Essential English Grammar @essentialenglishgrammar Channel on Telegram

Essential English Grammar

@essentialenglishgrammar


Essential English Grammar (English)

Are you looking to improve your English grammar skills and boost your confidence in writing and speaking? Look no further than the 'Essential English Grammar' Telegram channel! This channel is your go-to resource for all things related to English grammar. Whether you are a student, professional, or simply someone who wants to enhance their language skills, this channel has something for everyone. From basic grammar rules to advanced topics, you will find a wide range of valuable content that will help you become more proficient in English. The 'Essential English Grammar' channel is run by a team of experienced educators and language experts who are dedicated to providing high-quality, easy-to-understand lessons and tips. Join the channel today and start your journey towards mastering English grammar! Who is it for? The 'Essential English Grammar' channel is for anyone who wants to improve their English grammar skills, regardless of their level of proficiency. What is it? It is a Telegram channel that offers valuable resources and insights to help you enhance your understanding of English grammar and become a more effective communicator.

Essential English Grammar

13 Jan, 10:29


Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။

Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။

Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။

ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။

ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။

ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။

ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။

ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။
t.me/SayaSithuHtetEssentialEnglish

Essential English Grammar

04 Jan, 13:15


"Go ဆိုတိုင်း သွားတာလား"

go ရဲ့ အဓိပ္ပာယ်ကို ပြောပါဦးလို့ ပြောလိုက်ရင် အများစုက “သွားသည်” လို့ ပြောကြလိမ့်မယ်။ မဟုတ်လို့လားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဝါကျတစ်ကြောင်းကို ဖတ်ကြည့်ပါဦး။

🔸 Leaves go brown in autumn.
သစ်ရွက်တွေက ဆောင်းဦးရာသီမှာ အညိုရောင်ဖြစ်လာတယ်။

ဒီဝါကျမှာတော့ go က တစ်နေရာကနေ တစ်နေရာကို သွားသည်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်တော့ဘူး။ အညိုရောင်ဖြစ်လာသည်။ ညိုလာသည် ဆိုတဲ့ သဘောကိုပြတဲ့ “ဖြစ်လာသည်” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။

အင်္ဂလိပ်လိုလေး တစ်ချက်အရင်မှတ်ကြမယ်။
♦️ We use go to mean ‘become’ before some adjectives.
တချို့ adjectives တွေရဲ့ ရှေ့မှာ go ကို ဖြစ်လာသည် (become) ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတယ်။

go ကို ဖြစ်လာသည် လို့ မှတ်တာကတော့ ဟုတ်ပါပြီ။ ဘယ်စကားလုံးတွေ၊ ဘယ် adjective တွေနဲ့ တွဲရင် ခုလို အဓိပ္ပာယ်ဖြစ်တာလဲ။

ပထမတစ်ချက်ကို အရင်ကြည့်မယ်။

(1) အရောင်ကိုပြတဲ့ စကားလုံးတွေနဲ့ တွဲလိုက်ရင် “ဖြစ်လာတယ်” ဆိုတဲ့ အဓိပ္ပာယ်ရမယ်။

🔸 Leaves go brown in autumn.
ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အညိုရောင် ဖြစ်လာတယ်။ (အညိုရောင် ပြောင်းလာတယ်)
🔸 People go red, pale or white with anger; blue with cold; green with seasickness.
လူတွေက ဒေါသနဲ့ (မျက်နှာ) နီရဲလာ/ ဖျော့တော့လာ/ ဖြူလာတတ်တယ်။ အအေးဒဏ်နဲ့ ပြာလာတတ်တယ်။ လှိုင်းမူးတဲ့ဒဏ်နဲ့ စိမ်းလာတတ်တယ်။
🔸 If you faint, everything goes black.
သင်သတိလစ်သွားတဲ့အခါ အရာရာ အမှောင်ကျသွားတယ်။

ခုလိုဝါကျတွေမှာ go ကို သုံးတယ်ဆိုပေမဲ့ ခံ့ခံ့ညားညားရေးတဲ့ ပုံစံနဲ့ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ go အစား turn ကိုသုံးတယ်။

နောက်ထပ် အချက် တစ်ခုကို အင်္ဂလိပ်လို အရင် မှတ်ကြမယ်။

(2) We use go with some other adjectives to talk about things changing for the worse.
အဆိုးဘက်ကို ပြောင်းသွားတဲ့ အရာတွေအကြောင်းကို ပြောဖို့တခြား Adjectives တချို့နဲ့ go ကို သုံးတယ်။

🔸 Her father's going deaf.
သူ့အဖေက နားလေးလာတယ်။
🔸 If anything goes wrong, you can call our emergency hotline free of charge.
တစ်ခုခု အမှားအယွင်းဖြစ်ရင် ကျွန်တော်တို့ရဲ့ အရေးပေါ်ဖုန်းလိုင်းကို အခမဲ့ ခေါ်နိုင်ပါတယ်။

Reference:
Basic English Usage (Michael Swan)
https://dictionary.cambridge.org/dictionary/english/go

Essential English Grammar

30 Dec, 13:00


“until” နဲ့ “by” ဘယ်လို ခွဲခြားသုံးမလဲ?

until က ဒီအဓိပ္ပာယ်တွေရှိပါတယ်။
(1) တိုင်အောင်၊ အထိ
(2) မ..မချင်း

◊ အချိန်ကာလတစ်ခုအထိ ဆက်ဖြစ်သွားမယ့် အခြေအနေကိုပြောဖို့ until သုံးရတယ်။

အင်္ဂလိပ်လို မှတ်ချင်ရင် ဒီစာကြောင်းလေးနဲ့ မှတ်ပါ။
We use until to talk about a situation or state that will continue up to a certain moment.

