High School Free Revision Class Channel (MMR) @highschoolfreerevisionclass Channel on Telegram

High School Free Revision Class Channel (MMR)

@highschoolfreerevisionclass


Free Class for G11 (old) Students

High School Free Revision Class Channel (MMR) (English)

Are you a high school student in need of extra support with your studies? Look no further than the High School Free Revision Class Channel (MMR)! This Telegram channel, with the username @highschoolfreerevisionclass, offers free classes specifically designed for Grade 11 (old) students. Whether you need help with mathematics, science, literature, or any other subject, this channel is here to provide you with the resources you need to succeed. The High School Free Revision Class Channel (MMR) is run by experienced educators who are dedicated to helping students reach their full potential. By joining this channel, you will have access to live online classes, study materials, practice quizzes, and more. The content is tailored to the needs of Grade 11 students, ensuring that you receive targeted support in areas where you need it most. What sets this channel apart is its commitment to providing high-quality education for free. In a time where access to academic resources can be limited, this channel aims to level the playing field by offering comprehensive revision classes at no cost. The classes are interactive and engaging, allowing students to ask questions, participate in discussions, and collaborate with their peers. Whether you are struggling with a particular topic or simply want to review key concepts, the High School Free Revision Class Channel (MMR) has something to offer you. Join today to take advantage of this valuable educational opportunity and give yourself the best chance of success in your Grade 11 studies. Remember, it's never too late to start revising and improving your grades. Don't miss out on this fantastic resource - join the High School Free Revision Class Channel (MMR) now!

High School Free Revision Class Channel (MMR)

08 Jan, 07:17


📣 📣 📣 📣 📣
BECA (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုသူများဆိုင်ရာ အသိပေးကြေညာခြင်း
📣 📣 📣 📣 📣

၂၀၀၆ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တွင် မွေးဖွားခဲ့သောကျောင်းသား၊ ကျောင်းသူများသည် အသက်နှင့် အတန်းအရ စနစ်သစ်ကျောင်းသားကျောင်းသူများဖြစ်ရမည်ဖြစ်သဖြင့်

"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်တွင် စစ်အာဏာမသိမ်းခင် အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တက်ရောက်ဖူးပြီး ၂၀၂၃ ခုနှစ် အခြေခံပညာ ပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခဲ့ခြင်းမပြုရသေးသူများဖြစ်ရမည်"

ဟူသောသတ်မှတ်ချက်နှင့် မကိုက်ညီနိုင်ကြောင်း ယူဆဖွယ် ရှိပါသည်။


သို့ဖြစ်ပါ၍ စစ်အာဏာမသိမ်းခင်တွင် မည်သည့်တက်ရောက်ခဲ့သည့်အတန်းနှင့်စပ်လျဉ်း၍ စိစစ်အတည်ပြုရန် သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ Registration လျှောက်ထားစဉ်က ဖြည့်ခဲ့သော Email ထံသို့ မေးခွန်းများ ပေးပို့ထားပါသည်။

သတ်မှတ်ချိန်အတွင်း Email ပြန်လည်အကြောင်းပြန် ဖြေကြားခြင်း မရှိ‌သော လျှောက်ထားသူများနှင့်  စစ်အာဏာမသိမ်းခင်က အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တွင် တက်ရောက်ဖူးကြောင်း အထောက်အထားများ ပြသနိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို
BECA (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့် ပယ်ဖျက်သွားမည် ဖြစ်ပါ‌ကြောင်း အသိပေးနှိုးဆော် အကြောင်းကြားအပ်ပါသည်။

High School Free Revision Class Channel (MMR)

25 Dec, 04:16


"တတိယအကြိမ်ဖြေဆိုခွင့် တောင်းခံခြင်း" ဆိုင်ရာ အသိပေးခြင်း


၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် ဖြေဆိုခွင့် နှစ်ကြိမ်ရရှိပါသည်။ သို့ရာတွင် ကျောင်းသား/သူများအနေဖြင့် လုံခြုံရေး (သို့မဟုတ်) လိုင်းအခက်အခဲဖြစ်ပေါ်ခြင်းကြောင့် ပြီးဆုံးသည်အထိ ဖြေဆိုခွင့်မရပါက တတိယအကြိမ် (Third Attempt) တောင်းခံနိုင်ခွင့်ရှိပါသည်။ ဖော်ပြပါအခက်အခဲများကြောင့်  တတိယအကြိမ်ဖြေဆိုခွင့်တောင်းခံလိုပါက
ကျောင်းသား/သူ၏
၁။ Student ID
၂။ Moodle ID
၃။ မှတ်ပုံတင်နံပါတ် နောက်ဆုံး(၄) လုံး
၄။ မွေးသက္ကရာဇ်
၅။ ဖြေဆိုလိုသည့်ဘာသာရပ် တို့ကို
[email protected]
ဆီသို့ Email ပေးပို့အကြောင်းကြားပေးပါ။
လုံခြုံရေး၊ လိုင်းအခက်အခဲ အမှန်တကယ် ဖြစ်ပေါ်ခြင်း ရှိ၊ မရှိကို သေချာစွာစိစစ်ပြီး (5)ရက် အတွင်း အကြောင်းပြန်ပါမည်။

