းဝယ်မှု

BBC News မြန်မာ

17 Jan, 19:14


SpaceX ဒုံးပျံ လွှတ်တင်အပြီးပျက်ကျ
အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ Starship အာကာသယာဥ်ဒုံးပျံကြီးဟာ ပျံတက်သွားအပြီးမှာ ပေါက်ကွဲပျက်ကျခဲ့လို့ အပျက်အစီးအပိုင်းအစတွေ ကောင်းကင်မှာ ပျံ့ကြဲသွားတာကို တွေ့ရမှာပါ။ ဒုံးပျံက မတက်နိုင်ပဲ ပျက်သွားပေမဲ့ သူ့ကို တွဲတင်ပေးတဲ့ ပင်မယာဥ်ကတော့ စီစဥ်ထားတဲ့အတိုင်း လွှတ်တင်တဲ့နေရာကို ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အီလွန်မတ်စ် #SpaceX #Starship

BBC News မြန်မာ

17 Jan, 16:33


https://www.bbc.com/burmese/articles/cvg88v5d45lo?at_campaign=ws_telegram

BBC News မြန်မာ

14 Jan, 09:55


ကမ္ဘာ့နိုင်ငံရေးတွေထဲ ဝင်စွက်လာတဲ့ အီလွန်မတ်စ်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်၊ အမေရိကန်မှာ သမ္မတအဖြစ် တက်လာတော့မယ့် ဒေါ်နယ်ထရမ့်ရဲ့ အတွင်းစည်းထဲက လူတစ်ယောက်လည်း ဖြစ်လာနေတဲ့ အီလွန်မတ်စ်ဟာ အမေရိကန်နိုင်ငံရေးမှာသာမက နိုင်ငံတချို့ရဲ့ အရေးကိစ္စတွေမှာလည်း သူပိုင်တဲ့ မီဒီယာပလက်ဖောင်း X ကို သုံးပြီး သြဇာလွှမ်းဖို့လုပ်လာတာတွေရှိနေလို့ ကမ္ဘာ့ခေါင်းဆောင် တချို့က သူတို့ရဲ စိုးရိမ်မှုကို ထုတ်ပြောလာနေကြရပါပြီ။
#ဘီဘီစီမြန်မာပိုင်း #အီလွန်မတ်စ် #ဒေါ်နယ်ထရမ့် #X

BBC News မြန်မာ

14 Jan, 07:17


ပြည်တွင်းမှာ အမျိုးသားညီညွတ်‌‌ရေးအစိုးရရဲ့ တော်လှန်‌‌ရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့ ပြည်တွင်းထဲမှာ ဝန်ကြီးဌာနတွေ အခြေစိုက်မယ်လို့ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ဘီဘီစီကိုပြောပါတယ်။

NUG ယာယီသမ္မတရဲ့ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်နေပြီလို့ ဆိုပြီး မြေပြင်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်မယ်လို့ NUG ပြည်ထဲရေးဝန်ကြီးက ကြေညာပြီးတဲ့နောက် သမ္မတရုံးကနေ အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

ဒါအပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကိုင်းတိုင်းထဲက NUG ထိန်းချုပ်နယ်မြေတွေမှာ အစိုးရရုံးဖွင့်လှစ်ဖို့စီစဉ်နေပြီလို့လည်း ဦးကျော်ဇော က ဆိုပါတယ်။

သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဇန်နဝါရီ ၁၄ ရက် သတင်းတိုက်ရိုက်တင်ဆက်မှုလင့်ခ်ကနေ https://bbc.in/40xMHMW?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

14 Jan, 06:10


ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက် နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။

“စကခ ၂၁ ထဲကနေ စစ်တပ်က ခံတပ်ပြန်ကာပြီး လက်နက်ကြီး၊ ငယ်တွေနဲ့ ပြနပစ်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စကခ ၂၁ ရဲ့ ကာကင်းစခန်းတချို့ကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေဘက်က သိမ်းထားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဇန်နဝါရီ ၁၄ ရက် သတင်းတိုက်ရိုက်တင်ဆက်မှုလင့်ခ်ကနေ https://www.bbc.com/burmese/live/ckg7l2rrgx4t?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 16:09


https://www.bbc.com/burmese/articles/c4g7zwn2d55o?at_campaign=ws_telegram

BBC News မြန်မာ

13 Jan, 16:08


https://www.bbc.com/burmese/articles/cqjv0z51pyyo?at_campaign=ws_telegram

BBC News မြန်မာ

13 Jan, 16:08


https://www.bbc.com/burmese/articles/c5y6x8y206go?at_campaign=ws_telegram

BBC News မြန်မာ

13 Jan, 16:00


https://www.youtube.com/watch?v=JkgIXamTDuA

BBC News မြန်မာ

13 Jan, 12:36


"အခုရထားတဲ့ အလောင်းတွေက နေအိမ်တွေထဲမှာ ခြေလေးပေါ်နေတာ၊ လက်လေးပေါ်နေတာမျိုး ခန္ဓာကိုယ် တစွန်းတစပေါ်နေတာကို ပြန်ဖော်ထားရတာ၊ နွံထဲမှာ ပေါ်နေတဲ့ အလောင်းတွေဆိုရင်လည်း ကြိုးတွေ၊ ဘာတွေနဲ့ လက်လှမ်းမီ သလောက်တွေကို ဆွဲယူထားရတာ၊ လုံးဝမြှုပ်သွားတဲ့ အိမ်တွေထဲက လူတွေကိုတော့ ရှာဖို့ ခက်နေတုန်းပဲ"လို့ ဖားကန့်မြို့ခံက ပြောပါတယ်။

ဖားကန့်၊ ဆိပ်မူကျေးရွာထဲက စပေါ့ရွာထဲ ရွှံ့နွံကန်ပြိုမှုမှာ ပျောက်ဆုံးနေသူ အယောက် ၄၀ နဲ့ ၅၀ ကြား ရှိနိုင်တယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ဘီဘီစီကို ပြောပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/4abuhVr?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 11:36


'' မပြန်ချင်တဲ့ မြောက်ကိုရီးယားစစ်သားတွေအနေနဲ့လည်း တခြားရွေးချယ်စရာတွေရှိလာမှာပါ'' လို့ သမ္မတ ဇလန်းစကီးက လူမှုကွန်ရက် X (အရင်က တွစ်တာ)ပေါ်မှာ ရေးပါတယ်။

''ကိုရီးယားမှာ ဒီစစ်ပွဲအကြောင်း အမှန်တရားကို ဖြန့်ဝေချင်သူတွေအတွက် ဒီအခွင့်အလမ်းရှိပါမယ်'' လို့လည်း သူက ထပ် ပြောပါတယ်။

ရုရှားနဲ့စစ်ပွဲမှာ ဖမ်းမိတယ်ဆိုတဲ့ မြောက်ကိုရီးယားစစ်သားတွေနဲ့ ပတ်သက်ပြီး ယူကရိန်းထောက်လှမ်းရေးအဖွဲ့ရဲ့ နောက်ဆုံးပြောဆိုချက်အပါအဝင် အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/4fUpEQE?at_campaign=ws_telegram
ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

13 Jan, 10:39


‘‘အခုလေးတင်ပြန်လာတာပါ။ ရွှံ့တွေအောက်ကနေ ၁၁ လောင်းကို တွေ့ပါပြီ။ ပြိုကျတဲ့ မြေတွေ ကို မြေတူးစက်တွေနဲ့ ထိုးကော်ပြီး ရှာဖွေနေဆဲပါ’’ လို့ ဆိပ်မူ ဒေသခံက ပြောပါတယ်။

ဒီသတင်းအပါအဝင် ဇန်နဝါရီလ ၁၃ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

ဒီလင့်ခ် https://bbc.in/40gMs7k?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 09:48


HMPV ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ စိုးရိမ်စရာဘယ်လောက်ရှိလဲ
တုပ်ကွေးနဲ့အလားသဏ္ဍာန်ဆင်တူတဲ့ ရောဂါလက္ခဏာတွေရှိတဲ့ HMPV (human metapneumovirus) ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တရုတ်မှာ တိုးလာနေလို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း သတိထားစောင့်ကြည့်တာတွေ လုပ်လာနေကြပါတယ်။ ကိုဗစ်ကို ကြုံထားဖူးကြတော့ စိုးရိမ်မှုတွေ ရှိကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အခု HMPV က ကိုဗစ်နဲ့ ဘာကွာလဲ။ စိုးရိမ်ဖို့ရော လိုပါသလား၊ ကြည့်ရအောင်ပါ။
#ဘီဘီစီမြန်မာပိုင်း #HMPV #ကိုဗစ် #ကူးစက်ရောဂါ

BBC News မြန်မာ

13 Jan, 07:52


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်တွေရှိရာ လုံးခင်းကျေးရွာအုပ်စုထဲက မဆွပ်ယန်နဲ့ ဆန်ခါရွာကြားကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဗုံးကြဲလို့ လူ ၈ ဦး သေဆုံးထားတယ်လို့ ကနဦးသိရှိရတယ်ဆိုပြီး မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“အလောင်း ၈ လောင်း သုဿာန် ရောက်နေပြီ။ ဒဏ်ရာပြင်းထန်ကြတဲ့အနေအထားအရ နောက်ထပ်လည်း တိုးလာနိုင်တယ် ” လို့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီသတင်းအပါအဝင် နောက်ဆုံးရအခြေအနေတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။ ဒီလင့်ခ် https://bbc.in/40gMs7k?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 06:11


အနောက်ဘင်္ဂလားပြည်နယ်မှာ နိုင်ငံရေးသြဇာလွှမ်းဖို့ သွေးထွက်သံယိုဖြစ်တဲ့အထိ ဆယ်စုနှစ်တွေ ကြာအောင် အပွဲပွဲနွှဲကြတဲ့ပြည်နယ်နိုင်ငံရေးပဋိပက္ခမှာသုံးတဲ့ လက်လုပ်ဗုံးတွေကြောင့် သေဆုံးတာ ဒါမှမဟုတ် သေရာပါဒဏ်ရာရကြတဲ့ကလေးငယ် ရာနဲ့ချီရှိတယ်ဆိုတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ပါတယ်။

ဗြိတိသျှကို တော်လှန်ရာကနေ စတင်တဲ့ လက်လုပ်ဗုံး သုံးစွဲမှု ဘယ်လောက်အမြစ်တွယ်နေလဲ။ ဒီဒဏ်ကို ကလေးငယ်တွေ ဘာကြောင့် ခါးစည်းခံနေရလဲ။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/42eYgJZ?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 04:34


အခုသတင်းတင်ဆက်နေချိန်မှာပဲ ဖားကန့်က ရွှံ့နွံကန် ပြိုကျမှုမှာ သေဆုံး ရုပ်အလောင်း ၈ လောင်းအထိ တွေ့ထားတယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ The Kachin Sub-State Media က သတင်းဖော်ပြပါတယ်။

ဘီဘီစီနဲ့အဆက်အသွယ်ရရှိတဲ့ ဒေသခံတွေရဲ့အပြောအရဆိုရင် သေဆုံး ပျောက်ဆုံးသူ မြင့်တက်လာနိုင်ခြေရှိပါတယ်။

ဒီသတင်းအပါအဝင် နောက်ဆုံးရအခြေအနေတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။ ဒီလင့်ခ် https://bbc.in/40gMs7k?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 04:01


ကျောက်စိမ်းလုပ်ကွက်တွေရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ စပေါ့ကျေးရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းတုန်းက နွံကန်ပြိုကျမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဘီဘီစီက ကနဦးသိရပါတယ်။
ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီလုပ်ကွက် နွံကန် မနေ့ညက ပြိုကျခဲ့တာကြကြောင့် နေအိမ်ဆယ်ချီ ရွှံနွံအောက်ရောက်ရှိခဲ့ပြီး ‌အဲဒီမှာ‌နေထိုင်သူတွေလည်း ‌ပျောက်ဆုံး‌‌နေပါတယ်။
ဒီသတင်းအပါအဝင် နောက်ဆုံးရအခြေအနေတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://bbc.in/40gMs7k?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 03:50


မြန်မာပြည်တွင်းက အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်)တွေရဲ့ လူသစ်ဆောင်းမှုကို သတိရှိကြဖို့ တရုတ်ကနေ ပြည်ပထွက်မယ့်တရုတ်နိုင်ငံသားတွေကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတိပေးချက် ထုတ်လိုက်ပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေအကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ၄ မိနစ်ကျော်ကြာတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်သံရုံးက သတိပေးချက်နဲ့အတူ တရုတ်လူမှုကွန်ရက် ဝီချက်မှာ ဖြန့်ပါတယ်။

ဒီသတင်းအပါအဝင် ဇန်နဝါရီလ ၁၃ ရက် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ဒီလင့်ခ် https://bbc.in/40gMs7k?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

13 Jan, 03:15


ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်ဆိုပြီး စစ်ကောင်စီက ရုရှားကို ဆင်လိမ္မာ ၆ ကောင် လက်ဆောင်ပေးလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရသူ မာရီယာ ဆာခါရိုဗာက မြန်မာကို ကျေးဇူး တင်ကြောင်းပြောခဲ့သလို ဆပ်ကပ်အဖွဲ့ကိုရောက်လာတဲ့ ဆင်တွေကို အစာကျွေးခဲ့တဲ့ပုံတွေကိုလည်းရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
သတင်းအပြည့်အစုံကို ဇန်နဝါရီ ၁၃ ရက် ဘီဘီစီသတင်းများတိုက်ရိုက်ထုတ်လွှင့်မှုကို ဒီလင်ခ့် https://www.bbc.com/burmese/live/cly5lkrx20zt ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