ဟောဒီဥပမာလေးကြည့်ရင် မြင်လွယ်မယ်။
Can I stay until the weekend?
ကျွန်တော် ဒီစနေ၊ တနင်္ဂနွေအထိ နေလို့ရနိုင်မလား။

ဒီဝါကျမှာ နေမယ်ဆိုတာက စနေ၊ တနင်္ဂနွေအထိပေါ့။ ခုအချိန်ကစပြီးနေမှာ စနေ၊ တနင်္ဂနွေရောက်တဲ့အထိပဲ။ အဲဒီအချိန်ကျော်ရင်တော့ မနေတော့ပါဘူးလေ။ ဒီလိုမျိုး အချိန်ကာလတစ်ခုအထိ ဆက်လုပ်သွားမှာကို ပြောတဲ့အခါ until သုံးတာပေါ့။

until ကိုတော့ သိပါပြီတဲ့။ by ကိုရော ဘယ်လိုသုံးပါလိမ့်။

by ကို “(အချိန်) နောက်ဆုံးထား၍၊ ထက်နောက်မကျဘဲ၊ မှာ” ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ သုံးနိုင်တယ်။

မြန်မာအဓိပ္ပာယ်သိရင် သုံးစွဲပုံကို မှန်းလို့ရပြီပေါ့။

◊ အနာဂတ်အချိန်တစ်ခုမှာ၊ ဒါမှမဟုတ် အဲဒီအချိန်မတိုင်ခင်မှာ ဖြစ်မယ့် လုပ်ဆောင်ချက်ကို ပြောဖို့ by ကို သုံးပါတယ်တဲ့။

နားရှင်းသွားအောင် အင်္ဂလိပ်လိုလည်း ကြည့်လိုက်ပါဦး။
We use by to talk about an action that will happen on or before a future moment.
ဥပမာလေး ကြည့်ပါ။
You’ll have to leave by Monday midday at the latest.
ခင်ဗျား တနင်္လာနေ့ နေ့လယ်မတိုင်ခင်ကို နောက်အကျဆုံးထားပြီး ထွက်ခွာ ရမယ်။

ဆိုလိုတာက တနင်္လာနေ့ ဆယ့်နှစ်နာရီမှာ ထွက်ချင်ထွက်၊ ဒါမှမဟုတ်ရင် အဲဒီအချိန် မတိုင်ခင်ကြိုထွက်ပဲ ။ အဲဒါထက် နောက်မကျစေနဲ့ ဆိုတဲ့သဘော။

ကဲ “until” နဲ့ “by” နှိုင်းယှဉ်ကြည့်ရအောင်လား။

Can you repair my watch by Tuesday?
ကျွန်မရဲ့ နာရီလေးကို အင်္ဂါနေ့ နောက်ဆုံးထားပြီး ပြင်ပေးပါလား။

(အရေးကြီးနေပြီ။ အင်္ဂါနေ့ထက် နောက်မကျစေချင်ဘူး။ စောရင် ကြိုက်သလောက်စော။ အဲဒီလို။ ဒါကို until သုံးရင် ခုချိန်ကစပြီးပြင်တာ အင်္ဂါနေ့ထိ ပြင်နေပါဆိုတာမျိုး ဖြစ်သွားလိမ့်မယ်။ ကိုယ်က မြန်ချင်လို့ပြောနေတာ အဲဒီလိုသွား မသုံးနဲ့နော်။)

‘No, I’ll have to keep it until Saturday.’
“ဟင့်အင်း ကျွန်တော်အဲဒါကို စနေနေ့အထိတော့ သိမ်းထားရမယ်။”

ကဲ နာရီပြင်သမားက မအားဘူး။ အဲဒီတော့ သူ့အနေနဲ့ စနေနေ့ဆိုတဲ့ အချိန်ကာလအထိတော့ သိမ်းထားရမယ်။ ဒီနေရာမှာတော့ by သုံးလို့ မရပြန်ဘူး။

ပုံလေးနဲ့ ကြည့်ရင် ပိုရှင်းပါတယ်လေ။ နှိုင်းယှဉ်ကြည့်ပါဦး။

Ref: Basic English Usage

•••

Telegram Channel
https://t.me/essentialSayaSithuHtet

Essential English Grammar

26 Dec, 12:42


do and make ဘယ်လိုကွာသလဲ
========================

မြန်မာလိုဆိုရင် do ရော make ရော "ပြုလုပ်သည်" ဆိုတာချည်းပါပဲ။ ဒီစကားလုံးနှစ်လုံး အတော်ဆင်တူပါတယ်။ ဒါပေမဲ့ ကွာခြားချက် တချို့တော့ ရှိတယ်။

♦️ တစ်ခုခု လုပ်တဲ့အခါ ဘယ်ဟာကို လုပ်တယ်ဆိုတာအတိအကျမပြောဘဲ လုပ်တယ်ဆိုတဲ့အကြောင်းပဲ ပြောချင်ရင် do သုံးတယ်။ တစ်ခုခုလုပ်တယ် ဆိုပါတော့။ ဘာကိုလုပ်တယ်ဆိုတာ အတိအကျ မပြောဘူးလေ။ do something လို့ ပြောရတာပေါ့။

အဲဒီလိုပဲ do ကို -
nothing
everything
anything
what တို့နဲ့လည်း သုံးတယ်။

ရှင်းလင်းသွားအောင် ဥပမာလေးတွေ ကြည့်ပါ။

🔸Do something!
တစ်ခုခုလုပ်ပါ။
🔸 I like doing nothing.
ကျွန်တော် ဘာမှမလုပ်ရတာ ကြိုက်တယ်။
🔸 What shall we do?
တို့ဘာလုပ်သင့်လဲ။
🔸 Then he did a very strange thing.
ထို့နောက် သူက အလွန်ထူးဆန်းတဲ့ အရာကို လုပ်ခဲ့တယ်။

