=============
သယံဇာတများအတွက် အခွန်ဘဏ္ဍာမူဝါဒများ ညှိနှိုင်းရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) မှ ကြီးမှူး၍ “သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို ၄-၂-၂၀၂၅ ရက်နေ့နှင့် ၅-၂-၂၀၂၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများအပါအဝင် NAB-NR အဖွဲ့ဝင် ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ စုစုပေါင်း ၃၄ ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#MONREC
#NUG