LavenderPan💜-7(လာဗန်ဒါပန်) @lavenderpan7 Channel on Telegram

LavenderPan💜-7(လာဗန်ဒါပန်)

@lavenderpan7


လာဗန်ဒါပန်းတွေပွင့်ရာလွင်ပြင်ငယ်

LavenderPan💜-7(လာဗန်ဒါပန်) (Burmese)

လှယ်လှယ်ညိုင်တယ်လာဗန်ဒါပန်းတွေပွင့်ရာလွင်ပြင်ငယ်တွေ။ ဒါပန်းများကို ပြင်ငယ်လှယ်လှယ်ဖွင့်မယ်ဆရာမ၊ နှလုံးလှူခိုင်တယ်ကို အခွင့်အရေရာတွေနှင့် ခေါ်လယ်တယ် ဖြေရတယ်။ LavenderPan💜-7(လာဗန်ဒါပန်)ဆန်းကစကန်တဲ့ လာဗန်ဒါပန်းတွေကို ဒါပန်းတွေပွင့်ရာလွင်ပြင်ငယ် တွေကို စာရင်းတစ်ချင်းတည်း စာရင်းတစ်ချဳင်းအဖြစ် စာရင်းအဖြေပေးစခဲ့တာဖြစ်လာပါတယ်။ ဒီစာရင်းတစ်ချုင်းမှာ လာဗန်ဒါပန်းတွေပွင့်ရာလွင်ပြင်ငယ် စာရင်းအရာအမေတစ် အဖြေပေးစခဲ့တာဖြစ်လာပါတယ်။

LavenderPan💜-7(လာဗန်ဒါပန်)

11 Feb, 06:27


Gpထဲမှာစိတ်ညစ်နေရတာ အလုပ်တို့Studyတို့မှာ motiလိုအပ်နေတဲ့ပြဿနာလေးတွေရှိရင် ပန့်ကိုမေးထားလို့ရတယ်နော်
gpထဲကတစ်ခြားစာဖတ်သူလေးတွေကလည်းစာဖတ်အားကောင်းတော့ဖြေပေးတတ်ကြပါတယ် ပန်အချိန်ရတာနဲ့ကူဖြေပေးထားပါမယ်

LavenderPan💜-7(လာဗန်ဒါပန်)

10 Feb, 15:38


ရွေးချယ်ခံရခြင်းတွေထဲမှာပါလေ့မရှိတဲ့သူဟာ
ကိုယ်ဖြစ်ခဲ့တယ်
မိသားစု သူငယ်ချင်း ချစ်ခြင်းမေတ္တာဘယ်နေရာမှာမဆို''သူကတော့ဘယ်လိုဖြစ်ဖြစ်ပြေအောင် နေတတ်တယ်''ဆိုတဲ့စကားတစ်ခွန်းနဲ့ချန်ထားခြင်းခံရမြဲပဲ
အဆင်ပြေပြေနေပြတာဟာ ဝန်ထုပ်မပေးချင်လို့ဆိုတာကိုသူတို့မတွေးခဲ့မိကြသလား မတွေးချင်တာလား..
တစ်နေ့မှာတော့ ''ကိုယ်မှ ကိုယ်''ဆိုတဲ့လူတစ်ယောက်ရောက်လာမယ်မျှော်လင့်တယ်..။
ဘယ်အချိန်မှာဖြစ်ဖြစ်ရွေးချယ်ပေးဖို့အသင့်လူတစ်ယောက်ပေါ့..။တွေဝေခြင်းမရှိပထမဆုံးဦးစားပေးရွေးချယ်ပေးတဲ့သူ..

အဲဒီသူရှေ့မှာတော့ ''အဆင်ပြေမနေဘူး''လို့ ပထမဆုံးအကြိမ်ပြောပြမိမယ်..
ရွေးချယ်ခံရခြင်းတွေအတွက်ပျော်ရွှင်ကြည့်ချင်ပါတယ်

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

08 Feb, 14:17


https://www.wattpad.com/1516646396?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

08 Feb, 08:20


ငါတို့ရဲ့ အလုပ်မဟုတ်ပါဘူး ။တစ်ခြားလူတစ်ယောက်ရဲ့စိတ်ထဲမှာ ငါတို့ကိုဘယ်လိုတွေတွေးနေမလဲ

သူတို့ဖြစ်စေချင်သလိုမပြိုလဲပြတဲ့အခါ
သဘောမကောင်းပေးတဲ့အခါ
ဘယ်လိုတွေဝေဖန်အပြစ်တင်ကြမလဲဆိုတာက
ငါတို့လိုက်တွေးရမယ့်ကိစ္စဟုတ်ကိုမဟုတ်နေပါဘူး

အဲအတွေးတွေနဲ့ပဲငါတို့ကိုယ်ငါတို့နှိပ်စက်နေခဲ့ကြတာဘယ်လောက်ကြာနေပြီလဲဆိုတာ

တကယ်ကအရေးမပါဘူးလို့တွေးလိုက်ရုံပဲ
ငါတို့ထက်ပိုပြီးအရေးပါတဲ့လူမရှိတာမလို့
ဘယ်သူ့အတွေးဘယ်သူ့ဘဝမှလိုက်ကြည့်မနေပဲ
ကိုယ့်ဘဝကိုယ်သာfocusထားခဲ့ရင်ရပြီ။

ငါအခုထိငါလိုချင်တဲ့အောင်မြင်မှုဘဝတစ်ခုမရနေသေးပေမဲ့ပြေးနေမှာပဲ ..ဘယ်သူ့နောက်မှာမှကျန်မနေခဲ့ဘူး
ငါ့ဘဝငါရှင်သန်နေတာမလို့
သိမ်ငယ်စရာအားငယ်စရာလိုကိုမလိုနေဘူး ။

အဲလိုသာအဓိပ္ပါယ်ရှိရှိတွေးခဲ့ရင်
ကိုယ်တိုင်က တန်ဖိုးထားခံရတဲ့ဖြစ်တည်မှုဖြစ်လာမှာပါ
ငါ့အတွေးတွေရော ငါပါပျော်ရွှင်နေရမှာပါ..

..

#lavenderpan -7လာဗန်ဒါပန်

အဝါရောင်ရပ်ဝန်းငယ် စာအုပ်မှ

LavenderPan💜-7(လာဗန်ဒါပန်)

02 Feb, 13:15


ဒီနေ့စောသွားပါပြီ

https://www.wattpad.com/1515185801?utm_medium=link&utm_source=android&utm_content=share_published

LavenderPan💜-7(လာဗန်ဒါပန်)

31 Jan, 15:44


ခမ်းနားတဲ့အချစ်တွေမလိုအပ်ဘူး..
ဖတ်ပြီးတဲ့စာအုပ်တွေအကြောင်းနားထောင်ပေးတဲ့သူ
ကော်ဖီညိုတွေကြိုက်တာမှတ်မိတဲ့သူ
ကြယ်တွေကိုအတူငေးကြည့်ပေးတဲ့သူ
ဝမ်းနည်းလာတဲ့အခါ ဖက်ပေးဖို့တောင်းဆိုစရာမလိုတဲ့သူ
ငါ့ရဲ့ကြောင်လေးကိုသဝန်မတိုပဲ အတူလိုက်ချစ်ပေးတဲ့သူ
ငါပြောတဲ့ဟာသတွေကသိပ်မရယ်ရတောင်လက်ခံပေးတဲ့သူ.
နည်းနည်းတော့ ခေတ်ဟောင်းဆန်တဲ့မိန်းကလေးမလို့ နားလည်ရခက်တဲ့ဆက်ဆံရေးတွေကိုသဘောမကျဘူး
အေးချမ်းပြီးလိုတဲ့နေရာမှာပြတ်သားတတ်တဲ့ရိုးရိုးရှင်းရှင်း အမျိုးသားလေးကိုပဲသဘောကျပါတယ်..။
အချစ်ကသိပ်ပြီးပြည့်စုံစရာမလိုဘူး
ဒီလိုမျိုးနည်းနည်းနွေးထွေးပြီး နည်းနည်းရိုးရှင်းတဲ့ပုံစံလေးလည်းဖြစ်နိုင်တာပဲလေ..

