🌻 Ŝharing Poerty 🌻 @i_miss_you2022 Channel on Telegram

🌻 Ŝharing Poerty 🌻

@i_miss_you2022


🌻 Ŝharing Poerty 🌻 (English)

Welcome to 🌻 Ŝharing Poerty 🌻! This Telegram channel is a vibrant community of poetry lovers who come together to share their favorite poems, thoughts, and reflections. Whether you're a seasoned poet or just starting to explore the world of poetry, this channel is the perfect place for you. From classic poems to modern creations, you'll find a wide range of poetic expressions to inspire and uplift you. Join us to discover new perspectives, connect with fellow poetry enthusiasts, and immerse yourself in the beauty of language. Let your creativity soar and your heart be touched by the power of words. Come join our 🌻 Ŝharing Poerty 🌻 community today and experience the magic of poetry!

🌻 Ŝharing Poerty 🌻

14 Nov, 14:13


လေဒီဟစ်တလာ

နှလုံးသားတစ်ခုလုံးကို
မင်းရဲ့မျက်မှန်ကိုင်းလေး ပင့်ပင့်တင်ရင်း
ငါ့တစ်ကိုယ်စာ ငါနိုင်ငံတော်ကို
မင်းသိမ်းပိုက်သွားတယ်

အချစ်ဆိုတာ နူတ်ဖျားကထွက်လာတဲ့
ဒုတိယမြောက် ကျည်ဆံပါပဲ
အချစ်မတော်ရင် ကိုယ့်ကိုယ်ကိုယ်
နားထင်ထောက်ပြီး ပြန်ပစ်သလို ဖြစ်တက်တယ်

ဘာကြောင့် အချစ်ရေ အသည်းကွဲတာလဲ
သီချင်းကို ညီးတယ်
ကြွက်နဲ့ကြောင် ကာတွန်းကားကြည့်ပြီး
ငိုတယ်
ဘာမှတော့မဆိုင်ဘူးနော်

မင်းကို ချစ်တဲ့စိတ်နဲ့ဆိုတော့
ငါက ဆိုင်တယ်လို့ထင်တယ်

ဝေဝါးရှုပ်ထွေးလွယ်တဲ့ လောကကြီးထဲ
ငါရှုပ်ထွေးချင်သောအရာဟာ
မင်းနဲ့အချစ်ဆိုတဲ့ နှောက်ကြိုးလေး
ရှင်းမရအောင် ရှုပ်ထွေးချင်တယ်
ငါ့ရဲ့ ေလဒီဟစ်တလာလေးရေ

တစ်ခြားသူတွေလဲ ဖြစ်ဖူးကြမယ်ထင်တယ်
ကိုယ်ချစ်သော မင်းကို အနီးကပ်မြင်ကြရင်
ရွှေမျက်နာလေးလို သိပ်ကိုလှကြတယ်ဆိုတာပေါ့
ဒါဟာ ကိုယ့်ဘာသာပေးလိုက်တဲ့ အလှ သရဖူလေ...

မပိုင်တဲ့ပန်း မဆိုင်ရသလို ငေးနေရင်တော့
နာကျင်နေရရင်တောင်
ရင်ပွင့်အောင် လှတဲ့မင်းကို ငေး၍နေမယ်

ရယ်လိုက်လို့ ပေါ်လာတဲ့ သွားတက်လေးကြောင့်
ဆူးပြီး ရူးနေရတယ်
ရင်တွင်းမှာတော့ ဟစ်တလာက ဂျူးလူမျိုးကို
သုတ်သင်နေသလိုမျိုး ကောင်းနေတဲ့ စိတ်ပိုင်းတွေကို
လိုက်သုတ်သင်နေသလိုမျိုး
အဲဒီလိုမျိုး
ငါရူးနေရတယ်

မှော်ဆန်တဲ့ စင်းကော့တဲ့ မျက်မှန်အောက်က
မျက်တောင်ဖျားလေးမှာ ကိုယ် နူတ် စိတ်
သုံးပါးနှင့် မင်းကိုငါ ချစ်တယ်

မင်းနဲ့ဆုံဆည်းရခြင်းဟာ ငါ့အတွက်
လျိုဝှက် ကဗျာတစ်ပုဒ်ကို အခါခါဖတ်ခွင့်ရနေသလိုမျိုး
ဖြစ်ခဲ့တာမို့ ဖြူဖြူစင်စင်ပျော်ရွှင်စေချင်တယ်

ဒီကဗျာကို
ကြေကွဲရတဲ့ ညနေခင်းလေးရဲ့
ဆည်းဆာရောင်ခြည်ကို ကြည့်ရင်း
စရေးခဲ့ပါတယ်

မင်းကို ချစ်မိပြီ ဆိုကတည်းက
အလံဖြူပြ လက်နက်ချ အရှုံးပေးထားခဲ့တာ

မင်းရဲ့ ကြေကွဲနေတဲ့
မနေ့ကအကြောင်းတွေကို မေ့စေဖို့
မင်းအပြုံးတွေပန်းလို လန်းစေဖို့
ငါက ပစ္စုပ္ပန်လိုကောင်လေ

မင်းယုံယုံကြည်ကြည့်နဲ့ ပန်ဆင်လိုက်ပါ
ငါ့ရဲ့ လေဒီဟစ်တလာလေးရေ

မင်းတင်လိုက်တဲ့ My day က video ဟာ
လက်ပစ်ဗုံးကို စနစ်တံ ဖြုတ်လိုက်သလိုပါပဲ
ဒိန်းကနဲ ပေါက်ကွဲလို့

မင်းငါ့ အပေါ်ကိုတော့
သံယောဇဥ်စိမ်းစိမ်းလေးတော့ ရှိတယ်မို့လား

ငါ့ရဲ့ ဝှက်ဖဲဟာ မင်းဖြစ်ပြီး
မင်းရဲ့ ဝှက်ဖဲဟာ
ငါမဟုတ်တဲ့ တခြားလူသာဖြစ်တယ်

ငါတို့ ဘယ်တော့မှ
ကိုယ့် ဝှက်ဖဲကို မလှန်ကြေးလေနော်

မင်းရဲ့ လိုတရ လိုကောင်မို့
မင်းလိုသလိုသုံးဖို့ ဂျိူကာလို ဖန်ဆင်းပြီး
မင်းစိတ်ဒုက္ခလှလှလေးတွေပျောက်ဖို့
ငါက မင်းရဲ့ စစ်သုံ့ပန်းတစ်ယောက်ဖြစ်တယ်

