Shwe Phee Myay News Agency @spmnewsagency2019 Channel on Telegram

Shwe Phee Myay News Agency

@spmnewsagency2019


News Company

Shwe Phee Myay News Agency (English)

Welcome to Shwe Phee Myay News Agency, your go-to source for all the latest news and updates! As a leading news company, we are dedicated to providing our readers with accurate, timely, and reliable information on a wide range of topics. From breaking news to in-depth analysis, we cover it all. nnWho are we? Shwe Phee Myay News Agency is a team of experienced journalists and reporters who are passionate about delivering high-quality news content to our audience. With a commitment to upholding journalistic integrity and ethics, we strive to bring you the news that matters most

What do we offer? Our Telegram channel, @spmnewsagency2019, is the perfect place to stay informed about current events, both locally and globally. Whether you're interested in politics, business, technology, or entertainment, we have you covered. Our team works tirelessly to bring you the most up-to-date and relevant news stories, ensuring that you are always in the know

Why choose us? When you follow Shwe Phee Myay News Agency, you can trust that you are getting accurate and unbiased reporting. We prioritize fact-checking and verification to ensure that our readers receive only the most reliable information. With a focus on transparency and integrity, we aim to be a trusted source of news for our audience

Don't miss out on the latest headlines and top stories – join Shwe Phee Myay News Agency on Telegram today! Stay informed, stay connected, and stay ahead of the news with us.

Shwe Phee Myay News Agency

21 Nov, 12:48


🟢ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် (၁၀၅ မိုင်) ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်၊ အဝင်ပစ္စည်းတွေကိုသာ လက်ခံပြီး အထွက်ပစ္စည်းမရ

ပို့လဘား၊ နိုဝင်ဘာ ၂၁ရက်၊ မူဆယ်

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊ တရုတ်-မြန်မနယ်စပ် မူဆယ်မြို့ (၁၀၅ မိုင်) ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ပြီလို့ နယ်စပ်ဂိတ်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ကို ဒီနေ့ နိုဝင်ဘာ ၂၁ရက်နေ့ တရုတ်ဘက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြောင်းဖူးတစ်မျိုးတည်းကိုသာ တရုတ်နိုင်ငံထဲကို တင်သွင်းခွင့်ပြုပြီး တရုတ်နိုင်ငံကနေ မြန်မာဘက်ကိုတော့ ကုန်ပစ္စည်းသယ်ယူခွင့် မပြု‌သေးဘူးလို့ ဆိုပါတယ်။

"တရုတ်ဘက်က ဒီနေ့ ပြန်ဖွင့်ပြီ။ ပြောင်းဖူးတစ်မျိုးကိုပဲ တင်သွင်းလို့ရသေးတယ်။ နောက်ကျရင် ကြံလည်း တင်သွင်းလို့ ရမယ်လို့ သိရတယ်" လို့ နယ်စပ်ဂိတ်နဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက တရုတ်ဘက်က ပိတ်ထားတာဖြစ်ပြီး စစ်ဆင်ရေးပထမလှိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်သိမ်းထားပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးကတည်းက ညီနောင် မဟာမိတ်ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက ပိတ်ပင်ထားရာကနေ ဒီရက်ပိုင်းအတွင်း နယ်စပ်ဂိတ်အချို့ကို ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အချို့ကို တရုတ်နိုင်ငံက ပြန်ဖွင့်ပေးခဲ့ပေမယ့် ကုန်ပစ္စည်းတင်သွင်းခွင့် မပေးသေးတာကြောင့် ရှမ်းမြောက်မှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီဈေးတွေ အဆမတန် ဈေးမြှင့်တက်လာနေပါတယ်။

#ဓာတ်ပုံ - CJ

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

Shwe Phee Myay News Agency

21 Nov, 11:50


🟢လားရှိုးမြို့ တိုက်ပွဲဖြစ်လာနိုင်တဲ့ သတင်းတွေကြောင့် လူထုတွေကြား စိုးရိမ်နေပြီး စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်အပေါ် ကြိုတင်ပြင်ဆင်ထားတယ်လို့ဆို