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

29 Jan, 16:08


ကြိုးစားပြီးပျော်ရွှင်ကြည့်ရင်ဖြစ်တာပဲလေတဲ့.။တကယ်လည်း စိတ်ပင်ပန်းစရာအခြေအနေတွေမှာ ရယ်မောပစ်ရလောက်တဲ့အထိတော့ပျော်ရွှင်နိုင်တာမျိုးမဟုတ်ပေမဲ့ အားတဲ့အချိန်မှာ Healing စာအုပ်လေးတွေဖတ်ရင်း ကော်ဖီတစ်ခွက်သောက်ရင်းပေါ့..

အိပ်ခါနီး ညနက်ထဲ ကိုယ်သဘောကျရတဲ့သီချင်းလေးတွေနားထောင်မိတဲ့အခါ အရသာရှိတဲ့စားစရာလေးစားရင်း အစားအသောက် ပုံလှလှလေး တင်လိုက်တဲ့အခါ..။

ဒီလိုကိုယ့်အတွက်လုပ်တဲ့ပျော်ရွင်မှုသေးသေးလေးတွေရှိသလိုတစ်ခြားသူကနေပြန်ရနိုင်တဲ့ပျော်ရွှင်မှုလေးတွေလည်းရှိတယ်

ခက်ခက်ခဲခဲ စျေးရောင်းနေရတဲ့အဘိုးအဘွားတွေဆီက ပိုက်ဆံပိုပေးရင်းစျေးဝယ်ပေးတာမျိုး..။

နောက်ဆုံး ကိုယ်နဲ့ အနည်းအကျဥ်း သိရုံသာသိတဲ့ တစ်ယောက်ယောက်ကပုံလှလှလေးတင်တဲ့အခါ သဘောကျကြောင်းpositive mentလေးရေးပေးတာ၊ စိတ်ဓာတ်ကျတာတွေ့တဲ့အခါ အားပေးစကားလေးမန့်ပေးတာကအစ

ကြီးကျယ်တဲ့ပျော်ရွှင်ခြင်းရတဲ့အထိစောင့်စရာမလိုဘူး..။

ပျော်ရွှင်ခြင်းဒီလို နည်းနည်းလေးတွေကို တကူးတကသိမ်းဆည်းရင်း နောက်တစ်ရက်လောက်ဖြစ်ဖြစ်ထပ်ရှင်သန်ဖို့ အားအင်လေးရသွားတာပဲမလား..

ကြိုးစားပျော်ရွှင်ကြည့်ပါ..
ဒီလိုနည်းနဲ့ပဲ ဖြစ်ဖြစ် ထပ်ပြီးရှေ့ဆက်စေချင်ပါတယ်

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

27 Jan, 15:08


Mental breakဖြစ်နေတဲ့အချိန် တစ်ခုခုကိုအာရုံစိုက်ဖို့ခက်ခဲနေတဲ့အချိန် အရင်လိုဘာကိုမှစိတ်ပါဝင်စားမှုမရှိတော့တဲ့အခါ ဘာလုပ်ရမလဲဆိုတာက စာဖတ်သူအများစု ပန့်ကိုလာမေးလေ့ရှိတဲ့မေးခွန်းပါ..

တကယ်တော့ ကိုယ့်ဝါသနာလုပ်နေကြအလုပ်ကိုစိတ်ဝင်စားမှုမရှိတော့တာမဟုတ်ပဲ ဖြစ်ပါ့မလားဆိုတဲ့ကြောက်ရွံခြင်းတွေ ငါအခုလုပ်နေတာမှန်ရဲ့လားဆိုတဲ့မရေမရာတွေကြားလမ်းပျောက်သွားတာပါ..

Tipလေး3ခုပြောပြရရင်

အိပ်စက်လိုက်ပါ.ပန်ကတော့အိပ်ဆေးအကူအညီယူပြီးဖြစ်ဖြစ်အိပ်ချပစ်တတ်ပါတယ်..နောက်ပိုင်းတော့ပန့်ရဲ့အိမ်က ကြောင်လေး သူ့ဆီကထွက်တဲ့purringအသံလေးနားထောင်ပြီးအိပ်ပျော်တတ်လာတယ်
.ဒီနည်းကတော်တော်လေးအသုံးဝင်ပါတယ် အိပ်ပစ်လိုက်တာဟာခန္ဓာကိုယ်ကိုrestartချပြီးအနားယူလိုက်တာမလို့ နိုးလာတဲ့အခါပြဿနာဖြေရှင်းဖို့ခေါင်းအေးအေးနဲ့စီစဥ်နိုင်လာပါလိမ့်မယ်...အိပ်ရေးဝဝအိပ်ပါ

2.

စိတ်ပျံ့လွင့်မှုကိုစုစည်းတဲ့အထိရောက်ဆုံးနည်းကတော့ဖုန်းကိုချလိုက်ပြီး တရားထိုင်ပါ

ကိုယ့်အခန်းကိုယ်နေရာတဲ့နေရာကအသံသိပ်မလုံရင် relaxing လေတိုက်သံအရွက်ကြွေသံလေးတွေကိုဖြစ်ဖြစ်နားကြပ်တတ်ရင်း ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုထဲကိုသာအာရုံစိုက်နေကြည့်ပါ..။အဲအချိန်ကိုယ်ကအခုမှစထိုင်တဲ့သူဆိုအရမ်းကို အတွေးတွေအများကြီးရလာလိမ့်မယ်
ဝမ်းနည်းစိတ် အားမလိုအားမရစိတ် နောင်တတွေ..။အဲအချိန်တွေးရမှာက ငါအခုရှင်သန်နေတယ် ရှေ့ဆက်နိုင်တယ်ဆိုတဲ့စိတ်လေးပါပဲ ..တစ်ချို့အရာတွေကငါပြန်လှည့်လည်းဒီအတိုင်းပဲနောင်တမရဘူး ရှေ့ဆက်ပြီး တစ်ရက်စီကိုသေချာရှင်သန်ကြည့်မယ် ကြိုးစားကြည့်မယ်ဆိုတဲ့အတွေးလေးနဲ့နှစ်သိမ့်ပြီး ကလေးတစ်ယောက်ကိုနှစ်သိမ့်သလို ကိုယ့်စိတ်ကိုယ်ချော့ပါ..ခွှင့်လွှတ်ပါ ကြင်နာပါ
တဈရကျကျိုနာရီဝကျပဲ ဖြစ်ဖြစ်အချိန်ပေးပြီး စိတ်ကြည်တဲ့အထိအဲလိုလေးတရားထိုင်ပေးပါ..။

3.

Social mediaကို အချိန်ကန့်သတ်လိုက်ပါ
ဘယ်လောက်ပဲသုံးချင်နေပါစေ.. ဘယ်နှစ်နာရီထိပဲဆိုပြီးကန့်သတ်ချက်နဲ့

ဘာလို့လဲဆိုထပ်ခါထပ်ခါတတ်လာတဲ့postတွေမှာ စိတ်ဝင်စားစရာတွေများတယ်.နောက်ကိုယ့်ထက်အခြေအနေသာနေတဲ့သူတွေ့ရင်ဝမ်းနည်းမယ်မနာလိုမိမယ် ကြည်နူးစရာpostတွေ ဒေါသတွေ ခဏလေး ဖြစ်ပျက်သွားတဲ့အချိန်လေးမှာ စိတ်ကပုံစံမျိူးစုံပြောင်းလဲသွားတယ် အာရုံစိုက်ရခက်သွားတာမဆန်းတော့ပါဘူး
ရအောင်အချိန်ပေးရပ်ပါ

ဒီ3ချက်လေးကတကယ်တမ်းလိုက်လုပ်ရင်စိတ်နိုင်ဖို့အရမ်းလိုပါတယ်..။ ကအကယ်၍ စသုံးကျင့်ဖြစ်ခဲ့ရင် ကိုယ့်မှာရှိနေတဲ့ စိတ်ကျတာတွေအာရုံပြန့်မှုပေါ်မူတည်ပြီး အနည်းနဲ့အများ စပြေလာမယ်လို့ထင်ပါတယ်

