Myanmar Environmental Education Team @myanmar_e_e_team Channel on Telegram

Myanmar Environmental Education Team

@myanmar_e_e_team


Love Nature, Love Our World !

Myanmar Environmental Education Team (English)

Are you passionate about the environment and interested in educating others about the importance of preserving our planet? Look no further than the Myanmar Environmental Education Team Telegram channel! This channel, with the username @myanmar_e_e_team, is dedicated to spreading awareness about environmental issues in Myanmar and beyond. Led by a team of dedicated environmental activists, educators, and enthusiasts, the Myanmar Environmental Education Team aims to provide valuable information, resources, and tips on how you can make a difference in protecting the environment. Whether you're a student, teacher, or simply someone who cares about the future of our planet, this channel is for you. Joining the Myanmar Environmental Education Team Telegram channel means gaining access to a community of like-minded individuals who are passionate about creating a sustainable future. From informative articles and videos to discussions on current environmental challenges, this channel has it all. Get involved in fun and interactive activities, learn about local and global environmental initiatives, and discover practical ways to reduce your carbon footprint. Together, we can make a difference and work towards a cleaner, greener world for future generations. Don't miss out on this opportunity to connect with fellow environmental advocates and expand your knowledge on crucial environmental issues. Join the Myanmar Environmental Education Team Telegram channel today and be a part of the movement towards a more sustainable future. Together, we can make a difference!

Myanmar Environmental Education Team

11 Feb, 03:24


ဆု​တောင်း(ကဗျာ)
ပျဥ်းမနား​မောင်နီသင်း
သံစဥ်-ဦးမိုးခိုင်စိုး

Myanmar Environmental Education Team

09 Feb, 11:57


၆း၅၅ zoom ဖွင့်ပါမည်

Myanmar Environmental Education Team

09 Feb, 04:30


ဒီ​နေ့ည ၇း၀၀ နာရီ EEET batch 4 သင်တန်းစပါမယ်
Zoom link နဲ့ passcod ​တွေ messenger က​နေ ပို့ထားပါပြီ

Myanmar Environmental Education Team

07 Feb, 05:04


လေထုညစ်ညမ်းမှုကြောင့် အာရှကလေးငယ် ၁၀၀ ဦးခန့် နေ့စဉ်သေဆုံးနေရဟု ယူနီဆက်ဖ် အသိပေး

DMG ၊ ဖေဖော်ဝါရီ ၇

လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသတို့တွင် အသက်ငါးနှစ်အောက် ကလေးငယ် ၁၀၀ ကျော် နေ့စဉ်သေဆုံးနေရပြီး အာရှတိုက်ရှိ ဒေသတွင်းနိုင်ငံ အများအပြားသည် အဆိပ်သင့်သော လေထုနှင့် ဆိုးရွားစွာ ရင်ဆိုင်ရုန်းကန်နေရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၏ တွေ့ရှိချက်အသစ်အရ လူလေးဦးလျှင် တစ်ဦး သေဆုံးရသည့် ဖြစ်စဉ်မှာ လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်ပတ်သက်နေပြီး ယေဘုယျအားဖြင့် ယခုဖြစ်စဉ်မှာ အရွယ်ရောက်ပြီးသူများအထိ သက်ရောက်မှုများရှိနေသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ ကလေးပေါင်း သန်း ၅၀၀ သည် ကျန်းမာရေးနှင့် မညီညွတ်သော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ချက်ပြုတ်ရန်နှင့် အပူပေးခြင်းအတွက် အသုံးပြုသော လောင်စာများကြောင့် ဖြစ်ပေါ်တတ်သော အိမ်တွင်းညစ်ညမ်းမှုများကလည်း အသက် ငါးနှစ်အောက် ကလေးငယ်များကို သေဆုံးမှုဖြစ်စေနိုင်သည်ဟု ယူနီဆက်ဖ်၏ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။

ကလေးငယ်အရေအတွက် ၃၂၅ သန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားသော နှစ်စဉ်ပျမ်းမျှ အမှုန်အမွှားအဆင့် သတ်မှတ်ချက် သို့မဟုတ် PM 2.5 ထက် ငါးဆမက ကျော်လွန်နေသော နိုင်ငံများတွင် နေထိုင်ကြရပြီး ဖြစ်စဉ်အများစုမှာ ရုပ်ကြွင်းလောင်စာ၊ ဇီဝလောင်စာနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

လေထုညစ်ညမ်းမှုသည် ကလေးတစ်ဦး၏ ကြီးထွားမှုနှင့် မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ပန်းနာရင်ကျပ်၊ အဆုတ်ပျက်စီးမှုနှင့် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း သို့မဟုတ် ဆီးချိုရောဂါနှင့် နှလုံးရောဂါကဲ့သို့သော နာတာရှည်ရောဂါများကို ကလေးငယ်၏ ဘဝအဆင့်များအလိုက် ရေရှည်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေး အကျိုးသက်ရောက်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း အင်စတီကျုနှင့် ယူနီဆက်ဖ် တို့က ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်လိုက်သော ပဥ္စမအကြိမ်မြောက် အစီရင်ခံစာက ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ငါးနှစ်အောက်ကလေးငယ်များ သေဆုံးမှုမှာ ၇၀၀,၀၀၀ ရှိခဲ့သည်ဟု ဆိုသည်။

နယူးဒေလီမှ အစပြုကာ ဒါကာနှင့် ဘန်ကောက်အထိ အာရှမြို့ကြီးများသည် ရာသီအလိုက် စိုက်ပျိုးသီးနှံများ မီးရှို့လောင်ကျွမ်းခြင်း၊ ယာဉ်များက ထွက်ပေါ်သော ညစ်ညမ်းခြင်းနှင့် ရာသီဥတုကြောင့် လေထုအတွင်း ဖုန်မှုန့်များ ပျံ့နှံ့ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် မညီညွတ်သည့် လေထုအခြေအနေကို ရင်ဆိုင်နေကြရသည်။

ပုံစာ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝတ်ဝီမွတ်တရာရမ် စာသင်ကျောင်း၌ ဆရာမတစ်ဦးက ကျောင်းသားများကို နှာခေါင်းစည်း တပ်ဆင်ပေးနေစဉ်။ (ဓာတ်ပုံ - Bangkok Post)

https://www.dmgburmese.com/foreign-affairs/lalua.html

Myanmar Environmental Education Team

07 Feb, 04:36


Save Water , Save Earth !

Myanmar Environmental Education Team

06 Feb, 10:57


Environmental Education Training for Educators Batch 4 ကို -

၉၊၂၊၂၀၂၅ တနင်္ဂ​နွေ​နေ့၊
ည ၇း၀၀ နာရီတွင် စတင်ဖွင့်လှစ်ပါမည်။

တက်​ရောက်ကြမည့် သင်တန်းသူ သင်တန်းသားများက သင်တန်းတက်​ရောက်ခွင့်​​လျှောက်လွှာ google form ကို ဖြည့်​ပေးရပါမည်။

https://docs.google.com/forms/d/e/1FAIpQLScViQg9S9I8kY-6OQvU85B_HLjK1xUv7ir60QQiQTT0ZKszmg/viewform?usp=sf_link

သင်တန်းထပ်တက်ကြမည့် သင်တန်းသား​ဟောင်းများက ဖြည့်စရာမလိုပါ..

ယခင်သင်တန်းက သင်တန်းသားနံပါတ်အတိုင်းသာ zoom သို့ ဝင်​ရောက်ရန်ဖြစ်ပါသည်။

(သင်တန်း​ကြေး​ပေးသွင်းပြီးပါက ယခု page ၏ messenger တွင် screenshot ကို ပို့​ပေးရန်လိုအပ်ပါသည်။)

သင်ကြားမည့်​ခေါင်းစဥ်များမှာ-

https://www.facebook.com/share/p/1BXCGfZrMB/

Environmental Education Training for Educators Batch 4 -

9,2,2025 Sunday,
It will open at 7:00 p.m.

Participants who will attend the course must fill out the google form for the course attendance application.

https://docs.google.com/forms/d/e/1FAIpQLScViQg9S9I8kY-6OQvU85B_HLjK1xUv7ir60QQiQTT0ZKszmg/viewform?usp=sf_link

Former trainees who will attend the course again do not need to fill in.

The previous course is to enter zoom only according to the participant number.

(After paying the course fee, you need to send a screenshot to the messenger of this page.)

The topics to be taught are:

https://www.facebook.com/share/p/1BXCGfZrMB/

Environmental Education Training for Educators Batch 4 တွင်သင်ကြားမည့်​ခေါင်းစဥ်များဖြစ်ပါသည်။

သင်တန်းအပ်ရန်-

https://www.facebook.com/share/p/19vABCrkaj/

Myanmar Environmental Education Team

03 Feb, 08:21


Play Store က​နေ IQAir app. ကို download လုပ်ပြီး install လုပ်ထားပြီး​တော့လည်း အဲဒီ app. က​နေ ရှာကြည့်လို့ရပါတယ်

Myanmar Environmental Education Team

03 Feb, 08:13


ခြောက်​သွေ့ရာသီ​ရောက်​နေပြီဖြစ်လို့ အပြင်ထွက်ကာနီးတိုင်း ကိုယ့်ဖုန်းထဲက Google ရဲ့ search box မှာ iqair လို့ ရိုက်ထည့်ပြီးရှာကြည့်ပါ ..

လိုအပ်ရင် mask တပ်ကြပါ ..

Myanmar Environmental Education Team

03 Feb, 07:53


Environmental Education Training for Educators 3rd. Batch ရဲ့ Completion Certificates ​တွေကို telegram group ထဲကို ပို့လိုက်ပါပြီ..

ကျန်းမာရွှင်လန်းကြပါ​စေ ..

Myanmar Environmental Education Team

03 Feb, 04:36


Environmental Education Training for Educators Batch 4 ကို -

၉၊၂၊၂၀၂၅ တနင်္ဂ​နွေ​နေ့၊
ည ၇း၀၀ နာရီတွင် စတင်ဖွင့်လှစ်ပါမည်။

တက်​ရောက်ကြမည့် သင်တန်းသူ သင်တန်းသားများက သင်တန်းတက်​ရောက်ခွင့်​​လျှောက်လွှာ google form ကို ဖြည့်​ပေးရပါမည်။

https://docs.google.com/forms/d/e/1FAIpQLScViQg9S9I8kY-6OQvU85B_HLjK1xUv7ir60QQiQTT0ZKszmg/viewform?usp=sf_link

သင်တန်းထပ်တက်ကြမည့် သင်တန်းသား​ဟောင်းများက ဖြည့်စရာမလိုပါ၊FB page ၏ messenger တွင် စာရင်း​ပေးပြီး တင်​ရောက်ရမည်ဖြစ်ပါသည်။

ယခင်သင်တန်းက သင်တန်းသားနံပါတ်အတိုင်းသာ zoom သို့ ဝင်​ရောက်ရန်ဖြစ်ပါသည်။

Myanmar Environmental Education Team

03 Feb, 04:01


The shopping mall where everything is recycled (thanks to its genius location).

BBC

Myanmar Environmental Education Team

02 Feb, 05:55


မူရင်းပိုစ့်ရဲ့ လင့်

https://www.facebook.com/share/p/15kmDirrFL/

Myanmar Environmental Education Team

02 Feb, 05:55


သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တ​ယောက်အ​နေနဲ့ environmental educator တ​ယောက်အ​နေနဲ့ ဒီအ​ဖြေကို ဖတ်ရတာ စိတ်မသက်မသာဖြစ်ရပါတယ် ..

Myanmar Environmental Education Team

02 Feb, 03:00


World Wetlands Day
2nd.February,2025

နှစ်စဥ်နှစ်တိုင်း ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ကျင်းပသော "ကမ္ဘာ့ရေတိမ်​ဒေသများနေ့ "(World Wetlands Day)ကို လူသားများပျော်ရွှင်ကျန်းမာ သာယာဝပြောရေးနှင့် ကျန်းမာသော ကမ္ဘာမြေကြီးအတွက် ရေတိမ်ဒေသများ၏ အရေးပါမှုကို ကမ္ဘာ့လူသားတိုင်း သိရှိနားလည်လာ​စေရန်အတွက် ရည်ရွယ်ကျင်းပ​နေခြင်းဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊​ဖေ​ဖော်ဝါရီလ၊၂ရက်​နေ့တွင်ကျ​ရောက်​သော "ကမ္ဘာ့​ရေတိမ်​ဒေသများ​နေ့" ၏ ဆောင်ပုဒ်ကို "ငါတို့အားလုံးရဲ့အနာဂတ်အတွက် ​ရေတိမ်​ဒေသများကို ထိန်းသိမ်းကြပါစို့" "protecting wetlands for our common future" ဟု သတ်မှတ်ထားပါသည်။

​ဆောင်ပုဒ်၏ ဆိုလိုရင်းမှာ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း၊ချမ်းသာခြင်းတို့နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍအားလုံးတို့သည် ကမ္ဘာ့ရေတိမ်ဒေသများ၏ အား​ကောင်း​မောင်းသန်မှု၊ ပြည့်စုံကြွယ်ဝမှုတို့နှင့် အပြန်အလှန်မှီခိုဆက်စပ်​နေကြောင်း သိသာထင်ရှား​စေရန်ဖြစ်ပါသည်။

ဒီ​နေ့ ​ဖေ​ဖော်ဝါရီလ၊၂ရက်​နေ့ဟာ "ကမ္ဘာ့​ရေတိမ်​ဒေသများ​နေ့" ဖြစ်သလို

ကျွန်​တော်တို့ မြန်မာနိုင်ငံထဲက Ramsar Convention အရ တရားဝင်အသိအမှတ်ပြုခြင်းကို ရရှိထားပြီးတဲ့ ​ရေတိမ်​ဒေသ ၆ခုထဲမှာ ၁ခုအပါအဝင်ဖြစ်တဲ့

ဧရာဝတီတိုင်း၊ဘိုက​လေးမြို့နယ်ထဲက မိန်းမလှကျွန်း​ တောရိုင်းတိရစ္ဆာန် ​ဘေးမဲ့​တော Meinmahla Kyun Wildlife Sanctuary ရဲ့ တရားဝင် အသိအမှတ်ပြုခံရခြင်း (၈)နှစ်ပြည့်တဲ့ ​နေ့လည်း ဖြစ်ပါ​ကြောင်း

Myanmar Environmental Education Team

01 Feb, 04:34


ခရစ္စတီယာနာ ဖစ်ဂဲရက်စ်

U Kyw Oo

Christiana Figueres သည် ရာသီဥတုပြောင်းလဲခြင်းနယ်ပယ်၌ လူသိများသော ''၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက်'' ထွက်ပေါ်လာစေရန် အဓိကအားထုတ်ခဲ့သော သံတမန်တစ်ဦးဖြစ်သည်။ သူ၏ အားထုတ်ချက် အောင်မြင်ခဲ့သော်လည်း ကြုံတွေ့ခဲ့ရသော အတွန်းအတိုက် အထုအထောင်းများ၊ ကျော်လွှားခဲ့ရသော အခုအခံ အခက်အခဲများကြောင့် စိတ်ဓာတ်ကျရသောအခါများ၊ နာကျည်းခဲ့ရသောသမယပေါင်း များစွာ ရှိခဲ့သည်။

''ကျွန်မရဲ့ ရာသီဥတုပြောင်းလဲရေးခရီးကြမ်းမှာ တွေ့ခဲ့ရတဲ့ လောကဓံတွေကို ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပါတယ်'' ဟု ဖစ်ဂဲရက်စ်က ပြောသည်။ သူသည် ၂၀၂၂ ခုနှစ်က ပျံလွန်တော်မူသွားသော ဗီယက်နမ်ဘုန်းတော်ကြီး ထစ်နက်ခ်ဟာန် (Thích Nhất Hạnh)၏ ဟောပြောချက်များကို နှစ်သက်လှသဖြင့် ဆရာတော်၏ နည်းအတိုင်း တရားစခန်းများ ဖွင့်လှစ်၍ ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲရေးရာများတွင် ပါဝင်လုပ်ဆောင်နေကြသူများကို စခန်းသို့ ဝင်ရောက်နာယူလေ့ကျင့်စေလျက် ရှိသည်။ ''ဘုန်းတော်ကြီး ထစ်နက်ခ်ဟာန် ဟောကြားတဲ့ တရားဓမ္မတွေဟာ ကျွန်မ စိတ်ဓာတ်ကျခဲ့တာတွေကို ကုစားပေးခဲ့သလို တခြားသူတွေအတွက်လည်း အထောက်အကူရမယ်ဆိုတာသိလို့ တရားစခန်းတွေ ဖွင့်တာပါ''ဟု ဖစ်ဂဲရက်စ်က ဆိုသည်။

''ကျွန်မနဲ့ရောင်းရင်း ရာပေါင်းထောင်ပေါင်းများစွာဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲရေးရာတွေကို အရေးတယူ လုပ်ဆောင်ရင်း လက်ရှိအခြေအနေကို ပြောင်းလဲပြီး အနာဂတ်မျိုးဆက်တွေအတွက် ပိုမိုလုံခြုံတဲ့ကမ္ဘာအဖြစ် ထားခဲ့ချင်တဲ့ ဆန္ဒနဲ့ အားထုတ်နေကြပါတယ်။ ဒီလိုအားထုတ်တဲ့နေရာမှာ ဒီလုပ်ငန်းတွေဟာ ငါတို့ရဲ့ ပခုံးပေါ် ကျရောက်နေတာပါလား၊ ငါတို့မှာ တာဝန်ရှိပါလားလို့ တွေးမိတိုင်း အလွန်တရာခက်ခဲတဲ့ အလုပ်တွေ ဖြစ်လာတယ်။ ကျွန်မတို့ ထိန်းချုပ်လို့မရတဲ့အရာတွေက အများကြီး ရှိနေတယ်လေ''

နောက်တော့ ဘုန်းတော်ကြီး ထစ်နက်ခ်ဟာန်၏ ဟောပြောချက်များမှတဆင့် ဗုဒ္ဓ၏ ပရမတ္ထသစ္စာပါ ခွန်အားများကို ဖစ်ဂဲရက်စ် တွေ့ရှိသဘောပေါက်လာသည်။ ကျယ်ပြောလှကာ အစဉ်အမြဲ ပြောင်းလဲနေသော သင်္ခါရလောကကြီးထဲတွင် လူသားတို့သည် အလွန်သေးငယ်သော အစက်ကလေးများသာ ဖြစ်ကြသည်။ လောကကြီးထဲတွင် အခြားအင်အားပေါင်းများစွာလည်း ဖြစ်ပေါ်လှုပ်ရှား သက်ရောက်စိုးမိုးနေကြသည်။ ယင်းအင်အားများအပေါ်တွင် လူသားဟု ခေါ်ဆိုသော အစက်ကလေးများက မထိန်းချုပ်နိုင်ပါ။ ''အဲဒီအချက်ဟာ ကျွန်မအဖို့ အလွန်တရာမှ အထောက်အကူရပါတယ်။ ကျွန်မဟာ အကောင်းဆုံးလူတစ်ယောက်အဖြစ်နဲ့ အကောင်းဆုံးအကျိုးဖြစ်ထွန်းအောင် နေထိုင်ပြုမူလုပ်ဆောင်ရမယ်။ ဒါပေမဲ့ ပေါ်ပေါက်လာတဲ့ ရလာဒ်တွေအတွက် ကျွန်မမှာ တာဝန်မရှိဘူး''

''စနစ်တွေကို ပြောင်းချင်ရင် ကိုယ်ကိုယ်တိုင်က စပြီး ပြောင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးဟာ စနစ်တွေဖြစ်နေလို့ပဲ။ ရာသီဥတုပြောင်းလဲခြင်းဟာ လူတွေကြောင့် ဖြစ်တာ။ အရင်းရှင်ဝါဒ၊ လူဖြူတွေ စိုးမိုးမှု၊ အလွန်အကျွံ စားသောက်သုံးစွဲမှု၊ ဒါတွေအားလုံးဟာ ကျွန်မတို့ရဲ့ ခန္ဓာတွေထဲမှာပဲ ဖြစ်ပေါ်နေတယ်။ ကျွန်မကိုယ်တိုင်လည်း ရာသီဥတုပြောင်းလဲခြင်းစနစ်ထဲက ယူနစ်တစ်ခု ဖြစ်နေတယ်လို့ ခံစားတတ်လာတယ်။ အဲဒီခံစားချက်ကို ကမ္ဘာကြီးအတွက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ''

တရားပြဆရာတော်က မိန့်ပါတယ်။ ''ကြာတွေဟာ နွံထဲက ပွင့်လာကြတယ် မဟုတ်လား။ လူတွေဟာ သူတို့ရဲ့ အချိန်အများစုကို ရှုပ်ထွေးပြီး ထွက်ပေါက်မရှိတဲ့ စိတ်ခံစားချက်တွေနဲ့ပဲ ကုန်ဆုံးနေကြတယ်။ နွံတွေနဲ့တူတဲ့ အဲဒီစိတ်ခံစားချက်တွေထဲက လှပတဲ့ကြာပွင့်တွေ ပွင့်လာစေရမှာပေါ့။ ကမ္ဘာကြီးဟာ ဒကာကြီး ဒကာမကြီးတွေဆီက ဘာတွေမျှော်လင့်နေမယ် ထင်သလဲ'' ဆရာတော်က ဆက်လက် မိန့်ကြားသည်။ ''ကမ္ဘာကြီးဟာ လူတွေကို သူ့ရင်သွေးတွေလို့ သဘောထားပါတယ်''

အစကတော့ ဆရာတော် ဘာကိုဆိုလိုသနည်း နားမလည်ပါ။ ''ငါ့ရင်သွေးဆီက ငါဘာတွေ မျှော်လင့်သလဲ''ဟု ဆက်တွေးတော့မှ သဘောပေါက်သွားသည်။ ပျော်ရွှင်ခြင်းလေ။ ပျော်ရွှင်ခြင်းပေါ့။ ငါ့ကလေးပျော်နေအောင် ငါ့မှာ မေတ္တာစိတ်တွေ မွေးရမှာပေါ့။ ကမ္ဘာ့မြို့တော်ကြီးတွေ၊ သတ္တဝါတွေ၊ ကျိုးပဲ့နေတဲ့ ပလက်ဖောင်းတွေ၊ တိမ်တိုက်တွေပေါ်မှာ မေတ္တာထားရမယ်။ ကမ္ဘာဟာ ကျွန်မတို့နဲ့ တသီးတခြား တည်နေတာမဟုတ်ဘူး။ ကျွန်မတို့ဟာ ကမ္ဘာ ဖြစ်သလို ကမ္ဘာဟာလည်း ကျွန်မတို့ပါပဲ။ ကျွန်မရဲ့ စိတ်ညစ်ညူးမှုကို ပြေလျော့စေချင်ရင် ကမ္ဘာကြီး ပျက်စီးယိုယွင်းနေမှုတွေကို ဖြေလျှော့ပေးရမှာပေါ့''

ကျွန်မသည် ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မေတ္တာထားသည်။ အကောင်းဆုံးလူတစ်ယောက်အဖြစ်နှင့် အကောင်းဆုံးအကျိုးဖြစ်ထွန်းအောင် နေထိုင်ပြုမူလုပ်ဆောင်သည်။ ဖြစ်စေချင်သလို ဖြစ်မလာသည့်အချက်များအပေါ်၌ စိတ်ညစ်ညူးမနေတော့ပါ။ ဖြစ်သင့်သည်တို့ ဖြစ်လာလျှင်တော့ နွံထဲက ပွင့်လာသောကြာဟု သဘောထားကာ ကြည်နူးရပါသည်။

Myanmar Environmental Education Team

28 Jan, 08:14


သဘာဝဘေးတွေနဲ့ပတ်သက်ရင် ...
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လည် ၁ နာရီခွဲ
====
ကမ္ဘာ့လေထုအလွှာအသီးသီးက လေစီးကြောင်းများလားရာအရပ်ရပ်ကို တိုက်ခတ်နေတာ၊ ဖိအား၊ အပူချိန်နဲ့ သိတ်သည်းဆတွေက အချိန်နဲ့အမျှပြောင်းလဲနေတာတွေကြောင့် ဒီအခြေခံသိပ္ပံဆိုင်ရာအချက်အလက်တွေအပေါ်တည်မှီနေတဲ့ ရာသီဥတုနဲ့မိုးလေဝသဖြစ်စဉ်တွေက လဲ အချိန်နဲ့အမျှပြောင်းလဲနေတာပါဘဲ။ အလားတူပြောင်းလဲနေတဲ့ ပင်လယ်သမုဒ္ဒရာရေပြင်အခြေအနေတွေကလဲ ရာသီဥတုနဲ့ မိုးလေဝသဆိုင်ရာဖြစ်စဉ်တွေအပေါ် စက္ကန့်တိုင်း မိနစ်တိုင်းမှာ သက်ရောက်မှုရှိနေပါတယ်။

မိုးလေဝသဌာနကြီးတွေ၊ ရာသီဥတုကြိုတင်ခန့်မှန်း/မှတ်တမ်းပြုစုသူတွေနဲ့ မိုးလေဝသ/ရာသီဥတုအခြေအနေတွေကို အမှန်ကန်ဆုံးဖြစ်အောင် နေ့စဉ်လက်လှမ်းမှီသလောက်တင်ပြနေကြတဲ့ ကျနော်တို့လိုလေ့လာသူတွေအတွက် စိတ်ပါဝင်စားမှုကြီးရင်ကြီးသလို၊ လေ့လာနေကြရတဲ့ ရည်ရွယ်ချက်ကြီးရင်ကြီးသလို တနှစ်ပတ်လုံးကိုအလုပ်ရှုပ်နေတတ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ပြည်တွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံကိုရင်ဆိုင်နေကြရတဲ့အချိန်မှာ သဘာဝဘေးတွေက တမျိုးတဖုံဖိစီးဒုက္ခပေးလာနိုင်တာကြောင့် ရာသီဥတုနဲ့ မိုးလေဝသဆိုင်ရာအချက်အလက်တွေကို ထဲထဲဝင်ဝင်၊ မှန်မှန်ကန်ကန်လေ့လာပြီး သဘာဝဘေးကျရောက်နိုင်မဲ့ဒေသတွေအတွက် Early Warning တစ်ရပ်အနေနဲ့ ကြိုတင်သတိပေးတာ၊ အသိပေးတာတွေကလဲ အရေးပါနေတာဖြစ်ပါတယ်။

မုန်တိုင်းတွေအဖြစ်များတတ်တဲ့ ကာလကိုကျော်လွန်ပြီး ဆောင်းရာသီနဲ့နွေရာသီတွေရောက်လာပြန်တော့လဲ အေးအေးလူလူအနားယူနေကြလို့မရပဲ အဖြစ်များတတ်တဲ့ သဘာဝမီးဘေး/လူ့ပယောဂကြောင့်ဖြစ်လာရတဲ့ မီးဘေးအန္တရာယ်တွေအပြင် နေ့စဉ်အသက်ရှုနေကြရတဲ့ လေထုကြီးထဲက ညစ်ညမ်းမှုအန္တရာယ်တွေ၊ နွေခေါင်ခေါင်မှာ မထင်မှတ်ပဲ ကျရောက်တတ်တဲ့ လေပြင်းအန္တရာယ်တွေကို စောင့်ကြည့်လေ့လာကြ၊ အသိပေး/သတိပေးကြရပြန်ပါတယ်။

အဲ့ဒီတော့အချုပ်အားဖြင့်ပြောပြချင်တာ အချက်(၄)ချက်ရှိပါတယ်။

(၁) ကိုယ့်အလုပ်ကိုယ်လုပ်ရမယ် - သဘာဝရော သဘာဝမဟုတ်တာရော ဘေးအန္တရာယ်တွေများနေတဲ့ ဒီနေ့ခေတ်ကာလကြီးထဲမှာ အမျိုးမျိုးသောကပ်ဘေးပေါင်းစုံကိုခံစားနေကြရတဲ့လူတွေအကုန်လုံးအတွက် သဘာဝဘေးဒဏ်သင့်နိုင်မဲ့အရေးကို သိရင်/နားလည်ရင်/လေ့လာထားရင် အချိန်မီကြိုတင်သတိပေးပြီး အသက်သေဆုံးမှုနဲ့နစ်နာမှုတွေလျှော့ချနိုင်အောင်လုပ်နိုင်တဲ့ အလုပ်ကိုလုပ်။ ကိုယ့်အတွက်ကိုယ်မကြည့်နဲ့၊ ဘေးဒဏ်ခံကြရတော့မဲ့လူတွေမျက်နှာကိုကြည့်ပြီး စာနာတတ်ကြဘို့လိုပါတယ်။

(၂) သဘာဝဘေးတခုခုဖြစ်လာတဲ့အခါ လိုအပ်တာတွေများတယ်၊ နေ့စဉ်စားရေးသောက်နေထိုင်ရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စတွေကြောင့် မဆုံးရှုံးသင့်တဲ့အသက်တွေ မဆုံးရှုံးရအောင် တတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီပေးရမယ်။ လူလိုသိတတ်တဲ့"လူ" ဘယ်သူဖြစ်ဖြစ် ဝင်ပါလို့ရတယ်။ ဝင်လုပ်လို့ ရတယ်။ လုပ်ပေးကြပါ။

(၃) သဘာဝဘေးအန္တရာယ်တခုခုကို "ခုတုံး"လုပ်ပြီးစီးပွားမရှာနဲ့၊ အဲ့သလို စီးပွားရှာပြီးရတဲ့ ဘယ်လိုအကျိုးအမြတ်ပေါ်မှာဖြစ်ဖြစ် သာယာမနေနဲ့၊ လူမဆန်တဲ့အမြတ်အစွန်းတွေ ဘယ်အမြတ်အစွန်းဖြစ်ဖြစ် ကြာကြာမခံဘူး၊ မီးခဲကိုမြိုချထားသလို ဖြစ်လာတဲ့အတွင်းစိတ်နဲ့အပူဓါတ်က ကိုယ့်ရဲ့ နောက်မျိုးဆက်တွေအထိ ကူးစက်သွားတတ်တာက ပိုပြီးကြောက်စရာကောင်းပါတယ်။

(၄) သဘာဝဘေးအတွက်ကူညီနိုင်ကြဘို့ လိုအပ်မှအလှူခံ၊ အလှူခံပြီးရင်လှူတဲ့သူတွေကို ကျေးဇူးတင်စကားပြော၊ စာရင်းရှင်းတမ်းကိုပီပီပြင်ပြင်တင်၊ အခုခေတ်ကြီးမှာ နာမည်တခါပျက်လိုက်ရင် အဖတ်ဆည်လို့မလွယ်တော့ဘူးဆိုတာလဲ သဘောပေါက်ထားဘို့လိုပါတယ်။

"သဘာဝဘေးတွေနဲ့ပါတ်သက်ရင် လုပ်သင့်တာ/မလုပ်သင့်တာတွေကို သူများပြောလို့သိတာထက် ကိုယ်ရင်ထဲကသိနေဘို့လိုပါတယ်။"
https://www.mmweather.org/special-weather-situation#h.kbnu1uz61djq

Myanmar Environmental Education Team

28 Jan, 08:14


https://t.me/mmweather/5054

Myanmar Environmental Education Team

28 Jan, 03:45


လွန်ခဲ့တဲ့ နှစ်သန်း(၅၀၀)လောက်မှာ ကမ္ဘာ့ တတိယလေထုလွှာ ဖြစ်ပေါ်လာပါတယ်။ နေရောင်ခြည်နဲ့ အစာချက်လုပ်တဲ့ ဇီဝပိုးမွှားတွေဟာ နေရောင်ခြည်ကိုအသုံးပြုပြီး စုပ်ယူလိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ရေကို ကာဗိုဟိုက်ဒရိတ်နဲ့ အောက်ဆီဂျင်မော်လီကျူးအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အောက်ဆီဂျင် မော်လီကျူးတွေဟာ လေထုအပေါ်လွှာထိ တဖြည်းဖြည်းတက်သွားပြီး လေထုထဲက ရှိရင်းစွဲ အောက်ဆီဂျင်နဲ့ နေရဲ့ခရမ်းလွန်ရောင်ခြည်ပေါင်းစပ်ပြီး အိုဇုန်းလွှာစတင်ဖြစ်ပေါ်လာပါတော့တယ်။ အိုဇုန်းလွှာပေါ်လာခဲ့တဲ့အတွက် နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေ ရာခိုင်နှုန်းအများစု ကမ္ဘာမြေပေါ် ကျရောက်မှုကနေ တားဆီးကာကွယ်ပေးနိုင်ပြီး အနာဂတ်သက်ရှိတွေ ရှင်သန်ဖြစ်ထွန်းဖို့ ​အထောက်အပံ့ကောင်းတစ်ခုပါပဲ။

အဲဒီလိုပုံစံနဲ့ နောက်ထပ်နှစ်သန်းပေါင်း(၂၅၀)ကျော်ကြာတဲ့အခါမှာ လေထုထဲက အောက်ဆီဂျင်ပါဝင်မှုနှုန်းမြင့်မားလာကာ အန္တရာယ်ရှိ ဓာတ်ငွေ့တွေဟာလည်း မရှိသလောက်နည်းပါးလာပြီး အိုဇုန်းလွှာလည်း အခိုင်အမာအခြေတကျ ဖြစ်လာပါတယ်။ အဲ့ဒီအချိန်လောက်မှာပဲ ကမ္ဘာ့လေထုဟာ ကြီးမားတဲ့သက်ရှိတွေ စတင်ဖြစ်ပေါ်နိုင်ဖို့ အထောက်အပံ့ကောင်းကောင်းဖြစ်လာခဲ့ပြီး ဒိုင်နိုဆောတွေနဲ့ ခုခေတ်သက်ရှိတွေရဲ့ရှေးဘိုးဘေးတွေစတင်ပေါ်ပေါက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ နေအဖွဲ့အစည်းထဲမှာ ကမ္ဘာဂြိုဟ်လို လေထုမျိုးအခြား ဘယ်ဂြိုဟ်မှ လက်ရှိအချိန်ထိ မပိုင်ဆိုင်ထားကြသေးပါဘူး။ နီးစပ်တဲ့ဂြိုဟ်တွေတော့ရှိပေမယ့် သက်ရှိတွေနေထိုင်ဖို့အတွက်တော့ မဖြစ်နိုင်သေးတဲ့အခြေအနေပါပဲ။ ကျွန်တော်တို့ သတိမမူအလေးအနက်မထားမိတဲ့ အံ့သြဖွယ် ကမ္ဘာ့လေထုဟာ သက်ရှိတွေ အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်နေပါတော့တယ်။

https://www.facebook.com/groups/316599872980003/permalink/521469759159679/

Myanmar Environmental Education Team

28 Jan, 03:45


ကမ္ဘာ့လေထုအလွှာတွေ စတင်ဖြစ်ပေါ်လာပုံ

Credit : အာကာသနှင့် စကြဝဠာ

ကမ္ဘာပေါ်က သတ္တဝါတိုင်းဟာ နေ့စဥ်နေ့တိုင်းစက္ကန့်မလပ် ကမ္ဘာမြေကြီးရဲ့လေကို ရှူရှိုက်နေကြပါတယ်။ လေထုဟာ သတ္တဝါတိုင်းအသက်ရှင်ရပ်တည်ဖို့အတွက် အဓိကအသက်သွေးကြောပါပဲ။ ဒီလို သတ္တဝါတိုင်း မရှိမဖြစ် လိုအပ်တဲ့လေထုဟာ ကမ္ဘာ​ဂြိုဟ်စတင် ဖြစ်ပေါ်လာကတည်းက ရှိနေတာလား? ဒါမှမဟုတ် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပြီးမှ အခုလက်ရှိလေထုအလွှာတွေအတိုင်း ဖြစ်လာတာလား? သေချာတာကတော့ ကမ္ဘာ့လေထုဟာ ကမ္ဘာစတင်ဖွဲ့စည်းဖြစ်ပေါ်ကတည်းက အခုလက်ရှိပုံစံအတိုင်း ရှိနေတာမဟုတ်ပါဘူး။ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲလာပြီးမှ အခုအခြေအနေရောက်ရှိလာတာပါ။

လွန်ခဲ့တဲ့နှစ်ပေါင်း (4.54)ဘီလီယံ ကမ္ဘာဂြိုဟ်စတင်ဖြစ်ပေါ်ချိန်မှာ ကမ္ဘာဟာ အရည်ပျော်နေတဲ့သတ္ထုလုံးကြီးအဖြစ် စတင်ခဲ့တာပါ။ အဲဒီအချိန်မှာ ကမ္ဘာကိုလွှမ်းခြုံထားတာကတော့ ဟိုက်ဒရိုဂျင်နဲ့ဟီလီယမ် အများဆုံး ပါဝင်တဲ့ ဓာတ်ငွေ့တွေပါပဲ။ ဒါဟာ ကမ္ဘာရဲ့ ပထမဆုံးသော လေထုအလွှာပါပဲ။ ဟိုက်ဒရိုဂျင်နဲ့ဟီလီယံဟာ ပေါ့ပါးတဲ့ဒြပ်စင်တွေဖြစ်တာကြောင့် သူတို့အများစုပါဝင်တဲ့ ဓာတ်ငွေ့တွေဟာလည်း အလွန်ပေါ့ပါးကြပြီး အလွန်မြန်တဲ့ ရွေ့လျားမှုအလျင်ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီဓာတ်ငွေ့တွေရဲ့ ပျမ်းမျှအမြန်နှုန်းဟာ မွေးဖွားပြီးကာစ ကမ္ဘာဆွဲအားရဲ့ Escape Velocity ကို ကျော်လွန်နေတာကြောင့် သူတို့ဟာ ကမ္ဘာပေါ်မှာ ကြာရှည်မတည်တံ့နိုင်တော့ပါဘူး။ (Escape Velocity ဆိုတာ ကမ္ဘာဆွဲငင်အားက ထိန်းသိမ်းထားနိုင်တဲ့ ဓာတ်ငွေ့တွေရဲ့ velocity limit ကို ဆိုလိုခြင်းပါ။ ကမ္ဘာဆွဲငင်အားက ထိန်းသိမ်းနိုင်တဲ့ပမာဏထက် ပိုလျင်မြန်စွာရွေ့လျားနိုင်တဲ့ ဓာတ်ငွေ့မော်လီကျုးတွေဟာ အာကာသထဲကို လွင့်မျောရောက်ရှိသွားမှာဖြစ်ပါတယ်)

ထို့ပြင် နေကတိုက်ခတ်တဲ့လေ Solar Wind ဟာလည်း ဟိုက်ဒရိုဂျင်၊ ဟီလီယမ်လို ပေါ့ပါးတဲ့ဒြပ်စင်တွေကို အဝေးကိုလွင့်သွားစေတဲ့အတွက် စတင်ဖွဲ့စည်းကာစ ကမ္ဘာ့လေထုထဲမှာ ရေငွေ့တွေ၊ မီသိန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်နဲ့ အခြားဓာတ်ငွေ့တွေပဲ ကျန်ခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ကမ္ဘာ့သံလိုက်စက်ကွင်းလည်း စတင်ဖြစ်ပေါ်နေပြီး လေးလံတဲ့ဒြပ်စင်တွေကို Solar Wind ရဲ့ တိုက်ခတ်မှုဒဏ်က ကာကွယ်ပေးထားတဲ့အတွက် ကမ္ဘာ့ပထမဆုံးလေထုအလွှာမှာ အဲဒီဒြပ်စင်တွေ ကျန်ရှိခဲ့ကြခြင်းပါပဲ။

ကမ္ဘာဂြိုဟ်စတင်ဖြစ်ပေါ်ပြီး နှစ်သန်းပေါင်းအနည်းငယ်ကြာတဲ့အခါမှာ ကမ္ဘာ့ဒုတိယလေထုလွှာ စတင်ပေါ်ပေါက်လာပါတယ်။ ဒုတိယလွှာဟာ မီးတောင်ပေါက်ကွဲမှုတွေကြောင့် အဓိကဖြစ်ပေါ်လာတာပါ။ ကမ္ဘာစတင်ဖြစ်ပေါ်ပြီးကာစအချိန်မှာ မြေပြင်လှုပ်ရှားမှုတွေ အချိန်တိုင်းဖြစ်ပေါ်ပြီး မီးတောင်တွေလည်း အမြဲတမ်းလိုလိုပေါက်ကွဲနေပါတယ်။ မီးတောင်ပေါက်ကွဲပြီဆိုရင် ကမ္ဘာအတွင်းပိုင်းက ရေငွေ့တွေ၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်အပါအဝင် တခြားဓာတ်ငွေ့တွေလည်း အမြောက်အမြားထုတ်လွှတ်ပါတယ်။ ဒီဓာတ်ငွေ့တွေဟာ ပထမရှိရင်းစွဲဓာတ်ငွေ့တွေနဲ့ပေါင်းသွားပြီး များပြားသိပ်သည်းလာပါတယ်။ လွန်ခဲ့တဲ့ နှစ် (2.5)ဘီလီယံလောက်မှာတော့ ကမ္ဘာကြီးဟာ အရည်ပျော်ပြီး ပူလောင်နေတဲ့အခြေအနေကနေ တဖြည်းဖြည်းအေးလာပြီး မီးတောင်က ထုတ်လွှတ်လိုက်တဲ့ ရေငွေ့အများအပြားဟာလည်း ကမ္ဘာကြီးအပူချိန်ကျလာတာနဲ့အတူ ငွေ့ရည်ဖွဲ့ပြီး အရည်အသွင်ကိုကူးပြောင်းလာကြတဲ့အတွက် လေထုဖိအားကျလာပါတယ်။ လေထုဖိအားကျလာတာနဲ့အမျှ တိမ်တိုက်တွေဖြစ်ပေါ်လာပြီး မိုးရွာသွန်းမှုဖြစ်စဥ်ပါဆက်တိုက်လိုက်လာကာ ကမ္ဘာပေါ်က ပထမဆုံးသောပင်လယ်တွေကို စတင်ဖြစ်ပေါ်စေပါတယ်။

မိုးစရွာတာနဲ့အမျှ မိုးရေတွေဟာ လေထုထဲက အမိုးနီးယား၊ မီသိန်းစတဲ့ အန္တရာယ်ရှိဓာတ်ငွေ့တွေကိုပျော်ဝင်စေပြီး လေထုထဲက ဖယ်ရှားပစ်ပါတယ်။ ဓာတ်ငွေ့ပျော်ဝင်နေတဲ့ ရေတွေဟာ ဒြပ်စင်ဒြပ်ပေါင်းတွေကိုဖြစ်စေပြီး ဇီဝသက်ရှိတွေရဲ့မူလဇာစ်မြစ်အစ ဖြစ်လာပါတယ်။ လေထုထဲကဒြပ်စင်တွေဟာ မိုးရေနဲ့ ဒြပ်ပေါင်းတွေဖြစ်ကုန်တာကြောင့် ကမ္ဘာကြီးကိုအုပ်ဆိုင်းနေတဲ့ အန္တရာယ်ရှိဓာတ်ငွေ့တွေ၊ မြူခိုးတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ယခင်က ကာဆီးခံထားရတဲ့ နေရောင်ခြည်ဟာ ကမ္ဘာပေါ်က ပင်လယ်တွေ ကုန်းမြေတွေပေါ်ကို စတင်ကျရောက်နိုင်လာပါတယ်။ နေရောင်ရလာတာနဲ့တပြိုင်နက် နေရောင်ခြည်ကို အမီပြုပြီး အစာချက်တဲ့ ပထမဆုံးအဏုဇီဝသက်ရှိတွေ၊ ဘတ်တီးရီးယားတွေဟာ ပင်လယ်ထဲမှာစတင်ပေါက်ပွားလာကြပါတယ်။ အဲဒီဇီဝသက်ရှိတွေဟာ နောက်ပိုင်းမှာ ကမ္ဘာ့လေထုအပေါ်လွှမ်းမိုးတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။ ပင်လယ်ရေနဲ့ အဏုဇီဝပိုးမွှားတွေဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အောက်ဆီဂျင်တွေကို လေထုထဲပြန်လွှတ်ပေးကြပါတယ်။ ဒါကြောင့် ကမ္ဘာလေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုလျော့ကျလာခဲ့ပြီး အောက်ဆီဂျင်အနည်းငယ် စတင်ပါဝင်လာခဲ့ပါတယ်။

Myanmar Environmental Education Team

28 Jan, 03:40


"တုတ်တုတ်ချင်း"၊ "ဓားဓားချင်း" ဆိုသည်တို့မှာ တစ်စုံတစ်ယောက်က မိမိအား ရန်စလာခဲ့လျှင် သူလုပ်သော နည်းအတိုင်း တုံ့ပြန်မည်ဟု အဓိပ္ပာယ်ရသည့် စကားလုံးများ ဖြစ်ကြသည်။ ''မီဒီယာကို မီဒီယာဖြင့် တုံ့ပြန်မည်''ဟုလည်း မဝေးလှသောတစ်ချိန်က ကြားခဲ့ဖူးကြသည်။ ယခုအခါ ''ရေလှောင်တမံကို ရေလှောင်တမံဖြင့် တုံ့ပြန်မည်'' ဟူသော ထူးထူးဆန်းဆန်း စကားရပ် တစ်ခုကို သုံးမည်ရမြစ်တစ်စင်းကို အကြောင်းပြု၍ ပူပူနွေးနွေး ကြားလာနေရသည်။

Yarlung Zangbo မြစ်သည် နီပေါ၊ ဘူတန်၊ အိန္ဒိယတို့၏ ထိပ်၊ တရုတ်နိုင်ငံ တိဘက်ဒေသအတွင်း အနောက်မှ အရှေ့သို့ ဖြတ်စီးရင်း တစ်နေရာသို့ရောက်သော် ရုတ်ချည်း တောင်ဘက်သို့ ကွေ့ဆင်းသည်။ အိန္ဒိယနယ်၊ Arunachal Pradesh ပြည်နယ်ထဲသို့ ရောက်သောအခါ ဦးစွာ Siang မြစ်ဟု အမည်ရကာ တောင်ဘက်သို့ ရောက်သော် ဗြဟ္မပုတ္တရ အမည်ဖြင့် ဆက်လက်စီးဆင်းပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံကို ဖြတ်၍ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။

Yarlung Zangbo မြစ် အိန္ဒိယနယ်ထဲ မကွေ့ဝင်မီကလေးတွင် ယင်းမြစ်ပေါ်၌ Medog အမည်ရှိ ရေလှောင်တမံ ဆောက်လုပ်ရန် တရုတ်တို့က လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက စီစဉ်နေခဲ့ရာမှ စဆောက်ရန် အတည်ပြုပြီဟု ၂၀၂၄ ဒီဇင်ဘာတွင် ကြေငြာသည်။ Medog ရေလှောင်တမံသည် ရေထုထည် ကုဗမီတာ ဘီလျံ ၄၀ ခန့် သိုလှောင်ကာ လျှပ်စစ်တပ်ဆင်အား မက်ဂါဝပ် ၆၀ဝဝဝ ရှိမည်ဖြစ်၍ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ဖြစ်လာဖို့ ရှိသည်။ ရေအားလျှပ်စစ်သည် ကာဘွန်မထွက်သည့် စွမ်းအင်ဖြစ်သောကြောင့် ရာသီဥတုပြောင်းလဲနေသော ကမ္ဘာနှင့် ကိုက်ညီသော အရင်းအမြစ်ဖြစ်သည်ဟု တရုတ်က ပြောသည်။

Medog ရေလှောင်တမံကို အတည်ပြုသည့်သတင်း ပေါ်ထွက်လာပြီး မကြာမီမှာပင် ယင်းရေလှောင်တမံနှင့် အောက်ဘက် မလှမ်းမကမ်း Siang မြစ်ထဲတွင် ရေလှောင်တမံတစ်ခု ဆောက်ရန် ဖြစ်နိုင်ခြေ လေ့လာနေပြီဟု အိန္ဒိယက ကြေငြာသည်။ Siang Upper Multipurpose Project ဟု အမည်ပေးထားသော ယင်းရေလှောင်တမံသည် ရေထုထည် ကိုးဘီလျံ ကုဗမီတာခန့် သိုလှောင်ကာ လျှပ်စစ်တပ်ဆင်အား မက်ဂါဝပ် ၁၁၀ဝ၀ ရှိမည်ဖြစ်၍ အိန္ဒိယ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ဖြစ်လာဖို့ ရှိသည်။

ယင်းစီမံကိန်းသည် ရေအားလျှပ်စစ် ထုတ်ရန်အပြင် ဖြစ်လာနိုင်ဖွယ်ရာ ရှိသည့် တရုတ်၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် ရည်ရွယ်သည်ဟု အိန္ဒိယက ဆိုသည်။ တရုတ်ဆောက်မည့် Medog ရေလှောင်တမံသည် အိန္ဒိယပိုင်နက်၏ ထိပ်တည့်တည့်တွင် ဖြစ်ရာ ရေလှောင်တမံ ပြီးစီးသောအခါ တရုတ်သည် သိုလှောင်ထားသောရေများကို တမင်တကာ လွှတ်ချကာ အိန္ဒိယနယ်ထဲတွင် ရေကြီးရေလျှံ ဖြစ်စေနိုင်သည်ဟု အိန္ဒိယက စိုးရိမ်သည်။ ထို့ပြင် တရုတ်သည် သူတို့ရေလှောင်တမံထဲတွင် လိုအပ်သည်ထက် ရေပိုမိုသိုလှောင်ခြင်းဖြင့် အိန္ဒိယထဲသို့ ရေအရောက်နည်းစေကာ ရေအခက်အခဲ ဖန်တီးနိုင်သည်ဟု အိန္ဒိယ တွေးပူသည်။

စိုးရိမ်သည့်အတိုင်း တရုတ်က ရေများလွှတ်ချလာလျှင် အိန္ဒိယ ရေလှောင်တမံထဲ၌ ယာယီထိန်းထားခြင်းဖြင့် အိန္ဒိယနယ်ထဲတွင် ရေကြီးရေလျှံမဖြစ်အောင် ကာကွယ်နိုင်မည်။ တွေးပူသည့်အတိုင်း တရုတ်က ရေများ ထိန်းချုပ်ခဲ့လျှင် အိန္ဒိယရေလှောင်တမံထဲရှိ ရေများကို လွှတ်ချပေးဝေခြင်းဖြင့် အိန္ဒိယနယ်ထဲတွင် ရေအခက်မတွေ့အောင် ကာကွယ်နိုင်မည်။ ဤသည်ကို ''ရေလှောင်တမံကို ရေလှောင်တမံဖြင့် တုံ့ပြန်ခြင်း''ဟု အိန္ဒိယက ဆိုခြင်း ဖြစ်သည်။

ယင်းရန်မီးရန်စများ ပေါ်ချင်လည်း ပေါ်မည်၊ မပေါ်ချင်လည်း နေမည်။ သို့သော် အထက်ပါ ရေလှောင်တမံ နှစ်ခုကို အပြိုင်ဆောက်ကြသောအခါ တွေ့ကို တွေ့ရမည့် အငြင်းပွားမှုမှာ ရေဖြည့်စဉ်ကာလ၌ ဖြစ်သည်။ ယင်းတမံများသည် ဧရာမအဆောက်အအုံများ ဖြစ်ကြရာ တမံနောက်တွင် ရေဖြည့်ရန် နှစ်ပေါင်းများစွာ ကြာမြင့်ရန် ရှိသည်။ မြစ်တစ်စင်းထဲမှ ရေများကို အပြိုင်အဆိုင် ရယူဖြည့်တင်းရမည် ဖြစ်သောကြောင့် တရုတ်နှင့် အိန္ဒိယတို့သည် ယင်းကိစ္စနှင့် ပတ်သက်ပြီး အကြီးအကျယ် အငြင်းပွားကြလိမ့်မည်။