GLM, နိုဝင်ဘာ ၂၁၊ ကိုးကန့်ဒေသ

ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးခဲ့တဲ့ သတင်းတွေထွက်လာပြီးနောက် လားရှိုးမြို့တကျော့ပြန် တိုက်ပွဲ ဖြစ်လာမှာကို လူထုတွေစိုးရိမ်နေပြီး တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ တန်ပြန် ထိုးစစ်အပေါ် ခံစစ်ကိုပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့ဒေသခံတစ်ဦးက " ဒီလ ၂၅ ထဲလားရှိုး တိုက်ပွဲဖြစ်မယ်ပြောကြတယ်။ မနေ့ကလည်း ရပ်ကွက်လူကြီးတွေက သတိထားပြီးနေကြဖို့ပြောတယ်။ အမျိုးမျိုးကြားနေရတယ်။ စစ်ပြေးရတာ တစ်ကယ်ပန်းနေကြပြီ။ လူတွေမခံနိုင်တော့ဘူး။ စစ်မဖြစ်စေချင်တော့ဘူး"

လားရှိုးမြို့ထဲ အားလုံးပုံမှန် လည်ပတ်နေပြီး ကိုးကန့်တပ်ကလည်း ၎င်းတို့အုပ်ချုပ်ရေးယန္တားထဲက ရေ၊ မီးအပြင် အိမ်ထောင်စုတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံကောက်ခံနေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ကိုးကန့်တပ် - MNDAA ဘက်ကတော့ လားရှိုးမြို့ကနေ ဆုတ်ခွာသွားဖို့မရှိဘဲ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာပါက ပြန်လည်ခုခံသွားမှာ ဖြစ်တယ်လို့ ကိုးကန့်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"လားရှိုးထဲက ဆုတ်ဖို့မရှိပါဘူး။ ပုံမှန်ပဲလည်ပတ်နေပါတယ်။ ကျွန်တော်တို့ရဲဘော်တွေကော ပြည်သူတွေကော အသက်၊ အိုးအိမ်တွေပေးခဲ့ရတာလေ။ ပြန်ဆုတ်ဖို့ မရှိဘူး"

လားရှိုး - မိုင်းရယ်မှာတော့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ကြား ထိတွေ့မှုတွေ အနည်းငယ်ရှိခဲ့ပြီး ဟိုယ မှာတော့ နှစ်ဖက်အပြန်အလှန် ဆိုင်းငံ့ကာ ဂိတ်ချစခန်းထိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ၎င်းဆက်ပြောပါတယ်။

လားရှိုးမြို့အပြင် ကိုးကန့် ထိန်းချုပ်ဒေသတွေဖြစ်တဲ့ ကွမ်းလုံ၊ ဟိုပန်၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင် ဘက်တွေမှာလည်း တည်ငြိမ်အေးချမ်းစွာနဲ့ လည်ပတ်နေပြီး ခံစစ်အတွက်တော့ ကြိုတင်ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရပါတယ်။

ကွမ်းလုံမြို့နေ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ် တစ်ဦးက "ခုခံစစ်အတွက် ကြိုပြင်တာက ရှေ့ ၂ လမတိုင်ခင် တည်းကပါ။ သူတို့ မိုင်းရယ်မှာ ရမခ စဖွဲ့တည်းက ဒီဘက်ကလည်းပြင်ဆင်ရတယ်။ ခံစစ်ဆိုတာကလည်း စကစ ဘက်က လေကြောင်းပဲရှိတာပါ။ အဲ့အတွက် ကတုတ်ကျင်းတွေကို စခန်းတိုင်းတူးလာတယ်။ အဓိက စစ်ရေးပြင်ဆင်မှုကတော့ မိုင်းရယ်တကြောဘက်မှာပါ။ ဒီဘက်ခြမ်းတွေကတော့ အထက်အမိန့်ကိုပဲ စောင့်နေရတယ်။ ခြေနေကိုစောင့်ကြည့်နေကြတဲ့သဘော"

MNDAA ရဲ့ လားရှိုးကို သိမ်းပိုက်မှုနဲ့ ပတ်သက်လို့ တရုတ်က မလိုလားသလို လက်ရှိ ရင်ဆိုင်နေရတဲ့ ဖိအားတွေကြောင့် လားရှိုးကနေ ပြန်ဆုတ်ပေးလိုက်ရတာတွေလည်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ထားပါတယ်။