#lavenderpan-7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

25 Jan, 15:38


ကတိအတိုင်း

https://www.wattpad.com/1513136038?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

25 Jan, 08:58


အခုချိန်မှာ ကိုယ့်ကိုယ်ကိုရောဘေးကလူကိုရောဂရုစိုက်ပါ..။..ပိုပြီးစိတ်မွန်းကျပ်လာတဲ့အခါလုပ်မိသမျှပြုမိသမျှတွေကအဆိုးဘက်ပိုများမိလာတတ်တယ်..ဘာမှ. ပြောလို့မပြေ ဘေးကရင်းနှီးတဲ့လူတွေနဲ့ပါပြဿနာတက်လာကြတဲ့အခါစိတ်ကအရမ်းအဆုံးစွန်ပိုရောက်သွားနိုင်တယ်
အဲထိမသွားသေးပဲစိတ်လေးကိုတစ်ချက်ပြန်ကပ်ငြိမ်အောင်ထားပြီဂရုစိုက်ပါ.။
.စိတ်အတက်အကျကိုထိန်းချုပ်ပြီးဘယ်လို ရှေ့ဆက်ရမလဲခေါင်းအေးအေးနဲ့တွေးပါ..ကိုယ့်ကိုယ်ကိုကိုယ်ချစ်တဲ့သူတွေကိုပါပိုဂရုစိုက်ပြီးကြင်နာနွေးထွေးသင့်ဆုံးအချိန်ပါပဲ

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

22 Jan, 15:55


you are not alone.
မင်းလိုပဲအတိတ်တွေကနေလွတ်မြောက်ဖို့ကြိုးစားနေတဲ့သူတွေ..လောကကြီးမှာလူကောင်းတွေလည်းရှိပါတယ်.သူတို့ကမင်းနဲ့အတူရှိနေတာမလို့ တစ်ယောက်ထဲလို့ဘယ်တော့မှဝမ်းမနည်းပါနဲ့မင်းရဲ့နာကျင်မှုတွေကို နားလည်ကြ ပါတယ် မင်းတစ်​ယောက်ထဲမဟုတ်ပါဘူးကလေးရေ ငါတို့ကမင်းအတွက်ရှိနေပါမယ်

LavenderPan💜-7(လာဗန်ဒါပန်)

22 Jan, 15:53


I hope you tell yourself you're beautiful
မင်းကလှပတဲ့လူသားလေးပါ
ဒါကိုယုံကြည်စေချင်ပါတယ်..။သူများအမြင်တွေကမင်းရဲ့ဘဝမဟုတ်ပါဘူး ကိုယ့်ကိုယ်သာလှတယ်လို့မြင်ကြည့်ပါ အမာရွတ်တွေဟာလည်းနာကျင်ခြင်းကိုရင်ဆိုင်နိုင်ခဲ့တဲ့ဂုဏ်ယူစရာအဖြစ်..
လောကကြီးမှအပြည့်စုံဆုံးသူဆိုတာမရှိသလိုအလှပဆုံးမိန်းကလေးဟာလည်းတစ်ချိန် အိုမင်းသွားမှာပါပဲ
ငယ်ရွယ်ခြင်းမှာအလှဆုံးမိန်းကလေးကိုယ့်ကိုယ်ကိုပြုံးပြလိုက်ပါ.. ကြင်နာပါ

LavenderPan💜-7(လာဗန်ဒါပန်)

22 Jan, 15:07


သတိတရလွမ်းမိခြင်းဟာ တစ်ဖက်သက်ချစ်ခြင်းမေတ္တာပါပဲ..။မျက်ဝန်းညိုလေးက ဘယ်သူ့ကိုများ သဘောကျစရာကောင်းအောင်ရယ်မောပြနေမှာပါလိမ့်..
အတ္တမကြီးမိအောင်ကြိုးစားရင်း အနည်းငယ်တော့နာကျင်ရတယ်ထင်ပါရဲ့

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

18 Jan, 15:33


Update

https://www.wattpad.com/1511405121?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

17 Jan, 16:02


သက်ရှိကြယ်လေးကို...ဘဝမှာရှာတွေ့ခဲ့ဖူးလား
ဆယ်ကျော်သက်ဘဝရဲ့ ထွက်ပေါက်မဲ့တဲ့နေ့တစ်နေ့မှာ အဲကြယ်လေးကိုရှာတွေ့ခဲ့ပါတယ် ။

ဆယ်ကျော်သက်ဘဝက စိန်ခေါ်မှုတွေများတဲ့ရွှင်လန်းတက်ကြွနေတဲ့ အရွယ်လို့ပြောကြပေမဲ့ကျွန်မမှာ အဲဒီလိုသိပ်မရှိခဲ့ဘူး ကိုယ့်ကိုယ်ကိုတောင်မုန်းတီးနေခဲ့တာ။

အမှတ်မထင် ဖန်သားပြင်ပေါ်ကပေါ်လာတဲ့ပုံရိပ်လေးကိုကြည့်ရင်းချွေးစက်တွေအပြည့်နဲ့တောင် ရယ်မောနေတဲ့လူတစ်ယောက်က စိတ်ထဲစနေရာယူလာခဲ့တယ်

ဒဏ်ရာမရဖူးတဲ့လူဆိုတာမရှိဘူး
ကျော်လွှားနိုင်တဲ့လူပဲရှိတယ်ဆိုတာကိုစပြီးသဘောပေါက်ခဲ့တယ်

သူစိမ်းတစ်ယောက်ရဲ့သီချင်းသံက အားအင်ဖြစ်လာခဲ့ပြီး ''အဆင်ပြေသွားမှာပါ''ဆိုတဲ့ အပြုံးတွေကနေ့ရက်တိုင်းရှာကြည့်မိတဲ့ ခိုနားရာလေးဖြစ်လာခဲ့တယ်

အရွယ်တစ်ခုရောက်လာခဲ့ပေမယ့်
အလုပ်တွေများလာပြီး သဘောကျရတဲ့လူတွေရှိလာပေမယ့် မကြာခဏ ဟိုးအဝေးကြီးကသူစိမ်းတစ်ယောက်အကြောင်းကိုတွေးမိရှာကြည့်နေမိဆဲပါပဲ

ခက်ခဲတိုင်း သူပြောခဲ့တဲ့စကားတွေနဲ့ ခပ်အေးအေးသီချင်းသံလေးကိုနားထောင်မိမြဲ။ ထိခိုက်ရာတွေကို လျစ်လျူရှုရင်း ခွန်အားအပြည့်နဲ့ကခုန်သွားတဲ့လူငယ်လေးကို အားကျမိဆဲပါပဲ

ဒီထက်ပိုပြီးကြီးပြင်းတဲ့ အသက်အရွယ်ရောက်လာရင်တောင်

ဆယ်ကျော်သက်ဘဝမှာရှာတွေ့ခဲ့တဲ့
သက်ရှိကြယ်လေးကို
အမြဲကျေးဇူးတင်နေမှာပါ

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

12 Jan, 13:10


Canola ပန်းဝါလေးတွေရဲ့ အဓိပ္ပါယ်က နွေဦးရဲ့ပျော်ရွှင်ခြင်း တဲ့..။နွေဦးဟာငယ်ရွယ်တောက်ပခြင်းကို ကိုယ်စားပြုတာမလို့
''ငယ်ရွယ်ချိန်ရဲ့ပျော်ရွှင်မှုလေး'' လို့ဆိုလိုပါတယ်..

တိမ်ဆိုင်ပြာအောက်က
ပန်းခင်းဝါတွေလိုပါပဲ
မင်းကကိုယ့်ရဲ့ခပ်မှိုင်းမှိုင်းနေ့စွဲတွေထဲက
နေသာတဲ့ ပျော်ရွှင်မှုနေ့ရက်လေးဖြစ်လိမ့်မယ်.။

အချိန်တွေဟာ
မောင်းသူမဲ့ ရထားတစ်စင်းလို
ဘဝတွေကို ဖြတ်သန်းသွားခဲ့လည်း

မင်းနဲ့ပတ်သတ်သမျှ အမှတ်တရတွေဟာ Canolaပန်းခင်းဝါတွေနဲ့အတူ
နွေးထွေး လတ်ဆတ်ဆဲပါပဲ...
#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

11 Jan, 16:14


လေပြည်အကြွေးလာဆပ်ပါပြီ 💙
https://www.wattpad.com/1434962782?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

07 Jan, 17:16


When marnie was there

LavenderPan💜-7(လာဗန်ဒါပန်)

07 Jan, 17:12


''I'll be fine on the outside''
လူတွေရဲ့အပြင်ဘက်မှာ ငါအဆင်ပြေပါလိမ့်မယ်.

