Htain Lin Nay @htainlinnay7497 Channel on Telegram
Htain Lin Nay
@htainlinnay7497
Htain Lin Nay (Burmese)
Htain Lin Nay
04 Nov, 12:29
မင်းအောင်လှိုင် အလွန်ကာလအတွက် စိုးရိမ်မှု ရှိနေကြပါတယ်။ တကယ်လည်း စိုးရိမ်ပါတယ်။ မအလ ကျသွားတဲ့အထိ အေးအေးချမ်းချမ်း မနေရမှာ ပူပန်ပါတယ်။
တချို့ကလည်း နိုင်ငံတကာတော်လှန်ရေး ရပ်ဝန်းမှာ ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ချိန်ဆပြီး အခက်အခဲတွေ တင်ပြ​နေကြပါတယ်။ မစုစည်းရင် နိုင်ဖို့ ခဲယဥ်းမယ်လို့ နမူနာပြကြတာပါ။
အာဏာရှင်ကို အရင်တိုက် ကျန်တာနောက်မှရှင်း ဆိုတာက လက်ရှိ ရင်ဆိုင်နေရတာတွေ ပြေလည်ဖို့ ကြွေးကြော်သံပါ။ ဒီကြွေးကြော်သံအောက်မှာကို ဘာမှမလုပ်ဘဲ လေနဲ့တိုက်နေတဲ့သူတွေ ရှိနေပါတယ်။ စုစုစည်းစည်း မဟုတ်ဘဲ ထင်ရာတိုက်နေတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ အခုထိ ပစ်ပြေးလုပ်နေကြတဲ့သူတွေ ရှိပါတယ်။ ဒီကြွေးကြော်သံအောက်မှာလည်း ပြည်သူကို သစ္စာဖောက်မယ့် အဖွဲ့တွေ မြင်နေရပါတယ်။ ကြိုပြီးလက်ညိုးထိုးရင် ငြင်းနေတာနဲ့ ပြီးမှာမဟုတ်ပါဘူး။ ခွေးမီးကောက် ကျည်တောက်စွပ်လို့ မရပါဘူး။ ၈၈ ကတချို့တောင် မအလ လော်ဘီ လုပ်နေကြသေးတာပဲလေ။
မစုစည်းရင် အင်အားမဖြစ်ပါဘူး။ အောက်က စစ်ခွေးတွေသေလို့ မအလက မဖြုံပါဘူး။ တိုက်ပွဲက သေစာရင်းလည်း မအလဆီမရောက်ပါဘူး။ လုပ်နိုင်သလောက် လုပ်နေတာပဲ ဆိုပေမယ့် ထိမိဖို့လည်း လိုပါတယ်။
မအလ အလွန်ကို ပေါ့ပေါ့ မတွေးဖို့ သတိပေးချင်တာပါ။
လူ့သဘောအရ လူဟာ လက်နတ်ကို ကြောက်ပါတယ်။ လက်နတ်လက်ဝယ်ရှိသူနဲ့ အချေအတင်ပြောရတာမျိုးဆို လက်ရှောင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ဆီ လက်နတ်ရလာရင်တော့ စိတ်ပြောင်းသွားတာပါပဲ။ မင်းဘာလဲ။ ငါဘာလဲပေါ့။
အရင်က ကိုယ်လိုပဲ လက်နတ်မဲ့သူတွေနဲ့ တွေ့တော့ ကိုယ်က စကားပြောရတာ သိပ်အာတွေ့​နေတတ်ပါတယ်။ ကိုယ့်လက်နတ်ကြောင့် စကားအများကြီး ပြောစရာမလိုဘူးလေ။ သာယာတာပေါ့။ လက်နတ်ကိုင်ရတာ။
ဒါမျိုးက အဆင့်ဆင့် အုပ်ချုပ်ရေးရှိတဲ့ အဖွဲ့တွေမှာ ဖြစ်ခဲပါတယ်။ သို့ပေမယ့် ကိုယ့်ရာထူးကိုယ်ပေးပြီး ကိုယ်ဘာသာ ဗိုလ်တပ်ပြီး ဗိုလ်လုပ်နေတဲ့ အဖွဲ့တွေမှာ ဆိုရင်တော့ အဖြစ်များပါတယ်။ တော်လှန်ရေးကနည်းနည်းလုပ်ပြီး စကားက ခပ်ကြီးကြီး ခပ်များများတွေကို တွေ့နိုင်ပါတယ်။
ဒီလို ကိုယ်ပိုင်အဖွဲ့တွေမှာ ကိုယ့်လက်နတ် ကိုယ်ဝယ်ထားပြီး ကိုယ့်နယ်မှာ ကိုယ့်အာဏာ ကိုယ့်ဘာသာ တည်ဆောက်ခဲ့ရသူက မအလအလွန်မှာ သူတို့ဝယ်ထားတဲ့ လက်နတ်တွေ ဘယ်သူ့ကိုပေးရမှာလဲ။ လက်နတ်တကယ်ပေးရတော့မယ်ဆို တန်ဖိုးကြီးတာကြောင့် နှမျောစိတ် ပေါ်နိုင်သလို လက်နတ်မဲ့သွားမှာ ဆိုတာကို တွေးမိရင် ကြောက်စိတ်ကလည်း ပေါ်လာပြီး မလုံမခြုံဘူးဆိုတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အချိန်ဆွဲတဲ့အနေနဲ့ ဘယ်အဖွဲ့တွေရှိသေးတယ်။ သူတို့ကရော လက်နတ်အပ်မှာလားလို့ ကြေးတန်းညှိတာမျိုးတွေ ဖြစ်လာမှာပါ။
ဒီလိုအခြေအနေမှာ အရံအနေနဲ့ လက်နတ်အားလုံးအပ်တာမျိုး မဟုတ်ဘဲ လျှို့ဝှက်သိမ်းဆည်းပြီး ချန်အပ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ကြောက်စိတ်နဲ့ မယုံကြည်စိတ်တွေကြောင့်ပါ။
သဘောတူညီချက်မရလို့ တစ်ဖွဲ့ဖွဲ့က မအပ်နိုင်ပါဘူးဆိုပြီး ခေါင်းမာနေရင် ကျန်အဖွဲ့တွေလည်း အပ်ကြမှာ မဟုတ်ပါဘူး။ ဒါမျိုးက အင်အားအသင့်အတင့်ရှိတဲ့ တပ်တွေကနေ အင်အားကြီးတဲ့ တပ်တွေကြားမှာ ဖြစ်လာနိုင်ပါတယ်။
လက်နတ်ကိုင်ထားရင် ကိုယ်လမ်းပေါက်ဖို့အတွက် တာဝန်အရ လုပ်ရတဲ့အခါ ရန်သူပေါ်တတ်ပါတယ်။ ဒါမျိုးက လက်နတ်ကိုယ်စီရှိ​နေတဲ့ အချိန်မှာ မသိသာပေမယ့် လက်နတ်မဲ့သွားရင် ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ပါတယ်။
ဘေးမှာ ပေါက်​​ဖော်ကလည်း ရှိနေတော့ တော်လှန်ရေးအဖွဲ့အချင်းချင်း ညှိနှိုင်းကြတဲ့အခါ လက်မဲတွေကလည်း ဒီတိုင်းငြိမ်နေမယ်မထင်ပါဘူး။ မအလမရှိတော့ဘူးဆိုတော့ သူ့ထိန်းလို့ရမယ့် အဖွဲ့ကို တင်ဖို့ကြိုးစားအုံးမှာပါပဲ။ ဒါမျိုးက လက်နတ်ကိုင်တွေ ညှိနှိုင်းတဲ့အချိန်မှာ အကျပ်ရိုက်နိုင်ပါတယ်။
ဆိုလိုတာက စောစောစီးစီး ညှိထားတာက ပိုပြီးစဥ်းစားချိန်ရသလို ကိုယ်ဘာကောင်မှ မဟုတ်သေးတာကြောင့် မာန်တက်ကြရမယ့်အချိန်မဟုတ်လို့ ညှိရတာ သဘောထားပျော့ပြောင်း နိုင်ပါသေးတယ်။
အခုချိန်မှာ တစ်ဖွဲ့ကို စိတ်ပျက်ရင် နောက်တစ်ဖွဲ့နဲ့ ပေါင်းချင်ပေါင်း မပေါင်းရင် အဖွဲ့အသစ်ထပ်ဖွဲ့နေကြပါတယ်။ ဒါဟာ ဘုံရန်သူပျောက်နေသလို... စီးဆင်းနေတဲ့ ထောက်ပံ့ငွေကို တသ နေတာလည်း ဖြစ်နိုင်ပါတယ်။
အောက်ကအငယ်တွေက လွတ်လွတ်စွန့်နိုင်ပေမယ့် အထက်ပိုင်းမှာ စွန့်သွားတဲ့သူမျိုး မတွေ့သေးပါဘူး။ အဖွဲ့သေးသေးက ဗိုလ်တွေကို ပြောနေတာပါ။ နယ်ပိုင်တွေလို့ ခေါ်မလား။ ထောက်ပံ့နေတဲ့သူကလွဲလို့ ဆရာခေါ်စရာ မရှိတဲ့အဖွဲ့​တွေ...ပစ်ပြေး Video နဲ့ အလုပ်ဖြစ်နေတဲ့အဖွဲ့တွေ... ကျည်ကုန်ခံပြီး ဘယ်ကိုပစ်မှန်းမသိတဲ့ Video တင်တဲ့အဖွဲ့တွေ... ဝယ်ထားတဲ့လက်နတ်ကို သိမ်းဆည်းရရှိတယ်ဆိုတဲ့အဖွဲ့တွေ... လူတကာနဲ့ ပါတ်ရန်ဖြစ်ပြီး တော်လှန်ရေးမိုတီရှာနေတဲ့ အဖွဲ့တွေ... ဒီအဖွဲ့တွေက တော်လှန်ရေးအလွန်မှာ ဗိုလ်လုပ်ရမှာ မဟုတ်လို့ လက်နတ်စွန့်နိုင်ခဲပါလိမ့်မယ်။
တကယ်တော့ လက်နတ်စွန့်ဖို့က အဖွဲ့အစည်းအကြီးတွေမှာရော အငယ်တွေမှာရော ညှိနှိုင်းရာမှာ Shock ရှိပါတယ်။
အထက်ကပြောခဲ့သလို ဘာကောင်မှမဟုတ်ခင် ကြိုတင်ညှိနှိုင်းထားဖို့ လိုပါလိမ့်မယ်။
အမြီးရှည်သွားရင် ထိန်းရခက်ပါတယ်။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
02 Nov, 09:13
တစ်နိုင်ငံလုံးကို ဗုံးပတ်ကြဲနေရတာနဲ့ စရိတ်တွေထောင်းပြီး ဝန်ကြီးဌာန ဘတ်ဂျက်တွေ ထုတ်မပေးနိုင်တဲ့ မအလ အကြမ်းဖက်ကောင်စီ ရွာလည်နေတယ်။
စစ်အသုံးစရိတ်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့ မင်းအောင်လှိုင်ဟာ ရေကြီးမှု ပြီးခဲ့တာ ၂ လ ကျော် ရှိလာသည့်တိုင် အရေးကြီး ရေအားလျှပ်စစ် တာဘိုင်များကို ပြုပြင်နိုင်ခြင်းမရှိဘဲ ကြောင်ပျောက်နေပါတယ်။
စက်တွေ တာဘိုင်တွေက ပြင်စရာတွေရှိသလို အစားထိုးလဲလှယ်ပြီး ပြင်မှရမယ့် အခြေအနေရောက်နေတဲ့ စက်အစိတ်အပိုင်းတွေလည်း ရှိပါတယ်။ ဒါတွေကို နိုင်ငံခြားငွေနဲ့ မှာရမှာဆိုတော့ ရွာလည်တာထက် မအလ ရွာပျက်နေပါပြီ။
စက်တွေ တာဘိုင်တွေ ပျက်နေတာနဲ့ မီးပေးနိုင်မယ့် ပမာဏလျော့လာလို့ စက်မှုဇုန်လုပ်ငန်းတွေကို မီးစဖြတ်ပါပြီ။ တစ်နေ့ ၂၄ နာရီမှာ ၄ နာရီပဲ မီးပေးမယ်လို့ ကြေညာချက် ထွက်လာပါတယ်။ ပေးမယ့် ၄ နာရီကလည်း မရေရာပါဘူး။ လုပ်ချင်သလို လုပ်နေတဲ့ခေတ်မှာ ဘာမှ ပုံမှန်မျှော်လင့်လို့မရသလို အရေးဆို အထွန့်တက်တာလည်း လုပ်မရပါဘူး။ မီးမရတော့ မီးစက်မောင်းပြီး လည်ပါတ်ကြပါလိမ့်မယ်။ ဆီသုံးရတော့ စရိတ်တက်ပါလိမ့်မယ်။ ဒီတော့ ထွက်လာတဲ့ကုန်ချောက စျေးတက်ပါပြီ။ အထည်ချုပ်တွေက ထုတ်လုပ်မှုစရိတ် ပိုကုန်ကျလို့ အလုပ်သမားတွေကို ပေးမယ့်ဟာတွေ ဖြတ်တောက်ပါလိမ့်မယ်။
အားလုံး အဆင်မပြေတဲ့ ဇုန်ထဲကို ကျရောက်ဖို့ပဲ ရှိပါတယ်။
အခု ပွင့်လင်းရာသီ ရောက်ပြီဆိုတော့ မိုးတွင်းတစ်တွင်းလုံး နိုင်ငံအနှံ့မှာ ပျက်နေတဲ့လမ်းတွေ မိုးလေခြောက်ပြီး ပေါ်လာပါပြီ။ အခုထိတော့ သပ်သပ်ရပ်ရပ် ပြင်ဆင်ဖို့ လုပ်တာ မတွေ့သေးပါဘူး။ လက်ပူတိုက်ပြီး ကျောက်ကြားသဲညှပ်ပြီး ဖြစ်သလိုလုပ်တာ တချို့တွေ့နေရပြီး အများစုက ဘာမှမလုပ်ရသေးပါဘူး။ ချိုင့်တွေက ရှောင်မလွတ်တာမျိုး ရန်ကုန်တိုင်းထဲက သီလဝါ - သုံးခွ လမ်းကို ကြည့်ရင် သိနိုင်ပါတယ်။
အဲ့ဒီအရပ်ဒေသကို မင်းအောင်လှိုင် မလာရဲသလို ခေါ်သွားရဲတဲ့ တိုင်းဝန်ကြီးချုပ်လည်း မရှိပါဘူး။ အဆင့်ဆင့်လိမ်နေကြတာနဲ့ စစ်ခွေးတပ်ဟာ မကြာခင် အမြစ်ပြတ်ပါတော့မယ်။
ရန်ကုန် ပုသိမ်လမ်းဆိုလည်း ရန်ကုန်ကနေ ညောင်တုန်းတံတားကျော်ရင် လူနေတဲ့အရပ်မဟုတ်သလိုပဲ ပြစ်ထားလိုက်တာ လမ်းဦးစီးတွေပဲ ဘတ်ဂျက်မရတာလား။ မင်းအောင်လှိုင်အသေဆိုးက ထုတ်မပေးတာလား မသိပါ။ လမ်းတွေက လူသွားလမ်းလို့ ပြောဖို့ပင် ခက်နေပါပြီ။
ကောင်းပါတယ်။ အားလုံးဝိုင်းခိုး အားလုံးဝိုင်းလိမ်နေတော့ အချိန်တန်လို့ ပြိုတဲ့အခါ တစ်ကြိမ်တည်း အပုံလိုက်ပေါ့....။
အားလုံးဝိုင်းကူ အားလုံးဝိုင်းတိုက်ရင် မကြာတော့ပါဘူး။
စစ်သုံးစရိတ် ပြတ်လုလုနဲ့ စစ်ခွေးတပ်က ယိုင်နဲ့နဲ့ဖြစ်နေပြီ... ကိုင်လှုပ်ဖို့ပဲကျန်တော့တယ်...။
#htainlinnay
#ထိန်လင်းနေ
ပြည်တော်ဝင် GP ကို အဖြည့်ကူပါအုံး...
