သတင်းစုံ Myanmar BBC @bbc_myanmar_by_monywa Channel on Telegram

သတင်းစုံ Myanmar BBC

@bbc_myanmar_by_monywa


BBC by Myanmar 🙏🏻

သတင်းစုံ Myanmar BBC (Burmese)

သတင်းစုံ Myanmar BBC သည်မြန်မာနိုင်ငံမှ မြန်မာ့နိုင်ငံရေးလုပ်ငန်းနှင့် ကမ္ဘာမှုကြောငြာဝင်များအတွက် သတင်းစုံ လားရှိးခေါ်နိုင်သော ဇဝငျးကလာဝင်သူများအတွက် အင်္ဂလိပ်ဖော်ခွင့် ရရှိနိုင်သည်။ ဤဇဝငျးကလာဝင်သူများသည် တစ်ဖက်တည်း ကီးဘုတ် သကြားဇဝငျးများနှင့် အထက်မြနျ်ဖွံ့များများ သတင်းစုံလိုပျော်နေပါသည်။ ဤဇဝငျးကလာဝင်သူများတွင် မြန်မာအိတ် အယ္ဍ နှင့် ယင်းသိန်းလှည့်စား၍ အချက်အလက်များ များကို သတင်းစုံလိုပျော်နေပါသည်။

သတင်းစုံ Myanmar BBC

16 Mar, 17:43


https://t.me/the_world_of_poetry

ဒီချန်နယ်လေးကို Join ပေးပါအုန်းလား ။👆💗

ချန်နယ်လေးမှာကတော့ ကဗျာ နဲ့ စာတို နှစ်မျိုး၊နှစ်စား တင်ပေးပါတယ် ။

လူကြီးမင်းက ကဗျာချစ်သူ တစ်ဦးဆိုရင် ဒီချန်နယ်လေးကို အခုပဲ Join လိုက်တော့နော် ။

ကျေးဇူးအများကြီးတင်ပါတယ်💐

သတင်းစုံ Myanmar BBC

11 Feb, 17:20


ခရီးသွားနေတာတှေ ရပ်လိုက်ပါ..
နယ်တွေ မြို့တွေမှာ ပြင်ပအသွားအလာ ဂရုစိုက်ပါ ..

စစ်မှုထမ်းရန် ဆင့်ခေါ်စာ ၊ အတည်ပြုစာထဲမှာပါတဲ့
ပြည်နယ် ၊ ခရိုင် ၊ မြို့ စုဆောင်းရေး ဆိုတာ စာထဲမှာပဲ ရှိတာ ၊
ကြားကောင်းအောင် ရေးထားရုံသက်သက်ပဲ ..

တကယ်က ဒီလိုဖြစ်လာမယ်..

ရပ်ထဲ ရွာထဲ ကို စစ်ကား ထိုးဆိုက်လာမယ်
တစ်အိမ်မှာ စစ်မှုထမ်းနိုင်တဲ့အရွယ် နှစ်ယောက်ရှိရင်
တစ်ယောက် ကို ခေါ်မယ်.. ဘာမှမမေးမြန်းပဲ
ကားပေါ်တင်မယ်.. တပ်ထဲရောက်မှ အမည် ၊
အသက် ၊ မိဘ ၊ နေရပ်လိပ်စာ ၊ ပညာအရည်အချင်း
မေးမယ် .. ပြီးရင် အခြေခံစစ်သင်တန်း ကို ပို့မယ် ..
သစ်သား ကို သေနတ်လုပ်ပြီးကျင့်ခိုင်းမယ် ..

လိပ်ခေါင်းရှိတာတွေ ၊ ဘောကြီးတာတွေ ၊
ခြေဖဝါးကြီးတာတွေ မသိဘူး ၊ လက်ညိုးကွေးတတ်ပြီ
ဆိုပြီး လက်ဗလာနဲ့ ရှေ့တန်းပို့်မယ် ။
အခြေခံစစ်သင်တန်းမှာ အလွန်ဆုံး ကြာရင်
နှစ်ပတ် သုံးပတ် ဝန်းကျင်ပဲ ။ ဘယ် ကို ခေါ်သွားတယ်
ဘယ်ရှေ့တန်း ပို့လိုက်ပြီ မိဘ နဲ့ မိသားစုတွေကို
ပေးမသိဘူး

နှစ်ချို့ စစ်သားကြီးတွေရဲ့ ဘ၀ကို ကြားခဲ့ဖူးတယ်..
လူငယ်သဘာ၀ ညဘက် သီချင်းထွက်ဆိုရင်း
၅ယောက်ထပ် ပိုတဲ့ စုဖွဲ့မှုနဲ့ အဖမ်းခံရတယ်..
တချို့တွေ သေးထိုင်ပေါက်ရင်း
မှောင်ရိပ်ခို ပါတယ်ဆိုပြီး ဖမ်းခံရတယ်..
တချို့တွေကျ ကွမ်းတံတွေးထွေးမိလို့ စသဖြင့်
ရမယ်ရှာနည်း ပေါင်းစုံ နဲ့ ဖမ်းတယ် ..