♦️ အလုပ်အကြောင်းကို ပြောတဲ့အခါ do -ing ပုံစံနဲ့သုံးပါတယ်။

🔸 I'm not going to do any work today.
ကျွန်တော် ဒီနေ့ ဘာအလုပ်မှ လုပ်မှာမဟုတ်ဘူး။
🔸 I'm going to do some reading.
ကျွန်တော် စာဖတ်တာ လုပ်မယ်။
🔸 I dislike doing housework.
ကျွန်တော် အိမ်အလုပ်တွေ လုပ်ရတာ မကြိုက်ဘူး။
🔸 I hate doing the cooking and shopping.
ကျွန်တော် ချက်ရပြုတ်ရ၊ စျေးဝယ်ထွက်ရတာ မုန်းတယ်။
🔸 Would you like to do my job?
မင်း ငါ့အလုပ် လုပ်ချင်လား။

♦️ တည်ဆောက်တာ၊ ဆောက်လုပ်တာ၊ ဖန်တီးတာ စာတာတွေအကြောင်း ပြောချင်ရင်တော့ make သုံးရတယ်။

🔸 I've just made a cake.
ကျွန်တော် ခုပဲ ကိတ်မုန့်တစ်လုံး လုပ်ပြီးတယ်။
🔸 Let's make a plan.
အစီအစဉ်တစ်ခု ချရအောင်။
🔸 My father and I once made a boat.
ကျွန်တော့်အဖေနဲ့ကျွန်တော် တစ်ခါက လှေတစ်စီးလုပ်ခဲ့တယ်။

ဒီအသုံးအနှုန်းတွေလည်း လေ့လာကျက်မှတ်ထားပါ။ ဒါတွေက အသုံးများတာတွေပေါ့။ အပြည့်အစုံသိချင်ရင်တော့ အဘိဓာန်ကောင်းကောင်း တစ်အုပ်ထဲမှာ ရှာကြည့်ပါ။

🔹 do good / harm / one's best / a favour

🔹 make an offer / arrangements / a suggestion / a decision / an attempt / an effort / an excuse / an exception / a mistake / a noise / a journey / a phone call / money / a profit / love / peace / war / a bed

•••

Telegram Channel
https://t.me/essentialSayaSithuHtet

Essential English Grammar

23 Dec, 14:05


broad နဲ့ wide ဘယ်လိုကွာသလဲ
========================

wide နဲ့ broad နှစ်ခုစလုံးက မြန်မာလိုတော့ "ကျယ်" တယ်ဆိုတဲ့ အဓိပ္ပာယ်ချည်းပါပဲ။

🍓 wide က တစ်ဖက်နဲ့ တစ်ဖက် အကွာအဝေး ကျယ်တာကို ပြောတယ်။
We live in a very wide street.
တို့က အလွန်ကျယ်တဲ့ လမ်းထဲမှာ နေတယ်။

The car's too wide for the garage.
ကားက ဂိုထောင်အတွက် ကျယ်လွန်းတယ်။

broad ကိုတော့ စိတ်ကူးသက်သက်နဲ့ဆိုင်တဲ့ အသုံးအနှုန်းတွေ (abstract expressions) မှာ အများဆုံး သုံးကြတယ်။

broad agreement (= agreement on most points) - ကျယ်ပြန့်တဲ့ သဘောတူညီချက်
broad-minded (=tolerant) - သဘောထားကြီးသော။ တစ်ယူသန် အစွဲမထားသော
broad daylight (= full, bright daylight)

broad ကို တခြား နေရာမှာလည်း သုံးသေးတယ်။
ဒီလိုနေရာတွေပေါ့။

broad shoulders (= wide strong shoulders) - ကျယ်ပြန့်တဲ့ ပခုံးတွေ

ရှုမျှော်ခင်းတွေကို အခံ့သုံးပုံစံနဲ့ ဖော်ပြတဲ့အခါမှာ

Across the broad valley, the mountains rose blue and mysterious.
ကျယ်ပြန့်တဲ့ တောင်ကြားကို ဖြတ်ပြီး တောင်တန်းတွေက ပြာပြီး ဆန်းပြားစွာ ပေါ်ထွက်နေတယ်။

Ref: Basic English Usage (Michael Swan)

Essential English Grammar

17 Dec, 12:42


❗️စိတ်ဝင်စားတယ်❗️

စိတ်ဝင်စားတယ်လို့ ပြောလိုက်ရင် ခေါင်းထဲပေါ်လာတဲ့ စကားလုံးက interest ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ ကျွန်မ ဂီတမှာ စိတ်ဝင်စားတယ်လို့ ပြောချင်တဲ့အခါ I interest music. လို့ ရေးမိနိုင်တယ်။ ဒါဆို လွဲသွားမှာပါ။

interest (v) က စိတ်ဝင်စားတယ်လို့ အဓိပ္ပာယ်ရတာ မှန်တယ်။ ဒါပေမဲ့ တိတိကျကျ ပြောရရင် "စိတ်ဝင်စားစေတယ်" လို့ ​ပြောတာပါ။ interest somebody ပုံစံ သုံးတယ်။

ဥပမာ -
🔸Politics doesn't interest me.
ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး။ (နိုင်ငံရေးက ကျွန်တော့်ကို စိတ်မဝင်စားစေဘူး)
🔸The museum has something to interest everyone, young and old.
ဒီပြတိုက်မှာ လူ ငယ်ငယ်ကြီးကြီး အားလုံးကို စိတ်ဝင်စားစေတာ တစ်ခုခုရှိတယ်။

ကိုယ်က တစ်ခုခုအကြောင်း ပိုသိချင်တာ၊ "စိတ်ဝင်စားတာ" ဆိုရင် be interested in ပုံစံ သုံးရပါတယ်။ ဒီနေရာမှာ interested (စိတ်ဝင်စားသော) က Adjective ပေါ့။

ဥပမာ -
🔸I am very interested in politics.
ကျွန်တော်က နိုင်ငံရေးမှာ သိပ်စိတ်ဝင်စားတယ်။
🔸I was interested in visiting different parts of the world.
ကျွန်တော်က ကမ္ဘာရဲ့ မတူညီတဲ့အရပ်တွေကို အလည်သွားရတာ စိတ်ဝင်စားခဲ့တယ်။

