Yangon Division News 2024

@yangonnews2024


ရန်ကုန်တိုင်းဒေသကြီးသတင်းများကို တိကျမှန်ကန်စွာဖော်ပြပေးလျှက်ရှိပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆောင်ရွက်ချက်များ၏ဂုဏ်တစ်ရပ်ကိုမြှင့်တင်မယ်။

Yangon Division News 2024

23 Oct, 14:03


ကျောက်မြောင်းဈေးရှေ့မှာ YBS အပါလေးစီးဆင့်တိုက် ည ၇နာရီ ဝန်းကျင်

ရဲမင်းအုပ်
TD
Wya

Yangon Division News 2024

23 Oct, 13:35


ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့်အဖွဲ့ ပုဇွန်တောင် မြို့နယ်သို့ကွင်းဆင်း၍ ပါတီလုပ်ငန်းဆောင်ရွက်နေမှု များအား စိစစ်ခြင်း ဆောင်ရွက်


အောက်တိုဘာ ၂၃


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်း
ဒေသကြီး ဗိုလ်တထောင်ခရိုင် ဥက္ကဌ. ဦးဉာဏ်ဝင်းထိုက် နှင့် အဖွဲ့ သည် ပုဇွန်တောင် မြို့နယ် သို့
ကွင်းဆင်း၍ ပါတီလုပ်ငန်းဆောင်ရွက်နေ မှုများ အားစီစစ်
ခြင်း ကို ယနေ့ ( ၂၃.၁၀.၂၀၂၄ ) ဗုဒ္ဓဟူး နေ့ နေ့လည် ( ၁: ၂၀ ) က ဆောင်ရွက်ခဲ့ကြသည်။

         

Yangon Division News 2024

23 Oct, 13:30


မင်္ဂလာဒုံမြို့နယ်တွင် နေအိမ်ပေါ်သို့သစ်ပင်လဲကျ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၃ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က နေအိမ်ပေါ်သို့သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ယုဇနလမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် နေအိမ်မှာပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းတွင် သစ်ပင်လဲကျခဲ့သဖြင့် မင်းဘူးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Yangon Division News 2024

23 Oct, 12:13


အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နှစ်မျိုးတွင် အနောက်တိုင်းဆေးရောနှောထားခြင်းကြောင့် စံမညီ တိုင်းရင်းဆေးဝါးများဖြစ်ကြောင်း အသိပေး


အောက်တိုဘာ ၂၃

အမျိုးသားအကြောသန် အားတိုးဆေးမှုန့်နှစ်မျိုးတွင် အနောက်တိုင်းဆေးရောနှောထားခြင်းကြောင့် စံမညီ တိုင်းရင်းဆေးဝါးများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသား အကြောသန်အားတိုးဆေးမှုန့်နှင့် ဆာဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း သတ်မှတ်ချက် (၁၀) ချက် ပြည့်စုံမှန်ကန်မှုမရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေး Sildenafil ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ထားသည်။

Yangon Division News 2024

23 Oct, 12:00


ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ယာဉ်(၃)စီး ဆင့်တိုက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီ‌ရေးအသင်းထံမှ သိရသည်။

ဖြစ် စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၃ ရက်) မွန်းလွဲ ၁၂နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇန္တာလမ်းတွင် အိမ်စီးကားတစ်စီး နှင့် တက္ကစီ(၂)စီးတို့ ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဝေဇန္တာလမ်း တံတားအကျော်လေးမှာပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ (၃)စီးတိုက်တာပါ။ ဘယ်လိုတိုက်လဲဆိုတာတော့ သေချာမသိဘူး။ သူတို့ပြောတာတော့ တက္ကစီက ရပ်ထားတယ်လို့လည်း ပြောတယ်။ အရှိန်လွန်ပြီးတိုက်တယ်လို့လည်း ပြောတယ်။ ကိုယ်ပိုင်ကားတစ်စီးရယ်၊ တက္ကစီနှစ်စီးရယ်ပါ။ ဒဏ်ရာရတဲ့လူက အဲဒီမှာ ရပ်ထားတဲ့ဆိုက်ကားသမားလို့ပြောတယ်"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး မျက်နှာ ၊ ပေါင်နှင့် ခါးတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူကို မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

https://t.me/Yangonnews2024

Yangon Division News 2024

23 Oct, 11:35


ရွှေတိဂုံစေတီ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ ပြန်လည်ပြုလုပ်မည် 

