မြန်မာ့သတင်း🇲🇲 @myanmarnewsmm Channel on Telegram

မြန်မာ့သတင်း🇲🇲

@myanmarnewsmm


မြန်မာ့သတင်း🇲🇲 (Burmese)

မြန်မာ့သတင်း🇲🇲 သည် မြန်မာနိယင်များနှင့် ကမ္ဘာနှင့် အပြည်ပြည်နှင့်လည်း ကဗျာများနှင် ဒေါက်တာနှင် သက်ဆိုင်ရာသတင်းများ အားလုံးကို စတင်ပေးပြီး အထောက်အပံ့ဖတ်ပေးပါသည်။ ဤယောဉ်သည် လူများသည် နိင်ငံတောင်ပြည်ထောင်စုများကို ဆောင်ရွက်မှု အဖြစ်အစည်းများဖြင့် သေချာသေချာ မြန်မာနိယင်များကို နေ့လည် ပယ်ရှားလျှင်အားလုံးနှင့် ကမ္ဘာများကို ပြန်လည် နှိပ်စက်လက်စဉ်ပေါက် ဝင်ရောက်ခဲ့သောယူနိုင်ရန် အခုလိုလို အလိုရှင်များက အားလုံးအားလုံး စတင်လျှင်မြန်မာ့သတင်း🇲🇲လည်း သိရှိနိုင်စေသည်။

မြန်မာ့သတင်း🇲🇲

14 Jun, 17:49


မြန်မာကျပ်ငွေဖြင့် ချေးငွေလုပ်ငန်းအမည် အသုံးပြု၍ ငွေကြေးလိမ်လည်ခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ နှောက်ယှက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် Mobile Application များ

Online အန္တရာယ်သတိပြုဖွယ်
ဆောင်းပါးလင့်(ခ်): https://t.me/newsofmyanmar/10650

မြန်မာ့သတင်း🇲🇲

09 Jun, 18:07


ထိုင်းကယိုတဲ့.... ချီး
.........

ဖြိုးဝေ
၉. ၆. ၂၀၂၃
.........

တာလီဘန်တွေ အစိုးရဖြစ်တော့ သူတို့အကြမ်းဖက်တဲ့ဝဋ်တွေ ပြန်လည်နေကြတယ်။ မနေ့ကတင် အသ*ခံရတဲ့ပြည်နယ်ဒုအုပ်ချုပ်ရေးမှူးအတွက် ဗလီမှာဆုတောင်းပေးနေတုန်း ဗုံးကွဲတာ အနည်းဆုံး ၁၁ ယောက်သေတယ်။

ယူကရိန်းကျုးကျော်စစ်ဖြစ်တယ်။ လက်နက်တွေကိုင်ကြ တိုက်ကြ ခိုက်ကြ။ အမိမြေကာကွယ်ကြနဲ့။

ဒါပေမဲ့ လူဦးရေ ၄၄ သန်းကျော်မှာ ၁၀ သန်းလောက်ကတော့ ပြည်ပထွက်ပြေးကြသလို ၃၄ သန်းလောက်ကလည်း စစ်ထဲဝင်မပါဘူး။ လူ သိန်းဂဏန်းလောက်ပဲတိုက်တာ။ ဒါပေမဲ့ အမိမြေကာကွယ်ဖို့ လက်နက်ကိုင်တဲ့လူသိန်းဂဏန်းက ကျန်တဲ့ ၄၄ သန်းကို "သူ့ကျွန်ခံချင်တဲ့ကောင်"တို့ "အမိမြေမချစ်တဲ့ သစ္စာဖောက်လောက်ကောင်"တို့ "ယူကရိန်းဘက်မပါရင် ဒလန်"ဆိုတာမျိုးနဲ့ သ*မယ်ဖြတ်မယ်မပြောကြ မကဲ့ရဲ့ကြပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ကပြည်သူတွေ အသိဉာဏ်ရှိလို့။