https://t.me/+_ddlLy1mgTQzZmU1
Htain Lin Nay
02 Nov, 03:32
https://t.me/thukha1974/1042
Htain Lin Nay
01 Nov, 03:39
ခင်ညွန့်လက်ထက်က ထောက်လှမ်းရေး ထိပ်ပိုင်း အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ "သံတမန်ဆိုင်ရာ တွေးခေါ်မျှော်မြင်ရေး အဖွဲ့" အနေနဲ့ "ပါရာဂွန် အင်စတီကျူ" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။
မင်းအောင်လှိုင်က ကမကထလုပ်ပြီး တော်လှန်ရေးကို ထိုးခွဲဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။
သူတို့အောက်မှာ စစ်တပ်လိုလားတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်း မသင့်မြတ်အောင် အချိန်ယူ လုပ်ကြပါလိမ့်မယ်။
မအလကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်လို့မနိုင်တော့တဲ့အတွက် အင်အားကွဲပြားအောင် အားထုတ်ပါလိမ့်မယ်။ အင်အားတွေကွဲပြီး တော်လှန်ရေးအရှိန်တန့်သွားအောင် လုပ်မှာပါ။
ပြီးမှ တစ်ဖွဲ့ချင်း ချေမှုန်းပါလိမ့်မယ်။
တော်လှန်ရေး အချိန်ကြာလာရင် သက်ရောက်မှု ရှိနိုင်ပေမယ့် အရှိန်ပြင်းပြင်းနဲ့ လက်စသတ်နိုင်မယ်ဆိုရင် မအလ လုပ်သမျှ သဲထဲရေသွန် အချိန်ကုန်လူပန်းပဲ ဖြစ်သွားပါလိမ့်မယ်။
တော်လှန်ရေးက ပိုစည်းလုံးဖို့ လိုလာပါပြီ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
01 Nov, 03:19
Nov 5 မှာ ထပ်ဆင့်အာဏာသိမ်းမှုများ ဖြစ်လာမှာလား။
မမျှော်လင့်ချင်ပေမယ့် မျှော်လင့်ပါတယ်။
စစ်ခွေးအုပ်ထဲမှာ လက်စလက်နရှိတဲ့ကောင်ကလည်း မရှိ... လက်စရှိလို့ အာဏာသိမ်းလည်း သိမ်းတဲ့ကောင်ကြိုးစင်ပဲ။
ဘယ်ကောင်မှတော့ ဓားခုတ်ရာ လက်ဝင်လျှိုမှာ မဟုတ်ပါဘူး။ အကျိုးစီးပွားအတွက် စစ်တပ်ထဲဝင်ခဲ့ကြတာဆိုတော့ သေရဲရဲ တိုက်ရဲရဲဆိုတာ "ရဲရဲ" မှ စစ်ခွေးတပ်ထဲမရှိတာ ဘယ်တိုက်တော့မှာလဲ...။
အခုချိန် လက်ဝင်လျှိုလိုက်ရင် မင်းအောင်လှိုင် လည်ပင်းကကြိုးက အာဏာသိမ်းတဲ့ကောင်ဆီ ရောက်လာမှာဆိုတော့ မကြိုက်လို့ ပုန်ကန်ချင်ရင်တောင် အရှုပ်တွေရှင်းရမှာဆိုတော့ နောက်ကနေမှေးလိုက်တာ ကောင်းမယ်လို့ စဥ်းစားကြလိမ့်မယ်။ အခြေအနေမကောင်းလို့ တော်လှန်ရေးအပြီး ခုံရုံးအတင်ခံရလည်း နောက်လိုက်ဆိုတော့ မင်းအောင်လှိုင်ထက် သက်သာလိမ့်မယ်။
Nov 5 မှာသာ အရူးတစ်ကောင်လောက် ထပြီးအာဏာသိမ်းလိုက်ရင် စစ်ခွေးတပ်ပျက်ပြီ။
ဘယ်သူ့အဖေခေါ်ရမှန်းမသိတာနဲ့ ရှိသမျှ စစ်ခွေးတွေ လူခွဲပြေးကြလိမ့်မယ်...။
တော်လှန်ရေးလည်း အမြန်ပြီးသွားလိမ့်မယ်...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
31 Oct, 08:23
အမ်းမှာရဟတ်ယာဥ် ​ပစ်ချခံရတာ မင်းအောင်လှိုင်နဲ့ အဖွဲ့ စီမံမှု ညံ့လို့ပါ။
ပထမတစ်ခေါက်က Mi 35 တစ်စီးပါတယ်။ MI 17 ဘေးကနေ ပစ်ကူပေးပြီး အဆင်းအတက်လုပ်တာတဲ့...။
နောက်တစ်ခေါက်မှာ အမ်းက စစ်ခွေး အကောင်ကြီးတွေ ပြန်လိုက်မယ်မှန်း သိလျက်၊ ဘေးမှာ AA တပ်ဖွဲ့တွေ ဝိုင်းထားတာ သိလျက် တိုက်ပွဲ ပြင်းထန်နေတာ သိလျက်နဲ့ ပေါ့လျော့စွာ သယ်ပို့ ရဟတ်ယာဥ်တွေချည်းလွှတ်တာ... ထိုးကျွေးတာ မဟုတ်ရင် ဘာလဲ။
တော်လှန်ရေးဘက်ကတော့ အခွင့်အရေးရရင် ဆော်မှာပဲ။ ဒါကိုသိလျက်နဲ့ မပြည့်မစုံ စစ်ဆင်ရေးလုပ်ခြင်းဟာ စစ်ခွေးတပ်ထဲက အကွဲအပြဲကို သိနိုင်သွားပါတယ်။
ဒါ စစ်တိုက်တာတောင် မဟုတ်သေးဘူး။ စစ်ကူပေးတာရယ် အရာရှိပြန်ခေါ်တာရယ် ဒါလောက်ပဲရှိသေးတာ။
သူတို့ စစ်ခွေးတပ်က အရာရှိစစ်ခွေး​တွေပေါသလို ရဟတ်ယာဥ်တွေကလည်း ပြည်သူ့အခွန်ငွေကနေ ဝယ်တာဆိုတော့ ပေါပါတယ်။ ဒါကြောင့် ဂရုတစိုက် မစီမံတာပေါ့။ သေသွားတာ သူတို့အမျိုးတွေ မပါဘူးလေ။
ရှားတာက စစ်တိုက်တတ်တဲ့ ကောင်ပဲ ရှားနေတာ။ စစ်ခွေးတပ်မှာ စစ်တိုက်တတ်တဲ့ကောင် မရှိဘူး။
နပခ ကျပြီးရင် စစ်ခွေးတပ်အပေါ် ယုံကြည်မှုမရှိတော့လို့ အရှိန်အဟုန်နဲ့ ဆက်ကျလိမ့်မယ်...။
စစ်ခွေးတပ်မှာ အောင်မြင်ချင်တဲ့စိတ် မရှိတော့ဘူး။ ဘာကို အောင်မြင်ချင်တာလဲ ဆိုတာကို စစ်ခွေးတွေ ရှာမရဘူး။ ပြန်စဥ်းစားရင် နိုင်ငံကအကောင်းတိုင်းကနေ အာဏာသိမ်းလို့ စုတ်ပြတ်သွားတာ... စစ်ခွေးတွေက ဘာဖြစ်ချင်နေတာလဲ... ဒီမေးခွန်းမှာတင် တိုင်ပါတ်ပြီး ကိုယ်လုပ်နေတာ ကိုယ်စစ်တိုက်နေတာ ဘာအတွက်လဲဆိုတာ ပျောက်ဆုံးသွားပြီ...။
နောက်ဆုံးတော့ အသက်ရှင်ချင်ရင် ပြေးရမယ် ဆိုတာပဲ...သိသွားကြပြီ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
29 Oct, 04:42
စောက်တော်ကြီးတွေ ကိုယ့်နိုင်ငံလောက်မှ အဆင့်မရှိတဲ့ လာအိုနိုင်ငံကို အလုပ်သမားလွှတ်ဖို့ MOU လက်မှတ်ထိုးသတဲ့...။ အောင်မြင်တဲ့ လုပ်ဆောင်မှုကြီးဆိုပြီး စစ်ခွေးတွေက ဂုဏ်ယူနေကြတယ်။
ဒီခွေးတွေ လုပ်လိုက်မှဖြင့် နိုင်ငံက သိက္ခာကို မရှိတော့ပါဘူး။
သံတမန်ရေးမှာ အထူအပါးနားမလည်ဘဲ စိတ်ကူးတည့်ရာ လုပ်နေကြတယ်။ နိုင်ငံကို ဆင်းရဲတွင်းထဲ ဆွဲချပြီး အလုပ်အကိုင်ရှားပါးတဲ့ နိုင်ငံဆီ ကျွန်ဈေးလောက်နဲ့ အလုပ်လုပ်ဖို့ တိုက်တွန်းနေတာ မင်းတို့မိသားစုတွေ အရင်သွားလုပ်ပါလား။ လစာနည်းတဲ့အပြင် အနှိမ်ပါခံရမယ်။
သူ့နိုင်ငံကတောင် အဆင်မပြေလို့ သူ့အလုပ်သမားတွေ ထိုင်းသွားအလုပ်လုပ်နေတာ အများကြီး...ကိုယ်လိုသူလိုပဲ ရှိတဲ့ လာအို...။
ကိုယ့်ဆီမှာ အလုပ်သမားအရွယ်ကောင်းတွေကို စစ်ထဲပို့ သတ်နေပြီး ကြားကောင်းအောင် လုပ်နေတယ်...။
မအေရိုးလုပ်ပုံတွေက အစီအငေါ်ကို မတည့်ပါဘူး။
တော်လှန်ရေးသာ အားကိုးရာပါ။ အားစိုက်ကြပါ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
29 Oct, 03:53
Sold Out မြို့တွေမှာ လေကြောင်းအန္တရာယ်က ကြောက်စရာပါ။
ဒါပေမယ့် အခြားအန္တရာယ်ကနေတော့ လုံခြုံနေပါတယ်။ စစ်ခွေးတွေကို မမြင်မတွေ့ရတာကိုက မင်္ဂလာတစ်ပါးပါ။
မြို့ပေါင်း ၈၃ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ဝယ်ရပြီးချိန်မှာ မထင်ရင် မထင်သလို ဗုံးကြဲခံရပေမယ့် မင်းအောင်လှိုင်ရဲ့ စစ်ခွေးတပ်ဟာ မြေပြင်မှာ စစ်ကြောင်းမထိုးနိုင်ပါဘူး။ လုံးဝ စုဖွဲ့ပြင်ဆင်လို့တောင် မရပါဘူး။ ပြည်သူ့ကင်းထောက်အဖွဲ့တွေက စလှုပ်တာနဲ့ သတင်းက တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရောက်နေပြီဆိုတော့ ရှေ့တန်းမှာ စစ်ခွေးတွေ လှုပ်ကို မလှုပ်နိုင်ပါဘူး။ အောင်ဇေယျစစ်ကြောင်းကို စနိုက်ပါနဲ့ နွှာနေတာများ ခွေးလေးတွေ ချောင်ကပ်နေသလိုပဲ။
တခါတရံ အစိုးရပိုင် အဆောက်အအုံတွေပါ ဗုံးကြဲနေတာကြောင့် အဲ့ဒီမြို့တွေကို လက်လွှတ်ပြီလို့ ကြေညာနေသလိုပါပဲ။
မင်းအောင်လှိုင်သာ ပြန်ယူနိုင်တဲ့ အနေအထားရှိရင် မြို့ကို အကောင်းအတိုင်း ပြန်ယူမှာပေါ့။ အခုတော့ "သဲနဲ့ပက်"နေကတည်းက ပြန်မရနိုင်တော့ဘူးလို့ သူတို့ ဆုံးဖြတ်ချက် ချသွားပြီ ဆိုတာ ကျိမ်းသေ ပါပဲ။
အခြေအနေအရ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲတဲ့အခါ မြို့ကျော်သိမ်းလာရင် စစ်ခွေးတပ်က ဝိုင်းပါတ်ပိတ်ဆို့ပြီး မီးကုန်ယမ်းကုန် ခုခံတတ်ပါတယ်။ တမြို့နဲ့တစ်မြို့ ဆက်စပ်ပြီး သိမ်းရင်တော့ စစ်ခွေးတွေ မခံနိုင်ပါဘူး။ စစ်က မြို့နဲ့နီးလာရင် စစ်ခွေးတွေက ပြေးဖို့လောက် ချောင်းနေတာပါ။
မင်းအောင်လှိုင်တို့အုပ်စုတွေ မြို့တွေကုန်အောင် စောင့်နေတဲ့ သဘောလောက်ပဲ ရှိပါတယ်။ ဘာမှမယ်မယ်ရရ မလုပ်နိုင်တော့ပါဘူး။ သူတို့စိုးမိုးထားတဲ့ ပိုင်နက်ထဲမှာပဲ ဖမ်းလားဆီးလားနဲ့ လုပ်နိုင်ရုံလောက်ပဲ ဖြစ်နေပါပြီ။
မြို့ပေါင်း ၈၀ ကျော်ကတော့ လေယာဥ်သံကြားရင် ပြေးပုန်းတာကလွဲလို့ ကြီးကြီးမားမား အန္တရာယ် မရှိတော့ပါဘူး။ ဒလန်အန္တရာယ်ပဲ ဂရုစိုက်ကြပါ။
Sold Out မဖြစ်သေးတဲ့မြို့တွေကတော့ စစ်ခွေးအန္တရာယ်က အထက်ကောအောက်ကော ရှိနေပါသေးတယ်။ အဓမ္မစစ်မှုထမ်းကလည်း ဒီမြို့တွေမှာပဲ ရှိတဲ့ အန္တရာယ်ပါ...။
Sold Out မြို့တွေ သာယာနိုင်ကြပါစေ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
29 Oct, 00:42
ဘောမတွေ အမ်း မကျသေးဘူးလို့ ဖင်ပိတ်ငြင်းနေကြတယ်...။
အမ်း ကျပါပြီလို့ တိတိကျကျ မကြေညာသေးတာပဲ ရှိတော့တဲ့ အခြေအနေပါ။
ဒီအခြေအနေမှာ ဘောမတွေ ကျတယ်။ မကျဘူး ငြင်းနိုင်ရုံကလွဲပြီး အားအင်မရှိတော့ပါဘူး။ သူတို့အတွက် အလွန်အားယုတ်သွားမယ့် အနေအထားပါ။
သူတို့အဘလည်း အမ်း မကျအောင် မလုပ်နိုင်တော့ဘူး။ စစ်မှမတိုက်တတ်တာကိုး... စစ်တိုက်တတ်ရင်တောင် မတရားတဲ့စစ်မို့ ရှုံးကိုရှုံးအုံးမှာ... အခုတော့ မတရားတဲ့စစ်လည်း ဖြစ်နေပြန်... စစ်ကလည်းမတိုက်တတ်တာနဲ့ စစ်တတ်က အလိုလို အမြစ်ပြတ်တော့မှာပါ။ မင်းအောင်လှိုင် သောက်သုံးမကျမှုတွေပေါ့။
အမ်း ပြီးရင် နေပြည်တော်လို့လဲ ကြိမ်းဝါးသံကြားနေရတယ်။ ရှမ်းမြောက်က အဖွဲ့တချို့လည်း မြေပြန့်ဆင်းလာကြတော့မယ်... ဆိုတော့ ပွဲက လှလာပါလိမ့်မယ်။
ခွေးပုတော့ တရုတ်သွားပြီးရင် ပြန်လာလို့ရပါ့မလားတောင် မသိဘူး...။
အခြေအနေက တော်လှန်ရေးမှာ ရှိနေတယ်။
အမ်းက သုံ့ပန်းတွေ လက်နတ်တွေ မကြာခင် မြင်ရဖို့ ရှိပါတယ်။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
29 Oct, 00:29
Ann Sold Out.