တစ်ခုတော့မှာမယ် လေဒီဟစ်တလာလေးရေ
အချစ်မှာ မာနကိုယ်စီတင်းထားကြရဲ့
တိကနဲ ပြတ်တက်တယ်
ပြီးတော့
တစ်ယောက်ကိုတစ်ယောက် လေးစားမှုမရှိရင်
လွဲတက်တယ်တဲ့

မာနလဲတင်းမထားသလို
မင်းကို မလေးမစားလဲ မဆက်ဆံခဲ့ပါဘူး
ဝါးပင်လို ကြီးရင့်လာတဲ့ ချစ်ခြင်းမို့
မင်းကို ဦးညွှန့်လျက်ပါကွယ်

အခုတလော
တိတ်တိတ်ဆိတ်ဆိတ် အနေများလာတဲ့
တိတ်ဆိတ်ခြင်းက ပိုကျယ်လောင်တယ်တဲ့

အချစ်ဆိုတဲ့ လှေကားဟာ
ငါ့ကို မက်ဆောက်စွာတက်ဖို့
ေစာင့်ကြိုနေတယ်
မဆုံးနိုင်သော လှေကားထစ်တွေပါပဲ

ပွင်မလာတဲ့ တံခါးတစ်ချပ်ကို
အကြိမ်ကြိမ်ခေါက်ရင်း
မျက်ရည်လည်တဲ့ အကျင့်ပြင်ရဦးမယ်

လေဒီဟစ်တလာရေ
သစ္စာကိုအသက်လိုတည်
မင်းကျောခိုင်းထားရင်တောင်
လှည့်ကြည့်စရာမလိုတဲ့ လူဟာ
ငါပါလို ပြောရင်း မနက်ဖြန်များစွာနဲ့ စောင့်နေပါ့မယ်

မင်းနဲ့ဆုံဆည်းခဲ့စဥ်က
ညနေခင်းလေးရဲ့ လင်းညိုစိုအေးတဲ့ အချိန်
သိပ်ကိုလှပတဲ့ ညနေခင်းလေးလေ

ဒါပေမယ့်
ညနေခင်းတွေ ဘယ်လောက်လှလှ
ညနေဆိုတာ ညရဲ့ အကြိုဖြစ်တယ်လေ
ငါဟာ ဒီလိုနဲ့
မှောင်သော ညတွေရောက်ရင်
နာကျင်မှုတွေ အချိန်ပိုဆင်းရတော့တာပါပဲ

#ခန့်ထည်
#လေဒီဟစ်တလာ

🌻 Ŝharing Poerty 🌻

13 Nov, 03:09


ဒီတခါ နှုတ်ဆက်တာ
ဘယ်တော့မှပြန် မတွေ့တော့ဘူး မလား
မင်းနားမယ့်ကိုင်းလေး
ခိုင်မြဲပါစေ...............

#ရဲဝင့်

🌻 Ŝharing Poerty 🌻

07 Nov, 02:40


သိပ်ချစ်တဲ့အကြောင်းပြောပြချင်ဖူးတယ်

နာကျင်မှုဆိုတာ အမှတ်တရကဖြစ်ခဲ့တာမို့
မသက်ဆိုင်သလိုပဲ ကျန်းမာစွာစိတ်အေးလက်သာ ရယ်မောနေဘာ

မနီးခင်က ဝေးကွာသွားတဲ့ လမ်းစတွေပဲလေ
မင်းညွှန်ပြတဲ့ သံလိုက်အိမ်မြောင်ဟာ
မနီးစပ်ခြင်း နိယာမဘဲပေါ့

မိုးခေါင်ရင်း ရေကြီးနေရင်း
အချစ်ထောင်းတော့ ကိုယ်ကြေနေရတဲ့
ရပ်ဝန်းဆိုတော့ လမိုက်ညတွေက များသား

သိပ်ချစ်ပါတယ် ဆိုတဲ့အကြောင်း
မင်းကိုပြောပြနေရင်တောင်
မင်းအတွက် မကြားချင်သော စကားဖြစ်နေတာမို့
နားဝမှာခါးနေမှာပေါ့

ပြန်ချစ်လာပါစေလို့လည်း ဆုမတောင်းတော့ပါဘူး
အရင်လို မချစ်နိုင်ဘူးစကားနဲ့
ချစ်ကြည်လို့မရဘူးစကားပဲ ကြားရဦးမှာမို့လား

မစခင်က ပြီးခဲ့ရတဲ့ ဇာတ်လမ်းဆိုတော့
ဇာတ်သိမ်းအတွက် ကြိုတင်မျက်ရည်ကျခဲ့ရပါပြီ

အရင်ကလိုပဲ
ဝင်းဝင်းပပ လှပနေတုန်းပဲမို့လား
ခိုးငေးခဲ့ရတဲ့အပြုံးလေးတွေရော
အရင်လိုပဲ လက်ဆက်စိမ်းစိုနေတုန်းပဲလား

ကိုယ့်အတွက် မဟုတ်တဲ့
အပြုံးတွေက အရင်လိုပဲ
လိုတာထပ်ပို၍ လှပနေဦးမယ်လို ငါက ထင်တယ်

တစ်ဖက်သတ် ချစ်မဝတဲ့
ရောဂါနဲ့ တစ်ဖက်တည်းနာကျင်မှာလည်း သိပါတယ်

ချစ်မိခြင်းဟာ အပေါ်ယံတစ်ခုမှမပါလေတော့
ဘယ်တက်နိုင်တော့မလဲလေ
နှလုံးသား​ေစခိုင်းချက်ကို လိုက်ရောလိုက်တယ်

ချစ်မဝတဲ့ရောဂါကို ချစ်ပြီးရင်း ချစ်နေလိုက်တော့တယ်

စာနာခဲ့ရင်လဲ ပြုံးပါ
မစာနာခဲ့ရင်လည်း လှောင်ပေါ့လေ

စျေးပေါပေါပေးမိတဲ့ မေတ္တာတရားဆိုတော့
မင်း အနီးနားက မြောင်းထဲမှာပေါ့...

