ONE NATION NEWS @onenationnews1 Channel on Telegram

ONE NATION NEWS

@onenationnews1


ONN is Arakan “Arakkha"Rakhine"news outlet that monitors and investigates injustices and human rights.

ONE NATION NEWS (English)

Welcome to ONE NATION NEWS, your go-to source for all the latest news and updates from Arakan, also known as Rakhine. Our Telegram channel, @onenationnews1, is dedicated to bringing you news that matters, focusing on monitoring and investigating injustices and human rights issues in the region. Who are we? We are a team of dedicated journalists and activists who are passionate about bringing transparency and accountability to our community. We believe in the power of information to drive positive change and create a more just society. What do we do? At ONE NATION NEWS, we strive to provide unbiased and comprehensive coverage of events and issues that affect the people of Arakan. From political developments to social issues, we are committed to keeping our followers informed and engaged. Why follow us? By joining our Telegram channel, you will have access to timely updates, exclusive interviews, and in-depth analysis of the most pressing issues facing our region. Whether you are a resident of Arakan or simply interested in global human rights issues, ONE NATION NEWS is the channel for you. Stay informed, stay engaged, and join us in our mission to promote justice and human rights for all. Follow @onenationnews1 on Telegram today and be part of the conversation.

ONE NATION NEWS

30 Jan, 01:33


လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော် AA က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်

One Nation News | ဇန်နဝါရီ ၃၀၊ ၂၀၂၅

အာရက္ခတပ်တော် AA သည် ရက္ခိုင်ဒေသ လွတ်မြောက်နယ်မြေရှိ မြို့များတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး စနစ်တကျဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင်ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ကတည်းက အများအပြည်သူ အန္တရာယ်ကင်းရှင်းရေးကို ပြုလုပ်နေသည်ဟု သိရသည်။

ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ဘေးတွဲ၊ တေဗာ၊ ကုန်ကား စသဖြင့် စနစ်တကျ မောင်းနှင်သွားလာရေးနှင့် ဆိုင်ကယ်ဦးထုပ်များ ဆောင်းရေးအတွက်လည်း အသိပညာပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။

ပုံစာ - ရှေးဟောင်း မြောက်ဦးမြို့တော်မှာ တွေ့ရသော အာရက္ခစစ်သည်တော်များ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေစဉ်။ (ဓါတ်ပုံ - APM)

One Nation News

ONE NATION NEWS

29 Jan, 13:01


သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေ

One Nation News ၊ဇန်နဝါရီ ၂၉၊ ၂၀၂၅

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲသို့ အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းမဟာမိတ်တပ်များ ရောက်ရှိနေပြီဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်တို့သည် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းဒေသ သတင်းရင်းမြစ်ထံက သိရသည်။

"သာပေါင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ကူတွေပို့ပေမယ့် ဖြတ်တောက် ထားနိုင်တဲ့အခြေအနေပါ။ ရိက္ခာပို့တဲ့ မြို့နယ်ရဲမှူးကိုလည်း စနိုက်ဘာနဲ့ ပစ်ထားတယ်"ဟု စစ်ရေးသတင်း ‌ရင်းမြစ်တခုက ပြောသည်။

အာရက္ခတပ်တော် AA နှင့်ပူးပေါင်းတပ်တို့သည် မကျီးဇင်နှင့် သဲဖြူရွာ များတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် သာပေါင်း ဘက်သို့ပါ ထိုးဖောက်ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကူနှင့်ရိက္ခာပို့သွားသည့် သူများပါ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းမဟာမိတ် တပ်များ သာပေါင်းမြို့နယ်သို့ ဝင်ရောက်လာပြီး အကြမ်းဖက်စစ်ကောင်စီထံသို့ ရိက္ခာလာပို့သည့် သာပေါင်း မြို့နယ်ရဲမှူးကို စနိုက်ဘာဖြင့်ပင် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့သည်။

AA သည် ဧရာဝတီတိုင်းနှင့် နယ်မြေထိစပ်နေသည့် ဂွမြို့ နယ်ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်း အတွင်းရှိ စစ်ကောင်စီများ ခံစစ်အထူးပြင်ဆင်ထားသည့် စခန်းများအထိ တိုက်ခိုက်လာခြင်းဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ တင့်ကားများပါ ပို့ဆောင်၍ ခံစစ်ပြင်ထားသော မကျီးဇင်နှင့် ဘောမိတို့ AA လက်ထဲကျသွားပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်အတွင်း၌ပါ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ချင်းစု ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီက ခံစစ်အတွက် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့

One Nation News

ONE NATION NEWS

29 Jan, 12:40


မြောက်ဦးမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွား

One Nation News ၊ ဇန်နဝါရီ ၂၉ ၊ ၂၀၂၅

မြောက်ဦးမြို့နယ်၊ သျှမ်းတောင်ရွာတွင် ယနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက မီးလောင်မှု ဖြစ်ပွားမှုကြောင့် လူနေအိမ် ၂ လုံး မီးလောင်သွားကြောင်း သိရှိရသည်။

မြောက်ဦးမြို့နယ်၊ သျှမ်းတောင်(မူဆလင်)ရွာက ဒေါ်ဇော်ဗေဒါနှင့် ဦးနော်ကော်ရိန် နေအိမ်များဖြစ်ပြီး
နေ့ခင်း ၁ နာရီလောက်တွင် ဒေါ်ဇော်ဗေဒါ၏ အိမ်မှ မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒေါ်ဇော်ဗေဒါနှင့် အိမ်နားချင်း ကပ်ရပ် ဦးနော်ကော်ရိန်၏ နေအိမ်ကိုပါ မီးကူးစက်လောင်ကျွမ်းရာ နှစ်အိမ်လုံး မီးထဲပါသွားကြောင်း ဆိုသည်။ မီးလောင်မှုကို ရွာသူ/ရွာသားများက ဝိုင်းဝန်းကူညီငြိမ်းသတ်မှုကြောင့် နေ့လည် ၃ နာရီမှာ မီးငြိမ်းသွားကြောင်း သိရှိရသည်။

ပုံစာ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် နေ့ခည် ၁ နာရီအချိန်ခန့်၌ မြောက်ဦးမြို့နယ်၊သျှမ်းတောင်(မူဆလင်)ရွာတွင် အိမ်နှစ်ဆောင်မီးလောင်ကျွမ်းမှု (APM)

One Nation News

ONE NATION NEWS

29 Jan, 07:09


ဘူးသီးတောင်မြို့မှ အရပ်သားနေအိမ် ၂၅၀၀ ကျော်ကို မူဆလင်လက်နက်ကိုင်များနှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးလှိုင်ဝင်းထွန်း ပြောဆို

One Nation News | ဇန်နဝါရီ ၂၉၊ ၂၀၂၅

ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲတွင် အစ္စလာမ်မစ် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဘူးသီးတောင်မြို့မှ အရပ်သား ရက္ခိုင်နှင့် ဟိန္ဒူလူမျိုးများ၏ နေအိမ် ၂၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝန်ခံပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်မှူး လှိုင်ဝင်းထွန်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဥ် ၄၉ သင်တန်းဆင်းဖြစ်ပြီး ဘူးသီးတောင်အခြေစိုက် ခမရ ၃၅၃ ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ မူဆလင်လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး ဘူးသီးတောင်မြို့တွင်း လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့​ကြောင်း ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် သောင်းကျန်းသူ အာဆာအဖွဲ့ပူးပေါင်းပြီး ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင် ၇၅၀ အား အကြမ်းဖက် သင်တန်းပေး၍ စစ်ရေး လှုပ်ရှားခြင်း၊ တိုက်ပွဲဝင်တိုက်ခိုက်ခဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်မှူး လှိုင်ဝင်းထွန်းက The Diplomat သတင်းဌာနသို့ ပြောဆိုခဲ့ဖူးသည်။

အကြမ်းဖက်စစ်ကောင်စီအရာရှိ ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်နှင့် စရဖ ဗိုလ်ကြီး ခိုင်မင်းဇော်တို့သည် ဘူးသီးတောင်မြို့ရှိ အများပြည်သူ နေအိမ်များအား မီးရှို့ရန် အကြမ်းဖက် စစ်ကောင်စီနှင့် အကြမ်းဖက် သင်တန်းဆင်း မွတ်ဆလင် စစ်သွေးကြွ လက်နက်ကိုင်များအား စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အကြမ်းဖက် သင်တန်းပေးထားသည့် မွတ်ဆလင် စစ်သွေးကြွ လက်နက်ကိုင်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေချိန်တွင် နေအိမ်များမှ ပစ္စည်းများအား ယူဆောင်ခဲ့ကြသည်ဟုလည်း သူက ပြောဆိုထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ARSA၊ ARA၊ RSO အစ္စလာမ်မစ် စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များနှင့် စစ်သင်တန်းပေးထားသည့် မူဆလင်များအား ဘူးသီးတောင်နှင့် မောင်တောတိုက်ပွဲများတွင် အသုံးပြုခဲ့ပြီး ရက္ခိုင်နှင့် မူဆလင်လူမျိုးများကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဆောင်ရွက်မှုများ ရှိခဲ့သည်။

ဗီဒီယို - ဗိုလ်မှူးလှိုင်ဝင်းထွန်း ဝန်ခံထွက်ဆိုမှု

One Nation News

ONE NATION NEWS

28 Jan, 17:07


#Breaking_news

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့အရှေ့တောင်ပိုင်းရှိ Gimhae အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထပ်မံပြီး လေယာဥ် မီးလောင်

One Nation News ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့အရှေ့တောင်ပိုင်းရှိ Gimhae အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူ ၁၇၆ ဦးလိုက်ပါလာသည့် အဲဘူဆန်လေယာဉ်သည် ဟောင်ကောင်သို့ပျံသန်းစဉ် ခရီးသည်တင်လေယာဉ်၏ အမြှီးသည် မီးလောင်သွားကြောင်း နိုင်ငံတကာသတင်းဌာနက သိရှိရသည်။

ခရီးသည်များနှင့် အမှုထမ်းများအားလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဆိုသည်။ ဘူဆန်မြို့ အရှေ့တောင်ပိုင်းရှိ Gimhae အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဲဘူဆန် လေယာဉ်သည် ဟောင်ကောင်သို့ ထွက်ခွာခဲ့ကြောင်း Yonhap သတင်းဌာနကလည်း ဖော်ပြခဲ့ပါသည်။

ခရီးသည် ၁၆၉ ဦးနှင့် အမှုထမ်းခုနစ်ဦးတို့ကို လေထိုးလျှောဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းတို့၏ အခြေအနေမှာ မစိုးရိမ်ရကြောင်း ကနဦးသတင်းများက ဆိုပါသည်။

Ref : Khaosod English

One NationNews @topfans

ONE NATION NEWS

23 Jan, 14:09


ကလေးသူငယ်တွေဟာ ဦးနှောက်စွမ်းရည်ပိုင်းနဲ့ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစာအဟာရကဏ္ဍကို မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး။ အနာဂါတ်မှာ နိုင်ငံတာဝန်ကို လက်လွဲ ယူလာကြမယ့် လက်ရှိကလေးသူငယ်တွေကို ဘဝရှေ့ဆောင် ရက် ၁၀၀၀ ကာလအတွင်း အစာအဟာရပိုင်း လုံလုံလောက်လောက်ရရှိစေဖို့ စီမံကိန်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ကလေးသူငယ်စောင့်ရှောက်ရေး နည်းလမ်းများ

အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း (Alternative Care) ဆိုတာ အခြေအနေ တစ်ရပ်ရပ်ကြောင့် မိရင်းဖရင်းပြုစုစောင့်ရှောက်မှုဆုံးရှုံးသွားသော (သို့) မရရှိသော ကလေးသူငယ်တွေကို အား မိရင်းဖရင်းလို ပြုစုစောင့်ရှောက်မှု နည်းလမ်းတစ်ခုခုနဲ့ ပြုစုစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ ဒီအထဲမှာ ဆွေမျိုးသားချင်းများက ပြုစုစောင့်ရှောက်ခြင်း၊ သင်တန်းကျောင်း အခြေပြု ပြုစုစောင့်ရှောက်ခြင်း၊ ယာယီပြုစုစောင့်ရှောက်ခြင်း စတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

ကလေးပြုစုရေး၊ သင်တန်းကျောင်း၊ ဂေဟာတွေမှာ စောင့်ရှောက်ခြင်းဆိုတာ စွန့်ပစ်ကလေး၊ လမ်းပေါ်နေကလေးတွေနဲ့ အခြေအနေတရပ်ရပ်ကြောင့် ပြုစုစောင့်ရှောက်ဖို့လိုအပ်တဲ့ ကလေးသူငယ်တွေကို အဆိုပါကျောင်းတွေမှာ အခြေပြုပြီး ကျန်းမာဖွံံ့ဖြိုးရေး၊ စိတ်ပိုင်းဆိုင်ရာ ၊ စာရိတ္တပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးမှုရရှိစေဖို့ အခြေခံအလေ့အကျင့်ကောင်းတွေနဲ့အတူ စနစ်တကျပြုစုပျိုးထောင် စောင့်ရှောက်ခြင်းကို ဆိုလိုပါတယ်။

သို့ပေမယ်လည်း သင်တန်းကျောင်းအခြေပြုစောင့်ခြင်းဟာ ကလေးသူငယ်ဖွံ့ဖြိုးအတွက် လိုအပ်သည့် ချစ်ခြင်းမေတ္တာ ၊ ပတ်ဝန်းကျင်နှင့်ထိတွေ့ဆက်ဆံမှုတို့ကို မရရှိတာကြောင့် သင်တန်းကျောင်းသို့ ပို့အပ်စောင့်ရှောက်ခြင်းကို မဖြစ်မနေမှသာ နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုသင့်တယ်လို့ ပညာရှင်တွေက ထောက်ပြထားကြပါတယ်။

ဆွေမျိုးသားချင်းများက ပြုစုစောင့်ရှောက်ခြင်း (Kinship Care) ဆိုတာ ကလေးသူငယ်၏ ဆွေမျိုးရင်းချာများက တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ ခေါ်ယူစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

မိဘအရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်း (Foster Care) ဆိုသည်မှာ စိစစ်ကြီးကြပ်ရေးအဖွဲ့က စီမံခန့်ခွဲပြီး အရေးပေါ်ကာလ၊ ကာလတိုနှင့် ကာလရှည်အဖြစ် ကလေးသူငယ်များအား ဆွေမျိုး တော်စပ်မှုမရှိတဲ့ မိသားစုများက မိဘအရပြုစုစောင့်ရှောက်ခြင်းကိုဆိုလိုပါတယ်ယင်းသဖွယ်ပြုစု စောင့်ရှောက်ခြင်းမှာ အလွတ်သဘောစောင့်ရှောက်ခြင်းနှင့် တရား၀င်စောင့်ရှောက်ခြင်းတို့ ပါဝင်ပါသေးတယ်။

Terre des hommes-Lausanne(Tdh-L) အဖွဲ့ကတော့ ၂၀၁၅ခုနှစ်မှ စတင်ပြီး မိသားစု(သို့) ဆွေမျိုးသားချင်းတွေရဲ့ စောင့်ရှောက်မှုကို လုံးဝမရရှိနိုင်သည့် ကလေးသူငယ်တွေအတွက် ရပ်ရွာအတွင်း သင့်လျော်တဲ့ အုပ်ထိန်းသူအား ရွေးချယ်၍ ပြစုစောင့်ရှောက်ပေးတဲ့ လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွေမှာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ဆိုတယ်။ အဆိုပါစောင့်ရှောက်မှုလုပ်ငန်းဟာ အောင်မြင်တယ်လို့လည်း သိရပါတယ်။

ကလေးသူငယ်တွေအတွက် အကောင်းဆုံးအကျိုးစီးပွားဆိုတာ ကလေးသူငယ်၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွေမှာ ပါ၀င်ဆောင်ရွက်ခွင့် ရရှိစေရေးတို့ဖြစ်ပါတယ်။ ယင်းအပြင် ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အကျိုးဖြစ်ထွန်းမှု အများဆုံး ဖြစ်စေသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိခံစားရေးတို့ဖြစ်ပါတယ်။

နိဂုံးအားဖြင့် ပဋိပက္ခအတွင်း နှစ်ပေါင်းဆယ်စုနှစ်နှင့်ချီပိတ်မိနေခဲ့သော ရက္ခိုင်ဒေသမှာ စစ်ရေးကာလအတွင်း ခိုကိုးရာမဲ့သွားတဲ့ ကလေးသူငယ်တွေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် ကလေးသူငယ်အခွင့်အရေး (အစာအဟာရချို့တဲ့မှု၊ ပညာရေး၊ ကျန်းမာရေး) လျစ်လျူခံထားရတဲ့ ကလေးသူငယ်တွေ အများကြီးပါပဲ။ ဒီကလေးသူငယ်တွေကို မိဘရင်းသဖွယ်ပြုစုရှောက်ခြင်းနဲ့ စနစ်တကျပြုစုပျိုးထောင် စောင့်ရှောက်ပေးရင် လူသားအရင်းအမြစ်ကို မြှင့်တင်ရာရောက်ပါတယ်။

သဘာဝဘေးကြောင့်ဖြစ်ဖြစ်၊ စစ်ပွဲကြောင့်ဖြစ်ဖြစ်၊ အခြားတခုခုကြောင့်ဖြစ်ဖြစ် မိဘမဲ့ဖြစ်ခဲ့ရသော ကလေးသူငယ်များ၊ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်ဖြစ် ၊ တခြားကိစ္စတခုခုကြောင်းဖြစ်ဖြစ် အထူး စောင့်ရှောက်ရန်လိုအပ်တဲ့ ကလေးသူငယ်တွေကို နည်းမှန်၊ လမ်းမှန်နဲ့ ပြုစုပျိုးထောင် စောင့်ရှောက်ကြရမှာပါတယ်။ ယခုအချိန်မှာ ကလေးသူငယ်တွေကို နည်းမှန်၊ လမ်းမှန်နဲ့ ပြုစုပျိုးထောင်စောင့်ရှောက်ပေးနိုင်မှ အနာဂါတ်အတွက် အဖိုးတန် ရတနာတွေဖြစ်လာမယ်ဆိုတာကို အားလုံး လက်ခံထားကြဖို့ ​​​မျှော်လင့်ရင်း နိဂုံးချုပ်အပ်ပါတယ်။

မောင်မိုးဇ
One Nation News

ONE NATION NEWS

23 Jan, 14:09


"ရက္ခိုင်ဒေသ ပြန်လည်ထူထောင်ရေးနှင့် ကလေးသူငယ်ကဏ္ဍ"

အတွေးအမြင်ဆောင်းပါး
မောင်မိုးဇ - ရေးသားသည်။

ကလေးသူငယ်တွေဟာ ဒေသတစ်ခုရဲ့ နောင်အနာဂါတ်ဖြစ်တယ်ဆိုတာကို နိုင်ငံတိုင်း လက်ခံထားပြီးသားဖြစ်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေမှာ နိုင်ငံရဲ့လူသားအရင်းအမြစ်တွေဖြစ်တဲ့ ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း နည်းမှန်၊ လမ်းမှန်ဖြစ်ဖို့ အစွမ်းကုန်ကြိုးပမ်းလာကြပါတယ်။

စစ်ရေး ပဋိပက္ခထဲ ဆယ်စုနှစ်နဲ့ချီ ပိတ်မိနေခဲ့တဲ့ ရက္ခိုင်ဒေသမှာ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ စောင့်ရှောက်ရေးလုပ်ငန်းဟာလည်း အရေးကြီးတဲ့ လုပ်ငန်းတရပ်အနေနဲ့ ရှိနေပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က ကျောက်တော်မှာ လသားအရွယ် ကလေးတစ်ဦးကို မိခင်ကိုယ်တိုင် မွေးစားဖို့ပေးတဲ့ဖြစ်ရပ်ဟာ ရက္ခိုင်ဒေသတွင်း ကလေးသူငယ် စနစ်တကျ ပြုစုပျိုးထောင်ရေးနှင့် စောင့်ရှောက်ရေးလိုအပ်နေကြောင်း ဖော်ပြနေပါတယ်။

မိရင်းဘရင်းများက မစောင့်ရှောက်နိုင်တဲ့ ကလေးသူငယ်တွေကို အကြမ်းအားဖြင့် အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း (Alternative Care) နည်းလမ်းတွေနဲ့ စောင့်ရှောက်ကြပါတယ်။ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်းမှာ (က) ဆွေမျိုးသားချင်းများက ပြုစုစောင့်ရှောက်ခြင်း (Kinship Care)၊ (ခ) မိဘရင်းသဖွယ်ပြုစုရှောက်ခြင်း (Foster Care)နှင့် (ဂ) သင်တန်းကျောင်း အခြေပြုစောင့်ရှောက်ခြင်း ဆိုပြီး ရှိကြပါတယ်။

မြန်မာနိုင်ငံမှာကတော့ အကြောင်းအမျိုးမျိုးကြောင့် မိဘ(သို့) အုပ်ထိန်းသူမဲ့ ဖြစ်သွားရတဲ့ ကလေးသူငယ်တွေ၊ မိသားစုဝင်များတွေနှင့် အတူနေထိုင်ခွင့်မရရှိတဲ့ ကလေးသူငယ်တွေကို ကလေးပြုစုရေးနှင့် သင်တန်းကျောင်း၊ ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာတွေမှာ စောင့်ရှောက်ထားလေ့ရှိပါတယ်။

သတိထားစရာအနေနဲ့က​တော့ ကလေးသူငယ်တွေဟာ မိသားစုဆွေမျိုးသားချင်းနှင့် ရပ်ရွာပတ်ဝန်းကျင်တွေမှာ နေထိုင်ကြီးပြင်းခြင်းသာ အကောင်းဆုံးဖြစ်ပြီး သင်တန်းကျောင်း/ဂေဟာများသို့ ပို့အပ်စောင့်ရှောက်ခြင်းကို မဖြစ်မနေမှသာ နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုသင့်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

အချက်အလက်များက ပြောသော ရက္ခိုင်ဒေသမှ ကလေးသူငယ်များ အခြေအနေ

၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနနှင့် USAID မှ Myanmar Demographic Health Survey (MDHS)ကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကောက်ယူခဲ့ပါတယ်။ အဆိုပါ MDHS အချက်အလက်များအရ ရက္ခိုင်ဒေသရဲ့ ကလေးငယ် ၃၅ ရာခိုင်နှုန်းဟာ အစာအဟာရမပြည့်ဝမှုကြောင့် ပုညှက်နေတယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ တစ်နိုင်ငံလုံးမှာ ကလေးသူငယ်ပုညှက်မှုနှုန်းအမြင့်ဆုံးဒေသတခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဥ်နဲ့ ကလေးမွေးဖွားစဥ်မှာ အစာအဟာရမပြည့်ဝကြဘူးလို့လည်း အဆိုပါ MDHS အချက်အလက်က ဆိုပါတယ်။ နောက်ထပ် တချက်က​တော့ အမျိုးသမီး ၂၂ ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်စဥ်နဲ့ ကလေးမွေးဖွားစဥ်ကာလအတွင်း ( Physical Violence) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရပြီး ၉ ရာခိုင်နှုန်းဟာ (Sexual Violence) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ၂၀၁၇ ခုနှစ်ကစတင်ပြီး ရက္ခိုင်ဒေသတွင်း ကိုယ်ဝန်ဆောင်များနှင့်အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဥ် (Maternal and Child Cash Transfer Program- MCCT) ကို အကောင်အထည်အဖော်ဆောင်ရွက်ပြီး ကိုယ်ဝန်ဆောင်စကနေ ကလေး အသက် ၂ နှစ်ပြည့်တဲ့အထိ အစာအဟာရကြွယ်ဝပြီး ဦးနောက်စွမ်းရည်ပိုင်း ဖွံ့ဖြိုးစေဖို့ ယခင်အစိုးရက ထောက်ပံ့ကြေးပေးခဲ့ပါတယ်။

သို့ပေမယ့် နိုင်ငံတွင်း စာတတ်မြောက်မှုအနိမ့်ဆုံးဒေသမှာ အစာအဟာရပိုင်းနဲ့ပတ်သက်တဲ့ အသိပညာလုံလုံလောက်မရရှိတာတွေအပြင် အုပ်ချုပ်ရေးမှူးနဲ့ အစိုးရဝန်ထမ်းတချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် ရက္ခိုင်ဒေသက MCCT program ဟာ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

ကုလသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေကတော့ ပဋိပက္ခထဲ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ချီ ပိတ်မိနေခဲ့သော ရက္ခိုင်ဒေသမှာ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် ကလေးသူငယ်တွေဟာ အစာအဟာရချို့တဲ့မှု ပြဿနာနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရကြောင်း သတိပေးထားပါတယ်။

ကလေးဘဝ ရှေ့ဆောင် ရက် ၁၀၀၀

ဘဝတစ်လျောက်လုံး ဦးနောက်စွမ်းရည်ပိုင်းနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ ကိုယ်ဝန််ဆောင်စဥ်မှ ကလေးအသက် (၂)နှစ်ပြည့်တဲ့ထိ လူ့ဘဝရဲ့အစော ရက်(၁၀၀၀)မှာ အခြေခံတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဥ်နဲ့ ကလေး အသက် (၂)နှစ်ကာလအတွင်း လုံလောက်တဲ့ အစာအဟာရတွေ ရရှိဖို့လိုအပ်ပါတယ်။ ဒါမှသာ ဦးနောက်စွမ်းရည်ပိုင်းနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေကို အထောက်အကူပြုနိုင်မှာပါ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတချို့ကတော့ ရက္ခိုင်ဒေသရဲ့ လူဦးရေ ၆ သိန်းခန့်ဟာ လာမည့်နှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့်ကြုံတွေ့နိုင်ကြောင်း သတိပေးထားပါတယ်။ ဒါဟာလည်း နဂိုကတည်းက အစာအဟာရလုံလုံလောက်လောက် မရရှိတဲ့ ရက္ခိုင်ဒေသက ကလေးသူငယ်တွေအပေါ် များစွာ သက်ရောက်မှုရှိလာနိုင်ပါတယ်။

ONE NATION NEWS

23 Jan, 08:03


စစ်တွေမြို့တွင် အရပ်သား (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီ မတရားဖမ်းဆီး

One Nation News ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၅

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် ဇန်နဝါရီ ၂၂ ရက်၊ ညနေပိုင်းတွင် အရပ်သား လင်မယား (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီ မတရား ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောဆိုသည်။

အဆိုပါ အဖမ်းခံရသူ လင်မယားနှစ်ဦးမှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်က ကိုကိုမိုး(၄၁ နှစ်) နှင့် မသက်ဝင်း (၄၀ နှစ်) တို့ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် ၁၀ ကျော်က ဆင်ကူးလမ်းရပ်ကွက်သို့ ဝင်ရောက်လာပြီး ဖမ်းဆီးသွားကြောင်း သိရှိရသည်။

စစ်တွေမြို့မှ မတရားဖမ်းဆီးခံရသူများကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းထဲတွင် ထိန်းသိမ်းထားပြီးဇန်နဝါရီ ၁၀ ရက်နေ့ကလည်း စစ်တွေမြို့၊ စက်ရုံစု(ရွာသာယာ)ရပ်ကွက်က အပြစ်မဲ့ အရပ်သားပြည်သူ တဦးကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းလည်း စုံစမ်းသိရှိရသည်။

Photo - CJ

One Nation News

ONE NATION NEWS

23 Jan, 06:58


လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRAမှ အကြမ်းဖက် စစ်ကောင်စီ တင့်ကား ၄ စီးကို တိုက်ခိုက်၊ တစ်စီးပျက်စီး

One Nation News ၊ ဇန်နဝါရီ ၂၃ ၊ ၂၀၂၅

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်က ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတင့်ကား ၄ စီးကို တိုက်ခိုက်ခဲ့ပြီး တစ်စီးမှာ ပျက်စီးသွားကြောင်း သိရသည်။

အမ်း-ပဒါန်းလမ်းပိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာတွင် ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တင့်ကားများကို တိုက်ခိုက်ခဲ့သည်ဟု PRA မကွေးတပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သး ၅ ဦး သေဆုံးပြီး ၈ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း PRA မကွေးတပ်က ဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ရက္ခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်းနှင့် ၂ဝ၂၅ ဇန်နဝါရီလအတွင်း တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့သည်ဟု PRA မကွေးတပ်က ပြောသည်။ စစ်ပွဲများမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်ဟု PRA က ဆိုသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီလက်နက်များ သိမ်းဆည်းရမိမှု /PRA

One Nation News

ONE NATION NEWS

22 Jan, 10:17


နောင်ချိုကို အကြမ်းဖက်စစကောင်စီ ဗုံးကြဲ၊ အရပ်သား သေဆုံးမှုများပြား

One Nation News ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နောင်ချိုမြို့ပေါ်သို့ ယနေ့နံနက် ၁၁ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပါရမီ လက်ဖက်ရည်ဆိုင် ထိမှန်ခဲ့ပြီး ဆိုင်ပိုင်ရှင်မိသားစုနှင့် ဝန်ထမ်းအပါအဝင် ၈ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

“ လောလောဆယ်အထိ သေဆုံးတာ ၈ ယောက်လောက်ရှိတယ်၊ ဒဏ်ရာရတာတွေလည်း များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ၃ ဝိုင်းလောက်လည်း ရှိတယ်၊ လူပါးနေချိန်မို့ ဆိုင်ကို သန့်ရှင်းရေးလုပ်နေချိန် ဗုံးကျတာလို့ သိရတယ်။ ”ဟု နောင်ချိုမြို့ခံတဦးက ပြောဆိုသည်။

ယမန့်နေ့ ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

ပုံစာ- ယနေ့ နံနက် စစ်ကောင်စီလေကြောင်းဗုံးကြဲအပြီး တွေ့ရသော မြင်ကွင်း/ CJ

One Nation News

ONE NATION NEWS

21 Jan, 11:48


အဆိုပါ လိုအပ်မှုရှိတာကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော်အပေါ် အတိုင်းထက်အလွန်အပြစ်ဖို့နေကြတာလည်း တွေ့နိုင်ပါတယ်။ ဒီအထဲအနည်းငယ်ခွဲခြမ်းစိတ်ဖြာရရင် ယခင်အစိုးရဝန်ထမ်းဟောင်းများ၊ အာရက္ခအမျိုးသားအဖွဲ့ချုပ်ရဲ့ အုပ်ချုပ်ရေးယန္တရားထဲ နေရာမရရှိသူများ၊ တော်လှန်ရေးစိတ်ဓာတ်မရှိသူ (သို့) လူတန်းစားအသိစိတ်မရှိသူတွေကို မြင်တွေ့ရပါတယ်။

ဘယ်နိုင်ငံမှာမဆို တော်လှန်ရေး အစိုးရသစ်တရပ်အနေဖြင့် ယန္တရားလည်ပတ်မှုမှာ လိုအပ်မှုရှိမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို အာရက္ခပြည်သူလူထုတရပ်လုံးက အကောင်းဆုံးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အစိုးရယန္တရားဟာ နှစ်ပေါင်းဆယ်နှစ်ချီ အကျင့်ပျက်ခဲ့ပါတယ်။ ဒါကိုအမြစ်ဖြတ်ဖို့ လက်ရှိ တာဝန်ရှိသူအဆင့်ဆင့်အနေနှင့်လည်း အစိုးရယန္တရားထဲ လာဘ်ပေးလာဘ်ယူကိစ္စ၊ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုတွေကို တင်းတင်းကျပ်ကျပ် စိစစ်အရေးယူဆောင်ရွက်ရန် လိုအပ်ပြီး SMART ကျတဲ့ အစိုးရတရပ်ဖြစ်အောင် တည်ဆောက်ကြရမှာဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍ

စစ်အစိုးရအဆက်ဆက် ရက္ခိုင်ဒေသမှာ စက်ရုံ၊ အလုပ်ရုံ ထူထောင်ပေးခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍတွေကို မျက်ကွယ်ပြုခဲ့ကြပါတယ်။ ပုဏ္ဏားကျွန်းစက်မှုဇုံ ၊ ကျောက်ဖြူစီးပွားရေးစီမံကိန်းတို့ဟာလည်း လက်ရှိအချိန်ထိ လေပေါ်မှာ ကွယ်ပျောက်နေဆဲ ဖြစ်နေပါတယ်။

ရက္ခိုင်ဒေသဟာ ကုန်ကြမ်းထုတ်လုပ်မှုအားကောင်းပေမယ့် ကုန်ချောထုတ်လုပ်နိုင်ခြင်း အင်မတန်ရှားပါးပါတယ်။ ဒါကြောင့် ရက္ခိုင်ဒေသမှာ ကြွယ်ဝတဲ့ ပင်လယ်စာတို့လို ကုန်ကြမ်းတွေကို ကုန်ချောထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ရက္ခိုင်ပြည် ပြန်လည်တည်ဆောက်ရေးမှာ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ခေတ်မီကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ရေး ပညာရှင်တွေရဲ့အကူအညီတွေကိုရယူကာ စနစ်တကျမွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေးစနစ်ကောင်းမွန်ခြင်းဟာ ဒေသဖွံ့ဖြိုးတိုက်တက်းရေး၊ တည်ငြိမ်အေးချမ်းရေးတွေနဲ့ ချိတ်ဆက်နေတာကို သတိပြုဖို့ လိုအပ်ပါတယ်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ

မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကတော့ အားလုံးသိကြတဲ့အတိုင်း အတော်လေး ညံ့ဖျင်းပါတယ်။ ဒီပညာရေးစနစ်က မွေးထုတ်ပေးထားတဲ့ ပညာတတ်လူတန်းစားဟာလည်း နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတကာအဆင့်အတန်းမီတဲ့ ပညာရေးစနစ်တခုကို အရေးတကြီးအကောင်အထည်ဖော်ကြဖို့ လိုအပ်ပါတယ်။

အလားတူမြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာလည်း အရည်အသွေးမပြည့်မီပါဘူး။ ဆေးရုံ၊ ဆေးပေးခန်းတွေ လိုအပ်သလို ပရော်ဖက်ရှင်နယ်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေ မွေးထုတ်ပေးဖို့လိုအပ်ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ Myanmar Demographic Health Servey (MDHS) အရ ရက္ခိုင်ဒေသဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်များ အဟာရချို့တဲ့မှု၊ ခန္ဓာကိုယ်ပုညှက်မှုအမြင့်ဆုံးဒေသတခုလို့ ဖော်ပြထားပါတယ်။

လူဦးရေ စုစုပေါင်း (၃)သန်းကျော်သာရှိသော ဒေသအတွက် လူ့စွမ်းအားအရင်းအမြစ်ကို ဦးစားပေးဆောင်ရွက်နိုင်မှ နောင်တစ်ချိန် အာရက္ခပြည်သူတစ်ရပ်လုံး မက်ခဲ့တဲ့ ရက္ခိတအိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရေး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမျိုး တည်ဆောက်ကြဖို့လိုအပ်ပါတယ်။

၂၁ ရာစုရဲ့ ကမ္ဘာကြီးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ ခေတ်မီ ကမ္ဘာကြီးထဲ လူဝင်ဆန့်ဖို့ ခေတ်ပညာတတ်အသိုင်းအဝိုင်းတွေလိုအပ်ပါတယ်။ ပညာဖြင့် တည်ဆောက်ထားတဲ့ လူမှုပတ်ဝန်းကျင် တစ်ရပ်ဖြစ်ဖို့ အာရက္ခပြည်သူတစ်ရပ်လုံး အတွေးအခေါ်ကောင်းကောင်းနဲ့ အမြင်ကျယ်ဖို့ လိုအပ်ပါတယ်။ လူသားတန်ဖိုးမြှင့်မားဖို့နဲ့ ဥပဒေစည်းမျဥ်း၊ စည်းကမ်းတွေကို လိုက်နာပြီး နိုင်ငံနဲ့လူမျိုးအပေါ်ချစ်တဲ့ နိုင်ငံသားကောင်းတွေပေါ်ထွက်လာဖို့ ပညာရေးကသာ လမ်းပြလုပ်ဆောင်နိုင်တယ်ဆိုတာ သတိပြုကြဖို့လိုအပ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး

နဂိုကတည်းက ရက္ခိုင်ဒေသဟာ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအပေါ် များစွာသက်ရောက်မှု ရှိနေပါတယ်။

ပထဝီအနေအထားအရ မြစ်ချောင်းအင်းအိုင်ပေါများတဲ့ ရက္ခိုင်ဒေသမှာ လမ်း၊ တံတား၊ အဆောက်အဦကဏ္ဍကို ဦးစားပေးတည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးလာမှသာ ဒေသတွင်း ပညာရေးကဏ္ဍ ၊ ကျန်းမာရေးကဏ္ဍနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေ ဦးမော့လာနိုင်မှာ ဖြစ်ပါတယ်။

ရက္ခိုင်ဒေသဟာ အပေါ်မှာ တင်ပြခဲ့သလို လူ့စွမ်းအားအရင်းအမြစ်နည်းပါးပြီး ဒေသတွင်းစာတတ်မြောက်မှုအနိမ့်ဆုံး၊ ဒေသဖွံ့ဖြိုးတိုးတက်မှု အနှေးဆုံးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးပြီး ဆင်းရဲနွမ်းပါးတဲ့ ဒေသတခုအဖြစ် နိုင်ငံတွင်းမှာ နှစ်ပေါင်း ဆယ်နှင့်ချီရပ်တည်ခဲ့တာဖြစ်ပါတယ်။

ONE NATION NEWS

21 Jan, 11:48


လက်ရှိအချိန်ထိ ရက္ခိုင်ဒေသ (၉၀) ရာခိုင်နှုန်းအထိကို အာရက္ခတပ်တော်က ထိန်းသိမ်းနိုင်ပြီဆိုပေမယ့် ပြန်လည်နေရာချထားရေးနဲ့ ထူထောင်ရေးကဏ္ဍ၊ လူမှုသဟဇာတဖြစ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ပညာရေး၊ကျန်းမာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေဟာ အာရက္ခပြည်သူလူထုတစ်ရပ်လုံး အင်တိုက်အားတိုက် ဆက်တိုက်ရမယ့် စစ်ပွဲတရပ်အဖြစ် ဖြစ်တည်နေပါတယ်။

ပညာကိုအခြေခံတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ အာရက္ခပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းကြိုးစားမှ ရပါမယ်။ ပြည်သူလူထုတစ်ရပ်လုံးကို အဖိုးတန် နိုင်ငံ့သားကောင်းရတနာတွေဖြစ်ကြဖို့နဲ့ ခေတ်မီတဲ့ကမ္ဘာကြီးထဲ လူဝင်ဆန့်ဖို့ ကြိုးစားဖို့ လိုအပ်ပါတယ်။ အဆိုပါစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရင်တော့ ပထဝီနိုင်ငံရေးအားသာချက်ရှိပြီးသားဖြစ်တဲ့ အာရက္ခဒေသဟာ ကမ္ဘာ့အလယ်မှာ အချိန်တိုအတွင်း လက်မ,ထောင်နိုင်မှာ ဧကန်မလွဲပါကြောင်း တင်ပြအပ်ပါတယ်။

မောင်မိုးဇ

One Nation News

ONE NATION NEWS

21 Jan, 11:48


"ပစ္စုပ္ပန်နှင့် အနာဂတ်မှာ ရက္ခိုင်တွေ ထပ်တိုက်ရမယ့် စစ်"

သတင်းဆောင်းပါး
မောင်မိုးဇ -ရေးသားသည်။

မြန်မာနိုင်ငံရဲ့ အနောက်ဖက်အစွန် ဘင်္ဂလားပင်လယ်အော်ဘေးမှာ တည်ရှိတဲ့ ရက္ခိုင်ပြည်ဟာ အလွန်လှပသာယာတဲ့ ဒေသတခု ဖြစ်ပါတယ်။ ရက္ခိုင်​ဒေသမှာ လယ်ယာစိုက်ပျိုးရေးအတွက် လွင်ပြင်ကြီးများ၊ သားငါးပုစွန်ပေါများတဲ့ မြစ်ချောင်းအင်းအိုင်များ၊ ပထဝီနိုင်ငံရေးအရ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်နေတာကြောင့် အင်အားကြီးနိုင်ငံတွေကပါ မျက်စိကျစရာနေရာဖြစ်နေပါတယ်။

ရက္ခိုင်ဒေသမှာ မြို့နယ် ၁၇ ခုရှိပြီး လက်ရှိ ရက္ခိုင်ဒေသက မြို့နယ်အများစုဖြစ်တဲ့ (၁၄)မြို့နယ်၊ ရက္ခိုင်ဒေသရဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့ အာရက္ခတပ်တော် AA က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ စစ်ရေးပဋိပက္ခဒဏ်ကို (၁၀) စုနှစ်ကြာ ခံစားခဲ့ရပြီး နိုင်ငံတွင်း ဖွံ့ဖြိုးမှု အနိမ့်ဆုံး၊ ဆင်းရဲနွမ်းပါးမှုနှုန်းအမြင့်ဆုံးနဲ့ ကုန်စျေးနှုန်း အမြင့်မားဆုံးဒေသတခုဖြစ်နေတဲ့ ရက္ခိုင်ဒေသကို ပြန်လည်ထူထောင်ရေးဟာ ထင်သလောက်မလွယ်ကူနိုင်ပါဘူး။

ရက္ခိုင့်တော်လှန်ရေးတပ် အာရက္ခတပ်တော်ဟာ များမကြာမီ ရက္ခိုင်ဒေသတခုလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက ထုတ်ပြောထားကြပါတယ်။ သို့သော်လည်း ဗမာအစိုးရအဆက်ဆက်လက်အောက်မှာ ပညာရေးအဆင့်အတန်းနိမ့်ကျပြီး အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းတွေနဲ့ ထွန်းကားပြီးသား ဒေသတခုဖြစ်တာကြောင့် ရက္ခိုင်ပြည်သူ၊ ပြည်သားတွေရဲ့အနာဂတ်အတွက် တိုက်ရမယ့် စစ်များဟာ ဆီးကြိုစောင့်ဆိုင်းနေပါတယ်။

ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး

Internal Displacement Camps(IDPs) တွေဟာ ၂၀၁၂ ခုနှစ် အရေးအခင်းကတည်းက ရက္ခိုင်ဒေသထဲ ရှိခဲ့တာပါ။ နောက်ပြီး ၂၀၁၈ ခုနှစ် နောင်းပိုင်းကာလ အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကစပြီး ဒေသခံတွေဟာ စစ်ဒဏ်ကြောင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အာရက္ခတပ်တော် AAရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာစစ်ရှောင်နေသူ ၆သိန်းခန့်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဆိုပါတယ်။

အာရ​က္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ စစ်ဘေးဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်တွေနှင့် ကျေးရွာတွေမှာ အရပ်သားလူနေအိမ်၊ ပြည်သူပိုင်အဆောက်အဦသိန်းချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စစ်ရေးကာလပြီးလို့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အချိန်မှာ အရပ်သားပြည်သူလူထုတွေအနေနှင့် လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

ရက္ခိုင်ဒေသရဲ့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးကို နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ အကူအညီပေးဖို့ လိုအပ်ပါတယ်။ ယင်းအပြင် နိုင်ငံတကာကိုရောက်ရှိနေတဲ့ ရက္ခိုင်လူမျိုးပညာတတ်တွေကလည်း ရက္ခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တာဝန်သိစိတ်နဲ့ပူးပေါင်းပါဝင်ပေးကြဖို့လည်း လိုအပ်ပါတယ်။

လူမှုသဟဇာတဖြစ်ရေး

နိုင်ငံတကာစာမျက်နာပေါ်မှာ ရက္ခိုင်ဒေသဟာ ပဋိပက္ခထူပြောတဲ့ ဒေသတခုအဖြစ် ရှုမြင်ကြသလို ရက္ခိုင်တွေဟာ မွတ်ဆလင်လူမျိုးတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျတယ်လို့ ရှုမြင်ကြပါတယ်။ စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် ဖန်တီးခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေရဲ့ သက်ရောက်မှုဟာ နှစ်ဖက်အသိုင်းအဝိုင်းအပေါ် လက်ရှိအချိန်ထိ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ရက္ခိုင်ဒေသအတွင်း ဗုဒ္ဓဘာသာကိုးကွယ်သူတွေနဲ့ မွတ်ဆလင်တွေအကြား လူမှုသဟဇာတဖြစ် ရေးဟာ တည်ဆောက်ဖို့ လိုအပ်ဆဲ ယန္တရားတစ်ခုအဖြစ် ရှိနေပါသေးတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရရေး လက်ရှိအချိန်ထိ ငြင်းခံနေရတဲ့ မူဆလင်တွေအနေနဲ့ အာရက္ခတပ်တော်နဲ့ ပြေပြေလည်လည်ဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း လက်ရှိအချိန်ထိ လက်နက်ကိုင်ဆောင်ပြီး ရက္ခိုင်ဒေသမြောက်ပိုင်းမှာ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေရှိနေသေးတာကြောင့် ရက္ခိုင်နှင့် မူဆလင်တွေကြား လူမှုသဟဇာတဖြစ်ရေးဟာ အလှမ်းကွာနေမှာ ဖြစ်ပါတယ်။ အတူယှဥ်တွဲနေထိုင်ရေး (Social Harmony) ၊ လူမှုသဟတဖြစ်ရေး (Social Cohesion) ကို လိုလားပါက မူဆလင်များအနေနဲ့ အာရက္ခတပ်တော်နှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါမယ်။

ပြန်တည်ဆောက်ရမယ့် အစိုးရယန္တရား

အာရက္ခတပ်တော်ဟာ ရခိုင်ဒေသအတွင်း နယ်မြေထိန်းချုပ်မှုတွေ ပိုမိုသိမ်းပိုက်ရရှိလာပါတယ်။ သတင်းအချက်အလက်တွေအရ အာရက္ခတပ်တော်ဟာ ၂၀၂၁ ကာလလောက်ကတည်းက ဒေသအုပ်ချုပ်ရေးအစီအမံကို အကောင်အထည်ဖော် လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ သို့သော်လည်း အတွေ့အကြုံပိုင်း၊ လူသားအရင်းအမြစ်ပိုင်းတွေအရ လိုအပ်မှုတချို့ရှိတာကြောင့် အုပ်ချုပ်စီမံရေးပိုင်းကိစ္စတွေမှာ လိုအပ်မှုရှိနေဆဲလို့ သုံးသပ်နိုင်ပါတယ်။

ONE NATION NEWS

14 Jan, 15:04


ရန်ကုန်တွင် လူငယ်အများစုကို ဖမ်းဆီးနေသည့်အတွက် ရက္ခိုင်လူငယ်များ သတိထားရန်လိုအပ်

One Nation News ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅

စစ်ရှုံးမှုများရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်ကောင်စီတပ်သည် တပ်အင်အားပြုန်းတီးလာသည့်အတွက် လူငယ်များကို အဓမ္မဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာသည့်အတွက် ရန်ကုန်ရောက် ရက္ခိုင်လူငယ်များအနေဖြင့် သတိထားရန် လိုအပ်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုသည်။

"အကြမ်းဖက်စစ်ကောင်စီမှာ အင်အားပြုန်းတီးတာကို ဖြည့်တင်းဖို့ စစ်မှုထမ်းဥပဒေကိုပြန်ဌာန်းပြီး တပ်သားစုဆောင်းရေးတွေလုပ်တယ်။ သင်တန်းဆင်းတော့ စစ်မြေပြင်ကို တန်းပို့တယ်။ ရက္ခိုင်မှာအများကြီးသေသွားတယ်လေ။ ခုက ရန်ကုန်မှာ ရက္ခိုင်လူငယ်တွေကိုမှတ်ပစ်ထားပြီး ပိုဖမ်းလာတယ်။ ဒါကို သတိထားဖို့ လို့အပ်တယ်"ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ ထောက်ခံသူများက ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လူမျိုးရေး မှိုင်းတိုက်မှုများ ပြုလုပ်လာသည့်အတွက် အကြမ်းဖက် စစ်ကောင်စီကလည်း ရက္ခိုင်လူမျိုးများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေကြောင်း သိရှိရသည်။

