Update News @allnewsmm Channel on Telegram

Update News

@allnewsmm


သတင်းစုံ ဖတ်ရှု့ရန်

Update News (Burmese)

ဤတိုုင်းလောင်းအသစ် ကောင်ြပေးခြင်းတင်တင်ပြော။ "allnewsmm" ကောင်းြခြေပါတေညောင်လောင်တင်တင်ပြောပါကြာမဠေ့။ ဤဂဘ်င်းသတင်းဖြစ်ချင်တင်ပြေော့ပါဤေ့။ ဟိုရင်း၊ အဖြိုု့ ဖတ်ယူခြင်း ကဘောင်လောင်တင်တင်ပြောသင့်သေ့လောင်တင်တင်ပြောရန်တောေလောင်းထြေ့ပေ့။ ဟိုရင်းကောင်းကောင်းသတင်းရေးလေ့လာခြင်းကောင်းကောင်းပိုြ့ဟေ့။

Update News

10 Nov, 05:24


နစက ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား ကြိုဆိုကြမည်။

၁၀ - ၁၁ - ၂၀၂၄

Update News

07 Nov, 10:44


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)ထိပ်သီးအစည်းအဝေးသို တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ - ၇

(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြိုရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

Update News

07 Nov, 07:09


အစ္စရေးကာကွယ်ရေးဝန်ကြီး တာဝန်မှ ဖယ်ရှားခံရပြီး ၎င်းနေရာကို နိုင်ငံခြားရေးဝန်ကြီးက အစားဝင်

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီး ယိုအက်ဂဲလန့်အား ရာထူးမှဖယ်ရှားလိုက်ပြီး ၎င်းနေရာတွင် နိုင်ငံခြားရေးဝန်ကြီးအစ္စရေးကတ်ဇ်အား အစားထိုးတာဝန်ပေးလိုက်ပြီဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးကို ဖြုတ်လိုက်ပြီးနောက် အစ္စရေးတွင်ဆန္ဒပြမှုများဖြစ်လာပြီး နေတန်ရာဟုနုတ်ထွက်ပေးရန်ပင် တောင်းဆိုနေကြသည်။ ထိုပြင်ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာမည့်သူက ဓားစာခံများလွတ်မြောက်ရေးကိစ္စကို ဦးစားပေးဆောင်ရွက်ပေးရန် လူထုကတောင်းဆိုနေကြသည်။

Update News

07 Nov, 05:27


သံအမတ်ကြီး ဦးသစ်လင်းအုန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

မော်စကို၊ နိုဝင်ဘာ ၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြိုရှိ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Update News

03 Nov, 15:16


လွင်မိုးနဲ့ လူရွှင်တော် ၄ ယောက်ရဲ့ သရဲ ၄ ကောင်ပြဇာတ်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ပြောခဲ့တဲ့စကား

မှိုင်းဝေ

Update News

02 Nov, 08:42


Styleကျတိုင်းလည်း Star မဖြစ်


ဗြိတိန်နိုင်ငံ ရှိ လယ်သမားများ
အခွန်အခကြီးမြင့်ခြင်း၊ ကုန်ကျစရိတ်မြင့်မားခြင်း
များနဲ့ရင်ဆိုင်နေရပြီး အစိုးရရဲ့ထောက်ပံ့မှုများ
အနည်းငယ်သာရရှိသဖြင့် အကြပ်အတည်းနှင့်
ရင်ဆိုင်နေရ၎င်းတို့အား နှစ်သိမ့်အားပေးရန်
လာရောက်သောစိုက်ပျိုးရေးဝန်ကြီးက
ဒေါ်လာ ၅၀၀ ကျော်တန်၊ နာမည်ကြီး
Le Chameau wellies ဖိနပ် စီးလာသည်ကို
အလွန်အမင်း ဒေါသထွက်နေကြကြောင်း
သတင်းများထွက်ပေါ် ။

နိုင်ငံတကာထူးခြားသတင်းများဖတ်ရှုရန်
👇👇👇👇
News Headlines Today

Update News

02 Oct, 06:32


ဘာမဆိုဖြစ်သွားနိုင်တဲ့ လူ့ကြမ္မာ

နောက်ဘက်ကမ်းဒေသ
ဂျာရီချိုမြို့ရှိ လမ်းသွားလမ်းလာ
ပြည်သူတစ်ဦးအား
အစ္စရေး လေ‌ကြောင်းရန်ကာကွယ်ရေး
ဒုံးအစိတ်အပိုင်းတစ်ခု ထိမှန်စဉ်။

