APM ၊ ဒီဇမ်ဘာ ၃ / ၂၀၂၄
ဘူးသီးတောင်မြို့အတွင်းက လူမျိုးပေါင်းစုံ၏ပစ္စည်းတိကို ပြန်လည်အပ်နှံခြင်းနန့် ပစ္စည်းတိကို ပြန်လည် ယူဆောင်ခွင့်ပြုခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်တရပ်ကို အာရက္ခတပ်တော်AA က ဒေနိ(ဒီဇမ်ဘာ ၃ ရက်နိ) မာ ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်အတွင်း "အာရက္ခတပ်တော်၏ အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း၌ မြို့သိမ်းတိုက်ပွဲများမစတင်မီ၊ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနီသောကာလ နန့် မြို့အားသိမ်းယူပြီးစအခြေအနီများတွင် မြို့အသီးသီးမှ သူခိုးများသည် စစ်ပွဲများကြောင့် ဖြစ်ပေါ်နီသောအခွင့်အရေးများ နန့် အာရက္ခပြည်သူ့ တော်လှန်ရီးအစိုးရ၏ အုပ်ချုပ်ရီး၊ တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီး အစီအမံများကို ကောင်းမွန်စွာ မချထားနိုင်သိမ့်သောအခိုက်အတန့်များကြား နန့် ဟာကွက်များကြားမှ ဖြစ်ပေါ် နီသော အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး ၎င်းမြို့များပေါ်မှ သူခိုးများသည် လူမျိုးပေါင်းစုံ၏ လူနီအိမ်များထံမှ လွယ်ကူစွာ သယ်ယူ/ဖြုတ်ယူရဟိနိုင်သောပစ္စည်းများကို လစ်လျှင်လစ်သကဲ့သို့ ခိုးယူလားခြင်း၊ ဖျက်ဆီးလားခြင်းများကို တွိဟိရပါသည်” လို့ဖော်ပြထားပါရေ။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခရေ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နိနောက်ပိုင်းကစလို့ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တိက လူနီအိမ်၊ တိုက်တာ အဆောက်အအုံတိကိုတမင်တကာ ရည်ရွယ်ချက်ဟိဟိနန့် မီးတိုက်ဖျက်ဆီးခရေလူတိနန့် သူခိုးတိကို တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီး တပ်ဖွဲ့ဝင်တိက လိုက်လံရှာဖွီဖမ်းဆီးပြီးကေ သက်သီခံပစ္စည်းတိ၊ ထွက်ဆိုချက်တိအပေါ် အခြီခံလို့ တရားဥပဒေနည်းလမ်း ကျကျ စစ်ဆီး အပြစ်ပီးအရေးယူလို့ဟိရေလို့ ဆိုပါရေ။
"ရာချီသော သူခိုးများနန့် ခိုးရာပါပစ္စည်းလက်ခံထားသူများကို မိမိရို့လုံခြုံရီးတပ်ဖွဲ့မှဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆီးပြီးနောက် အပြစ်ပီးအရေးယူထားပြီးဖြစ်သည်။ မိမိရို့ ဖမ်းဆီးအပြစ်ပီးထားသော သူခိုးအများစုမာ ဘူးသီးတောင်မြို့မှ ဘင်္ဂလီမူဆလင်များဖြစ်ကတ်ပြီး ၎င်းရို့သည် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ သင်တန်းဆင်းထားကတ်သောသူများ၊ အကြမ်းဖက် မီးတိုက်ဖျက်ဆီးကတ်သောသူများ၊ ARSA၊ RSO၊ ARA