Waitting for confirm.
😍😍😍
Htain Lin Nay
28 Oct, 15:13
မြန်မာပြည်မှာ လူတန်းစားကွာဟချက် အလွန်ကြီးမားလာပါတယ်။
၁၀ ဘဝလောက် စားလို့မကုန်တဲ့ အဘတို့က လူတန်းစား တစ်ခု...။
အဘအမွေပေးလို့ ဂိတ်ရပြီး ၂ ဘဝ စားလို့မကုန်တဲ့ ကျွန်ခွေးတွေက လူတန်းစားတစ်ခု...။
ရှေ့တန်းမှာ ငတ်ပြတ်ပြီး သေမယ့် စစ်ခွေး အတန်းအစားက တစ်စု...။
တပ်ထဲမှာ မုဆိုးမဖြစ်ပြီး ငတ်အုံးမယ့် မိန်းမတွေက တစ်စု...။
အဘရဲ့ကောင်းမှုတွေပေါ့...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
28 Oct, 06:39
အားလုံးကတော့ ခေတ်ပျက်ကြီးမှာ ကျပ်တည်းနေတာပါပဲ။
ဒါပေမယ့် ချွေတာနိုင်သလောက် ထပ်ချွေတာပါ။ မလိုအပ်ဘဲ လျှာကို အလိုမလိုက်ပါနဲ့။ ချမ်းသာတဲ့သူတွေကတော့ ဘာအရေးလဲ။ သူတို့ကို ထည့်ပြောမနေတော့ပါဘူး။ စားချင်တာတွေ စဥ်းစားပြီး လျောက်စားနေရင်... တွေ့တဲ့အသယ်ဆီက လာသမျှ ဝယ်စားနေရင် အမြဲငွေလိုနေမှာပါ။ ငွေလိုနေတာဟာ ငွေလက်ကျန်ရှိနေတာလောက် နေလို့မကောင်းပါဘူး။
အခုဆို နယ်စပ်တွေပိတ်၊ သွင်းကုန်တွေ ပိတ်ထားတာကြောင့် ဆေးတွေက ဈေးကြီးပါတယ်။ ကြီးသင့်တာထက်ကို ခွေးတွေက ပိတ်ဆို့ ဖမ်းဆီးနေတော့ ဈေးပိုကြီးပါတယ်။ အရင်က ၂၀၀ တန်ဆေးတစ်ကဒ်က အခု ၁၈၀၀ ပေးနေရပါပြီ။
ဒါကြောင့် ကျန်းမာရေး ဂရုစိုက်ပါ။ ကျန်းမာရေး မကောင်းရင် ၂ ခါရှုံးပါတယ်။ ကျန်းမာရေး မကောင်းလို့ အလုပ်မလုပ်နိုင်ရင် ဝင်ငွေမရှိပါဘူး။ ဒီကြားထဲ ဆေးခန်းပြရရင် ကိုယ့်ဆီကငွေ ထွက်ပါတယ်။ ဒါကြောင့် ၂ ခါရှုံးပါတယ်။
အပျော်ပဲဖြစ်ဖြစ် ရလိုမှုကြောင့်ပဲဖြစ်ဖြစ် လောင်းကစားမလုပ်ပါနဲ့။ လောင်းကစားစွဲပြီဆို ဖြတ်ရခက်ပါတယ်။ နိုင်တဲ့အခါ ပိုစွဲလန်းပါတယ်။ အရက်သမားက တစ်ရက်တည်း အရက်တစ်သိန်းဖိုး ကုန်အောင်မသောက်နိုင်ပေမယ့် သိန်း ၁၀၀ ကုန်အောင် လောင်းကစားလို့ ရပါတယ်။ တည့်တည့် ပြောရရင် ခွေးဖြစ်ဖို့ လွယ်ပါတယ်။ လောင်းကစား လုပ်ဖြစ်အောင် စိတ်ထိန်းပါ။ အရက်သောက်ပါလို့ တိုက်တွန်းတာမဟုတ်ပါဘူး။ အရက်ကလည်း ဆန်ဖိုးထဲက ဖဲ့ပြီးဝါ်သောက်ရရင် မိသားစု ထမင်းမဝပါဘူး။ ဒါကြောင့် အရက်ပုံမှန်သောက်နေတာကနေ ရှောင်သင့်ပါတယ်။
ကိုယ့်ရဲ့ ရတဲ့ငွေ နည်းတယ်ဆိုပေမယ့် အရေးတကြီး လိုအပ်လာတဲ့အခါ သူများဆီက ငွေမဆွဲရအောင် ကြံဖန်ပြီး ငွေစုပါ။ ကိုယ့်ဝင်ငွေထဲက စုပါ။ ဖြစ်နိုင်ရင် ဘယ်သူမှမသိအောင်စုပါ။ တယောက်ယောက်သိသွားရင် အဲ့တစ်ယောက်ကပဲ ဒီငွေကို ဘယ်လိုသုံးရမလဲလို့ စဥ်းစားနေပါလိမ့်မယ်။
ဝင်ငွေနည်းလို့ နည်းနည်းပဲစုနိုင်ပေမယ့် စိတ်ပျက်စရာမဟုတ်ပါဘူး။ တစ်ထောင်မစုမိဘဲ တစ်သောင်းပြည့်လာဖို့ မဖြစ်နိုင်ပါဘူး။ တစ်သောင်းစုမိမှ တစ်သိန်းနဲ့ နီးလာမှာပါ။
ခေတ်ပျက်မှာ ကိုယ့်စိတ်ကိုယ်ထိန်းပြီး စုဆောင်းမိနိုင်ပါစေ။
ငွေရဖို့ သမာအာဇီဝဆန်တဲ့ ကိုယ်လုပ်လို့ရတဲ့အလုပ်မှန်သမျှ လုပ်ပါ။
ခြံမြေရှိရင် မြေလွတ်မကျန်အောင် စိုက်ပျိုးတာကတော့ အစပေါ့...။
#ထိန်လင်းနေ
#htainlinnay
Htain Lin Nay
28 Oct, 04:07
ဒေါက်တာ တေဇာဆန်း မန္တလေးမြို့ထဲဝင်ပြီး ဘူး သပိတ်အတွက် လှုံ့ဆော်ခဲ့ပါတယ်။
ပြင်ဦးလွင် အတွက် စစ်ခွေးတွေ အလုပ်ရှုပ်နေတော့ မန္တလေးက လုံခြုံရေး မတင်းကျပ်နိုင်အောင် စစ်ခွေးအင်အားတွေ ပြင်ဦးလွင် ဘက်ကို ပို့ထားကြတယ် ထင်ပါတယ်။
MDY PDF ကလည်း မန္တလေးကို စောင့်ကြည့်နေတာကြောင့် ပြင်ဦးလွင် ကအရင်လား မန္တလေးက အရင်လားဆိုတာတောင် ရင်ခုန်စရာ ဖြစ်နေပါတယ်။
စစ်ခွေးတပ်ဟာ နေရာစုံကို ခုခံနေရတာကြောင့် အင်အားမရှိတာ ကျိမ်းသေပါ။
လက်ရှိ အချိန်ကြာကြာ တိုက်နေရတာ ဆိုလို့ AA တိုက်နေတဲ့ နခခ ၅ ပဲရှိပါတယ်။ ဒါကလည်း နခခ ၅ ပါတ်ဝန်းကျင်က မြေပြန့် ဖြစ်နေလို့ပါ။ နခခ ၅ ဧရိယာကလည်း ကျယ်ပြန့်တော့ လေယာဥ်နဲ့ ရိက္ခာလက်နတ်ခဲယမ်း ချပေးရတာ အဆင်ပြေနေတာကြောင့် အသက်ဆက်နေတဲ့ သဘောပါ။
ကျန်တဲ့နေရာတွေကတော့ တိုက်ခိုက်တာနဲ့ ကျနေတာ စစ်ခွေးအင်အားနဲ့ စိတ်ဓာတ်ပျက်ပြားနေလို့ပါ။ အမ်း နပခ ကလည်း သိပ်မကြာတော့ပါဘူး။
တော်လှန်ရေးက အခုပွင့်လင်းရာသီမှာ ပိုတိုးလာဖို့ ရှိပါတယ်။
ဘယ်မြို့ ဘယ်နေရာကနေ တိုက်ပွဲတွေ ပေါ်လာမှာ မသိနိုင်တာကြောင့် စစ်ရှောင်ဖို့ စီစဥ်ထားကြပါ။
စစ်ရှောင်တဲ့အခါ ကြိုတင်ပြင့ဆင်တာ မရှိတာကြောင့် မပြည့်စုံလို့ အိမ်ပြန်ယူရင်း အသတ်ခံရတာတွေ တောက်လျောက်ဖြစ်နေပါတယ်။ ဒီလိုမဖြစ်အောင် တတ်နိုင်သမျှ ချင့်ချိန်ပြီး ပြင်ဆင်ထားကြပါ။
မပေါ့ဆပါနဲ့။
တော်လှန်ရေးပြီးတဲ့အထိ အသက်ရှင်ဖို့ လိုပါတယ်။
ဒါပေမယ့် အသက်ကို မငဲ့ဘဲ လုပ်ဆောင်စရာ ပေါ်လာရင်လည်း အသက်စွန့်ပြီး နိုင်ငံအတွက် ပြည်သူအတွက် လုပ်ဆောင်နိုင်အောင် ကိုယ့်စိတ်ကို သတိပေးထားပါ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
26 Oct, 11:19
ပြည်တော်ဝင် GP အား join ပြီး အားဖြည့်ပေးကြပါအုံး... ။
ဘောမချန်နယ်တွေ များနေချိန် တော်လှန်ရေးဘက်က အားနည်းနေလို့ မဖြစ်ပါဘူး...။
https://t.me/+_ddlLy1mgTQzZmU1
Htain Lin Nay
26 Oct, 00:19
အာဏာရှင်ဟောင်းကို အာဏာရှင်လက်သစ်က ပြားပြားမှောက်အောင် လုပ်တော့မှာလား ကြည့်ရတော့မယ်။
မအလက သူ့ကိုကျော်ပြီး တရုတ်က အာဏာရှင်ဟောင်းဆီ သွားသွားနေတာ ဘယ်ကြိုက်ပါ့မလဲ။
ဒီလိုပဲ အာဏာရှင်ဟောင်းအစုအဖွဲ့ကလည်း မအလ လုပ်ပုံကိုင်ပုံကိုမကြိုက်...။
လက်ရှိစစ်ခွေးတပ်ကို အမိန့်ပေးနိုင်တာက မအလပဲဆိုတော့ ငြိမ်ကြည့်နေကြရတယ်။ တကယ်လက်နတ်မဲ့နေတော့လည်း စီနီယာ ဂျူနီယာဆိုတာက သုံးစားမရပါဘူး။ အာဏာလက်ဝယ်ပိုင်သူသာ နိုင်စတမ်းပဲလေ။
ကျေနပ်စရာကောင်းတာက အာဏာရှင်ဟောင်းကြီး လက်နတ်မဲ့နေချိန် အနိုင်ကျင့်ခံရတာကိုပဲ။
တို့ပြည်သူတွေကို အနိုင်ကျင့်ခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။ ဒင်းက အခုမှခံရတာ... ဆက်ခံ... ခံလက်စနဲ့ခံ...။
ဝမ်းသာလိုက်တာ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
25 Oct, 13:02
မှတ်တမ်းရုပ်ရှင်တစ်ခု ကြည့်ခဲ့ရတယ်။ အဒေါ့လ်ဟစ်တလာရဲ့ လက်ရုန်းတစ်ဆူဖြစ်တဲ့ အဒေါ့လ်အိုက်ခမန်းကို တရားစီရင်ခန်း...။
ဂျူး ၆ သန်းကို သတ်ခဲ့တဲ့ နာဇီ အဒေါ့လ်အိုက်ခမန်းကို တရားစီရင်နေတဲ့ တရားရုံးမှာပဲ သူသတ်ခဲ့တဲ့ လုပ်ငန်းစဥ်တွေ အကြောင်းကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံ မှတ်တမ်းတွေ ပြန်ကြည့်ခိုင်းတယ်။ ဂျူးတွေခံစားခဲ့ရသလို ပြန်ခံစားရအောင်ပေါ့...။
မင်းအောင်လှိုင်ကို ခုံရုံးတင်တဲ့အခါမှာလည်း စစ်ဆေးနေစဥ်အတွင်း ဗုံးကြဲတာတွေ၊ ရွာမီးရှို့ တာတွေ၊ ခြေလက်ဖြတ် လူသတ်တာတွေ တာဝန်ရှိခဲ့တာ သိအောင် ပြန်ပြရမယ်။
ပြန်ပြနိုင်အောင် မှတ်တမ်းတွေ သိမ်းထားရမယ်။
မင်းအောင်လှိုင်ကို တရားစီရင်နေပုံတွေကို TV တွေနဲ့ Online ပေါ်ကနေ ပြည်သူတွေသိရအောင် မြင်ရအောင် တိုက်ရိုက် LIVE ထုတ်လွှင့်ပြသရမယ်။
ဒီအခြေအနေက ဖြစ်ကိုဖြစ်လာရမယ်။
မင်းအောင်လှိုင် မသေပါစေနဲ့လို့ ဆုတောင်းကြ။
ဒီတိုင်းသေလို့မရဘူး။ ပြည်သူတွေစီရင်တာ ခံပြီးမှ သေရမယ်...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
25 Oct, 09:19
နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ် တရားမျှတပြီး လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ…."
