-
တချို့ မရင့်ကျက်တဲ့ ဇနီးတွေက ပြောကြတယ် .. ရှင်တို့က မိသားစုအရေး တစ်စက်လေးတောင် ပြန်မကြည့်ကြဘူးတဲ့ …
-
ဝန်ခံပါတယ် .. ငါတို့ မကြည့်ပေးနိုင်ခဲ့ဘူး .. ဘာလို့လဲဆိုတော့ မိသားစုအရေးထက် ပိုပြီးကြီးမားတဲ့ တိုင်းပြည်အရေး .. နိုင်ငံ့အရေးတွေ ရှိနေတာမို့ပါ .. စစ်သားတွေလည်း စက်ရုပ်မဟုတ်ပါဘူး .. လူသားတွေပါပဲ .. သူတို့လည်း မိသားစုနဲ့ အတူနေချင်မှာပေါ့ .. ဒါပေမယ့် တိုင်းပြည်အရေး နိုင်ငံ့အရေး အတွက် အလုပ်လုပ်နေကြရတယ်လေ ..
-
သူတို့က ရှေ့တန်းစစ်မျက်နှာပြင်မှာ လချီ နှစ်ချီနေပြီး မင်းတို့တွေ ခေါင်းပြားအောင် အိပ်နိုင်ဖို့အတွက် အသက်ကိုရင်းပြီး စစ်တိုက်နေကြရတယ် ..
-
သူက မိသားစုနဲ့ အတူမနေနိုင်ပေမယ့် မိသားစုတွေ အေးချမ်းစွာနေနိုင်ဖို့ စွမ်းဆောင်နေကြရတယ် .. သူတို့ ထမင်းတစ်ဝိုင်းတည်း အတူမစားနိုင်သလို သူတို့ သား/သမီးတွေကိုလည်း တီတီတာတာ မပြောနိုင်ပါဘူး ..
-
အဲဒီအချက်လေးကလွဲပြီး သူတို့က အသက်နဲ့ရင်းပြီးရလာတဲ့ လစာကို မိသားစုဆီ အပ်ကြမှာပါ .. သူတို့ကတော့ ၁ ရက် ၇၅၀ ရတဲ့ (ကြက်ဥ ၁ လုံး ၅၀၀ ခေတ်) ရိက္ခာစိုငွေလေနဲ့ ပင်ပင်ပန်းပန်း အသက်ဆက် နေကြတာပါ ..
-
တချို့သူတွေဆို ကိုယ့်ခင်ပွန်းကို နားမလည်နိုင်ဘဲ ပစ်ခွာပြီး နောက်လင်ယူသွားတာ အများကြီးပါ .. ပြီးတော့ အရှက်တရားကင်းမဲ့စွာ သစ္စာဖောက်သွားတဲ့သူတွေက ကိုယ့်ယောက်ျားရဲ့ ရပိုင်ခွင့်တွေကို လင်ငယ်နဲ့အတူ သုံးဖြုန်းကြတယ် .. စစ်သားက သေတာတောင် အရိုးက လုပ်ကျွေးတယ်ဆိုတာ မှန်တယ်ဆိုတာ အတွေ့အကြုံအရ လက်ခံလိုက်ပါတယ်။
-
စစ်သားက သူတို့မိသားစုကို အသက်နဲ့ရင်းပြီး ချစ်ပါတယ်၊ လုပ်ကျွေးလျက်ရှိပါတယ်။။။
-
(ကဲ .. ဘယ်သူလွန်လဲ .. ပြော)