ယင်းနှစ်နိုင်ငံတို့ အငြင်းပွားနေစဉ် လက်တွေ့ဒုက္ခရောက်မည်က ဘင်္ဂလားဒက်ရှ် ဖြစ်သည်။ ရေလှောင်တမံများကို ရေဖြည့်နေစဉ်ကာလတစ်လျှောက်လုံး ဘင်္ဂလားဒက်ရှ်ထဲ ဖြတ်စီးနေသည့် ဗြဟ္မပုတ္တရမြစ်ရေ လျော့နည်းသွားမည်။ ဘင်္ဂလားဒက်ရှ် မြစ်ဝကျွန်းပေါ်၌ ရေစီးနည်းသဖြင့် ပင်လယ်ရေများ ကုန်းတွင်းပိုင်းသို့ ပိုမိုတိုးဝင်လာမည်။ မုန်တိုင်းတိုက်သောအခါ ခါတိုင်းထက် ရေပိုကြီးမည်။

စတင်အားယူနေပြီဖြစ်သော ယင်းဖြစ်ရပ်၏ တည်နေရာသည် မြန်မာနိုင်ငံ၏ အနောက်မြောက်နှင့် အနောက်ဘက်တွင် ကပ်လျက် တည်ရှိသဖြင့် ကိုယ့်ပြဿနာနှင့်ကိုယ် မအေးချမ်းနိုင်သည့် မြန်မာတို့အဖို့ ''အိမ်နောက်ပူ အိမ်ရှေ့မချမ်းသာ'' ဖြစ်ရပေဦးမည်။

U Kyaw Oo

Myanmar Environmental Education Team

26 Jan, 14:56


ည ၇ နာရီမှာ AQI နဲ့ပါတ်သက်လို့တွေ့တာ
App Data တွေနဲ့ Real-Time Station Data တွေနဲ့တော့ ကွာနေတယ်။
Unhealthy တော့ Unhealthy ဆိုပေမယ့်ပေါ့။

U Win Naing
MMWeather

Myanmar Environmental Education Team

26 Jan, 06:13


ကမ္ဘာ့အဆင့် ၄

Myanmar Environmental Education Team

26 Jan, 05:43


Yangon Air Quality
26.1.25, 13:10 pm

Myanmar Environmental Education Team

25 Jan, 18:58


ဧရာဝတီမြစ်၏ ပျက်စီးယိုယွင်းမှု သို့မဟုတ် ဒီရေတောများ သစ်တောပြုန်းတီးမှုကဲ့သို့သော ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာများကို နားလည်သ​ဘော​ပေါက်လာ​စေမည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ ​ကျေးလက်​နေပြည်သူလူထုလှုပ်ရှားမှုများကို အားပေးခြင်းနှင့် ရပ်ရွာလူထုဦးဆောင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ​ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။

ပတ်ဝန်းကျင်ပညာရေး​နေ့ကို ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကျန်းမာသောကမ္ဘာမြေဖြစ်ရန် အ​ခြေခံအုတ်မြစ်ဖြစ်ကြောင်း အသိပေးနှိုး​ဆော်မှုအဖြစ်လည်း​ကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု လိုအပ်​နေကြောင်း သိရှိနားလည်လာ​စေရန်အတွက် ကျင်းပပါသည်။

Myanmar Environmental Education Team

25 Jan, 18:58


ကမ္ဘာ့ ပတ်ဝန်းကျင်ပညာ​ နေ့
World Environmental Education Day

ဇန်နဝါရီ၊၂၆

နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင် ပညာနေ့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး (EE) ၏ အရေးပါမှုကို အသိပညာပေးခြင်းနှင့် တကမ္ဘာလုံးတွင် ရေရှည်တည်တံ့သော အလေ့အကျင့်များကို မြှင့်တင်ခြင်းအတွက် ရည်ရွယ်ကျင်းပသည့် နေ့ဖြစ်ပါသည်။

ထိုနေ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိ ပညာပေးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှု၊ တန်ဖိုးထားမှုများနှင့် လူတစ်ဦးချင်းစီကို ဖြည့်ဆည်းပေးရာတွင် ပညာရေး၏ အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြပါသည်။

အစပြု​ပေါ်​ပေါက်လာပုံနှင့်ရည်ရွယ်ချက်

၁၉၇၂ ခုနှစ်တွင် စတော့ဟုမ်းမြို့တွင်ပြုလုပ်​သော ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံအပြီး ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးနေ့ကို ပထမဆုံးကျင်းပခဲ့ပါသည်။

ဤညီလာခံသည် ကမ္ဘာ့ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲမှုရရှိရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရန်လိုအပ်မှုသည် အဓိကဖြစ်အလေးပေးဖော်ပြခဲ့သည်။

အဆိုပါပွဲတွင် ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား ဆက်စပ်မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။

အဓိကရည်မှန်းချက်

ကျောင်းသင်ရိုး ညွှန်းတမ်းများနှင့် အများသူငါအသိပညာပေးအစီအစဉ်များတွင် ပတ်ဝန်းကျင်ပညာရေး၏အရေးပါမှုကို အသိအမှတ်ပြုထည့်သွင်းပြဌာန်းသင်ကြား​ပေးနိုင်ရန်အတွက် လူတစ်ဦးချင်းစီနှင့် အစိုးရများ၊အဖွဲ့အစည်းများကို အားပေးတိုက်တွန်းရန်

ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် လေထုညစ်ညမ်းမှုစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လှုံ့ဆော်အားပေးရန်

ကမ္ဘာဂြိုဟ်ကို ကာကွယ်ရာတွင် သက်ဆိုင်သူအားလုံး၏ တာဝန်ကို အလေးပေးကာ လူသားတို့၏ လှုပ်ရှားမှုများနှင့် ပတ်ဝန်းကျင်၏ အပြန်အလှန် ဆက်နွယ်မှုကို မီးမောင်းထိုးပြရန်

လှုပ်ရှားမှုများ

နှစ်စဉ်နှစ်တိုင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးနေ့သည် လက်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် သီးခြားဆောင်ပုဒ်တစ်ခု ချမှတ်ပါသည်။

​ဆောင်ပုဒ်များတွင် ရာသီဥတု​ပြောင်းလဲမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သို့မဟုတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး စသည့် အ​ကြောင်းအရာများ ပါဝင်သည်။ ထို​ဆောင်ပုဒ်ပါ အကြောင်းအရာများသည် ကမ္ဘာတစ်ဝှမ်းရှိ အခမ်းအနားများနှင့် ဆွေးနွေးမှုများကို လမ်းညွှန်ပေးပါသည်။

ပုံမှန်လှုပ်ရှားမှုများ

အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ-

ရေရှည်တည်တံ့သော အလေ့အကျင့်များအကြောင်း အသိပညာမျှဝေရန် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးဆရာများနှင့် အဖွဲ့အစည်းများသည် ပညာရေးဆွေးနွေးပွဲများကို ကျင်းပကြသည်။

သန့်ရှင်းရေး-

ပန်းခြံများ၊ ကမ်းခြေများ၊ မြစ်များ သို့မဟုတ် မြို့ပြဧရိယာများကို သန့်ရှင်းရေးလုပ်ရန် စေတနာ့ဝန်ထမ်းများ အတူတကွ​ဆောင်ရွက်ကြသည်။

ကျောင်းအစီအစဉ်များ-

ကျောင်းများသည် EE တွင် ကျောင်းသားများနှင့် ထိတွေ့ရန် စကားရည်လုပွဲများ၊ ပိုစတာပြိုင်ပွဲများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရောဂျက်များကို ကျင်းပသည်။

Webinars နှင့် Social Media ကမ်ပိန်းများ-

အွန်လိုင်းပလက်ဖောင်းများကို အသိပညာဖြန့်ဝေရန်၊ အောင်မြင်မှုသတင်းများကို မျှဝေရန်နှင့် ကမ္ဘာတစ်ဝှမ်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်ချက်ကို မြှင့်တင်ရန်အတွက် အသုံးပြုပါသည်။

သစ်ပင်စိုက်ပျိုးခြင်းအစပြုခြင်း-

ပါဝင်သူများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် ၎င်းတို့၏ ကတိကဝတ်များကို သင်္ကေတအဖြစ် သစ်ပင်စိုက်ပျိုးကြသည်။

ပတ်ဝန်းကျင် ပညာရေး၏ အခန်းကဏ္ဍ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးသည် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများကို ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးကို စွမ်းစွမ်းတမံဆောင်နိုင်စေရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ဂေဟစနစ်များနှင့် လူသားတို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့၏ ဆက်နွယ်မှုကို နားလည်​စေပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပြဿနာဖြေရှင်းနိုင်သော စွမ်းရည်များကို မြင့်မား​စေပါသည်။

လူတိုင်း လူတိုင်းက ကမ္ဘာမြေအပေါ် တာဝန်သိစိတ်နှင့် ထိန်းသိမ်းလိုစိတ်များကို ဖြစ်​ပေါ်​စေပါသည်။

မြန်မာနိုင်ငံတွင်လည်း သစ်တောပြုန်းတီးမှု၊ ရေထုညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှုကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် မြန်မာနိုင်ငံအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများဖြစ်​ကြောင်း ပတ်ဝန်းကျင်ပညာ​ရေး​နေ့မှတဆင့် အသိပညာ​ပေးနိုင်​သော အခွင့်အလမ်းရရှိ​စေပါသည်။

က​လေးများနှင့် လူငယ်များအတွက် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာတိုးတက်လာစေရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးကို အမျိုးသားသင်ရိုးညွှန်းတမ်းတွင် ပေါင်းစပ်ထည့်သွင်းရမည်ဖြစ်သည်။

Myanmar Environmental Education Team

24 Jan, 04:44


သားမင်း

ဘရန်ရှောင်

ကချင်ပြည်နယ် ပူတာအိုခရိုင် ရေခဲတောင်တွေရှိတဲ့ဒေသနဲ့ ပတ်ဝန်းကျင်မှာ ကျက်စားတယ်..

အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာ၊တရုတ်နဲ့ အိန္ဒိယနိုင်ငံမှာရှိတယ်.. ပုံမှန်ကတော့ ပင်လယ်ရေမျက်နှာပြင် ပေတစ်သောင်းကျော်နဲ့ ပတ်ဝန်းကျင်မှာ ကျက်စားပြီးအေးတဲ့ အချိန်ကျရင် ပေ ၅၀၀၀ထိ ဆင်တယ် သင်းကွဲတွေ ပင်လယ်ရေမျက်နှာပြင် ပေ၂၅၀၀ထိ လမ်းမှားပြီး ဆင်းလာတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

လူကိုတော့ ရန်မူတာမရှိဘူး တောင်ကြောတွေမှာ ထိပ်တိုက်တွေရင်တော့ ရွေးစရာလမ်းမရှိရင် ပြေးတိုက်ခွေ့ခံရပြီး သေဆုံးတာမျိုးတော့ ရှိခဲ့တယ် အနံခံအရမ်းကောင်းတယ် ..

ဥပဒေမှာတော့ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်ဖြစ်ပါတယ် ဒေသခံတွေကတော့ သားမင်းဦးချိုကို အိမ်မှာ ချတ်ထားရင် မီးမလောင်ဘူး ရေမှာ စိမ်လိုက်ရင် မိုးရွာတယ်လို့ အယူရှိကြတယ်။

၂ကောင်၃ကောင် ၄,၅ကောင်အုပ်တွေနဲ့နေတာတွေ့ရပြီး မြန်မာနိုင်ငံမှာတော့ အများဆုံးအကောင် ၂၀အုပ်ရှိတဲ့ အုပ်တွေရှိတယ်လို့သိထားတယ်

မိုးတွင်းကာလ ရေခဲပျော်ချိန် တဖက်နိုင်ငံက ရောက်လာတဲ့ သားမင်းအုပ်တွေတော့ တခါတလေ ရာဂဏန်းရှိတယ်လို့ ပြောကြတယ်

ခါကာနဲ့ ဖုန်ကန်ဒေသတွေမှာတော့ သူတို့လာတဲ့လမ်းကြောင်းနဲ့ ဆားကျင်းတွေမှာ အတော်လေးပေါပြီး ခုချိန်မှာတော့ အမြဲသတ်ဖြတ်ခံရတာကြောင့် ရှားပါးလာတယ်

သို့သော်လည်း တဖက်နိုင်ငံများမှ နှစ်စဉ် အနည်းနဲ့ အများ လာရောက်နေတာကိုလည်း တွေ့ရပါတယ် ခါကာဒေသမှာ လူအများသိပ်မရောက်သေးတဲ့နေရာတစ်ခုမှာတော့ သာမင်းတွေ အတော်များများကျန်သေးတယ်လို့ သိရတယ် တချိန်က အဲ့နေရာသွားဖို့ ကြိုးစားခဲ့ပေးမဲ့ အချိန် ငွေ အခက်အခဲတွေကြောင့် မရောက်နိုင်ခဲ့ဘူး..

သားမင်းတွေမှာ နိုင်ငံ နယ်နမိတ်မရှိဘူး ရေခဲမရှိတဲ့ မိုးရာသီမှာတော့ နေရာအနှံ့လှည်လည်သွားကြတာပဲ ဆောင်းဝင်လို့ ရေခဲကျရင်တော့ ရေခဲတောင်ကြောတွေ မဖြတ်တော့ဘူး တဖြည်းဖြည်း ရေခဲလွတ်ရာဆင်းလာတယ်

မြန်မာပြည်မှာတော့ ရေခဲစကျလို့ အောက်ကို ဆင်းလာတဲ့ အချိန် အောင်တိုဘာနှောင်းပိုင်း နိုဝင်ဘာလတွေနဲ့ ဆားကျင်းတွေမှာ ရေသောက်ဆင်းတဲ့ အချိန်တွေမှာ အသတ်ခံရတာများတယ်

2019-20 ကိုယ်ပိုင်မှတ်တမ်းအရ သားမင်းတကောင်ရရင် ၃သိန်းကနေ ၆သိန်းအထိ ရတယ် ခုတော့ ဘယ်ခြေနေရှိနေမှန်း မသိသေးဘူး

လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ကျောင်းသားဘဝက လေယာဉ်ကွင်းဈေးမှာ လူတစ်ယောက်က သားမင်းချိုကို ၈၀၀၀နဲ့ ရောင်းတာတွေ့ဖူးတယ်

အဲ့တုန်းက တရုတ်ကဝယ်တော့ ဈေးကြီးတယ်လေ ၂၀၁၀နောက်ပိုင်း တရုတ်က သားမင်းကို လုံးဝတားမြစ်လိုက်ပြီး နယ်စပ်တွေမှာ အဝင်မခံတာကြောင့် သားမင်းချိုတွေ ဈေးကောင်းမရတော့ဘူး မြန်မာပြည်မှာတော့ ခုထိရောင်းနေကြတုန်း

လှိုင်းပေါ်မှာတောင် ပေါ်တင်ကြီး ရောင်းလာကြတယ် တရုတ်နယ်စပ်က ရွာတစ်ရွာမှာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က တရုတ်ဖက်က မိုင်းခွဲလမ်းဖောက်တော့ သာမင်းတွေ အများကြီး အဲ့ရွာရဲ့ အနီးမှာရှိတဲ့ ဆားကျင်းနဲ့ ပတ်ဝန်ကျင်ဒေသကို သားမင်းတွေ အများကြီး ပြောင်းလာကြတယ် နဂိုကလည်း အဲ့ပတ်ဝန်းကျင်မှာ သားမင်း အနည်းငယ်တော့ ရှိတယ်

အဲ့ကာလမှာ ရွာသားတွေ ဆားကျင်းနားသွားပြီး အမဲလိုက်တာ အကောင်သေး အထီးအမ မကျန်ဘူး တစ်ခါးသွားရင် ၅ကောင် တခါတလေ အဲ့ထက်များတယ် သတ်ကြတာ ကြာတော့ ဆားကျင်းပတ်ဝန်းကျင်မှာ ဘာမှ မရှိတော့ဘူး

၂၀၁၈ကကျွန်တော် အဲဒီနေရာကိုရောက်သွားတာ ဆားကျင်းလည်း ပျက် သားမင်းလည်း အဲ့ပတ်ဝန်းကျင်မှာ ခြေရာ တစ်ကောင် နှစ်လောက်ပဲ ရှိတော့တယ် ဆားကျင်းကလည်း ချောင်းဖျားချိုင့်ခွက်ကြီးမှာဖြစ်နေပြီး အဝင်အထွက် တစ်လမ်းပဲရှိတယ် ဝင်လာတဲ့ အုပ်တွေအားလုံးကို လွတ်လမ်းမရှိအောင် မနက်စောစောမှာ အကာအကွယ်ယူ စနစ်တကျကို သတ်ဖြတ်ဖို့ လုပ်ထားတာကို စိတ်မကောင်းစွာတွေ့မြင်ခဲ့ရတယ်..

သားမင်း
ပန်ဒါနီ
ရေခဲတောင်ဆိတ်
မိုနာရစ်
ဇာမဏီရစ်
လည်ပင်းနီအောက်ချင်း တွေဟာ
ပူတာအို ခါကာဘိုရာဇီဒေသရဲ့ အထင်ကရ မျိုးစိတ်တွေ ဖြစ်တယ်..

ဒေသခံတွေလည်း အလွန်အကျွံအမဲလိုက်တဲ့ အကျင့်တွေ ပြင်သင့်ပြီ၊ အောက်ပိုင်းအလည်လာတဲ့ သူတွေလည်း ပူတာအို ဒေသကို တကယ်ချစ်ရင် ခုလိုရှားပါးတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူခြင်း ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံပါတယ်

အဲ့ဒါတွေ ဝယ်မယ့်အစား ဒေသထွက် သစ်ဥသစ်ဖု ပရဆေးတွေ ဒေသကစိုက်ပျိုးထားတဲ့ ဥပမာ သစ်သီးဝလံ နဲ့ ​ကောက်ပဲသီးနှံ ငရုတ် နနွင်း အားလူးဂျင်း စုံလိုပါ၊ နောက်ပြီး ရိုးရာပစ္စည်းလေးတွေ ဒေသအသုံးအဆောင်လေးတွေ အဲ့ဒါတွေကိုပဲ ဈေးကောင်းကောင်းပေးပြီး ဝယ်ယူအားပေးကြပါ ခေတ်မှီပြီး ဒေသရဲ့ သဘာဝကို ထိန်းသိမ်းတဲ့ ခရီးသွားကောင်းဖြစ်အောင် လုပ်ဆောင်းပေးပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်..

အဆုံးထိ ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

#မြန်မာပြည်ငြိမ်းချမ်းပါစေ

ဘရန်ရှောင်

Myanmar Environmental Education Team

22 Jan, 12:30


သူတို့အားလုံးထ သွားသောအခါ ထပ်မံကြည့်သောအခါမှ ကျမ၏ အိမ်ရှင်မ မျက်စေ့နှင့်ဆိုလျင် ကြာဇံ အစိတ်သားကြော်ခန့်ခေါက်ဆွဲကြော်တွေကလည်းတပုံတပင်။ကြက်အူချောင်းနှင့်ကြက်ဥကတော့တွက်လို့မရ။အချိုပွဲထဲကမုန့်တွေမကုန်နိုင်မခန်းနိုင်ထည့်ထားတာတွေကဒီတိုင်း။

ထိုအခါမှတခြားစားပွဲများဘက်ကိုဝေ့ပတ်ကြည့်ရာ တချို့က အကုန်ကုန်အောင်စားသည်။ တချို့
ကတော့ စောစောကဝိုင်းလိုပင်။မကုန်နိုင်မခမ်းနိုင်။

ဘာ့ကြောင့်များဒီလောက် ပစ်စလက်ခတ်နိုင်ကြပါလိမ့်။ထိုအခါဖြစ်နိုင်ချေ နှစ်ချက် သုံးချက်လောက်သွားတွေ့သည်။

ပထမဆုံးအချက်မှာ ဘူဖေးပါးမဝခြင်း။

ကျမတို့ လူမျိုးအတော်များများမှာ ဘူဖေးစံနစ်နှင့်မရင်းနှီးပါ။ အခု ဒီဘက်ခေတ်ရင်းနှီးတယ်ဆိုလျင်တောင် မရင်းနှီးသောရာနှုံးနှင့်စာလျင်အတော်နည်းနေပါသေးသည်။ ဘူဖေးစားနိုင်သောလူတန်းစားတခုနှင့် ကုမ္ပဏီများတွင်အလုပ်လုပ်ကြသော stuff party တွေဘာတွေနှင့်ကျွမ်းဝင်နေသော လူတန်းစားတခုလောက်သာရှိပါသည်။

တခြားမရင်းနှီးသောလူတန်းစားများမှာ ဘူဖေးသဘောကိုမသိပါ။ကိုယ်စားချင်သလောက်ထည့်ပြီး ကုန်ရင်ထပ်သွားယူလို့ရတာလည်းမသိ။

ကိုယ်ယူနေတုံး လက်ခံခွက်ထဲမှာနည်းသွားလျင်
စားဖိုဆောင်ထဲမှ ချက်ပြီးသားအဆင်သင့်ကို
လက်ခံခွက်ထဲ လာထပ်ထည့်ပေးတာကိုလည်းမသိ။တခါတည်းယူလို့ရတယ်ပဲထင်ကာ နောက်ထပ် ထပ်ယူလို့ရမှန်းမသိသဖြင့် ကိုယ်မဝမှာကြောက်ပြီး အပြီးထည့်ရာမှ မကုန်နိုင်ဖြစ်သွားသော အကြောင်းရင်းတခု။ထို အကြောင်းရင်းရှိလူတန်းစားများသည်ကားနောင် ဘူဖေးပါးဝ လာပြီး နဂို လောဘမကြီးတတ်သူများဖြစ်ပါက နောက်တခေါက်ထပ်မမှားတော့ပါ။

ဒုတိယ အချက်မှာ ကျန်းမာရေးနှင့် စိတ်နှင့်ဆိုင်သည်ဟုထင်ပါ၏။

တချို့ရှိတတ်သည်။ လောဘကြီးတာလည်းမဟုတ်။ စားချင်စိတ်ရှိသည်။စားလည်းစားနိုင်မည် ဟု ကိုယ့်ကိုယ်ကိုထင်သည်။သို့ရာတွင် တကယ်စားနေရင်းကခံတွင်းပျက်သွားတာမျိုး စားချင်စိတ်ပျောက်သွားတာမျိုး တနည်းနည်း ကျန်းမာရေးချွတ်ယွင်းသွားတာမျိုးကြောင့် ဆက်မစားနိုင်ပဲ ကျန်ခဲ့ခြင်းဖြစ်ပါသည်။ထိုသူတို့ကား ဆင်ခြင်စိတ်ရှိလျင် နောက်တခေါက်စားလျင်တောင် အနည်းငယ်မျှသာထည့်ပါတော့သည်။

နောက်ဆုံး တတိယအချက်

ထိုအချက်ရှိလူတန်းစား များအကြောင်းကို ကျမ
အဓိက ပြောချင်ပါသည်။

ထိုသူတို့သည်ကား ဘူဖေးပါးလည်းဝသည်။
ဘူဖေးသဘောကိုလည်းနားလည်သည်။
အဓိက အချက်မှာ ထိုသူတို့၏ ခပ်ပေါ့ပေါ့စိတ်နှင့်
အရှုံးမခံတတ်သောစိတ်ကြောင့်ဖြစ်လေသည်။

များသောအားဖြင့် သူတို့သည် အတန်ငယ်လောဘကြီးသူများဖြစ်တတ်ကြသည်။
နောက်ပြီး ငါဟော်တယ်ခပေးထားတဲ့အထဲ
ဒီထမင်းဖိုးပါနေတာပဲ။ မကုန်လို့ လွှင့်ပြစ်ရင်
ဟော်တယ်က ခံပေါ့ ဟု တာဝန်မဲ့စိတ်ရှိကြသူများဖြစ်လေသည်။

ထိုလူမျိုးတွေနေရာအနှံ့မှာ မကြာခဏတွေ့ရတတ်သည်။ တချို့ကြေးအိုး ဆီချက်ဆိုင်တွေမှာ အချဉ်ရည်တို့ငရုပ်သီးကြိုက်သလောက်ပေးထားပါလျက်ပိုက်ဆံပေးစားတာပဲ ဟူသောစိတ်နှင့် အလဟသမကုန်မခမ်းနိုင်ထည့်ပြီးထားခဲ့သူများ။
လက်ဘက်ရည်ဆိုင်မှာ ရေနွေးကြမ်းနှစ်ခွက်သုံးခွက်ဆင့်ငှဲ့ထားပြီး မသောက်ပဲထ ထွက်သွားသူများ။

ပြောရလျင်အများကြီးဖြစ်သည်။

တကယ်တော့ သူတို့သည် ဘဝမှာလိုချင်တာအားလုံးရလျက် ငတ်သည်ဟူသောစကားကို မကြားဘူးသူများဖြစ်လေသည်။

ကျမသည် ကျမ လုပ်ငန်းသဘောအားလျော်စွာ
မိဘမဲ့ကလေးကျောင်း ဘကကျောင်းတော်တော်များများကိုရောက်ဘူးခဲ့ပါသည်။ အချို့ကျောင်းများမှာလှုမည့်သူများသောကြောင့် ကလေးတွေ တပတ်မှာ သုံးလေးကြိမ်လောက် အသားနှင့်ဘာနှင့် အူစိုစိုစားရသည်။

တချို့ကျောင်းတွေကျ အလှုရှင်နည်းရသည့်ကြားထဲ ကလေးကများနေရာ ဘုန်းကြီးတွေ သီလရှင်တွေလည်းမတတ်နိုင်တော့။ဟင်းသာမက ထမင်းကိုပါ ဝေပုံကျနှင့် ဝ လည်းဒါ မဝလည်းဒါပဲဟု တခါတည်းအပြီးပုံပေးရသောကျောင်းများလည်းရှိပါသည်။

မွန်ပြည်နယ်ဘက်က ကျောင်းတကျောင်းကတော့
ကလေး ငါးရာကျော်လေရာ တနေ့မှ နှစ်နပ်သာကျွေးနိုင်ပါသည်။ မိဘမဲ့ကလေးရော မိဘရှိပါလျက်မတတ်နိုင်သည့်ကလေးရောကျောင်းအိပ် ကျောင်းစားလက်ခံထားရာ သူငယ်တန်းမှ ဆယ်တန်းထိဖြစ်လေသည်။

ဆရာတော်မှာ အင်မတန်စံနစ်ကျ၍သာတော်တော့သည်။ဆယ်တန်းကျူရှင်နှင့် ဂိုက်နှင့်သင်ကြားရေးကိုစပါယ်ရှယ်ဂရုစိုက်နိုင်သလောက် ထမင်းကိုတနေ့သုံးနပ်မကျွေးနိုင်။ မနက် ရှစ်နာရီတခါ ညနေ ငါးနာရီတခါ နှစ်ကြိမ်သာကျွေးနိုင်လေရာ ဒီကြားထဲဆာလျင် မုန့်ဖိုးလေး ဘာလေးရှိသော ကလေးက ဝယ်စား။ မရှိသည့်ကလေးကတော့ ရေသောက် ဗိုက်မှောက်ပင်။
အရွယ်ကောင်း အစာခြေအားကောင်းသည့်ကလေးတွေ၏ ဆာလောင်ခြင်းဒုက္ခကို စောစောက ဘူဖေးစားသည့် တတိယအမျိုးအစားလူတန်းစားတို့နားမလည်နိုင်ပါ။

တခါကတော့ အညာဒေသက မိဘမဲ့ကျောင်းမှာဖြစ်သည်။ထိုစဉ်က အစိုးရအထောက်အပံ့ကလည်းလုံလောက်အောင်မရ။ အခုသည်ဖက်ခေတ်လို ဘာအဖွဲ့ ညာအဖွဲ့ကူညီရေးအဖွဲ့လေးတွေကလည်းမရှိ။ကျမ သွားသည့်အချိန်မှာ သူတို့ဟင်းချက်နေကြသည်။

ဂေါ်ဖီပန်းပွင့်၏ အရွက်များကိုချက်နေကြခြင်းဖြစ်သည်။သူတို့သည် ပန်းဂေါ်ဖီကိုအပွင့်မစားနိုင်ကြပါ။ စျေးထဲမှာ ခုတ်ပြီးပုံထားသော ဘေးကအရွက်ဖတ်များထဲမှ နည်းနည်းနုတာလေးများနှင့် အလည်အူတိုင်ကိုဘေးကအသားခွါပြီးအလည်ကအနုလေးတွေကိုစိမ်းစားငပ်ိနှင့်နယ်ကာ ချက်စားနေကြတာဖြစ်လေသည်။

ပြီးတော့ငံပြာရည်ဖျော်တခွက်။

Myanmar Environmental Education Team

22 Jan, 12:30


ထိုကလေးတွေသည် အသားဟင်းငတ်လွန်းသဖြင့်မိုးတွင်းရောက်လျင် ဘေးနားက ရေအိုင်စပ်စပ်တွေမှာလာသမျှ ဖား ခရု အကုန်ဖမ်းပြီး မီးဖုတ်စားကြပါသည်တဲ့။

ကျမသည် စိတ်ထဲထိခိုက်လွန်းသဖြင့် စကား
တောင်သေချာမပြောနိုင်အောင်ဖြစ်ခဲ့ရပါသည်။
နောက်တော့ ကျမ ကစ၍ ကူညီလိုက်သည်မှာ
အခြားသော ကူညီသူများတော်တော်များလာပါသည်။ယခုခေတ်မှာတော့ ပို၍ အခြေအနေကောင်းလာကာ တော်တော်လေးဟန်ကျနေကြောင်းသိရပါသည်။ထားတော့။

အငတ်ပြသနာ အကြောင်းပြောလျင် ဟေတီတို့ အီသီယိုးပီးယားတို့ ဆူဒါန် တို့အကြောင်းကဝေးနေသေးသည်။ကိုယ့်နိုင်ငံထဲမှာကိုပဲ ကပ်ဆိုက်နေတာတွေရှိနေသည်။ ဟိုလောက်မဆိုးတာတခုပင်။

တခါသော် လှိုင်သာယာဘက်မှာ ခိုးမှုတခုဖြစ်သည်။အိမ်နောက်ဖေးမှ တက်၍ ချက်ထားသော ထမင်းကို အိုးလိုက်မှောက်သွန်ပြီးခိုးသွားခြင်းဖြစ်သည်။အလေးချိန်နှင့်ပြန်ရောင်းစား၍ ရသော ဒါန်အိုးကိုချန်ခဲ့ကာ ထမင်းချည်းခိုးသွားခြင်းဖြစ်သည်။

ကားသမားတစုက ထိုအကြောင်းကိုပြောနေစဉ်
ပြောနေသူတွေလည်းစိတ်သက်သာပုံမရသလိုကြားလိုက်ရသော ကျမလည်း တော်တော် ရင်ထဲခံစားရပါသည်။ဘယ်လောက်များ ဆာနေလိုက်ပါလိမ့်။

ထိုအကြောင်းများကိုစောစောက တတိယလူတန်း စားတွေ ဂရုမပြုမိကြပါ။သိလျင်လည်းသူတို့ကပြောမည်။ကိုယ့် ကံနဲ့ကိုယ်လာတာ။ဟုတ်သလိုလိုပင်။ သို့သော် မိမိ၏ အတိတ်ကံကောင်းခြင်းသည် မိမိထက်အစစ အရာရာနိမ့်ကျသော တပါးသူများအပေါ် ကြွားဝါသလို ကိုယ်ချင်းမစာသလို မဖြစ်ဖို့တော့လိုလေသည်။

တခါတော့ မြို့နှင့် ၇ မိုင်ခန့်သာဝေးသော ရွာ
လေးတစ်ရွာသို့သွားသည်။ကျမ အကျင့်အတိုင်း သွားလျင် လက်ချည်းဘယ်တော့မှ မသွား။ ကလေးတွေဖို့ အဝတ်အထည် စာအုပ် မုန့် စသဖြင့်တတ်နိုင်သရွေ့သယ်သွားပြီး ဝေငှပေးတတ်ပါသည်။

ထိုထဲမှ ကိုးနှစ်သားလောက် ကောင်လေးတယောက်၏ တုံ့ပြန်လာသောစေတနာစကားလေးကို ကျမ တသက်ဘယ်တော့မှမမေ့ပါ။
သူသည် သူ့ကိုပေးသော ဂျာစီ အင်္ကျီလေးနှင့်စာအုပ်လေးများကို ရင်ပတ်ထဲမှာ ကျစ်ကျစ်ပါအောင်ပွေ့ထားရင်း ပါးစပ်ကြီးနှင့်တလုံးအားရ ပါးရ ပြောလိုက်သည်မှာ

"ဆရာမကြီးရာ ဆရာမကြီးကိုလေ သားကျေးဇူး တင်လွန်းလို့ သားထီပေါက်ရင် မြို့က ခေါက်ဆွဲကြော်တွေ အဝကျွေးမယ် သိလားတဲ့"

ရုတ်တရက်တော့ စာဖတ်သူတို့ ကြားရသူတို့ပြုံးမိကြမည်။ကျမ ကတော့ အဲဒီအချိန်တုံးကရော ခုထိရော မပြုံးနိုင်ပါ။

မြို့နှင့် ၇ မိုင်သာဝေးပါလျက်မြို့ကို မရောက်ဘူးသောမြိုကလူတွေစားသောခေါက်ဆွဲကြော်ကို သူများအိမ်က တီဗီထဲမှာသာမြင်ဘူးသော
နေ့တဓူဝ ချဉ်ဟင်းနှင့် ငရုပ်သီးထောင်းသာစားနေရသော ကလေးတယောက်အဖို့ သူတန်ဘိုးထားချစ်ခင်ရသော ဆရာမကြီးကို သူအရမ်းတန်ဖိုးထားပြီးစားချင်နေသော ခေါက်ဆွဲကြော်ကိုကျွေးချင်နေသောစေတနာတည်း။

ထိုစေတနာနှင့်ထိုအာသာကို စောစောကဘူဖေးမှာ မကုန်နိုင်မခမ်းနိုင် စားပြီးထားခဲ့ကြသော
လူတန်းစားများ နားလည်နိုင်ကြပါ့မလား။
ကျမ တွေးမိပါသည်။

ကျမမိတ်ဆွေ နိုင်ငံခြားသူ ဆရာဝန်မကြီးတယောက်မှာ WHO မှာလုပ်ရင်း ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းများတွင်တာဝန်
ကျ လိုက်ရာ ကလေးတွေ လူတွေငတ်တာ
ဘယ်လောက်စိတ်ထိခိုက်သွားမှန်းမသိ။ရာသက် ပန်သက်သတ် လွတ်ဖြစ်သွားပါတော့သည်။

ငါ့တသက် စိတ်ထိခိုက်လွန်းလို့ ငါကောင်းကောင်း
စားနေရတိုင်း ဟိုက ကလေးတွေပြန်မြင်ပြီးအပြစ် မကင်းသလို ခံစားရလို့ ငါ သက်သတ်လွတ်ပဲစားတော့တယ် ဟုသူကပြောပါသည်။

ကျမတို့သည် ဗုဒ္ဓတရားတော်အလိုအရ သံသရာ အဆက်ဆက်မှ ကောင်းမှုကုသိုလ်လေးများကြောင့် ကံကောင်းထောက်မစွာ ယခုဘဝတွင်
ဆာလောင်နေရသော အငတ်ဘေးနှင့် မကြုံကြရသေးပါ။

ကိုယ်မကြုံရတိုင်း ငတ်နေတဲ့သူတွေကို
မသ်ကျိုးကျိုးကျဉ်နေတာမျိုးလည်းမသင့် ဟုတော့ကျမ ထင်မိပါသည်။ ကျမ တို့သည် မိမိ အခြေအနေ အရ ဆာလောင်နေသူများကို
ဝေမျှမစားနိုင်ခဲ့ကြလျင်တောင် မဖြုန်းတီးသင့်
ကြ။ စည်းကမ်းမဲ့ မလုပ်သင့်ကြ ဟုလည်း
စဉ်းစားမိပါသည်။

ဟိုအမျိုးသမီးကြီးလို သက်သတ်လွတ်မစားနိုင်လျင်သော်မှ ကိုယ် စားနေတိုင်းမှာ အလဟသ မဖြစ်အောင်စားကြခြင်းဖြင့် ထိုသူတို့အပေါ်ထား
အပ်သော စာနာစိတ်ကို ပြသင့်ပါသည်။

လောဘတရား အပြည့် နှင့် တာဝန်မဲ့မှုများကတော့
တတ်နိုင်လျင်မရှိသင့်သောအရာများပါတည်း။

တကယ်တော့ သဘာဝတရားကြီးသည်
ကျမတို့အား လောကတည်း ဟူသော
စားပွဲရှည်ပေါ်တွင် ကျမတို့ရွေးချယ်စားသုံး
နိုင်မည့် စားသောက်ဖွယ်ရာ အမယ်ပေါင်းများစွာ
ကိုချထားပေးခဲ့ပြီဖြစ်ပါသည်။

ထိုထဲတွင်

မေတ္တာ ဂရုဏာ မုဒိတာ စေတနာကောင်း
ကိုယ်ချင်းစာခြင်း မျှဝေလိုခြင်း ရိုးဖြောင့်ခြင်း
စသည်တို့ကိုတည်ခင်းထားသလို

လောဘ ဒေါသ မောဟ မာန်မာန အတ္တ
ရက်စက်ခြင်း တာဝန်မဲ့ခြင်း လိမ်ညာခြင်းစသည်တို့ကိုလည်းတည်ခင်းပေးထားပြီးဖြစ်ပါသည်။

ကျမတို့သည် ထိုလောက ခုံတန်းရှည်ပေါ်မှ မိမိ နှစ်သက်ရာကို ယူငင်သုံးစွဲနိုင်ကြပါသည်။

တခုပဲရှိပါသည်။ ဟော်တယ်က ခင်းကျင်းထားသောအစားအသောက်များကိုဖြင့်မကုန်လျင် ဒီတိုင်းချန်ထားခဲ့၍ရပါသည်။သဘာဝတရားကြီးက ခင်းကျင်းဧည့်ခံထားသောအရာများကဖြင့်
ချန်ထားခဲ့၍ မရပါ။

ကိုယ်ယူလျင်ယူသလောက် ကိုယ့်နောက်ကိုပါလာမှာဖြစ်ပါသည်။

=======================

Credit : မော်မော်သင်း
14 - 1 - 2017
1:20 a.m

Myanmar Environmental Education Team

22 Jan, 12:30


#ဘူဖေး
====
#မော်မော်သင်း

ဘူဖေး ဟူသောစကားလုံးမှာ အခုနှစ်ပိုင်းတွေအတွင်း စားသောက်ဆိုင်တွေမှာ ဟော်တယ်တွေမှာ ခေတ်စားသောစကားလုံးဖြစ်နေသည်။ ရုတ်တရက်ကြည့်လိုက်လျင်သူ့စာလုံးပေါင်းအသံ
ထွက်မှာ ဘူဖက် ဟု ထွက်မလိုလိုနှင် တကယ့်အမှန်မှာ ဘူဖေးဖြစ်နေသည်။ ထို့ကြောင့်သူမူရင်းအစမှာ ပြင်သစ်လား အီတလီလားမဆိုနိုင်။

ဝေါဟာရ အဘိဓာန်ကျမ်းမှာတော့ဖြင့် မိမိစိတ်ကြိုက်ယူငင်စားသုံးနိုင်ရန် ခုံတန်းရှည်ပေါ်၌တန်းစီခင်းကျင်းထားသောစားသောက်ဖွယ်ရာများ ဟုအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ကျမသည် ထိုစကားလုံးကို အသက် ၁၈ နှစ်လောက်မှ စတင်ရင်းနှီးခဲ့သည်။ကျမ အဖေသည် ၁၉၈၄ - ၈၅ လောက်မှစ၍ မြန်မာနိုင်ငံသို့ရောက်လာသမျှ ဗြိတိသျှ သံရုံးမှ သံအမတ်ကြီး နှစ်ယောက်သုံးယောက်အပါအဝင် သံအရာရှိများကို မြန်မာစာသင်ပေးရလေရာ သံရုံးမှလုပ်သော ဧည့်ခံပွဲတော်တော်များများကို သူတက်ရောက်ရပါသည်။ တခါတရံ တချို့ဧည့်ခံပွဲများတွင် မိသားစုလိုက် ဖိတ်ကြားခံရတာမျိုးလည်းရှိပါသေးသည်။

ထိုစဉ်အခါက ယခုခေတ်လိုမဟုတ်။ သိပ်ပြီး မပွင့်လင်းမမြင်သာသောခေတ်ဖြစ်သည့်အပြင်
ရှားရှားပါးပါး ဗြိတိသျှ သံရုံးမှ ဧည့်ခံပွဲဖြစ်
သဖြင့် ကျမတို့သည် အလွန်တရာ အံ့သြထူးဆန်း
စွာ စိတ်လှုပ်ရှားစွာနှင့် သံရုံးကိုအဖေနှင့်လိုက်ကြရပါသည်။

သို့သော် သံရုံးမသွားခင် အဖေကကျမတို့မောင်နှမ သုံးယောက်ကို သံရုံးကကျွေးမည့်ဘူဖေးညစာအကြောင်းကို အရင်ရှင်းပြသည်။ မိမိစိတ်ကြိုက်ယူငင်စားသုံးနိုင်ကြောင်းလိုချင်လျင် ဘယ်နှစ်ခေါက်ထပ်ယူယူ ယူလို့ရကြောင်း သို့ရာတွင် ကိုယ်က ရှေ့က တန်းစီပြီး နောက်လူစားစရာမကျန်အောင် နင်းကန် ထည့်စားလျင်တော့ လူတွေသည် ကိုယ့်ကိုဘာမျှတော့ပြောမှာ မဟုတ်။ ဝမ်းထဲကတော့ကြိတ်ပြီး အထင်သေးသွားနိုင်ကြောင်း
ကုန်သွားမှာစိုးပြီး မတရားထည့်ပြီးကာမှ ကုန်အောင်မစားနိုင်လျှင် သက်သက်ဖြုန်းတီးရာ ရောက်ကြောင်း စသဖြင့်ဘူဖေးသြဝါဒကို ကျကျနန လက်ချာပေးပြီးမှ သံရုံးသို့ခေါ်သွားသည့်အတွက် ကျမတို့မောင်နှမများမှာ ဘူဖေးနှင့်ပတ်သက်ပြီး သိပ်အမှားအယွင်းမဖြစ်ခဲ့ပါ။

ကျမ မောင် အငယ်နှစ်ကောင်သည်လည်း လူငယ်တွေပီပီ များများစားကြတာကလွဲ၍ အလဟဿ ဖြုန်းတီးရာမကျအောင် စည်းကမ်းတကျ စားခဲ့ကြပါသည်။

ကျမနှင့်အမေကတော့ သံရုံးကကျွေးသော ခပ်ပေါ့ပေါ့အစားအစာများကို တော်ရုံစားကြ၍၍အိမ်ပြန်ရောက်ကာမှ ငပိရည်နှင့်ထမင်းကို အာသာပြေပြန်နယ်စားတတ်သူများဖြစ်လေသည်။

အခု ဒီဘက်ခေတ်ရောက်သောအခါ ဘူဖေးစကားလုံးနှင့်ဘူဖေး စံနစ်မှာတော်တော်တွင်ကျယ်လာလေသည်။

ဟိုတရက်နှစ်ရက်လောက်က အိမ်က ကလေးတွေက ဖေဖေနှင့်မေမေကိုချောင်းသာပို့ချင်သည်ပြောတာနှင့် အိမ်က မိသားစုတစုလုံးမြေးတွေပါမကျန်
ချောင်းသာကို ဒုတိယအကြိမ်ရောက်ခဲ့ပြန်သည်။
ပထမအကြိမ်ကတော့ မနက်စာနှင့် ညစာကျွေးပြီး
နေ့လည်စာကို မိမိဘာသာ မှာစားရသောဟော်တယ်။

အခုတခါတော့ ထိုဟော်တယ်မှာ ဘွတ်ကင် ၂ လစာလောက်ပြည့်နေသဖြင့် သူနှင့်ကပ်လျက်ဟော်တယ်မှာသာတည်းခဲ့ရပါသည်။ အခုဟော်တယ်ကတော့ မနက်စာ တနပ်သာ
ကျွေးပါသည်။ တခုတူညီသည်ကတော့ ဟောတယ်နှစ်ခုလုံး ဘူဖေးစံနစ်နှင့်ကျွေးခြင်းဖြစ်သည်။

တကယ်တော့ သည်ဆောင်းပါးပါအကြောင်းအရာများကိုရေးချင်သည်မှာတော်တော်ကြာပြီ ။အခုမှချရေးဖြစ်ခြင်းဖြစ်ပါသည်။

မနက်စာစားမည်ဟု စားသောက်ခန်းမထဲဝင်၍ ကိုယ့်ပန်းကန်ပြားကိုယ်ယူ၍တန်းစီဆဲမှာပင်
ကျမရှေ့ကတန်းစီနေသော အသက် ၂၀ ခန့်ကလေးမလေး တယောက်နှင့် ဟော်တယ်က
စားဖိုဆောင်ကြီးကြပ်သူအမျိုးသမီး စကားခပ်ကြိတ်ကြိတ်များနေသည်ကိုတွေ့ရသည်။

ဟိုကလေးမလေးအဖွဲ့မှာ မိသားစုလိုက်လာပုံရ
သည်။ ကလေးအကြီးအသေး လူငယ်အရွယ်အလတ် လူကြီးအပါအဝင် အားလုံးဆယ်ယောက်ကျော်ခန့်ရှိသည်။အစားအသောက်ကို မကုန်နိုင်ပဲအများကြီးထည့်ဟန်တူသည်။ဟိုတယ်ကအမျိုးသမီးက ထိုကိစ္စနှင့်ပါတ်သက်ပြီးပြောနေခြင်းဖြစ်သည်။

တကယ်တော့ ဟိုတယ်တွေမှာ ဘူဖေးကျွေးရင်
customer ကိုအဲဒီလို သတိပေးလို့ရလား
ပြောလို့ရတဲ့စည်းကမ်းရှိလားတော့ကျမ မသိပါ။
များသောအားဖြင့်တော့ မပြောကြဘူးထင်သည်။

အခုဒီဟော်တယ်မှာတော့ စာပါချိတ်ထားသည်။

အစားအသောက်များကိုစားနိုင်သလောက်
အကြိမ်ကြိမ်ယူ၍ရပါသည်။လေလွင့်မှုမဖြစ်ပါစေရန်မေတ္တာရပ်ခံအပ်ပါသည်။ တဲ့။

ကျမ ကတော့ ထိုစည့်ကမ်းတွေကိုဟော်တယ်မှာ
ထုတ်ကြသလား ဘာလားမသိ။ ဟိုတယ်က အမျိုးသမီး၏ပြောပေါက်ဆိုပေါက်နှင့်မျက်နှာထားကို သိပ်ခံတွင်းမတွေ့သလိုတော့ဖြစ်သွားသည်။

ကျမသည် မနက်စာကို နဂိုကတည်းက များများ
မစားနိုင်သူဖြစ်သည့်အပြင် ဘူဖေးသဘောကို
အတန်ငယ်နားလည်ထားသဖြင့်နည်းနည်းသာထည့်ပြီး ကိုယ်ထိုင်မည့်နေရာ ဝင်ထိုင်တော့မှ
ဟိုမိန်းမ မျက်နှာ ဘာ့ကြောင့်အဲသလိုဖြစ်နေမှန်းသိရပါတော့သည်။

ကျမနှင့်ကပ်လျက်စားပွဲမှာ စောစောက ကလေးမလေးမိသားစုထိုင်သော စားပွဲရှည်ကြီး။
တချက်တည်းလှမ်းကြည့်ရုံနှင့် သဘောပေါက်သွားသည်။ စားပွဲပေါ်ရှိ စားပြီးပန်းကန်တိုင်း၌မကုန်နိုင်ပဲကျန်နေသော ထမင်းကြော် ခေါက်ဆွဲကြာဇံကြော်များမှာ ကြောက်ခမန်းလိလိ။ ကြက်ဥ ဟပ်ဖရိုက်ကြော်များမှာ တစိတ်လောက်သာဖဲ့စားထားပြီး အရည်တွေထွက်လျက်ကပန်းကန်တိုင်းလိုလိုမှာ။ကြက်အူချောင်းကြော်တွေကို အသားကုန်ထည့်လာကြပြီး မစားနိုင်သောအခါကြာဇံတွေနှင့် ကြက်ဥအရည်တွေနှင့်ရောပြီး ပြစ်စလက်ခတ်ဖြစ်နေသည်မှာ ရစရာမရှိ။

Myanmar Environmental Education Team

21 Jan, 03:25


World Environmental Education Day
January 26

ဇန်န၀ါရီလ ၂၆ ရက်နေ့ကို ကမ္ဘာ့"ပတ်ဝန်းကျင်ပညာ"နေ့အဖြစ် သတ်မှတ်ကျင်းပပါတယ်။

ကျင်းပရခြင်းရဲ့အဓိက ရည်ရွယ်ချက်​တွေက​တော့

ဒေသဆိုင်ရာ/တစ်ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ပြဿနာများကို ဖော်ထုတ်ရန်

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပြသနာအမျိုးမျိုးကို လျော့ပါးသက်သာစေရန်တို့အတွက်

ကမ္ဘာ့လူသားအားလုံး ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းနှင့် ထိုပြသနာများကို​ဖြေရှင်းရန်အတွက် အသိပညာများ ဝိုင်းဝန်းမြှင့်တင်​ပေးရန် လိုအပ်​ကြောင်း သိရှိနားလည်​စေရန်ဖြစ်ပါသည်။

Myanmar Environmental Education Team

20 Jan, 01:47


ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)

ဧရာ၀တီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅

ဧရာဝတီရဲ့ ဒီတပတ် တွေ့ဆုံမေးမြန်းခန်းမှာ သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူကို ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်နဲ့ တရုတ်နိုင်ငံတို့ကြား တင်းမာလာနိုင်တဲ့ ဆက်ဆံရေးက မြန်မာ့မြေရှားသတ္တုကဏ္ဍအပေါ် ဘယ်လိုနဲ့ ဘယ်လောက်အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်မလဲ မေးမြန်းဆွေးနွေးထားပါတယ်။

https://youtu.be/0uCUEZsdH3s
#ဧရာဝတီ #သဘာဝပတ်ဝန်းကျင် #ဦးဝင်းမျိုးသူ #ဒေါ်နယ်ထရမ့် #တရုတ် #မြေရှားသတ္တု #DonaldTrump
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Myanmar Environmental Education Team

19 Jan, 10:00


Environmental Education Training for Educators Batch 4 အတွက် Kpay မှတဆင့် သင်တန်း​ကြေး​ပေးသွင်းထားပြီးသူများခင်ဗျာ..

