TU Network @tunetworkofficial Channel on Telegram

TU Network

@tunetworkofficial


Technological Universities Network - Ministry of Education, National Unity Government

TU Network (English)

Are you interested in the latest advancements in technology and education? Then look no further than the TU Network channel on Telegram! As the official channel of Technological Universities Network under the Ministry of Education in the National Unity Government, we bring you exclusive updates, news, and resources related to the intersection of technology and education. Who are we? We are a network of universities dedicated to promoting innovation and excellence in education through the integration of technology. Our mission is to provide students and educators with the tools they need to succeed in the rapidly evolving digital landscape. What do we offer? By following our channel, you will gain access to a wealth of information on cutting-edge research, technological trends, educational opportunities, and more. Whether you are a student looking to stay ahead of the curve or an educator seeking resources to enhance your teaching, the TU Network has something for everyone. Stay connected with us to join a community of like-minded individuals who share a passion for technology and education. Don't miss out on the opportunity to be part of the future of learning. Join the TU Network channel today and be at the forefront of innovation in education!

TU Network

19 Jan, 04:59


@TUNwk25 မှာ လာ​ရောက်​မေးမြန်းထားတဲ့ ​မေးခွန်း​တွေကို ပြန်လည်​ဖြေဆို​ပေးထားပါတယ်။ ဆက်လက်​မေးမြန်းချင်တာများ အ​ဖြေမပါသွားတာများရှိရင် @TUNwk25 သို့ ဆက်သွယ်​မေးမြန်း​ပေးပါ​နော်။

