ကိုလှရွှေ (သတင်းမှန်) @officalnews121 Channel on Telegram

ကိုလှရွှေ (သတင်းမှန်)

@officalnews121


အုတ်တချပ်သဲတပွင့်

အုတ်တချပ်သဲတပွင့် (Burmese)

အုတ်တချပ်သဲတပွင့် သည် သတင်းမှန်အတွက် လွန်လွန်လှောင်းအောင်အောင်ရှိနေသော Telegram ချမ်းမျှဝေနိုင်သည်။ အုတ်တချပ်သဲတပွင့်သည် သတင်းလိုက်နာသည်သည်သတင်းအနေနဲ့ သမိုင်းတွေကို ထုတ်ကွင်းနိုင်ပြပေးပါသည်။ အုတ်တချပ်သဲတပွင့် သည် သတင်းလိုက်နာသည်တစ်ဦးသို့ အသုတယောနေသည်။ ထို့ပြင် အရည်အသွေးပြုလုပ်စဉ်ကို သတင်းခေါင်းလောက်ချနိုင်ခြင်းအား အောင်မြင်ပါသည်။

ကိုလှရွှေ (သတင်းမှန်)

04 Jan, 07:48


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာအနီး တိုက်ပွဲမှာ နေပြည်တော်က ပဒက် ၁၀ ဦးခန့် ကျဆုံးခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကိုလှရွှေ (သတင်းမှန်)

04 Jan, 07:36


အကြမ်းဖက်သောင်းကျန်းသူတွေ ကင်းစင်တဲ့ တောင်ကြီးမြိုမှာတော့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်... အကြမ်းဖက်သမားတွေမရှိတဲ့နေရာက ပြည်သူတွေကတော့ နေ့စဉ် စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နေရမှာ အမှန်ပါပဲ...

ကိုလှရွှေ (သတင်းမှန်)

04 Jan, 07:17


3-1-2024 နောင်ချိုမြိုနယ်၊ကံ့ကော်စစ်မြေပြင်မှာ အကြမ်းဖက် TNLAက ဗမာPDFတွေကို ပစ်သတ်ခဲ့မှု မှတ်တမ်း

ကိုလှရွှေ (သတင်းမှန်)

04 Jan, 06:49


ဘွဲ့ထူးဂုဏ်ထူးတွေထက်
သူတို့တွေရဲ့ ဖခင်တွေ၊ သားတွေ
အိမ်ထောင်ဦးစီး အမျိုးသားတွေ
အိမ်ပြန်လာတာကို ပိုလိုချင်ကြတဲ့သူတွေပါ။
ဘွဲ့ထူးဂုဏ်ထူးတွေ ဆိုတာ
အသိအမှတ်ပြုခံရခြင်း ဆိုပေပေမဲ့။
သူတို့ရင်ထဲက ဆုံးရှုံးမှုတွေဟာ
သေရာပါမယ့် အမှတ်တရတွေပါပဲ။

ကိုလှရွှေ (သတင်းမှန်)

04 Jan, 05:04


ဇန်နဝါရီ ၄ ရက်မနက် အင်းစိန်ထောင်ရှေ့ မြင်ကွင်း (ဓာတ်ပုံ)

ကိုလှရွှေ (သတင်းမှန်)

20 Nov, 10:51


မဲစောက်မှာနေတဲ့ပဒက်ထောက်ပို‌ကျော်သက်ဇင် ကိုရိုက်ပြီး ဖုန်းနဲ့ဆိုင်ကယ်လုသွားလိုတဲ့😆
မဲဆောက်မှာနေတဲ့ပဒက်ထောက်ပိုတွေက အလှူငွေတွေနဲ့သောက်စားပျော်ပါးနေလို နာမည်ဆိုးထွက်နေတာတော်တော်ကြာပြီ
အချင်းချင်းတွေချောင်းရိုက်ပြီး လုကြတယ်ထင်တယ်

ကိုလှရွှေ (သတင်းမှန်)

