ကဗျာကဖေး @kabyarsarto Channel on Telegram

ကဗျာကဖေး

@kabyarsarto


“မိုး”ဆိုသောကောင်မလေးကို ‌မိုးလောက်ကြီးထက်ပိုပြီးချစ်တယ်💗

ကဗျာကဖေး (Burmese)

ကဗျာကဖေး ဆိုတာကို ရေ င်ငံလေး၊ မိုးလောက်ကြီးကောင်မလေးကို ဆိုပြီး မိုးလောက်ကြီးထက်ပိုပြီးချစ် တယ် 💗 တွေ့ဆုံခြင်းကို ရလဒ်ကပြန်လာတယ်။ ဒီ channel ကို ရက်ပို စိပြုနိုင်ဖို့ မိမိကို ဖေးခဲ့ပေးရန် တစ်ယောက်ပဲ ရလဒ်ကြည့်ပါ။ ရလဒ်များကို ကိုယ်ရဲ့ အိုကေအဆင့်အတူ ရက်ပို ပို့ဆောင်နိုင်ပြီး ချစ်တယ်လို့ ပါ။

ကဗျာကဖေး

23 Nov, 17:29


pic crd

ကဗျာကဖေး

23 Nov, 13:12


".....ငါ ဆေးခြောက်ကွဲတဲ့ည....."

ငါ ဆေးခြောက်ကွဲတဲ့ညက
ရယ်ခဲ့ရတယ် ဒါပေမယ့် နာကျင်ခဲ့ရတယ်.....

ငါ ဆေးခြောက်ကွဲတဲ့ညက
မအန်ဘူး ဒါပေမယ့် ရင်ထဲမှာဆို့တယ်.....

ငါ‌ ဆေးခြောက်ကွဲတဲ့ညက
လမ်းလျှောက်နိုင်တယ် ဒါပေမယ့် တွဲခဲ့ရတယ်.....

ငါ ဆေးခြောက်ကွဲတဲ့ညက
တန်းမအိပ်ဘူး ဒါပေမယ့် အိပ်မက်မက်ခဲ့တယ်.....

ငါ ဆေးခြောက်ကွဲတဲ့ညက
အတွေးတွေ လွင့်နေတယ် ဒါပေမယ့် တစ်ခုတည်းတွေးခဲ့တယ်.....

ငါ ဆေးခြောက်ကွဲတဲ့ညက
ကဗျာတွေရေးဘူး ဒါပေမယ့် ရေးခဲ့တယ်.....

ငါ ဆေးခြောက်ကွဲတဲ့ညက
ဝမ်းနည်းခဲ့တယ် ဒါပေမယ့် ပျော်ခဲ့ရတယ်.....

ငါ ဆေးခြောက်ကွဲတဲ့ညက
သတိမရခဲ့ဘူး ဒါပေမယ့် သတိရခဲ့တယ်........။

ငါဆေးခြောက်ကွဲတဲ့ ညက...........။

#ရွက်ဟောင်း (ငါ ဆေးခြောက်ကွဲတဲ့ညက)

ကဗျာကဖေး

23 Nov, 08:32


မမဝါဒီ(၆)

မမဝါဒီအဒွန့်ရှည်တည်တံ့ပါစေ
အဖျတ်ပိုးမွှား မိန်းကလေးသူငယ်များကင်း‌စင်ပါစေ
ဒီသံသရာမှာ ပျော်ဖို့
မောင့်ကို မမလာဖက်ထားမှဖြစ်မယ်
သိပ်ချစ်ပါတယ် မမရယ်။

နေညို။။။
#မမဝါဒီသံသရာတည်ပါစေ

ကဗျာကဖေး

23 Nov, 03:32


ဝေးကွာခြင်းတွေဟာ
ငြင်းဆန်ခွင့်မရှိတော့လည်း
တင်းခံကြည့်ယုံပေါ့။

- တာရာညို

ကဗျာကဖေး

22 Nov, 22:30


မျက်ရည်ဥလေးတွေရဲ့ တီးတိုးစကားသံက
မကြားဝံ့မနာသာပဲ
အသက်လောက်ချစ်တယ်ပြောပြီး
ပြစ်ထားတာက သိပ်မဟုတ်သေးဘူးလေ။

နေညို။။။

ကဗျာကဖေး

22 Nov, 13:36


နာစရာ တစ်ပွေ့တစ်ပိုက်နဲ့ ကောင်
ဘဝ ထဲ ကို ငြိမ်း ဆိုတယ့် ပန်းလှလှ
လေး ဝင် ရောက်လာလို့ ငါကျေးဇူးတင်တယ်

