စွမ်းအားရှင် 🇲🇲 🕊 @srshin12345 Channel on Telegram

စွမ်းအားရှင် 🇲🇲 🕊

@srshin12345


သတင်းမှန်များကို အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်ရန် ရည်ရွယ်ပါသည်။

စွမ်းအားရှင် 🇲🇲 🕊 (Burmese)

စွမ်းအားရှင် ဆိုတာကို နောက်ဆုံးပြတာ ဘာလိုအပ်တယ်ဆိုတာ သင်ပေးတာ ဘာလိုဖြစ်တတ်ထားသလဲ။ စွမ်းအားရှင် ဆို တစ်နေရာနှင့် ကိုယ်စားပြုပြီး ဇာတ်လမ်းကို အစားထိုးမယ်ဆိုပါစေ။ ဤ ဇာတ်လမ်းကို အစားထိုးပြီး ပြတာ မဟုတ်သလါးဆိုတာ အောင်ထွန်းပါသလား။ ကျန်ပါတယ်။ ဒါကြီးက အခမဲ့ပုံစံအတိုင်းဝယ်လိုပါတယ်။ လား ရှင်အရမ်းပါပြီ။

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 04:44


ပြင်ဦးလွင်မြို့က Gate Cafe ဆိုင်က အဖျော်ဆရာ group တွေမှာ ခြိမ်းခြောက် မဟုက်တယ့်သတင်းတွေတင်နေတယ့် သူ
ပြင်ဦးလွင် က ရဲတွေလက်စွမ်းပြဖို့လိုပြီး။

#BGFArmy 🇲🇲🇲🇲🇲🇲

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 04:08


.

☯️


( မြန်မာတွေအတုယူသင့်တယ် )

ထိုင်းက အွန်လိုင်းလိမ်လည်မှုနဲ့ပါတ်သက်ပြီး ဥပဒေထုတ်တယ်၊

အကိုင်းအခက်ကိုမခုတ်ဘူး၊ အဓိက ကိုကိုင်ပစ်လိုက်တယ်၊

* ဆက်သွယ်ရေး ကုပ္ပဏီ နဲ့
* ဘဏ်တွေ

..... တာဝန်ခံရမယ်တဲ့ ။

အဲ့ဒါမျိုးဖြစ်နေရမယ်၊



BaMg ☯️

.

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 04:02


ကာကွယ်ပေးခဲ့တဲ့ လူတွေကို ပြန်သတ်တဲ့ ရခီးတွေ ဒီတစ်ခါ ပြန်၀ဋ်လည်ပြီ .. ဘင်တွေ လိုချင်နေတာက ရခိုင်ပြည်နယ်ထဲက မြို့တွေ၊ ရွာတွေ။ အခုအဲ့ဒီနေရာတွေမှာ ရဲတပ်ဖွဲ့၊ စစ်သားတွေ မရှိတော့ဘူး။
-
နိုင်ငံတကာမှာရောက်နေတဲ့ ဘင်တွေက ဝိုင်းအော်နေကြသလို ဘင်အဖွဲ့တွေကလည်း ဝင်တိုက်နေပြီ။
-
ရခိုင်တွေက တစ်ပြည်နယ်လုံးပေါင်းလို့တောင် လူဦးရေ ၅ သန်း မပြည့်ဘူး။ ဘင်တွေက ဒုက္ခသည်စခန်းမှာတင် လူဦးရေက ၁ သန်းကျော်ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာက အမျိုးတူတွေ သန်း ၂၀၀ ကျော် ရှိတယ်။
-
“ရခိုင်ပြိုရင် ဗမာငိုမယ်”ဆိုတဲ့စကားလည်း AA နဲ့ အစွန်းရောက် ရခီးတွေကြောင့် ပျက်သွားပြီ။
-
ဒီတစ်ခါတော့ ပြန်ပြေးရမယ့်အလှည့်က ရခီးတွေ ဖြစ်ပါကြောင်း။

(htinmyataung)
သာကီမျိုးဟေ့ .. တို့ဗမာ

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 03:04


.

☯️


Greenland နဲ့ပါတ်သက်ပြီး EU ကိုယ်စားပြင်သစ်ကတုန့်ပြန်လာတာနဲ့အတူ ရုရှားကလဲတုန့်ပြန်လာပြီ၊

ဂရင်းလန်းကျွန်းကို အမေရိကန်က သူ့ပိုင်နက်ထဲထည့်သွင်းဖို့ကြိုးစားခြင်းဟာ ရုရှားကိုစစ်ရေးအရ ခြိမ်းခြောက်မှုတခုကိုဖြစ်ပေါ်စေတာမျိုးဖြစ်လာတယ်လို့ ရုရှားဒူးမားဖက်က တုန့်ပြန်လာပါပြီ၊

ဘမောင်အမြင်ကတော့ ထရမ့်ဟာ Greenland ကိုအခြေပြုပြီး အာတိတ်ကိုလွှမ်းခြုံ ကမ္ဘာကြီးကို သယံဇာတနဲ့ ခြိမ်းခြောက်တဲ့အထိ ပိုကြီးတဲ့ရည်ရွယ်ချက် ရှိထားလိမ့်မယ်လို့ ယူဆပါတယ်၊

အမေရိကန်တွေကို အနောက်ဥရောပ မိတ်ဖက်တွေကအစ တကမ္ဘာလုံးက မယုံကြည်ကြတော့ပါဘူး၊


BaMg ☯️

.

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 02:55


ညစ်ညမ်းစာအုပ် ပုံနှိပ်ထုတ်ဝေသူ(၆)ဦး အရေးယူခံရ ၊ ဂျပန် ယာကူဇာ ခေါင်းဆောင် ဝန်ခံလိုက်တဲ့ မြန်မာနဲ့ဆက်စပ်တဲ့ကိစ္စ ၊ ရမ်း‌ဗြဲ-ကျောက်နီမော် ဗုံးကြဲခံရမှု ၊ နီကြောင်နဲ့ပြည်ပြေးတွေအတွက် အခွင့်အရေးတစ်ခု (၉-၁-၂ဝ၂၅)

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:57


Kia ရဲ့ ယုတ်မာမှူ

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:56


Jan 10

မြန်မာပြည် ကာကွယ်မည်။

#crd

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:56


ငယ်ငယ်က ထွန်းခဲ့တဲ့ ရေနံဆီ မီးအိမ်လေး။
ပြန်ရှာထားကြပါအုံး🤣
#crd

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:55


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၉ / ၁/ ၂၀၂၅ )ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ
============================
(စစ်တွေမြို့)
ယနေ့မနက် ၈ နာရီခွဲခန့်က AA သောင်းကျန်းသူများမှ စစ်တွေမြို့မြောက်ဘက်ရှိ အောင်မြေကုန်းလုံခြုံ‌ရေးစခန်းနှင့် စစ်တွေမြို့၏ အရှေ့မြောက်ဘက်ရှိ ရဲယိုပြင်လုံခြုံရေးစခန်းအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့ဘက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် တန်ပြန်တိုက်ခိုက်ချေမှုန်းခဲ့ရာ နှစ်ဘက်တိုက်ပွဲ (၅)မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ နေ့လည် ၁၁ နာရီအချိန်ခန့်က အောင်မြေကုန်းလုံခြုံရေးစခန်းအား သောင်းကျန်းသူများမှ လက်နက်ကြီး/ငယ်များဖြင့် ထပ်မံလာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်စစ်ကြောင်းဘက်မှ အမြောက်လက်နက်ကြီးများဖြင့်လည်းကောင်း၊ ရေတပ်စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့်လည်းကောင်း ပြန်လည်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခဲ့ရာ ၁၁နာရီ မိနစ်၅၀ အချိန်ခန့်တွင် တိုက်ပွဲရပ်တန့်သွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
-
ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

https://t.me/newsmayyu

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:55


ရေတာရှည်မြို့နယ်၊ ရွှေသောင်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေ
နေပြည်တော်၊ ဇန်နဝါရီ ၉

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:54


ညစ်ညမ်းစာအုပ် ပုံနှိပ်ထုတ်ဝေသူ(၆)ဦး အရေးယူခံရ ၊ ဂျပန် ယာကူဇာ ခေါင်းဆောင် ဝန်ခံလိုက်တဲ့ မြန်မာနဲ့ဆက်စပ်တဲ့ကိစ္စ ၊ ရမ်း‌ဗြဲ-ကျောက်နီမော် ဗုံးကြဲခံရမှု ၊ နီကြောင်နဲ့ပြည်ပြေးတွေအတွက် အခွင့်အရေးတစ်ခု (၉-၁-၂ဝ၂၅)

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)

စွမ်းအားရှင် 🇲🇲 🕊

10 Jan, 01:52


.

အနောက်အုပ်စုရဲ့ အကြောက်ရဆုံး
ဒီနေ့အထိ ဘယ်နိုင်ငံကမှ ပစ်ချနိုင်ခြင်းမရှိသေးတဲ့ နျူထိတ်ဖူးတပ် ရုရှားရဲ့ဖျက်အားအပြင်းဆုံး ဟိုက်ပါဆောနစ် ICBM.

Sarmat -28 လို့ခေါ်သလို
Satan-II လို့လဲ အနောက်က အမည်ပေးထားတဲ့ မစ်ဇိုင်းကြီးကို ရုရှား နေရာပြောင်းရွေ့ချထားလိုက်တာ ထူးခြားနေပါတယ်၊


#crd

စွမ်းအားရှင် 🇲🇲 🕊

05 Jan, 02:05


.

☯️

( တရားခံ )


ယူကရိမ်းစစ်မတိုင်မီ လပေါင်းများစွာကထဲက အမေရိကန်ဟာ စစ်လက်နက်အမြောက်အများကို ယူကရိမ်းဆီကြိုတင်ပို့ဆောင်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလစ်ကင်ကဝန်ခံလိုက်တယ်၊

ဒီနေရာမှာ ရုရှားကကျူးကျော်လို့ စစ်ဖြစ်ရတာပါ... ဆိုတဲ့အယူအကောက်တွေကိုအတော်အတန်မက ဘလစ်ကင့်စကားအရချေဖျက်ပြီးဖြစ်သွားပါလိမ့်မယ်၊

ရုရှားကိုစစ်နွံနှစ်ပြီးပြိုကွဲစေချင်လို့ ယူကရိမ်းကို NATO ထဲဝင်ဖို့ လမ်းကြောင်းပေးပြီး မျှားထုတ်တာဆိုတာကို Logic နဲ့စဉ်းစားနိုင်မှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဆက်နွယ်အကျိုးဆက်တွေကို ကုန်စင်အောင် မစဉ်းစားနိုင်ခဲ့ကြလို့ မျှော်လင့်သလို ဖြစ်မလာခဲ့ကြတာပါ၊


BaMg ☯️

.

စွမ်းအားရှင် 🇲🇲 🕊

05 Jan, 01:14


စစ်မြေပြင်မှာ မိမိစစ်သည်တွေရဲ့ ခုလိုလှုပ်ရှားသွားလာ တိုက်ပွဲဝင်နေတဲ့ပုံတွေ မြင်ချင်တာ..💪💪

မြန်မာ့တပ်မတော်မှ စစ်သည်များအားလုံး ဘေးရန်ကင်းပြီး အောင်ပွဲများရရှိ၍ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံစည်းပြီး ပျော်ရွှင်စွာနေနိုင်ပါစေ..💚💚

တိုက်ပွဲသတင်းစုံ

#Taung Hkam Battle
#Full HD True events video

စွမ်းအားရှင် 🇲🇲 🕊

05 Jan, 01:14


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ - ၄

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

စွမ်းအားရှင် 🇲🇲 🕊

05 Jan, 01:13


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

စွမ်းအားရှင် 🇲🇲 🕊

05 Jan, 01:13


တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၄

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စွမ်းအားရှင် 🇲🇲 🕊

02 Dec, 09:48


ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်သန်လျက် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သာသနာတော်(၃)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန့်ကားပြန့်ပွားစေရန်ရည်ရွယ်၍ စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ(၁၀၆)ကြိမ်မြောက်ကို ရွှေတိဂုံစေတီတော်၌ ကျင်းပလျက်ရှိပါတယ်။  နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိကျင်းပသည့် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သီးခြားစာချတန်းတွင် ၄၁ ပါး၊ သီးခြားစာသင်တန်းတွင် ၂၂၃ ပါး၊ စုစုပေါင်း ၂၆၄ ပါး ဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်ပါတယ်။

စွမ်းအားရှင် 🇲🇲 🕊

02 Dec, 09:46


မိုးကုတ်က ငနီတူးလေးတွေတော့

လောင်နေကြပြီ
😁😁😁

စွမ်းအားရှင် 🇲🇲 🕊

02 Dec, 06:16


စကခ ၅ ကိုတိုက်နေတဲ့ AA အဖွဲ့တွေထဲက ဒဏ်ရာလူနာတွေထားထားတဲ့ တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာက အဆောက်အဦး ဗုံးကြဲခံလိုက်ရတဲ့မြင်ကွင်း