20 Nov, 10:02


တနင်္သာရီတိုင်း၊ပုလောမြို၊အထက -၁ ကျောင်းကို အကြမ်းဖက် NUG/PDF အုပ်စုက ယနေ့ မွန်းလွဲ ၂:၄၅ ၌ တစ်ကြိမ် ၊ ၃:၀၀ အချိန်၌ တစ်ကြိမ် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်လိုက်သည်။

အဆိုပါ ကျောင်း၌ ကျောင်းသား/သူ ၂၀၀၀ ကျော် တက်ရောက်လျက် ရှိကြောင်း သိရှိရသည်။

ကျောင်းတက် ပညာသင်နေတဲ့ ကလေးတွေက ဘာအပြစ်ရှိနေလိုလဲ? ? ပညာတက်သွားမှာကို မလိုလားကြဘူးနဲ့ တူတယ်။

ကိုလှရွှေ (သတင်းမှန်)

20 Nov, 08:14


မသာပွဲပဲ စည်းကားလိုက်ကြတာ🤣drone နဲ့သုတ်လိုက်ရရင်🤣

ကိုလှရွှေ (သတင်းမှန်)

20 Nov, 08:08


ကန့်ဘလူတောင်ပိုင်း ရေဦး၊တန့်ဆည်နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော မိမိတိုစစ်ကြောင်းကို Fixed Wings/ Drone တွေနဲ့တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်များမှ လိမ်လည်ရေးသားလျှက်ရှိပါတယ်။

မြေပြင်မှာ ပြေးတာမှပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်ပြီး ပိုခိုင်းထားတဲ့ထမင်းထုပ်၁၀၀ကျော်တောင် မစားသွားနိုင်ပါဘူး။

ရန်သူ့စခန်းအတွင်းမှ လက်လုပ်စိန်ပြောင်နှင့်လက်လုပ်ဗုံးသီးများ၊စားပွဲ၊ခုံများ၊ဒေသခံပြည်သူတွေကိုဖမ်းချုပ်တဲ့ ၆ပေါက်တစ်ခု သိမ်းဆည်းရမိ၊ဖျက်ဆီးခဲ့။

ကိုလှရွှေ (သတင်းမှန်)

20 Nov, 08:04


မင်းတို့ မီဒီညာတွေပြောလို့ ပြည်သူတွေဒုက္ခရောက်ပြန်ပြီ ဘယ်နေရာမှစက်သုံးဆီမပြက်ပါဘူး မျောက်စီမ မီဒီညာရေ
ပြည်သူတွေလည်း သူများပြောတိုင်း ရမ်းမယုံကြပါနဲ့ ဘာမှမဟုတ်တဲ့သတင်းနဲ့ တိုးကြိတ်ဝယ်ပြီး မှောင်ခိုဈေးကွက်ကို လုပ်မကျွေးကြပါနဲ့လို့

ကိုလှရွှေ (သတင်းမှန်)

20 Nov, 06:33


ကဲ မေးကုန်ပြီနော်

ကိုလှရွှေ (သတင်းမှန်)

20 Nov, 05:38


သူများမကောင်းကြံတာကို ဝဋ်ဆိုတာ နောင်ဘဝမကူးပါဘူး
ပြေးလိုက်ကြတာ တန်းနေတာပဲ🤣🤣

ကိုလှရွှေ (သတင်းမှန်)

15 Nov, 08:30


ကရင်ပြည်နယ်၊ ဖားအံမြို့၊ ကျောက်ကလပ်‌တွင် တန်ဆောင်မုန်းလပြည့်နေ့( ယနေ့ နိုဝင်ဘာလ ၁၅ရက်) ညပြုလုပ်မည့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များပြင်ဆင်နေကြသည့် ပုံရိပ်များ

ကိုလှရွှေ (သတင်းမှန်)

15 Nov, 08:16


မုံရွာမြို့တတိယအကြိမ် သံဃာ အပါး‌(၁၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှုပွဲကိုကန်သာယာတွင်တန်ဆောင်မုန်းလပြည့်‌နေ့နံနက်ပိုင်းကကျင်းပသည့်မြင်ကွင်းများ