High School Free Revision Class Channel (MMR)

21 Dec, 12:47


🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ…
🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department နှင့် HECAFC တို့မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။

Topic: အကြမ်းဖက်စစ်တပ်အမြစ်ပြတ်ရေး
Speaker: Comrade Naing Khun Arr & Comrade Bhone Tay Za
Time: 21-12-2024, SATURDAY, 7 pm

Join Zoom Meeting
https://us06web.zoom.us/j/85659322462?pwd=b1TewNXQ8lxAwNnkWHOaxWWCUgKCbU.1

Meeting ID: 856 5932 2462
Passcode: 844840

High School Free Revision Class Channel (MMR)

20 Dec, 09:35


စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံဆုံးရှုံး၊ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA လက်ရ အရှင်ဖမ်းဆီးထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ပြီးနောက် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။

AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့မှာ AA ၏ လက်ထဲတွင် စစ်သုံ့ပန်းများ အဖြစ် ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။

High School Free Revision Class Channel (MMR)

20 Dec, 09:09


https://burma.laywaddyfm.com/news/2128/

High School Free Revision Class Channel (MMR)

17 Dec, 15:03


"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online)ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ဖြည့်စွက်ရန်ကျန်ရှိခဲ့သော ကျောင်းသား/သူများသို့ ဖြေဆိုရန်စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း"

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online) ဖြေဆိုရန် လျှောက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူအချို့သည် လျှောက်ထားနည်းလမ်းညွှန်ကို သေချာစွာမဖတ်မိခြင်း/မလေ့လာမိခြင်းကြောင့်ဖြစ်စေ၊ နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ အင်တာနက်ရရှိမှုအခက်အခဲကြောင့်ဖြစ်စေ ID ရရှိပြီးနောက်တစ်ဆင့် ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန်ကျန်နေခဲ့ကြကြောင်းတွေ့ရှိရပါသည်။

ထိုသို့သောကျောင်းသား၊ ကျောင်းသူများမှ စာရင်းသွင်းခြင်းပြုလုပ်ခွင့်ပေးပါရန် တောင်းဆိုလာသည်များရှိသောကြောင့်  အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online) စာရင်းသွင်းရန်ကို ( ၁၆- ၁၂- ၂၀၂၄) ရက်မှ ( ၂၀- ၁၂-၂၀၂၄ ) ရက် ည (၁၂) အထိ ဖွင့်ပေးထားမည်ဖြစ်ပါသည်။

အခြေခံပညာပြီးမြောက်ကြောင်းဖြေဆိုခြင်းလုပ်ငန်းစဉ်များနှောင့်နှေးမည်စိုး၍ ID အသစ်လျှောက်ပြီး ဖြေဆိုမည့်သူများကို လက်ခံနိုင်ခြင်းမရှိပါ။

ID ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းရန်ကျန်ရှိသူများသည် အောက်ပါလမ်းညွှန်ချက်များအတိုင်း ဖြည့်စွက်ပြီး ဖြေဆိုရန် စာရင်းသွင်းနိုင်ပါသည်။

စာရင်းသွင်းပြီး သူများသည် (၁-၁-၂၀၂၅) ရက်နေ့မှစ၍ https://mes.moeedu.org တွင် Moodle ID များ ရယူပြီး https://lms.moeedu.org တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

#NUGMOE
#BECA
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome
https://www.facebook.com/share/p/15W16gNyPa/

High School Free Revision Class Channel (MMR)

12 Dec, 12:46


ပြည်သူ့ဘက်တော်သားတက္ကသိုလ်များကို တက်ရောက်လိုပါက ဝင်ရောက်လေ့လာ ဆက်သွယ်ကြပါရန်
https://t.me/UniversityEntranceHandbookNUGMoE

High School Free Revision Class Channel (MMR)

03 Dec, 01:29


🏛 📢✏️

တက္ကသိုလ်တက်လက်စဖြင့် CDM ပြုလုပ်ထားသော ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက်ဖွင့်လှစ်ထားသော ပြည်သူ့ (ဘက်တော်သား) တက္ကသိုလ်များ

အဆိုပါ ပြည်သူ့ (ဘက်တော်သား) တက္ကသိုလ်များ တွင် မိမိတို့၏ ပညာသင်နှစ်အလိုက် ဆက်လက်တက်ရောက်ပညာသင်ကြားလိုပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ ဆက်သွယ်ရေးလမ်းကြောင်းများသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန်

နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ ၊ သမဝါယမတက္ကသိုလ်များ

နည်းပညာတက္ကသိုလ်များ

🏛 နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
-Facebook Page - https://www.facebook.com/TUNetworkOfficial
- Email address - [email protected]
- Telegram Channel - https://t.me/TUNetworkOfficial

🏛 သန်လျင်နည်းပညာတက္ကသိုလ် [ Thanlyin Technological University Council ]
- Facebook Page - https://www.facebook.com/ThanlyinTechnologicalUniversityCouncil
- Email address - [email protected]

🏛 မုံရွာနည်းပညာတက္ကသိုလ် [ Monywa Technological University Council ]
- Facebook Page - https://www.facebook.com/TUMONYWACOUNCIL
- Email address - [email protected]

🏛 ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် [ West Yangon Technological University Council ]
- Facebook Page - https://www.facebook.com/wytuiuc
- Email address - [email protected]

🏛 မော်လမြိုင်နည်းပညာတက္ကသိုလ် [ Mawlamyine Technological University Council ]
- Facebook Page - https://www.facebook.com/uiactumlm
- Email address - [email protected]

🏛 ထားဝယ်နည်းပညာတက္ကသိုလ် [ Dawei Technological University ]
- Facebook Page - https://www.facebook.com/dtuinterimcouncil?mibextid=ZbWKwL
- Email address - [email protected]

🏛 နည်းပညာတက္ကသိုလ် (လွိုင်ကော်) [ Technological University - Loikaw IUC ]
- Facebook Page - https://www.facebook.com/Iuc TU-Loikaw
- Email address - [email protected]

/*/

ကွန်ပျူတာတက္ကသိုလ်များ

🏛 National University of Computer Studies [ NUCS]
(မှတ်ချက် - ကွန်ပျူတာတက္ကသိုလ်များ - ကြားကာလပညာရေးဘုတ်အဖွဲ့ Universities of Computer Studies – Interim BoE] က္ ို National University of Computer Studies (NUCS) ကို အမည်ပြောင်းလဲထားခြင်းဖြစ်ပါသည်။ )
- Website - https://ucs-iboe.org/
- Email Address - [email protected]
- Facebook Page - https://www.facebook.com/story.php?story_fbid=122105869676527580&id=61565827423927&mibextid=WC7FNe&rdid=FQHsNSSzRTG9wgoe
- Telegram - https://t.me/+bq4RQPwm5XhmN2Y9

- Universities of Computer Studies, Interim Board of Education : Facebook Page - https://web.facebook.com/UCSBoardofEducation

🏛 ကွန်ပျူတာတက္ကသိုလ် မကွေး ယာယီတက္ကသိုလ်ကောင်စီ [ Interim University Council of University of Computer Studies, Magway ]
- Facebook Page - https://m.facebook.com/profile.php?id=100070487554818&refid=52&tn=C-R

/*/

🏛 သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) [ University of Forestry and Environmental Science (UFES), Yezin ]
- Website - https://ufes.nugmyanmar.org/
- Facebook Page - https://www.facebook.com/council.ufes

/*/

🏛 စိုက်ပျိုးရေးသိပ္ပံကျောင်းများ »» မြန်မာ့နွေဦးတက္ကသိုလ် [ Myanmar Nway-Oo University (MNOU) ] သို့ ဆက်သွယ်စုံစမ်းကြပါရန်
- Facebook Page - https://www.facebook.com/mnou2022
- Telegram - https://t.me/myanmarnwayoouniversity

/*/

🏛 သမဝါယမတက္ကသိုလ်များ
The Knot - Education
- Facebook Page - https://www.facebook.com/profile.php?id=100082786838861&mibextid=ZbWKwL

High School Free Revision Class Channel (MMR)

01 Dec, 17:08


"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုနိုင်ရန်အတွက် 'BECA Moodle LMS Account ရယူခြင်း' လမ်းညွှန်ဗီဒီယို ထုတ်ပြန်အသိပေးနှိုးဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment, BECA) (စနစ်ဟောင်း ဒသမတန်း) ဝင်ရောက်ဖြေဆိုနိုင်ရန် MES System တွင် စာရင်းသွင်းစဉ်က ရရှိခဲ့သော ကျောင်းသူ/သား ID နှင့် Password များကိုအသုံးပြုပြီး ဖြေဆိုရန် လိုအပ်သည့် Moodle LMS Account ကို ရယူထားရန် လိုအပ်ပါသဖြင့် ဝင်ရောက်ဖြေဆိုရန် Registration တင်ထားခဲ့သော ကျောင်းသားကျောင်းသူအသစ်များနှင့် ပြန်လည်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများသည် "Moodle LMS Account ရယူခြင်း" Computer Version နှင့် Phone Version ရှင်းလင်းချက်ဗီဒီယိုကို လေ့လာကြည့်ရှုပြီး "BECA Moodle LMS Account" ရယူထားနိုင်ပါရန် ထုတ်ပြန်အသိပေးနှိုးဆော်အပ်ပါသည်။