♦️interested ရဲ့ နောက်မှာ preposition ဖြစ်တဲ့ in သုံးတာလေးလည်း မှတ်ထားနော်။ interested to do ဆိုပြီး ​မသုံးရတာ သတိထားပါ။

interested နဲ့ interesting ကို မရောထွေးသင့်ဘူး။ interesting လည်း adjective ပါပဲ။
တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ခုခုက ကိုယ့်ကို စိတ်ဝင်စားစေတဲ့ အရည်အသွေးရှိနေတာ၊ "စိတ်ဝင်စားစရာကောင်းတာ" ဆိုရင် interesting ကို သုံးရပါမယ်။

ဥပမာ -
🔸I've met some very interesting people.
ကျွန်တော်က သိပ်စိတ်ဝင်စားစရာကောင်းတဲ့ လူတချို့နဲ့ ဆုံဖူးတယ်။
🔸There are some interesting old buildings in the village.
ရွာထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အဆောက်အဦဟောင်းတချို့ ရှိတယ်။

ပြန်နှိုင်းယှဉ်ပြောရရင် ဒီလိုတွေ ကွာခြားပါတယ်။
🔹"စိတ်ဝင်စားစေသည်" ဆိုရင် interest (verb)
🔹"စိတ်ဝင်စားသော" ဆိုရင် interested (adjective)
🔹"စိတ်ဝင်စားစရာကောင်းသော" ဆိုရင် interesting (adjective)

မြန်မာလိုပဲ အားကိုးပြီး ပုံသေမှတ်တာထက်၊ သုံးစွဲပုံတွေ၊ ဥပမာတွေနဲ့ တွဲဖက်လေ့လာပြီး မှတ်သားရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

•••

Telegram Channel
https://t.me/essentialSayaSithuHtet

Essential English Grammar

16 Dec, 11:58


used to / be used to / get used to က အဓိပ္ပာယ်အတူတူပဲလား။ ဘယ်အချိန်၊ ဘယ်လိုဆိုလိုရင်းနဲ့ သုံးကြသလဲ။

အသေးစိတ်တွေကို ဒီ video မှာ လေ့လာကြည့်ပါဦး။

https://youtu.be/DEniGUYwdGM

Essential English Grammar

14 Dec, 12:29


Unit 13
I was doing (past continuous)

အတိတ်ကာလက အချိန်တစ်ခုမှာ လုပ်နေဆဲ၊ ဖြစ်နေဆဲ ကိစ္စတွေအတွက် past continuous သုံးစွဲပုံကို အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/iKQsJjtO7eo

Essential English Grammar

09 Dec, 12:49


-ing and -ed clauses
================

"clause ဆိုတာ ဝါကျရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တချို့ clause တွေက -ing သို့မဟုတ် -ed နဲ့ စတယ်။"

ဥပမာ-
Do you know the woman TALKIMG TO TOM?
တွမ့်ကို စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိသလား။
ဒီဝါကျမှာ talking to Tom က clause တစ်ခုပေါ့။ -ing နဲ့ စတယ်နော်။

The boy INJURED IN THE ACCIDENT was taken to hospital.
မတော်တဆမှုမှာ ဒဏ်ရာ ရသွားတဲ့ ကောင်လေးကို ဆေးရုံခေါ်သွားတယ်။
ဒီဝါကျမှာတော့ injured in the accident ဆိုတာက clause တစ်ခုပေါ့။ -ed နဲ့စတယ်။

ဒီနေရာမှာ လွယ်အောင်လို့သာ -ing/ed clause စသည်ဖြင့် သုံးနှုန်းနေပေမဲ့ သူတို့ကို participle clauses တွေလို့ ခေါ်တာပါပဲ။

"We use -ing clauses to say what somebody or (something) is (or was) doing at a particular time."
"တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်စုံတစ်ခုက အချိန်တစ်ခုမှာ လုပ်နေတာကို ပြောဖို့ -ing clauses တွေကို သုံးတယ်။"

Do you know the woman TALKING TO TOM?
တွမ့်ကို စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိလား။ (အမျိုးသမီးက တွမ့်ကို စကားပြောနေတာကို ညွှန်ပြတယ်)

Police INVESTIGATING THE CRIME are looking for three men?
ရာဇဝတ်မှုကို စုံစမ်းနေတဲ့ ရဲတွေက လူသုံးယောက်ကို ရှာနေတယ်။
(ရဲတွေက ရာဇဝတ်မှု စုံစမ်းနေတာကို ညွှန်ပြ)

Who were those people WAITING OUTSIDE?
အပြင်မှာ စောင့်နေတဲ့ သူတွေက ဘယ်သူလဲ။
(အပြင်မှာ စောင့်နေတာကို ညွှန်ပြ)

I was woken up by a bell RINGING?
မြည်နေတဲ့ ခေါင်းလောင်းသံကြောင့် နိုးလာတယ်။
(ခေါင်းလောင်း မြည်နေတာကို ညွန်ပြ)

"You can also use an -ing clause to say what happens all the time, not just a particular time."
"အချိန်တစ်ခုမှာတင်မဟုတ်ဘဲ တချိန်လုံးဖြစ်နေတဲ့ အရာကိုပြောဖို့လည်း -ing clause ကို သုံးနိုင်တယ်။"

The road connecting the two villages is very narrow.
ရွာနှစ်ရွာကို ဆက်ထားတဲ့ လမ်းက အရမ်းကျဉ်းတယ်။

I have a large room overlooking the garden.
ဥယျာဉ်ကို စီးမိုးထားတဲ့ အခန်းကြီးတစ်ခန်း ငါ့မှာရှိတယ်။

Can you thing of a flower beginning with T?
T နဲ့စတဲ့ ပန်းကို စဉ်းစားနိုင်သလား။

" -ed clauses have a positive meaning."
" -ed clauses တွေမှာ passive အဓိပ္ပာယ်ရှိတယ်။"