ကိုလှရွှေ (သတင်းမှန်)

15 Nov, 08:03


(၁၅.၁၁.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၂၉၈,၃၁၃ ကျပ်
ပြင်ပပေါက်စျေး- ၆,၀၈၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၂၀ ကျပ်(ဝယ်)၊ ၄၅၂၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၁၀ ကျပ်
Octane 95 - ၃၂၀၀ ကျ​ပ်
Premium Diesel - ၃၃၁၀ ကျပ်
Diesel - ၂၆၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

ကိုလှရွှေ (သတင်းမှန်)

15 Nov, 07:46


" ပံ့သကူ ဆိုတာ "
🔸ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ
မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာပြီ
ဖြစ်တဲ့ အလေ့တစ်ခုပါ။
🔸မိမိ လှူချင်၊ တန်းချင်တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။
🔸ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။
🔸ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ ကိုယ် တစ်ယောက် သာ သိရပါမယ်။
🔸လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။
🔸နောက် တစ်ရက်မှာ မိမိ လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။
🔸 အဲဒီ ကုသိုလ် ဟာ ( ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ အ၀တ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။ အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့)ခုန ရဟန်းတစ်ပါး ဟာ အ၀တ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။

ကိုလှရွှေ (သတင်းမှန်)

15 Nov, 07:40


၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် မန္တလေးမြိုရှိ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးကုသိုလ်ယူသူများလာရောက်ကြကြောင်း တွေ့မြင်ရပါသည်။
မန္တလေးမြိုရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိဘုရားကြီးတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ခြင်း၊ မသိုးမြတ်သင်္ကန်းတော်ကပ်လှူခြင်း၊ ဘုရားဖူးလာသူများသည် ပန်း၊ ဆီမီး၊ ဆွမ်းခဲဖွယ် ဘောဇဉ်တိုဆပ်ကပ်လှူဒါန်းခြင်း၊ ရေသပ္ပာယ်ခြင်း၊ ငါးစာ လိပ်စာကျွေးခြင်းကို ကုသိုလ်ယူခဲ့ကြ​သည်။
မြိုတွင်းရှိ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ မန္တလေးတောင်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ အောင်တော်မူဘုရားတိုတွင်လည်း လာရောက်ဘုရားဖူးသူများကို တွေ့မြင်ရပါသည်။

ကိုလှရွှေ (သတင်းမှန်)

15 Nov, 07:39


အရမ်းကြီးမပျော်ကြပါနဲ့
တောထဲက ကောင်တွေအားနာပါအုံးလို့
သူတို့အစားဆူပေးတာ😂😂😂ပြည်သူတွေကလည်း တအားနားထောင်ကြတာပဲ

ကိုလှရွှေ (သတင်းမှန်)

15 Nov, 06:00


ပဲခူးမြို၊ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် နိုဝင်ဘာလ(၁၄)ရက်နေ့၊ ညပိုင်းအချိန်က ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၃)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကိုလှရွှေ (သတင်းမှန်)

12 Nov, 02:03


၁၃၆၈ခုနှစ်တောင်ကြီးမြိုတန်ဆောင်တိုင်ပွဲတော်ကြီးရိုးရာမီးပုံးပျံပြိုင်ပွဲကိုစတင်ဖွင့်လှစ်ပါပြီ...
(11.11.2024 မှ 17.11.2024) အဝေရာမီးပုံးပျံကွင်း

ကိုလှရွှေ (သတင်းမှန်)

12 Nov, 01:47


🙏🙏🙏🙏🙏

ကိုလှရွှေ (သတင်းမှန်)

12 Nov, 00:26


နစက ဥက္ကဋ္ဌ ရဲ့တရုတ်ပြည်ခရီးစဉ်က ဘာတွေအကျိုးသက်ရောက်မှုရှိစေခဲ့သလဲ
အပိုင်း(၂)
=============================