နာစရာ တွေကိုအတိတ်မှာထားပြီး
ပစ္စပ္ပုန် မှာ ပန်းလေး လန်းဆန်းစေဖို့
ငါကြိုးစား မယ်

ယောင်္ကျားဘသားကွ ပြောတယ့် စကား တည်အောင် ငါကြိုးစားမယ် သေသည့် တိုင်ကြိုးစားမယ် ဘုရားသခင် အပါဝင် မဟာစကြာဝဠာ တစ်ခုလုံးကျုပ်ကတိပေးတယ်။

- ကိုငှက်

ကဗျာကဖေး

21 Nov, 22:31


မမဝါဒီ(၅)

မမပါးပြင်မှာ အနမ်းမိုးလည်း‌ေစွခြင်တယ်
မမအနားလေးအမြဲနေပြီး ခါးလေးလည်းဖတ်ထားခြင်တယ်
နေ့နေ့ညည မောင်နဲ့ မမ အတူတူပေါ့။

နေညို။။။။။
#မမဝါဒီသံသရာတည်ပါစေ

ကဗျာကဖေး

21 Nov, 17:29


ဖတ်လက်စ စာတပုဒ်
ဘယ်နေရာရောက်သွားလဲ ခဏခဏပြန်ရှာနေရတယ်...။

ကျွန်တော့်ကို အမေလာပြောနေသမျှစကားတွေ
နှစ်ခါပြန်ပြန်ပြီး မေးနေရတယ်...။

သောက်လက်စ ကော်ဖီတွေလည်း အေးစက်ကုန်ပြီ...။

ရေးလက်စ ကဗျာတွေမှာ ဖျက်ရာထေးရာတွေလည်းများကုန်ပြီ...။

ညနက်တွေမှာ ကျွန်တော့်အမြင်အာရုံတွေလည်း ဝေဝါးခဲ့ပြီ။

ကျွန်တော် ပင်ပန်းနေပါပြီ ကမ္ဘာကြီး။


Rain
https://t.me/KaByarSarTo

ကဗျာကဖေး

21 Nov, 17:29


မာကျောတဲ့ယောက်ျားတွေပေါ့၊
ညတွေဆို လူနာတွေလိုလူးလွန့်လို့
သူတို့ကြွက်သားစိုင်တွေကလည်း အမှောင်နဲ့ထိတိုင်း
ဖယောင်းစက်တွေအဖြစ် ပျော်ဆင်းလို့
အချစ်နဲ့ဘီယာဟာ ပုလင်းထဲ ထည့်ခံရရင်
ဖိအားရော အပူအအေးပါ မှားသွားတာပဲ

အောင်ခင်မြင့်
https://t.me/KaByarSarTo

ကဗျာကဖေး

21 Nov, 13:49


ဤကမ္ဘာမြေ အပါဝင်
စကြာဝဠာ အတွင်းပါဝင်ကြကုန်သော
ဘုံဗိမ္မာန် အပေါင်းကြားသိပါ စေ

ကျွန်တော် အညတရ သည်
နတ်သမီး အလားလှပလေသူ
ခရေပွင့်ပမာ ဂုဏ်သတင်းကျော်ကြားသူ
သကာရည် ပမာ ချိုမြိန်သော အပြုံးကိုပိုင်လေသူ
လမင်း ပမာ အေးချမ်းလေသူ
ပိုးသားပမာ နူးညံ့လေသူ

ငြိမ်း ဆိုသူ အမျိုးသမီးအား
နှလုံးသွေးကြော ပြတ်ထွက်လု မတက်
ရှားပါ‌လေ သော မေတ္တာ တရားနှင့် မေတ္တာ သက်ဝင် နေပါကြောင်း ကြားသိနိုင်ပါစေ ခဗျာ...။

-ကိုငှက်

ကဗျာကဖေး

21 Nov, 03:32


မဖြစ်နိုင်တာမဟုတ်ဘူးယဖရ
သူငါ့ကို မချစ်နိုင်တာကွ
လက်လျှော့ဖို့ပဲ ငါ့မှာတက်နိုင်ပါတယ်ကွာ။

နေညို။။။။

ကဗျာကဖေး

20 Nov, 17:29


အချစ်ရေ
မင်းနဲ့ဝေးနေရတဲ့ ညနက်တွေမှာဆို
အခန်းတံခါးကို အသာအယာခေါက်လို့
ဧည့်သည်တယောက် အမြဲရောက်လာတယ်။
လူခြေတိတ်ချိန် ခြေသံဆိတ်ချိန်မှ
ပုံမှန်ရောက်လာတတ်တဲ့ အဲ့ဒီဧည့်သည်။
သူလာရင် ရင်ထဲမှာလည်း တဆစ်ဆစ်။
မင်းဘယ်သူလဲ
ဘာအတွက်လဲ
မောင်မေးမြန်းတော့
သူဖြေပုံကဆန်းကြယ်တယ်ကွယ်...။
အလွမ်းတဲ့လေ။
ညနက်တွေမှာ မောင့်ကိုအဖော်ပြုဖို့တဲ့...။


