ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ @zkra1t Channel on Telegram

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

@zkra1t


မျက်မှောက်ခေတ်၏ အထင်ကရသမိုင်းဖြစ်စဉ်ကို အမှန်တရား၏ တွေ့မြင်ရနည်းသော မျက်နှာစာမှ လေ့လာနိုင်ရန်ရည်ရွယ်ပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ (Burmese)

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ သည် အထင်ကရသမိုင်းဖြစ်စဉ်ကို တရားမျက်နှာစာမှ တွေ့မြင်ရနည်းသောအခါ၊ သတင်းများ၏ လေ့လာအချက်အလက်များကို လည်းကြည်တယ်။ ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေးသတင်းများသည် မျက်မှောက်ခေတ်၏ အထင်ကရသမိုင်းဖြစ်စဉ်ကို အမှန်တရား၏ တွေ့မြင်ရနည်းသော မျက်နှာစာမှ လေ့လာနိုင်ရန်ရည်ရွယ်ပါသည်။ ဤသတင်းများသည် အထူးစစ်ဆင်ရေးနှင့် အထင်ကရသမိုင်းများအား တည်နေရာနှင့် အထင်ကရသမိုင်းနှင့် အထူးစစ်ဆင်ရေးနှင့် ပြည့်တော်နှင့် အထူးကန့်ကန်ကို ပြုပါသည်။ အချက်အလက်များ များစွာ နောက်မှ ဖြစ်ပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

15 Jan, 04:32


ဧက ၄၀၀၀၀ ကျော်လောင်ကျွမ်းပြီးဖြစ်သော ကာလီဖိုးနီးယားတောမီး အရှိန်မသေသေးဟုသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

15 Jan, 04:19


တောင်ကိုရီးယား သမ္မတ Yoon ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်း။
ဇလန်စကီး လက်ဆွဲနှုတ်ဆက်ကျိန်စာသင့် တစ်ဦးတိုးလာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

15 Jan, 03:40


ရုရှားနှင့် အမေရိကန် မီးသတ်ရဟတ်ယာဥ်များ ကိုယ်စီစွမ်းဆောင်မှုပြကွက်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 14:24


လော့စ်အိန်ဂျလိစ်မြို့ မီးသတ်အရာရှိချုပ် Kristin Crowley ကိုမြို့တော်ဝန်က ရာထူးမှထုတ်ပယ်။
ပထမဆုံး LGBTQ လိင်တူချစ်သူမီးသတ်ချုပ်ဖြစ်ပြီး တာဝန်ယူကာလ ၃ နှစ်တာအတွင်း မီးသတ်ရန်ထက် စိတ်အခြေအနေမူမမှန်သူများ တန်းတူညီမျှပူပေါင်းပါဝင်ရေး DIE , (diversity, inclusion, equality ) ဆိုသည်ကိုသာအားထည့်ဆောင်ရွက်ခဲ့ဟုဆို။

* သန်ရာ သန်ရာပေါ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 11:38


ယူကေနိုင်ငံ ဂလတ်စ်စကိုမြို့တွင် ပထမဆုံး တရားဝင် မူးယစ်ဆေးဝါးသုံးစွဲခန်း ဖွင့်လှစ်။ ဆေးစွဲနေသူများအနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်စရာမလိုဘဲ စိတ်အေးချမ်းသာစွာ မူးယစ်ဆေးဝါးသုံးစွဲနိုင်မည်ဟုဆိုပြီး မူးယစ်ဆေးဝါးတော့ ရောင်းချပေးမည်မဟုတ်ဟုသိရ။
ဆေးလွန်သေဆုံးမှုများ၊ ဆေးကွဲဆေးကြောင် တိုက်ခိုက်သတ်ဖြတ်မှုများ၊ လုယက်မှုများလျော့ချနိုင်ရေး ရည်ရွယ်သည်ဟုဆို။

* ကိုယ့်လူတွေအကြောင်း ကိုယ်သိ။
*လိုင်းကြေးမတောင်းတတ်သေးထင့်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 10:54


ထိုင်းအစိုးရအဖွဲ့က လောင်းကစားခြင်းကို တရားဝင်ခွင့်ပြုရေး ဥပဒေပြဌာန်းနိုင်ရန် သဘောတူညီ။
အလုပ်အကိုင်အခွင့်အလမ်းတိုးတက်စေမည်ဟု ဝန်ကြီးချုပ် Shinawatra ကဆို။

* ဆေးခြောက်ပြီးတော့ လောင်းကစား။
* ဒီတိုင်းလဲလောင်းနေတာပဲဆိုတော့ အခွန်ရတာပေါ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 06:13


နေတိုးအဖွဲ့ဝင် လတ်ဗီးယားစစ်တပ်က ရုရှားနှင့်ဆောင်းတွင်းစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စစ်သည်များကို ရေခဲရေစိမ်လေ့ကျင့်ခန်းများ စတင်ပြုလုပ်။

* အထူးစစ်ဆင်ရေးအတွေ့အကြုံအရ မီးပုံထဲခုန်ဝင်ကျင့်ခိုင်းတာကမှ ပိုအကျိုးရှိနိုင်ဟုအလှောင်ခံရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 06:03


ကာလီဖိုးနီးယားပြည်နယ် ဒုမီးသတ်တပ်ဖွဲ့မှူးချုပ်၏ မီးသတ်လေ့ကျင့်ခန်းကကွက် ကိုပါ လေ့လာနိုင်ပြီဖြစ်။

* ထရမ့်နိုင်လို့တော်သေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 05:55


ကမ္ဘာ့အတိုးတက်ဆုံးဆိုသော အမေရိကန်နိုင်ငံ၏ အချမ်းသာဆုံးဆိုသော ကာလီဖိုးနီးယားပြည်နယ်မှ နည်းပညာအမြင့်ဆုံးဆိုသောလော့စ်အိန်ဂျလိစ်မြို့ မီးသတ်ဌာနက တောမီးလောင်မှုကို နောက်ဆုံးပေါ်နည်းပညာ၊ ပစ္စည်းများအသုံးပြု၍ ငြိမ်းသတ်နေပုံ။

* လိင်တူချစ် LGBTQ များဦးဆောင်သော မီးသတ်ဌာနဖြစ်သဖြင့် အမျိုးသမီးသုံး စလင်းဘက်ပိုက်ဆံအိတ်များသာ ဝယ်ပေးပုံရ။
* တစ်လုံး ဒေါ်လာထောင်ချီတန်သော ဂူချီအိတ်များဖြစ်နိုင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Jan, 03:19


အထူးစစ်ဆင်ရေးရှေ့တန်းတွင် လက်စွမ်းပြနေသော ရုရှား Mi 28 UB တိုက်ခိုက်ရေး ရဟတ်ယာဥ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Jan, 14:58


ဆီးရီးယားမြောက်ပိုင်း ကာဒ့်လူမျိုးများစခန်းချရာ မြို့ရွာများကို တူရကီလေတပ်က ဗုံးကြဲဖျက်ဆီးခဲ့စဥ် အိမ်များ အလုံးလိုက်မြောက်တက်သွားသည့်မြင်ကွင်း။

*နွားကွဲ ကျားဆွဲ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Jan, 14:58


ဂျာမနီနိုင်ငံမြို့တော် ဘာလင်တွင် နှစ်စဉ်ပြုလုပ်သော ဆိုရှယ်လစ်ဆန္ဒပြပွဲတွင် ဒီမိုကရေစီစံနှုန်း၊ အီးယူ လူ့အခွင့်အရေးများနှင့်အညီ ဘာလင်ရဲက ထိုးကြိတ်ရိုက်နှက်ကန်ကျောက်ကာ နှစ်သိမ့်ပညာပေးဆွေးနွေးနေပုံ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Jan, 14:53


ရုရှား-မြန်မာ သံတမန်ဆက်သွယ်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ရုရှားဖက်ဒရေးရှင်း မော်စကိုမြို့တော်ဆက်ကပ်အဖွဲ့ကြီးသို့ ဆင်လိမ္မာ ၆ စီး လက်ဆောင်ပေးပို့ ရောက်ရှိ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

10 Jan, 07:33


မော်စကိုမြို့တော် ရင်ပြင်နီရှိ အညတရ စစ်သည်များဗိမာန်သို့ အထူးစစ်ဆင်ရေးရှေ့တန်းပြန်တစ်ဦး လာရောက် အလေးပြုနေစဥ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

10 Jan, 05:00


အမေရိကန်လွှတ်တော်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ခဲ့သည့်အတွက် ICC အပြည်ပြည်ဆိုင်ရာခုံရုံးကို ဆန်ရှင်ချမှတ်ပိတ်ဆို့တားမြစ်ရန် မဲခွဲဆုံးဖြတ် အတည်ပြု။
အမေရိကန် အကာအကွယ်ပေးထားသော မဟာမိတ်များကို တရားစွဲ၊ ဖမ်းဆီး၊ အပြစ်ပေးရန်ကြံစည်သည့် ICC တရားရုံး၊ တရားသူကြီးများ၊ ရှေ့နေများနှင့် စုံစမ်းစစ်ဆေးရေးမှူးများကို ဆန်ရှင်ချမှတ်ကာ စီးပွားရေးဒဏ်ခတ်သည့်အပြင်ပြန်လည် ဝရမ်းထုတ်ဖမ်းဆီးမည်ဟုဆ်ို။

* ICC , ICJ အိုင်စီကြောင်။
* သွားဖြေရှင်းရင် လေယာဉ်ခကုန်သေး။
* စောင်ပိန်းများ အမြင်မှန်ရသင့်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