လက်ရှိ နစက အစိုးရအဖွဲ့ရဲ့နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေကိုပြန်ကြည့်ရင်လည်း ကမ္ဘာ့တကယ့်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေရှိနေသလို တရုတ်နိုင်ငံနဲ့လည်းကောင်းမွန်တဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေတာဖြစ်ပြီး ဒေသတွင်းအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာလည်းကောင်းမွန်တဲ့အနေအထားတစ်ရပ်ရှိ‌နေခဲ့တာကိုတွေ့ရပါတယ်။
နစကဥက္ကဌ တရုတ်နိုင်ငံကိုသွားရောက်နေတဲ့အချိန်မှာပင် ရုရှားနိုင်ငံသမ္မတကလည်း မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံဆက်ဆံရေးတွေကို ဆက်လက်အားပေးနေသလို မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေးဟာ စစ်မှန်တဲ့ဆက်ဆံရေးဖြစ်တယ်လို့ ပြောကြားမှုတွေကရှိလာပါတယ်။
တဆက်တည်းမှာပင် နစက ဥက္ကဋ္ဌရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ ရှမ်းမြောက်ဒေသကလက်နက်ကိုင်ပဋိပက္ခတွေကိုလည်းတမျိုးတဖုံပြောင်းလာနိုင်ဖွယ်ရာရှိနေပြီး ယခုခရီးစဉ်ဟာ မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA လက်နက်ကိုင်အဖွဲ့တွေကိုမျက်ခုံးလှုပ်‌စေခဲ့တာကတော့ အမှန်ပဲလို့ ဆိုရမှာဖြစ်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်မှ စလို့အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကိုအကောင် အထည်ဖော်ထားတဲ့ ထိုကာလအတွင်း လက်နက်ကိုင်အဖွဲ့တွေကတိုက်ခိုက်လာမှသာ တပ်မတော်က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်သလို ထိုအဖွဲ့တွေက မြန်မာအစိုးရရဲ့၂၀၂၂ ခုနှစ်၊ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုလည်းငြင်းပယ်ခဲ့ကြတာဖြစ်တဲ့အကြောင်း နစက ဥက္ကဋ္ဌ က တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့စဉ်မှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။
မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ ဖြစ်လိုသည်ကိုရှေ့တန်း တင်မယ့်အစား ဖြစ်သင့်သည်ကိုလုပ်ဆောင်ဖို့လိုတယ်လို့လည်း နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုခရီးစဉ်အတွင်းမှာ တိုက်တွန်း‌ပြောကြားထားခဲ့ပါတယ်။
ဒါအပြင် MNDAA၊ TNLA နဲ့ AA အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့အသင့်ရှိနေတယ်လို့လည်း နစက ဥက္ကဋ္ဌက ဖိတ်ခေါ်ပြောကြားပြန်ပါတယ်။
ဒီလိုအခြေအနေတွေအပေါ် တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang ဘက်ကလည်း တရုတ်နိုင်ငံအတွင်းအခြေပြုပြီး မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှု‌တွေကိုလက်သင့်ခံမှာမဟုတ်ဘူးလို့ အတိအလင်းပြောဆိုထားသလို မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံအားပေးကူညီသွားမှာဖြစ်သလို အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါဟာမြောက်ပိုင်းသုံးဖွဲ့လုံးအတွက်မျက်ခုံးလှုပ်‌စရာကောင်းခဲ့တာကတော့အမှန်ပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပြီး နစက ဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း ရှမ်းမြောက်ဒေသကလက်နက်ကိုင် ပဋိပက္ခတွေဟာ တမျိုးတဖုံပြောင်းလဲသွားမလားဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာကောင်းနေခဲ့ပါတယ်။
ဒါကြောင့်မို့ နစကဥက္ကဋ္ဌရဲ့ ယခုတရုတ်ပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်စေမလဲဆိုတာကလည်း စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
#VOM

ကိုလှရွှေ (သတင်းမှန်)

