မြန်မာ့သတင်းများ @mmnewschannel2022 Channel on Telegram

မြန်မာ့သတင်းများ

@mmnewschannel2022


မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး သတင်းများကို အချိန်နှင့်တပြေးညီ တင်ပြသွားမည်ဖြစ်ပါသည်....

မြန်မာ့သတင်းများ (Burmese)

မြန်မာ့သတင်းများ ဆိုတာကိုရယူရန် mmnewschannel2022 ဆိုတာသည်အချိန်နှင့်တပြေးညီ တင်ပြသွားမည်ဖြစ်ပါသည်။ ဤသတင်းများသည် မန္တလေးနိုင်ငံထဲတွင် ရှိနိုင်ငံရေးသတင်းများကို ပြန်စစ်ပြီး နှင့် တပြေးညီ တင်ပြသွားပါသည်။ နောက်ဆုံး နိုင်ငံရေးသတင်းတွင် ထို့အချိန် တပြေးညီ အကြောင်းကို မြင်နိုင်လျှင် mmnewschannel2022 ဆိုတာကို စကားပူပါးစနည်းပြီး သတင်းများကို တွေ့တာရမ်းပိုင်းလိုက်ရိုက်စွာ ပြန်စစ်နေသည်။

မြန်မာ့သတင်းများ

29 Aug, 12:47


၂၀၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် တောင်သာမြို့နယ်၊ နန်းတည်ကျေးရွာအုပ်စု၊ ရွာလေးကျေးရွာ အဝင်အနီး လမ်းပေါ်တွင် ဦးတင်သိန်း၊ အသက် ၆၇ နှစ်၊ ဆယ်အိမ်မှူး၊ နန်းတည်ကျေးရွာအား အကြမ်းဖက်PDFများမှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်းသိရပြီး ဦးတင်သိန်းသည် သမီးဖြစ်သူနှင့်အတူ ရွာလေးကျေးရွာသို့သွားရောက်စဥ် နန်းတည်ကျေးရွာနှင့် နတ်စောင့်ကျေးရွာကြား ရွာလေးကျေးရွာအနီးရောက်စဥ်တွင် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက်သမားများမှ ဦးတင်သိန်း၏ တယ်လီဖုန်းအား လုယူပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးတင်သိန်းသည် နတ်စောင့်ကျေးရွာတွင် ဆယ်အိမ်မှူးတစ်ဦးဖြစ်ကြောင်းသိရ။

မြန်မာ့သတင်းများ

29 Aug, 12:39


ပြည်သူများ၏ သတင်းပေးချက်အရ
ရပ်စောက် မြို့နယ်၊ အင်တောမြို့၊ အမှတ်(၆)ရပ်ကွက်တွင်
အကြမ်းဖက် PDF များ လက်နက်/ခဲယမ်းများ သိုဝှက်ထားကြောင်းသတင်းရရှိတဲ့အတွက်
လခရ အဖွဲ့များမှ ဝင်ရောက်ရှာဖွေခဲ့ရာ
အိမ်နောက်ဖေးခြံစည်းရိုးအနီးရှိ
မြေကြီးအတွင်းမြှုပ်နှံ ထားသည့် သံသေတ္တာ(၁)လုံးအတွင်းမှ
-အကြမ်းဖက် PDF  ၁ ကောင်

-M-22 (၁၀)လက်၊
-M-22ကျည်အိမ်(၂၀)ခု၊
-M-22 ကျည်(၄၀၀)တောင့်၊
-အီကွေ့ မင့်(၃)စုံ
- ၇.၆၂ စက်လတ်ကျည် ၃၄ တောင့်၊
-AK ကျည် ၄၅၀ တောင့်၊
-AK သံကျည် ဘောက် ၄ ခု၊
- သံပိုက်/ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့်  ပြုလုပ်ထားသည့်  မိုင်းအကြီး ၄၆၉လုံး တို့အား သိမ်းဆည်းရမိခဲ့။

မြန်မာ့သတင်းများ

28 Aug, 13:06


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြိုနယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကျေးရွာမှာ ကျင်းပနေတဲ့ ဆုတောင်းပြည့်- ဆုတောင်းရ ဘုရားပွဲတော်နှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ရဲ့ ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဩဂုတ်လ ၂၈ နေ့အထိကို အနယ်နယ်အရပ်ရပ်ကနေ လာရောက်လည်ပတ်ကြသူတွေနဲ့ စည်စည်ကားကား ဖြစ်နေတဲ့ မြင်ကွင်းပုံရိပ်များကို ဖော်ပြပေးလိုက်ရပါတယ်...

မြန်မာ့သတင်းများ

28 Aug, 13:00


uab bank uab bank အပေါ် မဟုတ်မမှန်မှားယွင်းသည့်သတင်းများ ဖြန့်ချီနေမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

uab bank အပေါ် မဟုတ်မမှန်မှားယွင်းသည့်သတင်းများ ဖြန့်ချီနေမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
ယခု လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗိုလ်ချုပ်ကြီး မိုးအောင်သည် uab bank ၏ ပိုင်ရှင်ဖြစ်ပြီး ဒေါ်လာကိစ္စရပ်များ ကြောင့် ဘဏ်အားစစ်ဆေးမှုများရှိနေသည်ဆိုသည့် လုံးဝ(လုံးဝ)မှန်ကန်မှုမရှိသည့် မဟုတ်မမှန်မှားယွင်းသည့် သတင်း များဖြင့် ဘဏ်၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေရန်ရည်ရွယ်ချက်ရှိရှိဖြင့် မီဒီယာတွင် ဖြန့်ချီ(ဝေ)လျှက်ရှိသည်ကို သတိပြု မိပါသည်။အောက်ပါအတိုင်းရှင်းလင်းထုတ်ပြန်အပ်ပါသည်။