ဘယ်လိုအစစ်အမှန်တွေပေးပေး
မချစ်နိုင်တာက မချစ်နိုင်တာပဲမို့
ငါဟာ ရှင်လျက်သေနေခဲ့ရပါတယ်

စိတ်ကိုစိတ်နဲ့ ပြန်ပြန်သတ်တဲ့
နေ့ရက်တွေအပြေးလိုက်နေတာ ဆိုတော့
မချစ်ဘူးဆိုတဲ့ စကားဟာ
ငါ ချည်ခဲ့ချင်တဲ့ မမြင်ရတဲ့ကြိုးဟာ တိကနဲ့ပြတ်တယ်

နီးဖို့ကြိုးစားသလောက် အဝေးတွန်းပို့နေတဲ့
မေတ္တာတရားမို့ မြေမြုပ်မိုင်းပေါ်နင်းမိနေသလိုပဲ

မက်လက်စ အိပ်မက်ထဲမှာ ပေါက်ကွဲသွားတော့
ရင်ဘတ်လောင်းပေါက်နဲ့ ငါဟာ
မင်းနဲ့ဝေးရာ လွင့်ပါးသွားပြန်ပေါ့

ငါ့ရင်ဘတ်ထဲက အရိုးသားဆုံး ချစ်ခြင်းမေတ္တာကို
မင်းတနေ့ မြင်လာမှာဘာကွာ...
အဲလိုတွေးပြီး
ကိုယ့်အပေါ်မကြွေတဲ့ ကြယ်လေးကို
ထိုင်လို့ငေးတယ်..

အရင်လို
မင်းအနား အပြေးမရောက်လာနိုင်ခဲ့တော့
တွေ့တိုင်း ကော်ဖီအေးနဲ့မုန့်တွေကို
ဘယ်သူများဝယ်ပေးမလဲ
ငါကသာ တွေးပြီးပူတာ မင်းမှာက ဂရုစိုက်မဲ့သူရှိပါတယ်

ချောင်းဆိုးပျောက်ဆေးလေးတွေရော
ငါ့လိုပဲ ဂရုတစိုက်ဝယ်ပေးရဲ့လား
သွေးပေါင်မကျဖို့ ဘယ်လိုအစားအစာတွေ
စားဖို့ ငါတော့ အရင်လိုမမှာနိုင်တော့ဘူး

ဂရုစိုက်ဖို့မှာရဲ့သားနဲ့
မင်းဖျားနာတဲ့ အခါ
ဂရုစိုက်ပေးနိုင်တဲ့သူနဲ့သာ တွေ့ပါစေ

ဒီလိုပဲ
တွေးပူပြီး ငါ့က ကိုယ်ပူရပြန်တယ်
ဆေးသောက်ပေမဲ့ ကျမသွားတဲ့
အပူချိန်ဟာ အလွမ်းနဲ့ကိုယ်ပူနေသူမို့
မင်းကုမှ ပျောက်မဲ့ရောဂါလေ...
ဒါကို ချစ်မဝတဲ့ရောဂါလို့ ငါခေါင်းစဥ်တပ်လိုက်တယ်

မင်းကိုယ်ပူတော့
မင်းဆိုင်သူရဲ့ ဆေးသောက်နော် ဆိုတဲ့ စကားနဲ့
ဝယ်သောက်စရာမလိုဘဲ ကိုယ်ပူကျနေရောမယ်

မေတ္တာစစ်စစ်ပေးခြင်းဟာ
မေ့တာသာ ပြန်ရရင်း
မေ့တာကိုယူပြီး
မေတ္တာသာ မင်းကိုပေးပြီးရင်းပေးနေမိတယ်

မေ့ပန်းတွေ ဘယ်လောက်ပဲ ဝေဝေ
မင်းရယ်လိုက်လို့ ပေါ်လာတဲ့ သွားတက်လေးက
နှလုံးသားကို စူးနစ်ခဲ့ရပြီး
ငါက လက်တဝါးစာလောက်ရှိတဲ့
နှလုံးသားနဲ့မင်းကိုချစ်တယ်လို့ အကြိမ်ကြိမ်ပြောပြီး
မင်းရှိရာ အရပ်ကို အလွမ်းနဲ့ မျက်နာမူတယ်

#ခန့်ထည်

🌻 Ŝharing Poerty 🌻

06 Nov, 11:47


အသက်သည်..သူ
______

လရောင်မှာ ပျက်ပြယ်သွားတဲ့
နှင်းဆီအိပ်မက်
ဒုက္ခပေါ် သောကဆင့်ထားတဲ့
မိုးပြိုသတင်းတွေ

နယ်လွန်နေတဲ့စိတ်နဲ့
နှင်းညှို့ထားတဲ့ဆောင်းမှာ
ကြွေချိန်ကို စောင့်နေမိတဲ့
သက်ငင်ဆဲရွက်ရင့်ပါပဲ

ဒီသံသရာ ဒီဘဝထဲ
ဖြောင့်သောမြစ်က ပိုစီးပါတယ်
မမြဲခြင်းတရားတွေက ပိုမြဲပါတယ်

အားလုံးကိုစွန့်လွှတ်ပြီး
လှည့်ထွက်သွားခဲ့ရင်တောင်
ငါ ပြန်ငဲ့ကွက်စရာ နှောင်ကြိုးလေးဟာ
မင်းပဲ အချစ်ရယ်.... ။

- ရှင်ပန်ထွာ -

🌻 Ŝharing Poerty 🌻

06 Nov, 10:25


မင်းသိလား

မင်းအပြုံးတစ်ပွင့်ဟာ
ငါ့အတွက်တစ်နေ့တာ ပြည့်စုံစေခဲ့တာ

မင်းနဲ့ပတ်သက်ရင်
ရူးသွပ်မှုအပေါင်း သရဖူဆောင်းခဲ့တာ

တနေ့တနေ့ မင်းကိုချစ်မိတဲ့စိတ်ဟာ

ကြင်နာမှုအပေါင်း ရှစ်သောင်းလေးထောင်
မြတ်နိုးမှုအပေါင်း ရှစ်သောင်းလေးထောင်
ရင်ခုန်မှုအပေါင်း ရှစ်သောင်းလေးထောင်

