Saw Ba Maung @thanlwinthitsar Channel on Telegram

Saw Ba Maung

@thanlwinthitsar


မွန်/ကရင် သတင်းများနှင့် သတင်းစုံ

thanlwinthitsar (Burmese)

တစ်ခုမှာဒေါင်းလုဒ်ရှိသော "thanlwinthitsar" ဆန်းသစ်သည် မွန်/ကရင် သတင်းများနှင့် သတင်းစုံ အစီအစဉ်များကို ပြန်လျှင်ပါဝင်နိုင်ပါသည်။ သတင်းများသည် နောက်ဆုံး နှစ်ယောက်အရ ပြည်ထောင်စုံကို ကော်မတီအား ဂုဏ်ယူယူ ဖန်တီးနိုင်ပါသည်။ ထို့ကြောင် အထူးအသက် သတင်းများနှင့် သတင်းအကယ်ဒမ အချက်အလက် ကို ဂုဏ်ယူယူ ဖန်တီးနိုင်ပါသည်။ ထို့ကြောင် တစ်ယောက် အသက်အချက်များ ရှိပါက အထူးရှိတဲ့ သတင်းစုံများအား ငွေချေပါသည်။ ထို့ကြောင် တောင်သဘင်နိုင်ငံတော်၏ အကျဉ်းကပူအဖွဲ့များကို ဂုဏ်ယူယူ ဖန်တီးနိုင်ပါသည်။ အဲဒီ အလုံးပေးလျှင် ဥပမာအား ပြန်သင်ပါသည်။

Saw Ba Maung

04 Jan, 14:48


ဂျင်းကောင် ဂျင်းကောင်😂😂😅😅😁😁

Saw Ba Maung

04 Jan, 13:18


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုတေး
အသက်နှင့်ထပ်တူ
တေးစာသား-ကိုသစ္စာ
တေးသံစဉ်-ကိုမြတ်လင်း
တေးဆို-ဝင်းဦး

Saw Ba Maung

04 Jan, 13:18


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုတေး
ထာဝရအဓိဋ္ဌာန်
တေးရေး-ကိုမြတ်လင်း
တေးဆို-မေလှမြိုင်

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၄/၂၀၂၅ ကို ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်
(ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်)

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၅ ကို ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်

Saw Ba Maung

04 Jan, 13:09


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၂၅ ကို ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၂၅ ကို ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့် အမှတ် ၁/၂၀၂၅ ကို ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ခုနှစ် ၊ဇန်နဝါရီလ (၄)ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်
(ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်)

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၂/၂၀၂၅ ကို ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်
(ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်)

Saw Ba Maung

04 Jan, 13:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၃/၂၀၂၅ ကို ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်(၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်
(ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်)

Saw Ba Maung

04 Jan, 12:59


လက် ၃ ချောင်းပဲ ထောင်ထောင်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ အချိန်တန် လွတ်တယ်ဆိုတဲ့ Mindset ပဲ ရတယ်။အသက်လည်း မသေဘူး။ ခြေပြတ်လက်ပြတ်လည်း မဖြစ်ဘူး။ မိသားစုလည်း မပြိုကွဲဘူး။


ပြီးတော့ ရထားရဲတွေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့သူတွေလည်း သေစားသေစေ ဆိုတာမျိုး ဥပဒေက ခွင့်မပြုပြန်ဘူး။ ဒါပေမဲ့ သူတို့ သတ်လို့ သေသွားကြတဲ့ ရဲမိသားစုတွေတော့ အဖေပျောက်တဲ့ ဘဝနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းကြရတော့မယ်။

လွတ်တဲ့သူတွေအတွက် ဝမ်းသာပါတယ်။ လားရှိုး စစ်ဆေးရုံမှာ လွတ်အောင်မပြေးနိုင်ခဲ့ကြတဲ့ တပ်မိသားစုတွေ၊ ကမ်းထိုးယာဉ်ပေါ်က မလွတ်ခဲ့ကြတဲ့ မိသားစုတွေ အတွက်တော့ ကံပဲပေါ့။


(နရီမိုး)

Saw Ba Maung

04 Jan, 12:57


ဝဲကလိ -ဘုရားသုံးဆူလမ်းပေါ်
အနန်းကွင်း ဗျူဟာစခန်း တိုက်ပွဲ
စစ်သွေးကြွ ktla ,နှင့် ပဒက်များ
စခန်း မသိမ်းနိုင်ပဲ လန်ကျပြီး အကျအဆုံး
များနေကြောင်း သိရသည်။

အလားတူ ဝါးဘိုးတော-ဖာပွန်လမ်း
ပေါ်ရှိ ကတိုင်တိစခန်းကို စစ်သွေးကြွ
အကြမ်းဖက် ၊knuများ တိုက်ခိုက်နေသော်လည်း လန်ကျပြီး အရှုံးနှင့်ရင်ဆိုင်နေ
ကကြောင်း သတင်းရရှိသည်။

အလားတူ သံတောင်ကြီး မြောက်ခြမ်း
ရေတာရှည်မြို့နယ် ပိန္နဲဆိပ်ရွာ တိုက်ပွဲတွင်
Knu, နှင့် ပဒက်များ အကျအဆုံးများခဲ့
ကြောင်း သတင်းရရှိပါသည်။

https://t.me/kyawswar49111

Saw Ba Maung

04 Jan, 12:57


မြန်မာ

https://t.me/kyawswar49111

Saw Ba Maung

07 Dec, 11:57


တတလင်းချိတ်နဲ့ မဋုံးကြပါနဲ့..
ပုံကြည့်ယုံနဲ့ ဘယ်လိုတွေးခေါ်စဥ်းစားရမယ်ဆိုတာ သိနေလောက်ပြီလို့ ထင်ပါတယ်..
ကျောင်းမတက်နဲ့ ဘာညာတို့
ရုံးမတက်နဲ့ ရုန်းထွက်လို့ပြောခဲ့တဲ့ သောက်ပေါက်ပိုင်ရှင်တွေကိုယ်တိုင် သူတို့ပြောခဲ့တဲ့အတိုင်း လုပ်ကြလား ကြည့်ကြပါ..
အဲ့ဒါမှ ဆက်ပြီး နုံအ တုံးနေကြဦးမယ်ဆိုရင်တော့ ခင်ဗျားတို့ထက် မိုက်တဲ့သူ ဘယ်သူရှိဦးမလဲ..
(ခင်ဗျားတို့လှူတဲ့ ပိုက်ပိုက်နဲ့ ခင်ဗျားတို့ကို ကျောင်းမတက်ခိုင်းတဲ့သူတစ်စုက ကျောင်းတွေထားနေကြပြီ)