ဒီစကားက ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ အလွန်ပဲ စိတ်မကောင်းဖြစ်ရသည့်အတွက် ဒေါက်တာ နေစိုးမောင်က လူမှုကွန်ယက်မှာ အများသိစေရန် ဆုတောင်း​ပေးခဲ့သော စကားဖြစ်ပါတယ်။
ကျွန်တော်ဖတ်ကြည့်တာတော့ ဆုတောင်းစကားက ရိုးရိုးလေးပါ။ ဘာမှထူးပြီး မခံစားရပါဘူး။ တကယ်ဖြစ်နေတဲ့ အခြေအနေအမှန်ပဲလေ။
ဒီစကားကိုပဲ မင်းအောင်လှိုင် ဖတ်လိုက်တော့ သူ့ဖင်ရိုးခံရသလို မခံချိမခံသာ ဖြစ်သွားရတယ်။ သူ့ကို တရားမမျှတဘူး။ လူကိုလူလို မဆက်ဆံဘူးလို့ ပြောတယ်ဆိုပြီး အခုတော့ ခွေးမျိုးက တရားစွဲဖို့ လုပ်နေတယ်။ သူလည်း ကိုယ်တွေနဲ့ ခံစားချက်တူနေတာဟာ ခွေးမျိုးက တမင်အကွက်ချပြီး လုပ်နေလို့ အိုးမလုံ အုံပွင့်တဲ့ ခံစားချက်က ပေါ်လာတာ...။
ကိုယ်လုပ်တာ တရားမျှတလား မမျှတလား ကိုယ်သာအသိဆုံးဖြစ်တယ်။ သူများပြောတာ နားထောင်နေစရာမလို...။ တရားမစွဲရင် သူ့ဘာသာ တရားတယ်ထင်နေလို့ဖြစ်မယ်လို့ အများက ဒီလောက်နဲ့ ပြီးသွားမယ်။ အခုလိုတရားစွဲတော့ အနာပေါ်ဆားပက်ခံရပြီလို့ ပြောစရာ ဖြစ်သွားတယ်။
နေဝင်းဆိုတဲ့ကောင်က ပြည်သူနဲ့ ရဲဘော်သုံးကျိပ်ကို စစ်တပ်အားကိုးနဲ့ သစ္စာ ဖောက်တယ်။ နောက်ဆုံးသူ့စစ်တပ်က သူ့ကို စီရင်တာ ခံခဲ့ရတယ်။
နေဝင်းနဲ့ စောမောင်ကို သန်းရွှေက စစ်တပ်အားကိုးနဲ့ သစ္စာဖောက်တယ်။ အခု သူ့ စစ်တပ်ကပဲ သူရဲ့ ကိုင်းဖျားကိုင်းနားကို စပြီး ခုတ်ထွင်နေပါပြီ။
ဒါဟာ သန်းရွှေကို မင်းအောင်လှိုင်က စစ်တပ်အားကိုးနဲ့ သစ္စာဖောက်တာပါပဲ။
မင်းအောင်လှိုင်ကို စစ်တပ်အားကိုးနဲ့ ဘယ်သူက သစ္စာဖောက်အုံးမှာလဲ။
သေချာကြည့်တော့ စစ်ခွေးတပ်ကြီးဟာ တစ်ဦးနဲ့တစ်ဦး ကလိမ်ကျပြီး ဇာတ်တူသားကို ဦးတဲ့သူ စားခဲ့ကြတာပဲ။ ဘာရုပ်မှ မပေါက်ပါဘူး။ ဘယ်မှာလဲ တစ်ဦးနဲ့တစ်ဦး ထားတဲ့ သစ္စာ...။
အောက်ခြေစစ်သားက အစ တပ်ချုပ်အထိ တစ်ကောင်နဲ့တစ်ကောင် အချိန်ရှိသ၍ ခြေထိုးနေကြတာ စစ်သားတိုင်းအသိ...။ ဦးတဲ့ကောင်က တိုင်နေတောနေတာတွေ စစ်တပ်ထဲမှာ အမြောက်အများ ရှိတယ်။ နောက်ဆုံးမခံနိုင်ရင် ပစ်ကြခတ်ကြတာပဲ။
ဖြစ်ပြီးရင် ဖုံးကြဖိကြနဲ့ ခံခဲ့ရတဲ့ကောင်တွေက ဘာမှမတတ်နိုင်ကြတော့ဘူး။ အံတကြိတ်ကြိတ်ပဲ။ အခွင့်ရရင် ကျောင်းတော်က ရန်စတွေကို အပြတ် ဂလဲ့စား ချေကြတာပဲ။ အဲ့လိုသာဓကတွေ ဗိုလ်ချုပ်လောကမှာ အများကြီး...။
မင်းအောင်လှိုင်လည်း အရှိန်မကုန်ခင်ထိ ရွေ့နေအုံးမှာပဲ။ အရှိန်ကုန်တဲ့တစ်နေ့ ဘာဖြစ်သွားမလဲ။
သန်းရွှေတောင် အချိန်တန်တော့ စော်ကားခံရသေးတာ မင်းအောင်လှိုင် ဆိုတဲ့ ခွေးမျိုးက ဘာမို့လဲ....။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
24 Oct, 14:13
သူငယ်ချင်း တစ်ယောက်ရှိခဲ့တယ်။ အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းပါ။
အာဏာမသိမ်းခင်က အဆက်အသွယ်ရှိပေမယ့် သူက စစ်တပ်ထဲမှာ ဆိုတော့ အာဏာသိမ်းပြီး နောက်ပိုင်း Boycott အနေနဲ့ မဆက်သွယ်ဖြစ်ခဲ့ပါဘူး။ နိုငိငံရေးမှာ မမျှမတတဲ့ ဘက်မှာ နေရင် သူငယ်ချင်းလည်း မရဘူးဆိုတဲ့ စိတ်ကြောင့် အဆက်အသွယ် မလုပ်တော့ပါဘူး။
ပြီးခဲ့တဲ့ရက်က သတင်းတစ်ခုကြားရတယ်။ တဆင့်စကားပါ။
သူ့တပ်က သူ့ကို ရခိုင်က အမ်းစစ်ဌာနချုပ်ကို ပြောင်းမိန့်ပေးခံရတယ်...တဲ့...။
အခုတော့ အမ်းဘက်ကို ခရီးထွက်သွားပြီး အမ်းကို မရောက်ဘူးလို့ ကြားရတယ်။
နောက်ဆက်တွဲက ခွင့်မဲ့ဖြစ်နေတယ်...တဲ့။
အခု ကျွန်တော့သူငယ်ချင်း အမ်းအခြေအနေမကောင်းလို့ စစ်တပ်ကို စွန့်ခွာ ထွက်ပြေးသွားပါပြီ။ သေမှာ ကြောက်လို့ ဖြစ်မှာပါ။ အဓိပ္ပါယ်မရှိတဲ့ စစ်ပွဲလို့လည်း ခံယူတာလည်း ဖြစ်နိုင်ပါတယ်။ သူ့စိတ်ထဲ ဘယ်လိုခံစားတယ်လို့ မသိပါဘူး။
သူထွက်ပြေးသွားတာ ယောင်္ကျားတစ်ယောက်အတွက် ဟိုဘက်ဒီဘက် အတွက် ဂုဏ်ယူစရာမဟုတ်ပေမယ့် ကျွန်တော်ကတော့ ကျေနပ်ပါတယ်။ စစ်ခွေးတပ်မှာ အင်အားဖြည့်အဖြစ် ရှိမနေတာကိုပဲ ကျေနပ်ရတာပါ။
အခုထိတော့ အဆက်အသွယ် မရသေးပါဘူး။
သေသေချာချာ လွတ်မြောက်ပါစေလို့ ဆန္ဒပြုနေမိပါတယ်။
မသေသေးရင်တော့ ပြန်ဆုံပြီး သူငယ်ချင်းတွေ အရင်လို စကားပြောချင်ပါသေးတယ်။
နောက်...သူရဲ့ စွန့်စားခန်းကိုလည်း သိချင်ပါသေးတယ်။
သိရတဲ့အခါ ပြန်ပြောပြပေးပါ့မယ်...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
24 Oct, 10:34
နပခ တည်နေရာ...
Htain Lin Nay
24 Oct, 07:51
ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်စီးမယ့် Smart Card လာပါတော့မယ်။
ဆီဆိုင်တွေဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မယ့် Smart Card Softwear စနစ်ကို သိန်းထောင်ချီ နီးပါးပေးပြီး ဝယ်ယူဖို့ ခြိမ်းခြောက်ခံနေရပါတယ်။
ဝယ်မယ့်လူက ပိုက်ဆံပေးဝယ်မှာကို လိုသလောက်မရောင်းပေးနိုင်တဲ့ အောက်တန်းစား စနစ်ကို အသက်သွင်းဖို့ ကြိုးစားနေတာ အတော်ရွံဖို့ကောင်းပါတယ်။
ဒါတောင် သူတို့ထုတ်လုပ်တဲ့ ပစ္စည်းမဟုတ်သေးပါဘူး။ သူတပါးနိုင်ငံက ထုတ်လုပ်ထားတာကို ငွေပေးဝယ်ရုံဝယ်ရတဲ့ ပစ္စည်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာ သောက်အရည်အချင်း မရှိလို့ပါ။
လောင်စာဆီကို ချုပ်လိုက်လို့ရော နိုင်ငံက ချမ်းသာလာမှာလား။ ဝေးပါသေးတယ်။ စစ်သုံးစရိတ်ဘက်ကို လျှော့သုံးလိုက်တဲ့ငွေက ရောက်သွားမှာပဲ ရှိပါတယ်။
နိုင်ငံချမ်းသာချင်ရင် စစ်ခွေးတပ်ကို အမြစ်ဖြတ်မှ ကျိမ်းသေချမ်းသာမှာပါ။
နိုင်ငံထဲမှာ သူ့ဘာသာ ဆောက်ထားတဲ့ အိမ်တွေကို မီးတင်ရှို့နေတဲ့ စစ်ခွေးတပ်က နိုင်ငံချမ်းသာတော့မှာလိုလို သောက်ထွင်လုံးတွေလုပ်နေတာ ယုံကြည်စရာ တစ်စက်မှ မရှိပါဘူး။
တဖြည်းဖြည်း နယ်မြေကျဥ်းလာတဲ့ စစ်ခွေးအုပ်စုဟာ သူတို့ အနိုင်ကျင့်လို့ရတဲ့ နေရာတွေမှာ ပြည်သူရဲ့ ချစ်ခင်မှုကို ယူရမယ်ဆိုတဲ့ အသိတောင်မရှိဘဲ သောက်ကျင့်ယုတ်နေတာကို ကြည့်ရင် သူတို့မှာ လုပ်စရာ သိပ်မကျန်တော့ဘူးလို့ သိသာစေပါတယ်။
စစ်ခွေးတွေရဲ့ အကြံဆိုးက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လောင်စာဆီတွေ မရောက်​အောင် လုပ်နေပေမယ့် နယ်စပ်အရှည် မိုင်ပေါင်းများစွာကနေ လူသုံးကုန်သာမက လက်နတ်ခဲယမ်းပါ ဝယ်ယူလို့ရနေတာကို သောက်ရူးတွေ မသိတာကတော့ လွန်လွန်းပါတယ်။
ထိုင်းမကလို့ တရုတ်ပဲဖြစ်ဖြစ် မြန်မာပြည်ထဲ အားလုံးသွင်းလို့ရပါတယ်။
စဥ်းစားပါ။ လုံးဝ ရာဇဝတ်မှု ဖြစ်စေတဲ့ ဘိန်းလို မူးယစ်ဆေးဝါးတွေ၊ လက်နတ်ခဲယမ်းတွေက ဘယ်ဂိတ်ကိုဖြတ်ပြီး သွင်းနေလို့လဲ။
တရုတ်လည်း စောက်ရူးပါ။ သူတို့နိုင်ငံထဲမှာ မူးယစ်ဆေးဝါးတွေ ကင်းစင်နေတာလား။ သဘောပြောတာပါ။ ဥပဒေနဲ့ မလွတ်ကင်းတာတွေတောင် ကမ္ဘာပါတ်နေတာ။ လူသုံးကုန်ပစ္စည်းဆိုတာ ဘယ်လိုမှ ကန့်သတ်လို့မရပါဘူး။
ဆိုလိုတာက တော်လှန်ရေးတပ်ဖွဲ့တွေ အတွက် ပြည်သူတွေ စိုးရိမ်မနေဖို့ပါ။
စစ်ခွေးကိုသတ်မယ့် ကျည်တွေတောင် ရနေသေးတာ ဘာမှစိုးရိမ်စရာမရှိပါဘူး။
ခံရမှာက မြို့နေလူထုပါ။ လောင်စာဆီ မှောင်ခိုဝယ်ရတော့မှာ ဆိုတော့ ဈေးနည်းနည်း ပိုပေးရမှာပေါ့။ လွန်ခဲ့တဲ့ နှစ် ၆၀ လုံး ဆီစာအုပ်နဲ့ ဝယ်ပြီး နေလာခဲ့တာပဲ။ ဘာများပိုထူးအုံးမှာလဲ။
မှောင်ခိုမရှိစေချင်ရင် အကုန်ဖမ်းလေ။ အကုန်ဖမ်းရင် ရဲခွေးတွေ ငတ်ကုန်မှာပေါ့။ အောက်က ခွေးတွေငတ်ရင် အထက်က​ခွေးတွေ ငတ်မယ်။ အထက်ကကောင်တွေ ငတ်ရင် အထက်ကဝန်​ကြီးတွေငတ်မယ်။ အထက်ကဝန်​ကြီးတွေငတ်ရင် သူတို့အထက်က ဒုဝန်​ကြီးချုပ်တို့ ဝန်ချုပ်ကြီးမအလတို့ ငတ်မှာပေါ့။
ပါးစပ်ပါတဲ့ကောင်တွေလုပ်တဲ့ ပိတ်ဆို့မှုဟာ ဘယ်တော့မှ ​ကြာ​ကြာ ပိတ်မရဘူးဆိုတာ နားလည်လို့ရပါတယ်။
​လောင်စာဆီဘယ်က ပြန်ထွက်လာမှာလဲ။
လူ​ကြားကောင်းအောင်လုပ်​ပြနေတဲ့ စစ်ခွေး​တွေ ဆီကပဲ ပြန်ထွက်လာမှာပါ။
ဝန်ထမ်းလောကက ထွက်လာမယ့် ခိုးဆီတွေက မှောင်ခိုလုပ်ငန်းကို အရင်ဆုံးရောက်လာမှာပါ။
ဆီရှားမှာတော့ ပူမနေပါနဲ့။
စစ်ခွေးတပ်ကို မီးဖုတ်ဖို့ပဲ အာရုံစိုက်ကြပါ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
24 Oct, 02:39
အမ်းတိုက်ပွဲမှာ AA က စစ်ဆေးရုံနဲ့ လေယာဥ်ကွင်းကို ထိန်းချုပ်ထားပါပြီ။
နပခ နဲ့ ၂ မိုင် ကျော်ကျော်လေးပဲ လိုပါတော့တယ်။ စစ်ခွေးတပ်ကတော့ အမြောက်နဲ့ ရမ်းသမ်း ပစ်နေရုံပဲ တတ်နိုင်ပါတော့တယ်။
လေယာဥ်နဲ့စစ်ကူပေးဖို့လာပေမယ့် လေယာဥ်ကွင်းကို ပိတ်ဆို့ထားတဲ့ AA တပ်တွေက ဆင်းမယ့် လေယာဥ်ကို ပစ်တာကြောင့် မဆင်းရဲဘဲ ပြန်လှည့်သွားပါတယ်။
လေဆိပ်ဘက်က တိုင်းရုံးဘက်ကိုတက်ရင် မြစ်ခံနေပေမယ့် စစ်ဆေးရုံဘက်ကတော့ မြေပြင် တဆက်တည်းပါ။ အခြေအနေကောင်းပါတယ်။ အမ်းစစ်ဌာနချုပ်မှာ တိုက်ခိုက်ရေးတပ် ၃ တပ်ပဲကျန်ပါတော့တယ်။ ကျန်တာတွေက လက်ရုန်းတပ်တွေပါ။
စစ်ခွေးတပ်ရဲ့ စစ်ကူကလည်း လေဆိပ်ကျသွားလို့ လေကြောင်းကမျှော်လို့မရတော့ပါဘူး။ မြေပြင်ကလည်း ​​ကြားမှာ ဖြတ်တောက်ခံရနိုင်တာကြောင့် စစ်ကူပြတ်တောက်သွားပါပြီ။ လေထီးနဲ့ကလည်း မုန့်ဟင်းခါးများမှာကြောင့် မဖြစ်နိုင်ပါဘူး။ AA က ဝိုင်းပတ်ထားတာကြောင့် လေထီးနဲ့ချလည်း အကုန် လေပေါ်တင် သေမှာပဲ။