TU Network

19 Jan, 04:58


အ​ဖြေက ဒီမှာ ဖတ်ပါ 🩷

စုစုပေါင်း မေးခွန်း ၃၁ ခုအားပြန်လည်ဖြေကြား ပေးလိုက်ပါသည်။
၁။ ဖြေဆိုရမည်ဖြစ်ပါသည်။ ၂ လခန့်အချိန်ကျန်ရှိပါသည်။
၂။ [email protected] သို့ ဆက်သွယ်ဆောင်ရွက်ပါရန်။
၃။ သက်ဆိုင်ရာတက္ကသိုလ်နှင့် ကြိုးစားချိတ်ဆက် တင်ပြပေးပါမည်။
၄။ Batch 4 ဖွင့်မဲ့ရက်ကို TU Network ကနေ မကြာမီကြေငြာပေးမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင် လာရောက်ဆက်သွယ်ပြီး သက်ဆိုင်ရာ အတန်းများအလိုက် ဆက်လက်သင်ယူနိုင်ပါတယ်။
၅။ Mechanical ဘာသာရပ်အတွက် သင်တန်းနှစ်အစုံ ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါသည်။
၆။ BECA ဖြေဆိုထားတဲ့ သူတွေက TU အတွက် Grade သတ်မှတ်ချက်ဖြင့် ခေါ်ယူမည်ဖြစ်ပါသည်။
အင်ဂျင်နီယာဘာသာရပ်နှင့်နှီးနွှယ်နေသည့် သင်ယူခဲ့ပြီးသော ဘာသာရပ်များအားလုံးကို လွှမ်းခြုံအောင်လေ့လာထားရန် အကြံပြုပါသည်။
၇။ Online မှတဆင့် ဖြေဆိုရန် ရိုးရှင်းလွယ်ကူသည့် စနစ်ကိုသာ အသုံးပြုသွားမည်ဖြစ်ပါသည်။
၈ ။ Batch 4 ဖွင့်မဲ့ရက်ကို TU Network ကနေ မကြာမီကြေငြာပေးမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင် လာရောက်ဆက်သွယ်ပြီး သက်ဆိုင်ရာ အတန်းများအလိုက် ဆက်လက်သင်ယူနိုင်ပါတယ်။
၉။ Archi major က 1st year to final year ဖွင့်လှစ်ထားပါတယ်။
၁၀။ [email protected] သို့ ဆက်သွယ်ဆောင်ရွက်ရန်အကြံပြုပါသည်။
၁၁။ Batch 4 ဖွင့်မဲ့ရက်ကို TU Network ကနေ မကြာမီကြေငြာပေးမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင် လာရောက်ဆက်သွယ်ပြီး သက်ဆိုင်ရာ အတန်းများအလိုက် ဆက်လက်သင်ယူနိုင်ပါတယ်။
၁၂။ Civil ဘာသာရပ်သို့ ချိတ်ဆက်အကြောင်းကြားထားပါသည်။
၁၃။ [email protected] သို့ ဆက်သွယ်ဆောင်ရွက်ရန်အကြံပြုပါသည်။ ကွန်ရက်အနေဖြင့်လည်း အသိပေးအကြောင်းကြားပေးပါမည်။
၁၄။ တက္ကသိုလ်ဝင်ခွင့်အား နည်းပညာတက္ကသိုလ် (မော်လမြိုင်)မှ ပထမအကြိမ်ခေါ်ယူပြီးဖြစ်ပါသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသည့်အခါ ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်များအနေဖြင့် အမှတ်စာရင်းမိတ္တူ နှင့် BECA (စနစ်ဟောင်း)များအနေဖြင့် Grading Certificate မိတ္တူ လိုပါမည်။ ဝင်ခွင့်အရည်အချင်းစစ် ဖြေဆိုရမည်ဖြစ်ပါသည်။
၁၅။ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။ BECA (စနစ်ဟောင်း) များကိုလည်းခေါယူမှာဖြစ်ပါသည်။ ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်များအနေဖြင့် အမှတ်စာရင်းမိတ္တူ နှင့် BECA (စနစ်ဟောင်း)များအနေဖြင့် Grading Certificate မိတ္တူ လိုပါမည်။
၁၆။ ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်များအနေဖြင့် Engineering Knowledge, Mathematics, English Proficiency , Political, General Knowledge ဆိုင်ရာ လူတွေ့စစ်မေးမှုကို Inperson ဖြေဆိုရမှာဖြစ်ပါသည်။ English Proficiency အတွက် 4 skill လေ့လာထားလျှင် ပြည့်စုံပါသည်။
၁၇။ [email protected]သို့ဆက်သွယ်ပေးပါရန်။
၁၈။ ဒုတိယအကြိမ်ဝင်ခွင့်မှာ Architecture ဘာသာရပ်ကို ပထမနှစ် ဖွင့်လှစ်နိုင်ရေးအတွက် ဗိသုကာဘာသာရပ်အဖွဲ့အနေနဲ့ စည်းဝေးညှိနှိုင်းပြီး ကြိုးစားဆောင်ရွက်ပါ့မယ်။
၁၉။ Batch 4 ဖွင့်မဲ့ရက်ကို TU Network ကနေ မကြာမီကြေငြာပေးမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင် လာရောက်ဆက်သွယ်ပြီး သက်ဆိုင်ရာ အတန်းများအလိုက် ဆက်လက်သင်ယူနိုင်ပါတယ်။
၂၀။ စိတ်အားထက်သန်စွာ ကူညီပေးဖို့အတွက် ကမ်းလှမ်းလာခြင်းအား လေးစားပါသည်။ Volunteer ဆရာ/မ တွေ ခေါ်ယူဖို့အတွက် သက်ဆိုင်ရာ ဘာသာရပ်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါမည်။
၂၁။ ရပါတယ်။ ယခုအကြိမ်တွင် ကြိုးစားဖြေဆိုပေးဖို့ အကြံပြုပါသည်။
၂၂။ EC ဘာသာရပ်ဘက်မှ ကြိုးစားဆောင်ရွက်နေပါသည်။
၂၃။ Batch 4 ဖွင့်မဲ့ရက်ကို TU Network ကနေ မကြာမီကြေငြာပေးမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင်လာရောက်ဆက်သွယ်ပြီး သက်ဆိုင်ရာ အတန်းများအလိုက် ဆက်လက်သင်ယူနိုင်ပါတယ်။
B.E (Bachelor f Engineering )- သင်တန်းနှစ် ၆ နှစ်
B.Tech (Bachelor of Technology) - သင်တန်းနှစ် ၄ နှစ်
အဓိကကွာခြားချက်ကတော့ Compentency Frame များနှင့် နိုင်ငံတကာစံနှုန်းများကွာခြားပါသည်။
၂၄။ ရေကြောင်းတက္ကသိုလ်များမှ ကျောင်းသားများဆက်လက်ပညာသင်ယူခွင့်ရရှိစေမည့် နည်းလမ်းများကို ဆွေးနွေးနေဆဲဖြစ်ပါသည်။
၂၅။ စိတ်ပါဝင်စားသည့် ကျေးဇူးတင်ပါသည်။ လောလောဆယ် ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်များနှင့် BECA (စနစ်ဟောင်း) အောင်မြင်ထားသူများကိုသာ လက်ခံသင်ကြားပေးနိုင်ပါသည်။ နှစ်ချို့ ကျောင်းသားများအတွက်လည် ပညာဆက်လက်သင်ယူနိုင်ခွင့် နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းပေးပါမည်။
၂၆။ TU Network မှ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူတဲ့အခါ Architecture ဘာသာရပ်ကို ခေါ်ယူမဲ့ သက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်တွေမှာ လျှောက်ထားနိုင်ပါတယ်။
၂၇။ TU Network မှ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူတဲ့အခါ Architecture ဘာသာရပ်ကို ခေါ်ယူမဲ့ သက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်တွေမှာ လျှောက်ထားနိုင်ပါတယ်။

TU Network

19 Jan, 04:58


၂၈။ BECA ဖြေဆိုထားတဲ့ သူတွေက TU အတွက် Grade သတ်မှတ်ချက်ဖြင့် ခေါ်ယူမည်ဖြစ်ပါသည်။ သတ်မှတ်ချက်ပြည့်မီပါက လျှောက်ထားနိုင်ပါသည်။
၂၉။ ပထမနှစ်၊ ဒုတိယနှစ်ဝက်ကနေ စတင်တက်ရောက်လို့ရပါသည်။ နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်က်ကောင်စီများ ကွန်ရက်မှ စတုတ္ထအကြိမ် ခေါယူသည့်အခါ ဝင်ခွင့်မှတ်ပုံတင်ပြီး လျှောက်ထားလို့ရပါသည်။ ကွန်ရက်သည် တက္ကသိုလ်ကောင်စီ စုစုပေါင်း (၃၄) ခုမှ ဘုံသဘောထားဖြင့် စုဖွဲ့ထားပြီး ကြားကာလ ပုံမှန်သင်ကြားရေးကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။

