ရှမ်းပြည်နယ်သတင်းစုံ @shanstatenews Channel on Telegram

ရှမ်းပြည်နယ်သတင်းစုံ

@shanstatenews


ရှမ်းပြည်နယ်ရဲ့ သတင်းတွေကို ဒီမှာကြည့်ပါ

ရှမ်းပြည်နယ်သတင်းစုံ (Burmese)

ရှမ်းပြည်နယ်သတင်းစုံ သည် ရှမ်းပြည်နယ်ရဲ့ နောင်အားဖြင့် ရှမ်းပြည်နယ်အဆင့်ကန် နောက်ဆုံးသတင်းများကို ပြန်လည်သတင်းအပြင်း တင်ပေးရန် ဖြစ်သည်။ ထို့သို့ စုံအတွင်း အခမ့်အစီးအစဉ် သတင်းများ များလာစွာ တင်ဆက်ပေးပါသည်။ ရှမ်းပြည်နယ်သတင်းစုံ သည် သတင်းများကို နောက်ဆုံးအတိုင်း သိရှိနိုင်သည်။

ရှမ်းပြည်နယ်သတင်းစုံ

11 Jan, 09:03


မူဆယ် ဆင်ဖြူ - ကျယ်ဂေါင် ဂိတ် တရုတ်ဘက်ခြမ်း ကနေ မူဆယ်ဘက် ပစ္စည်းသယ်တဲ့ လူတွေဆီ က ဇန်နဝါရီလ ၉ ရက်နေ့က သေနတ်မိလို့ အခုရက်ပိုင်း ပစ္စည်း သယ်ယူရာမှာ စစ်ဆေးရေး ပိုတင်းကြပ်ထားတယ်လို့ နယ်စပ် ဒေသခံတွဆီက သိရပါတယ်။
"ပစ္စည်း အရမ်းစစ်လို့ အရမ်းကြာတယ်။ လမ်း လျှောက် ဝင်တာကို နောက်ကျရင် ကျယ်ဂေါင်ထဲ အိပ်ရတယ်။ ပစ္စည်းတွေကတော့ အခု တလော ပေး သယ်တယ်။ သေနတ် မိသွားတာက လမ်းလျှောက်ဝင်တဲ့ သူတွေ သယ်တဲ့ ပစ္စည်းမှာ ၉ ရက်နေ့က တွေ့ဝာာ" လို့နယ်စပ် ဒေသခံ အမိုးသမီး တယောက်က ပြောပါတယ်။
တရုတ်ဘက်က မြန်မာ ဘက်ခြမ်း သယ်လာတဲ့ ပစ္စည်း မှာ တွေ့တာလို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

11 Jan, 05:50


တောင်ကြီးက EPC ကောင်းမှုနဲ့ ညသန်းခေါင် ၁၂ နာရီ ထမင်း ဟင်းထချက်နေရ😔
မနေ့ကမီးပျက်တာအတော်ဆိုး ၂၈နာရီ နီးပါးကြာတယ်😔😔
Edit : ဟင်းတခွက်ပဲချက်ရသေး ပြန်ပျက်သွားပြီ😏😏

ရှမ်းပြည်နယ်သတင်းစုံ

11 Jan, 05:03


ဆင်းရဲတော့ အပေါင်းသင်းရှားတယ်
ပေါင်းချင်မှပေါင်းလို့ရတယ်နော်🤣

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 06:41


ဝေသီခေါင်းပါး မြင့်မားတဲ့မြေ….
ရှမ်း/တောင် မိုင်းပွန် လွိုင်လင်ကြား ဝလုံးတောင်အပေါ်နားလေး။
ရှမ်းပြည်မှာခုတော့ ခိုက်ခိုက်တုန်အောင်ချမ်း…

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 06:36


နတ်ဝင်ပူးမယ်ဆိုရင်လည်း ကုတင်လေးတော့ အရင်ပြင်သင့်ပါတယ် အခုတော့ ပူးနေရင်း ကုတင်ကျိုးကုန်ပြီ

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 04:34


ရှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်အုပ်စု လွယ်ပန်ရွာမှာ ကိုရင်လေးတစ်ပါး ကားပေါ်ကနေ ပြုတ်ကျပြီး ဆေးကုသဖို့အတွက် အကူအညီ လိုအပ်နေတယ်လို့ ‌ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုရင်လေးဟာ အရှင်နေမိန္ဒ (၁၁ နှစ်)ဆိုသူဖြစ်ပြီး ကားမရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချခဲ့တာကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။
ကူညီပေးသူ အမျိုးသားတစ်ဦးက "ကားမရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချပြီး ဘယ်ဘက် မျက်ခုံးနဲ့ မေးစေ့မှာ ဒဏ်ရာ ရပြီး ချုပ်ရတယ်။ အခုကိုရင်လေးက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်" လို့ ပြောပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 04:30


နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာအနီးတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ခြေ (၂၀၀) ကျော်မှ စစ်ဘေးရှောင်များသည် နမ့်စန်မြို့ပေါ် နီးစပ်ရာဆွေမျိုးနှင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 04:05


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင်ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား(၁)ဦးကို လူမှု ကူညီရေးအသင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက လာရောက်ပို့ဆောင် ခဲ့ကြောင်း သိရပါသည်။
အဆိုပါဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမဘေးရှိ နေအိမ်တွင် အာကာ(ခ)မောင်ပိန်မှာ အခန်းတံခါးပိတ်ထားလျက် ညည်းတွားနေသဖြင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းအော်ခေါ်မရ၍ ဝင်ရောက်ကြည့်ရှုခဲ့ရာ သွေးထွက်ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရ၍ တာချီလိတ်မြို့၊ ဦးလှမိုး လူမှုကူညီ ရေးအသင်းသို့ အကြောင်းကြားကာ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 02:26


မန့်ဝိန်း ၂ လမ်းဘက်
အခု ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ ကျော်ခန့်ကစ မီးလောင်နေတယ်လို့ သ်ရတယ်။ အသေးစိတ် မသိရသေး။

ရှမ်းပြည်နယ်သတင်းစုံ

10 Jan, 01:56


လားရှိုးသူ လားရှိုး သားတွေ ချေချက်က
တောင်ကြီးလို အေးသာယာလိုနေရာမှာ
နယ်ခံတွေတောင် ကြည့်မရတော့ဘူးတဲ့လေ
ဘယ်နားကြည့်ကြည့် ဘယ်နားသွားသွား
လားရှိုး က သူတွေနဲ့ကိုမလွတ်ဘူးဆိုပဲ
အိမ်ခြံမြေ ကား စီးပွားရေးအသေးစားကအစ
အကုန် လက်ဝါးကြီးအုပ်သလိုအုပ်နေလို့
မနာလိုသူ (တစ်ချို့က)ဘာလုပ်တယ်ထင်တုန်း
(Taunggyi ) နဲ့အေးသာယာ gp အချို့မှာ
Anonymous post တင်ပီးလောင်နေကြတာ
ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် လားရှိုးကဆိုရင်
ဘောစိတွေဆိုတာ သူတို့ပစပ်ကနေမချဘူး သူတို့ပဲ
တစ်ခုခုဆို လားရှိုးက သူတွေမကောင်းဘူး
ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုလဲ ဒီ လားရှိုးက
သူတွေကိုပဲ ခလုပ်တိုက်တာ အချိန်တန်ရင်ပြန်ကြမှာပါ ဘာတွေလောနေတာတုန်းဗျာ
လောလောဆယ်တော့ ပျော်လို့နေပါအုန်းဗျာ...
တောင်ကြီးသူ တောင်ကြီးသား မြို့ခံနယ်ခံများကိုစော်ကားလိုစိတ်နည်းနည်းမှ မရှိပါဗျ
ရင်ထဲရှိတာပြောတာပါ အမှားပါရင်ခွင့်လွတ်ပါဗျာ😁
#crd #ပြန်လည်ကူးယူဖော်ပြသည်။