၂၀ ကျော် သေတယ်လို့တော့ ကနဦးသိရတယ်
#crd

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 14:42


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၃၀/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)


နံနက်ပိုင်း ၉ နာရီခွဲခန့်က AA သောင်းကျန်းသူများမှ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ကာကင်းများနှင့် အတွင်းနေရာများသို့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အကြိမ် ၂၀ ခန့် ပစ်ကူပေးဗုံးကြဲတိုက်ခိုက်ခြင်းဖြင့်လည်းကောင်း၊ အမြောက်/ဒုံး/ဒရုန်းများဖြင့် လည်းကောင်း အပြင်းအထန်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က မှတ်တမ်းရုံးအနီး ကာကင်းများအား AA သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့ရာ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အမ်းမြိုု့အနောက်ဘက်တွင် သောင်းကျန်းသူတိုက်စစ်နောက်ပိုင်း နေရာများအား ရှင်းလင်းတိုက်ခိုက်ပြီး တိုင်းရုံးသို့စစ်ကူပေးနိုင်ရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအထဲမှ တစ်ဖွဲ့မှာ ယနေ့နံနက်ပိုင်းက တိုင်းရုံးသို့ ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

(တောင်ကုတ်)

နံနက်ပိုင်း ၉ နာရီအချိန်ခန့်က စကခ ၅ အနောာက်မြောက်ဘက်ရှိ အထက ၃ နေရာနှင့် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂)နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် နေ့လည် ၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား တိုက်ခိုက်ရေးလေယာဉ်များ/ လက်နက်ကြီး/ drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
မောင်တောဒေသ၌ စစ်ရေးရှုံးနိမ့်မှုများဖြစ်ပေါ်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် ယနေ့၌ အနီးကပ်လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သော်လည်း နံနက် ၁၀ နာရီခွဲအချိန်ခန့်က အဝေးမှနေ၍ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါဦး
ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 14:42


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 14:41


ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကံဇော် မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အလှူရှင်များအတွက် ဂုဏ်ပြုပွဲအခမ်းအနား သို့ တက်ရောက်ချီးမြင့်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 14:41


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ လေ့ကျင့်နေမှု ကြည့်ရှုအားပေးသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 14:41


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွှက်ထားမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 14:22


ယူကရိန်းမှာ ရုရှားကျင့်သုံးနေတဲ့ ဝံပုလွေအမဲလိုက်နည်းဗျူဟာ (Wolf Hunt)
=============================

ယူကရိန်းနိုင်ငံ၊ Kurakhovo ဒေသမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို ဝံပုလွေတွေအမဲလိုက်တဲ့နည်းနဲ့ဆင်တူတဲ့ Wolf Hunt နည်းဗျူဟာ သုံးပြီး တိုက်ခိုက်ခဲ့ကြပါတယ် .....

Wolf Hunt နည်းဗျူဟာဆိုတာ မိမိတပ်ဖွဲ့တွေကို အဖွဲ့ငယ် တွေခွဲ၊ အဲ့သည့်အဖွဲ့တွေနဲ့  ရန်သူကိုမလှုပ်နိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ပြီး လမ်းကြောင်းမျိုးစုံ ကနေ ချီတက်ထိုးဖောက် တိုက်ခိုက်တာ ဖြစ်ပါတယ် ....

ယူကရိန်းတိုက်ခိုက်ရေးသမားတွေဟာ ရုရှားတပ်ဖွဲ့တွေရဲ့ ဘက်ပေါင်းစုံက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် စခန်းတွေခိုင်မာအားကောင်းနေတာတောင် ထပ်ပြီးတောင့်ခံဖို့ မကြိုး စားတော့ဘဲ လက်နက်ချဖို့ ရွေးချယ်လာပါတယ် ..... 

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ယူကရိန်း တပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ Kursk ဒေသကို ကျုးကျော်တိုက်ခိုက်ခဲ့ပြီး ရုရှားတပ်ဖွဲ့တွေကို ယူကရိန်းနိုင်ငံအတွင်းက ထွက်ခွာသွားအောင် ကြိုးပမ်းခဲ့ကြပါတယ် .....

ဒါပေမဲ့ ယူကရိန်းရဲ့ အစီအစဉ်ဟာ လုံးဝမအောင်မြင်ခဲ့တဲ့ Kurskကို တိုက်ဖို့ တပ်ဖွဲ့ဝင်အများအပြား စေလွှတ် ခဲ့ရတာကြောင့် Kurakhovoလို ဒေသမှာတောင် ယူကရိန်းတပ်ဖွဲ့ဝင်အင်အား နည်းနည်း ကျဲကျဲသာ ချထားနိုင်ပါတော့တယ် ....

ရုရှား တပ်ဖွဲ့တွေကို သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး မဟာဗျူဟာနေရာဖြစ်တဲ့ Pokrovsk မြို့ကို မချီတက်နိုင်ဖို့လည်း တားဆီးပေးထားနိုင်တဲ့ မြို့ဖြစ်တာကြောင့် Kurakhovo မြို့ဟာ ယူကရိန်းကာကွယ်ရေးအတွက် အခရာကျနေပါတယ် ....

ဒါ့အပြင်ဒီမြို့ဟာ ယူကရိန်းနိုင်ငံရဲ့ သံမဏိနဲ့ သတ္တုထုတ်လုပ်ရာမှာအသုံးပြုတဲ့ ကော်ကိုးကျောက်မီးသွေးထွက်တဲ့ တစ်ခုတည်း သော နေရာလည်းဖြစ်နေပါတယ်....

ဒါကြောင့် ရုရှားအနေနဲ့ Kurakhovo မြို့က ယူကရိန်းတပ်ဖွဲ့တွေကို အပြီးသတ်တိုက်နိုင်ခဲ့ မယ်ဆိုရင် Pokrovsk မြို့လို အချက်အချာနေရာတွေကို ထိန်းချုပ်နိုင်မှာဖြစ်တဲ့အပြင် အခြား ဒေသတွေမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ခုခံမှုကို အားနည်းသွားအောင် ထိန်းထားနိုင်မှာပဲ   ဖြစ်ပါတယ် .....

ဒါ့အပြင် ယူကရိန်းနိုင်ငံရဲ့ စက်မှုစီးပွားရေးကိုထိခိုက်သွားစေနိုင်ပြီး နိုင်ငံ တကာပံ့ပိုးမှုကို ပိုမိုမှီခို အားထားရတော့မှာဖြစ်ပါတယ် ....

လတ်တလော Wolf Hunt နည်းဗျူဟာသုံးတာကို ကြည့်ခြင်းအားဖြင့် ရုရှားတွေဟာ သူတို့ရဲ့စစ်နည်းဗျူဟာတွေကို နေရာဒေသလိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲအသုံးချနိုင်စွမ်းရှိတယ်ဆိုတာ သင်ခန်းစာရလိုက်ပါတယ်......

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 12:55


တိုက်ပွဲသတင်း (ဘောကထ)

နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် KNLA တမဟ(၃) ရင်း(၇)မှ အကြမ်းဖက် ၃၅ ဦးနှင့် ရွှေကျင်မြို့၏ မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာရှိ သဇင်ကျေးရွာအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူမြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး ရန်သူ့ထံမှ -
(၁) KNLA အလောင်း ၄ လောင်း
(၂) သေနတ် ၃ လက်
  - MA-1 သေနတ် ၁ လက်
  - M-4 သေနတ် ၁ လက်
  - ပစ္စတိုသေနတ် ၁ လက်
(၃) ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည် ၅၉ တောင့်
(၄) မိုင်းမျိုးစုံ ၁၅ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ (ပုံများအား ထပ်မံဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 12:55


ရန်သူ့ Drone များအား ပစ်ချဖျက်ဆီး (မြင်းမူ)

နိုဝင်ဘာ ၂၉ ရက် နေ့လည်အချိန်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် ရန်သူ့ Drone ၂ စီး ပျံသန်းလာသည်ကို တွေ့ရှိသဖြင့် Drone Gun ဖြင့် ပစ်ချခဲ့ရာ -
(၁) ရန်သူ့ Drone ၂ စီး
(၂) ဗုံးသီး ၄ လုံး
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 12:54


ကိုးကန့်တွေ နိုင်ငံတော်အလံ လွှင့်ထူတာနဲ့ပတ်သက်ပြီး ကိုယ့်ကို ဘယ်လို မြင်သလဲ ဆိုတာမျိုး တိုက်ရိုက်မေးလာလို့ပါ။


‌နိမ့်ကျပါတယ်ဆိုတဲ့ ခွေးကို နိုင်ငံသားအားလုံးအပေါ် ကိုယ်စားပြုတဲ့ နိုင်ငံတော်အလံ လွှမ်းခြုံပြီး လှောင်ပြောင်တဲ့ လုပ်ရပ် လုပ်ခဲ့တာ မြင်ဖူးပြီးကတည်းက ကိုးကန့်တွေရဲ့ နိုင်ငံတော်အပေါ် ချစ်စိတ်ဆိုတာက အယုံအကြည် မရှိခဲ့တာပါ။

ပိုဆိုးတာက ဘုရားစေတီတွေကိုပါ ဘာသာမဲ့ အတွေးအခေါ်နဲ့ ဖျက်ဆီး ပြကတည်းက တကန့်ပျက်တွေရဲ့ ဉာဏ်အတိမ်အနက်ကို စဉ်းစားတွေးခေါ်ကြည့်လို့ရပါတယ်။

ဒီထက်ပိုပြီး သေချာချင်ရင် လောက်ကိုင်ကနေ ဖုန်းတွေ၊ ပိုက်ဆံတွေ အကုန်ထားခဲ့ရပြီး အသက်ရှင်ရင် ပြီးရောဆိုတဲ့စိတ်နဲ့ အပြေးတပိုင်း ပြန်လာကြတဲ့ သက်ရှိထင်ရှား ပြည်သူတွေကို တကန့်ပျက်တွေက တိုင်းရင်းသားစိတ်၊ နိုင်ငံသားစိတ် ရှိကြလားလို့ မေးကြည့်ပေါ့။

တစ်ဦးတည်း အမြင်အရတော့ ....ထူးပြီး ဝမ်းသာစရာ မလိုတဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။


(နရီမိုး)

စွမ်းအားရှင် 🇲🇲 🕊

30 Nov, 11:27


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်ရှိ သံဃာတော်များ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ကုသမှု့ပေးအပ်ခဲ့

၃၀-၁၁-၂၀၂၄

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 04:54


ရွှေလီကနေ မြန်မာထဲကို
တရားမဝင် ဂိတ်ကနေ
တွန်းလှည်းနဲ့တောင် ကုန်သယ်လို့ မရတော့တဲ့
တရားဝင် စာထုတ်
-
မြန်မာဘက်ကပါ ထပ်ကြပ်ပါ
ဘယ်သူပုန်မှ ခေါင်းမထောင်နိုင်ဘူး။

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 04:30


နတ်တလင်းခရိုင် ပြည်သူ့ကာကွယ်ရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ထောက်ပံ့

နိုဝင်ဘာ ၁၀
    
နတ်တလင်းခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသောက်ဖွယ်ရာများနှင့် ယူနီဖောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒေသကွပ်ကဲရေးမှူးတို့တက်ရောက်ကြပြီး စားသောက်ဖွယ်ရာများနှင့်ယူနီဖောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 03:33


အီလွန်မတ်စ်၏ Tesla ကုမ္ပဏီ ရှယ်ယာစျေးတက်ပြီး စျေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ ( ၁၀၀၀ ဘီလျံ) ကျော်ဖြစ်လာ။
#crd

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 03:31


မြန်မာနိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပေးသူများထံ သက်တမ်းတိုးသူများအား Blacklist သွင်း၍ Passport ဖျက်သိမ်း
==============

ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယား)ရောက် မြန်မာလုပ်သားတွေကိုင်ဆောင်နေတဲ့ နိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပြီး သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံနဲ့ပူးပေါင်းပြီး အရေးယူဖို လုပ်ဆောင်နေတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နစကအစိုးရလုပ်ဆောင်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တောင်ကိုရီးယားနိုင်ငံရောက် NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီလို The Voice of Spring ၊ Hlaing Moe Thu ၊ Nay Win Aung စတဲ့ Page တွေ အကောင့်တွေက သက်တမ်းတိုးပေးထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပြီး NUG ရုံးက ဒီလိုသက်တမ်းတိုးပေးနေမှုဟာ တရားမဝင်သလို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်မိတာကြောင့် မိခင်နိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတိုက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနဲ့ စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနဲ့ အမည်မည်းစာရင်းသွင်းခြင်းတိုကို ဆောင်ရွက်ခံရမှာဖြစ်ကြောင်း အသိပေးနှိးဆော်ချက်ကို အောက်တိုဘာ ၁၅ ရက်မှာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အသိပေးထားပါတယ်။