The boy injured in the accident was taken to hospital.
မတော်တဆမှုမှာ ဒဏ်ရာ ရသွားတဲ့ ကောင်လေးကို ဆေးရုံခေါ်သွားတယ်။
(The boy was injured in the accident. လို့ passive သဘောဆိုလိုတယ်။ Subject က ပြုလုပ်ခြင်းခံရတဲ့သဘောဆို passive ဆိုတာတော့ သိပြီးရောပေါ့နော်)

George showed me some pictures painted by his father.
ဂျော့က သူ့အဖေဆွဲထားတဲ့ ပုံတချို့ ငါ့ကိုပြတယ်။
(They had been painted by his father. လို့ passive သဘော ဆိုလို)

"injured and invited are past participles. Note that many past participles are irregular and do not end in -ed (stolen/made/written, etc.)"
"injured နဲ့ invited တို့က past participes တွေပါ။ past participles တွေ များစွာက ပုံမမှန်တွေဖြစ်ပြီး -ed နဲ့ မဆုံးတာ သတိပြုပါ။ (stolen/made/written စသည်ဖြင့်)"

The police never found the money stolen in the robbery.
ဓားပြမှုမှာ ခိုးယူသွားတဲ့ ပိုက်ဆံကို ရဲအဖွဲ့ကရှာမတွေ့ဘူး။

Most of the goods made in this factory are exported.
ဒီစက်ရုံမှာလုပ်တဲ့ ကုန်စည်အများစုကို ပြည်ပတင်ပို့တယ်။

You can use left in this way, with the meaning "not used, still there "
"မသုံးရသေး/ ရှိနေသေး" ဆိုတဲ့ အဓိပ္ပာယ်နဲ့ left ကို ဒီနည်းနဲ့ သုံးနိုင်ပါတယ်။

We've eaten nearly all the chocolates. There are only a few left.
တို့က ချောကလက် အားလုံးနည်းပါးကို စားပြီးပြီ။ နည်းနည်းပဲ ကျန်တော့တယ်။

"We often use -ing and -ed clauses after there is/ there was, etc."
"There is/there was စသည်ဖြင့် ရဲ့ နောက်မှာ -ing နဲ့ -ed clauses တွေ သုံးလေ့ရှိပါတယ်။"

There were some children swimming in the river.
မြစ်ထဲမှာရေကူးနေတဲ့ ကလေးတချို့ရှိတယ်။

Is there anybody waiting?
စောင့်နေတဲ့သူ တစ်ယောက်ယောက် ရှိလား။

There was a big red car parked outside the house.
အိမ်ပြင်မှာ ရပ်ထားတဲ့ ကားအနီကြီး တစ်စီး ရှိတယ်။

Ref: English Grammar in Use (Raymomd Murphy)

ပိုကျွမ်းကျင်အောင် လေ့ကျင့်ဖြေဆိုချင်သူများအတွက် လေ့ကျင့်ခန်းနဲ့ အဖြေပေးထားပါတယ်။ စာရွက်ပေါ်မှာ ချရေးပြီး ဖြေကြည့်ပါ။

Essential English Grammar

05 Dec, 13:46


Lesson 54

Are you into + (noun) ပုံစံသုံးပြီး လူတွေမှာ ရှိနိုင်မယ့် စိတ်ဝင်စားမှု၊ ဒါမှမဟုတ် သူတို့လုပ်ရမှာ ပျော်မွေ့နိုင်တဲ့ စိတ်ဝင်စားမှုအကြောင်းကို ပြောပုံတွေ လေ့လာကြည့်ပါဦး။

https://youtu.be/y2P_akRRXDQ

Essential English Grammar

27 Nov, 08:57


Lesson 53

You'd better ပုံစံသုံးပြီးတစ်ခုခု လုပ်သင့်တာကို အကြံပြုတဲ့ပုံစံလေး လေ့လာကြည့်ရအောင်။

https://youtu.be/k2DckxIa9L4

Essential English Grammar

19 Nov, 12:29


Unit 12
I didn't ... Did you ...? (Past simple negative and questions)

အတိတ်ကာလအကြောင်းတွေကို ပြောရာမှာ အငြင်းဝါကျတွေ၊ မေးခွန်းတွေ ဘယ်လိုမျိုး ပြောရ၊ ရေးရသလဲဆိုတာ အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/gXk_Seh6FgA

Essential English Grammar

12 Nov, 12:26


Unit 11
worked/got/went etc. (past simple)

အတိတ်ကာလအကြောင်းတွေကို ပြောဖိုအတွက် past simple ကို ကြေကြေညက်ညက် နားလည်ဖို့ လိုပါတယ်။ ဒီသင်ခန်းစာမှာ past simple နဲ့ ရေးပုံ၊ ပြောပုံတွေကို အသေးစိတ်ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/mQYjLw3a9IQ

Essential English Grammar

11 Nov, 13:22


Essential English Grammar pinned «🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။ 🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။ 🔸 အင်္ဂလိပ်လို ပြောတာတွေကို နားလည်ဖို့အတွက်ရော။ 🔸 အင်္ဂလိပ်လို ရေးဖို့အတွက်ဆိုရင်လည်း လိုအပ်တာ ဘာရှိမလဲ။ ဟုတ်ပါတယ်။ ဒါတွေအားလုံးအတွက် စကားလုံးတွေ…»

Essential English Grammar

11 Nov, 12:36


🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။
🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။
🔸 အင်္ဂလိပ်လို ပြောတာတွေကို နားလည်ဖို့အတွက်ရော။
🔸 အင်္ဂလိပ်လို ရေးဖို့အတွက်ဆိုရင်လည်း လိုအပ်တာ ဘာရှိမလဲ။

ဟုတ်ပါတယ်။ ဒါတွေအားလုံးအတွက် စကားလုံးတွေ သိဖို့လိုပါတယ်။ ဝေါဟာရ ကြွယ်ဝဖို့ လိုပါတယ်။