12 Jan, 12:05


စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့နေရာဟာ KIA ထိန်းချုပ်ထားရာနေရာဖြစ်ပြီး တနိုင်းမြို့ပေါ်မှာတော့ စစ်တပ်ရဲ့ ဒေသစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိနေပါတယ်။

စစ်တပ်က ရွှေနဲ့ ပယင်းမှော်တွေရှိရာကို ဗုံးမကြဲခင် လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါးတုန်းကတော့ စစ်ကောင်စီတပ်ရဲ့ ဒကစမှူး၊ ဒု ဒကစမှူးနဲ့ တပ်အရာရှိကြီးတွေဟာ ပဌာန်းအောင်ပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။

စစ်တပ်က တနိုင်းမြို့နယ်ထဲ ဘာကြောင့် ဗုံးကြဲတယ်လို့ KIA ဘက်က ယူဆပါသလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကို https://bbc.in/4aaDOMt?at_campaign=ws_telegram နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

12 Jan, 10:40


ခြင်္သေ့အုပ်တွေကြားက တောထဲ ၅ ရက်တာပျောက်နေတဲ့ ကလေး
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဇင်ဘာဘွေမြောက်ပိုင်းရွာတစ်ရွာက ရှစ်နှစ်သားလေး တီနိုတင်ဒါ ပူဒူးဟာ နွားကျောင်းဖို့ အိမ်ကထွက်သွားရင်း တောအုပ်ထဲကို ရောက်သွားခဲ့ပါတယ်။ သူဟာ ခြင်္သေ့တွေ၊ ကျားသစ်တွေ ဆင်တွေရှိတဲ့ အာဖရိကရဲ့ အန္တရာယ်အများဆုံး တောတစ်ခုထဲကို မျက်စိလည်ပြီး ရောက်သွားခဲ့တာပါ။ အဲဒီတောထဲမှာ တစ်ယောက်ထဲ ငါးရက်ကြာ သူ နေခဲ့ရပြီးမှ လိုက်ရှာနေတဲ့ သစ်တောဝန်ထမ်းတွေနဲ့ တွေ့လို့ ကယ်တင်နိုင်ခဲ့ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဇင်ဘာဘွေ #ခြင်္သေ့ #အသက်ရှင်အောင်နေနိုင်တဲ့ စွမ်းရည်

BBC News မြန်မာ

12 Jan, 08:38


ပြီးခဲ့တဲ့ ဇူလိုင်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းခဲ့ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းအရ နှိပ်စက် ခံခဲ့ရတယ်လို့ သူကပြောပါတယ်။

နီကိုလပ်စ် မဒူရို ရွေးကောက်ပွဲ အနိုင်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီးနောက် ရာနဲ့ချီဆန့်ကျင်ဆန္ဒပြခဲ့သူတွေထဲ သူလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ စာရင်းဇယားတွေကို လူထုကို ချမပြခဲ့တဲ့ ဗင်နီဇွဲလားမှာ အတိုက်အခံ နဲ့ ပြည်ပ နိုင်ငံ တော်တော်များများက ဒီရွေးကောက်ပွဲ ရလဒ်ဟာ အစစ်အမှန်မဟုတ်ဘဲ လိမ်ထားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းတုန်းက အကြမ်းဖက်သမား နှစ်ထောင့် နှစ်ရာနှစ်ဆယ့်ကိုးယောက်ကို ဖမ်းဆီး ခဲ့ပြီးပြီလို့ မဒူရိုက ပြောကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/42tAbPZ?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

11 Jan, 14:23


မောင်းသူမဲ့တက္ကစီက ဝိုင်းပတ်လှည့်မောင်းနေလို့ ကားထဲပိတ်မိနေခဲ့သူ
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်က ကုမ္ပဏီအရာရှိ မိုက်ဂျွန်ဆင်ဟာ မောင်းသူမဲ့ Waymo တက္ကစီကားနဲ့ လေဆိပ်ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ကားက ယာဥ်ရပ်နားနေရာတစ်ခုမှာ စက်ဝိုင်းပုံလှည့်ပတ်ပြီး မောင်းနေလို့ ဂျွန်ဆင်တစ်ယောက် ထွက်မရ ဆင်းမရ ပိတ်မိနေခဲ့ပါတယ်။ သူက ကြုံနေရပုံကို ဗီဒီယိုရိုက်ယူထားခဲ့တာကို တွေ့ရမှာပါ။ နောက်ဆုံး လေယာဥ်ကို မီရုံလေး ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

#ဘီဘီစီမြန်မာပိုင်း #နည်းပညာ #မောင်းသူမဲ့ကား #Waymo #အမေရိကန်ပြည်ထောင်စု

BBC News မြန်မာ

11 Jan, 11:32


“ကျွန်တော် ငိုမိပြန်တော့မယ်Ó - မီးထဲမှာ အိမ်ဆုံးခဲ့တဲ့ ၉၁ နှစ် အဘိုး
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်ဧရိယာက ပါဆာဒီးနားအရပ်မှာ တောမီးကြီးတွေကြောင့် အိမ်သောင်းချီပြီး ပျက်စီးခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၉၁ နှစ်အရွယ် ဒေးလ်ရဲ့ အိမ်လည်း ပါသွားလို့ အားလုံး ဆုံးရှုံးသွားပြီး ဒီအရွယ်ရောက်မှ ဘဝကို ပြန်စရတော့မယ်လို့ သူက ဆိုပါတယ်။ မီးက ဆက်လောင်နေဆဲပါ။ ငြှိမ်းသတ်ဖို့ ခက်နေဆဲဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #လော့စ်အိန်ဂျလိစ် #အမေရိကန်ပြည်ထောင်စု #တောမီး #သဘာဝဘေး

BBC News မြန်မာ

10 Jan, 17:08


https://www.bbc.com/burmese/articles/c6263703rwyo?at_campaign=ws_telegram

BBC News မြန်မာ

10 Jan, 16:22


https://www.bbc.com/burmese/articles/c93qpdxn914o?at_campaign=ws_telegram

BBC News မြန်မာ

10 Jan, 16:22


https://www.bbc.com/burmese/articles/czj3ym07ervo?at_campaign=ws_telegram

BBC News မြန်မာ

09 Jan, 19:35


ဂျင်မီကာတာရဲ့ စျာပနကို သမ္မတငါးဦးတက်ရောက် ဂါရဝပြု
ဒီဇင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားတဲ့ သမ္မတဟောင်းဂျင်မီကာတာအတွက် အောက်မေ့ဘွယ်စျာပနအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့က ဝါရှင်တန်က ဘုရားကျောင်းကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ၃၉ ဦးမြောက်သမ္မတအဖြစ် ၁၉၇၇ က ၁၉၈၁ အထိ တာဝန်ယူခဲ့သူ မစ္စတာကာတာဟာ ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပါပြီ။ စျာပနအခမ်းအနားကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် ဘီလ်ကလင်တန်၊ ဂျော့ချ်ဒဗလျူဘုရှ်၊ ဘာရက်အိုဘားမား၊ ဒေါ်နယ်ထရမ့် စတဲ့ သက်ရှိထင်ရှားရှိနေသေးတဲ့ သမ္မတ ငါးဦး တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အမေရိကန်ပြည်ထောင်စု #ဂျင်မီကာတာ

BBC News မြန်မာ

09 Jan, 17:27


• ဝိတ်ချဖို့အတွက် အစားလျှော့စားရမလား။ Gym သွားဖို့ရော လိုသလား။ အချိန်တိုအတွင်း ဝိတ်ကျအောင် လုပ်နိုင်လား။
• Heart Attack ရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ။ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအားနည်းရောဂါတွေကို ဘယ်လိုကုသမလဲ။
• ဆီးချိုရောဂါ ပိုဆိုးမလာအောင် ဘယ်လို ထိန်းမလဲ စတဲ့ အကြောင်းအရာတွေကို သမားတော်ကြီးတွေ၊ ကျွမ်းကျင်သူတွေက ရှင်းပြဆွေးနွေးထားတာကို ဘီဘီစီ ကျန်းမာရေးရာ Health Matters အစီအစဥ်ကနေ ယူကျုမှာ တင်ဆက်ပေးနေတာကို တစ်စုတစ်စည်းတည်း ကြည့်ရှုနိုင်ပါတယ်။
https://tinyurl.com/uwwbxsht?at_campaign=ws_telegram

BBC News မြန်မာ

09 Jan, 15:58


https://www.bbc.com/burmese/articles/cx272z07ynno?at_campaign=ws_telegram

BBC News မြန်မာ

09 Jan, 15:54


https://www.bbc.com/burmese/articles/ce3230vnq4xo?at_campaign=ws_telegram

BBC News မြန်မာ

09 Jan, 15:52


https://www.bbc.com/burmese/articles/cvgrgyv012xo?at_campaign=ws_telegram

BBC News မြန်မာ

09 Jan, 12:48


ရှားပါးမျိုးတုံးလု ခရုလေးတွေကို ဇာတိရင်းကျွန်းပေါ် ပြန်လွှတ်
ယူကေက ချက်စတာ တိရစ္ဆာန်ရုံထဲမှာ သားဖောက်မွေးမြူခဲ့တဲ့ ခရုလေး ၁၃၂၉ ကောင်ကို သူတို့ရဲ့ မူရင်းဇာတိဖြစ်တဲ့ အတ္တလန်တိတ် သမုဒ္ဒရာထဲက ပေါ်တူဂီပိုင်ကျွန်းပေါ်ကို ပြန်လွှတ်ပေးခဲ့ ကြပါတယ်။ ပဲစေ့လေးတစ်ခုအရွယ်ပဲ ရှိတဲ့ ဒီခရုမျိုး နှစ်မျိုးကို ကျွန်းပေါ်မှာ မတွေ့ရတာ နှစ် ၁၀၀ နီးပါးရှိပါပြီ။ အခု ပြန်လွှတ်ပေးလိုက်တဲ့ ခရုလေးတွေကနေ မျိုးဆက်တွေ ပေါက်ပွားပြီး သဘာဝအတိုင်း ရှင်သန်ကြဖို့ မျှော်လင့်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ခရု #မျိုးတုံးလုတိရစ္ဆာန် #ပေါ်တူဂီ #ချက်စတာတိရစ္ဆာန်ရုံ

BBC News မြန်မာ

09 Jan, 06:38


ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) သိမ်းထားတဲ့ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာကို စစ်တပ်က မနေ့ နေ့လယ်ပိုင်းမှာ တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၄၁ ဦးရှိပြီး နောက်ထပ် ၅၀ ‌ကျော် ဒဏ်ရာရတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီရဲ့ ဇန်နဝါရီ ၉ ရက် သတင်းများ တိုက်ရိုက်တင်ဆက်မှုကို ဒီလင့် https://bbc.in/4abOA50?at_campaign=ws_telegram ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

09 Jan, 05:47


အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်နဲ့ လုပ်ဆောင်ချက်တွေကြောင့် Mytel ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်လိုက်တယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာက ထုတ်ပြန် ကြေညာပါတယ်။
Mytel မှာ မြန်မာစစ်တပ်အတွက် ဘယ်လိုအထောက်အပံ့ဖြစ်နေစေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာပြောထားပါသလဲ။

ဒီသတင်းအပါအဝင် ဇန်နဝါရီ ၉ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://bbc.in/4abOA50?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

09 Jan, 03:49


သရုပ်ဆောင်မင်းသား ဝမ်ရှင်းကတော့ သူ့နည်းတူ ကတုံးတုံးခံထားရတဲ့ တခြား တရုတ်နိုင်ငံသား အယောက် ၅၀ နီးပါးကိုလည်း သူရောက်သွားတဲ့နေရာမှာ တွေ့ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကို ပြောပါတယ်။

ထိုင်း - မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲကနေ ဝမ်ရှင်းကို ထိုင်းဘက်ကို ထိုင်းရဲတပ်ဖွဲ့က ဘယ်လို ပြန်ခေါ်ခဲ့လဲ။

အပြည့်အစုံကို ဒီလင့််ခ် https://bbc.in/4fP2L1a?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

09 Jan, 03:32


ရခိုင်ပြည်နယ်ထဲမှာ အာရက္ခတပ်တော်(အေအေ)က သိမ်းထားတဲ့ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား သေဆုံးထိခိုက်တာတွေရှိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဒီသတင်းအပါအဝင် ဇန်နဝါရီလ ၉ ရက် နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ် https://bbc.in/4abOA50?at_campaign=ws_telegram ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

08 Jan, 18:43


https://www.bbc.com/burmese/articles/cy4748y4jjyo?at_campaign=ws_telegram

BBC News မြန်မာ

08 Jan, 17:39


https://www.bbc.com/burmese/articles/c1kek4e7plro?at_campaign=ws_telegram

BBC News မြန်မာ

08 Jan, 17:38


https://www.bbc.com/burmese/articles/cre7eq80rq9o?at_campaign=ws_telegram

BBC News မြန်မာ

03 Jan, 17:41


https://www.bbc.com/burmese/articles/ce90evr2jrvo?at_campaign=ws_telegram

BBC News မြန်မာ

03 Jan, 15:45


https://www.bbc.com/burmese/articles/c0lgrn7kye5o?at_campaign=ws_telegram

BBC News မြန်မာ

03 Jan, 15:44


https://www.bbc.com/burmese/articles/c33dk1pe2l7o?at_campaign=ws_telegram

BBC News မြန်မာ

02 Jan, 18:51


https://www.bbc.com/burmese/articles/c62wq1wpqxpo?at_campaign=ws_telegram

BBC News မြန်မာ

02 Jan, 16:53


https://www.bbc.com/burmese/articles/cm2vg0vymllo?at_campaign=ws_telegram

BBC News မြန်မာ

02 Jan, 16:52


https://www.bbc.com/burmese/articles/cj6z3gzd78xo?at_campaign=ws_telegram

BBC News မြန်မာ

02 Jan, 12:25


တိုက်ခိုက်သူဟာ တက္ကဆက်ပြည်နယ်က အသက် ၄၂ နှစ်အရွယ် ရှမ်ဆွတ် ဒင် ဂျာဘာဆိုသူ စစ်ပြန်ဟောင်း အမေရိကန်နိုင်ငံသားဖြစ်တယ်လို့ FBI က ပြောလာပါတယ်။