Ghibi movieထဲမှာသဘောအကျမိဆုံးကားပါ..။
စိတ်ဒဏ်ရာရှိနေတဲ့ ကလေးတစ်ယောက်ရဲ့ခံစားချက်ကိုအနီးစပ်ဆုံးသိချင်ရင်When marnie was thereဆိုတဲ့ဇာတ်ကားလေးကိုကြည့်သင့်တယ်ထင်တယ်..

သူမလေးက မိဘမဲ့အပြင် နဂိုထဲကလည်းရောဂါအခံရှိတာမလို့ပိုဆိုးပေါ့..တိတ်ဆိတ်ပြီးရင်းတိတ်ဆိတ်တယ်..

သူမရဲ့ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့တဲ့ Marnie

ထူးခြားတဲ့တွေ့ဆုံမှုတိုင်းဟာ
တိုက်ဆိုင်မှုသက်သက်မဟုတ်ခဲ့ဘူးတဲ့

Marnieကလည်းပျော်ရွှင်မှုတွေသီချင်းသံတွေပြည့်နေတဲ့အိမ်ကြီးထဲက အထီးကျန်နေတဲ့တစ်ယောက်သောသူဖြစ်တယ်

သူတို့နှစ်ယောက်ခင်တွယ်ခဲ့တာအံ့သြစရာတော့မရှိပါဘူး ။ဒဏ်ရာတွေရဖူးသူသာအကောင်းဆုံးနှစ်သိမ့်သူဖြစ်နိုင်တယ်လေ

ခံစားချက်မဲ့တဲ့မျက်နှာနဲ့AnnaဟာMarnieရှေ့မှာငိုချခဲ့တယ်..။Marnieကိုပွေ့ဖက်တယ်
ရယ်မောတယ် ပြုံးရယ်တယ်

ဒီကားလေးကိုကြည့်ပြီးတဲ့နှစ်အတော်ကြာအထိစိတ်ထဲစွဲနေခဲ့တာOst songလေးပါပဲ

အထီးကျန်နေတဲ့လူသားနဲ့လကလေးတစ်စင်းအကြောင်းသီချင်းပါ

သီချင်းနာမည်ကI'll be find on the outside တဲ့

စာသားအချို့ကိုပြောပြရင်

ငါ့မှာဘယ်တုန်းကမှ သူငယ်ချင်းအများကြီးမရှိခဲ့ဘူး


ဒီလိုမျိုးနဲ့ကြီးပြင်းလာတာကိုအဆင်ပြေဖို့ပဲ ငါသင်ယူခဲ့တယ်

ငါပါပဲလေ ဒီလိုမျိုးကငါ့ပုံစံပါပဲ


လူတွေရဲ့အပြင်ဘက်မှာပဲငါဟာအဆင်ပြေပါလိမ့်မယ်

ငါ့အခန်းလေးထဲမှာထိုင်နေရင်း လလေးနဲ့
နာရီပေါင်းများစွာအတူရှိနေခဲ့တယ်


ပြီးတော့ငါတွေးမိပါရဲ့
ငါသေဆုံးသွားတဲ့အခါဘယ်သူကများ ငိုကြွေးပြီး ငါ့နာမည်ကိုသတိရပေးကြပါ့မလဲ


ငါ့မျက်နှာကိုရော မှတ်မိပါ့မလား

,

တစ်ခါတစ်ရံငါပျောက်ဆုံးသွားသလိုပါပဲ

တစ်ခါတစ်လေငါစိတ်ရှုပ်ထွေးရတယ်

တစ်ခါတစ်လေမှာတော့ငါနားလည်ခဲ့တယ်
ငါအဆင်မပြေနေဘူးဆိုတာလေ ''

#lavenderpan -7 လာဗန်ဒါပန်

Orginal video credit to owner

LavenderPan💜-7(လာဗန်ဒါပန်)

03 Jan, 17:25


Winnerရရှိသွားတဲ့ငယ်လေးက လိပ်စာဖုန်းနံပါတ်လေးလာပေးပါနော် ကျန်တဲ့ငယ်လေးတွေလည်းပျော်ရွှင်ရတဲ့နှစ်သစ်လေးဖြစ်ပါစေမင်တို့ကလက်ဆောင်ထပ်ပေးမှာပါ

LavenderPan💜-7(လာဗန်ဒါပန်)

01 Jan, 12:51


Edit-ဖောက်ပေးပြီး

Telegram က ဆရာမပန်ရဲ့စာဖတ်သူတွေအတွက် စာဖတ်သူလေးတစ်ယောက်ကနေနှစ်သစ်လက်ဆောင်GAလေးပေးသွားပါတယ် commentလေးတစ်ခုစီမန့်ပေးပါနော်💜ပေးသွားတဲ့ငယ်လေးကိုလည်းကျေးဇူးပါ💜

LavenderPan💜-7(လာဗန်ဒါပန်)

01 Jan, 10:31


Welcome, January 1st 2025
Page 1 of 366 .

ပိုပြီးကံကောင်းခြင်းနဲ့ ရယ်မောခြင်းတွေရရှိသောနှစ်တစ်နှစ်ဖြစ်လာစေချင်တယ်
ကြုံလာရတဲ့ကိစ္စတွေကိုလည်း ရင်ဆိုင်နိုင်တဲ့အထိသန်မာစေချင်ပြီး ကိုယ့်ကိုယ်ပိုတန်ဖိုးထားပေးမယ်..

ချစ်ရတဲ့သူတွေနဲ့ အခုကနေ နှစ်ဆုံးအထိအတူရှိသွားရင်း အေးချမ်းပြီးစိတ်ချမ်းသာရတဲ့နေ့လေးတွေကိုပဲ ရိုးရိုးရှင်းရှင်းပိုင်ဆိုင်ချင်ပါတယ်

ပင်ပန်းခြင်းတွေရှင်သန် တောင့်ခံရင်းအဆုံးမှာတော့ပျော်ရွှင်ဖို့ ချစ်ခြင်းမေတ္တာတွေရရှိမယ့်နှစ်လေးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်လေ..

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

28 Dec, 15:34


အပိုင်း26ပိုင်းသာရှိတဲ့ပုံပြင်လေးတစ်ပုဒ်ကိုနှစ်တွေအကြာကြီးရေးမိသွားခဲ့တယ်။
စိတ်တွေလည်းဆိုးကြပြီးထွက်သွားစေမိလို့တောင်းပန်ပါတယ်
ဟိုးနှစ်စတုန်းကဖတ်ခဲ့ဖူးတဲ့စာဖတ်သူတစ်ယောက်လောက်က တစ်ချိန်ချိန်မှာ အမှတ်မထင်ပြန်လာဖတ်မိခဲ့ရင်ကတိတည်နိုင်ခဲ့ပေမယ့် အများကြီး ကြာသွားခဲ့လို့တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်
ဟိုးနှစ်တွေတုန်းကအရေးအသားမလို့မရင့်ကျက်တဲ့နေရာအစပိုင်းတွေတွေ့ပေမယ့်လည်းမပြင်တော့ပါဘူး။ စာလုံးပေါင်းစစ်တာကလွဲရင် ဒီတိုင်းပဲငယ်ရွယ်မှုကို သဘောကျစွာထားခဲ့ပါမယ်
ဆာကူရာပုံပြင်လေးဟာအဆုံးသတ်သွားခဲ့ပါပြီ 28.12.2024 )



https://www.wattpad.com/1506045275?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

28 Dec, 13:16


https://www.facebook.com/share/p/15jxhBgPKR/

2025 GAလေးပါ💜

LavenderPan💜-7(လာဗန်ဒါပန်)

28 Dec, 11:38


ဒီည7နာရီပန့်pageမှာ နှစ်သစ်လက်ဆောင်Giftလေးတစ်ခုကြော်ငြာဖို့နဲ့GAပေးဖို့ရှိပါတယ်Teleမှာထပ်ရှယ်ပေးမယ်နော်💜

LavenderPan💜-7(လာဗန်ဒါပန်)

25 Dec, 02:27


Dear Santa
ကြိုးစားပြီး ရှင်သန်ရင်းစောင့်နေဦးမှာမလို့
နောက်နှစ်တော့သေချာပေါက်ပျော်ရွှင်ခြင်းတွေကို လက်ဆောင်ပေးမယ်မလား..