ရှမ်းပြည်နယ်သတင်းစုံ

09 Jan, 08:59


တရုတ်တွေလုပ်လိုက်ရင် အဆန်းကြီး🤣

ရှမ်းပြည်နယ်သတင်းစုံ

09 Jan, 08:22


တစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရိုးရာအိမ်များ🏠
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသက၊ ကျောက္ကချားရွာ🍀
အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားကြီးရို.က်ကူးခဒခဲ့တဲ့ရွာလေးတစ်ရွာ🍀
အခုနှစ်ပိုင်းမှသာတိုက်အိမ်လေးတွေဆောက်လာကြတာကိုတွေ့ရတယ်🏡
🍀ကျောက္ကချား ကျေးရွာကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု အတွင်း တည်ရှိပါတယ်
🏞“ကျောက္ကချား” လို့ ဆိုလိုက်တာနဲ့ နှစ်တစ်ကျော်သက်တမ်းရှိတဲ့ တိုင်တစ်ရာနမ်းဟုတ်ကျောင်း၊ ရှေးဟောင်းပအိုဝ်းရိုးရာအိမ်များ၊ လှပတဲ့မဲနယ်တောင်တန်း၊ လှပတဲ့ရှုခင်းတွေကြောင့် ခရီးသွား Vloger များ၊ ရုပ်ရှင်ရိုက်သူများ၊ ဓာတ်ပုံရိုက်သူများ၊ ပြည်တွင်းပြည်ပခရီးသွားများအကြိုက်တွေ့တဲ့ ကျေးရွာဖြစ်ပြီး မြန်မာသာမက ကမ္ဘာပေါ်ပါနာမည်ကျော်ကြားတဲ့ ကျေးရွာလို့ဆိုကြပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

09 Jan, 07:30


ယခုဆိုရင် လူတယောက်ရဲ့ လုံခြုံရေး အထူးဂရုစိုက်ဖို့ အရေးကြီးပါတယ်
တရုတ်မင်းသားလိုလူက ရွှေကုက္ကိုလ် ကျားဖြန့်ထဲ လူကုန်ကူးခံရရင် အသိဥာဏ်ပညာ အတွေးအခေါ်နည်းပါးတဲ့ တို့တတွေဟာ အချိန်မရွေး နေရာမရွေး ပုံစံအမျိုးမျိုးရဲ့ သားကောင်ဖြစ်နိုင်တယ်ဆိုတာ စက္ကန့်မလပ် သတိချပ်ဖို့ လိုပါတယ်
အခုနောက်ပိုင်း ကလေးတွေ ကျောင်းသားတွေ ပျောက်တာများလာသလို အစအန ရှာမရ ဖြစ်နေတာ စိပ်လာပါတယ်
မိန်းကလေးတွေလည်း အသေး အလတ် ပိုဂရုစိုက်ပါ
ယောင်္ကျားလေးရော မိန်းကလေးပါ တယောက်ထဲမလွှတ်ပါနဲ့ မသွားပါနဲ့ ။
မလိုအပ်ပဲ ဘယ်မှမသွားတာ ပိုကောင်းပါတယ် ။
သတိပေးတာပါနော်

ရှမ်းပြည်နယ်သတင်းစုံ

09 Jan, 06:47


တာအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့တွင် ဒေသခံ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
မူဆယ်မြို့၊ ပန်လုံကျေးရွာနေ အသက် (၂၉)နှစ်အရွယ် ကိုနောင်ဆိုင်သည် ဇန်နဝါရီလ (၁)ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းဟောင်းအနီး ထင်းခွေရာမှ မြေမြုပ်မိုင်းနင်းမိကာ ​ခြေထောက်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။အဆိုပါ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အချိန်မှီပို့ဆောင် ကုသမှု ခံယူလျက်ရှိကြောင်း အသိပေးထားသည်။

ရှမ်းပြည်နယ်သတင်းစုံ

04 Jan, 05:32


တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာက နေအိမ်တစ်ခုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ TNLA တပ်သား ၂ ဦးက ငွေကျပ်သိန်း ၁ ရာ တောင်းခံခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
"သူတို့က ဒဏ်ရာရတဲ့ စစ်သားတွေ။ တောင်ခမ်းကနေ ပြန်လာတာ။ သူတို့ RPG တစ်လုံးပါတယ်။ အဲမှာ ထားခဲ့မယ်။ နောက်သုံးရက် ပြန်လာယူမယ်ပြောပြီးတော့ အဲအိမ်မှာ ထားခဲ့တယ်လို့ ပြောတယ်။ သူတို့ထားတဲ့ ရက်ကတော့ ၁၅၊ ၁၆ လောက် ကျမှာပေါ့နော်။ ၁၉ ရက်နေ့ သူတို့ပြန်လာတာ။ ပြန်လာတဲ့ချိန် သူတို့ပစ္စည်းမဟုတ်ဘူးတဲ့။ မင်းတို့ လက်နက်တွေ ထားတယ်။ မူးယစ်အရောင်းအဝယ် လုပ်တယ်ဆိုပြီး အဲလိုခြိမ်းခြောက်စကားပြောပြီးတော့ မင်းတို့ ပိုက်ဆံပေးရမယ်။ သိန်း ၁၀၀ ပေးရမယ်။ အဲလိုပြောတာ" လို့ မြို့သစ်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
သူတို့တောင်းခံတဲ့ ငွေသိန်း ၁ ရာကို အိမ်ရှင်တွေက မပေးနိုင်တာကြောင့် ညှိနှိုင်းရာကနေ နောက်ဆုံး ကျပ်ငွေ ၂၅ သိန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်

ရှမ်းပြည်နယ်သတင်းစုံ

04 Jan, 05:30


ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရအကျဉ်းသားများကို ခေါ်ဆောင်ရန်အင်းစိန်အကျဉ်းထောင်အတွင်းသို့ YBS ယာဉ်များ ယနေ့(ဇန်နဝါရီ ၄ ရက်) နံနက် ၁၁ နာရီ ၃ မိနစ်တွင် စတင်ဝင်ရောက်သွားကြောင်းသိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