Ref: RT news
#NHT
နိုင်ငံတကာထူးခြားသတင်းများဖတ်ရှုရန်
👇👇👇👇
News Headlines Today

Update News

02 Oct, 05:10


သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးခွန်း ၆၈ ခုကို မေးမြန်းသွားမည်

(၁) အမည်
(၂) အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ
(၃) ပြည့်ပြီးအသက်
(၄) မွေးသက္ကရာဇ် ရက်၊ လ၊ နှစ်
(၅) ကိုးကွယ်သည့်ဘာသာ
(၆) အိမ်တွင်အဓိကပြောဆိုသော ဘာသာစကား
(၇) ကိုင်ဆောင်သည့်လက်မှတ် (ပြု/နိုင်)အမျိုးအစား
(၈) အိမ်ထောင်ရေးအခြေအနေ
(၉) မွေးစာရင်း ရှိ/မရှိ
(၁၀) ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ (စစ်ရှောင်/ရေဘေး)
(၁၁) ပညာရေးအကြောင်းအရာ
(၁၂) လုပ်သားအင်အားအကြောင်းအရာ
(၁၃) မွေးဖွားခြင်းအကြောင်းအရာ
မသန်စွမ်းမှု အကြောင်းအရာ
(၁၄) အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ (အသက် ၁၀ နှစ်နှင့်အထက်)
(၁၅) ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ
(၁၆) နေအိမ်အမျိုးအစား
(၁၇) ပိုင်ဆိုင်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေး ပစ္စည်းများ (၁၈) အိမ်ရှိအခန်းအရေအတွက်
(၁၉) အိပ်ခန်းအရေအတွက်
(၂၀) သောက်သုံးရေရှိမှု
(၂၁) အလင်းရောင်အတွက် မီးအသုံးပြုမှု
(၂၂) လောင်စာအသုံးပြုမှု
(၂၃) အိမ်သာအမျိုးအစားနှင့်မျှဝေသုံးစွဲမှု
(၂၄) အမှိုက်စွန့်ပစ်မှု
(၂၅) လက်ဆေးခြင်းအကြောင်းအရာ
(၂၆) လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှု

၃ဝ-၉-၂၀၂၄ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး ၁-၁၀-၂၀၂၄ ရက်နေ့မှ ၁၅-၁၀-၂၀၂၄ ရက်နေ့အထိ မေးခွန်း ၆၈ ခုကို စာရင်းကောက်များက မေးမြန်းသွားမည်ဖြစ်သည်။

Update News

01 Oct, 03:56


ယနေ့မှစ၍ သန်းခေါင်စာရင်း ကောက်နေပါပြီ
ပြည်သူများ၏ လူမှု့ဘဝ တိုးတက်ဖို့ ပူးပေါင်းပါဝင်ကြပါစို့

Update News

29 Sep, 14:41


ရေဘေးကြုံနေသည့် ကျေးရွာသုံးရွာမှ ပြည်သူ ၁၆၀ ကျော်ကို စက်တပ်လှေတစ်စီးဖြင့် ကိုယ်ကျိုးစွန့်ကယ်ခဲ့သည့် ကလေးငယ်"ပေါများ"ကို ယနေ့ ကျပ် သိန်း ၂၀ ကျော် ဂုဏ်ပြုချီးမြှင့်

၂၉. ၉. ၂၀၂၄
Photo @ Written by TZ

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်ကစတင်ခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနှင့် ရေဘေးကြုံနေသည့် ရွာများမှ ပြည်သူများကို စက်တပ်လှေတစ်စီးဖြင့်ကိုယ်ကျိုးစွန့်ကယ်ခဲ့သည့် အသက် ၁၂ အရွယ် ကလေးငယ်"ပေါများ"ကို မောင်သစ်ညို(သဘာဝပန်းပုရုပ်မျိုးစုံဖန်တီးရေး)က ဦးဆောင်၍ ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃ နာရီအချိန်တွင် လယ်ဝေးမြို့ရှိ Excellent Restuarnt ၌ ဂုဏ်ပြု ဆုငွေ ကျပ်သိန်း (၂၀) ကျော် ချီးမြှင့်ခဲ့သည်။