မကြာခင် နပခ ကျတော့မယ်ဆိုတာ မျှော်လင့်လို့ရပါပြီ။ ဒုတိယမြောက် တိုင်းတပ်ကြီး ရပြီး အောင်ပွဲခံရပါတော့မယ်...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
24 Oct, 02:05
https://t.me/htainlinnay791974/617
Htain Lin Nay
23 Oct, 12:10
https://t.me/htainlinnay791974/616
Htain Lin Nay
23 Oct, 06:33
ကျော်မျိုးမင်းတို့ ကျော်စိုးဦးတို့ မဟုတ်မဟတ် ချီးပေါက်တာ လွန်လွန်းတယ်။
သူတို့နယ်မှ UG မရှိတော့ဘူးလား။
ဒီကောင်တွေ ခေါင်းထောင်နေတာ UG ကို စောက်ဂရုမစိုက်တဲ့ သဘောပဲ။
ပါးစပ်ပိတ်အောင် လုပ်မှ ပြည်သူကလည်း စိတ်ချမ်းသာမှာပါ။
😘😘😘
Htain Lin Nay
23 Oct, 04:30
KNU တပ်မဟာ ၇ ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကတော့ KNU က တော်လှန်ရေးကို ထကြည့်ဖို့ Alert လုပ်လိုက်တာပါ။
ဘယ်လောက် အိပ်ငိုက်နေလဲဆို... စစ်ခွေးဒရုန်းရဲ့ လက်တစ်ကမ်းထိကို ကပ်ခွင့်ပေးလိုက်တာပါ။
အနည်းဆုံး ၂ မိုင်လောက်ထိကို တပ်မဟာ ၇ က ကာကင်းထုတ်မထားတဲ့အထိ ပေါ့လျော့နေတာ သိသာပါတယ်။ မြို့နဲ့နီးနေတယ်ဆိုလည်း ကင်းထောက်အင်အား လျော့ရဲလို့ပါ။
KNU ထဲက တချို့ တပ်မဟာတွေက သူတို့နယ်ထဲကနေ အပြင်ကို ထွက်လှုပ်ရှားရမှာ ဝန်လေးနေပါတယ်။
ဒီဖြစ်စဥ်က တော်လှန်ရေးအတွက် အကောင်းဘက်ကို ရွေ့မယ်ထင်ပါတယ်...။
😇😇😇
Htain Lin Nay
23 Oct, 03:58
ဒီစစ်ရာဇဝတ်မှုကို စစ်ကြောင်းတစ်ကြောင်းလုံးကို ပြန်သတ်လိုက်မှ ပျောက်ပါလိမ့်မယ်။ ဒါတောင် တနည်းနည်းနဲ့ ပေါ်ပေါက်လာနိုင်ပါသေးတယ်။
ငြင်းဆိုမှုတွေ ထုတ်လွှင့်သွားတဲ့ ကောင်တွေပါ ပါဝင်ပါတ်သက်နေတာမျိုး အမှုထဲ ဆွဲသွင်းနိုင်ပါသေးတယ်။
သူတို့တွေ ဘယ်လောက်ငြင်းနေနေ သွေးပေသွားတဲ့ လက်ပိုင်ရှင်တွေက ပြည်သူရှေ့မှာ မသေသေးရင် ဝန်ချပြီး စီရင်ခံကြရအုံးမှာပါ။
မကြာခင် စစ်ခွေးတပ်တွေဟာ စီပါရွာအတွက် လက်စားချေမှုတွေကို ရင်ဆိုင်ရအုံးမှာပါ။
ပြည်သူတွေရဲ့ နာကျည်းမှုတွေကို ပြန်ပေးဆပ်ရလိမ့်မယ်...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
23 Oct, 03:58
စီပါရွာ
စီပါရွာမှာ စစ်ခွေးတပ်က ISIS (အိုင်စစ်) လို လုပ်ရပ်ကို ဘယ်လိုစိတ်နဲ့ လုပ်ခဲ့တာလဲ...။
ISIS ထက်တောင် ဆိုးသေးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ISIS တွေဟာ လူများစွာကို တန်းစီပြီး တစ်ဦးချင်း ခေါင်းကိုတေ့ပစ်ပြီး အဆုံးစီရင်တာမျိုးကို တွေ့ဖူးပါတယ်။ ဒါကို အလွန်ရက်စက်တယ်လို့ ကမ္ဘာက အသိအမှတ်ပြု ရှုံ့ချပါတယ်။ နောက်တစ်မျိုးက အပြစ်ရှိတယ်လို့ သူတို့ဆုံးဖြတ်ကြတဲ့ အမျိုးသမီးတစ်ဦးကို ကျင်းထဲထည့်ပြီး ကျောက်ခဲနဲ့ဝိုင်းပေါက်ကာ အဆုံးစီရင်တာမျိုးကို တွေ့ဖူးပါတယ်။ မြန်မာမှာတော့ PDF ခေါင်းဆောင်တစ်ယောက်ကို ဖမ်းမိသွားတဲ့အခါ မသေးသေးတဲ့သူ့ကို ခြေလက်တွေဖြတ်တောက်ထားတဲ့ Video File ကို မြင်ခဲ့ရဖူးပါတယ်။ ကင်ထောက်ဒရုန်းကနေ လှုပ်နေသေးတဲ့ ခန္ဓာကိုယ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါဟာ ကျွန်တော် မြက်တွေ့ခံစားခဲ့ရတဲ့ ရက်စက်မှုထဲမှာ အရက်စက်ဆုံးတွေပါ။
အခုတော့ စစ်ခွေးတပ်ဟာ PDF တပ်ရင်းတွေကို ရင်ဆိုင်ရမှာ ကြောက်တာကြောင့် PDF မရှိတဲ့ဘက်ကို စစ်ကြောင်းထိုးပြီး ရွာချည်း သက်သက်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကြောက်ရွံ့သွားအောင် သေသေချာချာ လုပ်ကြံနေတဲ့သဘောပါ။
ဒီရွာတွေရှိလို့ PDF တွေ အထောက်အပံ့ရနေတာ။ ဒိရွာတွေကို မှီပြီး ဒီနားတဝိုက် အခြေပြုနေတာ...ဆိုတဲ့ သူတကာကို အပြစ်ဖို့တဲ့ စဥ်းစားနည်းနဲ့ စဥ်းစားပြီး ရွာတွေကို နှိပ်ကွပ်နေတာပါ။
ဒီကြားထဲ WY သတင်းကိုလည်း ဖမ်းဆီးရမိတဲ့ စစ်ခွေးတွေက ဝန်ခံသွားပါသေးတယ်။
ဒီနေ့လည်း မိတ်ဆွေတစ်ယောက်က သူ့သား ဆေးကြောင်ပြီး ပတ်ဝန်းကျင်ကို ခုတ်မယ်ထစ်မယ် လုပ်နေလို့ ဆေးဖြတ်မယ့်နေရာပို့ဖို့ လာတိုင်ပင်နေပါသေးတယ်။ ပိုဆိုးတာက WY အပြင် အရက်ပါ ရောသုံးလိုက်တော့ အခြေအနေကပိုကြွ သွားပါတယ်။ ဒါကြောင့် မိသားစုလည်း ကြောက်လန့်ပြီး ဆေးရုံပို့ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
အခုဆို ရပ်ကွက်ထဲမှာ ဆေးသုံးတဲ့ လူငယ်တွေများလာပေမယ့် သုံးစားမရတဲ့ ရဲခွေးတွေက မူးယစ်ဆေးဝါရောင်းသူတွေကို ဖမ်းသွားတယ်လို့ တစ်ခါမှ မကြားမိပါဘူး။ ဒါကြောင့် လူငယ်တွေဟာ အတင့်ရဲပြီး ပိုမိုသုံးစွဲလာကြပါတယ်။ တခြားလူငယ်တွေကိုလည်း သုံးစွဲဖို့ ဆွဲဆောင်တာတွေလည်း ရှိလာပါတယ်။
စစ်ခွေးတပ်မှာ WY ကို သုံးဆွဲခွင့် ရနေတာမျိုး ဝန်ခံချက်တွေရှိနေတာကြောင့် လူစုလူဝေးနဲ့အမြဲရှိနေတဲ့ စစ်ခွေးတပ်ဟာ သုံးဆွဲမှု ပြန့်နှံ့တာ အလွန်မြန်နိုင်သလို အများအပြားသုံးစွဲလာနေပါတယ်။
တရုတ်ပြည်မှာ တရုတ်လူမျိုးတွေကို နယ်ချဲ့တွေက ဘိန်းကြွေးပြီး အလုပ်ခိုင်းစေတာကြောင့် တရုတ်လူမျိုးတွေ လူညွန့်တုံးကုန်ကြပါတယ်။ လူ့အစွမ်းအစတွေပျောက်ကုန်တာကို ဆိုလိုတာပါ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်မှုတွေကို သတိမရတော့ပဲ ဘိန်းမှဘိန်းပဲ ဖြစ်သွားကြပါတယ်။ ဒါကို အမျှော်အမြင်ရှိတဲ့ တရုတ်လူမျိုးတွေက ဘိန်းပျောက်အောင် ဘိန်းကျွေးတဲ့ ကိုလိုနီနယ်ချဲ့တွေကို တွန်းလှန်ခဲ့ကြပါတယ်။
ဒါကို ကမ္ဘာမှာ တရုတ်ပြည်က ဘိန်းစစ်ပွဲလို့ ကျော်ကြားပါတယ်။
အခုခေတ်တော့ WY ပါ။ ဆေးသမားလူငယ်ဟာ ဆေးပြတ်ရင် ဘာမှမစဥ်းစားတော့ပါဘူး။ အိမ်မှာရှိတဲ့ ရောင်းလို့ရတာတွေ ခိုးရောင်းပြီး ဆေးဝယ်ပါတယ်။ ရောင်းစရာမရှိတော့ရင် မအေမိဘဆီက ရှိတာကို လက်နတ်အားကိုးပြီး အတင်းအဓမ္မ တောင်းတတ်ပါသေးတယ်။
ဒီလိုအခြေအနေတွေကို သိထားတဲ့ စစ်ခွေးခေါင်းဆောင်တွေဟာ စစ်ခွေးအသစ် အဟောင်းတွေကို ဆေးစွဲအောင်လုပ်နေကြပါပြီ။
စစ်ခွေး အရာရှိတွေဟာ စစ်ကြောင်းထိုးတဲ့အခါ သူတို့ ကြမ်းဖို့ရမ်းဖို့ လိုလာပြီဆို အောက်က ဆေးစွဲနေတဲ့ စစ်ခွေးတွေကို ဆေးဖြတ် အစာဖြတ်ကြပါတယ်။ ဆာလောင်မှု ဆေးငတ်မှုတွေကြောင့် ဆေးစွဲနေတဲ့ စစ်ခွေးတွေဟာ စစ်ခွေးတပ်ကပေးတဲ့ WY ကို မရမှာစိုးရိမ်တာကြောင့် အထက်ကပေးတဲ့အမိန့်ကို မလွန်ဆန်နိုင်ဘဲ ကြမ်းပြရမ်းပြကြရပါတော့တယ်။
အောက်က စစ်ခွေးတွေကို သနားစရာလို့ မြင်အောင် ပြောပြနေတာမဟုတ်ပါဘူး။ သူတို့တွေဟာ စစ်ခွေးချုပ်တွေ ပြိုလဲမသွားဖို့ ထမ်းပိုးပေးနေတဲ့ စစ်ခွေးတွေလို့ မြင်စေချင်တာပါ။
စီပါရွာမှာ ကြမ်းပြသွားတာ သာမာန်လူမပြောနဲ့ တော်တော်မိုက်တဲ့ လူမိုက်တောင် လုပ်ရဲစရာမရှိပါဘူး။ ပြောလိုတာက အပြစ်မရှိတဲ့ ပြည်သူလူထုကို PDF တွေနဲ့ တခြားပြည်သူတွေ ကြောက်အောင် ခြောက်ဖို့လောက်နဲ့ ဒီလောက်ကြီး လုပ်ကိုင်နိုင်တဲ့သူ သာမာန်လူထဲမှာ မရှိပါဘူး။
တခုခုကို အလိုဆန္ဒကြီးပြီး လူစိတ်ပျောက်နေတဲ့ လူလောက်မှပဲ လုပ်နိုင်တဲ့ ရက်စက်မှုမျိုးပါ။ သူတို့နာမည်ပေးထားတဲ့ ဘီလူး ဆိုတဲ့ စိတ်မျိုးနဲ့မှ လုပ်ရဲမှာပါ။
ဒီသတင်းကို ဆန့်ကျင်ဘက်သဘောမျိုးရောက်အောင် ပြောနေတဲ့ လူမဆန်တဲ့ ကောင်တွေလည်း ရှိနေပါသေးတယ်။
ပြောချင်တာက လူပေါင်း ရာချီပါတဲ့ စစ်ကြောင်းက ပါးစပ်ပေါက်တွေက ဘယ်တော့မှ အမှန်မပြောတော့လောက်အောင် လုံပါ့မလား။
ဒီလူသတ်ပွဲကို မှတ်တမ်းတင်ရိုက်ကူးထားတာမျိုး မရှိနိုင်ဘူးလား။ တစ်နေ့ပေါ်လာနိုင်ပါတယ်။ သတ်တာမဟုတ်တောင် စစ်ခွေးတွေ ဖမ်းသွားတာကို မြင်သိလိုက်တဲ့ ရွာခံ သက်သေတွေ ထွက်ပေါ်လာနိုင်ပါတယ်။
လူသတ်စစ်ကြောင်းထဲက နောင်အခါ စစ်သုံ့ပန်း ဖမ်းမိခဲ့ရင် (ဘီလူးစစ်ကြောင်းက ကောင်တွေဖမ်းမိသလို ဖမ်းမိတဲ့အခါ) စစ်ရာဇဝတ်မှုကနေ ပြေးမလွတ်နိုင်ပါဘူး။
Htain Lin Nay
19 Oct, 12:35
BGF ဆိုတာလည်း စစ်ခွေးတွေလိုပဲ လက်နတ်ပြပြီး စီးပွားရေးလုပ်နေတဲ့အဖွဲ့ပါ။ စစ်ရေးအတွေ့အကြုံဆိုတာ မရှိပါဘူး။ ဒါကြောင့် ပန်ဝါကို ရက်အနည်းငယ်လေး အတွင်းမှာပဲ KIA, PDF က သိမ်းပိုက်နိုင်သွားတာပါ။
KIA, PDF က အစောပိုင်း မတိုက်ဘူးဆိုတာက BGF တွေ ဘက်ပြောင်းလာမလားလို့ သဘောထားကို စောင့်နေတာပါ။
ပြီးခဲ့တဲ့ တလောက ဇခုန်တိမ့်ရိမ်းက စစ်တပ်ဘက်ကနေ အာချောင်လိုက်တာကြောင့် တော်လှန်ရေးရဲ့ အရည်အသွေးကို ပြဖို့ဖြစ်လာပြီး ပန်ဝါမြို့ကို တိုက်ပါတယ်။ သိပ်မတိုက်ရခင် BGF တပ်သားတွေ အရပ်ဝတ်လဲပြီး ထွက်ပြေးကြလို့ အခုတော့ မြို့ကို မပျက်မစီး သိမ်းယူလိုက်တာပါ။
ကျန်တာ ကန်ပိုတည် ရှိနေပါသေးတယ်။
စစ်တပ်ကတော့ လာကူဖို့မရှိပါဘူး။ ကိူယ့်ဒေသကထွက်တာကိုယ်ယူ... ကိုယ့်ဒေသကိုယ်ကာကွယ်ဆိုတော့ အခုလို အရှုံးနဲ့ရင်ဆိုင်ရချိန်မှာ ဖအေမဲ့တာပေါ့။
ဖအေဘောသိပ်မ မ နဲ့။
စစ်ခွေးတွေကိုယ်တိုင် ရပ်တည်ဖို့တောင် ခက်နေပြီ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
19 Oct, 12:22
