Poems Corner @poemscorner Channel on Telegram

Poems Corner

@poemscorner


ကဗျာဆရာများရဲ့ကဗျာများ

Poems Corner (Burmese)

ဘုရားသပရများကဗျာဆရာများရဲ့ကဗျာများသည် ဘုရားတရားနှင့် စည်းလင်းပြောနေသည့် အလှဋာင်များကို ဖတ်ရန်အတွက် လူထုနှင့် တိုင်းပြည့်တိုင် ကဗျအဆင့်တင့်နိုင်သည်။ ဒီကဗျာများသည် ဘုရားထဲမှ ခေါင်းဆောင်နေသည့် အတိုင်အတတ်ပြုခြင်းနှင့် လည်းကဗျအပြန်ယူနေသော ကဗျာများဖြင့် မြို့နယ်စွာ ပြန်လည်ယူနေသည်။ Poems Corner သည် ဘုရားသပရများရဲ့ စုံပြုဆောင့်မှာ မြှင့်မြင် လေ့လာနိုင်မည့် ကဗျအဆင့်တင့် ဝင်ရောင်းရန်အတွက် ကူညီပါသည်။

Poems Corner

25 Jan, 14:42


တကယ့်တကယ်ကျ
အချိန်မရွေးပြန်လာခဲ့ ဆိုတဲ့
တံခါးလေးလည်း
အပြီးပိတ်သွားခဲ့တာပါပဲ
မျှော်လင့်ထားပြီးသားဆိုပေမဲ့
ဒီဘက်မှာ နာကျင်စိတ်ကလည်း တိကျတယ် ။

-မယ်စိမ်းလန်း

Poems Corner

25 Jan, 14:39


အသက်အရွယ်ရလာတော့
အရာရာကို တွန့်ဆုတ်လာတယ်။ မရှိတော့သလောက် ပါးလျလာတဲ့နှလုံးသားအစား
မှန်အရိပ်မှာပဲ အသည်းပုံဆွဲရတယ်…

-ပြာ

Poems Corner

25 Jan, 14:27


ကမ္ဘာကျော်လွမ်းခန်းတွေပျံသန်းနိုင်တယ်ဆိုတာ
ဘာလောင်စာ ဘာစွမ်းအင်မှမပါပါဘူး
တစ်ယောက်ကိုတစ်ယောက်
ချစ်ခဲ့တာ
သေချာခဲ့ဖို့ပဲလိုပါတယ် ။ ။

- စိုင်းဝင်းမြင့်

Poems Corner

20 Nov, 13:03


ဘဝမှာ အချို့အရာတွေက
လိုက်လေဝေးလေပဲတဲ့
မလိုက်တဲ့အခါကျတော့ရော
. . .
အဲဒီ့ကျရင် လုံးဝလက်လွှတ်လိုက်ရရော ။

-ဏေသစ်

Poems Corner

20 Nov, 12:55


ဒီနေ့ဟာပုံမှန်ပဲ
အသည်းကွဲတယ်
သီချင်းညည်းတယ်။

မပျော်တော့တဲ့ဘဝတွေထဲ
လွမ်းဆွတ်ခြင်းတွေ လောင်းထည့်လိုက်တယ်။

နေလည်းမပျော်ဘူး
သေလည်းမပျော်ဘူး။

ဒီလိုနဲ့ပဲ ဝေးသွားတယ်…။

-မာရီယာလင်း

Poems Corner

23 Oct, 10:18


ခေါင်းငုံ့ပြီး လျှောက်ခဲ့ရတဲ့
လမ်းတွေမှာမှ ခလုတ်တိုက်ပြီးလဲရတာ
ပိုပြီးနာကျင်စရာမကောင်းဘူးလား...

ဟော...

အခုလည်း သတိထားနေတဲ့ကြားက ။
ကျနော်တစ်ယောက်တည်းဖြစ်သွားပြန်ပြီ။ ။

-နွေသစ်ငြိမ်း

Poems Corner

17 Oct, 15:54


မီးရောင်လေးပေါ့ အဝေးမှာ
တယောက်ယောက်ကို လောင်နေတာဖြစ်မယ်။

လသာလိုက်တာလို့
တစ်ယောက်တည်း ပြောနေရတဲ့ဒုက္ခကိုတော့
မုန်းလှတယ်။
.
-ခင်ဖုန်းသက်ဝေဂယ်လာရီ

Poems Corner

26 Sep, 04:24


လူတွေမှာ
ချစ်ခြင်းမေတ္တာတရား ဆိုတာက
တကယ် အစစ်အမှန်မှ ဟုတ်ရဲ့လား
ဒုက္ခတရားဆီ သွားတော့မယ်ဆိုရင်
သူတို့က သက်သာရာမှာ ကျန်ခဲ့တာချည်းပဲ။