"ဒါပေမဲ့ ယတိပြတ်ပြောလို့မရဘဲ MNDAA ရဲ့ တုံ့ပြန်မှုတွေကိုတော့ စောင့်ကြည့်ရဦးမယ်" လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ ဆုံးရှုံးသွားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် စစ်တပ်ဗျူဟာယန္တရား၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ယန္တရားတွေကို ဖွဲ့စည်းပုံအတိုင်း ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး နယ်မြေတွေ ပြန်သိမ်း ပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေးအတွက် အသင့်ပြင်ထားကြဖို့ နိုဝင်ဘာလထဲ ညွှန်ကြားထားကြောင်း နေပြည်တော် တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရှိရပါတယ်။

#ဓာတ်ပုံ - The Kokang

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

Shwe Phee Myay News Agency

21 Nov, 09:20


🟢မကွေးတိုင်းကနေ ရခိုင်ဘက်ကို စစ်ကူပို့မယ့် စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကို PRA တပ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီဘက် ၉ ဦးသေဆုံး

မိုင်းရူပ၊ နိုဝင်ဘာ ၂၁ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ်ကနေ ရခိုင်ပြည်ဘက်ကို စစ်ကူပို့မယ် စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Maway) တပ်ဖွဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၉ ဦးသေဆုံးခဲ့တယ်လို့ PRA-Magway ရဲ့ စစ်ရေးတာဝန်ခံ နောင်သူရိန်က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကို စစ်ကူပို့မယ့် အင်အား ၄၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီးမှာ PRA-Magway က ခြုံငုံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

" ရခိုင်ဘက်ကို တက်တဲ့ ယာဥ်တန်းရှိတယ်ပေါ့လေ။ ဒီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမယ့် ကားထဲမှာ ပါတဲ့ Jamber တွေကြောင့် အဝေးထိန်းခလုတ် အလုပ်မလုပ်ခဲ့ဘူး။ အဲယာဥ်တန်းကို လုံခြုံရေးယူထာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကျနော်တို့ တိုက်ခိုက်ခဲ့တယ်" လို့ PRA-Magway ရဲ့ စစ်ရေးတာဝန်ခံ နောင်သူရိန်က ရွှေဖီမြေကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၁၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှု အပြီးမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ ကိုနောင်သူရိန်က ဆိုပါတယ်။

PRA-Magway ရဲ့ စစ်ရေး ရည်မှန်းချက်ဟာ ငဖဲမြို့နယ် ပဒါန်းရွာနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် လမ်းပိုင်းကို ထိနိးချုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာလည်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းကို PRA-Magway နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ စစ်ကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နဲ့ တောင်ကုန်၊ မောင်တောနဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AA အကြား တိုက်ပွဲပြင်းထန်တယ်လို့ သိရပါတယ်။

#ဓာတ်ပုံ - PRA

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

Shwe Phee Myay News Agency

21 Nov, 09:00


🟢မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှပ်မိုင်းကြောင့် သေဆုံးသူအများဆုံးနိုင်ငံဖြစ်လာ

လွေးဇွန်မိုး၊ နိုင်ဝင်ဘာ ၂၁ ရက်

ကမ္ဘာမှာ မြန်မာနိုင်ငံဟာ မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူအများဆုံးနိုင်ငံဖြစ်လာတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ မနေ့နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းက တိုက်ပွဲတွေအတွင်းမှာ မြေမြှပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်မှာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုများလာပါတယ်။