​ငွေလွှဲထားတဲ့ screenshot ကို ဒီ page ရဲ့ messenger ကို လာပို့​ပေးကြပါဦး ..

https://www.facebook.com/share/18ApzehuQM/

ဒါမှ သင်တန်းသားနံပါတ်ထုတ်​ပေးလို့ရမှာပါ ..

​ကျေးဇူးတင်ပါတယ် ..

Myanmar Environmental Education Team

19 Jan, 04:18


Environmental Education Training for Educators Batch 4 ကို -

၉၊၂၊၂၀၂၅ တနင်္ဂ​နွေ​နေ့၊
ည ၇း၀၀ နာရီတွင် စတင်ဖွင့်လှစ်ပါမည်။

တက်​ရောက်ကြမည့် သင်တန်းသူ သင်တန်းသားများက သင်တန်းတက်​ရောက်ခွင့်​​လျှောက်လွှာ google form ကို ဖြည့်​ပေးရပါမည်။

https://docs.google.com/forms/d/e/1FAIpQLScViQg9S9I8kY-6OQvU85B_HLjK1xUv7ir60QQiQTT0ZKszmg/viewform?usp=sf_link

သင်တန်းထပ်တက်ကြမည့် သင်တန်းသား​ဟောင်းများက ဖြည့်စရာမလိုပါ၊FB page ၏ messenger တွင် စာရင်း​ပေးပြီး တင်​ရောက်ရမည်ဖြစ်ပါသည်။

ယခင်သင်တန်းက သင်တန်းသားနံပါတ်အတိုင်းသာ zoom သို့ ဝင်​ရောက်ရန်ဖြစ်ပါသည်။

Myanmar Environmental Education Team

18 Jan, 17:15


တရုတ်-အိန္ဒိယအကြား ရေစစ်ပွဲဖြစ်စေမယ့် ရေကာတာကြီးတည်ဆောက်မယ့် တိဗက်တောင်ပေါ်ကနေရာ

တရုတ်ပြည်က ရာလောင်းမြစ်ဟာ ပေ ၂၆,၀၀၀ ကျော်နက်တဲ့ ကမ္ဘာ့အနက်ဆုံးချောက်ကြီးကိုဖြတ်သန်းကာ အိန္ဒိယပြည်ရောက်တော့ ဗြမ္မပုတ္တရမြစ်နာမည်နဲ့ ဆက်လက်စီးဆင်းကာ လူသန်းပေါင်းများစွာ မှီခိုအားထားရာမြစ်ကြီးဖြစ်ပါတယ်။

အခုတော့ တရုတ်အစိုးရက ဒေါ်လာ ၁၃၇ ဘီလီယံသုံးကာ ရေအားလျှပ်စစ်ထုတ်နိုင်တဲ့ ဧရာမဆည်ကြီးတည်ဆောက်ဖို့ ကြံစည်လာတာပါ။ ဒီဆည်ကြီးဟာ လက်ရှိကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ထုတ်တဲ့ Three George Dam ထက်ကို ၃ဆ ပိုပြီး လျှပ်စစ်ထုတ်လုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

Credit:Francis Zin
ref: SCMP

Myanmar Environmental Education Team

18 Jan, 04:08


https://t.me/cetep2024/94

Myanmar Environmental Education Team

18 Jan, 04:08


ဒီ​နေ့ ​နေ့လည် ၃း၀၀ နာရီမှာ စ ပါမယ်..

Myanmar Environmental Education Team

17 Jan, 07:13


ရာသီဥတုတရားမျှတမှု

ယင်းသည် တရားမျှတသောနည်းလမ်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လူသားကိုဗဟိုပြုသည့်ချဉ်းကပ်မှုတစ်ခုဖြစ်သည်။

ရာသီဥတုဖောက်ပြန်မှု လျော့ပါးစေရန် ဝန်ထုပ်ဝန်ပိုးများနှင့် ကြိုးပမ်းအားထုတ်မှုများကို မျှတစွာ ဖြန့်ဝေကြောင်း သေချာစေရန် ရည်ရွယ်ပါသည်။

ရာသီဥတု တရားမျှတမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ရာသီဥတုပြောင်းလဲမှုသည် အသက်၊ ကျန်းမာရေးနှင့် စားနပ်ရိက္ခာအပါအဝင် လူ့အခွင့်အရေးများစွာကို ထိခိုက်စေသည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို အချိုးမညီမျှစွာ ပိုမိုထိခိုက်​စေသက်ရောက်မှုရှိ​စေသည်။

ရာသီဥတုဖောက်ပြန်မှုသည် ချမ်းသာ​သောလူအချို့နှင့် ဖွံ့ဖြိုးပြီး စက်မှုထွန်းကား​သောနိုင်ငံများ၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာရ​သော​ကြောင့် ထိုလူများနှင့် နိုင်ငံများကို တာဝန်ခံသင့်သည်။

ရာသီဥတုတရားမျှတမှုတွင် အဘယ်အရာပါဝင်သနည်း။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့၊ တုံ့ပြန်ဖို့နဲ့ ပြန်လည်ထူထောင်နိုင်စွမ်းရှိလာစေရန်

မတူညီသောလူများနှင့် နေရာများ၏ လက်ရှိအားနည်းချက်များ၊ အရင်းအမြစ်များနှင့် စွမ်းဆောင်ရည်များကို ထည့်သွင်းစဉ်းစား​ဆောင်ရွက်ရန်

ရာသီဥတုအကျပ်အတည်းတွင် ၎င်းတို့၏ သမိုင်းဝင်အခန်းကဏ္ဍအတွက် နိုင်ငံများနှင့် လူ့ အဖွဲ့အစည်းများကို တာဝန်ခံ​စေရန်

ရေရှည်တည်တံ့သော လူမှုစီးပွားရေးစနစ်များကို မြှင့်တင်​ပေးရန်

ရာသီဥတုမျှတမှုကို မြှင့်တင်ပေးနိုင်​သော လုပ်ဆောင်ချက်အချို့

စွမ်းအင်သုံးစွဲမှုကို လျှော့ချခြင်း။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များသို့ ပြောင်းခြင်း။

လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြုပြင်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်း။

ဟင်းသီးဟင်းရွက်များများစားပြီး အသားလျှော့စားခြင်း။

ရာသီဥတု တရားမျှတမှုကို မြှင့်တင်ပေးသည့် မူဝါဒများကို ပံ့ပိုးကူညီခြင်း။

ရာသီဥတုမျှတရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း။

Myanmar Environmental Education Team

17 Jan, 07:04


Climate justice is a human-centered approach to addressing climate change in a fair and equitable way. It aims to ensure that the burdens and efforts to mitigate climate change are distributed fairly.

Why is climate justice important?

Climate change is a human rights issue that affects many human rights, including the right to life, health, and food.

Climate change disproportionately impacts vulnerable populations, such as those in developing nations.

Climate change is caused by the actions of some people and countries, and those people and countries should be held accountable.

What does climate justice involve?

Ensuring that people have the ability to prepare for, respond to, and recover from climate change

Considering the existing vulnerabilities, resources, and capabilities of different people and places

Holding countries and communities accountable for their historical role in the climate crisis

Promoting sustainable social and economic systems

What are some actions that can be taken to promote climate justice?

Reducing energy consumption
Switching to renewable energy sources
Reducing, reusing, repairing, and recycling

Eating more vegetables and throwing away less food

Supporting policies that promote climate justice

Participating in climate justice movements.

Myanmar Environmental Education Team

06 Jan, 15:32


သမ္မတဟောင်း ဂျင်မီကာတာ ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းမှု
January 6, 2025 by ဗွီအိုအေ (မြန်မာဌာန)
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ရာသီဥတုဆိုင်ရာ ပါရီ နိုင်ငံတကာ သဘောတူညီချက်မတိုင်ခင် နှစ်ပေါင်း ၃၅ နှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အရေး စိုးရိမ်ပူပန်ခဲ့သူ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် သူ့ကိုယ်သူ သဘောထားတဲ့ သမ္မတဟောင်းဟာ သူ့ရဲ့စည်းရုံးရေးလုပ်ငန်းတွေမှာ အစိမ်းရောင်ကို သုံးခဲ့သူပါ။
ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိနေပြီဖြစ်တဲ့ အမေရိကန်ရဲ့ ၃၉ ယောက်မြောက်သမ္မတ ကာတာကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ၊ စွမ်းအင်သုံးစွဲမှုတွေချွေတာဖို့တွေနဲ့ ကာဗွန်ဓာတ်ငွေ့အန္တရာယ် တွေကို ကြိုတင်သိမြင်ခဲ့သူအဖြစ် ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ရှုမြင်ကြပါတယ်။ စွမ်းအင် လိုအပ်ချက်အတွက် အမှီအခိုကင်းဖို့ သမ္မတကာတာတွန်းအားပေးခဲ့တာကြောင့် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုလုပ်ငန်းတွေ အားကောင်းခဲ့ပေမဲ့ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ဖို့လည်း အလေးထားခဲ့သူ ဖြစ်ပါတယ်။
သူ့လက်ထက်မှာ စွမ်းအင်ဝန်ကြီးဌာနတည်ထောင်ခဲ့သလို အမျိုးသားဥယျာဉ်လုပ်ငန်းတွေကိုလည်း ၂ ဆကျော် တိုးချဲ့ခဲ့တာပါ။ နောက်တကြိမ် သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်ရာမှာ Ronald Reagan ကိုသာ မရှုံးခဲ့ဖူးဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေကို သမ္မတကာတာ ပိုပြီး အကောင်အထည် ဖော်နိုင်ဖို့ သေချာသလောက်ရှိတယ်လို့လည်း ကိုယ်ရေးအတ္ထုပ္ပတ္တိပြုစုသူ Jonathan Alter က ပြောပါတယ်။

VOA

Myanmar Environmental Education Team

06 Jan, 05:25


ဒီ ဖုန်ကန်ရာဇီ ရေခဲတောင် ခရီးကို ဗီဒီယို Series အနေနဲ့ အပိုင်း (၅) ပိုင်း တင်ပြထားဖူးပါတယ်။
Reality Show မို့ ပိုပြီး မြင်သာရှင်းလင်းပါတယ်။ ကျွန်တော့်ရဲ့ YouTube channel မှာကြည့်လို့ရပါတယ်။​ လင့်ခ်တွေပေးထားပါတယ်ဗျ...
.
အပိုင်း(၁) https://youtu.be/AsDVaAeeo6k
အပိုင်း(၂) https://youtu.be/IE_F9aRp0rc
အပိုင်း(၃) https://youtu.be/8QFnsQbjyc8
အပိုင်း(၄) https://youtu.be/a8eiHavxY_0
အပိုင်း(၅) https://youtu.be/cGbCgZHfaqg

Myanmar Environmental Education Team

05 Jan, 17:55


မိနမတရောဂါ ရဲ့အချိန်ကာလအလိုက် အဓိက ဖြစ်စဉ် Timeline of Minamata Disease

Credit:Nyi Thwe

၁၉၀၈ ခုမှာ Nichitsu နိချိစု က ဓာတုစက်ရုံတခု မိနမတစီရင်စုမှာ စတင်တည်ထောင်တယ်။

၁၉၃၂ မှာ အက်စီတယ်ဒီဟိုက်ကိုထုတ်လုပ်တော့ ပြဒါးကို ဓာတ်ကူပစ္စည်းအဖြစ်သုံးရာက ဇတ်လမ်းစတယ်။

၁၉၄၅ မှာ ဂျပန်စစ်ရှုံးတယ်။ မဟာမိတ်တပ်တွေက Nichitsu ကို ဖယ်ရှားလိုက်တယ်။

၁၉၅၀ မှာ ကုမ္ပဏီဟောင်းရဲ့ အရိုက်အရာကိုဆက်ခံဘို့ Shin Nichitsu ကိုတည်ထောင်တယ်။

၁၉၅၁ ခု သြဂုတ်လကျတော့ တွဲဘက်ဓာတ်ကူပစ္စည်းကို မန်းဂနိဒိုင်အောက်ဆိုဒ်မှ အိုင်ရင်း ဆာလဖိတ်ကိုပြောင်းလိုက်တယ်။ ဒီတော့ ဘေးထွက်က မီသိုင်းမာကျူရီထွက်လာတယ်။

၁၉၅၆ ခုနှစ်မေလ ၁ ရက်မှာ ကုမ္ပဏီဆေးရုံရဲ့ ဒါရိုက်တာ ဟဂျိမဲ ဟိုဆိုကာဝက မိနမတရောဂါကိုတွေ့ရှိကြောင်းအစီရင်ခံတယ်။
၂၄ ဩဂုတ်မှာ ကုမမိုတိုတက္ကသိုလ်က အစုအဖွဲ့ဖွဲ့သည်းပြီး သုတေသနလုပ်တယ်။
နိုဝင်ဘာ ၄ ရက်နေ့မှာ သုတေသနအဖွဲ့က ပင်လယ်စာစားရာမှ သတ္ထုလေး အဆိပ်သင့်ကြောင်းအစီရင်ခံတယ်။

၁၉၅၈ မတ်လမှာ အင်္ဂလိပ်လူမျိုး အာရုံကြောပါရဂူ ဒေါက်ဂလက် မက်အယ်လပိုင်းက ရောဂါလက္ခဏာဟာ အော်ဂဲနစ်ပြဒါးအဆိပ်သင့်ခြင်းနှင့်ဆင်တူကြောင်း အကြံပြုတယ်။
စက်တင်ဘာမှာ နိချိစုက အက်ဆီတယ်ဒီဟိုက်စက်ရုံရဲ့ ရေဆိုးတွေစွန့်ပစ်မှုကို မိနမာတာ ပင်လယ်အော်မှ မိနမာတာမြစ်ထဲကိုပြောင်းလဲစွန့်ပစ်တယ်။

၁၉၅၉ ခု ဖေဖေါ်ဝါရီလမှာ ပြဒါးကြောင့်ညစ်ညမ်းမှုတွေ လန့်ဘွယ်ကောင်းလောက်အောင်ရှိနေတယ်ဆိုတာ မိနမတပင်လယ်အော်စုံစမ်းစစ်ဆေးမှုက ဖေါ်ထုတ်နိုင်ခဲ့တယ်။
၂၉ ဩဂုတ်မှာ ငါးဖမ်းကွက်ပျက်သွားလို့ ပြေလည်မှုရအောင်ဆိုပြီးလျော်ကြေးပေး သဘောတူညီချက်တခုကို ချစ်ဆိုနဲ့ မိနမာတာ ငါးဖမ်းသမဝါယမတို့ ပြုလုပ်ကြတယ်။
၂၁ အောက်တိုဘာမှာ ရှင်း နိချိစု က ရေဆိုးထုတ်လမ်းကြောင်းကို မိနမတာမြစ်ကနေ မိနမတပင်လယ်အော်ကိုပြန်ပြောင်းကြတယ်။
၂ နိုဝင်ဘာမှာ ကုမမိုတို စီရင်စုက ငါးဖမ်းသမအဖွဲ့ဝင်တွေနဲ့ မဟာမိတ်တို့ ပူးပေါင်းပြီး မိနမတစက်ရုံကို အကြမ်းဖက်ဝင်စီးကြတာ ဂျပန်ယန်း ၁၀ သန်းဘိုးပျက်စီးသွားတယ်။
၁၂ နိုဝင်ဘာမှာ ကျန်းမာရေးနဲ့ လူမှုရေးဝန်ကြီးဌာနက "မိနမတ ရောဂါဟာ အဆိပ်သင့်ရောဂါဖြစ်ကြောင်း။ ဖြစ်ရတဲ့အကြောင်းက မိနမတအော်နဲ့ အနီးအနားပတ်ဝန်းကျင်က ငါးနဲ့ ပုဇွန်၊ ကဏန်းတို့ကိုအမြောက်အများစားကြလို့ဖြစ်ကြောင်း။ ရောဂါဖြစ်စေတဲ့အဓိကပစ္စည်း အော်ဂဲနစ်ပြဒါးတွေဟာ အဲဒီရေနေသတ္တဝါတွေမှာစုဆောင်းဝင်ရောက်နေတဲ့ အကြောင်း" ကြေငြာပါတယ်။
၁၇ ဒီဇင်ဘာမှာ ချစ်ဆိုနဲ့ ကုမမိုတို ငါးဖမ်းသမဝါယမနဲ့ မဟာမိတ်များအဖွဲ့တို့ ငါးဖမ်းကွက်ပျက်ခြင်းအတွက် သဘောတူညီမှုလုပ်ကြပြန်တယ်။

၁၉၆၂ ခု ၂၉ ဒီဇင်ဘာမှာ မွေးရာပါမိနမာတာရောဂါပါလာတဲ့ ကလေး ၁၈ ယောက်ဟာ ပထမဆုံးသားကောင်တွေအဖြစ်မွေးလာကြတယ်။

၁၉၆၅ ဇန်နာဝါရီ ၁ ရက်မှာ ရှင်းနိချိစုက သူတို့နာမည်ကို Chisso Corporation ချစ်ဆိုကော်ပိုရေးရှင်းလို့ပြောင်းလိုက်တယ်။
၁၂ ဇွန်မှာ ဒုတိယအကြိမ် မိနမာတာရောဂါ နိအိဂတစီရင်စုမှာ ဖြစ်ပွားပြန်တယ်။

၁၉၆၈ မတ်လမှာ နိအိဂတလူနာတွေက ရှိုဝါဒန်းကိုကို တရားစွဲတယ်။
၂၆ စက်တင်ဘာမှာ မူရင်းမိနမတရောဂါနဲ့ နိအိဂတ မိနမတရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းနောက်ဆုံးအစီရင်ခံစာကို အစိုးရက ထုတ်ပြန်တယ်။

၁၉၆၉ ခု ၁၄ ဇွန်လမှာ Litigation Group of Mutual Aid Society က ချစ်ဆိုကို ကုမမိုတိုခရိုင် တရားရုံးမှာ တရားစွဲတယ်။

၁၉၇၀ ခု ဇူလိုင် ၄ မှာ ကုမ္ပဏီဆေးရုံရဲ့ ဒါရိုက်တာဖြစ်သူ ဟဂျိမဲ ဟိုဆိုကာဝက သေအံ့မူးမူးအချိန် ကုတင်ပေါ်ကနေပြီး သူရဲ့့ကြောင်နဲ့ပတ်သက်တဲ့စမ်းသပ်ချက်တွေကို Litigation Group ရဲ့ တရားခွင်မှာသက်သေခံတယ်။
၂၇ မေလမှာ ချစ်ဆိုနဲ့ Litigation Group of Mutual Aid Society တို့ကြားလျော်ကြေးရရှိရေးညှိနှိုင်းပြေလည်တယ်။

၁၉၇၁ ခု ၂၉ စက်တင်ဘာမှာ ရှိုဝါဒန်းကို ဟာ နိအိဂတက လူနာတွေကိုလျော်ကြေးပေးရေး ပျက်ကွက်၍ အပြစ်ရှိကြောင်းတွေ့ရ။

၁၉၇၂/၇၃ ခု မတ်လမှာ ချစ်ဆိုကလည်း လျော်ကြေးပေးရန်ပျက်ကွက်ကြောင်း အပြစ်ရှိတယ်ဆိုတာကိုတွေ့ရှိတယ်။ လူနာတွေလျော်ကြေးရကြတယ်။

၁၉၇၇ ခု မိနမတအော်မှ အဆိပ်သင့်ငါးတွေ အခြားမရောက်ရအောင် ပိုက်ကွန်တခုနဲ့ ကာခြားလိုက်တယ်။

၁၉၉၇ စက်တင်ဘာ ၁ ရက်မှာ ဖမ်းမိတဲ့ငါးတွေကို စိတ်ချစွာစားနိုင်ပြီဖြစ်လို့ မိနမတအော်က ပိုက်ကွန်ကိုဖယ်ရှားလိုက်တယ်။

၂၀၀၄ အောက်တိုဘာ ၁၅ မှာ ဂျပန်တရားရုံးချုပ်က ၁၉၆၀ နောက်ပိုင်း မိနမတရောဂါ ပျံ့ပွားတာကို မတားဆီးလို့ အစိုးရမှာတာဝန်ရှိကြောင်း ဥပဒေတခုထုတ်တယ်။

Wikipedia

Myanmar Environmental Education Team

05 Jan, 17:34


Group Link: https://m.facebook.com/groups/nscimy/?ref=share&mibextid=NSMWBT

Myanmar Environmental Education Team

05 Jan, 17:33


ဒီအချိန် Decemberရောက်ပြီဆိုရင် နှစ်တိုင်း တမာပင်တွေကနေနို့ထွက်တယ်ဆိုတဲ့ပို့စ်တွေ တက်လာတတ်ပါတယ်။

Native Species Conservation and Identification in Myanmar Groupထဲမှာတော့ လွန်ခဲ့တဲ့နှစ်က ဖြေထားခဲ့ဖူးပေမယ့် မသိလိုက်တဲ့သူတွေအတွက် အတိုချုံးလေး ထပ်​ပြော​ပေးချင်ပါတယ်။

တင်တဲ့သူတွေက တမာပင်တွေကနေ နတ်ကြီးလို့ နို့ထွက်တယ်လို့ပြောထားတာဆိုတော့ နို့အရသာရမရ ပြန်မေးသင့်ပါတယ်။ နို့အရသာဟုတ်တယ်ပြန်ပြောရင်တော့ လိမ်နေတာပေါ့။ အရသာက ချိုသလိုရှိပေမယ့် တကယ်တော့နို့မဟုတ်တာကြောင့် နို့အရသာမဖြစ်ပါ။

ဘာလို့လဲဆိုရင် လူတွေနို့တိုက်သတ္တဝါတွေမှာပါရှိတဲ့ နို့ရည်တွေဟာ casein, α-lactalbumin, lactoferrin, secretory immunoglobulin IgA, lysozyme and serum albumin စတဲ့ ပရိုတင်းတွေ၊ အဆီဓာတ်တွေ ၊ ကဆီဓာတ်တွေ၊ ဗီတာမင်တွေ၊ လက်တို့စ် Lactose နဲ့ တခြားဓာတ်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ ဒါတွေကို အပင်တွေက မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် သစ်ပင်ကနေ ဘယ်သောအခါမှ နို့ထွက်မှာမဟုတ်ဘူး။

ဒါဆို ဘာလို့ တမာပင်တွေရဲ့ပင်စည်ထဲက နို့အရောင်အရည်တွေယိုကျလာရတာလဲ??

ပုံပါ ဖြစ်စဉ်ဟာ သက်တမ်းရင့် တမာပင်တွေမှာ ဖြစ်တတ်တဲ့ ဖြစ်စဉ်တစ်ခုပါ ၊ တမာပင်တွေအိုတဲ့ အခါ သူတို့ဟာ အမြစ်ကစုပ်ယူလာတဲ့ ပိုလျှံတဲ့ ရေတွေကို တစ်သျှူးထဲမှာ သိုလှောင်ပါတယ်။ Agrobacterium tumefaciensလို့ခေါ်တဲ့ ဘတ်တီးရီးယားကူးစက်ခံရတဲ့အခါ တမာပင်စည်ထဲမှာ အသားစိုင်ခဲပိုအကျိတ်(tumours)တွေဖြစ်လာတတ်တယ်။ လေထုစိုထိုင်းစများလာတဲ့အခါ ခုနက အကျိတ်တွေထဲမှာရှိနေတဲ့ ရေသိုလှောင်ထားတဲ့ တစ်သျှူးတွေအားနည်းလာပြီး ကွဲအက်လာတယ်၊ နောက်ဆက်တွဲအနေနဲ့ သိုလှောင်ထားတဲ့အရည်တွေစိမ့်ပြီးပြန်ထွက်လာတယ်။ ဒီဖြစ်စဉ်က တစ်ပတ်လောက်ကြာတတ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း မိမိကိုယ်ကိုကိုးကွယ်ပြီး မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကိုကျင့်ကြံကြပါ၊ သရဏဂုံမပျက်စေပါနဲ့လို့အကြံပြုပါရစေခင်ဗျာ။ လေ့လာလိုသူတွေအနေနဲ့ ကျွန်တော်တို့ ဂရုကို Joinထားပြီး လေ့လာလို့ရပါတယ်။ လိုင်းပေါ်ကတွေ့ရာတွေကြည့်ပြီး အလိမ်မခံကြပါနဲ့။

Myanmar Environmental Education Team

05 Jan, 11:35


သစ်ပင်များမှ စုပ်ယူသော ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ဘယ်လိုတွက်မလဲ

သစ်ပင်ရဲ့ ရင်စို့လုံးပတ်နဲ့အမြင့်ကို တိုင်းတာပါ။ သူ့ရဲ့ သက်တမ်းကိုလည်းခန့်မှန်းပါ။ ဥပမာ မြန်မာ ကုက္ကိုပင်ကြီးတပင်
လုံးပတ် = ၃၇.၆၈ လက်မ ( pi တန်ဖိုး ၃.၁၄ နှင့်စားလျှင် အပင်၏ အချင်း ကိုရမည်)
အချင်း = ၁၂ လက်မခန့်
အမြင့် = ပေ ၃၀ ရှိသည်ဆိုပါက
အပင်အသက် = ၁၅ နှစ်
ပင်စိုအလေးချိန်ကို အောက်ပါညီမျှချင်းနဲ့တွက်ပါ

အချင်း ၁ ပေနှင့်အထက် အတွက်
အလေးချိန် (ပေါင်) = 0.15*(အချင်း)^2 * အမြင့်

အကယ်၍ အချင်းတပေအောက်ဆိုလျှင် မြှောက်ဖော်ကိန်း 0.15 အစား 0.25 ကိုလဲလှယ်အသုံးပြုတွက်ချက်ပါ။

ပင်စိုအလေး = ၀.၁၅*၁၄၄*၃၀ ပေါင်
ပင်စိုအလေး = ၆၄၈ ပေါင်
မြေကြီးအောက် အမြစ်များအလေးချိန်သည် မြေပေါ်ပင်ပိုင်း ၏၂၀% ခန့်ရှိသည်။ သို့ဖြစ်၍ မြေပေါ်မြေအောက် ပင်စိုအလေးချိန်တွက်ရန် ၁.၂ (၁၂၀%) နှင့်မြှောက်ပါ။

စုစုပေါင်းပင်စိုအလေး = ၆၄၈*၁.၂
စုစုပေါင်း အလေးချိန်= ၇၇၇.၆ပေါင်
ပင်စိုအလေးကို ပင်ခြောက် အလေးပြောင်းရန် ၀.၇၂၅ နှင့်မြှောက်ပါ၊ ( အပင်တွင် ရေ၂၇% ပါဝင်သည်)

ပင်ခြောက်အလေး = ၇၇၆* ၀.၇၂၅
ပင်ခြောက်အလေး = ၅၆၃.၇၆

ပင်ခြောက်အလေး တနည်းအားဖြင့် ကုက္ကိုလ်သား အလေးချိန်၏ တဝက်သည် ကာဗွန်ဖြစ်သော်ကြောင့် ၀.၅ ဖြင့် မြှောက်ပါ။

ကာဗွန်ပမာဏ = ၅၆၃.၇၆* ၀.၅ = ၂၈၁.၈၈

ကာဗွန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်သွားလျှင် အက်တမ် အလေးချိန် ၃.၆၆၃ တိုးသွားသည်။ သို့ဖြစ်၍

CO2 ပမာဏ = ၂၈၁.၈၈* ၃.၆၆၃= ၁၀၃၂.၅ပေါင်
အပင်အသက် ၁၅နှစ်ဖြင့်စားလျှင်
တနှစ် CO2 စုပ်ယူနှုန်း= ၆၈.၈ပေါင်

သို့ဖြစ်ပါ၍ မြန်မာကုက္ကိုလ်ပင်တပင်သည် တနှစ် ၆၈.၈ ပေါင်ခန့်ရှိသော ကမ္ဘာ့ရာသီဥတုကိုပြောင်းစေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနဲဆုံး နှစ်၃၀ ခန့် စုပ်ယူထိန်းသိမ်းပေးနိုင်စွမ်းရှိပါသည်။ အညာဒေသတွင် မြန်မာကုက္ကိုလ် ပင် လုံးပတ် ၆ ပေခန့်နှင့် အမြင့် ပေ၅၀ ခန့်ထိ တွေ့ ရလေ့ရှိရာ သက်တမ်း ၄၀ မှ ၅၀ လောက်ထိ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနိုင်စွမ်းရှိမည်ဟု ခန့်မှန်းရပါသည်။ တမာပင်မှာ ကုက္ကိုလ်ပင်ထက်ပို အချိန်စီးသောကြောင့် ပို၍ စုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်း ကို လျော့ပါးနိုင်စွမ်း ပို၍ရှိသည်ဟုပြောရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အညာတွင် တမာများများစိုက်ခြင်းသည် ပူနွေးမှုကို လျှော့ချနိုင်သလို အောက်ဆီဂျင်ဓာတ်လဲ ပို၍ရနိုင်ပေသည်။

မိမိတို့ ပတ်ဝန်းကျင်ရှိအပင်များကို တိုင်းတာလေ့လာကာ အထက်ပါနည်း အတိုင်းတွက်ချက်ပါက မည်သည့်အပင်သည် ရာသီဥတု မျှတစေခြင်းကို ပို၍အထောက်အကူ ပြုသည်ကို အလွယ်တကူ သိရှိနိုင်ပါသည်။ အဆိုပါ အပင်များ တပိုင်တနိုင်စိုက်ခြင်းအားဖြင့် တတ်စွမ်းသမျှ ပတ်ဝန်းကျင်ကို အကျိုးပြုရာရောက်ပါသည်။

မှတ်ချက်။ အထက်ပါနည်းသည် မည်သည့် ပေါက်ပင်မဆို အသုံးပြုနိုင်ရန် ယေဘူယျ ခြုံလွှမ်း၍ပေးထာျးသ်ာလည်း ပေါက်ရောက်ရာနေရာဒေသ လိုက်၍သော်၎င်း အပင်အမျိုးအစားအပေါ်လိုက်၍သော်၎င်း ကွဲပြားမှုရှိပါသည်။ မိမိတို့ လေ့လာတွက်ချက်၍ရသော တွေ့ရှိချက်များကို မျှဝေပေးခြင်းအားဖြင့်လည်း သစ်တော သစ်ပင်နှင့် ရာသီဥတု အဆက်အစပ် ကို စုပေါင်းအားဖြင့် မှတ်တမ်းပြုစုနိုင်မည်ဟုထင်ပါသည်။

Credit : U Win Myo Thu

Myanmar Environmental Education Team

04 Jan, 03:33


https://www.facebook.com/share/v/1D1rVd8ryw/

Myanmar Environmental Education Team

03 Jan, 16:53


ထိုနိုင်ငံ အများစုသည် ကိုလိုနီဝါဒ ကျဆုံးသွားပြီး နောက် လွတ်လပ်သော နိုင်ငံများ အဖြစ် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ လွတ်လပ်ရေး နှင့် အတူ ၎င်းတို့ ပြင်ဆင်ထားခြင်း မရှိခဲ့သော စိန်ခေါ်မှု မျိုးစုံ နှင့် နဖူးတွေ့ ဒူး‌တွေ့ ရင်ဆိုင်လာကြရသည်။

Myanmar Environmental Education Team

03 Jan, 16:53


ဖွံ့ဖြိုးမှု(၁)

Hla Soewai

အဆိုပါ စကားရပ်အား ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပြီး အဓိပ္ပါယ်အားဖြင့် စီးပွားရေး တိုးတက် မှု ဆိုသည်ထက် ပို၍ နက်ရှိုင်း သည်။ နိုင်ငံ တနိုင်ငံ၏ ဓနဥစ္စာ ကြွယ်ဝမှု သည် လူဦးရေး တိုးတက်မှု နှင့် အမှီလိုက်နိုင်ခြင်း ရှိမရှိ၊ နိုင်ငံသားများ အကြား ကြွယ်ဝ ချမ်းသာမှု ကို မည်မျှအထိ ကောင်းမွန်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိမရှိ နှင့် လူနေမှု အဆင့်အတန်းကို တိုင်းတာနိုင်မှု တို့ နှီးနှောဆက်နွယ်နေသော စကားရပ် ပင် ဖြစ်သည်။

ထို့အပြင် သိသိသာသာ ဆင်းရဲသော နိုင်ငံများ၏ စီးပွားရေး အခြေအနေကို ထင်ဟပ်ရာတွင်လည်း ဖွံ့ဖြိုးမှု ဆိုသည်ကို လည်း အသုံးပြုလေ့ ရှိသည်။ ဥပမာ အားဖြင့် ဖွံ့ဖြိုးမှု နောက်ကျနေသော၊ ဖွံ့ဖြိုးမှု အနည်းဆုံး၊ ဖွံ့ဖြိုးဆဲ အစရှိသဖြင့် အမျိုးမျိုး ခေါ်ဝေါ် လေ့ရှိတတ်သည်။

သို့သော် မည်သည့် အနေအထားသည် ဖွံ့ဖြိုးပြီး နိုင်ငံ၊ သို့ မဟုတ် ဖွံ့ဖြိုးဆဲ နိုင်ငံ ဟု သတ်မှတ် နိုင်ဖို့ ရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မျိုး တော့ မရှိပေ။

နိုင်ငံ တနိုင်ငံ၏ လူတဦးချင်း ဝင်ငွေပေါ် မူတည်၍ ခွဲခြား သတ်မှတ် ခြင်းမျိုးအား လွယ်လွန်းသည်ဟု ဆိုကာ ကမ္ဘဘဏ်က ပယ်ချခဲ့သည်။ Per Capita income ခေါ် လူတဦးချင်း ဝင်ငွေ ဆိုသည်က နိုင်ငံ ၏ တနှစ်အတွင်း စုစုပေါင်း ကုန်ထုတ်လုပ်မှု ပမာဏ ကို စုစုပေါင်း လူဦးရေ နှင့် စား သည့် ရလဒ်ကို ဆိုလိုခြင်း ဖြစ်သည်။ ပျမ်းမျှ နိုင်ငံသားတဦး၏ လူနေမှု အဆင့်အတန်းကို အနီးစပ်ဆုံး ခန့်မှန်း နိုင်သည့် ကိန်းဂဏန်း မျိုး လည်း ဖြစ်သည်။

ယင်းကို မူတည်၍ နိုင်ငံများအား ဝင်ငွေနည်း နိုင်ငံ၊ ဝင်ငွေ အလယ်အလတ်၏ အောက် ရှိသော နိုင်ငံ၊ အထက်တွင် ရှိနေသော နိုင်ငံ၊ ဝင်ငွေ မြင့်မားသော နိုင်ငံဟူ၍ ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။

လူတဦးချင်းစီ၏ GDP တွင် မိုနာကို သည် ဒေါ်လာ ၁၆၀,၀၀၀ အထက်တွင် ရှိပြီး၊ ဆွစ်ဇာလန်သည် ၈၀,၀၀၀၊ ဘူရွန်ဒီ၊ တောင် ဆူဒန်၊ မာလဝီ၊ နိုင်ဂျား၊
မဒါဂါစကား၊ မိုဇမ်ဘစ်၊ ဆိုမာလီယာ နိုင်ငံများသည် ဒေါ်လာ ၅၀၀ အောက်တွင်သာ ရှိကြသည်။

အမေရိကန်၏ စီးပွားရေး ပမာဏ သည် တရုတ်နှင့် နှိုင်းစာလျှင် နှစ်ဆခန့် မရှိသော်လည်း လူတဦးချင်းစီ၏ GDP တွင်မူ ‌ဒေါ်လာ ၆၀,၀၀၀ ခန့် ရှိပြီး တရုတ်ထက် ၆ ဆ ခန့် များနေသည်။ ဤသည်ကလည်း အမေရိကန် လူဦးရေသည် တရုတ်၏ လေးပုံတပုံ ခန့်သာ ရှိသောကြောင့်လည်း ဖြစ်သည်။

ယခုအခါ တွင်တော့ ဖွံ့ဖြိုးမှု ကို ဆန်းစစ် တိုင်းတာရာတွင် လူမှုရေး ကဏ္ဍ များကိုပါ ထည့်သွင်းရမည်ဟု သဘောတူလာခဲ့ကြသည်။ ဤသို့ဖြင်ြ လူ့အရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်း Human Development Index (HDI) ကို ဖေါ်ထုတ်လာကြသည်။ နိုင်ငံတနိုင်ငံ၏ HDI ကို တွက်ချက်ရာတွင် လူတဦးချင်းစီ၏ ပျမ်းမျှ ဝင်ငွေ၊ ပညာရေး အဆင့်အတန်း၊ ပျမ်းမျှ သက်တမ်း အစရှိသည်တို့ကိုပါ ထည့်သွင်း လာခဲ့သည်။

နိုင်ငံပေါင်း ၁၉၂ နိုင်ငံ အတွက် ကုလ သမဂ္ဂ ၏၂၀၂၄ HDI တွင် ဆွစ်ဇာလန်သည် အမြင့်ဆုံး နေရာတွင် ရှိနေပြီး၊ နော်ဝေး နှင့် အိုက်စလန်သည် ဒုတိယ နှင့် တတိယ နေရာ အသီးသီးတွင် ရှိနေသည်၊ ဟောင်‌ ကောင်သည် စတုတ္ထ၊ စင်္ကာပူသည် ၉ ၊ ကနေဒါ ၁၈ နှင့် အမေရိကန် ပြည်ထောင်စုသည် နံပတ် ၂၀ တွင်သာ ရှိသည်။ ထိုင်းသည် ၆၆၊ တရုတ်သည် ၇၅ တွင် ရှိပြီး မြန်မာသည် ၁၄၉ တွင် ရှိသည်။
ယီမင်၊ ဘူကီနာဖာဆိုနှင့် ဆီရာလီယွန် နိုင်ငံများသည် အနိမ့်ဆုံး တွင် ရှိနေကြသည်။

လူသားတို့၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် ၁၉၉၀ နှင့် ၂၀၁၅ အကြားတွင် သိသိသာသာ မြင့်မားလာခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျသော နိုင်ငံများ အဖြစ် သတ်မှတ်ခံထားရသည့် အရည်အတွက်သည်
၆၂ မှ ၄၁ အထိ ကျဆင်းသွားခဲ့သည်။ လွန်စွာ မြင့်တက် လာသော နိုင်ငံများ အဖြစ် သတ်မှတ်ခံထားရမှု သည် ၁၁ မှ ၅၁ အထိ ဖြစ်လာခဲ့သည်။ သို့သော် တိုးတက်လာမှု သည် ၂၀၁၀ နောက်ပိုင်းတွင် နှေးကွေး သွားခဲ့သည်။

ဖွံ့ဖြိုး မှု Development ဆိုသည့် စကားရပ်သည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်တွင် ရေပန်းစားလာခဲ့သည်။ အစောပိုင်း တွင် စစ်ဒဏ်ကြောင့် ဗုန်းဗုန်းလဲ သွားပြီးနောက် ပြန်လည်ထူထောင်နိုင်ရေး လုံးပမ်းနေသော ဥရောပ နိုင်ငံများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ယခုအခါ ကမ္ဘာဘဏ် ဖြစ်လာသော အဖွဲ့အစည်းအား စစ်ကြီး အဆုံးမသတ်မီ ၁၉၄၄ တွင် ပြန်လည် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးမှု နိုင်ငံတကာ ဘဏ် International Bank for Reconstruction and development ဟူ၍ ဖွဲ့စည်းခဲ့သည်။

နောက်ပိုင်း တွင် အမေရိကန်၏ မာရှယ် စီမံကိန်း ဖြင့် အကူအညီများ ပုံအော် ပေးလာခဲ့မှု ၎င်းတို့၏ အပတ်တကုတ် ကြိုးပမ်းမှု များ နှင့် နောက်ပိုင်းတွင် ဥရောပ ဘုံဈေး အဖြစ် အသွင် ပြောင်းလာမည့် ဥရောပ ကျောက်မီးသွေး နှင့် သံမဏိ အစည်းအရုံး ထွက်ပေါ်လာလာခြင်း တို့ကြောင့် ဥရောပ နိုင်ငံ များ ပုံမှန် အနေအထား သို့ အလျင်အမြန် ရောက်လာခဲ့သည့် အတွက် နောက်ပိုင်းတွင် ဖွံ့ဖြိုးမှု ဆိုသော စကားရပ်သည် မသက်ဆိုင် ဆိုသလို ဖြစ်လာသည်။

ထိုစကားရပ်သည် ဥရောပ ထက် ပို၍ ဆင်းရဲနေဆဲ ဖြစ်သည့် အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း နှင့် လက်တင် အမေရိက နိုင်ငံများ နှင့် ပို၍ သက်ဆိုင်လာခဲ့သည်။

Myanmar Environmental Education Team

03 Jan, 16:52


ဖွံ့ဖြိုးမှု (၂)

Hla Soewai

ဖွံ့ဖြိုးမှု ဆိုသည်က အဘယ်ကြောင့် ယခုထိ အရေးပါသည့် ကိစ္စတရပ် အဖြစ် ဆက်၍ တည်ရှိနေရပေသနည်း။ ထိုသို့ တည်ရှိနေခြင်းမှလည်း အဓိက အားဖြင့် လူသားချင်း စာနာ ထောက်ထားရမည့် အကြောင်းများ ကြောင့်ပင် ဖြစ်သည်။ သို့မဟုတ်က ဘီလီယံ နှင့် ချီ ရှိနေသော ‌ယောက်ျား၊ မိန်းမ၊ ကလေး များ၏ ဘဝ သည် အန္တရာယ် ကျရောက်လာပေလိမ့်မည်။

နောက်ထပ် အကြောင်းတခုသည်က စီးပွားရေး နှင့် သက်ဆိုင်နေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ဘီလီယံ နှင့် ချီ ရှိနေသော လူများသည် ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲသူများ ဖြစ်လာနိုင်သောကြောင့်ပင် ဖြစ်သည်။ တတိယ တကြောင်းသည်ကား နိုင်ငံ လုံခြုံ ရေး အတွက် ဖြစ်သည်။ နိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှု မရှိပါက အကြမ်းဖက်သမားများ၊ ရာဇဝတ် ဂိုဏ်းများ၊ ပင်လယ်ဓါးပြများ ထကြွလာနိုင်သည်။ ယင်းနှင့် အတူ အစွန်းရောက် ဝါဒ များ အမြစ်တွယ် လာနိုင်သည်၊ ကူးစက်ရောဂါများလည်း ပျံ့ပွားလာနိုင်သည့် အန္တရာယ် ရှိနေသည်။

ဒုက္ခသည်များ မွေးထုတ်ပေးနေသည့် နိုင်ငံများ အဖြစ်လည်း ကူးပြောင်းသွားနိုင်ပြီး ပတ်ဝန်းကျင် နိုင်ငံ များ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပေမည်။ ထိုနိုင်ငံများသည်လည်း တဖြေးဖြေး နှင့် တိုးတက်မလာနိုင်တော့ပဲ အင်အားချိနဲ့ လာမည် ဖြစ်သည်။

စစ်အေး တိုက်ပွဲ ကြီး ဖြင့် အမေရိကန် နှင့် ဆိုဗီယက်အကြား အကြိတ်အနယ် ယှဉ်ပြိုင်လာမှု ကြောင့် နိုင်ငံ အများအပြား သည် လုံခြုံရေးကို အဓိကထားလာရ၍ ဖွံ့ဖြိုးမှု များ နှောင့်နှေး ခဲ့ကြရသည်။ အမေရိကန် သည် နိုင်ငံများ ဖွံ့ဖြိုးလာမှ နိုင်ငံသားများသည် အုပ်ချုပ်နေသူများ အပေါ် မကျေမနပ် စိတ်များဖြင့် ကွန်မြူနစ် လိုလား ထောက်ခံသူများ ဖြစ်လာမည် မဟုတ်၊ ကွန်မြူနစ် များသည်လည်း အကူအညီ တောင်းရန် ဆိုဗီယက်ကို အားကိုးစရာ မလိုတော့ဟု ခံယူထားသည်။

နိုင်ငံများ ဖွံဖြိုးလာရေး အတွက် ဈေးကွက် ယှဉ်ပြိုင် စနစ်သို့ ဦးတည်ခြင်းသည်သာ ဗဟိုမှ ချုပ်ကိုင် စီမံခန့်ခွဲသည့် စနစ်ထက် များစွာ သာလွန် သည် ဆိုသည်ကို ပြနိုင်ရန် အမေရိကန်တို့ ဦးစားပေးလာကြသည်။ ဆိုဗီယက်များကလည်း ၎င်းတို့၏ ဗဟို ချုပ်ကိုင်သည့် စီးပွားရေး စနစ်သည်သာ အသင့်တော်ဆုံး ဖြစ်သည်ဟု အပြိုင် စည်းရုံးလာကြသည်။ ဤသို့ဖြင့် အင်အားလွန် နိုင်ငံကြီး နှစ်နိုင်ငံ စလုံးက နိုင်ငံများအား ၎င်းတို့ဖက်သို့ ပါလာရန် အကူအညီများ ပုံအော် ‌ပေးလာကြသည်။

သို့သော် နိုင်ငံများသည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဆယ်စုနှစ်ပေါင်း များစွာ ကြာမှ သိသိသာသာ တိုးတက်လာခဲ့ကြသည်။ အထူးသဖြင့် စစ်အေး တိုက်ပွဲ ကြီး အပြီး တွင် ဖြစ်သည်။ လွန်စွာ ဆင်းရဲမွဲတေစွာ နေထိုင်ကြရသူ (တနေ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၉၀ အောက် ရရှိသူများ) အချိုးအစားသည် လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ကနှင့် နှိုင်းစာလျင် ၄၀-၅၀ ရာနှုန်းခန့် ကျဆင်းလာခဲ့သည်။ ၁၉၉၀ ဝန်းကျင်တွင် ၃၀ ရာနှုန်းမှ ယခု အခါ ၁၀ ရာနှုန်း အောက် အထိ ဖြစ်လာခဲ့သည်။ လွန်စွာ ဆင်းရဲမွဲတေလှသည်ဟု သတ်မှတ်ခံထားရသော ဘီလီယံ ၁.၁ သန်း ရှိ လူအများလည်း ထို အဖြစ်မှ ရုန်းထွက်လာနိုင်ခဲ့ကြသည်။

ထိုသို့ ဖြစ်လာခြင်းမှာလည်း တရုတ်ပြည်၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာမှု အဓိက အခန်းမှ ပါဝင်နေသည်။ အဘယ်ကြောင့် ဆိုသော ၁၉၉၀ ပတ်ဝန်းကျင်တွင် တရုတ်ပြည်တွင် လွန်စွာ ဆင်းရဲမွဲတေပါသည် ဟု စာရင်းသွင်းခံရသူ ၆၆ ရာနှုန်း ရှိခဲ့ရာမှ ၂၀၁၅ တွင် ၁ ရာ နှုန်း အောက် ရောက်ရှိသွားသော ကြောင့် ဖြစ်သည်။

လွန်ခဲ့သည် နှစ်ပေါင်း ၂၀၀ ခန့်တွင် ကမ္ဘာတဝှမ်း တွင် စာတတ်မြောက်သူဟူ၍ လူဦးရေ၏ ၂၀ ရာနှုန်းသာ ရှိတော့သည်။ ယခုအခါ စာရေးစာဖတ် တတ်မြောက်သူ ဟူ ၈၅ ရာနှုန်း ဖြစ်လာသည်။ ထိုအထဲတွင် အရွယ်ရောက်သူ အမျိုးသား ဦးရေ သည် အမျိုးသမီး ဦးရေထက် အတန်ငယ် ပိုများသည်ကို တွေ့ရသည်။

အစာအဟာရ ချို့တဲ့သူ ဦးရေလည်း ကျဆင်းလာခဲ့သည်။ အသက်ရှည် နှုန်းသည်လည်း လွန်ခဲ့သည့် နှစ် ခုနှစ်ဆယ်က နှင့် စာလျှင် ပျမ်းမျှ နှစ်ဆယ့် ငါးနှစ်ခန့် တိုးတက်လာခဲ့သည်။ ထို့အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများရှိ လူများ၏ သက်တမ်း နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူများ၏ သက်တမ်း ကွာဟမှု သည် သိသိသာသာ ကျဉ်း မြောင်း လာခဲ့သည်။

ပညာရေး ဖက်တွင်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူများ၏ ပညာသင်ကြားသည့် နှစ်အရည်အတွက်သည် ၁၉၅၀ ထက် စာလျှင် သုံးဆခန့် မြင့်တက်လာသည်။ သန့်ရှင်းစွာ နေထိုင်ရမှု နှင့် သောက်ရေသန့်များ သောက်သုံး နိုင်ခွင့်သည်လည်း တိုးတက်လာခဲ့ သည်။ မိခင် နှင့် ကလေး သေနှုန်းသည်လည်း ကျဆင်းလာခဲ့သည်။

နည်းပညာသစ်များ ထွန်းကားလာမှု သည်လည်း ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း အတွက် လမ်းခင်းပေးလာခဲ့သည်။ ၂၀၁၈ နှစ်အကုန် ပိုင်းလောက်တွင် မိုဘိုင်း ဖုန်း လိုင်း ရှိသူ ၇.၅ ဘီလီယံ ကျော် ရှိလာသည်။ ပျမ်းမျှအားဖြင့် ဆို လျင် ကမ္ဘာပေါ်ရှိ လူတဦးလျင် ဖုန်း တလုံး နှင့် တစိတ် ပိုင်နေသည်ဟု ပင် ပြော၍ရသည်။

၂၀၀၅ တွင် အင်တာနက် အသုံးပြုသူ တစ် ဘီလီယံ ရှိလာပြီး ယခုအခါ ၃.၉ ဘီလီယံ ရှိလာ၍ ကမ္ဘာလူဦးရေ၏ တဝက်ကျော်ခန့် အသုံးပြုနေပြီဟု ပြော၍ ရပေသည်။

Myanmar Environmental Education Team

03 Jan, 16:52


အစိုးရ၏ အခန်းကဏ္ဍကို ဦးစားပေးလိုသော နိုင်ငံများသည် စီးပွားရေး၊ နိုင်ငံရေး တို့နှင့် သက်ဆိုင်သော အကြောင်းများ ရှိနေ၍ ဖြစ်သည်။ ထိုသို့သော နိုင်ငံများ ၏ အစိုးရများသည် ၎င်းတို့ ဦးစားပေး လုပ်လိုသည့် အရာများကို ရှေ့တန်းတင် လုပ်ကိုင် နိုင်ကြသည်။ ဥပမာ အားဖြင့် မည်သည့် နေရာတွင် ရင်းနှီးမြုပ်နှံ သင့်သည်၊ ၎င်းတို့ မဲဆန္ဓနယ်မြေများရှိ လူထု သို့မဟုတ် မဟာမိတ် ဖွဲ့ထားသူများ ‌ကျေနပ်အောင် စီမံကိန်းများ ချပေးနိုင်သည်။

စီးပွားရေး အရ ထိန်းချုပ်ခြင်းကြောင့် နိုင်ငံရေးအရလည်း အလိုလို ထိန်းချုပ်ထားပြီး ဖြစ်နေသည်။ ဈေးကွက် ကြောင့် ဖြစ်ပေါ်လာသော မရေရာ မသေချာ မှု များကို အားလုံး မဟုတ်သည့် တိုင် အချို့ကို လျော့ချ ပစ်နိုင်သည်။

Myanmar Environmental Education Team

02 Jan, 04:57


https://www.facebook.com/share/18TKe94bfD/

Myanmar Environmental Education Team

02 Jan, 04:57


ဒီတခါမြန်မာ့မျိုးရင်း ကြောင်မျိုးစိတ်စာရင်းထဲကမှ လူအများရဲ့ အချစ်ခံရအများဆုံး မျိုးစိတ်လေးနဲ့ မိတ်ဆက်ပေးမယ်ဗျာ ..