Saw Ba Maung

Saw Ba Maung

07 Dec, 07:11


တပ်မတော် Drone Team ကြောင့် အကြမ်းဖက် PDF များ အထိအခိုက်အကျဆုံးများဟုဆို
***
သံဖြူဇရပ်မြို့နယ်မှာ တပ်မတော် Drone Team စတင်တိုက်ခိုက်ခဲ့တဲ့ အချိန် ၃ ရက်တာကာလအတွင်း အကြမ်းဖက် PDF များ အထိအခိုက်အကျဆုံးများခဲ့ကြောင်း စုံစမ်းသိရပါတယ်..
တပ်မတော် Drone Team မှ ဇီးနှစ်ပင် ပရောဟဲ လွှတ်ရှမ်းဒေများနှင့် အနီးတဝိုက်ရှိ အကြမ်းဖက် KNU/PDF များ အခြေပြုရာနေရာများကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရပြီး တပ်မတော် Drone Team ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် PDF များ အထိအခိုက်အကျဆုံးများခဲ့ကြောင်း နယ်ခံသတင်းပေးတစ်ဦးထံမှ သိရပါတယ်..
" Drone က ဒဲ့ကို ထိတာ၊ သေတာတောင် ၁၂ ယောက်ရှိပြီ၊ ဒဏ်ရာရတဲ့သူက ၄ ယောက်လောက်ရှိတယ်၊ ဒီအတိုင်းသာ ဆက်ချ၊ ဘယ်သူမှ နေရဲမှာ မဟုတ်ဘူး၊ ဒီဘက်ခြမ်း (တပ်မဟာ ၆ နယ်)မှာ PDF တွေပဲ အများစုနေတာ၊ သေတာလည်း ဒီကောင်တွေချည်းပဲ" လို့ နယ်ခံသတင်းပေးက ပြောလာပါတယ်..
ကရင်ပြည်နယ် လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေအနေက ငဇွဲ ပြောခဲ့သလိုပဲ ထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှန်ပဲ..PDF ဆိုတာ နေရာရလာမှာမဟုတ်ဘူးလို့ ပြောခဲ့တာလည်း အမှန်ပဲ..
ဒီနေ့ဒီအချိန်ထိ တိုက်ပွဲတွေ လိုက်ကြည့်လိုက်ပါ..
PDF ဆိုတာတော့ ထိုးကျွေးခံတွေပဲ..ဘယ်နေရာ ဘယ်စခန်းတိုက်တိုက် KNU သေတယ်ဆိုတာ မရှိသလောက်..သေလိုက်ရင် ပဒက်တွေဆိုတဲ့အကြောင်းတွေပဲ မြင်နေကြားနေရတယ်..
ပဒက်တွေပဲ သေမှာပေါ့..ရှေ့ကတိုက်နေရတာ ပဒက်တွေပဲကိုး..KNU..?
ထားပါတော့..
ဒီအတိုင်းဆိုရင် တပ်မတော် Drone Team ရဲ့ တိုက်စစ်မြင့်လာမှုနဲ့အတူ ပဒက်တွေ ဘယ်လောက်ထပ်သေဦးမလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်..
(အမြင်မှန် ရကြပါစေ)

Saw Ba Maung

Saw Ba Maung

07 Dec, 07:11


တပ်မတော် Drone Team ကြောင့် အကြမ်းဖက် PDF များ အထိအခိုက်အကျဆုံးများဟုဆို

Saw Ba Maung

07 Dec, 05:54


🌟🌟🌟🌟🌟🌟🌟🌟🌟

ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ လက်နက်ငယ် လက်တွေ့  လေ့ကျင့်ပစ်ခတ်

#PMS@pyithusitt

Saw Ba Maung

06 Dec, 23:29


🙏🙏🙏

Saw Ba Maung

06 Dec, 14:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိင်   စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို တက်ရောက် မိန့်ခွန်းပြောကြား
-

Saw Ba Maung

06 Dec, 14:26


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်   စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား 🇲🇲🇲🇲🇲🇲

Saw Ba Maung

21 Nov, 23:53


🙏🙏🙏

Saw Ba Maung

21 Nov, 13:26


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ
********
(မှုခင်း) နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို…..

Webpage>>...
https://positiveanglenews.com/2024/11/21/စစ်ကိုင်းတိုင်းဒေသကြီ-33/

VK Link>>...
https://vk.com/wall-220066330_9363

Telegram»...
https://t.me/positiveanglenews

#PAN

Saw Ba Maung

21 Nov, 13:25


မငိုကြနဲ့ မင်းတို့ငိုတာနဲ့ မသာအလောင်းပါ ထပြေးချင်စိတ်ပေါက်နေလောက်ပြီ

🤣🤣🤣

မှိုင်းဝေ

Saw Ba Maung

21 Nov, 13:17


*အောက်တန်းစား စိတ်ဓာတ်နဲ့တော်လှန်ရေး ထွီ*

*ဒီမိန်းမယုတ်က ဘယ်လောက်ထိ ယုတ်မာကောက်ကျစ်လည်း ဆိုတာ သူ့ကိုယ်သူဖော်ပြနေသလိုပဲ*

*ဒီမိန်းမယုတ် သူတောင်းစားမဆီ ထောက်ပို့လုပ်ခဲ့ ဘူးတဲ့သူတွေ သတိသာထားနေတော့ပဲ*

*နင်ဖာသာနင် SS မကလို့ SP ကြီးပဲပြပြ စိတ်မဝင်စားဘူး နောက်ဆုံးရှင်းရှင်းပြောလိုက်မယ် ကိုရန်လေး ဘာပဲလုပ်ခဲ့ လုပ်ခဲ့ လူသတ်အကြမ်းဖက်တာကလွဲရင် ကျန်တာအကုန် နားလည်ပေးဖို့ အသင့်ပဲ*

Saw Ba Maung

21 Nov, 09:57


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်
+++++
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၌ အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

Saw Ba Maung

21 Nov, 09:53


ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲ ပြုလုပ်မည်
+++++
ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲကို နို၀င်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံထုတ်ကုန်များပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိသည့် စားသောက်ကုန်များအပြင် ဖိနပ်မှစ၍ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ပြပွဲတွင် မြန်မာ့ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့်အိမ်သုံးပစ္စည်းများအပြင် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်သည့် သင်တန်းကျောင်းများ၊ Cloud Computing နှင့် ပတ်သက်သည့် Software ကုမ္ပဏီများ လည်းပါ၀င်ပြသသွားမည်လည်း ဖြစ်သည်။

ကံစမ်းမဲ အစီအစဉ်အနေဖြင့် ရန်ကုန် - ဘန်ကောက်ခရီးစဥ် Air Ticket (One Way)၊ ဟော်တယ်တည်းခိုခွင့်နှင့် အခြားဆုမဲများစွာပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

21 Nov, 09:51


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူက တရားဝင်အစိုးရဖြစ်သည့် နစက၏ နိုင်ငံခြားရေးဝန်ကြီးထံသို့ ၎င်း၏ခန့်အပ်လွှာပေးအပ်
+++++

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme -WFP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford က ၎င်း၏ခန့်အပ်လွှာကို တရားဝင်အစိုးရဖြစ်သည့် နစက၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့သာ ပေးအပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခန့်အပ်လွှာကို နိုဝင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လာရောက်ပေးအပ်စဉ် WFP က မြန်မာနိုင်ငံတွင်လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ကိစ္စများအပြင် WFP မှ မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု သိရသည်။

Saw Ba Maung

21 Nov, 09:45


မူပိုင်ခွင့်ဆိုင်ရာ မေတ္တာရပ်ခံ အသိပေးခြင်း

Saw Ba Maung

21 Nov, 09:44


ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းထား
+++++

ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း နိုဝင်ဘာလ ၂၀ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