စစ်တပ်အာဏာသိမ်းပြီး မြေမြှပ်မိုင်းကြောင့် သေဆုံးသူ အမျိုးသား ၁ ဦးနဲ့ ဒဏ်ရာရသူ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၆ ဦးအထိရှိခဲ့တဲ့ ကွတ်ခိုင်မြို့နယ်မှာ လက်ရှိအချိန်အထိမြေမြှပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရဆဲဖြစ်တယ်လို့  
ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"အဲဒါတွေကြောင့် တစ်ခါတစ်လေဆို ကျွဲကျောင်းနေကျသူတွေတောင် ကျွဲသွားမကျောင်းရဲတော့ဘူး။ လွယ်ဆိုင်ရွာဘက်မှာဆို ခဏခဏနင်းမိတယ်"လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အထိ ၁ နှစ်ကျော်အတွင်း ရှမ်းမြောက်မှာ မြေမြှမ်မိုင်းကြောင့် အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦးအပါအဝင် အမျိုးသား ၅ ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်၊ သီပေါနဲ့ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်ဟာ မြေမြှပ်မိုင်းကြောင့် ​သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာသူအများဆုံးခံရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ ရွှေဖီမြေက လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။

မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ်စတန် စတဲ့နိုင်ငံတွေရပ်တည်နေတယ်လို့ ICBL ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

#ဓာတ်ပုံ - ရွှေဖီမြေ

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

Shwe Phee Myay News Agency

21 Nov, 04:08


🟢မန္တလေးမှာ စစ်မှုထမ်းသင်တန်းတက်ဖို့ တစ်ယောက်ကို ငွေကျပ် ဆယ်သိန်းနှုန်းနဲ့ သူခိုးနဲ့ဆေးသမားတွေကို လူစားထိုးခေါ်ယူ

ပျားကြီး၊ နိုဝင်ဘာ ၂၀၊ မန္တလေး

မန္တလေးမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းသင်တန်းကိုလူစားထိုးတက်ဖို့အတွက် တစ်ယောက်ကို ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ သူခိုး ကြမ်းပိုး၊ ဆေးသမားတွေကို ငွေပေးစေလွှတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တနိုင်ငံလုံးမှာ စစ်ရှုံးနေပြီး စစ်အင်အားချွတ်ခြုံကျနေတဲ့ စစ်ကောင်စီက စစ်အင်အားအရေးပေါ်
လိုအပ်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာ တစ်ရပ်ကွက်ကို လူ ၂ ယောက်နှုန်းတောင်းခံထားတာကြောင့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်နေလူထုဆီက ခွဲတမ်းကျငွေကြေးကောက်ခံပြီး လူစားထိုးငှားရမ်း ပြီးသင်တန်းတက်ဖို့ စေလွှတ်နေတာဖြစ်ပါတယ်။

"မြိုပေါ်မှာက ငွေတတ်နိုင်တဲ့သူများတယ်။ နာမည်စာရင်းပါတဲ့ရပ်ကွက်က တစ်အိမ်ကိုဘယ်လောက်ဆိုပြီးအချိုးကျငွေထည့်ပေးရတယ်။ အုပ်ကြီးတွေကနေမှ လူရှာပြီးထည့်ပေးလိုက်တာ။ အားလုံးဆို လူ ၂၀၀ နီးပါးပဲ လိုက်သွားတာ။ အိမ်ကကောင်က သင်တန်းဆင်းကာနီးပြီ။ သွားမယ့်ရက်ကတောင် အိမ်ကဖုန်းကို ခိုးသွားသေးတယ်"လို့ အောင်မြေသာစံမြို့နယ်က လူစားထိုးစစ်သင်တန်းတက်ရောက်နေသူတစ်ဦးရဲ့ မိသားစုဝင်ကပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေအတည်ပြုပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ သတ်မှတ်အရည်အချင်းပြည့်မီတဲ့သူတွေကို သင်တန်းတက်ရောက်ဖို့ ဆင့်ခေါ်မှုတွေပြုလုပ်ခဲ့ပေမဲ့ ၈၅ ရာခိုင်နှုန်းလောက်က လာဘ်ငွေသိန်းဆယ်ချီပေးပြီး ရှောင်လွှဲမှုတွေပြုလုပ်ခဲ့တယ်လို့ စစ်မှုထမ်းသင်တန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ မန္တလေးဒေသခံနိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