မင်းအပြုံးကို တစ်ခါမြင်တွေ့ရုံနဲ့
တသက်မမေ့နိုင်အောင် ပါရမီပါသူလေးရေ

ငါမင်းကို
ရိုရိုကျိုးကျိုး ချစ်မိတယ်

နေရာမလိုဘူး
ဒေသမလိုဘူး
ဘယ်အချိန်မေးမေး
ညတရေးနိုး ထ မေးလည်း
ငါမင်းကိုချစ်တယ်

ဦးနှောက်နဲ့စဥ်းစားတာကိုငြင်းတယ်
နှလုံးသားအလိုကိုလိုက်ပြီး
အတိအကျ
ငါ မင်း ကို ချစ် တယ်

#ခန့်ထည်

🌻 Ŝharing Poerty 🌻

05 Nov, 04:47


တဝက်ဖိတ်စာ

မင်းအနားမှာ ထီးတစ်ချောင်းအဖြစ်
ငါရှိပေးဖို့ ငါ့ဘက်က တစ်ဖက်တည်းကမ်းထားရတဲ့
လက်တစ်စုံကို နင့်ရဲ့တွဲလက်ကလေး ငါ့စောင်မျှော်နေပါတယ်

တစ်ဖက်တည်းပဲ ငါက တစ်ဖက်သတ် ပေးနေတဲ့မေတ္တာတွေပါပဲ
လိုချင်လားမလိုလားလဲ မသိဘဲ ပေးခဲ့နေမိတယ်

ငါက ကိုယ်စွဲလန်းမှုနဲ့ကိုယ်
ကိုယ်ပေးတဲ့မေတ္တာနဲ့ကိုယ် စူးပြီးရူးနေရသူပါ

တစ်ခြမ်းရိုက်ထားတဲ့ ဖိတ်စာလေးမှာ
ငါ့ရဲ့ မြတ်နိုးမှုပေါင်း ရှစ်သောင်းလေးထောင် ပါတယ်
ထာဝရထပ်နှစ်ဆ ချစ်ခြင်းတွေပါတယ်
ရင်ခုန်ကို နှစ်နဲ့မြှောက်တဲ့ ကြင်နာမှုတွေပါတယ်
ရာဂ သက်သက်မဟုတ်တဲ့ မေတ္တာတွေပါတယ်
ချစ်၍ပိုသော ပို၍ချစ်သော အမြဲချစ်နေမယ်
သိမ်းချစ်နေမယ် ဆိုတဲ့ ကတိကဝတ် တဝက်ဖိတ်စာလေးပါပဲ

နင်ကတော့ ငါမဟုတ်တဲ့သူကို
ရွှေးချယ်သွားတာက အစ
မင်းတို့တွဲသွားတဲ့ လက်တွေ အဆုံး
မင်းရဲ့ အမျိုးသားလေးကို ပြုံးပြတဲ့ အရယ် အပြုံးတွေကိုလဲ
ငါ မင်းကိုချစ်တယ်

မင်းကသိပ်ကိုတော်ပါတယ်
ငါကိုပစ်ချထားခဲ့တာတွေ ပစ်ခွာသွားခဲ့တာတွေ
တခြားလူရွှေးသွားတာတွေ တကယ်ကိုတော်ပါတယ်

ငါက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်
နောက်ကျသူ ညနေခင်းလေ
အမြဲ အဝင် call မရှိတဲ့ ဖုန်းအသေ
ထွက်သွားတဲ့ ရထားသာရှိပြီး
အဆိုက်ရထား မရှိဖူးတဲ့ ဘူတာ
မထွန်းပဲတင်နေရတဲ့ သောင်
မင်းကို ငါအပေါ်ကို ဘယ်တော့မှ မကြွေတဲ့ ကြယ်လေးပေါ့ကွာ

ငါလှည့်ပြန်လာခဲ့လိုက်တယ်
လေးလံထိုင်းမိုင်းနေတဲ့ ငါ့ခြေလှမ်းတွေရဲ့
အိမ်အပြန်လမ်းတွေက နာကျင်မှု တောတန်းတွေထဲ
ဂနာမငြိမ်ခြောက်ခြားလာသလို မျက်ရည်မုန်တိုင်းတွေကြားမှာ
မင်းကို ချစ်မိတဲ့ချစ်ခြင်းဆိုပြီး ဖြေသိမ့်ကာ
အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ပြန်ခဲ့ရတယ်

အသွားအပြန်မဲတဲ့ မေတ္တာတွေပါပဲ
ချစ်ခြင်းမေတ္တာကလွဲရင် ဘာဆုတံဆိပ်မှ
မရှိဖူးတဲ့ နာကျင်သူ ညနေခင်း

နေထွက်တာစောသလောက်
နေဝင်ချိန်တွေနောက်ကျနေခဲ့ရတဲ့
အိပ်တန်းမဲ့ ငှက်ငယ်တစ်ကောင်ရဲ့
ဝင်္ကပါ ခရီးရဲ့ညနေခင်းတွေပါပဲ

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
တဝက်ဖိတ်စာလေးကိုတော့
ငါ့ဘဝရဲ့ ဟိုးအောက်ဆုံးအလွှာ အထပ်ထဲကို
ထည့်ထားလိုက်တော့တယ်

ဒီလိုနဲ့ပဲ
ငါဟာ မင်းကို တစ်ခါမှ
မချစ်ခဲ့ဖူးပါဘူးလို့ ဖုန်းမျက်နာပြင်ပေါ်က
မင်းအပုံလေးကို ကြည့်ပြီး
မျက်ရည်လည်စွာ ပြောလိုက်တယ်


#ခန့်ထည်

🌻 Ŝharing Poerty 🌻

23 Oct, 08:16


#သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ်
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
#ပြန်လည်မျှဝေပါသည်
#Raywata