"အကြမ်းဖက်စစ်ကောင်စီရဲ့ လော်ဘီတွေက လူမျိုးရေးမုန်းတီးရေးတွေ ပိုလှုံ့ဆော်လာတယ်။ ဒါဟာ ပုံသေနည်းအဟောင်းတွေပဲ။ ခုက ရန်ကုန်လိုနေရာတွေမှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး ရက္ခိုင်လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်။ စစ်တပ်က စစ်ရေးအရ မနိုင်ရင် ပြည်သူတွေကို ပစ်မှတ်ထားတယ်။ သူရဲဘောကြောင်တာပေါ့ဗျာ" ဟု သူက ဆက်ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်း၊ ကျောက်မြောင်း၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပမြို့နယ်များ၌ ရက္ခိုင်လူငယ် ၅၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ကာ ယနေ့ထိ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။

ရက္ခိုင်တိုက်ပွဲများကြောင့် ရခိုင်ဒေသခံအများစုမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ဘက်သို့ ရွှေ့ပြောင်းလာကြပြီး လက်ရှိ ရန်ကုန်တွင် ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ရက္ခိုင်လူမျိုးများကို ပစ်မှတ်ထားစစ်ဆေးမှုများ ပိုမို ပြုလုပ်လာကြောင်း လေ့လာသူများက ဆိုသည်။

စစ်လော်ဘီများလှုံ့ဆော်မှုများနှင့်အတူ အကြမ်းဖက် စစ်ကောင်စီကလည်း အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ၊ ကျောက်တော်မြို့၊ ပေါက်တောမြို့နယ်နှင့် ဆမီးမြို့များကို ယခုရက်ပိုင်းအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူကိုအနိုင်ကျင့်နေပုံ

One Nation News

ONE NATION NEWS

14 Jan, 06:06


အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် ပထမရက်တွင် လူ ၁၅ သန်းခန့်ဖြင့် စတင်ကျင်းပ

One Nation News ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒေ့ရှ်ပြည်နယ်၊ ပရေယာဂရက်ဂျ် (Prayagraj) မြို့မှာ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်သည့် မဟာကုမ့်ပွဲတော်ကို ဇန်နဝါရီ ၁၃ ရက်က စတင်ကျင်းပရာမှာ ဟိန္ဒူဘာသာဝင် ၁၅ သန်းနီးပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတခုဖြစ်သည့် ရိုက်တာက ပြောပြသည်။

၁၂ နှစ် တစ်ကြိမ် ကျင်းပသည့် ဤပွဲတော် ပထမနေ့မှာ ပါဝင်ဆင်နွှဲသူအရေအတွက် မျှော်မှန်းထားသည်ထက် ခြောက်ဆ ပိုများခဲ့ကြောင်း သိရသည်။သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပမည့် ဟိန္ဒူရိုးရာပွဲတော်ကို အိန္ဒိယနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွား သန်းလေးရာကျော် လာရောက်ဖို့လည်း မျှော်မှန်းထားကြောင်း သိရှိရသည်။

ပွဲတော်သို့ လာရောက်သူများကို လုံခြုံရေးဆောင်ရွက်ပေးဖို့ အိန္ဒိယရဲတပ်ဖွဲ့ဝင် လေးသောင်းခန့်က တာဝန်ယူဆောင်ရွက်နေကြောင်း သိရှိရသည်။ ပွဲတော်ကို ဟိန္ဒူဘာသာဝင်များသည် ဂင်္ဂါနှင့် ယမုံနာမြစ်များတွင် ရေချိုးသန့်စင်ခြင်းများ ပြုလုပ်ကာ ဆင်နွဲနေကြကြောင်း သိရှိရသည်။ ဟိန္ဒူဘာသာရေးအရ မြစ်ထဲ ရေဆင်းချိုးခြင်းသည် အပြစ်များကို ဆေးကြောပြီး ဘဝသံသရာက လွတ်မြောက်စေကြောင်း ယုံကြည်ကြပါသည်။

Photos - အိန္ဒိယနိုင်ငံ၊ ပရေယာဂရက်ဂျ် (Prayagraj) မြို့တွင် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်သည့် မဟာကုမ့်ပွဲတော်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ကျင်းပနေစဉ်။ (Photo: Reuters)

One Nation News

ONE NATION NEWS

12 Jan, 10:33


ဂွမြို့နယ်၊ ဆပ်သွားရွာကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲလို့ အရပ်သား ၁ ယောက် သေဆုံး

One Nation News ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၅

ဂွမြို့နယ်၊ ဆပ်သွားရွာကို ပြီးခဲ့သဘ့် ဇန်နဝါရီ ၄ ရက်၊ နေ့လည်ပိုင်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး၊ နောက်ထပ် အရပ်သား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောဆိုသည်။

သေဆုံးသွားသူမှာ ဂွမြို့နယ်၊ ဆပ်သွားရွာ၊ ဝက်ကုန်းရပ်ကွက်က အဖ-ဦးမြငြိမ်း ၏သား ဦးထွန်းဝေ(၄၀ နှစ်)ဖြစ်ပြီး ဒဏ်ရာရရှိသွားသူကတော့ အဖ-ဦးတင်ဝင်း၏ သမီး မပြည့်ဆုပျို(၂၀ နှစ်) ဖြစ်ကြောင်း ဆိုသည်။

"အကြမ်းဖက် စစ်ကောင်စီက ဆပ်သွားရွာ၊ ဝက်ကုန်းရပ်ကွက်ကို ၄ ရက်နေ့ နေ့လည်လောက်မှာ ဗုံး နှစ်ကြိမ်ကြဲတယ်။ အဲမှာ ပွဲချင်းပြီးတစ်ယောက်သေတယ်။ နောက်တစ်ယောက်က ဒဏ်ရာရပါတယ်" ဆပ်သွားရွာသားတစ်ဦးကပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာပြီး ဇန်နဝါရီ ၈ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကိုနှင့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျောက်တော်မြို့ပေါ်သို့ ဗုံးကြဲခဲ့မှုကြောင့် အရပ်သား ၅၀ ဦးခန့် သေဆုံးခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရှိရသည်။

One Nation News

ONE NATION NEWS

11 Jan, 06:43


ကျောက်တော်မြို့မှ အရပ်သားများနေထိုင်သည့် ရပ်ကွက် နှင့် ဈေးအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

One Nation News ၊ ဇန်နဝါရီလ ၁၁၊ ၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက် နှင့် ဈေး အပါအဝင် လူနေထူထပ်သည့် နေရာများကို အဓိကဦးတည်၍ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ဂျက်တိုက်လေယာဉ်များဖြင့် နံနက် (၉) နာရီခန့်တွင် တစ်ကြိမ်၊ (၉) နာရီ (၁၀) မိနစ်ခန့်တွင် တစ်ကြိမ်၊ (၉) နာရီ (၁၅) မိနစ်ခန့်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ဗုံးအရေအတွက် (၁၅) လုံးခန့် ကို ကြဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

အဆိုပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး၊ ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်းဆိုသည်။

"ကျနော်တို့သိရသလောက် ၅ ဦးထက်မနည်း သေဆုံးတယ်လို့ ပြောတယ်။ နောက်ထပ် ဒဏ်ရာရတဲ့လူတွေကိုလည်း ဆေးရုံကိုအရေးပေါ်ပို့ထားရပါတယ်"ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့နယ်ကျောက်နီမော်ရွာကို ဇန်နဝါရီ ၈ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၄၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားများကိုပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း ပြည်တွင်း၊ပြည်ပ မီဒီယာများက သတိပေးထားသည်။

ဓာတ်ပုံ - ကျောက်တော်မြို့

One Nation News

ONE NATION NEWS

07 Jan, 10:22


ဧရာဝတီနှင့် ဂွအစပ်ရှိ ဗေဒါစစ်ဆေးရေးဂိတ် သိမ်းပိုက်ခံရပြီး ကျေးရွာအချို့ပြောင်းရွှေ့နေရ

One Nation News ၊ ဇန်နဝါရီ ၇ ၊ ၂၀၂၅

ဧရာဝတီတိုင်းနှင့် ဂွမြို့နယ်အစပ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် မဟာမိတ် ပူးပေါင်းတပ်များသည် ဗေဒါစစ်‌ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

"ဗေဒါ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ထားပါပြီ။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီက အမတ ၃၄၄ နားက ဆင်သေရွာနဲ့အနီးအနားက လူတွေကို အကုန်ရွှေ့ခိုင်းတယ်။ စစ်တပ်က Paramotor(အင်ဂျင်တပ်လေထီး) သုံးပြီး ဗုံးကြဲနေတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

ဂွမြို့သိမ်းတိုက်ပွဲ မစခင်ကတည်းကပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၊ အာရက္ခတပ်တော် (AA) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့သည် ငါးသိုင်းချောင်း-ဂွ လမ်းကြောတွင် အကြမ်ဖးက် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများကို ဖြတ်တောက်ရန်အတွက် ရိုးမပေါ်သို့ ကြိုတင်ရောက်ရှိနေခြင်းဖြစ်ကာ အဆိုပါအဖွဲ့များက ဧရာဝတီတိုင်းအတွင်း ဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဒေါင်းချောင်းစစ်ဆေးဂိတ်မြင်တွေ့ရပုံ / ပုံဟောင်း

One Nation News

ONE NATION NEWS

06 Jan, 06:01


ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp မှ အာရက္ခပြည်သူများအား လူသားချင်းစာညှာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့

One Nation News ၊ ဇန်နဝါရီ ၆၊ ၂၀၂၅

အာရက္ခပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲ IDP စခန်း၌ နေထိုင်သောပြည်သူများအား အာရက္ခ ဒေသဆိုင်ရာ တာဝန်ရှိသူများမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှုတရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် မှ စတင်ကာ အနောက်ရဲ IDP စခန်း ၌ နေထိုင်လျက်ရှိကြသော ပြည်သူများအား ထောက်ပံ့မှုပြုလုပ်ရာတွင် စားနပ်ရိက္ခာအထောက်အပံ့ရရန် အဓိကလိုအပ်လျက်ရှိနေသော အိမ်ထောင်စု (၁၄၀) စုကို ရွေးချယ်ပြီး ကနဦးထောက်ပံ့မှု ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ စားနပ်ရိက္ခာလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းများ နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ဆောင်ရွက်ပေးနိုင်ပါက ၎င်းမိသားစုဝင်များအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ပါသည်။

ထို့ကြောင့် ၎င်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီနှင့် သော်လည်း ကောင်း ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်လျက်ရှိပါသည်။

ပုံ- ကူညီထောက်ပံ့မှုပြုလုပ်ခဲ့ကြသည့် ဓာတ်ပုံမှတ်တမ်း

One Nation News

ONE NATION NEWS

05 Jan, 11:49


ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သားရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

One Nation News ၊ ဇန်နဝါရီ ၅ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဇုံပြင်ကျေးရွာနှင့် တောင်ပေါက်ကျေးရွာအနီးကို ယနေ့ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ပေါက်ကျေးရွာအနီးတွင် မွတ်ဆလင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အောင်ဇုံပြင်ကျေးရွာတွင်လည်း အရပ်သားတစ်ချို့ ထိခိုက်သေဆုံးကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ဖက်မှာ မွတ်ဆလင်အမျိုးသမီး ၂ ဦး၊ ကလေးတစ်ဦး သေဆုံးတယ်။ အောင်ဇုံပြင်မှာလည်း အရပ်သားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိသွားတယ်။ ဂျက်ဖိုက်တာနဲ့လာပစ်တာပါ။ စစ်တွေဖက်က လက်နက်ကြီးနဲ့လည်း အတွဲလိုက်ပစ်ပါတယ် ” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

ပုံစာ - အကြမ်းဖက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အိန္ဒိယသုံးဘီးတစ်ဦးအား တွေ့ရစဉ်

ONE NATION NEWS

05 Jan, 10:55


"ကျနော်တို့ သိရသလောက် သရီကုန်ဘောင်ရွာ ဗုံးကြဲခံရတဲ့ကိစ္စ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း ဗုံးကြဲခံရတဲ့ကိစ္စ၊ ဖားဝပ်ချောင်း ကထိန်ပွဲ ဘုန်းကြဲခံရတဲ့ကိစ္စတွေက ၆ မိုင်ဆရာတော်ပဲ သူရိန်ထွန်းကို သတင်းပေးခဲ့တဲ့ အထောက်အထားရတယ်လို့ သိရတယ်" မောင်တောမှ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တခုက ပြောဆိုပါတယ်။

မောင်တောမြို့မှ ဗုဒ္ဓဘာသာ ဆရာတော်တွေဟာ စစ်ကောင်စီအရာရှိတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိကြပြီး သတင်းပေးတွေ လုပ်ကြပါတယ်။ လက်ရှိတွင် မောင်တောမြို့ပေါ်က တချို့သော ဆရာတော်တွေဟာ ပြည်မထဲသို့ တိမ်းရှောင်နေကြပါတယ်။ စစ်ကောင်စီအရာရှိပိုင်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း တခြားနာမည်ရှိသော ဆရာတော်တွေကိုလည်း စောင့်ကြည့်ဖို့လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။

မောင်မိုးဇ
One Nation News AK-Media Live

ONE NATION NEWS

05 Jan, 10:55


"မောင်တောဒေသ၊ ခရိုနီဘုန်းကြီးများနှင့် စစ်ကောင်စီ အရာရှိကြီးများ"

မောင်မိုးဇ -ရေးသားသည်

"ညီလေး........( ) ကျောင်းက ဆရာတော်ပါ"
"ဟုတ်ကဲ့ ဘုန်းဘုန်း.....ဦးတော်ပါ"

ဒါက မောင်တောမြို့နယ်တောင်ပိုင်း စစ်ဆေးရေးဂိတ်တခုမှာ အဖြူရောင်ကားတစ်စီးက ကားမှန်ကိုချပြီး ဂိတ်တာဝန်ကျ နယ်ခြားစောင့်ရဲတပ်သားကို လှမ်းပြောနေတာပါ။ မောင်တောက စစ်ဆေးရေးဂိတ်တွေမှာ သာမန်အရပ်သားတွေဟာ မှတ်ပုံတင်ကိုယ်စီထုတ်ပြီး အစစ်အဆေးခံကြရပါတယ်။ မှတ်ပုံတင် နည်းနည်းဟောင်းနွမ်းတာဖြစ်ဖြစ်၊ ဓာတ်ပုံ မထင်မရှားတာဖြစ်ဖြစ် ကားပေါ်ကခေါ်ချပြီး ဒဏ်ငွေဆောင်ခိုင်းပါတယ်။ သို့ပေမယ့် အရာရှိကြီးတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဆရာတော်တွေကတော့ ဒီလိုဂိတ်တွေကို ကျော်ခွခွင့်ရှိပါတယ်။

အကြမ်းအားဖြင့် မောင်တောမြို့ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ ကြီးပွားလာကြသလို အရာရှိကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ကြကြောင်း သက်သေအထားအထောက် အများကြီး တွေ့ရပါတယ်။

၂၀၁၇ ဖေဖော်ရီလ ၅ ရက်နေ့မှာ မောင်တောမြို့ရဲ့ နာမည်ကြီး ဗဟိုကျောင်းကကျောင်းထိုင်ဆရာတော်ဟာ မောင်တောင်မြို့နယ်တောင်ပိုင်း ဗောဓိကုန်းစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရပါတယ်။ အဆိုပါကျောင်းဝန်းထဲ ရှာဖွေ စစ်ဆေးစဥ်မှာ ကျောင်းဆောင်ထဲမှ မူးယစ်ဆေးပြား ၄၂ သိန်းကျော် အပါအဝင် လက်ပစ်ဗုံး၊ ကျည်ဆံတွေပါ ဖမ်းဆီးရမိခဲ့ဖူးပါတယ်။ ကာလပေါက်စျေးအားဖြင့် ကျပ်သိန်းပေါင်း ၈၄၈၀၀ ကျပ်တိတိတန်ဖိုးရှိကြောင်း မူးယစ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၃ မေလ ၁၂ ရက်နေ့ကလည်း မောင်တောမြို့ထဲမှ ပရဟိတကျောင်းဝန်းထဲမှာ ခေတ္တလာရောက်တည်းခိုတဲ့ ဘုန်းကြီးတပါးထံမှ မူးယစ်ဆေးဝါး ကာလပေါက်စျေး ကျပ်သိန်း ၁၈၀၀ ဖိုးကို ဒုတိယရဲမှူးကြီး မင်းအောင်နဲ့အဖွဲ့က ဖမ်းဆီးရမိခဲ့ဖူးပါတယ်။ ဒါကြောင့် မောင်တောဒေသက ဗုဒ္ဓဘာသာဆရာတော်တချို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေကြောင်း ပြောဆိုကြခြင်း ဖြစ်ပါတယ်။

မောင်တောမြို့ဟာ ဘင်္ဂလားဒေ့ချ်ကို မူးယစ်ဆေးဝါးတွေသယ်ယူတဲ့ လမ်းကြောင်းမှာ တည်ရှိတာကြောင့် ဒီဒေသမှာ မူးယစ်ဆေးဝါးအလုံးအရင်းနဲ့ မကြာခဏဖမ်းဆီးရမိကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

ဘူးသီးတောင်-မောင်တောကားလမ်း သုံးမိုင်စစ်ဆေးရေးဂိတ်မှာ ၂၀၁၈ ခုနှစ်က ဘူးသီးတောင်အခြေစိုက် စကခ - ၁၅ မှ ဗိုလ်မှူးအဆင့်စီးလာတဲ့ ကားပေါ်မှာ မူးယစ်ဆေးပြား သိန်းနဲ့ချီဖမ်းမိခဲ့ဖူးပါတယ်။ မောင်တောမြို့မှ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ တိုက်ရိုက်ပတ်သက်မှုရှိတဲ့ တချို့သော မူးယစ်ဆေးဝါးတွေဟာ ပိုင်ရှင်မဲ့ဖြစ်သွားတတ်ပါတယ်။

"၂၀၁၇ ၊ ၂၀၁၈ လောက်မှာ ရဲနဲ့ တပ်မတော်သားတချို့ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိတာရှိတယ်။ မူးယစ်ဆေးဝါး ကုန်ကူးမှုမှာ တပ်ကအရာရှိကြီးတွေပါဝင်ပတ်သက်နေတာကြာပါပြီ"ဟု နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ၂၀၂၀ ခုနှစ်မှာ ဗွီအိုအေ သတင်းဌာနကို ဖြေဖူးပါတယ်။

တချို့ဆရာတော်ကြီးတွေဟာ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးကုန်ကူးခြင်းလုပ်ငန်းကို သူရဲ့ဒကာ၊ ဒကာမတွေနဲ့ပူးစပ်လုပ်ပါတယ်။ "မောင်တောမှာ ဆရာတော်တွေ ခရီး သွားလာရတာ လွယ်ကူတယ်။ ဒါကြောင့် တချို့ဆရာတော်တွေက သူ့တို့ရဲ့ဒကာ၊ ဒကာမအရင်းအနှီးနဲ့ မူးယစ်ဆေးဝါး ကုန်ကူးတယ်" မောင်တောမြို့က ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

မောင်တောမြို့မှ တချို့သော ဗုဒ္ဓဘာသာဆရာတော်တွေဟာ မူးယစ်ဆေးဝါးကရရှိတဲ့ ငွေတွေကြောင့် ကိုယ်ပိုင်ဇိမ်ခံကားအကောင်းစားတွေကို ဝယ်စီးနိုင်ကြပါတယ်။ ကိုယ်ပိုင်အဆောက်အဦတွေကိုလည်း စိတ်ကြိုက်ဆောက်လုပ်ကြတယ်။ ဘူးသီးတောင်-မောင်တောဒေသမှာ ဘာသာရေးဟာ မတော်လောဘသမားတွေအတွက် ကြားခံတခုသာ ဖြစ်လာပါတော့တယ်။

မောင်တောက မူးယစ်ဆေးဝါးနဲ့ကြွယ်ဝချမ်းသာလာတဲ့ တချို့သော မူးယစ်ကုန်သည်တွေဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ နာမည်ကြီးအဆိုတော်တွေငှားရမ်းကာ သိန်းရာချီ ၊ထောင်ချီအကုန်အကျခံပြီး ကထိန်ခင်းခြင်း၊ ရှင်ပြုခြင်းတွေကို လုပ်ဆောင်ကြပါတယ်။ ဒါဟာလည်း မောင်တောဒေသရဲ့ ဓလေ့တခုလိုဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောင်းသူ ၂ နှစ်ကို ညှင်းပန်းနှိပ်စက်မှုကြောင့် အာရက္ခတပ်တော်ထံမှာ ဖမ်းဆီးခံလိုက်ရတဲ့ နံသာတောင်ပရဟိတဆရာတော်ဟာလည်း မူးယစ်ဆေးဝါးမှု ၊ ကိုယ်ပိုင်စီးပွားရေး ထူထောင်မှု၊ ဌာနဆိုင်ရာအကြီးအကဲတွေအပါအဝင် စစ်တပ် သတင်းပေးမှုတွေကြောင့် နာမည်ကျော်ဇောပါတယ်။

ပြီးခဲ့တဲ့လက ၆ မိုင်ကျောင်း ဆရာတော်ကို စစ်တပ်ကိုသတင်းပေးမှုတွေကြောင့် အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ယခင်က ၆ မိုင်ဆရာတော်ဟာ မောင်တော-ဘူးသီးတောင် ကားလမ်းပိုင်း ၆ မိုင် နယ်ခြားစောင့် စစ်ဆေးရေးဂိတ်အနီးမှာ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အရေးအခင်းပြီးမှာတော့ မောင်တော မြို့နယ်၊ ရွာသာယာရွာအနီး မောင်တော-ဘူးသီးတောင် ကားလမ်းဘေးမှာ ကိုယ်ပိုင် ကျောင်းဆောက်ပြီး နေထိုင်ပါတယ်။ ၆ မိုင်ဆရာတော်ဟာ စကခ - ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီအရာရှိကြီးတွေနဲ့ ပတ်သက်မှုရှိပြီး ဒေသတွင်းက စစ်ရေးအခြေအနေတွေကို သတင်းပေးလုပ်ခဲ့တယ်လို့ ဒေသခံက ဆိုတယ်။

ONE NATION NEWS

04 Jan, 17:42


အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးထားသည့် သရုပ်ဆောင်သင်ဇာဝင့်ကျော် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်

One Nation News ၊ ဇန်နဝါရီ ၅၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်ထောင်တွင် ပြစ်ဒဏ်ကျနေသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း အကြမ်းဖက် စစ်ကောင်စီက ကြေညာထားသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အကြမ်းဖက် စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် အီလက် ထရွန်နစ် ဥပဒေပုဒ်မ ၃၃(က) နှင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်ငြိမ်းဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသော သင်ဇာဝင့်ကျော်အား တွေ့ရစဉ်

One Nation News

ONE NATION NEWS

02 Jan, 12:17


"အန္တရာယ်ရှိသည့် အပင် (သို့) မသုံးစွဲသင့်သည့် ဘိန်းစာပင်"

မောင်မိုးဇ - ရေးသားသည်

မြန်မာလို ဘိန်းစာပင်လို့ ခေါ်တဲ့ Kratom ကို သိပ္ပံအခေါ်အဝေါ်အားဖြင့် Mitragyna Speciosa လို့ခေါ်ဆိုကြပါတယ်။ အပင်ကြီးမျိုးဖြစ်ကာ Rubiaceae ဆိုတဲ့ ကော်ဖီပင်မျိုးရင်းကနေ ဆင်းသက်လာတယ်လို့ ကြပါတယ်။

ဘိန်းစာပင်ဟာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အာနယူးဂီနီနဲ့ မြန်မာပြည်တောင်ပိုင်းဒေသ အထူးသဖြင့် တနင်္သာရီဘက်မှာ တွေ့နိုင်ပါတယ်။ဘိန်းစာပင်ခေါ် Kratom ကို တိုင်းရင်းဆေးတွေမှာ ထည့်သွင်းအသုံးချတာမျိုးက ရှေးယခင်ကတည်းက ရှိခဲ့ပါတယ်။

ရက္ခိုင်ဒေသမှာတော့ ၂၀၂၄ ခုနှစ်လောက်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။ ဘိန်းစာပင်ကို အဓိကအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တွေမှာ စီးပွားဖြစ်စိုက်ပျိုးနေပြီး ရောင်းဝယ်ဖောက်ကားရာ စျေးကွက်လည်း အလုပ်ဖြစ်လာကြောင်း ဆိုပါတယ်။