Native Species Conservation and Identification in Myanmar

Myanmar name: သစ်ကြောင်၊ သစ်ကြုပ်
English name: Asian Leopard Cat, Bengal Cat
Scientific name: Prionailurus bengalensis

(မြန်မာနာမည်က ဒေသအလိုက် အခေါ်အဝေါ်တွေကွဲပြားနိုင်တာကြောင့် အခေါ်အဝေါ်မတူရင် ကိုယ့်ဒေသခေါ်နာမည်လေးတွေကို comment မှာ sharing လုပ်ခဲ့ကြပါဦးဗျ)

နေထိုင်ကျက်စားရာဒေသ

မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ကမ္ဗာဒီယား၊ လာအို၊ ကိုရီးယား၊ တရုတ်နိုင်ငံ ယူနန်ပြည်နန် စတဲ့နေရာတွေမှာ တွေ့နိုင်ပြီး မြန်မာမှာဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာသာ အတွေ့များပါတယ်။

သူတို့ရဲ့ မူရင်းဒေသက အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပါ။ အပူပိုင်းဒေသ၊ အမြဲစိမ်းမိုးသစ်တော၊ ထင်းရှူးတော၊ ရွက်ကြွေသစ်တော တွေမှာနေထိုင်ကျက်စားကြပြီး အများအားဖြင့် တောင်အမြင့်ပိုင်း အမြဲစိမ်းမိုးသစ်တောတွေနဲ့ ရေနဲ့နီးတဲ့နေရာတွေမှာ ပိုပြီးတွေ့ရများပါတယ်။

အစားအစာ

ကြွက်၊ ရှဉ့်၊ ယုန်၊ တောက်တဲ့၊ ငှက်၊ ငှက်ဥ၊ ငါးရှဉ့်၊ မြွေ စတဲ့အကောင်တွေကို ဖ မ်းယူစားသောက်ကြပါတယ်။

အရွယ်အစား

သစ်ကြောင်တွေက အိမ်မွေးကြောင်(ကျူးကျော်မျိုးစိတ်)တွေနဲ့အရွယ်အစားတူပါတယ်၊ ခြေတံလက်တံတော့ သစ်ကြောင်တွေကပိုရှည်ပါတယ်။

(အိမ်မွေးကြောင်ကို ကျူးကျော်မျိုးစိတ်လို့ ထည့်ပြောလိုက်လို့လည်း တစ်ဖက်စွန်းရောက်ကြောင်ချစ်သူများ ရန်မရှာစေချင်လိုပါ၊ ကျွန်တော်လည်း ကြောင်ချစ်ပါတယ် ဒါပေမယ့် အမှန်တရားကို လက်ခံထားရပါတယ်နော်၊ ကြောင်တွေက မြန်မာနိုင်ငံရဲ့ ပထမအဆိုးဆုံး ကျူးကျော်မျိုးစိတ်ဖြစ်တာမို့ မိမိအိမ်မှာမွေးထားတဲ့ ကြောင်တွေကို မျိုးရင်းတွေကိုမထိခိုက်အောင် စနစ်တကျမွေးမြူပေးကြဖို့တောင်းဆိုပါတယ်၊ ဘာကြောင့် မြန်မာနိုင်ငံရဲ့ပထမအဆိုး‌ဆုံး ကျူးကျော်မျိုးစိတ်ဖြစ်တာလဲ ဘာညာဆိုတဲ့မေးခွန်းတွေအတွက် နောက်မှ ပိုစ့်တစ်ခု သပ်သပ်တင်ပြီး ရှင်းပြပါမယ်)

ခန္ဓာကိုယ်အလျားက ၂ ပေလောက်‌ရှည်ပြီး အမြီးက ၁ ပေလောက်ရှည်ပါတယ်။ ကိုယ်အလေးချိန်က ၆ ပေါင်ကနေ ၁၅ ပေါင်လောက်အထိ ရှိတတ်ပါတယ်။

အရောင်အသွေး၊ ထင်ရှားတဲ့လက္ခဏာ

သစ်ကြောင်တွေကို မသိတဲ့သူတွေက ကျားသစ်ပေါက်နဲ့ အထင်မှားကြပါတယ်။ ဝါညို၊ ဖြူ အောက်ခံအရောင်ပေါ်မှာ အမဲအစက်ပျောက် အမဲစင်းတွေပါရှိပါတယ်။

အမူအကျင့်

သစ်ကြောင်တွေက သစ်ပင်အတက်အဆင်း အလွန်ကျွမ်းကျင်ကြပြီး သစ်‌ပင်ပေါ်ကနေဝပ်ပြီး မြေပြင်ကဖြတ်သွားတဲ့သားကောင်တွေကို ချောင်းမြောင်းဖမ်းဆီးတတ်ပါတယ်၊ တခါတလေ မြစ်ချောင်းတွေနားက ချုံတောတွေထဲမှာ ပုန်းနေတတ်ပြီး ရေသောက်ဆင်းတဲ့ သားကောင်တွေကို ဖ မ်းယူစားသောက်တတ်ပါတယ်။

မျိုးပွားမှု

သစ်ကြောင်တွေရဲ့ မိတ်လိုက်ရာသီက ဇန်နဝါရီလကနေ မတ်လအထိဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလက ၂ လဝန်းကျင်ရှိပါတယ်။

တစ်ခါမွေးရင် ၁ ကောင်ကနေ ၃ ကောင်အထိမွေးတတ်ကြပါတယ်၊ ကလေးတွေက ၇ လကနေ ၁၀ လအတွင်း သားခွဲကြပါတယ်။

အသက် ၁၈ လလောက်မှာ စပြီးမိတ်လိုက် အရွယ်ရောက်ကြပါတယ်။ အိမ်မွေးကြောင်တွေနဲ့လည်း မိတ်လိုက်တတ်ပါတယ်။

မိတ်လိုက်ရာသီမှာဆိုရင် အထီးတွေက အချင်းချင်း ရန်ဖြစ်တိုက်ခိုက်တတ်ကြပါတယ်။

သက်တမ်းကတော့ သဘာဝအတိုင်းဆိုရင် ၈ နှစ်ကနေ ၁၂ နှစ်လောက်အထိ ရှည်ပါတယ်။

‼️သစ်ကြောင်တွေကတော့ ရှားတဲ့အဆင့်ထိတော့မရောက်သေးပေမယ့် ပေါတဲ့ထဲမှာလည်းမပါ ပါဘူး။ အခုချိန်ထိ မှောင်ခိုဈေးကွက်မှာ ဖမ်းဆီးရောင်းဝယ်မှုတွေ မြင့်တက်နေတာကြောင့် ထိန်းသိမ်းသင့်တဲ့အထဲတော့ပါနေပါပြီ။

အကောင်တွေ၊ အပင်တွေနဲ့ပတ်သက်တာတွေကို Native Species Conservation and Identification in Myanmar gp မှာမေးမြန်းနိုင်ပါတယ်။

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ပျော်ရွှင်နိုင်ကြ‌ပါစေလို့ admin team မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Native Species Conservation and Identification in Myanmar

Myanmar Environmental Education Team

30 Dec, 05:22


Pro-social Behavior
အများအကျိုး ထမ်းရွက်တဲ့အပြုအမူ
=•=•=•=•=•=•=•=•=•=•=•=•=•=•
​ဒေါက်တာမြင့်လွင်(စိတ်ပညာ)

သင်ဟာ ဘယ်အချိန်မှာ နိုင်ငံသားကောင်းဖြစ်ပြီလဲ။

အများအကျိုးထမ်းရွက်ရင် နိုင်ငံသားကောင်းဖြစ်ပြီလို့ဆိုရမှာပါ။ တနည်းအားဖြင့် တပါးသူအကျိုး၊ ရပ်ရွာလူအဖွဲ့အစည်းအကျိုး၊မိမိကျောင်းအကျိုး၊ နိုင်ငံ့အကျိုး စသည်တို့ကိုရည်ရွယ်ပြီး ကူညီမယ်၊ မျှဝေမယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊ အလှူငွေထည့်မယ်၊ လှူဒါန်းမယ်၊ လုပ်အားပေးမယ်ဆိုရင် နိုင်ငံသားကောင်းဖြစ်ဖို့ လုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ ဆိုရပါမယ်။

အများအကျိုး၊တပါးသူအကျိုးဆိုတာ အဲဒီလုပ်ငန်းတွေလုပ်ရုံမျှတင်မကသေးပါဘူး မိမိကိုယ်၌ကလည်း အားကစားပြိုင်ပွဲတွေမှာ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေ လိုက်နာတာ၊ရိုးသားဖြောင့်မတ်တာ၊ ဥပဒေလေးစားလိုက်နာတာ၊ ကျောင်းစည်းကမ်း၊ အလုပ်ခွင်စည်ကမ်းလေးစားလိုက်နာတာ၊ အများနဲ့ပူးပေါင်းဆောင်ရွက်တာတွေ၊ သူတပါးကို အနှောင့်အယှက်မဖြစ်အောင် သတိထားတာ စတဲ့အပြုအမူတွေလည်း ပါပါတယ်။

အဲဒီအပြုအမူတွေထဲက ကိုယ်ကျိုးမပါပဲ၊ကိုယ်ကျိုးစွန့်ပြီး သူတပါးအကျိုးသယ်ပိုးရင်တော့ ပရဟိတလုပ်ငန်းစစ်စစ် ဆောင်ရွက်တယ်လို့ဆိုရပါမယ်။

ကိုယ့်အသက်စွန့်ပြီး သူများအသက်ကယ်တာမျိုး၊ခြေတုတတ်ထားတဲ့ လူတယောက်က မိမိခြေတုက ကျောက်ဆူးသဖွယ်ဖြစ်နေမှာတောင်မမှုပဲ ရေနစ်နေတဲ့လူငယ်တစ်ယောက်ကို ရေထဲဆင်းဆယ်တာမျိုးဟာ ပရဟိတစစ်စစ် အပြုအမူဖြစ်ပါတယ်။

မိမိအသက်သေမှာကိုပင်မမှုပဲ သူတပါးအသက်
ကယ်တာမျိုးပါ။ အင်္ဂလိပ်လိုအသုံးအနှုံးနဲ့ Altruism လို့ခေါ်ပါတယ်။ အသက်ပေး ကူညီတဲ့ သာဓကတွေ ကမ္ဘာနဲ့တဝှမ်းအများကြီးပါ။

ဘာလို့ကိုယ်ကျိုးစွန့်ကူညီလဲ။ အယူအဆတရပ်ကတော့ သူများဒုက္ခရောက်တာကိုမြင်ရင် က်ိုယ်လည်း ဒုက္ခသည်နေရာက ဝင်ရောက် စိတ်ထပ်ခံစားတယ်။ ဒုက္ခသည်လိုပဲစိတ်ဒုက္ခရောက်တယ်။ ကူညီလိုက်လို့ ဒုက္ခသည်ဟာ ဒုက္ခက ကင်းလွတ်သွားရင် ကိုယ်လည်း စိတ်ဒုက္ခက ကင်းပြီး စိတ်
သက်သာကြည်နူးမှုရသွားတယ်။ ဒါကြောင့် ကိုယ်ကျိုးစွန့် ကူညီမှုကိုဖြစ်ဖို့ တွန်အားဟာ Empathy ဆိုတဲ့ စိတ်ထပ်ခံစားမှုပဲလို့ Empathy-altruism အယူအဆကဆိုပါတယ်။

Social exchange theoryကတော့ ကိုယ့်ကျိုးစွန့်ပြီးကူညီတယ်ဆိုတဲ့ ပရဟိတစစ်စစ်ဆိုတာမရှိဘူး။ သူများကိုကူညီတယ် ဆိုတာ ကိုယ်ကျိုးမျှော်လင့်မှုပါတယ်။ လူတွေဟာကိုယ်လုပ်တဲ့အပြုအမူတိုင်းကို စိုက်ထုတ်ရတဲ့အရင်းအနှီးနဲ့ ကိုယ်ရတဲ့ အမြတ်ချိန်ဆကြည့်မှာပဲ လို့ဆိုတယ်။

သူများကိုကူညီတာကရနိုင်တဲ့အမြတ်က

၁။ သူများကိုကူညီထားရင် ကိုယ်အကူညီလိုတဲ့အခါမှာလည်း ပြန်ရနိုင်တယ်ဆိုတဲမျှော်လင့်ချက်

၂။ ဒုက္ခရောက်သူကို ကူညီခြင်းဖြင့်မိမိလည်းစိတ်ဒုက္ခမှကင်းလွတ်ခြင်း

၃။ အများ၏အထင်ကြီးလေးစားခံရခြင်း။ မိမိကိုယ်မိမိ ဂုဏ်ယူလေးစားစိတ်ဖြစ်ခြင်း အမြတ်တွေပဲဖြစ်တယ်လို့ ဆိုတယ်။

ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကို ကူညီမှာလား၊ မကူညီဘူးလားဆိုတာ အခြေအနေအရပ်ရပ်အပေါ်မှာလည်း မူတည်လိမ့်မယ်လို့ဆိုပါတယ်။

အကူအညီပေးမယ့်သူဟာ ဒုက္ခသည်ရဲ့ဒုက္ခရောက်နေတဲ့ အခြေအနေကို

-သတိထားမိလား။
-အခြားသူတွေရော ဒီဖြစ်ရပ်ကိုရပ်ကြည့်နေကြလား။
-မိမိနဲ့ဒုက္ခသည်တိုက်ရိုက်ပတ်သက်နေလား။
-ဘယ်လိုကူညီရမယ်ဆိုတာသိလား
-ကူညီနိုင်တဲ့စွမ်းရည်မိမိမှာရှိလား

စတဲ့အခြေအနေတွေကလည်း ကူညီတဲ့အပြုအမူအပေါ်လွှမ်းမိုးပါလိမ့်မယ်။

တောနဲ့မြို့၊ ယဉ်ကျေးမှု၊ ကြီးပြင်းရာမိသားစု၊ ကိုယ်ရည်ကိုယ်သွေး စတဲ့ အချက်တွေကလည်း ကူညီခြင်းအပြုအမူအပေါ်အကြောင်းပြုစေပါလိမ့်မယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

Myanmar Environmental Education Team

30 Dec, 04:43


Happy Kayin New Year !

Myanmar Environmental Education Team

28 Dec, 15:33


အင်းကျားအကြောင်းရေးရင်း နောက်ထပ်မျိုးသုဉ်းမှုအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ မြန်မာ့မျိုးရင်းကြောင်မျိုးစိတ်လေးတစ်မျိုးနဲ့ နည်းနည်းလောက်ထပ်ပြီး မိတ်ဆက်ပေးဦးမယ်‌ဗျာ။ ဒီတစ်ခါလည်း ရုပ်ချောချောနဲ့ admin ပဲရေးတင်လိုက်ပါတယ်..

Native Species Conservation and Identification in Myanmar Group

Myanmar name: ကြောင်တံငါ၊ ငါးဖမ်:ကြောင်
English name: Fishing cat
Scientific name: Prionailurus viverrinus
(မြန်မာနာမည်က ဒေသအလိုက် အခေါ်အဝေါ်တွေကွဲပြားနိုင်တာကြောင့် အခေါ်အဝေါ်မတူရင် ကိုယ့်ဒေသခေါ်နာမည်လေးတွေကို comment မှာ sharing လုပ်ခဲ့ကြပါဦးဗျ)

နေထိုင်ကျက်စာ:ရာဒေသ

ကြောင်တံငါတွေရဲ့ မူရင်းဒေသတွေက အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေပါ။ အာရှတိုက်မှာ ပြတ်တောင်းပြတ်တောင်း ဖြန့်ကျက်နေထိုင်တတ်ပြီး များသောအားဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဟိမဝန္တာတောင်ခြေ၊ တီရိုင်း၊ နီပေါ စတဲ့နေရာတွေမှာ တွေ့နိုင်ပါတယ်၊ မြန်မာမှာဆို ဧရာဝတီတိုင်းမှာ အများဆုံးတွေ့ရတတ်ပါတယ်။ (‌လုံခြုံရေးအရ နေရာအတိအကျတွေကို ဖော်ပြမပေးပါ)
ရေဝပ်ဧရိယာတွေဖြစ်တဲ့ မြစ်ကျိုးအင်း၊ စမ်းချောင်း၊ ဒီရေတော၊ စိမ့်အိုင်ဗွက်တော၊ ကျူတော၊ မြစ်ရိုးတစ်လျှောက်တွေမှာ နေထိုင်ကျက်စာ:လေ့ရှိပါတယ်။

အစာ:အစာ

ကြောင်တံငါဆိုတဲ့အတိုင်းပဲ သူတို့ရဲ့အဓိကအစာကတော့ ငါးပါ။ ငှက်၊ မြွေ၊ ရှဉ့်၊ ကြွက်၊ ဘဲငန်း၊ တောဝက်၊ သမင်၊ ဒရယ် တွေကိုလည်း အမဲလိုက်ဖ မ်းယူစာ:သောက်တတ်ပါသေးတယ်။

အရွယ်အစာ:

ခန္ဓာကိုယ်အလျား 22 လက်မကနေ 32 လက်မအထိရှိပြီး အမြီးအရှည် 8 လက်မကနေ 12 လက်မအထိရှည်ပါတယ်။ အမတွေက 11 ပေါင်ကနေ 16 ပေါင်အထိရှိပြီး အထီးတွေက 19 ပေါင်ကနေ 35 ပေါင်အထိရှိပါတယ်။
ဆိုတော့ အထီးတွေက အမတွေထက် အရွယ်အစာ:ပိုကြီးပါတယ်။ ကြောင်တံငါတွေက Prionailurus မျိုးစုမှာ အကြီးဆုံးကြောင်မျိုးစိတ်ဖြစ်ပါတယ်။

အရောင်အသွေး၊ ထင်ရှားတဲ့လက္ခဏာ

အောက်ခံအရောင် မီးခိုရောင်၊ မီးခိုပြာရောင်၊ ညိုဝါရောင်ပေါ်မှာ အမဲစက်၊ အမဲကွက်၊ အမဲအစင်းများရှိပါတယ်။ နားရွက်တွေက ဦးခေါင်းအောက်နည်းနည်းရောက်ပြီး နားနောက်မှာ အဖြူရောင်အစက်ပျောက်တွေရှိပါတယ်၊ နားရွက်ဝိုင်းပါတယ်။ (နားရွက်ကိစ္စက အခြားကြောင်တွေနဲ့ယှဉ်ကြည့်ရင် ကျွန်တော်ပြောတဲ့အချက်တွေက ပိုပြီးမျက်လုံးထဲပေါ်လွင်ပါတယ်) ပါးတစ်ဖက်ဆီမှာ အစင်းကြောင်းနှစ်ကြောင်းဆီပါရှိပြီး အစင်းကြောင်းတွေက မျက်လုံးနားကစပြီး ‌နားနောက်၊ ပခုံးနားတဝိုက်မှာ အဆုံးသတ်ပါတယ်။ အမြီးကသိသိသာသာတိုပါတယ်။

အမူအကျင့်

ကြောင်တံငါတွေက ညဘက်မှာအစာရှာထွက်လေ့ရှိပြီး ရေနဲ့အနီးတဝိုက်မှာ အများဆုံးတွေ့ရတတ်ပါတယ်။ ရေကူးလည်းကျွမ်းသလို ရေငုတ်လည်းကျွမ်းကျင်ကြပါတယ်။

မျိုးပွားမှု

ကြောင်တံငါတွေက များသောအားဖြင့် ဇနဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းမှာ မိတ်လိုက်ကြပြီး မတ်လနဲ့ ဧပြီလအတွင်းမှာ သားပေါက်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် 2 လကျော်ခန့်ကြာတတ်ပြီး 2 ကောင်ကနေ 3 ကောင်အထိ မွေးဖွားကြပါတယ်။ 2 လသားအရွယ်မှာ အစာစစာ:ကြပြီး အမဲလိုက်စကျင့်နေပါပြီ (ကလေးအဖေဖြစ်နေပြီ ခုထိနို့မပြတ်သေးဘူးဆိုတဲ့ ဘရားသားတို့လိုပဲ) သူတို့ကလည်း အသက် 8 လလောက်မှ နို့ပြတ်ကြပါတယ်။ ၁၁ လသားခန့်မှာ အရွယ်ရောက်ကြပြီး 15 လသားလောက်ရောက်မှ မိတ်လိုက်ကြတာပါ။

‼️ကြောင်တံငါတွေကို 2016 ခုနှစ်ကစပြီး IUCN redlist မှာ vulnerable အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ 16 နှစ်ဝန်းကျင်လောက်ကတည်းက လူတွေကြောင့် သူတို့နေထိုင်ရာဒေသဆုံးရှုံးမှု‌တွေနဲ့ တောရိုင်းတိဝယ်ရောင်းသမားတွေကြောင့် မုဆိုးတွေရဲ့အလွန်အကျွံအမဲလိုက်မှုတွေကိုခံခဲ့ရပြီး ကြောင်တံငါအကောင်ရေဟာ သိသိသာသာကို ထိုးကျလာခဲ့ပါတယ်။ အခုဆိုရင် အလွန့်အလွန်ကိုရှားပါးနေပြီး မျိုးသုဉ်းမှုအန္တရာယ်ကိုရင်ဆိုင်နေရတာကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေလက်ထက်မှာ မြန်မာ့မျိုးရင်းကြောင်လေးတွေကို ပုံပြင်သပ်သပ်သာ မချန်ခဲ့ချင်တာကြောင့် အမြန်ဆုံးကာကွယ်ထိန်းသိမ်းဖို့လိုအပ်နေပါပြီ။

အကောင်တွေ၊ အပင်တွေနဲ့ပတ်သက်ပြီးသိလိုတဲ့ အကြောင်းတွေ id တွေကို Native Species Conservation and Identification in Myanmar Gp မှာလာရောက်မေးမြန်းနိုင်တာကြောင့် gp လေးကို join ခဲ့ကြပါဦးဗျ။

#photofromgoogle

Myanmar Environmental Education Team

26 Dec, 07:27


လာမည့်နိုဝင်ဘာလမှာ ကျင်းပဖို့ရှိနေတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲမှာ သက်ဆိုင်ရာနိုင်ငံအစိုးရများအနေနဲ့ အဆိုပါအကူးအပြောင်းအတွက် တောင်သူများအားကူညီရန် ဘဏ္ဍာရေးမက်လုံးများပေးမည့် မူဝါဒအပြောင်းအလဲများကို မိတ်ဆက်ဖို့ရာ အခွင့်အရေးလည်း ဖြစ်ပါတယ်။

ထို့ကြောင့် လက်ရှိအချိန်ကစလို့ တတ်နိုင်သမျှ မြေဆီလွှာနဲ့ထိတွေ့ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ပံ့ပိုးရန်အတွက် တောင်သူလယ်သမားများ ထုတ်လုပ်သော အစားအစာများကို ဝယ်ယူအသုံးပြုပါ။ ကျွန်ုပ်တို့ခြေဖဝါးအောက်က မြေဆီလွှာအတွက် ကောင်းကျိုးရှိတယ်ဆိုရင် ကျွန်ုပ်တို့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။

ရေးသားသူ - ဇင်ထူးနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://greenwaymyanmar.com/posts/healthy_soil_good_for_you

Myanmar Environmental Education Team

26 Dec, 07:27


Save Soil ရဲ့ အဆိုအရ အာဟာရဓာတ်အပြည့်အဝ ပံ့ပိုးပေးကြောင်း သေချာစေရန် သီးနှံစိုက်ပျိုးသည့်မြေများတွင် အော်ဂဲနစ်ဒြပ်စင် အနည်းဆုံး ၃ - ၆ ရာခိုင်နှုန်း (ဒေသအလိုက် အခြေအနေများအပေါ်မူတည်ပြီး) လိုအပ်တယ်လို့ ဆိုပါတယ်။ ကံမကောင်းစွာနဲပဲ တကယ့်လက်တွေ့မှာတော့ ကမ္ဘာမြေဆီလွှာအများစုဟာ အနည်းဆုံးရှိရမဲ့ အော်ဂဲနစ်ဒြပ်စင်ပမာဏနဲ့တောင် အလှမ်းဝေးနေတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့မြေဆီလွှာရဲ့ ၄၀ ရာခိုင်နှုန်းဟာလည်း ပျက်စီးယိုယွင်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အပေါ်ယံမြေဆီလွှာ ၉၀ ရာခိုင်နှုန်းဟာ ၂၀၅၀ မှာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကနေ သတိပေးထားပါတယ်။
ထိုကဲ့သို့ မြေဆီလွှာများ ကျယ်ပြန့်စွာပျက်စီးယိုယွင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အာဟာရချို့တဲ့မှုများဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင် B1၊ B6 နဲ့ B9 ကဲ့သို့သော အဓိကကျတဲ့ အာဟာရဓာတ်များချို့တဲ့လာခြင်းဟာ မြေဆီလွှာအာဟာရညံ့ဖျင်းမှုကြောင့်ဖြစ်ပြီး မကြာခဏဆိုသလို စိတ်ကျခြင်းကဲ့သို့သော စိတ်ကျန်းမာရေးချို့ယွင်းမှုများနဲ့လည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။ ထို့အတူ သံဓာတ်နဲ့ ဇင့်ဓာတ် ချို့တဲ့ပါက ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို အားနည်းစေနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ကျန်းမာသော အူလမ်းကြောင်းဆိုင်ရာ အဏုဇီဝသက်ရှိများဟာလည်း serotonin နှင့် dopamine ကဲ့သို့သော "ပျော်ရွှင်စေသည့်ဟော်မုန်းများ" ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

တောင်သူများအား သီးနှံတစ်မျိုးတည်းကို ပမာဏအများအပြား စိုက်ပျိုးခြင်းစနစ်များအစား မြေဖုံးသီးနှံများ စိုက်ပျိုးခြင်း (မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေရန် ရိတ်သိမ်းရန်ရည်ရွယ်ချက်မရှိဘဲ သီးနှံများစိုက်ပျိုးခြင်းစနစ်) နှင့် သီးလှည့်စိုက်ပျိုးခြင်းကဲ့သို့သော စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးပေးမည်ဆိုပါက မြေဆီလွှာတွင်အော်ဂဲနစ်ဒြပ်စင်များ တိုးမြင့်လာစေရန်အတွက် သတင်းကောင်းဖြစ်ပါတယ်။

လာမည့်နိုဝင်ဘာလမှာ ကျင်းပဖို့ရှိနေတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲမှာ သက်ဆိုင်ရာနိုင်ငံအစိုးရများအနေနဲ့ အဆိုပါအကူးအပြောင်းအတွက် တောင်သူများအားကူညီရန် ဘဏ္ဍာရေးမက်လုံးများပေးမည့် မူဝါဒအပြောင်းအလဲများကို မိတ်ဆက်ဖို့ရာ အခွင့်အရေးလည်း ဖြစ်ပါတယ်။

ထို့ကြောင့် လက်ရှိအချိန်ကစလို့ တတ်နိုင်သမျှ မြေဆီလွှာနဲ့ထိတွေ့ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ပံ့ပိုးရန်အတွက် တောင်သူလယ်သမားများ ထုတ်လုပ်သော အစားအစာများကို ဝယ်ယူအသုံးပြုပါ။ ကျွန်ုပ်တို့ခြေဖဝါးအောက်က မြေဆီလွှာအတွက် ကောင်းကျိုးရှိတယ်ဆိုရင် ကျွန်ုပ်တို့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။

ရေးသားသူ - ဇင်ထူးနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://greenwaymyanmar.com/posts/healthy_soil_good_for_you

ခြေဗလာ​ဖြင့်လမ်းလျှောက်ခြင်း (သို့မဟုတ်) လက်များညစ်ပတ်သွားခြင်း အပါအဝင် မြေဆီလွှာအားထိတွေ့မိခြင်းတို့ဟာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။
========

မြေဆီလွှာဟာ ကမ္ဘာဂြိုဟ်ရဲ့ အကြီးမားဆုံးသက်ရှိဂေဟစနစ်များထဲမှ တစ်ခုဖြစ်ပြီး လူသားများဘဝရဲ့အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ မြေဆီလွှာဟာ ကျွန်ုပ်တို့စားသုံးနေတဲ့ အစားအစာတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများကိုလည်း ထောက်ပံ့ပေးနိုင်ကာ လေထုအတွင်းမှကာဗွန်ကို သိမ်းဆည်းထားခြင်းအားဖြင့် ရာသီဥတုမျှတစေရန်လည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

မြေဆီလွှာဟာ သံသတ္တုရိုင်းနဲ့ ဘောက်ဆိုဒ် (အလူမီနီယံ ပြုလုပ်ရန်သုံးသော ကျောက်) မှသည် ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းကို စွမ်းအင်ပေးရန်အသုံးပြုသည့် သဘာဝဓာတ်ငွေ့များအထိရရှိနိုင်သော ကြီးမားသည့် ကုန်ကြမ်းအရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်တဲ့ Conscious Planet ရဲ့ Save Soil အစီအစဉ်ကနေ ထုတ်ပြန်ထားသော အစီရင်ခံစာအသစ်မှာတော့ ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများနဲ့ အံ့ဖွယ်ကောင်းလောက်အောင် တိုက်ရိုက်ချိတ်ဆက်နေတယ်ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ခြေဗလာ​ဖြင့်လမ်းလျှောက်ခြင်း (သို့မဟုတ်) လက်များညစ်ပတ်သွားခြင်း အပါအဝင် မြေဆီလွှာအားထိတွေ့မိခြင်းတို့ဟာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေရဲ့ အူလမ်းကြောင်းနဲ့ အရေပြားတွေဟာဆိုရင် မြေဆီလွှာမှာကဲ့သို့ တူညီသောဘက်တီးရီးယားများစွာကို သယ်ဆောင်ထားတာ ဖြစ်ပါတယ်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အတွင်းနဲ့အပြင်ဘက်ကို မြေဆီလွှာထဲမှာ တွေ့ရှိရတတ်တဲ့ သက်ရှိပိုးမွှားတွေနဲ့ ဖုံးအုပ်ထားတာလို့ ဆိုရမှာဖြစ်ပါတယ်။

Myanmar Environmental Education Team

26 Dec, 07:27


လေ့လာမှုများအရ မြေဆီလွှာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပမာဏဟာ အူလမ်းကြောင်းအတွင်းရှိ သက်ရှိပိုးမွှားများရဲ့ ကွဲပြားမှုနှင့် ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စံချိန်တင်အမြင့်ဆုံး အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားကွဲပြားမှုကိုတော့ ကြွယ်ဝသောမြေဆီလွှာကို ခြေဗလာဖြင့် အဆက်မပြတ်ထိတွေ့နေရတဲ့ အမေဇုန်မိုးသစ်တောအတွင်းရှိ အုပ်စုဖွဲ့နေထိုင်ကြသောအမဲလိုက်မုဆိုးများမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းကျန်းမာရေးကို မျှတပြီးအာဟာရပြည့်ဝတဲ့ အစားအစာများနဲ့ ပံ့ပိုးပေးထားသလို မြေဆီလွှာရဲ့ ကျန်းမာရေးဟာလည်း နေ့စဉ်နေ့တိုင်းဆိုသလို ကျွန်ုပ်တို့ရဲ့ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု အများဆုံးဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ရာ ဗီတာမင်နှင့် အာဟာရဓာတ်များလိုအပ်ပြီး အပင်များနဲ့ တိရစ္ဆာန်များကို စားသုံးခြင်းဖြင့် အဆိုပါအာဟာရဓာတ်များကို ရရှိနိုင်တာ ဖြစ်ပါတယ်။ အော်ဂဲနစ်ဒြပ်စင်ကြွယ်ဝသော မြေဆီလွှာပေါ်မှာ ရှင်သန်ကြီးထွားလာကြသော အပင်များနဲ့ တိရစ္ဆာန်များဟာ လူသားများအတွက်လည်း အာဟာရဓာတ်ကို ပိုမိုရရှိစေနိုင်တာ ဖြစ်ပါတယ်။

မြေဆီလွှာပျက်စီးခြင်း၊ အာဟာရချို့တဲ့ခြင်း
ကျွန်ုပ်တို့ရဲ့ အစားအစာများမှာ အာဟာရချို့တဲ့မှု ဖြစ်ပေါ်လာရခြင်းဟာ ပျက်စီးယိုယွင်းနေသော မြေဆီလွှာပေါ်မှာ စိုက်ပျိုးထားသော သီးနှံများကြောင့် ဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေသည့် ပါဝင်ပစ္စည်းများမှ အာဟာရဓာတ်များပင်လျှင် ချို့တဲ့ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဂျုံသီးနှံရဲ့ ပရိုတင်းဓာတ်ပါဝင်မှုဟာ ၁၉၅၅ နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ ၂၃ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Save Soil ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားတဲ့အတိုင်း မြေဆီလွှာများ ယိုယွင်းပျက်စီးလာခြင်းဟာ လူသားများကို ပိုမိုအားနည်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

မြေဆီလွှာပျက်စီးခြင်းဆိုတာဘာလဲ
ကုလသမဂ္ဂကရဲ့ အဆိုအရ မြေဆီလွှာပျက်စီးခြင်းဆိုတာဟာ "မြေဆီလွှာရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ အရည်အသွေးကျဆင်းမှု" ‌ကြောင့် "အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်း" လို့ သတ်မှတ်ပါတယ်။ မြေဆီလွှာကို မကြာခဏ ထွန်ယက်ခြင်းကဲ့သို့ ရေရှည်မတည်တံ့သော စိုက်ပျိုးရေးအလေ့အထများကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုပါအခြေအနေမှာဆိုရင် အော်ဂဲနစ်ဒြပ်စင်များဟာ မြေဆီလွှာရဲ့ "သက်ရှိ" အစိတ်အပိုင်းအဖြစ်ရှိနေပြီး အပင် သို့မဟုတ် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေတဲ့အစိတ်အပိုင်းများဟာ အဏုဇီဝသက်ရှိများကြောင့် ပြိုကွဲပျက်စီးပြီး အခြားသက်ရှိများမှ ပြန်လည်အသုံးပြုနိုင်သော အာဟာရဓာတ်အဖြစ်သို့ ပြိုကွဲသွားတာ ဖြစ်ပါတယ်။

Save Soil ရဲ့ အဆိုအရ အာဟာရဓာတ်အပြည့်အဝ ပံ့ပိုးပေးကြောင်း သေချာစေရန် သီးနှံစိုက်ပျိုးသည့်မြေများတွင် အော်ဂဲနစ်ဒြပ်စင် အနည်းဆုံး ၃ - ၆ ရာခိုင်နှုန်း (ဒေသအလိုက် အခြေအနေများအပေါ်မူတည်ပြီး) လိုအပ်တယ်လို့ ဆိုပါတယ်။ ကံမကောင်းစွာနဲပဲ တကယ့်လက်တွေ့မှာတော့ ကမ္ဘာမြေဆီလွှာအများစုဟာ အနည်းဆုံးရှိရမဲ့ အော်ဂဲနစ်ဒြပ်စင်ပမာဏနဲ့တောင် အလှမ်းဝေးနေတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့မြေဆီလွှာရဲ့ ၄၀ ရာခိုင်နှုန်းဟာလည်း ပျက်စီးယိုယွင်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အပေါ်ယံမြေဆီလွှာ ၉၀ ရာခိုင်နှုန်းဟာ ၂၀၅၀ မှာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကနေ သတိပေးထားပါတယ်။
ထိုကဲ့သို့ မြေဆီလွှာများ ကျယ်ပြန့်စွာပျက်စီးယိုယွင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အာဟာရချို့တဲ့မှုများဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင် B1၊ B6 နဲ့ B9 ကဲ့သို့သော အဓိကကျတဲ့ အာဟာရဓာတ်များချို့တဲ့လာခြင်းဟာ မြေဆီလွှာအာဟာရညံ့ဖျင်းမှုကြောင့်ဖြစ်ပြီး မကြာခဏဆိုသလို စိတ်ကျခြင်းကဲ့သို့သော စိတ်ကျန်းမာရေးချို့ယွင်းမှုများနဲ့လည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။ ထို့အတူ သံဓာတ်နဲ့ ဇင့်ဓာတ် ချို့တဲ့ပါက ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို အားနည်းစေနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ကျန်းမာသော အူလမ်းကြောင်းဆိုင်ရာ အဏုဇီဝသက်ရှိများဟာလည်း serotonin နှင့် dopamine ကဲ့သို့သော "ပျော်ရွှင်စေသည့်ဟော်မုန်းများ" ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

တောင်သူများအား သီးနှံတစ်မျိုးတည်းကို ပမာဏအများအပြား စိုက်ပျိုးခြင်းစနစ်များအစား မြေဖုံးသီးနှံများ စိုက်ပျိုးခြင်း (မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေရန် ရိတ်သိမ်းရန်ရည်ရွယ်ချက်မရှိဘဲ သီးနှံများစိုက်ပျိုးခြင်းစနစ်) နှင့် သီးလှည့်စိုက်ပျိုးခြင်းကဲ့သို့သော စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးပေးမည်ဆိုပါက မြေဆီလွှာတွင်အော်ဂဲနစ်ဒြပ်စင်များ တိုးမြင့်လာစေရန်အတွက် သတင်းကောင်းဖြစ်ပါတယ်။

Myanmar Environmental Education Team

26 Dec, 07:27


ခြေဗလာ​ဖြင့်လမ်းလျှောက်ခြင်း (သို့မဟုတ်) လက်များညစ်ပတ်သွားခြင်း အပါအဝင် မြေဆီလွှာအားထိတွေ့မိခြင်းတို့ဟာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။
========
Green Way

မြေဆီလွှာဟာ ကမ္ဘာဂြိုဟ်ရဲ့ အကြီးမားဆုံးသက်ရှိဂေဟစနစ်များထဲမှ တစ်ခုဖြစ်ပြီး လူသားများဘဝရဲ့အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ မြေဆီလွှာဟာ ကျွန်ုပ်တို့စားသုံးနေတဲ့ အစားအစာတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများကိုလည်း ထောက်ပံ့ပေးနိုင်ကာ လေထုအတွင်းမှကာဗွန်ကို သိမ်းဆည်းထားခြင်းအားဖြင့် ရာသီဥတုမျှတစေရန်လည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

မြေဆီလွှာဟာ သံသတ္တုရိုင်းနဲ့ ဘောက်ဆိုဒ် (အလူမီနီယံ ပြုလုပ်ရန်သုံးသော ကျောက်) မှသည် ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းကို စွမ်းအင်ပေးရန်အသုံးပြုသည့် သဘာဝဓာတ်ငွေ့များအထိရရှိနိုင်သော ကြီးမားသည့် ကုန်ကြမ်းအရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်တဲ့ Conscious Planet ရဲ့ Save Soil အစီအစဉ်ကနေ ထုတ်ပြန်ထားသော အစီရင်ခံစာအသစ်မှာတော့ ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများနဲ့ အံ့ဖွယ်ကောင်းလောက်အောင် တိုက်ရိုက်ချိတ်ဆက်နေတယ်ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ခြေဗလာ​ဖြင့်လမ်းလျှောက်ခြင်း (သို့မဟုတ်) လက်များညစ်ပတ်သွားခြင်း အပါအဝင် မြေဆီလွှာအားထိတွေ့မိခြင်းတို့ဟာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေရဲ့ အူလမ်းကြောင်းနဲ့ အရေပြားတွေဟာဆိုရင် မြေဆီလွှာမှာကဲ့သို့ တူညီသောဘက်တီးရီးယားများစွာကို သယ်ဆောင်ထားတာ ဖြစ်ပါတယ်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အတွင်းနဲ့အပြင်ဘက်ကို မြေဆီလွှာထဲမှာ တွေ့ရှိရတတ်တဲ့ သက်ရှိပိုးမွှားတွေနဲ့ ဖုံးအုပ်ထားတာလို့ ဆိုရမှာဖြစ်ပါတယ်။

လေ့လာမှုများအရ မြေဆီလွှာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပမာဏဟာ အူလမ်းကြောင်းအတွင်းရှိ သက်ရှိပိုးမွှားများရဲ့ ကွဲပြားမှုနှင့် ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စံချိန်တင်အမြင့်ဆုံး အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားကွဲပြားမှုကိုတော့ ကြွယ်ဝသောမြေဆီလွှာကို ခြေဗလာဖြင့် အဆက်မပြတ်ထိတွေ့နေရတဲ့ အမေဇုန်မိုးသစ်တောအတွင်းရှိ အုပ်စုဖွဲ့နေထိုင်ကြသောအမဲလိုက်မုဆိုးများမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းကျန်းမာရေးကို မျှတပြီးအာဟာရပြည့်ဝတဲ့ အစားအစာများနဲ့ ပံ့ပိုးပေးထားသလို မြေဆီလွှာရဲ့ ကျန်းမာရေးဟာလည်း နေ့စဉ်နေ့တိုင်းဆိုသလို ကျွန်ုပ်တို့ရဲ့ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု အများဆုံးဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ရာ ဗီတာမင်နှင့် အာဟာရဓာတ်များလိုအပ်ပြီး အပင်များနဲ့ တိရစ္ဆာန်များကို စားသုံးခြင်းဖြင့် အဆိုပါအာဟာရဓာတ်များကို ရရှိနိုင်တာ ဖြစ်ပါတယ်။ အော်ဂဲနစ်ဒြပ်စင်ကြွယ်ဝသော မြေဆီလွှာပေါ်မှာ ရှင်သန်ကြီးထွားလာကြသော အပင်များနဲ့ တိရစ္ဆာန်များဟာ လူသားများအတွက်လည်း အာဟာရဓာတ်ကို ပိုမိုရရှိစေနိုင်တာ ဖြစ်ပါတယ်။

မြေဆီလွှာပျက်စီးခြင်း၊ အာဟာရချို့တဲ့ခြင်း
ကျွန်ုပ်တို့ရဲ့ အစားအစာများမှာ အာဟာရချို့တဲ့မှု ဖြစ်ပေါ်လာရခြင်းဟာ ပျက်စီးယိုယွင်းနေသော မြေဆီလွှာပေါ်မှာ စိုက်ပျိုးထားသော သီးနှံများကြောင့် ဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေသည့် ပါဝင်ပစ္စည်းများမှ အာဟာရဓာတ်များပင်လျှင် ချို့တဲ့ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဂျုံသီးနှံရဲ့ ပရိုတင်းဓာတ်ပါဝင်မှုဟာ ၁၉၅၅ နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ ၂၃ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Save Soil ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားတဲ့အတိုင်း မြေဆီလွှာများ ယိုယွင်းပျက်စီးလာခြင်းဟာ လူသားများကို ပိုမိုအားနည်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

မြေဆီလွှာပျက်စီးခြင်းဆိုတာဘာလဲ
ကုလသမဂ္ဂကရဲ့ အဆိုအရ မြေဆီလွှာပျက်စီးခြင်းဆိုတာဟာ "မြေဆီလွှာရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ အရည်အသွေးကျဆင်းမှု" ‌ကြောင့် "အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်း" လို့ သတ်မှတ်ပါတယ်။ မြေဆီလွှာကို မကြာခဏ ထွန်ယက်ခြင်းကဲ့သို့ ရေရှည်မတည်တံ့သော စိုက်ပျိုးရေးအလေ့အထများကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုပါအခြေအနေမှာဆိုရင် အော်ဂဲနစ်ဒြပ်စင်များဟာ မြေဆီလွှာရဲ့ "သက်ရှိ" အစိတ်အပိုင်းအဖြစ်ရှိနေပြီး အပင် သို့မဟုတ် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေတဲ့အစိတ်အပိုင်းများဟာ အဏုဇီဝသက်ရှိများကြောင့် ပြိုကွဲပျက်စီးပြီး အခြားသက်ရှိများမှ ပြန်လည်အသုံးပြုနိုင်သော အာဟာရဓာတ်အဖြစ်သို့ ပြိုကွဲသွားတာ ဖြစ်ပါတယ်။

Myanmar Environmental Education Team

22 Dec, 18:26


EEET Batch 3 သင်တန်းသားများအတွက်ဖွင့်ထားတဲ့ Telegram group invite link ကို FB messenger က​နေ ပို့ထားပါတယ်

Myanmar Environmental Education Team

22 Dec, 11:57


EEET 3rd. Batch 1st. Day

၆း၅၅ Zoom ဖွင့်ပါမည်

Myanmar Environmental Education Team

22 Dec, 10:40


တသက်လုံးပျော်ဖို့

(လူမွန်-ပခုက္ကူ)

သစ်ပင်စိုက်တဲ့ အရသာ
စိုက်မှသိနိုင်တာ
ကြည်နူး ရသာ သိအောင်တော့
ကိုယ်တိုင်စိုက်ပေရော့..

အပင်ပေါက်တော့ စိတ်ဝမ်းသာ
အရိပ်တကြည့်ကြည့်ပါ
ရေလောင်းရင်းသာ ပျင်းဖြေတော့
ညောင်းညာပြေတာပေါ့..

ပန်းတွေပွင့်တော့ စိတ်ထဲပျော်
သီးတော့ ပိုလို့ပျော်
တစ်သက်လုံးနော် ပျော်နိုင်ဖို့
သစ်ပင်စိုက်ကြစို့..

Myanmar Environmental Education Team

21 Dec, 15:59


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ၊ တစ်ကမ္ဘာလုံးတွင် အတည်ပြုနိုင်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ရပ်ပေါင်း ၂၄ ခုခန့်ရှိပြီး တစ်ခုစီသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်။

ဤဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူထောင်ပေါင်းများစွာ သေဆုံးပြီး ထင်ရှားသော စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

တကမ္ဘာလုံးတွင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်စဉ်ပျမ်းမျှ သဘာဝဘေးအန္တရာယ်ပေါင်း ၄၁၇ ခုကို မှတ်တမ်းတင်ထားသည်။

ဤဖြစ်ရပ်များသည် ငလျင်များ၊ မုန်တိုင်းများ၊ ရေကြီးမှုနှင့် မိုးခေါင်မှုများအပါအဝင် သဘာဝဘေးအန္တရယ်များစွာကို လွှမ်းခြုံထားပြီး နှစ်စဉ် လူသန်းပေါင်းများစွာကို ထိခိုက်စေပါသည်။

၂၀၂၄ တွင်၊ သီးခြားဖြစ်ရပ်များသည် သိသာထင်ရှားသောအကျိုးသက်ရောက်မှုများရှိခဲ့သည်။ ဥပမာအားဖြင့် အာဖဂန်နစ္စတန်-ပါကစ္စတန် ရေကြီးမှုသည် မတ် ၆ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း လူ ၁၀၈၄ ဦး သေဆုံးခဲ့သည်။

ထို့အပြင် စက်တင်ဘာလအစောပိုင်းတွင် တိုင်ဖွန်း ယာဂီ ကြောင့် သေဆုံးသူ ၈၄၄ ဦး ရှိခဲ့သည်။

ဤဖြစ်ရပ်များသည် ၂၀၂၄ခုနှစ်တွင် ပြင်းထန်သော သဘာဝဘေးဒဏ်ကြောင့် လူသားသေဆုံးမှုကို မီးမောင်းထိုးပြပါသည်။

ရာသီဥတုဖောက်ပြန်မှု၊ လူဦးရေတိုးပွားမှုနှင့် မြို့ပြဖြစ်ထွန်းမှုစသည့် အကြောင်းရင်းများကြောင့် သဘာဝဘေးအန္တရာယ်များ၏ အကြိမ်ရေနှင့် သက်ရောက်မှုသည် နှစ်စဉ်ကွဲပြားနိုင်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ၊ ကြိုတင်သတိပေးစနစ်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများမှတဆင့် အဆိုပါဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရန် ကြိုးပမ်းမှုသည် ၎င်းတို့၏ဆိုးရွားသောသက်ရောက်မှုများကို လျှော့ချရန်အတွက် အရေးကြီးပါသည်။

Myanmar Environmental Education Team

21 Dec, 13:26


မျိုးတုန်းပျောက်ကွယ်ရန်အလွန်နီးကပ်နေတဲ့ ဗာကီးတားများ

Richard Myo Thant

ဗာကီးတား vaquita (Phocoena sinus) ဟာ လင်းပိုင်မျိုးနွယ်စုဝင် porpoise ဖြစ်ပါတယ်။

အတော်များများဟာ လင်းပိုင်နဲ့ဝေလငါးမျိုးနွယ်စုတွေကို မြင်ဖူးပေမဲ့ ဒီဗာကီးတား vaquita လေးတွေအကြောင်း သိတဲ့သူအတော်နည်းပါတယ်။

ဗာကီးတားလေးတွေရဲ့ မျက်လုံးပတ်လည်မှာ ပန်ဒါဝက်ဝံတွေလို အမည်းရောင်အဝိုင်းကွက်ရှိပြီး နှုတ်ခမ်းကနေ ကျောပိုင်းအထိအမည်းရောင်အကွက်လည်းရှိပါတယ်။

ဒီချစ်စရာ ဗာကီးတားလေးတွေဟာ ကမ္ဘာပေါ်မှာ အကောင်ရေ (၁၀) ကောင်တောင်မပြည့်တော့ဘူးဖြစ်နေတာမို့ မျိုးတုန်းပျောက်ကွယ်လုဖြစ်နေတာ ဖြစ်ပါတယ်။

ဗာကီးတားလေးတွေဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အနီး မက္ကဆီကိုနိုင်ငံဘက်အခြမ်း Gulf of California မှာပဲနေထိုင်ကြပါတယ်။

ချစ်စရာဗာကီးတားလေးတွေရဲ့ အကောင်ရေလျော့ကျမှုဟာ ကြောက်ခမန်းလိလိဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ အကောင်ရေ (၅၆၇) ကောင်ရှိကြောင်း မှတ်တမ်းတင်ထားခဲ့ရာကနေ နောက် ၁၀ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ အကောင်ရေ (၁၅၀) ပဲကျန်ပါတယ်။

ကြည့်နေရင်းကနေ ၂၀၁၈ မှာ အကောင်ရေ (၁၉) ကောင်ပဲကျန်ရာကနေ ၂၀၂၂ ဖေဖော်ဝါရီလမှာ (၁၀) ကောင်အသက်ရှင်နေတာကို တွေ့ခဲ့ရပါတယ်။

၂၀၂၄ မှာ ၆ ကောင်ကနေ ၈ ကောင်အထိတွေ့ခဲ့ရပြီး အများဆုံး ၉ ကောင်ကနေ ၁၁ ကောင်အထိပဲရှိတယ်လို့ ခန့်မှန်းပါတယ်။

ချစ်စရာဗာကီးတားလေးတွေ အခုလိုမျိုးတုန်းလုနီးနီးအထိအကောင်ရေလျော့ကျသွားတာဟာ အဓိကကငါးခိုးဖမ်းသူတွေရဲ့ပိုက်ကြောင့်ဖြစ်ပါတယ်။

တားမြစ်ထားတဲ့နေရာမှာ တားမြစ်ထားတဲ့ငါးဖမ်းပိုက်မျိုးတွေနဲ့ ငါးခိုးဖမ်းကြတဲ့အခါမှာ ဗာကီးတားလေးတွေ ထိခိုက်ဒဏ်ရာရပြီးသေကျေပျက်စီးရတာဖြစ်ပါတယ်။

ဒီဗာကီးတားလေးတွေဟာ အမေရိကန်ပြည်ထောင်စုအနားမှာနေထိုင်ကြပေမဲ့ ၁၉၅၈ မှာမှ သူတို့ကို မျိုးစိတ်အသစ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာမို့ အရင်က အကောင်ရေဘယ်လောက်ရှိမှန်း မသိရပါဘူး။

ဒါ့အပြင် ၁၉၈၃ နောက်ပိုင်းမှ ဒီဗာကီးတားလေးတွေကို သေချာသုတေသနပြုမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဗာကီးတားလေးတွေဟာ လင်းပိုင်နဲ့ဝေလငါးမျိုးနွယ်စုထဲမှာ အကောင်အငယ်ဆုံးပင်လယ်ငါးမျိုးဖြစ်ပါတယ်။

ဗာကီးတားလေးတွေဟာ မျိုးပွားနှုန်းနည်းတယ်၊ လက်ရှိအကောင်ရေကလည်းနည်းပြီး ငါးခိုးဖမ်းသူတွေရဲ့ငါးဖမ်းပိုက်ထဲမှာ မကြာခဏမိတတ်တာကြောင့် အချိန်မရွေးမျိုးတုန်းပျောက်ကွယ်သွားနိုင်တာဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာလည်း ချစ်စရာဧရာဝတီလင်းပိုင် Irrawaddy dolphin (Orcaella brevirostris) လေးတွေဟာ အကောင်ရေအတော်နည်းနေပါပြီ။

တရားမဝင်ငါးဖမ်းနည်းမျိုးစုံနဲ့ငါးခိုးဖမ်းခြင်းကြောင့် ဒီဧရာဝတီလင်းပိုင်လေးတွေကို မျိုးတုန်းသွားနိုင်တဲ့အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

သားငှက်တိရိစ္ဆာန်နဲ့ရေသတ္တဝါတစ်မျိုးမျိုးဟာ ကမ္ဘာပေါ်မှာအစာကွင်းဆက်အနေနဲ့တစ်မျိုး၊ ကမ္ဘာကိုသာယာလှပအောင်တစ်ဖုံ အကြောင်းတစ်ခုခုကြောင့် #သဘာဝတရားကဖန်တီးပေးထားတဲ့ ပြန်မရနိုင်တဲ့ သဘာဝလက်ဆောင်ဖြစ်တာကြောင့် အပျော်သဘောနဲ့သတ်ဖြတ်ခြင်း၊ တရားမဝင်ခိုးဖမ်းခြင်းများကို ရှောင်ကြဉ်သင့်ပါကြောင်း လက်ဆင့်ကမ်းအသိပညာပေးဖို့ လိုအပ်ပါတယ်။

သဘာဝသားငှက်တိရိစ္ဆာန်လေးတွေကို သဘောကျရင်၊ ချစ်မြတ်နိုးပါ၊ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ဖို့ လက်ဆင့်ကမ်းအသိပေးကြပါလို့ အသိပေးရေးသားလိုက်ရပါတယ်။

Richard Myo Thant
21-December -2024
#RichardMyoThant

Myanmar Environmental Education Team

20 Dec, 07:50


Information တွေကို သူများထက်မြန်မြန်ရှာနိုင်တာကလဲ skill ပါပဲ ..

