Khin-U Local News @kulocalnews Channel on Telegram

Khin-U Local News

@kulocalnews


ခင်ဦးဒေသတွင်း
သတင်းများကို ဖော်ပြပေးမည်။

ဒေသတွင်းသတင်းများကိုဆွေးနွေးရန်
Group - https://t.me/+FqZv1MiKFfpkMmU1

ချိတ်ဆက်ရန် - @LarKu2023

#KU_L_N

Khin-U Local News (Burmese)

ခင်ဦးဒေသတွင်း သင်္ဘာသင်း ကိုအသိပညာပညာ အတတ်ထိုင်ဇာတ်ကာ။ ဒေသတွင်းသတင်းကိုဆွေးနွေးထားပြီး သည်စာသိုင်းတွင် အသံထည့်သော သတင်းများကို ဖော်ပြပေးပါသည်။ ဒေသတွင်းထားသည်စာသိုင်းများအားလုံးတင်ပြီး သာသနာသနာ ပြီး ချိတ်တင်းနိုင်ပါသည်။ အောက်ပါ သတင်းများ အားဖြင့်ဖော်ပြပါသည်။ ခင်ဦးဒေသတွင်း သတင်းများကို ဖော်ပြပေးမည်တယ်။ သို့သော်လိုင်းသတင်းများကိုဆွေးနွေးရန် Group - https://t.me/+FqZv1MiKFfpkMmU1 သို့နှင့် ချိတ်ဆက်ရန်ထုတ်လွှင်မည် - @LarKu2023 #KU_L_N

Khin-U Local News

20 Nov, 14:08


အမှောင်နဲ့အလင်း

Date of photo - Aug 25 , 2024

#MNB

Khin-U Local News

20 Nov, 02:02


တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက်
ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံးဖြစ်လေသည်
ဒီမိုကရေစီစနစ် အောင်မြင်ရန်...
ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့်
ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်
အသိပညာ ကင်းမဲ့သောနိုင်ငံတွင်
ဒီမိုကရေစီစနစ်သည်
ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည် ။

- U Thant

Khin-U Local News

18 Nov, 02:50


ကျွန်တော်တို့ဟာ
ဘာကိုလိုချင်သလဲ ”

ဖယ်ဒရယ်ဒီမိုကရေစီ ကိုလိုချင်ရင်
ဖယ်ဒရယ် ဆိုတာ ဘာလဲ
ဒီမိုကရေစီ ဆိုတာ ဘာလဲ
ဖယ်ဒရယ်ဒီမိုကရေစီ ရဲ့ စံနှုန်းတွေဟာ ဘာတွေလဲ ဆိုတာ
သိဖို့လိုပါလိမ့်မယ်

သိရုံနဲ့မပြီးသေးပါဘူး
အတက်နိုင်ဆုံးကျင့်သုံးဖို့လည်းလိုပါလိမ့်မယ်...။

ပြည်သူသာလျှင်အဓီကကြောင့်
တော်လှန်ရေးအောင်မြင်ပြီး အချိန်တစ်ခုမှာ
ပြည်သူများ က သိရှိ၊လိုက်နာ၊ကျင့်သုံးနိုင်မှသာလျှင်
ဖယ်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးရပါလိမ့်မယ်...။

Khin-U Local News

17 Nov, 10:36


ခင်ဦး
4:39PM/Nov.17/ရေခဲမြစ်ငယ်နွေ(ပင်မ)

ခင်ဦးမြို့နယ် အရှေ့ခြမ်း၊အနောက်ခြမ်းဘက်တွင် ခွေးကင်းထောက် မသာယဥ်တစ်စီးပျံသန်းဝဲနေကြောင်းသိရပါတယ်။

https://t.me/yaykhalmyitngalnwaypress

Khin-U Local News

16 Nov, 03:04


ခင်ဦးမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများမှ ဆိုင်ကယ်စီးလာသော အပြစ်မဲ့ ပြည်သူနှစ်ဦးကို ပစ်ခတ် ၊ ပြည်သူတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာလွတ်မြောက်ခဲ့

