ဒီဇယားလေးကို ကြည့်ကြည့်ပါ။ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာတင် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေကြားမှာ ဆုံးရှုံးခဲ့ရတဲ့ လူသားအရင်းအမြစ်တွေ သောင်းနဲ့ချီ သေဆုံးဒဏ်ရာရခဲ့တာတွေ တွေ့ရပါတယ်။ ဒါ့အပြင် အရှင်ဖမ်းမိပြီး အရေးယူခဲ့ရတဲ့ အရေအတွက်ကြည့်မယ်ဆိုရင်လည်း ထောင်နဲ့ချီ ရှိပါတယ်။
-
ဒါတွေဟာ အလောင်း/လက်နက်လက်ဝယ်ရရှိပြီးတော့ ခိုင်မာတဲ့အချက်အလက်တွေအရ သတင်းထုတ်ပြန် ထားတဲ့ကိန်းဂဏန်းတွေပဲဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်တွေထဲမှာ လူမသိ၊ သူမသိနဲ့ သေဆုံးမှုတွေကိုပါ ထည့်တွက်ချက်မယ်ဆိုရင် ဒီထက် ပိုပြီးများဖို့ပဲရှိပါတယ်။
-
သေဆုံးသူတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းမှာရှိတဲ့ အရွယ်ကောင်းတွေ အများစုဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါတွေဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပါ။ ဘယ်ဘက်က သေသေ ဆုံးရှုံးနစ်နာသွားတာကတော့ နိုင်ငံရဲ့ အဖိုးမဖြတ် နိုင်တဲ့ လူသားအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။
-
ဖြစ်ပျက်ခဲ့တဲ့ ဒီအကြောင်းချင်းရာတွေရဲ့နောက်ကွယ်မှာ EAOs တွေရဲ့အမြတ်ထုတ်မှုတွေ ရှိနေပါတယ်။ EAOs တွေက လူမျိုးရေးကိုဗန်းပြ၊ နိုင်ငံရေးအလှည့်အပြောင်းကို အကြောင်းပြုပြီး လူငယ်တွေကို လက်နက်ကိုင် ပုန်ကန်စေခဲ့တယ်။ သွေးဆူလွယ်တဲ့ လူငယ်တွေကို အသုံးချ ခုတုံးလုပ်ပြီး သူတို့ရဲ့ နယ်မြေကို ချဲ့ထွင်ကာ သူပုန် သက်ဆိုးရှည် ကောင်းစားရေးအတွက် ရှေ့ဆုံးမှ ပေးဆပ်ခိုင်းခဲ့တယ်။ မြန်မာပြည်ရဲ့ လူသားအရင်းအမြစ်တွေကို စတေးပစ်ခဲ့ကြတယ်ဆိုတာ စိတ်မကောင်းဖွယ်ရာ တွေ့ရပါကြောင်း သတိချပ်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
တိုက်ပွဲသတင်းစုံ