12 Nov, 00:26


နစက ဥက္ကဋ္ဌ ရဲ့တရုတ်ပြည်ခရီးစဉ်က ဘာတွေအကျိုးသက်ရောက်မှုရှိစေခဲ့သလဲ
အပိုင်း(၁)
=============================

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဖိတ်ကြားမှုအရ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ်သွားရောက်ခဲ့တဲ့နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရအဖွဲ့ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှု (Legitimacy)ကို ပြသလိုက်တာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်သုံးသပ်ပါတယ်။
တရုတ်ပြည်ခရီးစဉ်အတွင်း နစက ဥက္ကဌ ကို တရုတ်နိုင်ငံဘက်က ကော်ဇောနီနဲ့ ခင်းကျင်းပြီးတခမ်းတနားကြိုဆိုခဲ့တာတွေ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့တာတွေဟာ အစိုးရတရပ်ရဲ့တရားဝင်မှု Legitimacy ဆိုတာကိုဘယ်လိုမှ ငြင်းလို့မရနိုင်တဲ့အချက် ဖြစ်လာခဲ့ပါတယ်။
တဆက်တည်းမှာပင် နစက ဥက္ကဋ္ဌအနေနဲ့ တရုတ်ပြည်ခရီးစဥ်အတွင်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့ စီးပွားရေးဆိုင်ရာအစည်းအဝေးတွေကိုတက်ရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့်လည်း ဒါဟာ တရုတ်- မြန်မာနှစ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ခေတ်သစ်ဆက်ဆံရေးကိုအစပျိုးလိုက်ခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။
"ဒီခရီးစဉ်က ထူးခြားမှုတွေရှိနိုင်သလို တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအတွက်လည်းကောင်းသောလက္ခဏာလို့ သုံးသပ်လို့ရပါတယ်။အကျိုးကျေးဇူး ရလဒ်ကောင်းတွေကို ဒီခရီးစဉ်ကနေရလာခဲ့တယ်။တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ရရင် ဒါက နှစ်နိုင်ငံလုံးက ခေတ်သစ်ဆက်ဆံရေးကိုအစပျိုးလိုက်ခြင်းဖြစ်ပါတယ်"လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
နစက ဥက္ကဋ္ဌ အနေနဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ကူမင်းမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ အဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS)၊ (၁ဝ)ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတို့ကိုလည်းပါဝင်တက်ရောက်ခဲ့သလို တရုတ်လုပ်ငန်းရှင်များစွာနဲ့လည်း‌တွေ့ဆုံခဲ့ပါတယ်။
ဒီလိုထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ဒါဟာအနာဂတ်မြန်မာ့စီးပွားရေးအတွက်အလား အလာကောင်းတွေလို့ဆိုရမှာဖြစ်ပြီး လာမယ့်နှစ်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းနဲ့အခွင့် အလမ်းတွေများစွာဝင်ရောက်လာနိုင်ဖွယ်ရာအနေအထားတစ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ဒါအပြင်နိုင်ငံအချင်းချင်း သဘောတူစာချုပ်တွေအပါအဝင် နိုင်ငံတကာကတိကဝတ်တွေကိုလည်းမြန်မာနိုင်ငံကဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာ အတိအလင်းပြောကြားထားခဲ့တာဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေအပြင် နစကဥက္ကဋ္ဌ အနေနဲ့ မဲခေါင်ဒေသအတွင်း ၅ နိုင်ငံဖွဲ့စည်းထားတဲ့ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာ ဗျူဟာ(အက်မက်စ်)ရဲ့အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်သွားဖို့ရှိနေပြန်ပါတယ်။
ဒါကြောင့်ယခုခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တာဖြစ်လို့ ဒီခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုခရီးစဉ်အပြီးမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
"အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။အောင်မြင်မှုရခဲ့တယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ယခုခရီးစဉ်မှာ ဒီလိုအကျိုးကျေးဇူးရလဒ်တွေအပြင် တရုတ်နိုင်ငံရဲ့One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ -တရုတ်စီးပွား ရေးစင်္ကြန်စီမံကိန်းတွေနဲ့ ပတ်သက်ပြီးလို့လည်း မကြာမီတိုးမြှင့်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်။
ဒါကြာင့် နစက ဥက္ကဌရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်ကောင်းတွေများစွာကို ရရှိစေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