Rain
https://t.me/KaByarSarTo

ကဗျာကဖေး

20 Nov, 13:31


မမ ရဲ့ မျက်နှာလေးငြိုးနေရင်
ကျွန်တော် များအပြစ်ရှိမလားဆိုတယ့် စိတ်နဲ့ ရူးတယ်

မမ ပျော်ဖို့ ပျက်လုံးတွေကျက်တယ်
ဟာသတွေပြောတယ် မမ ဆူငေါက်တဲ့
အခါ ဂျောင်တစ်နေရာမှာ ခိုးငို တယ်
မမ များငြိုငြင်မလားဆိုတယ့် စိတ်နဲ့
တစ်ကြိမ် ရူးရပြန်တယ်

ကျွန်တော်ရူးတယ် မမ...
ကျွန်တော် ရူးတယ်

အမြဲတမ်းရူးနေမှာတော့ မလွဲဧကန်ပဲမမ
အပမှီလို့ ပြုစားလို့ ရူးတာ မဟုတ်ပဲ
မမ ကို ချစ်မိလို့ ရူးတာ ပဲ ဘာမကျေနပ်စရာ
ရှိတုန်းဗျာ ဘာမကျေနပ်စရာရှိတုန်း...။

- ကိုငှက်

ကဗျာကဖေး

20 Nov, 08:32


အကြိမ်ကြိမ် ခွင့်လွှတ်တတ်တဲ့လူတွေ
စွန့်လွှတ်တတ်သွားတဲ့အချိန်မှာ
မင်းဘာမှရှာတွေ့မှာ မဟုတ်တော့ဘူး အချစ်ရဲ့
အရမ်းကြောက်စရာကောင်းတယ်။

-ရိပ်ငြိမ်

ကဗျာကဖေး

20 Nov, 03:32


အကို့ကို မေတ္တာမမျှနိုင်ပါဘူးတဲ့
ငြင်းတာလေးကတောင် ချစ်စရာလေးပါ င့ါကောင်ရာ
ငါ့မှာသူ့အပြောတေွအောက် ကြွေလို့ကြွေ
သူ့အပြုံးတေွအောက်မှာ ရူးလို့ရူး
ငါက သူမှသူကွ။

နေညို။။။

ကဗျာကဖေး

19 Nov, 22:30


ချစ်စိတ်ဝင်လို့ ချစ်ခွင့်ပန်လည်း
မဖြစ်နိုင်ပါဘူး အစ်ကိုတဲ့
ကျွန်မက ဟိုအစ်ကိုမှ အစ်ကိုပါတဲ့
တော်တော် မ်ိန်းမပီသတဲ့ မ်ိန်းမသားလေးပါလားဗျာ။ ။


-တာရာညို

ကဗျာကဖေး

19 Nov, 22:30


မမဝါဒီ(၄)

သရဏဂုံမတည်ခြင်ဘူး မမရယ်
ဒီတစ်သက်ကောင်းစားဖို့
မမအမည်နာမပဲ မောင်ရင်မှာတည်စေခြင်တယ်
မောင်ကလေ အဲ့လို ဒိဌိဆန်ဆန်ကောင်ပါ။

နေညို။။။။
#မမဝါဒီသံသရာတည်ပါစေ

ကဗျာကဖေး

19 Nov, 17:45


ပျော်စရာတွေအတူတူဖန်တီးကြမယ်လို့အကြိမ်ကြိမ်ပြောထားခဲ့ပေမယ့်
အဲ့ဒီပျော်စရာဆိုတဲ့ အမည်နာမတခု‌ကိုတောင် အခုငါ့မှာမနည်းရှာနေရတယ်...။

Rain
https://t.me/KaByarSarTo

ကဗျာကဖေး

19 Nov, 17:40


စိတ်နာချင်ယောင် ဆောင်တာပါ
ချစ်ပြီးသား လူတစ်ယောက်ကို
ဒီနှလုံးသားက လွယ်လွယ်ကူကူ မုန်းမရပါဘူး။

တက္ကသိုလ်ဘုန်းနိုင်
https://t.me/KaByarSarTo

ကဗျာကဖေး

19 Nov, 17:39


အားလုံးကို တောင်းပန်ပါတယ်ဗျာ။
စိတ်အဆင်မပြေလို့ ရောက်တက်ရာရာတွေတင်မိနေတာ မျက်စိနောက်ရင် ခွင့်လွှတ်ကြပါဗျာ...

Rain

4,734

subscribers

488

photos

78

videos