-ပိုင်

Poems Corner

26 Sep, 02:52


ဘဝမှာ နောက်ကျသွားပြီ
ဆိုတာ တကယ်ရှိတယ်။

ပြောရမဲ့အချိန်မှာ ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ။

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။

-လူခေး

Poems Corner

25 Sep, 14:53


ငါတို့ တယောက်ထဲ နေတတ်ပုံကို
"ငါတို့" လို့ ပြောပြောပြီး အဖေါ်ညှိရတယ် ။

အနည်းဆုံးတော့
ကမ္ဘာဟာ
အထီးကျန်သူတွေ အများအပြားရှိတယ်လို့
သိသာအောင်ဖြစ်တယ် ။

-ကျော်မျိုး

Poems Corner

25 Sep, 14:46


ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...

ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။

-ကောက်ရိုး

Poems Corner

25 Sep, 14:42


ကိုယ့်ကိုယ်ကို သစ်ရွက်လေးအဖြစ်
ပြောင်းလဲလိုက်တော့လည်း ကြွေတာပါပဲ...။
ဒီကမ္ဘာမှာ ကိုယ်မပြိုကျဖို့
ငြမ်းဆိုတာလည်း မရှိခဲ့ပါဘူး...။
ဘယ်လိုနေထိုင်ရမလဲ...
လေတွေ တိုက်ပုံကလည်း လွှင့်လိုက်တာကွာ...။

-ဘုန်းပြည့်စုံမင်း

Poems Corner

24 Sep, 16:08


မိုးတွေရွာတဲ့အခါ
ကျွန်တော်တို့ဟာ မရှိတော့တဲ့
တစ်စုံတစ်ယောက်ကို လွမ်းတတ်ကြပါတယ်

တကယ်တော့ အနွေးဓာတ်ကို ဆာလောင်ခြင်းပါပဲ
ကျွန်တော်တို့ စိတ်တွေ မနွေးထွေးတော့တာ
ကြာပြီလေ။ ။

-လင်းညီ

Poems Corner

24 Sep, 15:33


အဆောင်အယောင်ပစ္စည်းကြီးတစ်ခုလို
ကိုယ့်ကို အကဲခတ်ကြတိုင်း..

မင်းလက်ဖဝါး​သေးသေးလေးတွေထဲ
မျက်နှာအပ်ပြီး ပုန်းခိုချင်တယ် ။

-ပြည့်စုံဝင်း

Poems Corner

29 May, 15:47


ဝမ်းနည်းဖွယ်နိုင်ငံတော်မှာ
ရယ်စရာတစ်ခုခု ပျောက်ဆုံးသွားတဲ့အခါ
နစ်နာသူဟာ ကျွန်တော်တို့ပါ ။

-ယဉ်ဝယ်ထက်

Poems Corner

22 Mar, 15:30


အစစအရာရာ မျှဝေခံစားပေးဖို့ မတောင်းဆိုဘူး...
ကိုယ့်စိတ်အတက်အကျလေးတွေကို
နည်းနည်းလေးဂရုစိုက်ပေးတာလောက်ပဲ
လိုချင်ခဲ့ရုံပါ...

ဒါပေမယ့် အဲ့ဒီနည်းနည်းလေးကိုတောင်
(ကျနော်တို့မှာ) မရနိုင်ခဲ့ကြဘူး...

- မိုးနေ့

Poems Corner

22 Mar, 14:46


ခများက ကျ​နော့် ရဲ့နွေဦးလေးပဲ
ခများရောက်လာတာနဲ့ ကျနော့် ကမ္ဘာတစ်ခုလုံး
ပန်းတွေ ပွင့်တော့တာပဲ 💞💕

-ဖရော်ဆန်

Poems Corner

05 Mar, 15:57


ဇူဇူ ပြင်နေပါဘီ တဲ့ 😂😂

Poems Corner

05 Mar, 15:36


facebook မရတော့ရင် telegram မှာပဲ အချိန်ကုန်ရတော့မယ်ထင်တယ် 🙄🙄

Poems Corner

22 Nov, 11:53


ပန်းချီဆရာတွေကပြောကြတယ်။
အဖြူရောင်က အမျိုးအစားပေါင်း (23)မျိုးရှိတယ်တဲ့။

ကိုယ်မင်းကိုချစ်တဲ့အချစ်က
အဲ့ဒီအဖြူရောင်(23)မျိုးထဲက ဘယ်အမျိုးအစားလည်းကိုယ်မသိဘူး။