ဆန်တာကလော့ဆိုတာကိုစောင့်မျှော်ဖို့
အသက်ကြီးလွန်းနေပြီလို့ ထင်ရပေမဲ့
ဒါကငါ့ရဲ့မကြီးပြင်းချင်တဲ့ ရူးသွပ်မှုလေးဖြစ်နိုင်တယ်

ပျော်ရွှင်ချင်တယ်

တစ်ယောက်ယောက်ဆီက အချစ်ခံရဖို့
နွေးထွေးခြင်းတွေရရှိ ဖို့
ကောင်းမွန်တဲ့လူသားအဖြစ် အတတ်နိုင်ဆုံး
နေထိုင်ခဲ့ပါတယ်

#lavenderpan -7

LavenderPan💜-7(လာဗန်ဒါပန်)

24 Dec, 12:45


မင်းကိုတွေ့လိုက်ရချိန်တိုင်းမှာ
ဘယ်သူ့ကိုမှ မလိုအပ်နေသလိုပါပဲ

အဲလိုဖြစ်အောင်နေပြတာကိုက
မင်းကအထီးကျန်နေတဲ့ကလေး ဆိုတာ
သေချာသွားတယ်

မင်းမာကျောချင်ယောင်ဆောင်နေပြတာက
မင်းပျော့ညံ့တဲ့အခါအနိုင်ယူခဲ့ကြလို့

မင်းအနားရောက်လာခဲ့တဲ့သူတိုင်းက
မင်းကိုနာကျင်စေလို့
မင်းက ဘယ်သူ့ကိုမှဆက်မလိုအပ်တော့ဖို့
ဆုံးဖြတ်ခဲ့တယ်.

မေ့ပစ်လိုက်ပါလို့ပြောရင်
မင်းအပေါ်သိပ်ရက်စက်ရာကျသွားမှာပါ

ဒါပေမဲ့မင်းတစ်စုံတစ်ယောက်ကိုလိုအပ်ပါတယ်..။

နာကျင်မှုတွေကို ခံနိုင်ရည်ရှိသွားတဲ့တစ်နေ့
အတိတ်တွေကရုန်းထွက်နိုင်ပြီး
မင်းလက်လေးကို ကမ်းပေးလာမယ်မျှော်လင့်ပါတယ်

မင်းကိုသိပ်ချစ်တဲ့တစ်စုံတစ်ယောက်က
သူ့ကိုမင်းရှာတွေ့ဖို့စောင့်နေတာမလို့

ကျေးဇူးပြုပြီး
မင်းပိတ်ပစ်ခဲ့တဲ့ကမ္ဘာငယ် လေးကို
နည်းနည်းလောက် ဖွင့်ပေးတော့မလား..

...

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

22 Dec, 14:33


ချစ်ရပါသော ကလေးငယ်အတွက်တတိယမြောက်စာတစ်စောင်

မင်းသိပါရဲ့လား..
နှလုံးသားတွေကလည်းလိမ်ညာတတ်ကြတယ်တဲ့ ။
ငိုချင်နေပေမဲ့ဘာမှမဖြစ်ပါဘူးလို့လိမ်တယ်
တာဝန်တွေကနေထွက်ပြေးသွားချင်နေပေမဲ့ ငါမကြောက်ရွံ့ဘူးလို့လိမ်တယ်

အလိမ်ညာတွေပေါက်ကွဲထွက်လာတဲ့တစ်နေ့ကြရင် ပြိုလဲသွားတတ်ကြရော

အဲတစ်နေ့ကိုမရောက်ခင်ခဏလောက်လွှတ်ချပြီးထွက်ပြေးလိုက်တာပဲ ဖြစ်ဖြစ် ငိုကြွေးပေါက်ကွဲလိုက်တာရင်ဖွင့်လိုက်တာဖြစ်ဖြစ်လုပ်ပါ..။

အဲလိုလုပ်လို့မင်းကိုဘယ်သူမှမလှောင်သလိုအပြစ်လည်းမတင်ရက်ပါဘူးကွယ်

နှလုံးသားကိုရိုးသားစေပါ..။
ဒါမှဒဏ်ရာတွေကိုရှာတွေ့ပြီး ကြိုးစားကုသနိုင်မယ်..။ပျော်ရွှင်နိုင်လိမ့်မယ်
ရှေ့ဆက်ပြီးအများကြီးရှင်သန်နိုင်လိမ့်မယ်

''sometimes the wrong train takes you to the right station''

တစ်ခါတစ်လေမှားနေတဲ့ရထားကလည်း
နေရာမှန်ဆီကိုခေါ်သွားတတ်တယ်တဲ့

အခုအချိန်မင်းလုပ်နေတဲ့အရာတွေကလည်း မှားတယ်လို့ခံစားမိနိုင်စေပေမဲ့ မင်းလိုချင်တဲ့တစ်နေ့ကိုမရောက်စေဘူးလို့ဘယ်သူပြောလဲ..။

ကိုယ့်ကိုယ်ကို အတွေးမှားတွေနဲ့မဖိနှိပ်ထားပါနဲ့..။မင်းကိုယ်တိုင်အတွက်ပဲ အတွေးပေါ့ပါ့ပါးပါးလေးထားပြီး
ရှင်သန်ကြည့်ကြပါစို့လေ..

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

14 Dec, 14:48


5နှစ်နီးပါးကြာမှပြန်လာဖြစ်တဲ့ဒီပုံပြင်လေးဟာ2ပိုင်းပဲကျန်ပါတော့တယ်
https://www.wattpad.com/1502702591?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

14 Dec, 02:24


Telegram မှာတော့memoriesရယ်မပေါ်ပေမယ့် fbမသုံးတဲ့ကလေးတွေ ဖြေလို့ရအောင်ပန် လာတင်ပေးတာပါရှင်💜 Goalsဆိုတာကလေ wish တစ်မျိုးပါပဲ ကိုယ်တိုင်လုပ်ယူရတဲ့ဆုတောင်း.. ပြီးတော့လူတွေမှာစိတ်စွမ်းအင်ရှိတယ်အနည်းနဲ့အများ..ဒါကြောင့်Diaryစာအုပ်လေးမှာဖြစ်ဖြစ်Goalsထားကြည့်ကြပါ ...2025ဆုတောင်းလေးတွေလည်းဖြစ်လာကြပါစေကွယ်

LavenderPan💜-7(လာဗန်ဒါပန်)

14 Dec, 02:21


နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခါနီးရောက်လာတဲ့အခါ2025မှာဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့အတူmemoriesလုပ်ရအောင်

1.Fav song

2.ဒီနှစ်မင်းအကြိုက်ဆုံးဖြစ်ခဲ့တဲ့movie(series)

3.မင်းရဲ့အနှစ်သက်ဆုံးပန်း

4.fav movie or Drama (အရင်ထဲကနေအခုထိfav)

5.fav person
တွေ့ခဲ့တဲ့လူတွေထဲကအထူးခြားဆုံးလူတစ်ယောက်(မင်းရဲ့idolလိုမျိုးပေါ့)

6.နောက်နှစ်ဒီစာလေးmemoryပြန်တက်လာတဲ့အခါ မင်းရဲ့ဘယ်ဆုတောင်းကိုပြည့်နေစေချင်လဲ

7.မင်းဒီနှစ်မှာလုပ်ဖြစ်တဲ့အထဲက အအောင်မြင်ဆုံးလို့ထင်ရတဲ့ကိစ္စတစ်ခု

8.ဒီနှစ်ရဲ့မင်းကို အနာဂတ်ကမင်းကပြန်တွေ့တဲ့အခါ
အနာဂတ်ကမင်းကဒီစာလေးပြန်ဖတ်ဖြစ်တဲ့အခါ
ဘယ်စကားမျိုးပြောထားခဲ့ချင်လဲ