ယခုနိုဝင်ဘာလအတွင်း ဗဟိုဘဏ်မှ ဒေါ်လာငါးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ နိုဝင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ၃၅ သန်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၁၂,၀၀၀ ကျော်၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာသန်း ၂၀ နှင့် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာ ၂၄ သန်း ရောင်းချပေးခဲ့သဖြင့် အဆိုပါ ငါးကြိမ်အတွင်း ဒေါ်လာ ၉၄ သန်းကျော် ရောင်းချပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Saw Ba Maung

21 Nov, 09:42


မြဝတီခရိုင်၌ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
+++++
ကရင်ပြည်နယ်၊မြဝတီခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး‌ ကော် မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်တက်ရောက်ကြသည့် ဆပ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက သိရှိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူက ဖြည့်စွက်ရှင်းလင်းပေးပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။
Saw Ba Maung

Saw Ba Maung

21 Nov, 03:50


မုဒုံမြို့နယ်၌ ပညာရေးမိသားစု၊ ဓမ္မစကြာနှင့် ပဌာန်းဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား ကျင်းပ
+++++
နိုဝင်ဘာ ၂၁ရက်နေ့ နံနက်၇နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ လေးထပ်သာသနာ့ဗိမာန်၌ ၂၀၂၄ ခုနှစ်၊ (နဝမ)အကြိမ်မြောက်၊ မုဒုံမြို့နယ်ပညာရေးမိသားစု၊ ဓမ္မစကြာနှင့် ပဌာန်းဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃) ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဌ၊ ဂျုံးဂျုံးကျတောရကျောင်း ဆရာတော် ဘဒ္ဒန္တ ကိတ္တိဝဏ္ဏထံမှ ငါးပါးသီလ ခံယူ၍ ဩဝါဒကထာ ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ဝတ်အသင်းကျောင်းများမှ အလှည့်ကျ စတင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဓမ္မာစကြာနှင့် ပဌာန်းဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ရက်နေ့မှ ၂၄ရက်နေ့ထိ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ဓမ္မစကြာ (၁၆)သင်းနှင့် ပဌာန်း (၁၀)သင်းတို့ဖြင့် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Saw Ba Maung

Saw Ba Maung

15 Nov, 06:01


ကော့ကရိတ်က ပြည်သူ့နေအိမ်တွေကို ပဒက်တွေ ဖောက်ထွင်းခိုးယူနေပါတယ်ဆိုတဲ့အကြောင်း ရေးခဲ့တုန်းက မီဒီညာတွေ စစ်တပ်ကို လွှဲချခဲ့တယ်..

အခုတော့ ဘယ်သူလုပ်လဲ သိပြီပေါ့...

အကြမ်းဖက် KNU နဲ့ ပဒက်ဆိုတာ..
မြို့ကိုသိမ်းဖို့ စစ်တိုက်တာ မဟုတ်ဘူး..မြို့မှာ ခိုးဖို့ စစ်တိုက်တာ..


Saw Ba Maung

Saw Ba Maung

15 Nov, 05:52


မီဒီညာမှာ သောက်သံထွက်လာပြီဆိုရင်..
ဒီကောင်တွေ ခံနေရတာ သေချာပြီ..

SBM

Saw Ba Maung

15 Nov, 05:47


တန်ဆောင်မုန်းလပြည့်နေ့၌ မော်လမြိုင်ကမ်းနားလမ်းတွင် နှစ်စဥ်၊ နှစ်တိုင်း ကျင်းပသော ဆွမ်းအိုးမျှော်ပွဲ မြင်ကွင်းများ

Saw Ba Maung

14 Nov, 23:15


အန္တရာယ်ကင်း ဘေးရှင်းကြပါစေ🙏
ရောဂါဘယများလည်း ကင်းရှင်းကြပါစေ🙏
ပူပင်သောကများလည်း ကင်းဝေးကြပါစေ🙏
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံနိုင်ကြပါစေ🙏

Saw Ba Maung

14 Nov, 13:34


အကြမ်းဖက် KIA အဖွဲ့က တရုတ်ကို အာခံရဲတာ ဘာကြောင့်လဲ..?

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ချက်ချင်းရပ်ဖို့ တရုတ်ကြီးက KIA အဖွဲ့က ဂမ်ရှောင်တို့ကို ခေါ်ပြီးပြောခဲ့တယ်

ဂမ်ရှောင်တို့အဖွဲ့က တရုတ်ကြီးရဲ့ပြောဆိုခဲ့မှုတွေကို ဂရုမစိုက်တဲ့အပြင် နယ်ခြားစောင့်တပ်တွေကို ဆက်လက်တိုက်ခိုက်ပြီး အကန်တွေလုပ်ပြခဲ့တယ်

ဒီလိုတွေ လုပ်ဆောင်မှုကြောင့် တရုတ်ကြီး သူဘက်ခြမ်းမှာရှိတဲ့ နယ်စပ်ဂိတ်မှန်သမျှကို အကုန်ပိတ်ပြီး ပညာပေးတယ်။

ဒါကိုဂွမ်မော်တို့အုပ်စုက တရုတ်ကြီးပိတ်လည်း ဂရုစိုက်စရာအကြောင်းမရှိဘူး၊ မင်းတို့ပိတ်ရင် ငါတို့လည်းပိတ်တယ်ကွာဆိုတဲ့ အချို့မျိုးနဲ့ မြန်မာဘက်ခြမ်းက နယ်စပ်ဂိတ်တွေကို ပြန်ပိတ်လိုက်တယ်.

အဲဒီလို နယ်စပ်ဂိတ်တွေ ပိတ်လိုက်တော့ နှစ်ဖက်စလုံးမှာ ထိခိုက်နစ်နာမှုတွေရှိပေမယ့် ပိုပြီးနစ်နာတာက မြန်မာဘက်ကအဖွဲ့တွေပဲဖြစ်ပါတယ်။

ဒါကိုသိသိနဲ့ ဂွမ်မော်တို့ အုပ်စုက ဘာကြောင့် လုပ်ရဲတာလဲ..?
အဖြေက ရှင်းပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်သမျှ သယံဇတတွေထဲမှာ ကျောက်စိမ်း၊ သစ်၊ မြေရှားတွေဟာ တရုတ်ရဲ့ သည်းခြေကြိုက်ဖြစ်ပါတယ်။

ဒီလိုတန်ဖိုးရှိတဲ့ အရာတွေကို တရုတ်ဘက်က ကုန်သည်တွေနဲ့ချိတ်ဆက်ပြီး မှောင်ခိုလမ်းကြောင်းပေါင်းစုံကနေ တရားမဝင်ရောင်းချနေတာရှိတယ်။

ဒါကစီးပွားရေးအကျိုးအမြတ်နဲ့ဆိုင်တဲ့ ကိစ္စ။

နောက်တစ်ခု CIA ပါ။
KIA နယ်မြေထဲမှာ ထိုင်ဝမ်တရုတ်တွေ ရောက်နေပါတယ်။ ထိုင်ဝမ်တွေ ဘာကြောင့် ရောက်သလဲဆိုရင် CIA ကြောင့် ရောက်တယ်။
တရုတ်ကြီးကို ထိန်းဖို့အတွက် အရှေ့ဘက်မှာ ထိုင်ဝမ်၊ အနောက်ဘက်မှာ ကချင်ပြည်နယ်ဆိုတဲ့ ဆူးတစ်ချောင်းကို CIA က ဖန်တီးလိုက်တာ.