ဒီလိုအသိပေးထားတဲ့ကြားက တချိုသော မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံး အတုအပနဲ့ သက်တမ်းတိုးမှု လုပ်ဆောင်နေတာ စိစစ်တွေ့ရှိရတဲ့အတွက် မြန်မာသံရုံး၊ ဆိုးလ်မြိုအနေနဲ့ ဒီ နိုင်ငံကူးလက်မှတ်(Passport) တွေကို ဖျက်သိမ်းတာနဲ့ အမည်မည်းစာရင်း(Blacklist) ရေးသွင်းတာတွေကို ဆောင်ရွက်ခဲ့တယ်လို သိရပါတယ်။

ဒါ့အပြင် တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံ (တောင်ကိုရီးယား) တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ဖို သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့် နဲ့နယ်မြေခံအဆင့် အဖွဲအစည်းတွေနဲ့ ညှိနှိင်းဆောင်ရွက်နေတယ်လိုလည်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 03:30


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၁၀ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 01:28


(၆)ဦးမှ လက်သီးဖြင့် ဝိုင်းထိုးကြသဖြင့် အထိုးခံရသူ လည်ပင်း၌ ဆွဲထားသော ရွှေဆွဲကြိုး ပြတ်ကျပျောက်ဆုံး။

(၉ ၁၁ ၂၀၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင်တွင် (၈ ၁၁ ၂၀၂၄)ရက်နေ့ (၁၈၃၀)အချိန် ရေကျော်အုပ်စု၊ရောင်ကြီးကျေးရွာနေ ဦးချစ်ခိုင်(၄၃)နှစ်၊သည် နေအိမ်တွင် ရှိနေစဥ် တစ်ရွာတည်းနေ ဇော်ဦး(၄၂)နှစ် မှ ရွာထိပ်ရှိ ဘုန်းကြီးကျောင်းတွင် အစည်းအဝေး ရှိည်ဟု ပြောဆိုကာ လာခေါ်သဖြင့် ဦးချစ်ခိုင် မှ လိုက်သွားခဲ့ပြီး ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ဘုန်းကြီးကျောင်း အောက်ထပ်တွင် ၎င်းအား လာခေါ်သူ ဇော်ဦး နှင့်အတူ ထိုင်နေစဥ် တစ်ရွာတည်းသားများဖြစ်သည့် ၎င်းနှင့် ယခင်က စကားများ ရန်ဖြစ်ဖူးသူ အောင်မြင့်သူ(၄၆)နှစ် နှင့် ကျော်ဇင်ထွဋ်(၂၄)နှစ်၊နေလင်း(ခ)နေလင်းအောင်(၂၇)နှစ်၊စိုးဝင်း(၄၆)နှစ်၊တင့်လွင်(၄၂)နှစ်၊တို့( ၅)ဦး ရောက်ရှိလာပြီးနောက် အောင်မြင့်ကြည် မှ ဦးချစ်ခိုင် အား "မင်းနဲ့ ပြောစရာရှိတယ်"ဟု ပြောသဖြင့် ဦးချစ်ခိုင် မှ "ပြောစရာရှိရင် ဒီမှာပြော"ဟု ပြောလိုက်ရာ ကျော်ဇင်ထွဋ် မှ ဦးချစ်ခိုင် အား "ငါလိုးမသား"ဟု ဆဲဆိုပြီး အောင်မြင့်ကြည် မှ ဦးချစ်ခိုင် ၏ အင်္ကျီအား ဆောင့်ဆွဲကာ "မင်းက ဘာဖြစ်ချင်တာလဲ၊ မင်းကို ကြည့်မရတာ ကြာနေပြီ"ဟု ပြောဆိုပြီး ဦးချစ်ခိုင် အား ဇော်ဦး နှင့် ကျော်ဇင်ထွဋ် တို့(၂)ဦးမှ အနောက်မှ ချုပ်ပေးထားပြီး အောင်မြင့်ကြည်၊စိုးဝင်း၊တင့်လွင်၊နေလင်း(ခ)နေလင်းအောင် တို့မှ လက်သီးနှင့်ဝိုင်းထိုးရာ ဦးချစ်ခိုင်တွင် ဝဲဘက်ပါးဖူးရောင်ဒဏ်ရာ(၁)ချက်၊ခါးနာကျင်ဒဏ်ရာ(၁)ချက်၊ရင်ဘတ်နာကျင်ဒဏ်ရာ(၁)ချက်၊ဝဲဘက်ဂျိုစောင်းဖူးရောင်ဒဏ်ရာ(၁)ချက်၊(ပြင်ပလူနာ၊မစိုးရိမ်ရ ဥသျှစ်ပင်ဆေးရုံ)တ်ို့ ဒဏ်ရာများရရှိခဲ့ပြီးနောက် ဦးချစ်ခိုင် ၏ လည်ပင်းတွင် ဆွဲထားသော တစ်ကျပ်သားခန့်ရှိ ၁၅ ပဲရည် ရွှေဆွဲကြိုး(၁)ကုံးမှာ (ကာလတန်ဖိုး ၅၉၀၀၀၀၀ိ/-)ခန့်မှာ ပြတ်ကျပျောက်ဆုံးသွားခဲ့သည်။ ထိုသို့ ဦးချစ်ခိုင်အား အောင်မြင့်ကြည့် ပါ(၆)ဦးမှ လက်သီးဖြင့် ဝိုင်းထိုးကြသည်ကို တစ်ရွာတည်းနေ ကိုဝင်းသူအောင် နှင့် ဦးဆန်းဦး ရောင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ (၂)ဦးမှလည်း မြင်တွေ့ ကြားသိကြကြောင်း တိုင်တန်းသိရှိရသည်။
သို့ဖြစ်ပါ၍ ဦးချစ်ခိုင်မှ ၎င်းအား ဆဲဆိုကာ နာကျင်ဒဏ်ရာများရရှိအောင်နှင့် ရွှေဆွဲကြိုးပြတ်ကျပျောက်ဆုံးသည်အထိ လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ကြသော အောင်မြင့်ကြည်၊စိုးဝင်း၊ကျော်ဇင်ထွဋ်၊တင်လွင်၊နေလင်း(ခ)နေလင်းအောင်၊ဇော်ဦး တို့ (၆)ဦးအား ဥပဒေအရ အရေးယူပေးပါရန် ဦးချစ်ခိုင် မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်း၏ (ပ)၂၂၇/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၄၂၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုရေးဖွင့်ရက် နောက်ကျရခြင်းမှာ တရားလိုသည် မိသားစုနှင့် တိုင်ပင်နေ၍ ယနေ့မှ လာရောက်တိုင်တန်းရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအမှုအား ဒုရဲအုပ် နှင်းနှင်းဦး မှ လက်ခံစစ်ဆေးဆောင်ရွက်ကာ အမှုမှ တရားခံများအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကျော်စွာ(ပန်းတောင်း)

https://t.me/pyaytruenews

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 01:27


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)
======================
(အမ်း)


နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကူစစ်ကြောင်းများအနေဖြင့် ယနေ့နံနက်အစောပိုင်းမှစ၍ ၃၇၁ တပ်အရှေ့ဘက်သို့ ရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နေရာများအား လက်နက်ကြီး/ Drone ပစ်ကူများရယူလျက် စတင်တိုက်ခိုက်ချေမှုန်းခဲ့ရာ နံနက်ပိုင်း (၆) နာရီခန့်မှစ၍ နံနက်ပိုင်း (၉)နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး သောင်းကျန်းသူများ အလောင်း/ လက်နက်များထားကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားရာ နေရာအား သွားရောက်ရှင်းလင်းခဲ့ရာ ရန်သူအလောင်း(၅)လောင်းနှင့် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်ငယ် (၁၅)လက်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ ညပိုင်း ၆ နာရီခွဲအချိန်ခန့်က AA အကြမ်းဖက် သောင်းကျန်းသူများမှ ၃၇၂ တပ် အနောက်မြောက် ခြံစည်းရိုးအပြင်ဘက်မှနေ၍ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် တပ်မတော်သားများမှ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရာ (၁၀)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြောင်း၊ ယနေ့ ညနေပိုင်း ၄ နာရီခန့်က နယ်မြေခံ ဆက်သွယ်ရေးတပ်အား သောင်းကျန်းသူများမှ အဝေးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ(၁၅)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ယနေ့ည ၇ နာရီ အချိန်ခန့်က ပဲပုဒုံလုံခြုံရေးစခန်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ယနေ့ညပိုင်း ၉ နာရီခွဲအချိန်ခန့်က စအရ(၉၁၉)တပ်အနီး နှစ်ဖက်တိုက်ပွဲ(၅)မိနစ်ခန့် ဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့ညနေပိုင်း ၆ နာရီအချိန်ခန့်က နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် (၁၅)မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(တောင်ကုတ်)
ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ကုတ်မြို့တောင်ဘက် မီတာ ၂၅၀၀ အကွာရှိ ဖုံညိုကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက် သောင်းကျန်းသူများမှ Drone ဖြင့်လာရောက်တိုက်ခိုက်သောကြောင့် Drone လွှင့်တင်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ နယ်မြေခံတပ်စစ်ကြောင်းမှ တောင်ကုတ်မြို့မြောက်ဘက် တစ်ဖက်ကမ်းရှိ ဒုံကျေးရွာတွင် ရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူများအား သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နေ့လည် ၁၂ နာရီခွဲခန့်တွင်တစ်ကြိမ်၊ ညနေ ၃ နာရီခန့်တွင်တစ်ကြိမ် နှစ်ဖက်တိုက်ပွဲ ခဏတာဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ အဆိုပါရွာမှဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/minchitoo989989/41636

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 01:26


ပဒါန်းသတင်းအဆက်

နိုဝင်ဘာ ၈ ရက် (မနေ့)က အမ်း-ပဒါန်းကားလမ်းပေါ်မှာ နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး AA အလောင်း ၁ လောင်း၊ သေနတ် ၁ လက်နဲ့ ဒီတိုနေတာတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဖြစ်စဉ် Post https://t.me/combatnews7723/5813
-
ယနေ့ နိုဝင်ဘာ ၉ ရက် နေ့လည်ပိုင်းအချိန်တွင်လည်း အဆိုပါနေရာအနီး၌ပင် အလောင်း/လက်နက် လာကောက်တဲ့ အကြမ်းဖက် AA အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) သေနတ် ၂ လက်
- တရုတ်စက်လတ် ၁ လက်
- MA-11 သေနတ် ၁ လက်
(၂) ကျည်အိမ် ၆ ခု၊ ကျည်မျိုးစုံ ၅၀၀ ခန့်
(၃) လက်ပစ်ဗုံး ၁ လုံး၊ ဦးထုပ် ၁ လုံး

တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။

တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 01:26


9️⃣🔣1️⃣1️⃣🔣2️⃣4️⃣

🔤🔤🔤🔤🔤🔤🔤🔤

NLD စွမ်းအင် ဝန်ကြီးဟောင်း ဦးဝင်းခိုင် ကွယ်လွန်


တောင်ကြီး တန်ဆောင်တိုင်နဲ့ အေးသာယာစက်မှုဇုံထဲက လက်နက် ဖမ်းဆီးရမိမှု


ယူနက်စကို ဒြပ်မဲ့ယဥ◌်ကျေးမှု စာရင်းထဲရောက်သွားတဲ့ မြန်မာ့ရိုးရာသင်္ကြန်


စမ်းချောင်း ငွေလဲ ကောင်တာက ဖြစ်ရပ်


NUG ဘက်တော်သား မြန်မာရဲ ဂျပန်မှာ သူခိုးဖြစ်


ကိုရီးယားမှာ လိမ်တော့မယ့် NUG


🔤🔤🔤🌸  🔤🔤(၉-၁၁-၂၀၂၄)

🔤🔤🔤🔤🔤 (ရုပ်သံဖိုင်)

https://t.me/SpecialNews101

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 01:25


ကိုယ့်ကို မလိုလို့ မုန်းလို့ ပြောလာတဲ့
စကားသံတွေဆိုတာ ရှောင်လို့မရဘူး
တွေ့ရလိမ့်မယ်။

အဲဒီ ...မကောင်းတဲ့စကားသံတွေကို
ပြန်ပြန်ပြီး စဉ်းစားမနေနဲ့
ခဏခဏ အမှတ်ရ မနေနဲ့
စိတ်ထဲမှာ သိမ်းထားမနေနဲ့
အမှတ်ရတိုင်းထုတ်ထုတ်ကြည့်နေတဲ့
ပစ္စည်းတစ်ခုလို လုပ်မနေနဲ့။

အဲဒါတွေဟာ ပြီးခဲ့ပြီ..
ဘာမှမရှိတော့ဘူး။

ဘာမှ မရှိတော့တာကြီးနဲ့ ပတ်သက်ပြီး
မကျေမနပ် ဒေါသတွေ ဖြစ်နေတာဟာ
ဘယ်လောက်ဉာဏ်နည်းရာရောက်သလဲ

စိတ်ဆင်းရဲရတာပဲ ရှိတယ်..
အကုသိုလ်ဖြစ်ရတာပဲအဖတ်တင်တယ်။

ဒါကြောင့်..
သူများက ကိုယ့်ကို ဘာပဲပြောပြော
အဲဒါတွေကို အမှတ်ရပြီး..