အခုတော ဖယ်ရှားလိုက်ပြီဖြစ်တဲ့ သူ့ရဲ့ LinkedIn ပရိုဖိုင်အရ ဂျာဘာဟာ အမေရိကန်စစ်တပ်မှာ ရာထူး အမျိုးမျိုး တာဝန်ထမ်းခဲ့သူပါ။
အမေရိကန် အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုကို သူတစ်ဦးတည်း လုပ်ဆောင်တာမဟုတ်ဘူးလို့ သံသယရှိနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cr7vkv29d2xo?at_campaign=ws_telegram ကို နှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

02 Jan, 10:57


တောင်စွန်းထိပ်ချောက်ကမ်းပါးမှာ နေနေကြသူတွေ
ဘိုလီးဗီးယားနိုင်ငံ အယ်လ်အော်လ်တိုမြို့က တောင်စွန်းထိပ်က အိမ်တန်းမှာ အာမာအူတာလို့ ခေါ်တဲ့ ရှားမန်းနတ်ဆရာတွေ နေကြပါတယ်။ သူတို့အိမ်တွေဟာ ချောက်အနက်ကြီးရဲ့ အစွန်း ပေနည်းနည်းလေးပဲ ဝေးပါတယ်။ မြို့ခံတွေက အဲဒီအိမ်တွေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေနေတဲ့ အိမ်တွေလို့ အမည်ပေးထားပါတယ်။ အဲဒီမှာ နေကြသူ ရှားမန်းတွေကတော့ နတ်သမီးကို ပူဇော်ပသထားရင် သူတို့ဘာမှ မဖြစ်နိုင်ဘူးလို့ ယုံကြည်ပြီး ရွှေ့ဖို့ ငြင်းဆန်နေကြပါတယ်။ မြို့အာဏာပိုင်တွေကတော့ အင်အားသုံးပြီး ရွှေ့ခိုင်းမယ်လို့ ပြောထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဘိုလီးဗီးယား #ရှားမန်း #ရိုးရာယုံကြည်မှု

BBC News မြန်မာ

02 Jan, 03:44


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ဝန်းကျင်ကို ဇန်နဝါရီ ၁ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းက ည ၁၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၃၁ နဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာပဲ မန္တလေး၊ ရခိုင်၊ ကရင်၊ ကယား(ကရင်နီ)၊ ရှမ်းပြည်နယ်တောင်ပိုင်းက မောက်မယ်မြို့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းအပါအဝင် ဇန်နဝါရီလ ၂ ရက်နောက်ဆုံးရသတင်းတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

ဒီလင့်ခ် https://bbc.in/4fEf4gx?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

02 Jan, 03:12


အမေရိကန်အစိုးရအေဂျင်စီတွေနဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေးကျိုးပေါက်မှု လက်သည်ဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ ဟတ်ကာတွေလို့ဆိုပြီး အမေရိကန်အရာရှိတွေက ပြောပါတယ်။

နောက်ဆုံးဖြစ်ထားတဲ့ အဟတ်ခံရမှုက တနင်္လာနေ့တုန်းဖြစ်ပြီး ပစ်မှတ်ထားခံရတာဟာ အမေရိကန်ဏ္ဍာရေး ဝန်ကြီးဌာနဖြစ်ပါတယ်။

ဝန်ကြီးဌာနဘက်ကတော့ ဒီအဟတ်ခံရမှုဟာ ''ကြီးကြီးမားမား စိမ့်ဝင်ထိုးဖောက်ခံရမှုလို့ သုံးနှုန်းပါတယ်။ ဟတ်ကာတွေဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းသုံးကွန်ပြူတာတွေနဲ့ လျှို့ဝှက်အဆင့်မဟုတ်တဲ့ စာရွက်စာတမ်းတချို့ကို ဝင်ရောက်ကြည့်ရှုခွင့်ရသွားခဲ့တယ်’’ လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါဟာ အမေရိကန်နဲ့ တခြားအနောက် ပစ်မှတ်တွေကို ပြီးခဲ့တဲ့လတွေအတွင်းမှာ ပြုလုပ်ထားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c4glk5914dwo?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 16:44


နှစ် ၄၀ နာရီပြင်လာပြီး မိုဘိုင်းဖုန်းတွေကြောင့်အလုပ်မရှိတော့သူ
နိုင်ဂျီးရီးယားက မိုဟာမက် ဘာဘာဟာ သူ့ဘဝတလျှောက်လုံး နာရီပြင်ပြီးတော့ပဲ မိသားစုကို လုပ်ကျွေးလာခဲ့သူပါ။ ကမ္ဘာကျော် ဘရန်း နာရီအမျိုးအစားတွေကိုလည်း ပြင်နိုင်သူမို့ တစ်ချိန်ကဆို နေ့စဥ် နာရီ ၄၀-၅၀ ပြင်ခဲ့ရပါတယ်။ အခုတော့ မိုဘိုင်းဖုန်းတွေပေါ်လာပြီးတဲ့နောက် လူတွေက နာရီမဝတ်ကြတော့လို့ သူလည်း အလုပ်မရှိတော့သလောက်ဖြစ်သွားရပါတယ်။
#ဘီဘီစီမြန်မာပိုင်း #နာရီပြင်သူ #မိုဘိုင်းဖုန်း

BBC News မြန်မာ

01 Jan, 13:22


BBC News မြန်မာ pinned «ပလက်ဝ နဲ့ ရခိုင်ပြည်နယ်ထဲမှာ မြို့နယ်ပေါင်း ၁၅ မြို့အထိ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ)ဟာ စစ်ရေးလက်နက်သာမကဘဲ ဝါဒဖြန့်ချိရေးလက်နက်ကိုပါ တပြိုင်နက် ထိထိရောက်ရောက် အသုံးပြုခဲ့တာ တွေ့ရပါတယ်။ မြန်မာစစ်တပ်ရဲ့စစ်ရေးရှုံးနိမ့်မှုတွေကို နေပြည်တော်က…»

BBC News မြန်မာ

01 Jan, 13:22


ပလက်ဝ နဲ့ ရခိုင်ပြည်နယ်ထဲမှာ မြို့နယ်ပေါင်း ၁၅ မြို့အထိ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ)ဟာ စစ်ရေးလက်နက်သာမကဘဲ ဝါဒဖြန့်ချိရေးလက်နက်ကိုပါ တပြိုင်နက် ထိထိရောက်ရောက် အသုံးပြုခဲ့တာ တွေ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့စစ်ရေးရှုံးနိမ့်မှုတွေကို နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေရဲ့ ပွဲလမ်းသဘင်ပြက္ခဒိန်နဲ့ အချိန်ကိုက် ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

''ဒီလောက်စစ်ရှုံးနေတာတောင် ပွဲတက်မပျက်ဘူးဆိုတဲ့ သတင်းစကားကိုပေးပြီး လက်ကျန်တပ်တွေက နေပြည်တော်က ဗိုလ်ချုပ်တွေအတွက် အသေခံမတိုက်ပေးချင်အောင်လုပ်တာ'' လို့ ဝါဒဖြန့်ချိရေး ကျွမ်းကျင်သူ တပ်အရာရှိဟောင်း တစ်ဦးက ရှင်းပြပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c9vk0vdmw93o?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 11:49


ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာကို စစ်ကောင်စီတပ်က တစ်နေ့တည်းမှာ လေကြောင်းကနေ ဗုံးနှစ်ကြိမ်ကြဲတာကြောင့် စစ်ရှောင်ကလေးငယ်အပါအဝင် သေဆုံးသူ ၅ ဦးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဒီသတင်းအပါအဝင် ဇန်နဝါရီလ ၁ ရက် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ဒီလင့်ခ် https://bbc.in/40qSW5b?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 11:07


ဒါကြောင့် ရန်ကုန်မြစ်ကို ကူးပြီး ပန်းဆိုးတန်းကနေ မြို့ထဲကို ပြန်မယ့်ခရီးသည်တွေဟာ ဒလကနေ တဆင့် လှိုင်သာယာဘက်ခြမ်းကို ပြန်လှည့်ပြီး မြို့တွင်းကို ၃ နာရီထက်မနည်းကြာအောင် ပတ်ပြန်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒီသတင်းအပါအဝင် ဇန်နဝါရီလ ၁ ရက် နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ် https://bbc.in/40qSW5b?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 05:56


နိုင်ငံခြားက အစ္စလာမ္မစ် တပ်သားတချို့ကို ဆီးရီးယား ခေါင်းဆောင်သစ်တွေက ဆီးရီးယားစစ်တပ်မှာ ထိပ်တန်း ရာထူးတွေ ပေးတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

ဒီလဆန်းက ဘရှားအယ်လ်အာဆတ်ကို ဖြုတ်ချပြီးနောက် ဆီးရီးယားနိုင်ငံကို အခု အုပ်ချုပ်နေတဲ့ HTS ခေါ် ဟာယတ် တတ်ဟရီးယား အယ်လ်ရှမ် အစ္စလာမ္မစ်အုပ်စုက တပ်ကို ပြန်ဖွဲ့နေတာပါ။

ဒီအစိုးရသစ်ရဲ့ လုပ်ရပ်ကို အတည်မပြုနိုင်သေးပေမယ့် နိုင်ငံအနာဂတ်ကို နိုင်ငံခြားသား စစ်သွေးကြွတွေ ခြယ်လှယ်လာနိုင်သလား ဆီးရီးယား နိုင်ငံထဲမှာရော ပြင်ပမှာပါ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3BNfOCj?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 03:54


တပ်မတော်သားတွေရဲ့ အသက်နဲ့ စွန့်လွှတ်နစ်နာခံမှုတွေဟာ သမိုင်းမှာ ကျန်နေမယ်လို့ဆိုပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြားတဲ့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ‌ ထည့်ပြောလာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်စခန်းတွေကို အာရက္ခတပ်တော်(အေအေ)က သိမ်းနေချိန်မှာ ပွဲအခမ်းအနားတွေကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် တက်ရောက်နေခဲ့တာကို တပ်မတော် ထောက်ခံသူတွေကြားမှာ ဝေဖန်မှုတွေကြုံခဲ့ရအပြီးမှာ အခုလို ပြောလာတာဖြစ်ပါတယ်။

ဒီသတင်းအပါအဝင် ဇန်ဝါရီလ ၁ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

ဒီလင့်ခ် https://bbc.in/40qSW5b?at_campaign=ws_telegram ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 03:50


တပ်မတော်နဲ့ စစ်ကောင်စီဟာ ထပ်တူမကျမကျဘူးလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာပြောတဲ့ သူ့ရဲ့နှစ်သစ်ကူးရုပ်သံမိန့်ခွန်းမှာ အခုလို ထည့်ပြောသွားတာပါ။

ဒီသတင်းအပါအဝင် ဇန်ဝါရီလ ၁ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

ဒီလင့်ခ် https://bbc.in/40qSW5b?at_campaign=ws_telegram ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

01 Jan, 03:39


မောရစ်ရှနိုင်ငံရဲ့ ကျွန်းငယ်လေးပေါ်မှာ ၃ ကီလိုမီတာရှည်တဲ့ပြေးလမ်းတစ်ခု အိန္ဒိယက တည်ဆောက်နေပြီး ဘာကြောင့်တည်ဆောက်လဲဆိုတာ ဘယ်သူ့ကိုမှ သေသေချာချာမရှင်းပြထားပါဘူး။

အပြည့်အစုံကို https://www.bbc.com/burmese/articles/cgmveyz8rndo?at_campaign=ws_telegram ဆက်လက်ဖတ်ရှုပါ။

BBC News မြန်မာ

01 Jan, 01:11


လန်ဒန်မှာ မီးရှုးမီးပန်းတွေနဲ့ ၂၀၂၅ နှစ်သစ်ကို ကြို
လန်ဒန်မြို့လယ် ဘစ်ဘန် နာရီစင်ကြီးက ည ၁၂ နာရီတိတိ အချက်ပေးတီးခတ်လိုက်တာနဲ့ တပြိုင်နက် သိမ်းမြစ်ကမ်းနဖူးနဲ့ London Eye ချားရဟတ်ကြီး မှာ ရောင်စုံတောက်ပ လှပလှတဲ့ မီးပန်းတွေ ပစ်ဖောက်ပြီး စာတန်းတွေ ရုပ်ပုံတွေသရုပ်ဖော်ပြခဲ့တာကို အခု ဗီဒီယိုပြကွက် အတိုလေးမှာ ကြည်ိ့နုင်ပါတယ်။
ဘီဘီစီပရိသတ်များနဲ့ မြန်မာနိုင်ငံသားအားလုံးလည်း နှစ်သစ်မှာ ဘေးဘယာဝေးကွာ စိတ်နှလုံးအေးချမ်း ရွှင်လန်းနိုင်ကြပါစေလို့ ဘီဘီစီဝိုင်းတော်သားတွေက ဆုမွန်တောင်းလိုက်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #၂၀၂၅ နှစ်သစ် #လန်ဒန်