"အဓိကတော့ အရက်အစား ဘိန်းစာပင်ကို အရည်ကြိုသောက်တာ၊ အစိမ်းဝါးပြီး အချိုရည်နဲ့ သောက်တာတွေ လုပ်ကြတယ်။ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ အဓိက အသုံးပြုကြတာပါ"ဟု ပုဏ္ဏားကျွန်းမြို့ဒေသခံ တစ်ဦးက ပြောဆိုပါတယ်။

ဘိန်းစာပင်ရဲ့ အရွက်ကို စိတ်ငြိမ်ဆေးအဖြစ် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဘိန်းစာပင်ခေါ် Kratom ဟာ ပြင်းထန်တဲ့ နာကျင်မှု၊ အစာခြေစနစ်နဲ့သက်ဆိုင်တဲ့ ဖျားနာဝေဒနာတွေကို ကုသနိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဘိန်းစာပင်ဟာ ဘိန်း၊ ဆေးခြောက်တို့လို စွဲလမ်းမူးယစ်စေတဲ့ အစွမ်းသတ္တိနဲ့ စိတ်ကြွစေနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ဘိန်းစာပင်ကို တရားမဝင် မူးယစ်ဆေးဝါးစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူအချို့ကမူ တိုင်းရင်းဆေးအဖြစ် ကာလကြာရှည်အသုံးပြုနေသည့် ယင်းဘိန်းစာပင်သည် အန္တရာယ်မကင်းနိုင်ကြောင်း ဝေဖန်ထားကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၀၅ ခုနှစ်ကတည်းက ဘိန်းစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အသုံးပြုခြင်းဟာ တရားမဝင်ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။ ရက္ခိုင်ဒေသတွင်လည်း အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဘိန်းစာပင်တွေကို ခုတ်လှဲ၊ ဖျက်ဆီး၊ မီးရှို့ခဲ့ကြပါတယ်။ ဒေသတွင်း ထပ်မံတွေ့ရှိပါက အရေးယူမယ်လို့ ပြောထားပေမယ့် မြောက်ဦးမြို့နယ်မှာတော့ အရေးယူဆောင်ရွက်ဖို့လိုအပ်နေကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

"မြောက်ဦးမှာ လက်ရှိအချိန်ထိ စျေးကွက်ထဲ ရောင်းနေကြတာ တွေ့သေးတယ်။ သုံးလည်း သုံးနေကြတုန်းပါ။ ဒီဖက်မှာ အရေးယူတာ အားနည်းနေသေးပါတယ်"ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

တရားမဝင် မူးယစ်ဆေးဝါးနဲ့ ဘိန်းစာရွက်အသုံးပြုမှုဟာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းမှုအပြီး တွင်ကျယ်ကြောင်း လေ့လာသူတွေထံက သိရပါတယ်။ ကရင်ပြည်နယ်မှာတော့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ ဘိန်းစာပင်စိုက်ပျိုးတာကို လုံးဝလက်မခံဘူးလို့ ကရင်အမျိုးသားအဖွဲ့ - KNU က ကြေငြာချက်ပြန်ခဲ့ဖူးပါတယ်။

ဘိန်းစာပင်မှာ အဓိက ပါဝင်တဲ့ ဒြပ်ပေါင်း ၂ မျိုးဖြစ်တဲ့ Alkaloids Mitragynine နဲ့ 7-Hydroxymitragynine တို့ ပါဝင်ပါတယ်။ ဘိန်းစာပင်ကို အသုံးပြုခြင်းအားဖြင့် ကနဦး စိတ်ငြိမ်တာ၊ နောက် ရွှင်လန်းဝမ်းမြောက်စေတာနဲ့ အဆုံးသတ်မှာ ထုံထိုင်းစေတာမျိုးတွေ အဆင့်ဆင့်ခံစားရနိုင်ပါတယ်။

"ဘိန်းစာရွက်က ဘိန်းလို စွဲစေတဲ့ ဂုဏ်သတ္တိရှိတယ်။စိတ်ကို ကြွစေတယ်ဆို​တော့ အလွန်အကျွံသောက်သုံးမိရင် စိတ်ကျရောဂါဖြစ်စေနိုင်သလို ကျောက်ကပ်နဲ့ အသဲလည်း ပျက်စီးနိုင်ပါတယ်"ဟု ရက္ခိုင်ဒေသမှ ဆရာဝန်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ဘိန်းစာပင်ဟာ ထိုင်း၊ ကနေဒါ၊ အမေရိကန်နဲ့ သြစတြေးလျတို့လို တချို့နိုင်ငံတွေမှာ တရားဝင် အသုံးပြုလို့ရပြီးတော့ မလေးရှား၊ နယူးဇီလန်၊ မြန်မာနဲ့ အီးယူအဖွဲ့ဝင် တိုင်းပြည်တွေမှာမှာတော့ တရားမဝင်ပါဘူး။

ရက္ခိုင်ဒေသဟာ ၂၀၂၃ နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် မြို့၊ ရွာတွေဟာ စစ်ပွဲရဲ့ မြေစာပင် ဖြစ်ခဲ့ပြီးပြီ။ စစ်ပွဲကာလအတွင်း ပျက်စီးခဲ့မှုတွေကို ပြန်လည်ထူထောင်ရေး အင်တိုက်အားတိုက် အရေးကြီးတကြီး ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ဒီဒေသရဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ် ယခင်ကတည်းက နာမည်ကျော်ဇောခဲ့ပါတယ်။ ဒါကြောင့် ဘိန်းစာပင်ကို စီးပွားဖြစ်စိုက်ပျိုး၊ ရောင်းချခြင်းတွေနဲ့ သုံးစွဲမှုတွေကို အမြစ်ဖြတ်ရန်အတွက် အရေးယူဆောင်ရွက်ဖို့ လိုအပ်နေသေးကြောင်း လေ့လာတွေရှိရပါသည်။

မောင်မိုးဇ
One Nation News

ONE NATION NEWS

30 Dec, 06:29


အမှတ်(၁၁)တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော် ဂွတိုက်ပွဲတွင် ကျဆုံး

One Nation News ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၄

ရက္ခိုင်ပြည်၏ တောင်ဖက်အဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အပြီး သတ်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဖက်က တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က ထုတ်ပြန်သည်။

ဂွတိုက်ပွဲကို အကြမ်းဖက် စစ်ကောင်စီ တပ်မ (၁၁) တပ်မှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းက ဦးဆောင်ပြီး ဗျူဟာမှူးများဖြစ်သည့် ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့လည်း ပါဝင်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ သံချပ်ကာ(၁၀) စီး၊ လေကြောင်း၊ ရေကြောင်းနှင့် သံချပ်ကာ ပစ်ကူ အမြောက် အမြား၊ ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်တို့ဖြင့် ခုခံနေသည့်တိုင် နှစ်ပတ်ကြာ ထိုးစစ်အပြီးမှာ ဂွမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂွ တပ်ရင်းများဖြစ်ကြသည့် ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းများကို AA က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံခဲ့သော်လည်း AA ၏ ထိုးစစ်ကို ယှဉ်နိုင်ခဲ့ခြင်းမရှိဘဲ အရေးနိမ့်ကာ သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအများအပြား ကိုလည်း ဖမ်းဆီး ရမိခဲ့သည်ဟု AA က ဆိုသည်။

ဂွမြို့သိမ်းတိုက်ပွဲတွင် ဂွအခြေစိုက် တပ်ရင်းများအပြင် စစ်ကူလာရောက်ကြသည့် တပ်မ(၆၆) လက် အောက်ခံ ခမရ (၄) ၊ တပ်မ (၁၁) လက်အောက်ခံ ခမရ(၂၁၄)၊ ခမရ(၂၁၅)၊ ခမရ(၂၁၇)၊ အနောက်တောင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၆)၊ ခလရ(၃၈)၊ ခလရ(၉၃)၊ ခလရ(၂၇၁)၊ ခမရ(၃၀၈)တို့ဖြင့် အကြမ်းဖက် စစ်ကောင်စီက ဂွမြို့ကို ခုခံခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ တစ်နှစ်ကျော်အတွင်းမှာ AA သည် မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီဖြစ်ပြီး ရက္ခိုင်ပြည်၏ နယ်စပ် အား လုံးကို ထိန်းချုပ်ထားပြီးလည်းဖြစ်သည်။ အာရက္ခတပ်တော်သည် စစ်ကောင်စီအား စစ်ရေးဖြင့် ဖြေရှင်းရေးထက် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းရန် ဖိတ်ခေါ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာချက်ထုတ် အသိပေးခဲ့သည်။

ပုံစာ - ဂွမြို့ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ - AA Info Desk)

One Nation News

ONE NATION NEWS

29 Dec, 09:19


Statement
No. (18/2024)
December 29, 2024

The United League of Arakan/Arakan Army (ULA/AA) is a political organization engaged in an armed struggle for the national equality of all ethnic groups within the Arakan region and their liberation from the oppressive rulers, with the full support of the Arakan people. Our organization is actively working towards achieving freedom for the people of Arakan, united in their effort to free themselves from oppression.

The Arakan People's Revolutionary Government (APRG) welcomes and recognizes all foreign investments that will bring benefits to the Arakan region and assist in its development and progress. The government will take special care to ensure the security and safety of those involved in investment activities, projects, and businesses. In order to ensure the continued operation of foreign investments and projects, our organization will cooperate with the companies involved and also seeks mutually beneficial collaboration.

The Arakan Army's offensives, launched since the 13th of November, 2023, have primarily been aimed at fulfilling the aspirations of the Arakan peoples and achieving the liberation of all ethnic groups within the region. We firmly believe that our efforts also directly contribute to the liberation of the entire population of Myanmar. Furthermore, our organization will continue to stand firmly and steadfastly to ensure that the political aspirations of the entirety of Myanmar's oppressed population are realized in unison. We will also remain true brethren and friends to our ethnic brothers and sisters within Myanmar.

In recent years, under the active leadership of the People's Republic of China, our organization, along with the Kokang and Ta’ang groups, has vigorously collaborated in various sectors, including border stability between China and Myanmar, the eradication of violence, and the suppression of online gambling (Kyar Phyant). We worked tirelessly to reach the 'Haigeng Agreement’. Likewise, we always remain open to resolving the current internal issues through political means rather than military solutions.

United League of Arakan (ULA)


DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.

ONE NATION NEWS

29 Dec, 08:53


ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၈/၂၀၂၄)
၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နိ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

ONE NATION NEWS

29 Dec, 08:01


ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း အာရက္ခတပ်တော် အတည်ပြု

One Nation News ၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄

ရက္ခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ ဂွမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေ အားလုံးကို အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဂွမြို့ကနေ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ရှင်းလင်းလျက်ရှိပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

ဂွမြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းနှစ်ခုရှိပြီး ခမရ (၅၆၃) တပ်ရင်းကို AA က ဒီဇင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့ပြီး လက်ကျန် ခမရ (၅၆၂) တပ်ရင်းကိုလည်း ယနေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင်ပြည်တွင် မြို့ကြီး (၁၇) မြို့ရှိသည့်အနက် အာရက္ခတပ်တော်(AA)က မြို့ကြီး ၁၄ မြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကိုသာ အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသည်။ ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် (၃) ခုကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် က ထုတ်ပြန်ထားသည်။

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကုတ်မြို့နယ်ကို အလုံးစုံသိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့များအား တွေ့ ရစဉ်။ ဓာတ်ပုံ - AA Info Desk

One Nation News

ONE NATION NEWS

28 Dec, 14:42


ရက္ခိုင်တွင် စိုက်ပျိုးထားသည့် အာဆီယမ် (ခေါ်) ဘိန်းစာရွက်ပင်များကို အာရက္ခတပ်တော် AA ဖျက်ဆီး

One Nation News ၊ ဒီဇင်ဘာ၂၈၊ ၂၀၂၄

အာရက္ခပြည်မှ မြို့နယ်များတွင် စိုက်ပျိုးထားကြသည့် အာဆီယမ် (ခေါ်) ဘိန်းစာရွက်ပင်များကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲမှ ဦးဆောင်ပြီး ULA/AA တပ်ဖွဲဝင်များ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနမှ တပ်ဖွဲဝင်များ၊ အုပ်ချုပ်ရေးဌာနဆိုင်ရာတို ပူးပေါင်းကာ မီးရှိဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်မှစ၍ အာဆီယမ် (ခေါ်) ဘိန်းစာရွက်ပင်များ စိုက်ပျိုးထားသည့်နေရာများသို သွား‌ရောက်ကာ ဖျက်ဆီးမှုများလုပ်နေပြီး ထိုအပင်များကို နောက်ထပ် လုံးဝမစိုက်ပျိုးရန်နှင့် စိုက်ပျိုးသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။

ဘိန်းစာရွက်ပင်များကို သောက်သုံးခြင်းအားဖြင့် ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ကြောင်းကိုလည်း အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဆီယမ် (ခေါ်) ဘိန်းစာရွက်ပင်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ဘူးသီးတောင် စသည့် မြို့နယ်တိုတွင် အများအားဖြင့် စိုက်ပျိုးကြပြီး ကျောက်တော်၊ မင်းပြား နှင့် ပုဏ္ဏားကျွန်း မြို့နယ်များအတွင်း သုံးစွဲမှုပိုများနေကြောင်း သိရသည်။

အာဆီယံဆေးရွက်ကို မူယစ်ဆေးအဖြစ် သောက်သုံးနေခြင်း၏ အကျိုးဆက်အဖြစ် ကျန်းမာရေးကဏ္ဍတွင် စိုးရိမ်စရာဖြစ်လာနိုင်ပြီး၊ ရေရှည်သုံးစွဲပါက မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ ကင်ဆင် စသည့် အထွေထွေရောဂါများ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

ပုံစာ - အာဆီယမ် (ခေါ်) ဘိန်းစာရွက်ပင်များကို အာရက္ခတပ်တော်က မီးရှိဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - APM

One Nation News

AAK-Media Live
#akmedialive
#ULAAA
#arakkhaland
#arakkhapolice

ONE NATION NEWS

28 Dec, 05:16


အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောနယ်မှ အရပ်သား အမျိုးသမီး ၁ ဦး သေဆုံး

One Nation News ၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၄

စစ်တွေအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် အမှတ် (၃၄၄) အမြောက်တပ်နှင့် ပွိုင့်ကားနားလမ်းတို့မှ ပေါက်တောဖက်သို့ ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီကျော်တွင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့မှုကြောင့် ပေါက်တောမြို့နယ်၊ တောင်ညိုရွာတွင်းသို့ ကျရောက်ပြီး ဒေသခံ အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာမှ အဖ ဦးမဲကြီး၏ သမီး ဒေါ်မြသိန်းဝေ အသက် ၅၂ နှစ်ဖြစ်သည်။ စစ်တွေမြို့မှ ပေါက်တောမြို့ဖက်သို့ လက်နက်ကြီး ကြိမ်ရေများစွာ ပစ်ခတ်ခဲ့ကြောင်း တောင်ညိုကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

မနေ့က ၈ နာရီကျော်လောက်မှာ လက်နက်ကြီးတွေ တောက်လျောက် ပစ်တာ။ တောင်ညိုရွာထဲကို တစ်လုံးကျပါတယ်။ ရွာက အမျိုးသမီးတစ်ယောက် သေသွားပါတယ်။ လက်နက်ကြီးကစုစုပေါင်း ၁၇ ချက်ေ ပစ်ခတ်ခဲ့ပါတယ်။ ဟု ပြောသည်။

လက်နက်ကြီးထိမှန်၍သေဆုံးသွားသည့် ဒေါ်မြသိန်းဝေ၏ နေအိမ်တွင် ကျည်တည့်တည့်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရင်ဘတ်တွင် ထိမှန်ကာ နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

စစ်တွေမြို့တွင် အာရက္ခတပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တို့ကြား လက်နက်ကြီးများဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း သတင်းကြားသိရပြီး စစ်ကောင်စီဖက်က ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း နယ်များဖက်ရှိ အရပ်သားကျေးရွာများအား လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ယခုရက်ပိုင်းအတွင်း သိသိသာသာ တိုက်ခိုက်မှုများရှိလာကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက် ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တစ်နှစ်အတွင်း ရက္ခိုင်ပြည်တွင်းတွင် ပြည်သူ ၇၈၅ ဦးသေဆုံးခဲ့ရသည်ဟု HDCO ၏ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ-အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုကို တွေ့ရစဥ် / ပုံဟောင်း

One Nation News

ONE NATION NEWS

24 Dec, 14:03


စစ်တွေမြို့နယ် ကျားမသောက်ရွာကို အကြမ်းဖက်စစ်ကောင်စီ အတင်းအကျပ် နှင်ထုတ်နေ

One Nation News ၊ ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ် ၊ ကျားမသောက်ရွာသားများကို ရွာမှထွက်ခွားသွားရန် အကြမ်းဖက်စစ်ကောင်စီ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်ပြီး အဓမ္မ နှင်ထုတ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"ရွာသားတွေကို ရွာမှာ မနေခိုင်းတော့ဘူး။ အကုန်လုံးပြောင်းရွေ့ရမယ်ဆိုပြီး နှင်ထုတ်နေပါတယ်။ ဘယ်လိုသွားမလဲ။ ဘယ်မှာနေရမလဲဆိုတာ သူတို့လည်း မစီစဥ်ပေးပါဘူး။ အတင်းနှင်ထုတ်နေတာပါ "ဟု သတင်းရင်းမြစ်တခုက ပြောဆိုသည်။

စစ်တွေမြို့နယ် ၊ ကျားမသောက်ရွာရှေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘီအီးတပ်အခြေစိုက်ပြီး တပ်ထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအပြင် စစ်သင်တန်းဆင်း မွတ်ဆလင်များပါ ရှိကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ALP နှင့် ဒုက္ခသည်စခန်းများမှ စစ်သားစုဆောင်းထားသည့် မွတ်ဆလင် စစ်သင်တန်းဆင်းလူငယ်များကို လက်နက်တပ်ဆင်ပေးကာ ပြည်သူလူထုအပေါ် ဖမ်းဆီး၊ သတ်ဖြတ်မှုများနှင့် နေအိမ်များကို ဖောက်ထွင်းမှုများ နေ့စဥ်ရက်ဆက် ကျူးလွန်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၂၁ နှင့် ၂၄ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့သည် စစ်တွေမြို့ ကသည်းရပ်ကွက်နှင့် မကျည်းမြိုင်ရပ်ကွက်များကို ဝင်ရောက်ကာ နေအိမ်များကို အင်အားသုံး စစ်ဆေးမှုများပြုလုပ်ပြီး အရပ်သားများကို အားဓမ္မဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - စစ်တွေမြို့ ဒကစလက်အောက်ခံ တပ်ရင်းတခုကိုမြင်ရစဥ် / နိရဥ္ဇရာ

One Nation News

ONE NATION NEWS

24 Dec, 14:03


စစ်တွေမြို့၊ နာဇီရွာရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီနှင့် ALP ၊ သင်တန်းဆင်းမွတ်ဆလင် ပူးပေါင်းအဖွဲ့ ဝင်ရောက်ပြီး အရပ်သားများကို ဖမ်းဆီး

One Nation News ၊ ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ ရပ်ကွက်ကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ALP ၊ သင်တန်းဆင်း မွတ်ဆလင် ပူးပေါင်းအဖွဲ့ ဝင်ရောက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းစစ်ဆေးကာ အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"ဒီနေ့ နေ့ခင်းဖက်က ရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီ၊ ရဲ ၊ ALP အဖွဲ့ ၊ နောက်ပြီး လက်နက်ကိုင်ထားတဲ့ မွတ်ဆလင်တွေလည်း ပါတယ်။ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမှုတွေပြုလုပ်တယ်။ ရပ်ကွက်က ယောကျာ်းလေးတွေကို ဖမ်းဆီးသွားပါတယ်"ဟု သတင်းရင်းမြစ်တခုက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ALP နှင့် ဒုက္ခသည်စခန်းများမှ စစ်သားစုဆောင်းထားသည့် မွတ်ဆလင် စစ်သင်တန်းဆင်းလူငယ်များကို လက်နက်တပ်ဆင်ပေးကာ ပြည်သူလူထုအပေါ် ဖမ်းဆီး၊ သတ်ဖြတ်မှုများနှင့် နေအိမ်များကို ဖောက်ထွင်းမှုများ နေ့စဥ်ရက်ဆက် ကျူးလွန်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၂၁ နှင့် ၂၄ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့သည် စစ်တွေမြို့ ကသည်းရပ်ကွက်နှင့် မကျည်းမြိုင်ရပ်ကွက်များကို ဝင်ရောက်ကာ နေအိမ်များကို အင်အားသုံး စစ်ဆေးမှုများပြုလုပ်ပြီး အရပ်သားများကို အားဓမ္မဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေ၊ ဆပ်ရိုးကျချောင်းဝ ၊စစ်တွေ-ကျောက်တော်ထွက်ဝ ၊ စစ်တွေ-ကျောက်ဖြူ ထွက်ဝစသည့် စစ်တွေမြို့ကို ဝင်ရောက်နိုင်သော ရေလမ်းကြောင်းထွက်ပေါက်တွေမှာ နေဗီ စစ်သင်္ဘော ၁၀ စီးကျော်နှင့် စစ်တွေမြို့ ကို ပတ်လည်လုံခြုံရေး တိုးမြှင့်ချထားကြောင်းလည်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီ တပ်သားများ / KNG

One Nation News

ONE NATION NEWS

24 Dec, 09:46


"​အကြမ်းဖက်စစ်ကောင်စီထံတွင် ပြန်ပေးဆွဲခံထားသည့် စစ်တွေမြို့"

သတင်းဆောင်းပါး
မောင်မိုးဇ - ရေးသားသည်။

ကြွီတဲမြစ်နှင့် ကုလားတန်မြစ် ကြားမှာ တည်ရှိတဲ့ စစ်တွေမြို့ဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ ကမ်းနဖူးပေါ်က မြို့တစ်မြို့ဖြစ်ပါတယ်။ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ ဒေသန္တရ အုပ်ချုပ်ရေးစတင်နိုင်ဖို့အတွက် မြောက်ဦးမြို့အစား စစ်တွေမြို့ကို မြို့တော်အဖြစ် ပြောင်းလဲခဲ့တာလို့ သမိုင်းအချက်အလက်တွေအရ သိရပါတယ်။ စစ်တွေဆိုတဲ့ အမည်နာမကိုတော့ ရှေးယခင်က စစ်တဲစခန်းချ အသုံးပြုခဲ့မှုမှတဆင့် စစ်တွေလို့ ပြောင်းလဲလာခဲ့သလို ကိုလိုနီခေတ်မှာ အာကျိတ်တော်ကုန်းကို အစွဲပြုရာကနေ အာကျပ် (AKYAB) ယင်းကဆင့် စစ်တွေလို့ သုံးစွဲခဲ့ကြတယ်လို့ ဆိုပြန်တယ်။

ရက္ခိုင်မြောက်ပိုင်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်နိုင်တာဆိုလို့ စစ်တွေတစ်မြို့သာ ရှိပါတော့တယ်။ စစ်ငွေ့ရိပ်သန်းလာတာနှင့်အမျှ စစ်တွေ ဒေသခံ ရက္ခိုင်အများစုဟာ တဖြည်းဖြည်းနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြပါတယ်။ စစ်တွေမြို့ထဲ ကျန်ရှိနေတဲ့ ဒေသခံအရပ်သားတွေကို အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ALP ၊ မွတ်ဆလင် ပျူစောထီးတွေနဲ့ပူးပေါင်းကာ နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်တွေကို ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရှိရတယ်။

အသက်ရှုကျပ်နေဆဲ မြို့တော် စစ်တွေ

ရက္ခိုင်မြောက်ပိုင်းဟာ ဆယ်စုနှစ်တခုကျော် ပဋိပက္ခထဲ ပိတ်မိနေခဲ့သလို လက်ရှိအချိန်ထိလည်း ပဋိပက္ခကြားထဲက ရုန်းမထွက်နိုင်သေးဘူးလို့
ဆိုနိုင်ပါတယ်။ ယင်းအထဲမှာ ရက္ခိုင်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့လည်း ပါဝင်ပါတယ်။ စစ်တွေမြို့ဟာ ၂၀၁၂ အရေးအခင်းကို ခါးစည်းခံခဲ့ရသလို သဘာဝဘေးအန္တရာယ်အမျိုးမျိုးကိုလည်း နှစ်ပေါင်း အများကြီး ခံစားခဲ့ရပါတယ်။

ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ရက္ခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတဲ့ မွတ်ဆလင်လူမျိုးတွေ အဓိကအားဖြင့် နေထိုင်ကြပါတယ်။ မွတ်ဆလင်လူမျိုးတွေဟာ မြန်မာအစိုးရ အဆက်ဆက် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရပြီး နိုင်ငံတွင်း အဆင်းရဲဆုံးနှင့် စာတတ်မြောက်မှု အနိမ့်ဆုံးလူမျိုးစုတခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မွတ်ဆလင်လူမျိုးစုဟာ မြန်မာစစ်တပ်အာဏာတည်မြဲရေးအတွက် ခေတ်အဆက်ဆက် နိုင်ငံရေးရဲ့အသုံးချခံသားကောင် ဗီလိန်ကြီးဖြစ်ခဲ့ရပါတယ်။

လက်ရှိ အာရက္ခတပ်တော်ဟာ အာရက္ခဒေသအတွင်း ပြည်သိမ်းတိုက်ပွဲကို ဆင်နွှဲလျက်ရှိပြီး ရက္ခိုင်ပြည် (၁၇) မြို့နယ်မှ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွမြို့မှအပ ကျန် (၁၄)မြို့နယ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ကျန်ရှိနေတဲ့ အဆိုပါ မြို့နယ် (၄) ခုကိုလည်း မကြာခင် အပြီးသတ် သိမ်းပိုက်မယ်လို့ ကြေညာထားပါတယ်။

ရက္ခိုင်တိုက်ပွဲအစပိုင်းမှစတင်ကာ အကြမ်းဖက်စစ်ကောင်စီဟာ စစ်တွေမြို့ကို ခံစစ်အခိုင်အမာယူထားပြီး အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ မွတ်ဆလင်တွေကို စစ်သင်တန်းနှင့် လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် ပျူစောထီး မွတ်ဆလင်တွေဟာ ဒေသခံအရပ်သားနေအိမ်တွေ ဖောက်ထွင်းပြီး ဖျက်ဆီးနေကြောင်း ဒေသတွင်း သတင်းများအရ သိရှိရပါတယ်။

ရက္ခိုင်ဒေသရဲ့မြောက်ပိုင်းမှာရှိတဲ့ မြို့တော် စစ်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ တခုတည်းသောမြောက်ပိုင်းဒေသက မြို့တခုဖြစ်ပါတယ်။ လက်ရှိ စစ်တွေမြို့ရဲ့ ထွက်ပေါက်တွေနှင့် ဘေးပတ်လည်ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ ထားတယ်။ အာရက္ခတပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား စစ်တွေတဝိုက် စစ်ငွေ့သမ်းလျက် လက်နက်ကြီးတိုက်ပွဲတချို့ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

ဘူးသီးတောင်-မောင်တောဒေသက အရပ်သားနေအိမ်တွေကို အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်သမား မွတ်ဆလင်တွေဟာ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပျော်ပျော်ရွှင်ရွှင်နှင့် မီးရှို့ဖျက်ဆီးခဲ့တာ အထောက်အထား အများကြီးရှိခဲ့ပါတယ်။ အဆိုပါဒေသမှ ရက္ခိုင်နေအိမ်တွေကို မွတ်ဆလင် ပျူစောထီးတွေ မီးရှို့ဖျက်စီးခဲ့သလိုမျိုး စစ်တွေမှာ ကြုံလာနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူတွေက ထောက်ပြဝေဖန်လာကြပါတယ်။

အလားတူဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်လာပါက ရက္ခိုင်နှင့် မွတ်ဆလင် လူမျိုးတွေကြား လူမျိုးရေးသဟဇာတဖြစ်ရေးကို ထိခိုက်စေနိုင်ပြီး အမုန်းတရားတွေလည်း ပိုတိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြလာကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေမှုတွေကို မွတ်ဆလင်ခေါင်းဆောင်တွေအနေနှင့် အချိန်မီထိန်းသိမ်းဖို့ လိုအပ်လာကြောင်းလည်း ထောက်ပြလာပါတယ်။

အကြမ်းဖက် စစ်ကောင်စီအသက်သွင်းထားသည့် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြ အကြမ်းဖက်သမား ပျူစောထီး မွတ်ဆလင်များ

ONE NATION NEWS

24 Dec, 09:46


၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ဖယ်ကျဥ်ခြင်းကို ခံခဲ့ရပြီး နိုင်ငံအတွင်း လက်နက်ကိုင် တော်လှန်ခြင်းကို ခံနေရပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ရက္ခိုင်ဒေသအတွင်း အာရက္ခတပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ စတင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အကွဲအပြဲတွေနဲ့ ကြောက်ခမန်းလိလိ စစ်ရှုံးခဲ့ပါတယ်။

ရက္ခိုင်မှာ စစ်ရေးအရှိန်ပိုမြင့်လာတော့ တပ်အင်အား ပြုန်းတီးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ လူမျိုးရေး အဓိကရုဏ်းဖန်တီးဖို့နဲ့ ပြုန်းတီးတပ်အင်အားကို ဖြည့်တင်းဖို့ မက်လုံးတွေပေးပြီး မွတ်ဆလင်လူမျိုးတွေကို ပျူစောထီးအသွင် လက်နက်ကိုင် ခိုင်းပါ​တော့တယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မွတ်ဆလင်လူမျိုး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်သမားတွေကို စုဆောင်းပြီး စစ်တွေမြို့ ဒေသကွက်ကဲရေးဌာနချုပ်မှာ စစ်သင်တန်းပေးကာ စစ်ပွဲအတွင်း အသုံးပြုခဲ့တာ တွေ့ရပါတယ်။ ရသေ့တောင်မြို့သိမ်းတိုက်ပွဲမှာ စစ်တွေမှ မွတ်ဆလင် ပျူစောထီးတွေကို အကြမ်းဖက် စစ်ကောင်စီဖက်က စတင်အသုံးပြုခဲ့ကြောင်း သက်သေ အထောက်အထား အများကြီး ထွက်ပေါ်လာပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ပေါ်မှ အရပ်သားနေအိမ် ထောင်ချီကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း​နေတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ ARSA ၊ ARA ၊ RSO အကြမ်းဖက်သမားတွေက ဖောက်ထွင်းပြီး မီးရှို့ဖျက်စီးခဲ့ကြောင်းကို သက်သေအထောက်အထားအများကြီး စုဆောင်းရခဲ့ပါတယ်။

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်ကို သိမ်းလို့အပြီးမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့အတူ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်သမားရာနှင့်ချီကိုလည်း အရှင်ဖမ်းမိခဲ့ပါသေးတယ်။

မွတ်ဆလင်အရေး တက်ကြွ လှုပ်ရှားသူတွေဟာ အကြမ်းဖက် စစ်ကောင်စီနှင့် မွတ်ဆလင်တွေ ပူးပေါင်းနေတာကို ဖုံးကွယ်ချင်ကြပုံ သဘောရပါတယ်။ ဒါကြောင့် ရက္ခိုင်လူမျိုးတွေနှင့် အာရက္ခတပ်တော်ကို နိုင်ငံတကာထိ လူကြမ်းကြီးတွေအဖြစ် ပုံဖော်လာတာ တွေ့ရတယ်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေတဲ့ အစ္စလာမ်မစ်စစ်သွေးကြွ အကြမ်းဖက်သမားတွေဟာ လက်နက်တွေ ကိုင်ဆောင်ပြီး ဘူးသီးတောင်-မောင်တောဒေသက ရက္ခိုင်လူမျိုးပိုင် နေအိမ်တွေကိို မီးရှို့မှုတွေကို ဆက်တိုက်ကျူးလွန်တာ တွေ့ခဲ့ရပါတယ်။ မောင်တောစစ်ရေးကာလအတွင်း အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ မွတ်ဆလင်တွေဟာ မောင်တောမြို့နယ် ရွှေရင်အေးရွာနှင့် ဝေသာလီရွာကို ဓာတ်ဆီဗူးတွေကိုင်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း မီးရှို့နေမှု ဗီဒီယိုမှတ်တမ်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေတဲ့ ALP အပါအဝင် အစ္စလာမ်မစ်စစ်သွေးကြွ အကြမ်းဖက်သမားတွေဟာ လက်နက်တွေ ကိုင်ဆောင်ပြီး စစ်တွေမြို့နယ်ဗျိုင်းဖြူရွာကို ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမျိုး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြပါတယ်။

စစ်တွေကို ပြန်ပေးဆွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းများ

ရက္ခိုင်ပြည်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ဒေသကွက်ကဲရေးဌာနချုပ် (ဒကစ) အခြေစိုက်ပြီး အမှ တ် ၂၀ ခြေလျင်တပ်ရင်း၊ အမှတ် ၂၃၂ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၀ ခြေလျင်တပ်ရင်း၊အမှတ် ၃၄၄ ခြေမြန်တပ်ရင်း၊ အမှတ် ၃၅၄ ခြေမြန်တပ်ရင်း၊အမှ တ် ၃၇၃ အမြောက်တပ်ရင်းတည်ရှိပါတယ်။

ယင်းအပြင် အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် ၈၁၈ ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၈၂၈ ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ရင်း၊အမှတ် ၈ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း၊အ မှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်း ကျောင်း၊ အမှတ် ၈၆၈ တပ်ထိန်းတပ်ခွဲ၊ အမှတ် ၄ ဆက်သွယ်ရေးအလုပ်ရုံ၊အ မှတ် ၉၆၂ ဆောက်လုပ်ရေးအင်ဂျင်နီ ယာတပ်ခွဲ၊အမှတ် ၄၃၄ စစ်လက်နက်တပ်ခွဲ၊ အမှတ် ၁၀ ပညာရေးကျောင်းတည်ရှိပါတယ်။

နောက်ပြီး အမှတ် ၁၇ တပ်မတော်ကုတင် ၁၀၀ ဆေးရုံ၊အမှတ် ၂ စစ်ဖက်ရေးရာလုံခြုံရေးတပ်စု၊အမှတ် ၁၂ ရဲတပ်ရင်း၊ အမှတ် ၃၆ ရဲတပ်ရင်းတည်ရှိသလို ရေတပ်အခြေစိုက်စခန်းလည်း တည်ရှိပါတယ်။ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေ အနီးရှိ အမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ် တိုးမြှင့်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ စစ်တွေမြို့နယ်ထဲက မွတ်ဆလင်လူမျိုး (၁၀၀၀) ကျော်ကို ပျူစောထီးအသွင် စစ်သင်တန်းပေးကာ လက်နက်တွေ တပ်ဆင်ပေးထားပြီး ၎င်းတို့ရဲ့တပ်စခန်းတွေမှာ တာဝန်ချထားပေးခြင်းနှင့် စစ်ကြောင်းတွေမှာ အသုံးပြုခြင်း၊ ဖယ်ရှားခံရသော အရပ်သားရွာတွေကို ဖြိုဖျက်ခြင်းနေရာတွေမှာ အသုံးပြုနေပါတယ်။

စစ်တွေမြို့က ဘူးသီးတောင်မြို့လို ဖြစ်လာနိုင်သလား

ဘူးသီးတောင်မြို့မှာ ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုးတွေထက် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတဲ့ မွတ်ဆလင်လူဦးရေ ပိုများတဲ့ ဒေသတခုဖြစ်ပါတယ်။ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ မဆင်နွှဲခင်မှာ ဒေသခံ ဗုဒ္ဓဘာသာအများစုဟာ ဘူးသီးတောင်မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်သွားခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလကို အရောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီသြဇာခံ မွတ်ဆလင်တွေဦးဆောင်ပြီး

ONE NATION NEWS

24 Dec, 09:46


ဘူးသီးတောင်မြို့အတွင်း "AA ထွက်သွား၊ AA အလိုမရှိ"အစရှိတဲ့ ဆိုင်းဘုတ်တွေကိုကိုင်တောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ အလားတူဆန္ဒပြမှုမျိုး စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာ အစ္စလာမ်ဘာသာဝင်တွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဧပြီလ ၂၂ ရက်နေ့မှာ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များမှ မွတ်ဆလင်မဟုတ်တဲ့ နေအိမ်တွေကို အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေဟာ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး နေအိမ်များမှ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖြိုဖျက်ခြင်းနှင့် မီးရှို့မှုတွေကို စိတ်ကြိုက် လုပ်ဆောင်ခဲ့ပါတယ်။

အလားတူ ရက္ခိုင်ဒေသတွင်း စစ်ရေးအရှိန်မြှင့်ပြီး စစ်တွေမြို့နားသို့ ဦးတည်လာတာနှင့်အမျှ စစ်တွေမြို့ဒေသခံတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်ကောင်စီဟာ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ မွတ်ဆလင်တွေနှင့်အတူ ရက္ခိုင်ရပ်ရွာများကို ဖောက်ထွင်း ရောင်းချခြင်း၊ မီးရှို့ဖျက်စီးခြင်းတွေကို ကျူးလွန်နေပါတယ်။

စစ်တွေမြို့ဟာပိတ်ဆို့ခံထားရတဲ့ မြို့နယ်တခုဖြစ်ပါတယ်။ လက်ရှိ စစ်တွေမြို့မှာ လျှပ်စစ်မီးမရရှိသလို ထင်းလည်း ရှားပါးနေပါတယ်။ နောက်ဆုံးသိရသော သတင်းအချက်အလက်များအရ ရက္ခိုင်ရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှူးတွေဟာ သိန်း (၃၀)ကျပ်နှင့် ဖြိုဖျက်ဖို့ ရောင်းစားနေကြောင်းသိရပါတယ်။

"ဒီလထဲ ရွာကိုတခေါက်သွားကြည့်သေးတယ်။ လူနေအိမ်အများစု ဖောက်ထွင်းခံလိုက်ရတယ်။ တချို့အိမ်တွေဆို ဖြိုဖျက်ခံလိုက်ရပြီ။ အကြမ်းဖက်စစ်ကောင်စီက မွတ်ဆလင် (မူရင်း-ကုလား)တွေကို တစ်ရွာလုံးကို ရောင်းစားလိုက်တာလို့ သိရတယ်" ဟု စစ်တွေမြို့နယ် အောင်တိုင်အုပ်စု၊ ပလ္လင်ပြင်ရွာမှ ရွာသားတစ်ဦးက ပြောဆိုသည်။

လက်ရှိမြေပြင်သတင်းများအရ စစ်တွေမြို့နယ်မှ ရွာပေါင်း (၁၀)ကျော်ကို အကြမ်းဖက်စစ်ကောင်စီက နှင်ထုတ်ခဲ့ပြီး ယခုအခါအဆိုပါရွာတွေကို ဖောက်ထွင်းဖို့နှင့်ဘဖြိုဖျက်ရန်အတွက် မွတ်ဆလင်တွေထံ ရောင်းစားထားကြောင်း သိရှိရသည်။ စစ်တွေမြို့ဟာ ဘူးသီးတောင်လိုမျိုး ဖျက်းဆီးခံရနိုင်ပြီး ပြစ်မှုကျူးလွန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားဖြစ်ဖြစ်၊ မွတ်ဆလင်ပျူစောထီးဖြစ်ဖြစ်၊ ရက္ခိုင်လူမျိုးဖြစ်ဖြစ် စစ်ရေးကာလပြီးတဲ့အချိန် ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ လိုအပ်ပါတယ်။

မွတ်ဆလင်အုပ်စုတွေအနေနှင့် အကြမ်းဖက်စစ်ကောင်စီဟာ ရက္ခိုင်ဒေသတွင်း အကြီးအကျယ်စစ်ရှုံးနေပါတယ်။ စစ်ရှုံးစစ်အုပ်စုနှင့် ပူးပေါင်းနေတာဟာ ကောင်းကျိုးတစုံတရာ မရရှိနိုင်ပါဘူး။ ဒီအချက်ကို သတိကြီးကြီး ထားသင့်ပါတယ်။ နောက်တခု ရက္ခိုင်ဒေသတွင်း အကြမ်းဖက်စစ်ကောင်စီမရှိတော့ရင် ဒေသခံ ရက္ခိုင်တွေနဲ့သာ အေးတူပူမျှနေကြရမယ်ဆိုတာ ထည့်တွက်ဖို့ လိုအပ်ပါတယ်။

ရက္ခိုင်ဒေသဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ ဒေသဖြစ်သည်နှင့်အမျှ လူမျိုးမတူ၊ ဘာသာမတူတဲ့ သူတွေ အချင်းချင်း လူမှုသဟဇာတ ဖြစ်တည်ရေးကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက်သမားတွေ အနေနဲ့ အာရက္ခတပ်တော်ထံ အချိန်မီ လက်နက်ချ အလင်းဝင်ကြဖို့ လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။

မောင်မိုးဇ
One Nation News. #Article
AK-Media Live @topfans

ONE NATION NEWS

23 Dec, 13:46


ချင်းပြည် တောင်ပိုင်း တစ်ခုလုံးကို ချင်းညီနောင်သိမ်းပိုက်ထိန်းချုပ်

One Nation News ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၄

ချင်းပြည်တောင်ပိုင်းတစ်ခုလုံးကို ချင်းညီနောင် (CB) သည် Opration CB စစ်ဆင်ရေးဖြင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွဲကာ တောင်ပိုင်းတခုလုံးကို အပြည့်အဝ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်တောင်ပိုင်းမှာ ချင်းညီနောင်သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များမှာ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ ကျီခါးမြို့၊ မတူပီမြို့၊ လိုင်လင်းပီမြို့၊ ရေဇွာမြို့များ ပါဝင်ပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော်-AA သိမ်းပိုက်ထိန်းချုပ်ထားသည်။

ပလက်ဝမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော်-AA က ၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး ကျီခါးမြို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ မတူပီမြို့ကို ဇွန်လ ၂၉ မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံး လက်ကျန် ကန်ပက်လက်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွဲလျှက်ရှိပြီး တမြို့လုံးထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ အလားအလာကောင်းမွန်လျှက်ရှိကြောင်းနှင့် မကြာမှီ အပြီးသိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း မြေပြင်သတင်းအရ သိရှိရသည်။

နောက်ဆက်တွဲအနေနှင့် တီးတိန်မြို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောက်က ထုတ်ပြန်ထားသည်။ချင်းညီနောင်အဖွဲ့သည် အာရက္ခတပ်တော်-AAနှင့် အမာခံ မဟာမိတ်ဖြစ်ပြီး တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းကာ ချင်းပြည်အတွင်း မြို့သိမ်းတိုက်ပွဲများကို အပြီးသတ်ဆင်နွဲနေကြောင်း သိရှိရသည်။

ဓာတ်ပုံ - ကန်ပက်လက်မြို့သိမ်းတိုက်ပွဲအပြီး မြင်တွေ့ရသော ချင်းညီနောင် (CB) နှင့် မဟာမိတ်များ

One Nation News

ONE NATION NEWS

23 Dec, 13:21


ဘိန်းစာရွက်ခေါ် (အာစီယန်အရွက်) ကို ရက္ခိုင်ပြည်တွင် တားစီရန် လိုအပ်လာ

One Nation News ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၄

စီးပွားဖြစ် စိုက်ပျိုးလာမှုနှင့် အရည်ကြိုသောက်သုံးနေသည့် ဘိန်းစာရွက်ခေါ် (အာစီယန်အရွက်) ကို ရက္ခိုင်ပြည်တွင် တားစီရန် လိုအပ်လာကြောင်း ဒေသခံများထံက သိရှိရသည်။

ဘိန်းစာရွက်ခေါ် (အာစီယန်အရွက်) ကို ရက္ခိုင်ပြည်တွင်း စီးပွားဖြစ် စိုက်ပျိုးခြင်းနှင့် အရည်ကြိုသောက်သုံးနေမှုများ တွင်ကျယ်လာသည့်အတွက် အချိန်မီတားဆီးရန် လိုအပ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

"အခု ဘိန်းစာရွက်ကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားဖက်တွေမှာ ဝယ်ယူမှုအတော်လေးအားကောင်းလာတယ်။ ဒါအရွက်အလွန်အကျွံစားသုံးတာနဲ့ အရည်ကြိုသောက်တာ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာကို သိဖို့ လိုအပ်တယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ အချိန်မီတားဆီးဖို့လိုအပ်ပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဘိန်းစာရွက်ခေါ် (အာစီယန်အရွက်) ကို ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အဓိကထားစိုက်ပျိုးနေပြီး မြန်မာကျပ်ငွေ (၁၀၀၀၀) ဖိုးဝယ်ယူလျှင် ရွက်ရေ (၁၀၀) ကျော်ရရှိကာ တစ်ထွှာနီးနီး အပင်တစ်ပင်ကို ကျပ် (၂၅၀၀၀)ထိ စျေးပေါက်နေကြောင်းသိရှိရသည်။

"အခုက ဘိန်းစာရွက် စျေးအတော်လေး ကောင်းနေ တယ်။ ဒါကြောင့် အများစုကလည်း စိုက်ပျိုးချင်နေကြတယ်။ ဒီအပင်က ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ မသိကြဘူး။ အရက်အစား ဒီအရွက်ကို အရည်ကြိုသောက်နေကြတာပါ"ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဘိန်းစာရွက်ခေါ် (အာစီယန်အရွက်)သည် ကောင်းကျိုးအနည်းငယ်ရှိသော်လည်း အလွန်အကျွံသောက်သုံးမိပါက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည့်အတွက် စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် သောက်သုံးခြင်းများကို တားစီရန် လိုအပ်လာကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ချို့ကလည်း ထောက်ပြဝေဖန်နေကြသည်။

ဓာတ်ပုံ - ရက္ခိုင်ဒေသတွင် စိုက်ပျိုးထားသည့် ဘိန်းစာရွက်ပင်

One Nation News

ONE NATION NEWS

23 Dec, 13:21


အကြမ်းဖက်စစ်ကောင်စီနှင့် ALP ပူးပေါင်းအဖွဲ့ မကျည်းမြိုင်ရပ်ကွက်ကို ဝင်ရောက်ပြီး အရပ်သားများကို ဖမ်းဆီး

One Nation News ၊ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြို့တော် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ALP ပူးပေါင်းအဖွဲ့ ဝင်ရောက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းစစ်ဆေးကာ အရပ်သား (၄) ဦးဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"မနေ့က နေ့ခင်းဖက်မှာ ရပ်ကွက်ထဲကို ဝင်လာတယ်။ အကြမ်းဖက်စစ်ကောင်စီ၊ ရဲ ၊ ALP အဖွဲ့ ၊ နောက်ပြီး လက်နက်ကိုင်ထားတဲ့ မွတ်ဆလင်တွေလည်း ပါတယ်။ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမှုတွေပြုလုပ်တယ်။ ရပ်ကွက်က အရပ်သား ၄ ဦးကို ဖမ်းဆီးသွားတယ်။ ညနေထပ်လာမယ်လို့လည်း ခြိမ်းခြောက်သွားခဲ့ပါတယ်။ လက်ရှိ စစ်တွေအခြေအနေက အတော်လေးဆိုးနေပါပြီ"ဟု သတင်းရင်းမြစ်တခုက ပြောဆိုသည်။

စစ်တွေမြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ALP နှင့် ဒုက္ခသည်စခန်းများမှ စစ်သားစုဆောင်းထားသည့် မွတ်ဆလင် စစ်သင်တန်းဆင်းလူငယ်များကို လက်နက်တပ်ဆင်ပေးကာ ပြည်သူလူထုအပေါ် ဖမ်းဆီး၊ သတ်ဖြတ်မှုများနှင့် နေအိမ်များကို ဖောက်ထွင်းမှုများ နေ့စဥ်ရက်ဆက် ကျူးလွန်နေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေ၊ ဆပ်ရိုးကျချောင်းဝ ၊စစ်တွေ-ကျောက်တော်ထွက်ဝ ၊ စစ်တွေ-ကျောက်ဖြူ ထွက်ဝစသည့် စစ်တွေမြို့ကို ဝင်ရောက်နိုင်သော ရေလမ်းကြောင်းထွက်ပေါက်တွေမှာ နေဗီ စစ်သင်္ဘော ၁၀ စီးကျော်နှင့် စစ်တွေမြို့ ကို ပတ်လည်လုံခြုံရေး တိုးမြှင့်ချထားကြောင်းလည်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - ALP တပ်သားများ ဓာတ်ပုံနှင့် အမှတ် မြို့မ ၁ ရဲစခန်း