ကိုလှရွှေ (သတင်းမှန်)

11 Nov, 10:18


ပြည်မြိုရှိ သမိုင်းဝင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲများ၊ ပွဲတော်ဈေးဆိုင်တန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနေတာဖြစ်ပြီး လာရောက်လည်ပတ်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်များပဲ ဖြစ်ပါတယ်...

ကိုလှရွှေ (သတင်းမှန်)

02 Nov, 04:43


NLD လက်ထက် ဝန်ကြီးချုပ်တွေကိုယ်တိုင် မဲခိုးဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ
=============================
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်း အဓမ္မရယူဖို့အတွက် မဲ ၁၁ သန်းကျော် ခိုးခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ NLD ဝန်ကြီးချုပ်ဟောင်းတွေကိုယ်တိုင် သူတို့အုပ်ချုပ်တဲ့တိုင်းထဲက သူတို့ ဝင်ရောက်အရွေးခံမယ့် နေရာတွေအပြင် သူတို့အုပ်ချုပ်တဲ့တိုင်းထဲက တခြားနေရာတွေမှာပါ NLD ပါတီ အနိုင်ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ကူညီခဲ့တာတွေ၊ မသမာတဲ့နည်းလမ်းမျိုးစုံနဲ့ မဲခိုးပြီး မနိုင်နိုင်အောင် လုပ်ဖို့ဆောင်ရွက်ခဲ့ကြတာတွေ အများကြီးပါ။ ဥပမာအနေနဲ့ ပြောရ မယ်ဆိုရင် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးဇော်မြင့်မောင် ဟာ သူဝင်ရောက်အရွေး ခံမယ့် အမရပူရမြို့နယ်အပြင် သူအုပ်ချုပ်တဲ့ မန္တလေးတိုင်းထဲက တခြားမြို့နယ် နေရာအားလုံး မှာပါ NLD ပါတီ အနိုင်ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ကူညီခဲ့တာတွေ၊ မသမာတဲ့နည်းလမ်းမျိုးစုံနဲ့ မဲခိုးပြီး မနိုင်နိုင်အောင် ဆောင်ရွက်ခဲ့တာမျိုးတွေပဲဖြစ်ပါတယ်။ဆောင်းပါးအပြည့်အစုံဖတ်ရန်...

ကိုလှရွှေ (သတင်းမှန်)

29 Oct, 03:06


တကယ်တော့ "ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး"ရုပ်ရှင်ကို ဝေဖန်ခဲ့တဲ့ ရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန် ဆိုတဲ့ကောင်က လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင်၊ လူမျိုး တစ်မျိုးနဲ့တစ်မျိုးကြား၊ ဘာသာတစ်ခုနဲ့တစ်ခုကြား အမုန်းပွားလာအောင် တမင်ရည်ရွယ်ပြီး လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်...ဒီဇာတ်ကားနဲ့ပတ်သက်ပြီး မဝေဖန်ခင်ကတည်းက ဒီကောင်က ဗုဒ္ဓဘာသာကို တစိုက်မတ်မတ် ပုတ်ခတ်တိုက်ခိုက်နေခဲ့တာပါ...ဒီကောင် ဘာသာရေးပဋိပက္ခဖြစ်အောင် ဝေဖန်လှုံ့ဆော်ခဲ့တဲ့ ဒီဇာတ်ကားက စပြီးမရိုက်ခင်ကတည်းက ဟိန္ဒူဘာသာရေးအဖွဲ့အစည်းနဲ့ ကြိုတင်သဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးမှ ရိုက်ကူးခဲ့တာ..ဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာလည်း ဟိန္ဒူဘာသာရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေကို အရင်ပြကြည့်ပြီးမှ ကန့်ကွက်မှုမရှိလို့ ဆင်ဆာတင်ခဲ့တာ... အထောက်အထားသက်သေတွေလည်းအများကြီးပါ...ဒီလို ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လှုံ့ဆော်ခဲ့တဲ့ သူတောင်းစား ရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန် ဆိုတဲ့ကောင်ကို ထောင်ထမင်းပါ ခေါ်ကျွေးသင့်တယ်..