04 Jan, 04:58


ကျားထုကြီးအတွက်ဝမ်းသာစရာသတင်းကောင်းပေါ့။😄

သင်ဇာဝင့်ကျော်တော့လွတ်ပြီ နန်းမွေ့စံတော့မလွတ်သေးဘူးဟုသိရ။

ရှမ်းပြည်နယ်သတင်းစုံ

03 Jan, 09:44


ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီး မူးယစ်ဆေးဝါးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေလို့ လူငယ်တွေကြား စိတ်ကြွဆေးပြား (ရာမ)၊ ကက်တမင်း၊ ဘိန်းဖြူနဲ့ ဘိန်းမဲသာမက Happy Water လို မူးယစ်ဆေးတွေ သုံးစွဲမှုမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆတ်မြို့၊ ကျဒယ်ကုန်းနဲ့ တာချီလိတ်ဘက်အထွက် မတ်ကျန်းက KTV တွေမှာ မူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူရနေပြီး တာချီလိတ်မြို့မှာဆိုရင် မိုင်းဆက်ဒေသခံနှစ်ဦး မူးယစ်ဆေးသုံးတာ လွန်သွားကာ သေဆုံးတာတွေအထိ ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မိုင်းဆတ်ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

03 Jan, 08:22


မိုဘိုင်းငွေကြေးလိ-မ်လည်မှုများနှင့် ပတ်သက်၍ စုံစမ်းတွေ့ရှိချက်များကို KBZ Pay ထုတ်ပြန်

ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချိုမှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ယနေ့ ဇန်နဝါရီလ (၃)ရက်၌ KBZ Payမှ စစ်ဆေးတွေ့ရှိမှုများကို ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်ကြောင့် KBZ Pay အသုံးပြုသူများကြား၌ ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံမှုအပေါ် စိုးရိမ်မှုရှိနေကြခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ငွေကြေးလိ-မ်လည်မှု ဖြစ်စဉ်များသည် ဖုန်းဟန်းဆက်ပြောင်းလဲသည့်လုပ်ငန်းစဉ် (Device Change) အပေါ်၌ သက်ရောက်မှုရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုကြောင့် လက်ရှိအချိန်၌ ငွေကြေးလိ-မ်လည်မှုများထပ်မံ မဖြစ်ပေါ်ရေးအတွက် KBZ Pay မှ ဖုန်း Operator အချို၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ယာယီပိတ်သိမ်း ထားမည် ဖြစ်ကာ စစ်ဆေးမှုများပြုလုပ်ပြီးချိန် ဇန်နဝါရီလ (၇)ရက်မှသာ ပြန်လည်အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားသည်။

ထိုအပြင် KBZ Pay ဘက်မှ ငွေကြေးလိ-မ်လည်ခံလိုက်ရသည့် အသုံးပြုသူ (၃၁)ဦး၏ ဆုံးရှုးသွားသည့် ငွေပမာဏအတိုင်း ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုများကို ပြုလုပ်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်သတင်းစုံ

03 Jan, 07:42


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း အသီးသီးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၃ ရက်နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်သတင်းစုံ

03 Jan, 05:12


တာချီလိတ်မြို့ ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့် ဈေးဆိုင်များကို ပထမအကြိမ် ဖယ်ရှား
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ပလက်ဖောင်းများတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးဆိုင်များ၏ ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများကို ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေပိုင်းအချိန်၌ ပထမအကြိမ် သတိပေးဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းမဲ့ဈေးဆိုင်များ ဖယ်ရှားရှင်းလင်းမှုကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ထိပ် တံတား (၁) ၊ အဝိုင်းပတ်မှစတင်၍ မြို့ပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် နှင့် လမ်းဘေးပလက်ဖောင်းများတလျှောက်အလိုက်လံ စစ်ဆေးကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

02 Jan, 09:09


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးခရိုင် ၊ သိန္နီမြို့ကို MNDAAတပ်က ယမန်နေ့ (ဇန်နဝါရီလ ၁ရက်နေ့) ည ၁၁ နာရီဝန်းကျင်အချိန်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်သတင်းစုံ

02 Jan, 02:16


ခွင့်ပြုချက်ရယူခြင်း မရှိဘဲ VPN ထူထောင်တာ နဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း ပြုလုပ်ပါက ထောင်ဒဏ် နဲ့ ငွေဒဏ်တွေ ချမှတ်ရမယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

03 Dec, 05:18


တရုတ်-မြန်မာနယ်စပ်၏ အကြီးဆုံးကုန်သွယ်ရေးဂိတ်ရှိရာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ တလအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိခဲ့ရကြောင်း ပလောင် (တအာင်း) အမျိုးသားတပ်မတော် (TNLA) က ဒီဇင်ဘာ ၂ ရက်၌ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်သတင်းစုံ

03 Dec, 05:14


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြိုနယ်၊ နောင်ဟီးကျေးရွာတွင် တရားမဝင် ကျားဖြန့်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦး တိုအား ၂-၁၂-၂၀၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုတွင် တရုတ်နိုင်ငံသား ၁၈ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးတိုနှင့်အတူ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ကွန်ပျူတာ ၂၆ လုံး၊ စတားလင့် ၁ စုံ၊ ဘန်း ၁ ခု၊ ပစ္စတို ၂ လက်၊ Type-81 ၂ လက်၊ ၄၀ မမ လောင်ချာတွဲ ၁ ခု၊ ခဲယမ်းမျိုးစုံ၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ wifi စက် ၃ လုံး၊ ဖုန်းမျိုးစုံ ၁၃၀ လုံး၊ လိုင်စင်မဲ့ ၆ ဘီးယာဉ် ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

03 Dec, 01:23


ဝေဖန်ခြင်းနှင့်ပုတ်ခတ်ခြင်း

ဝေဖန်ခြင်းဆိုတာ သူ့အမှားသူ ပြန်စဉ်းစားနိုင်အောင် ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေးသုံးသပ်ပြကာ မေတ္တာ ပညာ အကြင်နာနှင့်ပြောတာ။
ပုတ်ခတ်ခြင်းဆိုတာ သူ့အမှားကို ချက်ကောင်းယူပြီး စော်ကားတာ၊ အမုန်းတွေ ဒေါသတွေနှင့် ချေဖျက်ပစ်တာ၊ သူတစ်ချက်မှားတာကို ဆယ်ချက်လောက်အပြစ်ပြောတာ။

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 09:04


လားရှိုးအီနိုင်းတံတားကို ပြန်လည်ပြုပြင်နေတာကြောင့် ဖောင်နဲ့ဖြတ်သန်းသွားလာနေရပြီး ဖောင်စီးခ တစ်ကြိမ်ကို ၂ သိန်းနီးပါးပေးဆောင်နေရလို့ ခရီးသွားတွေ အခက်တွေ့၊ မိုးတေတံတားလည်း ပြုပြင်နေတာကြောင့် နမ္မတူ-သီပေါ သွားလာလို့ မရသေး

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 08:42


ရှမ်းမြောက် နောင်ချိုမြိုနယ် တောင်ခမ်းကျေးရွာနဲ့ ဂန့်ကော်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲဆက်လက်လက်ပြင်းထန်နေပြီး

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 08:07


ရှမ်းမြောက် ကျောက်မဲမြို့နယ်မှာရှိတဲ့ ခိုတင့်ရွာ ဘုန်းကြီးတစ်ပါး လျှပ်စစ်ရေတာပိုင်ကို သွားဖွင့်ရင်း ရေနစ်ပြီး ပျံလွန်တော်မူခဲ့တယ်လို့ ကျောက်မဲမြို့မှာရှိတဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 07:55