၃၀။ မြို့ပြအင်ဂျင်နီယာနှင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်များအတွက် သင်တန်းနှစ်များအားလုံးဖွင့်လှစ်သင်ကြားပေးနေပါသည်။ နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်က်ကောင်စီများ ကွန်ရက်မှ စတုတ္ထအကြိမ် ခေါယူသည့်အခါ ဝင်ခွင့်မှတ်ပုံတင်ပြီး လျှောက်ထားလို့ရပါသည်။ ကွန်ရက်သည် တက္ကသိုလ်ကောင်စီ စုစုပေါင်း (၃၄) ခုမှ ဘုံသဘောထားဖြင့် စုဖွဲ့ထားပြီး ကြားကာလ ပုံမှန်သင်ကြားရေးကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။

၃၁။ သန်လျင်နည်းပညာတက္ကသိုလ်၏ ပထမအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွင် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်များကိုသာ ခေါယူခဲ့ခြင်းဖြစ်ပါသည်။ မကြာမီ ခေါ်ယူမည့် သန်လျင်နည်းပညာတက္ကသိုလ်၏ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွင်၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်များနှင့် BECA (စနစ်ဟောင်း)များကို ခေါ်ယူသွားမှာဖြစ်ပါသည်။

TU Network

19 Jan, 04:57


အ​မေးများ​သော ​​မေးခွန်းများ (၃)

1. ပထမနှစ် ဒုတိယနှစ်ဝက် IT က Video 2 ခုပဲတင်​​ပေးထားတာပါ။ အဲဒါ စာ​မေးပွဲ​ဖြေဖို့ လိုလား။ အချိန်ဘယ်​လောက်ကျန်​သေးလဲသိချင်ပါတယ်။

2.မင်္ဂလာပါရှင့်
နည်းပညာတက္ကသိုလ်တစ်ခုက Elecronics major က CDM ဆရာမပါရှင့်
DMMG:
မင်္ဂလာပါရှင့်
နည်းပညာတက္ကသိုလ်တစ်ခုက Elecronics major က CDM ဆရာမပါရှင့်

Position တစ်ခုလောက် volunteer လုပ်ချင်ပါတယ်ရှင့် TUM ပါရှင့်

3. MAEU - Fourth Year CDM Student အတွက် ဘယ်လိုဆက်လက်သင်ယူရမလဲ သိချင်လို့ပါဗျ

4. Information technology (wytu) final year sec sem အတွက်ထပ်ဖွင့်ဖို့ရှိလားဟင်

5. Hi ကျနော်က mechanical 4th year ကျောင်းသားပါ။CDM လုပ်ထားတာကြာပါပီ အသုတ်တွေကိုစောင့်နေရင်းကနေ အခုထိကို မလာသေးလို့ပါ ကျနော်တို့ mechanical 4th year တွေအတွက် အတန်းမရှိတော့ဘူးလား

6. BECA ဖြေဆိုထားတဲ့ သူတွေက TU အတွက် အမှတ်ကန့်သတ်ထားပါသလား
၀င်ခွင့်ဖြေရာတွင် လေလာရမည့် နယ်ပယ်ကိုပြောပြပေးပါလား
ဥပမာ-၁၀တန်း(စနစ်ဟောင်း)စာကိုပြန်လေ့လာထားရမှာလား

7. BECAသမားတွေအတွက်ရေးဖြေက 10တန်းစနစ်ဟောင်းကစာတွေဖြေရမှာလားရှင့်

ရေးဖြေဖြေရင် multiple choiceနဲ့ပဲလားရှင့်


8. Hello
ညီမက TTU Architecture 5th year CDM ကျောင်းသူပါရှင့်။
အခုမဲဆောက်မှာ နိုင်ငံရေးပုဒ်မကြောင့်တိမ်းရှောင်နေရတာပါရှင့်။ ပထမအသုတ်ဖွင့်တုန်းက ထွက်ပြေးနေရတဲ့အခြေအနေမို့ Join ဖို့အဆင်မပြေခဲ့လို့ပါ။ အခု ပဥ္စမနှစ် ဒုတိယနှစ်ဝက်ကို ဘယ်တော့လောက်ပြန်ဖွင့်မှာလဲ သိချင်လို့ပါရှင့် 🙏🏻

9.TU အတွက်က 1st to 4th and final year သင်တန်းတွေပဲတွေ့နေလို့ပါ

5th year တွေအတွက် မဖွင့်ဘူးလားဗျာ 5th year ကိုမှ first semester ပဲတက်ရသေးလို့ပါ ဒါမှမဟုတ် final ကိုပဲတက်လိုက်ရလားဗျာ တခါထဲ

10. ကျွန်တော်ကမှောဘီနည်းပညာတက္ကသိုလ်ကနေ second year နဲ့ကျောင်းထွက်ထားတာ အဲ့ဒါကို အခုကြားကာလနည်းပညာတက္ကသိုလ်ပြန်တတ်ချင်ဘယ်လိုဆောင်ရွက်လို့ရမလည်းခင်ဗျ ကျောင်းနားထားတာတော့ ၂၀၁၆လောက်ထဲကပါကျောင်းသားကဒ်လည်းရှိပါတယ်။

11.
မင်္ဂလာပါ ကျွန်တော် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် electronic major နောက်ဆုံးနှစ် cdm ကျောင်းသားပါခင်ဗျ