Google မှာရှာလို့ပြောကြပေမယ့် သေချာမရှာတတ်တဲ့သူတွေကပေါပါတယ် ..

Google ကို pro ဆန်ဆန်ရှာချင်ရင် ဒီ နည်း ၅ ခုကိုသုံးလို့ရပါတယ် ..

၁. " " သုံးပါ ..

ကိုယ်ရှာချင်တဲ့စာ အတိအကျအတိုင်း အဖြေထွက်လာဖို့ဆိုရင် ကိုယ်ရှာချင်တဲ့ စာကို " " ထဲမှာထည့်ပြီးရှာပါ။ ဥပမာ - "MoonBase community”

၂. site: သုံးပါ ..

Website ထဲမှာရှိတဲ့ page တွေ information တွေကိုရှာချင်ရင် website ရဲ့ရှေ့မှာ site: လို့ထည့်ပြီးရှာပါ။ ဒီ website မှာတော့ဖတ်လိုက်တယ် ဒါပေမယ့် ပြန်ရှာရင်မတွေ့ဘူးဆိုတဲ့အချိန်တွေမှာ အသုံးဝင်ပါတယ် ..

ဥပမာ - ai အကြောင်းကို tech crunch မှာဖတ်ဖူးတယ်ဆိုပါစို့ ပြန်ရှာမယ်ဆိုရင် site:techcrunch.com ai လို့ရိုက်ထည့်ရှာရပါတယ်..

၃. - နဲ့ဖြုတ်ပါ..

ကိုယ်ရှာတဲ့အထဲမှာ မပါစေချင်တဲ့ အရာတွေကိုဆိုရင် - ခံပြီးတော့ရေးလို့ရပါတယ်။ နာမည်တူနေတဲ့သူတို့ အကြောင်းအရာတူတို့ဆိုရင် ကိုယ်လိုချင်တာကိုပဲ ရွေးပြခိုင်းလို့ရပါတယ်..

ဥပမာ - ကိုယ်က Tesla လိုရှာမယ် ကိုယ်ရှာချင်တာက ကားမဟုတ်ဘူး Tesla ဆိုတဲ့လူကဘာထွင်လဲရှာချင်တာဆိုရင်

What tesla invent? -car

၄. filetype: နဲ့ရှာပါ

ကိုယ်ရှာချင်တဲ့ file အမျိုးအစားနဲ့ သီးသန့်ရှာလို့ရပါတယ်။အထူးသဖြင့် စာအုပ်တွေရှာရင် အသုံးဝင်ပါတယ် ..

ဥပမာ - start with why ဆိုတဲ့ pdf file ကို
ရှာချင်တယ်ဆိုရင် Start with why filetype:pdf လို့ရှာလို့ရပါတယ် ..

၅. * သုံးပြီးရှာပါ..

တစ်ခါတစ်ခါ ကိုယ်ရှာချင်တာကို အပြည့်အစုံ
မသိတော့တဲ့အခါတွေရှိတတ်ပါတယ်။ စာအုပ်နာမည်တို့ သီချင်းနာမယ်တို့လိုပေါ့။ အဲ့အခါမှာ ကိုယ်မသိတဲ့ စာလုံး မေ့နေတဲ့စာလုံးကို * ထည့်ပြီးရှာလို့ရပါတယ်..

ဥပမာ - ကိုယ်ရှာချင်တာက the psychology of money ကိုယ်က psychology ကိုမေ့နေတယ်ဆိုပါစို့ The * of money လို့ရှာလိုက်ရင်ရပါပြီ..

Enjoy your google search 🙌🏻

Credit : thelapyae

Myanmar Environmental Education Team

19 Dec, 15:37


AFP
MIZZIMA

သမိုင်းတလျှောက် စံချိန်တင် အပူဆုံးနှစ်အဖြစ် သတ်မှတ်လို့ရနိုင်တဲ့ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ကျောက်မီးသွေးသုံးစွဲမှု အမြင့်ဆုံး စံချိန်တင်သွားနိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA) က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ညစ်ညမ်းမှုအများဆုံး ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ကျောက်မီးသွေးသုံးစွဲမှုကို ရပ်တန့်ဖို့ တောင်းဆိုနေတဲ့ကြားကနေ ကမ္ဘာ့ကျောက်မီးသွေးဝယ်လိုအားဟာ သုံးနှစ်ဆက်တိုက် စံချိန်တင် မြင့်တက်လာနိုင်တယ်လို့ စွမ်းအင်အေဂျင်စီက ခန့်မှန်းထားပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ်အတွက် ကျောက်မီးသွေး သုံးစွဲမှု အစီရင်ခံစာအရ ယခုနှစ်အတွင်း ကျောက်မီးသွေးတန်ပေါင်း ၈ ဒသမ ၇၇ ဘီလီယံ သုံးစွဲပြီး ၂၀၂၇ ခုနှစ်မှာ ကျောက်မီးသွေးသုံးစွဲမှု အမြင့်ဆုံးကို ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အခြားကမ္ဘာ့နိုင်ငံအားလုံးပေါင်းထက် ကျောက်မီးသွေး ၃၀ ရာခိုင်နှုန်းကျော် ပိုမိုသုံးစွဲခဲ့တဲ့ တရုတ်နိုင်ငံအပေါ် မူတည်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာမှုဟာ ကျောက်မီးသွေးသုံးစွဲမှု မြင့်တက်လာရတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ တရုတ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ကျောက်မီးသွေးသုံးစွဲမှုဟာ ကမ္ဘာ့ကျောက်မီးသွေးသုံးစွဲမှုရဲ့ သုံးပုံတပုံကျော် ရှိပါတယ်။

တရုတ်အစိုးရဟာ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား အကြီးအကျယ်ထုတ်လုပ်တာတွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ရဲ့ ကျောက်မီးသွေးလိုအပ်ချက်ဟာ တန်ပေါင်း ၄ ဒသမ ၅ ဘီလီယံအထိ ရှိလာနိုင်တယ်လို့ စွမ်းအင်အေဂျင်စီက ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံနဲ့ စီးပွားရေးထွန်းသစ်စနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ကျောက်မီးသွေးဝယ်လိုအား မြင့်တက်လာပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဝယ်လိုအား ဆက်လက်ကျဆင်းနေပါတယ်။

ဒါပေမဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတွေမှာ ကျောက်မီးသွေးဝယ်လိုအား ကျဆင်းမှု နှေးကွေးလာပါတယ်။ အဲ့ဒီနေရာတွေမှာ ၂၀၂၄ ခုနှစ်အတွင်း ၁၂ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းစီ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၃ ခုနှစ်တုန်းကတော့ ၂၃ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်းစီ ကျဆင်းမယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

ကျောက်မီးသွေး အဓိက ထုတ်လုပ်ရာ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနှင့် အင်ဒိုးနီးရှား နိုင်ငံတွေဟာ တူးဖော်ထုတ်လုပ်မှု စံချိန်သစ်တွေ တင်လိုက်တာကြောင့် ကျောက်မီးသွေးထုတ်လုပ်မှုဟာလည်း မကြုံစဖူး မြင့်တက်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် တန်ပေါင်း ၉ ဘီလီယံကျော်အထိ ရှိလာခဲ့ပါတယ်။

ကျောက်မီးသွေးသုံးစွဲမှုဟာ ၂၀၂၃ ခုနှစ်မှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် စတင်ကျဆင်းလာနိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ ယမန်နှစ်က ခန့်မှန်းချက်ကို ၂၀၂၄ ခုနှစ် အစီရင်ခံစာက ပြောင်းပြန်လှန်ပစ်လိုက်တာ ဖြစ်ပါတယ်။

Myanmar Environmental Education Team

19 Dec, 13:34


၁၅ နှစ်ကြာ ရပ်တည်ခဲ့သည့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း ပိတ်သိမ်းတော့မည်

Mercury News
၂၀၂၄၊ဒီဇင်ဘာလ၊၁၈ရက်

၁၅နှစ်ကြာရပ်တည်ခဲ့တဲ့ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေရှိနေတာကြောင့် ပိတ်သိမ်းရတော့မယ်လို့ သိရပါတယ်။

လက်ရှိနိုင်ငံရဲ့ အကျပ်အတည်း၊ကိုဗစ်နောက်ပိုင်းအဆင်မပြေမှုများစွာကြောင့် ယခုနှစ်ကုန်ရင် စတင်ပိတ်သိမ်းတော့မယ်လို့ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ မတွေ့ရတော့တဲ့ မြန်မာ့မျိုးရင်း ဗမာကြောင်ကို မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိစေဖို့နဲ့ အများလေ့လာသိရှိစေရန် ရည်ရွယ်ပြီး ပြန်လည်ခေါ်ဆောင်လာခြင်းမှ စတင်ခဲ့တာဖြစ်ပြီး အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းတွေ၊အမှတ်တရပစ္စည်းအရောင်းဆိုင်နဲ့ အင်းလေးဒေသလူနေမှုပုံစံများ သိရှိစေရန် ခြေတံရှည်အိမ်များကို တိုးချဲ့ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းကနေ ဟိုတယ်သက်မွေးမှု သင်တန်းကျောင်း ထပ်မံဖွင့်လှစ်ခဲ့ပြီး ဒေသခံ လူငယ် ၃၆၆ ဦးအထိ သင်ကြားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Credit : Mercury News

Myanmar Environmental Education Team

19 Dec, 10:27


֍ ဒီနိုင်ငံကို သွားလည်မယ်ဆိုရင်တော့ အခြားကုန်ကျစရိတ်တွေမပါ ၁ရက်ကို အမေရိကန်ဒေါ်လာ ၁၀၀ သီးသန့်ပေးရမှာ ဖြစ်ပါတယ်။

֍ ဒီနိုင်ငံကတော့ ဟိမဝန္တာတောင်တန်းပေါ်က ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံတနိုင်ငံလို့ သိကြတဲ့ ဘူတန်နိုင်ငံပဲ ဖြစ်ပါတယ်။

֍ ဟုတ်ပါတယ်။ ဘူတန်နိုင်ငံကို လာရောက်လည်ပတ်သူတွေဟာ အရွယ်ရောက်ပြီးသူတွေဆိုရင် ၁ရက်ကို ဒေါ်လာ ၁၀၀ ပေးဆောင်ရမှာဖြစ်ပြီး ၆နှစ်ကနေ ၁၂နှစ်ကြား ကလေးတွေအတွက်တော့ ဒေါ်လာ ၅၀ ပေးဆာင်ရမှာဖြစ်ပါတယ်။

֍ ဒီကောက်ခံမှုကိုတော့ Sustainable Development Fee (SDF) လို့ခေါ်ပြီး ၂၀၂၃ ကနေ ၂၀၂၇ ခုနှစ် အထိ သက်ရောက်မှာဖြစ်ပါတယ်။

֍ ဒါကို High-Value, Low Impact လို့လည်းခေါ်ပါတယ်။ သူတို့နိုင်ငံအတွက် ငွေကြေးများများ သုံးစွဲနိုင်တဲ့ လူနည်းနည်းကိုသာ ဖိတ်ခေါ်တဲ့သဘောဖြစ်ပါတယ်။ လူအများအပြားလာရောက်ခြင်းဟာ သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ယဉ်ကျေးမှုတွေကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားလို့ဖြစ်ပါတယ်။

֍ ဒီအစီအစဉ်ကနေ ရလာတဲ့ ဝင်ငွေတွေကိုတော့ စီးပွားရေး နဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှု ၊ သဘာဝပတ်ဝန်းကျင် နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုတာဖြစ်ပါတယ်။

Credit : Thuta City

Myanmar Environmental Education Team

17 Nov, 15:49


ရေကြီးရေလျှံဘေးဖြစ်ပြီးနောက်ပိုင်း ဗာတီဗာမြက်ကိုမြေဆီလွှာတိုက်စားမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအတွက် စိုက်ပျိုးသင့်ကြောင်းအကျယ်တဝင့်ပြောနေကြပါတယ်။

ဉီးတင် စိုက်ပျိုးရေး ​ရေးသားသည်။

မှန်ပါတယ်။ အပင်က ၂ မီတာလောက် မြင့်နိုင်ပြီး၊ အမြစ်တွေက အစုအဖွဲ့ကောင်းလို့ တနှစ်ထဲ ၃-၄ မီတာလောက် မြေအောက်ဆင်းနိုင်တာ။ အဲဒါကြောင့် ဒီမြက်ကိုစိုက်ပြီး မြေဆီလွှာတိုက်စားမှု ကာကွယ်တဲ့နေရာမှာ သုံးနိုင်တာ။ အပူဒဏ် ရေငတ်ဒဏ်လည်းခံနိုင်တာအပြင် အမြစ်ကလည်း အမွှေးအဆီထုတ်နိုင်တာ စသဖြင့်ပေါ့။ တချို့ဆို ပိုးမွှား ရောဂါများတောင်ကာကွယ်ပေးနိုင်တယ်လို့ ညွှန်းကြတယ်။

ဒါပေမဲ့ မေးစရာရှိတာက အဲလောက်အကျိုးရှိပါတယ်ဆိုတဲ့ ဗာတီဗာမြက်ကို ဘာကြောင့် တောင်သူအများစုကခုချိန်အထိ လိုက်မစိုက်ကြပါသလဲ။ ဒေါင့်ပေါင်းစုံက အသေအချာစဉ်းစားကြည့်စေချင်ပါသည်။

တကယ်တော့လည်း ရှာတွေ့ထားတဲ့ သိပ္ပံအထောက်အထားပေါ်မှီပြီး အဓိကကောင်းကျိုးတွေဘဲဖေါ်ပြကြ၊ ရေးပြကြတာများပါတယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မြေထိန်းသိမ်းရေးစီမံကိန်းတွေမှာလည်း အတော်မွှန်းခဲ့တာပါ။ အထူးသဖြင့် မြေဆီလွှာထိန်းသိမ်းရေးပညာရှင်တွေပါ။

သေချာတာတာတခုကတော့ တောင်သူအများစုရဲ့ လူမှုရေး၊ စီးပွါးရေး အခြေအနေများ (Socio-economic situation) နဲ့မကိုက်ညီလို့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်၂၀ -၃၀ ကျော်ထဲကပါ။ ဗီယက်နမ်နဲ့ လာအိုနိုင်ငံကုန်းမြင့်အရပ်ဒေသများမှာ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ မြေဆီလွှာတိုက်စားမှုကာကွယ်ဘို့ အတွက် ဗာတီဗာမြက်တွေကို ကွန်တိုအလိုက်စိုက်ခိုင်းကြပေမဲ့ စီမံကိန်းတွေပြီးတာနဲ့ တောင်သူအများစုက ဆက်မလုပ်တာတွေ့ရတယ်။ ဆောင်းတွင်းဆို အအေးများပြီး နွေမှာခြောက်သွေ့လွန်းတဲ့ လာအိုမြောက်ပိုင်းလိုမျိုးမှာ ရှင်သန်ဘို့အတော်ခက်ပါတယ်။ အထူးသဖြင့် မြေချဉ် (Low pH soils) တွေမှာဆို သိပ်မဖြစ်ထွန်းတာတွေ့ရတယ်။ နောက် Forage value နည်းတာကြောင့် တိရိစ္ဆာန်အစာအဖြစ်လည်း သုံးလို့မသင့်လို့ တောင်သူတွေကမကြိုက်တာ။

ထိုင်းနိုင်ငံမှာလည်း Land Development Department နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဗာတီဗာမြက်စိုက်ကြဘို့ မျိုးနဲ့ နည်းပညာတွေပေးနေတာတောင် Farmer adoption rate က အလွန်နည်းနေတာတွေ့ရတယ်။ တော်ဝင်ဗာတီဗာမြက်စီမံကိန်း (Royal Vetiver Grass Project) တောင်ကနဦးကာလတွေမှာ အောင်မြင်မှုအချို့တွေ့ရပေမဲ့ ခုနောက်ပိုင်းမှာ အရင်ကစိုက်ထားတဲ့နေရာတွေမှာတောင် စိုက်တာနည်းလာတယ်။

မြစ်ကမ်းပါးတွေမှာမြေထိမ်းအောင် စိုက်သင့်တယ်ပြောခဲ့ကြပေမဲ့၊ ခုဆို မြစ်ကမ်းပါးပြိုကျမှုတွေကို ကာကွယ်တာဆီးတဲ့ အခါမှာလည်း သုတေသနနဲ့ အတွေ့အကြုံတွေအရ ဗာတီဗာမြက်များစိုက်တာထက် မူရင်းဒေသအပင်များ (native plants)တွေစိုက်တာပိုသင့်ပါတယ်ဆိုတာ သိလာရပါပြီ။

ဗာတီဗာမြက်မှာ ကောင်းကျိုးများရှိလို့ စိုက်ပျိုးရန်သင့်တော်သည့်နေရာများရှိပါလိမ့်မည်။ သို့သော်နေရာတိုင်းတွင် အဆင်ပြေမည်မဟုတ်လို့ စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး မှာဦးဆောင်နေကြတဲ့ ပညာရှင်များ၊ တာဝန်ရှိသူများနဲ့ ပံ့ပိုးပေးနေကြသူများကို သတိချပ်စေချင်ပါသည်။

Myanmar Environmental Education Team

17 Nov, 15:29


https://www.facebook.com/share/r/15ZvNCT7ZW/

Myanmar Environmental Education Team

17 Nov, 02:09


ပုံမှာမြင်ရတဲ့ ရေပန်း ဟာ တနှစ်ကို ဒေါ်လာ ၁သန်းခွဲ ရှာပေးတဲ့ ( ​ရှေး​ဟောင်းယဥ်​ကျေးမှုအ​မွေအနှစ်) ရေပန်းဖြစ်ပါတယ်။

Credit : Fergu Aung

ဒီရေပန်းရှိရာကို မည်သူမဆို အခမဲ့သွားရောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီ ဒေါ်လာ ၁သန်းခွဲ က ဘယ်က ရလာတယ်လို့ ထင်ပါသလဲ...

ဒီရေပန်းအကြောင်းကို နည်းနည်းပြောရပါလိမ့်မယ်။

ဒီရေပန်းကတော့ အီတလီ ရောမမြို့မှာ ရှိတဲ့ Trevi Fountain ခေါ် အချစ်ရေပန်း ဖြစ်ပါတယ်။

၁၇၆၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတခုဖြစ်ပါတယ်။

အမြင့် ၈၆ပေ ရှိပြီး အကျယ် ၁၆၁ပေ ရှိတဲ့ ဒီရေပန်းဟာ ရောမရဲ့အကြီးဆုံးရေပန်းဖြစ်သလို ကမ္ဘာပေါ်ကအကျော်ကြားဆုံးရေပန်းတစ်ခုလည်းဖြစ်ပါတယ်။

ရေပန်းရဲ့အလယ်မှာ ရောမ နတ်ဘုရား Oceanus နဲ့ နတ်သမီးတွေရဲ့ရုပ်တုတွေကို လက်ရာမြောက်စွာ ဖန်တီးထားပါတယ်။

ရောမရဲ့ ခရီးသွားအလာဆုံး နေရာတခုဖြစ်သလို ဓာတ်ပုံအရိုက်ခံရဆုံး နေရာတခုလည်းဖြစ်ပါတယ်။

အလည်လာသူတွေဟာ ဒီရေပန်း ထဲကို အကြွေစေ့ နောက်ပြန်ပစ်ထည့်လေ့ရှိတဲ့ ဓလေ့ရှိပါတယ်။ အကြွေစေ့တစ်စေ့ပစ်ရင် ရောမကို နောက်တစ်ခေါက်ထပ်လာရမယ် ၊ နှစ်စေ့ပစ်ရင် အချစ်နဲ့ဆုံဆည်းမယ် ၊ သုံးစေ့ပစ်ရင် မင်္ဂလာဆောင်ရတော့မယ် စတဲ့ ယုံကြည်မှုအချို့ရှိနေတာ ဖြစ်ပါတယ်။

ဒီလိုပစ်ထည့်ကြတာ ဘယ်လောက်များသလဲ ဆိုရင် ပျမ်းမျှ တရက်ကို ပစ်ထည့်လိုက်တဲ့ အကြွေစေ့တွေရဲ့ စုစုပေါင်းက ဒေါ်လာ ၄၀၀၀ ခန့်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တနှစ်ကို ဒေါ်လာ ၁သန်းခွဲ ဝန်းကျင် ရရှိနေတာဖြစ်ပါတယ်။

လူတွေ အပျင်းပြေ ဆော့တဲ့အနေနဲ့ လုပ်တဲ့အပြုအမှုလေးကနေ တောင် ဒီလောက်ဝင်ငွေရရှိနေတယ်ဆိုရင် ဝင်ကြေးနဲ့ ကောက်ခံတဲ့ နေရာတွေဆိုရင် ဘယ်လောက်ရနိုင်မလဲ တွေးကြည့်နိုင်ပါတယ်။

ဒါကြောင့်လည်း အီတလီဟာ သူတို့ပိုင်ဆိုင်ထားတဲ့ သမိုင်းဝင်အမွေအနှစ်တွေ ၊ ရှေးဟောင်းအဆောက်အအုံတွေ ၊ ရှေးဟောင်းနေရာတွေကို အပိုထပ်ဖြည့်တာတွေ မပြုပဲ မူလအတိုင်း အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်ဖို့ အမြဲတစေလုပ်ဆောင်နေတာဖြစ်ပါတယ်။ တဖက်မှာလည်း ခရီးသွားတွေအတွက် လုံခြုံစိတ်ချရမှု နဲ့ အဆင်ပြေစေမှုတွေ ရရှိစေဖို့ အစီအမံတွေ ထားရှိပါတယ်။

ဦးဆောင်သူတွေရဲ့ အကွက်မြင်မှုကြောင့် အီတလီဟာ တနှစ်တနှစ်ကို ခရီးသွားလုပ်ငန်းကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀၀ တနည်းအားဖြင့် ၅၆ဘီလျံ အထိရရှိနေတာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ အီတလီစီးပွားရေးရဲ့ အဓိက ကဏ္ဍတွေထဲကတခုဖြစ်သလို နိုင်ငံသားပေါင်း ၁.၄သန်း ခန့်ကို အလုပ်အကိုင်ပေးထားနေနိုင်တာလည်း ဖြစ်ပါတယ်။

Myanmar Environmental Education Team

16 Nov, 16:17


ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနဲ့ ဆက်စပ်စဥ်းစားကြည့်ကြဖို့ ဆရာငြိမ်း​ကျော်ရဲ့ဒီစကားစု​လေးကို တင်​ပေးလိုက်တာဖြစ်ပါတယ် ..

စဥ်းစားကြည့်ကြပါခင်ဗျား

Myanmar Environmental Education Team

16 Nov, 16:11


ဟန်ချက်ပျက်မှတ် (Tipping Point)

Kyaw Oo

ဟန်ချက်ပျက်မှတ်၏ ဆိုလိုရင်းကို လှေထဲမှ လူတစ်ဦးနှင့် ပမာပြနိုင်သည်။ သူသည် လှေနှင့် မလှမ်းမကမ်း ရေထဲတွင် မျောနေသော ဘူးတစ်ဘူးကို လှမ်းယူရန် ကြိုးစားသည်။ ကိုယ်တစ်ပိုင်းနီးနီး ရေပေါ်ရောက်နေပြီး လှေအနည်းငယ် စောင်းနေသော်လည်း ဘူးကို မမီသေး၊ ထိလုထိခင်တော့ ဖြစ်နေသည်။ ဟန်ချက် မိနေသေးသဖြင့် သူသည် ကိုယ်လုံးကို ထပ်၍ ညွှတ်လိုက်၏။ ထိုအခါ ဟန်ချက်ပျက်သွားပြီး ရေထဲ ကျသွားသည်။ သူသည် မည်သည့် အနေအထားသို့ ရောက်လျှင် ဟန်ချက်ပျက်မည်ကို မသိသဖြင့် ရေထဲကျသွားခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူသည် မိမိ၏ ''ဟန်ချက်ပျက်မှတ်''ကို ကျော်အောင် ကုန်းမိသဖြင့် ရေထဲကျသည်။ ဟန်ချက်မပျက်အောင်မနေမိသော အကျိုးဆက်ပင် ဖြစ်သည်။ မည်သည့်ကိစ္စတွင်မဆို ဟန်ချက်မပျက်အောင် လုပ်ဆောင်မှ ကမောက်ကမ ဖြစ်မှုမျိုးကို ရှောင်နိုင်သည်။ မဆင်မခြင် လုပ်မိ၍ ဟန်ချက်ပျက်သောအခါ လှေထဲမှ လူကဲ့သို့ ဆိုးကျိုးများကို ရင်ဆိုင်ရတတ်သည်။

ယနေ့ကမ္ဘာတွင် ရာသီဥတု သိသာစွာ ပြောင်းလဲနေပြီး အပူချိန်တက်ခြင်း၊ မုန်တိုင်းပြင်းအားပိုလာခြင်း၊ အချို့နေရာများတွင် မိုးသည်းထန်ခြင်း၊ အချို့နေရာများတွင် မိုးခေါင်ခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေပြင် မြင့်တက်လာခြင်း စသည့် ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို စတင်ရင်ဆိုင်နေရပြီ ဖြစ်သော်လည်း အချို့ ဖြစ်စဉ်များသည် ဟန်ချက်မပျက်သေးသည့် အခြေအနေတွင် ရှိနေသည်။ ဥပမာ - တောင်အမေရိကတိုက် အယ်မဇုန်မိုးသစ်တောများသည် ပြုန်းတီးပျက်စီးနေပြီ ဖြစ်သော်လည်း ရှေ့ဆက်ပျက်စီးမည်ဟု မပြောနိုင်သေးချေ။

အချို့ဖြစ်စဉ်များသည်မူ ဟန်ချက်ပျက်သွားပြီဟု ပြောနိုင်သည်။ အန္တာတိကတိုက် အနောက်ပိုင်းရေခဲပြင် အရည်ပျော်ခြင်းသည် ဟန်ချက်ပျက်သွားပြီဖြစ်သဖြင့် ဆက်၍ ပိုမိုအရည် ပျော်သွားတော့မည်။ အလားတူ စဉ်ခဲဒေသ အရည်ပျော်ခြင်း၊ ဂရင်းလန်းရေခဲပြင်ကျယ်၏ အချို့ အစိတ်အပိုင်းများအရည်ပျော်ခြင်း၊ သန္တာကျောက်တန်းများ ပျက်စီးခြင်း စသည်တို့သည် ဟန်ချက်ပျက်သွားသဖြင့် ဆက်၍ အရည်ပျော်၊ ဆက်၍ ပျက်စီးရန်သာ ရှိတော့သည်ဟု ပညာရှင်အချို့က ယူဆကြသည်။

ပညာရှင်တို့ မသိကြသေးသည်မှာ ကမ္ဘာ့ ရာသီဥတုစနစ်ထဲရှိ အခြားအစိတ်အပိုင်းများသည် ''ဟန်ချက်ပျက်မှတ်''ကို မည်သည့်အခြေအနေ မည်သည့်အချိန်တွင် ရောက်မည်နည်း ဆိုသည့်အချက် ဖြစ်သည်။ ယင်းအစိတ်အပိုင်းများသည်လည်း အန္တာတိကတိုက် အနောက်ပိုင်းရေခဲပြင်၊ သန္တာကျောက်တန်းများ စသည်တို့ကဲ့သို့ ပျက်စီး ယိုယွင်းလျက် ရှိရာ ဟန်ချက်ပျက်မှတ်ကိုသာ ကျော် လွန်ပါက ယခုကပင် ဆိုးဝါးနေပြီး ဖြစ်သော အကျိုးဆက်များသည် ထိန်းသိမ်း၍ မရတော့အောင် မြန်ဆန် ပြင်းထန်သွားကာ ကမ္ဘာကြီးတစ်ခုလုံး မဟာကပ်ဘေးကြီး ဆိုက်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဥပမာ - အပူလှိုင်းပေါ်ပေါက်ခြင်းသည် ဟန်ချက်ပျက်မှတ်ကို ကျော်လွန်ပါက အလွန်ကြောက်စရာကောင်းသော အခြေအနေကို လူတို့ ရင်ဆိုင်ရဖို့ ရှိသည်။

ယခုစတင်ပေါ်ပေါက်နေကာ ၂၀၂၄ ခုနှစ်၌ ပိုပြင်းထန်လာရန်ရှိသော အယ်လ်နီညိုကြောင့် ကမ္ဘာ့ ပျမ်းမျှ အပူချိန်သည် လက်ရှိထက် ဝ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုတက်သွားခဲ့လျှင် ကမ္ဘာ့ရာသီဥတု စနစ်ထဲရှိ အစိတ်အပိုင်း အချို့သည် ဟန်ချက်ပျက်မှတ် ကျော်လွန်သွားမည်ကို ပညာရှင်တို့ စိုးရိမ်နေကြသည်။

​ကျော်ဦး

(ပြုစုရေးသားဆဲ "ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း" မှ တည်ပုဒ်(အကြောင်းအရာ)တစ်ခုကို ကြိုတင်ဝေမျှခြင်း ဖြစ်ပါသည်။)

Myanmar Environmental Education Team

16 Nov, 08:22


GC26 ဆိုသည်မှာ..

General Comment No. 26 ကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆိုင်ရာ ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးကော်မရှင် (UN Committee on the Rights of the Child) ကထုတ်ပြန်ထားသည့် သက်ဆိုင်ရာ မှတ်ချက်တစ်ရပ်ဖြစ်သည်။

GC26 သည် "Children’s Rights and the Environment with a Special Focus on Climate Change" ဆိုသော ခေါင်းစဉ်အောက်တွင် ကလေးသူငယ်များ၏ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများနှင့် အပြောအဆိုကို ဖော်ပြထားသည်။

GC26 ၏ အဓိကရည်ရွယ်ချက်မှာ ကလေးသူငယ်များအတွက် ကျန်းမာသောပတ်ဝန်းကျင်ကို အာမခံပေးရန် နှင့် climate change (ရာသီဥတုပြောင်းလဲမှု) ဆိုင်ရာ ဆိုးကျိုးများမှ ကလေးသူငယ်များအား ကာကွယ်ပေးရန် ဖြစ်သည်။

GC26 ၏ အဓိကအချက်များ

၁။သန့်ရှင်း​ကောင်းမွန်သောပတ်ဝန်းကျင်ကိုရရှိ​ရေး

ကလေးသူငယ်တိုင်းတွင် အန္တရာယ်ကင်းသော၊ ကျန်းမာသော၊ သန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်ရန် အခွင့်အရေးရှိသည်။

၂။အကာအကွယ်ပေးရန်တာဝန်

အစိုးရများနှင့် အဖွဲ့အစည်းများသည် ကလေး သူငယ်များအား climate change သက်ရောက်မှုများမှ ကာကွယ်ရန် တာဝန်ရှိသည်။

၃။အရေးယူဆောင်ရွက်မှု

ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များ၊ မူဝါဒများ၊ ဥပဒေများကိုချမှတ်ရာတွင် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ဦးစားပေးရမည်။

၄။ကလေးများ၏ပူး​ပေါင်းပါဝင်မှု

ကလေးသူငယ်များကို ပတ်ဝန်းကျင်ဆိုင်ရာ အ​ကြောင်းအရာများကို စနစ်တကျ နားလည်သ​ဘော​ပေါက်​အောင် သင်ကြား​ပေးရပါမည။ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ပြုရမည်။

မြန်မာနိုင်ငံနှင့် GC26

မြန်မာနိုင်ငံတွင် GC26 ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် ပညာရေးကဏ္ဍမှာ အရေးကြီးသည်။

ကလေးသူငယ်များကို climate change နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုများ ပိုမိုမြှင့်တင်ရမည်ဖြစ်ပြီး အစိုးရ၊ ဆရာများနှင့် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။

GC26 သည် ကမ္ဘာ့လူ့အဖွဲ့အစည်းအတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ရာသီဥတုပြောင်းလဲမှုအကြား ဆက်စပ်မှုကို အလေးထားလေ့လာရန် တိုက်တွန်းနေသော သဘောတရားတစ်ရပ်လည်းဖြစ်ပါသည်။

Myanmar Environmental Education Team

16 Nov, 04:31


U Kyaw Oo ၏ post ဖြစ်ပါသည်။

(နိုဝင်ဘာ ၁၃ ရက်နေ့ ပို့စ်၏ အဆက်)

ရှေးပဝေသဏီက အပူချိန်များကို သွယ်ဝိုက်ထုတ်ဖော်နိုင်သော နည်းပေါင်း များစွာရှိကြပြီး အဆိုပါနည်းများတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြသည်။ မြေပေါ်တွင် ရှိခဲ့ဖူးပြီး အကြောင်း အမျိုးမျိုးကြောင့် မြေအောက်အနက်ပိုင်းသို့ ရောက်ရှိကာ မြေပေါ်နှင့် နှစ်ပေါင်းသိန်းသန်းချီ အဆက်ပြတ်နေသော ရေနမူနာများကို တွင်းတူးရယူလေ့လာလျှင် ယင်းရေမော်လီကျူးများ မြေပေါ်၌ ရှိစဉ်က ရာသီဥတုကို သိရှိနိုင်သည်။ သစ်ပင် ပင်စည်ကို ဖြတ်ကြည့်လျှင် မြင်ရသော အရစ်များကို လေ့လာမှုမှလည်း ယင်းသစ်ပင် ကြီးထွားလာမှုဖြစ်စဉ်တလျှေက် ဖြစ်ပေါ်ခဲ့သော ရာသီဥတု အခြေအနေကို ဖော်ထုတ်နိုင်သည်။ သို့သော် ယင်းနည်လမ်းများသည် မြေအောက်ရေနမူနာ၊ သစ်ပင်တို့ တည်ရှိ ရှင်သန်နေခဲ့သော ဒေသ၏ ရာသီဥတုအချက်အလက်များကိုသာ ပေးစွမ်းနိုင်သည်။ ကမ္ဘာနှင့်ချီသော ရာသီဥတုဖြစ်စဉ်ကို မသိနိုင်ပေ။

အရာဝတ္ထုများ၏ အက်တမ်များသည် အိုင်ဆိုတုပ်အမျိုးမျိုးအသွင်ဖြင့် ကွဲပြားတည်ရှိကြရာ အောက်ဆီဂျင် အက်တမ်တွင် ပုံမှန်အိုင်ဆိုတုပ်၊ လေးသောအိုင်ဆိုတုပ်၊ ပေါ့သောအိုင်ဆိုတုပ်ဟူ၍ ရှိသည်။ အလားတူ ဟိုက်ဒရိုဂျင်အက်တမ်တွင် ဒျူတေရီယမ်အိုင်ဆိုတုပ် ဟူ၍ ရှိသည်။ ရေမော်လီကျူးများရှိ အောက်ဆီဂျင် အိုင်ဆိုတုပ်အလေးနှင့် အောက်ဆီဂျင်အိုင်ဆိုတုပ်အပေါ့၏ အချိုး၊ ဒျူတေရီယမ်နှင့် ပုံမှန်ဟိုက်ဒရိုဂျင်၏ အချိုးတို့သည် ရှေးပဝေသဏီက လေထုတွင် ဓာတ်ငွေ့ပါဝင်မှုနှင့် ကမ္ဘာ့အပူချိန်များကို ခန့်မှန်းတွက်ချက်ရာ၌ များစွာ အထောက်အကူ ပြုသည်။

လေထုတွင်းဓာတ်ငွေ့များသည် ယင်းတို့နှင့်ထိတွေ့နေသော ဆီးနှင်းမှုန်များနှင့်အတူ မြေပြင်ပေါ် ကျလာပြီး ရေခဲပြင်များထဲ၌ ရောက်ရှိတည်နေမြဲဖြစ်သည်။ ကာလကြာ၍ ရေခဲပြင်များ ထူထပ်လာပြီး ရေခဲအလေးကြောင့် တဖြည်းဖြည်း အောက်ပိုင်းသို့ ဆင်းသက်နစ်မြုပ်သွားကြသော်လည်း ရေခဲထဲရှိ ဓာတ်ငွေ့များ၊ ရေမှုန် အပါအဝင် အခြားအမှုန်အမွှားများသည် အနက်ပိုင်း ရေခဲပြင်များထဲတွင် မပျက်မစီး ရှိနေကြသည်။ ရေခဲပြင်များကို တူးဖော်၍ ရေမော်လီကျူးများရှိ အောက်ဆီဂျင်အိုင်ဆိုတုပ် အလေးနှင့် အပေါ့တို့၏ အချိုး၊ ဒျူတေရီယမ်နှင့် ပုံမှန်ဟိုက်ဒရိုဂျင်တို့၏ အချိုးများကို တိုင်းတာ တွက်ချက်လျှင် ယင်းအချိန်က လေထုတွင်း ဓာတ်ငွေ့ပမာဏနှင့် အပူချိန်စသည်တို့ကို သိနိုင်သည်။

သိပ္ပံပညာရှင်တို့သည် ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက် ရေခဲပြင်များကို တူးဖော်၍ ရေခဲနမူနာ ရယူ လေ့လာနေကြရာ အနက်ဆုံး သုံးကီလိုမီတာအထိ တူးဖော်နိုင်ကြပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၂ ဒသမ ၇ သန်းက စတင်ဖြစ်ပေါ်ခဲ့သည့် ရေခဲနမူနာများကို လေ့လာနိုင်ကြသည်။

ပူးတွဲပုံပါ ဂရပ်မျဉ်းသုံးကြောင်းအနက် အပေါ်ဆုံးမျဉ်းနှစ်ကြောင်းသည် အန္တာတိကတိုက် ရေခဲနမူနာများက ပြောသော ကမ္ဘာ့အပူချိန် အတက်အကျကို ပြသည်။ ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၄၀ဝဝဝ ခန့်က အမြင့်ဆုံးရောက်ခဲ့ပြီး ဖြည်းဖြည်းချင်း ကျလာရာ လွန်ခဲ့သော နှစ်ပေါင်း ၃၆၀ဝဝဝ ခန့်တွင် အနိမ့်ဆုံး ရောက်သည်။ ထို့နောက် လွန်ခဲ့သော နှစ်ပေါင်း ၃၄၀ဝဝဝ ခန့်တွင် အမြင့်ဆုံး ပြန်ရောက်သည်။ ယင်းနည်းအတိုင်း အတက်အကျ ဖြစ်နေခဲ့ရာ ဂရပ်မျဉ်းများ၏ ယာဘက်အဆုံးအထိ ဆက်လက်လေ့လာလျှင် ကမ္ဘာ့အပူချိန်သည် အကြမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝဝဝ၀ ခန့်ကြာလျှင် တစ်ကြိမ်ကျ အမြင့်ဆုံးနှင့် အနိမ့်ဆုံးသို့ ရောက်ကြောင်း သိရသည်။

ဂရပ်မျဉ်းသုံးကြောင်းအနက် အောက်ဆုံးမျဉ်းသည် ကမ္ဘာပေါ်၌ ဖြစ်ပေါ် တည်ရှိခဲ့သည့် ရေခဲထုထည်ကို ပြဆိုသည်။ ယင်းမျဉ်းကို ကြည့်လျှင် ကမ္ဘာ့အပူချိန်အမြင့်ဆုံးသို့ ရောက်သောအခါ ရေခဲပြင်အကျယ်အဝန်း အနည်းဆုံး ဖြစ်ပြီး ကမ္ဘာ့အပူချိန်အနိမ့်ဆုံးသို့ ရောက်သောအခါ ရေခဲပြင်အများဆုံး ဖုံးလွှမ်းခဲ့ကြောင်း တွေ့ရသည်။ ရေခဲပြင် အများဆုံး ဖုံးလွှမ်းခဲ့သည့် ခေတ်ကို ရေခဲခေတ်ဟု ခေါ်သည်။ နောက်ဆုံး ရေခဲခေတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝဝဝ ခန့်က ကုန်လွန်ခဲ့သည်။

Myanmar Environmental Education Team

15 Nov, 09:20


ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းသစ် ဆော်လမွန်ကျွန်းစုမှာ ရှာတွေ့

CJ Platform

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှာ အရှည်ပေ ၁၀၀ ကျော်ရှိပြီး အနည်းဆုံး နှစ် ၃၀၀ သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းသစ်ကြီးကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီဧရာမသန္တာကျောက်တန်းကြီးကို National Geographic Pristine Seas အဖွဲ့က ဆော်လမွန်ကျွန်းစုတွေဘက်မှာ သမုဒ္ဒရာရဲ့ အခြေအနေကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စူးစမ့်ရှာဖွေလေ့လာမှုတွေ လုပ်ဆောင်နေစဉ် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသစ်တွေ့ရှိခဲ့တဲ့ သန္တာကျောက်ကြီးဟာ အရင်က အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ဆမိုအာကျွန်းက သန္တာကျောက်ထက် သုံးဆပိုကြီးပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးသတ္တဝါဖြစ်တဲ့ ‌အပြာရောင်ဝေလငါးထက်လည်း ပိုကြီးတာကြောင့် အာကာသကနေတောင် မြင်တွေ့နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

“ကမ္ဘာကြီးပေါ်မှာ ရှာဖွေတွေ့စရာ ဘာမှမရှိတော့ဘူးလို့ ထင်နေချိန်မှာ သက်ရှိပိုလစ်ပ်လေးတွေ တစ်ဘီလီယံနီးပါးပါဝင်နေတဲ့ ကြီးမားလှတဲ့ သန္တာကျောက်ကြီးကို တွေ့ရှိခဲ့တာပါ” လို့ National Geographic explorer in residence နဲ့ Pristine Seas တည်ထောင်သူ အန်ရစ်ဆာလာ (Enric Sala) က ပြောပါတယ်။

သက်ရှိပိုလစ်ပ်လေးတွေ သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ သန္တာကျောက်ကြီးဟာ အပေါ်ကနေကြည့်ရင် ကြီးမားပြီးလှိုင်းထနေတဲ့ အညိုရောင်ကျောက်တုံးကြီးလိုမျိုး မြင်တွေ့ရပြီး အနီးကပ်ကြည့်ပါက ခရမ်းရောင်၊ အဝါရောင်၊ အပြာရောင်နဲ့ အနီရောင် အစက်အပြောက်တွေနဲ့ လှပစွာတွေ့မြင်ရတယ်လို့လည်း ဖော်ပြထားပါတယ်။

သန္တာကျောက်တန်းတွေဟာ ပင်လယ်သတ္တဝါတွေအတွက် အစာနဲ့ ခိုလှုံရာနေရာတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေ တစ်ဘီလီယံဝန်းကျင်အတွက် သွယ်ဝိုက်တဲ့ အစာရင်းမြစ်လည်းဖြစ်တဲ့အပြင် မုန်တိုင်းတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းကို ကာကွယ်ပေးတယ်လို့လည်း သိရပါတယ်။

အသစ်တွေ့ရှိတဲ့ သန္တာကျောက်ကြီးရဲ့ တည်နေရာဟာ ထူးခြားပေမဲ့ ကမ္ဘာ့အပူချိန်မြင့်တက်လာမှု၊ လူသားတို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဘေးအန္တရာယ်တော့ မကင်းလှဘူးလို့ မစ္စတာ ဆာလာက သတိပေးပြောဆိုခဲ့ပါတယ်။

ဆော်လမွန်ကျွန်းစုရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ဒါရိုက်တာ ဒန်းနစ်စ်မာရီတာ (Dennis Marita) က “ဒီတွေ့ရှိချက်က ကျွန်တော်တို့ အသိုင်းအဝိုင်းအတွက် အလွန်ကြီးမားတဲ့ အရာတစ်ခုဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပြီး သုတေသီတွေ၊ ခရီးသွားတွေကို ဆွဲဆောင်နိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေ ရံပုံငွေတွေလည်း တိုးမြှင့်ရရှိလာနိုင်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

Wildlife Conservation Societyက သန္တာကျောက်တန်း ဒါရိုက်တာဖြစ်သူ အမ်မလီဒါလင်(Emily Darling)ကတော့ “အခုတွေ့ရှိချက်ဟာ သန္တာကျောက်တန်းတွေ ရှင်သန်ရပ်တည်နိုင်မှုအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပါပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် သုတေသနတွေအရ ဆော်လမွန်ကျွန်းစု၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်တဲ့ သန္တာကျောက်တန်း တြိဂံဒေသ(Coral Triangle)ရှိ သန္တာကျောက်တန်းတွေက သန္တာကျောက်တွေ ဖြူဖျော့လာတာပြီး ပိုမိုခံနိုင်ရည်ရှိစေတာကို တွေ့ရတယ်လို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။

သန္တာကျောက်တန်းတွေ ဖြူဖျော့လာခြင်းဟာ ပင်လယ်ရေအပူချိန်မြင့်တက်လာတာ၊ ရာသီဥတု ပြောင်းလဲလာတာ၊ ပင်လယ်ရေမှာ အက်ဆစ်ဓာတ်များပြားလာတာနဲ့ တခြားညစ်ညမ်းမှုတွေကြောင့် ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ဂေဟစနစ်မှာအရေးပါတဲ့ သန္တာကျောက်တန်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ကတော့ သန္တာကျောက်တွေကို ပြန်စိုက်တာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချတာ၊ ပင်လယ်ရေညစ်ညမ်းမှုကို ထိန်းသိမ်းတာနဲ့ ပင်လယ်နေသတ္တဝါတွေကို ထိန်းသိမ်းစောင့်ရှောက်တာ စတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက အကြုံပြုထားပါတယ်။

သန္တာကျောက်တန်းတွေ ဖြူဖျော့ပြီး ပျက်စီးတဲ့ အန္တရာယ်ကြုံရနိုင်တဲ့ သန္တာကျောက်တန်းအသစ်ကို တွေ့ရှိခဲ့တာဟာ ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချဖို့ အရေးကိစ္စတွေမှာ ငွေပိုသုံးကြဖို့ အသိပေးလိုက်တာဖြစ်တယ်လို့လည်း မစ္စတာ ဆာလာက မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ - National Geographic Pristine Seas

ပုံစာ- အသစ်ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးသန္တာကျောက်အနီးကပ်ပုံနဲ့ လေ့လာစူးစမ်းရှာဖွေရေးသင်္ဘောနဲ့ သန္တာကျောက်ကြီးကို ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် နှိုင်းယှဉ်မြင်ရပုံ

ကိုးကား- CNN
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/15-11-2024-3/

Myanmar Environmental Education Team

11 Nov, 15:44


ပင်လယ်ကဗီးပင် ( ကဗီးပင် )

ဦးဟုတ်လင်း
ညွှန်မှူး(ငြိမ်း)သစ်​တောဦးစီးဌာန ​ရေးသည်

အင်္ဂလိပ်အမည်။
Casuarina,
Beefwood,
Whistling pine.

သိပ္ပံအမည်။
Casuarina equisetifolia.

မျိုးရင်း။
Casuarinaceae.

