နိုဝင်ဘာ၁၅၊မေယုဌာနေ
ယမန်နေ့ညပိုင်း၈နာရီအချိန်ခန့်ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မြောက်ဘက်ဇူဠရွာအတွင်းရှိAA အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ၈ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းULA/AAအဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍မောင်တောမြို့ပေါ်တွင်နေထိုင်သည့်ULA/AAအဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ“မနေ့ညတုန်းကAAအဖွဲ့တွေနခခ၅ကို(၁၀)နာရီလောက်မှာထပ်သွားတိုက်တယ်၊သူတို့သွားမတိုက်ခင်အချိန်မှာဖြစ်သွားတာ၊ဟိုတစ်နေ့က နခခ၅ကနေဒဏ်ရာတွေနဲ့ပြန်ပြေးလာတဲ့အဖွဲ့တွေကိုသူတို့ခေါင်းဆောင်ကနောက်တစ်ကြိမ်ထပ်သွားခိုင်းတာ၊ပြန်ပြေးလာတဲ့အဖွဲ့ကမောင်တောတောင်ပိုင်းသားတွေ၊တိုက်ခိုင်းတာကAAစစ်ဒေသမှူးဦးဆောင်တဲ့မောင်တောမြောက်ပိုင်းအဖွဲ့၊မင်းတို့ကျတော့မတိုက်ဘူး၊ငါတို့တို့ကျတော့ရှေ့ကအသေခံတက်ခိုင်းတယ်ဆိုပြီးစကားများကြတယ်၊သူတို့ကိုမတိုက်ရင်ပစ်သတ်မယ်ဆိုပြီးတစ်ယောက်ကိုပစ်သတ်ပြတဲ့အချိန်အသတ်ခံရတဲ့တောင်ပိုင်းသားတွေကဝိုင်းပစ်လို့(၇)ယောက်ပွဲချင်းပြီးသေတယ်လို့ကြားတယ်၊စုစုပေါင်း ၈ယောက်သေတယ်၊ပြီးခဲ့တဲ့ရက်ပိုင်းက အလောင်းတွေတင်လာတဲ့စက်လှေဆိုလည်းအခုထိဒီအတိုင်းထားထားတာလောက်တွေပါတက်နေပြီ၊အဲ့ဒီနေ့တုန်းကသူတို့ဘက်ကသေတာ၆၂ဦးလို့ပြောနေသံကြားတယ်၊မတိုက်ရဲလို့မြို့ထဲကိုပြန်ပြေးလာတဲ့သူတွေလည်း မြို့ထဲကအိမ်တွေထဲမှာလာပုန်းနေကြတာအများကြီး၊အဲ့ဒီအဖွဲ့တွေကိုULAလိုက်ရှာဖမ်းဆီးနေတာတွေလည်းရှိတယ်”ဟုပြောသည်။
မိမိတို့သတင်းဌာနစုံစမ်းသိရှိ္ရသည့်သတင်းများအရပြီးခဲ့သည့်ရက်ပိုင်းကလည်းအမ်းမြို့၊ပဲပဒုံစခန်းအားတိုက်ခိုက်စဉ်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲပဒုံစခန်းမှပြန်လည်ထွက်ပြေးသည့်မကွေးPDFအဖွဲ့ဝင်၁၂ဦးအားAA ခေါင်းဆောင်မှလိုက်လံပစ်ခတ်ရာ မကွေးPDFအဖွဲ့ဝင်(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး၁၀ဦးမှာလွတ်မြောက်သွားကြောင်းသိရှိရသည်။
https://t.me/newsmayyu/14246