ကျွန်တော်နောက်ဆုံးနှစ်အတန်းလေး ဆက်တက်ချင်လို့ ဘယ်တော့လောက်ဖွင့်မလဲဗျ

12. civil စတုထ္ထနှစ်က structure မှာစာမတင်ပေးရသေးတာလားခင်ဗျာ

13.
နည်းပညာတက္ကသိုလ်​ကျောက်ဆည်ကပါ

Final year (EC)

​ကျောင်း​ကောင်စီဘက် က ဆက်သွယ်မရလို့ ဘယ်လို ဆက်လုပ်ရမလဲရှင့်

ကျောင်းကောင်စီဖက်ကို ထောက်ခံစာတွေတောင်းထားတာ ထုတ်မရလို့ တခြား ဘယ်နည်းနဲ့ ဆက်လုပ်ရမလဲဆိုတာ​လေးကို ​ပြောပြ​ပေးပါ​နော်

14. B.E TUမော်လမြိုင် လျှောက်လို့ရလား။

ဘာတွေလိုအပ်လဲ။ လမ်းညွှန်လေးရှိရင်ပိုပေးပါ။ ဒီလိုဖြစ်​နေလို့ပါ (ပုံပါ)

15.
ပထမအသုတ်တွေကဘယ်အချိန်ပြန်ခေါ်မှာလဲရှင့် BECAသမားတွေရောပါလားရှင့်
ဝင်ခွင့်​လျှောက်ရင်လိုအပ်ချက်တွေကဘာတွေလဲ

16.Face-to-Face via Video Call နဲ့ရော interview လားခင်ဗျ အဲ့အတွက်ရော ဘာတွေကြိုတင်ပြင်ဆင်လေ့လာထားသင့်လည်းခင်ဗျ

ပြီးခဲ့တယ့်အခေါက်က လူတွေ့စစ်ဆေးခြင်းမှာ  English ပါတာတွေ့လို့ အဲ့တာက 4skills လေ့လာထားရမှာလား ဒါမှမဟုတ် ကျောင်းစာပဲလားခင်ဗျ

17. ပြီးခဲ့တဲ့ 2024 မတ်လတုန်းက mes account လုပ်ထားပြီး ကျောင်းတက်ဖို့ ပြင်ထားပြီးသားပါ.... အဲ့နောက်ပိုင်း စစ်ရေးအခြေအနေကြောင့်ရယ် အခြေခံပညာကညကလေးတွေ စာသင်ပေးနေရတာကြောင့်ရယ် အကောင့်ထဲ မဝင်ဖြစ်ဘူး... အင်တာနက် ခက်ခဲတာကြောင့်လည်း ပါပါတယ်.... ခု ပြန်ဝင်ကြည့်တော့ မရတော့လို့ပါ.... student idက L83MMAA000 ပါ.... EP 4th year 2nd semester တက်ရမှာပါ

18. ဒုတိယအကြိမ်ဝင်ခွင့်မှာ BECA အောင် အတွက် architecture ပါနိုင်လား
First year အတွက်ပါ

19. ကျနော်က WYTU  မှာ ဗိသုကာမေဂျာ နောက်ဆုံးနှစ် CDM ကျောင်းသားပါ ကျနော်ဘယ်တော့လောက် နောက်ဆုံးနှစ်အတွက်ပြန်ပြီးစာရင်းသွင်းလို့ရမလဲဗျ

ကြားထဲမှာလဲကြေညာ‌တာတွေကျနော်မသိလိုက်တာနဲ့အခု ချိန်ထိ ဘွဲ့မရသေးလို့ပါ


20. TU Network မှာ Volunteer ဆရာ/မ တွေ မခေါ်ဘူးလား ဗျ BE Civil ကျောင်းဆင်း အပြင်မှာ လုပ်သက် ၁၂ နှစ်ကျော် လက်ထောက်အင်ဂျင်နီယာ(CDM) လုပ်သက် ၃ နှစ်ကျော်ပါ
Knowledge Sharing နဲ့ TU မှာ
စာတွေ ပြန်သင်ပေးဖူးပါတယ်ဗျ။

21. 4th yearကပါ. Registerလုပ်ထားပေမယ့် အလုပ်ကြောင့် ဒီ၁ခေါက် examမဖြေဖြစ်ခဲ့ရင် နောက်တစ်ခေါက်ဖြေခွင့်ရှိပါသလား?.
နောက်၁တန်းကို တက်ပြီးမှ ပေါင်းဖြေလို့ရောရပါသလား?

22. 4th EC တွေရော ဒီနှစ်သင်မယ့် ပညာသင်နှစ်မှာ ပါမလားရှင့်

23.
မြင်းခြံ TUမှာ CE first year ( sec semes)ကို ဖြေပြီး CDM၀င်ခဲ့တာပါ ။
အခုပြန်တက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ဖြေပေးပါဦးနော် ။