BBC News မြန်မာ

31 Dec, 13:43


ရုရှား-ယူကရိန်း စစ်သုံ့ပန်းလဲလို့ လွတ်လာသူတွေ မိသားစုနဲ့ပြန်ဆုံ
တနင်္လာနေ့က ရုရှားနဲ့ ယူကရိန်းကြား ဖမ်းဆီးထားတဲ့ အကျဥ်းသားတွေ ပြန်လဲပြီး လွှတ်ပေးခဲ့ပါတယ်။ စစ်သုံ့ပန်း ၁၅၀ စီကို လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပြီး ယူကရိန်းသမ္မတကတော့ ယူကရိန်း စစ်သား ၁၈၉ ယောက် အိမ်ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုနဲ့ အပျော်မျက်ရည်တွေကြား ပြန်ဆုံနိုင်ခဲ့ကြတဲ့ ယူကရိန်းစစ်သားတွေရဲ့ မြင်ကွင်းတွေကို တွေ့ရမှာပါ။
#ဘီဘီစီမြန်မာပိုင်း #ရုရှား #ယူကရိန်း

BBC News မြန်မာ

31 Dec, 12:19


၂၀၂၄ ခုနှစ်ဟာ လာမယ့်နာရီပိုင်းတွေအတွင်းမှာပဲ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
၂၀၂၄ နှစ်ကုန်ခါနီး ရန်ကုန်မြို့က ဒီဇင်ဘာ ၃၁ ရက် ညနေခင်း နေဝင်ချိန် မြင်ကွင်းအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတဝန်း ထူးခြားသတင်းတွေကိုလည်း ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://bbc.in/3Pj1CnO ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 17:10


https://www.bbc.com/burmese/articles/c23v23jy73lo?at_campaign=ws_telegram

BBC News မြန်မာ

30 Dec, 17:09


https://www.bbc.com/burmese/articles/cvgxzg25vz3o?at_campaign=ws_telegram

BBC News မြန်မာ

30 Dec, 14:08


ထောင်ထဲမှာ ဆက်အာခံနေကြတဲ့ အီရန် အမျိုးသမီးတွေ
အီရန်မှာ ၂၀၂၂ ခုနှစ်က ဟီဂျာ့ဘ်လို့ခေါ်တဲ့ ခေါင်းခြုံလွှာ မဝတ်မနေရဆိုတဲ့ စည်းမျဥ်းကို အာခံပြီး Òအမျိုးသမီး၊ ဘဝနဲ့ အခွင့်အရေးÓ ဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုကို လုပ်ခဲ့ကြလို့ ထောင်ချီတဲ့ အမျိုးသမီးတွေ အဖမ်းခံခဲ့ရပါတယ်။ သူတို့ထဲက အများစုကို မြို့တော်တီဟီရန်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အယ်ဗင်ထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။ သေဒဏ်စီရင်ခံရသူတွေလည်း ရှိပါတယ်။ နှိပ်စက်ညှဥ်းပန်းမှုတွေ ရှိတဲ့ကြားကပဲ အကျဥ်းစံအမျိုးသမီးတွေကတော့ ထောင်တွင်းကနေ လူမှုတရားမျှတမှုအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေကို ဆက်လုပ်နေကြပါတယ်။ ဘီဘီစီအမျိုးသမီး ၁၀၀ အစီအစဥ်အတွက် ထောင်တွင်းက အမျိုးသမီးတွေ ကြုံနေရတဲ့ အဖြစ်တွေကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များစွာရဲ့ ပြောပြချက်တွေကို အခြေပြုပြီး တင်ဆက်ပေးထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #လူ့အခွင့်အရေး #အမျိုးသမီး #အီရန်

BBC News မြန်မာ

30 Dec, 11:54


ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မုဒိတာအိမ်ရာ (၁)ထဲ မှာ ဒီဇင်ဘာ ၂၈ ရက် ညသန်းခေါင်တုန်းက စစ်ကောင်စီတပ် အင်အား ဆယ်နဲ့ချီပါတဲ့အဖွဲ့ဟာ အထူးတပ်ဖွဲ့ပုံစံနဲ့ ဧည့်စာရင်းဝင်စစ်ခဲ့တယ်လို့ အမှတ် ၂ ရပ်ကွက်မှာ‌ နေထိုင်သူတချို့က ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ဝင်ရောက်စစ်ဆေးချိန်မှာ ရပ်ကွက် ၂ ထဲက နေအိမ်တိုက်ခန်းအချို့ကနေ လူငယ် ၁၀ ဦးဝန်းကျင်ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်သူတချို့ကလည်း ပြောပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3DxOHvr?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 11:38


စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ရန်ကုန်လိုမြို့ကြီးမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားရဲ့ တန်ဖိုးက မြန်မာကျပ်ငွေ ၁ ထောင်ခန့်သာ စျေးရှိလာပါတယ်။

မြန်မာကိုဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါးတွေ အမယ်စုံလာသလို ကမ္ဘ့ာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအနေနဲ့ ဆက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့(UNODC)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)ရဲ့ မူးယစ်ဆေးဖမ်းဆီးရရှိမှုတွေနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ စိတ်ကြွမူးယစ်ဆေးဝါးမျိုးစုံဖမ်းဆီးရမိသလို ဘိန်းဖြူလည်းပါဝင်နေပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်မြို့တွေအပါအဝင် မြို့ကြီး ၈ မြို့ ထက် မနည်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလတစ်လအတွင်း ကျပ်ဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/4fGlJqq?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 11:05


ရှက်တတ်တဲ့ နိုင်ငံရေးသမားတစ်ဦး ဘယ်လောက်အထိ နိုင်ငံရေးခရီးပေါက်မလဲဆိုတာ စိတ်ကူးယဉ်ကြည့်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရေးသမားဟာ မာမိုဟန် ဆင်းဆိုရင်တော့ ယုံရမှာပါ။

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မာမိုဟန် ဆင်း ကြာသပတေးနေ့မှာ ကွယ်လွန်သွားချိန်ကစလို့ သူ့အကြောင်း အများကြီး ပြောခဲ့ဆိုခဲ့ကြပြီးပါပြီ။

အိန္ဒိယနိုင်ငံသမိုင်းလမ်းကြောင်းကို ပြောင်းလဲစေခဲ့သူ၊ လူသန်းပေါင်းများစွာရဲ့ ဘဝအပေါ် သက်ရောက်မှု ရှိစေခဲ့သူ၊ ကြင်နာပြီး စကားကိုလေသံအေးအေးနဲ့ပြောတတ်သူ နိုင်ငံရေးသမားအဖြစ် သူ့ကို မှတ်မိကြပါတယ်။

အပြည့်အစုံကို https://bbc.in/3ZVC70C?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 10:58


တရုတ်နိုင်ငံရဲ့ ပြည်သူတွေအပေါ် ဆက်သွယ်ရေးကွန်ရက် လိမ်လည်မှု(ကျားဖြန့်)နဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ဆိုပြီး ကွယ်လွန်သူ ကိုးကန့် သူဌေးကြီး မြီရှောက်ချမ်းရဲ့ သား၊ သမီးနဲ့ မြေးတို့အပါအဝင် လူ ၄၀ နီးပါးကို တရုတ်ဘက် က စွဲချက်တင်လိုက်ပါတယ်။

မြီမိသားစုက သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလျန့်၊ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို လိမ်လည်မှု၊ နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ ဒီဇင်ဘာလ ၃၀ ရက်မှာ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

အပြည်အစုံကို ဒီလင့်ခ် https://bbc.in/3DxOHvr?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 07:51


DKBA ဦးဆောင်ကျင်းပတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ မြင်ကွင်းတွေဖြစ်ပါတယ်။

အခုလအတွင်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တချို့ကို ရာထူးတိုးပေးတာတွေပြုလုပ်ထားတဲ့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)ဟာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ် သွားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ ဆုံဆည်းမြိုင် ဌာနချုပ်မှာ ပြုလုပ်သွားတာြဖစ်ပါတယ်။

၂၇၆၄ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို အလံတင်အခမ်းအနား၊ သက်ကြီးပူဇော်ပွဲ၊ အားကစားပွဲတွေနဲ့အတူ ပြုလုပ်သွားတာဖြစ်ပါတယ်။

DKBA ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်တုန်း အဖွဲ့ထူထောင်တဲ့ နှစ် ၃၀ ပြည့်ပွဲကို ပြုလုပ်သွားတာဖြစ်ပြီး အခုလအတွင်း ဒုတိယစစ်ဦးစီးချုပ်အဖြစ်တာဝန်တိုးခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ကရင်တွေ စည်းလုံးဖို့ တိုက်တွန်းသွားတယ်လို့ KIC သတင်းဌာနက သတင်းဖော်ပြပါတယ်။

ဒီသတင်းအပါအဝင် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

ဒီလင့်ခ် https://bbc.in/3DxOHvr?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 05:21


တွေ့ဆုံဆွေးနွေးဖို့ အမြဲတံခါးဖွင့်ထားပြီး တိုင်းရင်းသားတွေအနေနဲ့ ပဋိပက္ခတွေ လျှော့ချပြီး တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းပူးပေါင်းဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်ကထပ်ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်၊ ကရင်နှစ်သစ်ကူးနေ့အတွက် စစ်ကောင်စီပိုင် သတင်းစာကနေထုတ်ပြန်တဲ့ ဆုတောင်းလွှာထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလိုပြောထားတာဖြစ်ပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဒီဇင်ဘာ ၃၀ ရက် သတင်းတိုက်ရိုက်တင်ဆက်မှုလင့်ခ်ကနေ https://www.bbc.com/burmese/live/czx52rzyyq0t?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 04:46


‘‘စစ်ကောင်စီကို တိုက်ထုတ်တဲ့အခြေအနေမှာ ကျွန်တော်တို့အဖွဲ့တင် မဟုတ်ဘူး။ မဟာမိတ်တွေ၊ နွေဦးတော်လှန်ရေး ရဲဘော်တွေ၊ ပြည်သူလူထုတွေရှိတယ်။ ... ပေးဆပ်မှုပေါင်းများစွာနဲ့ ဒီအဆင့်ကို ရအောင်လုပ်ထားရတာကြောင့် လွယ်လွယ်ကူကူတော့ တချို့အပေးအယူတွေတော့ လုပ်လို့တော့ မရဘူးလို့ ကျွန်တော်မြင်ပါတယ်။’’ – PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်

ရှမ်းမြောက်မှာ မြို့တွေကို ထိန်းချုပ်ထားပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမယ်လို့ ထုတ်ပြောထားတဲ့ TNLA အနေနဲ့ ဘယ်လိုအချက်တွေ ကိုင်စွဲပြီး နိုင်ငံရေးစကားပြောမှာပါလဲ။
ဘီဘီစီက ဗိုလ်ချုပ် တားဘုန်းကျော်ကို ဆက်သွယ်မေးမြန်ထားတာကို ဒီလင့်ခ် https://bbc.in/3PgfdvV?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

30 Dec, 03:18


ဒီသေဆုံးခဲ့တဲ့အရေအတွက်ဟာ အေအေရဲ့ ထိုးစစ် အစကနေ အဆုံးအထိ စာရင်းကောက်ယူထားတာဖြစ်ပြီး မြေပြင်အလောင်းတွေ၊ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်းရရှိတဲ့ စာရွက်စာတမ်းတွေအရ ခန့်မှန်းထားတဲ့ အရေအတွက်လို့ အေအေက ဆိုပါတယ်။ သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဒီဇင်ဘာ ၃၀ ရက် သတင်းတိုက်ရိုက်တင်ဆက်မှုလင့်ခ်ကနေ https://www.bbc.com/burmese/live/czx52rzyyq0t?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Dec, 22:23


သမ္မတဟောင်း ဂျင်မီကာတာ အသက် ၁၀၀ မှာ ကွယ်လွန်
အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတအဖြစ် ၁၉၇၇ ကနေ ၁၉၈၁ အထိ တာဝန်ထမ်းခဲ့တဲ့ မစ္စတာဂျင်မီကာတာ ဒီဇင်ဘာ ၂၉ ရက် တနင်္ဂနွေနေ့က ဂျော်ဂျီယာပြည်နယ်က သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
မစ္စတာကာတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာပဲ အသက် ၁၀၀ ပြည့်ခဲ့လို့ အမေရိကန်သမ္မတတွေထဲမှာ အသက်အရှည်ဆုံး နေသွားရသူဖြစ်ပါတယ်။ သူဟာ ကင်ဆာရောဂါလည်း ခံစားခဲ့ရလို့ ပြီးခဲ့တဲ့ ၁၉ လမှာ ဆေးဘက်စောင့်ရှောက်မှု ခံယူနေခဲ့ရပါတယ်။

ဂျင်မီကာတာဟာ သမ္မတရာထူးက အနားယူပြီးတဲ့နောက် ကာတာစင်တာကို ထူထောင်လို့ နိုင်ငံတကာပဋိပက္ခတွေကို အေးချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး သူ့ကြိုးပမ်းမှုတွေအတွက် ၂၀၀၂ ခုနှစ်မှာ နိုဗဲငြိမ်းချမ်းရေးဆုကို ရခဲ့ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ဂျင်မီကာတာ #အမေရိကန်သမ္မတ