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် တန်ဆောင်မုန်းလဆန်း ၁၄ရက်၊ နိုဝင်ဘာ ၁၄ ရက်၌ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ ပြန်လည်ပြုလုပ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်း မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို မကျင်းနိုင်ခဲ့သည်မှာ ငါးနှစ်တာရှိခဲ့ပြီ ဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့ခြင်းသည် ၂၀၁၉ ခုနှစ်က ဖြစ်ကြောင်း သိရသည်။

ယခုလာမည့် နိုဝင်ဘာ ၁၄ ရက်တွင် စေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေတွင် ပြန်လည်ကျင်းပမည် ဖြစ်ကာ မသိုးသင်္ကန်းပိတ်စများကို ဝိနည်းတော်နှင့် အညီ ညတွင်းချင်း ချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက် အရုဏ်မတက်မီ သတ်မှတ် ရုပ်ပွားတော်များကို ကပ်လှူပူဇော်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။

မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၌ ဘာသာရေးအသင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရက်လုပ်ကြမည် ဖြစ်ကာ ရရှိလာသော ပိတ်သားပြင်ကို အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်ခွဲခြား သတ်မှတ်ကာ ဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။

Yangon Division News 2024

23 Oct, 03:03


23.10.2024 ဗုဒ္ဓဟူးနေ့ မနက် 9 နာရီခန့်တွင် 7K/9286 ဖော်ပြပါ ကားအဖြူမှ
ရုရှားသံရုံးဘေး ရဲကင်းအား ပြည်လမ်းပေါ်မှ ကင်မရာအသေးဖြင့် ဓာတ်ပုံလှမ်းရိုက်သွားခဲ့ပြီး အမျိုးသားပြတိုက်အပါဝင် ပြည်လမ်းတစ်လျှောက် ဖြည်းဖြည်းချင်းမောင်းနှင်ကာ ပုံများ၊ Video များ တောက်လျှောက်ရိုက်သွားကြောင်း သိရှိရပါတယ်။

ခေါင်းခန်းမှာ ကားမောင်းသူ အမျိုးသားတစ်ယောက်၊ ဘေးမှာ အမျိုးသမီး တစ်ယောက်၊ နောက်ခန်းတွင် ဓာတ်ပုံရိုက်သူ အမျိုးသားတစ်ယောက် စုစုပေါင်း ၃ယောက် ပါဝင်ကြောင်း သိရှိရသည်။

မသင်္ကါဖွယ်ရာ ကိစ္စရပ်အား တာဝန်ရှိသူများ သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။


#ThaZinOo

Yangon Division News 2024

22 Oct, 16:07


ကားရှိသောအိမ်၏ ယဥ်ကျေးမှု
=================================

အတုယူတတ်ကြဖို့ပါ။

#AdminTeams (YDN)

Yangon Division News 2024

22 Oct, 15:21


ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အောက်တိုဘာ (၂၂)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက်ို ယနေ့  ( ၂၂.၁၀.၂၀၂၄) နေ့လည်(၁၂:၃၀) အချိန်က ခရိုင်ပါတီရုဲး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ခရိုင်ပါတီဥက္ကမှမိမိမြို့နယ် များ မိုးကြီး ၍ ရေဘေး ဖြစ်ပေါ်လာပါက အချိန် နှင့်တပြေးညီ ကူညီ ဆောင်ရွက်ရေး၊ Mapping လုပ်ငန်းများ အချိန်မှီ detail တင်ပြပေးရန်၊ လုံခြုံရေးကို အဓိကအလေးပေးကြရန် ၊ မြို့နယ်များ သို့ ကွင်းဆင်းစစ်ဆေးမည်ဖြစ် ၍ ရုံးသန့်ရှင်းရေး ကိစ္စများ ဆောင်ရွက်ထား ရန် ၊ စက်ချုပ်သင်တန်း ဖွင့်လှစ်မည့်ကိစ္စရပ်များ၊ ပြည့်မဏ္ဍိုင် ကိစ္စရပ်များ နှင့်ပက်သက် ၍ ဆွေးနွေးစကားပြောကြားခဲ့ပါသည်။