9.fav color

10.2025အတွက်အလိုချင်ဆုံး3 wishes

မနှစ်ကလည်းပန်ရဲ့ pageအကြီးမှာ memoryလေးလုပ်ပေးခဲ့တယ်..။ဒီနှစ်တော့ဒီpageလေးမှာပဲ လုပ်ပေးခဲ့ပါပြီ

အကုန်မဖြေလည်းရတယ်
စိတ်ထဲရှိတာပဲဖြေခဲ့ပါ.
Shareပြီးဖြေထားလည်းရတယ်.memoryတက်လာမှာပဲလေ

အမှတ်တရအတူသိမ်းချင်ရင်ဖြေခဲ့ပြီး..
နောက်နှစ်ကြဖွင့်ဖတ်ကြမယ်နော်

#lavenderpan -7 လာဗန်ဒါပန်
December.2024

LavenderPan💜-7(လာဗန်ဒါပန်)

10 Dec, 15:26


ချစ်ရတဲ့ငါရေ
အပင်ပန်းရဆုံးနှစ်တစ်နှစ်ရဲ့အဆုံးသတ်အထိ
တောင့်ခံနိုင်လို့ ကျေးဇူးတင်ပါတယ်

ပျော်ရွှင်ခြင်းပန်းဝါလေးတွေဆီ ရောက်တဲ့အထိ
ဆက်သွားကြအောင်..

အများကြီးဝမ်းနည်းမိစေခဲ့လို့
အမှားတွေလုပ်မိခဲ့လို့ တောင်းပန်ပါတယ်

ရခဲ့တဲ့စိတ်ဒဏ်ရာတွေအတွက်
ထပ်မရအောင်ကာကွယ်ပေးမယ်

ပိုပြီးချစ်သွားပေးပြီး စောင့်ရှောက်ပေးပါမယ်
တန်ဖိုးထားပါမယ်ကွယ်

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

09 Dec, 16:10


စိတ်ရှုပ်လာတိုင်းအဲရင်ခွင်လေးထဲပြေးခိုလို့
ပွေ့ဖက်ထားချင်တယ်
တစ်နေ့တာရဲ့အမှတ်တမဲ့တွေ့ခဲ့တဲ့ ကြောင်လေးအကြောင်းကအစ ပြောပြချင်တယ်

အဖော်မင်တဲ့သူမလို့ စကားတွေများမိတဲ့အခါ
ခေါင်းတငြိမ့်ငြိမ့်နားထောင်နေတဲ့ခပ်အေးအေးမျက်ဝန်းညိုလေးကို တစိမ့်စိမ့်ရှက်သွားတဲ့အထိ ငေးချင်တယ်
မင်းပေးခဲ့ရင် ပန်းသေးသေးလေးတစ်ပွင့်ကအစ
တန်ဖိုးထားမယ်

ငြီးငွေ့စရာမရှိတဲ့ရယ်မောဖွယ်ဘဝလေးကိုလိုအပ်တယ် မင်းနဲ့အတူပေါ့ ချစ်သောရေ

#lavenderpan -7

LavenderPan💜-7(လာဗန်ဒါပန်)

08 Dec, 14:58


စောင့်ဆိုင်းရခြင်းတွေကို သဘောကျတယ်
အမြဲအတွေးထဲမှာတော့ ရှိပေမဲ့
တွေ့ဆုံကြဖို့တောင်သေချာပါ့မလားမသိပေမဲ့
ဟိုးအဝေးဆုံးမှာရှိနေကြပေမဲ့လည်း
သဘောကျတယ်..
မင်း ဖြစ်နေလို့ပဲထင်ပါတယ်..။

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

07 Dec, 14:39


ပြီးခါနီးပါပြီ💙


https://www.wattpad.com/1501112826?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

02 Dec, 16:21


မင်းအရင်ကထက်ကြောက်ရွံ့မိတယ်လို့ခံစားရတဲ့အခါ ဂုဏ်ယူပါတဲ့

ဒါက မင်းဘဝရဲ့စွန့်စားခန်းကိုစတင်နေပြီမလို့
မင်းရဲ့အိပ်မက်တွေကိုရင်ဆိုင်ရယူနေရပြီမလို့လေ

Comfort Zoneထဲမှာ အေးအေးဆေးဆေးနေနေရင်ဘယ်လိုလုပ် ကြောက်ရွံမှုစိုးရိမ်မှုတွေရှိလာမှာလဲ

ရဲရင့်ခြင်းဟာ ရှေ့ကိုဆက်တိုးခြင်းပါပဲ
မင်းမကြောက်နေတာမဟုတ်ပါဘူးလေ

တစ်ခါတစ်လေအရမ်းပင်ပန်းပြီး စိုးရိမ်လာတဲ့အခါ
ခဏရပ်နှစ်နှစ်ခြိုက်ခြိုက်အနားယူလိုက်

ဒီနေ့ရက်တွေဟာ မင်းဘဝရဲ့ဂုဏ်ယူစရာနေ့ရက်တွေဖြစ်လာမှာပါပဲ

ဒီလိုပဲကြိုးစားရင်းမင်းကိုယ်မင်းဂရုစိုက်ပါ
ခံနိုင်ရည်တွေရဲ့အဆုံးမှာ
ထင်ထားတာထက်လှပတဲ့ရလဒ်တွေရလာမှာပါ

ကိုယ့်ထက်ရှေ့ရောက်နေတဲ့သူတွေကိုလည်းကြည့်ရင်းစိတ်ဓာတ်မကျပါနဲ့
ပိုလှပတဲ့အပင်ဟာပိုပြီးအချိန်ယူရတယ်

အဓိက မင်းကိုယ်မင်းဂုဏ်ယူဖို့ပဲလိုတာပါ
တစ်ယောက်ထဲရပ်တည်ပြီး ရှင်သန်နေရတာဘယ်လောက်ခက်ခဲလဲ

be proud of yourself for
how hard you're trying

ဘယ်တော့မှအရှုံးပေးဖို့မတွေးပါနဲ့
စိတ်ဓာတ်မကျပါနဲ့
ဒီနေရာထိရောက်လာပြီးတာ
မင်းသိပ်တော်လို့ပါ

#lavenderpan -7 လာဗန်ဒါပန်
#အညိုရောင်မေပလ်ရွက်လေးသို့

LavenderPan💜-7(လာဗန်ဒါပန်)

01 Dec, 06:58


Hello December
နှစ်တစ်နှစ်ရဲ့အဆုံးသတ်မှာအနည်းငယ်တော့ အေးချမ်းမှုလေး ရရှိလောက်လား

ငြီးငွေ့ဖွယ်နှစ်တစ်နှစ်ကို
နှုတ်ဆက်ဖို့ရက်30သာကျန်ရစ်တော့တယ်

ပိုသန်မာတဲ့လူတစ်ယောက်အဖြစ်နဲ့
ပိုကောင်းတဲ့နှစ်တစ်နှစ်ကိုရွေ့လျားဖို့
ငါ့ကိုယ်ငါပြင်ဆင်ဖို့
လုံလောက်တဲ့အချိန်တစ်ခုဖြစ်ဖို့
မျှော်လင့်ပါတယ်

#lavenderpan -7

LavenderPan💜-7(လာဗန်ဒါပန်)

22 Nov, 16:00


လူငယ်ဘဝထဲက တစ်ယောက်ထဲလည်းနေတတ်ဖို့သင်ယူသင့်တယ်..။
စာအုပ်တွေ ပိုစုဆောင်းပြီး ပန်းတွေကိုများများငေးမယ်

ခရီးတွေအများကြီးထွက်နိုင်ဖို့
အနာဂတ်မှာငါ့ကိုယ်ငါပျော်ရွှင်စေဖို့ အလုပ်ကြိုးစားမယ်
ဘယ်သူ့အမှီအခိုမှမပါဝင်တဲ့
အိမ်လေးတစ်လုံးပိုင်ဆိုင်စေမယ်