B.E နဲ့ B.Techက ဘာကွာသလဲဗျာ
အဲ့တာလေးရှင်းပြပေးပါဦး

24. ကျွန်တော် MMU 4th year က CDM ပါ ရေကြောင်း တက္ကသိုလ် မဖွင့်သေးဘူးလားဗျ

TU Network

19 Jan, 04:57


25. Hello ဆရာခင်ဗျ TU ကို တက်ချင်လို့ပါခင်ဗျ။ ဒါပေမဲ့ ၂၀၁၅-၂၀၁၆က စနစ်ဟောင်းကို အောင်ထားတာပါခင်ဗျ။ အဲအောင်ကတည်းက English မေဂျာနဲ့ Uni တက်နေတာ အာဏာသိမ်းပြီးတော့ WOU မှာ Online နဲ့ ဆက် Join နေတာ ဒီနှစ် မဟာတန်း (Eng) ဆက်ပြီးတက်ဖို့ ရှိပါတယ်ခင်ဗျ။ နှစ်ဖက်ခွတာ မဟုတ်ပေမဲ့ Online ကနေပဲ TU  ကို Join လို့ရမလားခင်ဗျ။
နည်းပညာကို စိတ်ဝင်စားပေမဲ့ အပြင်သင်တန်းကို Join ဖို့ကျ ငွေကြေးမတတ်နိုင်လို့ပါခင်ဗျ။

26. Architecture majorကိုလျှောက်ချင်ရင်ဘယ်uni ကို joinရမလဲ ဘယ်ချိန်လောက်လျှောက်လို့ရမလဲ သိချင်ပါတယ် BECA ဖြေဆိုထားပြီးပါပြီ

27. Hello

Architecture နဲ့ပက်သက်ပြီးသိချင်လို့ပါ
ညီမက ၃လပိုင်းဆို GEDပြီးပါပြီ
ပထမနှစ် first semester ကို architecture နဲ့ join ချင်လို့ပါရှင့်
ဘယ်တော့ဖွင့်မလဲသိချင်တာရှင့် ပြီးတော့ GEDနဲ့ လျှောက်မှာဆိုတော့ ဘယ်လိုလျှောက်ရမလဲသိချင်တာပါရှင့်
အခုကတော့ architecture အတွက် သင်တန်းလေးတွေတက်ထားပါတယ်ရှင့် sketch ပိုင်းလည်း လေ့ကျင့်နေတယ်ရှင့် စိတ်ဝင်စားလို့ background knowledge အတွက်လည်း စာတွေဖတ်ထားတယ်ရှင့်

ညီမမေးခွန်းလေးကို ဖြေပေးပါရှင့်
ကျေးဇူးတင်ပါတယ်

28. BECA အမှတ်ကန့်သတ်ထားလားရှင့် ညီမအမှတ်အများကြီးမရခဲ့တော့ စာကလညါးလိုင်းအခြေနေကြောင့်သိပ်ပီးမတက်ဖြစ်ဘူး Zoom classဆိုတော့ record လည်းမရခဲ့တော့

29.
ညီမဝမ်းကွဲလေးက TU (ဗန်းမော်) ကနေ EP ပထမနှစ်နဲ့ကျောင်းနားထားတာ အာ့တာဒီမှာအစကနေပြန်တက်လို့ရမလားရှင့်

ဘယ်တော့ပြန်ခေါ်မလဲ လဲ သိချင်လို့ပါရှင့်

30.
ကျောက်ဆည်TU3BE(civil)မေဂျာသမီးတစ်ယောက်နဲ့ပင်လုံTU(EP)မေဂျာ4BEသားတို့CDMလုပ်ထားပါတယ်

ဘယ်လိုကျောင်းအပ်ရမလဲရှင့်
လုံခြုံရေးအတွက်နယ်သွားနေတော့မသိလိုက်တာပါ

31. မင်္ဂလာပါရှင့်
ဒုတိယအကြိမ် ဝင်ခွင့်ခေါ်ယူမှုမှာ သန်လျင်တို့ မပါဘူးလားရှင့် BECA ပြီးပြီးသားပါ

TU Network

07 Jan, 14:10


12. TU Magway ကနေ
Second year (Mechanical)နဲ့
CDM လုပ်ထားပါတယ် ။
ကျောင်းဘယ်လိုအပ်လို့ရပြိး
စာမေးပွဲတွေ ဘယ်လိုဖြေဆိုရပါမလဲ။ GPထဲက တင်ထားတာတွေက မရှင်းလို့ပါ။

- ကျောင်းအပ်တာက MES ကနေအပ်ရမှာပါ Moodle LMS မှာသင်ခန်းစာပြီးဆုံးအောင်လေ့လာသင်ယူပြီးမှ Exam ဖြေရမှာပါ
TU Network page မှာအသေးစိတ်ကြေညာပေးထားပါတယ်

TU Network

07 Jan, 14:04


9. Electronics Engineering က တတိယနှစ်သင်တန်းတွေ ခေါ်ဖို့ရှိလား။
- ဆွေးနွေးဆဲပါ

10. 4thr year Civil Second Sem အတွက် Structure ဘာသာရပ်မှာ ဘာမှမရှိသေးလို့ ပါ။ ဘယ်လိုဖြစ်တာလဲဆိုတာ​လေး​ဖြေ​ပေးလို့ရလား။
- ဘာသာရပ်အဖွဲ့ကိုထပ်မံအကြောင်းကြားပေးပါမယ်
ကျောင်းသားအနေနဲ့ဘာသာရပ်အဖွဲ့ Mail ကိုတိုက်ရိုက်ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။

11. 4th year (Mech)
အတွက်က ဘယ်တော့လောက်
ခေါ်မလဲဗျ
- မကြာမီခေါ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။