ခံစားနေဖို့ ငါ့မှာ အချိန်မရှိဘူး။
တန်ဖိုးရှိတာတွေကိုလုပ်ရဦးမယ်လို့တွေး
ပြီး ဖြစ်ခဲ့တာတွေကို ထားခဲ့ပါတော့..

စဉ်းစားမနေပါနဲ့။

#သစ္စာရွှေစည်ဆရာတော်

#ကောင်မူ့တစ်ခုနေ့စဉ်ပြုနိုင်ကြပါစေ

#ချစ်ခြင်းများစွာဖြင့်မျှဝေအပ်ပါသည်

စွမ်းအားရှင် 🇲🇲 🕊

10 Nov, 01:23


မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏

သောကကင်းဝေး စိတ်အေးချမ်းမြ

လိုရာမှန်သမျှ တတိုင်းရ ပြည့်စုံပါစေ။

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:55


တောင်ကြီးမီးပုံးပျံပွဲတော်ညမီးကျည်၂၆လုံး၊စိန်နားပန်၂၄လုံးနှင့်နေ့လွှတ်မီးပုံးပျံ၁၀၀ကျော်လွှတ်တင်မည်

ရှမ်းပြည်နယ်တောင်ကြီး တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကိုယခုနိုဝင်ဘာ၉ရက်မှ၁၅ရက်အထိ၇ရက်ကြာအဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊အဆိုပါတောင်ကြီးမြို့တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကိုအဝေရာမီးပုံးပျံကွင်းတွင်နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကာကိုဗစ်ကပ်ရောဂါနှင့်နိုင်ငံရေးအပြောင်းအလဲများအကြားသုံးနှစ်ကြာရပ်နားထားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ယမန်နှစ်၂၀၂၃ခုနှစ်မှစ တင်ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်ပြီးအနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့်စည်ကားသလိုပြည်ပခရီးသွားများပါစိတ်ဝင်စားသည့်ရိုးရာပွဲတော်တစ်ခုဖြစ်သည်။

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:55


1.11.2024. 5


မော်လမြိုင်သတင်းပါ


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက် ၁၃၅၀ အချိန်ခန့်တွင် မော်လမြိုင်မြို့၊ သံလွင်တံတား လုံခြုံရေးဂိတ် အနီး၌ သတင်းအရ ပြည်နယ်မှုကူဌာနစိတ်မှ ရဲအုပ် နှင့်အဖွဲ့ သည် မြဝတီမြို့ဘက်မှ ယာဥ်မောင်း သူရဇော်(ခ)အောင်ကြီး၊(၃၅)နှစ်၊ (ဘ)ဦးထွန်းဇော်၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း၊ ၉/ပကခ (နိုင်) ၀၈၆၅၉၈၊ သဲကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်သည့် Pajero အပြာရောင် ယာဥ်ပေါ်မှ AK -47 ၇ လက်၊ MA-1 ၁ လက်၊ AK ကျည်ဘောက်  ၇ ခု၊ MA-1 ကျည်ဘောက် ၃ ခု(ဖိုက်ဘာ)၊ ၅.၅၆ ကျည် ၈၈၀ တောင့်၊ ပွိုင့် ၃၈ ကျည် ၂၄ တောင့်
ပွိုင့် ၉ မမ ကျည် ၇၀ တောင့် တို့အား ဖမ်းဆီးရမိကြောင်းသတင်းပေးပို့လာပါတယ်။



အမဲလိုက်မုဆိုးကြီး
1.11.2024(04:58PM)
Fri. day

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:55


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၁/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)
======================

(အမ်း)

အမ်းမြို့တောင်ဘက်ရှိ တိုက်စည်းသင်တန်းကျောင်းအား ယနေ့နံနက် အစောပိုင်းမှစ၍ AA အကြမ်းဖက် သောင်းကျန်းသူများမှ သင်တန်းကျောင်း အရှေ့ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း/ Drone များဖြင့် ဝေဟင်မှ တိုက်ခိုက်ချေမှုန်းခြင်း၊ အသေခံ Drone များဖြင့် ရန်သူပုန်းခိုနေသည့် နေရာများအား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်း စသည့် ပစ်ကူများရယူ၍ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ ရန်သူဝင်ရောက်လာသည့်နေရာများများအား တပ်မှပြန်လည် ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်း၊ အမ်းမြို့သို့ရောက်ရှိနေသည့် စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းမှုများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၆ နာရီခွဲအချိန်ခန့်က အမ်းမြို့အရှေ့ဘက် မြို့အဝင်အနီး AA သောင်းကျန်းသူများစုဖွဲ့နေသည့်နေရာအား တိုက်ခိုက်ခဲ့ရာ ၆ နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့အနောက်ဘက် မီတာ (၄၅၀၀)အကွာရှိ (၂/၃၀၀) တပ်ဆေးရုံပတ်ဝန်းကျင် နေရာများအား တပ်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က လျော်လှန်းရုံနေရာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံချဉ်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူ များရယူကာ ပြန်လည်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခဲ့သဖြင့် သောင်းကျန်းသူများ နေ့လည် (၁)နာရီခန့်တွင် ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ညနေ ၄ နာရီခွဲအချိန်ခန့်က စရတ တပ်ရင်း ကာကင်းနေရာအား AA အဖွဲ့မှ အဝေးမှစနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါနေရာသို့ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်က အမ်းမြို့တောင်ဘက်ရှိ သစ်တစ်ပင်ကုန်းစခန်းအနီး AA အကြမ်းဖက် သောင်းကျန်းသူများ ချန်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်ဦးမှုရယူကာ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် (၂) နာရီခွဲခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဒုတိယအကြိမ်မြောက် လန်ကျကာ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြောင်းနှင့် အမ်းမြို့တောင်ဘက် မီတာ ၄၆၀၀ အကွာရှိ ကျမောင်းလမ်းခွဲ လုံခြုံရေးစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ ညနေ ၄ နာရီခွဲခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး/Drone/ လေကြောင်း ပစ်ကူများ ရယူလျက် တပ်မတော်သားများမှ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် ညနေ ၆ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများ ဒုတိယအကြိမ်မြောက် လန်ကျကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့ နေ့လည်ပိုင်း ၁၂ နာရီ အချိန်ခန့်က နခခ (၅)နေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ ဝေသာလီရွာမှနေ၍ Drone တစ်စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် Drone တက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
တောင်ကုတ်မြို့အနီးပတ်ဝန်းကျင်အား နယ်မြေခံတပ်စစ်ကြောင်းများမှ နေ့စဉ် နယ်မြေရှင်းလင်းလျက်ရှိရာ ယနေ့ နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က မြို့အရှေ့ဘက် မီတာ ၄၂၀၀ ခန့်အကွာ ကြိုးကြာကွင်းရွာအနီး အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် AA သောင်းကျန်းသူအဖွဲ့အား ရှင်းလင်းတိုက်ခိုက်ခဲ့သဖြင့် မိနစ် (၃၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ သေဆုံး/ဒဏ်ရာရများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/minchitoo989989/41290

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:54


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် (၁ ဒသမ ၃၂) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၈ ဒသမ ၈) သိန်း ဖမ်းဆီးရမိ သည်။
နေပြည်တော်၊ နိုဝင်ဘာ ၁

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:54


တပ်မတော်‌ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးသည်။
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၁ ရက်

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:54


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တောင်သူများအား ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိူးစေ့ထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ဇေယျသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် နိုဝင်ဘာ ၁ရက်

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 14:54


အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီအဋ္ဌာရသမအစည်းအဝေး ကျင်းပမည်။
နေပြည်တော် နိုဝင်ဘာ ၁ရက်

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 12:07


အခြားမည်သည့်နိုင်ငံထက်မဆို ပိုလန်က ယူကရိန်းသို့ ထောက်ပံ့ပေးကမ်းကူညီခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ပိုလန်နိုင်ငံသည်လည်း ရုရှားနှင့်နီးကပ်စွာတည်ရှိပြီး ရှေ့တန်းနိုင်ငံဖြစ်သဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ရန် လက်နက်ခဲယမ်းများ စုစည်းထားရန်လို၊ ရှိသမျှအကုန် ယူကရိန်းသို့ မထောက်ပံ့နိုင်ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး Sikorski က တုန့်ပြန်ပြောကြား။

* အမေရိကန်အထောက်အပံ့ နည်းလာသဖြင့် အချင်းချင်း စကိုက်ကုန်ကြ။

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 11:14


ဂါဇာကမ်းမြောင်ဒေသရှိ Nuseirat ဒုက္ခသည်စခန်းကို အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုအတွင်း မိန်းမနှင့်ကလေးသူငယ်များအပါအဝင် ၂၆ ဦးသေဆုံး။

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 11:14


နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ပြည်သူအကျိုးပြု လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးကြောင့်ပျက်စီးသွားသည့် နေအိမ်များအတွက် ကျေးလက်အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူမျာသည် ပျဉ်းမနားမြို့ ကျွန်းဦးကျေးရွာ သို့ ရောက်ရှိပြီး ကျေးရွာအတွင်းရှိ ရေဝင်ရောက်မှုကြောင့်  အလုံးစုံပျက်စီးခဲ့သည့် နေအိမ်(၁၇)လုံးအတွက် ကျေးလက်လက်အိမ်ရာ (၂၀ ပေ x ၂၀ ပေ x ၁၆ ပေ) တည်ဆောက်နေသည့် လုပ်ငန်းအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ကျေးလက်အိမ်ရာ တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ သည်

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက  ရာဂီမုန်းတိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စနစ်တကျရှိပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထား ဆောင်ရွက်ရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

#PeopleMedia

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 09:04


အမေရိကန်နိုင်ငံက ရုရှားနှင့်ကုန်သွယ်မှုပြုသည့်အတွက်ဆိုကာ အိန္ဒိယကုမ္ပဏီ ၁၉ခုကို ဆန်ရှင်ပြုလုပ်။

* မနိုင်တော့ ပတ်ရမ်း။

စွမ်းအားရှင် 🇲🇲 🕊

01 Nov, 09:04


သမ္မတဘိုင်ဒန်က ဒေါ်နယ်ထရမ့် ထောက်ခံသူများသည် အမှိုက်သရိုက်များ ဖြစ်သည်ဟုပြောဆိုခဲ့ပြီးနောက် အမေရိကန်၌ ဟော်လိုဝင်းအားလပ်ရက်အတွက် အမှိုက်ပုံး၊ အမှိုက်ထုပ်များအဖြစ် ဝတ်စားဆင်ယင်မှု ခေတ်စားလာနေ။

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 13:55


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးအား လက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၈

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 13:55


တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်သည်။
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ-၂၈

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 13:55


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးသည်။
တောင်ကြီး အောက်တိုဘာ (၂၈)

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 13:55


ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ ၂၈

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 13:54


ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေးတက်ရောက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၈

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 13:54


#Breaking_News

မန်ချက်စတာယူနိုက်တဒ်သည် လက်ရှိအသင်းတွင် ကြုံတွေ့နေရသော ရလဒ်ဆိုးများကြောင့် နည်းပြ Erik Ten Hag အား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

နည်းပြရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း Erik Ten Hag အား ယနေ့မနက်က အသိပေးခဲ့ပြီဖြစ်သည်။

မန်ယူသည် Ruud van Nistelrooy အား လက်ရှိတွင် ကျန်ရှိသော နည်းပြအဖွဲဝင်များနှင့်အတူ ယာယီနည်းပြအဖြစ်တာဝန်ယူရန် ခန့်အပ်ခဲ့သည်။

#PAN

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 11:51


ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်လာနိုင်မှုအတွက် ပူတင်ထပ်မံသတိပေး
*****
(နိုင်ငံတကာ) အောက်တိုဘာ ၂၈

ရုရှားသမ္မတပူတင် က ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်မှု ရှိလာနိုင်သည်ဟု ထပ်မံသတိပေးလိုက်ကြောင်း သိရသည်။