Level အားလုံးအတွက် လုံလောက်တဲ့ ဝေါဟာရတွေသာမရှိရင် အင်္ဂလိပ်လို ရေး၊ ဖတ်၊ ပြော၊ နားထောင် အားလုံးအတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ။

💟 အင်္ဂလိပ်ဝေါဟာရတွေ မှတ်သားတဲ့အခါ သာမန်ကာလျှံကာ မှတ်သားသွားတာထက် အမျိုးအစားအလိုက် အုပ်စုဖွဲ့မှတ်သားတာ၊ မှားတတ်တာတွေ နှိုင်းယှဉ်ဂရုပြုလေ့လာတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာက ပိုပြီး ဝေါဟာရတွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်စေပါတယ်။

အင်္ဂလိပ်ဝေါဟာရတွ တိတိကျကျ နားလည်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စေဖို့ Vocabulary သင်တန်းလေး ဖွင့်လှစ်ပေးထားလိုက်ပါတယ်။

ဒီသင်တန်းမှာ
🔹ဝေါဟာရတွေကို အကြောင်းအရာအလိုက် သင်ပြပေးထားတယ်။
🔹 မှတ်သားရလွယ်အောင် ထပ်ခါ ထပ်ခါ ရှင်းပြပေးထားတယ်။
🔹 မှားတတ်တာတွေကို ရှင်းပြထားတယ်။
🔹 လေ့ကျင့်ခန်းတွေကိုလည်း ​စဉ်းစားပြ၊ ရှင်းပြ၊ ဖြေပြထားတယ်။

♦️ အချိန်မရွေး အထပ်ထပ်လေ့လာနိုင်အောင် Telegram private group ထဲမှာ Video နဲ့ သင်ခန်းစာတွေ သင်ပြပေးမယ့် ပုံစံ ဖြစ်ပါတယ်။ video နဲ့မို့ ကိုယ်အားချိန်၊ အဆင်ပြေချိန် ဘယ်ချိန်မဆို သင်ခန်းစာတွေ စိတ်ကြိုက် အထပ်ထပ် လေ့လာလို့ ရပါတယ်။

သင်တန်းကို elementary level အတွက်ရယ်၊ pre-intermediate and intermediate level အတွက်ရယ် နှစ်ခု ခွဲပေးထားပါတယ်။

elementary level အတွက် English Vocabulary in Use (elementary) စာအုပ်ကို အသုံးပြုပြီး သင်ပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
💟 The family
https://youtu.be/8sDglwvap8Y?si=hlZr9PJsIUW-RHtU
💟 Birth, marriage and death
https://youtu.be/-mMkHuZ5vKk?si=dtgf6YFciiZ9q8Jf
💟 Parts of the body
https://youtu.be/6FXYV7TNT3o?si=SOSrU5fifw0wCnE9
💟 Clothes
https://youtu.be/NGaawhjgsvc?si=cl1geQ3nhDV4DjZN

pre-intermediate and intermediate level
အတွက် English Vocabulary in Use (pre-intermediate and intermediate) စာအုပ်အသုံးပြုပြီး သင်ကြားပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
Learning vocabulary
https://youtu.be/ma87PRHMTJ0?si=z4ZMbjO4ZUIgrWwk
Keeping a vocabulary notebook
https://youtu.be/f4NhWYHIeX8?si=r7H_pAz2YntvzSl4

elementary level အတွက် သင်တန်းကြေး သုံးသောင်းကျပ် (30000) သာ ဖြစ်ပါတယ်။

pre-intermediate to imtermediate level အတွက်သင်တန်းကြေး လေးသောင်းကျပ် (40000) သာ ဖြစ်ပါတယ်။

🌠 သင်တန်းနှစ်ခုလုံးက Telegram group ထဲမှာ video သင်ခန်းစာတွေကြည့်ပြီး လေ့လာရမှာဖြစ်တဲ့အတွက် Telegram  ရှိနေသရွေ့/ account မပျက်သရွေ့ ရာသက်ပန်လေ့လာနိုင်ပါတယ်။

သင်တန်းအပ်မယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး အပ်လို့ရပါတယ်။
t.me/SayaSithuHtetEssentialEnglish

Essential English Grammar

01 Nov, 13:11


Unit 10
was/were

အတိတ်ကာလအကြောင်းတွေကို ပြောဖို့အတွက် was/ were သုံးစွဲပြီး ပြောပုံ၊ ရေးပုံကို လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/IcirbiQkEBc

Essential English Grammar

30 Oct, 12:44


Unit 9
I have ... and I've got

have နဲ့ have got သုံးစွဲပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/OzA3aJNzy1o

Essential English Grammar

25 Oct, 12:36


Lesson 52
You seem + (adj) ပုံစံသုံးပြီး တစ်ခုခု ဖြစ်ပုံပေါ်၊ ဖြစ်ဟန်ရှိတဲ့အကြောင်း ပြောပုံကို လေ့လာကြည့်ကြစို့နော်။

https://youtu.be/NBKtu0CSTLg

Essential English Grammar

22 Oct, 11:53


Unit 8
I am doing (present continuous) and I do (present simple)

present continuous နဲ့ present simple အကြောင်း လေ့လာပြီးတဲ့အခါ ဒီတစ်ခါမှာတော့ အဲဒီ tense နှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/SsXuMewYRyM

Essential English Grammar

20 Oct, 12:30


Lesson 51

You're supposed to + (verb) ပုံစံ သုံးပြီး စကားပြောတဲ့ ပုံစံလေး လေ့လာကြည့်ပါဦး။

https://youtu.be/DXyhTFfwhSU

Essential English Grammar

17 Oct, 12:53


Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။

Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။

Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။

ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။

ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။

ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။

ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။

ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။
t.me/SayaSithuHtetEssentialEnglish

