ဆင်ဖြူရှင် @sinphyushin13 Channel on Telegram

ဆင်ဖြူရှင်

@sinphyushin13


သတင်းထူးများကို အချိန်နဲ့ တပြေးညီ တင်ဆက်သွားမည်

ဆင်ဖြူရှင် (Burmese)

ဆင်ဖြူရှင် ကိုလည်း သတင်းထူးများကို အချိန်နဲ့ တပြေးညီလိုပါက လူတိုင်းနှင့် ရောင်းရောင်ညည်တိုင်းစကားဝတ်ထားသောနည်းလမ်းဖြစ်သည်။ sinphyushin13နားအောင် သတင်းထူးများကို မြှင့်တင်ပါသည်။ ဒါမှာ အချိန်လိုအပ်သည်အား သင့်ဘဝအပ်သော အသုံးဝင်များ လိုအပ်သည်။ တစ်နေရာမှ သန္တာမြန်တင်သွားပြည့်စုံသည်။ ဆင်ဖြူရှင်ဖိုင်များကို ကျောင်းသားမှ ရယူပြီး စုရေးခဲ့ပါ။

ဆင်ဖြူရှင်

21 Nov, 08:47


ဖလမ်းသတင်းကောင်း

2:00အချိန်အမြှောက်ကုန်ပြန်ရပြီဟုသိရ

အထက်လူကြီးများ အရေးကြီးပစ်မှတ်များအား
အမြန်ဆုံး ပစ်မိန့် ရရှိရင်
အခြေအနေကောင်းပါပြီ။

#yyh

ဆင်ဖြူရှင်

21 Nov, 08:15


စက်သုံးဆီ မသယ်ဆောင်ရသော
ဒေသများ ဖြစ်ပါသည်။ လခရ တပ်ဖွဲ့ဝင်များ
သိနိုင်ဖို့ပါ။

စက်သုံးဆီ ခွဲတမ်းလုံးဝမပေးတော့မည့် ဒေသများထုတ်ပြန်

လက်နက်ကိုင်အဖွဲ့အစည်းများဆီမရောက်ရှိစေရန် စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနက ထိုသို့ အသိပေးလာခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာနှင့်မှ အဆိုပါ မြို့နယ်များသို့ စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန်၊ ပိတ်ပင်ထားသော နယ်မြေများမှ  သက်ဆိုင်ရာစစ်တပ်နှင့်ရုံးဌာနများအတွက် စက်သုံးဆီများကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ PO များ လုံး၀ ချထားပေးခြင်းမပြုရသည့် နေရာများတွင် ကချင်ပြည်နယ်တွင်  မြစ်ကြီးနားမြို့မှ လွဲ၍ မြို့နယ်များအားလုံးပါဝင်နေကြောင်း၊ လားရှိုး၊ နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံး၊ ချင်းပြည်နယ်ရှိ မြို့နယ်များအားလုံး စက်သုံးဆီ PO လုံး၀ မပေးတော့ခြင်းဖြစ်သည်။

ပိတ်ပင်လိုက်သည့်မြို့နယ်များမှာ  ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး)၊ မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်းလည်းသိရသည်။

" ဘာအကြောင်းနဲ့မှ အဲဒီဆီဆိုင်တွေကို ဆီ ထုတ်ပေးစရာမလိုတော့တဲ့သဘောပါပဲ။ ဘာအကြောင်းနဲ့မှ အဲဒီဘက်ကိုဆီသယ်လို့ မရပါဘူး" ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အထူးသဖြင့် စက်သုံးဆီ သယ်ဆောင်ရာတွင် တင်ပြခွင့်ပြုထားသည့် ခရီးဆုံးနေရာအထိ သယ်ယူမည့် စက်သုံးဆီပမာဏအတိအကျကို အလေအလွင့်မရှိဘဲ သယ်ယူရန်၊ ဆီသယ်ယူရာတွင်လည်း တင်ပြခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်မှလွဲ၍ မည်သည့်အစားထိုးယာဉ်ကိုမှ အသုံးပြုခြင်းမပြုရန်၊ ရောင်းချရန် ခွင့်ပြုထားသည့် စက်သုံးဆီပမာဏအတိုင်း ရောင်းဝယ်ရန်၊ ဆီသိုလှောင်၍ ပြင်ပသို့ ထုတ်ရောင်းခြင်း လုံး၀(လုံး၀) မပြုလုပ်ရန် စည်းကမ်းချက်နှင့် ညွှန်ကြားချက်အသစ်များလည်း ထုတ်ပြန်ကြောင်း သိရသည်။