အနောက်အုပ်စုအနေဖြင့် ရုရှားအစိုးရ၏ ယခင် က ပြောကြားထားသည့် သတိပေးချက်များကို သိရှိမည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောထားသည်။

ယူကရိန်းနိုင်ငံသည် သူ့တစ်နိုင်ငံ တည်း၏စွမ်းအားဖြင့် ရုရှားကို တိုက်ခိုက်ရန် တာဝေးပစ်လက်နက်များကို အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ NATO အဖွဲ့ဝင်နိုင်ငံများ၏ကူညီမှုကြောင့်သာ ထိုလက်နက်များကို အသုံးပြုနိုင်ကြောင်း၊ ထို့ကြောင့်ပင် ယူကရိန်း ကို တာဝေးပစ်လက်နက်ကြီးများ အသုံးပြုရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။

လက်ရှိ ပဋိပက္ခ၌ အနောက်နိုင်ငံများ၏တိုက်ရိုက်ပါဝင်ပတ်သက်မှုက ၎င်းတို့၏သဘောသဘာဝကို ပြောင်းလဲသွားစေမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်လာနိုင်သောစိန်ခေါ်မှုများအပေါ် မူတည်၍ ဆုံးဖြတ်ချက်များကို မဖြစ်မနေချမှတ်ရမည်ဖြစ်ကြောင်း ပူတင် က ဆက်ပြောသည်။

ထို့အပြင် ရုရှားနယ်မြေအတွင်း သို့ လုပ်ဆောင်လာနိုင်သော တာဝေးတိုက်ခိုက်မှုများအပေါ် မည်ကဲ့သို့ တုံ့ပြန်မည့်ကိစ္စနှင့်ပတ်သက်၍ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေကြောင်း၊ ထိုအထဲတွင် အမျိုးမျိုးသောတုံ့ပြန်မှုများ ပါဝင်လာမည် ဖြစ် ကြောင်း ပူတင် က ပြောထားသည်။

သို့သော် ရုရှားနိုင်ငံ က မည်သည့်အချိန်တွင် မည်ကဲ့သို့ တုံ့ပြန်မည့်ကိစ္စနှင့် ပတ်သက်၍ အတိအကျပြောရန် အချိန်စောသေးကြောင်း ပူတင် က ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 11:50


ဖိလစ်ပိုင်၌ မုန်တိုင်း ထရမ်မီ ကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ မြင့်တက်လာ
*****
(နိုင်ငံတကာ) အောက်တိုဘာ ၂၈

ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်း ထရမ်မီ ဝင်ရောက်တိုက်ခိုက်သွားမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်ထိ မြင့်တက်လာပြီဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ရေကန်တစ်ခုအတွင်းဆင်း၍ ပျောက်ဆုံးနေသူ ဒါဇင် ပေါင်းများစွာကို ရှာဖွေနေဆဲဖြစ်သောကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၇ ရက်တွင် ပြောသည်။

မုန်တိုင်း ထရမ်မီ က ဖိလစ်ပိုင်နိုင်ငံသို့ အောက်တိုဘာလ ၂၄ ရက်တွင် ‌ဝင်ရောက်တိုက်ခတ်သွားခြင်းဖြစ်ပြီး ယင်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် လူသေဆုံးမှု အများဆုံးသောမုန်တိုင်းတစ်ခု ဖြစ်သည်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ရေကြီးမှုများကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ ၅၆၀,၀၀၀ ခန့် ရှိကြောင်း၊ အချို့သောနေရာများတွင် ရွာလုံးကျွတ် ရေလွှမ်းမိုးခံရ သည်များ ရှိကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ပျောက်ဆုံးနေသူ အယောက် ၃၀ ကျော် ရှိနေသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ဟု RTA သတင်းဌာနတွင် ဖော်ပြထားသည်။

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 11:50


BREAKING NEWS!

ဒီကနေ့ ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရီးရဲလ်ကြယ်ပွင့် ဗီနီးရှပ် ဂျူနီယာက အမှတ်အများဆုံးနဲ့ ရရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 10:09


.

☯️

Trump သမတဖြစ်လာရင် Elon Musk ကို DOGE နဲ့စာရင်းစစ်အဖွဲ့မှာ ဝန်ကြီးအဆင့်ပေးမယ်၊

Musk ကလဲ ဘတ်ဂျက်ကို အနည်းဆုံး $ 2 Trillion အထိဖြတ်တောက်မယ်တဲ့၊

ယူကရိမ်းစစ် "သေပြီဆရာ..." ပဲ


BaMg ☯️

.

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 08:55


တရားမဝင်​ရောက်လာသူများကိုသမိုင်းတွင်​အောင်နှင်ထုတ်မည်ဟုထရမ့်​ပြော
NOM
ယမန်​နေ့ညကနယူး​ယောက်မက်ဒီဆင်စကွဲယားပန်းခြံတွင်ကျင်းပ​သော​ဒေါ်နယ်ထရမ့်၏မဲဆွယ်ပွဲတွင်သူသာသမ္မတအဖြစ်​ရွေး​ကောက်တင်​မြှောက်ခံရပါကအ​မေရိကန်သို့တရားမဝင်ဝင်​ရောက်လာသူများကိုအစုလိုက် အပြုံလိုက်သမိုင်းတွင်​အောင်နှင်ထုတ်မည်ဟု​ပြောခဲ့ရာတက်​ရောက်လာ​သောသောင်းနှင့်ချီသည့်လူအုပ်ကြီးက​ကောင်းချီး​ပေးခဲ့ကြသည်။

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 08:13


-
ချောက်မှာအာဠာဝကပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတအပါ၃ဦးလိနီပြုပြီးသေဆုံး

အောက်တိုဘာ ၂၈၊ ၂၀၂၄။

မကွေးတိုင်း၊ချောက်မြို့နယ်၊ ရွာမတိုက်ပွဲပြင်းထန်ခဲ့ပြီး ချောက်ဒေသအာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်ပေတ အပါ၃ဦးသေဆုံး၇ဦးအပြင်းအထန်ဒဏ်ရာခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ၂၇ရက်မနေ့ကမနက်၉နာရီခန့်နရွဲတောရွာဘက်ကမှရွာမကျေးရွာကိုဝင်ရောက်ချိန်ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီးသေဆုံးများပြကြတာလို့ဆိုပါတယ်။

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 07:43


အမြင်မှန်ရလို့ အလင်းထဲပြန်ဝင်ရင်တော့ ပြည်ထောင်စုကြီးတည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူဖြစ်မှာပေါ့...

ဒါပေမယ့်.... ရင်ထဲကတကယ်ဆန္ဒပါတဲ့ အနှစ်သာရတစ်ခုတော့ ဖြစ်ဖို့လိုတယ်..

နှင်းမောင်

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 07:43


နိုင်ငံရေးဗန်းပြလုပ်စားတွေကြောင့် အမြင်မှန်ရတဲ့ PDF တွေလည်း အကြမ်းဖက်အဖွဲ့ကနေ နုတ်ထွက်ကုန်ကြပြီ။ ဥပမာ… ပန်ဆယ်လို၊ ဇော်ဝေစိုး တို့လိုမျိုး နိုင်ငံရေးလုပ်စားတွေကိုသိလာကြတော့ ထောက်ပံ့မှုကျလာတယ်။

ထောက်ပံ့မှုကျလာတော့ အရင်ကတည်းက အလှူငွေခိုးပြီး အရိုးအရင်းလေးတွေပို့ပေးနေတဲ့ကာလလောက် အုပ်ချုပ်ထောက်ပံ့မှုကလုပ်မပေးနိုင်ကြတော့ နောက်ခံထောက်ပံ့မှုမရှိဘဲ ယိုင်နဲ့တဲ့အခြေအနေဖြစ်လာတော့ ထွက်ပြေးကြတဲ့အဆင့်ဖြစ်လာကြပြီ။ ပိုဆိုးတာက PDF ခေါင်းဆောင်ပိုင်းတွေရဲ့မယားတွေကိုပါ အောက်ခြေအဆင့်ကကြောက်နေကြရတော့ အဖွဲ့အစည်းထဲ စည်းလုံးမှုကမရှိနိုင်တော့ဘူး။

ဒီထက်ပိုဆိုးတာက တိုက်ပွဲမှာဖြစ်တဲ့ အတို/အပြတ်တွေကို ဘယ်သူကမှအဖက်မလုပ်ဘဲ ဘာထောက်ပံ့မှုမှ မပေးဘဲ အဖွဲ့အစည်းထဲကဖယ်ကြဉ်ထုတ်ပစ်ခံရတော့ PDF တွေရဲ့ဘဝက နွံထဲနစ်ပြီးရင်းနစ်။

ဒါကြောင့် အကြမ်းဖက်လုပ်ရပ်တွေစွန့်ပစ်ပြီး အလင်းထဲဝင်ရောက်ကြပါ။

နှင်းမောင်

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 07:42


ခုချိန်ထိတော့ နဂါးရဲ့အဖွဲ့တွေကို NUG လက်အောက်ခံ ပကဖ တွေက ပြန်လွတ်ပေးခြင်းမရှိသလို နှိပ်စက်မှုတွေ လုပ်နေတယ်လို့ နဂါးကပြောထားတယ်။

အကယ်၍ ညှိနှိုင်းလို့ အဆင်မပြေရင် ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ လက်စားချေမယ်လို့လည်း နဂါးက ပြောထားတယ်။

NUG ကကောင်တွေ ဘာလုပ်မှာလဲ..?
ဘာလုပ်ရဲသလဲ..?

မှိုင်းဝေ

စွမ်းအားရှင် 🇲🇲 🕊

28 Oct, 06:23


အပျံမတို့ NUG အဖွဲ့တွေရဲ့ အသုံးချမှုအောက်မှာ ဘဝပျက်နေကြတဲ့ PDF တွေ။

ဒီလိုတွေဖြစ်မယ်ဆိုတာကြိုပြောခဲ့ပါတယ်။

တဒင်္ဂမကျေနပ်မှုတွေကို ခံစားပြီး
စိတ်အလိုလိုက်တော့ သူများရဲ့ အသုံးချခံဖြစ်မှန်းမသိဖြစ်သွားကြတယ်။

အချိန်အခါ မနှောင်းသေးပါဘူး။ အလင်းဝင်ကြပါ။ ရှေ့မှာလည်း ရဲရဲတင်းတင်း အလင်းဝင်ပြီး အေးချမ်းစွာလုပ်ကိုင်စားသောက်နေကြတဲ့ မင်းတို့ရဲ့ မိတ်ဆွေတွေ ဘောဒါ အပေါင်းအသင်းကို ကြည့်ပါ။ သူတို့အေးဆေးဖြစ်နေပြီ။

ဒုက္ခမခံကြတဲ့ စာရေးပြီး မြှောက်ပေးနေတဲ့ သူတွေအောက်မှာ ကိုယ့်ဘဝကို ဆက်ပြီးနစ်မွန်းမခံကြပါနဲ့တော့။

အသိအမြင်မှန်ရပြီး အလင်းဝင်ကြပါတော့လို့ပဲ ပြောချင်ပါတယ်။

မှိုင်းဝေ

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 13:44


မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည်။
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၆

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 13:40


၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၆

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 13:40


ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင်ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ် လှုပ်ရှားမှုအစီအစဥ်များသို့ဆက်လက်ပါဝင်တက်ရောက်သည်။
ဘရူနိုင်းနိုင်ငံ၊ အောက်တိုဘာ ၂၆

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 13:39


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ တက်ရောက်သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 11:28


NATO အဖွဲဝင် ခုနှစ်နိုင်ငံက ယူကရိန်းကို အဖွဲဝင်နိုင်ငံအဖြစ် လက်ခံမှုမရှိကြောင်း Politico သတင်းဌာနက ဖော်ပြ

ယူကရိန်းသမ္မတ ဇီလန်စကီက အောင်နိုင်ရေးအစီအစဉ်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် တင်ပြခဲ့ရာ ထိုအစီအစဉ်၌ ၎င်း၏နိုင်ငံကို NATO အဖွဲဝင်အဖြစ် ချက်ချင်းလက်ခံရမည်ဟူသောအချက်များ ထွက်ပေါ် လာခဲ့ပြီးနောက် ယခုကဲ့သို သတင်းထွက်လာခြင်းဖြစ်ပါတယ်။

