စစ်တပ်အုပ်ချုပ်တာကို လက်မခံချင်လို့တော်လှန်တယ်လို့ပြောတယ်။
ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့လဲ
လက်မခံဘူး။
တကယ်တမ်းက စစ်တပ်အုပ်ချုပ်တာကိုလက်မခံချင်တာမဟုတ်ဘူး၊
ငါတို့ပဲ အုပ်ချုပ်ချင်တာဆိုတဲ့ အဓိပ္ပာယ်မျိုးသက်ရောက်နေတယ်။
ပြည်သူတွေအတွက် တော်လှန်ရေးလုပ်တယ်လို့ပြောကြတယ်။
ပြည်သူတွေ ပျော်နေရင်ကျတော့လည်းမကြိုက်ကြပြန်ဘူး။
ဘယ်လိုနားလည်ရမလဲတော့မသိဘူး။
လက်နက်နဲ့ အနိုင်ကျင့်လို့ လက်နက်ဆွဲကိုင်ပြီးတော်လှန်တယ်လို့ပြောတယ်။
ကိုယ့်ထဲလည်း လက်နက်ရောက်ရော
လက်နက်မပါတဲ့လူတွေကိုချည်းလိုက်ပစ်နေတယ်။
ဓါတ်အားလိုင်းတွေ ဖျက်စီးတဲ့သတင်းကိုတွေ့ရင် သဘောကျကြတယ်။
မီးမလာတော့ကျလည်း မကြိုက်ကြပြန်ဘူး။
မြန်မာနိုင်ငံကြီးကို ဝိုင်းဝန်းပိတ်ဆို့စေချင်ကြတယ်၊ ပိတ်ဆို့လို့ ကြပ်တည်းသွားကြတဲ့အခါ......
နစက ကြောင့်တဲ့လား။
တိုင်းပြည်တည်ငြိမ်စပြုလာရင်
မကြိုက်ကြပြန်ဘူး၊ ကျီးလန့်စာစားရတဲ့အခါ........
တရားဥပေဒမစိုးမိုးလို့တဲ့လား။
တကယ့်ဂေါက်သီးတိုင်းပြည်ပါ။