__________________________
➤ သင်တန်းလျှောက်ထားရန်
[https://forms.gle/FT4SRVsQxUPYHmaw9]
ISP-Myanmar ၏ Bridge Education Program (BEP) က ပြန်လည်ကြိုဆိုပါတယ်။ ဒီအစီအစဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြရတဲ့ မြန်မာလူငယ်တွေရဲ့ ပညာရေးအတွက် ကြားကာလ ပညာရေး ဖြည့်ဆည်းပေးမှုအဖြစ် ISP-Myanmar က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး လေးနှစ်တာ ကာလအတွင်းမှာ သင်တန်းအပတ်စဉ် ခုနစ်ခုပြီးမြောက်ခဲ့ပြီးပါပြီ။
လာမယ့်၂၀၂၅ ခုနှစ် ဧပြီလမှာ အဋ္ဌမမြောက် သင်တန်း အပတ်စဉ်ကို စတင်မှာ ဖြစ်ပါတယ်။ တက်လိုသူတွေအနေနဲ့ အပေါ်မှာ ဖော်ပြထားတဲ့ Google Form (link) မှာ အချက်အလက်တွေ ဖြည့်သွင်း လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာပိတ်ရက် (ဖောင်ပိတ်ရက်)က မတ် ၂ ရက် ညနေ ၅ နာရီ (မြန်မာစံတော်ချိန်) ဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း လူဦးရေ ၅၀ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေး တစုံတရာပေးဖို့မလိုဘဲ အခမဲ့ ဖြစ်ပါတယ်။
သင်တန်းအပတ်စဉ် ခုနစ်ခု ပြီးမြောက်ချိန်အထိ BEP အစီအစဉ်ကို နိုင်ငံတဝန်းက လျှောက်ထားသူ ၂,၇၄၇ ဦး ရှိခဲ့ပါတယ်။ ရွေးချယ်ခံခဲ့ရသူတွေထဲက ၃၂၁ ဦးဟာ သင်တန်းပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ISP-Myanmar ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်နိုင်ပါတယ်။
#ISP_BEP