BBC News မြန်မာ

29 Dec, 18:55


ကိုရီးယားလေယာဥ်ပျက်ကျမှုမှာ လိုက်ပါလာသူအားလုံးနီးပါး သေဆုံး
ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တောင်ကိုရီးယားတောင်ပိုင်းက မူအန်လေဆိပ်ကို ပျံသန်းလာတဲ့ တောင်ကိုရီးယားက ဂျေဂျူးလေကြောင်းရဲ့ ဘိုးအင်း ၇၃၇ လေယာဥ်တစ်စင်းဟာ လေဆိပ်အဆင်းမှာ ပျက်ကျမီးလောင်သွားခဲ့ပါတယ်။ ခရီးသည် ၁၇၅ ယောက်နဲ့ လေယာဥ်အမှုထမ်း ၆ ယောက်တို့လိုက်ပါလာတဲ့ လေယာဥ်မှာ အခုအထိသိရသမျှ ၁၇၉ ယောက် အသက်ဆုံးခဲ့ပါတယ်။ လေယာဥ်ဝန်ထမ်း နှစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ ခရီးသည်အများစုဟာ ထိုင်းကိုသွားလည်ကြတဲ့ တောင်ကိုရီးယားလူမျိုးတွေဖြစ်ကြပြီး ထိုင်းနိုင်ငံသား နှစ်ဦးလည်း လိုက်ပါလာပါတယ်။ ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး လေယာဥ်ဆင်းခါနီးမှာ ငှက်တွေနဲ့ တိုက်မိနိုင်မယ့်အန္တရာယ်ကို လေကြောင်းထိန်း မျှော်စင်က သတိပေးခဲ့လို့ ချက်ချင်းမဆင်းနိုင်ဘဲ ပျံဝံနေခဲ့ရသေးတယ်လို့ သိရပါတယ်။
#ဘီဘီစီမြန်မာပိုင်း #တောင်ကိုရီးယား #လေယာဥ်ပျက်ကျမှု #ထိုင်း #ဂျေဂျူးလေကြောင်း

BBC News မြန်မာ

29 Dec, 14:47


ဆန်တာဘိုးဘိုးကြီးရဲ့ သမင်တွေက အထီးလား အမလား။

BBC News မြန်မာ

29 Dec, 10:36


အေအေ အင်အားကြီးမားလာမှုနဲ့ တရုတ်နိုင်ငံ ဆက်စပ်နေတဲ့အကြောင်း ရှုမြင်သုံးသပ် သူတွေ အများအပြားရှိကြပါတယ်။

၂၀၁၁ ခုနှစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်းမှာ အေအေ အင်အားကြီးမားလာမှုကို ဦးသိန်းစိန်အစိုးရရဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ‘’ဒီမိုကရေစီနိုင်ငံသစ် နဲ့ သမ္မတဦးသိန်းစိန်’’ စာအုပ်မှာ ထည့်ရေးပါတယ်။

ဘီဘီစီက သီးသန့်မေးမြန်းထားတဲ့ ဝန်ကြီးဟောင်းတစ်ဦးအပါအဝင် စစ်ရေးအရင်းအမြစ်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေကလည်း ဒီအချက်ကို အတည်ပြုကြပါတယ်။

အေအေ အင်အားကြီးမားလာမှု နဲ့ တရုတ်နိုင်ငံ ဆက်စပ်နေမှုကို အနောက်ဘက် ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့ဟာ အရှေ့ဘက်က တရုတ်နယ်စပ်တကြောမှာ တိုက်ပွဲဆင်နိုင်ခဲ့တဲ့ အချက်ကို နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

အေအေ အနေနဲ့ တရုတ်သြဇာမကင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ဝ တပ်ဖွဲ့ UWSA နဲ့ ကိုးကန့်တပ် MNDAA တို့ နဲ့ မဟာမိတ်ဖြစ်နေပြီး တရုတ်နယ်စပ်အခြေစိုက် မဟာမိတ်တွေရဲ့ ကူညီပံ့ပိုးမှုကြောင့် အင်အားကြီးမားလာတာငြင်းမရဘူး လို့ အကဲခတ်တွေက ပြောပါတယ်။

အေအေက ပလက်ဝကို ထိန်းချုပ်ချိန် အခုနှစ် ဇွန်လတုန်းက ဖော်ပြခဲ့တဲ့ ဘီဘီစီ အထူးဆောင်းပါး အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/49Tc4Md?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုပါ။

BBC News မြန်မာ

29 Dec, 10:06


ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)ရဲ့ နယ်မြေထိန်းချုပ်မှုနဲ့အတူ တရုတ် ရင်းနှီးမြှုပ်နှံ စီမံကိန်းကြီးတွေကိုပါ ထိန်းချုပ်မှုရှိလာချိန်မှာပဲ စစ်ရေးနည်းထက် နိုင်ငံရေး နဲ့ ဖြေရှင်းဖို့ အသင့်ရှိတဲ့အကြောင်း အေအေရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA/AA) က ထုတ်ပြောလာပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေကို ဆက်ပြီးလည်ပတ်နိုင်ဖို့ အေအေအဖွဲ့အနေနဲ့ အဲဒီကုမ္ပဏီတွေနဲ့အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း လိုလားတဲ့အကြောင်းလည်း ပြောပါတယ်။

ဘယ်ရင်းနှီးမြှုပ်နှံမှုတွေဆိုပြီး ULA/AA က နာမည်တပ်မပြောပေမဲ့ ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁ ခုရှိပြီး အများစုဟာ အေအေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိနေပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ် https://bbc.in/3PbVi1g?at_campaign=ws_telegram မှာ စုစည်းတင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Dec, 10:01


ကလေးတွေခုန်နိုင်ဖို့ဝတ်ပေးတဲ့ ဝတ်စုံနဲ့ လမ်းပြန်လျှောက်နိုင်တဲ့ ပင်ဂွင်းလေး
ယူကေက ဒတ်ဒလီတိရစ္ဆာန်ဥယျာဥ်မှာ မွေးစကတည်းက လမ်းမလျှောက်နိုင်တဲ့ ပင်ဂွင်း မလေးကို
ပြန်ကျန်းမာလာအောင် ဝန်ထမ်းတွေက နည်းမျိုးစုံသုံးပြီး ကူခဲ့ လုပ်ပေးခဲ့ကြပါတယ်။ နောက်ဆုံး အဖြေရသွားခဲ့တာကတော့ ကလေးတွေ ခုန်နိုင်ရပ်နိုင်အောင်ဝတ်ပေးတဲ့ ဝတ်စုံကို ဝတ်ပေးပြီး လေ့ကျင့်ပေးခဲ့ကြတာပါ။
#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ပင်ဂွင်း #ယူကေ

BBC News မြန်မာ

29 Dec, 09:05


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲမှာ အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီ တပ်စခန်းတွေပြန်ရယူဖို့ စစ်ကောင်စီတပ်က ဂွမြို့နယ်ထဲကို စစ်ကူ အင်အားထည့်ဖြည့်ပြီး ပြန်ဝင် ရောက်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဒီဇင်ဘာ ၂၉ ရက် ဘီဘီစီရဲ့ သတင်းတွေကို ဒီလင့်ခ် https://bbc.in/3PbVi1g?at_campaign=ws_telegram
မှာ ဖတ်ရှိနိုင်ပါတယ်။
ဓာတ်ပုံ - အေအေ(ပုံဟောင်း)

BBC News မြန်မာ

29 Dec, 08:00


သာသနာဆိုတာ အဆုံးအမတရားတွေ ဖြစ်တဲ့အတွက် ဒီတရားတော်တွေကို သန့်စင်တည်တံ့ဖို့ သင်္ဂါယနာခေါ် သံဃာ့အစည်းအဝေးကြီးတွေ ကျင်းပပြီး စိစစ်ရပါတယ်။ သင်္ဂါယနာကို သံဂါယနာလို့လည်း စာလုံးပေါင်းပါတယ်။

သင်္ဂါယနာဆိုတဲ့ စကားလုံးကိုယ်တိုင်က ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းလို့ ဗုဒ္ဓစာပေပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

ဒါကြောင့် ဒီသင်္ဂါယနာပွဲကြီးတွေနဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေကို မှတ်ကျောက်တင်ပြီး အနှစ် နှစ်ထောင်ကျော် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

၁၉၅၄ ကနေ ၁၉၆၂ ထိ ၈ နှစ်ကြာ အချိန်ယူခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာပွဲကြီး ကျင်းပတာ နှစ် ၇ဝ ရှိခဲ့ချိန်မှာတော့ မဟာပါသဏ လိုဏ်ဂူတော်ကြီးနဲ့ ကမ္ဘာအေး ဘုရားဆိုပြီး ရန်ကုန်မြို့မှာ ထင်ရှား ကျန်ရစ်ခဲ့ပါတယ်။

သင်္ဂါယနာအသစ် တင်စရာ လိုသလား။ ဘီဘီစီ အထူးဆောင်းပါးကို ဒီလင့်ခ် https://bbc.in/4j6Fz1g?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Dec, 07:54


ပျက်ကျသွားတဲ့ ဂျယ်ဂျူး လေကြောင်းလိုင်း လေယာဥ်ပေါ် မှာ ခရီးသည် တောင်ကိုရီးယား နိုင်ငံသား ၁၇၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ ဦး လိုက်ပါသွားတာဖြစ်ပါတယ်။


လေယာဥ်ပေါ် လိုက်ပါသွားတဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာ အသက် ၂၂ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးဖြစ်တယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ ထုတ်ပြော လာပါတယ်။


သူတို့ နှစ်ဦးရဲ့ အခြေအနေ အသေးစိတ်ကိုတော့ သိနိုင်အောင် ကြိုးပမ်းနေတုန်းလို့ ထိုင်းအစိုးရပြောခွင့်ရသူက ပြောပါတယ်။


ဒီသတင်း ‌နောက်ဆုံးရ အခြေအနေတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ ဖြည့်စွက် တင်ဆက်ပေးနေပါတယ်။

ဒီလင့်ခ် https://bbc.in/4gRPZQn?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Dec, 06:30


တောင်ကိုရီးယား နိုင်ငံမှာ ယာယီ သမ္မတ အဖြစ် တာဝန်ယူထားတာ သီတင်းနှစ်ပတ် ဝန်းကျင်ပဲ ရှိသေးတဲ့ ဝန်ကြီးချုပ် ဟန်း ဒွတ်-ဆိုးကိုလည်း ရာထူးကနေ ဖယ်ရှားဖို့ရာ စွပ်စွဲပြစ်တင်တာတွေ လုပ်မယ် ဆိုပြီး လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ် လိုက်ကြပြီ ဖြစ်ပါတယ်။

လွှတ်တော် အမတ် ၁၉၂ ယောက် မဲခွဲခဲ့ကြတာမှာ၊ စွပ်စွဲပြစ်တင်ရေး အဆိုဘက်က လိုအပ် မဲပေါင်း ၁၅၁ မဲ ထက် ကျော်လွန် ရရှိခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ အတွက် ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ သမ္မတ ယွန်း နေရာမှာ ဝန်ကြီးချုပ် ဟန်းဟာ ယာယီ သမ္မတ အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပျက်ကွက်မှုတွေကြောင့် ယာယီသမ္မတလည်း ရာထူးကနေ ဖယ်ရှားခံရတာပါလဲ။
အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/4iY9bOm?at_campaign=ws_telegram
ကိုနှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Dec, 05:35


အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/3BEsb3A?at_campaign=ws_telegram
ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

29 Dec, 05:14


ဂွမြို့နယ်မှာ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခမရ ၅၆၂ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ပြီး စစ်သုံ့ပန်း အယောက် ၆၀ လောက် ဖမ်းမိထားတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဒီဇင်ဘာ ၂၉ ရက် ဘီဘီစီရဲ့ သတင်းတွေကို ဒီလင့်ခ် https://bbc.in/3PbVi1g?at_campaign=ws_telegram
မှာ ဖတ်ရှိုနိုင်ပါတယ်။
ဓာတ်ပုံ - အေအေ(ပုံဟောင်း)

BBC News မြန်မာ

29 Dec, 02:36


အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c2ex273xrw2o?at_campaign=ws_telegram
ကို နှိပ်ပြီး ဆက်ဆက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

28 Dec, 16:50


ပင်စင်နဲ့ မီးဖွားခွင့်တွေရလာတဲ့ လိင်လုပ်သားတွေ
ဘယ်လ်ဂျီယမ်ဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကို ဥပဒေပြဋ္ဌာန်းပြီး အလုပ်သမားအခွင့်အရေးတွေပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ သူတို့ဟာ ကျန်းမာရေးအာမခံရပြီး၊ ပင်စင်၊ နာမကျန်းခွင့်နဲ့ မီးဖွားခွင့်တွေပါ ခံစားနိုင်တော့မှာပါ။
#ဘီဘီစီမြန်မာပိုင်း #လိင်လုပ်ငန်း #ဘယ်လ်ဂျီယမ် #အလုပ်သမားအခွင့်အရေး

BBC News မြန်မာ

28 Dec, 09:52


ပိုင်ရှင်မဲ့ အလောင်းထောင်ချီကို သဂြိုဟ်ပေးခဲ့သူအမျိုးသမီး
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်က ဆေးရုံတွေနဲ့ ရေခဲတိုက်တွေမှာ နေ့စဥ်လို ပိုင်ရှင်မဲ့အလောင်းတွေ အများကြီး ရှိနေပါတယ်။ ပိုင်ရှင်မဲ့ဖြစ်သလို တချို့ဆို ဘယ်သူဘယ်ဝါမှန်းတောင်မသိရလို့ ဘာသာရေးအရ ထုံးတမ်းစဥ်လာလေးတွေ လုပ်ပေးမယ့်သူလည်း မရှိပါဘူး။ အဲဒီလိုလူတွေရဲ့ နောက်ဆုံးခရီးမှာ ဂုဏ်သိက္ခာရှိရှိလေးဖြစ်သွားအောင် လိုနေတဲ့ ကွက်လပ်ကို ဖြည့်ပေးသူကတော့ ပူဂျာရှားမားဆိုတဲ့ အမျိုးသမီးပါ။ ဟိန္ဒူဓလေ့ထုံးစံမှာ သေသူရဲ့စျာပနကို အမျိုးသားတွေကပဲ လုပ်ဆောင်ပေးရတာမို့ ပူဂျာလုပ်နေတာကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ အဲဒီကြားမှာပဲ ပူဂျာက ပိုင်ရှင်မဲ့ စွန့်ပစ်ခံရုပ်အလောင်း ၅၀၀၀ ကျော်ကို ကူညီ သဂြိုဟ်ပေးခဲ့ပြီးပါပြီ။
#ဘီဘီစီမြန်မာပိုင်း #ဘီဘီစီ အမျိုးသမီး၁၀၀ #အိန္ဒိယ #အမျိုးသမီး #ဟိန္ဒူ