🌻 Ŝharing Poerty 🌻

23 Oct, 03:43


"လက်စားချေခြင်းကို ကျွန်တော်မကြိုက်ဘူး
ဘာလို့လဲဆိုတော့....ကျွန်တော့်ကိုကိုက်သွားတဲ့
ခွေးတစ်ကောင်နောက်ကို ပြန်ကိုက်ဖို့ပြေးလိုက်
ရင်းနဲ့ ကျွန်တော့်ဘဝကို မကုန်ဆုံးစေချင်လို့ပါ။"

ဒီစာစုလေဟာ Gandi ကြီး၏ စကား‌ပါ။
ကျွန်တော်တို့ဟာ အကြိမ်ကြိမ်ထိုးနှက်ခံရပေမယ့်
တစ်ချို့ဟာတုန့်ပြန်ဖို့လိုသလို
တစ်ချို့ဟာပြန်ဆုံဖို့လည်း မလိုအပ်ပါ။

crd

🌻 Ŝharing Poerty 🌻

22 Oct, 02:08


🍀

▪

ကိုယ် တိတ်ဆိတ် သွားတယ်ဆိုတာ
နေနိုင်သွားတာ ကိုယ်အဆင်​ပြေနေတာ
မဟုတ်ဘူးလို့ သိစေချင်တယ်။

ကိုယ်ခေါ်လိုက်တဲ့ ဖုန်းတစ်ကောလ််
ကိုယ်ပို့လိုက်တဲ့ စာတစ်စောင်ဟာ
မင်းအတွက် အနှောက်အယှက် ဖြစ်နေတာကို
ကိုယ်သိလို့ ကိုယ့်အရိုး ကိုယ်ပြန်ချိုးပြီး
မင်းအတွက် တိတ်ဆိတ် ပေးလိုက်တာ။

မင်းရဲ့ မျက်နှာကို ကိုယ်မြင်ခွင့်မရတော့တဲ့နောက်

မင်းရဲ့ စကားသံဟာ ကိုယ့်အတွက်ဆေးတစ်ခွက်၊

မင်းပြန်ပို့လိုက်တဲ့ စာတစ်စောင်ဟာ
ကိုယ့်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ဖြစ်စေတဲ့
အကြောင်းအရင်း ဖြစ်ပေမဲ့၊

ကိုယ် ကိုယ်တိုင်က မင်းအတွက် အနှောက်အယှက်
ဖြစ်စေနေတော့..... ၊

မင်းအသံလေးကြားရဖို့ မင်းကို စိတ်မရှုပ်စေချင်တော့ဘူး။

တစ်ခုပါပဲ....၊

ကိုယ် တိတ်ဆိတ်သွားတယ်ဆိုတာ
နေနိုင်သွားတာ အဆင်ပြေနေတာ မဟုတ်ဘူးလို့
မင်းကို သိစေချင်တယ်။

🍁

လင်းညို

.

🌻 Ŝharing Poerty 🌻

17 Oct, 05:18


ငါက မင်းရဲ့အနားမှာ
မနီးတော့ဘူးဆိုတဲ့ အသိဟာ
ရေထဲကငါးကို ကုန်းပေါ်တင်ပြီး
အသက်ရူဝသလားလို့ မေးနေသလိုပါပဲ မနဒီ

ဝေးပြီဆိုတဲ့ မြားတွေသာ
ရင်ကို လာပြီး တည့်တည့်မှန်ခဲ့ပါတယ်
ဘယ်အချိန် ထုတ်တီးတီး
ဝမ်းနည်းခြင်းတွေသာ မြည်နေရတယ်

ကဗျာတွေထဲ လွမ်းဆွေးနေရတာ
အဆင်ပြေလားလို့ ငါ့ကိုယ်ငါ ပြန်မေးတိုင်း
ပိုလို့သာ လွမ်းလို့ကောင်းလာတယ် မနဒီ

မနဒီရေ
အမှန်တိုင်းပြောရင်
မင်း စံပါယ်ပန်းတွေပန်တဲ့ ညဟာ
ငါ့နှလုံးသားထဲထိ လာမွှေးမြလက်ဆက်နေတုန်းပါပဲ

မင်းရွေးချယ်သွားတဲ့ လမ်းချိုးတွေမှာ
ကျန်ခဲ့ရတဲ့ ကြောင်လေးလို
ကြွေသွားတဲ့ ကြယ်လေးဟာ ငါဖြစ်ခဲ့ပါတယ်
ဒီလူမှာ အလွမ်းတွေသာ တည်မြဲနေရတဲ့
ရင်တွင်းစစ်ပွဲတွေပါပဲ

ငါပဲ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတယ်

မနဒီရေ
မင်းရဲ့ အိမ်ပြန်လမ်းတွေမှာ
ဘယ်လိုရနံတွေနဲ့ စိုက်ပျိုးထားတဲ့
ဘာပန်းတွေများ ပွင့်ဝေနေမလဲ

ငါ့မှာတော့ ခေါင်ရန်းပန်းလို
မျက်ရည်ပန်းတွေသာ လှိုင်လှိုင်ပွင့်ဝေလျက်ပါပဲ

ငါ့ ရာသီဥတုမှာ
သစ်ရွက်တွေစောကြွေတဲ့ နွေရာသီနဲ့
မရွာခင်က အရင်စိုတဲ့ မိုးရာသီထဲ
မဝင်ခင်က ခိုက်ခိုက်တုန်အောင် ချမ်းတက်တဲ့ ဆောင်းရာသီပါပဲ

မ န ဒီ ရေ

ဒါကိုအချစ်လို့ခေါင်းစဥ်မတပ်တော့ပါဘူး

#ခန့်ထည်

🌻 Ŝharing Poerty 🌻

17 Oct, 05:18


လွင့်ဝေး ဝေးကွာ

တစ်စုံ တစ်ယောက်တည်းကိုသာ
တည်မြဲနေတဲ့ မေတ္တာတရားဟာ
အထိအခိုက်လေးတွေနဲ့ပေါ့

ကိုယ့်အပေါ်ကို မစီးမဲ့ မြစ်ကိုမှ
မျှော်မိပြန်တယ် မနဒီ

မလာတဲ့လမ်း အပြန်မရှိတဲ့ ရထား
မခေါ်ဘဲကြားနေရတဲ့ အသံတွေသာ
ကိုယ့်နားမှာ ပဲ့တင်ထက်ရင်း
စိတ်ကို စိတ်နဲ့သတ်နေရတာ မနဒီ