မိုင်းပြင်းမြို့ကိုဗဟိုပြုပြီး ယနေ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့
ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
ကျိုင်းတုံမြေငလျင်စခန်းမှ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၁၁ နာရီ ၄၂ မိနစ် ၁၄ စက္ကန့်ခန့်က ယင်း ငလျင်လှုပ်ခတ်မှုကို တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 07:03


မူဆယ်မြို ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု
**********************

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို အတွင်းသို တရုတ်နိုင်ငံဘက်မှ မီးဖိုချောင်သုံး သီးနှံနှင့် သားငါးများကို နိုဝင်ဘာလ ၃၀ ရက်မှစတင်ကာ သယ်ဆောင်ခွင့်ပြုခဲ့ပေမယ့် အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ နှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခွင့်မပြုဘဲ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမှာဖြစ်တယ်လို ဆင်ဖြူဂိတ် စစ်ဆေးရေးအဖွဲက အသိပေးထားပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 02:34


လားရှိုးကအပြန်
တောင်ကြီးအဝင်၄မိုင်ဂိတ်မှာတွေ့ရတဲ့ဆီဘောက်ဆာကားတန်းကြီးပါ
ဂိတ်လွန်မှဖြတ်ရိုက်ထားတာ ၁၀စီးကျော်တယ်

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 02:30


တာချီလိတ်မြိုတွင် လုံခြုံရေးတပ်ဖွဲဝင်များအဖြစ်ဟန်ဆောင်ကာ ဓါးပြတိုက်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီရမိ။

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 02:27


ယနေ့ စက်သုံးဆီဈေးနှုန်းများ

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 02:25


တအောင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို ရဲစခန်းရှေ့မှာ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေရှိခဲ့တယ်လို ပရဟိတအသင်းတွေဆီက သိရှိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ‌နေ့လည်ပိုင်း ၂ နာရီကျော်တဲ့အချိန်မှာ အမည်မသိ နေရပ်မသိတဲ့ အမျိုးသားတစ်ဦးက သေဆုံးနေတယ်လို နမ့်ခမ်းဂရုဏာပရဟိတအသင်း တာဝန်ရှိသူတစ်ဦးပြောပါတယ်

ရှမ်းပြည်နယ်သတင်းစုံ

02 Dec, 02:00


ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဝိုရာဘုံ မန့်ပြိန်းကျေးရွာ စာသင်ကျောင်းတွင် လက်နက်ကိုင်တပ်များ တပ်စွဲခြင်း မပြုလုပ်ရန် ဒေသခံပြည်သူများ တောင်းဆိုမှုကို TNLA လက်မခံဘဲ အငြင်းပွားမှုများသာ ဖြစ်ပွားခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

29 Nov, 10:20


တီကျစ်
မနက်ဆို အမြဲ မြူတွေ ဆိုင်းနေတတ်တဲ့မြို့
အပြုံးချိုချိုတောင်ပေါ်သူလေးတွေနေတဲ့မြို့

ရှမ်းပြည်နယ်သတင်းစုံ

29 Nov, 08:51


ယနေ့ ချင်းရွှေဟော်မှာ ကိုးကန့်အလံချ၍ တစ်ချိန်က ​ခြေဖြင့်နင်းခဲ့သည့် မြန်မာနိုင်ငံအလံ ပြန်တင်ခဲ့သည်။ MNDAA မှ တရုတ်အား မျက်လှည့်ပြနေခြင်းသာ ဖြစ်သည်။

ရှမ်းပြည်နယ်သတင်းစုံ

29 Nov, 08:18


ဟာသတွေ အတော်ပြောသည့်
နယ်ချဲ့ ကျူးကျော် သူခိုးပလောင်

ရှမ်းပြည်နယ်သတင်းစုံ

29 Nov, 07:49


ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ကြယ်ခေါင်မြို့ကို ဒေသတွင်း စားသောက်ဖို့နဲ့ မီးဖို ချောင် အသီးအနှံ နဲ့ သားငါးဝယ်ယူရေးအတွက် တစ်နေ့ကို ကားအစီးရေ ၅၀ နဲ့ ဆိုင်ကယ် အစီး ၂၀၀ ကို သာ အလှည့်ကျစနစ်နဲ့ ဖြတ်သန်းခွင့်ပြု

ရှမ်းပြည်နယ်သတင်းစုံ

29 Nov, 05:27


ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုတွင် တရားဝင်လိုင်စင်ရ လုပ်ငန်းများနှင့် မော်တော်ယာဉ်များကို သတ်မှတ်ဂါလံအတိုင်း စက်သုံးဆီ ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း မြိုနယ် စက်သုံးဆီဝယ်ယူရေးနှင့် ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီက အသိပေးထားသည်။

ရှမ်းပြည်နယ်သတင်းစုံ

29 Nov, 05:25


ဝါးနဲ့ဖန်တီးတာတဲ့ဗျာ
လက်ရာတွေက လန်ထွက်နေတာဘဲ
ဗီယက်နမ်ကလို့သိရပါတယ်

ရှမ်းပြည်နယ်သတင်းစုံ

22 Nov, 08:56


တောင်ကြီးမြို့ရဲ့ နေရာအနှံ့မှာ နေအိမ်ထဲထိ ဝင်ခိုးသူတွေ၊ ဆိုင်ရှေ့ရပ်ထားတာကို ခိုးသူတွေ၊ CCTV ရှိရက်နဲ့ အလျှင်အမြန် မောင်းယူသွားသူတွေ ရှိနေပြီး ဆိုင်ကယ်လည်း ပြန်မရသလို ခိုးတဲ့လူကိုလည်း ဖမ်းမမိဘူးလို့ သိရပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

22 Nov, 06:16


မိသားစုဝင်များ ပြောပေးပါလို့ အကူအညီတောင်းလာတယ်...
ပင်လောင်းမှာ စကစဖမ်းဆီးထားပြီး ပြန်လွတ်လာတဲ့ အဒေါ်တစ်ယောက်(ဒေါ်ရီမွန်အေး ၊ အသက်၄၁)၊ လွိုင်ကော် ကုန်းသာမှာနေတယ်ပြောပါတယ်။
ဆောင်းပြောင်းကနေ ဗန်းမောက်စစ်ရှောင်စခန်းကို ပြန်မယ်ပြောပါတယ်။ ဆွေမျိုးသားများ မိသားစုဝင်များ အကူအညီ လိုအပ်နေပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

22 Nov, 04:51


ရှမ်းမြောက်၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့ နိုဝင်ဘာ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

22 Nov, 04:49


အကယ်ဒမီရွှေ အဖွင့်ရွှေစျေး
WG open 1oz = 2669$
ပြင်ပ စျေးနှုန်း
မီးလင်း - 6200000 Ks
၁၅`ရည် - 5830000 Ks
YGEA စျေးနှုန်း
မီးလင်း - 5410000 Ks
၁၅' ရည် - 5090000 Ks
အချိန်နှင့်တပြေးညီ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါသည် ။