TU Network

07 Jan, 13:59


Personal Info ပါဝင်တဲ့ ​မေးခွန်းများကလွဲရင် တစ်ဦးချင်းစီ စာမပြန်ဘဲ ဒီက​နေ စုစည်း​ဖြေ​ဆို​ပေးပါမယ်​နော်

TU Network

07 Jan, 13:58


အ​မေးများ​သော ​မေးခွန်းများ (2)

1. မန္တ​လေးနည်းပညာနှင့် ရန်ကုန်နည်းပညာတို့က ဝင်ခွင့်​ခေါ်ယူမည့်အ​ခြေအ​နေကိုသိပါရ​စေ။
- သက်ဆိုင်ရာ​ကောင်စီများက မထုတ်ပြန်နိုင်​သေး

2. 5BE ​တွေအတွက် ​မေဂျာစုံအတန်း​တွေ ဘယ်​တော့​လောက်​ခေါ်ယူဖွင့်လှစ်မှာပါလဲ။
- မေဂျာအစုံဖွင့်နိုင်အောင်တော့ BOEs တွေထဲဆွေးနွေးနေဆဲပါ

3.GTIသင်တန်း Diploma နဲ့ ပြီးထားတဲ့သူတွေကို ပြန်ခေါ်ဖို့အစီအစဉ်ရှိလား
- GTI သင်တန်း Diploma ပြီးသူတွေကတော့ Vocational Education Committee page မှာမေးဖို့လိုပါတယ်

4. မြန်မာနိုင်​ငံ​လေ​ကြောင်းနှင့်အာကာသပညာတက္ကသိုလ် - Fourth Year CDM Student အတွက် ဘယ်လိုဆက်လက်သင်ယူရမလဲ သိချင်လို့ပါ။
- သက်ဆိုင်ရာကို ​မေးထား​ဆဲဖြစ်ပါတယ်။

5. Fourth year Civil Engineering Second Semester အတွက် Examက ဘယ်တော့ဖြေရမှာလဲရှင့်
- Moodle LMS တွင်သင်ထားသောသင်ခန်းစာများက်ုကျောင်းသားများပြီးဆုံးအောင်လေ့လာသင်ယူထားပြီး Exam ရက်ကို page က ထပ်မံကြေညာပေးပါမယ်

6. IT 4th yr တွေရော မဖွင့်ပေးသေးဘူးလား။
- ​ဆွေး​​နွေးဆဲ

7. 3 BE Mech နဲ့ CDM လုပ်ထားတာပါ ဘယ်အချိန် ‌အတန်းတွေဖွင့် ဦးမလဲ သိလိုပါတယ်။
- ဖွင့်ထားပါတယ်
ပထမအကြိမ် MES Register မလုပ်ထားခဲ့ရင် နောက်တစ်ကြိမ်ခေါ်ရင်လုပ်ထားနိုင်ပါတယ်

TU Network

07 Jan, 13:54


5BE အတန်းများနှင့်ပတ်သက်၍ တစုတစည်းတည်း​​ဖြေကြားချက်

- မေဂျာအစုံဖွင့်နိုင်ရန် BOEs တွေထဲဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ 2025 ခုနှစ်အတွင်း ဖွင့်လှစ်​ပေးမှာဖြစ်ပါတယ်။

TU Network

05 Jan, 15:03


​မေးခွန်း​မေးမြန်းလိုသူများအ​နေဖြင့် မိမိ​မေးလို​သော​မေးခွန်းကို ​သေချာ​ပြည့်စုံစွာရေး​သားပြီး ​@TUNwk25 သို့​ မေး​ပေးပါ။ ​ကျောင်းသားအ​ရေအတွက်များသည့်အတွက် မ​ဖြေဆိုမိသည်များ၊ မပြည့်စုံသည်များရှိပါက သည်းခံ​ပေးပါရန်။

TU Network

05 Jan, 15:02


အ​မေးများ​သော​မေးခွန်းနှင့် အ​ဖြေ (1)

1. TU Network First year အတန်း​တွေမှာ Join ဖို့အတွက်ဆိုရင် GED ရလဒ်လက်ခံပါသလား။
အ​ဖြေ - လက်ခံပါတယ်။

2. BECA သမားများအတွက် ​​ခေါ်ယူရန် စဥ်းစားထားရှိမှု
အ​ဖြေ - BECA များ ဝင်ခွင့် အတွက်ရေးဖြေ ဖြေဆိုရပါမည်။  ​ရေး​ဖြေ​ဖြေဆိုရမည့် နယ်ပယ်များ -
Concept & skill based on completed studies
General Knowledge
Basic Engineering Principles with relevant courses which completed studies
ကွန်ရက်မှ ပထမအကြိမ် ဝင်ခွင့်ခေါ်ယူခဲ့သော TU(မုံရွာ) WYTU TTU. TU (မော်လမြိုင်) TU (လွိုင်ကော်) တို့မှ BECA (စနစ်ဟောင်း) များကို ဒုတိယအကြိမ် ဝင်ခွင့်တွင် ခေါ်ယူရန် စဥ်းစားထားပါသည်။

TU Network

04 Jan, 10:47


သင်တန်းနှစ်အသီးသီး၏ သင်ယူမှုအကဲဖြတ်စစ်ဆေးခြင်းများနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)