ကိုယ်ဟာဘာမှမသိတဲ့ ကောင်ပါ။
ဒါပေမဲ့ ကိုယ့်အချစ်က အဖြူရောင်ဆိုတာကတော့သေချာပါတယ်။


-မင်းခိုက်စိုးစန်

Poems Corner

22 Nov, 11:46


တစ်ခါချမ်းရင်
အနမ်း ဘယ်နှလွှာ ခြုံရသလဲ

နှင်းစက်ရဲ့ စိုပုံလေးကိုမှ
ငါ့အချစ်က ဝတ်မှုန်ကူးခဲ့ရတာပါ

-မင်းခိုက်စိုးစန်

Poems Corner

17 Nov, 13:55


ငါ့ခေါင်းပေါ်ကနွေမှာ နေတစ်စင်းရှိတယ်
ငါ့ရင်ထဲကနွေမှာတော့ နေဆယ့်နှစ်စင်းရှိတယ်

ဟိုတုန်းက ငါ့မှာ ကမ္ဘာတစ်ခုရှိခဲ့တယ်
အခု ကမ္ဘာထဲမှာ ငါကလွဲလို့ အားလုံးရှိတယ်။
ဇာတ်လမ်းတစ်ပုဒ်ကို
ရင်ကော့ပြီး အစပျိုးခဲ့တာ ငါပေါ့
အခု ဇာတ်လမ်းအဆုံးမှာ
ငါ့ကိုယ်ငါပြန်စလို့မရတော့ဘူး။

-ဝေးခေါင်
ဇာတ်ကောင်

Poems Corner

17 Nov, 13:49


မျက်ရည် - စိုင်းဝင်းမြင့်

.
ငါ့မျက်လုံးနဲ့ အဆုံးသတ်လို့မရအောင်
ရှုမျှော်ခင်းက ရှည်လျားပြန့်ကားတယ် ။

ငါ့ဘဝလေးနဲ့ သယ်ဆောင်သွားလို့မရအောင်
ချစ်ခြင်းမေတ္တာက လေးလံကြီးမားတယ် ။

ငါ မက်နေတဲ့ အိပ်မက်ကလည်း
ငါရဲ့ ညနဲ့ မဆုံတော့ဘူး
ငါရွေးချယ်ခဲ့တဲ့ ဝဋ်ကြွေးတွေကလည်း
ငါ့ရဲ့နေ့နဲ့ ပေးချေလို့ မကျေတော့ဘူး ။

အချစ်ရေ. .
ငါတို့ အတူနေမယ်ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ ။

-စိုင်းဝင်းမြင့်

ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၉၉

Poems Corner

17 Nov, 13:45


သူစိမ်း (၁၃) - စိုင်းဝင်းမြင့်

.
သူ့စာအုပ်စင်ကလေးမှာ
စာတစောင်မှ မထားခဲ့ဘူး
သူ့နံရံမှာ
ဘာတခုမှ မရေးခဲ့ဘူး ။

သူ ဘယ်မှာလဲလို့
တစုံတယောက်က မေးတဲ့အခါ
မနေ့ကလား တနေ့ကလား
လွန်ခဲ့တဲ့ ရာစုတခုကလား
သုတ်တီးသုတ်ပျာ
ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့
တစုံတယောက်က
ဆိုချင်ဆိုမယ် ။

သူဟာ
ဒီလိုပဲ
ပျောက် ပျောက်သွားတတ်တယ် ။

အလွမ်းသင့်ရာ
အသက်ပွင့်တတ်တယ် ။

အဝတ်တထည် ကိုယ်တခုဟာ
သူ့ အနုပညာလား
သူစိမ်း အခန်းဆက်ဟာ
သူ့အသက်ရှုသံလား
ဒီနေ့မှာတော့
သူဟာ စာမလာ သတင်းမကြားပေါ့ ။ ။

-စိုင်းဝင်းမြင့်

Poems Corner

01 Nov, 08:58


မိုးတွေရွာတဲ့အခါ....
ကိုယ်လက်ဖျားတွေအေးတဲ့အခါ....
ဘယ်သူနဲ့မှမတွေ့ချင်တော့တဲ့နေ့တွေမှာ....

တချို့သီချင်းလေးတွေ ကြားရင်
လွမ်းပါတယ်

လွမ်းတယ်နော်....
ကိုယ့်မှာ ဒါက လွဲရင်
ဘာမှလည်းပြောနိုင်ခွင့် မရှိပါဘူး ။

#နေဗယ်လ်

2,053

subscribers

8

photos

7

videos