One Nation News

ONE NATION NEWS

02 Dec, 12:53


အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ

One Nation News ၊ ဒီဇင်ဘာ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကိုအကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ခရိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချခဲ့မှုကြောင့် ဒေသခံ ၂ ဦးမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ ဂျက်ဖိုက်တာနဲ့ ညနေ သုံးနာရီလောက်မှာ လာချတာ။ ၂ ယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးပဲ။ အခုကတော့ ဒဏ်ရာရတဲ့လူတွေကို အရေးပေါ် ဆေးကုပေးနေတယ် ” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်မှ ဒေါ်မသိန်း (၇၁)နှစ်နှင့် သာယာအေးကျေးရွာမှ မောင်ကျော်သက်နိုင် (၁၇)နှစ်တို့ဖြစ်သည်။

ယင်းအပြင် ဗုံးကြဲခံရမှုကြောင့် တောင်ကုတ်မြို့မှ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများ အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ဒေသတွင် စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် စစ်ဘေးရှောင်များ၊ အရပ်သားများနေထိုင်ရာ နေရာများသို့ ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။

လက်ရှိတွင် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စကခ ၅ နှင့် လက်အောက်ခံတပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တောင်ကုတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများမှာ ပြင်းထန်နေသည်။

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူအချို့နှင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM

One Nation News

ONE NATION NEWS

01 Dec, 04:18


ကျောက်မဲမြို့အား အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ၁၀ ဦး သေဆုံး

One Nation News ၊ ဒီဇင်ဘာ ၁၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယမန်နေ့ညနေပိုင်း၌ ဗုံးကြဲရာ ဒေသခံ ၁၀ ဦး သေဆုံးပြီး၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ယမန်နေ့က ထုတ်ပြန်သည်။


TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အင်ကြင်းတောင်ရပ်ကွက်သို့ နိုဝင်ဘာ ၃ဝ ရက် ညနေ ၆ နာရီခွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅ဝဝ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ ဆေး ဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းများကို ရှာဖွေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း TNLA က ဆိုသည်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် TNLA မှ စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း တရားဝင် ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

နောင်ချိုမြို့တွင်လည်း နိုဝင်ဘာလအတွင်း လေကြောင်းအသုံးပြု၍ ပြည်သူများရှိရာ ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၈ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထံက သိရသည်။


ဓာတ်ပုံ- TNLA

One Nation News

ONE NATION NEWS

29 Nov, 01:02


တောင်ကုတ်မြို့ကို အာရက္ခတပ်တော် သိမ်းပိုက်၊သူခိုးတချို့အား အရေးယူထား

One Nation News ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၄

ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး မြို့တွင်းတွင် အကြမ်းဖက် စစ်ကောင်စီတစ်ယောက်မျှမရှိတော့ကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

တောင်ကုတ််မြို့တွင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း (၁၀) ခုကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်းရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း AA က ဆိုသည်။

အာရက္ခတပ်တော် သိမ်းပိုက်နိုင်ခဲ့သော စခန်းများမှာ မောင်းတံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနှင့် တောင်ကုတ်မြို့မရဲစခန်းတို့ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

အဆိုပါ စစ်စခန်းများကို နိုဝင်ဘာလ ၄ ရက်မှ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တွင်းတစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင်မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့တွင် ပိတ်မိနေသော အရပ်သားပြည်သူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်ထားပြီး သူခိုးများကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့မှာ တောင်ကုတ်မြို့ထဲက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေကြ၍ AA က ဖမ်းဆီးအရေးယူနေကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

One Nation News

ONE NATION NEWS

28 Nov, 14:40


အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် အပါအဝင် (၁၄) ဦးကို ဖမ်းဆီးရမိ

One Nation News ၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက်နေ့တွင် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် (ကြည်း ၅၆၁၇၈) ဦးစီးသော အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၄) ဦးကို ဖမ်းဆီးရမိကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။

ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းသည် အမ်း-ပဒါန်း လမ်းတစ်နေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂ ) ဦးကျဆုံးပြီး သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂) လက်တို့အား တိုက်ပွဲတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် တိုက်ပွဲတွင်း၌ ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေး​လျက်ရှိခြင်းကြောင့် နယ်မြေရှင်းလင်းလျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ တိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း
ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း SAF မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဖမ်းဆီးရမိသော စစ်သုံ့ပန့်များ/SAF

One Nation News

ONE NATION NEWS

28 Nov, 09:57


"စစ်ရှုံး စစ်ကောင်စီ၊ နိုင်ငံတကာရောက် မူဆလင်များနှင့် ထွန်းညှိဆဲ ဝါဒဖြန့် အမုန်း မီးစ"

မောင်မိုးဇ - ရေးသားသည်။

ဆိုရှယ်မီဒီယာ ထွန်းကားလာတာက ဝါဒဖြန့်မှုတွေကို အရှိန်အဟုန်မြင့် ပျံ့နှံ့စေဖို့ အထောက်အပံ့ တစ်ခုဖြစ်စေပါတယ်။ အမုန်းပွားစေတဲ့ စကားလုံးအသုံးအနှုန်းတွေကို သုံးပြီး ဒေသခံပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေဖို့ ဝါဒဖြန့်မှုတွေကို စစ်ရှုံးစစ်အုပ်စုဟာ နိုင်ငံတွင်း ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေပါတယ်။

လက်ရှိခေတ်စနစ်အရ သတင်းမှားတွေကို လူမှုကွန်ယက်ပလက်ဖောင်းတွေကတဆင့် ဖြန့်ကြပြီး ဒီလို သတင်းအမှားတွေဟာ မယုံကြည်မှုနှင့် ရန်လိုမုန်းတီးမှုတွေကို တိုးပွားစေနိုင်ပါတယ်။ ဝါဒဖြန့်ခြင်းဟာ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခြင်းများကို ဖြစ်ပေါ်စေပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမျိုးရေးသဟဇာတဖြစ်ရေးများ(Social cohesion)အပေါ် ဆိုးဆိုးရွားရွား သက်ရောက်စေပါတယ်။

ရက္ခိုင်ဒေသအတွင်း လူမျိုးရေး တင်းမာမှု အထူးသဖြင့် ရက္ခိုင်နှင့် မွတ်ဆလင်လူမျိုး နှစ်ဖက်အသိုင်းအဝိုင်းအကြားမှာ အမုန်းပွားစေရေး ဝါဒဖြန့်မှုတွေ ကြောက်ခမန်းလိလိ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ဒါဟာ အေးချမ်းစွာ နေလိုတဲ့ ဒေသတွင်းက နှစ်ဖက်အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်နေပါတယ်။

လက်ရှိအခြေအနေ မောင်တောဒေသကျဆုံးခါနီးအချိန်မှာ နိုင်ငံတွင်း စစ်ရှုံး စစ်အုပ်စုနှင့် နိုင်ငံတကာရောက် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူအမည်ခံတွေဟာ ရက္ခိုင်လူမျိုးများနှင့် အာရက္ခတပ်တော်အပေါ် အမုန်းပွားစေရေး ဝါဒဖြန့်မှုတွေကို ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ ကော့ဘဇားဒေသက မူဆလင် ဒုက္ခသည်စခန်းဟာလည်း အာရက္ခပြည်သူလူထုနှင့် အာရက္ခတပ်တော်ကို မုန်းတီးရေး လှုပ်ရှားမှုမျိုး တခုပြီး တခုလုပ်ဆောင်နေတာ တွေ့ရပါတယ်။

စစ်အစိုးရ လက်မလွှတ်သေးတဲ့ ဝါဒမှိုင်း

အကြမ်းဖက် စစ်ကောင်စီဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်စေရေး အလို့ငှာ ဝါဒဖြန့်မှုတွေကို ယခင်ခေတ်အဆက်ဆက် ကတည်းက လုပ်ဆောင်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ယခင်က စစ်တပ်နှင့် သက်ဆိုင်တဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားများ၊ စစ်သီချင်းတွေနှင့် ပြည်သူလူထုကို ဆိုက်ဝါး(Psywar)ထည့်ခဲ့ပါတယ်။

မကြာသေးမီက ရုပ်ရှင်မင်းသား ရန်အောင်တို့ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆု အသီးသီးပေးခဲ့တဲ့ "စောင်နီလေးတစ်ထည်" ရုပ်ရှင်ဇာတ်ကားဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဗီလိန်လုပ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အလားတူ ရုပ်ရှင်ဇာတ်ကားတွေကို ခေတ်အဆက်ဆက် ရိုက်ကူး ဝါဒဖြန့်မှုလုပ်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံအနံ့ စစ်ရှုံးနေပေမယ့် ဝါဒဖြန့်မှုတွေကို လက်မလွှတ်သေးပါဘူး။ သူတို့ပိုင် တီဗီချန်နယ်၊ သတင်းစာတို့ကတဆင့် နေ့စဥ်နေ့တိုင်း ပြုလုပ်နေသလို၊ ဖေ့ဘုတ်နှင့် တယ်လီဂရမ်တို့လို လူမှုကွန်ယက်ပလက်ဖောင်းတွေကို အသုံးပြုဝါဒဖြန့်လာတာတွေ့ ရပါတယ်။

ရက္ခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွေမှာ အာရက္ခတပ်တော်နှင့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အမျိုးဘာသာ၊ သာသနာလို့ လူကြားကောင်းအောင် အော်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မွတ်ဆလင်လက်နက်ကိုင်တွေကို အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ နောက်ပြီး မွတ်ဆလင်လူမျိုးတွေနှင့် ရက္ခိုင်လူမျိုးတွေ လူမျိုးရေး၊ ဘာသာရေးအရ အမုန်းပွားစေရေး လုပ်ရပ်များနှင့် သတင်းအမှားတွေကို ဝါဒဖြန့်မှု ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ (၁၂)ရက်နေ့မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုအရ စစ်ယူနီဖောင်းဝတ် ARSA လက်နက်ကိုင် အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက်သမားတွေဟာ မောင်တောမြို့နယ်ထဲက ရက္ခိုင်ရွာတွေဖြစ်တဲ့ ရွှေရင်အေးရွာနှင့် ဝေသာလီကျေးရွာတွေကို တစ်အိမ်ဝင် တစ်အိမ်တက် မီးရှို့ခိုင်းခဲ့တာ တွေ့ရပါတယ်။ ဒါဟာ လူမျိုးရေး၊ ဘာသာရေးအရ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ လူမျိုးတွေကြား အဓိကရုဏ်းဖန်တီးပေးတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အကြမ်းဖက် စစ်ကောင်စီဟာ ခေတ်အဆက်ဆက် မွတ်ဆလင်လူမျိုးတွေအပေါ် အမျိုးမျိုးဖိနှိပ် အုပ်ချုပ်ခဲ့တာ၊ ၂၀၁၇ အရေးအခင်းတုန်းကလည်း မွတ်ဆလင်လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တာကို မေ့ပျောက်ခြင်းက အံ့သြစရာကောင်းနေပါတယ်။

နိုင်ငံတကာရောက် မွတ်ဆလင်များနှင့် ဝါဒမှိုင်း

ရက္ခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အချိန်မှာတော့ ARSA ၊ ARA၊ RSO အဖွဲ့တွေလို မွတ်ဆလင်လက်နက်ကိုင်အုပ်စုဟာ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းသွားခဲ့ပါတယ်။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာဆော့ ARSA ၊ ARA ၊ RSO အစရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက်သမားတွေဟာ စစ်ကောင်စီတပ်နဲ့အတူ လက်နက် ကိုင်ဆောင်ပြီး ဘူးသီးတောင်မြို့ပေါ်က ရက္ခိုင်နှင့် ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ်ထောင်ချီကို ဧပြီလ ၁၄ ရက်နေ့ကစတင် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ONE NATION NEWS

28 Nov, 09:57


နိုင်ငံတကာရောက် မွတ်ဆလင်တွေကလည်း ဒေသတွင်း သတင်းအမှားတွေကို လူမှုကွန်ယက်ပေါ်မှာ ဖြုန့်ဝေပေးတာအပြင် ဘူးသီးတောင်-မောင်တောဒေသက မွတ်ဆလင်တွေနှင့် အကြမ်းဖက် စစ်ကောင်စီ ပူးပေါင်းပြီး အကြမ်းဖက်မှု ကျူးလွန်တာ၊ ရက္ခိုင်နှင့် ဟိန္ဒူလူမျိုးတို့ရဲ့ နေအိမ်တွေကို မွတ်ဆလင်လက်နက်ကိုင် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်စီးမှုတွေကို ဖုံးဖိထားခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် ၊ စစ်ရေးအရှိန်ပြင်းထန်လာတဲ့အချိန် ဘူးသီးတောင်မြို့ပေါ်က မွတ်ဆလင်တွေကို အာရက္ခတပ်တော် အဓမ္မနှင်ထုတ်နေတယ်လို့ နိုင်ငံတကာ ရောက်မွတ်ဆလင်တွေ လူမှုကွန်ယက်စာမျက်နာတွေမှာ ဖြန့်ဝေလာခဲ့တာတွေ့ရပါတယ်။

ရက္ခိုင်ဒေသတွင်း မြို့နယ်အများစုကို စစ်ကောင်စီလက်လွတ်သွားခဲ့ရပါတယ်။ များမကြာတော့မယ့်အချိန်မှာ ရက္ခိုင်မြောက်ပိုင်းတခွင် စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်လာတော့မှာ အသေအချာဖြစ်ပါတယ်။ ရက္ခိုင်လူမျိုးတွေဟာ မွတ်ဆလင်လူမျိုးတွေရဲ့ ရန်သူမဟုတ်ပါဘူးဆိုတာ သိထားဖို့လိုအပ်ပါမယ်။

၂၀၁၇ မောင်တော အရေးအခင်း (၇) နှစ်ပြည့်၊ ဂျီနိုဆိုက် နှစ်ပတ်လည်နေ့ကို ကော့ဘဇားဒေသက မူဆလင်လူမျိုးတွေရဲ့ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ မူဆလင်လူမျိုးထောင်ချီစည်းရုံးခဲ့ကြပါတယ်။ လူမှုကွန်ယက်မီဒီယာအပေါ်ထွက်ပေါ်လာတဲ့ ​ဗီဒီယိုမှတ်တမ်းတခုအရ အခမ်းအနားတက်ရောက်လာတဲ့ မူဆလင်လူမျိုးထောင်ချီဟာ ရက္ခိုင်လူမျိုးတွေကို မုန်းတီးရေး ကြွေးကြော်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာတရပ်တော့ မဟုတ်ပါဘူး။

နောက်ပြီး ကော့ဘဇားဒေသက မူဆလင်ဒုက္ခသည်စခန်းဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေးမှာ အထောက်အကူဖြစ်နေပြီး မူဆလင်လူမျိုးတချို့ဟာ အကြမ်းဖက်စစ်ကောင်စီထံ လိုလိုလားလားစစ်မှုထမ်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြပါတယ်။

မူဆလင် အသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခေတ်အဆက်ဆက် ပြုမူလုပ်ဆောင်ခဲ့တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဥပေက္ခာပြုနိုင်တာ အံ့သြစရာကောင်းပါတယ်။ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေဟာ မွတ်ဆလင်အသိုင်းအဝိုင်းအတွက် အကျိုးတစ်စုံတစ်ရာမရှိဘူးဆိုတာကို မွတ်ဆလင်အသိုင်းအဝိုင်းအနေနဲ့ သိဖို့ လိုအပ်ပါတယ်။

ပြည်ပရောက် မွတ်ဆလင်အရေးလှုပ်ရှားသူအမည်ခံတွေဟာ လက်နက်ကိုင်မွတ်ဆလင်တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး အာရက္ခတပ်တော်နှင့် ရက္ခိုင်လူထု အပေါ်ကို အမုန်းတရားပွားဖို့ သဲကြီးမဲကြီး လှုပ်ရှားလာတာ တွေ့နိုင်ပါတယ်။ ဒါဟာလည်း နည်းမှန်၊ လမ်းမှန်မဟုတ်ဘူးဆိုတာ သိဖို့လိုအပ်ပါတယ်။

မောင်တောဒေသ၏ လက်ရှိအခြေအနေနှင့် မွတ်ဆလင်များ ထကြွလာမှု

စစ်ကောင်စီရဲ့ ဝါဒဖြန့်အုပ်စုတွေဟာ မောင်တောမြို့ကို လွတ်ရခါနီး ရက္ခိုင်တွေနဲ့ မွတ်ဆလင်လူမျိုးတွေကို လူမျိုးရေးပဋိပက္ခဖြစ်စေရေး ပိုမိုလုပ်ဆောင်လာပါတယ်။ အထူးသဖြင့် နိုင်ငံတကာရောက်မွတ်ဆလင်တွေအနေနဲ့ စစ်ကောင်စီအလိုကျ အချက်အလက် အမှားတွေနဲ့ ဝါဒဖြန့်နေမှုတွေဟာ ရက္ခိုင်ဒေသတွင်း အေးချမ်းစွာနေထိုင်နေတဲ့ မူဆလင်လူမျိုးတွေအပေါ် အကျိုးသက်ရောက်မှုရှိစေကြောင်း သတိလျှပ်ဖို့လိုအပ်ပါမယ်။

ပြီးတဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ "မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်း"တစ်ခုကို အစ္စလာမစ်ပူးပေါင်းရေးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့ ပူးတွဲတင်သွားခဲ့ပြီး အတည်ပြုခဲ့ပါတယ်။

တပြိုင်နက် ဘင်္ဂလားဒေ့ချ်နိုင်ငံက ဒုက္ခသည်စခန်းမှာ "Youths Movement for Arakan" ဆိုပြီး မွတ်ဆလင်လူမျိုး လူငယ်တွေစုပေါင်းကာ လှုပ်ရှားမှုတွေပြုလုပ်လာတာ တွေ့ရပါတယ်။ ဒီကိစ္စကို အန္တရာယ်ရှိစေတဲ့ လှုပ်ရှားမှုတခုအဖြစ် ရက္ခိုင်အသိုင်းအဝိုင်းကရှုမြင်နေကြပါတယ်။

နောက်ပြီး အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုတွေဖြစ်တဲ့ မူဆလင်လက်နက်ကိုင် ARSA, RSO, ARA အဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီး တဖက်နိုင်ငံ ဘင်္ဂလားဒေ့ချ်ဒုက္ခသည်စခန်းမှ မူဆလင် ၅၀၀၀ ခန့်ကို လက်နက်ကိုင်အဖြစ် စုဆောင်းထားတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာလည်း အသက်တွေပေးပြီး တော်လှန်နေတဲ့ အာရက္ခပြည်သူတွေအတွက် အသဲနာစရာကိစ္စတခုဖြစ်နေပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်အုပ်စုက ဘယ်လိုပဲ ဝါဒမှိုင်းတွေတိုက်နေပါစေ မကြာမီအချိန်မှာ မောင်တောမြို့ကို သိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ အာရက္ခဒေသအတွင်း စစ်ကောင်စီကင်းစင်တဲ့အချိန် မွတ်ဆလင်လူမျိုးတွေဟာ ရက္ခိုင်လူမျိုးတွေနဲ့သာ အေးအတူပူအမျှ အတူတူလက်တွဲပြီး နေထိုင်ကြရမည်မှာ ဖြစ်တဲ့အတွက် စဥ်းစားကြဖို့ လိုအပ်ပါတယ်။

အာရက္ခတပ်တော် တပ်မှူးချုပ်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားခဲ့တဲ့အတိုင်း ဘူးသီးတောင်၊မောင်တောဒေသအပါအဝင် ရက္ခိုင်ဒေသတခုလုံးဟာ အာရက္ခသားတို့ရဲ့ ဘိုးဘွားပိုင်ဖြစ်တဲ့အတွက် "အင်္ဂါဂြိုလ်က လာတားရင်တောင် သိမ်းမှာပဲ" လို့ပြောဆိုချက်ကို အာရက္ခပြည်သားတိုင်း လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဝါဒဖြန့်မှုမ,ကလို့ မည်သည့်အဟန့်အတားကိုမဆို ကျော်ဖြတ်ဖို့ အဆင်သင့်ဆိုတာ ယုံကြည်ပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

မောင်မိုးဇ

One Nation News

ONE NATION NEWS

27 Nov, 13:17


အကြမ်းဖက် စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်း လျှောက်ထား

One Nation News ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၄

အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ကြောင်း ဖမ်းဝရမ်းလျှောက်ထားကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

ရက္ခိုင်ပြည်ရှိ မူဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင်အား ဖမ်း၀ရမ်းထုတ်ပေးရန် ICC ၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း ဆိုသည်။

ထိုသို့ လျှောက်ထားမှုကို Fortify Rights အဖွဲ့က ကြိုဆိုကြောင်းနှင့် ဖမ်းဆီးမိန့်တောင်းဆိုမှုမှာလည်း ဆက်လက် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုထားသည်။

အ​ကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကမ္ဘာ့အကြီးစား ရာဇဝတ်ခေါင်းဆောင်တဦး ဖြစ်ပြီး၊ မူဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် လူမျိုးတုံးသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက်လည်း တာဝန်ရှိသူ ဖြစ်ကြောင်း၊ ၎င်းသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ထောင်ချခြင်းနှင့် အခြားသော အကြမ်းဖက်မှုများ မြန်မာနိုင်ငံအနှံ့ ကျူးလွန်ခဲ့သူဖြစ်ကြောင်း Fortify Rights က ပြောသည်။

ရို
ဓာတ်ပုံ - မင်းအောင်လှိုင်

One Nation News

ONE NATION NEWS

25 Nov, 14:42


ထိုင်းစစ်တပ်နှင့် ဝတပ်ဖွဲ့ UWSA တို့ နယ်မြေထဲရှိစခန်းများ ဖယ်ခိုင်းမှုကိစ္စကြောင့် စစ်ရေးတင်းမာ

One Nation News ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၄

ထိုင်းစစ်တပ်က “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား ထိုင်းနိုင်ငံပိုင်သည်ဟုဆိုသော နယ်မြေအတွင်းရှိ စခန်းများ ဆုတ်ခွာရန်ပြောထားသော်လည်း UWSA ဘက်မှ ငြင်းဆန်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်း စစ်ရေးတင်းမာနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာန၌ ဖော်ပြသည်။

ဒီဇင်ဘာ ၁၈ ရက်မတိုင်မီ ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်၏ တောင်းဆိုမှုအပေါ် UWSA က ၎င်းတို့ပိုင် နယ်မြေများ ဖြစ်သည့်အတွက် မဖယ်ပေးနိုင်ကြောင်း ငြင်းဆန်ထားခြင်း ဖြစ်သည်။ ထိုင်းသတင်းများအရ သတင်းအရ မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ အင်အားအကြီးမားဆုံးဖြစ်သည့် UWSA သည် ထိုင်းဘုရင့်တပ်မတော်နှင့် ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီး အမြောက်တပ်များ နေရာယူထားပြီဖြစ်ကာ တည်နေရာများကိုလည်း ဖော်ထုတ်ထားပြီးဖြစ်သည်ဟု ဆိုထားသည်။

Radio Free Asia ၏ ဖော်ပြချက်အရ ဒိုးဟွာမ၊ နောင်လောင်းစခန်းနှင့် အခြားစစ်အခြေစိုက်စခန်း ၅ နေရာသည် ထိုင်းနိုင်ငံပိုင် မဟုတ်သဖြင့် ဆုတ်ခွာပေးရန် တောင်းဆိုခြင်းကို လက်မခံနိုင်ကြောင်း UWSA က အခိုင်အမာ ဆိုထားသည်ဟုလည်း ရေးသားထားသည်။

ထိုင်းဘက်ကလည်း မြေပြင်တပ်များကို အထောက်အကူပေးရန်အတွက် အမြောက်တပ်များအား အဆိုပါဒေသအနီးတွင် နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ “ဝ” စခန်းများအား ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းမှုအပေါ် UWSA ဘက်မှ အတည်ပြုပြီး ၎င်းတို့အနေဖြင့် စစ်ရေးပြင်ဆင်မှုမရှိဘဲ ပုံမှန်အခြေအနေသာဖြစ်ကြောင်း၊ ထိုင်းဘက်မှ အင်အားတိုးသည်ဟု သိရကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ဝ” လူငယ်အသံကွန်ရက်ကို ဖြေထားသည်။