ကမ္ဘာကြီးရဲ့နေရာအမျိုးမျိုးမှာ
ခြေရာတစ်ချို့ချန်ထားချင်တယ်
နေဝင်ဆည်းဆာကို
မြို့လေးတွေအများကြီးကနေငေးကြည့်ခွင့်ရချင်တယ်

ငါချစ်တဲ့လူနည်းစုလေးကိုမေတ္တာတွေပေးမယ်

ငါ့ကိုယ်ငါပျော်ရွှင်မှုနဲ့ပွေ့ဖက်ခြင်းတွေပေးပါမယ်
ဘယ်သူမရှိလည်းငါပျော်ပါရစေကွယ်

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

19 Nov, 06:25


အေးချမ်းခြင်းတွေပဲရှိတဲ့ဘဝဆိုတာမရှိပါဘူး
ငါကိုယ်တိုင် ကြိုးစားနေထိုင်ခဲ့တာ
...
တတ်နိုင်သလောက် ပေးဆပ်နိုင်ဖို့ကြိုးစားရင်း
အပူတွေကိုပြန်လည်မတုန့်ပြန်ရင်းပေါ့

ပြီးပြည့်စုံနေတဲ့လူတော့မဟုတ်ပေမဲ့
ဘယ်သူ့ကိုမှ မထိခိုက်အောင်နေတယ်

ငါ့ရဲ့lifestyle ကိုငါလိုချင်သလိုပဲရှင်သန်မယ်..
ငါ့ခံစားချက်ရောငါ့လုပ်ရပ်တိုင်းကမခမ်းနားရင်တောင်
စစ်မှန်တာမလို့ သဘောကျခြင်းမုန်းတီးခြင်းက
မင်းရဲ့အပိုင်းပဲလေ..

ဘယ်သူဖြစ်စေချင်သလိုမှ
ငါက..ပြိုလဲသွားမှာမဟုတ်ဘူး

ငါတစ်ယောက်ထဲ အေးချမ်းတဲ့
ငါ့ဘဝကိုဖန်တီးယူနိုင်ပါတယ်..

အများကြီးမမျှော်လင့်တာမလို့
ငါရှင်သန်နိုင်တဲ့အချိန်လေးအတွင်းမှာ
ငါပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ကျေးဇူးတင်ရင်း ငါ့ကိုချစ်ပေးတဲ့လူနည်းစုလေးကိုတန်ဖိုးထားသွားမယ်

ငါကပျော်ရွင်ဖို့ထိုက်တန်တာမလို့လေ

#lavenderpan -7လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

16 Nov, 15:35


Happy တန်ဆောင်တိုင်ဖြစ်ပါစေ🫶🏻

LavenderPan💜-7(လာဗန်ဒါပန်)

10 Nov, 14:10


အဆင်မပြေမှုတွေများလွန်းတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပေမဲ့ ငါသိတာက ငါအကောင်းဆုံးကြိုးစားခဲ့ပါတယ်..

ငါ့အသက်အရွယ်ထက်ပိုများပြားတဲ့ပင်ပန်းမှုတွေကိုမှုတ်ထုတ်ရင်း
ငါအကောင်းဆုံးတောင့်ခံနိုင်ခဲ့တယ်

ဘယ်သူမှအသိအမှတ်မပြုရင်တောင်
ဒီအတွက်ငါ့ကိုယ်ငါဂုဏ်ယူပါတယ်
ငါ့ကိုယ်ငါအားကိုးရင်း ခက်ခဲလွန်းတဲ့နှစ်တစ်နှစ်ကိုကျော်ဖြတ်နိုင်ခဲ့တယ်

သေချာပေါက် ဒဏ်ရာတွေမကျက်သေးပေမဲ့
ငါ့အိပ်မက်ဆုတောင်းတွေမပြည့်ဝသေးပေမဲ့

နောက်နှစ်မှာ ငါ့ကိုယ်ငါထပ်ပြီးအားကိုးရင်းတောင့်ခံရင်း ငါလိုချင်သမျှရယူဖို့ကြိုးစားသွားမယ်

ချစ်ရတဲ့ငါရေ ဒီနှစ်ကိုကျော်ဖြတ်နိုင်ခဲ့လို့
ကျေးဇူးတင်ပါတယ်

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

31 Oct, 18:30


Dear November
ဒီလကလေးမှာ စိတ်အနာတရတွေလျော့ပါးသွားပြီး
စိတ်အေးဓာတ်ကလေး လက်ခံလိုရုံ

ပိုကောင်းတဲ့ ငါအဖြစ်နည်းနည်းလောက် ပြောင်းလဲသွားလိုရုံပါ။.I hope November will be bettter

#lavenderpan -7လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

28 Oct, 16:04


လူတစ်ချို့သဘောမကျရင်တောင်ဒီပုံစံလေးအတိုင်းပဲ မွေးဖွားလာပြီးရှင်သန်ခဲ့တာမလို့ အချစ်ခံရဖို့တကူးတကမလုပ်ယူဘူး

စိတ်ပင်ပန်းစရာတွေဆိုရင်ါ့ကိုအရင်လိုမျိုး မခင်မင်တော့ရင်သဘောမကျတော့ရင် ပိုပြီးအရိပ်ကဲနားလည်တာမလို့ ငါကအရင်စွန့်ပစ်ခဲ့ပါမယ်

ငါကတစ်ယောက်ထဲအေးချမ်းချင်ပြီး
ပျော်ရွှင်ချင်ရုံပါ
မင်းသဘောမကျလည်း
ငါကတစ်ယောက်ထဲပျော်ရွှင်တတ်ပါတယ်..။

ငါပေးခဲ့သမျှကတော့ အစစ်မှန်တွေပဲ ဖြစ်တာမလို့
အပေါ်ယံခင်မင်ပေးမှုတွေကို
မလိုအပ်တာသဘာဝကျပါတယ်..

စာအုပ်တွေ ကြောင်လေးတွေရယ်
သီချင်းတွေရယ်နဲ့တင် ငါဆက်ရှင်သန်ဖို့ ပြည့်စုံပါတယ်

#lavenderpan -7လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

25 Oct, 14:31


အများကြီးသဘောကျရတဲ့လူတစ်ယောက်ရှိပေမယ့် ဘယ်တော့မှဖွင့်မပြောတော့ဘူးကွယ်.
ကိုယ့်အတွက်အပိုင်မဟုတ်တဲ့အရာကို
ငေးကြည့်တတ်အောင်ပဲသင်ယူခဲ့တာမလို့လေ

#lavenderpan -7လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

22 Oct, 15:29


လူငယ်တွေလည်း မထင်ထားလောက်အောင်
သိပ်အထီးကျန်တတ်ကြတာပဲဆိုတဲ့စကားကိုကြားလိုက်ရတဲ့အချိန်..တကယ်မှန်တယ်လို့ခံစားရတယ်..
သူငယ်ချင်းတွေရှိပေမဲ့ ရင်မဖွင့်ရဲဘူး
မိသားစုတွေရှိနေပေမယ့် စိတ်ပူကြမှာစိုးလို့ပင်ပန်းတာကို ထုတ်မပြဖြစ်ခဲ့ဘူး

ပုံမှန်အတိုင်းသွားလာရယ်မောရင်းစကားတွေပြောနေကြပေမယ့် စဥ်းစားကြည့်ရင်
ဒီနှစ်တွေမှာ ငါတို့တကယ်ကိုအများကြီးအထီးကျန်ခဲ့ကြတယ်မလား

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

21 Oct, 17:37


လက်မခံချင်ဆုံးအမှန်တရားတစ်ခုက
စိတ်ဒဏ်ရာအများစုကိုအပြင်လူထက်မိသားစုကပဲပေးခဲ့တယ်ဆိုတာပဲ..။

အချစ်ခံရတဲ့ကလေးတွေတွေ့ရင်
ကိုယ်ဘာလုပ်လုပ်အသိအမှတ်ပြုပေးတဲ့မိသားစုမျိုး အမှားတွေလုပ်မိရင်တောင်နားလည်ပေးခံရတဲ့ကလေး
အဲဒီကလေးတွေရဲ့ပျော်ရွှင်မှုကဘယ်လောက်ထိလှပနိုင်မလဲ