09 Jan, 01:03


ကျား၊မ မခွဲခြားရေး လက်တွေ့ အကောင်အထည်ဖော်မိသောအခါ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 14:08


Canada နှင့် Greenland ကို အမေရိကန်က လိုချင်ရခြင်းအကြောင်းရင်း။

* 'သမိုင်းသင်တာ မ"အ"အောင်လို့' ဆိုရလျင် ပထဝီသင်တာ မ"တုံး"အောင်လို့ ဖြစ်ပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 13:57


ဂျာမနီနိုင်ငံတွင် ၂၀၂၄ အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်နှင့်စွန့်ပစ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု ၃ % ကျဆင်းသွားကာ သဘာပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် စံချိန်တင်။

သို့ရာတွင် အဓိကအကြောင်းမှာ ရုရှားမှ သဘာဝဓာတ်ငွေ့မရတော့ဘဲ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် စက်ရုံ၊ အလုပ်ရုံအများအပြားပိတ်ခဲ့ရ၍ဖြစ်ဟုသိရ။

* ထိပ်ပြောင်လာတော့ ခေါင်းဖီးရသက်သာတာမျိုး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 13:53


အမေရိကန်နိုင်ငံခြားရေး မူဝါဒသစ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 13:37


အသက် ၂၇ နှစ်အရွယ် ယူကရိန်းဒုက္ခသည်အမျိုးသမီးနှင့် ၅၁ နှစ်အရွယ် အဖွားဖြစ်သူတို့ကို သတ်ဖြတ်ခဲ့ကာ မွေးကင်းစအရွယ်ကလေးငယ်ကို အပိုင်ရယူရန်ကြိုးစားခဲ့ကြောင်း ဂျာမန်လင်မယားက တရားရုံး၌ဝန်ခံထွက်ဆို။

* အနှောင့်ကိုယုံ အမြုံပါပျက်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 12:50


မြောက်ကိုရီးယားနိုင်ငံက နူကလီးယားလက်နက်ဖြင့် လက်ဦးမှုရယူတိုက်ခိုက်ပိုင်ခွင့်ကို ဥပဒေပြဌာန်း အတည်ပြု။
နူကလီးယားလက်နက်စွန့်လွှတ်မှုကိုပါ ဥပဒေသစ်တွင် တပါတည်းပိတ်ပင်တားမြစ်ထား။
သို့ဖြစ်၍ မြောက်ကိုရီးယားကပစ်ခတ်သော မည်သည့်ဒုံးပျံကိုမဆို နူကလီးယားထိပ်ဖူးတပ်ကာ လက်ဦးမှုရယူပစ်ခတ်သည်ဟု ရန်သူများအနေဖြင့် ယူဆကာ ကာကွယ်ရေးအတွက်စီမံရမည်ဖြစ်ပါသည်။

* ဝတုတ်ကို စမိသော ငပွကြီးတို့ ကိုယ့်ရှူးကိုယ်ပတ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 12:43


မြန်မာ့တပ်မတော်(လေ) ကမှာယူထားသော Su 30SME ဂျက်တိုက်လေယာဥ် ၆စင်းကို စာချုပ်ပါအတိုင်း ရုရှားဖက်ဒရေးရှင်းက ပေးပို့ပြီးဖြစ်ကြောင်း သိရ။

* To fly and fight!

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 12:38


အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် ပူသီရန်ဂါဒီပွဲ၌ စွယ်စုံဆင်ကြီး ရုတ်တရက်ပွဲတော်လာလူအုပ်ကိုတိုက်ခိုက်။ ၁၇ ဦးဒဏ်ရာရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 09:16


G7 ထိပ်သီးများ ၆ လအတွင်း ၄ ယောက်ပြုတ်ပြီးဖြစ်သဖြင့် နောက်ပြုတ်မည့် တစ်ယောက်ကို ကြိုတင်လောင်းနိုင်ပြီဖြစ်။
ဂျာမနီနန်းရင်းဝန် Schloz တစ်ပြေးနေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 08:56


လော့စ်အိန်ဂျလိစ်မီးလောင်မှုမှ ကမ္ဘာကျော် Malibu ကမ်းခြေအခြေအနေ။
မြို့အုပ်ချုပ်ရေးအဖွဲ့ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် မီးသတ်ကန်များနှင့် ရေပိုက်ငုတ်များတွင် ရေမရှိသဖြင့် မီးငြိမ်းသတ်ရန် အခက်ကြုံနေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 06:38


ယူကရိန်းဘက်မှ ဝင်တိုက်ခဲ့သော စကော့တလန်ကြေးစား Jordan MacLachlan အမြောက်မှန်သေဆုံး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 06:35


အမေရိကန် လော့စ်အိန်ဂျလိစ် တောမီးလောင်မှု ဧက ၄၀၀၀ ကျော်ရှိလာပြီး လူဦးရေ ၃၀၀၀၀ ကျော် မီးဘေးသင့်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 05:26


နေတိုးအတွက် အသက်ပေးလိုသဖြင့် ရှေ့တန်းအတင်းလိုက်ချင်သော ယူကရိန်းတစ်ဦးကို စစ်သားစုဆောင်းရေးက ကန်ချသော်လည်း ကားပေါ်အတင်းတက်နေပုံ။

* ဇလန်စကီးလက်မရွံ့များက အတင်းခေါ်တင်တာဟု ရုရှားဝါဒဖြန့်ချိရေးကလည်းဆို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

08 Jan, 04:16


ရုရှားဖက်ဒရေးရှင်း Kursk ပြည်နယ်သို့ အလည်ရောက်လာသော နေတိုး/ယူကရိန်းကြေးစား ကနေဒါနိုင်ငံသား Mandeep Singh အပျော်လွန်၍ အိမ်ပြန်မရောက်တော့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Jan, 12:45


ဘာရတ် ( အိန္ဒိယ ) နိုင်ငံ Ladakh ပြည်နယ် Zanskar တောင်ကြားတွင် Snow Leopards နှင်းကျားသစ်များ ဆော့ကစားနေပုံ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Jan, 10:25


ယနေ့ ဇန်နဝါရီ ၇ ရက်သည် ရုရှားနိုင်ငံ နှင့် အခြားသြသိုဒေါက်စ်ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ္စမတ်ပွဲနေ့အဖြစ် သတ်မှတ်ကျင်းပသောနေ့ရက်ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်း တရားဥပဒေစိုးမိုးကာ တည်ငြိမ်အေးချမ်း ပါစေကြောင်း ဆုမွန်ကောင်းပြုအပ်ပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Jan, 10:21


အာဏာရှင်ဆိုးများ လက်အောက်မှ ဗြိတိသျှပြည်သူများ လွတ်မြောက်ရေး အမေရိကန်နိုင်ငံက အကူအညီပေးသင့်သည်ဟု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လက်ရုံး ဖြစ်သူ Elon Musk ကရေးသား။

* အပြည့်အဝ ထောက်ခံပါကြောင်း။
* ဗြိတိသျှအစိုးရအဖွဲ့ကို ဆန်ရှင်လုပ်ချိန်တန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Jan, 06:14


မြောက်ကိုရီးယားက တာလတ်ပစ် Hypersonic ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်။
HS 16 ဒုံးပျံသစ်သည် ကီလိုမီတာ ၅၀၀၀ အကွာအဝေးကို အသံထက် ၁၂ဆ အမြန်နှုန်း ဖြင့်တိုက်ခိုက်နိုင်သည်ဟု DPRK သတင်းဌာနက ထုတ်ပြန်ထား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Jan, 06:11


ဆော်ဒီအာရေဗျက ၂၀၂၄တွင် တစ်နှစ်အတွင်း သေဒဏ်ချမှတ် စီရင်မှု စံချိန်တင်။
နိုင်ငံခြားသား ၁၀၀ ကျော်၊ အမျိုးသမီး ၉ ဦးတို့ အပါအဝင် လူ၃၀၀ ကျော်ကို လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်ထောက်ခံမှု၊ နိုင်ငံတော် သစ္စာဖောက်မှုများဖြင့် ခေါင်းဖြတ်စီရင်ခဲ့ကြောင်းသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Jan, 06:06


တရုတ်နိုင်ငံ တိဘက်ဒေသတွင် ရစ်ချ်တာစကေး ၇ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် ၅၀ ကျော်သေဆုံး၊ ၆၀ ကျော်ဒဏ်ရာရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Jan, 16:38


ကနေဒါဝန်ကြီးချုပ် Turdeau က ပါတီညီလာခံတွင် ဝန်ကြီးချုပ်အဖြစ်မှဖြုတ်ချခံရမည်ကို ကြိုတင်ရှောင်ရှားသည့်အနေဖြင့် ပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ကြောင်းကြေညာ။
ဖွဲ့စည်းပုံအရ အာဏာရပါတီခေါင်းဆောင်သစ် ရွေးချယ်ပြီးမှသာ ဝန်ကြီးချုပ်ရာထူးလွှဲပေးရမည်ဖြစ်သဖြင့် အချိန်ဆွဲ၊ လစာယူ၊ အောက်တန်းကျသော အပြုအမူဖြစ်ကြောင်း ဝေဖန်သူများလာ။

* အနှောင့်အုပ်စု စံချိန်မီ ဒီမိုကရေဇီ။
* ဇလန်းစကီး လက်ဆွဲနှုတ်ဆက်ကျိန်စာသင့်သူ အသစ်အဖြစ် အတည်ပြုနိုင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Jan, 07:24


ယူကရိန်း အရှေ့ပိုင်း နေတိုးလက်ဝေခံတို့၏ Volchansk ခံတပ်မြို့ပြာပုံအသွင်ပြောင်းသွားသည်ကို ဝေဟင်မှမြင်ရပုံ။

* နူကလီးယားမသုံးရသေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Jan, 06:22


၂၀၂၄ စာရင်းအရ ကမ္ဘာ့အရန်ရွှေပိုင်ဆိုင်မှုပြဇယား။

အိန္ဒိယအမျိုးသမီးများကရွှေတန်ချိန် ၂၄၀၀၀ ကျော် ပုဂ္ဂလိက ပိုင်ဆိုင်ကြသဖြင့် နံပါတ် ၁ အမေရိကန်ထက် လက်တွေ့တွင် ၃ ဆပိုဟုလည်းဆို။

* ကိုယ်တွေလည်းမဂိုလမ်းနဲ့တင် အဆင့်၂၀ လောက် ဝင်နိုင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Jan, 05:52


အာဖရိကတိုက် DR Congo နိုင်ငံ Walungu ဒေသတွင် ရွှေခိုးတူးကာပြည်ပသို့ မှောင်ခိုပို့နေသော တရုတ်နိုင်ငံသား ၃ ဦးကို အာဏာပိုင်များက ရွှေချောင်း၊ ငွေတုံးများနှင့် အမေရိကန်ဒေါ်လာ ၈ သိန်း ကျော်ဖြင့် ဖမ်းဆီးရမိ။

* တရားဥပဒေ နှင့် ဝိသမလောဘ အားပြိုင်မှု။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Jan, 04:35


ဘိုင်ဒန်က ရုရှားသမ္မတပူတင်ကို လွန်ခဲ့သော ၄၇ နှစ်ခန့်ကပင် သိကျွမ်း တိုင်ပင်ဆွေးနွေးခဲ့ကြောင်းပြောကြား။
ပူတင် သမ္မတဖြစ်လာသည်မှာ ၂၅ နှစ်သာရှိသေးပြီး လွန်ခဲ့သော၄၇ နှစ်က ရုရှား KGB ထောက်လှမ်းရေးအဖွဲ့ကြီး၏ သူလျိုကိုင်တွယ်ရေး ဗိုလ်မှူးကြီးတာဝန်ယူထားခဲ့ခြင်းဖြစ်ပါသည်။

* ဘိုင်ဒင် သည် ကေဂျီဘီ စပိုင်ဖြစ်နိုင်။
* သူငယ်ပြန်လို့ ရက်၊လ၊နှစ် မမှတ်မိတာလဲဖြစ်တတ်စရာရှိ။
* ၂ ခုလုံးတော့ မကောင်း။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Jan, 05:13


ဂျာမနီက ရုရှားမှ ယူရေနီယံ တိုက်ရိုက်ဝယ်ယူတင်သွင်းမှု တန် ၇၀ နီးပါးရှိလာ၍ ယမန်နှစ်ကထက် ၇၀ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု ဂျာမန်သတင်းစာ Der Spiegel ကရေးသား။

* ဆန်ရှင်တော့ဆန်ရှင်ပဲ ၊ မီးလေးတော့လင်းချင်။
* အနှောင့်အုပ်စု မျက်နှာပြောင်ချက်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Jan, 05:08


ဂျပန် နိပွန်စတီလ်း ကုမ္ပဏီနှင့် ပူးပေါင်းရေးကို ပိတ်ပင်တားမြစ်မိန့် ထုတ်ပြန်ခဲ့သည့် သမ္မတဘိုင်ဒန်ကို US Steel ကုမ္ပဏီဥက္ကဌက အဂတိလိုက်စားကာ မဲရရှိရေးထောက်ပံ့ပေးခဲ့သည့် အလုပ်သမားသမဂ္ဂခေါင်းဆောင် စကားနားယောင်၍ ကုမ္ပဏီနှင့်ဝန်ထမ်းများ၊ နိုင်ငံလုံခြုံရေးနှင့် မဟာမိတ်ဂျပန်နှင့် ဆက်ဆံရေး တို့ကိုထိခိုက်ပျက်စီးစေခဲ့သည်ဟု စွပ်စွဲချက်ထုတ်ပြန်။
တရုတ်သံမဏိ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်တော့သဖြင့် ဘေဂျင်းမြို့၌ တရုတ်များ လမ်းပေါ်ထွက် "က" နေလောက်ပြီဟုလည်း ပြော။

* ထရမ့်နိုင်ပြီးသားဖြစ်၍ ပြန်ဆဲရဲလာကြ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

03 Jan, 08:50


တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးစစ်ဆေးရန် ရောက်လာသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံထောက်အဖွဲ့နှင့် ရဲများကို သမ္မတသက်တော်စောင့် စစ်သည်များက တားဆီးပိတ်ဆို့ထားသည်ကိုတွေ့ရစဥ်။

* K drama ၊ အပြင်မှာလည်း ဇာတ်လမ်းရှုပ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

03 Jan, 08:47


ယီမင် ဟူသီတပ်များက ပစ်ခတ်ခဲ့သော ဒုံးပျံ အစ္စရေးသို့ ထိမှန်စဥ်။
အမေရိကန်တို့၏ နာမည်ကြီး THAAD ဒုံးခွင်းဒုံးများက ထိရောက်စွာ ဟန့်တားနိုင်ခြင်းမရှိဟုသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

03 Jan, 02:02


အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Fullerton မြို့တွင် သိုလှောင်ရုံပေါ်သို့ လေယာဉ်ပျက်ကျ။ ၂ ဦးသေ၊ ၁၈ ဦးဒဏ်ရာရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Jan, 10:29


အယ်လ်ဘေးနီးယားနိုင်ငံတွင် Tik tok ဆိုရှယ်မီဒီယာကိုတစ်နှစ် ပိတ်ပင်တားမြစ်။
၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး အွန်လိုင်းအချင်းများရာမှ ပြင်ပ၌ ဓားထိုးခံရ၍ သေဆုံးခဲ့ခြင်းကြောင့်ဟုသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Jan, 06:43


အမေရိကန်နိုင်ငံ Trump Tower ဗုံးခွဲမှု အကြမ်းဖက်သမားသည်လည်း အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့ဝင်ဟောင်း Matthew Livelsberger ဖြစ်သည်ဟုသိရ။
* ကမ္ဘာအနှံ့က အကြမ်းဖက်တို့ အိမ်ပြန်ရောက်။
* ဆော်လမွန်ငါးတို့အပြန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Jan, 04:56


အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်မြို့ရှိ Trump Tower ဟိုတယ်ရှေ့တွင် Tesla Cybertruck ပေါက်ကွဲမှုဖြစ်ပွား။ ၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ကြောင်းထုတ်ပြန်ထား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Jan, 04:48


ဆော်ဒီအာရေဗျတွင် ဆေးခြောက်မှောင်ခိုမှုဖြင့် နိုင်ငံခြားသား ၆ ဦးကို သေဒဏ်ပေး ခေါင်းဖြတ်စီရင်။

* လူ့အခွင့်အရေး ဘာညာကွိကွ။
* သွားမရှူပြချင်ကြဘူးလား လစ်ဗျဲများတို့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Jan, 04:46


နယူးအော်လင်းစ်မြို့ တိုက်ခိုက်မှု တရားခံမှာ အမေရိကန်နိုင်ငံသား တက်ဆပ်စ်ပြည်နယ်နေ Shamsud Jabbar ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့သူဖြစ်ကြောင်းသိရ။
ထရပ်ကားတွင် ISIS အလံလွှင့်ကာ ဝင်တိုက်ခဲ့ခြင်းဖြစ်ဟုဆို။

* သူများဆီ အကြမ်းဖက်ထောက်ပံ့တော့ ကိုယ့်ဆီလဲပြန်လာ။
* ပဲ့တင်သံ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

01 Jan, 14:33


ဆွစ်ဇာလန်နိုင်ငံ၌ ၂၀၂၅ ဇန် ၁ မှစ၍ အများပြည်သူဆိုင်ရာ နေရာများတွင် Burqa ၊ Niqab နှင့် အခြားဘာသာရေးဆိုင်ရာ မျက်နှာဖုံး၊ ပုဝါများ ဝတ်ဆင်မှုကို တားမြစ်။
ဒဏ်ကြေး ဒေါ်လာ ၁၀၀၀ အထိတပ်ရိုက်သွားမည်ဟုဆို။
ပြင်သစ်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ နှင့် ဒိန်းမတ်တို့တွင်လည်း အလားတူ တားမြစ်ချက်များ ရှိနေပြီးဖြစ်။

* ဥရောပစတိုင်လ် လူ့အခွင့်အရေး။
* လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုလား အော်ကြတာပဲ။
* အာရှမှာတော့ လာလာမြှောက်ပေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

01 Jan, 12:08


အမေရိကန်နိုင်ငံ နယူးအော်လင်းစ်မြို့တွင် နာမည်ကျော် Burbons လမ်းမကြီးရှိ လူအုပ်ကြားထဲသို့ ထရပ်ကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ်မှုဖြစ်ပွား။
အနည်းဆုံး ၁၀ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ။
ယာဥ်မောင်းကိုရဲက ပစ်သတ်ခဲ့သည်ဟု လတ်တလောသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

01 Jan, 10:11


၂၀၂၄ အတွက် အဓိက ရလဒ်မှာ ရုရှားဖက်ဒရေးရှင်းအနေဖြင့် အနောက်အုပ်စု၏ ထင်မြင်ယူဆချက်များကို အဖက်လုပ်စရာမလိုတော့ကြောင်း သိသာထင်ရှားလာခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zhakharova က Sputnik အသံလွှင့်ဌာနသို့ ပြောကြား။

* အထည်ကြီးပျက်တို့ ခွက်ပျောက်ချိန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