မျိုးစု။
Casuarina

မျိုးစိတ်။
equisetifolia

မြန်မာနိုင်ငံတွင် ကဗီးပင်မျိုးစိတ်၂ မျိုး
ကိုတွေ့ရှိရသည်။ ၄င်းတို့မှာ ---

၁။ Casuarina equisetifola
၂။ Casuarina junghuniana တို့ဖြစ်ကြသည်။

junghuniana မျိုးစိတ်ကို ၁၉၅၆ ခုနှစ်က
နိုင်ငံခြားမှ မျိုးစေ့ယူလာပြီး ရန်ကုန်မြို့တွင်စိုက်
ပျိုးထားသည့် မျိုးစိတ်ဖြစ်ပါသည်။

ပေါက်ရောက်ခြင်း။

ပင်လယ်ကဗွီးပင်များသည် တနင်္သရီတိုင်းနှင့်
ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းရိုးတန်းတလျှောက်
၌ သဘာဝအတိုင်း အလေ့ကျ ပေါက်ရောက်ကြ
သည်။ ပင်လယ်ကမ်းခြေနှင့်အလွန်နီးကပ်သော
သဲပေါများသည့် နုန်းမြေတွင် အကြီးဆုံးနှင့်အ
ကောင်းဆုံး ပေါက်ရောက်ကြသည်။

ပင်လယ်ကမ်းခြေနှင့် ဝေးကွာသည့်နေရာများ
တွင် စိုက်ပျိုးပါက အပင်များကောင်းစွာ ပေါက်
ရောက်ကြသော်လည်း ငယ်ရွယ်စဉ်အခါ ခေါင်
ညွှန့်များ အနည်းငယ်ခြောက်သွေ့တတ်သည်။
ပင်လယ်ကဗွီးပင်များသည် ပင်လယ်ကမ်းခြေ
တစ်လျှောက်ရှိ သဲနုန်းမြေတွင် ၄င်းတစ်မျိုး
တည်း သီးသန့်ပေါက်ရောက်ပြီး အောက်ပေါင်း
အနေဖြင့် မြက်ပင်များမှလွဲ၍ ကျန်အပင်များ
မှာ ပေါက်ရောက်ခြင်းလည်းမရှိကြပေ။ ကဗွီး
ဟူသောအမည်မှာ ထားဝယ်အမည်ဖြစ်သည်။

ကဗွီးပင်သည် သဲနုန်းမြေကိုအထူးကြိုက်
နှစ်သက်ပြီး ရွှံမြေနှင့်ရွှံစေးမြေကို ကြိုက်
နှစ်သက်ခြင်းမရှိကြပေ။ ရေဝပ်သည့်နေရာ
နှင့် ရေစီးရေလာမကောင်းသည့် နေရာများ
၌လည်း ပေါက်ရောက်ခြင်းမရှိကြပေ။ ကဗွီး
ပင်များ သဘာအဝအလျှောက်ပေါက်ရောက်
ကြသည့် မူရင်းဒေသ၏ ရာသီဥတုမှာ အရိပ်
အာဝါသအောက်၌ အမြင့်ဆုံးအပူချိန်မှာ ၉၈ံ
မှ ၁၀၁ံ ဒီဂရီဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူ
ချိန်မှာ အရိပ်အာဝါသအောက်၌ ၄၅ံ - ၆၀ံ
ဒီဂရီဖာရင်ဟိုက်အထိဖြစ်ပြီး နှစ်စဉ်ရွာသွန်း
သည့် မိုးရေချိန်မှာ ၁၀၀ မှ ၂၀၀ လက္မအတွင်း
ဖြစ်သည်။

ပုံသဏ္ဍာန်။

ကဗွီးပင်သည် အမြဲစိမ်းလန်းသော အပင်
ကြီးမျိုးဖြစ်ပြီး အရွယ်ရောက်သည့်အပင်
ကြီးများသည် အမြင့်ပေ ၁၀၀ ကျော်နှင့်
ပင်စည်မှာ ရင်စို့လုံးပတ် ၆ ပေ ကျော်အ
ထိ ကြီးမားအောင်ပေါက်နိုင်သည်။ ပင်စည်
များမှာ လုံးဝန်းဖြောင့်တန်းကြသည်။ အ
ခေါက်များမှာ အညိုရောင်ရှိ၍ ကြမ်းတမ်း
ပြီး အလျှားလိုက် အက်ကွဲကြောင်းများပါ
ရှိသည်။ အရွက်များသည် အဝေးမှကြည့်
လျှင် ထင်းရှူးရွက်နှင့်အလွန်တူသောကြောင့်
ပင်လယ်ထင်းရှူးပင်ဟုလည်းခေါ်ကြသည်။
အရွက်ဟောင်းများမှာ တစ်နှစ်ပတ်လုံးကြွေ
​ကျနေပြီး ရွက်နုရွက်သစ်များမှာလည်း တစ်
နှစ်ပတ်လုံး အသစ်ပြန်ထွက်ပြီး အမြဲစိမ်း
လန်းစိုပြည်လျှက်ရှိကြသည်။

တစ်နှစ်လျှင် ၂ ကြိမ်ပန်းများပွင့်၍ အသီး
များသီးကြသည်။ ပထမအကြိမ်တွင် ဖေဖော်
ဝါရီလမှ ဧပြီလအတွင်း ပန်းများပွင့်ကြပြီး ဒု
တိယအကြိမ်တွင် စက်တင်ဘာလနှင့် အောက်
တိုဘာလအတွင်း ပွင့်ကြသည်။ ပန်းများမှာလိင်
မစုံသော ပွင့်ညှာမဲ့ပန်းများဖြစ်ကြသည်။ အသီး
များသည် ပထမအကြိမ်တွင် ဇွန်လ၌လည်း
ကောင်း ဒုတိယအကြိမ်တွင် ဒီဇင်ဘာလ၌လည်း
ကောင်း အသီးများရင့်မှည့်ကြသည်။ အသီးများ
မှာ ကန်တော့ပုံလုံးဝန်း၍ သစ်သားကဲ့သို့မာကျော
သော အသီးမျိုးဖြစ်သည်။ အသီးအချင်းမှာ
၀.၇၅ လက္မခန့်ရှိ၍ အသီးများတွင် အတောင်ပါ
ရှိသောအစေ့ အများအပြားပါရှိသည်။ အသီး
များမှာ အလွန်ပေါ့ပါးပြီး ညိုဖျော့ဖျော့ အရောင်
ရှိသည်။ တစ်စေ့သီးများမှာ အလွန်ပေါ့ပါးပြီး
အရှည် ၀.၂ မှ ၀.၃ လက္မအထိရှည်သည်။ အ
လေးချိန်တစ်အောင်စလျှင် တစ်စေ့သီးပေါင်း
နှစ်သောင်းနီးပါးခန့်ပါရှိသည်။

မျိုးဆက်ခြင်း။

သဘာဝအလျှောက် ဓမ္မတာမျိုးဆက်ခြင်း
ဖြင့် ကဗွီးပင်များပေါက်ရောက်သည်မှာ အ
လွန်နည်းပါးပါသည်။ သို့ရာတွင် ကဗွီးစိုက်
ခင်းအနီးအနားရှိ ကွင်းပြင်များ၌ မုတ်သုန်မိုး
ကုန်ဆုံးခါနီးအချိန်တွင် ဓမ္မတာမျိုးဆက်ပြီး
အပင်ငယ်များ ပေါက်ရောက်သည်ကို တွေ့ရှိ
ရသည်။ ကဗွီးပင်များဓမ္မတာမျိုးဆက်ရန်အ
တွက် အလင်းရောင်များ အလုံအလောက်ရရှိ
နိုင်ခြင်း၊ ပေါက်ရောက်သည့်နေရာသည် သဲ
ပေါများသည့်သဲနုုန်းမြေဖြစ်ခြင်း၊ မိုးကြီးမား
ပြင်းထန်စွာ ရွာသွန်းမှုမရှိခြင်းနှင့် ပေါက်ရောက်
မည့်မြေတွင် ရေခိုးရေငွေ့ လုံလောက်စွာရရှိပါ
က ကဗွီးပင်များဓမ္မတာမျိုးဆက်သည်ကိုတွေ့
မြင်ရသည်။

သစ်စေ့များမှာ ပေါ့ပါးပြီး အတောင်များ
ပါရှိသည့်အတွက် လေသယ်ဆောင် သွားခြင်း
ဖြင့် အဝေးသို့လွင့်ပါသွားသည်။ ၄င်းအပြင်
ကဗီးပင်များသည် နှစ်စဉ် အသီးမြောက်များ
စွာသီးကြသည်။ ကဗွီးပင်များသည် များ
သောအားဖြင် ပင်လယ်ကမ်းခြေတစ်လျှောက်
တွင် ပေါက်ရောက်ကြသည့်အတွက် တစ်စေ့
သီး အမြောက်အမြားသည် ပင်လယ်ရေဖြင့်
အဝေးသို့ မျောပါသွားလေသည် ။ ဤနည်း
ဖြင့် မူလသြစတြေးလျတိုက်မှ ကဗွီးမျိုးစေ့
များသည် ပင်လယ်ရေဖြင့်မျောပါလာပြီး ဂျား
ဗားကျွန်း ၊ ဘိုနီယိုကျွန်း ၊ မာလာယု ကျွန်းဆွယ်
တစ်လျှောက်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်
လျှောက်သို့ရောက်ရှိလာပြီး ဓမ္မတာအလျှောက်
မျိုးဆက်ပြန့်ပွားလာသည်ဟု ယူဆကြသည်။

Myanmar Environmental Education Team

11 Nov, 15:44


အစေ့များကို နှစ်စဉ် ဇွန်လတွင်တစ်ကြိမ်
နှင့် ဒီဇင်ဘာလတွင်တစ်ကြိမ် စုဆောင်းနိုင်
သည် ။ လတ်ဆတ်သည့်မျိုးစေ့များကို စု
ဆောင်းပြီးချက်ခြင်းပျိုးထောင်ပါက ကောင်း
စွာအညှောက်ထွက်၍ အပင်ပေါက်သည်။ အ
စေ့များ၏ပေါက်ရောက်မှု စွမ်းအားမှာလည်း
လအနည်းငယ်သာခံပါသည်။ အချိန်ကြာမြင့်
သွားသည်နှင့်အမျှ ပေါက်ရောက်မှုစွမ်းအား
မှာလည်း ချက်ခြင်းကျဆင်းသွားသည်။ တစ်
နှစ်ခန့်သိုလှောင်သိမ်းဆည်းထားသည့် သစ်
စေ့များ၏ ပေါက်ရောက်မှုစွမ်းအားမှာ ၅
ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

ရင့်မှည့်လတ်ဆတ်သည့် အသီးများမှ အ
စေ့များကိုစုဆောင်းပြီး ချက်ခြင်းအပင်ငယ်
များကို ပျိုးထောင်နိုင်ပါသည်။ ပလပ်စတစ်
အိတ်များဖြင့် ပျိုးထောင်ထားသည့် ပျိုးပင်
ငယ်များကို အလွယ်တကူ ရွှေ့ပြောင်းစိုက်
ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီးပြီးခြင်း ရေ
လောင်းပေးရန်လိုအပ်​ပါသည်။ စိုက်ပျိုး
ထားသည့်အပင်ငယ်များကိုလည်း အချိန်
မှန်မှန် ရေလောင်းပေးရန်လိုအပ်ပါသည်။
ရေလောင်းသည့်အခါ ဖြစ်နိုင်လျှင် ညနေ
ပိုင်း၌သာလောင်းသင့်သည်။ အစေ့များမှ
အပင်ပေါက်ရောက်မှုမှာ အသင့်အတင့်အ
ကြီးမြန်ပြီး ပထမမိုးတွင် အမြင့်ပေတစ်ပေ
ခွဲမှ နှစ်ပေအထိမြင့်သည်။ စိုက်ပျိုးထား
သည့် အပင်ငယ်များသည် မြေ ရာသီဥတု
နှင့် ကိုက်ညီပါက တစ်နှစ်အတွင်း ၄ ပေမှ
၅ ပေအထိမြင့်နိုင်သည်။ စိုက်ပင်ငယ်များ
သည် ဆီးနှင်းခဲသည့်ဒဏ်နှင့် ရေဝတ်သည့်
ဒဏ်ကို ခံနိင်ခြင်းလည်းမရှိကြပေ။

ကဗွီးပင်သည် အလင်းရောင်ကြိုက်သည့်
လင်းလုပင်မျိုးဖြစ်သည်။ စိုက်ပျိုးရာ၌ ကဗွီး
ပင်များကို ၉ × ၉ ပေ အကွာအဝေးထား၍
စိုက်ပျိုးကြသည်။ ပင်လယ်ကဗွီးပင်များကို
ပင်လယ်ကမ်းရိုးတန်းမဟုတ်သည့် ကုန်းတွင်း
ပိုင်းနှင့် အပူပိုင်းဒေသများ၌လည်း စိုက်ပျိုး
နိုင်သည်။ သို့ရာတွင် ပေါက်ရောက်သည့်အ
ပင်များသည် ပင်လယ်ကမ်းရိုးတန်းတွင်ပေါက်
ရောက်သည့် အပင်များလောက် သန်စွမ်းကြီး
ထွားမှုမရှိကြပေ။ ကဗွီးပင်များသည် မီးလောင်
ခံရပါက သေကြေပျက်စီးတတ်သောကြောင့်
မီးကာကွယ်ပေးရန်နှင့် အပင်အောက်၌ကျ
ရောက်နေသည့် လောင်စာများကို ရှင်းလင်း
ဖယ်ရှားပေးရန် လိုအပ်သည်။ ကဗွီးပင်များ
သည် ငုတ်တက်ထွက်စွမ်းအား အလွန် ညံ့
ဖျင်းကြသည်။ သို့ရာတွင်အပင်အမြင့်၌ ခုတ်
ဖြတ်ပေးပါက ကိုင်းတက်အများအပြား ထွက်
လာသည်ကိုတွေ့ရှိရသည်။

သစ်သား။

ကဗွီးသားမှာ ထင်းအဖြစ်အသုံးပြုလျှင် အ
လွန်ကောင်းသည်။ ကဗွီးပင်၏သက်တမ်းမှာ
နှစ် ၅၀ ခန့်သာခံသည်။ အသက် ၂၅ နှစ်ကျော်
လျှင် အခေါင်းများဖြစ်ပေါ်လာပြီး အပင်မှာ
လည်း ပုံပန်းမကျဖြစ်လာသည်။ ကဗွီးသားမှာ
နီညိုရောင်ရှိ၍ အလွန်မာသောကြောင့် ပြုပြင်
ရန်ခက်ခဲသည်။ ဂရုစိုက်၍ပြုပြင်လျှင် ချော
၍ အရောင်တင်ရာ၌လည်း ကောင်းမွန်ပါသည်။
ကဗွီးသားသည်ခိုင်ခန့်ခြင်း၊ ဖြောင့်စင်းခြင်း၊
နွဲ့ပြောင်းခြင်း၊ ပေါ့ပါးခြင်းစသော ဂုဏ်သတ္တိ
များရှိခြင်းကြောင့် လှေရွက်တိုင် ၊ ရွက်ပေါင်
လက် ၊ လှော်တက်၊ တက်မစသည်များကို ပြု
လုပ်နိုင်သည်။

ပင်လယ်ကဗွီးသားသည် အနည်းငယ်သာ
ကြာရှည်စွာ အသုံးခံသော သစ်မျိုးဖြစ်ပြီး
ကွဲတတ်သောကြောင့် များသောအားဖြင့်
ထင်းအဖြစ်သာ အသုံးပြုကြသည်။ လေ
ဖြင့်ခြောက်သွေ့ ပြီးပါက တစ်ကုဗပေလျှင်
အလေးချိန် ၅၅ ပေါင်စီးသည်။ ကျွန်းသစ်
၏ဂုဏ်သတ္တိများကို ၁၀၀ စီထား၍ နှိုင်း
ယှဉ်လျှင် ကဗွီးသားသည် အလေးချိန် ၁၁၅ ၊
ရက်မအဖြစ်ခိုင်ခံ့အား ၈၅ ၊ ၇က်မအဖြစ်
တောင့်ခံအား ၁၀၀ ၊ တိုင်/ကျားကန်အဖြစ်
တောင့်ခံအား ၈၅ ၊ ထုနှက်ခံနိုင်အား ၁၃၅ ၊
လျောပြတ်အား ၁၅၀ ၊ မာရည် ၁၂၅ နှင့် ပုံ
တည်မြဲမှု ၅၀ ဖြစ်ပါသည်။

Myanmar Environmental Education Team

11 Nov, 10:07


အိုင် အမ် ​ဖော်ရိန်နာရုတ်ဂဇိုး 🤣

Myanmar Environmental Education Team

11 Nov, 07:22


3. Molur, S., Brandon-Jones, D., Dittus, W., Eudey, A., Kumar, A., Singh, M., Feeroz, M. M., Chalise, M., Priya, P. and Walker, S. 2003. Status of South Asian Primates: Conservation Assessment and Managment Plan Report. Workshop Report, 2003. Zoo Outreach Organization/CBSG-South Asia, Coimbatore, India.
4. Quyet LK, Lin AK, Oo KN, Naing KK. 2019. Survey of Shan States Langur (Trachypithecus phayrei ssp. shanicus) in Panlaung-Pyadalin Cave Wildlife Sanctuary and Myogyi Monastery, Shan State, Myanmar. Fauna & Flora International – Myanmar Programme, Yangon.
5. Thant NML, Kim BJ, Ko HS, Yi KM, Lee WS. 2013. Molecular phylogenetic analysis of non-invasive samples for the endangered Phayre’s leaf monkey (Trachypithecus phayrei) in Popa Mountain Park, Central Myanmar. Journal of Animal and Veterinary Advances 12(5): 626-632.

https://www.facebook.com/share/1E6QGN39JX/

Myanmar Environmental Education Team

11 Nov, 07:22


{English Below}
မျိုးသုဉ်းသွားခဲ့ရင် နောက်တစ်ကြိမ်ပြန်မရနိုင်တော့တဲ့ မြန်မာနိုင်ငံသား ပုပ္ပားမျောက်မြီးရှည်များ

NSCI

(November 11 ပုပ္ပားမျောက်မြီးရှည်နေ့အထိမ်းအမှတ်)

ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာမှာပဲရှိတဲ့ မြန်မာဌာနေမျိုးရင်း မျောက်မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ရဲ့ အရေအတွက်ဟာ အလွန်အမင်း ကျဆင်းနေပြီး မျိုးသုဉ်းရန်အလွန်အန္တရာယ်ရှိနေသော မျိုးစိတ်လေးတွေလည်းဖြစ်ပါတယ်။ ဧရာဝတီနဲ့ သံလွင်မြစ်ကြား မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဒေသတွေနဲ့ ကယား-ကရင် တောင်နိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ သူတို့နေထိုင်ရာ ဒေသကြီးတစ်ခုဖြစ်တဲ့ ပုပ္ပားတောင်မကြီးကို အစွဲပြုပြီး သူတို့အတွက် သိပ္ပံအမည်ကို (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) အဖြစ်အမည်ပေးကာ မြန်မာဌာနေရင်းမျောက်မျိုးစိတ်သစ်အဖြစ် 2020ခုနှစ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကို အနည်းငယ်သရုပ်ဖော်ပေးချင်ပါတယ်။ သူတို့ရဲ့ကျောပိုင်းဟာ အညိုရင့်ရောင်/ အညိုရောင်ဘက်သမ်းတဲ့မီးခိုးရောင်ရှိပြီး ခြေလက်တွေကအနက်ရောင်ဖြစ်ပါတယ်။ အမြီးကတော့ မီးခိုးရောင်နုနုလေးဖြစ်ပါတယ်။ မျောက်လေးတွေရဲ့သိသာတဲ့တစ်ချက်ကတော့ မျက်လုံးလေးမှာ မျက်ကွင်းဖြူလေးအကွင်းလိုက်ရှိနေတာပါဗျ။ ဒါလေးကိုအစွဲပြုပြီး သူတို့ကို မျောက်မျက်ကွင်းဖြူလို့လည်း ခေါ်ကြပါတယ်။ သူတို့လေးတွေဟာ ငယ်စဉ်အခါ ရွှေရောင်ဝင်းနေပြီး၊ အရွယ်ရောက်လာတာနဲ့အမျှ သူတို့အရောင်ဟာမီးခိုးရောင်ကိုပြောင်းလဲသွားပါတယ်။ ရသေ့ပျံဒေသခံများကတော့ ဒီမျောက်လေးတွေကို ဆ်ုအုဂ်အွာမေံ (ဆ်ုအုဂ် = မျောက်၊ အွာမေံ = မျက်နှာဖြူ) (အသံထွက် - ချအောင်အွာမေး) မျောက်မျက်နှာဖြူလို့ ကရင်ဘာသာစကားနဲ့ခေါ်ဆိုကြပါတယ်။

ဒီမျောက်မြီးရှည်လေးတွေရဲ့အရေအတွက်ဟာ ခန့်မှန်းချေအားဖြင့် ကောင်ရေ ၂၅၀လောက်ထိ ရှိနိုင်ပါတယ်။ ပုပ္ပားတောင်တွင် ၂၀၁၉ခုနှစ်တွင်ကောက်ယူခဲ့သော စစ်တမ်းအရ ကောင်ရေ ၁၁၁ကောင်ခန့်၊ ရသေ့ပျံဂူမှာ ကောင်ရေ ၂၀မှ ၃၀ခန့်၊ ပဲခူးရိုးမမှာ ၂၂ကောင်ဝန်းကျင်ခန့်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောမှာ ကောင်ရေ ၄၆ကောင်မှ ၉၆ကောင်ခန့်ထိရှိမယ်လို့ ခန့်မှန်းထားကြကြောင်း ကျွန်တော်တို့NSCIဂရုရဲ့ အဖွဲ့ဝင်အစ်ကိုကြီး ကိုအောင်ကိုလင်းအပါအဝင် တခြားသော ပညာရှင်များက မှတ်တမ်းတင်ထားကြပါတယ်။ သို့သော်လည်း မြို့ကြီးတောရကျောင်းမှာရှိတဲ့ မျောက်မြီးရှည်လေးတွေကတော့ ပုပ္ပားမျောက်မြီးရှည် (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) နဲ့ ရှမ်းမျောက်မြီးရှည် (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘮𝘦𝘭𝘢𝘮𝘦𝘳𝘢) စပ်ထားသောမျိုးစိတ်ဖြစ်တယ်လို့ ယူဆထားကြကြောင်း သိရပါတယ်။

သူတို့ဟာ သစ်တောအမျိုးအစားမျိုးစုံမှာ ပေါက်ပွါးရှင်သန်နေနိုင်ကြပြီး၊ အမြဲစိမ်းတော(ရွက်မပြတ်တော)၊ ရွက်ပြတ်ရောနှောတောနဲ့ ဝါးတောတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ မျောက်မြီးရှည်လေးတွေဟာ သစ်ပင်ပေါ်မှာပဲအများဆုံးနေပြီး အရွက်တွေကို နေ့အချိန်မှာ အဓိကရှာဖွေစားသောက်တတ်တဲ့ မျောက်မျိုးလေးတွေဖြစ်ပြီး သူတို့ရဲ့အဓိကအစာတွေကတော့ အရွက်တွေ၊ အသီးတွေနဲ့ ရွက်ညှာလေးတွေဖြစ်ပါတယ်။ ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ အစားအစာအဖြစ်ရော တိုင်းရင်းဆေးဝါးအဖြစ်ပါ အသုံးချဖို့အတွက် ဖမ်းဆီးသတ်ဖြတ်ခံနေကြရပါတယ်။

အမဲလိုက်ခံရခြင်း၊ ကျက်စားရာဒေသပျောက်ဆုံးခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ လူသားများရဲ့ နှောင့်ယှက်ဖျက်ဆီးခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိပါတယ်။ မြန်မြန်ဆန်ဆန်ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးတကြီးလိုအပ်နေပြီး၊ အသိပညာပေးအစီအစဉ်များဆောင်ရွက်ခြင်း၊ ထိန်းသိမ်းရေးနယ်မြေများကို ဒေသဓလေ့ထုံးတမ်းများနှင့်အညီတည်ထောင်ပေးခြင်း စသည်တို့ဖြင့် ဥပဒေအရ အကာကွယ်ပေသင့်ပြီး အရေအတွက်စာရင်းကောက်ယူတာမျိုးတွေလည်း ထပ်မံလုပ်ဆောင်ရန်လိုအပ်နေပါတယ်။ ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောတွေမှာ နေထိုင်နေတဲ့ ပုပ္ပားမျောက်မြီးရှည်လေးတွေ ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ ရသေ့ပျံဂူဝန်းကျင်ရှိ တသီးတသန့်ဖြစ်နေသော ပုပ္ပားမျောက်မြီးရှည်တွေအတွက် အလားအလာရှိသော ဒေသအစုအဖွဲ့ကို အခြေပြုသည့် ထိန်းသိမ်းရေးနည်းလမ်းများဖြင့် ထိန်းသိမ်းကာကွယ်ပေးဖို့တွေဟာ အရေးတကြီးလိုအပ်လျက်ရှိပြီး ဒီကိစ္စတွေပေါ်ကို လူထုအာရုံစိုက်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ပုပ္ပားလန်ဂါတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ရန်အတွက် အမျိုးသားနဲ့နိုင်ငံတကာ ထိန်းသိမ်းရေးစာရင်းများတွင် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များအဖြစ် စာရင်းပြုစုရန် လည်းအရေးကြီးပါတယ်။ နိဂုံးချုပ်အနေဖြင့် ဒေသခံတွေမပါဝင်သောထိန်းသိမ်းမှုတွေဟာ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်ဒေသအခြေပြုသောထိန်းသိမ်းရေးနည်းလမ်းများကို ထည့်သွင်းစဉ်းစားပြီး ပုပ္ပါးလန်ဂါလေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ပါတယ်။

ပုပ္ပားမျောက်မြီးရှည်လေးတွေအကြောင်းကို Native Species Conservation and Identification in Myanmar Groupမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျ။

Myanmar Environmental Education Team

11 Nov, 07:22


ဒီလိုမျိုး ရေးသားနိုင်ဖို့ အဖက်ဖက်မှ ကူညီရေးသားပေးတဲ့ ကိုရဲထက်လွင်အပါအဝင်၊မှတ်တမ်းဓာတ်ပုံလေးတွေအသုံးပြုခွင့်ပေးတဲ့ ကိုတိုးနိုင်ထွန်း၊ အစစအရာရာကူညီပေးတဲ့ ကိုအောင်ကိုလင်း၊ ကျွန်တော်တို့ NSCI groupလေးကို အမြဲအသိအမှတ်ပြုကူညီပြီး အားပေးနေတဲ့ ဆရာသက်ဇော်နိုင်၊ မဟာဂီရိ ကိုတင်ကိုမင်း၊ ဆရာနေမျိုးရွှေ၊ ဆရာငွေလွင်၊ I am Langur - ကျွန်တော် လန်ဂါ အဖွဲ့ ကိုစောကိုဦးနဲ့ WCS ၊ WWF ၊ FFI၊ TSA တို့မှ အစ်ကိုကြီးအစ်မကြီးများ ၊ ဆရာဆရာမများကို ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ။

Popa Langur ,𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢

The Popa langur, also known as (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢), is an endangered primate species endemic to Myanmar, specifically the central dry zone between the Ayeyarwaddy and Thanlwin rivers, and the western foothills of the Kayah-Karen Mountains . Named after Mount Popa, it was officially identified in 2020 (Roos et al., 2020). The langurs have dark brown or gray-brown coloration on their dorsal side, black hands and feet, and a paler tail (Roos et al., 2020). The total population size of the Popa langur is approximately 250 individuals, including approximately 111 individuals at Mount Popa in 2019 (Thaung Win pers. comm.), 20-30 individuals at Mount Yathae Pyan (Aung Ko Lin and Aung Lin pers. obs.), around 22 individuals in Bago Yoma (Aung Ko Lin pers. obs.), and 46-96 individuals at Panlaung-Pyadalin Cave Wildlife Sanctuary (Quyet et al., 2019). However, the estimated 75-100 individuals found at Myogyi Monastery are believed to be hybrids between T. popa and Shan state langur T. melamera (Quyet et al., 2019, Matauschek et al., 2022). They inhabit various forest types, including evergreen and semi-evergreen, mixed deciduous and bamboo forests. These langurs are predominantly arboreal, diurnal, and folivorous, with their diet consisting of leaves, fruits, and petioles (Molur et al., 2003).
The Popa langur is heavily hunted in some region for local consumption and traditional medicine (Matauschek et al., 2022).

Threats such as hunting, habitat loss, degradation, and fragmentation pose significant risks to their survival, driven by agricultural encroachment, illegal timber extraction, and disturbances from human activities (Quyet et al., 2019, Thant et al., 2013). Urgent conservation efforts are needed, including improved protected area management, law enforcement, and population surveys. Special attention should be given to protecting the langurs in Popa Mountain Park and Panlaung-Pyadalin Cave Wildlife Sanctuary, and exploring the potential for a community-protected area designation for the isolated population at Mount Yathae Pyan. To ensure the conservation of T. popa, it is vital to conduct further surveys for a comprehensive understanding of its population status and to list it as a threatened species on national and international conservation lists (Matauschek et al., 2022).

References

1. Christian Roos, Kristofer M. Helgen, Roberto Portela Miguez, Naw May Lay Thant, Ngwe Lwin, Aung Ko Lin, Aung Lin, Khin Mar Yi, Paing Soe, Zin Mar Hein, Margaret Nyein Nyein Myint, Tanvir Ahmed, Dilip Chetry, Melina Urh, E. Grace Veatch, Neil Duncan, Pepijn Kamminga, Marcus A. H. Chua, Lu Yao, Christian Matauschek, Dirk Meyer, Zhi-Jin Liu, Ming Li, Tilo Nadler, Peng-Fei Fan, Le Khac Quyet, Michael Hofreiter, Dietmar Zinner, Frank Momberg. Mitogenomic phylogeny of the Asian colobine genus Trachypithecus with special focus on Trachypithecus phayrei (Blyth, 1847) and description of a new species. Zoological Research, 2020, 41(6): 656-669. doi: 10.24272/j.issn.2095-8137.2020.254
2. Matauschek, C., Meyer, D., Lwin, N., Ko Lin, A., Lin, A., Momberg, F. & Roos, C. 2022. Trachypithecus popa. The IUCN Red List of Threatened Species 2022: e.T196344474A196344962. https://dx.doi.org/10.2305/IUCN.UK.2022-1.RLTS.T196344474A196344962.en

Myanmar Environmental Education Team

11 Nov, 06:55


EEE Training batch 2 ရဲ့ day 2 မှာ အဖွဲ့လိုက်​ဆွေး​နွေးကြရမယ့် ​ခေါင်းစဥ်နဲ့ ​အဲဒီ​ခေါင်းစဥ်ကိုဆွေး​နွေးနိုင်ဖို့အတွက် ဖတ်ရမယ့်စာ​တွေကို telegram group မှာ တင်​ပေးထားပါပြီ

Myanmar Environmental Education Team

11 Nov, 05:53


“ဆူနာမီအန္တရာယ်ကို ရင်ဆိုင်ရန် အဆင်သင့်” ဖြစ်လာရန်အတွက် ..

ရပ်ရွာတစ်ခုသည် ဆူနာမီအန္တရာယ်လျော့ပါးရေးအစီအစဥ်ကို ရေးဆွဲရန်၊ ဆူနာမီအန္တရာယ်ဆိုင်ရာဇုန်များ သတ်မှတ်ရန်နှင့် မြေပုံဆွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် အများသူငါနားလည်နိုင်​သော အသိပညာ​ပေးရေးဆိုင်ရာပစ္စည်းများကို ဖန်တီးရန်နှင့် ဆူနာမီအချက်အလက်များကို လူသိရှင်ကြားပြသရပါမည်။

ကြိုတင်သတိပေးစနစ်များ တည်ထောင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများ အားကောင်းစေရန်အတွက် UNESCO မှ အဓိကအခန်းကဏ္ဍမှ ပါဝင်ပုံကို ပိုမိုလေ့လာပါ။

https://tsunami.ioc.unesco.org/en

ယူနက်စကို
https://www.facebook.com/share/p/1BarfF8WAD/

To become “Tsunami-Ready,” a community must develop a tsunami risk reduction plan, designate and map tsunami hazard zones, create outreach and public education materials, and publicly display tsunami information. Learn more about how UNESCO plays a key role in establishing early warning systems and strengthen communities across the globe:

https://tsunami.ioc.unesco.org/en

UNESCO
https://www.facebook.com/share/p/1BarfF8WAD/

Myanmar Environmental Education Team

10 Nov, 15:02


EEET batch 2 Day 1 ppt slides ​တွေကို pdf format နဲ့ batch2 group ထဲ ထည့်​ပေးလိုက်ပါပြီ အဲဒီမှာ download လုပ်ယူကြပါ

Myanmar Environmental Education Team

10 Nov, 06:40


ဘူဖေးလည်းဖြစ်ပြန် မိမိအကြိုက် ဝက်နဲ့ပတ်သက်တာတွေအစုံရတော့ နည်းနည်း ပိုယူလိုက်မိတယ်။
ဘူဖေးဆိုတာ မိမိမပြန်မခြင်း စိတ်တိုင်းကျ အဝ စားလို့ရတဲ့ဆိုင်မို့ ပုံမှန်အားဖြစ် မိမိကုန်သလောက် လိုသလောက်လေးဘဲ ထည့်စားဖြစ်ပါတယ်။
လိုရင် အချိန်မရွေးထပ်ယူလို့ရနေတာဘဲလေ။
မကုန်မခမ်း မတရားတွေ လောဘစိတ်နဲ့ ထည့်ယူလာပြီး မကုန်တော့မှ အမှိုက်ပုံးထဲရောက်သွားတာကို နှမြောဆုံးပါဘဲ။
ဒါ့ကြောင့်ကုန်သလောက်လေးဘဲထည့်စားဖြစ်တယ်။

ဒီနေ့တော့ ဘယ်လိုဖြစ်သည်မသိ။ အလုပ်ကဘဲ အရမ်းပင်ပန်းပြီးမောလာလို့ဘဲလား။ ဝက်သားတွေမို့ အရမ်းအီသွားလို့လားမသိ မိမိထည့် ယူလာသည့်အစားအသောက်တွေကို ကုန်အောင်မစားနိုင်တော့ပါ။

အများကြီးတော့ ကျန်သည်မဟုတ်။ဟင်းရည်သောက် ပန်းကန်လုံးတစ်လုံးစာ။ သို့သော် ဝက်အူချောင်း နဲ့ ဝက်သုံးထပ်သားတွေမို့ လွင့်ပြစ်ရမှာနှမြောသည်။

မကုန်သည်များကို အမှိုက်ပုံးထဲသွားပြစ်လိုက်လို့လည်းရပါသည်။ ဘယ်သူကမှ ဘာမှပြောမည်မဟုတ်။
အခြားသူများလည်း မကုန်သည်များကို အမှိုက်ပုံးထဲ သွားပြစ်နေကြတာ မြင်တွေ့နေရသည်။

ဘူဖေးဆိုင်တွေရဲ့ဥပဒေက ပိုတဲ့ အသားလေးတစ်တုံးတောင် အိမ်ပြန်သယ်ခွင့်မရှိ။
ဆိုင်ထဲက အမှိုက်ပုံးထဲ လွင့်ပြစ်လိုက်တာက ပြစ်ခွင့်ရှိသည်။

မိမိမှာက မပြစ်ရက်။ နှမြောနေမိသည်။

ယူထားမိတဲ့ ဟင်းတွေကိုကြည့်ပြီး တစ်ယောက် ထဲ ချီတုန်ချတုန်ဖြစ်နေသည်။ ဆက်ပြီးတော့လည်း ကုန်အောင်မစားနိုင်။ ဘာလုပ်ရမှန်းမသိ။

အမှိုက်ပုံးထဲသွားပြစ်လိုက်ရင် ကိစ္စကပြီးပြီ။ လွယ်လွယ်လေး။

အထူးသဖြင့် အစားအစာတွေ ပြတ်လပ်ခက်ခဲနေကြတဲ့ တောထဲက စစ်ဘေးရှောင် ကလေး လူကြီးတွေရဲ့မျက်နှာလေးတွေကို သွားမြင်ယောင်မိသည်။

ဒီမြင်ကွင်းတွေသွားမြင်ယောင်မိတော့ ပိုပြီးမပြစ်ရက်။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

မိမိစားလက်စ ပိုနေသည့် ဟင်းတွေကို ပန်းကန်တစ်ခုထဲစုထည့်ပြီး ငွေရှင်းကောင်တာ သွားလိုက်သည်။

“ ဒီဟင်းတွေ အမှိုက်ပုံးထဲ ပြစ်လိုက်ရမှာ နှမြောလို့ မပြစ်ချင်လို့ ငါအိမ်ပြန်ယူသွားမယ်။ ကျသင့်သလောက် ယူပါ။ ငါ ပိုက်စံထပ်ပေးမယ်” လို့ ပွင့်ပွင့်လင်းလင်းဘဲပြောလိုက်သည်။

ဆိုင်ထဲမှာရှိနေတဲ့ ဖိလစ်ပင်း သင်္ဘောသားအချို့ကလည်း မိမိကို ဝိုင်းကြည့်နေကြသည်။

အဲဒီအခါမှာ ဆိုင်ရှင် ဖိလစ်ပင်း အဖွားကြီးက မိမိပုခုံးကို လာဖက်ပြီး

“ ဒါဟာ မှန်တဲ့လုပ်ရပ်ဘဲ။ ငွေလည်း ပေးစရာမလိုပါဘူး။ အိမ်ကိုယူသွားပါ။ အမှိုက်ပုံးထဲ သွားမပြစ်ဘဲ အခုလို ပွင့်ပွင့်လင်းလင်း လာပြောတဲ့ နင့်လုပ်ရပ်ကို သဘောကျတယ်” တဲ့

အဲဒါနဲ့ မိမိက ငွေအတင်းထပ်ပေး သူတို့က လုံးဝမယူတာနဲ့ အဲဒီ ဟင်းလက်ကျန်ပန်းကန်လေးကို ပလပ်စတစ်နဲ့ Wrap ပတ်ပြီး အိမ်ပြန်ယူခဲ့လိုက်ပါတယ်။

အခုညစာကို ပြန်ယူလာတဲ့ အဲဒီဟင်းကျန်လေးနဲ့ အိမ်မှာရှိတဲ့ ထမင်းလေးနဲ့စားလိုက်ရတာ အရသာရှိလိုက်တာ။
ဟင်းအရသာတာထက် အမှိုက်ပုံးထဲမရောက်သွားဘဲ အသုံးဝင် အကျိုးရှိသွားတယ် ဆိုတဲ့ အသိလေးက ပို အရသာရှိသွားတာပါ။
စာတွေထဲမှာဖတ်ခဲ့ဘူးတဲ့စကားလေးတစ်ခွန်းကိုလည်း သတိရလိုက်မိတယ်။

“သင့်အိပ်ကပ်ထဲက ငွေဆိုတာ သင့်ငွေ သင်တစ်ဦးထဲပိုင်တာ ဆိုင်တာပါ။
အစားအသောက်တွေဆိုတာ တစ်ကမ္ဘာလုံးက လူသားအားလုံးနဲ့ဆိုင်တယ်။ ပိုင်တယ်။ “
ငါ့ငွေနဲ့ငါ အစားအစာတွေကို မှာချင်ရာမှာမယ်။ သွန်ချင်သွန်မယ်။ ပြစ်ချင်ပြစ်မယ်။ လုပ်ချင်ရာလုပ်မယ်ဆိုပြီး ဖြုန်းတီးခွင့်မရှိဘူး။

ကမ္ဘာကြီးပေါ်မှာ အဟာရတွေပြတ်လပ် ပြီး ငတ်နေကြတဲ့ ကလေးလူကြီးတွေအများကြီးရှိနေကြတယ်ဆိုတဲ့ အသိလေးတစ်ခု ရှိနေဘို့ပါဘဲ။

Henry Aung

https://m.facebook.com/story.php?story_fbid=1823239904676795&id=100009724089955

Myanmar Environmental Education Team

10 Nov, 06:40


ဝန်ထမ်းမရသေးလို့ တစ်နေ့ကို ၁၂ နာရီ မိုးလင်းမိုးချုပ် ကိုယ်တိုင်လုပ်နေရလို့ မအားတဲ့ကြားက စာလေးတစ်ပုဒ် ရေးလိုက်အုံးမယ်။

Henry Aung

ယခု ဖွင့်ထားတဲ့ဆိုင်က ဖလော်ရီဒါပြည်နယ် ( Fort Lauderdale International Airport ) ဖို့လော်ဒါဒလေး နိုင်ငံတကာလေယာဉ်ကွင်းနဲ့ ကပ်ရက်။

ပြီးတော့ နိုင်ငံတကာ ကုန်တင်သင်္ဘောတွေ အပျော်စီးသင်္ဘောကြီးတွေ ဆိုက်ကပ်နေတဲ့ Port Everglades လို့ခေါ်တဲ့ သင်္ဘောဆိပ်ကမ်းနဲ့လည်းနီးတယ်။

မိမိဆိုင်နဲ့ တစ်လမ်းကျော်လောက်မှာ ဖိလစ်ပိုင် လူမျိုးအဖွားကြီးတစ်ယောက်က အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။
သူ့ဆိုင်မှာ ဖိလစ်ပိုင်ရိုးရာအစားအသောက်တွေကို ချက်ပြုပ်ပြီး ဘူဖေး ခင်းရောင်းတယ်။

ကြိုက်သလောက် အဝစား ၁၅ ဒေါ်လာယူတယ်။

ဖိလစ်ပိုင်အဖွားကြီးက မိမိအမေအရွယ်လောက်ရှိတယ်။ အသက်ကြီးပြီ။ စေတနာလည်းကောင်းသလို သဘောလည်းအရမ်းကောင်းတယ်။

ဆိုင်လေးက ခန်းခန်းနားနားတော့မဟုတ်ဘူး။ ရိုးရှင်းတယ်။ မိသားစုဆန်ဆန် အိမ်ဆိုင်လေး။

သူ့ဆိုင်ကို အဓိက လာစားကြတဲ့လူတွေက ကုန်တင်သင်္ဘောတွေ အပျော်စီးသင်္ဘောတွေပေါ်က ဖိလစ်ပိုင်လူမျိုး သင်္ဘောသားတွေများတယ်။

သူကလည်း သူ့လူမျိုးဖြစ်တဲ့ ဖိလစ်ပင်း သင်္ဘောသား တွေကိုအဓိကထားရည်ရွယ်ဖွင့်ထားတာ။
သူ့ဆိုင်ကို အမေရိကန်လူမျိုးတွေ လာစားကြတာ မရှိသလောက်ဘဲ။ အရမ်းနည်းတယ်။
သူ့ဆိုင်လေးမှာ သင်္ဘောသားတွေအတွက် အခြားဝန်ဆောင်မူ့ လုပ်ငန်းလေးတွေပါတွဲလုပ်တယ်။
သင်္ဘောသားတွေဆိုတာ ကမ်းကပ်လို့ ကုန်းပေါ်တက်ခွင့်ရတဲ့အချိန်လေးမှာ လိုတာလေးတွေဝယ်ချင်တယ်။ မိသားစုဆီဖုန်းဆက်စကားပြောချင်တယ်။ ငွေလွှဲချင်တယ်။
ပြီးတော့ Amazon လို Online ကနေပစ္စည်းတွေဝယ်ဘို့ သင်္ဘောသားတိုင်းမှာ Visa , Master Card တွေမရှိကြဘူး။ Cash ငွေသားတွေဘဲရှိကြတယ်။

ဝယ်ပြီးလို့ Delivery လာပို့ရင်လည်း ကိုယ့်ပစ္စည်းကိုလက်ခံထားပေးမယ့် အိမ်လိပ်စာက ကုန်းပေါ်မှာ မရှိကြဘူး။

ဒီကိစ္စမျိုးတွေကိုလည်း ဒီဆိုင်လေးက လက်ခံလုပ်ပေးတယ်။
ကုန်းပေါ်မှာဟိုဟိုဒီဒီသွားချင်ရင်လည်း ကားနဲ့လိုက်ပို့ပေးတဲ့ ဝန်ဆောင်မူ့လည်းလုပ်ပေးတယ်။
သင်္ဘောသားတွေနဲ့ပတ်သက်တဲ့ အခြားဝန်ဆောင်မူ့ လုပ်ငန်းတွေလည်း လုပ်တယ်။

မိမိသင်္ဘောသားဘဝတုန်းကလည်း ဒီလိုမျိုးတွေ တွေ့ကြုံဖြတ်သန်းခဲ့ရတယ်။

မိမိတို့ခေတ်က အင်တာနက်ဆိုတာမရှိသေးဘူး။
သင်္ဘောကမ်းကပ်တုန်း မြန်မာပြည်အိမ်က မိဘတွေနဲ့စကားပြောခွင့်ရဘို့ အိမ်ကကြိုးဖုန်းကို ခေါ်ရတယ်။
၁၀ ဒေါ်လာပေးရတဲ့ ခဲခြစ်ဖုန်းကဒ်နဲ့ ဝယ်ခေါ်ရတယ်။ ၁၀ ဒေါ်လာကို ၅ မိနစ် ဘဲရတယ်။ ၅ မိနစ်လည်းပြည့် ၁၀ ဒေါ်လာလည်းကုန်။

အခု သင်္ဘောသားတွေကိုမြင်လိုက်ရတော့ လွန်ခဲ့တဲ့အနှစ်၂၀ ကျော်က မိမိရဲ့သင်္ဘောသားဘဝတွေကို ပြန်သတိရလိုက်မိတယ်။

ဒီနေ့ နေ့လည်စာကို အဲဒီ ဖိလစ်ပိုင်လူမျိုး အဖွားကြီးဆိုင်မှာ သွားစားဖြစ်တယ်။

မိမိရောက်သွားတဲ့အချိန်မှာဆိုင်ထဲမှာ မိမိတို့ သင်္ဘောသားအခေါ် ဖါးတွေလို့ခေါ်တဲ့ ဖိလစ်ပိုင်လူမျိုး သင်္ဘောသားတွေနဲ့စည်ကားနေတယ်။
ဆိုင်ရှင်နဲ့အလုပ်သမားတွေကလည်း သူတို့လူမျိုးတွေဆိုတော့ သူတို့ဘာသာစကားနဲ့ စကားတွေပြောကြ စားကြ သောက်ကြနဲ့ ဖိလစ်ပိုင်နိုင်ငံကိုပြန်ရောက်သွားကြသလို ပျော်ရွှင်နေကြတယ်။

တစ်ဆိုင်လုံးမှာ လူမျိုးခြားဆိုလို့ မိမိတစ်ယောက်ထဲဘဲရှိတယ်။
သူတို့ကလည်း မိမိကို ဖိလစ်ပိုင်လူမျိုး သင်္ဘောသားတစ်ယောက် သင်္ဘောကမ်းကပ်လို့ ကုန်းပေါ်တက်လာတဲ့လူလို့ ထင်နေကြတယ်။

မိမိကို ဖိလစ်ပိုင်စကားတွေနဲ့ လာနူပ်ဆက်ကြတဲ့အခါမှာ မိမိက အင်္ဂလိပ်လို ပြန်ပြောတော့မှ ဖိလစ်ပိုင်လူမျိုးမဟုတ်မှန်းသိသွားကြတယ်။

ဆိုင်ထဲက သင်္ဘောသားတွေကိုကြည့်ပြီး တစ်ချိန်က မိမိရဲ့ သင်္ဘောသားဘဝကို ပြန်အမှတ်ရ လွမ်းသွားမိတယ်။

သင်္ဘောသားဘဝဆိုတာ ဒီလိုပါဘဲ။ သင်္ဘောပေါ်မှာ ပင်ပန်းလာခဲ့သမျှ ကုန်းပေါ်ရောက်တဲ့အချိန်လေးမှာ အပန်းပြေ အမောဖြေရတယ်။

အဓိကပြောချင်တာက ဖိလစ်ပိုင်ဘူဖေးဆိုင်လေးနဲ့ ဒီနေ့ဖြစ်ခဲ့တဲ့ မိမိရဲ့အဖြစ်။

ဖိလစ်ပိုင်လူမျိုးတွေက ဝက်သား တော်တော်ကြိုက်ကြတယ်နဲ့တူတယ်။

ဆိုင်မှာ ချက်ပြုတ်ပြီး ခင်းထားပေးတဲ့ အစားအသောက်တွေက ဝက်နဲ့ပတ်သက်တာတွေကြီးဘဲ။

ဝက်သားသုံးထပ်သား၊ ဝက်လက် ဝက်ခြေထောက်၊ ဝက်ကလီဇာ၊ ဝက်အူချောင်း ၊ ဝက်နံရိုး ၊ စုံလို့ပါဘဲ။
ဖလော်ရီဒါတောင်ပိုင်းက ဝက်သားကြိုက်တဲ့ မြန်မာများ အဲဒီဆိုင်လေးမှာသွားစားဘူးတယ်ရှိအောင် သွားစားကြည့်ကြပါ။
အမေရိကမှာ တရုပ်ဆိုင် ကုလားဆိုင် ဂျပန်ဆိုင် ယိုးဒယား ထိုင်းစားသောက်ဆိုင်တွေသာ အများစုရှိကြပြီး အခုလို ဖိလစ်ပင်း အိမ်ဆိုင်လေးကတော့ တွေ့ရဘို့ စားရဘို့ ခဲယဉ်းတယ်။
သင်္ဘောသားတွေအများစု လာကြတဲ့ ဆိပ်ကမ်းနဲ့ကပ်နေတဲ့မြို့လေးမို့ ဒီဆိုင်လေးရှိနေတာပါ။

ပြီးတော့အမေရိကန် လူမျိုးတွေက ဝက်သားဆို အသားသက်သက် တစ်မျိုးထဲသာစားတတ်ကြတဲ့လူမျိုးတွေမို့

အမေရိကမှာ အခုလို သုံးထပ်သား ၊ ဝက်ကလီစာ၊ ဝက်လက် ဝက်ခြေထောက် အစုံချက်ရောင်းတဲ့ဆိုင်မျိုးဆိုတာ စားရဘို့မလွယ်။ ရှားမှရှား။

မိမိကလည်း ဝက်သားအလွန်ကြိုက်တတ်တဲ့လူမို့ ဒီဆိုင်လေးထဲရောက်သွားတဲ့အချိန်မှာ အရမ်းပျော်သွားတယ်။

Myanmar Environmental Education Team

09 Nov, 14:34


ကလေးတို့သည် မိမိရှင်သန် ကြီးပြင်း မှုတို့
ကနေ လောကအကြောင်းသိလာလိမ့်မည်။

​ဒေါက်တာမြင့်လွင်
ပါ​မောက္ခ(စိတ်ပညာ)
ပါ​​မောက္ခချုပ်(ငြိမ်း)

အဆိုအငေါက်ခံရသော ကလေးတို့သည်
ပြစ်တင်ရှုပ်ချတတ်မှုတို့ကို သိလာလိမ့်မည်။

ရန်လိုခြင်းခံရသောကလေးတို့သည်
ရန်ဖြစ်ရမှန်း သိလာလိမ့်မယ်။

လှောင်ပြောင်သရော်ခြင်းခံရပါက
ရှက်တတ်သောကလေးများဖြစ်လာလိမ့်မည်။

သည်းခံမှုတို့နှင်အတူကြီးပြင်းလာသောကလေးသည်
စိတ်ရှည်သည်းခံရမှန်း သိလာလိမ့်မည်။

အားပေးမှုတို့နှင်အတူကြီးပြင်းလာရသောကလေးသည်
ယုံကြည်စိတ်ရှိဖို့ သိလာလိမ့်မည်။

ချီးမွမ်းခံရသောကလေးတို့သည်
ကျေးဇူးတင်ရမည်ကို သိလာလိမ့်မည်။

တရားမျှတမှုနှင့်ကြီးပြင်းရသောကလေးသည်
တရားမျှတမှုရှိရန် သိလာလိမ့်မည်။

စိတ်လုံခြုံစွာကြီးပြင်းရသောကလေးသည်
လောကကြီးကို ယုံကြည်တတ်ဖို့သိလာလိမ့်မည်။

သဘောကျထောက်ခံမှုတို့နှင့်ကြီးပြင်းလာသော
ကလေးသည် မိမိကိုယ်ကို သဘောကျလိမ့်မည်။

မိမိအပေါ်လက်ခံမှု၊ ဖော်ရွေမှုတို့နှင့် ကြီးပြင်း
လာသောကလေးတို့သည် ကမ္ဘာလောကကြီး
ကို ချစ်ခင်ရကြောင်းသိလာလိမ့်မည်။

https://www.facebook.com/share/p/1AaN8qkr3e/

Myanmar Environmental Education Team

09 Nov, 05:48


🌵မြန်မာပြည်မှာ သဲကန္တာရဆန်ဆန်နေရာလေးတစ်ခုရှိတယ်။ ကန္တာရလို့ဆိုလိုက်ရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အပင်တွေပေါက်တာနည်းပြီး မိုးနည်းတဲ့ဒေသတွေဖြစ်တာမို့ အဲဒီနေရာက အညာဒေသတစ်ဝိုက်ကလို့တော့ မထင်လိုက်ပါနဲ့။

🍃ဒီနေရာလေးက ရှမ်းပြည်မြောက်ပိုင်းက နေရာလေးတစ်ခုမှာရှိတာပါ။ ကိုဗစ်မတိုင်ခင် ၂၀၁၈ ၊ ၂၀၁၉ လောက်မှာ ဒီနေရာလေးက ခရီးသွားတွေကြားထဲမှာ နာမည်တစ်ခါကြီးဖူးပြီး အဲဒီနောက်ပိုင်းမှာတော့ လူတွမေ့မေ့ပျောက်ပျောက်ဖြစ်သွားတဲ့နေရာလေးတစ်ခုပေါ့။

🐪ခုကျွန်တော်ပြောပြမယ့် ကန္တာရဆန်ဆန်နေရာလေးက အဲဒီမြို့လေးထဲမှာရှိတာပါ။
ဒီမြို့လေးက တော်တော်လေးကို လှတဲ့ တောင်တန်းတွေရဲ့ကြားထဲမှာရှိပြီး ၊ 🏗️သတ္တုတူးဖော်တဲ့မြို့လေးဖြစ်သလို ၊ မြို့ရဲ့ကြမ်းပြင်အောက် ပေရာဂဏန်းလောက်ထိကိုလည်း လူတွေဆင်းကြည့်လို့ရတဲ့နေရာလေးပါ။

⛏️အင်္ဂလိပ်လက်ထက်ကတည်းကနေ သတ္တုတူးကြတာဖြစ်တဲ့အတွက် အဲဒီမြို့လေးက အဆောက်အဦတွေဆိုရင် ကိုလိုနီခေတ်စတိုင်တွေကိုဖြစ်လို့ပါပဲ။ သတ္တုတူးပြီးလို့ သတ္တုသန့်စင်တဲ့အဆင့်တွေရဲ့နောက်ဆုံးမှာ တူးထားတဲ့မြေကြီးတွေကိုစွန့်ပစ်ရပါတယ်။ စွန့်ပစ်မြေစာလို့ခေါ်ကြတာပေါ့။

ခုပြောတဲ့ ကန္တာရဆန်ဆန်နေရာကို သဲကျင်း (သဲကွင်း) လို့ခေါ်ပြီး အဲဒီစွန့်ပစ်မြေစာပုံကနေပြီး လှလှပပ အလွှာအဆင့်ဆင့်နဲ့မြေသားအထပ်လိုက်ပုံနေတဲ့ (Formation) ကြီးဖြစ်သွားတာပါ။ စွန့်ပစ်အလှတရားလို့ပဲဆိုရမှာပေါ့။

ဇာတ်လမ်းက ဒီမှာမပြီးပါဘူး။ စက်ရုံက စွန့်ပစ်ထားတဲ့ မြေစာတွေဖြစ်တဲ့အတွက် ဒီမြေကြီးထဲမှာ ဓာတုဓာတ်တွေပါပြီး ၊ ဓာတုအဆိပ်တွေလည်းပါတယ်လို့ဆိုကြပါတယ်။ ☠️ အဲဒီတုန်းကတော့ အဆိပ်သင့်မြေကြီးပေါ်မှာ မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်နေမှန်းကိုယ့်ကိုယ်ကိုမသိခဲ့ပါဘူး။

အဲဒီစွန့်ပစ်မြေစာပေါ် မိုးရွာချတဲ့အခါလည်း ၊ မြေစာပုံပေါ်ကနေစီးကျသွားတဲ့ရေတွေက ရေချောင်းတွေထဲစီးဝင်တဲ့အခါ ငါးတွေ ေ_သကြတယ်လို့လည်း တချို့ကပြောကြတယ်။

တစ်ခါတစ်လေ ကျွန်တော်တို့က လှလို့ဆိုပြီးကြည့်မိနေတတ်တဲ့အရာတချို့က သဘာဝပတ်ဝန်းကျင်အတွက် အဆိပ်တစ်ခုဖြစ်နေတတ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်အပါအဝင်ဒီနေရာလေးကို တော်တော်များများရောက်ဖူးကြမယ်ထင်ပါတယ်။ ခုတော့ အဲဒီနေရာလေးကို သွားဖို့မဖြစ်နိုင်ပေမယ့် တစ်နေ့ကြရင်တော့ပြန်သွားပြီး သတ္တုလုပ်ငန်းခွင်ထဲ မြေအောက်ပေ ၁၀၀ အထိ ဓာတ်လှေကားကြီးနဲ့ဆင်းကြည့်ချင်ပါသေးတယ်။

Yours in Adventure
Saw Ko Oo (Backpacker’s Notes)

#မသေခင်ကမ္ဘာကြီးကိုကြည့်သွားမယ်_ကျောပိုးအိတ်လေးလွယ်ပြီးတော့

Credit : Backpacker’s Notes
https://www.facebook.com/share/p/15EiDQRJxS/

Myanmar Environmental Education Team

08 Nov, 06:31


Educators ​တွေက အမြဲတမ်း update ဖြစ်​အောင် ​လေ့လာသင်ယူ​နေကြရပါမယ်

Myanmar Environmental Education Team

08 Nov, 06:17


စက္ကူ​ပေါ်မှာ ပုံနှိပ်မင်နဲ့ ပုံနှိပ်ထားတဲ့ စာရွက်​တွေ ( သတင်းစာ/ဂျာနယ်/မဂ္ဂဇင်း )နဲ့ စားစရာ​တွေကို အထူးသဖြင့် ပူ​နေတဲ့အရာ​တွေကို မထုတ်ပိုးသင့်ပါဘူး ..