BECA ဆိုင်ရာ ဆက်သွယ်မေးမြန်းနိုင်မည့်နေရာများ

1. Channel 1 
BECA Official Email >> [email protected]

2. Channel 2 
BECA Official Email >> [email protected] 

High School Free Revision Class Channel (MMR)

01 Dec, 01:22


ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်တွင် ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်လျှောက်ထားနိုင်သည့်ကာလ တိုးမြှင့်ကြောင်း အသိပေးခြင်း။

၂၀၂၄ -၂၀၂၅ပညာသင်နှစ်အတွက်
ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၏ ပထမနှစ်မှ မဟာတန်းဒုတိယနှစ်အထိ ကျောင်းသားသစ်ခေါ်ယူခြင်းကာလကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ရက်နေ့ (၃၀.၁၁.၂၀၂၄) အထိ သတ်မှတ်ထားသော်လည်း တက္ကသိုလ်ဝင်ခွင့် လျှောက်ထားလိုသူ အများအပြားကျန်ရှိနေပြီး အခက်အခဲတချို့ကြောင့် နောက်ကျသူများ အခွင့်အရေးရရှိနိုင်စေရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၈ရက်နေ့ (၈.၁၂.၂၀၂၄)၊မြန်မာစံတော်ချိန် ည ၁၁နာရီ၊၅၉မိနစ်အထိ ကာလတိုးမြှင့်ကာ လက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ၍ သတင်းကောင်းပါးလိုက်ရပါသည်။

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

#2024_25academicyear
#တက္ကသိုလ်ဝင်ခွင့်
#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်
#Batch4
#wunzinonlineuniversity
#ပညာရေးဖြင့်တော်လှန်နွေဦးရဲ့အသံ

https://www.facebook.com/share/p/1EUYQVNgwD/

High School Free Revision Class Channel (MMR)

30 Nov, 03:43


"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း)  စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်နှင့်အညီ စတင် ဖြေဆိုနိုင်မည့်ရက်နှင့် ဖြေဆိုနိုင်သည့်ကာလကို ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။  အွန်လိုင်း (Online) ဖြင့်ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

၂။  မြေပြင် (Offline) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်ပြီ ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #BECA #MBEH

High School Free Revision Class Channel (MMR)

25 Nov, 00:52


ရန်ကုန်တွင် ပျူစောထီးမောင်းနှင်သော တက္ကစီ ငှားစီးမိသည့် ပန်းတနော်မှ ခရီးသွား လူငယ် ၃ ဦး စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်မြို့တွင် ပျူစောထီးမောင်းနှင်သော တက္ကစီ ငှားစီးမိသည့် ပန်းတနော်မြို့နယ်မှ ခရီးသွား လူငယ် ၃ ဦးကို စစ်သားအဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းသွားကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ၏ မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု နိုဝင်ဘာလ ဒုတိယအပတ်တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မရမ်းအုပ်စု ဗောဓိကုန်းကျေးရွာမှ လူငယ် ၃ ဦးသည် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြကြောင်း၊ ယင်းနောက် ရန်ကုန်မြို့တွင် ကားငှားစီးခဲ့ရာတွင် ပျူစောထီးယာဉ် မောင်း၏ တက္ကစီကို ငှားရမ်းမိခဲ့ပြီး ယာဉ်မောင်းက ခရီးသွား လူငယ် ၃ ဦးကို လိုရာခရီးမပို့ဘဲ အကြမ်းဖက်စစ်တပ်၏ စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ လူငယ် ၃ ဦး၏မိသားစုဝင်များက ၎င်းတို့သား ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရ၍ စစ်တပ်အတွင်းမှ ပြန်လည် ထုတ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ ၏မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။

ခရီးသွား လူငယ် ၃ ဦးကို ပျူစောထီး တက္ကစီယာဉ်မောင်းက စစ်သားစုဆောင်းရေးတပ်ထံသို့ ရောင်းစားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပန်းတနော်မှ လူငယ် ၃ ဦးသည် တောင်တွင်းကြီးမြို့ရှိ စစ်တပ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း၊ မိဘများက နည်းလမ်းမျိုးစုံဖြင့် လိုက်လံ ထုတ်ယူရန် ကြိုးစားသော်လည် ထုတ်ယူ၍ မရကြောင်း သိရှိရသည်။