၁။ ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘဏ်၏ရှယ်ယာရှင်တစ်ဦးမဟုတ်သလိုပိုင်ရှင်လည်းမဟုတ်ပါ။ ဘဏ်နှင့် ပတ်သက်မှု မရှိသလို၊ပါဝင်သက်ဆိုင်မှုတစ်စုံတစ်ရာမရှိပါ။

၂။ uabbank ကိုလည်းမည်သည့်စုံစမ်းစစ်ဆေးမှုများအားလုပ်ဆောင်ခြင်းမရှိပါ။ 

uab bank သည် တင်းကြပ်သော Corporate Governance စံနှုန်းများဖြင့်အညီ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေး ပိုင်းစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့ပြီး ၊ ချမှတ်ထားသည့် စံနှုန်းများကို ချိုးဖောက်မှုမရှိလိုက်နာကျင့်သုံးလာခဲ့ပြီး လွတ်လပ် သော အုပ်ချုပ်မှုအောက်တွင် ခိုင်ခိုင်မာမာရပ်တည်လျှက်ရှိပါသည်။ ထို့အပြင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းကမ်း များ ကိုလည်း တိတိကျကျ လိုက်နာ ဆောင်ရွက်လျှက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။ ဒေါ်လာ အရောင်း အဝယ် ကိစ္စ ရပ် များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသော online trading system မှတစ်ဆင့် သတ်မှတ် ထားသည့် နှုန်း အတိုင်းသာဆောင်ရွက်လျှက်ရှိပါသည်။

ဤမဟုတ်မမှန်မှားယွင်းသည့်သတင်းများဖြင့် ထုတ်ဝေဖြန့်ချီမှုကို ကျွန်တော်တို့ဘဏ်ဘက်မှလည်း တရားဥပဒေ အတိုင်းအရေးယူလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဤလုပ်ဆောင်ချက် Statement သည် ဘဏ်၏  Customer များနှင့် အများပြည်သူများအား အဆိုပါသတင်းသည် မဟုတ်မမှန်မှားယွင်းသည့်သတင်းအမှားများသာဖြစ်ကြောင်းသိနိုင်စေရန်ထုတ်ပြန်ခြင်းသာဖြစ်ပါသည်။

၂၇ ရက်နေ့ ဩဂုတ်လ ၂၀၂၃ ခုနှစ်။



#uabbank

မြန်မာ့သတင်းများ

28 Aug, 08:40


ကလေးဝမြို့ မဟာမြိုင်ရှိ သဲဖြူဝဆရာတော်ကျောင်းအား အကြမ်းဖက် PDF များဖျက်ဆီးခဲ့မှု အခြေအနေ

မြန်မာ့သတင်းများ

28 Aug, 07:35


သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းနားရသတဲ့....

မြန်မာ့ဆိုရိုးစကားမှာ သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းနားရတယ်ဆိုတဲ့ စကားပုံလေးကို လူတိုင်းသိကြမယ် ထင်ပါရဲ့...

တစ်နေ့က တောင်သာမြို့နယ်တွင်းက ပြည်သူလူထုအများ နေပြည်တော်မှာရှိတဲ့ မာရဝိဇယ ဘုရားကြီးကို ဖူးမြော်ကြည်ညို ကုသိုလ်ယူနိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဘ ဦးမိုးအောင်၊ တောင်သာမြို့နယ်အသင်းနာယက အဘ ဦးသန့်ဆွေတို့ကနေ စီစဥ်ဆောင်ရွက်ပေးခဲ့ပါတယ်...

တောင်သာမြို့ကနေ နေပြည်တော်ကိုသွားရောက်ဖို့ဆိုတာ အမြန်လမ်းကနေသွားရင် မိုင်ပေါင်း ၁၂၀ ကျော် ကွာဝေးလှပါတယ်...

သွားရေးလာရေး အစစအရာရာစီစဥ်ပေးပြီး လိုက်ပါလိုသူအားလုံးကို ဘုရားဖူး လိုက်ပါနိုင်ရေးအတွက် အဘ ဦးမိုးအောင်၊ အဘ ဦးသန့်ဆွေတို့မှ စီစဥ်ဆောင်ရွက်ပေးပြီး နေပြည်တော်ကိုရောက်ရှိချိန်မှာလည်း အဘဦးမိုးအောင်၊ အဘဦးသန့်ဆွေတို့ကိုယ်တိုင်က မာရဝိဇယဘုရားကြီးမှာ တောင်သာ ဒေသသားများ လာရောက်ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြပါသေးတယ်....

သာသနာတစ်ဝက် မင်းကောင်းဆက်ဆိုတဲ့ စကားလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အများပြည်သူများနဲ့ စုပေါင်းလှုဒါန်းဆောင်ရွက်ခဲ့တာကို အဘဦးမိုးအောင်၊ အဘဦးသန့်ဆွေတို့က တီဗွီဖန်သားပြင်ကနေ ကြည်ညိုသဒ္ဒါပွားနေရတဲ့ တောင်သာဇာတိသားများ မျက်မြင်ကိုယ်တွေ့ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ခဲ့မှုကို နတ်လူသာဓုခေါ်ဆိုနိုင်ပါစေ...

ဦးပြည့်