ရှမ်းပြည်နယ်သတင်းစုံ

21 Nov, 09:43


ခရမ်းချဉ်သီး ၆ ထောင်ဖိုး 😔😔😔
တပိဿာ ၁၈၀၀၀-၂၀၀၀၀ တဲ့ 😓😓

ရှမ်းပြည်နယ်သတင်းစုံ

21 Nov, 09:29


ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တုံဆင်လေးကျေးရွာက အသက် ၁၃ နှစ်အရွယ် လွေးအေးဝင်းဆိုတဲ့ ကလေးငယ်ဟာ ညီမဖြစ်သူရဲ့ ဖိနပ်လိုက်ဆယ်ရင်း ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

21 Nov, 09:28


ထိုင်းမှုခင်းတရားရုံးက သူငယ်ချင်းနဲ့ အသိမိတ်ဆွေပေါင်း ၁၄ ယောက်ကို ဆိုင်ရာနိုက်အဆိပ်ခတ် သတ်ဖြတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး အမ်း ခေါ် ဆာရာရတ်ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာပဲ ပထမဆုံး သတ်ခံရသူ ဆီရီပွန်အမှုမှာပဲ ပြစ်မှုထင်ရှားလို့ သေဒဏ်ချမှတ်လိုက်ပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

21 Nov, 08:34


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်း က သတင်းအရ မော်တော်ယာဥ်အား စစ်ဆေးရှာဖွေရာမှ ငွေကျပ်သိန်း ၂,၇၅၀ တန်ဖိုးရှိ စိတ်ပြောင်း ဆေး ဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

ရှမ်းပြည်နယ်သတင်းစုံ

21 Nov, 01:58


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ရွှေတိဂုံဘုရား ကုန်းပေါ်တွင် တည်ထားကိုးကွယ်မည်ဖြစ်သော နဂါးနှစ်ကောင်ဆရာတော်၏ လွမ်းစေတီအား တည်ထားကိုးကွယ်ရန်အတွက် ပန္နက်ချ မဂ်လာအခမ်းအနားအား ယနေ့ ညနေပိုင်းတွင်ပြုလုပ်ခဲ့ပြီး မိုင်းဖုန်းဆရာတော်ဘုရားကြီးမှ ကြွချီကာ ရေစက်ချ တရားဟောကြားပေးခဲ့ပါသည်။

ရှမ်းပြည်နယ်သတင်းစုံ

20 Nov, 08:06


ရှမ်းမြောက် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်‌ ‌၄ မှာ ရေအားလျှပ်စစ် ရှော့ဖြစ်ကနေ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား"
ကွတ်ခိုင်မှာ မီးမလာဘူးလေ။ သူက ရေအားလျှပ်စစ်နဲ့ မီးထည့်လိုက်တာ မီးအားတအားများတော့ မီးကြိုးကမနိုင်ဘူးလေ အဲ့ဒါနဲ့ မီးလောင်သွားတယ်"
ဦးနော်ဆိုင်းဟာ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ မှာ နေထိုင်သူဖြစ်ပြီး အိမ်မှာ မီးလောင်ခဲ့တာကြောင့် အိမ်ထဲမှာရှိတဲ့ ဆိုင်ကယ် ၂ စီး ဆန် ၂ အိတ်နဲ့ အိမ်သုံးပစ္စည်းအကုန်လုံး ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

20 Nov, 08:01


ပလောင်တွေနှိက်စက်မှုဒဏ်

ရှမ်းပြည်နယ်သတင်းစုံ

20 Nov, 07:02


”ဝ”တပ်က တန့်ယန်းမြို့အတွင်း ကျားဖျန်လုပ်ကိုင်သူ အယောက် ၁ ထောင်ကျော်ဖမ်းမိ၊ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်ထံလွှဲပြောင်း

ရှမ်းပြည်နယ်သတင်းစုံ

20 Nov, 04:20


လားရှိုးမြို့တွင် ယနေ့
MPT ဖုန်းလိူင်း အင်တာနက် လိူင်းများ
ပြန်ရပါပြီနော်

ရှမ်းပြည်နယ်သတင်းစုံ

20 Nov, 02:12


မိုးမလင်းဈေးတဲ့ မိုးကျဲကျဲလင်းတဲ့ထိ စည်ကားနေဆဲ
ဟိုပင်မြို့ရဲ့ဆောင်းရာသီမနက်ခင်းဈေး

ရှမ်းပြည်နယ်သတင်းစုံ

15 Nov, 09:31


တာချီလိတ်မှာ ဖုန်းဆိုင်ဓားပြတိုက်တဲ တရားခံ ၄ ဦးကို ရဲတပ်ဖွဲက အသေပစ်ခတ် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်သတင်းစုံ

15 Nov, 09:28


တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ လပြည့်နေ့

ရှမ်းပြည်နယ်သတင်းစုံ

15 Nov, 07:20


လူငါးဦးအထိသေဆုံးခဲ့တဲ့ အိုင်ဖုန်း အလုံး ၂၀ လုယက်မှု
ဖုန်းဆိုင်တစ်ခုကို သေနတ် ပစ်ခတ်လုယက်ခဲ့တဲ့ဖြစ်စဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာြဖစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံးကာ လုယက်သူ ၄ ဦးကိုလည်း အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က First Rate Mobile ကို ဝင်ရောက်လုယက်မှုအတွင်း ဖုန်းဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့သလို iPhone အလုံး ၂၀ ကို လုယက်ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

15 Nov, 04:37


ရှမ်း/အရှေ့ တာချီလိတ်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်း လပြည့်နေ့ ညပိုင်းတွင် လွယ်ကထုန် မီးမျှောပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

15 Nov, 03:28


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဟိုခိုကျေးရွာရှိ (၈)ခန်းတွဲ(၂)ထပ် ဆိုင်ခန်းငှါးအဆောက်အဦးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ၊ညနေပိုင်းက ငှါးရမ်းနေထိုင်သူ ဦးမြင့်ဦးသည် ဖယောင်းတိုင် ဘုရားမီး ပူဇော်ထားရာမှ ဘုရားစင်မှတစ်ဆင့်မီးကူးစက်ရာမှ (၁၃x၂၆)ပေ၊ RC သံကူကွန်ကရစ် (၂)ထပ်တွင် မီးလောင်မှု ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်သတင်းစုံ

09 Nov, 05:26


သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရိုးရာတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ယခင်က နိုဝင်ဘာလ (၉)ရက်မှ (၁၅)ရက် အထိ ကျင်းပရန်စီစဉ်ထားပေမယ့် ရာသီဥတု အခြေအနေကြောင့် နိုဝင်ဘာလ(၁၁)ရက်မှ (၁၇)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း မီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

09 Nov, 03:59


ကျောက်မဲအခြေအနေ​မေးနေကြတဲ့ ❤️ တို့ရေ မြို့လေကတော့အေးချမ်းသာယာပါတယ်လို ပြန်ရမယ်လမ်းကတော့ဒီလိုပါ