မင်းအသံလေး ကြားခွင့် မရတဲ့
အခုလိုရက်တွေမှာ
ပင်လယ်ရေထဲ နစ်သတ်ခံရသလို
ငါ့မှာ အသက်ရူကျပ်တယ် မနဒီ

မင်းဆိုပြခဲ့ဖူးတဲ့ သီချင်း
မင်းရွတ်ပြဖူးတဲ့ ကဗျာ
မင်းတီးနေကျ ဂစ်တာ
ငါ့မှာ ထပ်ခါတလဲလဲ ကြားခွင့်ရချင်နေမိတာ

ဒါဟာ
မထွန်းပဲတင်ခဲ့ရတဲ့ သောင်
မတိုက်ပဲစားတဲ့ ကမ်းပါးတွေပါပဲဲ

မနဒီရေ
အရင်လိုပဲ ဖြူဖြူဝင်းဝင်း
လှပနေတုန်းပဲမို့လား
ဆံပင်တွေရော အရင်လိုပဲ
စည်းဖို့မေ့နေတုန်းပဲလား

ငါကတော့ မတပ်ပဲရေးမိတဲ့
ခေါင်းစဥ်တွေရဲ့ ကဗျာမဆန်သော
ကဗျာတွေကိုသာ ချရေးနေမိပြန်တယ်

အသက်ကထက်ဝက် ကွာဟနေမူကို
နီးချင်ပေမဲ့ ပိုလို့ဝေးသွားတဲ့ အကွာအဝေး
ငါတို့ဟာ
ဘာစကားမှ မပြောဖြစ်ခဲ့ကြပေမဲ့
စကားတွေအများကြီး ကြားခဲ့ရဖူးပါတယ်

တဖျတ်ဖျတ်လတ် နေတက်တဲ့
မင်းမျက်ဝန်းတွေက ငါ့ကို
ကြယ်တွေလိုလာလတ်တယ်
ငါ ငါ့ကိုယ်ငါ မေ့လို့

မနဒီရေ
မပြောဖြစ်တဲ့စကားတွေက
ပိုပြီး တန်ဖိုးရှိတယ်တဲ့
နှလုံးသားက ခိုးငေးခဲ့ရတဲ့
တခါက ရူးသွပ်ခြင်း ရာသီဥတုလေးဟာ
အခုတော့
အချစ်ခေါင် မေတ္တာရေရှားတဲ့
အရပ်ဒေသကို ရောက်ခဲ့ပြီ မနဒီ

နားမထောင်ပဲ ကြားရတဲ့
မင်း ရယ်သံတွေက
သေသောစိတ်ကို ရှင်အောင်စိုက်ပြီး
မသေဖြစ်ခဲ့သော အသက်ကယ်ဆေးလေးပါပဲ

မနဒီရေ
အခုဆို ဘယ်သူက ဘယ်သူ့ရင်ခွင်မှာ
ခေါင်းလေးထိုးပြီး ရယ်နေမလဲ
ဘယ်လိုအပြုံးတွေနဲ့ ဝတ်မှုံတွေ ကူးနေမလဲ

မတွေးဘဲ ရောက်ရောက်လာတက်တဲ့
နာကျင်မှုခေါင်းစဥ်တွေကြား
မဖွင့်ဘဲ ဖောက်သောက်ခဲ့တဲ့ အရက်တွေပါပဲ

အဲညတွေဟာ အရက်မူးနေတယ်

မနဒီရေ
မင်းက စက္ကူစွန်လို
ရစ်ဘီးလုံးလေးကို လက်မပြတော့ဘဲ
နှုတ်ဆက်ထွက်ခွာသွားသလို ပြတ်တောက်သွားခဲ့ပေါ့

ငါက
မမြဲတဲ့ကြိုးတွေကိုသာ ရစ်သိမ်းခဲ့ရတာ
ကြွေမလာတဲ့ ကြယ် တွေနဲ့
ကြွေသွားတဲ့ ငါအသည်းတွေက
မေတ္တာပေးရင်း မေ့တာသာပြန်ရခဲ့ရတယ် မနဒီ

လက်ဆွဲလို့ မနူတ်ဆက်ဖူးပေမဲ့
အပြုံးခြင်းတော့ တူခဲ့ဖူးပါတယ်
ငါက မင်းကိုချစ်တယ်ပြောပြီး ပြုံးတယ်
မင်းက မင်းချစ်သောသူကို ချစ်တယ်ပြောပြီး ပြုံးတယ် ဒါပါပဲ

အေးခဲနေသော စိတ်အခံကို
ခမ်းခမ်းနားနား လွမ်းပစ်တဲ့ ညတွေမှာ
စိတ်ထဲမှာ ဂနာမငြိမ် ချောက်ချားလာရင်း
လေမုန်တိုင်းမှာ တရားထိုင်နေသလို
ငါဟာ ငြိမ်သက်လာတယ်

မပြိုတဲ့ တိမ်တွေနဲ့ မရွာတဲ့မို့းတွေအကြောင်း
ရှင်းပြတဲ့အခါ မနီဒီ ကိုသာပြေးပြေး မြင်နေမိတာ
မဝဲဘဲ ကျသွားတဲ့ မျက်ရည်တွေနဲ့
မသုတ်ဘဲ ပေသွားတဲ့ ငါ့လက်ဖမိုးက မျက်ရည်စတွေပါပဲ

ငါက မင်းပျော်ပါစေပြီး
မပျော်ဘူးတဲ့ ရယ်စရာဟာသတွေကို
မင်းကိုပျော်တော် ဆက်သပြီး
မင်းရယ်သံတွေက တခြားသူဆီကိုသာ
သွားမြည်နေတော့တယ်