https://t.me/kyawswar49111

ဆင်ဖြူရှင်

21 Nov, 07:20


❝မုံရွာမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အခြေပြုထားတဲ့ အကြမ်းဖက်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အခြေပြုထားတဲ့ အကြမ်းဖက်စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၀ ရက်၊ နေ့လည် ၁ နာရီခွဲခန့်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ စစ်စခန်းပြုလုပ်ခွင့်မရှိတဲ့ မုံရွာမြို့နယ်၊ ဗန်စီကျေးရွာအနီးက ခွက်ဆေးကန် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စခန်းအဖြစ် အသုံးချနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို နယ်မြေ ရှင်းလင်းနိုင်ခဲ့တဲ့အတွက် အဆိုပါ ဘုန်းကြီးကျောင်းထဲကနေ လက်လုပ်သေနတ်(အရှည်) ၂ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၃ ခု၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး၊ လက်လုပ် Fixed Wing Drone (ပြုလုပ်ဆဲ) ၁ စီး၊ လက်လုပ် Drop Bomb ၄ လုံး၊ ဗုံးသီးပြုလုပ်သည့်ပုံစံခွက် ၂ ခု၊ လက်နက်ငယ်ပြောင်း ၄၂ ခု၊ လက်နက်ကြီးပြောင်း ၆ ခု၊ ယမ်းကြိုး ၂ ခွေ၊ လက်လုပ်မိုင်း ၄ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

ဆင်ဖြူရှင်

21 Nov, 07:17


@Phy.See.You

ဆင်ဖြူရှင်

21 Nov, 07:15


စစ်မျက်နှာ ၄ ခု အတွက်

Drone အစီး ၄၀၀

ရခိုင်ပြည်နယ်အတွက် အစီး ၁၀၀

မန္တလေးတိုင်းအတွက် အစီး ၁၀၀

ရှမ်းမြောက်အတွက် အစီး ၁၀၀

ကချင်ပြည်နယ်အတွက် အစီး ၁၀၀

ဗုံးသီး အလုံအလောက်  အဲ့လောက်ပဲ စီမံပေး
ဘယ်သူ ခေါင်းဆောင်ပြီး တိုက်တိုက်နိုင်ပြီ။

ကျားတက်ထိုး တဲ့ ခေတ်မဟုတ်ဘူး။ ခေါင်းပေါ်
ကို ဗုံးအလုံး၁၀၀ လောက်ဖြုတ်ချပြီး
ဆင်းပြေးမှ နေရာယူတဲ့ ခေတ် ပြောင်းလဲလာ
သော စစ်နည်းဗျူဟာများနှင့် အညီ တကယ်
လိုက်ပါပြောင်းလဲ ကြည့်လိုက်ပါ။

Men power ထက် T power  ,ကိုသုံးပါ။

နည်းပညာ power ,မိမိဘက်မှာ ရှိဖို့ လိုအပ်ပါတယ်။

တကယ်လုပ် အဟုတ်ဖြစ်ပါတယ်။ ယခုဆိုလည်း ဒရုန်းတွေ ဘယ်လောက်အသုံးဝင် နေလည်း ကြည့်လို့ရပါတယ်။

ဖြစ်စေချင်တာကို ပြောတာပါ။

https://t.me/kyawswar49111

ဆင်ဖြူရှင်

21 Nov, 04:59


မတူကွဲပြားအလှတရား

အချို အချဥ် ၊ သင်စားချင်ရာ
သင်ရွေးပါကွယ် ၊ အချဥ်ရယ်ကြိုက်
ချိုဖွယ်မလိုက် ၊ မနှစ်ခြိုက်လည်း
အကြိုက်အတွက် ရန်မဖက်ပါ။

ဖန် စပ် အခါး ၊ ကြိုက် ရာ စား ပါ
တားခွင့်မပြု ၊ ရွေးချယ်မှုမို့
ရန်ပြုတိုက်ခိုက် ၊ ငါ အကြိုက်သာ
လိုက်ကာ ဆောင်ရွက် ရန်မဖက်ပါ။

ရောင်စဥ် ဆန်းပြား ၊
မျိုးစုံများလည်း ၊ မတားဆီးပါ
ကြိုက်ရာ အရောင် ၊ ရွေးချယ်ဆောင်ပါ
ရန်စောင်မပြု ၊ ရွေးချယ်မှုက
ကောင်းမှုကိုပြ ၊သင့်ဆန္ဒမို့
လှနှလုံးမွေး ကြည်နူးပေး။

သြော် ...
လူ့ဘုံလောက ၊ သင်ကြုံရမည်
ဘဝ မတူ ၊ ဤဇမ္ဗူမှာ
မတူကွဲပြား ၊ မျိုးစုံကြားတွင်
ဆန်ပြားထွေထွေ ၊ တွေ့ကြုံနေလည်း
ဖည်သွေမပြု ၊ မေတ္တာစု ၍
လူ့ပြည် လူ့ရွာ ၊ လူ့ကမ္ဘာအား
စာနာစိတ်မွေး ၊ ကူညီပေးလျှင်
ယ ဥ်ကျေးသာယာ ဖြစ်မည်တကား။