KIA ဘာကြောင့် တရုတ်ကို အာခံသလဲဆိုတော့ သူ့နောက်မှာရှိတဲ့ အဖွဲ့တွေကြောင့် အာခံတာလို့ပြောရမယ်။ KIA ဆိုတာကလည်း တိုင်းရင်းသားအဖွဲ့တွေထဲမှာ လူလည်အကျဆုံး အကောက်ကျစ်ဆုံး နှစ်ဖက်ခွထိုင်အဖွဲ့။ အင်အားလေးနည်းနည်း ရလာတော့ တရုတ်ကြီးကို အကန်လုပ်လိုက်တာ ။

ဒါပါပဲ

တရုတ်ကြီးက KIA ကို ဘယ်လို အကွက်တွေနဲ့ ပြန်ဆော်မလည်းဆိုတာကို စောင့်ကြည့်ရမယ်

မှိုင်းဝေ

Saw Ba Maung

14 Nov, 11:21


ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား (၃)ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ
+++++
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ Chiang Rai တွင် လက်ခံ စောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လူကုန်ကူးခံရသူ အမျိုးသားသုံးဦးတို့အား မဲဆောက်မြို့၊ တပ်(ခ်)ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။

ယင်းသို့ လွှဲပြောင်းလက်ခံထားသည့် အမျိုးသားသုံးဦးတို့အား ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆို အားပေးစကား ပြောကြားပေးပြီး ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် ခေတ္တစောင့်ရှောက်ထားရှိကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

14 Nov, 11:16


အကြမ်းဖက်အဖွဲ့တွေရဲ့ ယုတ်မာအောက်တန်းကျမှုကတော့ ပြောစရာစကားတောင်မရှိပါဘူး...အခု အပြစ်မဲ့ပြည်သူ အနုပညာရှင်တစ်ဦးရဲ့ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ပြီး အခြားအနုပညာရှင်တွေကိုပါ ခြိမ်းခြောက်နေတာကတော့ တော်တော်ကိုအောက်တန်းကျတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်...ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ကောင်တွေက ငါနဲ့မတူ ငါ့ရန်သူသတ်မှတ်ပြီးတော့ တိုက်ခိုက်နေတာကတော့ ရွံဖို့ကောင်းလိုက်တာ...လူတိုင်းက ကိုယ်နှစ်သက်ရာ အားပေးထောက်ခံခွင့်ရှိတယ်...မင်းတို့ကိုထောက်ခံအောင်လို့ ပြည်သူတွေကိုအခုလိုအကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ထောက်ခံခိုင်းလို့ရမယ်ထင်နေလား...ပါးစပ်က ဒီမိုကရေစီလို့အော်နေပြီးတော့ လုပ်ရပ်က အကြမ်းဖက်အစွန်းရောက်တွေရဲ့လုပ်ရပ်နဲ့ တစ်ပုံစံတည်းလုပ်နေတဲ့ မင်းတို့ရဲ့ အောက်တန်းစားတော်လှန်ရေးက မကြာခင်ကျဆုံးတော့မှာပါ...မင်းတို့တွေ ပြည်သူတွေကို ဒီလိုပဲ လိုက်ခြိမ်းခြောက်နေတိုင်း မင်းတို့ အကြမ်းဖက်သမားတွေကို ကြောက်နေမယ်မထင်နဲ့ မင်းတို့ကို ပြည်သူတွေက တစ်နေ့ထက်တစ်နေ့ ရွွံရှာမုန်းတီးပြီး မင်းတို့ကို တစ်နိုင်ငံလုံးက လက်မခံတော့ဘဲ အားလုံးက ဝိုင်းပြီးမောင်းထုတ်တဲ့အချိန်ကျရင် နေစရာမပြောနဲ့ သေရင်တောင်မြှုပ်စရာမြေမရှိတဲ့ဘဝကို မင်းတို့တွေရောက်ကြလိမ့်မယ်...

Saw Ba Maung

13 Nov, 23:47


🙏🙏🙏

Saw Ba Maung

13 Nov, 13:39


ကျိုက်ထီးရိုးဘုရားကို ရောက်နေပြီ စေတီတော်ကြီးကိုတောင် ဖူးမြော်နေပါပြီဆိုတဲ့ ဂျင်းတွေကို
အကြမ်းဖက်အားပေး မီဒီညာတွေကိုယ်တိုင်ကပဲ သတင်းအမှားဖြစ်ကြောင်း ဖော်ထုတ်သွား

Saw Ba Maung

13 Nov, 13:36


ခွက်ခေါက်တဲ့နေရာမှာ
ဘုရားရှင်လက်ထပ်ကဆို
ဧတဒဂ်ရလောက်တယ်

Saw Ba Maung

13 Nov, 13:32


ကရင်ပြည်နယ် ဝန်ကြီးချုပ်ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် လယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများကို ပြန်လည် အစားထိုး စိုက်ပျိုးမှုများအား ကြည့်ရှုစစ်ဆေး
+++++
နိုဝင်ဘာ ၁၃ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ကွင်းအမှတ်(၁၂၀၉)ကော့ကျိုက်ကွင်း၌ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ ပူးပေါင်း၍ ဆောင်းဆီထွက်သီးနှံမြေပဲ အစေ့ချ စိုက်ပျိုးနေမှု၊ ပေါင်းလိုက်စက်ဖြင့်ပေါင်းမြက်များ ရှင်းလင်းနေမှုများကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကမော့ကစင်အနောက်ကွင်း၊ ကွင်းအမှတ် (၁၁၈၇)ရှိ တရုတ်လှလျှပ်စစ်မြစ်ရေတင်၏ အကျိုးပြုဧရိယာတွင်ပါဝင်သော အကျဉ်းဦးစီးဌာနမှ နွေစပါး ဧက(၃၀)စိုက်ပျိုးရန် ပျိုးဖျာလိပ်စနစ်ဖြင့်ပျိုးထောင်ထားရှိမှု၊ ကူဘိုတာခြောက်တန်းသွားကောက် စိုက်စက်ဖြင့် စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

Saw Ba Maung

13 Nov, 13:15


ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
+++++
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၃)ဖြစ်သည်။

အဆိုပါ ပါတီအား ပဲခူးတိုင်းဒေသကြီး၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လန်းဆန်းအိမ်ရာ၊ အမှတ်(A/၄၀၆)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည်ဟု သိရသည်။

#UEC

Saw Ba Maung

13 Nov, 13:15


မြန်မာ့တပ်မတော်မှ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်
+++++
ဖိလစ်ပိုင်နိုင်ငံတွင် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၂၃ ရက်ထိ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သေနတ်ပစ်အသင်းများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်ကစားသမားများသည် နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီဖြစ်သည်။ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်းဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြကြောင်း သိရသည်။

Saw Ba Maung

13 Nov, 13:12


အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှောက်ထားရန် ပျက်ကွက်ပါက မှတ်ပုံတင်လက်မှတ်ရရှိသူများစာရင်းမှ ပယ်ဖျက်သွားမည်
+++++
အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ မှတ်ပုံတင်လက်မှတ်ထုတ်ပေးစဉ်က သတ်မှတ်ပေးလိုက်သည့် သက်တမ်းကုန်ဆုံးချိန်တွင် မှတ်ပုံတင်လက်မှတ်သက်တမ်း တိုးမြှင့်လိုပါက သက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း(၆၀)ကြိုတင်၍ လျှောက်ထားရမည်ဖြစ်သည်။

မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှောက်ထားရန် တစ်ဆက်တစ်စပ်တည်း (၅)နှစ်နှင့်အထက် ပျက်ကွက်ပါက ကောင်စီမှ ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းပြုလုပ်ရန် ပြဋ္ဌာန်းထားသည်။

တစ်ဆက်တစ်စပ်တည်း (၅)နှစ်နှင့်အထက် ပျက်ကွက်လျက်ရှိသည့် အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ်ရများ(၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် သက်တမ်းကုန်ဆုံးသူများ) အနေဖြင့် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခြင်းကို လာမည့် ဒီဇင်ဘာလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ အမြန်ဆုံးလျှောက်ထားရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက အသိပေးကြေညာထားသည်။

ထိုသို့ လျှောက်ထားဆောင်ရွက်ခြင်းမရှိသူများအား မှတ်ပုံတင်လက်မှတ်ရရှိသူများစာရင်းမှ ပယ်ဖျက်သွားမည်ဟု သိရသည်။

#မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ

Saw Ba Maung

13 Nov, 13:12


အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှောက်ထားရန် ပျက်ကွက်ပါက မှတ်ပုံတင်လက်မှတ်ရရှိသူများစာရင်းမှ ပယ်ဖျက်သွားမည်

Saw Ba Maung

13 Nov, 13:11


တန်ဆောင်တိုင်ပိတ်ရက်၌ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးရထားများပြေးဆွဲပေးမည်
+++++
တန်ဆောင်တိုင်ပိတ်ရက်၌ အများပြည်သူများနှင့်ဝန်ထမ်းများသွားလာမှုအဆင်ပြေစေရန် ရန်ကုန်-မော်လမြိုင် အစုန်/အဆန်အထူးရထားများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

အထူးရထားများသည် လေအိတ်တွဲဆိုင်းများဖြစ်ပြီး ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားသည့် မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ ၅ နာရီ ၄၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားသည် နိုဝင်ဘာ ၁၇ ရက်နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်ဘူတာမှစတင်ထွက်ခွာ၍ ညနေ ၇ နာရီ ၁၅ မိနစ်၌ ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အထူးရထားများသည်လမ်း၌ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်က လေးဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင်ပိတ်ရက်၌ အထူးရထားများပြေးဆွဲပေးသွားမည့်နည်းတူ မော်လမြိုင်- ရန်ကုန် နေ့စဉ်ပြေးဆွဲလျက်ရှိသည့် အမှတ် (၈၂) အစုန်ရထားကိုလည်း ပုံမုန်အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

13 Nov, 13:10


တန်ဆောင်တိုင်ပိတ်ရက်၌ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးရထားများပြေးဆွဲပေးမည်

Saw Ba Maung

13 Nov, 13:02


ညည်းတို့ကလဲအေ
အော်ရဘူးလေ
အံကြိတ်ခံအေ့

Saw Ba Maung

13 Nov, 13:02


ပဒက်တပ်တော်ကြီး၏ အလောင်းစည်သူစစ်ဆင်ရေး 😆😆😆

Saw Ba Maung

13 Nov, 10:03


KNU ဗဟိုအကြံပေး စောထို လက်နက်ကြီးမှန်ပြီးသေဆုံး

(ပြည်တွင်း) အောက်တိုဘာ ၁၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကရင့်လက်နက်ကိုင်သောင်းကျန်းသူ KNU နှင့် အကြမ်းဖက် PDF များစုဝေးနေသည့်နေရာအား လက်နက်ကြီးကျည်​ကျရောက်ပေါက်ကွဲသဖြင့် KNU ဗဟိုအကြံပေး စောထိုဆိုသူသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် KNU ဗဟိုအကြံ​ပေးအဆင့်ရှိ စောထိုမှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၏ ဆရာဖြစ်ကြောင်းလည်း သိရသည်။

"ဒီနေ့ မနက်ပိုင်းကကလည်း ပစ်သံများကြားနေရတယ်"ကော့ကရိတ်ဒေသခံတစ်ဦးကပြောသည်။

အောက်တိုဘာလ ၁၂ နေ့ ည ၉ နာရီ ၃၅ အချိန်ခန့်က ကော့ကရိတ် နယ်မြေခံတပ်မှ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုရာ ကော့ကရိတ်တောင်ပိုင်း အပေါ်ဘက်သို့ လက်နက်ကြီးများပစ်ချခဲ့ရာမှ ၎င်းအပါအဝင် တပ်ဖွဲ့ဝင်များသေဆုံးခဲ့ပြီး...

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2024/11/13/knu-ဗဟိုအကြံပေး-စောထို-လက်န/

VK Link>>...
https://vk.com/wall-220066330_9250

#PAN@positiveanglenews

Saw Ba Maung

09 Nov, 14:06


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု့အားပေး
+++++
မွန်ပြည်နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့စေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီး အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပရိယတ္တိဓမ္မဗိမာန်တော်ကြီးအား လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦ ပုရဝုဏ်များတွင် သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြည်မှုရှိစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

Saw Ba Maung

09 Nov, 13:58


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး

Saw Ba Maung

09 Nov, 13:53


(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးရက် ပွဲစဉ်များ ကျင်းပပြုလုပ်

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ (၇)ရက်မှ (၉) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နောက်ဆုံးရက်ပွဲစဉ်အတွင်း အမျိုးသား/အမျိုးသမီးတွဲဆိုင်း စုစုပေါင်း (၁၈) ဆိုင်း ပါဝင်ယှဥ်ပြိုင် ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ (၉) ရက်၌ (၅)ချီပွဲများအဖြစ် သွေးသစ်ဝင်းလှိုင်နှင့် ထွန်းထွန်းမင်းတို့၏ မြန်မာပြည်အလွတ်တန်းချန် ပီယံလုပွဲ(အထူးပွဲ) အပါအဝင် မင်းကျော်ဇနှင့် သွေးသစ်မောင်တို့၏ (၅)ချီ စိန်ခေါ်ပွဲ တို့ပါဝင်မည်ဖြစ်သည်။

ထို့အတူ အမျိုးသား (၃)ချီ ပွဲများအဖြစ် တွဲဆိုင်း (၁၃) ဆိုင်း ပါဝင်မည်ဖြစ်ကာ အမျိုးသမီးတွဲဆိုင်းအဖြစ် (၂)ချီပွဲ တစ်ဆိုင်းနှင့် (၃)ချီပွဲ နှစ်ဆိုင်း စုစုပေါင်း တွဲဆိုင်း(၃)ဆိုင်း ပါဝင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

09 Nov, 13:47


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မျူနစ်ပါတီဗဟိုကော်မတီအဖွဲဝင်၊ ချုံချင့်မျူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး 🇲🇲🇨🇳

Saw Ba Maung

09 Nov, 13:44


နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြိုသိုရောက်ရှိ၊ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား သွားရောက်တွေ့ဆုံ