01 Jan, 09:06


ဗြိတိန်နိုင်ငံ ဘာမင်ဟမ်မြို့တွင် နှစ်ကူးချိန်ည မီးရှူးမီးပန်းဖောက်မည်ဆိုသည့် Fake News လှိမ့်လုံးကြောင့် လူထောင်ပေါင်းများစွာ အိပ်ရေးပျက်အချမ်းခံစောင့်ခဲ့ရပြီး စိတ်ပျက်အိမ်ပြန်ခဲ့ကြ။

* ဘီဘီစီ နားထောင်နေကျသူများ။
* သူတို့ဆီလဲ ငပိန်းပေါ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

01 Jan, 08:54


ဇလန်စကီး၏ နှစ်သစ်ကူးမိန့်ခွန်းအတွက် ကိယက်ဗ်မြို့တော်ရှိ အမိမြေရုပ်ထုကို ယူကရိန်း အလံအစား အမေရိကန်အလံဖြင့် မီးအလှချယ် နောက်ခံအသုံးပြုခဲ့။

* "ကျွန်"မဖြစ်သေးသော်လည်း ကျွန်အစစ်ဖြစ်ပြီးနေ။
* စပွန်ဆာကျေနပ်အောင်တော့ လိုဂိုတံဆိပ်ထည့်ပြရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Dec, 12:28


အမေရိကန်အထူးတပ်ဖွဲ့ဝင် နေတိုးကြေးစား Richard Dean Harris Jr ယူကရိန်းရှေ့တန်းတွင် သေဆုံးကြောင်း သိရ။
တရားဝင်သတင်းများအရပင် အမေရိကန်ကြေးစား ၅၀ကျော် အထူးစစ်ဆင်ရေးအတွင်း မရဏလမ်းမြန်းပြီးဖြစ်။

* ရမ်ဘိုလုပ်ဖို့သွားတာ အပြန်ငိုသွားရ။ ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Dec, 11:03


Donetsk ရှေ့တန်း Volnovakha ရွာအနီး ယူကရိန်း/နေတိုး စစ်ကြောင်းကို ရုရှားတပ်များက TOS 1 A မီးလောင်ဒုံးဖြင့် တိုက်ခိုက်ခဲ့သည့်မှတ်တမ်း။
နေတိုးကြေးစား ၄၅ ဦးခန့်သေဆုံးဟုသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Dec, 08:55


ရုရှားပြည်က ကြောင်။

* ဝအောင်ကြွေးထားမှ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

07 Dec, 08:52


အာဖရိကတိုက် DR Congo နိုင်ငံ Kwango ဒေသတွင် အမည်မသိရောဂါသစ်/ရောဂါဆန်းကြောင့် နိုဝင်ဘာလအတွင်း ဖျားနာသူ ၄၀၀ ကျော်လာပြီး ၃၀ကျော်သေဆုံး ဟု WHO ကထုတ်ပြန်ထား။
ဓာတ်ခွဲစစ်ဆေးမှုများ အဆောတလျင် ဆောင်ရွက်နေဟုလည်းသိရပြီး ဒေသခံများအဆိုအရ သေဆုံးသူ ၁၅၀ နီးပါးရှိလာပြီဖြစ်။

* ကိုဗစ်၂၅?

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Dec, 11:29


ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Baerbock က ရုရှားသမ္မတပူတင်အနေဖြင့် ပေါ်လစီ ၃၆၀° မလှည့်ပြောင်းမချင်း ယူကရိန်း ရေရှည်လုံခြုံရေးစိတ်မချရဟုဆို။

* မဟာပညာရှင် ဝန်ကြီး ရထားသည့် ဂျာမန်ပြည်သူများ ဂုဏ်ယူဖွယ်။
* သချ်ာဂုဏ်ထူးရှင်ဖြစ်ပုံရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Dec, 02:52


Robert Ryman ၏ Minimalist ပန်းချီကား/ 52"×52" ဆေးဖြူသုတ် ကင်းဗတ်စ်စကို ဘာလင်မြို့လေလံပွဲတွင် ယူရို ၁ သန်းဖြင့် ရောင်းချခဲ့။

* ပုံမပါလို့ စျေးသက်သာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

06 Dec, 02:46


Kursk ရှေ့တန်းတွင် ချေမှုန်းခံထားရသော နေတိုး ဟမ်းဗီး၊ M113, Kozak, T64 တင့်နှင့်သံချပ်ကာယာဥ်များ။

* နာရေးသတင်းများစုစည်း တွက်ချက်မှုအရပင် ယူကရိန်း/နေတိုး သေဆုံး ၅ သိန်းကျော်ပြီဖြစ်။ ပျောက်ဆုံးမပါသေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 10:26


ပီရူးနိုင်ငံတွင် တောင်ပေါ်မှ လိမ့်ဆင်းလာသော ကျောက်တုံးပိ၍ ကားပေါ်ပါ လူ ၃ ဦး ချက်ချင်းသေဆုံးခဲ့သည့် မြင်ကွင်း။

* ကွေးသောလက် မဆန့်မီ။

#RT

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 05:34


မကြာသေးမီက အခွန်တိုးမြှင့်ကောက်ခံခဲ့သော ဇလန်စကီးက အရွယ်ရောက်ယူကရိန်းပြည်သူ တစ်ဦးလျင် UAH 1000 ( မြန်မာကျပ်ငွေ တစ်သိန်းခန့်) ထောက်ပံ့ကြေးပေးအပ်သွားမည်ဟုဆို။

* ၅ထောင်စားတို့၊ ၂၀၀၀၀ ပေးတယ်တို့ပေါ့။
* ဆရာတူတပည့်တွေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 05:31


အာဖရိကခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲ၌ စိတ်ဝင်တစား အာရုံယူ နေသော အမေရိကန်သမ္မတ ဘိုင်ဒင်ကို တွေ့ရစဥ်။

*ဘက်ထရီ အားနည်း။
* လူကြီးသူမတွေ အရမ်းမခိုင်းပါနဲ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 05:13


အနှောင့်အုပ်စု လေးချောင်းထောက်များထဲတွင်ပင် ယူကရိန်းနိုင်နေကြောင်း ဖင်ပိတ်အော်သူ တဖြည်းဖြည်း နည်းလာ။

* ကြောင်ကြာကြာရေမငုပ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 05:09


ရိုမေးနီးယား သမ္မတရွေးကောက်ပွဲတွင် ပထမအဆင့်၌ မဲအများဆုံး ရရှိထားသော Calin Georgescu က ရွေးကောက်တင်မြှောက်ခံရပါက ယူကရိန်းသို့စစ်ရေးအကူအညီရပ်တန့်သွားမည်ဖြစ်ပြီး နေတိုးဖိအားပေးမှုကို ဆန့်ကျင်သွားမည်ဟုပြော။

* အနိုင်ကျင့်ဗိုလ်ကျအုပ်စုကို အာခံသူများလာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 04:29


အမေရိကန်ကျောထောက်နောက်ခံ အကြမ်းဖက်အဖွဲ့များက ရုတ်တရက်ထိုးစစ်ဆင်ကာ မြို့ရွာများ သိမ်းပိုက်ခဲ့ပြီးနောက် ဆီးရီးယားမြောက်ပိုင်း Hama ပြည်နယ်၌ ဆီးရီးယားအစိုးရတပ်များက လေကြာင်း၊ အမြောက်၊ သံချပ်ကာပစ်ကူဖြင့် တန်ပြန်ထိုးစစ်စတင်။

* ကမ္ဘာတလွှား အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ လက်သည်တရားခံ ငပွကြီးတို့အဖွဲ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 03:07


နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ခွင့်ကိစ္စကို စဥ်းစားနိုင်ရေး အဖွဲ့ဝင်များအနေဖြင့် ဒေါ်နယ်ထရမ့်၏ အဆုံးအဖြတ် ကို စောင့်ဆိုင်းနေသည်ဟု လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီးကဆို။

* လူကြီးတွေမရှိသေးဘူး။
* သူဌေးလာမှ ဆုံးဖြတ်မည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

05 Dec, 03:03


Bitcoin စျေးနှုန်း ဒေါ်လာ ၁ သိန်းကျော်အထိ စံချိန်တင်ရောက်ရှိ။
တနှစ်တာအတွင်း ၄၄၀၀၀ မှ ၁၀၀၀၀၀ သို့ ၂ ဆကျော် တက်လာခြင်းဖြစ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

23 Nov, 04:03


ရုရှားဖက်ဒရေးရှင်း Oreshnik IRBM ဒုံးပျံတင် ရွေ့လျားပစ်စင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

22 Nov, 07:50


Stormshadow ဖြင့် ပစ်စဥ်က ဂုဏ်ယူဝင့်ကြွားခဲ့သော ဗြိတိသျှသတင်းစာများ Oreshnik ဖြင့်ပြန်ပစ်သောအခါ ပူတင်က ခြိမ်းခြောက်နေသည်ဟု အလန့်တကြား ငိုပြကြ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

22 Nov, 07:47


ရုရှားလေတပ်၏ A 50 U "Obama" ကြိုတင်သတိပေး ထိန်းချုပ်ကွပ်ကဲမှု လေယာဉ်။

* အရောင်ကြောင့် "အိုဘားမား" နာမည်ပြောင်ရခြင်းဟုဆို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 23:24


ခံချင်လို့ ဥာဏ်ဆင်နေသော ယူကရိန်းတို့အတွက် Hypersonic IRBM လာပြီဟု ရုရှားသမ္မတဟောင်း Medvedev ကရေးသား။

* ပြေးကန်မှ ပထွေးဆန်တယ်မဆိုနဲ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 23:22