NATO အဖွဲ၏ အဓိကရည်ရွယ်ချက်သည် ဒုတိယကမ္ဘာစစ်အပြီး ဥရောပတွင် ဆိုဗီယက်အင်အားတိုးချဲ့လာမှုအပေါ် တားဆီးရန်ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲခဲ့ပြီး အရှေ့ဥရောပနိုင်ငံအများအပြား NATO အဖွဲဝင်နိုင်ငံများ ဖြစ်လာခဲ့ကြပြီး ရုရှားနိုင်ငံအနေဖြင့် ၎င်းတို၏ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်ကြောင်း ရှုမြင်ထားပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခသည်လည်း ယူကရိန်းနိုင်ငံ NATO အဖွဲဝင်ဖြစ်ရေး ကြိုးစား ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ပွဲကာလအတွင်းတွင်လည်း NATO အဖွဲဝင်နိုင်ငံအများအပြား စစ်ရေး အကူအညီများ ပေးအပ်ခဲ့သည်ကို တွေ့ရှိရပါတယ်။
#News

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 11:16


တိုက်ပွဲသတင်း (အမ်း)

အောက်တိုဘာ ၂၅ ရက်၊ မနက်ပိုင်းအချိန်က အမ်းမြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကြောင်းသည် အမ်းမြို့၏ အနောက်တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် အကြမ်းဖက် AA တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နေရာအား အသေးစိတ်ရှင်း လင်းရာ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA အလောင်း ၁ လောင်း
(၂) သေနတ်မျိုးစုံ ၅ လက်
  - MA-1 သေနတ် ၂ လက်
  - M-22 သေနတ် ၁ လက်
  - AK-47 သေနတ် ၁ လက်
  - စက်လတ် ၁ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံများအား ထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 11:16


ကမ္ဘာ့ပျှမ်းမျှအပူချိန် ၃ ဒသမ ၁ ဒီဂရီစင်ဂရိတ်ထိ တိုးလာနိုင်ကြောင်း ကုလသတိပေး

လက်ရှိ အခြေအနေအတိုင်းဆိုပါက ယခုရာစုနှစ်အကုန်မှာ ကမ္ဘာပျမ်းမျှအပူချိန်ဟာ စက်မှုမတိုင်ခင်နှစ်များကထက် ၃ ဒသမ ၁ ဒီဂရီစင်တီဂရိတ် ပိုမိုပူပြင်းလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်လာကာ ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ၅၇ ဒသမ ၁ ဂဂ်ဂါတနျနဲ့ ညီမျှပြီး စံချိန်တင်မြင့်မားလာတယ်လို ကုလသမဂ္ဂ သဘာ၀ပတ်ဝန်းကျင် အစီအစဉ်အဖွဲက ဆိုပါတယ်။
#News

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 11:16


ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်က ပြည်ထောင်စုဝန်ကြီးဦးခင်ရီမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုပြင် ပြည်ထောင်စုအစိုးရအဖွဲမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်တိုကိုအပ်နှင်းခဲ့ကြောင်း သိရပါတယ်။

ထိုသို အပ်နှင်းမှုအား ပြည်ထောင်စုအစိုးရအဖွဲမှ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က အမိန့်အ မှတ် ၃၅/၂၀၂၄ ဖြင့် အမိန့်ထုတ်ပြန်နိုင်ခွင့်အပ် နှင်းခြင်း အနေဖြင့်အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
#News

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 11:15


❝သုံးနှစ်အရွယ်ကလေးငယ်ကို အသက်ဘေးကနေကယ်တင်ခဲ့တဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးတို့ Community Lifesaver Award ဆု ချီးမြှင့်ခံရ❞

🅼🅷🆃🄽🄴🅆🅂 《𝙊𝙘𝙩~ 𝟐𝟔》

စင်္ကာပူနိုင်ငံရဲ့ အထပ်မြင့်အဆောက်အအုံ (၃)ထပ်ပေါ်ကနေ အသက် (၃) နှစ်အရွယ် ကလေးတစ်ဦး ပြုတ်ကျလုဖြစ်နေတာကို သက်စွန့် ကြိုးပမ်း ကူညီပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားတစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတးစ်ဦးတို့ကို စင်ကာပူမြို့ပြကာကွယ်ရေးအ ဖွဲ့ (SCDF) က လူ့အသိုင်းအဝန်းအတွင်း သက်စွန့်ကြိုးပမ်းအသက်ကယ်မှုဆု (Community Lifesaver Award ) ကို အောက်တိုဘာ ၂၅ ရက်နေ့က ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဆုရရှိခဲ့ကြတဲ့သူတွေက အသက် ၂၆ နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသား ပန်းချီဆရာ စသူရအောင် ဆိုသူနဲ့ စင်ကာပူနိုင်ငံမှာ လော်ရီကားမောင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာဟဲ ဆိုသူတို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးဟာ ကလေးငယ်ကို အသက်ဘေးကနေ ကယ်တင်ခဲ့ကြတာလို့ ဆိုပါတယ်။

ဖြစ်စဥ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဂျာဟဲ ဆိုသူဟာ အားလပ်ရက်ဖြစ်တာကြောင့် နေ့လယ်စာဝယ်ဖို့ နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် အဆောက်အအုံ (၃) ထပ်မှာရှိတဲ့ ပြူတင်းပေါက်အပြင်ဘက်က ပန်းဆွဲလမ်းကျဉ်းအတွင်းမှာ ကလေးငယ် ယောင်္ကျားလေးတစ်ယောက် မတ်တပ်ရပ်ရှိနေပြီး အတွင်းကိုပြန်ဝင်မရဘဲ အောက်ကိုပြုတ်ကျတော့မယ့်အခြေအနေဖြစ်ပေါ်နေတာကို လူအများ ဝိုင်းအုံကြည့်နေတဲ့ကြားကနေ မြင်တွေ့ခဲ့ရတာကြောင့် ၎င်းကလေးငယ်ကိုကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။

ဂျာအဲဟာ ကလေးငယ်ကို ကယ်တင်ဖို့ အဆောက်အအုံနံရံကိုတွယ်တက်ပေမယ့် ဂျင်းဘောင်းဘီဝတ်ထားတဲ့အတွက် တက်မရဖြစ်နေတာကိုမြင်တွေ့ရတဲ့ မြန်မာနိုင်ငံသား ပန်းချီဆရာ စသူရအောင်က သွားရောက်ကူညီပြီး သူတို့နှစ်ဦးပေါင်းကာ ကလေးငယ်ကို အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ကလေးငယ်ကို ကယ်တင်ဖို့ သက်စွန့်ကြိုးပန်းခဲ့ကြတဲ့အတွက်ကြောင့်ပဲ မြန်မာနိုင်ငံသား ပန်းချီဆရာ စသူရအောင် ဆိုသူနဲ့ လော်ရီကားမောင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာဟဲ ဆိုသူတို့ကို စင်ကာပူမြို့ပြကာကွယ်ရေးအ ဖွဲ့ (SCDF) က လူ့အသိုင်းအဝန်းအတွင်း သက်စွန့်ကြိုးပမ်းအသက်ကယ်မှုဆု (Community Lifesaver Award ) ချီးမြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 06:29


❝ဟိုတယ်​ဝရမ်တာထွက်ပြီး ဆေးလိပ်သောက်တဲ့အမျိုးသား အောက်ပြုတ်ကျလို့ သေဆုံးသွား❞

🅼🅷🆃🄽🄴🅆🅂 《𝙊𝙘𝙩~ 𝟐𝟔》

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ နန္ဒဝန်​ကျောင်းလမ်းမှာရှိတဲ့ Grand Palace Hotel​ ဟိုတယ်ပေါ်ကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ အောက်တိုဘာ ၂၆ ရက်၊ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

​သေဆုံးသူက ကို​နေလင်း​အောင် ဆိုသူဖြစ်တယ်လို့သိရပြီး သူငယ် ချင်းတစ်ယောက်နဲ့အတူ အဲဒီဟိုတယ်မှာ လာ​ရောက်တည်းခိုနေ စဥ် ဒုတိယထပ်က ဝရံတာဘက်ထွက်ပြီး ဆေးလိပ်​သောက်နေရင်းကနေ ပြုတ်ကျ​သွားခဲ့တာလို့ ဆိုပါတယ်။

ကိုနေလင်းအောင်ဆိုသူကို ဆေးကုသမှုခံယူဖို့ အင်းစိန်​ဆေးရုံကို ပို့​ဆောင်ပေးခဲ့ပေမယ့် လမ်းမှာပဲ သေဆုံးသွား​ခဲ့တာကြောင့် ယခုသေဆုံးမှုဟာ ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်၊မဟုတ် ရဲတပ်ဖွဲ့က အမှုဖွင့်စစ်​ဆေး​နေတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 06:29


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပဲခူးမြို့တွင်ကျင်းပသည့် မြန်မာ့ရိုးရာတန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား စည်ကားသိုက်မြိုက်ပြုလုပ်မည်

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 05:09


MNDAA ရဲ့ ထုတ်ပြန်ချက်ကို Google Translate နဲ့ ပေါင်းပြီး ဘာသာပြန်ထားတာလေးပါ။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှ မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ အောက်ပါအတိုင်း ကြေငြာခဲ့ပါသည်။

1. တပ်ဖွဲ့များသည် NUG- ပါတီဗဟိုကော်မတီနှင့် မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မရှိပါ။

2. ထိုင်ဝမ်နှင့် မည်သည့်စီးပွားရေး ဆက်ဆံမှုမျိုးမှ ပြတ်သားစွာ မဆောင်ရွက်ပါ။

3. ထို့ကြောင့် ဖက်ဒရယ်စနစ်အတွက် TNLA နှင့် AA အဖွဲ့များနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် CIA မှ KIA မှ တဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ခဲ့သော်လည်း ကျွန်ုပ်တို့မှ ငြင်းဆိုခဲ့သည်။

4. မဟာမိတ်များသည် Haigen သဘောတူညီချက်ကို မချိုးဖောက်ခဲ့ပါ။ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ မြို့ကြီးများကို တိုက်ခိုက်ခဲ့ကြောင်း ငြင်းဆိုခြင်းမရှိပေ။ သိမ်းပိုက်ခံထားရသော မြို့များတွင် ဗမာစစ်တပ်က နေ့တိုင်း ဗုံးများကြဲချပြီး ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ပစ်သည်ဟု ယူဆသောကြောင့် မြန်မာ့တပ်မတော်မှ အချို့ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

5.မဟာမိတ်တပ်များ၏ ပုံရိပ်ကို နိမ့်ကျစေရန် မြန်မာစစ်တပ်သည် မူးယစ်ဆေးဝါး သတင်းများကို မကြာခဏ ထုတ်ပြန်လေ့ရှိပြီး အဆိုပါ ဆေးဝါးများ ထုတ်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်းများသည် တရုတ်နယ်စပ်ကိုသာ ဖြတ်သန်းနိုင်သောကြောင့် တရုတ်အစိုးရက အသိဆုံးဖြစ်သည်။ 70 မဟာမိတ်များသည် NUG နှင့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုမှ မရှိသည့်အပြင် CIA မှ ပံ့ပိုးပေးခြင်းလည်း မရှိပါ။ ထို့အပြင်၊ Haigeng သဘောတူညီချက်ကိုချိုးဖောက်ခြင်းမရှိပါ။ ဒါကြောင့် ကျနော်တို့ရဲ့ သဘောထား ကြေညာချက်ကို ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံက ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။
Crd.