နဂါးခေါင်းတွေ ဘယ်ဘက်လှည့်လဲ မသိချင်တော့ဘူး
ငါ့မျက်နာမူရာ အရပ်သာ မင်းဖြစ်စေချင်ခဲ့တာ မနဒီ

မဆိုးဘဲရဲတဲ့ နှုတ်ခမ်းကို
အကြိမ်ကြိမ် ဦးခိုက်ရင်း
မပေးတဲ့ အမိန့်တွေကိုသာ နာခံနေရတယ်

ရယ်သံတွေနဲ့စိုက်ပျိုးထားတဲ့
သစ္စာပန်းတွေဟာ ခူးယူမဲ့သူ မရှိတော့
အကျည်းတန်လှတဲ့ အကြောင်း
ပြောပြမိပြန်တယ် မနဒီ

ချစ်ခြင်းမေတ္တာဟာ ငါ့အပေါ်ကို
ဘယ်တော့မှ မပွင့်စေနဲ့လို့ ကျိန်စာမိထားခံရသလို
ငါပျိုးတဲ့ပန်းတွေက တခြားသူဆီသာ ပွင့်ဝေနေတက်တာ
ဝဋ်ကြွေးပဲ

ဒါဟာ
ကိုယ့်အိပ်မက်ကို မီးထိုင်းရှို့နေသလို
ကိုယ့်နာကျင်ကို မှုတ်သောက်နေရတဲ့
ဝေဒနါဆေးခါးတွေ ဘယ်မှာများ ဆေးဖက်ဝင်မလဲ မနဒီ

အမြဲအမှားတွေသာရပြီး
တရားမရတဲ့ သူဟာ ငါဖြစ်ပြီး
မစီးတဲ့မြစ်နဲ့ မထွန်းဘဲ တင်တဲ့သောင်တွေဟာ
မင်းဖြစ်နေခဲ့တယ် မနဒီ

မစခင်က
သိမ်းခဲ့ရတဲ့ ဇာတ်လမ်းဟာ
မင်းနဲ့ငါဖြစ်ခဲ့မယ်လို့ဘယ်ထင်ခဲ့ပါ့မလဲ

ပြီးပါပြီ စာတမ်းသာထိုးသွားခဲ့တာ
ငါငိုရမဲ့ လွမ်းခန်းတွေက ကျန်နေတုန်း
ကြည့်သူမရှိ လက်ခုပ်သံမရှိတဲ့
နောက်ပိုင်းဇာတ်လမ်းထဲက ထပ်ဆင့်အကယ်ဒမီအလွမ်းမင်းသားကြီး

သတိရစိတ်ကို ဓားလိုသွေးပြီး
ကိုယ့်အနာကို ပြန်ပြန်မွန်းရင်း
ရဖူးတဲ့ အမှတ်တရတွေဟာ နာကျင်မှုတွေသာဖြစ်ကြောင်း
ငါ့အဘိဓာန်မှာရေးထိုး ထားလိုက်တယ် မနဒီ

မထွက်မဲ့ နေကို မျှော်နေတက်ခဲ့ရင်း
ကိုယ်အပေါ် မလင်းတဲ့ ကြယ်တွေကို
လိုက်ရှာနေမိရင်း မနီးခင်က
ဝေးသွားခဲ့ရတဲ့ အကွာအဝေးတွေပါပဲ မနီဒီ

ငါပိုင်ခွင့် မရှိတဲ့
တခြားသူရဲ့ အချိန်တွေက
အပြုံးတွေနဲ့သာ လည်ပတ်ခဲ့ရင်း
ငါ့အချိန်တွေက အလွမ်းတွေနဲ့သာ ခရီးလွန်နေတယ်

မနဒီရေ
မမြဲခြင်းတရားတွေ ရှိတက်ပေမဲ့
တည်မြဲခြင်းတရားဟာ
ငါနာကျင်မှုရယ် ပြည်တွင်းစစ်ရယ် ဖြစ်တယ်

အရင်ကလိုပဲ
နားမထောင်ဘဲ ကြားနေရတဲ့
အုတ်ခုံပေါ်က ဂစ်တာသံတွေကိုရော
ကြားယောင်နေတုန်းလား

ဒါမှမဟုတ် မကြားရတော့လို့
စိတ်အေးလက်သာ ငြိမ်းချမ်းနေတာမျိုးလား

ငါကတော့
တယောက်စာပဲ တီးခတ်မိတဲ့
သံစဥ်တွေနဲ့ ကိုယ့်တကိုယ်စာကြားရုံလောက်ပဲ
ငြီးဖြစ်နေတော့တယ် မနဒီ

ပြက္ခဒိန်လေးက ပြောသွားခဲ့ဖူးတယ်
ပြန်မလာတော့ဘူးနော်တဲ့
ငါကသာ ​မျှော်နေတက်ခဲ့တာ
မလာတဲ့လမ်းတွေကိုမှ မျှော်ငေးနေတက်ခဲ့ခြင်းဟာ
စိတ်ကိုစိတ်နဲ့သတ်ရင်း ရက်တွေသာဆက်ခဲ့ရတာ

🌻 Ŝharing Poerty 🌻

16 Oct, 01:01


လွမ်းငဲ့
--------

လူနံ့ မခံနိုင်လို့
ညဘက်မှ တိတ်တခိုးပွင့်ရတဲ့ ညမွှေးပန်းလေး

လရောင်ဖျန်းလို့ နိုးလာတဲ့
အိပ်မှုန်စုံမွှား နေကြာခင်းလို

ဘုရားအိုပေါ်
ကြယ်တွေ အစီအရီနဲ့
ရန်မဖြစ်ကြဘူး နေရာမလုကြဘူး
ကောင်းကင်ဇယ်တောက်ခုံမှာ
ဘောင်ကပ်နေကြချိန်

ငါ့မှာ
ငါမပိုင်တဲ့
သူ့မျက်ဝန်းကြယ်အနုဖူးလေး တစ်စုံကို
ရွပ်ရွပ်ချွံချွံ ငေးမောရ ။

ရှူခင်းကြည့် တောင်ကုန်းငယ်ပေါ်တက်တော့
သူ့နဖူးက စီးကျလာတဲ့
ချွေးရေကြည် စံပယ်ပွင့်တွေ