နိုဝင်ဘာလ ၁၆ရက်


နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန်ဝန်းကျင်တွင် ခင်ဦးမြို့ပေါ် အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား များဟာ ဆိုင်ကယ် နှစ်ယောက်ပိုးစီးလာသော ပြည်သူ ယောင်္ကျားလေး နှစ်ဦး ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပါတယ်။

အကြမ်းဖက် စစ်သားများ ရဲ့ ပစ်ခတ်မှုကြောင့် ​အပြစ်မဲ့ပြည်သူ ဖိုးပြည့်စုံ(ခ)ဗုဒေါ ဆိုသူ တစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်ခဲ့ပြီး အထိခိုက်မရှိကြောင်းသိရပါတယ်။

ခင်ဦးမြို့ပြပျောက်ကြား ရဲဘော်တစ်ဦးထံသို့မေးမြန်းကြည့်ရာ " မနေ့ညက ၉နာရီခွဲလောက်ကဖြစ်မယ် ဆိုင်ကယ်သံအရင်ကြားတယ် ပြီးတော့ သေနတ်သံတွေကြားတော့တာ ပြီးမှ စုံစမ်းကြည့်တော့ ပြည်သူနှစ်ယောက် ရွှေကျောင်းထိပ်မှာ ကင်းပုန်းနဲ့တွေ့ပြီးပစ်ခံရတာတဲ့ ” လို့အတည်ပြုပြောဆိုပါတယ်။

သေဆုံးသူပြည်သူ ဖိုးပြည့်စုံ(ခ)ဗုဒေါ ကို နောက်နေ့ နိုဝင်ဘာလ ၁၅ ရက် မနက် အစောပိုင်းတွင် သဂြိုလ်လိုက်ကြောင်း ခင်ဦးမြို့ပြပျောက်ကြား ရဲဘော်တစ်ဦး ထံမှသိရှိရပါသည်။

Khin-U Local News
#KU_L_N

Khin-U Local News

15 Nov, 04:14


Breaking News -

နိုဝင်ဘာလ ၁၅ရက်

မနေ့ည ၁၀ နာရီ အချိန်ခန့်က ခင်ဦးမြို့ပေါ် ရွှေကျောင်းအနီးတွင် ဆိုင်ကယ် နှစ်ယောက်ပိုးစီး လာသော ပြည်သူ ယောင်္ကျားလေး နှစ်ဦး ကို ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများမှ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်ဦး သေဆုံး ခဲ့ရ ကြောင်းသိရပါသည်။

Khin-U Local News
#KU_L_N

Khin-U Local News

04 Nov, 14:14


" ကျူးဘားတော်လှန်ရေး အကျဥ်း ”

တော်လှန်ရေးတစ်ခုအောင်မြင်ဖို့ဆိုရင်
လက်နက်အင်အားထက်
ပြည်သူတွေရဲ့ ထောက်ခံမှု၊ စည်းလုံးမှုနဲ့
အောင်စိတ်ရှိဖို့က ပိုအရေးကြီးကြောင်း
ကျူးဘားတော်လှန်ရေးက ပြသနေပါတယ်။

Khin-U Local News

03 Nov, 12:46


ခင်ဦးမြို့နယ်ကျေးရွာတစ်ရွာတွင် ရပ်ကျေး ပ.က.ဖ အဖွဲ့ မှ ကျေးရွာတွင်းမိဘပြည်သူများ ဘေးကင်းရေးအတွက် စနစ်ကျသောဗုံးခိုကျင်းများ အမြန်ဆုံးတူးရန် နှင့် လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် ဆောင်ရန် ရှောင်ရန် အချက်များပါသည့် အသိပေးကြေငြာစာများကို မိဘပြည်သူများသိရှိရန်အတွက် ဓာတ်မီးတိုင်များတွင် ကပ်ခဲ့ကြောင်းသိရပါသည်။