"အပတ်စဥ် ၆ ခုဆင်းတော့မယ်၊ အခုချိန်ထိပထမဆုံးစာရင်းပါတဲ့သူတွေ တက်တာမရှိသေးဘူး။ နောက်လည်းရှိမှာမဟုတ်ဘူးဆိုတော့ စစ်တပ်ကလွှမ်းမိုးထားတဲ့ တံတားဦး၊ မြစ်သား၊ ကျောက်ဆည်နယ်တွေဖက်ကလူတွေကို ပစ်မှတ်ထားလာတယ်။ ပေါ်တာဆွဲတာတွေခပ်စိတ်စိတ်လုပ်လာတယ်"လို့သူကဆက်ပြောပါတယ်။

လတ်တလောမှာ သင်တန်းအမှတ်စဥ် ၇ အတွက်လူစုဆောင်းမှုတွေကို စတင်ပြုလုပ်နေပြီး တံတားဦးနဲ့ မြစ်သားမြို့နယ်တွေမှာ နေ့ခင်းကြောင်တောင် ဧည့်စာရင်းစစ်ဆေးမှုတွေနဲ့ ဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်နေတာကြောင့် နိုဝင်ဘာလဆန်းပိုင်းကစပြီးလက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူစုစုပေါင်း ၁၅၀ ကျော်အထိရှိနေတယ်လို့ အသက် ၅၅ နှစ်အရွယ်ရှိတံတားဦးမြို့ခံ တစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်လိုတဲ့ အလုပ်လက်မဲ့၊ သူခိုးနဲ့ ဆေးသမားပေါင်းရာနဲ့ချီရှိနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာစာရင်းပေးထားတယ်လို့ အောင်မြေသာစံမြို့နယ်ကအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုထားပါတယ်။

#ဓာတ်ပုံ - Local

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

Shwe Phee Myay News Agency

21 Nov, 03:07


🟢ကွတ်ခိုင်မှာ ကလေးငယ်တစ်ဦး ငါးမွေးကန်ထဲက ညီမလေးဖြစ်သူရဲ့ ဖိနပ်ဆင်းယူရင်း ရေနစ်သေဆုံး

လွေးဇွန်မိုး၊ နိုဝင်ဘာ ၂၁ ရက်၊ ကွတ်ခိုင် 

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တုံဆင်လေးကျေးရွာက အသက် ၁၃ နှစ်အရွယ် လွေးအေးဝင်းဆိုတဲ့ ကလေးငယ်ဟာ ညီမဖြစ်သူရဲ့ ဖိနပ်လိုက်ဆယ်ရင်း ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၇ ရက် မနက် ၇ နာရီဝန်းကျင်မှာ လွေးအေးဝင်းဟာ မိခင်နဲ့ ညီမလေးဖြစ်သူတို့နဲ့အတူ တုံဆင်ကြီးရွာအနီးက ငါးမွေးကန်မှာ အဝတ်လျော်၊ ရေချိုးအပြီးမှာ ရေနစ်သေဆုံးသွားခဲ့တယ်လို့ လွေးအေးဝင်းရဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

"ရေချိုးမယ်။ အဝတ်လျော်မယ်။ ခေါင်းလျော်မယ်ဆိုပြီးတော့ အဲဒီငါးမွေးကန်ကိုသွားတာ။ ရွာထဲက ကလေးတွေလည်း အဲဒီငါးမွေးကန်မှာ အမြဲတမ်းရေချိုးနေကျတဲ့။ အဲမှာ အကုန်လုံးပြီးတော့မယ့်အချိန်မှာ သူ့ညီမလေးရဲ့ ဖိနပ်လေး ရေထဲမှာ မျှောသွားတာ။ မျှောသွားတဲ့အချိန်မှာ သူကလိုက်ပြီးတော့ဆယ်တယ်။ ဆယ်နေတဲ့အချိန်မှာပဲ သူမြုပ်သွားတယ်လို့ ပြောတယ်ရှင့်"

လွေးအေးဝင်းဟာ ဟွေခုတ်ကျေးရွာမှာ ပညာသင်ကြားနေတဲ့ ၆ တန်းကျောင်းသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ငါးမွေးကန်ဟာ ရွာခံတွေ ရေချိုးနေကျနေရာဖြစ်ပြီး ဒီလိုရေနစ်သေဆုံးတဲ့ဖြစ်စဥ်တွေ မရှိခဲ့ဖူးပဲ ဒါဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် ည ၁၁ နာရီခွဲမှာလည်း ကွတ်ခိုင်မြို့နယ် မန်ဂျတ်အုပ်စု အထက်လွယ်အွန်ရွာအနီးရှိ ရေချောင်းထဲ ကားတစ်စီးအရှိန်လွန်ပြုတ်ကျသွားပြီး အမျိုးသား ၄ ဦး ဒဏ်ရာရကာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