စွမ်းအားရှင် 🇲🇲 🕊

26 Oct, 04:35


အမ်းတိုက်ပွဲသတင်း(၂၅/၁၀/၂၀၂၄ ရက်နေ့ ည ၉ နာရီအချိန်ထိ)
======================

ယနေ့၌ ၃၇၃ တပ်နှင့် တပ်ဆေးရုံအတွင်း ခိုးဝင်လာတဲ့ AA ဘိန်းစားအဖွဲ့ဝင်များအား တပ်မတော်သားများမှ ပြန်လည်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ပဲပုဒုံ စစ်ဆေးရေးဂိတ်အား AA ဘိန်းစားအဖွဲ့ဝင်များမှ ယနေ့နံနက် ၉ နာရီခန့်က လာရောက်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီး/ Drone တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်မှု၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှုတို့ကြောင့် ရန်သူများအနေဖြင့် နေ့လည် (၁)နာရီခွဲခန့်တွင် ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် ယနေ့နံနက်ပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း အမ်းမြစ်တစ်ဖက်ကမ်းက ကျမောင်းလမ်းခွဲ နေရာအား AA ဘိန်းစားအဖွဲ့ဝင်များ လာရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး/ Drone တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်မှု၊ တပ်မတော်သားမျာ၏ ပြန်လည်တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နေ့လည် ၁၁ နာရီခွဲခန့်တွင် ရန်သူများ ကစဉ်ကလျားဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

ထိုအပြင် AA ဘိန်းစားအဖွဲ့ဝင်များမှ လုံးရွာဘုရားကုန်းနှင့် တိုင်းရုံး၏ အနောက်တောင်ဘက် မီတာ ၇၂၀၀ အကွာရှိ ပွိုင့် ၂၄၄ စခန်းအား လာရောက် တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီးပစ်ကူများ၏ တိကျမှန်ကန်မှု၊ Drone များမှ ထပ်ကြပ်မကွာလိုက်လံ ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းပစ်ကူများ ထိရောက်ခဲ့မှုတို့ကြောင့် ရန်သူမှာ (၁၀) မိနစ်တောင် ခြေမချနိုင်ဘဲ ပြန်လည်ဆင်းပြေး သွားကြောင်း သိရှိရသည်။
ယနေ့နံနက်အစောပိုင်းက AA ဘိန်းစားအဖွဲ့ဝင်များ အလောင်း/ လက်နက်များထားကာ စရတပ်အတွင်းမှ ကစဉ်ကလျားဆုတ်ခွာထွက်ပြေးသွားသည့် မှတ်တမ်းဓာတ်ပုံများရရှိပါက ထပ်မံတင်ပေးပါမည်။
#MinChitOo
https://t.me/minchitoo989989/41025

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 08:56


ပြင်သစ်အနေဖြင့် ယခုနှစ်အတွင်း ယူကရိန်းသို့ ယူရို ၃ ဘီလျံထောက်ပံ့မည့်ကတိကဝတ်ကို ဖြည့်ဆည်းနိုင်မည် မဟုတ်ဟု ကာကွယ်ရေးဝန်ကြီး Sebastian Lecornu ကပြောကြား။
ဘတ်ဂျက်လိုငွေပြမှု GDP ၆ ရာခိုင်နှုန်းကျော်နေသဖြင့် ပြောထားသလို မကူနိုင်ဟုဆို။

* ပုံပြောကောင်းတဲ့ မသည်းအူ။

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 06:55


နောင်ချိုသတင်း

အောက်တိုဘာ ၁၇ ရက် (မနေ့) ညက နောင်ချိုမှာရှိတဲ့ TNLA ခိုအောင်းရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ပစ်မှတ်အပေါ် ထိချက် တော်တော်တိကျတယ်လို့ သိရပါတယ်။
-
အဓိက ထိတာကတော့ TNLA တွေ အများဆုံးခိုအောင်းနေတဲ့ ရဲစခန်း၊ စည်ပင်ဝန်းနဲ့ ၁၁၅ တပ် နေရာတွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ဟာ ပထမအကြိမ် ဗုံးကြဲခံရအပြီး နေရာပြောင်းဖို့ ကားတွေပေါ် တက်နေစဉ်မှာပဲ ဒုတိယ မြောက် ဗုံးကျလာလို့ ကား ၄ စီးလုံး မီးလောင်ပြီး TNLA ၂၀ ကျော်သေသွားပါတယ်။ အမြောက်တွေ တင်ထားတဲ့ သံသရာအေး စေတီကုန်းကလည်း ဗုံးကြဲခံရပြီး အမြောက်တွေ အားလုံး ပျက်စီးသွားပါတယ်။
-
မနေ့က ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင် တာအိုက်လျံ အပါအဝင် TNLA ၄၀ ခန့်သေဆုံးသွားပြီး ရဲပြေး တစ်ဦးလည်း သေဆုံး သွားပါတယ်။ ဒီနေ့မနက်မှာ တာအိုက်လျံကို အသုဘချဖို့အတွက် သဖန်းကိုင်းဘုန်းကြီးကျောင်းက ရွှေအခေါင်းကို ယူသွားပြီး အသုဘအခမ်းအနားပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။
-
တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 06:54


AA အကြောင်း တစေ့တစောင်း

၃ / ၄ လ ဖြစ်နေတဲ့ မောင်တောတိုက်ပွဲတွင် အကြမ်းဖက် AA အင်အား ၂ သောင်းခန့်နဲ့ တိုက်ခိုက်နေတာ ဖြစ်ပြီး အဆိုပါတိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင် ၁ သောင်းကျော်သေဆုံးခဲ့၍ ၇ ထောင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း AA နဲ့ နီးစပ် သူတွေထံမှ သိရှိရပါတယ်။
-
ရခိုင်တစ်ပြည်လုံး တိုက်ပွဲထဲက အထူးသဖြင့် မောင်တောနဲ့ သံတွဲ မှာ AA ဘက်က အများကြီး ပေးဆပ်ရနေတယ်။ တဖန် ယခု နခခ ၅ တပ်ရင်းတစ်ခုအတွက်လည်း ပေးဆပ်ရတာ မနည်းဘူး။
-
သံတွဲတိုက်ပွဲမပြီးခင် ကတည်းကနေ AA က သူတို့ အင်အားနည်းလာတာကို သိခဲ့ပြီး သူတို့ထိန်းချုပ်နယ်မြေတွေမှ မွတ်စလင်၊ ရခိုင် ၊ မြို စတဲ့ လူငယ်တွေကို ရရာနည်းလမ်းနဲ့ ဖိအားပေးပြီး လူငယ်တွေကို တွေ့ရာ နေရာကနေ ဖမ်းဆီးကာ အတင်းအဓမ္မစစ်သင်တန်း ပေးနေရတဲ့ထိ ဖြစ်သွားတယ်။
-
ယခု အဲဒီ အတင်းအဓမ္မ သင်တန်းတက်ခိုင်းခံနေရတဲ့ လူငယ်တွေကိုလည်း မောင်တောနဲ့ အမ်းဘက်ကို အထိနာနေတာကြောင့် တောက်လျှောက်စစ်ကူပို့နေတယ်။ တစ်ချို့တွေက လမ်းတစ်ပိုင်းမှ ထွက်ပြေးသွား တာတွေလည်း အများရှိနေတယ်။ ယခုရက်ပိုင်းမှာ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုအတွင်း တော်တော် ထိခိုက်သေဆုံးနေတယ်။ စစ်တပ်ကိုလည်း ပစ်မှတ်သတင်း အတိအကျ ပေးနေသူတွေရှိနေတော့ ပစ်မှတ်တွေ တော်တော်ထိရောက်မှု ရှိနေတယ်။
-
AA မှာ အင်အား ၄ သောင်းကျော်ရှိခဲ့ပေမယ့် ယခုအချိန်တွင် အတင်းအဓမ္မ သင်တန်းတက်ခိုင်းခံနေရတဲ့ လူတွေပါပေါင်းရင် အင်အား ၁ သောင်းခွဲလောက်ပဲ ရှိနိုင်တယ်။ ရခိုင်တွေကလည်း AA ကို မကျေနပ်မှုတွေ များလာနေတယ်လို့ AAနဲ့ နီးစပ်သူ၊ AAရဲ့အခြေအနေ အနီးကပ်စောင့်ကြည့်နေတဲ့သူ တစ်ဦးက ယခုလိုပြောကြားခြင်း ဖြစ်ပါတယ်။

Crd.KTM
တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 06:54


ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင် Yahya Sinwar အစ္စရေးတပ်များနှင့် ရင်ဆိုင်တိုက်ပွဲတွင် မော်တာကျည် ထိမှန်သေဆုံးဟုသိရ။

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 06:01


ရခိုင် Fri ◾️ မြွေပွေးနဲ့ ရခိုင်မြင် ရခိုင်အရင် သတ်ဆိုတာက မြွေပွေးကိုက်ခံရရင် ရခိုင်ငှက်ပျောသီးအစေးနဲ့ ကုရတာကွ...။ ရခိုင်(လူ)ကို အရင် သတ် ရတယ်လို့ ပြောတာမဟုတ်ဘူး။

မိမိ ◾️ ခင်ဗျားကြုံဖူးလား...

ရခိုင် Fri ◾️ ကြုံဖူးတာပေါ့။ ငါတို့ ရခိုင်ဘက်မှာအဲဒီလို မြွေပွေးအပေါက်ခံရသူကို ရခိုင်ငှက်ပျောသီးအစေးနဲ့ ကုတာ ချက်ချင်းကောင်းသွားတာ။

မိမိ ◾️ အဲဒါဆို ခင်ဗျား ရခိုင်ငှက်ပျောသီးသွားရှာ။ ကျွန်တော်က အသိ မြွေဆရာဆီ ဖုန်းဆက်လိုက်မယ်။ အစွယ်မချိုးထားတဲ့ မြွေပွေးတစ်ကောင်ရဖို့။

ရခိုင် Fri ◾️ ဘာလုပ်ဖို့လဲ။

မိမိ ◾️ အဲဒီမြွေပွေးနဲ့ ခင်ဗျားပေါက်ခိုင်းမယ်လေ။ ခင်ဗျားက အသက်ရှင်အောင် အဲဒီရခိုင်ငှက်ပျောသီးအစေးတင်မက တစ်ဖီးလုံးပါစား။ အဲဒီစကားပုံမှန် မမှန် တကယ် မှတ်တမ်းတင်မလို့။ မမှန်ရင်တော့ အဲဒီစကားပုံက ဘာမှ ဝှက်ထားတာမပါဘဲ ရခိုင်နည်းနည်းစုမိတာနဲ့ ဗမာမုန်းတီးရေးဝါဒနဲ့ ရခိုင်ဘုရင်ကျဆုံးတာ နှစ် ၂၄၀ လောက်အထိ ပြောမပြီးသေးတဲ့ ရခိုင်တွေကို မြွေပွေးထက်အရင် သတ် ခိုင်းတာ တကယ်လို့ ပြောမှာပဲ။

ရခိုင် Fri ◾️ မင်းစော်ကားလှချည်လား။ ဘာစကားပြောတာလဲ။

မိမိ ◾️ ဘာတွေ ပေါက်ကွဲနေတာတုန်း။ မြွေပွေးနဲ့ရခိုင်မြင်ရင် ရခိုင်အရင်သတ်ဆိုတာ မြွေပွေးပေါက်ခံရရင် ရခိုင်ငှက်ပျောအစေးနဲ့ ကုရင် အသက်ရှင်တယ်ဆိုတာကို ပြောတာလို့ ခင်ဗျားတို့ ရခိုင်တွေပဲ ငြင်းနေကြလို့ ရှင်းနေကြလို့ သက်သေပြခိုင်းတာလေ။ ယုံကြည်ချက်အတွက် အသက်စွန့်လိုက်စမ်းပါ။ မြွေပွေးပေါက်တာ ရခိုင်ငှက်ပျောသီးအစေးနဲ့ကုရုံနဲ့ တကယ်ပျောက်တယ်ဆိုပြီး သက်သေထူလိုက်နိုင်ရင် ခင်ဗျားတို့ ရခိုင်တွေငြင်းနေတဲ့ စကားပုံကိုလည်း ရှင်းနိုင်လင်းနိုင် အတည်ပြုနိုင်ပြီး ခင်ဗျားလည်း ဆယ်လီဖြစ်သွားမှာ။

ရခိုင် Fri ◾️ 👿😈

(ကြာပါပြီ ရန်ကုန်ရောက်စက ခင်ခဲ့တဲ့ ရခိုင်တစ်ယောက်နဲ့ ငြင်းဖူးတာလေး။ အဲဒါ ငြင်းပြီးကတည်းက စကားမပြောတော့တာ 😜😜😜😜 )

မောင်ဆူးလှည်း

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 05:14


၂၀၂၄ အောက်တိုဘာလ အထိ ယူကရိန်းဘက်မှ ဝင်တိုက်ခဲ့သော နိုင်ငံစုံနေတိုးကြေးစား ၆၀ ရာခိုင်နှုန်းကျော် ဒဏ်ရာရ၍ ဒုက္ခိတဖြစ်သွားခဲ့ပြီ ဟု စာရင်းများထွက်ပေါ်လာ။

*သေဆုံးစာရင်းမပါသေး။

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 05:13


စစ်ပွဲနဲ့ပတ်သက်လာရင် တပ်စိတ်အဆင့်ရှိတဲ့ စခန်းတောင် မကျစေချင်ဘူး။

စခန်းတခု ကျရင် မှီခိုရတဲ့သူတွေလည်း ဒုက္ခများတယ်။ တကယ်တိုက်နေရတဲ့ စစ်သည်တွေလည်း စိတ်ဓာတ်ကျတယ်။ စစ်သားဆိုတာ စစ်မြေပြင်မှာ နဖူးတွေ့ ၊ ဒူးတွေ့ကြုံရရင် လက်နက်၊ခဲယမ်းပဲ အဓိက မျှော်လေ့ရှိတယ်။ ဒါတွေမှာ မရဘူးဆိုရင်၊ စစ်ကူတွေမှ မပို့နိုင်တော့ရင် ဘယ်လောက်ခံစစ်ကောင်းကောင်း မလွယ်နိုင်ဘူး။ ဒါက ခံစစ်အခြေခံ သဘောတရားပဲ။