ရှမ်းပြည်နယ်သတင်းစုံ

09 Nov, 03:49


လားရှိုးမြို့ တွင် ယနေ့ မနက်ပိုင်းက စပြီး
ဖုန်းလိူင်း ပြန်လည်ရရှိနေပါသည်။
MPT တစ်မျိုးထဲရသေးပေမဲ့ သုံးရတာ
အဆင်ပြေနေပါတယ် မိသားစုတွေကို
ဖုန်းလေးဆက်ပီးသတင်းမေးလိုက်ပါအုန်းနော်

ရှမ်းပြည်နယ်သတင်းစုံ

09 Nov, 03:45


ရာသီဥတုနဲ့လမ်းကြောင်းအနေအထား(8.11.2024)
ရှမ်းတောင်နဲ့ရှမ်းမြောက်ကနေရာတော်တော်များများမှာယနေ့ညနေပိုင်းအထိမိုးတွေရွာနေဆဲပါ။မိုးကသည်းထန်စွာ
ရွာတာမျိုးမဟုတ်ဖွဲဖွဲရွာနေတာပါ။ရာသီဥတုကလည်းအေး
ပါတယ်။
( ၂)ရက်(၃)ရက်ဆက်မိုးရွာသွန်းမှုတွေကြောင့်လမ်းကြောင်း
တချို့အခက်အခဲကြုံနေရပါတယ်။ကျောက်ဂူ-နမ့်လန်လမ်း
နေရာအချို့မှာဗွက်နစ်လို့ကားတွေပိတ်ပြီးထွန်စက်နဲ့ဆွဲထုတ်
ရတာတွေရှိပါတယ်။သာစည်-ပင်ပိန်-ရဲရွာ-နောင်ပိန်လမ်းလဲ
အဆင်မပြေလို့ကြားသိရပါတယ်။
ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်းမိုးရွာထားပေမဲ့လတ်တလော
ဖြတ်သန်းလို့ရနေပါတယ်။ နေ့လည်ကအထိကုန်ကားကြီး
ကားငယ်တွေပုံမှန်ဖြတ်သန်းနေပြီး ကားကြီးတွေကိုတော့
အလှည့်ကျလွတ်ပေးနေတာတွေ့ရပါတယ်။ခေါင်းနွဲ့တောင်
နေရာအချို့မှာမြေပြိုတာတွေတွေ့ခဲ့ရပြီးသတိထားတော့
ဖြတ်သန်းရပါတယ်။
နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံလမ်းမိုးရွာထားပေမဲ့လည်း
အဆင်ပြေစွာသွားလာလို့ရနေပါတယ်။လတ်တလောမိုးရွာ
ထားလို့ ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနဲ့ သာစည်-ပင်ပိန်လမ်း
အခက်အခဲရှိနေနိုင်ပါသေးတယ်။နေပြန်ပွင့်ပြီး၃ရက်လောက်
ဆိုရင်အဆင်ပြေသွားမယ်ထင်ပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 10:39


ထိုင်းနိုင်ငံမှာအဆင်မပြေတာ
တွေများလာလိုကိုယ့်ကိုကိုယ်သတ်သေသွားကြတဲ့ပအိုဝ့်သမီးရည်းစားစုံတွဲ

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 10:22


သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နှင့် ကျိုင်းတုံမြို့အပါအဝင် မြို့နယ်အချို့တွင် ယမန်နေ့နိုဝင်ဘာလ(၇)ရက် ည ၁၁း၀၀ နာရီ အချိန်ခန့်ကငလျင်လှုပ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 10:21


ရှမ်းပြည်အရှေ့ပိုင်းမှာ နိုဝင်ဘာလ ၅ရက်နေ့ကတည်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာနေတာကြောင့် မြေပြိုပြီးကားလမ်းတွေ ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်တိုက်ရွာနေတဲ့မိုးကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန်မြို့ကနေ မိုင်းတုံမြို့ကို သွားတဲ့ကားလမ်းပေါ်က ငှက်ပျောတောနဲ့ဝမ်ထန်ကြားမှာ မြေပြိုကျမှုတွေ ဖြစ်နေပြီး ကားတွေသတိထားမောင်းဖို့ မိုင်းပန်ဒေသခံတစ်ဦးက သတိပေးပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 03:49


ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အများပြည်သူ အဓိက အသုံးပြုသွားလာနေတဲ့ ပြည်ထောင်စု လမ်းမတစ်နေရာမှာ လမ်းမြေပြိုလာနိုင်မယ့် အန္တရာယ်ရှိနေကြောင်း သိရပါတယ်။ "လမ်းက ထက်ဝက်လောက် အက်ကွဲ ရာထင်နေပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အမြန်မြင်ပြီး ကြိုတင် ပြုပြင်၊ ပြင်ဆင်နိုင်မှာ တော်ကာကျမယ်။ ယာဉ်မောင်း ကားသမားတွေက အတော်လေး သတိထားပြီး သွားရမယ့် အခြေအနေပဲဖြစ်ပါတယ်

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 03:06


*လားရှိုးမြို့တွင် ဒေသခံပြည်သူများကိုနေထိုင်ခွင့်
ကဒ်ထုတ်ပေးနေတယ်*ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတာဝန်ရှိသူတစ်ဦး၏ဖြေကြားချက်များ-
1.မေး-လားရှိုးမြို့မှာ ဒေသခံပြည်သူတွေကို နေထိုင်ခွင့်ကဒ်ထုတ်ပေးနေတယ်ဆိုတာ ဟုတ်ပါသလားဆရာ။
ဖြေ-အဲ့လိုတော့မရှိပါဘူး၊ လက်ရှိနေထိုင်သူ လူဦးရေကိုဘဲ စစ်တမ်းကောက်တဲ့သဘောပါ။
2.မေး-လူဦးရေစာရင်းကို အခုမှစကောက်တာလားဆရာ။
ဖြေ-မဟုတ်ပါဘူး၊လူဦးရေစာရင်းက အရင်ထဲကကောက်နေတာပါ၊စစ်ရှောင်ပြီးအိမ်ပြန်လာတဲ့လူဘယ်လောက်ရှိလဲ၊အိမ်ရှင်ဘယ်သူ မိသားစုဘယ်နှစ်ယောက်ရှိလဲ၊အဲ့ဒါမျိုးကိုဘဲစစ်တာပါ။
3.မေး-ဒီအခြေအနေနဲ့ပတ်သက်ပြီး ဆရာအနေနဲ့ ဒေသခံပြည်သူတွေကို ဘာပြောချင်ပါသလဲဆရာ။
ဖြေ-ဟုတ်ကဲ့ ၊အဓိက အနေနဲ့ ပြန်လည်ဝင်ရောက်နေထိုင်သူ လူဦးရေကိုဘဲ စစ်တမ်းကောက်တာပါ၊နေထိုင်ခွင့်ကဒ် ထုတ်ပေးနေတာမျိုးမရှိပါဘူး၊ကောလဟာလတွေပါ၊လို့ဘဲပြောချင်ပါတယ်။
lashionreconstruction
နေထိုင်ခွင့်ကဒ်ထုတ်ပေးခြင်းမရှိ
Credit NayWaiSoe