Essential English Grammar

03 Oct, 08:53


Unit 7
Do you (present simple questions)

present simple နဲ့ ပတ်သက်ပြီး ရိုးရိုးဝါကျပုံစံတွေ၊ အငြင်းပုံစံတွေ ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါ မေးခွန်းပုံစံနဲ့ လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/aTV6qkPlPME

Essential English Grammar

01 Oct, 12:30


Unit 6
I don't (present simple negative)

present simple အကြောင်း နားလည်ပြီးပြီဆိုရင် ဒါကို negative ပုံစံနဲ့ တစ်ခါ လေ့လာကြည့်ရအောင်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/6p3LHZMflUk

Essential English Grammar

24 Sep, 13:39


Unit 5
I do/ work/ like etc. (present simple)

ဒီတစ်ခါမှာတော့ present simple ကို လေ့လာကြည့်ရအောင်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/JswN1mKlhSs

Essential English Grammar

22 Sep, 10:55


"(be) used to + noun or … -ing"

ကျွန်တော်တို့ used to + infinitive ကို အတိတ်မှာ ပုံမှန်လုပ်လေ့ရှိတာတွေအကြောင်း ပြောဖို့ ဘယ်လိုသုံးရသလဲဆိုတာကို ပြောခဲ့ပြီးပြီနော်။ ဒါဆိုရင် သူနဲ့ ပုံစံချင်းဆင်တဲ့ be + used to ကရော ဘာအတွက် သုံးတာလဲ။

ဒါကိုမပြောခင်မှာ အခြေအနေလေးတစ်ခုကို ကြည့်ရအောင်။ ကျွန်တော်တို့ အရင်တုန်းက ၂၄ နာရီအပြည့် လျှပ်စစ်မီးရတယ်။ အဲဒီလိုဖြစ်နေရာကနေ ရုတ်တရက် လူရွှင်တော်တွေပြောသလို ၂ ရက်ကို ၄ နာရီလောက်ပဲ လာတော့တဲ့အခါ မနေတတ်၊ မထိုင်တတ်ဖြစ်သွားတယ်မဟုတ်လား။ အခုတော့ မီးပြတ်ရင် သိပ်မထူးတော့ဘူး။ ဒါက ဘာဖြစ်သွားတာလဲ။ အကျင့်ဖြစ်သွားတာ၊ ကျင့်သားရသွားတာပေါ့။ ဒီလိုမျိုးသဘောနဲ့ဆိုရင် be used to သုံးနိုင်ပါတယ်။

be used to ရဲ့နောက်မှာ noun သို့မဟုတ် -ing ပုံစံ လိုက်နိုင်ပါတယ်။

be used to ရဲ့ အဓိပ္ပာယ်က used to + infinitive နဲ့ တော်တော်ကွာတယ်နော်။ be used to က ကျင့်သားရတာ၊ used to + infinitive က အရင်တုန်းက ပုံမှန်လုပ်ခဲ့ပြီး ခုမလုပ်တော့တာ။

be used to ကို အင်္ဂလိပ်လို ရှင်းပြထားတာလေး ဖတ်ကြည့်ပါဦး။

♦️ If you say that you are used to something, you mean that you know it well. You have experienced it so much that it is no longer strange to you.

be used to + noun ပုံစံလေးကို အရင် ကြည့်ရအောင်။

ဥပမာ
🔹 I’m used to London traffic – I’ve lived here for six years.
ကျွန်တော်က လန်ဒန်က ယာဉ်အသွားအလာနဲ့ ကျင့်သားရနေပါပြီ။ ဒီမှာနေလာတာ ခြောက်နှစ်ရှိပြီလေ။
🔹 At the beginning, I couldn’t understand the Londoners, because I wasn’t used to their accent.
အစတုန်းကတော့ လန်ဒန်သားတွေပြောတာ နားမလည်ဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လေသံနဲ့ အကျင့်မရသေးဘူးလေ။

♦️ be used to ရဲ့နောက်မှာ -ing ပုံစံကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ infinitive ပုံစံကိုတော့ မသုံးနိုင်ပါဘူး။ infinitive ဆိုတာကတော့ verb တစ်ခုရဲ့အခြေခံပုံစံကို ပြောမှန်းသိတယ်နော်။ (ဥပမာ go ဆိုရင် go ပဲ။ goes, went, gone, going စတာတွေမဟုတ်ဘူး။)

ဥပမာ ကြည့်ရအောင်။
🔸 I’m used to driving in London now, but it was hard at the beginning. (NOT I’m used to drive …)
ကျွန်တော်က အခု လန်ဒန်မှာ ကားမောင်းရတာကို ကျင့်သားရနေပြီ။ ဒါပေမဲ့ အစတုန်းကတော့ ခက်တာပေါ့။
🔸 It was a long time before she was completely used to working with old people.
ကြာတော့မှပဲ သူက လူကြီးတွေနဲ့ အလုပ်လုပ်ရတာကို လုံးဝကျင့်သားရသွားတော့တယ်။

🔰 get used to က become used to လို့ အဓိပ္ပာယ်ရပါတယ်။

🔹 You’ll soon get used to living in the country.
မကြာခင်မှာ ခင်ဗျားကျေးလက်ဒေသမှာနေရတာကို ကျင့်သားရလာပါလိမ့်မယ်။

Ref: Basic English Usage

Essential English Grammar

20 Sep, 13:28


"used to ကို ဘယ်လိုသုံးကြမလဲ"

used to ကို သုံးစွဲတဲ့ပုံစံနှစ်မျိုးကို မြင်ရတတ်တော့ ကျွန်တော်တို့ ရောထွေးသွားတတ်တယ်။ တစ်ခုကတော့ used to ဆိုပြီး သုံးစွဲတာနဲ့ နောက်တစ်ခုကတော့ am/ is/ are တစ်ခုခုနဲ့ used to ကို ပေါင်းပြီး သုံးစွဲတာပါ။ တစ်ခုနဲ့တစ်ခု သုံးစွဲပုံလည်း မတူ၊ အဓိပ္ပာယ်လည်း မတူတော့ သေသေချာချာလေး ခွဲခြားလေ့လာကြည့်ရအောင်။