နေတိုး ဒုံးပျံများဖြင့် ရန်စမှုအတွက် ရုရှားဖက်ဒရေးရှင်းက Oreshnik Hypersonic IRBM ဒုံးပျံသစ်ဖြင့်တုန့်ပြန်ခဲ့ကြောင်း သမ္မတပူတင်က မိန့်ခွန်းတွင်ထည့်သွင်းပြောကြား။
•အထူးစစ်ဆင်ရေး ရည်မှန်းချက်များအတိုင်း ပြီးမြောက်အောင် ဆက်လက်လုပ်ဆောင်သွားမည်။
• ရုရှားတပ်များ ရှေ့တန်းတလျောက်ဆက်လက်အောင်ပွဲဆင်နေ။
• ရန်စမှုများကို ချက်ချင်း သင့်တော်သလို လက်တုန့်ပြန်သွားမည်ဖြစ်။
• ရုရှားတွင် အနောက်အုပ်စု တားဆီးနိုင်စွမ်းမရှိသော လက်နက်များစွာရှိပြီး အသုံးပြုရန် လက်နှေးမည်မဟုတ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 13:37


နေတိုး မျောက်တစ်အုပ် ပြန်မလုပ်မချင်း ရန်စနေပုံ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 13:18


ယူကရိန်းတစ်နိုင်ငံလုံး လေကြောင်းရန်/ဒုံးပျံတိုက်ခိုက်မှု သတိပေးချက်ထုတ်ပြန်ထား။

* မရဲဘဲ ကျွဲပြဲစီး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 13:16


သတင်းစာရှင်းလင်းပွဲ၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zhakarovka ထံသို့ ယူကရိန်း Yuzhmash လက်နက်စက်ရုံသို့ မည်သည့် လက်နက်ဖြင့်ပစ်ခတ် ခဲ့ကြောင်း ဆွေးနွေးခြင်းမပြုရန် ဖုန်းဖြင့်ညွှန်ကြားမှုကို သတင်းထောက်များ အသံဖမ်းယူရရှိ။

* GOAT Trolling
* သိသာသိစေ၊ မမြင်စေနဲ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 13:10


ရုရှားက R 26 Rubezh တိုက်ချင်းပစ်ဒုံးပျံဖြင့် ယူကရိန်းလက်နက်စက်ရုံကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တားဆီးဖို့နေနေသာသာ ရောက်လာမှ သိရသဖြင့် နေတိုးကိုပါ မိတ္တူပေးခြင်း ဟု သုံးသပ်နေကြ။

* နူကလီးယားထိပ်ဖူးပါတပ်ဆင်အသုံးပြုနိုင်သော ဒုံးပျံအမျိုးအစားဖြစ်ပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 13:06


ယူကရိန်းတို့၏ Yuzhmash လေယာဥ်အင်ဂျင် စက်ရုံသို့ အမျိုးအမည်မသိ လက်နက်ထိမှန်။
တာဝေးပစ်ဒုံးပျံများဖြင့် ရန်စမှုကို ရုရှားက လက်တုန့်ပြန်ခြင်းဖြစ်နိုင်ဟုဆို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 13:02


ယူကရိန်းတို့က ဗြိတိသျှအထောက်အပံ့ Stormshadow ဒုံးပျံများဖြင့် ရုရှားနယ်နိမိတ်အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခဲ့သည်ဟု ဗြိတိန်သတင်းစာများတွင် ဂုဏ်ယူဝင့်ကြွားကာ ရေးသား။

* အသံကြောင့် ဖားသေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 12:34


ICC က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း Gallant နှင့် ဟားမတ်စ် ခေါင်းဆောင် Deif တို့ကို ဖမ်းဝရမ်းထုတ်ပြန်။

* ICC , ICJ ဘယ်သူမှ ဂရုမစိုက်သဖြင့် ေ*ာက်ပေါ ကြီးများဖြစ်မှန်းမသိဖြစ်လာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 12:25


ရုရှား Uran 6 မောင်းသူမဲ့ မိုင်းရှင်းစက်ရုပ်ယာဥ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 08:42


ယူကရိန်း Seversky Donets မြစ်ပေါ်ရှိ နေတိုးတပ်များ၏ ယာယီမြစ်ကူးတံတား ကို ရုရှားဒုံးပျံထိမှန်ခဲ့သော မှတ်တမ်း။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 04:54


ရုရှားဖက်ဒရေးရှင်းထုတ် Tu 214 ခရီးသည်တင် ဂျက်လေယာဥ်သစ် ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့။
ပြည်တွင်းထုတ်လုပ်မှု ၁၀၀% ဖြစ်ပြီး လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အနောက်အုပ်စု ဆန်ရှင်များ သက်ရောက်မှုကို လျော့ချနိုင်မည်ဟုဆို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

21 Nov, 04:51


ကမ္ဘာတစ်ဝန်း အခြေအနေတင်းမာနေမှုကြောင့် Bitcoin စျေးနှုန်း ဒေါ်လာ ၉၆၀၀၀ ကျော်အထိ စံချိန်တင်ရောက်ရှိ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

20 Nov, 09:51


လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က ပစ်ခတ်သော ဒုံးပျံ အစ္စရေး Tel Aviv မြို့သို့ထိမှန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 20:01


မြေထဲပင်လယ်အတွင်း ရဟတ်ယာဥ် ပျက်ကျ၍ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟုထုတ်ပြန်။

* ယူကရိန်းမှာသေတာတော့မဟုတ်လောက်တန်ရာ။
* ယူကရိန်းနယ်စပ် ရိုမေးနီးယားမှ ဂျာမနီသို့ အလောင်းပြန်သယ် Blackhawk ရဟတ်ယာဥ်များ သတိထားမိသူများလည်းရှိ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 19:49


နေတိုးအထောက်အပံ့ သံချပ်ကာယာဥ်များအတွက် ယူကရိန်းတို့၏ ဆောင်းတွင်း ပုံဖျက်ဆေးသစ်။

* စက္ကူကျား အစစ်ဖြစ်လာ။
* ဘီလျံနဲ့ချီရပြီး သတင်းစာစုတ်ပဲတတ်နိုင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 19:47


Kursk ရှေ့တန်းရောက် ပြင်သစ် VAB သံချပ်ကာယာဉ် ချေမှုန်းခံထားရပုံ။

* ဖင်တောင်မပူသေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 19:41


အမေရိကန်သမ္မတ ဘိုင်ဒန်က ယူကရိန်းတို့အနေဖြင့် ရုရှားနယ်နိမိတ် အတွင်းပိုင်းအထိ တာဝေးပစ်ဒုံးပျံများ အသုံးပြု တိုက်ခိုက်ခွင့်ပေးခဲ့ပြီးနောက် ပြင်သစ်နှင့် ဗြိတိန်တို့ကပါ အလားတူ ခွင့်ပြုဟု အနောက်အုပ်စု မီဒီယာများကရေးသား။
အဆိုပါဒုံးပျံများကို ယူကရိန်းတို့အနေဖြင့် လက်တွေ့အသုံးချနိုင်စွမ်းမရှိဘဲ နေတိုးတပ်ဖွဲ့ဝင်များကိုယ်တိုင် ချိန်ရွယ်၊ ပစ်မှတ်ပေး၊ ပစ်ခတ်ရမည်ဖြစ်သဖြင့် နေတိုးက တိုက်ရိုက် တိုက်ခိုက်သည်ဟု ယူဆကာ လက်တုန့်ပြန်သွားမည်ဟု ရုရှားက သတိပေးထားပြီးဖြစ်ပါသည်။

* စိန်ပြီလား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 14:00


ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ရုရှားဒုံးပျံ အားလုံးနီးပါးကို ပစ်ချနိုင်ခဲ့သည်ဟုကြေညာ။

အနောက်အုပ်စုမီဒီယာနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ဆည်များ၊ ဓာတ်အားပေးစက်ရုံများ၊ ခွဲရုံများ နှင့် စက်ရုံအများအပြားပျက်စီးဟုဆို။

* ဖိ၊ဖာ၊ဖော၊ဖုံး ညှိကာပြောဦး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 11:37


ယူကရိန်းနိုင်ငံ Rovno ရှိနေတိုးအထောက်အပံ့ လေကာစခန်းသို့ ရုရှားဒုံးပျံများ ဆက်တိုက်ရောက်ရှိလာသော မြင်ကွင်း။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 11:15


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း လူနေရပ်ကွက်များကို အစ္စရေးက လေကြောင်းမှ ဆက်လက်တိုက်ခိုက်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 08:04


မြောက်ကိုရီးယားက ရုရှားသို့ ၁၇၀မမ ယန္တရားတင်အမြောက်ကြီး အလက် ၅၀ နှင့် ၂၄၀ မမ အတွဲလိုက်ဒုံးပစ်ယာဥ် ၂၀ စီး ပေးပို့ခဲ့သည်ဟု အနောက်အုပ်စု မီဒီယာများက ရေးသား။

* နေတိုးလို အစုတ်တွေ အစွံထုတ်တာမဟုတ်။
* စစ်ရေးပြပွဲတုန်းက တာယာဆေးဖြူတောင် မပြောင်းထား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 06:24


ပီရူးနိုင်ငံ Lima မြို့တွင် ကျင်းပသော APEC ထိပ်သီးအစည်းအဝေး အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုတွင် အမေရိကန်သမ္မတ ဘိုင်ဒင်ကို နောက်တန်းအစွန်တွင်သာ နေရာပေးမှုကြောင့် အမေရိကန်တို့မကျေနပ်။
တရုတ်သမ္မတကိုမူ ရှေ့တန်း အလယ် အထူးဧည့်သည်နေရာတွင် ထားရှိခဲ့။