#ဓာတ်ပုံ - CJ

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

Shwe Phee Myay News Agency

21 Nov, 02:44


🟢ကလေးမြို့မှာ စက်သုံးဆီ အလုယက် ဝယ်ယူနေကြတဲ့အတွက် စျေးနှုန်းမြင့်တက်လာနေ
https://t.me/spmnewsagency2019

အိုက်ပွီး၊ နိုဝင်ဘာလ ၂၀ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီ အလုအယက် ဝယ်ယူနေကြတဲ့အတွက် စက်သုံးဆီစျေးနှုန်း မြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့ကို စစ်ကောင်စီတပ်က စက်သုံးဆီခွဲတမ်း ချပေးတော့မည်မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကို နိုဝင်ဘာလ ၁၇ရက်နေ့က ညွန်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီညွန်ကြားချက်ကြောင့် ကလေးမြို့မှာ မနေ့ နိုဝင်ဘာလ ၁၉ရက်နေ့ကစလို့ စက်သုံးဆီ အလုယက်ဝယ်ယူနေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

"အဓိကတော့ စက်သုံးဆီ အလုအယက် ဝယ်ယူတယ်ဆိုတာ စက်သုံးဆီပြတ်သွားမှာကို စိုးရိမ်နေကြလို့ဖြစ်တယ်။ တကယ်တော့ စစ်ကောင်စီက ခွဲတမ်းမချပေးရင်တောင် ကလေးမှာ စက်သုံးဆီကို အတိုင်းအတာတစ်ခုနဲ့ နယ်စပ်ကနေလည်း တင်သွင်းလို့ရတယ်။ လုံးဝ ပြတ်သွားနိုင်တဲ့အနေထားက မရှိပါဘူး။"

ကလေးမြို့မှာ မနေ့ နိုဝင်ဘာလ ၁၉ ရက်နဲ့ ဒီနေ့ ၂၀ရက်နေ့ နှစ်ရက်ဆက်တိုက် စက်သုံးဆီ အလုယက်ဝယ်ယူနေကြတဲ့အတွက် စက်သုံးဆီ တစ်ဂါလံ ၂၈,၀၀၀ ကျပ် ကနေ ၄၀,၀၀၀ ကျပ် စျေးနှုန်းမြင့်တက်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီ အလုအယက်ဝယ်ယူနေကြတဲ့အတွက် ဒီနေ့ နိုဝင်ဘာလ ၂၀ရက်မှာ ကလေးမြို့က စက်သုံးဆီ အရောင်းဆိုင်တချို့ ပိတ်ထားရပြီး တချို့ဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်နေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

"မနေ့ကတည်းက လူတွေတန်းစီးပြီး အလုယက်ဝယ်နေကြတယ်။ ဒီနေ့မှာတော့ မြို့ထဲက ဆိုင်တချို့ပိတ်ထားပြီး ဖွင့်တဲ့ဆိုင်မှာ အလုယက်ဝယ်ကြတယ်။ ဖွင့်တဲ့ဆိုင်မှာလည်း ဒီနေ့ ညနေလောက်မှာ စက်သုံးဆီကုန်သွားပြီလို့ကြားတယ်။"

စစ်ကောင်စီတပ်ရဲ့ စက်သုံးဆီခွဲတမ်း ချပေးမှာ မဟုတ်တဲ့မြို့နယ်တွေမှာ ချင်းပြည်နယ်က မြို့နယ်တွေအားလုံးပါဝင်ပြီး ထိးချိုင့်၊ ကသာ၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ကလေး ၊ မိုင်းရယ်၊ ခမ်းပက်၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး) ၊ မိုးကုတ်၊ မြင်းခြံ စတဲ့မြို့တွေဖြစ်ပါတယ်။

#ဓာတ်ပုံ - CJ

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

45,014

subscribers

8,447

photos

36

videos