BBC News မြန်မာ

27 Dec, 18:48


https://www.bbc.com/burmese/articles/cp834ldy676o?at_campaign=ws_telegram

BBC News မြန်မာ

27 Dec, 16:33


https://www.bbc.com/burmese/articles/c791j8y05jwo?at_campaign=ws_telegram

BBC News မြန်မာ

27 Dec, 16:32


https://www.bbc.com/burmese/articles/c5y7w9zjygno?at_campaign=ws_telegram

BBC News မြန်မာ

27 Dec, 05:26


စမ်းချောင်းမြို့၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ Free Land Attack Foece (FLA) အမည်ခံအဖွဲ့ဝင်တွေနဲ့အတူ လက်နက်ခဲယမ်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဒီဇင်ဘာ ၂၇ ရက် တိုက်ရိုက်သတင်းတင်ဆက်မှု https://www.bbc.com/burmese/live/cgkx2ll2y1kt?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

27 Dec, 05:24


ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းတဲ့တိုက်ပွဲမှာ အာရက္ခတပ်တော်(အေအေ) က “ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” အဖြစ် မြန်မာစစ်တပ်ဆီက သိမ်းဆည်းတဲ့ လက်နက်တွေသုံးပြီးတိုက်ခိုက်တဲ့ ရုပ်သံဖိုင်ကို ဒီဇင်ဘာ ၂၆ ရက်မှာ အေအေက ထုတ်ပြန်လာပါတယ်။
နပခကျဆုံးရတာဟာ စစ်ကူစစ်ကြောင်းတွေ အချိန်မီရောက်မလာတာက အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့တယ်လို့ အေအေထိန်းချုပ်မှုအောက်ရောက်ခဲ့တဲ့ ဗိုလ်မှူးချုပ် ကျော်‌ကျော်သန်းက ‌ပြောထားပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဒီဇင်ဘာ ၂၇ ရက် တိုက်ရိုက်သတင်းတင်ဆက်မှု https://www.bbc.com/burmese/live/cgkx2ll2y1kt?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

26 Dec, 15:48


မူးယစ်ဆေးဝင်ဖမ်းတဲ့ ရဲ ဂရင့်ချ်
ပီးရူးနိုင်ငံမြို့တော် လီမာက အိမ်တစ်အိမ်ကို ကာတွန်းဇာတ်ကောင် ဂရင့်ချ်ဝတ်စုံဝတ်ထားတဲ့ ရဲတစ်ယောက်က ဦးဆောင်လို့ ဝင်စီးပြီး မူးယစ်ဆေးရောင်းသူတွေကို ဖမ်းခဲ့တဲ့ဗီဒီယိုကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ပီရူးမှာ ပွဲတော်ရာသီဆို အခုလိုပဲ ရဲတွေက ကာတွန်းရုပ်တွေလို ဝတ်ဆင် အသွင်ယူပြီး ရာဇဝတ်မှုတွေကို နှိမ်နင်းတတ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ဗယ်လင်တိုင်းနေ့ ကလည်း တက်ဒီဝက်ဝံလို ဝတ်ထားတဲ့ရဲက မူးယစ်ဆေးရောင်းသူတစ်ယောက်ကို ဝင်လုံးပြီး ဖမ်းခဲ့ပါသေးတယ်။
(ဂရင့်ချ်ဆိုတာ Dr Seus ရဲ့ “How the Grinch stole Christmas” ဆိုတဲ့ ဝတ္ထုထဲက စိတ်တိုငြူစူ နေတတ်တဲ့ ကာတွန်းဇာတ်ကောင် ဖြစ်ပါတယ်။)

#ဘီဘီစီမြန်မာပိုင်း #ပီရူး #မူးယစ်ဆေး #ဂရင့်ချ် #ရာဇဝတ်မှု

BBC News မြန်မာ

26 Dec, 12:36


လွန်ခဲ့တဲ့အနှစ် ၂၀ ကာလ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် က အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်း အနောက်ဘက်ကို ဗဟိုပြုပြီး ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိတဲ့ သမိုင်းဝင်တစ်လျှောက်အပြင်းဆုံးငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဆူနာမီကို အိန္ဒိယသမုဒ္ဒရာ ဆူနာမီလို့ခေါ်ပြီး ခရစ္စမတ်ရက်ပြီးနောက်တစ်ရက်မှာ လှုပ်ခတ်ခဲ့တာကြောင့် ခရစ္စမတ်ဆူနာမီ လို့လည်း သုံးနှုန်းကြပါတယ်။ ဆူနာမီဖြစ်ခဲ့ချိန်က အာရှရဲ့ ခရီးသွားရာသီချိန်ဖြစ်တာကြောင့် နိုင်ငံအသီးသီးက ကမ္ဘာလှည့်ခရီးသွား ၉,၀၀၀ အပါအဝင် လူပေါင်း ၂၃၀,၀၀၀ ( ၂ သိန်း ၃ သောင်း) နီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က အတည်ပြုပြောပါတယ်။ အဲဒီအထဲမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုင်ငံသားတွေပါဝင်ခဲ့တာဖြစ်ပါတယ်။

ဆူနာမီကြောင့် သေဆုံးခဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ၆၁ ယောက်ပါဝင်ခဲ့တယ်လို့ ကမ္ဘာ့ငလျင်တိုင်းတာရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။

အဲဒီအချိန်တုန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ အစိုးရက ဆူနာမီနဲ့ပတ်သက်ပြီး လူသေဆုံးခဲ့တာတွေကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။ ဆောင်းပါးအပြည့်အစုံကို ဖတ်နိုင်ပါပြီ။ https://www.bbc.com/burmese/articles/cly7z63y8n8o?at_campaign=ws_telegram

BBC News မြန်မာ

26 Dec, 12:31


နိုင်ငံတဝန်းမြို့ပေါင်း ၂၅၀ နီးပါးမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့မြန်မာမှာ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန် ဟာ စစ်ဘေးရှောင်မြို့ ဖြစ်လာပါတယ်။

၂၀၂၄ နှောင်းပိုင်း မှာ ပိုပြီးပြင်းထန်လာတဲ့ ရခိုင်တိုက်ပွဲတွေနဲ့ နိုင်ငံမြောက်ပိုင်း ကချင်ကတိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းသူတွေပိုတိုးလာတာလို့ ဆိုပါတယ်။

ရွှေ့ပြောင်းသူတွေများလာတာကြောင့်ပဲ အိမ်ခြံမြေ ဝယ်ရောင်းတွေလက်ထဲ ကြိုက်စျေးခေါ်တာတွေဖြစ်လာပြီး စျေးနှုန်းတွေကလည်း ပုံမှန် ဝယ်ငှားစျေးတွေထက် ၃ ဆနီးပါးမြင့်တက်သွားပါတယ်။

ဆောင်းပါး အပြည့်အစုံ https://www.bbc.com/burmese/articles/czd48jq4zvdo?at_campaign=ws_telegram ကို ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

26 Dec, 07:45


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်း မှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်မနက် ပြန်ပေးဆွဲဖို့ ကြိုးစားတာကို ငြင်းဆန်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ခံ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ မိုးကောင်းလမ်းပေါ်က ပစ္စည်းအဟောင်းဝယ်ယူတဲ့ဆိုင် တစ်ဆိုင်ထဲကို ပြန်ပေးဆွဲအဖွဲ့လို့ယူဆရသူတချို့က ဝင်ရောက်ခဲ့ပြီး ဆိုင်အတွင်းက အမျိုးသမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။ သတင်းအပြည့်အစုံကို https://www.bbc.com/burmese/live/cdjgmx2j7mwt?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

25 Dec, 19:58


အစိုးရဦးစီးလို့ ကြင်ဖော်ရှာပေးနေရတဲ့ တောင်ကိုရီးယား
တောင်ကိုရီးယားမှာ အိမ်ထောင်ပြုကြသူတွေ နည်းနေပြီး ကလေးမွေးဖွားနှုန်းလည်း အများကြီးလျော့ကျသွားလို့ အစိုးရကိုယ်တိုင်ဦးစီးပြီး စုံတွဲတွေ ဆုံဖြစ်ကြအောင် အစီအစဥ်တွေ လုပ်ပေးနေပါတယ်။ ကြင်ဖော်ရှာပေးတဲ့ လုပ်ငန်းတွေကလည်း နည်းမျိုးစုံသုံးလို့ လက်တွဲဖော်တွေ ရှာပေးနေကြပါတယ်။ ဒီနည်းလမ်းတွေက ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မှာပါလဲ။
#ဘီဘီစီမြန်မာပိုင်း #တောင်ကိုရီးယား #ကြင်ဖော်ရှာခြင်း #အမျိုးသမီး

BBC News မြန်မာ

25 Dec, 12:01


ဘာသာစကား ၃၀ ကျော် ပြောနိုင်သူ
ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့က ဟာဘီနေဇာ အန်တိုအင်းဟာ ဘာသာစကားတွေကို စိတ်ဝင်တစား လေ့လာနေခဲ့သူပါ။ အခုဆို ဂျပန်၊ ဟီးဘရူး၊ အာရဗီအပါအဝင် ဘာသာစကား ၃၀ ကျော်ကို ပြောနိုင်ပါတယ်။ ဘယ် ဘာသာစကားက သူ့အတွက်အခက်ဆုံးလဲ၊ သူ အိပ်တဲ့အခါရော နိုင်ငံခြားဘာသာစကားတစ်ခုခုနဲ့ အိပ်မမက် မက်တတ်ပါသလား။ :) ဘီဘီစီက သူ့ ဘာသာစကား စွမ်းရည်ကို စမ်းသပ်ကြည့်ထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရဝမ်ဒါ #ဘာသာစကား

BBC News မြန်မာ

25 Dec, 10:44


ဆေးပရုတ်ဆီ အွန်လိုင်းကြော်ငြာရိုက်ကူးတာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုကိုတုပခဲ့သလို သရော်ခဲ့တယ်ဆိုပြီး ဆယ်လီ ဖြူဖြူထွေးကို အွန်လိုင်းပေါ်မှာ ဝေဖန်ကန့်ကွက်မှုတွေမြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းမှာတော့ ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးဆရာဆိုသူက သူတို့ ဘယ်သူ့ကိုမှစော်ကားလိုစိတ်မရှိခဲ့ဘဲ ရိုးရိုးသားသားရိုက်ကူးခဲ့တယ်ဆိုပြီး တောင်းပန်စကားပြောထားတဲ့ ဗီဒီယိုကို ဖြူဖြူထွေးပေ့ချ်ကနေတင်ပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို https://www.bbc.com/burmese/live/c0rn4yv19l1t?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

25 Dec, 10:32


မြန်မာရေတပ်ရဲ့ ရေငုပ်သင်္ဘောပိုင်ဆိုင်ရေးဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ စခဲ့တာလို့ ရေတပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ရဲ့ ရေငုပ်သင်္ဘောပိုင်ဆိုင်ရေးအိပ်မက်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အငြင်းပွားခဲ့ကြတဲ့ စိန့်မာတင်ကျွန်းအမှုအပြီးမှာ တစ်ကျော့ပြန်အသက်ဝင်လာခဲ့တာပါ။

စစ်တပ် ပိုင်ဆိုင်ထားတဲ့ ရေငုပ်သင်္ဘောတွေဖြစ်တဲ့ "မင်းရဲသိင်္ခသူ" နဲ့ "မင်းရဲကျော်ထင်" ဘယ်လိုအလုပ်လုပ်နေလဲ။

၂၀၂၄ ရေတပ်နေ့မှာ တပ်တော်ဝင်ရေချတဲ့ သာလွန်မင်း ဖရီးဂိတ်စစ်ရေယာဥ်၊ ရန်နိုင်အောင်နဲ့ရန်ဇွဲအောင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် ၂ စီး ရဲ့ စွမ်းဆောင်ရည်ကို စစ်ကောင်စီဘယ်လိုပြောလဲ။ ဒီဆောင်းပါး https://www.bbc.com/burmese/articles/cd75xjrenpro?at_campaign=ws_telegram မှာ ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

25 Dec, 04:05


မြန်မာ - ဘင်္ဂလာဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ ရခိုင်စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခသည်စခန်းကို ရိုဟင်ဂျာထောင်နဲ့ချီ ထပ်မံရောက်ရှိလာပြီး လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေရဲ့အခြေအနေပိုဆိုးလာမယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနှိုင်းရေးမှူးဟောင်း စတီဖနီဟော့မန်း က ပြောပါတယ်။ သတင်းအပြည့်အစုံကို https://www.bbc.com/burmese/live/c0rn4yv19l1t?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