ကိုလှရွှေ (သတင်းမှန်)

29 Oct, 00:19


TNLA က သူတိုနယ်မြေထဲရောက်နေတဲ့ PDF တွေကို စတင်ရှင်းထုတ်နေပြီတဲ့... PDF တွေ ရှိတဲ့နေရာကို တပ်မတော်ထံ မြေပုံညွှန်းပါ အတိအကျပေးပြီး ရှင်းထုတ်နေတာတဲ့ဗျာ...

ကိုလှရွှေ (သတင်းမှန်)

28 Oct, 22:51


နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

ကိုလှရွှေ (သတင်းမှန်)

28 Oct, 16:42


အကြမ်းဖက်အားပေး မီဒီညာတွေနဲ့ အကြမ်းဖက်အားပေးတွေက
အမ်းကျသွားပြီဆိုပြီး ဂျင်းသတင်းတွေနဲ့ ငပြိန်းတွေပျော်အောင် လုပ်နေပြန်ပြီ...
အမ်းက ကျဖိုနေနေသာသာ အမ်းကိုလာတိုက်တဲ့ AA ဘိန်းစားတွေ
အလောင်းတောင် ပြန်မကောက်နိုင်ဘဲ အကျအဆုံးများပြီး ခွေးပြေးဝက်ပြေး
ထွက်ပြေးနေကြရတာကွ... ငပြိန်းလေးတွေကိုပျော်အောင် သတင်းအမှားတွေနဲ့
ဂျင်းထည့်နေတာတွေ ရပ်လိုက်ကြစမ်းပါကွာ...

ကိုလှရွှေ (သတင်းမှန်)

27 Oct, 15:01


အောက်တိုဘာလ ၂၇ ရက်နေ့မှာ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရွာမကျေးရွာရှိ PDF အကြမ်းဖက်စစ်သွေးကြွများကို သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက် အလောင်း ၂ လောင်းနဲ့အတူ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်...

ကိုလှရွှေ (သတင်းမှန်)

25 Oct, 05:53


မင်းတပ်မှာ လေယာဉ်နဲ့ ဗုံးကြဲခံရလို့ AA/CDF ပူးပေါင်းအကြမ်းဖက်သမား ၄၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရ

ကိုလှရွှေ (သတင်းမှန်)

22 Oct, 08:26


ဘုတလင်မြို့နယ်၊ စီပါရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးတော့ လူသတ်တရားခံ ပေါ်လာခဲ့ပြီ... တရားခံကတော့ နဂါးရဲ့ BNRA အဖွဲ့ပါပဲ... အကြောင်းအရင်းကတော့ သူတို့အဖွဲ့တွေ ရွာထဲဝင်လာတာကို ရွာသားတွေက လုံခြုံရေးအဖွဲ့တွေကို သတင်းပေးပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီပါရွာသား ၆ ယောက်ကို ရက်ရက်စက်စက်ကို အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခဲ့တာပါ.... နောက်တစ်ခါ သတင်းမပေးရဲအောင်ဆိုတဲ့ အကြောက်တရားကို ရွာသားတွေထံကို ရိုက်သွင်းတဲ့ သဘောမျိုးပေါ့... အားလုံးထင်နေကြသလို NUG လက်အောက်ခံ ပကဖတို့ ပအဖတို့ ပလဖတို့လည်း မဟုတ်ပါဘူး... နဂါးနဲ့ သူ့အဖွဲ့တွေရဲ့ လုပ်ရပ်ကတော့ အရမ်းကိုရက်စက်လွန်းပါတယ်ဗျာ...