အောင်နိုင်သူ ( ဇွဲကပင်)

ဆင်ဖြူရှင်

21 Nov, 03:46


ချန်ခဲ့တဲ့ သတင်းကောင်း
=====================

                      အမ်း ပဒါန်း လမ်းကြောင်းကို ဘယ်ရန်သူမှ ပိတ်ဆို့လို့ မရပါဘူး ။ မနေ့က ဂျန်ဘာတင်ယာဥ် အစီး ၂၀ နဲ့  မကွေး တပ်မ ၈၈  လက်အောက်ခံ တပ်များ စုဖွဲ့နေရာသို့ ရောက်ရှိပါတယ် ။

                   ထူးခြားချက်က တရုတ်ပြည်မှ ၂ ပတ်ကြာ သင်တန်းတက်ခဲ့ကြရသော အဆင့်မြင့် ဒရုန်းတိုက်ခိုက်ရေး သင်တန်းဆင်းများအား ဂျန်ဘာယာဥ်များနဲ့ အတူ အားဖြည့် ထည့်သွင်း စေလွှတ်ခဲ့ပါပြီ ။ သူတို့အဖွဲ့ တရုတ်က ပြန်ရောက်နေကြတာ တမိုင်ကုန်း မကျခင် တရက်ကြိုပြီးပြန်ရောက်နေတာပါ ။

    
           ယနေ့ မနက် ၉း၃၀ မှာ ကစထမှူးကိုယ်တိုင် ရောက်ရှိလာပြီး အမ်းသို့ စစ်ချီမည့် စစ်သည်များအား စစ်ထွက် မိန့်ခွန်းပြောကြား အားပေးခဲ့ပါတယ် ။ ထို့နောက် ၂ နာရီမှာ ကစထမှူး ပြန်သွားပါတယ် ။

          လက်နက်ခဲယမ်း စစ်သည်အင်အားများတဲ့အတွက်  အမ်း ပဒါန်း မြေပြင်လမ်းကြောင်းအတိုင်း ချီတက်စေခဲ့ပါတယ် ။ ကင်းတို ကင်းရှည် လေကြောင်းကင်းထောက်များဖြင့် စနစ်တကျ ချီတက်ကြရာ အန္တရာယ်ကင်းစွာနဲ့ ယခု ( 20 - 11 - 2024 ည ပိုင်း)  ရောက်ရှိသွားပါပြီ ။

              ည 7 : 15 သတင်းတင်နေစဥ် အချိန်တုန်းက လမ်းမှာပဲ ရှိနေသေးလို့ ချန်ထားလိုက်တာပါပဲ ။ ဒါက သတင်းကောင်း နှစ်ခုထဲက တခုဖြစ်ပါတယ် ။

            နောက်ထပ် ကြားရတဲ့ သတင်းတခုကတော့ ရခိုင်စစ်မျက်နှာပြင်ကိုပဲ ( ဘယ်နေရာမှန်း အတိအကျမသိပါ) ကမ်းထိုးယာဥ်တွေနဲ့ သွားနေပြီဆိုတဲ့ သတင်းဖြစ်ပါတယ် ။ နခခ ၅ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ် ။

            ကိုရွှေမျိုးဝင်း

ဆင်ဖြူရှင်

21 Nov, 03:46


တပ်မတော် က ခြေသံလုံနေတယ်နော်

အခု အသံ တွေ သိပ်မကြားတော့ဘူးမလား

သူတို့ဘက်က သေဆုံးတာတွေ ကျဆုံးတာတွေ လိုင်းပေါ် မတင်နဲ့ဆိုတော့ အားလုံးက ကွက်တိပါပဲ

သူပုန် တွေ အပုံလိုက်သေဆုံးနေတဲ့ပုံတွေကတော့
တပ်မတော် က ဘယ်တော့မှ တင်မှာမဟုတ်ဘူး တင်ခွင့်လဲ မရှိဘူး

လွီုင်ကော်တုန်း ကလဲ ဘာအသံမှ သိပ်မကြားရဘဲ တပ်မတော်က ပြန်သိမ်းခဲ့တာပါ

အခုလဲ ထိုနည်းလည်းကောင်း ပါပဲ ကောင်းစားခဲ့တဲ့ တစ်မွန်း တည့် တွေ နေဝင်ပါတော့မယ်

အညာဘက်ကပဒတ်တွေ အတွက်လဲ လက်နက်ခဲယမ်းတွေ ဝင်လမ်းမရှိတော့ပါဘူး
ကျည်မရှိတဲ့ သေနတ်က တုတ်တစ်ချောင်းလောက်တောင် အသုံးမဝင်ဘူး