25 Dec, 03:50


“သာလွန်မင်း” အမည်နဲ့ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ် ကို ၇၇ နှစ်မြောက် ရေတပ်နှစ်ပတ်လည်‌နေ့မှာ စစ်တပ်က ထုတ်ပြပြီး အမည်ပေးတာနဲ့ ရေချအခမ်းအနားလုပ်ခဲ့ပါတယ်။
နိုင်ငံရဲ့ ပြည်တွင်းရန်ကိုနှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုပြီး အမည်ပေးတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ သတင်းအပြည့်အစုံကို https://www.bbc.com/burmese/live/c0rn4yv19l1t?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

24 Dec, 10:41


ယူကရိန်းရဲ့ စနိုက်ပါလက်ဖြောင့်တပ်သား အိုလက်ဆန္ဒား မက်ဆီယက်ဗစကီဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်တဲ့နှစ် အစကတည်းက ရုရှားတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တောအုပ်တစ်ခုထဲမှာ သူ့ကို သတ်ပြီး မြုပ်နှံမယ့်တွင်းကို သူ့ကို တူးခိုင်းပြီး အဲဒီတွင်းဘေးမှာထိုင်လို့ နောက်ဆုံး စီးကရက်တစ်လိပ်သောက်နေတဲ့ ဗီဒီဘိုတစ်ခု ထွက်လာခဲ့ပါတနယ်။

"ယူကရိန်း အောင်မြင်ပါစေ" လို့ သူ့ကိုဖမ်းဆီးထားသူတွေကို သူကပြောပါတယ်။ ခဏအကြာမှာတော့ သေနတ်သံ ထွက်ပေါ်လာပြီး လဲကျသေဆုံးသွားပါတယ်။

သူ့ကို သတ်ဖြတ်ခဲ့သလို ဖြစ်စဥ်တွေက အများကြီး ရှိခဲ့ပါတယ်။ ဆောင်းပါးကို https://www.bbc.com/burmese/articles/c07g5jkjgvxo?at_campaign=ws_telegram မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

24 Dec, 03:44


တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကို ရေပက်မဝင်တဲ့စည်းရုံးရေးဖြစ်အောင်လုပ်ဖို့အမျိုးသမီးဗိုလ်သင်တန်းဆင်းတွေကို စစ်ခေါင်းဆောင်းက ပြောပါတယ်။
နိုင်ငံတဝန်း ဒေသအများစုမှာ စစ်တပ်စခန်းတွေဆုံးရှုံးလာတဲ့နောက် စစ်ခေါင်းဆောင်ဟာ အမျိုးသား၊အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲတွေမှာတပ်တွင်းတပ်ပြင်စည်းလုံးကြဖို့နဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့ ဆိုပြီး တောက်လျှောက်ပြောဆိုနေပါတယ်။ သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဒီဇင်ဘာ ၂၄ ရက် တိုက်ရိုက်သတင်းတင်ဆက်မှုကနေ https://www.bbc.com/burmese/live/czx53kyqgwnt?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

24 Dec, 03:33


ထိုင်း-မြန်မာနယ်စပ်က မြန်မာဘက်ခြမ်း ရွှေကုက္ကိုမှာ ပြင်းထန်ဝမ်းရောဂါကူးစက်ပြန့်ပွားနေတာကြောင့် ထိုင်းဘက်ခြမ်းကို မကူးစက်အောင် နယ်နိမိတ်ထိစပ်နေတဲ့ တာ့ခ်ခရိုင်နယ်စပ်ကို တစ်လပိတ်ဖို ထိုင်းကာကွယ်ရေးဝန်ကြီးက ညွှန်ကြားခဲ့တယ်လို ထိုင်းသတင်းတွေက ဒီဇင်ဘာ ၂၃ ရက်မှာဖော်ပြကြပါတယ်။
ရွှေကုက္ကိုကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို လှေနဲ့နေ့ချင်းပြန် အလုပ်လာလုပ်သူတွေရှိနေတာ‌ကြောင့် ထိုင်းဘက်က ဒီလိုတင်းကျပ်တာလို ဆိုပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ ဒီဇင်ဘာ ၂၄ ရက် တိုက်ရိုက်သတင်းတင်ဆက်မှုကနေ https://www.bbc.com/burmese/live/czx53kyqgwnt?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

23 Dec, 18:47


ရှေးအကျဆုံး Òပညတ်တော်ဆယ်ပါးÓ ကျောက်စာချပ်ကို လေလံတင်
အေဒီ ၃၀၀-၈၀၀ ကြားသက်တမ်းရှိမယ်လို့ယူဆရတဲ့ ပေလီယို-ဟီးဘရူးဘာသာနဲ့ ပညတ်တော်ဆယ်ပါး မိန့်ကြားချက်တွေ ရေးထိုးထားတဲ့ ကျောက်ချပ်ပြားကို နယူးယောက်မြို့မှာ လေလံတင်ရောင်းချဖို့ ရှိနေပါတယ်။ ၁၉၁၃ ခုနှစ်က အရှေ့အလယ်ပိုင်းဒေသမှာ ရထားလမ်းဖောက်တုန်း တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်ချပ်ကို တစ်ချိန်က သမိုင်းတန်ဖိုးမသိခင် လမ်းခင်းကျောက်လို သုံးခဲ့ဖူးတယ်လို့ သိရပါတယ်။ အခု လေလံပွဲကနေ ဒေါ်လာ တစ်သန်းနဲ့ နှစ်သန်းအတွင်း ရမယ်လို့ ခန့်မှန်းထားကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ခရစ်ယာန် #ဂျူး #ဟီးဘရူး #ပညတ်တော်ဆယ်ပါး

BBC News မြန်မာ

23 Dec, 16:24


https://www.bbc.com/burmese/articles/c8j9w48gp20o?at_campaign=ws_telegram

BBC News မြန်မာ

23 Dec, 16:00


https://www.bbc.com/burmese/articles/clyk1jk2g7wo?at_campaign=ws_telegram

BBC News မြန်မာ

23 Dec, 13:59


အရက်သောက်သုံးမှုနှုန်းမြင့်တဲ့ ရခိုင်ပြည်နယ်မှာ အရက်နဲ့ ယမကာတွေကို တောလမ်းတွေ၊ရေလမ်းတွေက စရိတ်ကြီးကြီးနဲ့သယ်ယူရောင်းချတာကြောင့် ဒေသတွင်းမှာ အရက်စျေးနှုန်းကအဆမတန်မြင့်တက်နေပါတယ်။

အရက်နဲ့ယမကာအတွက် ငွေကြေးမြောက်များစွာသုံးနေတာကို လျှော့ချဖို့က အေအေရဲ့ အဓိက ရည်ရွယ်ချက်လို့ အေအေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒါတင်မက ပြည်မကနေ ရခိုင်ကိုတင်သွင်းလာတဲ့ အရက်နဲ့ ဘီယာ အများစုက စစ်ကောင်စီလက်အောက် စီးပွားရေးဦးပိုင်ကထုတ်တဲ့အရက်တွေဖြစ်တာကြောင့် စစ်တပ်ကိုဝင်ငွေရှာပေးသလိုဖြစ်နေတဲ့အတွက် အာရက္ခအစိုးရကတားမြစ်ပိတ်ပင်တာလို့ ဆိုပါတယ်။ ဆောင်းပါးအပြည့်အစုံကို https://www.bbc.com/burmese/articles/c5y8glzl573o?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

23 Dec, 13:27


စကူတာလေးထဲမှာထည့်ထားပုံရတဲ့ ဗုံးနဲ့ ရုရှား ဒုတိယဗိုလ်ချုပ်ကြီး အစ်ဂေါ ကီလီလော့ဗ်ကိုတိုက်ခိုက်သတ်ဖြတ်လိုက်တာဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ မော့ဆက်အဖွဲ့က ပေဂျာတွေနဲ့ ဟစ်ဇ်ဘိုလာတို့ကိုတိုက်ခိုက်ပုံနဲ့ နှိုင်းယှဥ်နိုင်တယ်လို့ ယူကရိန်း လုံခြုံရေးဌာန (Security Service of Ukraine - SBU)က အရာရှိဟောင်း အိုင်ဗင်စတုပက်ခ်က ပြောပါတယ်။

"သူ့ကို ပစ်သတ်မလား၊ ဗုံးနဲ့တိုက်ခိုက်မလား၊ အဆိပ်ပေးမလားဆိုတာကို ယူကရိန်းလျှို့ဝှက်ထောက်လှမ်းရေးဌာနက ဆုံးဖြတ်တာပါ" လို့ သူက ပြောပါတယ်။

ဆောင်းပါးအပြည့်အစုံကိုhttps://www.bbc.com/burmese/articles/crl35en7nz3o?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

23 Dec, 07:15


၂၀၂၄ ဒီဇင်ဘာတစ်လတည်းမှာပဲ ရခိုင်နဲ့ ချင်းထဲက မြို ကြီးတချို အပါအဝင် မြို ၅ မြို ကို အာရက္ခတပ်တော်(အေအေ)နဲ့ ချင်းညီနောင်တပ်တွေက ဆက်တိုက်သိမ်းပိုက်ထားပါတယ်။သတင်းအပြည့်အစုံကို ဒီဇင်ဘာ ၂၃ ရက် တိုက်ရိုက်သတင်းတင်ဆက်မှု https://www.bbc.com/burmese/live/cr56zl6e355t?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

23 Dec, 06:55


ကလေးသူငယ် လက်ထပ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူ လေးရာကျော်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

လူမှု မကောင်းဆိုးဝါးကို အဆုံးသတ်ဖို ဆက်ကြိုးစားရမယ်လို အာသံဝန်ကြီးချုပ် ဟီမန်းတား ဘစ်စဝါ ဆာမက ပြောပါတယ်။

ဒီလိုဖမ်းဆီးရာမှာ ကလေးမိဘတွေနဲ့အတူ လက်ထပ်ပွဲ မှတ်ပုံတင်ပေးသူတွေကိုပါ ဖမ်းတာ ဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလကစပြီး အာသံပြည်နယ်မှာ ကလေးသူငယ် ထိမ်းမြားမှု ၄၃၆၃ မှု ရှိခဲ့ကြောင်း စာရင်းထုတ်ပြန်ပါတယ်။

ကလေးသူငယ် လက်ထပ်မှုဟာ ၂၀၂၆ မှာ အာသံကနေ အပြီးတိုင် ပျောက်ကွယ်သွားစေရမယ်ဆိုပြီး မစ္စတာဆာမက ပြောကြားခဲ့ဖူးပါတယ်။ ဆောင်းပါးအပြည့်အစုံကို https://www.bbc.com/burmese/articles/c1mr8g9j0vjo မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

23 Dec, 06:52


ညီအရင်းဖြစ်သူရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရဲ့ ဗိုလ်မှူးဇေယျာမင်းဟာ မင်္ဂလာပွဲကအပြန် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောသလို Yangon Phoenix အဖွဲ့ကလည်း သတင်းထုတ်ပြန်လာပါတယ်။
“လူ ၂ ယောက်က ပစ္စတိုနဲ့ ၄ ချက်ပစ်သွားတာ၊ လက်ထိသွားလို့ စစ်ဆေးရုံတင်ထားရတယ်” လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပြပါတယ်။
သတင်းအပြည့်အစုံကို ဒီဇင်ဘာ ၂၃ ရက် တိုက်ရိုက်သတင်းတင်ဆက်မှု https://www.bbc.com/burmese/live/cr56zl6e355t?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

22 Dec, 21:27


ကတ်ကြေးတွေကို ချစ်တဲ့ အမျိုးသမီး
ဆစ်ဒနီဟားဒင်းဟာ လန်ဒန်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးလေးပါ။ သူ့မှာ သူများနဲ့မတူ ထူးခြားတဲ့ ဝါသနာတစ်ခု ငယ်ငယ်ကတည်းက ရှိလာပါတယ်။ အဲဒါက အရွယ်စုံ ပုံစံမျိုးစုံ အသုံးမျိုးစုံရှိတဲ့ ကတ်ကြေးတွေကို စုဆောင်းတာပါ။ ကတ်ကြေးတွေကို သူရှာဖွေပုံ၊ ကတ်ကြေးတွေကို ဘူးထဲကထုတ်ပုံ ဗီဒီယိုတွေကို သူ တစ်တော့မှာတင်တော့ ကြည့်ကြသူ သန်းနဲ့ချီပြီးရှိပါတယ်။ ဆစ်ဒနီက သူရထားတဲ့ ကတ်ကြေးတွေထဲမှာ ထူးခြားတဲ့နောက်ခံသမိုင်းရှိတဲ့ ကတ်ကြေးတွေအကြောင်းလည်း ရှင်းပြတတ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ကတ်ကြေး #ထူးခြားတဲ့ဝါသနာ #လန်ဒန်

BBC News မြန်မာ

22 Dec, 07:39


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုမြို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူရာနဲ့ချီရှိနေပြီး ၂ ဦးသေဆုံးထားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောသလို ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ရွှေက္ကိုမြို့ခံ သတင်းရင်းမြစ်တချို့ ကတော့ လူ ၃၀၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။
"ပြီးခဲ့တဲ့ ၃ ရက်လောက်က စဖြစ်တာ။ ဆိုင်ကြီးတွေကလွဲလို့ လမ်းဘေးမှာရောင်းတဲ့ စျေးဆိုင်တွေ၊ ညစျေးတန်းတွေ အကုန်ပိတ်ထားရတယ်။ နယ်ခြားစောင့်တပ်ရုံးတွေကနေ လော်စပီကာနဲ့အော်တယ်။ ဆိုင်တွေကိုတော့ စည်ပင် က လိုက်ပိတ်ခိုင်းတာ" လို့ ရွှေကုက္ကိုမြို့ခံ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။ ဒီသတင်းအပြည့်အစုံ နဲ့ ဒီဇင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်ကို ဒီလင့်ခ်ကိုနိုပ်ပြီး https://www.bbc.com/burmese/articles/ckg39w47w73o?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