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 03:03


ယနေ့ မယ်ဆိုင်ချောင်းရေ နည်းနည်းပြန်တက်

ရှမ်းပြည်နယ်သတင်းစုံ

08 Nov, 02:23


ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၇ရက်၊ မနက်ပိုင်းအချိန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် လမ်း၊ တံတားတွေ ပျက်စီးပြီး သွားလာရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

29 Oct, 04:21


မိုးညှင်းမြို့ပေါ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အားပြ
===================
အောက်တိုဘာ ၂၉—၂၀၂၄၊ မိုးညှင်း
ရှမ်းနီအမျိုးသားများတပ်မတော် SNA သည် အောက်တိုဘာလ ၂၈ ရက်နေ့က မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်တွင် စစ်ကြောင်းချီတက် အင်အားပြခဲ့ကြောင်းသိရပါတယ်။
မိုးညှင်းမြို့ပေါ်သို့ SNA တပ်များ ချီတက်အင်အားပြခြင်းဟာ မှန်ကန်ကြောင်း SNA တာဝန်ရှိသူတစ်ဦးမှ ရှမ်းနီအသံကို အတည်ပြုနိုင်ကြောင်းပြောဆိုပါတယ်။
"မိမိနယ်မြေ မိမိဒေသ၊ မိမိတိုရှမ်းနီ အမျိုးသားများ၊ မိမိတိုလူမျိုးများရဲ့ မူလနေရာတွေကို အခုလို ရောက်ရှိပြီးဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မယ်လို ယုံကြည်ပါတယ်။ ယခုထက်ပိုမိုပြီး(SNA)ရဲ့အခန်းကဏ္ဍကိုမြှင့်တင်နိုင်ဖို ရှမ်းနီ ဒေသတွင်းပြည်သူလူထုများက လက်တွဲ ပူးပေါင်းပါဝင်နိုင်ကြဖို များစွာလိုအပ်ပါတယ်။ ”လို့ SNA တာဝန်ရှိသူတစ်ဦးမှ ရှမ်းနီအသံကို ပြောပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ၃၅ နှစ်ပြည့် (ကျောက်စိမ်းရတု) ခဲ့ပြီဖြစ် ပြီး လက်ရှိမှာ ရှမ်းနီဒေသအနှံ့အပြားမှာ ရှမ်းနီလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီလို့ ထုတ်ပြောထားပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

28 Oct, 07:28


အခုရက်ပိုင်းအတွင်း TNLA နယ်မြေထဲမှာရှိတဲ့ PDF တွေ အထိနာနေတယ်လို့ သိရတယ်... အကြောင်းအရင်းကို စုံစမ်းကြည့်လိုက်တော့ TNLA က သူတို့နယ်မြေထဲကို ရောက်နေတဲ့ PDF တွေကို ရှင်းထုတ်ချင်တာနဲ့ စစ်ကောင်စီကို မြေပုံညွှန်းနဲ့ပါ အတိအကျပေးနေတယ်လို့ အတွင်းသတင်းကနေ သိရတယ်... ဒီပုံစံအတိုင်းဆိုရင်တော့ TNLA နယ်မြေထဲမှာရှိတဲ့ PDF တွေအနေနဲ့ သတိအကြီးကြီး ထားသင့်ပြီနော်... ရှင်းရှင်းပြောရရင် လက်နက်ကိုင် သူပုန်တွေထဲမှာ ပလောင်သူပုန်က အောက်တန်းအကျဆုံးပဲ...

ရှမ်းပြည်နယ်သတင်းစုံ

28 Oct, 07:24


သိန္နီမြို့ စစ်ကောင်စီ အပြင်းအထန် ဗုံးကြဲမှု ထပ်မံပြုလုပ်

ရှမ်းပြည်နယ်သတင်းစုံ

28 Oct, 07:23


သိန္နီမြို့ စစ်ကောင်စီ အပြင်းအထန် ဗုံးကြဲမှု ထပ်မံပြုလုပ်
===================
နန်းဆိုင်ခမ်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်
စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊ ထွေအုပ်ရုံးနှင့် နေအိမ်အဆောက်အဉီးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်က ပြောသည်။
“မနေ့ည ၉နာရီခွဲမှာ ဗုံးထပ်ကြဲသွားတယ်။ ထွေအုပ်ရုံးမှာ ချသွားတာ ကင်းစောင့်တဲ့သူ ၂ ဦးပျောက်သွားတယ်။ အဆောက်အအုံအောက်မှာပဲ ပိမိတာလားမသိဘူး။ ခုတော့ သန့်ရှင်းရေးလုပ်ပြီး ရှာဖွေနေတုန်း။ အဆောက်အအုံးတော့ တော်တော်များများ ပျက်စီးနေတယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် (အောက်တိုဘာလ ၂၅ ရက်)နေ့ ည ၈နာရီဝန်းကျင်တွင်လည်း သိန္နီမြို့ နယ်ရှိ ကောင်းဟော်ကျေးရွာတွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင်း ပြည်သူ ၆ဦးဒဏ်ရာရပြီး ၄ ဦးတွင် ပြင်ထန်သော ဒဏ်ရာရရှိရာတွင် အဆောက်အအုံထိခိုက်ပျက်စီးမှုများရှိနေကြောင်း ‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အောက်တိုလာလ ၂၅ ရက်နေ့ကလည်း ဗုံးကြဲသွားသေးတယ်။နေအိမ်တွေအများတော့ထိသွားတယ်။ ပြည်သူ ၆ဦးဒဏ်ရာရတယ်။ ၄ ဦးတော့ ပြင်းထန်တယ်။ အခုတော့ ဆေးရုံးမှာ ဆေးကုသနေတယ်။ ပြည်သူတွေလည်း အရမ်းလန့်ကြတယ် ဘယ်မှလည်းမသွားရဲကြဘူး” ဟု ၎င်းက ပြောသည်။
လတ်တလောတွင် ကိုးကန့်တပ်ဖွဲ့နှင့် TNLA ထိန်းချုပ်ထားသည့် မြို့များသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ သိန္နီ၊လောက်ကိုင်၊နမ့်ခမ်း၊လားရှိုး၊နောင်ချို စသည့်မြို့များကို ထပ်မံဗုံးကြဲတိုက်ခဲ့ခြင်းကြောင်း သိရသည်။
လက်ရှိ တရုတ်နိုင်ငံသည် စစ်ကောင်စီ အလိုကျ သျှမ်းမြောက် တော်လှန်ရေးတပ်များ စစ်ရပ်တန့်ရေး ဖိအား ကြီးမားစွာ ပေးနေရာ အထူးသဖြင့် လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည် ဆုတ်ခွာရေး ဖိအားပေးနေသည့် နည်းတူ စစ်ကောင်စီကလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းဖြင့် ဖိအားပေးနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

ရှမ်းပြည်နယ်သတင်းစုံ

24 Oct, 07:43


ငမူးရည်မွန်ဆိုတဲ့ကောင်က ဖော်ရှိုးလုပ်ပြီး ကောလင်းမြို့နယ်၊ ဥက္ကံရွာဘက်ကိုသွားပြီး ဓာတ်ပုံရိုက်တာ ဓာတ်ပုံမရဘဲ နဂါးက ငမူးကောင်ရည်မွန်ရောက်နေပါတယ်ဆိုပြီး တပ်မတော်ကိုသတင်းပေးလိုက်လို့ အခုတော့ ပုဆိုးပါကွင်းသိုင်းနဲ့ ခွေးပြေးဝက်ပြေး ပြေးသွားရတာ ကံကောင်းလို့ မသေတာ... နောက်တစ်ခါဆို ကံမကောင်းနိုင်တော့ဘူးနော်...