တောင်ကိုရီးယားမှာ မြန်မာတွေ Passport သက်တမ်းတိုးရာမှာ NUG က တာဝန်ယူ သက်တမ်းတိုးပေးနေပါပြီ...။
နိုင်ငံတကာ သံတမန်ရေးရာမှာ အောင်မြင်မှု တစ်ရပ်ပါ။
နောက်ဆို ထပ်တိုးခွင့်ပြုမယ့် နိုင်ငံတွေ တိုးလာနိုင်ပါတယ်။
ပြည်သူများ ဂုဏ်ယူနိုင်ပါပြီ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
16 Oct, 03:50
ပြည်တော်ဝင် Channel ပါ။ အားဖြည့် ပါဝင်ပေးပါအုံး...။
https://t.me/+_ddlLy1mgTQzZmU1
Htain Lin Nay
16 Oct, 03:47
လက်ရှိတော်လှန်ရေးရဲ့ ကြွေးကြော်သံက "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်..." ဒါပဲ။ မင်းအောင်လှိုင်ကို တောင်းဆိုမှုဘာမှ မပါဘူး။ အောက်ကနေ စစ်ခွေးတပ်ကို မနိုင်တော့လို့ ပေးပါ ပေးပါ တောင်းနေတာလည်း မဟုတ်ဘူး...။
စစ်ခွေးတပ်က အရှုံးကြီး ရှုံးနေရာက​နေများ ဆွေးနွေးချင်လာရင် ကြိုတင်သဘောတူညီချက် ရပြီးမှ ညှိနှိုင်းမယ်ဆိုတဲ့ အချက် ၃ ချက်ကို အဆင်သင့် ကိုင်ထားတာ။ ဒီအချက် ၃ ချက်ကို လက်ခံနိုင်မှ ဆွေးနွေးပွဲဖြစ်မှာ...။ စစ်ခွေးတပ်ကို ကမ်းလှမ်းထားတာ၊ တောင်းဆိုထားတာမဟုတ်ဘူး။ ဖြစ်လာရင် ကိုယ့်ဘက်က မဆွေးနွေးနှိုင်ဘူး ဆိုတာမျိုး အစွန်းရောက်မှာစိုးလို့ ကိုင်ထားတာ။
ဒါကို မအလက သူ့ကို တောင်းဆိုထားတယ်လို့ ထင်နေသေးတယ်... အရူးက...။ တိုက်တိုင်းသာ ရှုံးနေတာ စစ်က သူ့နားမရောက်သေးတော့ လိုက်လျောမှာမဟုတ်ဘူး...တဲ့... ရယ်တောင်ရယ်လိုက်ရသေးတယ်... ထွက်လာတဲ့အသံက အောက်ကလေ... ပြီးတော့ ချေမှုန်းမယ်ဆိုလား... တိုက်တိုင်းပြေး စစ်ခွေးတပ်ကြီး အားကိုးနဲ့ ပြောနေတာ... ဟာသပဲ။
မင်းအောင်လှိုင် ကြည့်ရတာ သူ့ဝိုင်းဆဲနေတော့ လိုင်းလဲ တက်မကြည့်ရဲဘူး... အောက်က စစ်ခွေးတွေ တင်တဲ့ Report တွေဖတ်ပြီး ထထ ပြောနေပုံရတယ်။
ဒါသာမှန်ရင် စစ်ခွေးတပ်ဟာ ထင်ထားတာထက်ကို အဖြစ်ဆိုးနေပြီ။ ဖြစ်နေတဲ့ အခြေအနေဆိုးကို ကွယ်ပြီး တင်တဲ့ Report တွေဟာ မြေပြင်အခြေအနေနဲ့ လုံးဝ မနီးစပ်နိုင်ပါဘူး။ ဘယ်မြို့တိုက်တိုက် ကျကို ကျတော့မှာ အသေအချာပါပဲ။
NCA နှစ်ပါတ်လည်မှာ ပြောသွားတာ သူတပါးကို လက်ညိုးထိုး အောက်တန်းကျမှုတွေပါပဲ။ ကလေးလိုပဲ ကိုယ်က ရန်လုပ်ပြီး ဦးအောင်သွားတိုင်တဲ့ သူငယ်နှပ်စား အထာ...။
မင်းအောင်လှိုင် ဘယ်လို အောက်လုံး ထိုးထိုး စစ်ခွေးတပ်ကို ဆက်တော်လှန်နေရအုံးမှာပါ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
16 Oct, 01:03
NUG ဟာ နိုင်ငံခြားမှာချည်း နေနေကြတာ မဟုတ်ပါဘူး။
လုပ်ငန်းသဘောအရ နိုင်ငံတကာမှာ နေသင့်တဲ့သူတွေ နေကြပါတယ်။
ကာဝန်ကတော့ မြန်မာပြည်တလွှား သွားလာနေပါတယ်။ ဒီလို သွားလာနိုင်တာဟာ PDF, EROs တွေ နယ်မြေ စိုးမိုးမှု များလာလို့ပါ။
နောက်ဆို မန်းလေး နေပြည်တော် မှာ သွားလာနေတာတွေ မြင်တွေ့ရတော့မှာပါ။
စစ်ခွေးတွေ ခံနိုင်ရင် ကြိတ်ခံကြ။ မကြာခင် ပြိုတော့မှာ နားလည်ထားပါ။
#ထိန်လင်းနေ
#htainlinnay
Htain Lin Nay
15 Oct, 22:22
ဒီနေ့ လက္ကားစျေး တွေမှာ လူအဝင်နည်းပါတယ်။
သီတင်းကျွတ်လပြည့် နီးလာလို့လားတော့မသိပါ။
မနက်ဖြန် ဈေးကြီးတွေ ပိတ်ပိတ် မပိတ်ပိတ် အများစု နားကြပါလိမ့်မယ်။
ကုသိုလ်လုပ်ကြပါလိမ့်မယ်။
အပျော်အပါး အလည်အပါတ် သွားချင်သွားကြပါလိမ့်မယ်။
အများစုက လမ်းမထွက်ဘဲ အိမ်တွင်းအောင်း နေကြပါလိမ့်မယ်။
အပြင်ထွက်ရင် စစ်ခွေးအန္တရာယ်က ရှိသေးတယ်လေ။
လွတ်လွတ်လပ်လပ် ပျော်ဖို့က စစ်ခွေးကင်းစင်မှ ဖြစ်မှာလေ...။
စစ်ခွေးကင်းစင်ဖို့က ဆုတောင်းနေလို့မရပါဘူး... တော်လှန်မှကို ရမှာပါ။
သွားရင်းလာရင်း စစ်ခွေးသတင်းတွေ တင်ပေးကြပါ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
15 Oct, 12:37
မအေလိုး စိုးဝင်းက နယ်စပ်ဂိတ်တွေ ဖွင့်မရတော့ နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားကုန်ပစ္စည်းအားလုံးကို တရားမဝင် ကုန်ပစ္စည်း အဖြစ် သတ်မှတ်ပြီး မော်လမြိုင်မှာ စဖမ်းနေပါပြီ။
ကုန်ပစ္စည်းတွေ ရှားပါး ဈေးတက်ပါလိမ့်အုံးမယ်။ သူတို့သွင်းတဲ့ စားအုန်းဆီတောင် နပ်မမှန်ပါဘူး။
မအေလိုးတွေ စားနေတဲ့ဆီတွေက နိုင်ငံခြားက ဝင်လာတဲ့ဆီ ဆိုတာ မသိဘူးလား...ဝတ်ထားတဲ့အဝတ်တွေက နိုင်ငံခြားက ဝင်လာတာ မသိဘူးလား...
မအေလိုးတွေက စောက်ချိုးကို မပြေပါဘူး။
မော်လမြိုင်မှာ ဖမ်းသွားတာ FAW ကား ၂ စီးတိုက်ဆိုတော့ ဘယ်လောက်တန်ဖိုးရှိလဲ ရောင်းဝယ်နေတဲ့သူတွေသိတယ်။
မြန်မြန်တော်လှန်ကြ...မှိန်းမနေနဲ့... ကြားရင် မြို့နေလူထု ဒုက္ခရောက်တော့မယ်။
မြို့နေလူထုက လက်နတ်မရှိပါ။ ထောက်ပို့လောက်ပဲ တတ်နိုင်တာပါ။ လုပ်မယ်လူတွေ အင်တိုက်အားတိုက် လုက်ကြပါအုံး...။
အားမရတာမဟုတ်ဘူး... လက်နတ်ကိုင်ပြီး ငြိမ်နေတဲ့အဖွဲ့တွေက ဘာလုပ်နေကြတာလဲ... အနီးအနားက ပြည်သူတွေက မေးခွန်းထုတ်ကြပါအုံး။
သေနတ်ပြပြီး အခုလို ပြည်သူကို ဓားပြတိုက်သလို အောက်တန်းကျတာကတော့ လွန်လွန်းနေပါပြီ။
တရားမဝင် အကြမ်းဖက်ခွေးတွေက ပြည်သူစားမယ့် ကုန်ပစ္စည်း တွေကို တရားမဝင်လို့ ပြောနေတာကတော့ ရွံစရာ ကောင်းလွန်းပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမအေလိုး စစ်ခွေးတွေ သေမှ အေးမှာပါကွာ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
14 Oct, 09:25
နတခ က ဗိုလ်မှူးကြီးတွေအပါအဝင် ၆ ကောင်ကို ခုံရုံးတင်လိုက်ပါတယ်။
သူ့ဘာသာ ခုံရုံးတင်ရုံမက ချက်ချင်းပဲသတ်သတ် ရင်ခုန်စရာ မရှိပါဘူး။ တော်လှန်ရေးက ကုန်ကျစရိတ် မရှိပဲ ထောင်ထဲပို့ထားနိုင်တာ အပေါင်းလက္ခဏာပါ။
အမှန်က စစ်ခွေး မင်းအောင်လှိုင် လက်အောက်မှာ ရှိနေတဲ့ နေရာအသီးသီးက စစ်ခွေးအရာရှိငယ်တွေဟာ အားလုံးနီးပါး သိန်းထောင်ချီ ချမ်းသာနေကြပါပြီ။ ဂိတ်ထိုင်ရတဲ့ ကောင်တွေပေါ့။ ရှေ့တန်းစခန်းထိုင်နေရတဲ့ ကောင်တွေကတော့ စစ်ခွေးစစ်စစ်တွေပေါ့။ သူတို့ကတော့ သေစာရင်းရေးပြီးသားတွေ...။ ပိုင်ဆိုင်မှု ဇီးရိုး... သူတို့သေရင် လိုင်းခန်းထဲမှာ ကျန်ခဲ့တဲ့မိသားစု လိုင်းခန်းကဆင်းပေးတော့ပဲ။ ဆင်းပြီးရင် မိဘအိမ်ပြန်... ဘဝခရီးဆက်ဖို့ နောက်လင်ယူ... အဆင်ကို ပြေနေတာပဲ။
ဂိတ်ကကောင်တွေကတော့ ဝင်ပစ်လို့ သေရင်တောင် မယားကြီးလည်း အဆင်ပြေတယ်။ မယားငယ်လည်းအဆက်ပြေတယ်။ KTV က အမြောင်လည်း အဆင်ပြေတယ်။ တပ်တစ်ခုတည်း လူတန်းစား ၂ ခုပေါ့။ ခွေးတွေထဲမှာ ဖြစ်နေတာ...။
မြို့ပေါ်မှာက စစ်ခွေးတွေမပြောနဲ့ မော်တော်ပီကယ် ဒုတပ်ကြပ်တောင် စလွန်းကားစီးပြီး ဂိတ်ဖွင့် ပိုက်ဆံတောင်းနေတာ ဆိုတော့ ဂိတ်ပိုင်စစ်ခွေးတွေ အကြီးအကျယ် ချမ်းသာနေတာမဆန်းပါဘူး။
ခွေးချုပ်ကတော့ သူ့စစ်ခွေးတွေ သူအမိန့်ပေးနိုင်တဲ့ လက်အောက်မှာရှိရင် ရပြီ ဘာလုပ်လုပ် မသိယောင်ဆောင်ပေးထားကြတယ်။ ထွက်ပြေး လက်နတ်ချမှာပဲ အကြောက်ဆုံး...။
ဒါဆို ပုသိမ် နတခ ကဗိုလ်မှူးကြီး တွေကို ဘာလို့ ခုံရုံးတင်တာလဲ...။
ဒီကောင်တွေ စားပိုးနင့်သွားတာ။ စစ်တပ်က ရခိုင်မှာ အကြီးအကျယ် စစ်ရှုံးနေတော့ ဖြတ်လေးဖြတ်ကို အပြင်းအထန် လုပ်နေတော့ ရခိုင်ဘက်မှာ အားလုံးရှားပါးပြီး စျေးတွေအမြင့်ဆုံး ရောက်သွားတယ်။
ဓာတ်ဆီ တစ်လီတာကို ဒီမှာ ၃၀၀၀ လောက်ဖြစ်နေချိန်မှာ ရခိုင်ရောက်သွားရင် ၂၀၀၀၀, ၂၅၀၀၀ ဖြစ်သွားတာဆိုတော့ ၇ ဆလောက် မြတ်ကြတယ်။ လမ်းမှာ ၂ ဆ ဘိုးလောက် ထိုးပေးလိုက်ရင် ရခိုင်အရောက် ၅ ဆလောက်ကျန်သေးတယ်။
ဒါကို ဂိတ်ထိုင်နေတဲ့ ဗိုလ်မှူးကြီးက ဂိတ်ကြေးနဲ့ မတင်းတိမ်နိုင်ဘူး။ စားသောက်ကုန်နဲ့ လောင်စာဆီကို ကုန်သည်နဲ့ပေါင်းပြီး ကားအစီးလိုက်သွင်းတော့... ရလိုက်သမှ သောက်သောက်လဲ ဆိုတာမျိုးဖြစ်ရော...။
ဒီလိုလုပ်တာကို ကုန်သည်အချင်းချင်း ပြောရာကနေ ကပြင်ကို သတင်းပေါက်ပြီး စရဖက မျက်နှာလိုမျက်နှာရ အထက်ကို ဖြစ်စဥ်တင်လိုက်တော့ ရန်သူကို ထောက်ပံ့ရပါမလားဆိုပြီး အလာ့ဂျစ်တွေ ဖြစ်တော့တာပေါ့။ အကြမ်းဖက်အားပေးတွေ ဆိုပြီး ပုဒ်မကြီးကြီး တပ်တာပေါ့။ အဖမ်းခံရတဲ့ စစ်ခွေး ဗမှူးကြီးက ဒါလောက်ထိ မစဥ်းစားပါဘူး။ သူက ငွေရဖို့လောက်ပဲ တွက်တာပါ။ အထက်ကသာ အရှုံးသမားမို့ ပိုပြီး ပေါက်ကွဲသွားတာ။
ခွေးအောင်လှိုင် အာဏာမသိမ်းရင် ခွေးဗမှူးကြီးလည်း အဖမ်းခံရစရာမရှိဘူး။ အကြောင်းအရင်းက အာဏာသိမ်းလို့ဆိုတာ အဖမ်းခံထားရတဲ့ ကောင်တွေရဲ့ မိသားစုတွေ သိဖို့ပါ။
ဒီဖြစ်စဥ်ကို သိတော့ နေပြည်တော်က ချက်ချင်းဆင်းလာပြီး တစ်ခါတည်းဖမ်းစစ်တယ်။ ပေါ်လာသမျှ ပိုင်ဆိုင်မှုတွေ သိမ်း ချိတ်ပိတ်လိုက်တာ မြန်မာငွေ ၃ ဘီလီယံလောက် သိမ်းမိသွားတယ်။ အခုတော့ ခုံရုံးမှာ စွဲချက်တင်လိုက်ပြီဆိုတော့ မြွေပါလည်းဆုံး သားလည်းဆုံး ဆိုသလို သူတို့ပျော်မွေ့နေတဲ့ လုပ်ပိုင်ခွင့်နဲ့ ရာထူးလည်းဆုံး... ပိုင်ဆိုင်မှုတွေလည်း ဆုံးဆိုတော့ နေပျော်ခဲ့တဲ့ ဘဝဟာ ရုတ်တရက်ကို ကံဆိုးမိုးမှောင် ကျသွားတာပါပဲ။