22 Dec, 05:40


မြန်မာစစ်တပ်ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ ကင်မ် အဲရစ် (ခ) ကိုထိန်လင်း ကထပ်ပြီးတောင်းဆိုလိုက်သလို ဗြိတိန်နိုင်ငံခြားရေးဝန်ဟောင်း ၃ ဦး ကလည်း တောင်းဆိုလိုက်ပါတယ်။
လာမယ့်နှစ်မှာ အသက် ၈၀ ပြည့်တော့မယ် မိခင်ဖြစ်သူကို ချုပ်နှောင်ထားတာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကင်မ်က မေတ္တာရပ်ခံထားပြီး "မေမေ ပင်ပန်းနေပါပြီ၊ သူ့ ကျန်းမာရေး မကောင်းတဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ အလေးအနက် ထပ်မံ တောင်းဆိုလိုက်ပါတယ်" လို့ ကင်မ်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံ နဲ့ ဒီဇင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်ကို ဒီလင့်ခ်ကိုနိုပ်ပြီး https://www.bbc.com/burmese/articles/ckg39w47w73o ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

22 Dec, 04:30


ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် မြန်မာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(အေအေ)က အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာကို ဂုဏ်ယူတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတဒူဝါလရှီးလက ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ သဝဏ်လွှာပို့ပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုအဆုံးသတ်ရေးအတွက် အေအေနဲ့ အတူ လက်တွဲတိုက်ပွဲဝင် သွားမယ် လို့လည်း ထည့်ပြောထားပါတယ်။
ဒီသတင်းအပြည့်အစုံ နဲ့ ဒီဇင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်ကို ဒီလင့်ခ်ကိုနိုပ်ပြီး https://www.bbc.com/burmese/articles/ckg39w47w73o ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

22 Dec, 04:15


၂၀၂၄ ဒီဇင်ဘာလနှောင်းပိုင်းနဲ့ ၂၀၂၅ ခုနှစ် ပြက္ခဒိန် အတွင်း ရက်သတ္တပတ်အချို့မှာ အစိုးရရုံးပိတ်ရက်တွေနဲ့ အများပြည်သူရုံးပိတ်ရက်တွေကို တဆက်တည်း ပိတ်ပေးမှာဖြစ်လို့ စနေနေ့တွေကို အစားထိုးရုံးတက်ရက်အဖြစ် သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ဒီသတင်းအပြည့်အစုံ နဲ့ ဒီဇင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်ကို ဒီလင့်ခ်ကိုနိုပ်ပြီး https://www.bbc.com/burmese/articles/ckg39w47w73o ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

22 Dec, 04:01


ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး ဧရာဝတီတိုင်းနား ကပ်လျက် ဂွမြို့ကို မကြာခင် မြန်မာစစ်တပ် ဘက်က လက်လွှတ်ရတော့မယ်လို့ အာရက္ခတပ်တော်(AA)က ပြောလာပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂွမြို့ကနေ ဧရာဝတီတိုင်းထဲကို ဆုတ်ပြေးနေတာတွေရှိသလို တဖက်မှာ လည်း ရန်ကုန်နဲ့ ဧရာဝတီတိုင်းထဲကနေ စစ်ကူပို့တာတွေရှိနေတယ်လို့လည်း အေအေ က ပြောပါတယ်။
ဒီသတင်းအပြည့်အစုံ နဲ့ ဒီဇင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်ကို ဒီလင့်ခ်ကိုနိုပ်ပြီး https://www.bbc.com/burmese/articles/ckg39w47w73o?at_campaign=ws_telegram ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

21 Dec, 11:27


Òကားထဲဝင်ကြÓ - ပိုလာဝက်ဝံကပ်လာလို့ ရိုက်ကူးရေးရပ်ရတဲ့ ဘီဘီစီအဖွဲ့
ရာသီဥတုပြောင်းလဲလာမှုက ဝင်ရိုးစွန်း (ပိုလာ) ဝက်ဝံတွေအပေါ် သက်ရောက်မှုကို ကမ္ဘာ့ပိုလာဝက်ဝံမြို့တော်လို့ သတ်မှတ်ထားတဲ့ ကနေဒါမြောက်ပိုင်းက ချာချီမြို့မှာ လေ့လာသတင်းလုပ်နေတဲ့ ဘီဘီစီသိပ္ပံသတင်းထောက်နဲ့အဖွဲ့ဟာ အနားကို ဝက်ဝံတစ်ကောင်ရောက်လာလို့ ကားထဲအပြေးအလွှား ပြန်ဝင်ခဲ့ကြရပါတယ်။ ပင်လယ်ရေခဲချိန်ကြာလို့ ဆာလောင်မွတ်သိပ်နေတဲ့ ဝက်ဝံတွေဟာ လူတွေကိုပါ ရန်မူတိုက်ခိုက်တတ်ကြလို့ ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ပိုလာဝက်ဝံ #သဘာဝပတ်ဝန်းကျင် #ရာသီဥတုပြောင်းလဲမှု

BBC News မြန်မာ

20 Dec, 16:54


https://www.youtube.com/watch?v=YG9sJCflb10?at_campaign=ws_telegram

BBC News မြန်မာ

20 Dec, 15:13


https://www.bbc.com/burmese/articles/cnv3e37yg39o?at_campaign=ws_telegram

BBC News မြန်မာ

20 Dec, 14:01


မိန်းမကို ဆေးခတ်ပြီး တခြားသူတွေနဲ့အတူ အဓမ္မကျင့်ခဲ့သူတွေ ထောင်ကျ
ပြင်သစ်မှာ ဇနီးသည်ကို ဆေးခတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာအောင် ကိုယ်တိုင်လည်း အဓမ္မကျင့်၊ တခြားသူတွေကိုပါ ဖိတ်ခေါ်ပြီး စော်ကားစေခဲ့သူ ဒိုမနစ်ပီလီကော့နဲ့ ပါဝင်ခဲ့သူ အမျိုးသား ၅၀ တို့ကို တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချလိုက်ပါတယ်။ ဒိုမနစ်ကတော့ အမြင့်ဆုံးပြစ်ဒဏ် အနှစ် ၂၀ ကျခံရမှာ ဖြစ်ပါတယ်။ ဒီလို စော်ကားမှုတွေကို တရားရုံးမှာ ဖွင့်ချခဲ့တဲ့ ဂျီဆဲလ်ပီလီကော့ကတော့ ခုလို လူသိရှင်ကြားထုတ်ပြောပြီး တရားရင်ဆိုင်ခဲ့ရတာကို လုံးဝနောင်တ မရဘူးလို့ ပြောပါတယ်။ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဂျီဆဲလ်ဟာ သူ့အမည်ကို ဝှက်မထားဘဲ တရားရုံးမှာ ခင်ပွန်းဟောင်းနဲ့ သူ့ကို စော်ကားရာမှာ ပါဝင်ခဲ့သူတွေကို ရင်ဆိုင်ခဲ့လို့ သူ့ရဲ့ သတ္တိကို ချီးကျူးနေကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ပြင်သစ် #အမျိုးသမီး #အဓမ္မကျင့်မှု

BBC News မြန်မာ

20 Dec, 12:55


ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (အေအေ)က ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်လိုက်တဲ့အတွက် မြန်မာစစ်တပ်ဟာ လေးလအတွင်း တိုင်းစစ်ဌာနချုပ် နှစ်ခု ဆုံးရှုံးလိုက်ရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သြဂုတ်လတုန်းက ကိုးကန့်တပ် MNDAA လက်ထဲ ဆုံးရှုံးခဲ့ရပြီးပါပြီ။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်တိုင်း ၁၄ ခုရှိတဲ့အထဲ ဒီစစ်တိုင်းနှစ်ခုက တရုတ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေအတွက် အဓိက တာဝန်ရှိတဲ့ စစ်တိုင်းတွေ ဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c8rl56xkm1mo?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

20 Dec, 12:00


ရုရှားတွေသိမ်းပိုက်ထားတဲ့ ဒေသတွေထဲက သူတို့ရဲ့ အိမ်တွေကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပြန်သွားကြတဲ့ ယူကရိန်းနိုင်ငံသား ၁၅၀,၀၀၀ လောက်ရှိနိုင်ပါတယ်။ ဒီလိုဆိုတော့အမေးတွေ ထွက်လာပါတယ်။ ယူကရိန်းအစိုးရဟာ ဒုက္ခသည်တွေအတွက် လုံလောက်အောင် ကူညီပေးခဲ့ရဲ့လား၊ ရုရှားစစ်တပ် ထိန်းချုပ်နယ်မြေထဲကို ပြန်နေရင် ယူကရိန်းတို့ ဘာအန္တရာယ်တွေကြုံရမလဲ စတာတွေပါ။ ဆောင်းပါးအပြည့်အစုံကို https://www.bbc.com/burmese/articles/crmn4304mw3o?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

20 Dec, 10:41


အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုလုံးကို အာရက္ခတပ်တော်(အေအေ) ကသိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိထားတယ်လို့ အေအေ ပြောခွင့်ရ ဦးခိုင်သုခ က ဘီဘီစီကိုပြောပါတယ်။သတင်းအပြည့်အစုံကို ဒီဇင်ဘာ ၂၀ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု ဒီလင်ခ့် https://www.bbc.com/burmese/live/ckg9yxxlm0pt?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

20 Dec, 07:26


အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အမြန်ဆုံး လွှတ်ပေးဖို့ ဘန်ကောက်မှာပြုလုပ်တဲ့ မြန်မာ့အရေးအာာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန် က ထုတ်ပြောပါတယ်။
သတင်းအပြည့်အစုံကို ဒီဇင်ဘာ ၂၀ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု ဒီလင်ခ့် https://www.bbc.com/burmese/live/ckg9yxxlm0pt?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

20 Dec, 05:34


ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့က စစ်တပ်နဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၁၂၀ ကျော်လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်က ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မှာ ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံကို ဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင်ခ့် https://www.bbc.com/burmese/live/ckg9yxxlm0pt?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

20 Dec, 05:32


ရခိုင်ပြည်နယ် ဂွမြို့နယ် နဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်အထိ တိုက်ပွဲတွေဖြစ်နေတာကို တွေ့ရပါတယ်။
ဒီရိုးမလမ်းပေါ်မှာ ဒေါင်းချောင်း နဲ့ ဗေဒါ ဆိုတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်နှစ်ခုရှိပါတယ်။ ဒေါင်းချောင်း က ဂွနဲ့ကပ်လျက် တည်ရှိပြီး ဗေဒါကတော့ ရခိုင် - ဧရာဝတီနယ်စပ်မျဉ်းပေါ်မှာအထိုင်ချထားတာပါ။
ဧရာဝတီနားကပ်လာတဲ့ ရခိုင်တိုက်ပွဲတွေအကြောင်း ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုနိုင်ပါပြီ။ https://www.bbc.com/burmese/articles/cwyxwwrj98do?at_campaign=ws_telegram

BBC News မြန်မာ

20 Dec, 05:31


အမေရိကန်မှာ မြန်မာဒုက္ခသည်အမျိုးသားက ဇနီးနဲ့ ကလေးတွေကို သတ်ပြီးသူ့ကိုယ့်သူအဆုံးစီရင်
အမေရိကန်နိုင်ငံ၊ ယူထာပြည်နယ်ထဲက ဆော့လိတ်ခ်မြို့မှာ ဒီဇင်ဘာ ၁၇ ရက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မြန်မာဒုက္ခသည် မိသားစု ၆ ဦး ရဲ့ ရုပ်အလောင်းတွေကို မြို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦး ကောက်ချက်အရ အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းဖြစ်သူက ဇနီးသည်နဲ့ ကလေး ၄ ဦး အပါအဝင် ၅ ဦး ကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မြို့ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ သတင်းအပြည့်အစုံကိုဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင်ခ့် https://www.bbc.com/burmese/live/ckg9yxxlm0pt?at_campaign=ws_telegram မှာဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ

20 Dec, 02:00


စစ်တပ်သတင်းပေးတွေက ဒီမိုကရေစီ ဘက်တော်သားတွေ အရင်က မတွေးနိုင်လောက်တဲ့ အောင်မြင်မှုတွေရအောင် ဘယ်လို ကူညီပေးနေတယ်ဆိုတာ BBC Eye ဌာနက ဖော်ထုတ်ခဲ့ပါတယ်။
သတင်းပေးစစ်သားတွေကို "ဖရဲသီးတွေ"လို့ သိကြပါတယ်။ အပြင်ဘက်က စိမ်းပြီး အထဲက နီနေလို့ပါ။ အပြင်ပန်းမှာ စစ်တပ်ကို သစ္စာစောင့်သိပြပေမဲ့ အနီရောင် ကိုယ်စားပြု ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးသမားတွေအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေကြလို့ပါ။
ဘီဘီစီ ကမ္ဘာတလွှားဌာနရဲ့ စုံစမ်းဖော်ထုတ်မှု ဒီဆောင်းပါးအပြည့်အစုံကို https://www.bbc.com/burmese/articles/c4g2z59wrg3o?at_campaign=ws_telegram ဖတ်ရှုနိုင်ပါပြီ။

BBC News မြန်မာ

19 Dec, 16:39


https://www.bbc.com/burmese/articles/c4gpkr6jl00o?at_campaign=ws_telegram

BBC News မြန်မာ

19 Dec, 16:39


https://www.bbc.com/burmese/articles/cn08xygvgyvo?at_campaign=ws_telegram

BBC News မြန်မာ

19 Dec, 16:38


https://www.bbc.com/burmese/articles/cgm9z4w9gg2o?at_campaign=ws_telegram