အကြမ်းဖက်ကျူးလွန်သူများကိုလည်း အကြမ်းဖက်အဖွဲ့ပီပီ မသိချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုထားတာကိုကြည့်ခြင်းဖြင့် အကြမ်းဖက်အဖွဲ့များ၏ ရပ်တည်ချက်အမှန်ကို ဒေသခံများက နားလည်သဘောပေါက်လာကြပါတယ်...
ယခင်အချိန်တွေကို ပြန်လည်လွှမ်းဆွေးတမ်းတနေရုံမျှနဲ့ ယခင်အချိန်ကာလကောင်းတွေ ပြန်မရနိုင်တာဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့များ၏လှုပ်ရှားမှုသတင်းများကို တပ်မတော်ထံသတင်းပေးပူးပေါင်းနိုင်မှသာလျင် တည်ငြိမ်အေးချမ်းတဲ့အချိန်ကာလကောင်းတွေကို အမြန်ဆုံးပြန်ရနိုင်မှာ ဖြစ်ပါတယ်...
ဒီလိုမှမဟုတ်ရင်တော့ အကြမ်းဖက်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်မှာ အကြမ်းဖက်သမားများ၏ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုများကို တစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်...
ဖော်ပြပါဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ရလို့ လူမသိသူမသိ သေဆုံးခဲ့ရသူများလည်းရှိနေတာဖြစ်တဲ့အတွက် အချိန်မနှောင်းခင် အချိန်ကောင်းပြန်ရအောင် ဒီလိုအကြမ်းဖက်ကောင်တွေရောက်လာရင် တပ်မတော်ကို အမြန်သတင်းပေးပြီး သုတ်သင်ရှင်းလင်းခိုင်းနေရမှာ ဖြစ်ပါတယ်..
#ဦးဦးပိုင်ဦး