MNDAA ဖုန် မိသားစု တွေ လဲ နောက်ဆုံး လောက်ကိုင်  အရင်းကျန်ရင်တောင်ကံကောင်းတယ်မှတ်ပါ

TNLA နဲ့ AA ကတော့ မျိုးသုဉ်းပျောက်ကွယ် သွားမယ့် သတ္တဝါ စာရင်းထဲ အခုထဲက ထည့်ထားလို့ရပါပြီ

KIA နဲ့ ဝ က သံယံဇာတ  အကျိုးစီးပွားအတွက်ပဲ တိုက်တာဖြစ်လို့ တရုတ်ထိမ်းကျောင်းမှုအောက်ပြန်ဝင်ပြီ NCA စားပွဲ ကို ခွေးတိုးပေါက်က ပြန်ဝင်လာပါလိမ့် မယ် လို့ ....

Scion

ဆင်ဖြူရှင်

21 Nov, 02:22


စခန်းသိမ်းတိုက်ပွဲသတင်း (ပွန်ချောင်း၊ဆီဆိုင်)

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်များအားမလိုလားဘဲ အေးချမ်းစွာနေထိုင်လိုသူ ဒေသခံများ၏ ခိုင်လုံသောသတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူ့စစ်များပူးပေါင်း စစ်ကြောင်း သည် ရန်သူခိုအောင်းနေသည့် နေရာများအားရှင်းလင်းခဲ့ရာထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့။

ဖြစ်စဉ်မှာ ဆီဆိုင်မြို့အရှေ့မြောက်ဘက် ရှိ၁၄မိုင်ခန့်အကွာရှိ နေရာ နေရာ ၂ ခု အားရှင်းလင်းစဉ် အကြမ်းဖက် PNLA/PDF အင်အား ၅၀ ဦးခန့်စီနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များမှာ ၎င်းတို့ ခိုအောင်းရာ ပွန်ချောင်း ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

အကြမ်းဖက်များဆုတ်ခွာရာနောက်သို့ ဒရုန်းတပ်ဖွဲ့များက ထပ်ချပ်လိုက်ကာ ဝေဟင်အကဲကြည့် စနစ်ဖြင့်ပစ်မှတ်များ ညွှန်ပြသည်နှင့်တပြိုင်နက် လေကြောင်းမှတိကျထိရောက်စွာချေမှုန်းပြီး မြေပြင်တပ်များမှ လည်းဟန်ချက်ညီ အချိန်ကိုက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များထိခိုက်ကျဆုံးမှုများလာသဖြင့် ရနိုင်သမျှ အလောင်း၊လက်နက်များကောက်ယူ၍ ပွန်ချောင်းစခန်းနေရာနှင့် ပွန်ချောင်းတံတားတို့မှ   ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ-

(၁) အကြမ်းဖက်အလောင်း ၃ လောင်း
(၂) Type-81 အမျိုးအစားသေနတ် ၄ လက်
(၃) M-22 အမျိုးအစားသေနတ် ၂ လက်
(၄) ကျည်အိမ်  ၆ ခု၊ ကျည် ၁၇၁ တောင့်
(၅) ပစ်ကျင်း ၂၀ ကျင်းခန့် နှင့် ယာယီတဲများ


အားသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ (တိုက်ပွဲမှတ်တမ်း ဓာတ်ပုံ၊ရုပ်သံဖိုင်များအားဆက်လက်ဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

https://t.me/kyawswar49111

ဆင်ဖြူရှင်

21 Nov, 02:21


ကျိုက်လတ်ငလျင်ကြောင့်  ကော့မှူးမြို့နယ် ကျိုက်ထော်စေတီ စိန်ဖူးတော် မြေခ
+++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ကို ဗဟိုပြု၍ နိုဝင်ဘာလ ၂၀ ရက်(ယနေ့)ညနေတွင် အင်အားရစ် (ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိငလျင်ဒဏ်ကြောင့် ကေ့ာမှူးမြို့နယ်၊ကျိုက်ထော်ရွာ၊ကျိုက်ထော် ဆုတောင်း ပြည့်စေတီတော် စိန်ဖူးတော်မြေခခဲ့ကြောင်း သိရသည်။
ယင်းအပြင် နေအိမ်အချို့ နံရံများလည်း ပြိုကျခဲ့ကြောင်း၊အဆိုပါငလျင်ကို ရန်ကုန်မြို့နယ်အချို့နေသူများ၊ အထပ်မြင့်နေသူများလည်း သိသာခံစားခဲ့ကြကြောင်း သိရသည်။