Khin-U Local News
#KU_L_N

Khin-U Local News

31 Oct, 04:04


ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာက ခရစ်ယာန်ဘုရားကျောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ
~~~
■ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာက ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ မုံလှရွာခံတွေက ပြောပါတယ်။

မနေ့က ညနေပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက အနီးတစ်၀ိုက်ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ချိန် မုံလှရွာက ဘုရားကျောင်းပါ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကက်သလစ် “စိန်မိုက်ကယ်” ဘုရားကျောင်းရဲ့ ခေါင်းလောင်စင်နဲ့ ပင်မ ဝတ်ပြုဆောင် ထိမှန်ပျက်စီးခဲ့တာလို့ မုံလှရွာခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ဘုရားကျောင်းကြီးရဲ့ အနောက်တစ်ခြမ်းက အကုန်ပျက်စီးသွားတာ။ တစ်ကျောင်းလုံး မှန်တွေ အကုန်ကွဲသွားတယ်၊ တော်တော်ပြင်ယူရမှာ။ ကျွန်မတို့လည်း မနေ့က ထွက်ပြေးရတယ်လေ။ ဒီနေ့လည်း ဒရုန်းတွေ ပြင်နေတယ်ဆိုတော့ ပြန်ဝင်ရုံရှိသေးတယ်၊ အခုပြန်ထွက်နေကြရပြီ”

မုံလှရွာကို အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့ တိုက်ခိုက်ခံရမှုမှာ လူကိုးဦး ဒဏ်ရာရပြီး နွားနှစ်ကောင် သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ တိုက်ခိုက်ခံရမှုမှာတော့ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်တဲ့မေးမြန်းတဲ့အခါ သူ့အနေနဲ့ အသေးစိတ်မသိရသေးကြောင်း ပြောဆိုပါတယ်။

အိမ်ခြေ ခုနစ်ရာခန့်ရှိတဲ့ မုံလှရွာမှာ အိမ်ခြေ နှစ်ရာကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ အာဏာသိမ်းကာလတွင်းမှာ စစ်ကောင်စီတပ်က မုံလှရွာကို နှစ်ကြိမ်ထက်မနည်း မီးရှို့ဖျက်စီးခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ရာနဲ့ချီပြီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကတစ်ရက်တည်းမှာပဲ ခင်ဦးမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်နဲ့ ကျီစုရွာက နေအိမ်တချို့နဲ့ အစ္စလမ်ဘာသာဝင်တွေရဲ့ အာရဗီစာသင်ကျောင်းတစ်ခုတို့ကိုလည်း စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
---------------

ဒရုန်းဗုံးဒဏ်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှကျေးရွာမှ စိန်မိုက်ကယ် ဘုရားကျောင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#ချားလ်စ်မောင်ဘို #မုံလှရွာ #ဒရုန်းဗုံး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Khin-U Local News

30 Oct, 11:16


🔴ခင်ဦး🔴

💥ယနေ့ညနေပိုင်း ကန့်ဘလူနယ် အနောက်တောင်ခြမ်း ကျောက်တိုင်ရွာကို ဝင်ရောက်မီးရှို့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ခွေးများမှ တိုက်ခိုက်ရေး(Drone)တို့ဖြင့် ၃နာရီခွဲအချိန်ခန့်က ခင်ဦးနယ်အနောက်ဘက်ခြမ်းရှိ ရန်ကုန်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်ဘိုရဲ့ ဇာတိရွာဖြစ်တဲ့ မုံလှစံပြကျေးရွာ ကက်သလစ်ဘုရားကျောင်းပေါ်တည့်တည့်ကို ဗုံးကြဲလေကြောင်းတိုက်ခိုက်သွားကြောင်း သတင်းရရှိပါတယ် ။