ပုံနှိပ်မင်​တွေထဲမှာ ဓါတုပစ္စည်း​တွေ ပါဝင်​နေတာ​ကြောင့် အဲဒါ​တွေက ပူ​နေတဲ့စားစရာ​တွေထဲကို ​ပျော်ဝင်သွားပြီး စားမိတဲ့လူ​တွေကို အဆိပ်သင့်​စေလို့ပါ ..

​ခေါက်မုန့်၊ ဘိန်းမုန့်၊ မုန့်ပျားသလက်၊ အ​ကြော်စုံ​တွေကို သတင်းစာစက္ကူနဲ့ ခင်း​ရောင်း​နေတာ၊ ထုတ်ပိုး​ပေး​နေတာ​တွေဟာ မြန်မာပြည်သူ​တွေအတွက် used to ဖြစ်​နေပြီလို့​တောင် ​ပြောလို့ရပါတယ် ..

ဒါ​ကြောင့်လည်း မြန်မာပြည်ဟာ ကမ္ဘာ​ပေါ်မှာ ကင်ဆာ​ရောဂါသည်အများဆုံး ထိပ်ဆုံးက နိုင်ငံ​တွေထဲမှာ ပါ​နေရတာပါ ..

ကျွန်​တော်တို့ငယ်ငယ်က( ၁၉၇၀ ~ ၁၉၈၀​ကျော် ) ပလပ်စတစ်အိတ်​တွေ မ​ပေါ​သေးပါဘူး၊ စားစရာ​တွေကို စက္ကူအိတ်နဲ့ စာရွက်နဲ့ သတင်းစာနဲ့ပဲ ထုပ်ပိုးပြီး ​ရောင်းကြဝယ်ကြရတာပါ ..

အခုပုံထဲက ထမင်းထုပ်လို/​ခေါက်ဆွဲ​ကြော်လိုမျိုးကို​တော့ ဖက်ရွက်​ပေါ်မှာ စားစရာကို တိုက်ရိုက်တင်တာပါ၊ ဖက်ရဲ့​အောက်မှာမှ သတင်းစာစက္ကူကို ခံပါတယ်၊ ပြီးရင် ဖက်နဲ့စက္ကူအထပ်လိုက်ကို ​လေးချက်​ခေါက်ပြီး စားစရာကို ထုပ်ပိုးပြီး သင်အူကြိုးနဲ့ ချည်​ပေးလိုက်တာပါ ..

အချဥ်ကိုမှ ပလတ်စတစ်အိတ်​သေး​သေး​လေးနဲ့ထည့်ပြီး တွဲချည်​ပေးလိုက်ပါတယ် ..

ကျန်းမာဖို့ ပညာရှိဖို့လိုပါတယ် ..

Photo : Credit

Myanmar Environmental Education Team

08 Nov, 05:34


လေဟုန်ကို ဆန်...အ​ဝေးဆုံးကို ပျံ 🤣

Myanmar Environmental Education Team

08 Nov, 05:26


အလှူခံမဏ္ဍပ်​တွေ၊ဂေါပကလူကြီး​တွေအတွက်​🤭

Myanmar Environmental Education Team

07 Nov, 14:17


ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်ထုတ်လုပ်မှု ရပ်တန့်သွားတာကြောင့် ကမ္ဘာ့မြေရှားသတ္တုဈေးကွက် အကျပ်အတည်းဖြစ်လာ

Credit : BVJ
ထက်အောင် _ နိုဝင်ဘာ ၇ ၊ ၂၀၂၄

“မြေရှားသတ္တုရဖို့ လုပ်ငန်းရှင်တွေ ကမ္ဘာပတ်ရှာဖွေနေရပြီ” ဒီစကားစုလေးက ဂျိမ်းချင်းရဲ့ ပြောစကားကို South China Morning Post သတင်းဌာနမှာ ပြန်လည်ဖော်ပြထားတာပါ။ ဂျိမ်းက ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ Tasmania တက္ကသိုလ်မှာ အာရှရေးရာလေ့လာနေသူ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ မြေရှားသတ္တုထုတ်လုပ်တင်ပို့မှု ရပ်တန့်သွားတဲ့အတွက် မြေရှား သတ္တုနဲ့ပတ်သက်ပြီး ဂျိမ်းရဲ့ မှတ်ပြုပြောစကားဟာ နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ လက်တွေ့ အခြေ အနေကို ထင်ဟပ်စေပါတယ်။

ကမ္ဘာ့ဈေးကွက်ကိုတင်ပို့နေတဲ့ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ထွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေက ဈေးကွက်ထဲမှာ မြေရှားသတ္တု ပြတ်လပ်လာပြီး ဈေးနှုန်းထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါ၊ ဆော်လောနဲ့ ဖီမော်မြို့နယ်တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အောက်တိုဘာလပိုင်းကတည်းက စတင်ထိန်းချုပ်လာနိုင်ခဲ့ချိန် အဲ့ဒေသတွေမှာရှိတဲ့ မြေရှားသတ္တုလုပ်ငန်း တူးဖော်မှုတွေဟာလည်း ရပ်တန့်သွားခဲ့ရပါတယ်။ တရုတ်လုပ်ငန်းရှင်တွေကိုလည်း တရုတ်ဘက်က ပြန်ခေါ်ခဲ့ပြီး နယ်စပ်ဂိတ်ကိုပါ ပိတ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တုကို ကမ္ဘာ့ဈေးကွက်မှာရှိတဲ့ လျှပ်စစ်ကား၊ စမတ်ဖုန်း အစရှိတဲ့ နည်းပညာဆိုင်လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနေတာပါ။ မြန်မာနိုင်ငံကနေ မြေရှားသတ္တုကုန်ကြမ်း မှာယူတင်ပို့ပြီး တရုတ်နိုင်ငံက ကမ္ဘာကို ဈေးကွက်ကို ပြန်ဖြန့်တာပါ။ ကမ္ဘာတစ်ဝန်း မြေရှားသတ္တုထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို တရုတ်က ထုတ်ချုပ်ထားပါတယ်။

KIA ထိန်းချုပ်လိုက်တဲ့ ဒေသတွေက မြေရှားသတ္တုလုပ်ငန်းတွေ ရပ်တန့်သွားတာ အချိန်ဘယ် လောက်ထိကြာဦးမလဲ အတိအကျ မသိနိုင်သေးပါဘူး။ မြေရှားသတ္တု ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်တာကြောင့် KIA အနေနဲ့ တိကျတဲ့မူဝါဒတွေ ချမှတ်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်က မြေရှားသတ္တုကုန်ကြမ်း မက်ထရစ်တန် ၅၀၀၀၀ နီးပါး မြန်မာနိုင်ငံကနေ တရုတ်ဘက်ကို တင်ပို့ခဲ့ပါတယ်။ KIA က ပန်ဝါနဲ့ ချီဖွေမြို့ကို မထိန်းချုပ်ခင်အထိ ၂၀၂၄ ဇန်နဝါရီ လကနေ စက်တင်ဘာလအတွင်း မြေရှားသတ္တုတန်ချိန် ၃၁၀၀၀ ကို တရုတ်နိုင်ငံဘက် တင်ပို့ထားပြီး ဖြစ်တယ်လို့ Global Times ကလည်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း မြေရှားသတ္တု တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်အထိ ဝင်ငွေရရှိခဲ့တယ်လို့ Global Witness ကလည်း ၂၀၂၄ ခုနှစ် မေလမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်း မြေရှားသ တ္တုဈေးနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာမှုနဲ့အတူ မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ ကုန်ကြမ်း ရပ်တန့်သွားတာကြောင့် တရုတ်ကုန်သည်တွေအနေနဲ့လည်း မြေရှားသတ္တုဈေးနှုန်း ထပ်မံမြင့် တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ကုန်ကြမ်းထုတ်ပေးနေတဲ့ မြန်မာနိုင်ငံက မြေရှားတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်သွားတာကြောင့် ကမ္ဘာ့ဈေးကွက်မှာလည်း မြေရှားသတ္တုပြတ်လပ်မှု အကျပ်အတည်းဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Photo: Global Witness

https://www.facebook.com/share/p/1E4EeZAhQv/

Myanmar Environmental Education Team

06 Nov, 18:22


Decides to inscribe Myanmar traditional New Year Atā Thingyan festival on the Representative List.

၂၀၂၄ နိုဝင်ဘာ ၄ ရက်နေ့တွင်မြန်မာ့ရိုးရာအတာသင်္ကြန် သည်ပထမဆုံးသော ယူနက်စကိုဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်သွားပါပြီ။

Credit : Ohnmar Myo
https://www.facebook.com/share/p/1H6JbGoQXS/

Myanmar Environmental Education Team

06 Nov, 07:18


နှစ်ပေါင်း ၁၃၀ အတွင်း ဆီးနှင်းကျဆင်းမှု​နောက်ကျခြင်းကို စံချိန်တင်ခဲ့ပြီးနောက် တလကျော်အကြာ၊ ဗုဒ္ဓဟူးနေ့တွင် ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ထိပ်၌ ၎င်း၏အမှတ်အသားဖြစ်​သော ဆီးနှင်းများကို ပြန်လည်ဖုံးလွှမ်း​နေပြီဖြစ်သည်။

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတခုဖြစ်သည့် ဖူဂျီတောင်ပေါ်၌ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးနှင်းကျခြင်းကို ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် တောင်၏ အနောက်တောင်ဘက်ခြမ်းမှ မြင်တွေ့နိုင်သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီ Shizuoka ဌာနခွဲမှ ပြောကြားခဲ့သည်။

သို့သော် ၁၉၈၄ ခုနှစ်ကတည်းက ကြေငြာချက်ကို တာဝန်ယူဆောင်ရွက်ခဲ့​သော တောင်တစ်ဖက်ခြမ်းရှိ JMA ၏ Kofu ဒေသဆိုင်ရာ မိုးလေဝသရုံးကတိမ်ထူထပ်သော ရာသီဥတုကြောင့် နှင်းများကို ယခုထိ မမြင်နိုင်သေးကြောင်း ဆိုသည်။

ပုံမှန်အားဖြင့် ၃၇၇၆ မီတာ (ပေ ၁၂၃၀၀ နီးပါး) မြင့်သော ဖူဂျီတောင်သည် နွေရာသီတောင်တက်ရာသီကုန်ဆုံးပြီး တလခန့်အကြာ အောက်တိုဘာ ၂ ရက်နေ့မှစ၍ တောင်ထိပ်တွင် ဆီးနှင်းများ စတင်ကျဆင်းဖုံးလွှမ်း​လေ့ရှိသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက်တွင် တောင်ထိပ်ပေါ်သို့ ဆီးနှင်းများ စတင်ကျဆင်းခဲ့ကြောင်း JMA မှ သိရသည်။

ယခု နှင်းများပြန်လည်ကျဆင်းနေပြီဖြစ်​သော​ကြောင့်၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မှတ်တမ်းဝင်ခဲ့သော ယခင် နှင်းကျဆင်းဖုံးလွှမ်းခြင်း​နောက်ကျခြင်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြား သည်။

Credit: TOKYO (AP)

Japan’s Mount Fuji finally got its trademark snowcap on Wednesday, more than a month after it normally would, after setting a record for the most-delayed snowfall in 130 years.

The first snowfall on Mt. Fuji, a UNESCO World Heritage site, could be seen from the southwestern side of the mountain early Wednesday, according to the Shizuoka branch of the Japan Meteorological Agency.

But the JMA’s Kofu Local Meteorological Office, which is on the other side of the mountain and has been in charge of making the announcement since 1984, still could not see the snow due to cloudy weather — meaning it’s not official yet.

The lack of snow on Mt. Fuji, a UNESCO World Heritage site, as of Tuesday already broke the previous record set on Oct. 26, 2016, meteorological officials said.

Usually, the 3,776-meter- (nearly 12,300-foot-) high mountain has sprinkles of snow falling on its summit starting Oct. 2, about a month after the summertime hiking season there ends. Last year, snow fell on the mountain on Oct. 5, according to the JMA.

https://apnews.com/article/japan-mt-fuji-snowless-climate-change-82e3918efb149a5caf7865eca3c8baf8

Myanmar Environmental Education Team

05 Nov, 17:51


"ပတ်ဝန်းကျင်ပညာ"သင်ကြား​ရေးကို စိတ်ပါဝင်စားသူများ ​တွေ့ဆုံဆွေး​နွေးနိုင်ရန်အတွက် Myanmar Environmental Educators Group ကို စတင်လိုက်ပါသည်။

စိတ်ပါဝင်စားသူများနှင့် သင်တန်းသူ သင်တန်းသားများကို ဖိတ်​ခေါ်ပါသည်။

Private group ဖြစ်သည့်အတွက် request လုပ်​ပေးကြဖို့ ​မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/share/g/15YqdcYonz/

Myanmar Environmental Education Team

05 Nov, 15:41


မြန်မာအပါအဝင် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေမှာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှု အနည်းဆုံး LDC လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ၄၅ နိုင်ငံမှာ ကာဗွန်ဈေးကွက် ခေါ် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) က မနေ့က အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းပါတယ်။

ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုတွေနဲ့ ငွေကြေးပံ့ပိုးရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာ ကာဗွန်ဈေးကွက်၊ ကာဗွန်ဝန်ဆောင်မှုနဲ့ ဂေဟစနစ် ဖွံ့ဖြိုးရေး အထောက်အကူပြု စီးပွားလုပ် လုပ်ငန်းတွေလုပ်ကိုင်ဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။

ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့နဲ့ ဖန်လုံအိမ် အာနိသင်ဓါတ်ငွေ့ အကန့်အသတ်နဲ့ထုတ်လုပ်ပြီး ရောင်းဝယ်နိုင်ခွင့်ရှိတဲ့ Carbon Credit နဲ့ ခွင့်ပြုတာဟာ ကမ္ဘာပေါ်က ထိခိုက်နိုင်ခြေအရှိဆုံးနဲ့ အနိမ့်ကျဆုံးစီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးအောင်မြှင့်တင်ပေးနိုင်မယ်လို့ အစီရင်ခံစာကရေးသားထားပါတယ်။

လွန်ခဲ့တဲ့ ၅၁ နှစ်ကစပြီး ကမ္ဘာ့ပေါ်မှာဖွံ့ဖြိုးမှုအနည်းဆုံး ၂၅ နိုင်ငံကို ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ အစမှာ ၂၅ နိုင်ငံပဲရှိခဲ့ပေမဲ့ ၁၉၉၁ ခုနှစ်မှာ ၅၂ နိုင်ငံအထိ အများဆုံးဖြစ်ခဲ့ပါတယ်။

လက်ရှိ ၄၅ နိုင်ငံကျန်နေပြီး မြန်မာနိုင်ငံကတော့ ၁၉၈၇ ခုနှစ်ကတည်းက ဖွံဖြိုးမှုအနည်းဆုံး LDC နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

https://burmese.voanews.com/a/unctad-ldc-un-myanmar-greenhouse-affect-cabon-market-the-least-developed-countries-2024/7851882.html

မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး ၄၅ နိုင်ငံပြမြေပုံ။ (Crd: UNCTAD.org)

VOA
https://www.facebook.com/share/19Ro8PJZUV/

Myanmar Environmental Education Team

05 Nov, 09:05


မေး။ ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့သည် အတူတူပဲလား။

ဖြေ။ အဆိုပါဝေါဟာရနှစ်ခုသည် အဓိပ္ပာယ် တူသယောင်ယောင် ရှိသဖြင့် တစ်ခုနှင့်တစ်ခု အပြန်အလှန် အလဲအလှယ် သုံးစွဲလေ့ရှိကြပါသည်။ သို့သော် တိတိကျကျ ဆိုရလျှင် မတူပါ။

ကမ္ဘာကြီးပူနွေးလာခြင်းဟု ပြောရာတွင် ရုတ်တရက်ဆိုပါက ကမ္ဘာလုံးကြီး သို့မဟုတ် ကမ္ဘာ့မြေထု ပူလာသည်ဟု ထင်နိုင်သော်လည်း စင်စစ်တွင် ကမ္ဘာ့လေထု အပူချိန်တက်လာ၊ ထိုမှတဆင့် ရေထုပါ လိုက်ပူလာခြင်းကို ဆိုလိုပါသည်။

ရာသီဥတုပြောင်းလဲခြင်းကို "ကမ္ဘာ့လေထုအပူချိန်နှင့် မိုးလေဝသစနစ်များ ရေရှည်ကာလတွင် ပြောင်းလဲသွားခြင်း" ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။

ပူ၍ ပွလာသောလေထုသည် ရေငွေ့များကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာသည်။ တချိန်တည်းတွင် ရေထု ပိုပူလာသဖြင့် လေထုထဲ ရေငွေ့တွေ ပိုရောက်သည်။ ပိုရောက်လာပြီး ပိုလက်ခံထားသောရေငွေ့များ နောက်ဆုံး မိုးအဖြစ် ရွာကျသောအခါ အရင်ကထက် ပိုပြီး သည်းထန်လာသည်။

အပူသည် စွမ်းအင်တစ်မျိုး ဖြစ်၍ ပူလာသောလေနှင့် ရေငွေ့များကြောင့် မုန်တိုင်းများ ပိုအားကောင်းလာသည်။

ပူလာသောလေထုကြောင့် ရေခဲပြင်များ ပိုပြီး အရည်ပျော်လာသည်။ ကုန်းပေါ်ဂေဟစနစ်များ ပျက်စီးသည်။

ကုန်းပေါ်ရေခဲပြင်များ အရည်ပျော်မှုမှ စီးဝင်လာသော ရေများကြောင့် လည်းကောင်း၊ ပူလာသောရေထု ပွယောင်းလာခြင်းကြောင့် လည်းကောင်း၊ ပင်လယ်ရေပြင် မြင့်တက်လာသည်။ အဏ္ဏဝါဂေဟစနစ်များ ပျက်စီးသည်။

တနည်းဆိုရလျှင် ရုပ်ကြွင်းလောင်စာ အသုံးများခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ အဝင်များခြင်းဟူသော အကြောင်းများကြောင့် ကမ္ဘာကြီး၏ လေထုနှင့်ရေထု ပူနွေးလာခြင်းဟူသော အကျိုးဖြစ်ပေါ်သည်။ တဖန် ကမ္ဘာကြီးပူနွေးလာခြင်းအကြောင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းအကျိုး ဖြစ်ပေါ်ပါသည်။

U Kyaw Oo

https://www.facebook.com/share/185nqM1aWE/

Myanmar Environmental Education Team

05 Nov, 07:16


မြေရှားသတ္တုဆိုတာဘာလဲ။
(လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း။)

Wise News

ဒီတခေါက်တော့ လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

မြေရှားသတ္တု (သို့မဟုတ်) မြေရှားဒြပ်စင် ဆိုတာ သဘာဝဒြပ်စင်မဟုတ်ဘဲ လူလုပ်ဒြပ်စင်တမျိုးသာ ဖြစ်ပါတယ်လို့ဆိုရင် စာရှု့သူတို့ အံ့အား သင့်သွားမှာပါ။

တနည်းအားဖြင့် Natural Product မဟုတ်ဘဲ Synthesis Product လို့ ပြောတာပါ။

သူ့ကို REE ( Rare Earth Elements ) လို့ခေါ်ပြီး REE ထဲမှာ သတ္တုဒြပ်စင်တွေ (၁၇) မျိုးအထိ ရောနှောပါဝင်နေပါတယ်တဲ့။ သူတို့ဟာ ဒြပ်ပေါင်းအနေနဲ့ တည်ရှိနေတာဖြစ်ပြီး ဓါတုဖွဲ့စည်းပုံအရ တစ်ခုနဲ့တစ်ခု ခွဲခြားထုတ်ယူဖို့ ခက်ပါတယ်။

REE တွေကို ခွဲထုတ်ဖို့ခက်ခဲလို့ ရှားပါးမြေသား (Rare Earth)လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

သူက တခြားတွင်းထွက်ဒြပ်စင်တွေလို အစုလိုက်အပုံလိုက် ရှိနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး။

ဒါပေမဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ အပေါ်ယံအလွှာ (Outer shell) တနည်း (Earth Crust) မှာတော့ မြေသား၊ ကျောက်သားတွေနဲ့ ရောနှောပြီးအများအပြား ပါဝင်နေပါတယ်တဲ့။

မြေရှားသတ္တုကို စတင်တွေ့ရှိတာကတော့ ၁၇၈၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံရဲ့ Ytterby အရပ်မှာ Lieutenant Carl Axel Arrhenius ဆိုသူက တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အရပ်ကိုစွဲလို့ Ytterbite လို့ အမည်ပေးခဲ့ကြပါတယ်။

၁၈၀၀ ခုနှစ်လောက်မှာ ဂါနိုလီနိုက် (Gadolinite) လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။

နောက်ထပ် အနှစ် (၃၀) လောက်အကြာမှာတော့ သတ္တုရိုင်း (Ores) နှစ်မျိုးဖြစ်တဲ့ (Ceria) ဆီရီယာနဲ့ (Yttria) ယက်ထရီယာတို့မှာ ဒီ မြေရှားဒြပ်စင် (REE) တွေ ရောနှောပါဝင်နေတာကို တွေ့ရှိခဲ့ကြပြန်ပါတယ်။

ဒီနေ့ခေတ်မှာတော့ REE တွေကို အပေါ့စား (Light REE)၊ အလတ် စား (Medium REE) နဲ့ အလေးစား (Heavy REE) ဆိုပြီး (၃) မျိုး ခွဲခြားကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဟယ်လမင်းခရိုင်က ခန်နာရှင်းကျေးရွာမှာ မီးတောင်ကထွက်တဲ့ ချော်ရည်ကျောက်တွေမှာ မြေရှားသတ္တုတွေ ပါဝင်တယ်လို့ တချိန်က အာဖဂန်ကို ကျူးကျော်ခဲ့တဲ့ ဆိုဗီယက်တို့က ပြောကြားခဲ့ဖူးပါတယ်။

ဒီသတင်းကြောင့် ယူအက်စ်က USGS (United State Geological Servey) အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သွားရောက်စမ်းသပ်ခဲ့ကြပါတယ်။

သူတို့ဟာစ-စ်တပ် အစောင့်အရှောက် နဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး တွေ့ရှိချက်အရ မြေရှားသတ္တုတွေထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

USGS အဖွဲ့ဟာ ဒီ မီးတောင်ချော်ရည်ကျောက်ထဲက အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံဖိုးလောက်အထိ ထုတ်ယူနိုင်မှာဖြစ်ပြီး (၁၀)နှစ်လောက် ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

တရုပ်ကတော့ ကမ္ဘာမှာ မြေရှားသတ္တုအများဆုံး ထုတ်လုပ်သူအဖြစ် နာမည်ခံထားပါတယ်။ အများဆုံးသုံးစွဲသူလည်း ဖြစ်ပါတယ်တဲ့။

အီလက်ထရောနစ်နဲ့ ပါတ်သက်တဲ့ ပစ္စည်းတွေမှာ မြေရှားသတ္တုကို အသုံး ပြု ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်အနေနဲ့ရော ပြည်ပပို့ကုန်အနေနဲ့ပါ သူကသုံးပါတယ်။

ဂျပန်နဲ့ အမေရိကန်ကတော့ ဒုတိယနဲ့ တတိယအများဆုံး ထုတ်လုပ်သုံးစွဲသူတွေ ဖြစ်ကြပါတယ်။

တရုပ်အကြောင်းပြောရရင်တော့ တရုပ်ဟာ သူ့ရဲ့ တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းဈေးကွက်ကို ကာကွယ်ဖို့ REE ကို ကုန်ကြမ်းအဖြစ်ရောင်းချတာ မလုပ်ပါဘူး။

ဒါကြောင့်လည်း REE ကို အိတ်စပို့ကဏ္ဍကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ (Import ကတော့ လာထားပေါ့နော်။)

တရုပ်ရဲ့ လုပ်ဆောင်ချက်ကြောင့် REE ဈေးကွက်မှာ ဈေးနှုန်းဟာ ခေါင်ခိုက်နေတာ ဖြစ်ပါတယ်။

တဖက်ကကြည့်ရင်လည်း ကမ္ဘာကြီးမှာ REE လိုအပ်ချက်က မြင့်မားလို့နေပါတယ်။

စ-စ် ရေး၊ကာကွယ်ရေး၊ လေကြောင်း လုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်းတွေမှာ မြေရှားသတ္တုဟာ မပါမဖြစ် အရေးပါလှပါတယ်။

REE နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေဟာ ကျနော်တို့နေ့စဉ်ဘဝမှာ တော်တော်များများ နေရာယူထားကြပါတယ်။

ကွန်ပျူတာမှတ်ဉာဏ် (Computer Memory)တွေ၊ DVD တွေ၊ ဓါတ်ခဲတွေ၊ ဆဲလ်ဖုန်းတွေ၊ မီးလုံးမီးချောင်း (LED) တွေ၊ မမ်မိုရီစတစ်တွေကအစ REE တွေ ပါဝင်နေပါတယ်။

တရုပ်ဆိုရင် စိုက်ပျိုးရေးမှာ သီးနှံတွေ ကြီးထွားပြီး အထွက်နှုန်းကောင်းအောင် မြေဩဇာအနေနဲ့ သုံးသလို၊ မွေးမြူရေးမှာလည်း ဥကြီးကြီးဥဖို့၊ အသားတိုးဖို့ အစာတွေထဲမှာတောင် ထည့်သွင်းအသုံး ပြု နေကြပါပြီတဲ့။

မြန်မာနိုင်ငံမှာတော့ မြေရှားသတ္တုတူး‌ဖော်မှုအများဆုံးထွက်ရှိတဲ့ဒေသတွေက ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတို့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိနေပါတယ်တဲ့။

နိဂုံးချုပ်ပြောရရင်တော့ မြေရှားသတ္တုဟာ ထုတ်လုပ်ဖို့ ခက်ခဲသလို၊ ဈေးကောင်းလို့ အလုအယက် ထုတ်ယူနေကြတာတွေ ကြားနေ၊မြင်နေရပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့နည်းလမ်း မှန်ကန်ဖို့ လိုပါတယ်။

နည်းလမ်းမမှန်ကန်ရင်တော့ ဘေးထွက် စွန့်ပစ်ပစ္စည်းတွေကြောင့် လူသားနဲ့ သဘာဝပါတ်ဝန်းကျင်ကို ဆိုး ရွား စွာ ထိခို က်စေနို င်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေ။

#မြေရှား
#REE

https://www.facebook.com/share/189YxA5aPv/

Myanmar Environmental Education Team

05 Nov, 04:30


ကမ္ဘာ့ဆူနာမီ​နေ့
၅၊နိုဝင်ဘာလ

နောက်မျိုးဆက်အတွက် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာဆူနာမီမှ သင်ခန်းစာများ

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အိန္ဒိယသမုဒ္ဒရာတွင် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၂၃၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ဆိုးရွားသောဆူနာမီတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်သည် ၂၁ရာစု၏ ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မကြာသေးမီက သမိုင်းတွင် လူအသေအပျောက်အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆူနာမီ၏ သတိပေးလက္ခဏာများကို အသိအမှတ်ပြုခြင်းနှင့် ကုန်းမြင့်ရှာဖွေခြင်း၏ အရေးပါမှုကဲ့သို့သော အသက်ရှင်ကျန်ရစ်သူများ သင်ယူခဲ့သော သင်ခန်းစာများကို ၎င်းတို့၏ အမှတ်တရများတွင် ရေးထွင်းထားသည်။ သို့သော်၊ ကျွန်ုပ်တို့သည် သဘာဝဘေးအန္တရာယ်၏ နှစ်၂၀ နှစ်မြောက် နီးကပ်လာသည်နှင့်အမျှ ၎င်းကို ငယ်ရွယ်စဉ်ကတည်းက တွေ့ကြုံခံစားခဲ့ရသော သို့မဟုတ် အဖြစ်အပျက်အပြီးတွင် မွေးဖွားလာသူ မျိုးဆက်သစ်များသည် အသက်ကြီးသူများ သင်ယူခဲ့သည့် ဤသင်ခန်းစာများမှ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ယခုနှစ်၏ ကမ္ဘာ့ဆူနာမီအသိပညာပေးနေ့ ဆောင်ပုဒ်သည် "လူငယ်နှင့် အနာဂတ်မျိုးဆက်သစ်များ" ကို အာရုံစိုက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့နှင့် Summit of the Future တို့နှင့် ကိုက်ညီပါသည်။

ပွဲတော်အတွက် စီစဉ်ထားသော လှုပ်ရှားမှုများသည် အိန္ဒိယသမုဒ္ဒရာ ဆူနာမီ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ သင်ခန်းစာများကို မျိုးဆက်သစ် ကလေးသူငယ်များနှင့် လူငယ်များအား ပေးဆောင်ခြင်းဖြင့် ရည်ရွယ်ပါသည်။

UNDRR သည် ဆူနာမီဘေး အန္တရာယ်ကျရောက်နေသည့် နိုင်ငံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လမ်းကြောင်းများကို အပ်ဒိတ်လုပ်ရန်၊ သတိပေးချက်စနစ်အသစ်များ ထည့်သွင်းရန်နှင့် ကလေးများနှင့် လူငယ်များအတွက် အသိပညာပေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

၎င်းတို့သည် ဘေးအန္တရာယ်များအတွင်း အသက်များကို မည်သို့ကယ်တင်ရမည်ကို နားလည်ရန် လူငယ်နှင့် သင်ကြားရေးအင်စတီကျုများကို Stop Disasters အွန်လိုင်းဂိမ်းမှ သင်ယူလေ့လာရန်လည်း တိုက်တွန်းပါသည်။

Source:
https://www.un.org/en/observances/tsunami-awareness-day

Myanmar Environmental Education Team

02 Nov, 14:04


မိုးရွာတဲ့အခါ -
မိုးနည်းတယ်၊
မိုးအသင့်အတင့်ရွာတယ်၊
မိုးများတယ်၊
မိုးအလွန်များတယ် .. ဆိုတဲ့ အများနားယဉ်ပြီးသား ဝေါဟာရတွေနဲ့ ပြောကြတယ်။ အဲ့ဒီမှာမှ လျှပ်စီးလေးလက် မိုးကြိုးလေးပစ်လိုက်ရင် ထစ်ချုန်းမိုးရွာတယ်ပေါ့။ လေပါပြင်းပြင်းတိုက်တော့ မိုးသက်လေပြင်းကျတယ်၊ မိုးရော လေရော ကြမ်းလိုက်တာ ပြောကြတယ်။
မိုးရွာလိုက်တာ ရေအတော်ပါတယ်ဟ! လို့ ပြောကြတာလဲ ရှိသေးတယ်။

ဒီနေရာမှာ အဲဒီ ဝေါဟာရတွေထဲက မိုးနည်းတယ် မိုးများတယ် မိုးအသင့်အတင့် ဆိုတာတွေကို ဘယ်လိုတိုင်းပြီး ဘယ်လို သတ်မှတ်တယ်ဆိုတာတော့ မသိကြတာများတယ်။ အဲ့ဒါကို ခွဲခြားသိကြရအောင်တော့ ရှင်းပြပါဦးမယ်။

မိုးရွာခြင်းအနည်းအများက မီလီမီတာနဲ့ စင်တီမီတာနဲ့ လက်မနဲ့ ဖေါ်ပြကြရာမှာ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ လက်မနဲ့ဖေါ်ပြတာကိုဘဲ သိကြတယ်။ ဘယ်နှစ်လက်မဆိုများတယ်ဆိုတာ တန်း သိကြတာလဲရှိတယ်၊ မသိကြတာလဲ ရှိတယ်။

အိန္ဒိယမိုးလေဝသဋ္ဌာနရဲ့ SOP(Standard Operation Procedure)မှာ ဒီလိုဖေါ်ပြထားတယ်။
"၂၄ နာရီ" ၁ ရက်အတွင်း ရွာတဲ့ မိုးရေချိန်တွေက -
မိုးနည်း/အလွန်နည်းတာကို Very light rainfall - 2.4 mm = 0.01 inch
တလက်မရဲ့ ဆယ်ပုံပုံ - ၁ ပုံလောက်ပဲ ရွာတာ

မိုးနည်းတယ် light rain - 2.5 to 15.5 mm = 0.01 inch to 0.61 inch
လက်မဝက် ကျော်ကျော်လောက်အထိရွာတာ

မိုးအသင့်အတင့် moderate rain - 15.6 to 64.4 mm = 0.61 to 2.53 inch
လက်မဝက်ကျော် - ၂ လက်မ ခွဲလောက်အထိရွာတာ

မိုးများ heavy rain - 64.5 - 115.5 mm = 2.53 - 4.55 inch
၂ လက်မခွဲကျော်မှ ၄.၅၅ လက်မဆိုတော့ ၅ လက်မ နီးပါးပေါ့

မိုးအလွန်များ - Very Heavy Rain - 115.6 - 204.4 mm = 4.55-8.04 inch
၅ လက်မ နီးပါးမှ ၈ လက်မ ကျော်အထိရွာတာ

မိုးအလွန့်အလွန်များ - Extremely heavy rain - 204.5 mm or 21 cm up - ၈ လက်မ အထက်ပေါ့

အိန္ဒိယမိုးလေဝသဋ္ဌာန SOP မှာ နောက်ဆုံးပြထားတဲ့ Exceptional Heavy Rainfall ဆိုတာကတော့ မိုးလေဝသစခန်း(station)တခုရဲ့ မိုးအများဆုံးစံချိန်တင်ထားတဲ့ မိုးရေချိန်နီးနီးရွာတာ ဒါပေမဲ့ ၁၂ စင်တီမီတာထက်တော့ ပိုရမယ်လို့ ဆိုတယ်။

မိုးတွေအရမ်းသည်းနေပေမဲ့ နောက်တနည်းပြောရရင် တနာရီအတွင်းမိုးရွာတဲ့နှုန်း rain rate က များနေပေမဲ့ အခုပြောတဲ့ ၂၄ နာရီအတွင်းရှိရမဲ့ မိုးရေချိန်ကို မှီချင်မှ မှီမယ်။ ၂၄ နာရီအတွင်း ရရှိတဲ့ မိုးရေချိိန်ပမာဏပေါ်မူတည်ပြီးမှသာ မိုးနည်းတယ် မိုးများတယ်ပြောလို့ရပါတယ်။

မိုးများမှာလား နည်းမှာလား မေးချင်သူတွေများလို့ ဒီ SOP ကို ရှင်းပြတာပါ။
https://www.mmweather.org/divisional-cities-weather
ဒီလင့်မှာကြည့် - ပြီးရင် တရက်အတွင်း မိုးရေချိန်ကြိုတင်ခန့်မှန်းထားတာကိုကြည့် - မိုးနည်းမလား မများများမလား ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ကြပေတော့ဗျ။
နမူနာပုံလေး ထပ်တွဲပေးလိုက်ပါဦးမယ်။

MM Weather

Myanmar Environmental Education Team

02 Nov, 02:12


ကြွေပန်းအုပ်စုက သုတေသနပြုလုပ်ဖို့စိတ်ဝင်စားစရာကောင်းတဲ့ အပင်အုပ်စုတစ်ခုဖြစ်ပြီး မျိုးစိတ်ခွဲများပြားရခြင်း အ ကြောင်းအရာ၊ ပျံ့နှံ့ပေါက်ရောက်မှုအခြေအနေ ၊ယင်းမျိုးစိတ်အုပ်စုကို စံနမူနာထားပြီးအခြားအပင်အုပ်စုတွေရဲ့ ပျံ့နှံပေါက် ရောက်မှုပုံစံ စတာတွေကို လေ့လာနိုင်တယ်လို့ဆိုတယ်။

ဒါ့အပြင်ကြွေပန်းမျိုးစိတ်က အပွင့်ဆောင်ပင်အုပ်စုမှာ ခြောက်ခုမြောက်အကြီးဆုံးအုပ်စုထဲပါဝင်နေပြီး လတိုင်းလတိုင်း မျိုး စိတ်အသစ်တွေ တိုးလာနေပါတယ်။

ဘယ်အကြောင်းအရာတွေကြောင့် (အပင်သရုပ်၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုစတဲ့အရာတွေက) လွှမ်းမိုးမှုရှိသလား၊ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက သူတို့တွေဘယ်လိုမျိုး ယခုပျံ့နှံပေါက်ရောက်ရာဒေသတွေကို ရောက်ခဲ့လဲ၊ ဘယ်လို မျိုးပွားပြီး မျိုးစိတ်ခွဲတွေ ဘယ်လိုကွဲပြားလာလဲ စတာတွေကို သိပ္ပံနည်းကျ သုတေသနပြုလုပ်ပြီး လေ့လာလို့ရပါတယ်။” လို့ ကြွေပန်းအုပ်စုကို သုတေသနပြုလုပ်ဖို့ စိတ်ဝင်စားခဲ့ပုံကို မမြဘုန်းမော်ကပြောပါတယ်။

ထူးခြားတဲ့မျိုးစိတ်သစ်

မျိုးစိတ်သစ်အဖြစ်သတ်မှတ်ခံရတဲ့ကရင်ကြွေပန်းမျိုးစိတ်က အခြားကြွေပန်းမျိုးစိတ်တွေထက် သရုပ်ကထူးခြားပြီး ပန်းခိုင်က ပင်စည်ရဲ့ထိပ်ဖျားကနေထွက်နေပါတယ်။ ကြွေပန်းမျိုးစိတ်က ကမ္ဘာမှာ နှစ်ထောင်ကျော်ရှိတဲ့အနက် ပင်စည်ထိပ်ဖျားကနေ ပန်းခိုင်ထွက်တဲ့မျိုးစိတ်က ယခုတွေ့တဲ့မျိုးစိတ်နဲ့ဆို စုစုပေါင်း ငါးမျိုးပဲရှိသေးတယ်လို့ ဆိုတယ်။

မြန်မာနိုင်ငံမှာတော့ သုတေသနစာရင်းတွေအရ ကြွေပန်းမျိုးစိတ် ၉၂မျိုး ရှိပေမယ့် ကွင်းဆင်းလေ့လာမှုပိုမို ပြုလုပ် နိုင်မယ် ဆိုရင် ယင်းပမာဏ ထက်ပိုတဲ့ ဒေသမျိုးရင်း ကြွေပန်းမျိုးစိတ်တွေ ရှိနိုင်သေးတယ်လို့ ဆက်ပြောတယ်။

ရေမြေတောတောင်အခြေအနေ ကောင်းမွန်တဲ့မြန်မာနိုင်ငံက အပင်၊သားငှက်နဲ့တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲ အများ အပြား ကျက်စားနေထိုင်ပေမယ့် ဒေသရင်းမျိုးစိတ်အဖြစ်သတ်မှတ်ခံရမှုက အခြားဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပါးနေ ပါသေးတယ်။

ဒေသရင်းမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတဲ့မျိုးစိတ်အများစုကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပရောဂျက်တွေ ပြည် တွင်းပြည်ပ ငွေကြေး လူအင်အားအထောက်အပံ့အကူအညီတွေနဲ့ သေသေချာချာကျကျနနကွင်းဆင်း လေ့လာပြီး လုပ်ကြရ တဲ့အချိန် ကရင်ကြွေပန်းမျိုးစိတ်လေးက ဒေသခံတွေရဲ့အကူအညီ၊ အွန်လိုင်းကွန်မြူနတီအချင်းချင်း ဆက်သွယ်ပြီး လုပ် ဆောင်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ဆိုတယ်။

" ထောက်ပံ့တာတွေအများကြီးရှိတယ်ဆိုရင် ဒါကမျိုးစိတ်ရှာဖွေရရေးသားရတဲ့အခါ လွယ်ကူကောင်းလွယ်ကူလိမ့်မယ်ပေါ့။ တခြားတိုးတက်နေပြီဖြစ်တဲ့ သုတေသနတွေက အများကြီးရှိရင်ရှိမယ်။ ခက်ခက်ခဲခဲလုပ်ခဲ့ရတာတွေရှိရင်မယ် ညီမတို့အတွက် က ကရင်ကြွေပန်းကို မျိုးစိတ်သစ်အနေနဲ့ဖော်ထုတ်ဖို့ အတူပူးပေါင်းပြီးလုပ်ခဲ့ရတာ အမှတ်တရပါ။" လို့ မမြဘုန်းမော်က ပြော ပါတယ်။

ပံ့ပိုးမှုလိုနေသေး

ဇီဝမျိုးစုံမျိုးကွဲတွေ သုတေသနပြုလေ့လာတဲ့အခါ ကွင်းဆင်းလေ့လာတာနဲ့ စာရင်းပြုစုလေ့လာခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအခြေအနေအရ ကွင်းဆင်းလေ့လာဖို့က ငွေကြေးလူအင်အား စတဲ့အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုတယ်။

ဒီအတွက်လည်း Citizen Science ဆိုတဲ့ သိပ္ပံနည်းကျသုတေသနတွေမှာမှာ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင် လုပ်ဆောင် နိုင်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်ဖို့ NSCI (Native Species Conservation and Identification in Myanmar) ကို ဇီဝမျိုးစိတ် သုတေသနပြုသူတွေနဲ့ဖွဲ့စည်းပြီး ထိန်းသိမ်းရေးနဲ့ သုတေသနအချက်အလက်တွေမျှဝေဖို့ လုပ်ဆောင်ခဲ့တာလို့ ဆက်ပြောတယ်။
" သိပ္ပံနည်းကျသုတေသနလေ့လာမှုတွေမှာ လိုအပ်တဲ့ ဒေတာအချက်အလက်တွေကို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ကူညီမှု တွေကနေရယူပြီး ဒီသုတေသနလုပ်ဆောင်တဲ့နည်းစနစ်တွေကိုသိမှ ပြည်သူတွေကလည်း ထိန်းသိမ်းရေးလုပ်ငန်း တွေမှာ စိတ်ပါဝင်စားစွာနဲ့ ပူးပေါင်းလာမှာဖြစ်တယ်။" လို့ ဆက်ပြောတယ်။

NSCI ကိုဦးဆောင်သူတွေကလည်း အပင်မျိုးစိတ်၊တွားသွားသတ္တဝါ၊ သားငှက်နဲ့တောရိုင်းတိရစ္ဆာန် စတဲ့နယ်ပယ်အသီးသီးက လူငယ်သုတေသနပြုသူတွေဖြစ်ပြီး Native Species Conservation and Identification in Myanmar အမည်နဲ့ လှုမှု ကွန်ရက်မှာ ဂရုအဖြစ် ၂၀၂၂ စက်တင်ဘာက ဖွဲ့စည်းခဲ့ပါတယ်။

ဒေသအသီးသီးကပြည်သူတွေက မြန်မာနိုင်ငံအတွင်းက ဇီဝမျိုးစိတ်တွေရဲ့ နေရာနဲ့ဓာတ်ပုံတွေ ကို NSCI ရဲ့ ဖေ့ဘုတ်ဂရုမှာ တင်တဲ့အခါ ကျွမ်းကျင်သူတွေက မျိုးစိတ်ခွဲခြမ်းတာ၊ အချက်အလက်တွေမျှဝေတာတွေ လုပ်ဆောင်ပေးသလို ဇီဝမျိုးစိတ်တွေ အပေါ်လူတွေရဲ့အယူအဆမှားတွေ ရှိတဲ့အခါလည်း အသိပညာပေးဖြန့်ဝေတာတွေလုပ်ဆောင်နေပါတယ်။

" ဘုရားမှာ ကုန်းလိပ်တွေကို ရေကန်ထဲထည့်ထားတာရှိတယ်။ ဒါသူတို့ကျက်စားရာနေရာမဟုတ်ဘူးပေါ့။ အဲ့ဒါတွေကို ညှိနှိုင်း ပြီးတော့ လိပ်လေးတွေကိုကယ်ပေးတာ၊ နောက်အပင်တွေ အကောင်တွေနဲ့ပတ်သတ်တဲ့ အယူအဆအမှားတွေ ဥပမာ- သူ ငယ်နာပျောက်တယ်ဆိုပြီး ဒေသမျိုးရင်း ရေပုတ်သင်လေးတွေကို အခြောက်လှမ်းပြီး စားတာတွေကို အယူဆမှားတယ်ဆို တာမျိုးတွေ ပြောပြပေးတယ်။"လို့ မမြဘုန်းမော်ကပြောပါတယ်။