ရှမ်းပြည်နယ်သတင်းစုံ

22 Oct, 08:51


ဘုတလင် စီပါရွာက ရွာသား ၆ ယောက်ကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့
လက်သည်ပေါ်လာပြီ...ရွာသားတွေကို အကြောက်တရားသွင်းပြီး
ရက်ရက်စက်စက်သတ်သွားတာက
NUG အောက်က ပကဖ ပအဖ ပလဖ လည်းမဟုတ်တဲ့
နဂါးရဲ့ BNRA အဖွဲ့က ဖြစ်နေတယ်...
နဂါးက သူတို့အဖွဲ့တွေ ရွာထဲရောက်နေတာကို လုံခြုံရေးအဖွဲ့တွေဆီ
ရွာသားတွေက သတင်းပေးလို့ဆိုပြီး လုံခြုံရေးအဖွဲ့တွေ ပြန်သွားတဲ့အချိန်မှာ
စီပါရွာသားတွေကို ရိုက်နှက်စစ်ဆေးပြီး နောက်တစ်ခါ သတင်းမပေးရဲအောင်
အခုလို အပိုင်းပိုင်းခုတ်ထစ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားတာ...

ရှမ်းပြည်နယ်သတင်းစုံ

04 Oct, 10:56


KNDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်သမား ၁၈ ဦး ရေထဲမျောပါသေဆုံးတာနဲ့ပတ်သက်ပြီးတော့မီဒီညာတွေနဲ့ နီပိတ်တို့ရပ်ကွက်က မျက်ရည်ချူပြီး ဖော်ပြနေလို့ ဘယ်လိုဖြစ်တာလဲဆိုပြီး လိုက်ရှာဖတ်ကြည့်လိုက်သေးတယ်....ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရင် သေသွားတာဆိုရင် လူသားချင်းစာနာတဲ့အနေနဲ့ သနားပြီး ဝမ်းနည်းပေးမလို့ပဲ....အခုတော့ ပြည်သူကို ရေဘေးကယ်ဆယ်ရင်း သေတာမဟုတ်ဘဲ...ပြည်သူကို ဒုက္ခပေးဖို့ အကြမ်းဖက်သင်တန်းတက်နေရင်းနဲ့ သင်ခန်းစာလေ့ကျင့်ချိန် ချောင်းဖြတ်လို့ ရေစီးထဲမျောပါသေဆုံးသွားတာဆိုတော့...သေတာတောင်နည်းသေးတယ်လို့ပြောမလို့ပဲ အားနာလို့မပြောတော့ဘူး...ဦးနှောက်မှမရှိတာကိုးဖြစ်မှာပေါ့...အေးလေ...ဦးနှောက်မရှိလို့လည်း သူများပြောစကားနားယောင်ပြီးတော့ တောထဲရောက်သွားကြပြီး အခုလို အကြမ်းဖက်သမားဘဝနဲ့ နိဂုံးချုပ်သွားတာပေါ့...ဒီဖြစ်စဉ်ကို ကြည့်ရင်းနဲ့ သိလိုက်ရတာကတော့ သဘာဝတရားကြီးကတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ အကြမ်းဖက်သမားတွေကို သူ့နည်းသူ့ဟန်နဲ့တော့ သုတ်သင်ရှင်းလင်းနေပြီဆိုတာပဲ....

ရှမ်းပြည်နယ်သတင်းစုံ

30 Sep, 05:59


⚠️ ခရီးသွားပြည်သူများ ကြိုတင်ပြင်ဆင်နိုင်စေရန် ⚠️
မိုင်းရယ်-ကျေးသီး-လွယ်လင် လမ်းအပိုင်း အသုံးပြုကြမယ့် ခရီးသွားပြည်သူများ ကြိုတင်ပြင်ဆင်နိုင်စေရန် အသိပေးအပ်ပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

30 Sep, 05:17


လားရှိုးမြို့ညပိုင်း
ကြဲချသောဗုံး(၂)လုံးမှာ ရပ်ကွက်၁၁ အောင်စေတနာလမ်းသွယ်၂လမ်းထိပ်က အိမ်၂အိမ်ပေါ်ကိုကျခဲ့ပြီး
နေအိမ်ပျက်စီးမှုရှိပြီး လူတစ်ဦး ဒဏ်ရာရရှိကြောင်းသိရပါတယ်။

ရှမ်းပြည်နယ်သတင်းစုံ

30 Sep, 05:05


လားရှိး အခြေအနေ

မှိင်းဝေ

ရှမ်းပြည်နယ်သတင်းစုံ

27 Sep, 08:32


နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခိုင်းနှင်းဝေက ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ စံဖူးကျေးရွာသို ရောက်လာပြီး
မဲနယ်တောင်ဒေသရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ငွေ လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်သတင်းစုံ

27 Sep, 08:21


#နှံစုပ်ပိုး ခေါ် နှံစုပ်ဂျပိုး
ဒါက ဖိလစ်ပိုင်လယ်သမားတဦးရဲ့ လုပ်နည်းလေးဖြစ်ပါတယ်ရှင့်
သူပြောတာကတော့🔰🔰 ပိုက်ကွန်မှာပိုးကောင်တွေလာကပ်တဲ့အခါ ပိုးသတ်ဆေးကို လယ်ထဲလျှောက်ဖျန်းစရာမလိုတော့ ပါဘူးတဲ့
အ့နေရာလေးကိုဖျန်းရုံပါပဲတဲ့ အချိန်ကုန်သက်သာတာပေါ့
အဲ့ပိုက်ကွန်ထဲမှာ
ငါးအသေတွေ ပုစွန်အသေတွေ စသည်ဖြင့်အပုတ်နံ့ထွတ်မယ့်ဟာတွေထည့်ထားရုံပါပဲတဲ့
နှံစုပ်ပိုးဟာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာ လယ်သမားကြီးများသိကြမှာပါရှင့်
အဲ့ဒီတော့ စမ်းသပ်လုပ်ကြည့်ကြပါလို့တိုက်တွန်းပါရစေ
ဒီနည်းကိုစမ်းသပ်ဖို့ စိတ်ကူးထားပါတယ်

ရှမ်းပြည်နယ်သတင်းစုံ

27 Sep, 03:55


ရှမ်းတောင်၊ အင်းလေးဒေသက ကျေးရွာအများအပြား ရေဘေးဒဏ်ကြောင့် အကူအညီတွေ လိုအပ်နေဆဲလို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၆ မှာရရှိတဲ့ ဒေသခံတွေ ပေးပို့တဲ့စာရင်းအရ အကူအညီလိုအပ်နေပြီး အလှူရှင် ရောက်သူနည်းသေးတဲ့ ရေဘေးသင့် ကျေးရွာတွေက အိမ်ခြေ ၃၀၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။

21,606

subscribers

6,116

photos

392

videos