ထိုင်းမှာ အကြိမ် ၂၀ အာဏာသိမ်းတယ်။ အခုနောက်တစ်ကြိမ်သိမ်းဖို့ တာဆူနေတယ်။ ဒါပေမဲ့ ဘယ်ပြည်သူကမှ လက်နက်ကိုင်ရမယ်။ နိုင်ငံဖျက်ရမယ်။ သုညကပြန်စဖို့ အကုန်ဖျက်ဆီးမယ်။ အာဏာသိမ်းတာနဲ့ ပိတ်ဆို့ခိုင်းမယ်။ မလုပ်ပါဘူး။ သူတို့လက်နက်ကိုင်ရင် တိုင်းပြည်နဲ့ ပြည်သူပဲနာမယ်ဆိုတာ သူတို့သိတယ်။ ဒီလိုနာသွားရင် ထူထောင်ရခက်တယ်ဆိုတာ သူတို့သဘောပေါက်တယ်။ ပြည်သူကလက်နက်မကိုင်ဘဲ အေးအေးချမ်းချမ်းဆက်နေရင် အာဏာသိမ်းတဲ့သူတွေ ဆက်ဆုပ်ကိုင်လို့မရဘူးဆိုတာသဘောပေါက်တယ်။ ဒီတော့ သူတို့က အကြိမ် ၂၀ ရှိတာတောင် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်တယ်။

အဲဒီလို ဘာလို့တိုးတက်လဲဆိုတော့ သူတို့ပြည်သူတွေ အသိဉာဏ်ရှိလို့။

မြန်မာနိုင်ငံမှာ Coup လေးကြိမ်ဖြစ်တယ်။ ဖြစ်တိုင်းမှာ မွမွကြေသွားပြီး ကာလရှည်တယ်။ ဖျက်ဆီးရမယ်၊ ပိတ်ဆို့ရမယ်၊ သ*ရဖြတ်ရမယ်ဆိုပြီး မဆိုင်တာအကုန်လျှောက်ချတယ်။ အဲဒီတော့ ဖွပ်သထက်ညစ်ပြီး နိုင်ငံရောပြည်သူရော စုတ်ပြတ်သွားတယ်။

အဲဒီလို ဘာလို့ဖြစ်သလဲဆိုတော့ ဒီကပြည်သူတွေအသိဉာဏ်..... :)

အခု သဘာဝတရားရိပ်သာဆရာတော်က အကြမ်းဖက်မှုတွေရပ်ဖို့ ဒေါ်စုကပြောပေးဖို့ ဦးတင်ဦးကို သွားတွေ့ပြီး မေတ္တာရပ်ခံတယ်။

https://fb.watch/l2CVIZ438D/?mibextid=Nif5oz

ချက်ခြင်းပဲ စစ်ပွဲတွေဖြစ်နေမှ ငွေတွေရ၊ ဘဝတွေတင့်တယ်မဲ့သူတွေဆီက ဆရာတော့်ကို Taret ထား Blame တဲ့ ပို့စ်တွေ တက်လာတယ်။ အောက်မှာလည်း အနှစ် ၂၀ ကြာလည်း ချမှာပဲဆိုတဲ့ မန့်တွေအပြည့်နဲ့ :)

ဒီတော့ ဘာဖြစ်မလဲ တွေးကြည့်.....လွယ်လွယ်လေး။

စစ်ဖြစ်နေမှ စားရေးသောက်ရေးချောင်လည်မဲ့ဟာတွေ နှုိးဆော်တာနားယောင်နေသရွေ့ကတော့ ဒီပုံစံနဲ့ ဇာတ်မြောမှာပဲ.....

ကျွန်တော့်အမြင်ကတော့ ရှင်းရှင်းလေးပါ။ ထိုင်းလို ၃၃ ရာခိုင်နှုန်းကျော် ခြေဥအသစ်မထွက်လာအောင် အနှစ် ၂၀ လောက် အနိုင်မခံအရှုံးမပေးချနေမဲ့အစား Democracy Restored ကို ပြန်သွားရမယ်။ နိုင်ငံကို ထိုင်းလို အင်ဒိုနီးရှားလို Evolution နဲ့ သွားရမယ်။

