တကယ်တော့ ကိုပဒေသာ ဟာ လုံခြုံရေးအားနည်းတဲ့ ထိုင်းနိုင်ငံမှာ နေရတာပါ။ အချိန်မရွေးလုပ်ကြံလို့ရတဲ့၊လုပ်ကြံခဲ့တဲ့ ရာဇဝင်တွေလည်း ရှိတဲ့ နေရာ ဖြစ်ပါတယ်။ ဒီလိုလူက ကင်မရာဖွင့်ပြီး လုံခြုံရေးအားကောင်းတဲ့ စင်္ကာပူလိုနေရာကလူက ကင်မရာမဖွင့်ရဲဘူးဆိုတာ တရားမျှတမှု မရှိဘူးလို့ ကျွန်မမြင်ပါတယ်။
လူတိုင်း လုံခြုံရေး စိုးရိမ်ရပါတယ်။
လူတိုင်းမှာ အသက်ရှိတယ်။
ခင်မို့ ဖြစ်နိုင်ရင် မSJ နဲ့ ရန်သူ မဖြစ်ချင်ပါ။ အခုလို သူ့အကြောင်း ခုလိုပြောရတာဟာ ခင်မို့ အတွက် သိပ်အန္တရာယ်များပါတယ်။
ရဲဘော်ရဲဖက်ကနေ ရန်သူဖြစ်လာတဲ့အခါ လုံခြုံရေးစည်းပေါက်တတ်ပါတယ်။
ဘယ်သူက စဖောက်ဖောက်၊ ဘာကြောင့်ပဲ လုံခြုံရေးစည်းဖောက်ဖောက် ဒါ တော်လှန်ရေး သစ္စာဖောက်ပါပဲ။
လက်ရှိမှာ ခင်မို့ရဲ့ လုံခြုံရေးကို risk ယူပြီး မ SJ ကို အတိုက်အခံလုပ်ခဲ့ပါတယ်။
ခင်မို့ risk ယူခဲ့တဲ့ တန်ဖိုးနဲ့ တူညီတဲ့ တရားမျှတမှု ၊ချစ်ခြင်းမေတ္တာနဲ့ ကာကွယ်မှုတွေကို
တော်လှန်ရေးညီအကိုမောင်နှမ အားလုံးရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ချစ်တဲ့
ခင်မို့