ဒီအခြေအနေလေးကို စဉ်းစားကြည့်လိုက်ပါ။

ကျွန်တော်တို့ တစ်ခုခုကို အရင်တုန်းက ပုံမှန်လုပ်တယ်။ အခုတော့ မလုပ်တော့ဘူး ဆိုပါစို့။ ဆေးလိပ်သောက်တာပဲ ဥပမာ ပေးလိုက်ရအောင်။ အရင်တုန်းက ဆေးလိပ် ပုံမှန်သောက်ဖြစ်တယ်။ အခုတော့ မသောက်တော့ဘူး။ ဒါဆို အဲဒါကို ပြောဖို့ ဘယ်လို သုံးစွဲနိုင်မလဲ။

🔸 I used to smoke, but I’ve stopped.
ကျွန်တော် ဆေးလိပ်သောက်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ ဖြတ်လိုက်ပါပြီ။

ဒီစာကြောင်းလေးကို ကြည့်လိုက်ရင် ကျွန်တော်တို့ အတိတ်ကာလမှာ လုပ်ခဲ့တဲ့အကြောင်းကိုပဲ ပြောနေတာ တွေ့မယ်နော်။ ဒါကြောင့် used to ကို သုံးထားတယ်။ used to မှာ present ပုံစံ မရှိဘူး။ used to ကို အတိတ်ကာလအတွက်ပဲ သုံးရတယ်။

♦️ used to ကို အခုတော့ ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်က အလေ့အထတွေနဲ့ အခြေအနေတွေကို ဖော်ပြဖို့ သုံးပါတယ်။

နောက်ထပ် ဥပမာလေးတစ်ခုကို ကြည့်ရအောင်။

🔸 She used to be very shy.
သူက သိပ်ပြီး ရှက်တတ်လေ့ ရှိခဲ့တယ်။

ဒါဆိုရင် အရင်တုန်းက သူသိပ်ပြီး ရှက်တတ်တယ်။ ခုတော့ မရှက်ကြောက်တော့ဘဲ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ ရှိလာပြီဆိုတဲ့ သဘောပေါ့။

အတိတ်တုန်းက အလေ့အထတွေကို ပြောတဲ့အခါ used to သုံးတယ်ဆိုတော့ အခု အလေ့အထကို ပြောတဲ့အခါမှာ use to ဆိုပြီး သုံးလိုက်ရမလား။ ဘယ်ဟုတ်ပါ့မလဲ။ ခုလို မှတ်ထားပါ။

To talk about present habits and states, we usually just use the simple present tense.
ပစ္စုပ္ပန် အလေ့အထတွေနဲ့ အခြေအနေတွေကို ပြောဖို့ simple present tense ကိုပဲ သုံးလေ့ရှိတယ်။

ဥပမာတွေကို ကြည့်ရအောင်။

🔸 He smokes. (NOT He uses to smoke.)
သူက ဆေးလိပ်သောက်တတ်တယ်။
🔸 Her sister is still very shy.
သူ့ရဲ့ညီမက သိပ်ပြီး ရှက်တတ်တုန်းပဲ။

used to ကို မေးခွန်းတွေ၊ အငြင်းဝါကျတွေမှာ ပုံမှန်အားဖြင့် did နဲ့ သုံးတယ်။
• Did + Subject + use to …?
• Subject + didn’t + use to …

Formal style မှာတော့ used to က modal auxiliary verb ရဲ့ ပုံစံရှိနိုင်တယ်။ ဆိုလိုတာက မေးခွန်းတွေနဲ့ အငြင်းဝါကျတွေမှာ do မသုံးဘဲ used to သုံးလို့ ရတယ်။

နှိုင်းယှဉ်လေ့လာကြည့်ရအောင်။

🔹 ကျောင်းမှာတုန်းက မင်း ဘောလုံးကစားလေ့ရှိခဲ့သလား။
Did you use to play football at school? (informal)
Used you to play football at school? (formal)
🔹 ကျွန်မက အော်ပရာတွေကို မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကြိုက်တယ်။
I didn’t use to like opera, but now I do. (informal)
I used not to like opera, but now I do. (formal)

ဒီတစ်ချက်ကိုတော့ မှတ်ထားပါ။
♦️ We do not use used to to say how long something took, or how often it happened.
တစ်ခုခုက ဘယ်လောက်ကြာတယ် ဒါမှမဟုတ် ဘယ်နှစ်ကြိမ်ဖြစ်ပွားတယ်ဆိုတာကို ပြောဖို့ used to မသုံးပါဘူး။

🔸 I lived in Chester for three years. (NOT I used to live in Chester for three years.)
ကျွန်တော်က ချက်စတာမှာ သုံးနှစ်ကြာအောင် နေခဲ့တယ်။
🔸 I went to France seven times. (NOT I used to go to France seven times.)
ကျွန်တော်က ပြင်သစ်ကို ခုနစ်ကြိမ်သွားခဲ့တယ်။

used to + infinitive နဲ့ be used to … ing ပုံစံက အဓိပ္ပာယ်အတော်ကွာတဲ့အတွက် ဒီနှစ်ခု ရောလို့ မရပါဘူး။ be used to … ing အကြောင်းကိုလည်း ဆက်ကြည့်ကြမယ်နော်။

Ref: Basic English Usage

Essential English Grammar

31 Aug, 13:13


Unit 4
Are you doing (present continuous questions)

present continuous နဲ့ ဝါကျတွေ ရေးပုံ၊ ပြောပုံကို လေ့လာပြီးတဲ့အခါ မေးခွန်းတွေ လုပ်နိုင်ဖို့ present continuous questions ကို လေ့လာကြည့်ရအောင်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/fHHBs20PiTo?si=hIH2rS-pKggBUXLg