၁။ နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်သည် "စစ်ကျွန်ပညာရေးကို ကြံ့ကြံ့ခံ ဆန့်ကျင်သပိတ်မှောက်နေကြသော ကျောင်းသား ကျောင်းသူများအတွက် သင်ကြားသင်ယူမှု စဉ်ဆက်မပြတ်စေရန်" ရည်ရွယ်၍ ကြားကာလသင်ကြားရေးအစီအစဉ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပထမအကြိမ်နှင့် အောက်တိုဘာလတွင် ဒုတိယအကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တတိယအကြိမ် ခေါ်ယူဖွင့်လှစ်လျက်ရှိပါသည်။

၂။ ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)မှ ပဉ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)အထိ တက်ရောက်သင်ကြား နေသည့် ကျောင်းသားကျောင်းသူများ၏ သင်ယူမှုအကဲဖြတ်စစ်ဆေးခြင်းအတွက် နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်မှ မကြာမီကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ ထို့ကြောင့် ဖွင့်လှစ်ထားရှိသော သင်တန်းနှစ်အသီးသီးရှိ CDM ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ သင်ခန်းစာများကို အပြီးသတ်လေ့လာထားနိုင်ကြရန် အသိပေးအပ်ပါသည်။

၄။ တတိယအကြိမ်အထိဖွင့်လှစ်ထားသည့် မေဂျာများနှင့် သင်တန်းနှစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

၁။ ဗိသုကာ (Architecture)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၂။ ဓာတုအင်ဂျင်နီယာ (Chemical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၃။ မြို့ပြအင်ဂျင်နီယာ (Civil Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၄။ အီလက်ထရောနစ်အင်ဂျင်နီယာ ( Electronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၅။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၆။ သတင်းအချက်အလက်နှင့်နည်းပညာအင်ဂျင်နီယာ ( Information Technology Engineering)
– ပထမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)

၇။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) နှင့်
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၈။ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ ( Mechatronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)

၉။ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၁၀။ ရေနံအင်ဂျင်နီယာ (Petroleum Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် သင်တန်းနှစ်အသီးသီး၏ သင်ယူမှု အကဲဖြတ်စစ်ဆေးခြင်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork

TU Network

04 Jan, 10:45


https://www.facebook.com/100090534476789/posts/556787127349098/

TU Network

03 Jan, 16:31


TU Network နှင့် ဆက်စပ်​သော​မေးခွန်းများ၊ နည်းပညာသင်တန်းများ ဆက်လက်သင်ယူ​ရေးအတွက် ဆက်စပ်​သော ​​မေးခွန်းများကို ယ​နေ့မှစ၍ Telegram Account @TUNwk25 သို့ ​ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယခင်​မေးမြန်းပြီး ​ဖြေဆိုခြင်းမရှိ​သော ​မေးခွန်းများကိုလည်း ဆက်သွယ်​မေးမြန်းနိုင်ပါသည်။ ညစဥ် ၉ နာရီမှ ၁၁ နာရီကြားတွင် ​ဖြေဆို​ပေးပါမည်။

TU Network

13 Oct, 05:16


အသိပေး ‌ကြေညာချက်

နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များ၏ ပထမနှစ်ဝင်ခွင့် ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တက္ကသိုလ်တွင် Student Enrollment ပြုလုပ်ရမည်ဖြစ်ပါသည်။

MES Registation ပြုလုပ်ရာ https://mes.moeedu.org စာမျက်နှာ၌ပင် ဝင်ရန်ကို နှိပ်ရပါမည်။ ထို့နောက် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်ကို ထပ်မံနှိပ်ရပါမည်။

(၁) သင်တန်း
သင်တန်းတွင် MES ၌ Register လုပ်စဥ်က ဖြည့်ခဲ့သော သင်တန်းနှစ်ကို တွေ့ရမည်ဖြစ်သည်။ မိမိတက်ရောက်ရမည့်တက္ကသိုလ်ကို ရွေးချယ်ရမည်ဖြစ်သည်။

(၂) ဘာသာရပ်များ
သင်ယူရမည့်နှစ်၏ ဘာသာရပ်များကို Click ၍ နောက်တဆင့်ကို နှိပ်ရမည်။

(၃)အချက်အလက်မှန်ကန်ကြောင်း အတည်ပြုခြင်း
အချက်အလက်များ မှန်ကန်ပါက OK ကို နှိပ်ရမည်။

ဤသို့ အဆင့်ဆင့်လုပ်ဆောင်သွားခြင်းဖြင့် Moodle LMS အကောင့်ကိုရရှိမည် ဖြစ်ပါသည်။ ထို့နောက် မိမိတို့သင်တန်းနှစ်၏ မေဂျာအတန်းရှိ ဘာသာရပ်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) မှ စတင်လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် TUNetwork Facebook page နှင့် Telegram Channel  https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူမည့် ပထမနှစ်ဝင်ခွင့်များနှင့်ပတ်သက်သည်များအား မေးမြန်းနိုင်ပါသည်။

TUNetwork တွင် Student Enrollment ပြုလုပ်ရမည့် သတ်မှတ်ရက်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ မှ အောက်တိုဘာလ (၂၆) ရက်နေ့ အထိသာဖြစ်သည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork

TU Network

17 Sep, 04:52


အသိပေးကြေညာချက်

နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ သင်ကြားရေးအစီအစဉ်များပက်သတ်၍ ထုတ်ပြန်ကြေညာချက်များကို TU Network Official Facebook Page နှင့် Telegram Channel https://t.me/TUNetworkOfficial များမှ ဆောင်ရွက်လျက်ရှိပါသည်။ စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရမည့် adminများရဲ့ Telegram account များကိုလည်း Telegram channelတွင် ဖော်ပြထားပါသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် ကိုယ်ရေးအချက်အလက်များ မျှဝေခြင်း၊ စုံစမ်းမေးမြန်းခြင်းများကို ဖော်ပြပါ TU Network ၏ တရားဝင် Platform များ ဆက်သွယ်မေးမြန်းကြရန်နှင့် တခြားသော အကောင့်များထံ အချက်အလက်ဝေမျှခြင်းများ မပြုလုပ်မိရန် အထူးသတိထားရန် လိုအပ်ကြောင်း တိုက်တွန်းလိုပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork

TU Network

17 Sep, 04:52


ပထမနှစ် ဝင်ခွင့်ရ တက္ကသိုလ်နှင့် မေဂျာများကို အသိပေးအကြောင်းကြားခြင်း

နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူသည့် ပထမနှစ်ဝင်ခွင့်အတွက် လျှောက်ထားသူများအနက် -

၁။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းသားကျောင်းသူများကို လူတွေ့စစ်ဆေးမှုခံယူရန် ပဏာမ ရွေးချယ်ခဲ့ပါသည်။

၂။ ပဏာမ ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများအတွက် လူတွေ့စစ်ဆေးခြင်းကို ၂၅-၈-၂၀၂၄ ရက်တွင်လည်းကောင်း ၊ အင်တာနက်နှင့် လုံခြုံရေး အခက်အခဲများကြောင့် ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၃၁-၈-၂၀၂၄ ရက်တို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

၃။ ပဏာမရွေးချယ်ခြင်းနှင့် လူတွေ့စစ်ဆေးမှုအောင်မြင်သော လျှောက်ထားသူများအား သက်ဆိုင်ရာဝင်ခွင့်ရ တက္ကသိုလ်နှင့် လျှောက်ထားခဲ့သော အင်ဂျင်နီယာဘာသာရပ်အလိုက် “တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခြင်းခံရကြောင်း” ကို MES တွင် ဖြည့်သွင်းထားသော ကျောင်းသား၊ ကျောင်းသူများ၏ Email များသို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၄။ သက်ဆိုင်ရာ အကြောင်းကြားလွှာ Email များကို စစ်ဆေးပြီး အကြောင်းကြားစာပါ လမ်းညွှန်စာ အတိုင်း အချိန်မီ ပြန်လည်အကြောင်းပေးနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။

ထို့အပြင် TUNetwork Facebook page နှင့် Telegram Channel  https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူမည့် ပထမနှစ်ဝင်ခွင့်များနှင့်ပတ်သက်သည်များအား မေးမြန်းနိုင်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork

TU Network

30 Aug, 14:21


အသိပေးကြေညာချက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းသားကျောင်းသူများကို လူတွေ့စစ်ဆေးမှုခံယူရန် ပဏာမ ရွေးချယ်ခဲ့ပါသည်။ ထို့သို့ ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများအတွက် လူတွေ့စစ်ဆေးခြင်းကို ၂၅-၈-၂၀၂၄ ရက်တွင် ဆောင်ရွက်ခဲ့ပါသည်။

အင်တာနက်၊ လုံခြုံရေး အခက်အခဲများကြောင့် ၂၅-၈-၂၀၂၄ ရက်တွင်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၃၁-၈-၂၀၂၄ တွင် နောက်ဆုံး လူတွေ့စစ်ဆေးမှုကို ဖြေဆိုရမည်ဖြစ်ပါသည်။

သို့ပါ၍ လူတွေ့စစ်ဆေးမှုဖြေဆိုရန်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ခဲ့စဥ်က MES တွင်ဖြည့်သွင်းထားသော သက်ဆိုင်ရာ ကျောင်းသားကျောင်းသူများ၏ E Mail များသို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ထို့အပြင် TUNetwork Facebook page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူသည့် ပထမနှစ်ဝင်ခွင့်များနှင့်ပတ်သက်သည်များအား မေးမြန်းနိုင်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork

TU Network

02 Aug, 09:46


တက္ကသိုလ်ဝင်ခွင့်လျှောက်ထားဖို့က မနက်ဖြန် နောက်ဆုံးမို့လို့ လိုအပ်တဲ့ဖိုင်တွေအားလုံး တင်ထားပြီးပြီလား သေချာစစ်ဆေးဖို့လိုပါတယ်။ MES အသုံးပြုနည်းလမ်းညွှန်စာအုပ်နဲ့ တိုက်ဆိုင်ပြီး သေသေချာချာလေး စစ်ဆေးကြည့်ကြပါနော်။

TU Network

26 Jul, 10:32


https://m.facebook.com/story.php?story_fbid=797590872546822&id=100068877497564

TU Network

24 Jul, 17:19


ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်၀င်ခွင့် (ဒုတိယအကြိမ်) အတွက် စီနီယာ ကျောင်းသား၊ ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်း အစီအစဥ်
အပိုင်း (၄)

နေ့ရက် - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ။

#Live_Program
#တက္ကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့

2,297

subscribers

80

photos

2

videos