Saw Ba Maung

31 Oct, 18:44


စစ်ပွဲ မှာ pr မရှိဘူး (proportional
Representation)

First past the post ပထမရသူအနိုင်ယူ
စနစ်ပဲ ရှိတယ်။

ဒီစစ်ပွဲမှာ သရေလည်း ရှိမှာမဟုတ်ဘူး။

ရှုံးနေသည့်တိုင် နိုင်ငံရေးသမား တွေ လော်ဘီ
တွေက ပြည်ပမှာ သူတို့ ဘဝရပ်တည်ရေး
အတွက် မင်းတို့ pdf, ကို မသေမချင်းခိုင်းစား
လိမ့်မယ်။

မင်းတို့ ရှိမှ သူတို့နိုင်ငံရေး တစ်နေရာစာနဲ့
ဝင်ငွေ ရှိမယ်လေ။

နိုင်ငံရေး ကို မသိပဲ စိတ်ခံစားရတာကို
အမှန်တရားထင် နေသမျှ မင်းတို့ အသက်တွေ
တန်ဖို့မဲ့စွာနဲ့ လူမသိသူမသိ တစ်ယောက်ပြီး
တစ်ယောက် သေကြမှာပဲ။

အခု တောင် မင်းတို့ ဘေးမှာ ရှိခဲ့တဲ့ ကောင်တွေ
ပျောက်ကွယ်သွားကြတယ် မဟုတ်လား။
မကြာခင် မင်းအလှည့် ရောက်လာမှာပဲ။ ရှင်သန်
နေလည်း ခဏ ပဲ ဖြစ်လိမ့်မယ်။

နိုင်ငံရေး ကို စစ်ပွဲက ဆုံးဖြတ်မပေး
နိုင်ဘူး။ စစ်ပွဲကိုသာ နိုင်ငံရေးက ဆုံးဖြတ်
ပေးနိုင်တယ်။

မင်းတို့က စစ်ပွဲကို ဦးတည်နေတာ သည်
မပြန်လမ်း ပဲ ။

လူများတယ်ထင်ပြီး ဤ ကို ကျွဲ မဖတ်ချင်နဲ့
အမှန်တရားက ခါးတယ်။ ငါပြောတာတွေ
မင်းတို့ နားခါးပြီး နာလည်မှာလည်း မဟုတ်
ပါဘူး။

လူမိုက် က အဓိပ္ပါယ်ရှိတယ်။ လူ ပိတ် လူအ
ကတော့ တသက်လုံး သူများ နဖားကြိုးထိုးပြီး
ခိုင်းစားတာ ခံရ မှာပါ။

မပိတ် နဲ့ မ အ နဲ့

တစ်နိုင်ငံလုံးရဲ့ စစ်ရေးအခြေအနေကို ပြန်သုံးသပ်ရင် Nug pdf ,စစ်ရှုံးနေပြီ။

ငါပြောတာ မယုံရင် ဒီ post,ကို Saveထား
လိုက်၊ နောက် ၆ လကြာတဲ့ အခါ ငါပြောတာ
မှန်/မမှန် မင်းတို့ သိလာလိမ့်မယ်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲက pR System
အဲ့ဒီ ရွေးကောက်ပွဲ မတိုင်ခင် မင်းတို့ ပဒက်တွေ
လက်စ တုံးသော အဖြစ်မျိုးရောက်လိမ့်မယ်။

လက်ရှိ အခြေအနေဟာ ဘာမှ မဟုတ်သေးဘူး။

အဲ့ဒီနောက်
ပြည်သူလူထု ရွေးကောက်တင်မြှောက်သော
အစိုးရ ကို မင်းတို့ သေနတ်နဲ့သွားချိန်လို့ကတော့
ပြည်ပ မှာပြေးနေတဲ့ nug, ပါ ခွက်ပျောက်
ကြလိမ့်မယ်။

တပ်မတော် က မင်းတို့ ထိတွေ့ဆက်ဆံဖူးသော
နိုင်ငံရေးသမားတွေလို လေလှိုင်းပေါ်မှာသာ
ရှိသော လေဖော တွေလို မဟုတ်ဘူး။

သူက ပြောထားရင် ပြောထားတဲ့အတိုင်း မဖြစ်
ဖြစ်အောင် လုပ်မှာ ။

ဘာတွေပြောထားလည်း မသိရင်တော့ ‌ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို လေ့လာပေါ့။

နိုင်ငံရေးပါတီ တစ်ခု မရှိပဲ ၊ သေနတ်ကိုင်ပြီး
အာဏာရဖို့ ကြိုးစားတယ် ဆိုတာ နိုင်ငံရေးသမားတွေ အတွက် နိုင်ငံရေးသင်းချိုင်းပါပဲ။

အကျိုးမရှိဘဲ ညောင်ရေမလောင်းဘူး။
မင်းတို့ pdf,ကို တိုင်းရင်းသားအမည်ခံ
လက်နက်ကိုင်ဆိုတဲ့ ကောင်တွေက ဗမာချင်း
သတ်ပြီး သူတို့အကျိုးစီးပွားကို တည်ဆောက်ဖို့
အတွက်တစ်ခုပဲ ရည်ရွယ်ထားတာ။

ပိန်းတဲ့ ပိတ်တဲ့သူ မြေဩဇာ ပဲ။ လည်တဲ့
သူတွေ သွက်တဲ့လူတွေ ‌ပြည်ပကို ပြေးကြ
ပြီလေ။ မင်းတို့မျက်စိအောက်တင် လေ။

မမြင်ကြဘူးလား။

https://t.me/kyawswar49111

Saw Ba Maung

31 Oct, 10:50


ကရင်ပြည်နယ်အတွင်း ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲကျင်းပ
+++++
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ဘေးဒဏ်သင့်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ပြီးကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်၍ အမှာစကားပြောကြးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် (၁၃)ဖွဲ့အတွက် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၆၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

Saw Ba Maung

31 Oct, 04:08


မြန်မာ-လာအိုနှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများအပါအဝင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း ဆွေးနွေး
+++++
မြန်မာ-လာအိုနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Saw Ba Maung

31 Oct, 02:13


၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
+++++
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများပေးအပ်ပွဲကို ယမန်နေ့၊‌အောက်တိုဘာ၃၁ရက် နေ့လယ်ပိုင်းက တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ အခြေခံပညာအဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။

Saw Ba Maung

31 Oct, 01:35


မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ သင်တန်းသား/သူများပါဝင်သည့် "နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း" လန်ချန်း-မဲခေါင်စီမံကိန်း သင်တန်းဖွင့်လှစ်
+++++
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် "နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း" သင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လန်ချန်း-မဲခေါင်စီမံကိန်းဖြစ်သည့် အဆိုပါသင်တန်းကို မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတက်ရောက်လျက်ရှိပြီး ၎င်းတို့အနက် ၁၅ ဦးကို လက်တွေ့လေ့လာမှုများပြုလုပ်နိုင်ရန် တရုတ်နိုင်ငံသို့စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

31 Oct, 01:32


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
+++++
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

Saw Ba Maung

31 Oct, 01:31


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
+++++
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်အား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Saw Ba Maung

