ဇင်မာလင်းကို တစ်ဆွေလုံးတစ်မျိုးလုံးက ဝိုင်းပယ်ထားသည်။ ပြောဆိုဆက်ဆံခြင်းမလုပ်ကြဟုဆိုလျှင် ဇင်မာလင်း ဘယ်လောက်ဆိုးသလဲဆိုတာ သိသွားနိုင်သည်။ နောက် ဇင်မာလင်း ဘာတွေမှားခဲ့သလဲဟုလည်း စဉ်းစားစရာဖြစ်လာရသည်။ ဇင်မာလင်းက အသိုင်းအဝိုင်းတစ်ခုလုံးက ခွင့်မလွှတ်နိုင်သော အမှားကို ကျူးလွန်မိခဲ့သည်။ ဦးခင်မောင်နှင့် ဒေါ်မေသူတို့မှာ ဗိုလ်ချုပ်ဈေးထဲတွင် ရတနာဆိုင်ကြီးဖွင့်ထားသည့် ရတနာကုန်သည်တွေဖြစ်သည်။ သူတို့တွင် တစ်ဦးတည်းသော သမီးလေး တစ်ယောက်ထဲရှိသည်။ သူမကတော့ ဇင်မာလင်း ပင်ဖြစ်သည်။ စီးပွားကလည်း ချမ်းသာ၊ မိသားစုသုံးယောက်စလုံးကလည်း ကျန်းမာဆိုတော့ သူတို့မိသားစုလေးသည် ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှသည်။ ဒါပေမယ့် ဇင်မာလင်း အသက်(၁၈)နှစ်အရွယ်တွင်တော့ သူတို့မိသားစုလေး ကံဆိုးမိုးမှောင်ကျခဲ့ရသည်။ ဒါကလည်း ဇင်မာလင်း ကြောင့်ပင်ဖြစ်သည်။ ဖြစ်ပုံက ဇင်မာလင်းက သူ့ထက်အသက်(၁၂)နှစ်လောက်ကြီးသော အရက်သမားတစ်ယောက်နှင့် လိုက်ပြေးသွားခြင်းကြောင့်ပင်ဖြစ်သည်...
အစ/ဆုံးဖတ်လင့်ခ်ရန်နှိပ်ပါ⬇️
https://sayarmalay.xyz/gad/1567-2/