💥 မုံလှစံပြရွာ ကက်သလစ်ဘုရားကျောင်းပေါ်ကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခေါင်းလောင်စင်တဝက် ထိမှန်ပျက်စီးမှုရှိထားပြီး ဘုရားကျောင်းဆောင်အတွင်း အမိုးမျက်နှာကြတ်များ ထိမှန်ပျက်စီးသွားကြောင်း ကနဦးကြားသိရ ၊ ပြည်သူထိခိုက်မှု မရှိပါ ။

𝐏𝐃𝐂 မြေပြင်သတင်း-ဝေဟင်သတင်းများ ကြည့်ရှုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်းပေးပို့ရန် ☞ t.me/htookhantzaw5 💬

မှတ်ချက်// သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။

【30/𝖮𝖼𝗍𝗈𝖻𝖾𝗋/2024】16:21
【𝐏𝐃𝐂】 🚩
#မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
✰အမေ့သား✰

Khin-U Local News

28 Oct, 00:31


7:40PM/Oct.27/ရေခဲမြစ်ငယ်နွေ(ပင်မ)

-နေ့စဥ်နဲ့အမျှ မြန်မာပြည်တွင်းရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသတွေမှာပင်လျှင် အကြမ်းဖက်စစ်ကောင်စီမှ ဆိုးရွားပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ ပိုလို့တိုး၍တိုက်ခိုက်လာသောကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဥ်အတွင်းမှာ လုပ်ဆောင်ဖို့ အကြံပြုလိုတဲ့ ဆောင်ရန်/ရှောင်ရန် အချက်တွေကို တတ်နိုင်သမျှ ဘေးကင်းလုံခြုံနိုင်ရေးအတွက် "ရေခဲမြစ်ငယ်နွေ"မှ မျှဝေပေးလိုက်ပါတယ်ဗျာ ။

-ရေခဲမြစ်ငယ်နွေ(ပင်မ)
https://t.me/yaykhalmyitngalnwaypress

Khin-U Local News

27 Oct, 08:51


ကာတွန်း - Bulama
2021

Khin-U Local News

26 Oct, 11:20


ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ပင်စိမ်းခင်းရွာနှင့် မုံလှရွာကို ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်မှ စတင်ကာ မုံလှရွာနှင့် ပက်စိမ်းခင်းရွာကို ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ထိမှန်ခဲ့ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ကျမတို့ ပင်စိမ်းခင်းကို မနက် ၂ နာရီခန့် မှာ ဒရုန်းဗုံး ၃ လုံးချ တိုက်ခိုက်သွားတယ်။ သူတို့တိုက်ခိုက်တဲ့ နေရာက သာသနိက အဆောက်အဦးဖြစ်တဲ့ ဝါဆိုကျောင်းတိုက် ကို တိုက်ခိုက်သွားတာပါ။အဲလိုတိုက်ခိုက်လို့သံဃာတော် ၂ ပါး နဲ ပြည်သူ ၃ ဦး ပြင်ထန် ဒဏ်ရာရပြီး ဘုန်းကြီး ကျောင်း ညာဘက်ခြမ်း ပျက်စီးသွားတယ်" ဟု ဒေသပြည်သူတစ်ဦး ကပြောဆိုသည်။

အဆိုပါ ပင်စိမ်းခင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ အလားတူ အိမ်ခြေ ၅၀၀ ကျော်ရှိ ခင်ဦးမြို့နယ်၊ မုံလှရွာကိုလည်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ ဝါသဝပျူစောထီးများက အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ခင်း အစောပိုင်း ၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ကျနော်တို့ရွာကတော့ အတော်အထိခိုက်အပျက်စီး များတယ်။ ပျက်စီးတာက လူနေအိမ် ၃ လုံး ပျက်စီးတယ်။ နွား ၃ ကောင် ထိခိုက်သေဆုံးတာရှိတယ်။ ကျေးရွာနေ ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ တယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဝါသဝ လက်အောက်ခံ ပျူစောထီးများသည် PDF တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းမရှိဘဲ သာမာန်အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကြောင်း သိရသည်။