ထိုဖြစ်ရပ်မတိုင်ခင် နိုဝင်ဘာ ၁၈၊ ၁၉ ရက်တွင်လည်း UWSA ၏ အရာရှိ ၆ ဦးနှင့် ထိုင်းတော်ဝင်စစ်တပ် အရာရှိများသည် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အပါအဝင် ထိုင်းနိုင်ငံ နယ်မြေအပေါ် UWSA ၏ ကျူးကျော်နေမှုကို ဖယ်‌ပေးရန် ဆွေးနွေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

ယခုကဲ့သို့ နယ်မြေအငြင်းပွားမှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တခုအကြာလောက်ကတည်းက ရှိခဲ့ကာ ထိုင်းဘက်မှ မကြာခဏဆိုသလို ဖယ်ရှားပေးရန် တောင်းဆိုလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ - UWSA

One Nation News

ONE NATION NEWS

24 Nov, 14:55


ဘင်္ဂလားဒေ့ချ်ရောက် ရက္ခိုင်မှ စစ်ဘေးရှောင်များအား သဇင်ဖောင်ဒေးရှင်းမှ ကျပ်သိန်းတထောင်
ငါးရာကျော်ဖိုး စားနပ်ရိက္ခာ ကူညီ

One Nation News ၊ နိုဝင်ဘာ ၂၃၊၂၀၂၄

ရက္ခိုင်ပြည်ရှိ မြို့များအား အာရက္ခတပ်တော်မှ တမြို့ပြီးတမြို့ သိမ်းယူနေစဉ် ဘဂ်လာ-ရက္ခိုင်နယ်စပ်မြို့များရှိ ဗုဒ္ဓဘာသာဝင် စစ်ရှောင်ပြည်သူများ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ​ကို ခိုလှုံလာသူ ဒုက္ခသည် (၃၀၀၀) ကျော် (ခန့်မှန်း) ရှိသည်ဟု ဘဂ်လာဒေချ့်လူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းတစ်ခု အရ သိရှိရပါသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင် ဒုက္ခသည်များသည် ဗုဒ္ဓဘာသာဝင် မဟုတ်သော တခြားဒုက္ခသည်များကဲ့သို့ အခွင့်အရေးမရရှိကြောင်း ယင်းအစီးရင်ခံစာမှာ ဖော်ပြထားပါသည်။

ဘဂ်လာဒေချ့် နိုင်ငံအတွင်း ယခင်အစိုးရပါတီ ပြုတ်ကျသွားသည့်အတွက် ဘဂ်လာဒေချ့်နိုင်ငံရှိ
ဒုက္ခသည်များမှာ လုံခြုံရေးကို တာဝန်ယူမည့် အဖွဲ့အစည်းများနှင့် စားနပ်ရိက္ခာ ဆေးဝါးကုသမှုများ အပါအဝင် ဒုက္ခသည် မိသားစု ကလေးသူငယ်၏ ပညာရေး ကဏ္ဍများ အရေးကြီးကြောင်း အဆိုပါ အစီရင်ခံစာကဖော်ပြသည်။

ဘဂ်လာဒေချ့် နိုင်ငံရှိ သဇင်ဖောင်ဒေးရှင်း တာဝန်ခံ ကိုသိန်းမောင် (ကရာတေးဆရာ)သည် ရက္ခိုင်မှ
ဘဂ်လာရောက် စစ်ရှောင်များကို ကူညီနေတယ်လို့သတင်းရှိတဲ့ အတွက် သူ့ကို မေးရာ “ဟုတ်ကဲ့ကျွန်တော်က စစ်တကောင်း တောင်တန်းဒေသ
မှာ ပရဟိတ ကလေးဂေဟာ ထူထောင်ပြီး မိဘမဲ့တွေကို မူလတန်းကနေ ဘွဲ့ရထိ ပညာသင်ပေးနေတာပါ။ ကလေးတွေကို ခေတ်ပညာရော ကျမ္မာရေးနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့ ကရာတေးပညာကိုပါသင်ပေးနေတဲ့အတွက် အချိန်မအားတဲ့ ကြားက ကူညီပေးနေတာပါ” ဟု ပြောဆိုသည်။

ဆက်၍ သူက “စစ်ရှောင်တွေကို ကူညီတဲ့အခါ အဓိက ဆန်၊ ဆီ၊ ဆား တမိသားစုကို တလစာထောက်ပံ့ ပေးခဲ့သလို စောင်နဲ့ အနွေးထည် အပြင် အလွန်ချို့တဲ့သူတွေကို ငွေ တာကာတချို့ ကူညီခဲ့တာတွေရှိပါတယ်” ဟုပြောသည်။

သဇင်ဖောင်ဒေးရှင်းသည် ဝေးလံခေါင်ဖျား နယ်စပ်တွေကို ကိုယ်တိုင်သွားရောက်ပြီး အဓိက ရက္ခိုင်နှင့်
မြို၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး ( ခ) ဘုရုဝါ လူမျိုးများကိုပါ ကူညီခဲ့ပြီး တချို့သော ကျေးရွာများတွင်ဆင်းရဲနွမ်းပါးမှုကြောင့် ဒုက္ခသည်များ တည်းခိုနေထိုင်နိုင်ရန် သွပ်မိုး ဝါးထရန်ကာ အိမ်များပါ ဆောက်လုပ်ပေးခဲ့ရကြောင်း ပြောဆိုသည်။

သဇင်ဖောင်ဒေးရှင်းက တာဝန်ခံ ကိုသိန်းမောင်တို့က ရက္ခိုင်စစ်ဘေးရှောင်များအ ပတ်သတ်ပြီး
စုစုပေါင်း ဘဂ်လာတာကာ သိန်းငါးဆယ် မြန်မာလက်ရှိ ပေါက်စျေး သိန်းတထောင့်ငါးရာကျော် လှူဒါန်းထားကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ - သဇင်ဖောင်ဒေးရှင်းနှင့် စစ်ရှောင်များတွေ့ဆုံနေပုံ

One Nation News

ONE NATION NEWS

24 Nov, 14:55


မောင်တော အနီးတဝိုက်ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းကို အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်

One Nation News ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၄

အ​ကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းနှင့် ရေကြောင်း စစ်ရေယာဥ်ကို အသုံးပြီး အမှတ် (၅) နယ်ခြားစောင့်တပ်ရင်းအနီးအနားနှင့် အာရက္ခတပ်တော် ( AA) သိမ်းပိုက်ထားသည့် မကျည်းချောင်းနှင့် မောင်နီစခန်းတို့ကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

နိုဝင်ဘာ ၂၄ ရက် ယနေ့ ညနေ ၆ နာရီခန့်၌ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးနှင့် ပေါင် ၅၀၀၊ ပေါင် ၁၀၀ ရှိသည့် ဗုံးတွေကို ကြဲချခဲ့သလို ပင်လယ်ပြင်ရှိစစ်နေဗီကလည်း လက်နက်ကြီးများနှင့် ပစ်ခတ်ပေးခဲ့ကြောင်း ဆိုသည်။

နတ်မြစ်ကမ်းခြေတစ်လျှောက်ကို လေကြောင်းမှ လေယာဉ်ဖြင့် ဗုံးကြဲပြီး ရေတပ်ကလည်း ပစ်ခတ်မှုသည် နခခ (၅) က အရာရှိများ၊ တပ်သားများ တပ်ဆုတ်ဖို့အတွက် လမ်းကြောင်းရှင်းပုံရကြောင်း အမည်မဖော်လိုသူ မောင်တောဒေသခံတစ်ဦးက ရက္ခိုင်ဒေသအခြေစိုက် သတင်းတခုတွင် ပြောဆိုထားသည်။

ဓာတ်ပုံ - နခခ ၅ တပ်ရင်း

One Nation News

ONE NATION NEWS

18 Nov, 13:38


တစ်နှစ်အတွင်း ရက္ခိုင်တွင် အရပ်သား ရာနှင့်ချီကို အကြမ်းဖက်စစ်ကောင်စီ သတ်ဖြတ်ထားပြီး အရပ်သား ၇၄၉ ဦးကို ဖမ်းဆီးထား

One Nation News ၊ နိုဝင်ဘာ ၁၈ ၊ ၂၀၂၄

ရက္ခိုင်ပြည်အတွင်း ယခု တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ အထိ တစ်နှစ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၇၄၉ ဦးကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးထားကြောင်း HDCO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ က ဖမ်းဆီးထားသည့် ရက္ခိုင်ပြည်သူ အရေအတွက်မှာ ၇၀၃ ဦးနှင့် မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် ARSA, RSO, ARA တို့ ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သားများမှာ ၄၆ ဦးရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ယင်းအပြင် တကျော့ပြန်တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ရခိုင်ပြည်သူ ၇၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင် ARSA, RSO, ARA တို့က အရပ်သား ၂၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း HDCO က ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အတွင်း အရပ်သား ၁၅၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မွတ်ဆလင်လက်နက်ကိုင်များကြောင့်လည်း ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ HDCO သည် အာရက္ခတပ်တော် ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံးဖြစ်ပြီး အဆိုပါရုံး၏ ယနေ့ထုတ်အစီရင်စာတွင် ရခိုင်ပြည်အတွင်း စစ်ရှောင်ပြည်သူ ၅၅၃,၆၉၆ ဦးအထိ ထိုးလာနေကြောင်း ဖော်ပြထားသည်။

ယင်းစစ်ရှောင်ပြည်သူများထဲတွင် အမျိုးသမီးက ၃၁၃,၂၁၃ ဦးနှင့် ၅၇ ရာခိုင်နှုန်းရှိပြီး အသက် ၅ နှစ်အောက် ကလေး ၃၆၂၉ ဦးပါဝင်ကြောင်းနှင့် အသက် ၁၈ နှစ်အောက် ၆၆၁၈၅ ဦးကို ပါဝင်ကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများ၏ အဓိက အရေးကြီးဆုံးအချက်မှာ အစားအသောက် အကူအညီရရှိရေးဖြစ်ပြီး ဒုက္ခသည်အများစုသည် အိမ်မဲ့ယာမဲ့ဖြင့် သေးငယ်စခန်းများ၊ ဆွေမျိုးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကျပ်ကျပ်တည်းတည်း နေထိုင်နေရကြောင်း HDCO က ထုတ်ပြန်ထားသည်။

ပုံစာ – ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမှပုံ

ONE NATION NEWS

18 Nov, 12:23


ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ကို အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲ အရပ်သား ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

One Nation News ၊ နိုဝင်ဘာ ၁၈ ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ည သန်းခေါင်အချိန်ဖြစ်သော ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်အစပ် မုံးဝန်းခန်းမကြီးနှင့် KK တည်းခိုခန်းလမ်းအကြား၊ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်ပေါ်သို့ စစ်လေယာဉ်များက ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားပြီး ၂ လသားအရွယ် ကလေးငယ်နှင့် မိခင် ၁ ဦး၊ သက်ကြီးရွယ်အို ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထားသော မြို့ဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ကွတ်ခိုင်မြို့ ဗုံးကြဲခံရမှု

One Nation News

ONE NATION NEWS

15 Nov, 07:31


ဂွမြို့နယ်၊ ဆပ်သွားတံတား အကြမ်းဖက် စစ်ကောင်စီ ဖောက်ခွဲဖျက်ဆီး

One Nation News ၊ နိုဝင်ဘာ ၁၅၊၂၀၂၄

အကြမ်းဖက် စစ်ကောင်စီတပ်သည် ဂွမြို့နယ် မြောက်ပိုင်း သံတွဲ-ဂွ- ရန်ကုန်ကားလမ်းပေါ်ရှိ ဆပ်သွားတံတားကို ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ဂွမြိုန့ယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရ​က္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆပ်သွားရွာတံတားမှ တပ်ဆုတ်သွားတာကြောင့် တံတားပေါ်တွင် မိုင်းများ တပ်ဆင်ထားပြီး မိုင်းခွဲဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ အကြမ်းဖက်စစ်ကောင်စီက တံတားမှာ မနေရဲတော့ဘူး။ ဒါကြောင့် မိုင်းခွဲဖျက်စီးခဲ့တာပါ။ တိုက်ပွဲတွေလည်း ပြင်းထန်နေတုန်းပါဘဲ။ စကစ လက်ရှိ ဆပ်သွားရွာလယ်နဲ့ အလယ်ရွာမှာ ခံစစ်ပြင်ပြီး ခုခံနေလို့ တိုက်ပွဲ ပြင်းထန်တုန်းဖြစ်ပါတယ်" ဟု ဂွမြို့နယ်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ် ဆပ်သွားတံတားအား ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ မနက်စောစောတွင် အကြမ်းဖက်စစ်ကောင်စီမှ ဆပ်သွားတံတားအား မိုင်းခွဲဖျက်ဆီးလိုက်ကြောင်းသိရှိရသည်။

ဓာတ်ပုံ - ဆပ်သွား တံတားပုံ

One Nation News

ONE NATION NEWS

14 Nov, 02:32


ရက္ခိုင်တိုက်ပွဲ တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီ ပစ်ခတ်၍ အများပြည်သူ အဆောက်အအုံ ၁၅၃ ခု ပျက်စီး

One Nation News ၊ နိုဝင်ဘာ ၁၄ ၊ ၂၀၂၄

ရက္ခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တစ်နှစ်တာအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပိုင် နေအိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ စုစုပေါင်း ၁၅၃ ခု ပျက်စီးဆုံးရှုံးသွားကြောင်း AA က ထုတ်ပြန်ထားသည်။

ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများမှာ ဆေးရုံ ၁၂ လုံး၊ စာသင်ကျောင်း ၃၀ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၇၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဗလီ ၂ လုံး၊ ဈေး ၂၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခုတို့ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းသဘောတူစာချုပ်များကို ချိုးဖောက်ကာ အရပ်သားများအား ပစ်မှတ်ထားပြီး သတ်ဖြတ်မှု၊ အရပ်သားနေအိမ်၊ ရပ်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

One Nation News

ONE NATION NEWS

14 Nov, 02:30


ရက္ခိုင်တိုက်ပွဲ တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီ ပစ်ခတ်၍ တံတား (၂၈) ခုကိုဖျက်ဆီး

One Nation News ၊ နိုဝင်ဘာ ၁၄ ၊ ၂၀၂၄

ရက္ခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တစ်နှစ်တာအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် တံတား ၂၈ ခုကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တံတားများကို အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အများပြည်သူဆိုင်ရာ တံတားများ ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းများကို ချိုးဖောက်ကာ အရပ်သားများကို ပစ်မှတ်ထားပြီး သတ်ဖြတ်မှု၊ အရပ်သားနေအိမ်၊ ရပ်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိသည်။

One Nation News

ONE NATION NEWS

30 Oct, 08:22


အမ်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများကို ရည်ရွယ်ချက်ချက်ရှိရှိ တိုက်ခိုက်၊ အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရ

One Nation News ၊ အောက်တိုဘာ ၃၀၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးနီးပါး ဒဏ်ရာပြင်းထန်ကြောင်း အမ်းဒေသခံများက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ ဗုံးသီးများနှင့် လက်နက်ကြီးကျည်များမှာ မြို့သစ် အမှတ် (၄) ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ မြောက်ဘက်ခြမ်း (ချောင်းတစ်ဖက်ကမ်းရှိ) စသည့်နေရာများသို့ အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်း အမ်းဒေသခံတစ်ဦးက ဖြစ်သည်။

"ရပ်ကွက် ၄ ကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်က ဗုံးချတယ်။ ဗုံးထိလို့ လူတွေရော၊ နေအိမ်တွေပါ မီးလောင်နေပါတယ်။ လူတွေ ပြေးနေရပါတယ်" ဟု ပြောဆိုထားသည်။

ယနေ့ ယခုအချိန်ထိလည်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် AA တို့မှာ တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု အဆက်မပြတ် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားသော ခမရ ၃၇၂, ၃၇၃ တပ်ရင်း, တစ်မိုင်ကုန်းတပ်၊ ဆေးတပ်၊ ထောက်ပို့တပ်၊ မဲတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ တို့ကို အာရက္ခတပ်တော် သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်သည် အမြောက်တပ်၊ BE တပ်နှင့် နပခ ဌာနချုပ်စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမ်းတွင် အရပ်သားများကို ဓားစာခံလုပ်ကာ ခုခံကာကွယ်နေကြသည်ဟု သိရှိရသည်။

ပုံစာ - အကြမ်းဖက် စစ်ကောင်စီ ၏ တိုက်လေယာဉ်များ။ (ပုံဟောင်းဖြစ်သည်)

One Nation News

ONE NATION NEWS

29 Oct, 11:08


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်

One Nation News ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အပြီးသတ်သိမ်းယူနိုင်ရေး အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရေးအရ အသာစီးရနေကြောင်း ဒေသဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။

အာရက္ခတပ်တော်သည် တောဟိန်းတောင်ဗျူဟာကုန်း၊ စေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို သိမ်းပိုက်ထားပြီး အမ်းမြို့ထဲရှိ နပခဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း သိရှိရသည်။

" အခု ခမရ ၃၇၃၊ ဆေးတပ်၊ စရဖရုံးတွေကို တပ်တော်က သိမ်းပိုက်ထားတယ်။ နောက်ပြီး ခမရ ၃၇၂၊ ထောက်ပို့ ဆက်သွယ်ရေးတပ်နဲ့ တစ်မိုင်ကုန်းတပ်ကိုလည်း သိမ်းပိုက်ပြီလို့ သိရတယ်။ ခု COC, အမြောက်တပ်နဲ့ BE တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရတယ်" ဟု အမ်းဒေသခံတစ်ဦးက ပြောဆိုသည်။

အမ်းမြို့ အရပ်လေးမျက်နှာမှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းတပ်စခန်းများကိုအာရက္ခတပ်တော်နှင့်အတူ ပြည်မက တော်လှန်ရေးတပ်များက ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေကြခြင်း ဖြစ်သည်။

အမ်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်များမှာ ရေလမ်း၊ ကုန်းလမ်းအားလုံးကို AA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီဖြစ်၍ လေကြောင်းတစ်ခုသာ ထွက်ပေါက်ရှိကြောင်းသိရသည်။ အရပ်လေးမျက်နှာက နေရာအနှံ့ကို AA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယခုလအတွင်း သိမ်းပိုက်နိုင်လိမ့်မည်ဟု စစ်ရေးသုံးသပ်သူများက ခန့်မှန်းပြောဆိုနေကြသည်။

ပုံစာ - အကြမ်းဖက် စစ်ကောင်စီထံမှ AA သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပုံဟောင်း။ (ဓါတ်ပုံ - AA)

One Nation News

ONE NATION NEWS

24 Oct, 12:53


စိန်ခေါ်မှုများနှင့် ပထဝီနိုင်ငံရေးမဟာဗျူဟာ ကြားထဲမှ တည်ဆောက်ရမည့် နိုင်ငံသစ်

သတင်းဆောင်းပါး
မောင်မိုးဇ ရေးသားသည်

ရက္ခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့အနောက်ပိုင်းဒေသ ဘင်္ဂလားပင်လယ်အော်ရဲ့ နံဘေးမှာတည်ရှိပါတယ်။ ဧရိယာစတုရန်းမိုင် ၁၄၁၈၉ ရှည်လျားပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃ ဒသမ ၁၈ သန်းခန့်နေထိုင်ကာ နိုင်ငံတွင်း အဆင်းရဲဆုံးဒေတခုလို့ ဆိုကြပါတယ်။ ရက္ခိုင်ဒေသမှာ အဓိကအားဖြင့် ရက္ခိုင်လူမျိုးများ အများဆုံး နေထိုင်ကြပြီး မြို၊ သက်၊ ဒိုင်းနက်၊ ခမီး၊ ကမန်၊ မရမာကြီး၊ ချင်း၊ မူဆလင်လူမျိုးများလည်း နေထိုင်ကြပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ငါးဖမ်းလုပ်ငန်းနှင့် တခြားသော လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။ ရက္ခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် နှစ်စဉ်ဒေါ်လာသန်းနှင့်ချီ ထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ရက္ခိုင်ဒေသမှာ မြို့နယ် ၁၇ မြို့ရှိပြီး မြို့နယ်အများစုဖြစ်သည့် (၁၀) မြို့ကို လက်ရှိတွင် တော်လှန်ရေးတပ်တခုဖြစ်သည့် အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသလို ချင်းပြည်ထဲက ပလက်ဝမြို့ကိုလည် သိမ်းပိုက်ထန်းချုပ်ထားကာ အာရက္ခတပ်တော်ဟာ နိုင်ငံသစ်တည်ဆောက်ရေးသို့ ဦးတည်နေကြောင်း ကျွမ်းကျင်သူတွေနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ရေးသား ဖော်ပြကြပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး နိုင်ငံတကာက ပဋိပက္ခနယ်မြေလို့ ရှုမြင်ကြတဲ့ ရက္ခိုင်ဒေသကို အာရက္ခတပ်တော်က နိုင်ငံသစ်တစ်ခုအဖြစ် တည်ဆောက်ဖို့ရာ လွယ်ကူမည့် အရာတော့ မဟုတ်ပေ။ အထူးသဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာကဏ္ဍတွေမှာ အာရက္ခတပ်တော်အတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေ တွေ့ရမှာ အသေအချာဖြစ်နေပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံသစ်ထူထောင်ရာမှာ အာရက္ခတပ်တော်အနေဖြင့် ကြုံတွေ့နိုင်မယ့် စိန်ခေါ်မှုတချို့ ကို ဆွဲထုတ်ကြည့်ချင်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများ

လူမျိုးရေးပဋိပက္ခ - ရက္ခိုင်ဒေသမှာ အထူးသဖြင့် ဘာသာရေးကို အခြေခံပြီးဖြစ်ပွားတဲ့ လူမျိုးရေးတင်းမာမှုတွေဟာ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပါတယ်။ အထင်ရှားဆုံးပြဿနာတွေကို ပြောရရင် ၁၉၄၂ ခုနှစ် မူဂျာဟစ်သောင်းကျန်းမှု၊ ၂၀၁၂ ခုနှစ် အရေးအခင်း၊ ၂၀၁၇ ခုနှစ် အရေးအခင်းတွေဟာ နှစ်ဖက်အသိုင်းအဝိုင်းမှ ပြည်သူတွေကြား မေ့ပျောက်လို့မရတဲ့ ကိစ္စရပ်တွေအဖြစ် ရှိနေပါသေးတယ်။ ဒါကြောင့် အမြစ်တွယ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကို အာရက္ခတပ်တော်အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပြီး ဒါမှသာ လူမှုသဟဇာတဖြစ်ရေးကို ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာတော့ အကြမ်းဖက်မှု၊ ပဋိပက္ခချုပ်ငြိမ်းရေးနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ပြည်သူတွေကို ပြန်လည်နေရာချထားရေးတို့ဟာလည်း အရေးပါပါတယ်။

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ဝင်ရောက်စွက်ဖက်မှု - အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးမှာ နိုင်ငံတကာက မြန်မာနိုင်ငံကို မြင်တဲ့ ရှုမြင်ပုံဟာ အရင်နဲ့ မတူတော့ပါဘူး။ နိုင်ငံတွင်း အစုလိုက် အမြုံလိုက် သတ်ဖြတ် ကျူးလွန်မှုများအပါအဝင် စစ်ရာဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ စစ်ကောင်စီကို အနောက်နိုင်ငံအများစုက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုလုပ်လာပါတယ်။ သို့သော်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးပြေလည်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေကတော့ စစ်ကောင်စီဖက်က လက်ရှိအချိန်ထိ ရပ်တည်နေဆဲလို့ ပြောနိုင်ပါတယ်။ အာရက္ခတပ်တော် နယ်မြေစိုးမိုးမှုအားကောင်းလာတဲ့ ရက္ခိုင်ဒေသအရေးကိုလည်း နိုင်ငံတကာက စောင့်ကြည့်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ အာရက္ခတပ်တော်အနေနှင့် နိုင်ငံတကာ သံတမန်လမ်းကြောင်းများ သွားလာဖို့ လိုအပ်သလို နိုင်ငံတကာအဖွဲ့အစည်းများထံမှ ပြစ်ဒဏ်ခတ်အရေးယူမှုများကို ရှောင်ရှားဖို့ လိုအပ်ပါလိမ့်မယ်။ လက်ရှိစစ်ကောင်စီနှင့် ပြေလည်နေတဲ့ တရုတ်နှင့် အိန္ဒိယတို့လို ဒေသတွင်း အင်အားကြီးနိုင်ငံတွေဟာလည်း ရက္ခိုင်အရေးကိစ္စကို (Geopolitics) ပထဝီနိုင်ငံရေး အကျိုးစီးပွားအရတော့ စကားပြော လာနိုင်ပါတယ်။