စက်တပ်လှေတစ်စီးဖြင့် ကိုယ်ကျိုးစွန့်၍ အများအသက်ကို ကယ်ခဲ့သည့် ကလေးငယ် "ပေါများ" ကို ဂုဏ်ပြုသည့် Excellent Restuarnt တွင် MT News က တွေ့ဆုံမေးမြန်းရာ"သနားတဲ့စိတ်နဲ့ကူညီတာ။ လှိုင်းလုံးက တောင်ဘက်ကိုသွားရင် တည့်မောင်းလိုက်တယ်။ လှိုင်းလုံးကိုကြည့်ပြီး မောင်းရတာ။ လူအများကြီးကို ကယ်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ သားစက်က ဆီသိပ်မကုန်ဘူး။ အရင်က ဆီတွေဝယ်ထားတော့ ဆီအတွက် အခက်အခဲမရှိဘူး။ အဲ့ဒီနေ့ကဆို ဆီတစ်ဂါလန်လောက်ကုန်သွားတယ်။ သား အခု ရတဲ့ငွေကို ဘုန်းကြီးကျောင်းကိုလည်း လှူမှာ။ ကျောင်းလည်းပြန်တက်မှာ" ဟု ပြောသည်။

စက်တင်ဘာလ ၁၁ ရက် နံနက်ခင်းအချိန်တွင်ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာတွင် နေထိုင်သည့် ကလေးငယ် "ပေါများ" မှာ ၎င်း၏ဖခင်ဖြစ်သူနှင့်အတူ အောင်သုခရွာမှ လူဦးရေ (၁၃၀) ၊ ကြို့ပင်တဲစုမှ လူဦးရေ( ၂၀) နှင့် ပေါင်းလောင်းတဲစုမှ လူဦးရေ (၁၃) ယောက်ကို ကူညီကယ်ထုတ်ကာ ရွှေပြည်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"သားကို အသက် ၈ နှစ်ထဲက လှေမောင်းသင်တာ။ အသက် ၉ နှစ်ရောက်တော့ လှေ ကျွမ်းသွားတယ်။ ကျွန်မတို့က ကုန်းကောက်စရာမရှိအောင် အရမ်းဆင်းရဲတယ်။ တံငါအလုပ်နဲ့ အသက်မွေးရတော့ လှေတစ်စီးတော့ပိုင်တယ်။ ရွာမှာ ကျွန်မတို့လှေနဲ့ ရွာကတခြားသူလှေ ၂ စီးပဲရှိကြတာ။ အဲ့ဒီနေ့ကဆို ရေတွေကကြီးပြီး များတာ။ အဲ့ဒီမှာ သားက ကျွန်မတို့ကိုလှေနဲ့ပို့တယ်။ ရွာကသူတွေကိုလည်း လှေမောင်းပို့်တယ်။ သားကမောင်း သူ့အဖေက လှေထိပ်မှာထိုင်ပြီး လိုက်ကယ်တာ။ သူ့အဖေလှေမောင်းရင် လှေခေါင်းကထောင်နေမှာစိုးလို့ သူ့သားကိုမောင်းခိုင်းတာ။ ၂ ရက်ကျော်လောက် လှေမောင်းပြီး မနေမနားကယ်တာ။ သားမှာ ဆိတ် ၅ ကောင်ရှိတယ်။ ၂ ကောင်ပျောက်တယ်။ ကျွန်မတို့အိမ်လည်း ရေထဲပါသွားတယ်။ အခုယောက္ခမအိမ်မှာနေနေတာ။ သားကို အခုလို လှူဒါန်းမှုတွေလုပ်ပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်"လို့ လူငယ်လေး "ပေါများ"၏ မိခင် ဒေါ်ထွေးက ပြောသည်။

ရေဘေးကြုံနေသည့်ရွာများကို ကိုယ်ကျိုးစွန့်၍ ကယ်တင်ခဲ့သည့် ကလေးငယ် "ပေါများ"တွင် မွေးချင်းမောင်နှမ ( ၇) ယောက်ရှိပြီး ၎င်းမှာ ၄ ယောက်မြောက်သားဖြစ်ကြောင်း သိရသည်။ အများပြည်သူအား ကူညီရင်း နေအိမ်မျောပါပျက်စီးခဲ့သည့် ကလေးငယ် ပေါများ( ခ) မောင်ငြိမ်းမင်းစိုးကို ယနေ့ ဂုဏ်ပြုချီးမြှင့်မှုတွင် ကျပ်သိန်း ၂၀ ကျော်နှင့်အတူ ကျွဲရုပ်လေးတစ်ရုပ် ဂုဏ်ပြုမှု ရရှိခဲ့ပြီး ပေါများကို ထပ်မံ ဂုဏ်ပြုလိုပါက ဖုန်း ၀၉- ၇၈၁၉၅၀၇၆၆၊ ၀၉-၇၆၂၄၀၉၀၀၇၊၀၉-၇၉၅၆၁၉၉၁၈၊ ၀၉-၇၆၃၃၇၆၅၀၉ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=76493

#နေပြည်တော် #လယ်ဝေး #ပေါများ #ရေကြီးရေလျှံ #ကူညီ #ကယ်ဆယ် #ကလေးငယ် #ကယ်တင် #MT