ခွာ စစ်ဆိုတာက စစ်ကဏ္ဍကြီး ၄ ရပ်ထဲမှာ တခု အပါအဝင် ဖြစ်တယ်ဆိုပေမယ့်....ထစ်ကနဲ ရှိလာရင် အချိန်တိုင်း ဆုတ်ပေးနေရတဲ့ effect က သီပေါတစ်ခုတည်းမဟုတ်ဘူး။ မောင်တော နခခ ၅ တင်မကဘူး။ တောင်ခမ်းအတွက် မကဘူး။ တပြည်လုံးက တပ် တွေကိုပါ ရိုတ်ခက်မှု ကြီးမားတယ်။


စစ်သတင်းနဲ့ပတ်သက်ရင် သိပ်အများကြီး မရေးချင်ဘူး။ မောင်ထောင်းကြီး၊ မဲနယ်တောင် တွေဟာ အမ်းမြို့အတွက် ခံစစ်စည်းပဲ။ သီပေါကလည်း အချိန်တော်တော်ကြာတဲ့အထိ ခံစစ်ပြင်ခဲ့ပြီးပြီ။ တောင်ခမ်းကလည်း ကွမ်လုံ ရက် ၄၀ ဆိုတဲ့ အတိတ်သမိုင်းကိုလည်း ကျော်ဖြတ်ခဲ့ပြီးပြီ။ ဒီတိုင်းသာ ရှေ့ဆက်သွားရင် ကချင်အထူးဒေသ (၁) လည်း မလွယ်ဘူး။

တကယ်တော့ အညာဒေသမှာ PDF ဘယ်နှစ်ယောက်သေတာ၊ UG ဘယ်နှစ်ယောက်ဖမ်းမိတာတွေ စိတ်မဝင်စားပါဘူး။ KIA ကို မထိန်းနိုင်ရင် ကချင်နဲ့ စစ်ကိုင်းက ပြဿနာ။ ပလောင် မထိန်းနိုင်ရင် မန္တလေးနဲ့ ပြင်ဦးလွင်က ပြဿနာ။ ကိုးကန့်မှ မထိန်းနိုင်ရင် ရှမ်းမြောက် က ပြဿနာ။ ခဲကျရာ နေရာထက် ခဲလာရာ လမ်းကြောင်း ကသာ အဓိက ပြဿနာ ဖြစ်မယ်ထင်ပါတယ်။


(နရီမိုး)

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 04:59


*ရန်သူ့လက်နက် ၁၀ လက် ထပ်မံရရှိ (မောင်တော)*
မောင်တော၊ နခခ(၅)က လုံခြုံရေးအဖွဲ့တွေ တာဝန်ကျေလွန်းလှပါတယ်။ ရန်သူလာတိုက်တယ် .. ရဲရဲဝံ့ဝံ့ ပြန်ဆော်လို့ ရန်သူ ထွက်ပြေးရတယ်။ သူတို့တွေ အလကား ထိုင်မနေကြဘူး .. ပြေးတဲ့ရန်သူ့နောက်ကို ထပ်ကြပ် လိုက်ရှင်း ကြတယ်။
-
ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာလည်း အကြမ်းဖက် AA သူပုန်တွေ ထွက်ပြေးတဲ့နောက်ကို လိုက်ရှင်းရင်း လူကယ်ပြန်ရုံး(မောင်တော) အနောက်ဘက် ခြံစည်းရိုးမှာ သေနတ် ၈ လက် ၊ မြောက်ဘက် ခြံစည်းရိုးမှာ ၂ လက် ရတယ်။ သိမ်းဆည်းရမိ ပစ္စည်းတွေကတော့ -
(၁) သေနတ်မျိုးစုံ ၁၀ လက်
- AK-47 သေနတ် ၂ လက်
- M-22 သေနတ် ၂ လက်
- MA-1 သေနတ် ၃ လက်
- MA-3 သေနတ် ၂ လက်
- Sniper သေနတ် ၁ လက်
(၂) ကျည်မျိုးစုံ ၁၀၀၀ ကျော်
(၃) ကျည်အိမ်မျိုးစုံ ၁၃ ခု
(၄) စက်လတ်ကျည်ခါးပတ်တွဲ ၈ ခု
(၅) အခြားဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရမိတယ်။ (သေနတ် ၂ လက်ပုံ ရပါက ထပ်မံဖော်ပြပါမယ်)
-
ဒီဖြစ်စဉ်တွေမှာ တွေ့ရှိတာကတော့ အကြမ်းဖက် AA ရဲ့ အလောင်းကောက်အဖွဲ့က အလောင်းတွေကိုပဲ ဦးစားပေး ကောက်တယ်၊ ပေါ့ပေါ့ပါးပါး သေနတ်ကိုတော့ အခွင့်သာမှ ကောက်တာကို တွေ့ရတယ်။ ဖြစ်စဉ်တိုင်း မှာ ရန်သူ့အလောင်းထက် သေနတ်က ပိုများနေတယ်။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်လို့မရအောင် အလောင်းတွေကို ပဲ ဦးစားပေးကောက်တာလား? လက်နက်ကြီးကြောင့် အလောင်းပျောက်သွားတာလား? ဆိုတာတော့ AA တွေပဲ သိပါလိမ့်မယ်။
-
ကျနော်တို့ တိုက်ပွဲသတင်းစုံ Channel အနေနဲ့ မောင်တော ဖြစ်စဉ်တွေကို နေ့စဉ်အသေးစိတ် မှတ်တမ်းတင်လျက်ရှိ ပါတယ်။ အောက် ၁၈ ရက် (ဒီနေ့)အဖို့ကတော့ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့လက်နက် ၁၀ လက် ရရှိထားပါတယ်။
-
နယ်မြေဆက်ရှင်းနေဆဲဖြစ်တဲ့အတွက် ထူးခြားမှုနဲ့ အလောင်း/လက်နက် ရရှိပါက ထပ်မံဖော်ပြပေးသွားပါမယ်။
-
Congratulations ပါ .. နခခ (၅)မှ ရဲဘော်ရဲဘက်များ။။။
တိုက်ပွဲသတင်းစုံ
AA သူပုန်ရဲ့ အလှူကြီးပေးနေမှုပုံတွေကို ကြည့်ချင်ရင်တော့ အောက်က tele channel လေးမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://t.me/combatnews7723

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 04:23


တိုက်ပွဲသတင်း (မောင်တော)

အောက်တိုဘာ ၁၇ ရက် မနက် ၂ နာရီခန့်မှာ မောင်တောရှိ နခခ(၅)အား အကြမ်းဖက် AA အဖွဲ့ အင်အား ၄၀၀ ခန့်မှ လက်နက်ကြီး/ငယ်များ ပစ်ခတ်ပြီး ထပ်မံလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ မိမိဘက်က ပစ်ကူပစ်အား ရယူပြီး ရဲဝံ့စွာပြန်လည်တိုက်ခိုက်မှုကြောင့် ရန်သူမှာ အဖွဲ့များကွဲ၍ ဆုတ်ခွာထွက်ပြေးခဲ့ပါတယ်။ ထိုဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA အလောင်း ၂ လောင်း
(၂) သေနတ် ၂ လက်
- Type-81 သေနတ် ၁ လက် (ပျက်စီး)
- MA-3 သေနတ် ၁ လက်

သိမ်းဆည်းရရှိခဲ့ပါတယ်။
-
ဆုတ်ခွာထွက်ပြေးသွားတဲ့ ရန်သူနောက်သို့ စစ်ကြောင်းများမှ လိုက်လံရှင်းလင်းရာ ည ၇ နာရီချိန်ခန့်တွင် ရန်သူ့ထံမှ မဆွဲနိုင်၍ ကျန်ရစ်ခဲ့သော -
(၁) အကြမ်းဖက် AA အလောင်း ၃ လောင်း
(၂) သေနတ်မျိုးစုံ ၁၀ လက်
- တရုတ်စက်လတ် ၁ လက်
- M-23 သေနတ် ၂ လက်
- M-22 သေနတ် ၂ လက်
- Type-81 သေနတ် ၂ လက်
- MA-3 သေနတ် ၁ လက်
- MA-4 သေနတ် ၂ လက်
(၃) RPG ဗုံးသီး ၅ လုံး
(၄) ကျည်အိမ် ၅ ခု
(၅) ကျည်ခါးပတ်တွဲ ၄ ခု၊ ကျည်ဘောက် ၁ ခု

ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။
-
အောက်တိုဘာ ၁၇ ရက် (ယနေ့) တစ်နေ့တည်းတွင် ရန်သူ့အလောင်း ၅ လောင်းနှင့် သေနတ်မျိုးစုံ ၁၂ လက် တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
-
ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ မောင်တောမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ယူလေးစားမိပါတယ်။

(အလောင်းပုံများအား ထပ်မံဖော်ပြပေးပါမယ်)

တိုက်ပွဲသတင်းစုံ

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 04:21


❝မနက်ဖြန်မှ စတင်ကာ တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙊𝙘𝙩~𝟏𝟖》

ထိုင်းပင်လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့်လည်းကောင်း မနက်ဖြန် အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အထူးသတင်းထုတ်ပြန်၍ အသိပေးထားသည်။

အဆိုပါ မိုးဇလ၏ ထုတ်ပြန်ချက်အရ မိုးသည်းထန်နိုင်သည့် တိုင်းနှင့်ပြဘ်နယ်များမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြပြီး ယင်းပြည်နယ်နှင့် တိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်သလို အချို့ဒေသများ၌ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများလည်းဖြစ်ပေါ်နိုင်သည်ဟု ဆိုထားသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလကသတိိပေးထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 02:53


ဝိန်ရွန်နီး လိုမဖြစ်ခဲ့တဲ့ တိုက်စစ်မှူးရက်ဖို့လ်ကို မန်ယူ သန်း၁၀၀ ဖြင့် PSG ကို ရောင်းချတော့မယ့် PSG

PSG အသင်းက မန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ရက်ဖိုလ် ကို ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ယူနိုက်တက်အသင်းက ပေါင်းသန်း ၁၀၀ အထိ အလိုရှိနေပါတယ် ။
ရက်ဖို့စ်က ဒီရာသီ ၁၁ပွဲ ကစားထားပြီး ၄ ဂိုးသွင်း ၂ ဂိုးဖန်တီးထားပါတယ်။

#FNK

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 02:53


🚨 မန်စီးတီးအသင်းဟာ ပက်ဂွာဒီယိုလာ ထွက်ခွာသွားပါက ဇာဘီအလွန်ဆိုကို ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။ 🩵

(Source- The Athletic FC)

#FNK

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 02:52


နိုင်ငံတကာ ပွဲစဥ်များအပြီး ဒဏ်ရာရ ချဲလ်ဆီး ကစားသမားများရဲ့ အခြေအနေ...✍️

𝐑𝐞𝐞𝐜𝐞 𝐉𝐚𝐦𝐞𝐬

ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဂျိမ်းစ်တစ်ယောက် အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည် ပူးပေါင်းနေပြီး လီဗာပူးလ်နဲ့ ပွဲကို ဝင်ရောက် ကစားနိုင်မယ်လို့ သိရပါတယ်။

𝐎𝐦𝐚𝐫𝐢 𝐊𝐞𝐥𝐥𝐲𝐦𝐚𝐧

အသက် ( 19 ) နှစ်အရွယ် တိုက်စစ်မှူး ကယ်လီမန်က ပေါင်ကြွက်သား နာကျင်မှု ဒဏ်ရာကြောင့် အနားယူနေရပြီး နိုဝင်ဘာလဆန်းမှ အသင်းရဲ့ အစီအစဥ်တွေမှာ ပြန်လည်ပူးပေါင်း နိုင်တော့မှာ ဖြစ်ပါတယ် ။

𝐂𝐚𝐫𝐧𝐞𝐲 𝐂𝐡𝐮𝐤𝐰𝐮𝐞𝐞𝐤𝐚

ချဲလ်ဆီးအသင်းရဲ့ ညာစွန် ကွင်းလယ်လူ Chukwuemeka ဟာ အဖျားဝေဒနာကြောင့် အသင်းရဲ့ နောက်ဆုံးပွဲစဥ် နှစ်ပွဲကို လွဲချော်ထားခဲ့သော်လည်း လီဗာပူးလ်နဲ့ပွဲမှာ ပြန်လည် ပါဝင်လာနိုင်တာကြောင့် အသင်းအတွက်တော့ အထောက်အကူ ဖြစ်လာနိုင်မှာပါ ။

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 02:51


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ( ၁၈ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

စွမ်းအားရှင် 🇲🇲 🕊

18 Oct, 01:25


နေပြည်တော် မာရဝိဇရဘုရားပေါ်က ဒီကနေ့ သီတင်းကျွတ်လပြည့်ည မြင်ကွင်းတွေကို ကျွန်တော်တို့ 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙃𝙖𝙧𝙙 𝙏𝙖𝙡𝙠 က ရိုက်ကူးဖော်ပြပေးလိုက်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