“အဲဒါ Taxi သမားက စစ်တပ်ကို ရောင်းစားပစ်လိုက်တာပေါ့ ။ တောင်တွင်းကြီးကို ရောက်သွားတယ်။ မိဘတွေ သိတော့ သွားလိုက်တဲ့အခါကျတော့ တချို့ပြောတယ် သိန်း ၇၀ ၊ သိန်း ၅၀နဲ့ ပြန်ရွေးရမယ်ပေါ့။ တကယ်တမ်းတော့ ဘာနဲ့မှ ရွေးမရဘူး။ အဲဒီကောင်တွေ ဖမ်းသွားတဲ့အချိန်မှာ အဲဒီလူငယ်တွေရဲ့ မှတ် ပုံတင်တွေ ဘာတွေက အစ အကုန်လုံးပြောင်းပြီးတော့ လုပ်လိုက်တယ်။ စစ် တပ်ထဲ ထည့်ပစ်လိုက်တယ်။ သိတော့ လိုက်တာ လိုက်လို့ မရဘူး။ ထုတ်လို့ မရဘူး” ဟု ဖမ်းဆီးခံရသည့်လူငယ်များ၏မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။

အဆိုပါလူငယ် ၃ ဦးကို အကြမ်းဖက်စစ်တပ်ထံသို့ ပို့ဆောင်ခဲ့သော ယာဉ် မောင်းသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး လူငယ် ၃ ဦးတွင် တစ်ဦးမှာ ဆေးအောင်၍ ရေတပ်တွင် အမှုထမ်းရမည်ဖြစ်ကြောင်း၊ ကျန်လူငယ် ၂ ဦးမှာမူ မည်သည့် တပ်ရင်းသို့ ပို့ဆောင်မည်ကို မသိရှိရသေးပေ။

စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ် ၃ ဦးလုံးသည် ဆယ်ကျော် သက်အရွယ် လူငယ်များဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ထဲသို့ အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသည့် ပန်းတနော်မြို့နယ်မှ လူငယ် ၃ ဦး။

High School Free Revision Class Channel (MMR)

17 Nov, 15:07


https://www.parami.edu.mm/

High School Free Revision Class Channel (MMR)

16 Nov, 12:33


🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ…
🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။

Topic: ကဗျာများကပြောသည့် နွေဦးတော်လှန်ရေး
Speaker: Tr. Sono
Time: 16-11-2024, SATURDAY, 7 pm

Join Zoom Meeting
https://us06web.zoom.us/j/82049182934?pwd=cAyVcRU9T7O7csJHLeakekLGWBexya.1

Meeting ID: 820 4918 2934
Passcode: 437796

High School Free Revision Class Channel (MMR)

06 Nov, 20:39


သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲအနိုင်ရတဲ့အပေါ် မြန်မာ့အရေး သုံးသပ်သူတချို့အမြင် https://burmese.voanews.com/a/us-2024-election-trump-elected-/7853833.html

High School Free Revision Class Channel (MMR)

31 Oct, 17:48


CDM ကျောင်းသားများ အားတက်စရာ ပြည်သူ့တက္ကသိုလ်များရဲ့ ခြေလှမ်းများထဲက သမိုင်းမှတ်တိုင် တခု

နွေဦးတော်လှန်ရေးကာလအတွင်း ပညာဖြင့်တော်လှန်ရင်း အခက်အခဲများစွာကြားမှ အောင်မြင်မှု အသီးအပွင့်များ ပွင့်လန်းဝေဆာနိုင်ခဲ့ကြသော ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မှ ဘွဲ့ရမောင်မယ်များ၏ ဂုဏ်ယူဝင့်ကြွားစရာ ဘွဲ့နှင်းသဘင် အခိုက်အတန့်ပုံရိပ်များ
ဘွဲ့ရမောင်မယ်များ၏ ဂုဏ်ယူဖွယ်ဘဝမှတ်တိုင်တစ်ခု
တော်လှန်ဆရာ/မများ၏ လေးစားဖွယ် ထုဆစ်ပုံဖော်မှု
အဓမ္မဖီဆန် CDM ခေါင်းငုံမခံ တွန်းကာလှန်၍
တော်လှန်သတ္တိများဖြင့် ပေါက်ဖွားလာသော မျိုးဆက်သစ်များ၏ အနာဂတ်
ဖက်ဒရယ်ပညာရေးဆီသို့ ဦးတည်လျက်

#ပညာရေးဖြင့်တော်လှန်နွေဦးရဲ့အသံ
#TheFirstGraduationCeremony
#WunzinOnlineUniversity
#WOU

https://www.facebook.com/share/p/1F8hYeGiCC/

High School Free Revision Class Channel (MMR)

31 Oct, 13:34


📣 📣 📣 📣 📣 📣

BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၄) ရက်သာ ကျန်ရှိတော့ပါကြောင်း ထပ်မံကြိုတင်အသိပေးနှိုး‌ဆော်အပ်ပါသည်။

📣 📣 📣 📣 📣 📣

High School Free Revision Class Channel (MMR)

27 Oct, 15:24


သပိတ်ကျင်းမြို့နယ်တွင်တာဝန်ကျသူ မန္တလေးမြို့နေ ဆရာမတစ်ဦး 24.10.2024 မှာ ဖမ်းဆီးခံရ

တနေ့မှာ အမည်မသိသူတယောက်က Surprise Box ရှိတယ်၊ နေရပ်လိပ်စာလေးပေးပါလို့ ဖုန်းဆက်လာပါတယ် တဲ့ ...

