=====
၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်ဆီက လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ပေးခဲ့သည့်စစ်ပြန်များ၏ သားသမီးများအတွက် အစိုးရအလုပ် ၃ ပုံ ၁ ပုံ ခန့်အပ်မည့်ပေါ်လစီအပေါ် တက္ကသိုလ်ကျောင်းသားများက မကျေနပ်သည့်အတွက် ဆန္ဒပြဖို့ စတင်လှုံ့ဆော်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိုတ်ဟာစီနာအစိုးရ ပြုတ်ကျသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယူနွတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တာဝန်ထမ်းဆောင်မှု ကနဦးရက်(၁၀၀) အတွင်း ၎င်းတို့အစိုးရ ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ပြင်သစ်နေ့စဉ်သတင်းစာနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေသန်း(၁၇၀)ကျော် ရှိပြီး ၎င်း၏ထက်ဝက်မှာ အသက် (၂၇)နှစ်အောက် လူငယ်များဖြစ်သည်။
အစိုးရတာဝန်ရှိသူများ အနေဖြင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမပေးနိုင်ပါက ယခင်က ဖြစ်ပွားခဲ့သည့် Revolution များကဲ့သို့ပင် ထပ်မံဖြစ်ပေါ်လာနိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ဦး တီထွင်မှုကို အားပေးဆောင်ရွက်ကာ ဘဏ္ဍာရေးကဏ္ဍပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
၎င်းအနေဖြင့် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ပါကစ္စတန်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်လိုပြီး အနာဂတ်ကာလတွင်လည်း ၎င်း၏ စီးပွားရေးအတွေ့အကြုံများအပေါ် အခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသာ ဦးတည် လုပ်ဆောင်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ #BoThu
https://t.me/channel21mts