30 Oct, 23:47


🙏🙏🙏

Saw Ba Maung

30 Oct, 14:46


မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် တက်ခွင့်ရ‌ သော မွန်ပြည်နယ်မှ ၄၃ ဦးအား ဂုဏ်ပြုချီးမြင့်
+++++
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းများကို မွန်ပြည်နယ်မှ ၄၃ ဦး တက်ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။

တက်ရောက်ရကြမည့် မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံခဲ့ပြီး တက်ရောက်ခွင့်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Saw Ba Maung

30 Oct, 14:40


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
+++++
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခိုင်မာသော မိတ်ဆွေနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သမိုင်းတစ်လျှောက် နှစ်နိုင်ငံအကြား အပြန်အလှန်ကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းလျက်ရှိမှုနှင့် အပြန်အလှန်ကုန်သွယ်မှုများ မြှင့်တင်နိုင်သည့်အခြေအနေများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Saw Ba Maung

27 Oct, 05:35


ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ဧည့်သည်များ ဖိတ်ကြားမည်
+++++
ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ဧည့်သည်တော်များ ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံသို့ ရုရှားခရီးသည်များလာရောက် လည်ပတ်မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိသည့်အတွက် ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသား အားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ခရီးသွားများ လာရောက် ကြည့်ရှုနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့‌ကြောင်း သိရသည်။

Saw Ba Maung

27 Oct, 05:34


ငြိမ်းချမ်းရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်း
+++++
ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် ဗဟိုဌာနချုပ်အဖြစ်ထားရှိ၍ မွန်ပြည်နယ် ကရင်ပြည်နယ်နှင့်အခြားတိုင်းနှင့်ပြည်နယ်များအတွင်းရှိ ငြိမ်းချမ်းရေးတပ်ဖွဲ့များမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးနှင့်ပြည်သူ့ဘဝ လုံခြုံအေးချမ်းသာယာရေးကိုလိုလားသောသူများပေါင်းစည်း၍ ငြိမ်းချမ်းရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PPSF အား ဖွဲ့စည်းကာ တရားဥပဒေစိုးမိုးရေး ပြည်သူများဘဝလုံခြုံအေးချမ်းသာယာရေးတို့အတွက် သက်ဆိုင်သည့်မည်သူနှင့်မဆိုအတူပေါင်းစည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Saw Ba Maung

27 Oct, 05:32


တစ်လနှစ်ကြိမ် ကံစမ်းနိုင်မည့် အောင်ဘာလေ အွန်လိုင်းထီ ပုံစံသစ်ကို စိတ်ဝင်စားသူ များပြားနေသဖြင့် (ဃ)အက္ခရာကို ထပ်တိုးထား
+++++
တစ်လနှစ်ကြိမ် ကံစမ်းနိုင်မည့် အောင်ဘာလေ အွန်လိုင်းထီ ပုံစံသစ်ကို စိတ်ဝင်စားသူ များပြားနေခြင်းကြောင့် (ဃ)အက္ခရာကို ထပ်တိုးထားကြောင်း သိရသည်။

5 Digits အောင်ဘာလေအွန်လိုင်းထီသည် အက္ခရာတစ်လုံး နှင့် ဂဏန်းငါးလုံးထီကို ကံစမ်းရမည့်ထီအမျိုးအစားဖြစ်ကာ ထီဖွင့်ပွဲကို လတစ်လ၏ ၂ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပ သွားမည်ဖြစ်ပြီး ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် ဖွင့်လှစ် ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ဆတိုးထီဆုကြီးလည်းပါဝင်ကာ အဆိုပါထီဆုမှာ အမြင့်ဆုံးထီဆုအတွက် ထီနံပါတ်ကို ကံထူးရှင် ထွက်ပေါ်လာသည်ဖြစ်စေ၊ မထွက်ပေါ်လာသည်ဖြစ်စေ သုံးကြိမ်အများဆုံး ဖွင့်လှစ်မည်ဖြစ်သည်။

သုံးကြိမ်ဖွင့်လှစ်ပြီးနောက် ကံထူးရှင် မထွက်ပေါ်လာပါက အဆိုပါထီဆုကြေးငွေကို နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်ပေးမည် ဖြစ်သည့်အတွက် ထီဆုငွေ ဆတိုးတက်သွားခြင်း ဖြစ်သည်။ အဆိုပါ ကံစမ်းမှုမျိုးကို ခြောက်ကြိမ်အထိ ပြုလုပ်ပေးမည်ဖြစ်သောကြောင့် ငွေကျပ် ၁၀၀၀ ဖြင့်ဝယ်ပြီး သိန်းပေါင်းများစွာ ကံထူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

27 Oct, 05:25


ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသန့်ရှင်းသာယာပြီးအဓွန့်ရှည်တည်တံ့နေစေရေးနှင့်လာရောက်ဖူးမြော်သူပြည်သူများစိတ်ချမ်း‌သာမှုရှိစေရန်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
+++++
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၌တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား အောက်တိုဘာ(၂၆)ရက် နံနက်(၉)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်ပညာရှင်များက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်တွင် အများပြည်သူများ ကပ်လှူပူဇော်ထားသည့် ရွှေဆိုင်များ၏ အရည်အသွေးစံချိန်ပြည့်ဝမှု ရှိမရှိ၊ အများသုံး ရေလှောင်ကန် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ နှင့်စွန့်ပစ်အမှိုက်များ ခွဲခြားစစ်‌ဆေးသည့် မီးရှို့စက်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်ပြင်တော် ဆရာတော်၏ ဩဝါဒကိုခံယူ၍ လိုအပ်သည်များကို ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Saw Ba Maung

27 Oct, 04:57


မစိုးရိမ်ကြပါနဲ့၊ အစိုးရက သူ့အလုပ်သူလုပ်ပါလိမ့်မယ်...

Saw Ba Maung

27 Oct, 00:12


🙏 မင်္ဂလာနံနက်ခင်းပါ 🙏

Saw Ba Maung

26 Oct, 12:45


မြန်မာ - တရုတ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ရှိနေ
+++++
မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူး ပေါင်းဆောင်ရွက်ရန် အခြေအနေကို ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့ အောက်တိုဘာ (၂၅) ရက်က ဆွေးနွေးကြကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာ - တရုတ် မီဒီယာကဏ္ဍ ပိုမိုပူးပေါ င်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း သာမက ပြ ည်သူအချင်းချင်းပါ ပိုမိုချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိစေရန်အတွက် မီဒီယာကဏ္ဍမှ လိုအပ်သည်များ ကြိုးပမ်းဆော င်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု ပြန် ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးအပြင် ဒုတိယဝန် ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက် ခဲ့ကြကာ ပြန်ကြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Saw Ba Maung

26 Oct, 11:38


(၃၆)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းလုပ်အားဒါန သန့်ရှင်းရေးဆောင်ရွက်
+++++

(၃၆)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းကာ အောက်တိုဘာ ၂၆ရက် (ယနေ့) နံနက်၇နာရီ အချိန်က မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ လောကသရဖူဘုရားနှင့် လောကထိပ်ခေါင်ဘုရားဝန်းအတွင်း၌ အများပြည်သူ စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်နိုင်ရေးစုပေါင်း လုပ်အားဒါနပြု သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Saw Ba Maung