လူ့အခွင့်အရေးနှင့် ဒုက္ခသည် အကျပ်အတည်း

ဘင်္ဂလီမူဆလင်ပြဿနာ (Rohingya Crisis) - နိုင်ငံတကာကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများထဲမှ ဘင်္ဂလီမူဆလင် (ရိုဟင်ဂျာ)လူဦးရေအပေါ် ဖိနှိပ်မှုလို့ ရှုမြင်ကြပါတယ်။ ဘင်္ဂလီမူဆလင်လူမျိုးတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူနည်းစုဆိုပေမယ့် ပဋိပက္ခဖြစ်ပွားရာ မောင်တော၊ ဘူးသီးတောင်ဒေသမှာတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ဒေသခံလူမျိုး (၂၅) ရာခိုင်နှုန်းသာရှိပြီး မူဆလင်လူမျိုး (၇၅) ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အထွေထွေအုပ်ချုပ်ရေးစီးဌာနရဲ့ ၂၀၁၉ အချက်အလက်တွေအရ သိရပါတယ်။ The United Nations Convention On The Rights Of The Child (UNCRC) အခန်း (၁)အရ လူတစ်ဦးဟာ မွေးဖွားတဲ့နိုင်ငံမှာ နိုင်ငံသား တရားဝင်နိုင်ငံသားဖြစ်ရေးနှင့် နိုင်ငံသား အခွင့်အရေးကို ရပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။ သို့ပေမယ် မြန်မာနိုင်ငံရဲ့ ၁၉၈၂

ONE NATION NEWS

24 Oct, 12:53


နိုင်ငံသားဥပဒေအရ အဆိုပါလူမျိုးတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ထားပါတယ်။ အဆိုပါ နိုင်ငံသားဖြစ်ခွင့်ရရှိရေးဟာ ရှုပ်ထွေးတဲ့ကိစ္စရပ်ဖြစ်တာကြောင့် အာရက္ခတပ်တော်အနေနဲ့လည်း သတိထား ကိုင်တွယ်သင့်တဲ့ ကိစ္စတခုဖြစ်နေပါတယ်။ နောက်ထပ်တခုအနေဖြင့် စစ်ကောင်စီအမွေပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ ပြန်လာရေးကို ဖြေရှင်းရန် လိုအပ်ပြီး ပဋိပက္ခချုပ်ငြိမ်းရေးအတွက် မတူညီသော လူမျိုးစုအသိုက်အဝန်းများကြား ပြန်လည်သင့်မြတ်ရေးကို ဦးတည်လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။

Internally Displaced People (IDPs) - အာရက္ခတပ်တော်နှင့် စစ်ကောင်စီကြား စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရက္ခိုင်ဒေသရဲ့ မြောက်ပိုင်းမြို့နယ်တွေအများစုမှာ ဒေသခံအများစု နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ရက္ခိုင်ပြည်သိမ်းတိုက်ပွဲမှာတော့ မြောက်ပိုင်းရော တောင်ပိုင်းတွေပါ ဒေသခံအများစု နေရပ်စွန့်ခါ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့မှု၊ လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရက္ခိုင်ဒေသအတွင်း အရပ်သားနေအိမ်တွေ သိန်းနှင့်ချီ ပျက်စီးခဲ့ရပါတယ်။ အဆိုပါ နေရပ်စွန့်ခွာနေရသူများ အိမ်ပြန်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုကြီး တခုဖြစ်နေပါတယ်။

လူ့သားအရင်းအမြစ်နှင့် Economic Viability

လူ့သားအရင်းအမြစ် - မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှု အနှေးဆုံးနှင့် စာတတ်မြောက်မှု အနိမ့်ဆုံးဒေသတခုဖြစ်တဲ့ ရက္ခိုင်ဒေသမှာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စိန်ခေါ်မှုဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် နိုင်ငံသစ်ထူထောင်ခြင်းအတွက် ကြီးမားတဲ့ ပြဿနာတခုဖြစ်လာနိုင်ပါတယ်။ အရည်အသွေးပြည့်မီသော ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။ ဒါကြောင့အဆိုပါ ပညာရပ်တွေကို လက်လှမ်းမီစေရေးဟာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရုံသာမက ခေတ်မီစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ပညာရေးကို မြင့်တင်ပေးမှသာ ဒေသန္တရအုပ်ချုပ်မှုကို ကောင်းမွန်စွာလည်ပတ်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှုတွေကို ထိရောက်စွာ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

အခြေခံအဆောက်အအုံနှင့် အရင်းအမြစ်စီမံခန့်ခွဲမှု - ရက္ခိုင်ဒေသမှာ လမ်းတံတား၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစနစ်အပါအဝင် အရေးပါသော အခြေခံအဆောက်အအုံတွေ အတော်လေး အားနည်းတယ်လို့ ပြောဆိုနိုင်ပါတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ သဘာဝသယံဇာတ ထွက်ရှိပေမယ့် အဆိုပါ သယံဇာတတွေကို မြန်မာနိုင်ငံဗဟိုအစိုးရနဲ့ နိုင်ငံခြားကုမ္ပဏီတွေက ထိန်းချုပ်ထားပါတယ်။ ဒီအခင်းအကျင်းလည်း အာရက္ခပြည်သူထုကို လက်နက်ကိုင် တော်လှန်ဖို့ တွန်းအားတခုဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။ ပဋိပက္ခတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ဒေသတစ်ခုတခုအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေးကိစ္စတွေမှာ စိန်ခေါ်မှုများရှိလာနိုင်ပါတယ်။

ကုန်သွယ်မှုနှင့် စျေးကွက်ဝင်ရောက်ခွင့် - ရက္ခိုင်ဒေသဟာ မိုးများတဲ့ဒေသဖြစ်ပြီး ရှုမဆုံးနိုင်တဲ့ စိုက်ပျိုးစရာ လွင်ပြင်တွေ အများကြီးရှိပါတယ်။ ဗြတိသျှကိုလိုနီခေတ်မှာတော့ သစ်၊ ဆန်စပါးနဲ့ ဆားလုပ်ငန်းတွေဟာ နိုင်ငံတကာစေ◌ျးကွက်သို့ထိ တင်ပို့နိုင်အောင်ထွက်ရှိခဲ့တဲ့ ဒေသတခုလည်း ဖြစ်ခဲ့ပါတယ်။ လူဦးရေထူထပ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေချ့်နိုင်ငံတွေနဲ့လည်း နယ်နမိတ်ချင်း ထိစပ်နေပါတယ်။ အဆိုပါနိုင်ငံတွေရဲ့ စျေးကွက်ကို ဒေသထွက်ကုန်တွေ တင်ပို့နိုင်နိုင်ပါတယ်။ သို့ပေမယ့် ဒေသအတွင်း မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး အိမ်နီးချင်းနိုင်ငံတွေက ပိတ်ဆို့မှုများ ပြုလုပ်လာလျှင် ကုန်သွယ်ရေး စျေးကွက်ဝင်ရောက်ခွင့်ရရှိရေးမှာ စိန်ခေါ်မှုတော့ ဖြစ်လာနိုင်ပါတယ်။

လူမှုသဟဇာတဖြစ်ရေးနှင့် အုပ်ချုပ်ရေး

ယုံကြည်မှုတည်ဆောက်ခြင်း - မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကတည်းက ရက္ခိုင်ဒေအတွင်း လူမျိုးရေးဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုတွေဟာ နှစ်ဖက်လူမှုအသိုင်းအဝိုင်းတွေကြား ယုံကြည်မှုပျက်ပြားသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒေသတွင်း လူမှုသဟဇာတဖြစ်ရေးကို ပြန်လည်တည်ဆောက်ခြင်းဟာ ခက်ခဲ့ပြီး လေးနက်တဲ့ လုပ်ဆောင်မှုတခုဖြစ်ပါတယ်။ နှစ်ဖက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတည်ဆောက်ခြင်းနှင့် လူမှုသဟဇာတဖြစ်ရေးအတွက် ဒေသတွင်း အားလုံးပါဝင်နိုင်တဲ့ အုပ်ချုပ်ရေးစနစ် လိုအပ်ပြီး ဒါဟာလည်း ခက်ခဲသော လုပ်ငန်းစဉ်တစ်ခုအဖြစ် တွက်ဆထားဖို့ လိုအပ်ပါမယ်။

အုပ်ချုပ်မှုထူထောင်ခြင်း - အစိုးရအသစ်၊ ဥပဒေဘောင်နှင့် အင်စတီကျူးရှင်းများကို စတင်ဖန်တီးခြင်းဟာ ကြီးမားသော အလုပ်တစ်ခုဖြစ်ပါတယ်။ ဒီအထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်း၊ တရားစီရင်ရေး၊လုံခြုံရေးစနစ်များ တည်ဆောက်ခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်မှု အတွေ့အကြုံနည်းပါးသော ဒေသမှာ လည်ပတ်နေသော ဗျူရိုကရေစီ ထူထောင်ခြင်းတို့ ပါဝင်ပါမယ်။ အုပ်ချုပ်ရေးယန္တရားထဲမှာလည်း

ONE NATION NEWS

24 Oct, 12:53


နှစ်ဖက်အသိုင်းအဝိုင်းပါဝင်ဖို့လိုအပ်ပါမယ်။ အုပ်ချုပ်ရေးစနစ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန် လိုအပ်ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေမှာ လာဘ်ပေးလာဘ်ယူမှု၊ အဂတိမှု၊ အကျင့်ပျက်ခြစားမှုတွေ ကင်းရှင်းဖို့ အထူးအလေးအနက်ထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် သံတမန်ဆက်ဆံရေး

နိုင်ငံတကာအသိအမှတ်ပြုခြင်း - လက်ရှိ ကမ္ဘာ့အခင်းအကျင်းအရ နိုင်ငံသစ်တစ်ခု ကြေငြာလျှင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေးမှာ ဘယ်နိုင်ငံမဆို ကြီးမားတဲ့ အတားအဆီးတွေနှင့် ရင်ဆိုင်ရတတ်ပါတယ်။ မကြာသေးမီက အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်ပိုင်နိုင်ငံအဖြစ် ခွဲထွက်ခဲ့သော အရှေ့တီမော့နိုင်ငံကို ကြည့်ရှုနိုင်ပါတယ်။ လူဦးရေ ၁ ဒသမ ၃၇ သန်းရှိတဲ့ အရှေ့တီမောနိုင်ငံဟာ ၂ဝဝ၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကို ၁၉၆၇ခုနှစ်မှာ စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ ထိုင်း ၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဘရူနိုင်း၊ ၁၉၉၅ ခုနှစ်မှာ ဗီယက်နမ်၊ ၁၉၉၇ ခုနှစ်မှာ မြန်မာ နဲ့ လာအို၊ ၁၉၉၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ထပ်မံဝင်ရောက်ခဲ့ပါတယ်။ အရှေ့တီမောနိုင်ငံကတော့ အာဆီယံအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ရေးမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အတားအဆီး ခံထားရပါတယ်။

ပထဝီနိုင်ငံရေး အကျိုးစီးပွားများ - ရက္ခိုင်ဒေသဟာ အရေးပါတဲ့ ရေလမ်းကြောင်းတွေရဲ့ အနီးမှာ ဗျူဟာမြောက်တည်ရှိပါတယ်။ အမေရိကန်နှင့် တရုတ်နိုင်ငံရဲ့အားပြိုင်မှုဟာ မကြာသေးမီက ပြင်းထန်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အာရှတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း(BRI)အောက်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ နောက် ရက္ခိုင်ဒေသမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ ရထားလမ်းချိတ်ဆက်မှုတို့ ပါဝင်တဲ့ တရုတ် - မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းကြီး ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကုလားတန်စီမံကိန်းတွေရှိနေပါတယ်။ ဒါကြောင့် ရက္ခိုင်ဒေသကို အဆိုပါ အင်အားကြီး နှစ်နိုင်ငံစလုံးက အကျိုးစီးပွားတွေနဲ့အတူ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ အဆိုပါအကျိုးစီးပွားတွေကို အသုံးချပြီး နိုင်ငံသစ်အပေါ် လုံခြုံရေးနှင့် အသိအမှတ်ပြု အာမခံရေးအတွက် အသုံးပြုနိုင်ပါတယ်။

နိဂုံးအားဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ရက္ခိုင်ဒေသလို နေရာကို အုပ်ချုပ်ရေးနှင့် နိုင်ငံသစ်တစ်ခု ထူထောင်ရာမှာ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး ပဋိပက္ခများတွေလို စိန်ခေါ်မှုတွေ ကြုံတွေ့နိုင်သလို ပထဝီနိုင်ငံရေးအရ အားသာချက်တွေလည်း အများကြီးရှိပါတယ်။ အဆိုပါပြဿနာတွေကို အာရက္ခတပ်တော်က လိမ်မာပါးနပ်စွာ ဖြေရှင်းနိုင်ပါက နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် စီးပွားရေးအာမခံချက်တွေ ရရှိနိုင်ပါတယ်။ ဒေသတွင်း ရှုပ်ထွေးသော သမိုင်းကြောင်းနှင့် နိုင်ငံတကာသံခင်းတမန်ခင်းကိစ္စရပ်တွေကို ကောင်းမွန်တဲ့ ချဉ်းကပ်တွေနဲ့ဖြေရှင်းနိုင်လျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာတွေနဲ့အတူ အဆိုပါစိန်ခေါ်မှုတွေကို အားသာချက်တွေအဖြစ် ပြောင်းလဲနိုင်ပါကြောင်း ။

မောင်မိုးဇ
One Nation News
#Article_ONN
@

ONE NATION NEWS

22 Oct, 22:33


ကြက်သွန်နီ မက်ထရစ်တန် (၂၀၀) မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ရောက်ရှိ

One Nation News ၊ အောက်တိုဘာ ၂၂၊ ၂၀၂၄

မြန်မာ-ဘင်္ဂလားဒေ့ချ် နယ်စပ်ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရပ်တန့်သွားရာမှ ယမန်နေ့ အောက်တိုလာ ၂၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ချ် နိုင်ငံ စစ်တကောင်း၊ ကောဆ့်ဘာဇာ (ခ) ဖလောင်းချိတ်ခရိုင် တက္ကနာမြို့ရှိ ဆိပ်ကမ်းသို့ ကြက်သွန်နီမက်ထရစ်တန်ချိန် (၂၀၀) တင်ပို့လာသည်ဟု United Land Port taknaf limited မန်နေဂျာ ဆွေယော့ မိုဟာမက် အဏ္ဏဝါ ဟိုချင်းမ်းက ပြောဆိုသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ တင်ပို့လာသည့် အဆိုပါ ကြက်သွန်နီများသည် ရန်ကုန်မှ တက္ကနာဆိပ်ကမ်းသို့ တိုက်ရိုက် ကုန်တင်သင်္ဘောများဖြင့် တင်သွင်းခြင်းဖြစ်သည်ဟု ဆိပ်ကမ်း အကောက်ခွန်ဌာန တာဝန်ခံ အာဘ်ဒူလာ အာလ်မာချုမ်းက ပြောဆိုသည်။

“ မြန်မာကနေ သင်္ဘောနဲ့ ကြက်သွန်နီ ဂုန်နီအိတ်ကြီး (၃၃၀၀၀) ၊ ငါးခြောက်အိတ်တွေ ကွမ်းသီးခြောက်အပါအဝင်တခြား ခွင့်ပြုသတ်မှတ် ကုန်ပစ္စည်းတွေ ပါလာပါတယ်၊ ကျွန်တော်တို့က သင်္ဘောပေါ်ကပစ္စည်းတွေ ချပြီးတော့ တနိုင်ငံလုံးသို့ သက်ဆိုင်ရာ ကုမ္မဏီတွေဆီ ပို့ပေးလိုက်ပါတယ်" ဟု ပြောဆိုသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံကို ရေလမ်းကြောင်းမှ မြန်မာက အထွေထွေစားကုန်၊ ရေချိုငါး၊ ငါးခြောက် သစ်၊ ဆန် ၊ နွားနှင့် ကျွဲ တရားဝင် တင်သွင်းခွင့်ပြုထားသော်လည်း ဘင်္ဂလားဒေ့ချ်နိုင်ငံသည် မြန်မာနိုင်ငံမှာ လိုအပ်သည့် ဆေးဝါး၊ ဘိလပ်မြေ များကို ခွင့်မပြုဟု ရန်ကုန်မှ ကုန်တင်သင်္ဘောနှင့် ရောက်နေသည့်
ကုန်သည်တချို့က ပြောဆိုသည်။

ယခင်က ဘင်္ဂလားဒေ့ချ်သို့ မောင်တောမြို့နယ် ကညင်ချောင်းစီးပွါးရေးဇုန်မှ တဆင့် မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ပို့ဆောင်နေခြင်းဖြစ်ပြီး ယခုအခါ အာရက္ခတပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင်း ရန်ကုန်မှ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နေကြောင်း စုံစမ်းသိရှိရပါသည်။

ဓာတ်ပုံ - ကုန်တင် သင်္ဘောများပုံ

One Nation News

ONE NATION NEWS

22 Oct, 22:33


အာရက္ခဒေသ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်

အာရက္ခဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများမှာ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်များတွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိနေသကဲ့သို့ တောင်ကုတ်မြို့ပတ်ဝန်းကျင်၌လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိသည်။

စစ်တွေမြို့ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများမှနေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များဘက်သို့ ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ပင်လယ်ပြင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း နေ့တိုင်းပြုလုပ်လျက်ရှိသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့တိုင်းဖြစ်ပျက်လျက်ရှိသည်။

မောင်တောမြို့တွင် ဖက်ဆစ်အကြမ်း ဖက်စစ်ကောင်စီ၏ နခခ (၅) စခန်းတစ်ခုသာ ကျန်ရှိနေပြီ ဖြစ်သော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များ၌ အာရက္ခတပ်တော်မှ လောလောဆယ် လက်လှမ်းမမှီသေးသော နေရာအချို့နှင့် တောထူထပ်သောတောင်တန်းများထဲတွင် ARSA၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် တပ်စခန်းများကို အခိုင်အမာတည်ဆောက်ပြီး ခိုအောင်းလျက်ရှိကြသည်။ ထို့အပြင် ၎င်းနေရာများကို ဗဟိုပြုထားပြီး ARSA၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူလူထုများအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက် သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ အချို့နေရာများ၌ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် ARSA ၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ရေးလှုပ်ရှားကာ မိမိတို့အား လာရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဤအစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းလှပါသည်။ ဤဖြစ်ရပ်များမှာ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည်။

ထို့ကြောင့် မိမိတို့ အာရက္ခတပ်တော်သည် မောင်တော နှင့်ဘူးသီးတောင်မြို့ပတ်ဝန်းကျင်များ၌ ARSA ၊ RSO ၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သော နေရာများ နှင့် စစ်ကောင်စီမှ သင်တန်းပေးထားပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက်ကိုင် အချိုတို့အား လိုက်လံရှင်းလင်းလျက်ရှိသောကြောင့် ယခုရက်များအတွင်း မိမိတို့နှင့် ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာ၏ အနောက်မြောက်ဘက် (၆.၂) ကီလိုမီတာအကွာအဝေး၌ရှိသော တောင်တန်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်၌ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက်တွင် အဆိုပါ ပတ်ဝန်းကျင်များ၌ ထိတွေ့တိုက်ပွဲ (၅) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာ (၄) နေရာ၊ အကြမ်းဖက် စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် အစွန်းရောက်အကြမ်း ဖက်လက်နက် ကိုင်တပ်ဖွဲ့ဝင် အလောင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်ခန့်အချိန်တွင်လည်း မောင်တောမြို့နယ်၊ ဂြင်းတောစခန်း၏ အရှေ့ဖက် (၃.၇) ကီလို မီတာအကွာ၌လည်း ထွက်ပြေးနေသော ARSA အစွန်းရောက် အကြမ်းဖက်လက် နက်ကိုင် တပ်ဖွဲဝင်များနှင့် မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

တစ်ပြိုင်နက်တည်းတွင် ထွက်ပြေးလွတ်မြောက်နေသော အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်စစ်ကောင်စီမှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်တပ်ဖွဲ့ဝင်များကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။

သတင်းနှင့် ပြန်ကြားရေး
အာရက္ခတပ်တော်

ONE NATION NEWS

22 Oct, 10:21


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်နှင့်အတူ ပူးတွဲစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် (၂) ကျဆုံးဟုဆို

One Nation News ၊ အောက်တိုဘာ ၂၂၊ ၂၀၂၄

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း အဆိုပါတော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF) ရဲဘော် 586 သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်နေစဉ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပြီး အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) က ရဲဝေပိုင်အောင် (ခ) ပိုင်ကြီးသည် အမ်းမြို့နယ်က စစ်ဆင်ရေးမှာ ကျဆုံးခဲ့ကြောင်း ဆိုသည်။

ရက္ခိုင်ပြည်တခုကို သိမ်းပိုက်ရနိုင်ရေ အာရက္ခတပ်တော် AA ၏ ထိုးစစ်တွင် အညာဒေသမှ ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များက AA ဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသည်။

ဓာတ်ပုံ - PIA တပ်ဖွဲ့ဝင်များပုံ

One Nation News

ONE NATION NEWS

22 Oct, 02:17


အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၊ ရွာသား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

One Nation News ၊ အောက်တိုဘာ ၂၂၊ ၂၀၂၄

အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသား ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားကြောင်း သိရသည်။

"နပခထဲက လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်တယ်။ လေယာဥ်တွေနဲ့လည်း လာပစ်တယ်။ ကျနော်တို့မှာ ပြေးစရာ မြေလည်းမရှိတော့ဘူး။ မနေ့က နေ့လည်က ရွာထဲမှာကျလို့ ရွာသား ၃ ဦးသေတယ်။ ၅ ဦးဒဏ်ရာရသွားပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ လောင်းစပ်ရွာမှ ကိုဖြိုးမင်းသူ အသက် (၁၇) နှစ်၊ ဦးညို အသက် (၆၀) နှစ်နှင့် ဦးအောင်သိန်း အသက် (၇၅) နှစ်တို့ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများမှာ မချစ်သက်ဝေ အသက် (၁၄) နှစ်၊ ဒေါ်နှင်းအိဖြူ အသက် (၃၉) နှစ်၊ ဒေါ်တင်နု အသက် (၇၀) နှစ်၊ ဒေါ်စိုးစိုး အသက် (၄၆) နှစ်နှင့် ဦးတင်သိန်း အသက် (၅၈) နှစ်တို့ ဖြစ်ကြသည်။

လောင်းစပ်ကျေးရွာမှာ အမ်းမြို့ နပခ အနီးတွင်ရှိပြီး တပ်တောင်မြို့ဖက်သို့ သွားရာ လမ်းတွင်ရှိသည်။ အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား အာရက္ခတပ်တော် က ဒေါင့်စုံမှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်ကောင်စီဖက်ကလည်း လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် နေ့ရော ညိည့်ပါ အဆက်မပြတ် ပသ်ခတ်လျက်ရှိကြောင်း အမ်းမြို့ခံများက ပြောသည်။

အမ်းမြို့တွင် နပခ၊ ၃၇၃၊ ၃၇၂၊ ၃၇၁၊ GE၊ BE စသည့်တပ်များ လက်ကျန်အဖြစ် ကျန်နေသေးကြောင်း စစ်ရေးအရင်းအမြစ်များအရ သိရသည်။ ထို့အပြင် အမ်းမြို့အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းအချို့အားလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး မြို့ဝင်/ထွက် လမ်များအားလုံးကိုလည်း စစ်ကောင်စီက တင်းကြပ်စွာ ပိတ်ဆို့ထားကြောင်း သိရသည်။

ဓာတ်ပုံ - အမ်းမြို့အဝင်

One Nation News