ဒီနေရာမှာ အဲဒီအရွေ့ကို SAC နဲ့ NUG မှာ ဘယ်သူရွေ့ပေးနိုင်မလဲ ချိန်ဆရတယ်။

အခု NUG မှာ သူ့ကြားကာလဖွဲ့စည်းပုံဘာညာက ၂၀၀၈ ခြေဥတစ်ဝက်တောင်မမီတဲ့ ဘယ်သူမှမကြားဖူးတဲ့ ပေါက်ကရအဖွဲ့ ၂၀ ေလာက်နဲ့ဆွဲထားတာ။ မတော်တဆသူတို့နိုင်ရင် ခြေဥပြန်ဆွဲဖို့ သူတို့အာဏာယူထားမယ်။ တစ်ဖက်မှာလည်း သူတို့နိုင်တာမနှစ်သက်သူတွေနဲ့ တစ်ဖန်ပြန်တိုက်ရမယ်။ အဲဒီမှာ ဖက်ဒရယ်ခြေဥကို အနှစ် ၂၀ လောက်ထိုင်ဆွဲနေရင် ဒီတိုင်းပြည်ဟာ ပိုပိုစုတ်ပြတ်သွားမယ်။ ဒီတော့ လက်ရှိအနေအထားမှာ တိုင်းပြည်အရွေ့အတွက် လုပ်ပေးနိုင်တာက SAC ပဲ။ ဒီအရွေ့ဖြစ်ဖို့က အကြမ်းဖက်မှုတွေရပ်ဖို့လိုတယ်။

ဒါကြောင့် သဘာဝတရားရိပ်သာဆရာတော်က အကြမ်းဖက်မှုတွေရပ်ဖို့ ပြောနိုင်တဲ့သူမှန်သမျှ လိုက်ပြီးဖျောင်းဖျတယ်။

ဒါပေမဲ့ ဒီနိုင်ငံမှာ စစ်ဖြစ်နေမှ သ*ဖြတ်နေမှ ဒေါ်လာသိန်းချီပုံမှန်ရနေသူတွေအတွက်တော့ သဘာဝတရားရိပ်သာဆရာတော်ဟာ သူတို့အတွက် ရန်သူပဲ။ အဲဒီအတွက် ဆရာတော်ရဲ့လုပ်ရပ်ကို ပုံဖျက်၊ နာမည်ဖျက်ပြီးရည်ရွယ်ချက်ကောင်းကို အိုးမည်းသုတ်လိုက်တယ်။

ဒါမျိုးတွေမမြင်တတ်သေးသရွေ့တော့ ခံလေဦးပေါ့ မြန်မာပြည်သူနဲ့ မြန်မာနိုင်ငံပဲပေါ့။ ဘယ်အထိဆက်ခံရမလဲဆိုရင်တော့ တစ်နိုင်ငံလုံးက ထိုင်းပြည်သူလောက်နီးနီးအသိဉာဏ်တက်မလာသရွေ့လို့ပဲ ပြောရမယ်။

ငယ်ငယ်ကလိုဆို ထိုင်းကယိုတဲ့ချီး မြန်မာနိုင်ငံကဟာတွေစားစမ်းဆိုပြီး အသိဉာဏ်မဲ့တိုင်းကို လိုက်ခွံ့မိမယ်။ တကယ်......။

မြန်မာ့သတင်း🇲🇲

09 Jun, 18:05


အောင်ဘာလေ အွန်လိုင်း သိန်းဆု ထီ

ပရိုမိုးရှင်း

သုံးစွဲသူများသည် အောက်ဖော်ပြပါ အပို ဆုကြေး ဘောနပ်စ်များကို ရယူနိုင်ပါသည်။

- အက်ပလီကေးရှင်းကို ပထမဆုံး အခမဲ့ဒေတာဖြင့် ဒေါင်းလုဒ်လုပ်သူများအတွက် - Loyalty ပွိုင့် ၂၀၀

- အခမဲ့ ပလပ်ဖောင်းကြေးနှင့် MytelPay ငွေလွှဲခ - 0 ကျပ်

- ပထမ လက်မှတ်အတွက် Lucky ဘောနပ်စ် : ၅၀၀၀ ပွိုင့် အထိ

- MytelPay မှ တစ်ဆင့် ဝယ်ယူခြင်းအတွက် လက်မှတ် တစ်ခုစီတိုင်းအတွက်ဘောနပ်စ် - ပွိုင့် ၁၀၀

မှတ်ချက် ။ ။ ပွိုင့်များသည် Mytel Sim Card တွင်သာ အသုံးဝင်ပါသည်။

မြန်မာ့သတင်း🇲🇲

09 Jun, 18:05


တိုင်းပြည်ငြိမ်းချမ်းအောင် ဒေါ်စုကြည်ရဲ့ လူများကို ထိန်းသိမ်းသင့်ပြီ

သဘာဝရိပ်သာဆရာတော်

မြန်မာ့သတင်း🇲🇲

09 Jun, 18:05


ထိုင်းနိုင်ငံရောက် CDM ဆရာမ

မြန်မာ့သတင်း🇲🇲

09 Jun, 18:05


စနစ်သစ်နဲ့အောင်ဘာလေ

မြန်မာ့သတင်း🇲🇲

09 Jun, 18:04


အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အကြောင်း မိတ်ဆက်ရှင်းလင်းချက်
=============
အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အကြောင်း မိတ်ဆက်ရှင်းလင်းချက်နှင့်ပတ်သက်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီညီလှိင်နှင့် မြန်မာ့အသံသတင်းထောက် ဖြိုးဝေက တွေ့ဆုံမေးမြန်းထားပါသည်။