အမှန်က စစ်ခွေးမှန်သမျှဟာ စစ်ခုံရုံးမတက်ရရင် အရပ်ခုံရုံး တက်ရမယ့် ကောင်တွေချည်းပါပဲ။ ငါးကြင်းဆီက ပြန်ကြော်လိုက်တော့လေ...။
ဝမ်းသာရုံမှတပါး အခြားမရှိတော့ပါဘူး....။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
13 Oct, 04:44
AA ကတော့ နပခ ကို ရတော့မယ်။
အမ်း စစ်ဌာနချုပ်ရဲ့ အပြင်ဘက်မှာ ရှိတဲ့ ကာကင်းစခန်းကုန်းတွေ အားလုံး ကျသွားပါပြီ။ လေယာဥ်တွေနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားက ကျကုန်ကြတာပါ။ မအလရဲ့ လေတပ်ကြီးက သုံးမရတာလား။ စစ်ခွေးတပ်တစ်ခုလုံး စစ်မတိုက်ချင်တော့တာလား။ နှစ်ခုလုံးလား။ ဒါပဲရှိပါတယ်။
တကယ်တော့ စစ်ဌာနချုပ်ဆိုတာ စစ်တိုက်တဲ့နေရာ ခံစစ်ပြင်ရမယ့်နေရာ မဟုတ်ပါဘူး။ ရုံးလုပ်ငန်းနဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့နေရာပါ။ ဒါကြောင့် အမ်း စစ်ဌာနချုပ် ထီးထီးကြီးကျန်ရင် ကျကို ကျပါပြီ။
အခုချိန်မှာ အမ်း စစ်ဌာနချုပ်ထဲ တပ်ရင်း ၁၀ ရင်းပဲကျန်ပါတယ်။ ဒီ ၁၀ ရင်း ထဲမှာ တိုက်ခိုက်ရေး တပ်က ၃ တပ်ပဲရှိပြီး ကျန်တာတွေက စစ်မတိုက်ဖူးတဲ့ လက်ရုန်း သူခိုးတပ် ၇ ခု ဖြစ်နေတယ်။ ထောက်ပို့တို့... GE တို့... စရဖတို့... လေ့ကျင်းရေးတို့... ဆေးတပ်တို့ပဲ ကျန်ပါတယ်။
အခုလောက်ဆို တိုင်းမှူးလည်း မရှိလောက်တော့ပါဘူး။
စစ်ခွေးတပ်က ဘေးပါတ်ဝန်းကျင်က ရွာတွေကို ဖျက်စီး ရွှေ့ပြောင်းခိုင်းထားတာကြောင့် အမ်း စစ်ဌာနချုပ် သက်သက်ပဲ ကျန်နေပါတယ်။
နောက် ၃ ရက်က ကြာနေမလား မသိပါဘူး။
မကြာခင် ဒုတိယ တိုင်းစစ်ဌာနချုပ်ကြီး တစ်ခု တော်လှန်ရေးတပ်ဖွဲ့တွေ ရပြန်ပါအုံးမယ်...။
တို့ပြည်သူတွေ အပျော်တွေနဲ့ ရွှင်လန်းကြရအုံးမှာပါ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
12 Oct, 03:04
ပို့ကုန်ရငွေ ရှိမှ သွင်းကုန်သွင်းရမယ် ဆိုပေမယ့် တချို့ သွင်းကုန်သမားတွေ စစ်ခွေး ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး Skip လုပ်နေကြတယ်။ မင်းအောင်လှိုင် တားစီးမှုကို မရ ရတဲ့နည်းနဲ့ကျော်နေကြတယ်။ အဲ့ဒီကနေ ခွင့်ပြုချက် ပါမစ်တွေ လက်သိပ်ထိုးပေးရင်း ခွေးချုပ်တွေက အကျိုးအမြတ်များစွာ ရနေကြတယ်။
သိရတာက စီးပွားရေး ဖရဲသီးတွေရှိတယ်။ မြေပေါ်မှာက စီးပွားရေးသမားဆိုတာ စစ်ခွေးမို့ မပေါင်းဘူးလို့ ပေါ်တင်လုပ်မရဘူး။ ဒါကြောင့်ပေါင်းစားကြတယ်။
တစ်ဖက်မှာလည်း PDF က အခြေအနေကောင်းလာတော့ NUG တက်လာရင် စစ်တပ်နဲ့ပေါင်းလို့ တခုခုအရေးယူခံရနိုင်တယ်လို့ စဥ်းစားမိကြမှာပဲ။ တကယ်လုပ်ရင် စီးပွားပျက်နိုင်တာကြောင့် အရံအနေနဲ့ တော်လှန်ရေးကို ချိတ်ထားတာမျိုးက အကျိုးမယုတ်ဘူးလို့ တွေးကြမှာပဲ။
ပြောချင်တာက သွင်းကုန်မသွင်းရလို့ စီးပွားရေးရပ်ဆိုင်းနေချိန်မှာ ခွေးချုပ်တွေနဲ့ တချို့ ပေါင်းပြီး Skip လုပ်...ဝင်ငွေရအောင် ကြိုးစားနေကြတာ ခွေးချုပ်တွေအတွက်ချည်း မဟုတ်တာတော့ သိထားသင့်ပါပြီ။
ဘောစိတွေကိုယ်တိုင် မပါဝင်တောင် သူတို့ကို မှီခိုလုပ်ကိုင်နေသူတွေကလည်း တော်လှန်ရေးအတွက် အားကိုးရနိုင်ပါတယ်။
ပိတ်ချင်းပိတ်ရင် တပြေးညီပိတ်မှ ရမှာပေါ့။ ပိတ်တဲ့လုပ်ရပ်ကလည်း အမှန်မဟုတ်သလို မထိရောက်တာ သိစေချင်ပါတယ်။
နယ်စပ်ဒေသက မိုင်ပေါင်း မြောက်များစွာကိုပါ ခြံစည်းရိုးခတ်ကွာ။ မခတ်သ၍ ပြည်သူက မငတ်ဘူး။ ငတ်စရာလည်း အကြောင်းမရှိဘူး။ ပြည်သူဟာ အရုပ်မဟုတ်ဘူး။ ကိုယ်တိုင် အသက်ရှင်ဖို့ ကြိုးစားနိုင်ကြတယ်။
စိုးဝင်းက ဘာတဲ့... တရားမဝင် ကုန်ပစ္စည်းတွေကို ရှာဖမ်းတဲ့လား။
ဖမ်းမယ့်ကောင်တွေက ပါးစပ်ပါတယ်လေ...ခွံ့လိုက်ရင် သူတို့က လမ်းကြောင်းတောင်ပြလိမ့်အုံးမယ်။
ပိုင်ရှင်မဲ့ အဖမ်းခံဖို့ကသပ်သပ် မှောင်ခိုရောင်းဖို့က သပ်သပ်... ခွဲပြီးတောင် သွင်းလာလိမ့်အုံးမယ်။
ဘယ်လမ်းကြောင်းက ဝင်လာမှာလဲ ဆိုတော့ စစ်ခွေးစောင့်တဲ့ ဂိတ်တွေကပဲ ဖြတ်ဝင်လာမှာ...။
အပေါ်က ခွေးချုပ်တွေ မင်းတို့တောင် သင်္ဘောအစင်းလိုက်ကို လာဘ်စားပြီးသွင်းခွင့်ပေးနေသေးတာ အောက်က စည်းပေါက်နေတာ မဆန်းပါဘူး။ ဒါကြောင့် ဈေးကြီးပေမယ့် ဝယ်လို့ရနေသေးတယ်။ ဝယ်လို့ရနေသ၍ ဘယ်တော့မှ အုံမကြွဘူး။
အားလုံးပိတ်ချင်တာလား... ခွေးချုပ်တွေကိုယ်တိုင် ဂိတ်ထိုင်လိုက်လေ။
ပိတ်လို့တော့ ရမှာမဟုတ်ဘူး။ မင်းတို့ပဲ အကျင့်ပျက်ပြီး ချမ်းသာသွားမှာ...။
ဒီလိုနဲ့ တဖြည်းဖြည်း တော်လှန်ရေးရဲ့ ကြိုးစားမှုကြောင့် စစ်ခွေးချုပ်တွေရဲ့ ပြည်သူ့တရားစီရင်ခန်းကို ရောက်လာမှာ...။
စစ်ခွေးချုပ်တွေက စစ်ပဲမတိုက်တတ်တာ... အောက်လမ်းနည်းနဲ့ ငွေရှာတတ်တယ်လေ။ ဒါကြောင့် စစ်ရေးမှာ တော်လှန်ရေးက အသာစီးရနေတာပေါ့...။
ဘယ်သူနိုင်မလဲ မေးစရာလိုသေးလို့လား...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
11 Oct, 22:12
ပင်လယ်ဘူး မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆက်တွဲ သတင်းက အားရစရာပါ။
စစ်ခွေး ၇၀၀ ကျော် အထိုင် ရှိနေတဲ့ မြို့ကို ၇၀ ကျော် ငရဲပို့နိုင်တာ... စစ်သုံ့ပန်း ၁၅၀ကျော် ဖမ်းမိတာ... လက်နတ်တွေ တန်ဖိုး ဒေါ်လာသန်းကို ရာနဲ့ချီ ရလိုက်တာ... ဒါတွေက အားရစရာပါ။ ကျေနပ်စရာပါ။ သို့ပေမယ့် ဒီလောက်မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဥ်... ရရိုးရစဥ် ပုံမှန်လိုဖြစ်နေပြီ။ စစ်ခွေးတပ်က အတိုက်မခံ ရသေးလို့... တိုက်ရင်ရမှာဆိုတာက ကျိမ်းသေသိနေပြီ။
ဒါဆို ဘယ်အပိုင်းက စိတ်ဝင်စားစရာ ကောင်းနေတာလဲ။
ပင်လယ်ဘူးကို စတိုက်တဲ့နေကနေ နယ်မြေရှင်းလင်းပြီးသည်အထိ ၅၃ ရက်ကြာတယ်။ ၅၃ ရက်အတွင်းမှာ လေယာဥ်နဲ့ အကြိမ်ရေ ၆၀၀ ကျော် လာကြဲတယ်။ တစ်ရက်ကို ၁၂ ကြိမ်လောက် လာကြဲတဲ့သဘော။ အဲ့ဒီ အကြိမ် ၆၀၀ ကျော်မှာ ဗုံးအလုံး ၅၀၀၀ ကျော် ကြဲသွားတယ်။
စစ်ခွေးလေတပ်က ဘယ်လောက် ပိုးစိုးပက်စက် လုပ်သွားလဲ တွေးကြည့်...။ ဒါပေမယ့် နောက်ဆုံးတော့ စစ်ခွေးတပ်ဟာ မြို့ကို လက်လွှတ်ခဲ့ရတာပဲလေ။ ဘယ်မှာလဲ စစ်ခွေးတပ်ရဲ့ တိုက်ရည်ခိုက်ရည်...။ လင်းယုန်တွေ ဘယ်လို အစာကောက်ကြတာလဲ။
PDF ဘက် လှည့်ကြည့်လိုက်တော့ ဗုံးအလုံးရေ ၅၀၀၀ ကျော် ကြားထဲမှာ ဘယ်လို စစ်ကစားသွားတာလဲလို့ မှင်တက်မိတယ်။ PDF တွေရဲ့ စစ်ရေး မဟာဗျူဟာက လက်ဖျားခါလောက်တာကို ထိပ်တန်းရောက်နေတာ တို့ပြည်သူတွေ သိသင့်ပါတယ်။
ဒီလို စစ်ရေးအစွမ်းထက်နေတဲ့ PDF တွေက စစ်ခွေးတပ် အမြစ်ဖြတ်မယ်ဆိုတာက မယုံကြည်စရာ မရှိတော့ပါဘူး။ ကျိမ်းသေ အမြစ်ပါမကျန် ပြိုကျပျက်စီးတော့မှာပါ။
မကြာခင်မှာ မင်းအောင်လှိုင် စစ်ခွေးတပ်ဟာ PDF အသံကြားရင် လက်မြှောက် အရှုံးပေးမယ့် စိတ်တွေနဲ့ တောင့်မခံနိုင်တော့ဘဲ တအိအိ ပြိုဆင်းလာတော့မှာပါ။
ဒါဟာ အထင်အမြင်နဲ့ ပြောနေတာမဟုတ်ပါဘူး။ လက်တွေ့မြေပြင်မှာ ရနေတဲ့ အောင်ပွဲတွေက သက်သေပါ။
လေတပ်ကို စစ်ခွေးတပ်က အသာစီးယူတယ်ဆိုတာ ဟုတ်ပါ့အုံးမလား။ အသာစီး ယူလို့မရတော့ပါဘူး။ စစ်ခွေးတပ် ရုတ်တရက် မကျရှုံးသွားဖို့ အချိန်ဆွဲရုံ သက်သက် အတွက်ပဲ ဖြစ်နေပါပြီ။
တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်ပြီး ဖိတိုက်ဖို့ပဲ လိုပါတော့တယ်။
ပြည်သူတွေရဲ့ အောင်ပွဲက မြင်နေရပြီ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
10 Oct, 23:02
ငါတို့တွေ ငြိမ်းချမ်းရေး ဆွေးနွေးရအောင် တံခါးဖွင့်လိုက်ပါပြီ...။ PDF, EROs တွေ လက်နတ်စွန့်ပြီး လာဆွေးနွေးကြပါ...။
နိုင်ငံတကာကလည်း ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီစနစ်ကို လိုလိုလားလားမို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်နေတာ သိစေချင်ပါတယ်...။
နိုင်ငံရေးမှာ မရိုးသားသူတွေကြောင့် ပြည်သူတွေ ခံစားနေရပါပြီ...။ အမြန်ဆုံး လာရောက် ဆွေးနွေးကြပါ...။
ပုံ
စစ်ခွေးချုပ်
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
10 Oct, 14:21
PDF တွေ လုပ်ရက်တယ်လို့ မပြောနဲ့...။ ဘယ်သူမှမပါတဲ့ ရွေးကောက်ပွဲကို အလိုမရှိဘူးလို့ ကြေညာပြီးသား...။
ရွေးကောက်ပွဲနဲ့ ဆက်စပ်သမျှ လုပ်ငန်း အားလုံး ချေမှုန်းခံရမှာပါ။
ဖားအံမှာ သန်းခေါင်စာရင်းအဖွဲ့အား လုံခြုံရေး ယူနေတဲ့ ခွေးကားကို RPG နဲ့ အနီးကပ်ပစ်ခံရလို့ စစ်ခွေးတွေ တစ်စစီ အပိုင်းပိုင်းပြတ်သွားတယ်။
ရွေးကောက်ပွဲသာမက မင်းအောင်လှိုင် လုပ်သမျှ လက်မခံနိုင်ပါ။
ဖားအံက ပြတ်ပြတ်သားသား လုပ်လိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို လေးစားပါကြောင်း...။
#htainlinnay
#ထိန်လင်းနေ
မင်းတို့တော်လှန်ရေးက ဒါလားလို့ လာ မမေးခင် မဲခိုးတယ်ဆိုတဲ့ သက်သေ အရင်ပြလိုက်...။ မဲမသမာမှုနဲ့ ပါတ်သက်တာကို ဖော်ထုတ်မရတော့ ဘာမှ မပါတ်သက်တဲ့ အလုပ်တွေ လုပ်ပြီး ပြည်သူကို နှိပ်စက်နေတာထက်စာရင် RPG နဲ့ ပစ်တာ တော်လှန်ရေးမှာ ဖုန်ခါသလောက်ပါပဲဆိုတာ မှတ်ထားပါ ဘောမအပေါင်းတို့....။
Htain Lin Nay
10 Oct, 06:18
စိတ်မကောင်းပါဘူး...