ပွင့်ဖတ်ခွာသလို တစ်လွှာခြင်း ပြုံးနေတဲ့ သူ့နှုတ်ခမ်းမှာ
ဆင်ခြေဖုံးစစ်သည်လို
တစ်ပြည် ထောင်မယ့် ဇ နဲ့
ငါဟာ သတ္တိရှိဖူးတယ် ။

ဟောဒီမှာ
ငါ့နှလုံးသားကို ယူ
ကျောက်တုံးတစ်ခုနဲ့ မီးခတ်ကြည့်စမ်းပါငဲ့

သူ့လက်မောင်းသားဆီက လွင့်လာတဲ့ ကိုယ်သင်းရနံ့
အလင်းလက်က လွတ်လာတဲ့ ဧကရာဇ်ပန်းရနံ့
မြူလိုလို နှင်းလိုလို အေးစိမ့်လေနုရယ်
စကြာဝဠာကို စုပ်ယူထားသလို
သူ့နှုတ်ခမ်းတွင်းနက်မှ ရယ်သံလေးရယ်
ညစာအဖြစ် အကုန်ရောပြီး ချက်စားဖို့တွေးမိတယ်

ဒါပေမယ့်လည်း.....

ဒါတွေဟာလည်း..... အတိတ်ပါပဲ ။

ဘယ်ကောင်လဲ.....

ထုံထုံအအ ပါရမီနဲ့
နှုတ်နည်းတဲ့ ဆိတ်ငြိမ်ခြင်းမှာ
လက်ဖဝါးလေး လှမ်းဆုပ်ဖို့တောင်
သတ္တိမရှိတဲ့ကောင်

ခရေတစ်ကုံးစာ အကွာဝေးမှာထိုင်ပြီး
အဝေးကြီးကိုပဲ ကြည့်ရဲတဲ့ကောင်

ဇွန်ပန်းတစ်ရုံစာ အကွာမှာနေပြီး
ရေတံခွန်ကပဲ မီးတောက်သလိုလို
တမာရွက်ကြွေက သီချင်းပဲဆိုသလိုလို
တောင်စဉ်ရေမရ စကားတွေပြောနေတဲ့ကောင်

ဒီလိုကောင်က
ဝေးရတာ သေချာမှ
ကဗျာတွေ ရေးတော့ရော
မင်းကဗျာက ဘယ်မှာ ဝတ်ဆံကူးနိုင်ပါ့မလဲ ။

ကလူကျီစယ်တတ်တဲ့ ဆောင်းဦးလေမှာ
ငါ့လက်ဖျံကို မီးဖိုပြီး လှုံဖို့
မင်းနာမည်နဲ့ ညှိပေးခဲ့ဖူးတယ်

စိမ်းသူရယ်.....
ကိုယ်တို့ လောင်ကျွမ်းဖူးတဲ့ စွယ်တော်ရွက်ခြောက်လေး
ဘယ်သောင် ဘယ်ကမ်းမှာ ပြာဖြစ်သွားလဲ

အာရှတိုက်က နိုင်ငံငယ်လေးထဲ
မျောချင်ရာ မျောနေတဲ့ ဒိုက်သရောပင်လို ဘဝမှာ

ငါ တမေ့တမော လွမ်းငဲ့နေတာ
သူ့နားသယ်စပ်က
သိပ်လှတဲ့ စံကားပန်းလေး တစ်ပွင့်ပါပဲ

သို့ပေမယ့်

ဖျားနေတဲ့ နှင်းစက်လေးပဲ
ငါ့အနားကျန်ရစ်တယ်

လွမ်းပါရဲ့ ။ ။

   # ဆန်းကျော်စွာဝင်း

🌻 Ŝharing Poerty 🌻

15 Oct, 02:49


အချစ်ရေ
ငါတို့အတူနေမယ်ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ်။

စိုင်းဝင်းမြင့်

🌻 Ŝharing Poerty 🌻

13 Oct, 15:53


မင်းက ကိုယ့်အတွက် ကော်ဖီပူပူ တစ်ခွက်...

သောက်ရင် ပူတယ်။

မြိုရင် ခါးတယ်။

ပူသာပူပါစေ ခါးသာခါးပါစေပေါ့...

တစ်နေ့တာ အချိန်ဇယားထဲမှာတော့

ကော်ဖီပူပူ တစ်ခွက်ရယ်

လူသားကောင်မလေး တစ်ယောက်ရယ်...

လုံလောက်ပါပီပေါ့လေ။

# ကြယ်ထက်လင်းလက်

🌻 Ŝharing Poerty 🌻

12 Oct, 13:31


စိတ်ချမ်းသာစေချင်တယ်
ပျော်ရွှင်စေချင်တယ်
ပြီးတော့ နွေးထွေးစေချင်တယ်
ငါ့ကိုယ်ငါဆို ဖြစ်သလိုပါပဲ ဒါပေမယ့် မင်းကိုတော့ ကောင်းတာလေးတွေပဲ ရစေချင်တယ်။

#1918a

🌻 Ŝharing Poerty 🌻

02 Oct, 09:41


ကိုယ်တိုင်တောင်မပြည့်ပဲ ငါတို့က..
တခြားသူတွေကို ဖြည့်ခဲ့ကြတယ် ။

ကိုယ့်ဒုက္ခကိုမကြည့်ပဲ...
တစ်ဖက်သားမပြေလည်မှာပဲ စိုးရိမ်ခဲ့ကြတယ်။

အနစ်နာခံခြင်း ငဲ့ညာခြင်းတွေကို..
လွယ်လွယ်ကူကူပဲ ချစ်ခြင်းမေတ္တာလို့..
ခေါင်းစဉ်တပ်ကြတယ် ။

ဒီလိုနဲ့ပဲ..

ဒဏ်ရာတွေနဲ့ ပြေးလို့မောတော့မှ..
ကိုယ့်ကိုယ်ကို ချစ်ဖို့သတိရတယ် ။

-ကမ်း ဝေး အိမ်

1,172

subscribers

830

photos

35

videos