အဲဒါနဲ့ ဆရာမက လိပ်စာပေးလိုက်ပြီး လမ်းထိပ်ထွက်ပြီး စောင့်ကြိုနေချိန် အရပ်ဝတ် (၃) ဦး စစ်ကားတစ်စီးနဲ့ ရောက်လာပြီး ယင်းတို့အထဲက လူတယောက်က သူ့ခါးကို သေနတ်ဖြင့် ချိန်ပြီး လိုက်ခဲ့ရန် မန္တ‌လေးနန်းတွင်းစစ်ကြောရေးကို ခေါ်ဆောင်သွားကြောင်းသိရပါတယ်။

အလားတူ ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန်အတွက် သတင်းမျှဝေပေးခြင်းဖြစ်ပါတယ်။

ခုတလော Fb မှာ စကစ ကို ဆန့်ကျင်စာ ရေးသူတွေကို Surprise box ပေးမယ်ဆိုပြီး ထောင်ပြီးဖမ်းလာတယ်။
FB profile Lock ချထား၊ Location တွေ သတိထား၊ Acc စစ်တွေ သတိထားပေးကြပါ။

High School Free Revision Class Channel (MMR)

26 Oct, 16:39


ဂျပန်ဆီမှာ စစ်ပညာသင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်တွေမှာ ဖက်ဆစ်ဝါဒလွှမ်းမိုးတဲ့ သဘောတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရေးခဲ့

#ရဲဘော်သုံးကျိပ် #အောင်ဆန်း #ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/share/p/cS5BMT21xTtNn26B/?mibextid=oFDknk

High School Free Revision Class Channel (MMR)

26 Oct, 16:39


"ဖြတ်ထားတဲ့ ခေါင်းတွေ ခြေထောက်တွေက ခြံစည်းရိုးမှာ ထားတယ်။ Dead body တစ်ခုဆို မီးလောင်ပြီးတော့ ဗိုက်တွေလည်း ခွဲထားတယ်။ ရင်ဘတ်ကနေ အကုန် ဗိုက်အထိ ခွဲထားပြီးတော့ အူတွေ ထုတ်ထားတာ။ ဗိုက်တွေ ခွဲပြီး မီးရှို့သွားခဲ့တာပဲ။ ကောင်းကောင်းမွန်မွန် ခန္ဓာကိုယ် ရယ်ဆိုလို့ အတည်ပြုမြင်ရတာက ၂ ခုပဲ ရှိတယ်။ ကျန်တဲ့ဟာတွေက ဘယ်လိုလဲဆိုတော့ ခွေးတွေ စားနေတာရှိတယ်။ တစ်ခုဆိုရင်ဗျာ လုံးဝ အရိုးအရင်းပဲ ကျန်တယ်။ လုံးဝ အသားတွေ ဘာတွေ မကျန်တော့ဘူး"

ဘုတလင်၊စီပါကျေးရွာမှ ပြည်သူများကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အပါအဝင် ကျေးရွာများမှ ပြည်သူများကိုစစ်ကြောင်းထိုး၍ ရက်ရက် စက် စက် သတ်ဖြတ်သွားရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပကဖတာဝန်ခံ ကိုမိုးသောက်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

https://www.facebook.com/share/bCJ9tqVizqht9pdx/

High School Free Revision Class Channel (MMR)

26 Oct, 16:39


ဘုတလင်အဖြစ်အပျက် ရွာခံပြောကြားချက်

https://www.facebook.com/share/v/npUsva9No5dhEiTW/

High School Free Revision Class Channel (MMR)

26 Oct, 10:54


🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ…
🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။

Topic: အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်တွန်းလှန်
Speaker: Moon
Time: 26-10-2024, SATURDAY, 7 pm

Join Zoom Meeting
https://us06web.zoom.us/j/82049182934?pwd=cAyVcRU9T7O7csJHLeakekLGWBexya.1

Meeting ID: 820 4918 2934
Passcode: 437796

High School Free Revision Class Channel (MMR)

25 Oct, 11:26


BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၁၀) ရက်သာ ကျန်ရှိတော့ပါကြောင်း ကြိုတင်ထပ်မံအသိပေးနှိုး‌ဆော်အပ်ပါသည်။

📣 📣 📣 📣 📣 📣

High School Free Revision Class Channel (MMR)

23 Oct, 06:42


“ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် (WOU)၏ Facebook စာမျက်နှာကို စတင်လွှင့်တင်ထားပြီ ဖြစ်ကြောင်း အသိပေးခြင်း”