* ဒူးနေရာဒူး၊ တော်နေရာတော်။
* ထိုင်းဝန်ကြီးချုပ် ခပ်ချောချောလေးနား သွားကပ်တာလဲ ဖြစ်နိုင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

17 Nov, 06:18


ယူကရိန်းနိုင်ငံအနှံ့အပြား စစ်ရေးပစ်မှတ်များကို ရုရှားက ဒုံးပျံ၊ ပဲ့ထိန်းဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်။
သြဒက်ဆာ၊ Kharkov, Dnipropetrovsk, Nikolaev, Rivneနှင့် ကိယက်ဗ်မြို့တော်အပါအဝင် ဒေသများရှိ နေတိုးစခန်းများသို့ ဒုံးပျံများ ရောက်ရှိပေါက်ကွဲနေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

16 Nov, 13:15


မြောက်ကိုရီးယားထုတ် Koksan 170 mm ယန္တရားတင်အမြောက်များ ရုရှားနိုင်ငံကိုဖြတ်သန်း၍ ယူကရိန်းစစ်မျက်နှာသို့ ဦးတည်ပို့ဆောင်နေသည်ဟု သတင်းများထွက်ပေါ်။

* အလှည့်ကျတော့ မနွဲ့ကြစတမ်း။
* ယူကရိန်း+၅၀ Vs ရုရှား +၁ ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

16 Nov, 13:09


ပြင်သစ်က ယူကရိန်းသို့ တာဝန်မှ အနားပေးခဲ့သည့် VAB သံချပ်ကာယာဥ်များ ထပ်မံထောက်ပံ့။

* ပတ်တီးရိုက် ဆေးသုတ် အစွံထုတ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

16 Nov, 05:59


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း က တိုက်ခိုက်ရေးဒရုန်းသစ်များ စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုစစ်ဆေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

16 Nov, 05:54


ယခုနှစ်အတွင်း ၅စင်းမြောက် တိုင်ဖွန်းမုန်တိုင်း Usagi ကြောင့် အသေအပျောက်များပြားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသို့ ၆ စင်းမြောက်အဖြစ် စူပါတိုင်ဖွန်း Man-yi ဦးတည်တိုက်ခတ်လာနေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

15 Nov, 09:57


ရုရှားရှေ့တန်းစစ်သည်များ၏ အချစ်တော် Cheburashka အရုပ်ကလေးများ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

15 Nov, 09:56


အစ္စရေးနိုင်ငံ Tel Aviv မြို့တော်သို့ ဟစ်ဇ်ဘိုလာအဖွဲ့က ပစ်ခတ်သော ရော့ကက်အချို့ထိမှန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

15 Nov, 09:32


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ လူနေရပ်ကွက်များကို အစ္စရေးက လေကြောင်းမှ ဆက်လက်တိုက်ခိုက်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

14 Nov, 08:54


သမ္မတ ဒေါ်နယ်ထရမ့်၏ သတင်းပြန်ကြားရေးအရာရှိ/ ပြောရေးဆိုခွင့်ရှိသူ အဖြစ် အသက်၂၉ နှစ်အရွယ် မော်ဒယ်လ် Elizabeth Pipko ကို ခန့်အပ်မည်ဟု သတင်းထွက်ပေါ်လာ။

* ပြောချင်တာသာပြော လက်ခံမည့်သူများပြားဖွယ်ရှိ။
* လူရွေးတတ်ဖို့လို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

14 Nov, 08:30


ရုရှားဝန်ကြီးချုပ် Mishustin နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Guterres တို့တွေ့ဆုံဆွေးနွေး။

* စိတ်ဝင်စားဖွယ် နောက်ခံဒီဇိုင်းဖြစ်ပါသည်။
* ဓာတ်ပုံဆရာ ကျပ်တာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

14 Nov, 08:29


အီတလီနိုင်ငံ ဆစ်စလီကျွန်းတွင် မိုးသည်းထန်စွာရွာသွန်း ၍ ရေကြီးရေလျှံ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

14 Nov, 01:08


ဘရာဇီးလ် တရားလွှတ်တော်ချုပ် ရှေ့တွင် ပေါက်ကွဲမှုများဖြစ်ပွား။
၁ ဦးသေဆုံး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Nov, 11:35


မက္ကဆီကိုနယ်စပ် ခိုးဝင်များဖြတ်ကျော်နေကြ နေရာတွင် စောင့်ကြပ်နေသော အမေရိကန်နယ်ခြားစောင့်ရဲများကိုတွေ့ရစဥ်။

* ထရမ့်နိုင်ပြီဆိုတော့ ဖော်ရှိုးပေါ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

13 Nov, 04:52


ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း Toraji ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား။

#RT

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 08:02


အစ္စရေး Jerusalem မြို့အနောက်ပိုင်း Beit Shemesh သို့ ယီမင် ဟူသီတို့ ပစ်ခတ်သော ဒုံးပျံထိမှန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 06:09


နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် ပါလက်စတိုင်းအရေး ဆန္ဒပြသူများနှင့် ရဲများအကြား အဓိကရုဏ်းအတွင်း လျှပ်စစ်ရထား မီးလောင်မှုဖြစ်ပွား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 05:03


ကိုလိုနီဟောင်းပြင်သစ်နှင့် ယူကရိန်းတို့ ကျောထောက်နောက်ခံပေးထားသော အကြမ်းဖက်သူပုန်အုပ်စုက လုယူသွားသော ကျွဲနွားများကို မာလီအစိုးရတပ်များက ပြန်လည်သိမ်းဆည်းရရှိကာ မူလပိုင်ရှင်များထံ ပြန်ပို့ပေးခဲ့။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 04:48


လက်ဘနွန်နိုင်ငံ သမိုင်းဝင် Tyre မြို့ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ၃ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 02:43


"လွှတ်တော်အမတ်ကို ရိုရိုသေသေဆက်ဆံ"ဟု မာန်တက်ပြသော လွှတ်တော်ကော်မတီဥက္ကဌကို
" ငါက အခွန်ထမ်းပြည်သူ၊ နင်တို့ရဲ့ အလုပ်ရှင် " ဟုပညာပေးခဲ့သော လဝက ညွှန်မှူးဟောင်း Tom Homan ကို နယ်စပ်ရေးရာအာဏာပိုင်အဖြစ် Donald Trump က ခန့်အပ်မည်ဟုသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 02:33


Bitcoin စျေး တစ်ရက်တည်း ၆၀၀၀ ကျော်တက်၍ ဒေါ်လာ ၈၇၀၀၀ သို့ စံချိန်သစ်တင်ရောက်ရှိ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

12 Nov, 02:32


ရုရှားနှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ မဟာဗျူဟာမြောက် အလုံးစုံပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုး အတည်ပြု။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

11 Nov, 11:35


လက်ဘနွန်တောင်ပိုင်းမှ Wazzani စမ်းတွင်း၊ ရေသိုလှောင်ကန်များနှင့် ရေတွန်းစက်ရုံများကို အစ္စရေးတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မီဒီယာများက ရေးသား။

အများပြည်သူဆိုင်ရာ ရေပေးဝေမှု နေရာများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပါသည်။

* ငပွကြီးတို့၏ နိုင်ငံတကာ ဥပဒေ။
* လူ့အခွင့်အရေး ဘာညာကွိကွ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 15:05


အိန္ဒိယမြောက်ပိုင်းတွင် ပေ၆၀၀မြင့်ချောက်ကမ်းပါးမှ ဘတ်စ်ကား လမ်းချော်ပြုတ်ကျ။ ၃၆ ဦးသေဆုံး၊ ၁၀ ဒဏ်ရာရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 14:06


ရုရှားခြေလျင်တပ်ဖွဲ့များ၏ သယ်ယူပို့ဆောင်ရေး စက်ရုပ် Depesha အထူးစစ်ဆင်ရေးရှေ့တန်းတွင် ရိက္ခာ၊ ခဲယမ်းပို့ဆောင်နေပုံ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 12:56


အင်ဒိုနီးရှားနိုင်ငံ Lewotobi မီးတောင်ပေါက်ကွဲမှုဖြစ်ပွား၊ ချော်ရည်နှင့် ပြာပူများကြောင့် ၉ ဦးသေဆုံး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 11:53


အစ္စရေးနယ်စပ်အနီး လက်ဘနွန်မြို့ရွာများကို အစ္စရေးတပ်များက ဒိုင်းနမိုက်များတပ်ဆင်ကာ လုံးဝဖြိုချဖောက်ခွဲဖျက်ဆီးခဲ့သည့်မြင်ကွင်း။

* အကြမ်းဖက်သမားများ ခိုလှုံနေရာယူမည်စိုး၍ဟုဆို။
* တွေ့ကြသလား နိုင်ငံတကာဥပဒေဆိုတာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 10:25


ပီရူးနိုင်ငံ Chilca တွင် ဘောလုံးကွင်းအတွင်းသို့ မိုးကြိုးပစ်ချ၊ ကစားသမား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ။

#RT

* ကြမ္မာငင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 10:07


ယူကရိန်း/နေတိုး ကြေးစားများ၏ ချောင်းကမ်းပါး ခံစစ်နေရာသို့ RBK 500 ကလပ်စတာထိပ်ဖူးတပ် ဗုံးပျံရောက်အလာ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 09:50


အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွင် ကာလီဖိုးနီးယားပြည်နယ် ဆီနိတ်အထက်လွှတ်တော်အမတ်ဟောင်းနှင့် လက်ရှိကွန်ဂရက်အောက်လွှတ်တော်အမတ် ဒီမိုကရက် Adam Schiff ကို ဒေါ်နယ်ထရမ့်က ဖရဲသီးခေါင်းဟုခေါ်ဝေါ်။
အတွင်းစိတ်ထားနှင့် အပြင်ရုပ်ပါဆိုးဟုဆို။

* ဒီမိုကရေစီကျကျ မဲဆွယ်ပွဲဆိုတာ ဒါမျိုး။
* ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ အဓိကဖြစ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 09:35


အနောက်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ရုရှားက ဝန်မလေးသော်လည်း ၎င်းတို့၏ သိက္ခာမဲ့လုပ်ရပ်များ၊ သဘောတူညီချက် ချိုးဖောက်မှုများ၊ မျက်နှာပြောင်တိုက်မှုများကြောင့် ယုံကြည်စိတ်ချရမှုနည်းပါးနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး Lavrov ကပြောကြား။
ရင့်ကျက်တည်ငြိမ်သော ခေါင်းဆောင်များပေါ်ထွက်လာပါက နှစ်ဦးနှစ်ဖက်အကျိုးမဲ့လုပ်ရပ်များ မဖြစ်ပွားစေရေး ယုံကြည်မှုတည်ဆောက်နိုင်မည်ဟုဆို။

* လူကြီးခေါ်ခဲ့။
* ကလေကချေများနှင့် မဆွေးနွေးနိုင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 08:17


တရုတ်နိုင်ငံတွင် ပြုလုပ်မည့် Zuhai Air Show လေကြောင်းပြပွဲတွင် ပါဝင်ရန် ရောက်ရှိလာသော ရုရှား Su 57 တိုက်လေယာဥ်ကိုတွေ့ရစဥ်။
အထူးစစ်ဆင်ရေး ရှေ့တန်းတွင် လက်စွမ်းပြနေသဖြင့် နိုင်ငံတကာလေတပ်များက စိတ်ဝင်စားမှုများပြား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 08:15


ယူကရိန်း/နေတိုး ထောက်ပို့ အချက်အချာ Kurakhovo မြို့ကို ရုရှားတပ်များက စစ်မျက်နှာ ၃ ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာနေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 08:03


အစ္စရေးက ကုလသမဂ္ဂ ဒုက္ခသည်များအကူအညီပေးရေး အေဂျင်စီ UNRWA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းကြောင်း UN သို့အကြောင်းကြား။
ပါလက်စတိုင်းဒုက္ခသည်များအတွက် ၁၉၆၀ နှစ်များကတည်းက UN ကဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆက်လက်ခွင့်ပြုမည်မဟုတ်ဘဲ ပြန်လည်ရုတ်သိမ်းစေကာ အစ္စရေးထိန်းချုပ်နေရာများမှ နှင်ထုတ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 08:00


ရုရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ ရေတပ်များ၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ORRUDA ကို ဂျာဗာပင်လယ်တွင် စတင်ပြုလုပ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

04 Nov, 07:56


ရုရှား Soyuz 2.1b ဒုံးပျံတွင် အတူလိုက်ပါလွှတ်တင်မည့် အီရန် ပုဂ္ဂလိကဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးဆန်းစစ်မှု ဂြိုလ်တုများကို တွေ့ရစဥ်။
အဆိုပါဒုံးပျံတွင် နိုင်ငံစုံမှ ဂြိုလ်တု စုစုပေါင်း ၅၀ ကျော်ပါဝင်လွှတ်တင်မည်ဖြစ်ပြီး အီရန်မှ ၃ ခုပါဝင်။

# နည်းပညာပူးပေါင်းဆောင်ရွက်မှု။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 16:08


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ဘက်ရှိ အထပ်မြင့်အဆောက်အဉီးကို အစ္စရေးဒရုန်းထိမှန်အပြီးမြင်ကွင်း။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 15:58


သြဇီ ဗစ်တိုးရီးယားပြည်နယ်မြို့တော် Melbourne တွင် လမ်းမပေါ်၌ ဆူဒန်ဒုက္ခသည် လူဆိုးဂိုဏ်းများ ရန်ပွဲကို လက်ပိုက်ကြည့်နေသော ရဲအဖွဲ့ကို တွေ့ရစဥ်။

*တရားဥပဒေစိုးမိုးရေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 15:53


အိန္ဒိယလေတပ်၏ ဘက်စုံသုံးတိုက်လေယာဥ်သစ်များ ဝယ်ယူရေးအစီအစဉ်တွင် ရုရှားSukhoi ကုမ္ပဏီထုတ် Su 75 Checkmate ကို ဦးစားပေးစဥ်းစားလာနေဟုဆို။

အိန္ဒိယပြည်တွင်းတွင် လိုင်စင်ဖြင့်ကိုယ်တိုင်ထုတ်လုပ်နိုင်ပြီး တစ်စင်းလျင် ဒေါ်လာ ၃၅ သန်းခန့်သာ ကျသင့်သဖြင့် ဒေါ်လာသန်းရာကျော်ပေးရပြီး အပိုပစ္စည်းနှင့်နည်းပညာအတွက် ပြည်ပကိုမှီခိုနေရမည့် အနောက်အုပ်စု၏ အရည်အသွေးတူ တိုက်လေယာဥ်များထက် ပိုမိုအခွင့်အလမ်းသာဟုသိရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 08:23


အစ္စရေး အလယ်ပိုင်းသို့ လက်ဘနွန် ဟစ်ဇ်ဘိုလာက ပစ်ခတ်သော ဒုံးပျံထိမှန်၊ ၇ ဦးဒဏ်ရာရ။

* ဘတပြန်၊ကျားတပြန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 08:21


ရုရှား T 80 တင့်ကား၏ အလိုအလျောက် ကျည်ထိုးစနစ် ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 08:15


ယူကရိန်း ကိယက်ဗ်မြို့ကောင်းကင်ယံတွင် Geran 2 ဒရုန်းများအတားအဆီးမဲ့ ဝဲပျံတိုက်ခိုက်နေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 08:03


အွန်လိုင်းမှ ယူကရိန်းဝန်းရံသူများ အခြေအနေ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 08:01


ယူကရိန်းတို့ထံမှ သိမ်းဆည်းရမိသော နေတိုးတင့်ကားများကို ရုရှားနှင့် တရုတ်တို့က တစ်စစီဖြုတ်လေ့လာကာ တန်ပြန်ချေမှုန်းရေးနည်းလမ်းများ ဖော်ထုတ်နိုင်မည့်အပြင် ပိုမိုကောင်းမွန်သောတင့်ကားများတည်ဆောက်ဖွယ်ရှိနေဟု ပိုလန် Inertia သတင်းဌာနကဆို။

* ပို့တုန်းကပို့ပြီးတော့။
* ထပ်မပေးရအောင် ဥာဏ်ဆင် ဆင်ခြေပေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 07:55


ယူကရိန်းနောက်တန်း Dnipropetrovsk ပြည်နယ်တွင် ခံစစ်ပြင်လာမှုကို တွေ့မြင်ရပုံ။
ယမန်နှစ်က ရုရှားခံစစ်ပြင်ထားခဲ့ခြင်းကို လှောင်ပြောင်ခဲ့သူများ အမှတ်ရဖွယ်။

* ဖားတုလို့ ခရုခုန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 07:46


လက်ဘနွန်နိုင်ငံရှိ UNESCO ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင် Baalbek သမိုင်းဝင်မြို့ကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်ခဲ့။
လက်ရှိအချိန်အထိ ၂၃ ဦးထိခိုက်။

* ငပွကြီးပါရင် ဘာမဆိုတရားဝင်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 07:43


အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၄၂၅ သန်းဖိုး လက်နက်ခဲယမ်းများ ထပ်မံထောက်ပံ့။

* မပြုတ်ခင်လေး ရှိတာပေး။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 07:42


အစ္စရေးမြို့တော် Tel aviv မြောက်ဘက်ရှိ Tira ရထားဘူတာကို ဟစ်ဇ်ဘိုလာ ဒုံးပျံထိမှန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

02 Nov, 07:39


အစ္စရေးမြောက်ပိုင်းသို့ ဟစ်ဇ်ဘိုလာအဖွဲ့က ဒုံးပျံ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 09:31


Kursk ရှေ့တန်းတွင်ချေမှုန်းခံခဲ့ရသော ယူကရိန်းတို့၏ သြစတြေးလျအထောက်အပံ့ ဒေါ်လာ ၂ သန်းခွဲတန် Bushmaster သံချပ်ကာ။

* ပိဿာချိန်နှင့်တော့ ၂၀၀ လောက်ပဲတန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 08:39


လက်ဘနွန်တောင်ပိုင်း Sour မြို့ရှိ လူနေအဆောက်အအုံကို အစ္စရေးဗုံးထိမှန်။
အရပ်သား ၅ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 08:37


ဂျော်ဂျီယာနိုင်ငံ ရွေးကောက်ပွဲတွင် အနောက်အုပ်စုကျောထောက်နောက်ခံ အတိုက်အခံပါတီများ ရှုံးနိမ့်ခဲ့ပြီးနောက် ရွေးကောက်ပွဲရလဒ်များ လက်ခံနိုင်ဖွယ်မရှိဟု အမေရိကန်က ထုတ်ပြန်။

* ငါ့လူမနိုင်ရင် ဒိုင်ပင်းတယ်ပဲ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 08:03


အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်မှ
ဒရုန်းရှိုး ရှုခင်း။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 05:14


မြောက်ကိုရီးယားက ရုရှားသို့ အမြောက်ကျည် "၉ သန်း" ပေးပို့ထောက်ပံ့ခဲ့သည်ဟု ဂျပန်မီဒီယာက ရေးသား။
ရုရှားတပ်များ အသုံးပြုနေသည့် အမြောက်ကျည် ၆၀% ကျော်ပမာဏ ဖြစ်နေ။