22 Oct, 15:26


အကြမ်းဖက် PDF တွေ ပြည်သူတွေကို မသတ်ဘူးဆိုလို့ သူတို့သတ်ခဲ့တာလေးတွေကို ပြန်တင်ပေးမယ်

ပြည်သူတွေကို ဘယ်လိုတွေရက်ရက်စက်စက်ခြေလက်တွေဖြတ်ပြီးသတ်ခဲ့သလိုဆိုတာကိုပေါ့။

ဘုတလင်မှာ အသတ်ခံရတဲ့ ၆ ဦးကလည်း ဒီကောင်တွေပဲသတ်ကြတာ။

သူတို့သတ်ခဲ့တာတွေကို ကြည့်ချင်ရင် အောက်လင့်တွေမှာ ၀င်ကြည့်နိုင်တယ်။



https://t.me/hminewai/58618?single


https://t.me/hminewai/58628?single


https://t.me/hminewai/52625?single


https://t.me/hminewai/25089



https://t.me/hminewai/230?single

https://t.me/hminewai/450?single


https://t.me/hminewai/506?single


https://t.me/hminewai/3961?single


https://t.me/hminewai/5050?single


https://t.me/hminewai/5110?single


https://t.me/hminewai/5824?single

https://t.me/hminewai/6037?single


https://t.me/hminewai/6330?single

https://t.me/hminewai/6650?single

https://t.me/hminewai/6777?single


နောက်ရက်တွေမှာလည်း ထပ်မံဖော်ပြပေးမည်။


မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ

Saw Ba Maung

22 Oct, 14:47


ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ
*
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အဏ္ဏဝါသီရိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့သည်။ 

Saw Ba Maung

22 Oct, 14:46


ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်၌ ကားတစ်စီးလမ်းဘေးထိုးကျတိမ်းမှောက် ၄ ဦးဒဏ်ရာရ
*
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ အောက်တိုဘာ ၂၂ ရက်နံနက် ၁၀ နာရီခွဲခန့်က ကားတစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြိုနယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီးအတိုင်းမောင်းနှင်လာသောကားသည် မိုင်တိုင်အမှတ် ၁၂၄/၂ ၏ နောင်ရိုးစိုက်ကွင်းရှေ့အရောက်တွင် လမ်းဘေးသိုထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို လမ်းဘေးထိုးကျတိမ်းမှောက်မှုကြောင့် ကလေးငယ်(၂)ဦးနှင့်အမျိုးသမီး(၂)ဦး(စုစု ပေါင်း ၄ ဦး)တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း(ဘီးလင်းမြို)မှ ဘီးလင်းမြိုပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Saw Ba Maung

22 Oct, 13:37


ရေးမြို ရေး - သံဖြူဇရပ်လမ်းတွင် စကစတပ်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံးခဲ့တယ်လို့ Khit Thit Media မှ လိမ်ညာရေးသား
******************************

အောက်တိုဘာလ ၁၇ ရက်နေ့ ရေးမြို ရေး - သံဖြူဇရပ် ကားလမ်း စံပြကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၁ ဦးသာ ကျဆုံးခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံးခဲ့တယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

#Disinformation
https://t.me/factcheckmm 🇲🇲

Saw Ba Maung

22 Oct, 12:58


၁ နှစ်ခွဲလောက် အကြမ်းဖက် KNU နဲ့ ပဒက်တွေကို နေ့မနား ညမနား ဗြင်းနေတဲ့ အနန်းကွင်းဗျူဟာအတွက် DVB တင်ထားတဲ့ Far သတင်း..
Farသည်မနဲ့ ဝရမ်းပြေး စပ်ပြီးကျထားတဲ့ကောင်တွေ ရေးတဲ့သတင်းတွေဆိုတော့ အဲ့လောက်တော့ရှိမှာပေါ့..
(သုတ်ကြောင် မီဒီညာ DVB တင်ထားတာ သတင်းအမှားပါ)

Saw Ba Maung

Saw Ba Maung

22 Oct, 12:16


ခွေးသစ်သတင်းက ဘယ်လိုကြီးလဲ..

KNU ဌာနချုပ်ကို ဒရုန်းနဲ့ ဗုံးကျဲတာ ပြည်သူ ၁ ဦး ဒဏ်ရာရသတဲ့..

ဘယ်က ပြည်သူက ပါလာပြန်ပီလဲ..

ဗဟိုဌာနချုပ်မှာ ဘယ်ကပြည်သူ ရောက်နေပြန်တာလဲ..

Far မီဒီညာကတော့ လုပ်လိုက်ရင် သောက်ဆန်းကြီးတွေပဲ..

🤣🤣🤣

Saw Ba Maung

Saw Ba Maung

22 Oct, 10:06


မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊ သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်မည်
*

ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးတိုးတက်မှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီကကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရဌာနဆိုင်ရာများတက်ရောက်ကြပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး၊ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်နယ်၏အဓိက အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်လာအောင် ဖိဖိစီးစီးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံကြရန်လိုပြီး မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးနှင့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားကြရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

Saw Ba Maung

22 Oct, 06:21


KNUတပ်မဟာ ၇ ဗဟိုဌာနချုပ်ကိုတပ်မ‌တော်မှဒရုန်း၄စင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက်ရှိကြောင်းKNU၏ ဝါဒဖြန့်မီဒီယာ၁ခုဖြစ်သည့် Salween Pressမှ ဝန်ခံ
*
KNU တပ်မဟာ၇ဗဟိုဌာနချုပ်အား တပ်မတော်မှ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်KNUများ ထိခိုက်သေဆုံးခဲ့သော်လည်း အရပ်သားပြည်သူ၂ဦးသာထိခိုက်ပြီး KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း လိမ်ညာ၍ ဝါဒဖြန့်ရေးသားထားသည်။
KNUရဲ့ ဖာဆန်ဆန် လိမ်ညာရေးသားမှုကတော့ သူပုန်စစ်ဌာနချုပ်မှာ ဘယ်ကအရပ်သားကရောက်နေပါလိမ့်၊စောဘမောင်တော့ မစဉ်းစားတတ်တော့ဘူး၊ပရိတ်သတ်ကြီးတို့က ကူညီပြီးစဉ်းစားပေးကြပါအူး... ...အဟစ် အဟစ်😂😂😂

Saw Ba Maung

22 Oct, 05:44


KNU ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံ ဒရုန်း (၄)လုံးဖြင့် တိုက်ခိုက်၊ စစ်သွေးကြွအဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိ
*
ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံဒရုန်း(Suicide Drone) (၄)လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
ယနေ့ အောက်တိုဘာလ (၂၂)ရက် နံနက် (၁၀)နာရီခန့်က KNU ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံဒရုန်း (၄)လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အသေခံဒရုန်းအသုံးပြုကာ တိုက်ခိုက်ခြင်းကြောင့် KNU ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးသွားကြောင်းနှင့် KNU အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Saw Ba Maung

22 Oct, 02:42


တောင်ခမ်း👏👏👏

Saw Ba Maung

22 Oct, 00:13


ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေး
=======================
ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုလျှော့ချနိုင်ရေးနှင့် ရေကြီးပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ၏ ဒုတိယအကြိမ်မြောက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာန ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး နတ္ထဖုံးဖလောင်ကျောက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။