ဘဝကိုခေါင်းမာမာနဲ့ရှေ့ ဆက်သွားနေပေမဲ့ Family ဆိုတဲ့စကားလုံးကိုတွေ့ရင်အားနည်းသွားခဲ့တာကတော့ငြင်းမရအောင်ပါပဲ

ဘဝမှာမရနိုင်ခဲ့တဲ့ဆုလာဘ်တစ်ခုလိုမျိုးပေါ့..
ယှဥ်ပြိုင်ပြီးလုယူလည်းမရနိုင်တဲ့ကံကောင်းခြင်းတစ်ခုလေ..
Family တဲ့

#lavenderpan -7လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

16 Oct, 15:00


အားလုံးပဲဒီchannelလေးထဲstayတွေရှိရင် ဒီpageလေးမှာမုန့်ဖိုးလာယူနိုင်ပါတယ်
မင်2 စဖွင့်လိုက်တဲ့pageလေးပါ
(မပန်ခွင့်ပြုချက်အရခဏတင်တာမလို့ပြီးရင်postပြန်ဖျက်ပေးမယ်နော်)
https://m.facebook.com/story.php?story_fbid=pfbid04xZqm2VZqwnMwDs3qbwDcdeJMc3FEYxxu2WKZ16Tumrr18sX5TbzZAZgQDgBKkvLl&id=61567072657242

LavenderPan💜-7(လာဗန်ဒါပန်)

15 Oct, 11:24


Winner လေးကလိပ်စာလာပေးပါနော်💙🌊

LavenderPan💜-7(လာဗန်ဒါပန်)

11 Oct, 14:37


pinအသက်20ကနေ30ကြား သက်တမ်းက ကလေးတစ်ယောက်မဟုတ်တော့သလို လူကြီးတစ်ယောက်လည်းမဖြစ်သေးတဲ့အချိန်တွေပါပဲ

အကြိုက်တွေကပြောင်းလဲလာခဲ့ပေမဲ့
တကူးတကသိမ်းထားမိတဲ့မှတ်ညဏ်တွေလူတွေ
နေရာတွေရှိလာခဲ့ပြီ..

အချစ်ခံချင်မိပြီး ချစ်ပေးချင်တဲ့အသက်အရွယ်
..အိပ်မက်တွေကိုစတင်မြင်လာပြီး ပုံဖော်ရမယ့်အရွယ်တွေပေါ့

နည်းနည်းတော့ကိုယ့်ကိုယ်ကိုပိုပြီးသိလာကြတယ်.။
ငါဟာအစွဲအလမ်းကြီးတဲ့သူလား
ငြီးငွေ့လွယ်တတ်တဲ့သူလား

ကိုယ့်ကိုယ်ကိုတဖြည်းဖြည်းပိုပြီးသိလာပြီး
ပိုပြီး ဂရုစိုက်ပေးချင်လာတယ်..။

ဘဝရဲ့ကျန်ရှိတဲ့သက်တမ်းနှစ်ပုံကို
ဘယ်လိုမျိုးနေထိုင်ဖြတ်သန်းရမလဲစစဥ်းစားရတော့မယ့် တာဝန်ရှိတဲ့အသက်အရွယ်မလို့လေ

တစ်ခါမှမရခဲ့ဖူးတဲ့အဖြေတွေကိုနားလည်လာခဲ့တယ်

ငါကဒီလိုပုံစံမျိုးရှင်သန်သွားချင်တာပါလား
ငါဖြစ်ချင်တဲ့အိပ်မက်ကဒီလိုမျိူးပါလား
ငါလိုချင်တဲ့လက်တွဲဖော်ကဒီလိုပုံစံပါလား

သန်မာသင့်သလောက်သန်မာပြီး
မခံချင်စိတ်ကို လက်တွေ့ပြဖို့အကောင်းဆုံးအရွယ်တစ်ခုရောက်လာခဲ့ပြီ

ဝေးကွာသွားတဲ့ဆက်ဆံရေးတစ်ချို့
နီးကပ်လာတဲ့ သူစိမ်းတစ်ချို့

လျှောက်လှမ်းသွားရမယ့်လမ်းက ဘယ်လမ်းပဲ ဖြစ်ပါစေ
ကိုယ့်ကိုယ်ကို ကတိတစ်ခုတော့ပေးရလိမ့်မယ်

ဒီလောက်နာကျင်ခဲ့သမျှနဲ့တန်အောင်
ဘယ်လောက်ပဲခက်ခဲလည်းကြိုးစားပြီး
ဖြစ်အောင်လုပ်မှာမလို့

အနာဂတ်က ကိုယ်ဟာ သေချာပေါက်
ပျော်ရွှင်စေရပါမယ်

#lavenderpan -7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

08 Oct, 03:56


ပန်အမြဲနားထောင်ဖြစ်တဲ့ သီချင်းလေးမလို့ပထမဆုံးvideoလုပ်ကြည့်တာပါ .။ပုံက..ပန်ရဲ့ ဖရဲလုံးလေးလက်ကလေးမှန်းသိကြတယ်မလား

မိုးရွာပြီးရင်နေရောင်ခြည်လေး ကို
ပြုံးကြည့်ချင်ရုံပါပဲလေ

Straykids-Cover me

#lavenderPan-7 လာဗန်ဒါပန်

LavenderPan💜-7(လာဗန်ဒါပန်)

05 Oct, 22:36


4နှစ်ကြာပုံပြင်ဟာအဆုံးသတ်ခါနီးခဲ့ပြီပဲ

https://www.wattpad.com/1111389956?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=LavenderPan-7

LavenderPan💜-7(လာဗန်ဒါပန်)

04 Oct, 10:07


လက်ဆောင်(Telegram သီးသန့်)
Telegramက စာဖတ်သူလေးတွေအတွက်GA(1)အုပ်သီးသန့်လာပေးသွားပါတယ်
သီတင်းကျွတ်မှာ မိသားစုတွေနဲ့အတူ ပျော်စရာကောင်းပြီး အန္တရာယ်ကင်းတဲ့ အချိန်လေးတွေပိုင်ဆိုင်ရ‌ပါစေတဲ့
ပေးသွားတဲ့သူလေးအတွက်motiလေးတစ်ခွန်းစီမန့်ပေးရင်ရပါပြီ💙🐳

LavenderPan💜-7(လာဗန်ဒါပန်)

02 Oct, 16:04


ကဲ ပြဿနာလေးနဲ့အတူGA2အုပ်ထပ်ပေးပါတယ်Teleအတွက်သီးသန့်လာပေးတဲ့ငယ်လေးလည်းရှိပါတယ်နောက်နေ့မှဖောက်ပေးပါမယ်

https://www.facebook.com/share/p/14chAdSJeiJsdcEN/?mibextid=oFDknk

LavenderPan💜-7(လာဗန်ဒါပန်)

02 Oct, 10:44


ဝေလငါးပြာလေးက WE စာပေတိုက်မှာလည်းမှာလို့ရပါပြီ💙🐋
မကြာခင်မြို့နယ််တွေဆီရောက်ရှိတော့မှာဖြစ်ပါတယ်
https://www.facebook.com/share/p/vZB8sAhEqsGdtLKe/?mibextid=qi2

LavenderPan💜-7(လာဗန်ဒါပန်)

01 Oct, 14:05


Facebookမှာဝယ်ဖို့မပြေတဲ့သူတွေကအခုaccမှာလာဝယ်လို့ရပါတယ်နော် စာအုပ်တွေကကြိုရိုက်ပြီးသားမလို့အများဆုံးစောင့်ရတစ်ပတ်ပါပဲ🐋 မင်မင်တို့က စောစောပို့ပေးပါမယ်
@lavenderland7

LavenderPan💜-7(လာဗန်ဒါပန်)

01 Oct, 12:22


ပန့်ရဲ့စာအုပ်အသေးလေးထွက်လာပါပြီ GA3အုပ်လက်ဆောင်ပေးထားပါတယ်

https://www.facebook.com/share/BHmCeDNWfjLFRvGV/?mibextid=oFDknk

3,801

subscribers

234

photos

21

videos