၂၀၂၄ခုနှစ်၊ အောက်တိုဘာ (၂၀) ရက်

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆင်မြင့်ပညာသင်ယူနေသော တက္ကသိုလ်ကျောင်းသား/သူများကို လက်ခံသင်ကြားပေးနေသည်မှာ Batch 3 ခု ပြီးစီး၍ မကြာမီမှာ Batch 4 စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ထို့အပြင် ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မှ ကျောင်းသား/သူများ စဥ်ဆက်မပြတ် ပညာရေးကိုဦးတည်၍ ဘာသာစကားသင်တန်းများ၊ နည်းပညာသင်တန်းများစသဖြင့် Short Courses များလည်း ဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။ ကျောင်းသား/သူများ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်အကြောင်း၊ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၏ ကြားကာလပညာရေးအစီအစဥ်များနှင့် တက္ကသိုလ်မှဝင်ခွင့်ခေါ်ဆိုမှုများ၊ သင်ကြားမှုစနစ်များကို ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ Wunzin Online University (WOU) ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၏ Facebook စာမျက်နှာကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှ စတင်၍ လွှင့်တင်ထားရှိပြီး ဖြစ်ပါသည်။ မကြာမီမှာ WOU ၏ Website စာမျက်နှာနှင့် YouTube Channel များကို ထပ်မံ လွှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Wunzin Online University (WOU) ၏  Facebook page ကို like and follow လုပ်ပြီး share ပေးကြပါရန် အသိပေးတိုက်တွန်းလိုက်ပါသည်။ 

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် (WOU) ၏ Facebook Page
👉🏻https://www.facebook.com/profile.php?id=61566828640664&mibextid=ZbWKwL

University Office
Wunzin OnlineUniversity(WOU)

High School Free Revision Class Channel (MMR)

20 Oct, 12:52


BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၁၅) ရက်သာ ကျန်ရှိတော့ပါကြောင်း ကြိုတင်ထပ်မံအသိပေးနှိုး‌ဆော်အပ်ပါသည်။

📣 📣 📣 📣 📣 📣

High School Free Revision Class Channel (MMR)

17 Oct, 08:05


🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ…
🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။

Topic: How to Manage Mental Health Problems
Speaker: Tr Nora
Time: 19-10-2024, SATURDAY, 7 pm

Join Zoom Meeting
https://us06web.zoom.us/j/82049182934?pwd=cAyVcRU9T7O7csJHLeakekLGWBexya.1

Meeting ID: 820 4918 2934
Passcode: 437796

High School Free Revision Class Channel (MMR)

15 Oct, 14:15


👉 လူငယ်နှင့် ဖက်ဒရယ်ရေးရာ အမြင်ဖွင့်သင်တန်း (ရက်ရှည်)  ‌လျှောက်လွှာခေါ် ယူခြင်း
👉အပတ်စဉ် (၁၁) 👈
📌 Federalism for Youth (F2Y) Program အနေဖြင့် လူငယ်နှင့် ဖက်ဒရယ်ရေးရာ အခြေခံ သိကောင်းစရာသင်တန်းများကို ၂၀၂၂ ခုနှစ်မှ စတင်ကာ ပို့ချလျက်ရှိပါသည်။
📌 လူငယ်များအနေဖြင့် ဖက်ဒရယ်ရေးရာအကြောင်းအရာများအား ပိုမိုသိရှိလာစေရန်ရည်ရွယ်ပြီး  ယခု ရက်ရှည်သင်တန်း (Advanced Federalism Training) ကို ထပ်မံပို့ချ ပေးသွားမည်ဖြစ်ပါသည်။
📌 ရည်ရွယ်ချက်မှာ လူငယ်များအနေဖြင့် ဖက်ဒရယ်ရေးရာများအား နားလည် သဘောပေါက်ပြီး အနာဂတ်ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးဖြစ်စဉ်တွင် တက်ကြွစွာပါဝင်လာ စေရန်ရည် ရွယ်ပါသည်။
📌 စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့် ၂၀၂၄ ၊ အောက်တိုဘာလ ၊ (၁၈) ရက်နေ့ နောက် ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။ 
📌 တက်ရောက်ခွင့်ရသူများကို ​အောက်တိုဘာလ ၊ (၁၉)  ရက်နေ့ နောက်ဆုံးအကြောင်းပြန်ကြားပေးမည်ဖြစ်ပါသည်။
ရွေးချယ်သွားမည့် သင်တန်းသားဉီးရေ - (၂၅) ‌ယောက်
📮 တက်ရောက်နိုင်သူများ -
   🖇အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ရှိသူ ဖြစ်ရမည်။
   🖇 ဖက်ဒရယ်ရေးရာ အခြေခံအကြောင်းအရာများအား လေ့လာဖူးသူ (သိုမဟုတ်) ယခင်က ဖက်ဒရယ်ရေးရာ  သင်တန်းများအား  တက်ရောက်ဖူးသူကို ဦးစားပေးရွေးချယ်မည်။
  🖇 သင်တန်းရက်၊ အချိန်များအား အချိန်ပြည့်တက်ရောက်ပေးနိုင်သူဖြစ်ရမည်။
  🖇 သင်တန်းတစ်ခုလျှင် (၂၅) ဦး ရွေချယ်မည်ဖြစ်ပြီး နေရာဒေသ၊ တိုင်းရင်းသားလူမျိုး၊ ကျား/မ စသဖြင့် အချိုးညီမျှစွာ ရွေးချယ်မည်ဖြစ်သည်။
👉 ပံ့ပိုးပေးမည်များ -
     📮  သင်တန်းရက် အချိန်ပြည့်တက်ရောက်သူများကို သင်တန်းပြီးမြှောက်ကြောင်း လက်မှတ် (Certificate) ပေးအပ်မည်။
     📮 အင်တာနက်အသုံးပြုကျသင့်ဘေလ်  ပံ့ပိုးပေးမည်။
👉 သင်တန်းဝင်ခွင့်လျှောက်လွှာဖြည့်ရန် https://docs.google.com/forms/d/1jGDo4RMasjXRPEUGrzAtL9ZfskQMIftgu38tmU2vxDs/edit?usp= Link
မှတ်ချက် ။   ။ အရေအတွက်ကန့်သတ်ထားသောကြောင့် လျှောက်လွှာအား အမြန်ဆုံး ဖြည့်ပေးကြရန် အကြံပြု ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် ရွေးချယ်မခံရပါက နောက်အပတ်စဉ်များတွင် တက်ရောက်ခွင့်ရရန်  လျှောက် ထားနိုင်ပါသည်။
📌 ကြာချိန် - တစ်ရက် (၃) နာရီ -  ( ညနေ (၅ : ၃၀) နာရီ မှ (၈ : ၃၀) နာရီအထိ )
📌 သင်တန်းကာလ - အောက်တိုဘာလ ၊ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ (တနင်္လာ မှ သောက်ကြာနေ့အထိ)
📌 နေရာ - Zoom (Online)
*📮📮📮*
📌 တက်ပြီတဲ့သူတွေကြတော့ထပ်ပြီးလျှောက်ရန် မလိုတော့ပါဘူးဗျ။