မြန်မာ့သတင်း🇲🇲

08 Jun, 17:14


"ပွင့်ဖြူမြို့နယ်မှာ CDM ကျောင်းဆရာမတစ်ဉီး PDF မုဒိန်းကျင့်ခံရလို့ သူ့ကိုယ်သူ အဆုံးစီရင်"

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဖလံတောကျေးရွာမှာ CDM ကျောင်းဆရာမတစ်ဉီးဟာ PDF ခေါင်းဆောင်ရဲ့ မုဒိန်းကျင့်မှုကိုခံရပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆုံးစီရင်သွားသူဟာ အသက် ၂၇ နှစ်အရွယ် ဒေါ်ယဉ်မေမျိုးဆိုသူဖြစ်တယ်လို့သိရပြီး ပြီးခဲ့တဲ့ မေလ ၆ ရက် မနက်ပိုင်းက ရေထဲခုန်ချပြီး အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

သူမဟာ ယခုလို အဆုံးမစီရင်ခင် တစ်ပတ်ခန့်က DPF အဖွဲ့တွေနဲ့အတူ ရှိနေခဲ့ပြီး ပြန်လာခဲ့ရာမှာတော့ သူ့ကို PDF ခေါင်းဆောင်ဆိုသူက အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သူငယ်ချင်းအချို့ကို ရင်ဖွင့်သွားခဲ့သေးတယ်လို့ သိရကြောင်းလည်း ဒေသခံက ဆိုပါတယ်။

ယင်းသေဆုံးမှုနဲ့ပတ်သက်လို့ တရားမဝင်အလုပ်သမားအဖွဲ့အစည်းအချို့က ဝမ်းနည်းကြောင်းထုတ်ပြန်ထားသလို အင်းစိန်ထောင်ကနေ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ လှိုင်သာယာက အကြမ်းဖက်လှုံ့ဆော်သူ အမျိုးသမီးတစ်ဉီးကလည်း ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။
#mhtnews

မြန်မာ့သတင်း🇲🇲

08 Jun, 16:13


လူလည် KIA နဲ့ ရိုးအတဲ့ အညာသားများ

အညာဒေသလို့ ပြောလိုက်ရင် တောင်တန်း၊ တောအုပ်ထက် မြေပြန့်လွင်ပြင် ပေါများတဲ့ ဒေသဖြစ်သလို လွင်တီးခေါင်ဧရိယာတွေနဲ့ စိုက်ပျိုးရေးကို အခြေခံစီးပွား အဖြစ် လုပ်ကိုင်ကြတဲ့ တည်ငြိမ်အေးချမ်းတဲ့ အရပ်ဒေသလို့ ပြေးမြင်ကြပါလိမ့်မယ်။ ယေဘူယျအားဖြင့်တော့ ဗမာလူမျိုးအများစုနေထိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမရှိတဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးထဲက မြို့၊ ရွာတွေပါပဲ။ အညာရနံ့တွေနဲ့အတူ ပွင့်လင်းသောပြောဟန်ဆိုဟန်၊ သံယောဇဉ်ကြီးပြီး ရောင့်ရဲတင်း တိမ်စိတ်၊ ရိုးသားတဲ့ စရိုက်လက္ခဏာရှိကြသူတွေကိုလည်း တွဲပြီးတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဖတ်ရှုရန် - https://www.mmnationalpost.com/2023/06/kia.html

မြန်မာ့သတင်း🇲🇲

08 Jun, 06:56


ဒေါ်လီလီနိုင်ကျော်၏ နောက်ဆုံးခရီး

အေးငြိမ်းရာ ဘဝလေးတစ်ခုမှာ
ပျော်စံနိူင်ပါစေကြောင်း ကြေကွဲ
စွာဖြင့် တောင်းဆုခြွေလိုက်ရပါ
သည်။

Crd:KoThetKa(8,6,2023 )