ဒါပေမယ့် ကျေနပ်စရာပါ။
အမှန်က တူပဲတော်တော်... ဆွေးမျိုးပဲတော်တော် ဇော်မဲလုံးအနေနဲ့ ရှေ့တန်းမပို့အောင် ကြိုးစားခဲ့ရမှာပါ။
ရှေ့တန်းဆိုတာ သေတတ်တာ သိသိနဲ့ ထိုးမကျွေးသင့်ပါဘူး။ ဘာလဲ ဆွေမျိုးတွေကို သူရဲကောင်းဘွဲ့ ရစေချင်နေတာလား... ဒါကရှုထောင့်တစ်ခုက သုံးသပ်တာပါ...
နောက်တစ်ခုက ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းဟာ ဇော်မဲလုံးနဲ့ လူမှုရေး အဆင်မပြေလို့လား။ ဒါကြောင့်ပဲ သက်ဆိုင်ရာတပ်က သေတွင်းထဲပို့ချိန်မှာ သေမယ်မှန်းသိသိနဲ့ မသိယောင်ဆောင်လိုက်တာလား...။ ဒါဆိုရင်တော့ ဇော်မဲလုံးရဲ့ ဆွေးမျိုး​တွေအပေါ် ထားတဲ့ ကောက်ကျစ်မှုက အတိုင်းသားမြင်နေရပါပြီ။
ဒီလို ကိုယ့်ဆွေမျိုးတွေအပေါ်တောင် အောက်တန်းကျ ရက်စက်ရဲနေရင် ပြည်သူအပေါ်တော့ ပြောမနေပါနဲ့။
ဒါကြောင့်လည်း အာဏာသိမ်းပြီးကတည်းက ပြည်သူအပေါ် လိမ်လိုက်တဲ့အလိမ်ဟာ အခုထိမရပ်ပါဘူး...။
အဆန်းတကြယ်လည်း မဖြစ်တော့ပါဘူး။
အခုတော့ ကိုယ့်ဆွေမျိုးကို PDF, EAOs ထံမှာ တဖက်လှည့်နဲ့ အဆုံးစီရင်ခိုင်းလိုက်တာ ရုပ်ပျက် ဆင်းပျက်ပါပဲ။
သက်ပိုင်းထွန်းက မသေခင် ဇော်မဲလုံးကို ငါ့လိုအဖြစ်မျိုး မဖြစ်ပါစေနဲ့လို့များ ဆုတောင်းသွားသလား မသိပါ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
10 Oct, 04:28
နိုင်ငံရေးမှာ မရိုးသားခြင်းရဲ့ ရလဒ် မိမိတို့နိုင်ငံ ခံစားနေရပြီ...တဲ့လေ...။ စစ်ခွေးချုပ်ရဲ့ ငြီးတွားသံပါ။
သံဝေဂပဲ ရလေသလား။ သူတပါးကို လက်ညိုးထိုးချင်နေတာလား။ ကိုယ့်အပြစ်ကို မြင်သွားပြီလား ဆိုတာ အတိအကျ မပြောတတ်ပေမယ့် အစဥ်အလာကိုကြည့်ရင် သူတပါးကို အပြစ်ဖို့​နေကျ စိတ်ဓာတ်ရေးရာ ညံ့ဖျင်းသူ တစ်ယောက်မို့ သံဝေဂရဖို့နဲ့ ကိုယ့်အပြစ်ကိုယ်မြင်တတ်ဖို့ မဖြစ်နိုင်ပါဘူး။
မင်းအောင်လှိုင် ဇာတ်ထဲလိုက်ရင် လူရွှင်တော်တွေ ထမင်းငတ်သွား နိုင်ပါတယ်။ စစ်ခွေးတပ်ရဲ့ အကြီးအကဲလုပ်နေပြီး ပြောင်စပ်စပ် ပြောတာ... စပ်ဖြဲဖြဲ နေထိုင်တတ်တဲ့တွေကြောင့် အနည်းငယ် ကျပ်မပြည့်ဘူးလို့ ယူဆနိုင်စရာ ရှိပါတယ်။
သူ့နောက်လိုက်တွေကလည်း နိုင်ငံတော်ဘဏ္ဍာကို စာရင်းလိမ်ပြီး ခိုးခွင့်ရနေတော့ ကျပ်မပြည့်ပဲ အာဏာရူးနေတာကို မသိယောင်ဆောင်ပြီး ထောက်ခံနေကြပါတယ်။ အကာအကွယ် ပေးနေကြပါတယ်။
အခုလည်း နိုင်ငံရေးမရိုးသားသူဆိုတာ ဘယ်သူ့ကို လက်ညိုးထိုးချင်နေတာလဲ။
မင်းအောင်လှိုင်ကို အယုံအကြည်မရှိဆိုတာမျိုး မဲခွဲဖို့ လုပ်လိုက်ရင် ပြည်သူ့ခံစားချက်ကို သိသွားမှာပါ။
ဆရာ ဇော်မြင့်မောင် ဈာပနမှာ ဒီတစ်ကွက်ပြပြီးပါပြီ။ ဒါပေမယ့် အာဏာရူးက သိတတ်မယ် မထင်ပါဘူး။ သူတပါးကို လက်ညိုးထိုးဖို့ အမြဲကြိုးစားနေတာကြောင့် မင်းအောင်လှိုင်ဟာ ကြိုးစင်ရောက်တဲ့အထိ မဲလိမ်မဲခိုးလို့ ဆိုတာမျိုး တတွတ်တွတ်နဲ့ ဂါထာလိုရွတ်ပြီး ကြိုးစင်ပေါ်တက်အုံးမှာပါ။ အမှားမြင်ဖို့က သူ့လုပ်ရပ်တွေ အကုသိုလ်တွေကြောင့် ငရဲခံရပြီး လွတ်လာ​တော့မှ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါတောင် အာဏာရူးတာ သူဗီဇဆိုရင် ငရဲခံပြီးတောင် ဆက်ရူးနေနိုင်ပါသေးတယ်။ ဗီဇ ဝါသနာဆိုတာ စွန့်နိုင်ခဲပါတယ်။
ဒီလို သူတပါးကို လက်ညှိုးထိုးအပြစ်ဖို့ပြီး နောင်တရဖို့ ဝေးနေတဲ့ အရူးကို ဖမ်းဆီးပြီး ခုံရုံးတင်ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး။
ဒါကို လုပ်နိုင်မှာကလည်း တော်လှန်ရေးပဲရှိပါတယ်။
ဒါကြောင့် အရူးဇာတ်သိမ်းဖို့ တော်လှန်ရေးကို အားထည့်ကြပါစို့ဗျာ...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
09 Oct, 11:17
ဒီရုပ်တုထက် ကောင်းတဲ့ ရုပ်တုတွေ ငါတို့ရင်ထဲမှာရှိတယ်...။ ဒီရုပ်တုမရှိလည်း ဗိုလ်ချုပ်က ငါတို့ရင်ထဲ ရှိပြီးသား။
နောင်လာနောက်သားတွေကို ရှင်းပြပြောပြတဲ့ခါ မြင်သာအောင်လို့ စံပြ ရုပ်တုလုပ်ပြထားတာ။
မင်းအောင်လှိုင်က စောက်တလွဲကောင်ပါကွာ...။ ရုပ်ဝတ္ထုကို ဖျက်စီးလိုက်ရင် ပြီးစီးသွားပြီလို့ ထင်နေတဲ့ ယဥလောက်ရှိတဲ့ ဦးဏှောက်နဲ့ တိုင်းပြည်အုပ်ချုပ် ချင်သေးတယ်။
ဒီရုပ်တုကလည်း သူလုပ်ပေးထားတာ မဟုတ်ပါဘူး။ ပြည်သူ့ရင်ထဲက ပေါက်ဖွားလာတာကိုလည်း သတိထားမိပုံမရဘူး။
ရုပ်တုတစ်ခုပျက်သွားရင် နောက်ထပ်အခုပေါင်း ရာထောင်ချီလုပ်ဖို့ ပြည်သူမှာ စွမ်းအားရှိတယ်။ အဲ့ဒါက ဗိုလ်ချုပ်ကိုချစ်တဲ့ အချစ်စိတ်...။
ပြည်သူမကျေနပ်ရင်လည်း နေစရာမရှိအောင် လုပ်လို့ရတယ်။ လုပ်လည်းလုပ်နေတယ််။ အဲ့ဒါက မင်းအောင်လှိုင်ကို မုန်းတဲ့စိတ်...။ မင်းအောင်လှိုင်ရှေ့ကနေ အရာအထောင် ကာကွယ်နေပါစေ နောက်ဆုံး နေစရာမရှိတဲ့အထိ လုပ်ပြအုံးမှာပါ။
ပြည်သူအားကို အလေးမထားတဲ့ကောင် ကျဆုံးခန်းက နီးလာပြီ။ ဒါလည်း အောက်တန်းကျတဲ့ စိတ်ကို မွေးနေတုန်းပဲ...။
တနေ့မှာ မင်းအောင်လှိုင် အမှတ်တရဆိုတာ ဘာမှမကျန်အောင် ပြည်သူ့အားနဲ့ ဖျောက်ဖျက်ပစ်ပြမယ်...။ အခုတော့ နေနှင့်အုံး...။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
09 Oct, 06:14
ဒီနေ့လောက်ဆို PDF က ပို့လိုက်တဲ့ Virus ပါတဲ့ ပါဆယ်တွေ ဝန်းသိုကိုရောက်ပြီပေါ့။
ဝန်းသိုမှာ Virus တွေ ပြန့်နေလောက်ပါပြီ။ ဘာ Virus လဲ...။
လက်တလော ခေတ်စားနေတဲ့ ဆေးဘက်ဆိုင်ရာ လူကို ဒုက္ခပေးတဲ့ Virus တွေလား...။
တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့ Virus ပါ။
ဒီ Virus သာ ပြန့်နှံ့သွားရင် စစ်ခွေးမင်းအောင်လှိုင်ဟာ မကြာခင် ကျရှုံးသွားပါလိမ့်မယ်။
တနေ့က ပင်လယ်ဘူးမှာ ရိက္ခာပြတ်ပြီး တိုက်ပွဲကို တောင့်ခံထားနိုင်စွမ်း မရှိတော့တဲ့ စစ်ခွေး နဲ့ မိသားစု သုံးရာ လောက်ဟာ လက်နတ်ချ အညံ့ခံလာကြပါတယ်။ လက်နတ်က အလက် လေးရာလောက် ပါပါတယ်။ အဲ့ဒါတွေကို သိမ်းဆည်းလိုက်ပါပြီ...။
ဒီကောင်တွေကို တင်ကျွေးထားဖို့နဲ့ နေရာထိုင်ခင်းပေးဖို့က တော်လှန်ရေးတပ်ဖွဲ့တွေမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် PDF တပ်ပေါင်းစုတွေ တိုင်ပင်ပြီး အနီးနားက ၂၃ မိုင်ပဲ ဝေးတဲ့ ဝန်းသိုကို ဆုတ်ခွာခွင့် ပေးလိုက်ပါတယ်။
အထက်က ပြောခဲ့သလို ဆုတ်ခွာသွားတဲ့ စစ်ခွေးတပ်ကို Virus တွေ အပြည့်နဲ့ ဆုတ်ခွာခွင့်ပေးလိုက်တာပါ။ သူတို့အချင်းချင်း ကူးစက်ကြပါလိမ့်မယ်။ ဒီ Virus ကူးစက်ပြီး မကြာခင် စစ်ခွေးတပ် ကျရှုံးမှာ ကျိမ်းသေပါ။
PDF တွေ ဘယ်လို Virus တွေ ထည့်ပေးလိုက်တာလဲ။ PDF တွေက ဘာ Virus မှ ထည့်မပေးလိုက်ပါဘူး။ စစ်​ခွေးတွေမှာ ရှိပြီးသား Virus နဲ့ ဆုတ်ခွာခွင့်ပေးလိုက်တာပါ။
အဲ့ဒီ Virus က သိပ်ကြောက်စရာကောင်းတဲ့ Surrender Virus ပါ။ ဒီ Surrender Virus မိသွားရင် ဘယ်ကောင်မှ တောင့်မခံနိုင်တော့ပါဘူး။
မင်းအောင်လှိုင် အကြောက်ဆုံး Virus ပါပဲ။
မကြာခင် စစ်ခွေးတပ် ကျရှုံးတော့မယ်။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
08 Oct, 14:42
စောက်ရှက်မရှိတဲ့ စစ်ခွေးတွေက မျက်နှာပြောင်တိုက်ပြီး ဒေါက်တာ ဇော်မြင့်မောင် ရဲ့ စျာပနကို လာရဲသေးတယ်။
မအေရိုးတွေက သင့်မသင့် မစဥ်းစားဘူး အထက်က သွားဆိုသွားကြတာပဲ။
စျာပနအခမ်းအနားတစ်ခုလုံး ဒီစစ်ခွေးကို မြင်ရတာကလွဲပြီး ကျေနပ်စရာပါ။
မအေရိုးသာ မလာရင် အလွန်ပြည့်စုံတဲ့ စျာပနပါ။
#htainlinnay
#ထိန်လင်းနေ
Htain Lin Nay
08 Oct, 12:35
ရိုသေထိုက်သူကို ရိုသေ...။
လေးစားထိုက်သူကို လေးစားကြတယ်...။
ဒီလို ခံစားတတ်ဖို့ သေနတ်ပြပြီး ခြိမ်းခြောက်မရ...။
လုပ်ရည်ကိုင်ရည် နဲ့ ပြည်သူအပေါ် စိတ်ကောင်းစေတနာ ထားမှသာ ရနိုင်တာမျိုးပါ။
မအလ အခုသွားလာနေတဲ့အချိန် လုံခြုံရေး အတွက် တပ်ရင်းပေါင်းများစွာ သုံးနေရတာက အဖြေပဲ။
ပြည်သူတွေက သတ်ချင်နေတာ မအလ ကိုယ်တိုင်သိတယ်။
#htainlinnay
#ထိန်လင်းနေ