High School Free Revision Class Channel (MMR)

14 Oct, 04:19


BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၂၀) ရက်သာ ကျန်ရှိတော့ပါကြောင်း ကြိုတင်အသိပေးနှိုး‌ဆော်အပ်ပါသည်။

📣 📣 📣 📣 📣 📣

High School Free Revision Class Channel (MMR)

13 Oct, 15:58


ကိုယ်ခံပညာစုစည်းမှု Channel
https://t.me/SelfDefence001

High School Free Revision Class Channel (MMR)

12 Oct, 12:58


🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ…
🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။

Topic: မင်းအောင်လှိုင်၏ နောက်ဆုံးနေ့များ
Speaker: Thorn Nay Soe
Time: 12-10-2024, SATURDAY, 7 pm

Join Zoom Meeting
https://us06web.zoom.us/j/81960953652?pwd=z35eZOgBLE0g3cHyZEihvs5TaAgXbB.1

Meeting ID: 819 6095 3652
Passcode: 10272023

High School Free Revision Class Channel (MMR)

05 Oct, 12:33


Ministry of Education, National Unity Government of Myanmar
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေး‌နွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
www.facebook.com

https://www.facebook.com/share/v/17zs6pZBXH/

High School Free Revision Class Channel (MMR)

05 Oct, 12:22


လူ့အဖွဲ့အစည်း၏ငြိမ်းချမ်းရေးကိုအစောဆုံးဆောင်ရွက်နိုင်သူများတွင် ဆရာ၊ ဆရာမများအပါအဝင် ဖြစ်ပါတယ်။ ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို သင်ကြားတတ်မြောက်စေရုံသာမကပဲ ဘဝအတွက် ပညာအသိဉာဏ်များကို ဖြန့်ဖြူးလက်ဆင့်ကမ်းနေသော လမ်းပြကြယ်များဖြစ်သည့် ဆရာ၊ဆရာမများ၏ အသံများကို နားထောင်ကာ ပိုမိုကျယ်ပြန့် ကောင်းမွန်သော ပညာရေးခေတ်စနစ်တစ်ခုကို တည်ဆောက်အကောင်ထည်ဖော်နိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ (၅)ရက် ကမ္ဘာ့ဆရာများနေ့တွင် " တော်လှန်ကျောင်းဆရာများ၏ အသံ " ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။

https://www.facebook.com/moeNUGMyanmar/posts/pfbid0NfF8YDfTox5vjLbupC6sTqpSvzQmpSfeAAJuTkJoh3dvyttGJPPooL3GjqopQBQgl

3,210

subscribers

556

photos

36

videos