ရှေ့တိုးနေရင်း နောက်ပြန်ရောက်ခဲ့ရတဲ့ သူတေသနနယ်ပယ်

Myanmar Environmental Education Team

02 Nov, 02:12


ဇီဝမျိုးစုံမျိုးကွဲစုံလင်ပေါများတဲ့ မြန်မာနိုင်ငံမှာသားငှက်တိရိစ္ဆာန်ရော အပင်မျိုးစိတ်တွေ သုတေသနပြုလေ့လာမှုတွေက ပြီးခဲ့ တဲ့ ၂၀၁၉ မတိုင်ခင်နှစ်တွေမှာ စာရင်းအချက်အလက်အရ အများကြီးတိုးတက်မှုရှိခဲ့ပြီး မျိုးစိတ်သစ်တွေ၊ မြန်မာနိုင်ငံမှာ မှတ်တမ်းမတင်ရသေးတဲ့ မျိုးစိတ်တွေအတွက် သုတေသနစာတမ်းတွေလည်းအများထွက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်းကာလတွေမှာတော့ ကွင်းဆင်းလေ့လာမှုတွေ ပြန်လည်အားနည်းခဲ့ပြီး စာရင်းအချက်အလက် တိုး တက်မှုက အများကြီးမရှိဘူးလို့ဆိုပါတယ်။

ဒီအတွက်ကြောင့်လည်း ဒေသခံတွေဆီက မှတ်တမ်းရယူတဲ့နည်းလမ်းနဲ့ သုတေသနတွေကို ဆက်လက်လုပ်ဆောင်နေရ တယ်လို့ ဆက်ပြောတယ်။

" ဒေသခံတွေဆီကနေပဲ သူတို့ဆီက မှတ်တမ်းဓာတ်ပုံလေးကြည့်ပြီးတော့ပဲ မျိုးစိတ်ခွဲမယ်။ ဒေသကို အတိအကျမဟုတ် တောင် ပြည်နယ်တိုင်းဒေသကြီး မှတ်တမ်းတင်ထားရှိလို့ရတယ်ပေါ့။

မှတ်တမ်းရှိတဲ့အခါအနည်းဆုံးတော့ စာရင်းအချက် အလက် ကျန်လိမ့်မယ်ပေါ့။" လို့ မမြဘုန်းမော်ကပြောပါတယ်။

လက်ရှိမှာလည်း NSCI team က လူငယ်ပညာရှင်တွေရဲ့ကြိုးပမ်းမှု ရလဒ်ကောင်းအနေနဲ့ ကရင်ကြွေပန်းမျိုးစိတ်သစ်အပြင် မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်၊ မြန်မာ့ပိုးဖလံအကြောင်း စာတမ်းစတဲ့ သုတေသနစာတမ်းတွေလည်း ထွက်ရှိထားပါတယ်။

ထိန်းသိမ်းရေးနယ်ပယ်မှာ လူငယ်တွေလည်းအများအပြားထွက်ပေါ်လာကြသလို အမျိုးသမီးတွေလည်း အမျိုးသားတွေနည်း တူ သုတေသနပြုလုပ်မှုတွေ ကွင်းဆင်းလေ့လာမှုတွေလုပ်နိုင်တဲ့ ခွန်အားရောအရည်အချင်းရောရှိတဲ့အတွက် ခွဲခြားတဲ့ အမြင် တွေမရှိဘဲ အဖွဲ့အစည်းတိုင်းမှာ ပူးပေါင်းလုပ်ဆောင်လာမယ်ဆိုရင် အနာဂတ်ကာလဇီဝမျိုးစုံမျိုးကွဲလေ့လာခြင်း၊ ထိန်း သိမ်း ခြင်းလုပ်ငန်းတွေရေးမှာ ကောင်းမွန်တဲ့ရလဒ်တွေရှိလာနိုင်မှာလို့ဆိုတယ်။

မမြဘုန်းမော်က သူ့လေ့လာနေတဲ့ ကြွေပန်းအုပ်စုအပါအဝင် အခြားအပင်မျိုးစုံမျိုးကွဲတွေကိုဆက်လေ့လာပြီး ပြည်သူတွေကို ဗဟုသုတဖြန့်ဝေတာအပြင် citizen science အပေါ်မူတည်ပြီးတော့ ဒေသအသီးသီးက မျိုးစိတ်သစ်ဖြစ်နိုင် တာတွေ၊ မှတ် တမ်းမရှိသေးတဲ့ မျိူးစိတ်တွေကို ရေးသားဖော်ထုတ်သွားမှာဖြစ်ပါတယ်။

" အကယ်ဒမစ်အပိုင်း၊ မှတ်တမ်းတင်ခြင်းအပိုင်းမှာ ဆက်လက်ကူညီသွားမယ်။ ကျွန်မလုပ်ဆောင်နေတဲ့ သုတေသနလေ့ လာမှုတွေရှိမယ်၊ အဲ့ဒီကနေလေ့လာသိရှိရမယ့် အသိပညာတွေကိုအသုံးပြုပြီး မြန်မာနိုင်ငံရဲ့ဇီဝမျိုးစုံမျိုးကွဲတွေကို လေ့လာ ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ဆိုင်တဲ့အလုပ်တွေကို NSCI teamနဲ့အတူတူ ဆက်လုပ်သွားဖို့ရှိပါတယ်။" လို့ မမြ ဘုန်းမော်က ဆိုပါတော့တယ်။

Photo - Received

Website link - https://tinyurl.com/yutz4cnw

#ကြွေပန်း
#မျိုးစိတ်သစ်
#သုတေသီ
#womenpower
#honestinformation

HI - Honest Information
https://m.facebook.com/story.php?story_fbid=320649077271369&id=100079788362744&mibextid=Nif5oz

https://burmese.dvb.no/post/621040

Myanmar Environmental Education Team

02 Nov, 02:12


ကြွေပန်းမျိုးစိတ်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့သူ လူငယ်သုတေသနပညာရှင် မမြဘုန်းမော်
--------

ကေခိုင်

Repost

ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံရဲ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ်ပယ်အတွက် မှတ်တမ်းသစ်တစ်ခုကို လူငယ်တစ်စုက စိုက် ထူနိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ အခြားဘယ်ဒေသမှာမှ မတွေ့ရသေးတဲ့ ကြွေပန်းမျိုးစိတ်ကို NSCI (Native Species Conservation and Identification in Myanmar) ဦးဆောင်သူနဲ့ လူငယ်သုတေသနပညာရှင်တွေဖြစ်တဲ့ မမြဘုန်းမော်၊ ကိုခန့်ဇော်ဟိန်း၊ ကို မင်းခန့်နိုင်တို့က ပထမဆုံးအနေနဲ့ဖော်ထုတ်ပြီး မြန်မာနိုင်ငံရဲ့မျိုးစိတ်သစ်အဖြစ် သတ်မှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပင်စည်ထိပ်ကနေ ပန်းခိုင်ထွက်ရှိပြီး ပေါက်ရောက်ရာ ထုံးကျောက်တောင်ရဲ့အရောင်အလိုက် အရွက်အရောင် ပြောင်းလဲသွား တတ်တဲ့ သဘာဝရှိတဲ့ ကြွေပန်းမျိုးစိတ်ကို ကရင်ပြည်နယ် ဇွဲကပင်တောင်ကြောမှာ တွေ့ရတာကြောင့် ကရင်ဒေသအစွဲပြုလို့ Begonia kayinensis လို့ သတ်မှတ်နိုင်ခဲ့ပါတယ်။

"ဒါကို မြန်မာနိုင်ငံဘက်ကနေ ပထမဆုံးမှတ်တမ်းပြီးပြီဆိုတော့ ဘယ်နေရာမှာပဲတွေ့တွေ့ ဒီမျိုးစိတ်က Begonia kayinensis ဖြစ်ပါတယ်။" လို့ ကရင်ကြွေပန်းမျိုးစိတ်သစ်ကို ဦးဆောင်ရေးသားသူ မမြဘုန်းမော်က ပြောပါတယ်။

မျိုးစိတ်သစ်ကို စတင်တွေ့

ကြွေပန်းမျိုးစိတ်တွေကို သုတေသနပြုလုပ်နေသူ အသက် ၂၈နှစ်အရွယ် မမြဘုန်းမော်က ၂၀၁၉ ခုနှစ်မှာ ကရင်ဒေသခံ အပင် မျိုးစိတ် စုဆောင်းသူတစ်ဦးဆီက ကရင်ကြွေပန်းမျိုးစိတ်ဓာတ်ပုံကို ရရှိခဲ့ပါတယ်။ ယင်းကြွေပန်းမျိုးစိတ်ကို စတွေ့ကတည်း က အခြားကြွေပန်းမျိုးစိတ်တွေထက် ထူးခြားနေတဲ့အတွက် မျိုးစိတ်သစ်ဖြစ်နိုင်မယ်လို့ ယူဆခဲ့တယ်။

ဒါပေမယ့် မျိုးစိတ်သစ်အဖြစ်အတည်ပြုဖို့က သုတေသနအချက်အလက်လိုတဲ့အတွက် အသေးစိတ်ဆက်လက် လေ့လာရမှာ ဖြစ်ပေမယ့် အခြေအနေအကြောင်းကြောင့် သုတေသနလုပ်ဖို့ကြန့်ကြာခဲ့ပြီး ၂၀၂၃ မှသာ အကောင်အထည်ပေါ်ခဲ့ပါတယ်။

ကြားထဲမှာ သုံးနှစ်နီးပါးလောက်ကြန့်ကြာနေပြီး ပြီးခဲ့တဲ့မေလမှာ မမြဘုန်းမော်နဲ့အတူ NSCI (Native Species Conserva -tion and Identification in Myanmar) အဖွဲ့က လူငယ်တွေက ကြွေပန်းမျိုးစိတ်ပွင့်တဲ့ရာသီ ဇူလိုင်လမှာ သုတေသနပြုလေ့ လာဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။
ယင်းကြွေပန်းမျိုးစိတ် ပေါက်ရောက်ရာဒေသက ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ကြောမှာရှိတာကြောင့် စာတမ်းပြုစုရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ မောင်မင်းခန့်နိုင်က ယင်းကြွေပန်းမျိုးစိတ်ရှိတဲ့ သဘောဝတောထဲမှာ မှတ်တမ်းယူတာ၊ အပင်အခြေ အနေအသေးစိတ် မှတ်တမ်းတင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မမြဘုန်းမော်နဲ့အဖွဲ့က ကွင်းဆင်းလေ့လာမှုနဲ့ စာတမ်းရေးသားတာကို တပြိုင်နက်လုပ်ခဲ့ပြီး သြဂုတ်လအတွင်းမှာ မျိုးစိတ် သစ်အဖြစ် အတည်ပြုနိုင်ဖို့ Taiwania International Journal of Biodiversity ကိုသုတေသနစာတမ်း တင်ခဲ့ပါတယ်။

ပုံမှန်ဆိုရင် စာတမ်းတင်ပြီးတဲ့အခါ မျိုးစိတ်သစ်အဖြစ် အတည်ပြုနိုင်ဖို့ နှစ်လကနေလေးလအထိအချိန် ကြာမြင့်ပေမယ့် ကရင်ကြွေပန်းမျိုးစိတ်ကတော့ အချိန်တစ်လထဲနဲ့ မျိုးစိတ်သစ်အဖြစ်စာတမ်းထွက်ရှိခဲ့ပါတယ်။

" ဒီပန်းရဲ့ထူးခြားချက်ကြောင့်လည်းပါမယ်ထင်တယ်။ အရင်ကစာတမ်းတစ်ခုထွက်ဖို့ဆို နှစ်လကနေ သုံးလေးလ စောင့်ရတာ မျိုးရှိတယ်။ အခုကတော့ တစ်လကျော်ကျော်မှာလက်ခံလိုက်တယ်။ အတည်ပြုလိုက်တယ်ပေါ့။" လို့မမြဘုန်းမော်က ပြောပါတယ်။

မျိုးစိတ်သစ် တစ်မျိုးမျိုးတွေ့ရှိတဲ့အခါ ဦးဆုံးတွေ့ရှိသူက သုတေသနအချက်အလက် ပြည့်ပြည့်စုံစုံနဲ့ မြန်မြန်ဆန်ဆန် ဖော် ထုတ်ရေးသားရပါတယ်။ မမြဘုန်းမော်က ကရင်ကြွေပန်းမျိုးစိတ်သစ်ကို ၂၀၁၉ ကတည်းကတွေ့ခဲ့ပေမယ့် အတည်ပြုဖို့မလုပ် ဆောင်နိုင်သေးတဲ့အပြင် ကရင်ပြည်နယ်နဲ့ နယ်နမိတ်နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံမှာလည်း ဒီလိုအလားတူ ကြွေပန်းမျိုးစိတ်ရှိ နိုင်တဲ့အခါ ကိုယ့်နိုင်ငံအမည်နာမနဲ့ မျိုးစိတ်သစ်အဖြစ်မှတ်တမ်းမတင်နိုင်မှာကို စိတ်ပူခဲ့တယ်လို့ဆိုတယ်။

ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ ကရင်ကြွေပန်းမျိုးစိတ်လေးက မြန်မာနိုင်ငံဒေသ ကရင်အမည်နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီး အခု ချိန်ထိတော့ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ရတယ်ဆိုတဲ့ မှတ်တမ်းအချက်အလက်ထွက်ပေါ်မလာသေးပေမယ့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း ရှိကောင်းရှိနိုင်ပါတယ်လို့ ဆက်ပြောတယ်။

" ကိုယ့်ထက်သုတေသန တိုးတက်တဲ့နိုင်ငံတွေအများကြီးရှိတယ်။ အပင်တွေဆို ဒီဘက်မှာရှိတာ ဟိုဘက်မှာလည်းရှိနိုင် တယ်။ ညီမအနေနဲ့ စိတ်ပူတာရှိတယ်။ ကိုယ်ရေးနေတာဆိုပေမယ့် မတင်ရသေးလို့ရှိရင် မပြီးသေးဘူး။ အတည်ပြုမှပြီးမှာ ဖြစ်တဲ့အတွက်ကြောင့်။" လို့ မမြဘုန်းမော်က ပြောပါတယ်။

ဝါသနာရဲ့ခေါ်ဆောင်ရာ

မမြဘုန်းမော်က မြန်မာနိုင်ငံသစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကနေ(‌ရေဆင်း)ကနေ ၂၀၁၆ခုနှစ်မှာ ဘွဲ့ရပြီးနောက် အပင်မျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနပရောဂျက်တစ်ခုမှာပါဝင်ကာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက အပင်မျိုးစိတ်တွေကို ကွင်း ဆင်းလေ့လာစာရင်းကောက်တာတွေလုပ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ တရုတ်နိုင်ငံတက္ကသိုလ်တစ်ခုကနေ ပညာသင်ဆုရရှိခဲ့ပြီး လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာပဲ ပညာသင်ကြား ကာ အပင်မျိုးစိတ်တွေ ဆက်လက်သုတေသနပြု လေ့လာလျက်ရှိပါတယ်။

Myanmar Environmental Education Team

02 Nov, 02:12


မန္တလေးတိုင်း ၊ အမရပူရမြို့နယ်မှာကြီးပြင်းခဲ့တဲ့ မမြဘုန်းမော်က ငယ်စဉ်ဘဝကအပင်တွေ၊ သုတေသနလုပ်တာတွေကို စိတ် ဝင်စားခဲ့တာတော့မဟုတ် သာမန်ကလေးသူငယ်လိုပဲ ကြီးပြင်းခဲ့တယ်။

၁၀တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်ရွေးချယ်ရတဲ့အခါ ဘွဲ့ရပြီးလုပ်ငန်းခွင်တန်းဝင်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့သစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာက္ကသိုလ်ကနေ(‌ရေဆင်း)ကို ရွေးချယ်ခဲ့ပါတယ်။

သစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာက္ကသိုလ်တက်က ကျောင်းပြီးတဲ့နောက်အစိုးရလုပ်ငန်းခွင်ဝင်ဖို့ အခွင့်အလမ်းရှိတာကြောင့် ရွေးချယ်တက်ရောက်ခဲ့ပေမယ့် ရည်မှန်းချက်ဝါသနာရယ်လို့ ကြီးကြီးမားမားမရှိခဲ့။ ဒါပေမယ့် တတိယနှစ်မှာ ဝါသနာပါရာ ကို တွေ့ရှိလာခဲ့တယ်။

အဲ့ဒီအချိန်ကာလက မြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲ သုတေသနပြုလုပ်တဲ့၊ ထိန်းသိမ်းတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အများ အပြား ပူးပေါင်းဆောင်ရွက်မှုတွေ တွင်ကျယ်လာတဲ့ကာလ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ ထိန်းသိမ်းရေးပညာရှင်တွေကို အားကျပြီး မြန်မာနိုင်ငံအနှံ့ ကွင်းဆင်းလေ့လာမှုတွေလုပ်ချင်ခဲ့တယ်။

သူ့ရဲ့ဝါသနာကို မိဘတွေကလည်း ပံ့ပိုးခဲ့ပါတယ်။ ကျောင်းပြီးတဲ့နောက် ထိန်းသိမ်းရေးစီမံကိန်းတွေမှာ internship (အလုပ် သင်)ဝင်လုပ်ခဲ့သလို ၂၀၁၇ခုနှစ်မှာ အရှေ့တောင်အာရှဇီဝမျိုးစုံမျိုးကွဲသုတေသနပရောဂျက်မှာ အလုပ်ဝင်လျှောက်ခဲ့ပါတယ်။

‌ယင်းသုတေသန ပရောဂျက်အလုပ်ခေါ်စာမှာ အမျိုးသားဦးစားပေးလို့ထည့်ပြီး ကြေညာထားပေမယ့် ဝင်လျှောက်ခဲ့ပြီး သူ့ကို ရွေးချယ်ခဲ့တဲ့ တာဝန်ရှိပုဂ္ဂိုလ်ရဲ့ယုံကြည်မှုကလည်း ဒီလမ်းကြောင်းပေါ်ကို တည့်တည့်မတ်မတ်ရောက်လာဖို့ အထောက်အပံ့ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။

" ကျောင်းပြီးခါစ မိန်းကလေးတစ်ယောက်၊ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ကို CV နဲ့ cover letter မှာ ရေးထားတာ တစ်ခုတည်းနဲ့ သူခန့်ခဲ့တာဆိုတော့ သူ့ဆီကရတဲ့ ယုံကြည်မှုကလည်း အရေးပါတဲ့အရာဖြစ်ခဲ့ပါတယ်။" လို့ မမြဘုန်းမော်က ပြောပါတယ်။

ယင်းပရောဂျက်အတွက် သုတေသနဝန်ထမ်းလေးဦးခေါ်ရာမှာ မမြဘုန်းမော် အပါအဝင်အမျိုးသားသုံးဦးကို ခန့်အပ်ခဲ့ပြီး မြန်မာပြည်မြောက်ဖျားပိုင်းမှာ အပင်မျိုးစုံမျိုးကွဲ သုတေသနတွေ လုပ်ခဲ့ပါတယ်။

သုတေသနလုပ်ရမှာ ဝေးလံခေါင်ဖျားတဲ့ တောတောင်တွေထဲ ရက်ရှည်ကွင်းဆင်းလေ့လာရတဲ့အခါ အမျိုးသမီးတွေနဲ့ မသင့် တော်တာ၊ အပင်ပန်းမခံနိုင်တာ၊ အမျိုးသမီးဖြစ်တဲ့အတွက် စီစဉ်ပေးရမယ့်ကိစ္စရပ်တွေများတာကြောင့် အလုပ်ပိုတယ်လို့ ထင်မြင်တတ်သူတွေလည်း ရှိပါတယ်။

သူကိုယ်တိုင်လည်း ဒီလိုအမြင်တွေရင်ဆိုင်ခဲ့ရပေမယ့် မြန်မာပြည်မြောက်ဖျားပိုင်းကိုသုတေသနပြုဖို့ သွားရတဲ့အခါ အားလုံး နဲ့တန်းတူပဲ သွားလာနိုင်သလို ဖုန်းလိုင်းအင်တာနက်လိုင်းမရှိတဲ့ဒေသအထိ ရက်ရှည်ခရီးသွားရတာ သုတေသနပြုရတာ စတာတွေကို အများနဲ့တန်းတူလုပ်ဆောင်နိုင်ခဲ့ပါတယ်။

" အမြင်တွေကတော့ အများကြီးရှိပေမယ့် လုပ်နိုင်ခဲ့တယ်။ အမျိုးသမီးတွေအနေနဲ့ လုပ်နိုင်တယ်ပေါ့။" လို့ မမြဘုန်းမော်က ပြောပါတယ်။

အမျိုးသမီးတွေကို ကန့်သတ်ထားမှု

သုတေသနလုပ်ငန်းတွေနဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင်မှုနည်းသလို သစ်တောပညာရပ်ကို အမျိုးသမီးတွေ သင်ယူခွင့်ရတာ နှစ်သုံးဆယ်မပြည့်သေးပါဘူး။

သစ်တောပညာရပ်ကို ၁၈၉၈ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာသင်ကြားခဲ့ပေမယ့် အမျိုးသားများသာ တက်ခွင့်ရပါတယ်။ ၁၉၉၅ ခုနှစ်မှသာ ကျောင်းသူတွေကို ရာခိုင်နှုန်းအချိုးတစ်ခုနဲ့ စတင်ခေါ်ယူခဲ့တာဖြစ်ပြီး အမျိုးသား ၈၀ ရာခိုင်နှုန်း အမျိုး သမီး ၂၀ ရာခိုင်နှုန်း အချိုးနဲ့ ခေါ်ယူတာဖြစ်ပါတယ်။

သစ်တောပညာမှာ နယ်ပယ်ခွဲတွေအများကြီးရှိပေမယ့် မြန်မာနိုင်ငံမှာက သစ်တောစိုက်ပျိုးပြုစုတာ သစ်ထုတ်လုပ်တာကို အဓိကထားပြီး ‌လေ့လာခဲ့သလိုဖြစ်ခဲ့တာကြောင့် တောတောင်ထဲမှာ ကွင်းဆင်းရတဲ့အလုပ်၊ သစ်တောပြုစုစိုက်ပျိုးရတဲ့ အလုပ်က အမျိုးသားတွေနဲ့ပဲ သင့်တော်မယ်လို့ ယူဆကြလို့ အမျိုးသမီးတွေ လေ့လာခွင့်မရှိခဲ့တာလို့ယူဆခဲ့ကြပါတယ်။

သစ်တောပညာနယ်ပယ်၊ ဇီဝမျိုးစုံမျိုးကွဲလေ့လာခြင်း ထိန်းသိမ်းခြင်းနယ်ပယ်တွေမှာ အမျိုးသမီးတွေလည်း တန်းတူပါဝင် ခွင့်ရသင့်သလို သင်ယူခွင့်ကန့်သတ်ချက်တွေလည်း မထားသင့်တော့ဘူးလို့ဆိုတယ်။ လိုအပ်တဲ့ လေ့လာသင့်ယူမှု၊ လေ့ကျင့်မှု တွေကတဆင့် ကျား၊မမရွေး ဇီဝမျိုးစုံမျိုးကွဲလေ့လာခြင်း၊ ထိန်းသိမ်းခြင်းကဏ္ဍတွေမှာ အရေးပါတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာနိုင်ပါတယ်လို့ မမြဘုန်းမော်ကပြောပါတယ်။

မမြဘုန်းမော်က သူ့ရဲ့သုတေသနလေ့လာမှုအဖြစ် အပင်မျိုးစိတ်ရွေးချယ်ရတဲ့အခါ မျိုးစိတ်တွေမြောက်များစွာရှိတဲ့အနက် ကြွေပန်းအုပ်စုကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာက သစ်ပင်ကြီးမျိုးနွယ်တွေနဲ့ သစ်ခွမျိုးနွယ်တွေကို အဓိကလေ့လာသူ က များပြီး ကြွေပန်းအုပ်စုကလေ့လာသူနည်းတာကြောင့် ကြွေပန်းမျိုးစိတ်ကို Research Target အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆက်ပြောတယ်။

Myanmar Environmental Education Team

01 Nov, 15:43


https://www.facebook.com/share/p/15STFkFzho/

Myanmar Environmental Education Team

01 Nov, 11:51


Scholarship ​လျှောက်ထားသူများ

Myanmar Environmental Education Team FB Page ရဲ့ messenger ကို လာ​ပြော​ပေးမှ interview လုပ်ဖို့ ရက်နဲ့ အချိန်ကို ရမှာဖြစ်ပါတယ်

Myanmar Environmental Education Team

01 Nov, 03:44


အင်ဒိုနီးရှားက လုပ်ငန်းရှင် မားကတ်စ်ဆူဆန်တိုဟာ လောက်တွေကို စီးပွားဖြစ်မွေးလာတာ ဆယ်နှစ်ကျော်ပါပြီ။

သူမွေးတဲ့လောက်တွေက အမှိုက်ပုံတွေမှာ စွန့်ပစ်ထားတဲ့ အစားအသောက်တွေကို ချေဖျက်စားသုံးပေးတဲ့အတွက် အဲဒီ အမှိုက်ပုံတွေက ထုတ်မယ့် မီသိန်းဓာတ်ငွေ့တွေကို လျော့ကျစေပါတယ်။

မီသိန်းဓာတ်ငွေ့ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ ပါပါတယ်။

မားကတ်စ်က သူ လောက်တွေမွေးတာ စီးပွားဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ကူညီထိန်းသိမ်းပေးရာလည်း ရောက်တယ်လို့ ဆိုပါတယ်။

#ဘီဘီစီမြန်မာပိုင်း

Myanmar Environmental Education Team

01 Nov, 03:17


နှစ်ပေါင်း ၁၃၀ အတွင်း ဂျပန်နိုင်ငံမှ ဖူဂျီတောင်ကို အောက်တိုဘာလတွင် နှင်းမရှိ​သော တောင်ထိပ်အဖြစ် ပထမဆုံး မြင်​တွေ့ရသည်။

Credit: Science Acumen

https://www.facebook.com/share/p/184qREsno4/

Myanmar Environmental Education Team

30 Oct, 07:51


အသက် ၁၈နှစ်က​နေ ၃၀နှစ်ကြား လူငယ်​တွေရဲ့ ဒီက​နေ့ ကမ္ဘာမှာ ဖြစ်​ပေါ်​နေတဲ့ #ရာသီဥတုဖောက်ပြန်ပြောင်းလဲနေခြင်း အ​ပေါ် မိမိတို့ရဲ့ ခံစားချက်၊ အ​တွေ့အကြုံ၊ ဗဟုသုတ​တွေကို လူငယ်​တွေအချင်းချင်း မျှ​ဝေလို့ရမယ့် အစီအစဥ်တခုကို မကြာခင် ​ဆောင်ရွက်​ပေးဖို့ရှိပါတယ် ..

Zoom platform က​နေတဆင့် ဆုံ​တွေ့​ပြောဆိုကြရမှာပါ၊ စိတ်ပါဝင်စားကြပါသလားခင်ဗျာ ..

Myanmar Environmental Education Team

30 Oct, 07:01


သင်တန်း​ကြေးကင်းလွတ်ခွင့်​လျှောက်ထားသူများ

ပတ်ဝန်းကျင်ပညာကို ပြန်လည်သင်ကြား​ပေးလိုသူများအတွက် သင်တန်း (ဒုတိယအသုတ်) Environmental Education for Educators Training EEET Batch 2 မှာ -

သင်တန်း​ကြေးကင်းလွတ်ခွင့်​လျှောက်ထားသူ​တွေက Google form ကို ဖြည့်ပြီးသွားရင် ဒီ page ရဲ့ messenger က​နေ ​လျှောက်ထားပြီး​ကြောင်း လာ​ပြော​ပေးရမှာ ဖြစ်ပါတယ် ..

ခုချိန်ထိ Google Form ဖြည့်ထားတာ ၈ ​ယောက် ​ရှိ​နေ​ပေမယ့် page messenger မှာ လာ​ပြောထားတာ ၃​ယောက်ပဲ ​တွေ့ရပါတယ်..

အဲဒီ ၃​ယောက်မှာ interview ပြီးတာ ၂​ယောက် ဒီ​နေ့ညမှာ interview ဖို့ ၁​ယောက် ရှိပါတယ် ..

စုစု​ပေါင်း ၂​ယောက်ပဲ ​ရွေးမှာ ဖြစ်ပါတယ် ..

​ကျေးဇူးတင်ပါတယ် ..

Myanmar Environmental Education Team

28 Oct, 10:31


ဧရာဝတီမြစ်ဝှမ်း၏ကျဆင်းလာနေသောရေပြန်ပြည့်မှု

U Kyaw Oo

ဒေသတစ်ခု နိုင်ငံတစ်နိုင်ငံ၏ ရေဖူလုံရေးသည် ယင်းဒေသ ယင်းနိုင်ငံရှိ ရေကန် မြစ်ချောင်း မြေအောက်ရေကြောများထဲ၌ မြေဆီလွှာရေငွေ့ ဆီးနှင်းနှင့် ရေခဲအပါအဝင် ရေပမာဏ မည်မျှသိုလှောင်ထားသနည်း၊ မည်မျှပြန်ပြည့်လာနိုင်သနည်းဆိုသည့် အချက်ပေါ်တွင် မူတည်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်း မြင့်တက်လာသော အပူချိန်ကြောင့် ရေငွေ့ပြန်မှုနှင့် အပင်များက ရေစုပ်ယူမှု များလာနေသည့်အပြင် မိုးလေဝသအခြေအနေ ပုံစံမမှန်သဖြင့် ကမ္ဘာ့မြစ်ဝှမ်းအများအပြားတွင် ရေစီးလျော့နည်းလာလျက် ရှိသည်။ မြစ်အများအပြား၏ ရေဝေဒေသများတွင် ရေပြန်ပြည့်မှု ကျဆင်းလာနေသည့်အပြင် ဆက်တက်နေဦးမည့်အပူချိန်ကြောင့် လက်ရှိထက် ထပ်မံ၍ ရေလျော့နည်းလာရန် ရှိနေသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Indian Institute of Science နှင့် the University of New South Wales တို့မှ ပညာရှင်သုံးဦးက မြစ်ကြီး ၃၁ စင်း၏ ၂၀ဝ၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား ရေပြန်ပြည့်မှု အခြေအနေကို လေ့လာ၍ Decline in terrestrial water recharge with increasing global temperatures အမည်ရှိ သုတေသနစာတမ်းကို ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့မြစ်ဝှမ်း ၁၅ ခု၏ ရေပြန်ပြည့်နိုင်မှု(terrestrial water recharge)ကို လေ့လာတင်ပြသည့် ပူးတွဲပါ ဂရပ်အရ ဧရာဝတီမြစ်ဝှမ်း၏ ရေပြန်ပြည့်နိုင်မှု(ဘယ်ဘက်အစွန်ဆုံး)သည် ၃၉ ရာခိုင်နှုန်း လျော့နည်းသည်။ မြစ်ဝှမ်း ၁၅ ခုအနက် ရေပြန်ပြည့်နိုင်မှု အနိမ့်ဆုံးဖြစ်နေသည်။ ထိုသို့ ပြန်ပြည့်ရေပမာဏ လျော့နည်းခြင်းကြောင့် သောက်သုံးရေအပြင် သီးနှံပင် ကြီးထွားမှုကို ထိခိုက်သည်။

ဧရာဝတီမြစ်ဝှမ်း၏ ရေပြန်ပြည့်နိုင်မှု(terrestrial water recharge) တစ်စင်တီမီတာ လျော့တိုင်း သီးနှံပင် ကြီးထွားမှု နှစ်ရာခိုင်နှုန်း ကျဆင်းသည်ဟု အဆိုပါပညာရှင်များက ဆိုသည်။ သောက်သုံးရေ စိုက်ပျိုးရေ အခက်အခဲအပြင် သီးနှံအထွက် လျော့နည်းခြင်း၊ ထိုမှတဆင့် စားနပ်ရိက္ခာ ရှားပါးခြင်းတို့ကို ရင်ဆိုင်ရမည်။

(နိုင်ငံရေဖူလုံရေးအတွက် ရေသိုလှောင်မှု၏ အရေးပါပုံကို ကျွန်တော် ကြိမ်ဖန်များစွာ ရေးခဲ့ ပြောခဲ့ပြီး ဖြစ်ပါသည်။)

https://m.facebook.com/story.php?story_fbid=10161092247703631&id=673588630&mibextid=Nif5oz

Myanmar Environmental Education Team

28 Oct, 08:45


အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များနေ့
International Gibbon Day
၂၄၊​အောက်တိုဘာ

မျောက်လွှဲကျော်များသည် အမြှီးမပါပဲ လက်များကိုသာ အသုံးပြုပြီး သစ်ပင်ပေါ်တွင် နေထိုင်တတ်သည့် မျောက်ဝံငယ်မျိုး (Apes) ဖြစ်ပြီး၊ အာဖရိက အနောက်ပိုင်း ၊ အလယ်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိရပါသည်။

မျောက်လွှဲကျော်များကို သစ်တောများကို ပြုပြင်ပေးနိုင်သည့် Forest Engineers ဟူ၍လည်း သတ်မှတ်ကြပြီး မျောက်လွဲကျော်များသည် သစ်တောများအတွင်း လှည့်လည် သွားလာရင်း သစ်စေ့/ မျိုးစေ့များကို နေရာအနှံ့ ပြန့်နှံအောင် သစ်စေ့ဖြန့်သူ (Seed Dispersal) အဖြစ် အပင်မျိုးစိတ်များ ပြန့်ပွားစေခြင်းဖြင့် သစ်တောများအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

သူတို့ကိုအမြဲစိမ်း သစ်တောများထိန်းသိမ်းပြုစုပေးသော ဥယျာဉ်မှူးများဟုလည်း တင်စား ခေါ်ဆိုနိုင်ပါ​သေးသည်။

ယခုအခါ ၄င်းတို့နေထိုင်ရာ သစ်တောများလျော့နည်းလာခြင်း (habitat loss) ၊သစ်တောများ တစ်ခုနှင့်တစ်ခု အဆက်အစပ်ပြတ်တောက်လာခြင်း၊(habitat fragmentation) နှင့် သတ္ထုတူးဖော်ရေး လုပ်ငန်းများ တိုးချဲ့လုက်ကိုင်လာခြင်းတို့ကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေကြရပါသည်။

မြန်မာနိုင်ငံတွင် မျောက်လွှဲကျော်မျိုးစိတ်များကို လုံးဝကာကွယ်ထားသည့် မျိုးစိတ်စာရင်းတွင်ထည့်သွင်းထိန်းသိမ်းကာကွယ်စောင့်ရှာက်ထားပြီး သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List အနီရောင်မှတ်တမ်းစာအုပ်တွင်မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် Endangered Species-EN ဟုသတ်မှတ်ကာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တွင်လွန်စွာအရေးပါ​သော မျောက်လွှဲကျော် မျိုးစိတ်များကို မိမိတို့လူသားများအနေဖြင့် ကမ္ဘာ့မြေပေါ်မှ မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မျောက်လွှဲကျော်များနေ့ International Gibbon Day တွင် အသိပညာပေး ရေးသားလိုက်ရပါသည်။

Credit : Yangon Zoo

https://www.facebook.com/share/p/G4Uv7Wi8ZXein1hj/

Myanmar Environmental Education Team

26 Oct, 02:58


မေး - ကမ္ဘာ့အပူချိန် တဖြည်းဖြည်းမြင့်တက်လာတယ်ဆိုတာကို သက်​သေပြပါ။

​ဖြေ-🤣

Myanmar Environmental Education Team

26 Oct, 01:29


အားလုံးပဲ မင်္ဂလာပါ…..

🐋 MCCL မှ မြန်မာ့ရေပြင်တွင်နေထိုင်ကျက်စားသည့် ပင်လယ်နေနို့တိုက်သတ္တဝါများဖြစ်သည့် လင်းရှူး၊ လင်းပိုင်၊ ဝေလငါးများ အကြောင်း အသေးစိတ်ဖော်ပြပေးမည့် အစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🐬

🌊🐋 ဒီအပတ်မှာတော့ “သင်သိပြီးပြီလား”အစီအစဉ်ကနေဖော်ပြထားတဲ့ နို့တိုက်သတ္တဝါမျိုးစိတ်တွေထဲမှာ ရေအနက်ဆုံး ငုပ်နိုင်တဲ့ ကူဗီယာနှုတ်သီးပါ ဝေလငါး (Cuvier's Beaked Whale) အကြောင်းကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

🐋 ကူဗီယာနှုတ်သီးပါ ဝေလငါးများဟာ တောင်နှင့်မြောက် ကမ္ဘာ နှစ်ခြမ်းစလုံးရှိ အပူပိုင်းဒေသမှ ဝင်ရိုးစွန်းဒေသများအထိ သမုဒ္ဒရာအားလုံးရဲ့ ကမ်းလွန်ပင်လယ်ပြင်များမှာ ကျယ်ကျယ်ပြန့်ပြန့် ကျက်စားကြပါတယ်။

သို့သော် ရေတိမ်ပိုင်းဒေသများနဲ့ လတ္တီကျူ အလွန်မြင့်မားတဲ့ ဝင်ရိုးစွန်းဒေသများမှာတော့ မတွေ့နိုင်ပါဘူး။ ၎င်းတို့ကို ကယ်လီဖိုးနီးယားပင်လယ်ကွေ့၊ မက္ကဆီကိုပင်လယ်ကွေ့၊ ကာရေဘီယံပင်လယ်၊ မြေထဲပင်လယ်ကဲ့သို့ အလုံပိတ်ပင်လယ်အများအပြားမှာ ပိုပြီး တွေ့ရှိနိုင်ပါတယ်။

သူတို့ဟာ အခြားနှုတ်သီးပါ ဝေလငါးများထက် ကမ္ဘာ့သမုဒ္ဒရာ ရေပြင်အနှံ့အပြားမှာ ကျက်စားကြပြီး မီတာ (၂၀၀) ထက်ကျော်တဲ့ ရေနက်ပိုင်းဒေသတွေကို ပိုမိုနှစ်သက်ကြပါတယ်။ ဒါကြောင့် လေ့လာသူများနဲ့ ဝေလငါးကြည့်ရှုချင်သူများအဖို့ သူတို့ကို တွေ့ရင်တော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။

🐋 ကူဗီယာနှုတ်သီးပါ ဝေလငါးအထီးများကို တွေ့မယ်ဆိုရင်တော့ အခြား နှုတ်သီးပါ ဝေလငါးများနဲ့ ရောထွေးမှုမရှိဘဲ ခွဲခြားသိမြင်ဖို့ ပိုမို လွယ်ကူပါတယ်။

သူ့တို့မှာဆိုရင် အလွန်ကြံ့ခိုင်တဲ့ ကိုယ်ထည် (အပေါ်စီးမှ ကြည့်လျှင် ကျယ်သော နောက်ကျောပြင်ကို မြင်ရလေ့ရှိသည်)၊ တုံးတိတိ ဦးခေါင်း၊ တိုပြီးမာကျောတဲ့ နှုတ်သီးနဲ့ ဦးခေါင်းတစ်ဝိုက် အရောင်ဖျော့ဖျော့ ရှိတာတွေကို ကြည့်ခြင်းအားဖြင့် ကူဗီယာနှုတ်သီးပါ ဝေလငါးများကို အခြားမျိုးစိတ်တွေနဲ့ ခွဲခြားဖို့ လုံလောက်ပါတယ်။

အခြား အချက်အလက်တွေကိုတော့ အောက်က ပုံစာ မှာ လေ့လာ့ကြည့်ပေးပါဦးနော်….

Reference: Jefferson, T. A., Webber, M. A., & Pitman, R. L. (2015). Marine mammals of the world: A comprehensive guide to their identification (2nd ed.). Academic Press.

Fact sheet creater - Moe Kyaw Kyaw Hein

#marinemammalsinmyanmar
#myanmarcoastalconservationlab

Credit : MCCL
https://www.facebook.com/share/C8Y2njsyfV947eB1/

Myanmar Environmental Education Team

25 Oct, 09:12


https://www.worldometers.info/co2-emissions/myanmar-co2-emissions/#:~:text=Fossil%20CO2%20emissions%20in%20Myanmar%20were%2037%2C394%2C010%20tons%20in%202022.

Myanmar Environmental Education Team

25 Oct, 09:09


မြန်မာနိုင်ငံ၏ကာဗွန်ထုတ်လွှတ်မှု၊ ၂၀၂၂ ခုနှစ်

တနိုင်ငံလုံးထုတ်လွှတ်မှု ၃၇,၃၉၄,၀၁၀ တန်
နိုင်ငံသား၁ဦးချင်း ၀.၇ တန်
ကမ္ဘာ့လေထုအတွင်း​ရောက်ရှိမှု ၀.၁၀ %
၂၀၂၁ ထက် ၀.၇၃% မြင့်တက်

Myanmar Environmental Education Team

24 Oct, 07:10


Leachate ဟုခေါ်သော အမှိုက်ပုံနေရာများမှ အရည်များကို စီမံခန့်ခွဲခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးရန် အရေးကြီးပါသည်။ မိုးရေ သို့မဟုတ် အခြားအရည်များသည် အမှိုက်များအတွင်းသို့ စိမ့်ဝင်စေပြီး အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ညစ်ညမ်းစေသောပစ္စည်းများကို စုဆောင်းသောအခါတွင် Leachate ဖြစ်ပေါ်လာသည်။ ထိရောက်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွင် ပုံမှန်အားဖြင့် အောက်ပါအဆင့်များ ပါဝင်သည်-

1. Leachate စုဆောင်းစနစ်

ရေနုတ်မြောင်းအလွှာများ- အမှိုက်သရိုက်များကို မြေပြင်ထဲသို့ စိမ့်ဝင်ခြင်းမှ ကာကွယ်ရန် အမှိုက်ပုံးများကို ဆိုဒ်၏အောက်ခြေတွင် တပ်ဆင်ထားသည်။ လိုင်း၏အထက်တွင် ပိုက်များနှင့် ရေနုတ်မြောင်းစနစ်တစ်ခုသည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းသည်။

Leachate Collection Pipes- ဤအပေါက်ဖောက်ထားသောပိုက်များကို စွန့်ပစ်ပစ္စည်းများကို ဖမ်းယူပြီး သိုလှောင်ကန် သို့မဟုတ် ရေကန်သို့ ပို့ဆောင်ရန် ရေနုတ်မြောင်းအလွှာများတွင် မြှုပ်ထားသည်။

2. Leachate သိုလှောင်မှု

Leachate Ponds သို့မဟုတ် Tanks- စုဆောင်းပြီးသည်နှင့် လျှော်ရည်များကို ကန်များ သို့မဟုတ် စီတန်းထားသော ကန်များတွင် ယာယီသိမ်းဆည်းထားသည်။ ဤသိုလှောင်နေရာများသည် လျှံထွက်ခြင်းနှင့် ရေငွေ့ပျံခြင်းကို ကာကွယ်ရန် ဒီဇိုင်းထုတ်သင့်သည်။

3. Leachate ကုသမှု

စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများပေါ်တွင် အခြေခံ၍ ကုသမှုရွေးချယ်စရာများ ကွဲပြားသည်-

ဇီဝဗေဒဆိုင်ရာ ကုသမှု- အော်ဂဲနစ်ညစ်ညမ်းမှုကို ချေဖျက်ရန် ဘက်တီးရီးယားများကို အသုံးပြုသည်။ ၎င်းသည် အေရိုးဗစ် သို့မဟုတ် အန်အေရိုးဗစ် လုပ်ငန်းစဉ်များကို အသုံးပြုသည့် မိလ္လာကုသမှုနှင့် ဆင်တူသည်။

ဓာတုကုသခြင်း- ညစ်ညမ်းမှုကို ချေဖျက်ရန် ဓာတုပစ္စည်းများ ပေါင်းထည့်ခြင်းတို့ ပါဝင်ပါသည်။ ၎င်းတွင် pH ချိန်ညှိမှု၊ သတ္တုများမိုးရွာခြင်း သို့မဟုတ် အန္တရာယ်ရှိသောဒြပ်ပေါင်းများ၏ ဓာတ်တိုးခြင်း ပါဝင်သည်။

ရုပ်ပိုင်းဆိုင်ရာ ကုသခြင်း- စစ်ထုတ်ခြင်း သို့မဟုတ် ပြောင်းပြန် osmosis ကဲ့သို့သော နည်းပညာများကို အစိုင်အခဲညစ်ညမ်းစေသော သို့မဟုတ် ပျော်ဝင်နေသော ညစ်ညမ်းမှုများကို ဖယ်ရှားရန်အတွက် အသုံးပြုပါသည်။

အငွေ့ပျံခြင်း- အချို့သောကိစ္စများတွင်၊ အထူးဒီဇိုင်းထုတ်ထားသော ကန်များ သို့မဟုတ် စနစ်များတွင် အငွေ့ပျံခြင်းမှ ချော်ရည်များကို လျှော့ချနိုင်သည်။

4. Leachate ပြန်လည်လည်ပတ်မှု

အချို့သော အမှိုက်ပုံများသည် စွန့်ပစ်ထားသော စွန့်ပစ်ပစ္စည်းများကို အမှိုက်ပုံးထဲသို့ ပြန်လည် လည်ပတ်စေပါသည်။ ၎င်းသည် အရည်အဆင့်ကို စီမံခန့်ခွဲနေစဉ် စွမ်းအင်ပြန်လည်ရယူရန်အတွက် ဓာတ်ငွေ့ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သည့် bioreactor landfills ဟုခေါ်သော လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

5. စောင့်ကြည့်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း။

ပုံမှန်စောင့်ကြည့်ခြင်း- ယိုစိမ့်မှု သို့မဟုတ် ညစ်ညမ်းမှုများကို သိရှိနိုင်စေရန် အမှိုက်ပုံအနီးရှိ မြေအောက်ရေနှင့် မြေမျက်နှာပြင်ရေကို အဆက်မပြတ်စောင့်ကြည့်ခြင်း။

Liner စစ်ဆေးခြင်း- အမှိုက်ပုံးလိုင်နာနှင့် အမှိုက်စုဆောင်းမှုစနစ်၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးခြင်းသည် ယိုစိမ့်ခြင်းမှ ကာကွယ်ရန် ကူညီပေးသည်။

6. ဆိုက်ပြင်ပ စွန့်ပစ်ခြင်း။

အချို့သော ကိစ္စများတွင် စွန့်ပစ်ရေဆိုးများကို သန့်စင်သည့် စက်ရုံများသို့ ပို့ဆောင်ပေးနိုင်သည်။

စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ကုသခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် အမှိုက်သရိုက်လုပ်ငန်းဆောင်ရွက်သူများသည် အမှိုက်သရိုက်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်အနည်းဆုံးဖြစ်စေနိုင်သည်။

Managing liquid from landfill sites, known as leachate, is crucial to prevent environmental contamination. Leachate is formed when rainwater or other liquid percolates through the waste, collecting harmful chemicals and pollutants. Effective leachate management typically involves the following steps:

1. Leachate Collection System

Drainage Layers: Landfill liners are installed at the bottom of the site to prevent leachate from leaking into the ground. Above the liner, a system of pipes and drainage materials collects the leachate.

Leachate Collection Pipes: These perforated pipes are embedded in the drainage layers to capture the leachate and direct it to a storage tank or pond.

2. Leachate Storage

Leachate Ponds or Tanks: Once collected, the leachate is temporarily stored in tanks or lined ponds. These storage areas should be designed to prevent overflow and evaporation.

3. Leachate Treatment

Treatment options vary based on the composition of the leachate and environmental regulations:

Myanmar Environmental Education Team

24 Oct, 07:10


Biological Treatment: Uses bacteria to break down organic pollutants. This is similar to sewage treatment, where aerobic or anaerobic processes are employed.

Chemical Treatment: Involves adding chemicals to neutralize contaminants. This may include pH adjustment, precipitation of metals, or oxidation of harmful compounds.

Physical Treatment: Techniques like filtration or reverse osmosis are used to remove solid contaminants or dissolved pollutants.

Evaporation: In some cases, leachate can be reduced by evaporation in specially designed ponds or systems.

4. Leachate Recirculation

Some landfills recirculate treated leachate back into the landfill to speed up waste decomposition. This is part of a process called bioreactor landfills, which can improve gas production for energy recovery while managing liquid levels.

5. Monitoring and Maintenance

Regular Monitoring: Constantly monitoring groundwater and surface water near the landfill to detect any leaks or contamination.

Liner Inspection: Regular checks on the integrity of the landfill liner and leachate collection system help prevent leaks.

6. Off-Site Disposal

In some cases, leachate may be transported to wastewater treatment plants if on-site treatment is insufficient.

By combining collection, storage, treatment, and monitoring, landfill operators can manage leachate effectively and minimize the risk to the environment.

https://chatgpt.com/share/6719f245-27f4-8009-8734-51617bb28481

Myanmar Environmental Education Team

24 Oct, 00:33


နှစ်စဉ် အောက်တိုဘာလ ၂၄ရက်နေ့ဟာ ကမ္ဘာ့ရေချိုလင်းပိုင်များနေ့ဖြစ်ပါတယ်။

ရေချိုလင်းပိုင်တွေ ဆက်လက် ရှင်သန်ကျက်စားနေမှုဟာ လူသန်းပေါင်းများစွာ မှီတည်အားထားနေကြရတဲ့ မြစ်တွေရဲ့ ဂေဟစနစ် အခြေအနေကောင်းမွန်နေသေးကြောင်း ဖော်ပြနေတဲ့ အညွှန်းသင်္ကေတ တစ်ခုပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၀ ခုနစ် စာရင်းတွေအရ ဧရာဝတီမြစ်အတွင်းမှာ ဧရာဝတီလင်းပိုင် ကောင်ရေ ၈၀ခန့် မျှသာ ကျန်ရှိပါတော့တယ်။

ရေချိုဂေဟစနစ်တွေပျက်စီးတာ၊ တရားမဝင်တဲ့၊ သဘာဝနဲ့ သဟဇာတမဖြစ်တဲ့ နည်းလမ်းတွေနဲ့ ငါးဖမ်းကြတာနဲ့ မြစ်တွေ ညစ်ညမ်းစေတဲ့လုပ်ဆောင်မှုတွေကြောင့် လင်းပိုင်လေးတွေ ဆက်လက် ရှင်သန်နေထိုင်နိုင်ဖို့ ခက်ခဲ လျက်ရှိပါတယ်။

ရေချိုလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းပေးနိုင်မယ်ဆိုရင် မြစ်ကိုအမှီသဟဲပြု နေထိုင်ကြတဲ့ လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးအတွက်ပါ တစ်ပါတည်း ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

https://youtu.be/U_PJy02RjG4

World River Dolphin Day falls on the 24th of October every year.

River dolphins are a good indicator of the health of our rivers, which hundreds of millions of people in Myanmar depend upon.

There are only around 80 Irrawaddy dolphins left in the freshwater habitats of Myanmar (as of 2020).

#Irrawaddyriverdolphin #WordRiverDolphinDay #October24th

The major threats to their survival are habitat destruction, illegal and unsustainable fishing, and river pollution.

If we can save our river dolphins, it will benefit people and nature, which will in turn save so much more.

Credit : WWF Myanmar
https://www.facebook.com/share/p/jSDYdSwmJ8S3rAvJ/

2,419

subscribers

3,432

photos

84

videos