နန့်ဆက်စပ်နီကတ်သောသူများဖြစ်ကတ်သည်” လို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ယင်းအပြင် အာရက္ခဒေသစစ်ပွဲကာလတိအတွင်း ဘူးသီးတောင်မြို့ထက်ဟိ လူမျိုးပေါင်းစုံနီအိမ်တျက ခိုးယူခံခရရေ ပိုင်သျှင်အစစ်အမှန်တိ၏ တိုင်တန်းချက်တိအရ ဘူးသီးတောင်မြို့ လုံခြုံရီးတပ်ဖွဲ့က ရှာဖွီတွိဟိခရေ ပစ္စည်းတိကို မူလပိုင်သျှင်တိလက်ထဲသို့ တရားဝင်အခမ်းအနားနန့် ပြန်လည်အပ်နှံခစွာတိကို ၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ ၃၀ ရက်နိက ဘူးသီးတောင်မြို့တနီရာမာ ပြုလုပ်ခပြီး၊ ယင်းနိတရက်တည်းမာ ပိုင်သျှင်အစစ်အမှန် ၃၁ ယောက် လက်ထဲသို့ သူရို့၏ ပစ္စည်းတိကို ပထမအကြိမ်အနီနန့် ကောင်းမွန်စွာအပ်နှံထားခပြီးဖြစ်ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ သိရပါရေ။
တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာနကသိမ်းဆည်းရဟိထားရေ ပိုင်သျှင်မဲ့ပစ္စည်းတိကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြည်သူရို့၏ လက်ဟိစားဝတ်နီရီး အခက်အခဲတိကို ဖြီယှင်းနိုင်ဖို့အတွက် ယင်းသို့ တရားဝင်အခမ်းအနားမျိုးကျင်းပပြီးကေ ပြည်သူလူထုရို့ဘားသို့ လွှဲပြောင်းပီးအပ်ခစွာလို့ သိရပါရေ။
ယင်းအပြင် ကျန်ဟိနီသိမ့်ရေ တခြားပစ္စည်းတိကိုလည်း ပိုင်သျှင်အစစ်အမှန်ရို့လက်ထဲသို့ ရောက်ဟိရီးအတွက် လုံခြုံရီးအာမခံချက်ဟိရေ အခြေအနီနန့် နိရက်တိမာ ဆက်လက်အပ်နှံလားဖို့လို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ဘူးသီးတောင်မြို့က ကာယကံသျှင်ပိုင်သျှင်ရို့၏ လက်ဟိရာသီဥတု၊ ကျန်းမာရီး၊ အထွေထွေအခက်အခဲ၊ အကျပ်အတည်းလိုအပ်ချက်တိကြောင့် ဖြီယှင်းပီးဖို့ အုပ်ချုပ်ရီးအဖွဲ့တိဘား တင်ပြတောင်းဆိုလာမှုတိလည်းဟိခကြောင်း၊ ယင်းကြောင့် တိုက်ပွဲတိအတွင်း မပျောက်မပျက်ဘဲ နဂိုအတိုင်းကျန်နီခရေ ဟိရင်းစွဲပစ္စည်းတိ၊ တိုက်ပွဲတိအတွင်း ပျက်စီးလားစွာက ကာကွယ်ဖို့အတွက် အာရက္ခ စစ်သည်တော်ရို့၊ တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးတပ်ဖွဲ့ဝင်ရို့က လုံခြုံရေနီရာတိသို့ ရွိပြောင်းထားနိုင်ခရေ ပစ္စည်းတိကိုလည်း ၎င်းရို့ပိုင်သျှင်စစ်တိ ကိုယ်တိုင်ကိုယ်ကျပြန်လည်ယူဆောင်ခွင့်ကို အကန့်အသတ်နန့် ခွင့်ပြုပီးလို့ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားချက်အရ သိဟိရပါရေ။
Website Link >>
https://arakanprincess.media/?p=29314
ပုံစာ - ဘူးသီးတောင်မြို့ဟိ လူမျိုးပေါင်းစုံနီအိမ်များမှ သူခိုးများခိုးယူထားသော သက်သီခံပစ္စည်းများအား ပိုင်သျှင်များထံသို့ ပြန်လည်အပ်နှံနီစဉ် (AA Info Desk)