#nikkeiasia
* မီဒီညာတို့ သဘာဝ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 05:03


အောက်တိုဘာလ ၂၆ ညက အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သော အီရန်စစ်သည် ၄ ဦး၏ အမည်များကို IRGC တပ်ဖွဲ့က ထုတ်ပြန်ထားပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 04:55


ယူကရိန်းတို့၏ အစ္စရေးထုတ် ie MHR လေကာရေဒါစနစ် ကို ပထမဆုံးအကြိမ်အဖြစ် Donetsk ရှေ့တန်းတွင် ချေမှုန်းခဲ့ကြောင်း ရုရှားကထုတ်ပြန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 04:51


အစ္စရေးအနေဖြင့် အီရန်ကို တိုက်ခိုက်ခွင့်ရှိသည်ဟု ဗြိတိသျှဝန်ကြီးရှုပ် Kier Stamer ကဆို။
ဒေသတွင်း အခြေအနေဆိုးရွားလာနိုင်သောကြောင့် အီရန်က လက်တုန့်ပြန်ခြင်း မပြုသင့်ဟုလည်းပြော။

* မယားပါသားဘက် လိုက်ပြရသည်မှာအမော။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 04:42


တရုတ် XPeng EV ကုမ္ပဏီက ကားပျံ/ဒရုန်းများ Guangzhou. စက်ရုံတွင် စတင်ထုတ်လုပ်။
ယခုနှစ်ကုန်ပိုင်းတွင် Pre-order လက်ခံရောင်းချပေးသွားမည်ဟုဆို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 04:39


Pokrovsky စစ်မျက်နှာတွင် ရုရှားတပ်များကသိမ်းဆည်းရမိသော အမေရိကန် Abrams တင့်ကားကို တွေ့ရစဥ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 03:29


လက်ဘနွန်တောင်ပိုင်း ထိုးစစ်တွင် ယခုတပတ်အတွင်း ကျဆုံးခဲ့သော အစ္စရေး အရာရှိ၊ စစ်သည်များ စာရင်းကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 03:18


သုတပဒေသာ။

ဆိုဗီယက်ခေတ် ရုရှားစီးကရက်များမှာ ရိုင်ဖယ်လ်ကျည်နှင့်အတူတူ ၇.၆၂ မမ အရွယ်အစားဖြစ်ပါသည်။
လိုအပ်လျင် စီးကရက်စက်ရုံများမှ ၂၄ နာရီအတွင်းကျည်ဆန်ပြောင်းလဲထုတ်လုပ်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ယုံတမ်းစကားလည်းရှိ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 03:15


Selidovo, Gornyak နှင့် အချက်အချာမြို့ရွာ ၆ ခုကို ရုရှားတပ်များက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြန်လည်သိမ်းပိုက်ရရှိ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

28 Oct, 03:10


ပင်လယ်နီအတွင်း ဗြိတိသျှသဘ်ောများကို ဟူသီတို့က တိုက်ခိုက်နေရာတွင် ရုရှားဂြိုလ်တုထောက်လှမ်းရေး အကူအညီရယူနေသည်ဟု ဗြိတိန်ကစွပ်စွဲ ။
အီရန်မှတဆင့် အချက်အလက်များပေးပို့ကူညီကာ ဗြိတိသျှသဘ်ောများကို ပစ်မှတ်ထားလျက်ရှိဟုဆို။

* ဗြိတိန်က ယူကရိန်းကို လူသူ၊လက်နက်၊ ရိက္ခာ၊ ပစ္စည်း ၃ နှစ်လုံး ကူညီနေသည်ကိုတော့ ထည့်မပြော။
* အလှည့်ကျ မနွဲ့ကြစတမ်း။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 14:00


ရုရှားဖက်ဒရေးရှင်း Kazan တွင်ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်အတွက်ဟုဆိုကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Guterres ၏ ယူကရိန်းခရီးစဉ်ကို ဇလန်စကီးက ဖျက်သိမ်း။

* စိတ်ကောက်၊ ခြေဆောင့်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 13:55


မြောက်ကိုရီးယား စစ်သည် ၁၂၀၀၀၊ အရာရှိ ၅၀၀ နှင့် ဗိုလ်ချုပ် ၃ ဦးပါဝင်သောတပ်ဖွဲ့ ရုရှားအရှေ့ဖျားရှိ လေ့ကျင့်ရေးစခန်းများမှ ယူကရိန်းရှေ့တန်းအနီးသို့ ရောက်ရှိလာဟု ဇလန်စကီးအစိုးရက အလန့်တကြား ထုတ်ပြန်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 12:06


ဆော်ဒီအာရေဗျက ယူကရိန်းစစ်မြေပြင်တွင် လက်စွမ်းပြနေသော ရုရှားထုတ် Pantsir M လေကာစနစ်များ ဝယ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်။

* ပက်ထရီးရော့နှင့် နေတိုးလေကာများ လက်တွေ့သုံးမရကြောင်း သိလာကြပြီဖြစ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 12:02


အီရန်နှင့် ဆော်ဒီအာရေဗျ ရေတပ်များ သမိုင်းတွင် ပထမဆုံးအဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည်ဟုသိရ။

* ငပွကြီးတို့ အကာအကွယ် မလုံလောက်ကြောင်း သိလာကြပြီဖြစ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 11:54


ဂျာမနီ Rheinmetall ကုမ္ပဏီက ယူကရိန်း သို့ Marder သံချပ်ကာတိုက်ယာဥ် ၂၀ စီးထပ်မံပေးပို့ ။
သက်တမ်းကြာ၍ အနားပေးခဲ့သည့် Marder IFV စုစုပေါင်း အစီး၂၀၀ အထိ ပြန်လည်ပြုပြင်ပေးပို့မည်ဟုဆ်ို။
ဂျာမနီအစိုးရဘတ်ဂျက်မှ အသစ်စျေးဖြင့် ဝယ်ပေးရခြင်းဖြစ်။
* ပတ်တီးရိုက်၊ ဆေးသုတ်၊ အစွံထုတ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 09:37


Tesla ကုမ္ပဏီ ရှယ်ယာစျေး၂၂ % ခုန်တက်ကာ ဒေါ်လာ ၂၆၀ ကျော်သွားသဖြင့် အီလွန်မတ်စ်၏ ချမ်းသာကြွယ်ဝမှု တစ်ရက်အတွင်း ဒေါ်လာ ၃၃ ဘီလျံ တိုးလာဟုဆို။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 08:52


ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေးနှင့်ပတ်သက်၍ ဂျာမနီ နန်းရင်းဝန် Schloz က ဖြေကြားရာတွင် " စစ်မက်ဖြစ်ပွားနေသော နိုင်ငံများကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံကြောင်း ဖွဲ့စည်းပုံစာချုပ်တွင်ပါဝင်ကာ သိသာထင်ရှားပြီးဖြစ်သဖြင့် စဥ်းစားစရာမလိုပါ " ဟုဆို။

* ကြိုးရှည်ရှည်နဲ့လှန်ထား။
* လူမိုက်မွေးတာ သမီးနဲ့ပေးစားဖို့မဟုတ်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 08:23


ရုရှားဖက်ဒရေးရှင်း နှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ တို့အကြား မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်စာချုပ်ကို ရုရှား ဒူးမားလွှတ်တော်က ကန့်ကွက်သူမရှိ မဲခွဲဆုံးဖြတ်အတည်ပြု။

* စာချုပ်အပိုဒ် ၄ အရ စာချုပ်ဝင်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခံရပါက ကျန်နိုင်ငံက ချက်ချင်းစစ်ရေးအကူအညီပေးရန်ဖြစ်ပါသည်။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 08:06


အီလွန်မတ်စ် သည် ၂၀၂၂ မှစတင်၍ ရုရှားသမ္မတ ပူတင်နှင့် တိတ်တဆိတ် အဆက်အသွယ်ရှိနေသည်ဟု အမေရိကန် ဒီမိုကရက်ပါတီပါးစပ်ပေါက် Wall Street Journal ကရေးသားစွပ်စွဲ။

* မီဒီညာလှိမ့်ကွက် ခြောက်ကွက်များ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 07:57


အီလွန်မတ်စ်က ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲရံပုံငွေသို့ သူ၏ America PAC နိုင်ငံရေးလှုပ်ရှားမှုကော်မတီ မှတဆင့် ဒေါ်လာ ၄၄ သန်း ထပ်မံပံ့ပိုး။
ယခင် ၃ လအတွင်း ၇၅ သန်း ပံ့ပိုးပြီးဖြစ်။

* ဘယ်ကရတဲ့ငွေနဲ့ မဲဆွယ်ရေး သုံးသလဲ ပြောနိုင်သူရှား။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 07:03


လက်ဘနွန် Hsabaya မြို့ရှိ သတင်းထောက်များ တည်းခိုနေထိုင်ရာ ဟိုတယ်ကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်။
သတင်းဌာန ၂ ခုမှ သတင်းထောက် ၃ ဦးသေဆုံး၊ ဒဏ်ရာရသူများပြား။

* အနောက်အုပ်စု ပြောနေကျ မီဒီယာလွတ်လပ်ခွင့် ၊သတင်းထောက် အကာအကွယ်ပေးရေး ဘာသံမှ မကြားရ။

ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ

25 Oct, 06:59


တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့ရှိ အမေရိကန်စစ်တပ် သိုလှောင်ရုံများ မီးလောင်ကျွမ်းမှုဖြစ်ပွား။