စစ်ထဲ အဓမ္မ အသွင်းခံရပြီး ဝေးလံခေါင်ဖျားတဲ့
နယ်မြေ ကို ပို့ပစ်တယ် .. မိသားစုကို ဘာမှ မှာမရ ၊
မိသားစုက သေလားရှင်လားလဲမသိ ၊ ဘာသတင်းမှမရ
၆နှစ် ၇ နှစ်ကြာပြီး တော့ တပ်ထဲမှာ အိမ်ထောင်ကျ ၊
ကလေးတွေ မွေး ၊ ကလေးတွေလဲ အသက်တွေ ကြီး ၊
ဒီတော့မှ တပ်က နေရပ် ပြန်ခွင့်ပြုတာ မိသားစု နဲ့
ပြန်ဆက်သွယ်ခွင့်ရတာ .. တချိန်တုန်းက ဒီလိုတွေရှိခဲ့တယ်..

(ပြီးခဲ့တဲ့ လတွေမှာ ရန်ကုန်မှာ ပျောက်သွားတဲ့
လူငယ်တွေ ဒီလို ဖြစ်သွားတယ်လို့ ထင်တယ်)

ဒါက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ..
အရင်ကလဲ ဒီလိုပဲ လုပ်ခဲ့တယ်

စစ်မှုထမ်းဥပဒေထဲကလို စုဆောင်းရေးဗဟို ၊
ဆင့်ခေါ်စာ ပို့တယ် ဘာညာဆိုတာ ဒရမ်မာဆန်လွန်းတယ် ..
စကစမှာ ဒီလိုလုပ်နိုင်ဖို့ အင်အားစုဖွဲ့မှု နဲ့
အချိန်ရော ရှိရဲ့လားဆိုတာ သံသယရှိတယ်

ဆင့်ခေါ်စာ အိမ်ရောက်လာတယ်ဆိုတာ အပြသဘော
ရန်ကုန် ၊ နေပြည်တော်လို မြို့ကြီးတွေမှာပဲ ဖြစ်နိုင်တယ်
ဒါတောင် မသေချာ ။

လက်ရှိ စကစ ရပ်တည်ပုံနဲ့ အဖြစ်နိုင်ဆုံးက

1) ခရီးသွား ကားတွေပေါ်က စစ်တိုက်နိုင်သူ
အရွယ်ကောင်းတွေကို ဆွဲချမယ်

2) စစ်ဆေးရေးဂိတ်တွေမှာ အရွယ်ကောင်းတွေ့ရင်
ပြန်မလွှတ်ဘူး

3) ညဘက် အပြင်ထွက်သူတွေကို လှည့်ကင်းနဲ့
ဆွဲစိမယ်

4) ရပ်ထဲရွာထဲ စစ်ကားတွေဆိုက်လာပြီး အတင်း
ကားပေါ်တက်ခိုင်းမယ်

5) မြို့ထဲရွာထဲ လူစည်ကားရာ လမ်းလည်ခေါင်မှာ
အရွယ်ကောင်းတွေကို လိုက်ဆွဲမယ်

6) ဆင်ခြေဖုံးရပ်ကွက်က အဆောင်တွေမှာ
လူလိုက်ဆွဲမယ်

ဒီအချက်တွေ ဖြစ်လာပြီဆိုရင် အခြေအနေ
အတော်ဆိုးရွားနေပြီလို့ သုံးသပ်ရပါမယ် ။

မဖြစ်မနေ တစ်ခုခုကို ရွေးရမယ်လို့
အခြေအနေ အချိန်အခါက ခေါင်းလောင်းထိုးလိမ့်မယ်
လို့ထင်ပါတယ်

ဒီအချိန်မှာ ခင်ဗျားတို့ မဆိုင်သလို နေလို့မရတော့ပါ
crd
#Xynn-Xeca

သတင်းစုံ Myanmar BBC

01 Feb, 05:23


ဖေဖော်ဝါရီ တစ်ရက်နေ့ကို
အားလုံးပဲ သတိရမယ် ထင်ပါတယ်
ဒါကြောင့် social သပိတ် အနေနဲ့ White pf တွေပြောင်းကြတယ် အပြင်မထွက်တဲ့ အဖြူရောင်သပိတ်တွေလုပ်ကြတယ်
ဒါကြောင့် ကျနော်တို့လဲ ပါဝင်သင့်တယ်မလား
ပါဝင်ရဲတဲ့ သူတွေက ဒီ pf လေးကို ပြောင်းကြမယ်နော်
ဒီနေ့တစ်ရက်ထဲပါပဲဗျာ
ပူးပေါင်းကြမယ်မလားဗျ..

(အနီအစိမ်း C,N-Cမခွဲခြားပါ လူမျိုးမရွေးပါဝင်နိုင်ပါသည်။)

#Dayy

သတင်းစုံ Myanmar BBC

21 Oct, 05:48


Channel name was changed to «သတင်းစုံ Myanmar BBC»

သတင်းစုံ Myanmar BBC

03 Jul, 11:36


Channel created